ပြန်လမ်းကြယ်ဝေ စောင်းကြိုးပြေ...

By LeeSeungHan

32.4K 3.2K 609

Starting Date 11Apr 2021 - Ending Date 30Sep 2021 Unicode ရှောင်ရှင်းအာ ဆိုတာကတော့ လူတွေကြားထဲမှာ လူသားဟန်ဆော... More

Introduction
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Art 1
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 43
Art 2
Chapter 44
Chapter 45
Chapter 46
ပူဆာခြင်း
Chapter 47
Chapter 48
Chapter 49
Final Part 1
Final Part 2
Art 3
Final Part 3

Chapter 42

334 42 10
By LeeSeungHan

Unicode

ပြန်လမ်းကြယ်ဝေစောင်းကြိုးပြေ Chapter 42

ကျွန်တော်ကကိုကို့ကိုဘယ်တော့မှလွှတ်ပေးမှာမဟုတ်တော့ဘူး

မည်းညိုသောတိမ်လွှာထုများမှခြွေချလိုက်သောမိုးရေစက်တို့သည် မိုးစက်အမှုန်အမွှားလေးများအဖြစ်ပြောင်းလဲပြီး အောက်မြေပြင်ဆီကိုအဆက်မပြတ်ကျဆင်းလာနေသည်။ မိုးရွာခြင်းနှင့် နေပူခြင်းတစ်လှည့်ဆီဖြစ်ပေါ်နေလေ့ရှိသော ဤဒေသသည် ယနေ့တော့ စိုစွတ်သောမိုးရေများဖြင့်သာ ပြည့်နှက်လျက်ရှိပြီး တိတ်ဆိတ်သောတိမ်ခြည်မှေးပျော်နတ် ကွန်းတစ်ခုလုံးကိုလည်း မိုးစက်များဖြင့်သာ လွှမ်းခြုံဖုံးအုပ်လို့ထားသည်။

ဝမ်ရှန်းသည်ကား လေးဖင့်သောခြေလှမ်းများဖြင့် နတ်ကွန်းရှိရာ တောင်ကုန်းငယ်ပေါ်ကိုဖြည်းညင်းစွာတက်လာသည်။
ခန္ဓာကိုယ်ထဲမှသွေးများကို ကိုးဆယ့်ကိုးရက်တာမျှဆက်သခဲ့ရခြင်းကြောင့် သူ၏ခန္ဓာကိုယ်သည် အနည်းငယ်ပိန်သွားခဲ့ပြီး လက်ဖဝါးများကတော့ ရစရာမရှိအောင်ကွဲရှရှာများဖြင့်သာပြည့်နေသည်။ သူ၏လက်များသည်ပေါက်ကွဲထားသောမီးတောင်တစ်ခု၏မြေဆီလွှာများအလား အက်ကွဲကာသွေးများတစိမ့်စိမ့်ယိုထွက်နေ၏။ ထိုဒဏ်ရာများကိုစီးနှောင်ထားသော ပိတ်ဖြူစသည်ပင်သွေးရောင်ပကတိဖုံးလွှမ်းသွားခဲ့ပြီဖြစ်သည်။ ထိုကဲ့သို့ သွေးများပေကျံနေသည့်တိုင် ဝမ်ရှန်းသည် ရှောင်ရှင်းအတွက်ယူဆောင်လာသည့် လက်ထဲမှပစ္စည်းနှစ်ခုကိုတော့ သွေးတစ်စက်မှမပေရအောင် လက် မောင်းများကြားထဲ ဂရုတစိုက်ပွေ့ထားသည်။ အဘယ်ကြောင့်ဆိုသော် ယနေ့သည့်ကား ချုပ်ကြိုးထံသွေးဆက်သရသည့် ရက်တစ်ရာမြောက်နေ့ပင်ဖြစ်လေသည်။ နောက်ဆုံးတော့ သူ၏ရှောင်ရှင်းသည် ချင်းမင်ဖန်တီးထားခဲ့သော ပုလဲပင့်ကူချုပ်ကြိုး၏နှိပ်စက်မှုဒဏ်မှလွတ်မြောက်တော့မည်ဖြစ်၏။

"ရှင်းအာ....... "

သူ၏ခေါ်သံကိုကြားတော့ ရှောင်ရှင်းက မျက်ဆံနက်ကလေးများကိုပင့်တင်၍ကြည့်လာသည်။ ရှောင်ရှင်း၏ မျက်နှာသည် မည်သည့်လှုပ်ရှားမှုကိုမှ မပြုနိုင်လောက်အောင် ငြိမ်သက်နေ၏။ ပိုက်ကွန်ထဲတွင်မိထားသည့် သားကောင်တစ်ကောင်လို ရက်ပေါင်းများစွာနေထိုင်ခဲ့ရခြင်းကြောင့် ဖြစ်ပေါ်လာသည့် နာကျင်မှုဝေဒနာနှင့်ဒေါသမီးလျှံများသည် ရှောင်ရှင်း၏ရင်ထဲတွင် မုန်တိုင်းများလိုပေါက်ကွဲနေသည်။ လူက တုပ်တုပ်မျှမလှုပ်နိုင်သည့်တိုင် ကြီးစွာသောဒေါသကြောင့် မျက်စိရှေ့တွင်ရှိနေသော အရာခပ်သိမ်းကိုဖျက်ဆီးပစ်ချင်စိတ်များပေါက်နေသော်လည်း ဝမ်ရှန်းကိုမြင်လိုက်ရသောအခါ သူသည် ထိုဒေါသများကို ပြသခြင်းမပြုဘဲ ထိန်းသိမ်းထားမိပြန်၏။ ထိုအချိန်တွင်ဝမ်ရှန်းသည် လက်ထဲတွင်ပွေ့လာသည့် ပစ္စည်းနှစ်ခုကိုကျောက်သားကြမ်းပြင်ပေါ်အသာချလိုက်ပြီး ရှောင်ရှင်း၏အရှေ့တွင်လာထိုင်သည်။ ထို့နောက် သူ့လက်တွင်စီးထားသောသွေးစွန်းနေသည့် အဝတ်စများကိုဖြေချ၍ ရှောင်ရှင်း၏ခန္ဓာကိုယ်ပေါ်မှ ချုပ်ကြိုးပေါ်ကိုလက်ဖြင့် ပွတ်တိုက်၍နေ့စဥ်လုပ်နေကျအတိုင်းသွေးများဆက်သလိုက်ပြန်သည်။ ရက်တစ်ရာပြည့်ပြီဖြစ်၍ အချုပ်အနှောင်မှလွတ်မြောက်တော့မည်ဖြစ်သော်လည်း ရှောင်ရှင်းသည် မပျော်နိုင်ဘဲ မျက်မှောက်ကုတ်ထား၏။ ဝမ်ရှန်းက သူ့အတွက်လုပ်ပေးသည်ဖြစ်သော်လည်း ယခုကဲ့သို့ ဝမ်ရှန်း၏လက်မှသွေးများကိုရက်ပေါင်းများစွာမြင်နေရခြင်းသည် ရှောင်ရှင်းအတွက်တော့ ငရဲပြည်ကိုရောက်နေသည့်အလား ပူလောင်ကာ နေမထိထိုင်မသာရှိလှပေသည်။

ထိုကဲ့သို့ငြိမ်နေရင်း တစ်နာရီမျှကြာသောအခါတွင်တော့ ရွှေရောင်တောက်ပလျက်ရှိသော ပုလဲပင့်ကူချုပ်ကြိုးသည် တဖြည်းဖြည်း အလင်းမှုန်များအဖြစ်ပြောင်းလဲသွားခဲ့ပြီး လေထဲကိုတစ်စစီလွင့်ပျံသွားပေတော့သည်။ သွေးတို့ကို ပျက်ကွက်ခြင်းမရှိ ပေးဆပ်ခဲ့ခြင်းကြောင့် နောက်ဆုံးမှာတော့ ပုလဲပင့်ကူချုပ်ကြိုးသည်လည်း ဖန်တီးသူ၏အမိန့်ကိုလွန်ဆန်ကာပျောက်ပြယ်သွားခဲ့ပြီဖြစ်လေသည်။ ချုပ်ကြိုးပျောက်သွားသည်နှင့် တစ်ပြိုင်နက် ရှောင်ရှင်းသည် စုတ်ပြတ်သတ်နေသော ဝမ်ရှန်း၏လက်တို့ကို ကိုင်လိုက်ပြီး သူ၏မိစ္ဆာစွမ်းအင်များကိုထုတ်၍ လက်ပေါ်မှဒဏ်ရာများကိုကုသပေးလိုက်သည်။

"မလုပ်နဲ့ ရှင်းအာ..... မင်းမှာအားမရှိသေးဘူးလေ.... ဒီလောက်သွေးတွေဆုံးရှုံးထားတာ ဘာလို့စွမ်းအင်တွေထုတ်သုံး....... "

"မပြောနဲ့....တိတ်တိတ်နေ....... "

ဝမ်ရှန်းသည် ဆက်ပြောချင်​သော်လည်း မျက်မှောက်ကုတ်ကာ သူ့ကိုဟောက်လိုက်သော ရှောင်ရှင်း၏ပုံစံကို ငေးစိုက်ကြည့်နေမိသည်။ နက်မှောင်သောမျက်ဝန်းတစ်စုံလုံးသည် ဒေါသအရိပ်အငွေ့များဖြင့်ပြည့်နေ၏။ မီးခိုးရောင်မျက်ခုံးတန်းတို့ကလည်း အလယ်ကိုစုဆုံတွန့်ချိုးနေသည်။

"ရှင်းအာ.... မင်းဒေါသထွက်နေတာလား.....ဘာလို့လဲ.....  "

".............."

"ရှင်းအာ.......... "

"ဟုတ်တယ် လူသတ်ချင်နေတာ !!!"

"..........."

ဆတ်တောက်တောက်နှင့် သူ့ကိုပြန်ပြောသော ရှောင်ရှင်း၏ ပုံစံသည် ချစ်စရာကောင်းလှပါသောကြောင့် ဝမ်ရှန်းသည် ထိုကောင်လေး၏ခေါင်းကိုလက်ဖြင့်နှစ်ချက်မျှပွတ်ပေးလိုက်ပြီး ဘေးတွင်ချထားသော ပစ္စည်းနှစ်ခုကိုဆွဲယူလိုက်သည်။

ထို့နောက် ရှောင်ရှင်းလက်ထဲထည့်ပေးလိုက်၏။

"ဘာတွေလဲ......"

"လက်ဆောင်လေ...... ရှင်းအာအတွက်......."

".........."

ရွှေရောင် ပိုးချည်ဖြင့်ထုပ်ထားသော အထုပ်ကိုအရင်ဆုံးဖွင့်ကြည့်လိုက်တော့ ခေါက်ရိုးကျိုးရာပင်မရှိအောင်လှပသန့်ပြန့်နေသော သစ်ရွက်ခြောက်ရောင်ဝတ်စုံအသစ်တစ်စုံကိုမြင်လိုက်ရသည်။ ရှောင်ရှင်းသည် သူ့အတွက်ဝယ်လာမှန်းသိနေသော်လည်း ထပ်မံမေးမြန်းလိုက်၏။

"ကျွန်တော့်အတွက်ဝယ်လာတာလား..... "

"ဒါပေါ့... ရှင်းအာအတွက်ပေါ့... ။ ဒီနယ်မြေမှာက အစစအရာရာရှားပါးတော့ရွေးချယ်စရာတော့အများကြီးမရှိဘူး... ဒါပေမဲ့ ကိုကိုသေချာရွေးဝယ်ခဲ့ပါတယ်.... ဘယ်လိုလဲ ရှင်းအာ သဘောကျရဲ့လား ...."

"......."

ရှောင်ရှင်းသည် ခေါင်းတ​ငြိမ့်​ငြိမ့်ဖြင့် သွားကလေးများပေါ်လာသည်အထိ ရယ်မောလိုက်၏။ ထို့နောက် နောက်ထပ်ပစ္စည်းတစ်ခုကိုကောက်ကိုင်လိုက်တော့ ရှောင်ရှင်းမျက်နှာမှ ထိုအပြုံးတို့သည် အံ့သြမှုများအဖြစ်ပြောင်းလဲလို့သွားသည်။ ခပ်ပြားပြားရှိသော အမည်းရောင်သစ်သားသေတ္တာလေးကိုဖွင့်လိုက်သည့်အခါတွင်တော့ ရှောင်ရှင်း၏မျက်လုံးတို့သည် အံ့သြမှုဖြင့်ပိုကာဝိုင်းစက်သွား၏။ သူသည် သေတ္တာထဲတွင်ရှိနေသည့် လူ့နှလုံးများအားကြည့်ရင်း ဝမ်ရှန်းအား မယုံကြည့်နိုင်သလိုကြည့်ကာမေးမြန်းလိုက်၏။

"ဒါတွေကဘာအတွက်လဲ........"

"ရှင်းအာအတွက်ပါ....... ရှင်းအာ အားနည်းနေတာမို့လို့ ...."

ဘယ်တုန်းကမှ မျှော်လင့်ထားခြင်းမရှိသော အရာတစ်ခုကို ဝမ်ရှန်းဆီမှရလိုက်သည်မို့ သူသည် တအံ့တသြမေးလိုက်ပြန်၏။

"ကိုကိုလူသတ်လာတာလား........ "

ဝမ်ရှန်းသည် ခေါင်းကိုလေးပင်စွာဖြင့်ခါယမ်းလိုက်၏။ ထို့နောက် တိုးဖျော့စွာပြောသည်။

"ကိုကိုကဘယ်လိုလို့ လူသတ်နိုင်မှာတဲ့လဲ... ။ ကိုကိုလူမသတ်ပါဘူး ....လူတွေကိုတော့ အခုရောနောင်ရောသတ်မှာမဟုတ်ဘူး.... ဒါတွေက သေဆုံးကာစလူတွေဆီကယူလာတာပါ .... သူတို့ကသေဆုံးကာစဆိုပေမယ့် နှလုံးတွေကတော့ လတ် ဆတ်နေသေးတယ်.... ဒါက ခိုးယူသလိုဖြစ်ပေမယ့်.... ကိုကိုဘာတတ်နိုင်မှာလဲ.... လူတွေစားတဲ့အရာက ရှင်းအာကိုအားမှမဖြစ်စေဘူးဆိုတော့ ကိုကို ဒါတွေကိုခိုးယူခဲ့တာကလွဲရင် ရှင်းအာပြန်ပြီးအားပြည့်စေမယ့်တစ်ခြားနည်းလမ်းကိုရှာမတွေ့လို့ပါ......"

ဝမ်ရှန်းသည် ပထမဆုံးပြုလုပ်ခဲ့သည့် မကောင်းမှုအပေါ် စိတ်မသက်မသာဖြစ်မိ၍ ခေါင်းကိုငုံ့ထားသည်။ ရှောင်ရှင်းကတော့ သေတ္တာထဲတွင် အတုံးအရုံးငြိမ်သက်နေသည့် နှလုံးများကိုကြည့်ကာ ဝမ်ရှန်းကပေးသည့်တန်ဖိုးရှိသော လက် ဆောင်များမို့ စားတောင်မစားချင်ဘဲ စွမ်းအင်ဖြင့်အေးခဲစေကာ သိမ်းထားချင်မိ၏။ သို့သော်လည်း သူသည် စွမ်းအင်လျော့ပါးနေသည့် မိမိကိုယ်ကိုယ်အားမရလှသည်မို့ ထိုနှလုံးများကို လက်ဖျားတို့ဖြင့်ထိကာ အနီရောင်အလင်းမှုန်များအဖြစ်ပြောင်းလဲစေလိုက်ပြီး လေထဲတွင်လွင့်ပျံနေသည့် ထိုအလင်းမှုန်များအားလုံးကို သူ့နှုတ်ခမ်းဝတွင်အဆုံးသတ်စေ၍ အကုန်အစင်စုပ်ယူလိုက်ပေသည်။ သူသည် ထိုနှလုံးများကို အစိမ်းအတိုင်းလည်းစားနိုင်၏။ သွေးအဖြစ်ပြောင်း၍လည်းသောက်နိုင်၏။ သို့သော် ဝမ်ရှန်းရှေ့တွင် အကျည်းတန်သည့်မြင်ကွင်းမျိုးမဖြစ်စေချင်ပါသောကြောင့် အငွေ့အဖြစ်သာပြောင်းလဲစားသောက်လိုက်ခြင်းဖြစ်သည်။ ဝမ်ရှန်းကတော့ ခေါင်းကိုငိုက်မြဲငိုက်ထား၏။

ထို့နောက် တိုးတိုးဖွဖွဆိုလာသည်။

"ဘယ်လိုပဲဖြစ်ဖြစ် ရှင်းအာကို ကာကွယ်ပေးရမယ်ဆိုပေမယ့်.... ကိုယ်လူသတ်လို့မရဘူး.... ကိုကိုလူသတ်ရင် ရှစ်ဖူကလည်း ဘယ်တော့မှ ခွင့်လွှတ်မှာမဟုတ်ဘူး....."

