မနက္ခင္းေစာေစာတြင္ ခ်င္ယြင္ခ်ီ က အက်ႌလက္အား ေခါက္တင္လ်က္ ေပါ့ေပါ့ပါးပါး ဆင္းလာသၫ့္ လုဖုန္းအား အံ့အားသင့္စြာေမးလိုက္သည္။ သူက screen အား ျပလိုက္ကာ " ဘယ္လိုျဖစ္တာလဲ " စခရင္ ေပၚတြင္ လုဖုန္း၏ ဓာတ္ပံုနဲ႔တကြ အခ်က္အလက္မ်ား ၊ ပိုင္ဆိုင္မႈမ်ားကို ေဖာ္ျပထားသၫ့္ သတင္းတစ္ခုပင္ ။ ဒီလူက ဖံုးကြယ္ထားခ်င္ခဲ့တာ မဟုတ္ဘူးလား ...။
" တစ္ေယာက္ေယာက္ ထုတ္ေဖာ္လိုက္တာလား " ခ်င္ယြင္ခ်ီ၏ မ်က္ဝန္းမ်ားက ေအးစက္စက္ အလင္းတစ္ခ်က္ လက္သြားခဲ့သည္ ။
လုဖုန္းက ခ်င္ယြင္ခ်ီ၏ တုန႔္ျပန္မႈအား သေဘာတက်ရယ္လိုက္ကာ screen အား ပိတ္လိုက္သည္ ။ သူက အသာေပြ့ဖက္လိုက္ၿပီး " suprise လုပ္ခ်င္တဲ့ ခမ်ားေလးက သိသြားၿပီးတာကို .. ကိုယ္က ဘာအတြက္ ဖံုးကြယ္ထားဖို႔ လိုတာလဲ "
မထင္မွတ္ထားသၫ့္ အေျဖေၾကာင့္ အံ့အားသင့္သြားသၫ့္ ခ်င္ယြင္ခ်ီ ၏ ႏူတ္ခမ္းအား ျဖတ္ခနဲ နမ္းလိုက္ၿပီး
" morning... Baby "
မနက္စာ စားၿပီးေနာက္ လုဖုန္းက ခ်င္ယြင္ခ်ီအား အလုပ္ကို အရင္ ပို႔ေပးခဲ့သည္။ " ကိုယ္ဒီေန့ .. နဲနဲအလုပ္ရႈပ္လိမ့္မယ္ ထင္တယ္ .. ညေန ပြဲအတြက္ေတာ့ ကိုယ္လာေခၚမွာပါ "
" အင္း .. အဆင္ေျပ.. " လုဖုန္း၏ စကားေၾကာင့္ ေခါင္းညိတ္ကာ ေျပာလိုက္ၿပီး ကားေပၚက ဆင္းရန္ ျပင္လိုက္ခ်ိန္ အုပ္မိုးလာသၫ့္ လူအား ေၾကာင္ၾကၫ့္လိုက္သည္ ။ ' ဒီလူ ... ရုတ္တရက္ႀကီး .. ထေဖာက္လာျပန္ၿပီ '
ရံုးေရ႔ွတြင္ ေနာက္နာရီဝက္အထိ ကားသည္ မထြက္သြားခဲ့ေပ ။ ခ်န္ခယ့္က တည္ၿငိမ္စြာ အလုပ္လုပ္ေနသၫ့္ သူေဌးအား ၾကၫ့္ကာ " သူေဌး .. ႏူတ္ခမ္းက ဘာလို့ေယာင္ေန.." စူးစမ္းခ်င္သၫ့္ စိတ္က ေအးစက္စက္အၾကၫ့္ေၾကာင့္ အဝမွာတင္ ျပန္ဝင္သြားေလေတာ့သည္ ။
" လက္ေထာက္ခ်န္ !!! T ၿမိဳ႔က ေျမကြက္မွာ ျပႆနာေပၚလို႔ .. သြားစစ္ေဆးရမယ္ထင္တယ္ .. " သတင္းပို႔လာသၫ့္ ဝန္ထမ္းေၾကာင့္ ခ်န္ခယ့္က ခ်င္ယြင္ခ်ီအား တခ်က္ခိုးၾကၫ့္လိုက္သည္ ။ T ၿမိဳ႔သည္ လက္ရိွေနရာနဲ႔ အေတာ္ေလး ေဝးသျဖင့္ သြားမည္ဆိုလ်ွင္ နာရီ တခ်ိဳ႕ေတာ့ ၾကာေပလိမ့္မည္ ။ ထို ပေရာ့ဂ်က္သည္ ရင္းႏွီးျမဳပ္ႏွံမႈ မ်ားမ်ား ျပဳလုပ္ထားသျဖင့္ ခ်င္ယြင္ခ်ီ ကိုယ္တိုင္ သြားရင္ ပိုအဆင္ေျပေပလိမ့္မည္ ။
