အပိုင်း (၂၅)

2.3K 193 14
                                    

" မိုးချုပ်နေပြီ ဗြောလေး ... ငါလိုက်ပို့ပေးမယ် !"

" ရပါတယ် ! ငါ့ဘာသာပဲပြန်လိုက်ပါ့မယ် "

" မရပါဘူး ! ငါ့ကိုကားသော့ပေး "

" Ok ... ရော့ !"

ကောင်လေး၏အိမ်ပြောင်းအိမ်ရွှေ့ကြောင့် တနေကုန်ဝိုင်းကူပေးခဲ့သည့်ဗြောလေးမှာ အပြန်နောက်ကျနေပြီဖြစ်သည်။ည၉နာရီသာရှိသေးပေမဲ့ သူရွှေ့ပြောင်းလာသည့်ရပ်ကွက်က ဆင်ခြေဖုံယရပ်ကွက်ဖြစ်ပြီးလူခြေတိတ်တာကြောင့်အနည်းငယ်လူပျက်သေးသည်။ထို့ကြောင့် ဗြောလေးကိုကောင်လေးစိတ်မချဖြစ်လို့ရယ်။

အိမ်ပြောင်းလာရသည့်အကြောင်းပြချက်ကိုမေးလျှင်တော့‌ ကောင်လေးအတွက်ဖြေရှင်းစရားကားလုံးတွေရှိပါ့မလား။"အဲ့ဒီ့လူသားရဲ့အငွေ့သက်အောက်ကနေရုန်းကန်ချင်လို့"ပါလို့ဖြေခဲ့ရင် အနည်းငယ်တော့ရီရပေမဲ့ ဒီကောင်လေးကသူ့ရဲ့ခံနိုင်ရည်အားကို ဒီ့ထက်ပိုပြီးမစမ်းသပ်ချင်တော့လို့ဖြစ်ပေလိမ့်မည်။

နီးနေပြီးပူလောင်နေရတာထက်စာလျှင် ဒီလိုအခြေနေကပိုပြီးတော့သက်တောင့်သက်သာဖြစ်ရသည်မဟုတ်လား။သူ့အငွေ့သက်တွေနဲ့ဝေးရာနေရာတစ်ခုကိုပြောင်းရွှေ့လာပြီး ပက်၀န်းကျင်အသစ်မှာစိတ်သစ်လူသစ်နဲ့ ရှေ့ဆက်မဲ့နေ့ရက်တွေကိုဖြက်သန်းခြင်းက ထိုလူသားကိုမေ့ဖို့အတွက်အကောင်းဆုံးနည်းပါပဲ။

ဤသို့သောဆုံးဖြတ်ချက်တွေကိုချမှတ်မို့ကောင်လေးအတွက်လည်းလွယ်ကူခဲ့ခြင်းလည်းမဟုတ်ခဲ့ပါ။

" Jungkookkie !"

" အင်း ... "

သူ၏အိမ်နေရာနှင့်‌အနည်းငယ်ဝေးသည့်ဗြောလေး၏အိမ်သို့ ကားမောင်းလျှင်တောင်အနည်းဆုံး မိနစ်၂၀ကြာသည်။ထို့ကြောင့် ကားကိုသတိထားမောင်းနေသည့် ကောင်‌လေးကဗြောလေး၏ခေါ်သံကိုလှည့်မကြည့်ပါပဲ "အင်း"တလုံးသာထူး၏။

" ဘာလို့ရုတ်တရက်ကြီးအိမ်ပြောင်းရတာလဲ ? သူနင့်ဆီကိုကွာရှင်းစာချုပ်ပြန်မပို့ပေးသေးဘူး မဟုတ်လား ။ မတော်လို့ သူပြန်လာခဲ့ရင် ........ "

" နင်ဗိုက်ဆာနေပြီမဟုတ်လား ? ငါတို့စားနေကျတော့ပိုကီဆိုင်ကို၀င်လိုက်မယ်နော် "

𝔹𝕃𝔸ℂ𝕂 𝕃𝕆𝕋𝕌𝕊 | အနက်ရောင်ကြာပန်း | CompletedDonde viven las historias. Descúbrelo ahora