"........."

ရှောင်ရှင်းသည် တစ်ခုခုပြောရန်ဟန်ပြင်လိုက်သော်လည်း နတ်ကွန်းအပြင်တွင် ထွက်ပေါ်လာသည့် သိဒ္ဓိစွမ်းအင်များကိုခံစားလိုက်ရသည်မို့ မျက်မှောက်ကိုပိုကာကုတ်ထားလို​က်သည်။ ထို့နောက် သူသည် နတ်ကွန်းအပြင်ကို ခပ်မြန်မြန်ထွက်သွားလေ၏။

"ရှင်းအာ......... "

ဝမ်ရှန်းသည် အနောက်မှချက်ချင်းပြေးလိုက်လာသည်။ တိမ်ခြည်မှေးပျော်နတ်ကွန်း၏အရှေ့တွင် ရပ်နေသည့် လူတစ်ဦးကိုမြင်တော့ သူသည် ရှောင်ရှင်းလက်ကိုဆွဲကာ အနောက်သို့ပို့၍ ရှောင်ရှင်းအား သူ့ကိုယ်ဖြင့်ကွယ်ထားလိုက်၏။ ထိုစဥ် နတ်ကွန်းရှေ့တွင်ရပ်နေသူသည် သူ၏လက်တစ်ဖက်ကိုမြှောက်ကာ မိစ္ဆာတို့အား အပြင်ကိုထွက်ပြေးလို့မရပါစေရန်ပိတ်ပင်တားဆီးသည့် စည်းတစ်ခုကိုချထားလိုက်၏။ ထိုလူသည် ဤဒေသဝန်းကျင်တွင် နေထိုင်သူတစ်ဦးဖြစ်ဟန်တူပြီး မိစ္ဆာဖမ်းသော ကျင့်ကြံသူတစ်ဦးဖြစ်ရုံကလွဲ၍ အခြားအရာဖြစ်နိုင်ချေမရှိပါချေ။

"မြေမြှုပ်ကာစ အလောင်းတွေကိုပြန်ပြီးတူးသွားရဲတယ်..... ဘယ်လိုယုတ်မာရိုင်းစိုင်းမှုမျိုးလဲ...... "

ဝမ်ရှန်းသည် ရှောင်ရှင်းရှေ့တွင်ပိတ်ကာ ရပ်နေသော်လည်း ထိုသူအားဘာပြန်ပြောရမှန်းမသိဖြစ်နေ၏။ သူသိသမျှမှာကား အပြစ်လုပ်ထားမိပါက မိမိအပြစ်ကို ဝန်ခံရမည်။ ထို့နောက် အပြစ်ကိုဆင်ခြင်ပြီး ထိုက်သင့်လျှောက်ပတ်သောအပြစ်ဒဏ်ကို တောင်းခံကာ ကျေကျေနပ်နပ်ခံယူရပေမည်။ ထိုအချိန်တွင် ရှောင်ရှင်း၏မာကျောသောလေသံကနောက် ကျောမှ တောင့်တင်းစွာထွက်ပေါ်လာလေ၏။

"ဘာတွေလာပြောနေတာလဲ။ လူမှားနေတယ်"

"လူမှားတယ် ဟုတ်လား။ ဒီမြို့မှာနေလာခဲ့တာ နှစ်ပေါင်းလေးဆယ်ကျော်ပြီဖြစ်တဲ့ကျုပ်က ဘယ်နေရာမှာ မိစ္ဆာစွမ်းအင်တွေတိုးလာတယ်ဆိုတာမသိနိုင်လောက်အောင် ညံ့ဖျဥ်းနိုင်ပါ့မလား... ။ ပြီးတော့ အလောင်းတွေရုတ်တရက်ပျောက်သွားတဲ့ကိစ္စကရော ဒီလောက်တိုက်ဆိုင်နိုင်ပါ့မလား....."

ရှောင်ရှင်းသည် အသက်ခြောက်ဆယ်ဆယ်ဝန်းကျင်ခန့်ရှိပုံပေါက်သော ထိုကျင့်ကြံသူကို မှုန်တေတေနှင့်ကြည့်ကာပြောလိုက်၏။

"သင်္ချိုင်းကုန်းကိုခြေတစ်ဖက်လှမ်းနေတဲ့အရွယ်မို့ ကယောင်ချောက်ချားဖြစ်နေတာမဟုတ်ဘူးလား.... "

"ဘာပြောတယ်"

"သေခါနီးအဘိုးကြီးနဲ့ စကားအကြာကြီးပြောရလောက်အောင်စိတ်ရှည်မနေဘူး။ လင်းတစာမဖြစ်ချင်ရင် လစ်လိုက်တော့ "

"မင်း...... !!!!"

ရှောင်ရှင်း၏စကားများအပေါ် ဒေါသကိုထိန်းသိမ်းထားနိုင်ခြင်းမရှိတော့ပါသော ကျင့်ကြံသူသည် သိဒ္ဓိဓားတစ်လက်ကိုဆင့်ခေါ်ကာ အရှေ့ကိုပြေးဝင်လာ၏။ သို့သော်လည်း သူသည် ဝမ်ရှန်း၏ သက်တော်ခြွေဓားရှည်နှင့်ထိပ်တိုက်တွေ့ပြိး အနောက်သို့ သုံးလေးလှမ်းမျှဆုတ်သွားရသည်။ ထို့နောက်တွင်တော့ ငြိမ်သက်နေခဲ့သော နတ်ကွန်းသည် တိုက်ခိုက်သံတို့ဖြင့် တဖြည်းဖြည်းလှုပ်ရှားသက်ဝင်လာ၏။ ကျင့်ကြံသူနှင့် ဝမ်ရှန်းသည် သိုင်း ကွက်များစွာဖြင့်တိုက်ခိုက်နေကြပြီး ဝမ်ရှန်းကမူ တစ်ဖက်လူကို မထိခိုက်ချင်သောစိတ်ကြောင့် လျှော့လျှော့ပေါ့ပေါ့သာတိုက်ခိုက်နေသည်။ ရှောင်ရှင်းကတော့ မှင်သေသေဖြင့် တိုက်ပွဲကိုကြည့်ရှူနေ၏။ ဝမ်ရှန်းသည်ကား မည်သို့ပင်အားနည်းနေစေကာမူ ချင်းမင်၏တပည့်ပင်ဖြစ်၍ ထိုကျင့်ကြံသူလောက်ကိုတော့ အသာလေးအလဲထိုးလိုက်နိုင်သော စွမ်းရည်မျိုးရှိသူ​ဖြစ်သည်။ ထိုကဲ့သို့ အနိုင်ယူနိုင်သူက ထိုကျင့်ကြံသူအား အလျှော့ပေးကာ ခက်ခက်ခဲခဲတိုက်ခိုက်နေသည်ကိုမြင်ရတော့ ရှောင်ရှင်းပိုကာဒေါသထွက်လာ၏။

ထို့နောက် အစွမ်းကုန်တိုက်ခိုက်နေပါသော ကျင့်ကြံသူက ဝမ်ရှန်းကိုအဆက်မပြတ်တိုက်ခိုက်လာရင်း သိဒ္ဓိဓားကို သုံးလက်အထိပွားယူလိုက်သည်ကိုမြင်တော့ ရှောင်ရှင်းသည် တိုက်ပွဲထဲကိုတိုးကာဝင်သွားသည်။ ထို့နောက် သိဒ္ဓိအမြူတေကိုဖြိုခွဲသည့် မိစ္ဆာဓာတ်များကိုလက်ဖဝါးတွင်စုစည်း၍ ဝမ်ရှန်းနှင့်တိုက်ခိုက်လျက်ရှိသော ကျင့်ကြံသူ၏ကျောပြင်တည့်တည့်သို့မညှာမတာရိုက်ချလိုက်၏။ 

"အား.........."

ရှောင်ရှင်း၏ပြင်းထန်သောလက်ဝါးချက်ကိုခံနိုင်ရည်မရှိသော ကျင့်ကြံသူသည် ဝါးတစ်ပြန်စာအထိလွင့်ထွက်သွားပြီး လူရောဓားပါတစ်နေရာစီလွင့်သွား၏။ မြေပြင်ပေါ်တွင် လဲကျနေသော ထိုလူအိုကြီးသည် သွေးများကို အဆက် မပြတ်အန်ထုတ်နေပြီး ဓားကိုပြန်ယူရန် မြေပြင်တွင်တွားသွား၍ ကြိုးစားနေသော်လည်း ရှောင်ရှင်းသည် အင်းကွက်တစ်ကွက်ကိုပစ်လွှတ်၍ ထိုဓားကိုအမှုန့်ချေပစ်လိုက်လေ၏။

"ရှင်းအာ......."

ဝမ်ရှန်းသည် ထိုကျင့်ကြံသူဆီပြေးသွားကာ တဆတ် ဆတ်တုန်ယင်နေပြီး အသက်ငင်နေလျက်ရှိသော ထိုသူ၏ သွေး ကြောများကိုစမ်းသပ်လိုက်သည်။ ထို့နောက် သူတို့ အနားကိုအေးအေးဆေးဆေးလျှောက်လာသော ရှောင်ရှင်းကိုမော့ကြည့်ကာပြော၏။

"ဘာလို့လဲ......"

"ဘာကိုလဲ....... "

ဝမ်ရှန်း သည် သူ့လက်ထဲတွင် မျက်လုံးများပြူးကျယ်လာကာ တဖြည်းဖြည်းငြိမ်သက်သွားသော ကျင့်ကြံသူ၏ မျက်လုံးများကို လက်ဖြင့်ပိတ်စက်စေလိုက်ရင်း ဝမ်းနည်းအက်ကွဲနေသောလေသံဖြင့်ပြောလိုက်လေ၏။

"ဘာလို့ ..... ဘာလို့သတ်လိုက်ရတာလဲ....... "

"ပျောက်သွားတဲ့အလောင်းတွေအကြောင်းသိသွားပြီလေ..... မသတ်သင့်ဘူးလား.... "

"မဟုတ်ဘူး......မသတ်ရဘူး...... လူတစ်ယောက်ကိုဒီလောက်လွယ်လွယ်နဲ့သတ်လို့မရဘူး ရှင်းအာ..... ။ မကောင်းမှုကိုတားမြစ်ဖို့ကြိုးစားနေတဲ့လူတစ်ယောက်ကိုဆိုပိုပြီးတော့မရဘူး.... "

တစ်ကြိမ်တစ်ခါမှမမြင်တွေ့ဖူးသည့် လူတစ်ယောက်၏ သေဆုံးမှုအပေါ်ဝမ်းနည်းတုန်လှုပ်နေသော ဝမ်ရှန်းကို နားမလည်နိုင်စွာကြည့်နေရင်း ရှောင်ရှင်းဒေါသထွက်လာချေ၏။

"ဘာလို့မရရတာလဲ .... သူက ကျင့်ကြံသူလေ .... သူက ကျင့်ကြံသူဖြစ်တဲ့အတွက်အလောင်းတွေပျောက်တာသူသိရင် သူ့ဂိုဏ်းကလည်းသိသွားလိမ့်မယ်။ သူ့ဂိုဏ်းကသိပြီး ဒီသတင်းပြန့်သွားရင်ကျွန်တော်တို့ကိုလိုက်ရှာနေတဲ့ ကိုကို့ဆရာလည်းအနှေးနဲ့အမြန်သိသွားမှာပဲလေ.... ဒီတော့ သူ့ကိုမသတ်သင့်ဘူးလား.... သူမသေချင်ရင်ဘာလို့ ဒီကိုရောက်လာပြီးပြသနာရှာလဲ... ။"

"တော်တော့...... ရှင်းအာ....ဘယ်လိုပဲဖြစ်ဖြစ် မင်း..... မင်း... သူ့ကိုမသတ်သင့်ဘူး .... သူ့ကိုသတိမေ့စေလောက်တဲ့အထိပဲတိုက်ခိုက်ပြီး ဒီမြို့ကနေရှောင်တိမ်းသွားလို့ရတာပဲ အဲဒါကိုဘာကြောင့်..... "

"ကျွန်တော်ပြောပြီးပြီလေ သူဘာလို့ ဒီနေရာကိုရောက်လာလဲ.... ကိုကိုသိထားဖို့က ကျွန်တော်က လူတွေကိုသတ်ဖို့ဘယ်တုန်းကမှကြိုးစားနေခဲ့တာမဟုတ်ဘူး.... သူတို့ကသာကျွန်တော့်ရှေ့ကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြီး ကျွန်တော့်ကိုသတ်ဖို့အရင်ကြိုးစားလာကြတာ....။ ပြီးတော့ သူကကိုကို့ကိုအသေသတ်ဖို့ကြိုးစားနေခဲ့တာ။ ဒီတော့ကျွန်တော်ကပြန်မသတ်သင့်ဘူးလား.... ပြီးတော့ အလောင်းတွေပျောက်လို့လိုက်လာတာဟုတ်လား..... လူကတောင်သေသွားပြီပဲကို အဲဒီစောက်အလောင်းကဘာတန်ဖိုးရှိနေလို့လဲ....အသက်ရှင်နေတဲ့မိစ္ဆာတစ်ကောင်ရဲ့အသက်က လူသေတစ်ယောက်ရဲ့အလောင်းလောက်တောင်တန်ဖိုးမရှိဘူးလား....လူသားတွေအတွက် မြေအောက်ထဲမှာဆွေးမြေ့သွားမယ့်လူရဲ့အလောင်းကသာတန်ဖိုးရှိပြီး သူတို့ကိုဘာဒုက္ခမှမပေးဖူးတဲ့ မိစ္ဆာတစ်ကောင်ကျတော့ အဲဒီအလောင်းဆီကအစိတ်အပိုင်းလေးတစ်ခုနဲ့ဆက်ပြီးအသက်ရှင်နေဖို့တောင် မထိုက်တန်ဘူးလား....... ။"

အော်ဟစ်ပြောဆိုနေရင်းဒေါသအမျက်ခြောင်းခြောင်းထွက်လာပါသောရှောင်ရှင်းသည် သေဆုံးသွားသော ကျင့်ကြံသူ၏အလောင်းကိုခြေဖြင့်ကန်ကျောက်ပြီး လက်ဖျားထိပ်တွင် မိစ္ဆာစွမ်းအင်များတောက်လောင်စေကာ ထိုအလောင်းအား မီးရှို့ပစ်လိုက်သည်။

"မလုပ်နဲ့..........."

တားမြစ်သော်လည်း မရလိုက်ပါသောကြောင့် ဝမ်ရှန်းသည်
လောင်ကျွမ်းနေသောအလောင်းကို ဝမ်းပန်းတနည်းကြည့်ရှူနေမိသည်။ ထို့နောက် ခေါင်းကိုမြေပြင်ဆီသို့ငိုက်စိုက်ထားရင်းတိုးလျစွာပြောလိုက်၏။

"မင်း..... လူတွေကိုမသတ်ရဘူး ရှောင်ရှင်းအာ.... ။ ကိုယ်မင်းကိုလူသတ်ခွင့်မပေးဘူး........ "

ရှောင်ရှင်း၏မျက်နှာသည်ကား မှောင်မည်းရှုံ့တွနေ၏။ ထို့နောက်သူသည် အေးစက်စွာဖြင့် ပြောလိုက်သည်။

"လူမသတ်ရဘူးတဲ့လား..... လူသတ်တယ်ဆိုတာငါ့ရဲ့ပင်ကိုသဘာဝပဲလေ....အဲဒါကို ဘယ်သူကလာပြီးအနိုင်ကျင့်ကျင့်​ငြိမ်ခံနေရမှာလား... အားအားရှိမိစ္ဆာလိုက်ဖမ်းနေတဲ့ကျင့်ကြံသူတွေရဲ့ဓားအောက်မှာ ပြားပြားဝပ်ပြီးလည်စင်းပေးရမှာလား။ ဘယ်သူ့ကိုမှစောက်ဒုက္ခမပေးဘဲ ခွေးတစ်ကောင်လို
အမြီးကုပ်နေပေမယ့် ငါ့ကိုလာလာဆွတဲ့မင်းရဲ့ဆရာလိုလူမျိုးတွေဆီမှာ အသက်ရှင်ခွင့်ပေးပါဆိုပြီးခခယယ​တောင်းပန်နေရမှာလား......။"

"..........."