" အေရးႀကီးတဲ့ ကိစၥေတြကို ရက္ေရြ႕လိုက္ က်န္တဲ့ ကိစၥေတြကို မင္းကို လြဲထားခဲ့မယ္ .. ငါ T ၿမိဳ႔ကို သြားမယ္.. ညေနအမွီ ျပန္လာမွာမလို႔ .. သူ႔ကို ေျပာျပစရာမလိုဘူး " ခ်င္ယြင္ခ်ီ က ထရပ္လိုက္ၿပီး ခ်န္ခယ့္အား ၾကၫ့္လိုက္သည္ ။
" ေကာင္းပါၿပီ "
တဖက္တြင္ လုဖုန္း က သူ႔ပတ္ဝန္းက်င္ကို တစ္ခ်က္ေဝ႔ွၾကၫ့္လိုက္ၿပီး နက္ခတိုင္ကို ေျဖေလ်ာ့လိုက္ကာ မ်က္ေမွာင္ၾကဳတ္လိုက္သည္ ။ " ခံစားခ်က္ မေကာင္းဘူး .. " သူသည္ အလိုလိုသိစိတ္ကို ယံုၾကည္သျဖင့္ လက္ရိွ စိတ္အေျခအေနသည္ တစ္ခုခုျဖစ္ေတာ့မည္ဟု ခံစားေနရေၾကာင္း အသိေပးေနခဲ့သည္ ။
" လက္ေထာက္ခ်န္ !! ခ်င္ယြင္ ဘာလုပ္ေနလဲ " လုဖုန္းက ဖုန္းကေနတဆင့္ ခ်န္ခယ့္၏ စကားကို အာရံုစိုက္လိုက္သည္ ။ ခ်င္ယြင္ခ်ီအား တိုက္ရိုက္မေခၚရျခင္းမွာ မေနွာက္အယွက္ ေပးမိမည္စိုး၍ပင္ ။
ခ်န္ခယ့္ က ေခ်ာင္းအသာဟမ့္ကာ " သူေဌးက အလုပ္လုပ္ေနတာေပါ့ဗ်ာ .. " သူက တံေတြးမ်ိဳခ်လိုက္ကာ " သူေဌးကို ဖုန္းေပးလိုက္ရမလား.. အဟမ္း ဒါေပမဲ့ သူေဌးက အေရးႀကီးကိစၥ ေဆြးေနြးေနတာဆိုေတာ့ "
လုဖုန္းက ခ်န္ခယ့္၏ စကားကို ၾကားၿပီးသည္အထိပင္ စိတ္မေအးႏိုင္ေပ ။ " မလိုေတာ့ဘူး .. တစ္ခုခုဆို ကြၽန္ေတာ့္ကို အသိေပးေပးပါ " သူက က်ိဳးယဲ့ဟန္ နဲ႔ က်ိဳးမိဘမ်ားကို ေခၚၾကၫ့္ေသာ္လည္း သူ႔အား စိတ္မသက္မသာ ျဖစ္ေစသည္က ခ်င္ယြင္ခ်ီ ဟု ထင္ေနဆဲ ။
ေနာက္ဆံုးတြင္ သူက ခ်င္ယြင္ခ်ီ၏ ဖုန္းကိုသာ ေခၚလိုက္ေတာ့သည္ ။ သို႔ေသာ္ ဖုန္းသည္ စက္ပိတ္ထားသည္ဟု သာ ျမည္ေနခဲ့သည္ ။
" သူေဌး .. အင္တာဗ်ဳး စေတာ့မယ္ " ခ်ံဳးလန္ ၏ အသံေၾကာင့္ လုဖုန္းက သတိဝင္လာကာ ေခါင္းညိတ္လိုက္သည္ ။
________________
ခ်င္ယြင္ခ်ီ က သူ႔အား ဝိုင္းထားသၫ့္ လူမ်ားကို တစ္ခ်က္ေဝ႔ွၾကၫ့္လိုက္သည္ ။ သူ႔အၾကၫ့္က ကားေပၚမွ ဆင္းလာသၫ့္ ဟန္ယူ ထံသို႔ အၾကၫ့္ေရာက္သြားခ်ိန္တြင္ ခံစားခ်က္မဲ့သၫ့္အလား ျဖစ္သြားခဲ့သည္။ သူအမႈအရာက မေျပာင္းလဲခဲ့ဘဲ ပံုမွန္အတိုင္း ေအးစက္ေနခဲ့သည္ ။
