အပိုင်း (၂၂)

2.2K 192 8
                                    

Jungkookဆေးရုံရောက်ပြီး ၂ရက်ကြာပြီးနောက် ...

ဆေးရုံအ၀တ်စားလေးနှင့်ကောင်လေးတယောက်ကသူ၏ဆေးရုံအခန်းပြတင်ပေါက်တွင်လေညှင်းခံရင်းမက်တပ်ရပ်နေ၏။ညာဘက်လက်၏လက်ဖမိုးတွင်လည်း သွေးသွင်းနေသည့်ဆေးပိုက်လေးသွင်းကာ ဆေးပိုက်တန်းလန်းလေးနှင့်စတီးချောင်းကိုကိုင်ထားသေ၏။

ဖြူဖက်ဖြူရော်ဖြစ်နေသည့်မျက်နှာငယ်ကသွေးအားအလွန်နည်းနေသည်ကိုဖော်နေပြန်သေးသည်။လက်ကောက်၀တ်မှပက်တီးစီးထားသည့်နေရာလေးမှာအနည်း‌သွေးစို့နေသည်မို့ ခန္ဓာကိုယ်၏သွေးများကုန်ခမ်းသွားသည်ကိုဖော်ဆောင်နေသည်။

ဘာလို့ကိုယ့်ကိုယ်ကိုနာကြင်အောင်လုပ်မိမယ်မှန်းမတွေးတက်ပေမဲ့ ကောင်လေး၏ထွက်ပေါက်က ထိုအရာတစ်ခုထဲရှိနေခဲ့ခြင်းပင်။စိတ်လိုလက်ရအကြိမ်ကြိမ်ကြိုးစားခဲ့ဖူးသည့်မိမိကိုယ်ကိုအဆုံးစီရင်ခြင်းက အတွေးထက်လက်တွေ့မှာပိုခက်ခဲ့သည်။သို့ပေမဲ့ ထိုနေကတော့ လွယ်လွယ်ကူကူဖြစ်မြောက်သွားပေမဲ့ ကံကြမ္မာအလှည့်အပြောင်းကြောင့်နောက်တကြိမ်အသက်ရှင်ခွင့်ရရှိခဲ့သည်။

လေတချက်တိုးဝှေ့တိုင်း အနက်ရောင်ဆံနွယ်လေးတွေလှုပ်ခက်သွားပြီး ပါးလွှာလွန်းသည့်ဆေးရုံအ၀တ်အစားလေးကပါတလွင့်လွင့်ဖြစ်လို့ရယ်။သို့ပေမဲ့ ရင်အစုံကတော့ပူလောင်နေ၏။

" Jungkook !"

ပြတင်းပေါက်မှတဆင့် အပြင်လောကသို့အငေးတိုက်နေသည့်ကောင်လေးကအခန်းထဲ၀င်လာသူကိုသတိမထားမိဘဲ ခေါ်သံကြားမှလှည့်ကြည့်အခါ ရင်နှီးသည့်လူသားကြောင့်အပြုံးပန်းလေးဆင်ကာပြန်ထူးသည်။

" အာ ခင်များ ...!"

" သွေးသွင်းတာ ဒီတစ်ပုလင်းသွင်းပြီးရင်ရပြီ ။ အိမ်ပြန်ဖို့အတွက် ညနေကျရင်လာခေါ်မယ် !"

ပြောချင်ရာပြောပြီးလှည့်ထွက်သွားတော့မည့်လူသားကြောင့်ကောင်ငယ်လေးမှာအနည်းငယ်မျက်နှာလေးပျက်ရွင်းသွားသည်။ဂျူတီကုက်အဖြူနှင့်ဆရာ၀န်လူသားလေးကတော့ မျက်နှာထားတည်တည်နှင့်ပင်ပြုမူပြောဆိုနေမှုက ကောင်ငယ်လေးကိုစိတ်သောကရောက်စေ၏။ထို့ကြောင့် မထိန်းချုပ်နိုင်တော့သည့်စိတ်နှင့်အတူ ကောင်လေးကစကားဆိုလာသည်။

𝔹𝕃𝔸ℂ𝕂 𝕃𝕆𝕋𝕌𝕊 | အနက်ရောင်ကြာပန်း | CompletedWhere stories live. Discover now