ရှောင်ရှင်းသည် လွန်ခဲ့သည့် မိနစ်ပိုင်းက ဝမ်ရှန်းပြောခဲ့သည့် စကားတစ်ခွန်းကိုသတိရသွား၍ ဝမ်ရှန်းရှိနေရာကို မျက်လုံးစွေကာကြည့်ရှူလိုက်သည်။ တိတ်ဆိတ်မှု၌ထွက်ပေါ်လာသည့် သူ၏လေသံသည် မာကျောအေးစက်လွန်းလှ၏။

"ဘာလဲ.... မင်းနဲ့အတူရှိနေတုန်း ငါလူသတ်ရင် မင်းဆရာကမင်းကိုပြန်လက်မခံမှာစိုးလို့လား.... ငါကအဲ့လောက်တောင်ရွံကြောက်စရာကောင်းတဲ့ဖြစ်တည်မှုမျိုးလား...."

"မင်းဘာတွေပြောနေတာလဲ...... "

"ငါကမင်းအတွက် ချင်းမင်လောက်တောင်အရေးမပါဘူးလား... အဲဒီနေ့က တောင်ပေါ်ကနေကယ်လာခဲ့တာ သနားရုံသက်သက်ပဲထင်တယ်.... ဒါမှမဟုတ် ငါ့ကိုတစ်ကြိမ်သတ်ခဲ့ဖူးလို့ တစ်ကြိမ်ပြန်ကယ်တင်တဲ့အလျော်ပေးမှုမျိုးလား...  ရတယ်.... လူသတ်တတ်တဲ့ငါနဲ့မနေချင်ရင် မင်းလမ်းမင်းလျှောက်လို့ရတယ် .... ငါလည်းငါ့လမ်းငါလျှောက်မယ်......."

"မဟုတ်ဘူး ရှင်းအာ...... ကိုယ်......."

ဝမ်ရှန်းရှင်းပြရန်ပြင်ဆင်သော်လည်း ရှောင်ရှင်းသည် ထိုနေရာမှလှည့်ထွက်သွားခဲ့ပြီဖြစ်သည်။ သူ့ကိုတစ်ချက်လှည့်မကြည့်လေဘဲတဖြည်းဖြည်းဝေးကွာသွားသော အေးစက်စက်ကျောပြင်ကိုကြည့်နေရင်း ဝမ်ရှန်းသည် မြေပြင်ပေါ်တွင် ခြေပစ်လက်ပစ်ထိုင်ချလိုက်မိသည်။ ထို့နောက် တိုးတိမ်စွာရေရွတ်လိုက်မိလေ၏။

မင်းရဲ့စိတ်ကိုနည်းနည်းဖြစ်ဖြစ်နူးညံ့ကြင်နာတတ်စေချင်ရုံပါ.. ကျန်တာဘာမှမရှိပါဘူး... ။

xxx

လောင်ကျွမ်းပြာကျသွားသော ကျင့်ကြံသူ၏အရိုးပြာများကိုမြေမြုပ်ပေးပြီးသည့်နောက်တွင်တော့ ဝမ်ရှန်းသည် ရှောင်ရှင်းထွက်ခွာသွားရာ လမ်းကြောင်းတစ်လျှောက်လိုက်လာခဲ့၏။ တစ်မနက်လုံးရွာသွန်းနေသောမိုးသည် ခေတ္တခဏသာတိတ်လို့သွားပြီး ပြန်လည်ရွာသွန်းလာပါသောကြောင့် ဝမ်ရှန်းသည် ထီးတစ်လက်ကိုကိုင်ကာ ခြေလှမ်းများကိုခပ်သွက် သွက်လှန်း၍ ရှောင်ရှင်းကိုရှာနေမိသည်။ စိတ်ဆိုးသွားသော ထိုသက်ရှိဒေါသအိုးကောင်ငယ်လေးသည် သူ့ကိုထား၍ ဘယ်အရပ်ကိုများထွက်ခွာသွားပါသနည်း။ သူက ချင်းမင်ကဲ့သို့သော ဆရာသခင်ကိုတောင် သစ္စာဖောက်ဖျက်၍ ကယ် တင်ခဲ့သည့်တိုင် အဘယ်ကြောင့် သူ့အားချင်းမင်လောက်အလေးမထားဘူးဟု ထင်မြင်နေရပါသနည်။ ရှောင်ရှင်းပြောဆိုစွပ်စွဲထားသော စကားလုံးများကို အဆက်မပြတ်တွေးတောနေရင်းဝမ်ရှန်းသည် သက်ပြင်းတစ်ချက်ကိုချလိုက်၏။ ထို့နောက်တွင်တော့ မြို့အဝင်သစ်သားတံတားလေးအောက်ရှိချောင်းစပ်တွင် ထိုင်နေသောရှောင်ရှင်းကိုမြင်လိုက်ရသည်။

"ရှင်းအာ........."

ဝမ်ရှန်းသည် ရှောင်ရှင်းရှိရာကိုခပ်မြန်မြန်ပြေးသွားပြီး မိုးရွာထဲတွင်ထိုင်နေသူအား မိုးစက်များကထပ်မံ၍ ထိပါးခြင်းမပြုနိုင်ပါစေရန် ထီးကိုအုပ်မိုးပေးလိုက်လေ၏။ သူ့ကိုကျောပေး၍စီးဆင်းနေသောချောင်းရေစိမ်းစိမ်းများကိုထိုင်ကြည့်နေသော ရှောင်ရှင်းကိုကြည့်နေရင်း ဝမ်ရှန်းသည် ပြန်လမ်းမှုန်ရီချောက်ကမ်းပါးအောက်ရှိချောင်းစပ်တွင် မြင်ခဲ့ရသည့် ယုန်ဖြူဝတုတ်လေးကိုဖြတ်ခနဲသတိရသွားမိသည်။ ချစ်စရာကောင်းသောယုန်ဝတုတ်လေးစိတ်ဆိုးနေဟန်နှင့် တစ်ပုံတည်းတူနေသော ရှောင်ရှင်း၏ပုံစံသည် လွန်ခဲ့သည့်နာရီပိုင်းကပင် လူတစ်ယောက်ကို မျက်တောင်မခတ်ဘဲသတ်ခဲ့သည်ဟု ယုံချင်စရာမရှိအောင် ဖြူမွတ်သန့်စင်သည့်အဆင်း သဏ္ဍာန်နှင့်ပြည့်စုံလွန်းလှပေသည်။ သူဝယ်ပေးထားခဲ့သည့် သစ်ရွက်ခြောက်ရောင် ဝတ်ရုံလွှာသည် ရှောင်ရှင်း၏ ကိုယ်ထည်ပေါ်တွင် ကြွကြွရွရွရှိတည်ရှိနေပြီး မိုးရေစက်များထိစင်နေသည့်တိုင် ဆောင်းရာသီ၏သစ်ရွက်ကြွေတို့လိုကော့ပျံနေသေးသည်။ မလှမ်းမကမ်းတွင် အဆက်မပြတ်စီးဆင်းနေသောရေအလျဥ်ကတော့ ရှောင်ရှင်း အနီးကိုချဥ်းကပ်လာပြီးမှ မြေခွေးငယ်လေး၏ အရှိန်အဝါကိုကြောက်ရွံ့ဟန်ဖြင့် ထိုကောင်လေးအား မထိဝံ့လေဘဲ အဝေးကိုလူးလွန့်ထွက်ပြေးသွားကြပြန်သည်။

ဝမ်ရှန်းသည် ထီးကိုကိုင်ဆောင်ထားလျက်ပင် ရှောင်ရှင်းဘက်ကိုမျက်နှာမူ၍ ထိုင်ချလိုက်၏။ အထက်မှကျဆင်းလာသော မိုးစက်များက များလွန်းလှသည်မို့ သူသည် နှစ်ယောက်စာအတွက် သေးငယ်နေသောထီးကို ရှောင်ရှင်းရှိရာဘက်သို့သာ သာသာထိုးထိုးမိုးထားပေးလိုက်သည်။ ထို့နောက် ခေါင်းကိုစောင်းငဲ့ကာ ရှောင်ရှင်းမျက်နှာကို ရွှန်းရွှန်း စားစားကြည့်နေလိုက်၏။

ဝမ်ရှန်း၏လေသံပျော့ပျော့ကြည်ကြည်သည် မိုးရေစက်များနှင့်ရောထွေး၍ထွက်ပေါ်လာသည်။

"ကိုကို့ကို စိတ်ဆိုးနေတုန်းပဲလား..... "

"..........."

ရှောင်ရှင်းသည်ကားတိတ်နေ၏။ မျက်မှောင်ကိုလည်းအစွမ်း ကုန် မှုန်ကုတ်ထားသည်။ ထိုအခါ ဝမ်ရှန်းသည် သူ့ကိုအမြဲ တမ်းမာရေကျောရေဖြင့်ဆက်ဆံခဲ့သော ကျွင်းဟယ်လျန် ကဲ့သို့ ဟန်ဆောင်ထားသည့် ရှောင်ရှင်း၏ပုံစံကို သတိရသွားပြန်သည်။ မြစိမ်းရောင်ဝတ်စုံဖြင့်အမြဲတမ်းသားနားနေပါသော၊ ဘယ်သူ့ကိုမှဂရုမစိုက်ဟန်ဖြင့်မျက်နှာကိုအမြဲတမ်းမော်ချီထားပါသော၊ လေးစားသမှုဆိုသောစကားလုံးကိုအမှိုက်ပုံးထဲထည့်ပြီး ရင့်ရင့်သီးသီးစကားလုံးများသာပြောဆိုတတ်ပါသော ထိုကျွင်းဟယ်လျန်နေရာတွင်ရှိနေသူသည် ကျွင်းဟယ်လျန် အမှန်မဟုတ်ဘဲ သူ၏ရှောင်ရှင်းဖြစ်နေသည်မှာ အဘယ်မျှကောင်းမွန်လိုက်လေသနည်း။

တွေးတောနေရင်း စိတ်ထဲတွင် ပျော်ရွှင်ကြည်နူးလာပါသောကြောင့် ဝမ်ရှန်းသည် ရှောင်ရှင်းအနားကိုပိုကာတိုး၍ ရှောင်ရှင်းကောင်းစွာကြားနိုင်လောက်မည့်လေသံမျိုးဖြင့်ပြောလိုက်သည်။

"ကျေးဇူးပြုပြီး ကိုကို့ကိုစိတ်မဆိုးပါနဲ့လား.... ရှင်းအာစိတ်ဆိုးရင် ကိုယ်မနေတတ်လို့ပါ...... "

"..........."

"ကိုကိုက ရှစ်ဖူကိုလေးစားကြောက်ရွံ့ရတယ်ဆိုပေမယ့် ရှစ်ဖူရှိနေတဲ့နေရာမှာပဲ ရှင်းအာကိုရွေးချယ်ပြီးထွက်လာခဲ့တာလေ .... အဲဒါကို ကိုကိုက ရှင်းအာထက် ရှစ်ဖူကိုအလေးထားတယ်ထင်နေတုန်းပဲလား......ရှစ်ဖူကိုသာပိုဂရုစိုက်ရင် အဲဒီနေ့က နေမကောင်းဖြစ်နေတဲ့ရှစ်ဖူကိုထားခဲ့ပြီးတော့တောင်ထွက်လာမှာ မဟုတ်ဘူးလေ....."

".........."

သူ့စကားများကိုရှောင်ရှင်း က ခွန်းတုံ့ပြန်ခြင်းမရှိသော်လည်း ဝမ်ရှန်းသည် ပျော့ပျောင်းညင်သာသောလေသံဖြင့်သာဆက်ပြောနေ၏။

"ရှင်းအာကလူဖြစ်ဖြစ်မိစ္ဆာဖြစ်ဖြစ်ကိစ္စမရှိဘူးလို့ ကိုယ်ပြောခဲ့ပြီးသားပဲမဟုတ်လား.... အဲဒါကိုဘာလို့အခုလိုအထင်မှားနေရတာလဲကွာ..... "

"............"

"ရှင်းအာကိုကို့ကိုတကယ်ပဲစကားပြန်မပြောတော့ဘူးလား.."

"............"

"ခုနက ကိုယ်ပြောခဲ့တာက ရှင်းအာကို လူသတ်တာနည်းနည်းဆင်ခြင်စေချင်ရုံပါ..... ဒါပေမဲ့ ရှင်းအာပြောသလို ရှင်းအာနောက်ကိုကျင့်ကြံသူတွေမလိုက်အောင် ကိုယ်တို့လူခြေတိတ်တဲ့မြို့လေးတစ်မြို့မှာသွားနေကြမယ်လေ....ဒါမှမဟုတ်လည်း လူမရှိတဲ့တောထဲမှာ ဝါးအိမ်လေးတစ်လုံးဆောက်ပြီးသွားနေကြမယ်.... ဘယ်သူတွေနဲ့မှမတွေ့တော့ဘူးပေါ့... ဒီလိုဆို ရှင်းအာကိုလည်း ဘယ်သူမှဒုက္ခပေးဖို့ကြိုးစားကြတော့မှာမဟုတ်ဘူး .....ကိုကိုပြောတာ မကောင်းဘူးလား........ "

"မကောင်းဘူး !!!!"

ရှောင်ရှင်းသည် ထိုတစ်ခွန်းသာ ခပ်ပြတ်ပြတ်ပြောပြီး ထထွက်သွားသည်။ ထိုအခါ ဝမ်ရှန်းက အနောက်မှပြေးလိုက်၍ ထီးမိုးပေးရပြန်၏။

"ရှေ့ကိုဆက်သွားရင် သူဖုန်းစားမြို့ပဲ..... ရှင်းအာ အဲဒီမြို့ကိုရောက်ဖူးလား......"

ရှောင်ရှင်းသည် အပြစ်မရှိသောမြို့ကိုမှုန်တေတေနှင့်လှမ်းကြည့်၏။ ထို့နောက် အကောင်းမြင်မှုမြူတစ်မှုန်စာတောင်မရှိသောလေသံဖြင့်ပြောသည်။

"စောက်တလွဲမြို့ !!!"

"..........."