" ေတာ္ေသးတာေပါ့ .. ဦး ကို မ်ွားေခၚႏိုင္ခဲ့လို႔ .. " ဟန္ယူက အသာၿပံဳးကာ ေျပာလိုက္သည္ ။ ထိုအၿပံဳးက အၿမဲတမ္း သူ႔အား အျပစ္ကင္းစင္ပံုေပါက္ေစေသာ္လည္း ယခုမႈ မတူညီသၫ့္ ရလဒ္သာ ။
ခ်င္ယြင္ခ်ီ က မ်က္ႏွာေသျဖင့္သာ ရိွေနခဲ့သည္ ။ သူ တီၿမိဳ႔မွ ျပန္လာသၫ့္အခ်ိန္တြင္ ကားသည္ စက္ခ်ိဳ႕ယြင္းမႈေၾကာင့္ ရပ္သြားခဲ့သည္ ။ လက္မွ နာရီကို တစ္ခ်က္ၾကၫ့္လိုက္ကာ တည္ၿငိမ္သၫ့္ မ်က္ႏွာသည္ တစ္ခ်က္ပ်က္သြားခဲ့သည္ ။ ' အခ်ိန္က ကပ္ေနၿပီ '
ဟန္ယူ သည္လည္း ခ်င္ယြင္ခ်ီ အလ်င္လိုေနရသၫ့္ အေၾကာင္းအရင္းကို သိထားခဲ့သည္ ။ ထိုအတြက္ေၾကာင့္ အၿမဲေစ့စပ္သၫ့္ ခ်င္ယြင္ခ်ီက ကားကိုပင္ မစစ္ေဆးခဲ့ဘဲ တန္းျပန္လာသျဖင့္ သူ႔အစီအစဉ္ ေအာင္ျမင္ခဲ့ရျခင္းပင္ ။ သို႔တိုင္ေအာင္ ခ်င္ယြင္ခ်ီ၏ စိတ္ခံစားခ်က္တိုင္းသည္ ထိုသူအတြက္သာ ျဖစ္ေနသည္ကို ျမင္ရသၫ့္ အခ်ိန္တြင္ ေဒါသေၾကာင့္ ရူးသြပ္ေတာ့မလိုပင္ ။
ဟန္ယူ က ေသနတ္ကို ထုတ္ကာ ေဒါသတႀကီး မိုးေပၚတစ္ခ်က္ပစ္လိုက္ကာ ခ်င္ယြင္ခ်ီကို ခ်ိန္လိုက္သည္ ။ " ဘာလို႔လဲ .. ငယ္ကတည္းက ဒီခံစားခ်က္ေတြ ရိုက္သြင္းေပးထားခဲ့ၿပီးမွ "
သူ႔လူငယ္ဘဝတစ္ခုလံုးသည္ ခ်င္ယြင္ခ်ီ အတြက္ဟု ဆိုလို႔ရေအာင္ပင္ တစ္ခ်ိန္လံုး ဒီလူအတြက္သာ အျပဳအမႈ အေျပာအဆို အဆင့္အတန္း အားလံုး ထိန္းၫွိေနခဲ့ရသည္ ။ နဂိုက သေဘာမက်ေသာ္လည္း ခ်င္ယြင္ခ်ီ၏ အေၾကာင္းမ်ားသိရၿပီးခ်ိန္တြင္ သေဘာက်ရာမွ စြဲလမ္းသည္အထိ ျဖစ္လာခဲ့သည္ ။ ထိုအတြက့္ေၾကာင့္ သူ ျပန္လည္ေမြးဖြားလာၿပီးေနာက္တြင္ပင္ ဒီလူအတြက္ လက္စားေခ်မႈမ်ားကို ေနာက္ပို႔ထားခဲ့ျခင္းပင္ ။ ' ဒါေတာင္.. ဒီလူက အခုထိ သူ႔ကို မေရြးခ်ယ္ခဲ့ေသးဘူး '
" ငါ သေဘာတူခဲ့လို႔လား " ခံစားခ်က္မဲ့စြာ ေျပာလာသၫ့္ ခ်င္ယြင္ခ်ီ ေၾကာင့္ ဟန္ယူက အံႀကိတ္ရံုသာ တတ္ႏိုင္ခဲ့သည္ ။ အမွန္ပင္ ခ်င္ယြင္ခ်ီ သည္ သူ႔အား လံုးဝ မရိွသၫ့္ လူတစ္ေယာက္လို႔ သေဘာထားခဲ့သည္မလား ။ သူကသာ လိုက္ကပ္ေနခဲ့ရျခင္း ။
" ခ်ဳပ္ထားလိုက္ !!! " ဟန္ယူ ၏ နာက်င္ေနသၫ့္ မ်က္ႏွာတြင္ ေလွာင္ၿပံဳးတစ္ခုေပၚလာခဲ့ကာ
" ဟက္... ဦး ေရြးခ်ယ္ခဲ့တဲ့ လူက ဘာကို ေရြးခ်ယ္မလဲ သိခ်င္မိပါေသးရဲ့ .."
