မှောင်ရီစပြိုးလာသည့်အချိန်ညနေအချိန်လေးတွင် ဘိုးဘွားရိပ်သာ၏ခြံ၀န်းထဲမှဒန်းလေးပေါ်၌ သူငယ်ချင်းနှစ်ယောက်ကစကားဖောင်ဖွဲ့ကြနေရင်း...
" သူက Kim Taehyungလို့ထင်ရအောင်ကို တော်တော်တူတာပဲနော် "
" ဟင့်အင်း ! မတူဘူး ... Kim Taehyungမှာ ငါ့အတွက် အဲ့လောက်ထိနူးညံ့တဲ့အပြုံးတွေမရှိဘူး "
" နင်သူ့ကိုစိတ်ပျက်နေပြီလား ?"
" ငါကြောက်နေတာပါ ။ သူနဲ့ငါ့ကြားကဒီလိုပုံစံနဲ့ရှေ့ဆက်ရမဲ့နေ့ရက်တွေကို ငါအရမ်းကြောက်တယ် ဗြောလေး "
" ဒါဆို နင်ငါ့ကိုပြောခဲ့တဲ့အတိုင်း သူ့ကိုပြောပြလိုက်တော့ပေါ့ "
" အဲ့လောက်မလွယ်ဘူးလေကွာ !"
ခပ်ပြင်းပြင်းသက်ပြင်းလေးတစ်ခုပြုရင်းကောင်လေးကဆိုလာခဲ့သည်။ချစ်ခြင်းနှင့် လက်တွဲဖော်ကိုရွေးချယ်ခွင့်ခဲ့သည့်ကောင်လေး၏ဘ၀ဟာ အင်မတန်ကိုအကြည်းတန်လှပါသည်။
မည်သူမဆိုချစ်ရသူနှင့်အတူ ပေါင်းဖတ်ရဖို့အတွက်ဆုတောင်းပြုမိကြမည်ဖြစ်သည်။သို့ပေမဲ့ ကောင်လေး၏ဆုတောင်းမှာပြည့်ခဲ့ပေမဲ့ ကျိန်စာအဖြစ်သို့ပြောင်းလဲသွားခဲ့ရခြင်းဖြစ်၏။တဖက်သက်ခံစားနေရသည့်ကောင်လေး၏ခံစားချက်တွေဟာ တဖြေးဖြေးနှင့်ယိုင်နဲ့လာခဲ့ပြီး ထိုလူသားကိုအရှုံးပေးဖို့အတွက်စိတ်နှလုံးထဲကပင်ပန်းစွာတောင်းဆိုနေပြီဖြစ်သည်။
" ငါConvenient Storeကိုသွားပြီးဆေးနဲ့ပလာစတာ၀ယ်လာပေးမယ် အရူးမလေး !"
ကောင်မလေး၏ခြေဖနောက်အပေါ်နားလေးကသွေးစို့နေသည့်ဖိနပ်ပွန်းရာလေးကို ကောင်လေးကမေးငေါ့ပြကာဆိုလာသည်။ထိုအခါ ကောင်မလေးကသူမ၏ခြေထောက်လေးအားပြန်ငုံ့ကြည့်ပြီး နှုတ်ခမ်းလေးဆူကာပြောလာ၏။
" အဲ့ဒါ နင့်ကြောင့်လေ ! ခရီးသွားရမယ်ဆိုတော့ လှလှလေးပြင်ပြီးဖိနပ်အမြင့်စီးလာတာပေါ့ "
" အဲ့တော့ လှသွားလို့လား ?"
" အေး ... မလှတဲ့အပြင် နင့်ကိုပါကားမောင်းပြီးခေါ်လာရသေးတယ်လေ ... ကောင်စုတ်ရဲ့ !"
YOU ARE READING
𝔹𝕃𝔸ℂ𝕂 𝕃𝕆𝕋𝕌𝕊 | အနက်ရောင်ကြာပန်း | Completed
Fanfiction✓ 𝐔𝐧𝐢𝐜𝐨𝐝𝐞 𝐎𝐧𝐥𝐲 𝐓𝐚𝐞𝐡𝐲𝐮𝐧𝐠 🔺 × 𝐉𝐮𝐧𝐠𝐤𝐨𝐨𝐤 🔻 [ 𝐒𝐭𝐚𝐫𝐭 𝐝𝐚𝐭𝐞 - 𝐀𝐩𝐫𝐢𝐥 𝟐𝟐,𝟐𝟎𝟐𝟏 𝐄𝐧𝐝 𝐝𝐚𝐭𝐞 - 𝐀𝐮𝐠𝐮𝐬𝐭 𝟖,𝟐𝟎𝟐𝟏 ] 𝐂𝐨𝐮𝐩𝐥𝐞 - 𝐓𝐚𝐞𝐤𝐨𝐨𝐤 / 𝐕𝐤𝐨𝐨𝐤 𝐛𝐲_@𝐞𝐞_𝐲𝐮𝐧𝐚𝟗𝟕 #𝐨𝐰𝐧_𝐜𝐫𝐞𝐚𝐭...