လျှောက်လှမ်းလာရင်း မြို့ထဲကိုရောက်လာသောအခါ မိုးကလည်းတိတ်သွားပြီဖြစ်၏။ ဝမ်ရှန်းသည် ထီးကိုပိတ်သိမ်းလိုက်ရင်း မျက်ဆံညိုများကို ရှောင်ရှင်းဆီသို့ပို့ဆောင်၍ သဘောတကျကြည့်လိုက်၏။

"ဒီမြို့မှာတစ်ညလောက်တည်းမလား..... "

"မသိဘူး။ တည်းချင်တည်း။ မတည်းချင်နေ။"

"ကိုကိုဗိုက်ဆာနေပြီ....တည်းခိုဆောင် တစ်ခုခုမှာဝင်စားရအောင်နော်.... "

"မသွားဘူး။ မင်းဘာသာတစ်ယောက်တည်းသွား"

ဝမ်ရှန်းသည် တော်ရုံနှင့်စိတ်ဆိုးပြေနိုင်ဟန်မတူသော ရှောင်ရှင်းကိုကြည့်ရင်း ကြိတ်၍ပြုံးမိလိုက်သည်။ ထို့နောက် ဘယ်တုန်းကမှမပြောခဲ့ဖူးသည့် ပလီပလာစကားများကိုကြိုးစားပမ်းစားပြောဆိုလိုက်၏။

"ရှင်းအာက အစာစားပြီးသွားတော့ အခုလိုပြောပြီပေါ့.... ကိုကိုကတော့ ကောင်းကောင်းမွန်မွန်မစားရတာတော်တော်ကြာနေပါပြီ... ပြောနေရင်း ခေါင်းတွေတောင်မူးလာသလိုပဲ.... အင်း..... ဒီကြားထဲမှာ ဖြစ်သလိုအသီးအနှံလေးတွေပဲစားနေလို့ထင်ပါတယ်.... တိမ်ခြည်မှေးပျော်နားမှာက ဘာဆိုဘာမှမရှိဘူးမဟုတ်လား.... "

"ဘယ်သူကမစားခိုင်းလို့လဲ.... ကိုယ့်ဘာသာသွားစားလေ။ ခြေထောက်မပါဘူးလား...... "

"ခြေထောက်ကတော့ပါပါတယ်.... ဒါပေမဲ့ဆက်လျှောက်ဖို့အားမှမရှိတော့ဘဲ ရှင်းအာရဲ့...... "

ဝမ်ရှန်းသည် အားမရှိသည့်ဟန်ဖြင့် မြေပြင်ပေါ်ဆောင့်ကြောင့်ထိုင်ပြလိုက်သည်။ ထို့နောက် ဗိုက်ကိုဖိနှိပ်ထား၏။

"ဗိုက်ထဲမှာလည်းအသံစုံမြည်နေပြီ..... ရှင်းအာသွားချင်သွားပါတော့.... ကိုကိုကတော့ ဆက်မလျှောက်နိုင်တော့ဘူး.... ဒီနေရာမှာပဲထိုင်နေပြီး ဒီနားကဖြတ်လျှောက်မယ့်လူကိုစောင့်ပြီးစားစရာတောင်းလိုက်ပါတော့မယ်..... "

"ဝမ်ရှန်း !!!!!"

ရှောင်ရှင်းသည် တရှူးရှူးနှင့်ဒေါသထွက်နေရင်း ဝမ်ရှန်းကိုအော်လိုက်၏။ ထို့နောက် ချာခနဲလှည့်ပြီး အဝေးကိုထွက်သွားသည်။ ဝမ်ရှန်းကိုထားရစ်ခဲ့ပြီး အတော်ဝေးဝေးကိုရောက်သွားပြီးခါမှ သူသည် ဆောင့်ဆောင့်အောင့်အောင့်ဖြင့် နောက်ကြောင်းပြန်လှည့်လာ၏။

"ထ.......... "

"..............."

"အတူတူလိုက်ခဲ့ပေးမယ် ထတော့....... "

ဝမ်ရှန်းသည် ယိုင်တိုင်တိုင်ဖြင့်ထလာပြီး ရှောင်ရှင်းလက် မောင်းကို ကိုင်၍တွဲထားလိုက်သည်။ သူသည် အားမရှိသောလေသံဖြင့်ပြော၏။

"ကိုကို့ကိုတွဲပြီးခေါ်သွားပါနော်.... တစ်ခုခုကျွေးပြီးမှ ရိုက်ချင်ရိုက် သတ်ချင်သတ်....ရှင်းအာသဘောရှိသလိုလုပ်နိုင်ပါတယ်......"

"..........."

ရှောင်ရှင်းသည် လမ်းတစ်လျှောက်လုံးဘာမှမပြောတော့ဘဲ ဝမ်ရှန်းနှင့်အတူလျှောက်လာခဲ့၏။ သူသည် ကျောက်စိမ်းဖြူအိမ်တော်သို့လိုက်မသွားခင်အချိန်များက တောင်ပိုင်းဒေသတွင် ကျင်လည်ခဲ့သည်ဖြစ်၍ ဤမြို့များအကြောင်းကိုတော့ ကောင်းကောင်းသိလေသည်။ သူဖုန်းစားမြို့သည် တောင်ပိုင်းဒေသတစ်ခွင် အဆင်းရဲဆုံးမြို့များ၏အထွဋ်အခေါင်ဖြစ်ပြီး သူဖုန်းစားများသာစုစည်းနေထိုင်သောမြို့ဖြစ်သည်။ မြို့တကာလှည့်ပတ်တောင်းရမ်းနေသော ထိုသူဖုန်းစားများ သည် ငွေစများများရလာသည့်တိုင် စီးပွားကူးသန်းခြင်းကိုမပြု၊ ငွေကြေးစုဆောင်းခြင်းကိုလည်းမပြုဘဲ ရသမျှပိုက်ဆံကိုသုံးကာ လျှောက်သွားနေကြသော အိမ်ခြေရာမဲ့များသာဖြစ် သည်။ ဤမြို့တွင်နေထိုင်သည့် သူဖုန်းစားများမှာလည်း မြို့တွင်မြဲအောင်နေသည်မဟုတ်ဘဲ ပျင်းပျင်းရှိလာလျင်ရှိသည့်အိမ်ကိုပါရောင်းပြီး အခြားမြို့သို့သွားရောက်ကာ အိမ်ခြေရာမဲ့သွားလုပ်သူများသာဖြစ်သည်။ ထူးဆန်းလှသော ဤသူဖုန်း စားမြို့သည် ရှောင်ရှင်း၏အကြိုက်နှင့်မကိုက်ညီပါ၍ သည်မြို့ကို တစ်ကြိမ်သာလျှောက်ကြည့်ခဲ့ပြီး နောက်တစ်ကြိမ်ဘယ်တော့မှ မလာဘူး ဟု ဆုံးဖြတ်ထားသော်လည်း ရောက်လာရသည်မို့ ရှောင်ရှင်းသည် စိတ်ကုန်နေလျက်ရှိသည်။

အဝေးတွင်မြင်နေရသည့် တဲစုတ်သာသာ တည်းခိုဆောင် ယိုင်နဲ့နဲ့ကလေးကိုမြင်သောအခါ ရှောင်ရှင်းသည် နှာခေါင်းရှုတ်လိုက်ချေ၏။ သူ့ခြေထောက်ဖြင့်တစ်ချက်ကန်လိုက်လျင်တောင် လဲပြိုကျသွားနိုင်သည့် တည်းခိုဆောင်ဆီမသွားချင်သော်လည်း ဤမြို့တွင်ရှိနေသည့်တစ်ခုတည်းသောတည်းခိုဆောင်ဖြစ်သည်မို့ သူသည်စိတ်ကိုလျော့ထားရ၏။

ထို့နောက် ရှောင်ရှင်းနှင့်ဝမ်ရှန်းသည် တည်းခိုဆောင်ပုပုလေးထဲဝင်ကာထိုင်လိုက်ကြသည်။ ခင်းကျင်းထားသောသစ်သား ထိုင်ခုံနှင့်စားပွဲများကအသံတကျွိကျွိမြည်နေသည်။ တည်းခိုဆောင်၏နံဘေးတွင်လည်း ပိန်လှီနေသောမြင်းတို့အစာစားနေသည့် မြင်းဇောင်းတစ်ခုကရှိနေသေး၏။ ထူးဆန်းသည့်မြို့တွင်ရှိသည့် ထူးခြားချက်တစ်ခုမှာတော့ တည်းခိုဆောင်ထဲသို့ဝင်လာသည့်တိုင် သူတို့နှစ်ဦးကိုအဖက်လုပ်ပြောဆိုဧည့်ခံမည့် စားပွဲထိုးတစ်ဦးတောင်ရှိမနေခြင်းပင်ဖြစ်သည်။ ရှောင်ရှင်းသည် စားပွဲခုံကိုလက်ဖြင့်ဘုန်းခနဲထုလိုက်၏။

"စားပွဲထိုး !!!"

ကျယ်လောင်စွာအော်လိုက်သည့်တိုင် ဘယ်သူမှထွက်မလာတော့ ရှောင်ရှင်းသည် မီးခိုးငွေ့မျှင်းမျှင်းထွက်နေသည့် မီးဖိုဆောင်ဘက်ကို မျက်စောင်းထိုးကာကြည့်ရှူလိုက်၏။ ထို့နောက် စိတ်မြန်လက်မြန်ဖြင့် ထထွက်သွားသည်။

"ဒီဆိုင်မှာစားပွဲထိုးမရှိဘူးလား...... "

သူက မာမာထန်ထန်မေးလိုက်တော့ အရည်ကျဲကျဲနှင့်စွပ်ပြုတ်အိုးတစ်အိုးကိုမွှေနေသည့် လူကြီးတစ်ဦးကလည်း ဘုကျကျပြန်ဖြေသည်။

"မြင်တဲ့အတိုင်းပဲ မရှိဘူး...."

"ဒါဆိုဘယ်သူ့ကိုမှာရမလဲ..... "

ထိုလူကြီးသည် သူ့ကိုအကြွေးရှင်တစ်ယောက်လို မှုန်တေတေ  မျက်နှာထားနှင့်မော့ကြည့်လာသည်။ ထို့နောက် စားပွဲခုံတစ်လုံးပေါ်တွင် အထပ်လိုက်ရှိနေသည့် ပန်းကန်လုံးများဆီမေးငေါ့ကာပြ၏။ ထို့နောက် ဘောက်ဆတ်ဆတ်ဖြင့်ပြောပြန်သည်။

"ပန်ကန်လုံးယူ ...။ ဒီမှာ စွပ်ပြုတ်တစ်ပွဲလောက်ပေးပါလို့ လာတောင်း ....။ ဒီမြို့မှာတောင်းမှစားရမယ် မတောင်းရင်မစားရဘူး... ဒါဒီမြို့ရဲ့စည်းကမ်းပဲ.....မကျေနပ်ရင်တခြားမြို့ကိုသွား...... "

"ဘာပြောတယ်....အရိုးနဲ့အသားတစ်စစီဖြစ်ချင်နေတာလား...ငရဲပြည်ကိုအလည်သွားချင်နေတာလား .. ဟမ်......."

"ရှင်းအာ........ "

ရှောင်ရှင်း၏ဒေါသကိုသိနေပါ၍ ဝမ်ရှန်းသည် ရှောင်ရှင်းကိုဆွဲကာနောက်သို့ပို့လိုက်၏။ ထို့နောက် ပေါက်ကွဲခါနီးဒေါသအိုး၏ဒေါသကိုဖြေလျော့ပေးရန်ကြိုးစားပြောဆိုလိုက်သည်။

"ရှင်းအာ သွားထိုင်နေတော့နော်.... ကိုကို့ဘာသာပြောလိုက်ပါမယ်....."

"..........."

ရှောင်ရှင်းသည် စွပ်ပြုတ်အိုးကိုမွှေနေသည့်လူကြီးကို ထရိုက်တော့မလိုမျက်နှာနှင့် မကျေမချမ်းကြည့်နေလျက်ရှိသည်။ အကယ်၍များဝမ်ရှန်းသာရှိမနေခဲ့ဘူးဆိုလျှင် သူ့ကိုထိုကဲ့သို့ထောင့်မကျိုးစွာပြန်ပြောပါသည့် ထိုလူကြီး၏အသက်နှင်ခန္ဓာသည် တစ်တွဲတည်းမြဲ​မြံနေဖွယ်ရာအကြောင်း မရှိနိုင်တော့ပြီဖြစ်သည်။ ရှောင်ရှင်းသည် စိတ်ဆိုးဟန်ဖြင့် နှာမှုတ်ထုတ်လိုက်ပြီး စားပွဲခုံရှိရာသို့ပြန်ထွက်သွားသည်။

ခဏကြာသောအခါ ဝမ်ရှန်းသည် ပူပူနွေးနွေးလေးနှင့်မွှေးကြိုင်နေပါသော စွပ်ပြုတ်ပန်းကန်နှစ်ပန်းကန်ကိုသယ်ကာ ပြန်ထွက်လာသည်။ ရှောင်ရှင်းသည် ပန်းကန်ထဲတွင်လည်နေသည့် ကြက်သွန်မြိတ်နှင့်ကြက်ပေါင်လုံးသေးသေးလေးများကို မျက်လုံးစွေကာကြည့်ရှူနေ၏။ ထို့နောက် ပန်းကန်ကို ဝမ်ရှန်းဆီသို့သာတွန်းပို့ပေးလိုက်ရင်းပြောသည်။

"ဒါမျိုးတွေမစားဘူး ..... မင်းပဲစား........ "

ဝမ်ရှန်းသည် ပြုံးနေလျက်ဖြင့် ခေါင်းကိုခါယမ်းလိုက်ပြီး ဟင်းရည်တစ်ဇွန်းခပ်ယူ၍ အရသာကိုမြည်းကြည့်လိုက်သည်။ ရိုးရိုးရှင်းရှင်းချက်ပြုတ်ထားပါသော ကြက်သားစွပ်ပြုတ်လေးသည့် နုံချာလှသောနေရာတွင် ပြုလုပ်ထားသည့်တစ်ခုတည်းသောဟင်းလျာဖြစ်သော်လည်း စေတနာပါနေ၍လားမသိ အရသာမှာကောင်းမွန်လှ၏။ ဟင်းရည်ထဲတွင်စိမ့်ဝင်နေသော ကြက်သား၏အချိုဓာတ်သည် လျှာဖျားတစ်လျှောက်ချောမွေ့စွာစီးဝင်သွားပြီး လစ်ဟာနေသောအစာအိမ်တစ်ခုလုံးကိုပင်နွေးသွားစေ၏။

ဝမ်ရှန်းသည် စားပွဲအလယ်တွင်ရှိနေသော ပန်းကန်ကို ရှောင်ရှင်းဆီသို့ ပြန်လည်တွန်းပို့ပေးလိုက်သည်။

"သောက်ကြည့်ပါလား .. သောက်လို့တကယ်ကောင်းတယ်... အသားလေးကလည်းအိနေတာပဲ....ရှင်းအာကြိုက်မှာပါ..."

".........."

"ရှင်းအာတကယ်မသောက်ဘူးလား.....ဒါဆို ကိုကိုအကုန်သောက်လိုက်မှာနော်.....ဒီမြို့ကိုကျော်ရင် ခရီးကအဝေးကြီးဆက်ရဦးမှာ.... ပြီးမှဗိုက်ဆာတယ်ဆိုရင် ရှင်းအာပြန်လာစားလို့မရဘူးနော်......"

"ငါကဘာလို့ဒါတွေစားရမှာလဲ.... ဒီနားမှာရွာအစုတ်ပလုတ်တွေပေါနေတာပဲ.... တစ်ရွာလောက်ဝင်သတ်ပြီးစားလိုက်ရင်ရတာပဲ......"