_________________________________
Unicode
မနက်ခင်းစောစောတွင် ချင်ယွင်ချီ က အကျႌလက်အား ခေါက်တင်လျက် ပေါ့ပေါ့ပါးပါး ဆင်းလာသည့် လုဖုန်းအား အံ့အားသင့်စွာမေးလိုက်သည်။ သူက screen အား ပြလိုက်ကာ " ဘယ်လိုဖြစ်တာလဲ " စခရင် ပေါ်တွင် လုဖုန်း၏ ဓာတ်ပုံနဲ့တကွ အချက်အလက်များ ၊ ပိုင်ဆိုင်မှုများကို ဖော်ပြထားသည့် သတင်းတစ်ခုပင် ။ ဒီလူက ဖုံးကွယ်ထားချင်ခဲ့တာ မဟုတ်ဘူးလား ...။
" တစ်ယောက်ယောက် ထုတ်ဖော်လိုက်တာလား " ချင်ယွင်ချီ၏ မျက်ဝန်းများက အေးစက်စက် အလင်းတစ်ချက် လက်သွားခဲ့သည် ။
လုဖုန်းက ချင်ယွင်ချီ၏ တုန့်ပြန်မှုအား သဘောတကျရယ်လိုက်ကာ screen အား ပိတ်လိုက်သည် ။ သူက အသာပွေ့ဖက်လိုက်ပြီး " suprise လုပ်ချင်တဲ့ ခများလေးက သိသွားပြီးတာကို .. ကိုယ်က ဘာအတွက် ဖုံးကွယ်ထားဖို့ လိုတာလဲ "
မထင်မှတ်ထားသည့် အဖြေကြောင့် အံ့အားသင့်သွားသည့် ချင်ယွင်ချီ ၏ နူတ်ခမ်းအား ဖြတ်ခနဲ နမ်းလိုက်ပြီး
" morning... Baby "
မနက်စာ စားပြီးနောက် လုဖုန်းက ချင်ယွင်ချီအား အလုပ်ကို အရင် ပို့ပေးခဲ့သည်။ " ကိုယ်ဒီနေ့ .. နဲနဲအလုပ်ရှုပ်လိမ့်မယ် ထင်တယ် .. ညနေ ပွဲအတွက်တော့ ကိုယ်လာခေါ်မှာပါ "
" အင်း .. အဆင်ပြေ.. " လုဖုန်း၏ စကားကြောင့် ခေါင်းညိတ်ကာ ပြောလိုက်ပြီး ကားပေါ်က ဆင်းရန် ပြင်လိုက်ချိန် အုပ်မိုးလာသည့် လူအား ကြောင်ကြည့်လိုက်သည် ။ ' ဒီလူ ... ရုတ်တရက်ကြီး .. ထဖောက်လာပြန်ပြီ '
ရုံးရှေ့တွင် နောက်နာရီဝက်အထိ ကားသည် မထွက်သွားခဲ့ပေ ။ ချန်ခယ့်က တည်ငြိမ်စွာ အလုပ်လုပ်နေသည့် သူဌေးအား ကြည့်ကာ " သူဌေး .. နူတ်ခမ်းက ဘာလို့ယောင်နေ.." စူးစမ်းချင်သည့် စိတ်က အေးစက်စက်အကြည့်ကြောင့် အဝမှာတင် ပြန်ဝင်သွားလေတော့သည် ။
" လက်ထောက်ချန် !!! T မြို့က မြေကွက်မှာ ပြဿနာပေါ်လို့ .. သွားစစ်ဆေးရမယ်ထင်တယ် .. " သတင်းပို့လာသည့် ဝန်ထမ်းကြောင့် ချန်ခယ့်က ချင်ယွင်ချီအား တချက်ခိုးကြည့်လိုက်သည် ။ T မြို့သည် လက်ရှိနေရာနဲ့ အတော်လေး ဝေးသဖြင့် သွားမည်ဆိုလျှင် နာရီ တချို့တော့ ကြာပေလိမ့်မည် ။ ထို ပရော့ဂျက်သည် ရင်းနှီးမြုပ်နှံမှု များများ ပြုလုပ်ထားသဖြင့် ချင်ယွင်ချီ ကိုယ်တိုင် သွားရင် ပိုအဆင်ပြေပေလိမ့်မည် ။
" အရေးကြီးတဲ့ ကိစ္စတွေကို ရက်ရွေ့လိုက် ကျန်တဲ့ ကိစ္စတွေကို မင်းကို လွဲထားခဲ့မယ် .. ငါ T မြို့ကို သွားမယ်.. ညနေအမှီ ပြန်လာမှာမလို့ .. သူ့ကို ပြောပြစရာမလိုဘူး " ချင်ယွင်ချီ က ထရပ်လိုက်ပြီး ချန်ခယ့်အား ကြည့်လိုက်သည် ။
" ကောင်းပါပြီ "
တဖက်တွင် လုဖုန်း က သူ့ပတ်ဝန်းကျင်ကို တစ်ချက်ဝှေ့ကြည့်လိုက်ပြီး နက်ခတိုင်ကို ဖြေလျော့လိုက်ကာ မျက်မှောင်ကြုတ်လိုက်သည် ။ " ခံစားချက် မကောင်းဘူး .. " သူသည် အလိုလိုသိစိတ်ကို ယုံကြည်သဖြင့် လက်ရှိ စိတ်အခြေအနေသည် တစ်ခုခုဖြစ်တော့မည်ဟု ခံစားနေရကြောင်း အသိပေးနေခဲ့သည် ။
" လက်ထောက်ချန် !! ချင်ယွင် ဘာလုပ်နေလဲ " လုဖုန်းက ဖုန်းကနေတဆင့် ချန်ခယ့်၏ စကားကို အာရုံစိုက်လိုက်သည် ။ ချင်ယွင်ချီအား တိုက်ရိုက်မခေါ်ရခြင်းမှာ မနှောက်အယှက် ပေးမိမည်စိုး၍ပင် ။
ချန်ခယ့် က ချောင်းအသာဟမ့်ကာ " သူဌေးက အလုပ်လုပ်နေတာပေါ့ဗျာ .. " သူက တံတွေးမျိုချလိုက်ကာ " သူဌေးကို ဖုန်းပေးလိုက်ရမလား.. အဟမ်း ဒါပေမဲ့ သူဌေးက အရေးကြီးကိစ္စ ဆွေးနွေးနေတာဆိုတော့ "
လုဖုန်းက ချန်ခယ့်၏ စကားကို ကြားပြီးသည်အထိပင် စိတ်မအေးနိုင်ပေ ။ " မလိုတော့ဘူး .. တစ်ခုခုဆို ကျွန်တော့်ကို အသိပေးပေးပါ " သူက ကျိုးယဲ့ဟန် နဲ့ ကျိုးမိဘများကို ခေါ်ကြည့်သော်လည်း သူ့အား စိတ်မသက်မသာ ဖြစ်စေသည်က ချင်ယွင်ချီ ဟု ထင်နေဆဲ ။
နောက်ဆုံးတွင် သူက ချင်ယွင်ချီ၏ ဖုန်းကိုသာ ခေါ်လိုက်တော့သည် ။ သို့သော် ဖုန်းသည် စက်ပိတ်ထားသည်ဟု သာ မြည်နေခဲ့သည် ။
" သူဌေး .. အင်တာဗျုး စတော့မယ် " ချုံးလန် ၏ အသံကြောင့် လုဖုန်းက သတိဝင်လာကာ ခေါင်းညိတ်လိုက်သည် ။
________________
ချင်ယွင်ချီ က သူ့အား ဝိုင်းထားသည့် လူများကို တစ်ချက်ဝှေ့ကြည့်လိုက်သည် ။ သူ့အကြည့်က ကားပေါ်မှ ဆင်းလာသည့် ဟန်ယူ ထံသို့ အကြည့်ရောက်သွားချိန်တွင် ခံစားချက်မဲ့သည့်အလား ဖြစ်သွားခဲ့သည်။ သူအမှုအရာက မပြောင်းလဲခဲ့ဘဲ ပုံမှန်အတိုင်း အေးစက်နေခဲ့သည် ။