"ဘာလို့........ဘာလို့ အဲဒီလိုကြမ်းတမ်းတဲ့စကားတွေကိုပြောနေရတာလဲ..... "

ဝမ်ရှန်းသည် ထိုတစ်ခွန်းသာပြောပြီးဆက်မပြောတော့ပဲ ဝမ်းနည်းဟန်ဖြင့် စွပ်ပြုတ်ပန်းကန်ကိုသာငုံ့မွှေနေသည်။ သူသည် ထိုကဲ့သို့ကြမ်းတမ်းရက်စက်သော ရှောင်ရှင်း၏စိတ်များကိုမည်ကဲ့သို့ပြုပြင်ပေးရမည်ကိုမသိဘဲဖြစ်နေ၏။ ရှောင်ရှင်းသည် စိတ်ဆိုးနေ၍ ထိုစကားများကိုပြောနေသည်ကိုသိသော်လည်း စိတ်ပိုင်းဖြတ်လိုက်လျှင် သူပြောလိုက်သည့်အတိုင်းလုပ်ဆောင်နိုင်သည့် စွမ်းအင်ရှိသူမျိုးဖြစ်၍ ဝမ်ရှန်းပိုကာစိုးထိတ်နေရသည်။ ထို့အပြင် ရှောင်ရှင်းပြောခဲ့သည့်အတိုင်း သူ၏ပင်ကိုစရိုက်ကိုက ထိုကဲ့သို့ရက်စက်ကြမ်း ကြုတ်တတ်သည့်စရိုက်ဖြစ်နေသောကြောင့် ဝမ်ရှန်းသည် ရေရှည်တွင် ဤကိစ္စကိုမည်သို့မည်ပုံကိုင်တွယ်ရမည်ကို မသိနိုင်ဘဲ လမ်းပျောက်နေ၏။ ထို့နောက် အရင်က သူတစ်ခုခုမသိသည့်အချိန်တိုင်းတွင် ဆရာသခင်ဖြစ်သူကို အချိန်မရွေးမေးမြန်းလို့ရသော်လည်း ယခုတော့ ချင်းမင်ကိုလည်း မေးမြန်းလို့မရပြီမို့ သူ၏စိတ်များသည်ပို၍လေးလံလာတော့သည်။

ဝမ်ရှန်းတိတ်သွားသောအခါ ရှောင်ရှင်းသည် ခေါင်းငိုက်ထားသောသူ၏မျက်နှာကိုကြည့်ရှူနေရင်း ဝမ်ရှန်းမျက်နှာကိုရိုက်ခတ်နေသည့် စွပ်ပြုတ်အခိုးအငွေ့လေးများကိုကြည့်ကာ မျက်မှောင်ကုတ်လိုက်ပြန်၏။ ယခုအချိန်တွင် ဝမ်ရှန်းမျက် နှာမှမျက်တောင်နက်များကြား တိုးဝှေ့တွန်းတိုက်နေရသူသည် အဘယ်ကြောင့် သူမဖြစ်ရဘဲ သူဖုန်းစားအိုကြီးချက် ပြုတ်ထားသောစွပ်ပြုတ်အငွေ့များဖြစ်နေရပါသနည်း။ ပေါက်ပြဲနေသောခေါင်မိုးပေါက်မှ ကျဆင်းလာသောနေရောင်ခြည်များသည်လည်း အဘယ်ကြောင့် သူ၏ခွင့်ပြုချက်ကိုမတောင်းခံဘဲ ဝမ်ရှန်း၏မျက်နှာပေါ်ကိုအားပါးတရဖြာကျနေရပါသနည်း။ ရှောင်ရှင်းသည် ဝမ်ရှန်းအနီးတွင်ရှိနေသော ထိုအရာများအပေါ် မနာလိုဖြစ်နေမိရင်း ဝမ်ရှန်းပေးထားသော စွပ်ပြုတ်ပန်းကန်ကိုဆွဲယူလိုက်သည်။ ထို့နောက်တစ်ဇွန်းကိုမြည်းစမ်းကြည့်လိုက်၏။ ထိုအခါ ဝမ်ရှန်း၏ အညိုရောင်မျက်ဆံလေးများသည် ရုတ်တရက်အပေါ်ကိုမြောက်တက်လာပြီး သူနှင့်အကြည့်ချင်းဆုံမိသွားသည်။ ထိုကဲ့သို့အကြည့်ချင်းထိဆုံသွားသောအခါ ဝမ်ရှန်း၏နှုတ်ခမ်းစွန်းလေးများသည်လည်းအထက်ကိုညင်သာစွာပင့်တင်လာသည်။

ရှောင်ရှင်းသည် မျက်နှာတွင်ပြုံးရိပ်မပြသော်လည်း စိတ်ထဲတွင်တော့ အရာအားလုံးကို ပိုင်ဆိုင်လိုက်ရသလို ပျော်ရွှင်မိချေ၏။ သူသည် ကြင်နာတတ်သောထိုမျက်နှာပေါ်မှ လျှောကျလာမည့်အပြုံးဖျော့ဖျော့လေးများကိုမြင်ရရန်အတွက် သူ၏အသက်များစွာကို နှမြောတသခြင်းမရှိ စတေးပစ်ခဲ့သည်။ သူ၏ဘဝတစ်ခုလုံးကိုလည်း ကောင်းကင်ဘုံ၏ ရေတံခွန်မှကျဆင်းလာသော နတ်ရေစင်များလိုအလုံးစုံကြည်လင်သန့်ရှင်းသည့် ထိုလူသားအတွက်သာ သုံးဖြုန်းပစ်ခဲ့လေ၏။ သူသည် ဝမ်ရှန်းကို စိတ်ဆိုးမာန်ဆိုးဖြင့် ကိုယ့်လမ်းကိုယ်လျှောက် ဟုပြောခဲ့သော်လည်း အကယ်၍များ ဝမ်ရှန်းကသာ ချင်းမင်တောင်ကိုပြန်သွားမည်ဆိုပါက ကယ် တင်၍မရ အောင် မိုက်မဲလှသောသူသည် နည်းလမ်းရှာ၍ ထိုတောင်ပေါ်ကိုရအောင်လိုက်သွားမိဦးမည်ထင်သည်။ ဝမ်ရှန်းအနားတွင် နေထိုင်ချင်သည့် ရူးသွပ်မှုများဖြင့်သာပြည့်နှက်နေပါသောသူသည် မိုးတိမ်ကလေးဖြစ်လျှင်လည်း ဝမ်ရှန်းအနောက်ကိုလိုက်၍ ထိုလူသား၏ကိုယ်ပေါ်ကို မိုးစက်များအဖြစ်ခုန်ချလိုက်ချင်သည်။ ပန်းပွင့်ကလေးဖြစ်လျှင်လည်း မွှေးရနံ့များကုန်ဆုံးကာ ပွင့်လွှာကလေးများညိုးရော်သွားသည်အထိ ထိုလူသား၏အနားတွင်သာ ရစ်သီရစ်သီလုပ်၍ကြွေလွင့်သေဆုံးသွားချင်ပေသည်။

ညနေစောင်းသို့ရောက်လာသောအခါတွင်တော့ တစ်ချိန်ကုန်လုံးမီးဖိုထဲတွင်ချက်ပြုတ်နေသော လူကြီးသည် ကောက်ရိုးမိုးကာကိုခြုံကာ အပြင်ကိုထွက်လာ၏။ ထို့နောက် သူ၏ လက်ဖဝါးကိုဖြန့်ကာ

"ငွေစနည်းနည်းစွန့်ကြဲပါဦး"

ဟု ဆိုသည်။ ထိုအခါ ဝမ်ရှန်းသည် အိတ်ထဲမှ ငွေစအချို့ကိုထုတ်ကာပေးလိုက်သည်။ ထို့နောက်

"ဒီမှာတစ်ညလောက်တည်းလို့ရနိုင်မယ်မဟုတ်လား..... "

ဟုမေးမြန်းလိုက်သည်။

သူဖုန်းစားအိုကြီးသည် ငွေစများကိုခါးကြားထဲသို့ထိုးထည့်နေရင်းခေါင်းငြိမ့်ပြ၏။ ထို့နောက် အခန်းတစ်ခုကိုလက်ညိုးညွှန်ပြသည်။

"အခန်းကတော့ တစ်ခန်းပဲရှိတယ်... ။ ကျုပ်ကတော့ မှိုခူးထွက်ဦးမှာမို့ နောက်ကျရင်လည်းနောက်ကျမှာပေါ့....မသိသေးဘူး။ ကျုပ်မလာခင်ပြန်သွားကြမယ်ဆိုရင်သာ ဘာပစ္စည်းမှယူမသွားပါနဲ့..... "

သူဖုန်းစားကြီးသည် စကားကိုရပ်တန့်ပြီးမှ ရှောင်ရှင်းကိုမျက်စောင်းထိုးကာဆက်ပြော၏။

"တစ်ချို့တွေကလက်ဆော့လွန်းလို့........ "

"ခင်ဗျားရဲ့ပစ္စည်းအစုတ်အပြတ်တွေကို ချီးမို့ယူသွားရမှာလား......!!!! မှိုခူးရင်းမြွေကိုက်သေမယ့်လူကြီး!!!"

ရှောင်ရှင်းက ဒေါသူပုန်ထနေသော်လည်း ထိုသူဖုန်းစားကြီးကတော့ မိုးရွာထဲတွင်အေးအေးလူလူလျှောက်၍ တရွေ့ရွေ့နှင့်ထွက်ခွာသွားပြီဖြစ်သည်။

ထိုအခါ ဝမ်ရှန်းသည် စားသောက်၍ပြီးစီးသွားသောပန်းကန်များကို သွားကာဆေးနေလိုက်သည်။ အထဲကိုပြန်ရောက်လာတော့ ရှောင်ရှင်းမှာ သူတို့အိပ်ရမည့်အခန်းထဲသို့ရောက်နေပြီဖြစ်ပြီး သူနေထိုင်ဖူးသမျှအခန်းများထဲတွင် အစုတ်ပဲ့ဆုံးသောအခန်းကို ကြည့်ရှူအကဲခတ်နေသည်။ ကျဥ်းမြောင်းကာ ပြတင်းပေါက်တစ်ခုသာရှိသောအခန်းသည်ကား ကြမ်းပြင်တွင်ဖုန်များတက်နေသေး၏။ အခန်းထဲတွင်ရှိသည့် တစ်တိုင်တည်းသော ဖယောင်းတိုင်မှာလည်း လက်သန်းလုံးလောက်သာရှိ၍ မျက်တောင်တစ်ခတ်စာလောက်အတွင်းကုန်သွားနိုင်လောက်သည်။ တစ်ခါတစ်ခါကြွက်သံအချို့ကလည်း သူတို့ကိုမပျင်းရလေအောင်အသံမြည်လျက်ဖျော်ဖြေနေသေးပေ၏။ ရှောင်ရှင်းသည် ယိုင်နဲ့နဲ့ ကုတင်ပေါ်ထိုင်နေရင်း ဝမ်ရှန်းကိုမြင်သောအခါ ပြောလာ ၏။

"မြောက်ပိုင်းဒေသက လူချမ်းသာတွေက မြောက်ပိုင်းဒေသကဘုန်းကြီးကျောင်းတွေကိုတော့ရွှေချထားကြတယ်။ ဒီတောင်ပိုင်းဒေသကျတော့လည်း လူနေတဲ့နေရာနဲ့တောင်မတူအောင်စုတ်ပြတ်သတ်နေတယ်။ ရွှေချပြီးသားဘုန်းကြီး ကျောင်းတွေကိုထပ်ပြီးရွှေချဖို့လုပ်မနေဘဲ ဒီနေရာကလူတွေကို နည်းနည်းပါးပါးစွန့်ကြဲပေးကမ်းလို့မရဘူးလား....."

ဝမ်ရှန်းသည် မထင်မှတ်ထားသောစကားမျိုးကိုကြားလိုက်ရသည်မို့ ရှောင်ရှင်းနံဘေးသို့သွားကာထိုင်လိုက်၏။ သူသည် ရှောင်ရှင်း၏ စိတ်ထဲမှ ကောင်းမွန်သည့်စိတ်လေးကိုလှစ်ခနဲလှမ်းမြင်လိုက်ရသည်မို့ စိတ်လှုပ်ရှားသွားမိသည်။ ထို့နောက်မေးမြန်းလိုက်၏။

"ဘာဖြစ်လို့လဲ.... ရှင်းအာက ဒီကလူတွေကိုသနားလို့လား.... "

ရှောင်ရှင်းသည် ခေါင်းခါ၏။ သူသည် သူ့စိတ်ထဲတွင်ဖြစ်သင့်ဖြစ်ထိုက်သည်ဟုထင်မိသော သဘောတရားတစ်ခုကိုပြောလိုက်ရုံမှလွဲပြီး သနားညှာတာစိတ်ဆိုတာကိုတော့ ဖုန်မှုန့်လောက်တောင်ခံစားလို့မရပါလေ။

"မသနားပါဘူး။ ဒီမှာမွေးလာတဲ့ ကံကြမ္မာမို့ ဒီမှာနေရတာဘာထူးဆန်းလို့လဲ။ ငါပြောချင်တာက...လူသားတွေကိုနားမလည်ရုံပါ... ဘာမှမလိုအပ်တဲ့နေရာတွေကိုတော့ ငွေတွေပုံပေးဖင်ထောင်အောင်ဆုတောင်းနေပြီး လိုနေတဲ့လူတွေကိုကျမသိချင်ယောင်ဆောင်ထားတာမထူးဆန်းဘူးလား။ အဲဒီလိုလူတွေက တကယ်ပဲ စိတ်ကောင်းရှိတဲ့လူတွေလား... ဟက်... ဒါမှမဟုတ် ဒီဒေသကိုလာဖို့မြင်းတစ်ကောင်တောင်မဝယ်နိုင်လို့လား..... တကယ်ကိုနားမလည်နိုင်စရာပဲ... လူသားတွေကစောက်ရမ်းထူးဆန်းလွန်းတယ်။"

ဝမ်ရှန်းသည် သဘောကျစွာကြည့်နေရင်း ရှောင်ရှင်း၏ခေါင်းကိုခပ်ဖွဖွပွတ်ပေးလိုက်သည်။ ထို့နောက် တိုးတိုးပြော၏။

"လူတွေရဲ့အကြောင်းကို ရှင်းအာသိချင်ရင် ကိုကိုနဲ့အကြာကြီးနေလေ.... ရှင်းအာသိချင်သမျှကို ကိုကိုရှင်းပြမှာပေါ့...."

"........."

ရှောင်ရှင်းသည် သူ့ခေါင်းကိုပွတ်ပေးနေသော ဝမ်ရှန်းကိုကြာကြာကြည့်နေလျင် စိတ်ဆိုးပြေပြီး ပြေးဖက်မိတော့မှာမို့ ကုတင်သေးသေးပေါ်လှဲအိပ်ကာ နံရံဘက်ကိုမျက်နှာမူထား သည်။ ခန္ဓာကိုယ်ကိုယ်တော့ ပုစွန်လိုကွေးထား၏။

"အိပ်တော့မလို့လား...... "

"မိုးတွေဒီလောက်ရွာနေတာ... အိပ်တာကလွဲရင်ဘာလုပ်လို့ရသေးလို့လဲ....."

ဝမ်ရှန်းကား ဘာမှမပြောတော့ဘဲ ရှောင်ရှင်းနံဘေးတွင်ဝင်ကာ လှဲနေလိုက်၏။ ပြတင်းပေါက်ကိုဖွင့်ထားသည်မို့ ပြင်ပတွင်ရွာနေသောမိုးက အတွင်းကိုအနည်းငယ်ဖိတ်စင်နေ သည်။ သို့ပါ၍ ပြတင်းပေါက်ကိုပိတ်လိုက်ပြန်လျှင်လည်း အခန်းသည်မှောင်သွားပေဦးမည်ဖြစ်၏။ ရှောင်ရှင်းသည်ကား ပိန်းပိတ်အောင်မှောင်နေသော ယာယီအကျဥ်းတိုက်ထဲတွင်အကြာကြီးနေခဲ့ရသည်ဖြစ်၍ ယခု အခန်းကမှောင်သွားလျှင် ထိုကိစ္စများကိုပြန်လည်သတိရမိနေမည်စိုး၍ ဝမ်ရှန်းသည် ပြတင်းတံခါးအားမပိတ်တော့ဘဲ မိုးရေစက်တို့အားတားဆီးနိုင်မည် အကာအရံတစ်ခုကိုသာဖန်တီးပြီး ရှောင်ရှင်းကိုကာကွယ်ကာအုပ်မိုးထားစေလိုက်သည်။ ထို့နောက် သူသည် ကိုယ်ကို ဘေးတစောင်းလှည့်ကာ ရှောင်ရှင်းကိုအသာဖက်၍ သေးကွေးသေး ရှောင်ရှင်း၏ခန္ဓာကိုယ်တစ်ခုလုံးကိုသူ၏ရင်ခွင်ထဲသို့ထည့်ထားရန်ကြိုးစားလိုက်သည်။

သူ့လက်က ဖက်ထားရန်ကြိုးစားတော့ရှောင်ရှင်းသည် တစ်ချက်တွန့်သွားသော်လည်း ပြန်၍ငြိမ်သွားသည်။ ထိုကောင်လေးသည် သူ့ကိုတစ်ချိန်လုံးစိတ်ဆိုးနေခဲ့သော်လည်း ပွေ့ ဖက်ထားခြင်းကိုငြင်းဆန်ခြင်း​မရှိ ငြိမ်သက်နေပေ၏။ သို့ပါသောကြောင့် ဝမ်ရှန်းသည် တိုးလျလှသောလေသံတစ်ခုကိုဖန်တီး၍မေးမြန်းလိုက်သည်။

"ရှင်းအာ... ကိုကို့ကိုစိတ်မဆိုးတော့ဘူးမဟုတ်လား..... "

"..........."

ဝမ်ရှန်းသည် သူ့ရှေ့တွင်လေးအိပျော့စင်းကာကျနေသည့် ရှောင်ရှင်း၏ ဆံပင်ရှည်များကြားကိုခေါင်းတိုးဝှေ့ရင်းထပ်ပြောလိုက်၏။ သူ၏လက်တစ်ဖက်ကမူ ရှောင်ရှင်း၏ လက်ဖမိုးကိုအုပ်မိုး၍ဆုပ်ကိုင်ထားသည်။

"ဖြေပါကွာ......"