" တော်သေးတာပေါ့ .. ဦး ကို မျှားခေါ်နိုင်ခဲ့လို့ .. " ဟန်ယူက အသာပြုံးကာ ပြောလိုက်သည် ။ ထိုအပြုံးက အမြဲတမ်း သူ့အား အပြစ်ကင်းစင်ပုံပေါက်စေသော်လည်း ယခုမှု မတူညီသည့် ရလဒ်သာ ။
ချင်ယွင်ချီ က မျက်နှာသေဖြင့်သာ ရှိနေခဲ့သည် ။ သူ တီမြို့မှ ပြန်လာသည့်အချိန်တွင် ကားသည် စက်ချို့ယွင်းမှုကြောင့် ရပ်သွားခဲ့သည် ။ လက်မှ နာရီကို တစ်ချက်ကြည့်လိုက်ကာ တည်ငြိမ်သည့် မျက်နှာသည် တစ်ချက်ပျက်သွားခဲ့သည် ။ ' အချိန်က ကပ်နေပြီ '
ဟန်ယူ သည်လည်း ချင်ယွင်ချီ အလျင်လိုနေရသည့် အကြောင်းအရင်းကို သိထားခဲ့သည် ။ ထိုအတွက်ကြောင့် အမြဲစေ့စပ်သည့် ချင်ယွင်ချီက ကားကိုပင် မစစ်ဆေးခဲ့ဘဲ တန်းပြန်လာသဖြင့် သူ့အစီအစဉ် အောင်မြင်ခဲ့ရခြင်းပင် ။ သို့တိုင်အောင် ချင်ယွင်ချီ၏ စိတ်ခံစားချက်တိုင်းသည် ထိုသူအတွက်သာ ဖြစ်နေသည်ကို မြင်ရသည့် အချိန်တွင် ဒေါသကြောင့် ရူးသွပ်တော့မလိုပင် ။
ဟန်ယူ က သေနတ်ကို ထုတ်ကာ ဒေါသတကြီး မိုးပေါ်တစ်ချက်ပစ်လိုက်ကာ ချင်ယွင်ချီကို ချိန်လိုက်သည် ။ " ဘာလို့လဲ .. ငယ်ကတည်းက ဒီခံစားချက်တွေ ရိုက်သွင်းပေးထားခဲ့ပြီးမှ "
သူ့လူငယ်ဘဝတစ်ခုလုံးသည် ချင်ယွင်ချီ အတွက်ဟု ဆိုလို့ရအောင်ပင် တစ်ချိန်လုံး ဒီလူအတွက်သာ အပြုအမှု အပြောအဆို အဆင့်အတန်း အားလုံး ထိန်းညှိနေခဲ့ရသည် ။ နဂိုက သဘောမကျသော်လည်း ချင်ယွင်ချီ၏ အကြောင်းများသိရပြီးချိန်တွင် သဘောကျရာမှ စွဲလမ်းသည်အထိ ဖြစ်လာခဲ့သည် ။ ထိုအတွက့်ကြောင့် သူ ပြန်လည်မွေးဖွားလာပြီးနောက်တွင်ပင် ဒီလူအတွက် လက်စားချေမှုများကို နောက်ပို့ထားခဲ့ခြင်းပင် ။ ' ဒါတောင်.. ဒီလူက အခုထိ သူ့ကို မရွေးချယ်ခဲ့သေးဘူး '
" ငါ သဘောတူခဲ့လို့လား " ခံစားချက်မဲ့စွာ ပြောလာသည့် ချင်ယွင်ချီ ကြောင့် ဟန်ယူက အံကြိတ်ရုံသာ တတ်နိုင်ခဲ့သည် ။ အမှန်ပင် ချင်ယွင်ချီ သည် သူ့အား လုံးဝ မရှိသည့် လူတစ်ယောက်လို့ သဘောထားခဲ့သည်မလား ။ သူကသာ လိုက်ကပ်နေခဲ့ရခြင်း ။
" ချုပ်ထားလိုက် !!! " ဟန်ယူ ၏ နာကျင်နေသည့် မျက်နှာတွင် လှောင်ပြုံးတစ်ခုပေါ်လာခဲ့ကာ
" ဟက်... ဦး ရွေးချယ်ခဲ့တဲ့ လူက ဘာကို ရွေးချယ်မလဲ သိချင်မိပါသေးရဲ့ .."
_________________________________