"............"

"ကိုယ့်ကိုစကားပြောပါဦး... "

ကျောပြင်ကိုရိုက်ခတ်နေသည့် အသက်ရှူငွေ့နွေးနွေးသည် ရှောင်ရှင်း၏ အေးစက်စက်နှလုံးသားတစ်ခုလုံးကို အလွန် တရာနွေးထွေးသွားစေသည်။ သူသည် အနည်းငယ်လျင်မြန်လာသော ရင်ခုန်သံများကိုသတိထားမိသော်လည်း အလိုမကျဟန်ဖြင့်ပြန်ပြောလိုက်၏။

"နားငြီးတယ်..... အိပ်တော့..... "

ဝမ်ရှန်းသည် မျက်လုံးများမှိတ်ထားရင်း အသံမထွက်ဘဲ ပြုံးရယ်လိုက်မိ၏။ သူသည် ဤမျှချစ်စဖွယ်ကောင်းသော ကောင်လေးအား ဆုံးရှုံးမသွားရဘဲ ဤကောင်လေးနှင့် ယခုလိုအတူတူရှိ​နေရသည်မှာ ကံကောင်းလွန်းလှသည်ဟုတွေးမိလိုက်သည်။

"ကိုကိုနဲ့တကယ်စကားမပြောတော့ဘူးပေါ့ ရှောင်ရှင်းအာ... မင်းက....အရမ်း.... အရမ်း.....အရမ်း.....ကိုရက်စက်လွန်းတာပါပဲ.....အရမ်းကိုရက်စက်လွန်းတယ်.....ကိုကိုက မင်းကိုခေါ်ထုတ်လာဖို့အတွက် ကိုယ့်အပေါ်အရမ်းကောင်းတဲ့ရှစ်ဖူကိုတောင် ထားပစ်ခဲ့တာလေ.... ပြီးတော့ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒနဲ့ ကိုယ်ကြိုးစားနေသမျှအရာအားလုံးကိုစွန့်လွှ​တ်ပစ်ခဲ့တာ..
.ပြီးတော့ ကိုယ် ဝူရှန်းရဲ့အုတ်ဂူဆီကိုတောင်တစ်ကြိမ်မှမသွားခဲ့ရသေးဘူး....  အဲဒီလိုကိစ္စတွေအကုန်လုပ်ခဲ့တာတောင် မင်းကဘာလို့ဒီလောက်တောင်ဒေါသတကြီးနဲ့စိတ်ဆိုးနေရသေးတာလဲ ရှောင်ရှင်းအာရာ......"

"ပြောစရာမရှိဘူး ... မကျေနပ်ရင်တောင်ပေါ်ကိုပြန်တော့.... "

ဝမ်ရှန်းသည် ဆံပင်များကြားထဲတိုးထားသောခေါင်းကိုလှုပ်ယမ်းလိုက်သည်။ ထို့နောက် သနားချင့်စဖွယ်ကောင်းသောလေသံဖြင့်ပြောလိုက်လေ၏။

"တောင်ပေါ်ပြန်ရင် ရှစ်ဖူက ကိုကို့ကိုအပြစ်ပေးတော့မှာပေါ့... ။ အကျဥ်းတိုက်ကိုအနှောက်အယှက်ပေးခဲ့တဲ့အပြစ်ကဘယ်လောက်ကြီးလဲသိရဲ့လား...... ။"

"အကျဥ်းတိုက်ကိုလား..... "

"ဟုတ်တယ်.... အဲဒီနေ့က အာရုံလွှဲဖို့အတွက် အကျဥ်းတိုက်ကိုနှောက်ယှက်ခဲ့ရသေးတယ်လေ...ပြောပါဦး ဒီလောက်ဆို ရှင်းအာ စိတ်ဆိုးပြေသင့်ပြီမဟုတ်ဘူးလား.... "

"........."

ရှောင်ရှင်းသည် အင်းမလုပ် အဲမလုပ်ဖြင့် သည်အတိုင်းသာ ငြိမ်ငြိမ်လေးတွေးတောနေသည်။ သူသည် ဝမ်ရှန်းအပေါ်အမှန်တကယ်စိတ်ဆိုးနေသည်မဟုတ်ဘဲ စိတ်ဆိုးမပြေချင်ယောင်ဆောင်နေခြင်းသာဖြစ်၏။ ထိုကဲ့သို့ စိတ်ဆိုးဟန် ဆောင်နေသော သူ့ကို ချော့မော့နေသည့် ဝမ်ရှန်း၏ပုံစံသည်
လွန်စွာ နူးညံညင်သာလှသည်ဖြစ်၍ ရှောင်ရှင်းသည် ဝမ်ရှန်းအား ကမ္ဘာမြေ၏အလျှို့ဝှက်ဆုံးသောနေရာတစ်ခုကိုသာရှာ၍ ထိုလူသားအားမည်သူမျှမမြင်ရ မတွေ့ရအောင် သိမ်း ထားချင်စိတ်များတဖွားဖွားပေါ်ပေါက်လာသည်။

ထိုအချိန်တွင် ရှောင်ရှင်း၏လက်ဖဝါးနုနုကို ကိုင်ထားသော ဝမ်ရှန်း၏လက်ဖဝါးသွယ်သည် ရုတ်တရက်ရွေ့လျားသွားသည်။ ဝမ်ရှန်းသည် သစ်ရွက်ခြောက်ရောင် ပိုးသားဝတ်ရုံအောက်ကိုလက်လျှို၍ အောက်တစ်နေရာတွင်အိပ်မောကျနေလျက်ရှိသော ခြင်္သေ့ပေါက်လေးတစ်ကောင်ကို ထိကိုင်နေရင်းပြောလိုက်၏။ ဝမ်ရှန်း၏လေသံသည် ရှတတနှင့်တိုးလျလွန်းလှသည်။

"ရှင်းအာကိုနေလို့ကောင်းအောင်လုပ်ပေးမယ်.... အဲဒါကြောင့် ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့တော့.... ဒီထက်ပိုပြီး....... "

ဝမ်ရှန်းသည် မျက်လုံးများမှိတ်ထားရင်း နူးညံ့သည့်အရာတစ်ခုကို သိမ်သိမ်မွေ့မွေ့လေးကိုင်တွယ်ပေးနေမိသည်။ သူ့လက်ထဲတွင်ရှိနေသည့် ထိုခြင်္သေ့လေးသည် ပထမတော့ အိပ်ချင်မူးတူးဖြင့် ငြိမ်သက်နေသော်လည်း နောက်တော့သူ၏ခေါ်ဆောင်မှုနောက်ကို လိုလိုလားလားလိုက်ပါလာ၏။

"အ....."

ပူနွေးလာသောနှလုံးသွေးများနှင့် ကျယ်လောင်လာသောရင်ခုန်သံများကိုထိန်းညှိရင်း ဝမ်ရှန်းသည် ဒေါသအိုးသခင်လေး၏ မြန်ဆန်လာသော အသက်ရှူသံများကိုအားစိုက်နားထောင်နေမိသည်။ ရင်ထဲတွင်ဖြစ်ပေါ်လာသောခံစားချက်မှန်သမျှကို ဘယ်တုန်းကမှလွယ်လင့်တကူထုတ်မပြသော ရှောင်ရှင်းကတော့ သူ၏နုထွေးသောလက်ဖဝါးတို့ကိုသာ လက်သီးဆုပ်ထား၏။ ရှောင်ရှင်း၏အနောက်တွင်ရှိနေခြင်းကြောင့် ရှောင်ရှင်း၏မျက်နှာမည်သို့မည်ပုံဖြစ်နေမည်ကို မသိရပါသောကြောင့် ဝမ်ရှန်းသည် နောက်တစ်ကြိမ်ခိုး၍ပြုံးလိုက်မိပြန်သည်။ ရှောင်ရှင်းနှင့်သာမဆုံတွေ့ခဲ့ဘူးဆိုလျှင် သူသည် သည်လိုကိစ္စမျိုးကိုဘယ်တုန်းကမှရင်ဆိုင်ကြုံတွေ့ရလိမ့်မည်မဟုတ်။ စိတ်ကူးဖြင့်တောင် တွေးတောမိလိမ့်မည်လည်း မဟုတ်ပါချေ။

တစ်ခဏကြာသောအခါတွင်တော့ ခပ်ဖွဲဖွဲရွာနေသောမိုးသံ တို့၏အနောက်တွင် တိုတောင်းသောအသံလေးတစ်ခုက ကပ်လျက်လိုက်ပါလာသည်။ ရှောင်ရှင်း၏ အသံသည်အခန်းတစ်ခုလုံးကိုရုတ်တရက်ပျံ့နှံ့သွားချေ၏။

"ရပြီ..... စိတ်ဆိုးပြေပြီ... တော်တော့..... "

"မတော်ပါဘူး.... ချင်းရွှယ်မြေအောက်ခန်းထဲမှာတုန်းကရော ရှင်းအာ တော်ခဲ့လို့လား..... "

မြေအောက်ခန်းထဲတွင်ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ဝမ်ရှန်းမှတ်မိနေကြောင်းသိလိုက်ရတော့ ရှောင်ရှင်းသည် ရုတ်တ ရက် လန့်ဖျန့်သွားချေ၏။ သို့သော်လည်း ဝန်ရှန်း၏လက်များက သူ့ကိုရူးသွပ်အောင်မပြုစားနိုင်​သ၍ ရပ်တန့်သွားနိုင်ချေမရှိပါသောကြောင့် သူသည် တခြားအရာများကိုမတွေး တောနိုင်တော့ဘဲ ဆားထိသွားသောတီကောင်လေးလို၊ သေရည်မူးသွားသောအလှမွေးငါးလေးလို၊ ပင်စည်နှင့်ဝင်တိုက်ကာ ချာချာလည်သွားသော ပွင့်ဖက်ကြွေလေးလိုလွန့်လူး၍ သာ သူ့အားပြုစားနေသောလက်တို့ကို လွန်ဆန်ရန်ကြိုးစားနေရသည်။ ထိုအချိန်တွင် သူ၏အသက်ရှုသံများကလည်း ဝင်သက်နှင့်ထွက်သက်စပ်ယှက်ကာ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာချေ၏။ ရှောင်ရှင်းသည် ခြေချောင်းလေးများကိုကုပ်ထားမိပြီး သူ့ရှေ့တွင်ရှိနေသော သက်မဲ့နံရံကြီးကိုသာ ဖြိုချပစ်တော့မလိုမျက်နှာထားနှင့် စူးစူးစိုက်စိုက်ကြည့်နေမိသည်။

နောက်ဆုံးမှာမှ သူသည် ရှည်လျားမောဟိုက်နေသော ထွက် သက်တစ်ခုကိုချလိုက်ပြီး တုန်ယင်မှုတစ်ခုနှင့်အတူမျက်လုံးများကိုမှိတ်ချလိုက်သည်။ ထို့နောက် သူသည် ကတိမ်း ကယိမ်းဖြစ်သွားသော အသက်ရှုနှုန်းများကိုတည်ငြိမ်အောင်ကြိုးစား၍ အပြစ်တင်စကားတစ်ခွန်းကို ဦးစွာပြောလိုက်၏။

"ကိုကိုကသိပ်မုန်းဖို့ကောင်းတယ်"

"........"

ဝမ်ရှန်းသည် ညစ်ကျယ်ကျယ်ရယ်မောလိုက်ရင်း အလုပ်များသွားသည့် လက်ကို အပေါ်သို့ပြန်ပင့်တင်လာရင်း ကြွက်သားသေးသေးလေးများမှေးစက်နေသည့် ရှောင်ရှင်း၏ဗိုက်သားပေါ်တွင် အနားယူစေလိုက်သည်။ သူသည် ဒေါသအိုး၏ရယ်သံလေးများကိုကြားချင်၍ လက်ချောင်းများကိုလှုပ်ရွစေ၍ ကလိထိုးရန်ကြိုးစားလိုက်သည်။ သို့သော်လည်း ထိုကောင်လေးသည် ယားဟန်မပေါ်ဘဲ သည်အတိုင်းသာငြိမ်သက်နေရင်းမှ သူ့ဘက်ကိုလှည့်လာသည်။ ထို့နောက် ဝမ်ရှန်းက သူ့မျက်နှာကို ကောင်းစွာမကြည့်ရသေးခင်မှာပင် သူသည် ဝမ်ရှန်းရင်ခွင်ထဲကိုခေါင်းဖြင့်တိုးခွေ့လိုက်၏။ ထို့နောက် ခပ်တိုးတိုးပြောလာသည်။

"ကိုကိုအဲဒီကိစ္စကိုမှတ်မိနေမယ်လို့မထင်ထားဘူး..... မေ့လျောလွင့်ပြယ်ကိုသောက်ခဲ့တယ်မလား အဲဒါကိုဘာလို့.. "

ဝမ်ရှန်းသည် ရှောင်ရှင်း၏ခေါင်းကို တယုတယပွေ့ထားရင်း နဖူးကိုတစ်ချက်နမ်းရှိုက်ပြီးမှ ဖြည်းညင်းစွာပြောလိုက်သည်။

"မေ့လျောလွင့်ပြယ်က အတုကြီးမို့လို့နေမှာပေါ့....ဒါမှမဟုတ်လည်း မေ့လျောလွင့်ပြယ်ကို သောက်တာတောင် ကိုယ်မင်းကိုမေ့ပစ်လိုက်ဖို့ကမဖြစ်နိုင်လို့ပေါ့.... "

"ဖေလျန်.... ကျွင်းဖေလျန် သူကျွန်တော့်ကိုလိမ်ခဲ့တာဖြစ်ရမယ်.... ဒါပေမဲ့ကောင်းပါတယ်.... အရာအားလုံးကို ကျွန် တော်တစ်ယောက်တည်းမှတ်မိနေရတာက သေလိုက်ချင်စရာ ကောင်းလွန်းတယ်.... ကိုကိုပါမှတ်မိနေတာပိုကောင်းတယ်..."

"......."

ရှောင်ရှင်းသည် ပြောချင်တာပြောပြီး ခေါင်းကိုသာဝမ်ရှန်း၏ရင်ခွင်ကျယ်ဆီအကြိမ်ကြိမ်တိုးဝှေ့နေခဲ့သည်။ ဤရင်ခွင်ကို သူတိုးဝှေ့ခဲ့သည့်နောက်ဆုံးအကြိမ်သည် ကြယ်ကြွေနှင်းမြိုင်ထဲတွင် ဝမ်ရှန်းသေလုမြောပါးဖြစ်နေသည့်အချိန်ဖြစ်သည်။ ထိုအမှတ်တရသည် သူ့အတွက်တော့ အနက်ရှိုင်းဆုံးသောငရဲတစ်ခုလိုဆိုးရွားလွန်းလှပေ၏။ ယခုတော့ ဝမ်ရှန်းသည် သူ၏အရှေ့တွင် အန္တရာယ်ကင်းစွာဖြင့်အကောင်းအတိုင်းရှိနေပေပြီ။ ထိုအရာသည်ကောင်းမွန်လှ၏။ အကြာကြီးငြိမ်သက်နေရင်း တဖြည်းဖြည်းအိပ်ချင်လာသောအခါ ရှောင်ရှင်းသည် မျက်လုံးများကိုမှေးမှိတ်ထားလိုက်၏။ ထို့နောက် အတိုးဆုံးသောလေသံဖြင့် နှေးနှေးကွေးကွေးလေးပြောလိုက်လေတော့သည်။

"ကျောက်စိမ်းဖြူအိမ်တော်ကိုရောက်လာပြီး ကျွန်တော်ကိုကို့ကိုရွေးချယ်ခဲ့ကတည်း​က ကိုကိုက ကျွန်တော်နဲ့သက်ဆိုင်တဲ့အရာပဲ ... ကျွန်တော်နဲ့သက်ဆိုင်တဲ့အရာကိုဘယ်သူမှလုယူလို့မရဘူး... ဘယ်သူ့ကိုမှလုယူခွင့်လည်းမပေးနိုင်ဘူး ...မြင့်မြတ်လှပါတယ်ဆိုတဲ့ကိုကို့ဆရာသခင်လည်းမရဘူး....ဘယ်သူဆိုဘယ်သူမှမရဘူး... ကိုကိုကကျွန်တော်ပိုင်ဆိုင်တဲ့အရာတစ်ခုပဲဖြစ်ရမယ်... ကျွန်တော့်ဆီက ကိုကို့ကိုလုယူသွားတဲ့သူဟာ ကျွန်တော့်ရန်သူပဲ... အဲဒီလူဟာ သွေးပွက်ပွက်အန်ပြီးအသေ ဆိုးနဲ့သေရမယ်.. ပြီးတော့ ကိုကိုကိုယ်တိုင်လည်းကျွန်တော့်ဆီကထွက်သွားလို့မရဘူး...ထွက်သွားခွင့်ကိုမပေးဘူး.. ကျွန်တော်က ကိုကို့ကို ဘယ်တော့မှလွှတ်ပေးမှာမဟုတ်တော့ဘူး...... "

xxx

A/N

-စာရေးသူကတော့ ရှောင်ရှင်းအာရဲ့ ကိုကိုကသိပ်မုန်းဖို့ကောင်းတယ် ဆိုတဲ့စကားအောက်မှာ ကျရှုံးသွားပါပြီ ဝူးဝူး TvT

Zawgyi

ျပန္လမ္းၾကယ္ေဝေစာင္းႀကိဳးေျပ Chapter 42

ကြၽန္ေတာ္ကကိုကို႔ကိုဘယ္ေတာ့မွလႊတ္ေပးမွာမဟုတ္ေတာ့ဘူး

မည္းညိဳေသာတိမ္လႊာထုမ်ားမွေႁခြခ်လိုက္ေသာမိုးေရစက္တို႔သည္ မိုးစက္အမႈန္အမႊားေလးမ်ားအျဖစ္ေျပာင္းလဲၿပီး ေအာက္ေျမျပင္ဆီကိုအဆက္မျပတ္က်ဆင္းလာေနသည္။ မိုး႐ြာျခင္းႏွင့္ ေနပူျခင္းတစ္လွည့္ဆီျဖစ္ေပၚေနေလ့ရွိေသာ ဤေဒသသည္ ယေန႔ေတာ့ စိုစြတ္ေသာမိုးေရမ်ားျဖင့္သာ ျပည့္ႏွက္လ်က္ရွိၿပီး တိတ္ဆိတ္ေသာတိမ္ျခည္ေမွးေပ်ာ္နတ္ ကြန္းတစ္ခုလုံးကိုလည္း မိုးစက္မ်ားျဖင့္သာ လႊမ္းၿခဳံဖုံးအုပ္လို႔ထားသည္။

ဝမ္ရွန္းသည္ကား ေလးဖင့္ေသာေျခလွမ္းမ်ားျဖင့္ နတ္ကြန္းရွိရာ ေတာင္ကုန္းငယ္ေပၚကိုျဖည္းညင္းစြာတက္လာသည္။
ခႏၶာကိုယ္ထဲမွေသြးမ်ားကို ကိုးဆယ့္ကိုးရက္တာမွ်ဆက္သခဲ့ရျခင္းေၾကာင့္ သူ၏ခႏၶာကိုယ္သည္ အနည္းငယ္ပိန္သြားခဲ့ၿပီး လက္ဖဝါးမ်ားကေတာ့ ရစရာမရွိေအာင္ကြဲရွရွာမ်ားျဖင့္သာျပည့္ေနသည္။ သူ၏လက္မ်ားသည္ေပါက္ကြဲထားေသာမီးေတာင္တစ္ခု၏ေျမဆီလႊာမ်ားအလား အက္ကြဲကာေသြးမ်ားတစိမ့္စိမ့္ယိုထြက္ေန၏။ ထိုဒဏ္ရာမ်ားကိုစီးေႏွာင္ထားေသာ ပိတ္ျဖဴစသည္ပင္ေသြးေရာင္ပကတိဖုံးလႊမ္းသြားခဲ့ၿပီျဖစ္သည္။ ထိုကဲ့သို႔ ေသြးမ်ားေပက်ံေနသည့္တိုင္ ဝမ္ရွန္းသည္ ေရွာင္ရွင္းအတြက္ယူေဆာင္လာသည့္ လက္ထဲမွပစၥည္းႏွစ္ခုကိုေတာ့ ေသြးတစ္စက္မွမေပရေအာင္ လက္ ေမာင္းမ်ားၾကားထဲ ဂ႐ုတစိုက္ေပြ႕ထားသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ယေန႔သည့္ကား ခ်ဳပ္ႀကိဳးထံေသြးဆက္သရသည့္ ရက္တစ္ရာေျမာက္ေန႔ပင္ျဖစ္ေလသည္။ ေနာက္ဆုံးေတာ့ သူ၏ေရွာင္ရွင္းသည္ ခ်င္းမင္ဖန္တီးထားခဲ့ေသာ ပုလဲပင့္ကူခ်ဳပ္ႀကိဳး၏ႏွိပ္စက္မႈဒဏ္မွလြတ္ေျမာက္ေတာ့မည္ျဖစ္၏။

"ရွင္းအာ....... "

သူ၏ေခၚသံကိုၾကားေတာ့ ေရွာင္ရွင္းက မ်က္ဆံနက္ကေလးမ်ားကိုပင့္တင္၍ၾကည့္လာသည္။ ေရွာင္ရွင္း၏ မ်က္ႏွာသည္ မည္သည့္လႈပ္ရွားမႈကိုမွ မျပဳႏိုင္ေလာက္ေအာင္ ၿငိမ္သက္ေန၏။ ပိုက္ကြန္ထဲတြင္မိထားသည့္ သားေကာင္တစ္ေကာင္လို ရက္ေပါင္းမ်ားစြာေနထိုင္ခဲ့ရျခင္းေၾကာင့္ ျဖစ္ေပၚလာသည့္ နာက်င္မႈေဝဒနာႏွင့္ေဒါသမီးလွ်ံမ်ားသည္ ေရွာင္ရွင္း၏ရင္ထဲတြင္ မုန္တိုင္းမ်ားလိုေပါက္ကြဲေနသည္။ လူက တုပ္တုပ္မွ်မလႈပ္ႏိုင္သည့္တိုင္ ႀကီးစြာေသာေဒါသေၾကာင့္ မ်က္စိေရွ႕တြင္ရွိေနေသာ အရာခပ္သိမ္းကိုဖ်က္ဆီးပစ္ခ်င္စိတ္မ်ားေပါက္ေနေသာ္လည္း ဝမ္ရွန္းကိုျမင္လိုက္ရေသာအခါ သူသည္ ထိုေဒါသမ်ားကို ျပသျခင္းမျပဳဘဲ ထိန္းသိမ္းထားမိျပန္၏။ ထိုအခ်ိန္တြင္ဝမ္ရွန္းသည္ လက္ထဲတြင္ေပြ႕လာသည့္ ပစၥည္းႏွစ္ခုကိုေက်ာက္သားၾကမ္းျပင္ေပၚအသာခ်လိုက္ၿပီး ေရွာင္ရွင္း၏အေရွ႕တြင္လာထိုင္သည္။ ထို႔ေနာက္ သူ႔လက္တြင္စီးထားေသာေသြးစြန္းေနသည့္ အဝတ္စမ်ားကိုေျဖခ်၍ ေရွာင္ရွင္း၏ခႏၶာကိုယ္ေပၚမွ ခ်ဳပ္ႀကိဳးေပၚကိုလက္ျဖင့္ ပြတ္တိုက္၍ေန႔စဥ္လုပ္ေနက်အတိုင္းေသြးမ်ားဆက္သလိုက္ျပန္သည္။ ရက္တစ္ရာျပည့္ၿပီျဖစ္၍ အခ်ဳပ္အေႏွာင္မွလြတ္ေျမာက္ေတာ့မည္ျဖစ္ေသာ္လည္း ေရွာင္ရွင္းသည္ မေပ်ာ္ႏိုင္ဘဲ မ်က္ေမွာက္ကုတ္ထား၏။ ဝမ္ရွန္းက သူ႔အတြက္လုပ္ေပးသည္ျဖစ္ေသာ္လည္း ယခုကဲ့သို႔ ဝမ္ရွန္း၏လက္မွေသြးမ်ားကိုရက္ေပါင္းမ်ားစြာျမင္ေနရျခင္းသည္ ေရွာင္ရွင္းအတြက္ေတာ့ ငရဲျပည္ကိုေရာက္ေနသည့္အလား ပူေလာင္ကာ ေနမထိထိုင္မသာရွိလွေပသည္။

ထိုကဲ့သို႔ၿငိမ္ေနရင္း တစ္နာရီမွ်ၾကာေသာအခါတြင္ေတာ့ ေ႐ႊေရာင္ေတာက္ပလ်က္ရွိေသာ ပုလဲပင့္ကူခ်ဳပ္ႀကိဳးသည္ တျဖည္းျဖည္း အလင္းမႈန္မ်ားအျဖစ္ေျပာင္းလဲသြားခဲ့ၿပီး ေလထဲကိုတစ္စစီလြင့္ပ်ံသြားေပေတာ့သည္။ ေသြးတို႔ကို ပ်က္ကြက္ျခင္းမရွိ ေပးဆပ္ခဲ့ျခင္းေၾကာင့္ ေနာက္ဆုံးမွာေတာ့ ပုလဲပင့္ကူခ်ဳပ္ႀကိဳးသည္လည္း ဖန္တီးသူ၏အမိန္႔ကိုလြန္ဆန္ကာေပ်ာက္ျပယ္သြားခဲ့ၿပီျဖစ္ေလသည္။ ခ်ဳပ္ႀကိဳးေပ်ာက္သြားသည္ႏွင့္ တစ္ၿပိဳင္နက္ ေရွာင္ရွင္းသည္ စုတ္ျပတ္သတ္ေနေသာ ဝမ္ရွန္း၏လက္တို႔ကို ကိုင္လိုက္ၿပီး သူ၏မိစာၦစြမ္းအင္မ်ားကိုထုတ္၍ လက္ေပၚမွဒဏ္ရာမ်ားကိုကုသေပးလိုက္သည္။

"မလုပ္နဲ႔ ရွင္းအာ..... မင္းမွာအားမရွိေသးဘူးေလ.... ဒီေလာက္ေသြးေတြဆုံးရႈံးထားတာ ဘာလို႔စြမ္းအင္ေတြထုတ္သုံး....... "

"မေျပာနဲ႔....တိတ္တိတ္ေန....... "

ဝမ္ရွန္းသည္ ဆက္ေျပာခ်င္​ေသာ္လည္း မ်က္ေမွာက္ကုတ္ကာ သူ႔ကိုေဟာက္လိုက္ေသာ ေရွာင္ရွင္း၏ပုံစံကို ေငးစိုက္ၾကည့္ေနမိသည္။ နက္ေမွာင္ေသာမ်က္ဝန္းတစ္စုံလုံးသည္ ေဒါသအရိပ္အေငြ႕မ်ားျဖင့္ျပည့္ေန၏။ မီးခိုးေရာင္မ်က္ခုံးတန္းတို႔ကလည္း အလယ္ကိုစုဆုံတြန္႔ခ်ိဳးေနသည္။

"ရွင္းအာ.... မင္းေဒါသထြက္ေနတာလား.....ဘာလို႔လဲ.....  "

".............."

"ရွင္းအာ.......... "

"ဟုတ္တယ္ လူသတ္ခ်င္ေနတာ !!!"

"..........."

ဆတ္ေတာက္ေတာက္ႏွင့္ သူ႔ကိုျပန္ေျပာေသာ ေရွာင္ရွင္း၏ ပုံစံသည္ ခ်စ္စရာေကာင္းလွပါေသာေၾကာင့္ ဝမ္ရွန္းသည္ ထိုေကာင္ေလး၏ေခါင္းကိုလက္ျဖင့္ႏွစ္ခ်က္မွ်ပြတ္ေပးလိုက္ၿပီး ေဘးတြင္ခ်ထားေသာ ပစၥည္းႏွစ္ခုကိုဆြဲယူလိုက္သည္။

ထို႔ေနာက္ ေရွာင္ရွင္းလက္ထဲထည့္ေပးလိုက္၏။

"ဘာေတြလဲ......"

"လက္ေဆာင္ေလ...... ရွင္းအာအတြက္......."

".........."

ေ႐ႊေရာင္ ပိုးခ်ည္ျဖင့္ထုပ္ထားေသာ အထုပ္ကိုအရင္ဆုံးဖြင့္ၾကည့္လိုက္ေတာ့ ေခါက္႐ိုးက်ိဳးရာပင္မရွိေအာင္လွပသန္႔ျပန္႔ေနေသာ သစ္႐ြက္ေျခာက္ေရာင္ဝတ္စုံအသစ္တစ္စုံကိုျမင္လိုက္ရသည္။ ေရွာင္ရွင္းသည္ သူ႔အတြက္ဝယ္လာမွန္းသိေနေသာ္လည္း ထပ္မံေမးျမန္းလိုက္၏။

"ကြၽန္ေတာ့္အတြက္ဝယ္လာတာလား..... "

"ဒါေပါ့... ရွင္းအာအတြက္ေပါ့... ။ ဒီနယ္ေျမမွာက အစစအရာရာရွားပါးေတာ့ေ႐ြးခ်ယ္စရာေတာ့အမ်ားႀကီးမရွိဘူး... ဒါေပမဲ့ ကိုကိုေသခ်ာေ႐ြးဝယ္ခဲ့ပါတယ္.... ဘယ္လိုလဲ ရွင္းအာ သေဘာက်ရဲ႕လား ...."

"......."

ေရွာင္ရွင္းသည္ ေခါင္းတ​ၿငိမ့္​ၿငိမ့္ျဖင့္ သြားကေလးမ်ားေပၚလာသည္အထိ ရယ္ေမာလိုက္၏။ ထို႔ေနာက္ ေနာက္ထပ္ပစၥည္းတစ္ခုကိုေကာက္ကိုင္လိုက္ေတာ့ ေရွာင္ရွင္းမ်က္ႏွာမွ ထိုအၿပဳံးတို႔သည္ အံ့ၾသမႈမ်ားအျဖစ္ေျပာင္းလဲလို႔သြားသည္။ ခပ္ျပားျပားရွိေသာ အမည္းေရာင္သစ္သားေသတၱာေလးကိုဖြင့္လိုက္သည့္အခါတြင္ေတာ့ ေရွာင္ရွင္း၏မ်က္လုံးတို႔သည္ အံ့ၾသမႈျဖင့္ပိုကာဝိုင္းစက္သြား၏။ သူသည္ ေသတၱာထဲတြင္ရွိေနသည့္ လူ႔ႏွလုံးမ်ားအားၾကည့္ရင္း ဝမ္ရွန္းအား မယုံၾကည့္ႏိုင္သလိုၾကည့္ကာေမးျမန္းလိုက္၏။

"ဒါေတြကဘာအတြက္လဲ........"

"ရွင္းအာအတြက္ပါ....... ရွင္းအာ အားနည္းေနတာမို႔လို႔ ...."

ဘယ္တုန္းကမွ ေမွ်ာ္လင့္ထားျခင္းမရွိေသာ အရာတစ္ခုကို ဝမ္ရွန္းဆီမွရလိုက္သည္မို႔ သူသည္ တအံ့တၾသေမးလိုက္ျပန္၏။

"ကိုကိုလူသတ္လာတာလား........ "

ဝမ္ရွန္းသည္ ေခါင္းကိုေလးပင္စြာျဖင့္ခါယမ္းလိုက္၏။ ထို႔ေနာက္ တိုးေဖ်ာ့စြာေျပာသည္။

"ကိုကိုကဘယ္လိုလို႔ လူသတ္ႏိုင္မွာတဲ့လဲ... ။ ကိုကိုလူမသတ္ပါဘူး ....လူေတြကိုေတာ့ အခုေရာေနာင္ေရာသတ္မွာမဟုတ္ဘူး.... ဒါေတြက ေသဆုံးကာစလူေတြဆီကယူလာတာပါ .... သူတို႔ကေသဆုံးကာစဆိုေပမယ့္ ႏွလုံးေတြကေတာ့ လတ္ ဆတ္ေနေသးတယ္.... ဒါက ခိုးယူသလိုျဖစ္ေပမယ့္.... ကိုကိုဘာတတ္ႏိုင္မွာလဲ.... လူေတြစားတဲ့အရာက ရွင္းအာကိုအားမွမျဖစ္ေစဘူးဆိုေတာ့ ကိုကို ဒါေတြကိုခိုးယူခဲ့တာကလြဲရင္ ရွင္းအာျပန္ၿပီးအားျပည့္ေစမယ့္တစ္ျခားနည္းလမ္းကိုရွာမေတြ႕လို႔ပါ......"

ဝမ္ရွန္းသည္ ပထမဆုံးျပဳလုပ္ခဲ့သည့္ မေကာင္းမႈအေပၚ စိတ္မသက္မသာျဖစ္မိ၍ ေခါင္းကိုငုံ႔ထားသည္။ ေရွာင္ရွင္းကေတာ့ ေသတၱာထဲတြင္ အတုံးအ႐ုံးၿငိမ္သက္ေနသည့္ ႏွလုံးမ်ားကိုၾကည့္ကာ ဝမ္ရွန္းကေပးသည့္တန္ဖိုးရွိေသာ လက္ ေဆာင္မ်ားမို႔ စားေတာင္မစားခ်င္ဘဲ စြမ္းအင္ျဖင့္ေအးခဲေစကာ သိမ္းထားခ်င္မိ၏။ သို႔ေသာ္လည္း သူသည္ စြမ္းအင္ေလ်ာ့ပါးေနသည့္ မိမိကိုယ္ကိုယ္အားမရလွသည္မို႔ ထိုႏွလုံးမ်ားကို လက္ဖ်ားတို႔ျဖင့္ထိကာ အနီေရာင္အလင္းမႈန္မ်ားအျဖစ္ေျပာင္းလဲေစလိုက္ၿပီး ေလထဲတြင္လြင့္ပ်ံေနသည့္ ထိုအလင္းမႈန္မ်ားအားလုံးကို သူ႔ႏႈတ္ခမ္းဝတြင္အဆုံးသတ္ေစ၍ အကုန္အစင္စုပ္ယူလိုက္ေပသည္။ သူသည္ ထိုႏွလုံးမ်ားကို အစိမ္းအတိုင္းလည္းစားႏိုင္၏။ ေသြးအျဖစ္ေျပာင္း၍လည္းေသာက္ႏိုင္၏။ သို႔ေသာ္ ဝမ္ရွန္းေရွ႕တြင္ အက်ည္းတန္သည့္ျမင္ကြင္းမ်ိဳးမျဖစ္ေစခ်င္ပါေသာေၾကာင့္ အေငြ႕အျဖစ္သာေျပာင္းလဲစားေသာက္လိုက္ျခင္းျဖစ္သည္။ ဝမ္ရွန္းကေတာ့ ေခါင္းကိုငိုက္ၿမဲငိုက္ထား၏။

ထို႔ေနာက္ တိုးတိုးဖြဖြဆိုလာသည္။

"ဘယ္လိုပဲျဖစ္ျဖစ္ ရွင္းအာကို ကာကြယ္ေပးရမယ္ဆိုေပမယ့္.... ကိုယ္လူသတ္လို႔မရဘူး.... ကိုကိုလူသတ္ရင္ ရွစ္ဖူကလည္း ဘယ္ေတာ့မွ ခြင့္လႊတ္မွာမဟုတ္ဘူး....."

"........."

ေရွာင္ရွင္းသည္ တစ္ခုခုေျပာရန္ဟန္ျပင္လိုက္ေသာ္လည္း နတ္ကြန္းအျပင္တြင္ ထြက္ေပၚလာသည့္ သိဒၶိစြမ္းအင္မ်ားကိုခံစားလိုက္ရသည္မို႔ မ်က္ေမွာက္ကိုပိုကာကုတ္ထားလို​က္သည္။ ထို႔ေနာက္ သူသည္ နတ္ကြန္းအျပင္ကို ခပ္ျမန္ျမန္ထြက္သြားေလ၏။

"ရွင္းအာ......... "

ဝမ္ရွန္းသည္ အေနာက္မွခ်က္ခ်င္းေျပးလိုက္လာသည္။ တိမ္ျခည္ေမွးေပ်ာ္နတ္ကြန္း၏အေရွ႕တြင္ ရပ္ေနသည့္ လူတစ္ဦးကိုျမင္ေတာ့ သူသည္ ေရွာင္ရွင္းလက္ကိုဆြဲကာ အေနာက္သို႔ပို႔၍ ေရွာင္ရွင္းအား သူ႔ကိုယ္ျဖင့္ကြယ္ထားလိုက္၏။ ထိုစဥ္ နတ္ကြန္းေရွ႕တြင္ရပ္ေနသူသည္ သူ၏လက္တစ္ဖက္ကိုေျမႇာက္ကာ မိစာၦတို႔အား အျပင္ကိုထြက္ေျပးလို႔မရပါေစရန္ပိတ္ပင္တားဆီးသည့္ စည္းတစ္ခုကိုခ်ထားလိုက္၏။ ထိုလူသည္ ဤေဒသဝန္းက်င္တြင္ ေနထိုင္သူတစ္ဦးျဖစ္ဟန္တူၿပီး မိစာၦဖမ္းေသာ က်င့္ႀကံသူတစ္ဦးျဖစ္႐ုံကလြဲ၍ အျခားအရာျဖစ္ႏိုင္ေခ်မရွိပါေခ်။

"ေျမျမႇဳပ္ကာစ အေလာင္းေတြကိုျပန္ၿပီးတူးသြားရဲတယ္..... ဘယ္လိုယုတ္မာ႐ိုင္းစိုင္းမႈမ်ိဳးလဲ...... "

ဝမ္ရွန္းသည္ ေရွာင္ရွင္းေရွ႕တြင္ပိတ္ကာ ရပ္ေနေသာ္လည္း ထိုသူအားဘာျပန္ေျပာရမွန္းမသိျဖစ္ေန၏။ သူသိသမွ်မွာကား အျပစ္လုပ္ထားမိပါက မိမိအျပစ္ကို ဝန္ခံရမည္။ ထို႔ေနာက္ အျပစ္ကိုဆင္ျခင္ၿပီး ထိုက္သင့္ေလွ်ာက္ပတ္ေသာအျပစ္ဒဏ္ကို ေတာင္းခံကာ ေက်ေက်နပ္နပ္ခံယူရေပမည္။ ထိုအခ်ိန္တြင္ ေရွာင္ရွင္း၏မာေက်ာေသာေလသံကေနာက္ ေက်ာမွ ေတာင့္တင္းစြာထြက္ေပၚလာေလ၏။

"ဘာေတြလာေျပာေနတာလဲ။ လူမွားေနတယ္"

"လူမွားတယ္ ဟုတ္လား။ ဒီၿမိဳ႕မွာေနလာခဲ့တာ ႏွစ္ေပါင္းေလးဆယ္ေက်ာ္ၿပီျဖစ္တဲ့က်ဳပ္က ဘယ္ေနရာမွာ မိစာၦစြမ္းအင္ေတြတိုးလာတယ္ဆိုတာမသိႏိုင္ေလာက္ေအာင္ ညံ့ဖ်ဥ္းႏိုင္ပါ့မလား... ။ ၿပီးေတာ့ အေလာင္းေတြ႐ုတ္တရက္ေပ်ာက္သြားတဲ့ကိစၥကေရာ ဒီေလာက္တိုက္ဆိုင္ႏိုင္ပါ့မလား....."

ေရွာင္ရွင္းသည္ အသက္ေျခာက္ဆယ္ဆယ္ဝန္းက်င္ခန္႔ရွိပုံေပါက္ေသာ ထိုက်င့္ႀကံသူကို မႈန္ေတေတႏွင့္ၾကည့္ကာေျပာလိုက္၏။

"သခ်ႋဳင္းကုန္းကိုေျခတစ္ဖက္လွမ္းေနတဲ့အ႐ြယ္မို႔ ကေယာင္ေခ်ာက္ခ်ားျဖစ္ေနတာမဟုတ္ဘူးလား.... "

"ဘာေျပာတယ္"

"ေသခါနီးအဘိုးႀကီးနဲ႔ စကားအၾကာႀကီးေျပာရေလာက္ေအာင္စိတ္ရွည္မေနဘူး။ လင္းတစာမျဖစ္ခ်င္ရင္ လစ္လိုက္ေတာ့ "

"မင္း...... !!!!"

ေရွာင္ရွင္း၏စကားမ်ားအေပၚ ေဒါသကိုထိန္းသိမ္းထားႏိုင္ျခင္းမရွိေတာ့ပါေသာ က်င့္ႀကံသူသည္ သိဒၶိဓားတစ္လက္ကိုဆင့္ေခၚကာ အေရွ႕ကိုေျပးဝင္လာ၏။ သို႔ေသာ္လည္း သူသည္ ဝမ္ရွန္း၏ သက္ေတာ္ေႁခြဓားရွည္ႏွင့္ထိပ္တိုက္ေတြ႕ၿပိး အေနာက္သို႔ သုံးေလးလွမ္းမွ်ဆုတ္သြားရသည္။ ထို႔ေနာက္တြင္ေတာ့ ၿငိမ္သက္ေနခဲ့ေသာ နတ္ကြန္းသည္ တိုက္ခိုက္သံတို႔ျဖင့္ တျဖည္းျဖည္းလႈပ္ရွားသက္ဝင္လာ၏။ က်င့္ႀကံသူႏွင့္ ဝမ္ရွန္းသည္ သိုင္း ကြက္မ်ားစြာျဖင့္တိုက္ခိုက္ေနၾကၿပီး ဝမ္ရွန္းကမူ တစ္ဖက္လူကို မထိခိုက္ခ်င္ေသာစိတ္ေၾကာင့္ ေလွ်ာ့ေလွ်ာ့ေပါ့ေပါ့သာတိုက္ခိုက္ေနသည္။ ေရွာင္ရွင္းကေတာ့ မွင္ေသေသျဖင့္ တိုက္ပြဲကိုၾကည့္ရႉေန၏။ ဝမ္ရွန္းသည္ကား မည္သို႔ပင္အားနည္းေနေစကာမူ ခ်င္းမင္၏တပည့္ပင္ျဖစ္၍ ထိုက်င့္ႀကံသူေလာက္ကိုေတာ့ အသာေလးအလဲထိုးလိုက္ႏိုင္ေသာ စြမ္းရည္မ်ိဳးရွိသူ​ျဖစ္သည္။ ထိုကဲ့သို႔ အႏိုင္ယူႏိုင္သူက ထိုက်င့္ႀကံသူအား အေလွ်ာ့ေပးကာ ခက္ခက္ခဲခဲတိုက္ခိုက္ေနသည္ကိုျမင္ရေတာ့ ေရွာင္ရွင္းပိုကာေဒါသထြက္လာ၏။

ထို႔ေနာက္ အစြမ္းကုန္တိုက္ခိုက္ေနပါေသာ က်င့္ႀကံသူက ဝမ္ရွန္းကိုအဆက္မျပတ္တိုက္ခိုက္လာရင္း သိဒၶိဓားကို သုံးလက္အထိပြားယူလိုက္သည္ကိုျမင္ေတာ့ ေရွာင္ရွင္းသည္ တိုက္ပြဲထဲကိုတိုးကာဝင္သြားသည္။ ထို႔ေနာက္ သိဒၶိအျမဴေတကိုၿဖိဳခြဲသည့္ မိစာၦဓာတ္မ်ားကိုလက္ဖဝါးတြင္စုစည္း၍ ဝမ္ရွန္းႏွင့္တိုက္ခိုက္လ်က္ရွိေသာ က်င့္ႀကံသူ၏ေက်ာျပင္တည့္တည့္သို႔မညႇာမတာ႐ိုက္ခ်လိုက္၏။ 

"အား.........."

ေရွာင္ရွင္း၏ျပင္းထန္ေသာလက္ဝါးခ်က္ကိုခံႏိုင္ရည္မရွိေသာ က်င့္ႀကံသူသည္ ဝါးတစ္ျပန္စာအထိလြင့္ထြက္သြားၿပီး လူေရာဓားပါတစ္ေနရာစီလြင့္သြား၏။ ေျမျပင္ေပၚတြင္ လဲက်ေနေသာ ထိုလူအိုႀကီးသည္ ေသြးမ်ားကို အဆက္ မျပတ္အန္ထုတ္ေနၿပီး ဓားကိုျပန္ယူရန္ ေျမျပင္တြင္တြားသြား၍ ႀကိဳးစားေနေသာ္လည္း ေရွာင္ရွင္းသည္ အင္းကြက္တစ္ကြက္ကိုပစ္လႊတ္၍ ထိုဓားကိုအမႈန္႔ေခ်ပစ္လိုက္ေလ၏။

"ရွင္းအာ......."

ဝမ္ရွန္းသည္ ထိုက်င့္ႀကံသူဆီေျပးသြားကာ တဆတ္ ဆတ္တုန္ယင္ေနၿပီး အသက္ငင္ေနလ်က္ရွိေသာ ထိုသူ၏ ေသြး ေၾကာမ်ားကိုစမ္းသပ္လိုက္သည္။ ထို႔ေနာက္ သူတို႔ အနားကိုေအးေအးေဆးေဆးေလွ်ာက္လာေသာ ေရွာင္ရွင္းကိုေမာ့ၾကည့္ကာေျပာ၏။

"ဘာလို႔လဲ......"

"ဘာကိုလဲ....... "

ဝမ္ရွန္း သည္ သူ႔လက္ထဲတြင္ မ်က္လုံးမ်ားျပဴးက်ယ္လာကာ တျဖည္းျဖည္းၿငိမ္သက္သြားေသာ က်င့္ႀကံသူ၏ မ်က္လုံးမ်ားကို လက္ျဖင့္ပိတ္စက္ေစလိုက္ရင္း ဝမ္းနည္းအက္ကြဲေနေသာေလသံျဖင့္ေျပာလိုက္ေလ၏။

"ဘာလို႔ ..... ဘာလို႔သတ္လိုက္ရတာလဲ....... "

"ေပ်ာက္သြားတဲ့အေလာင္းေတြအေၾကာင္းသိသြားၿပီေလ..... မသတ္သင့္ဘူးလား.... "

"မဟုတ္ဘူး......မသတ္ရဘူး...... လူတစ္ေယာက္ကိုဒီေလာက္လြယ္လြယ္နဲ႔သတ္လို႔မရဘူး ရွင္းအာ..... ။ မေကာင္းမႈကိုတားျမစ္ဖို႔ႀကိဳးစားေနတဲ့လူတစ္ေယာက္ကိုဆိုပိုၿပီးေတာ့မရဘူး.... "

တစ္ႀကိမ္တစ္ခါမွမျမင္ေတြ႕ဖူးသည့္ လူတစ္ေယာက္၏ ေသဆုံးမႈအေပၚဝမ္းနည္းတုန္လႈပ္ေနေသာ ဝမ္ရွန္းကို နားမလည္ႏိုင္စြာၾကည့္ေနရင္း ေရွာင္ရွင္းေဒါသထြက္လာေခ်၏။

"ဘာလို႔မရရတာလဲ .... သူက က်င့္ႀကံသူေလ .... သူက က်င့္ႀကံသူျဖစ္တဲ့အတြက္အေလာင္းေတြေပ်ာက္တာသူသိရင္ သူ႔ဂိုဏ္းကလည္းသိသြားလိမ့္မယ္။ သူ႔ဂိုဏ္းကသိၿပီး ဒီသတင္းျပန္႔သြားရင္ကြၽန္ေတာ္တို႔ကိုလိုက္ရွာေနတဲ့ ကိုကို႔ဆရာလည္းအေႏွးနဲ႔အျမန္သိသြားမွာပဲေလ.... ဒီေတာ့ သူ႔ကိုမသတ္သင့္ဘူးလား.... သူမေသခ်င္ရင္ဘာလို႔ ဒီကိုေရာက္လာၿပီးျပသနာရွာလဲ... ။"

"ေတာ္ေတာ့...... ရွင္းအာ....ဘယ္လိုပဲျဖစ္ျဖစ္ မင္း..... မင္း... သူ႔ကိုမသတ္သင့္ဘူး .... သူ႔ကိုသတိေမ့ေစေလာက္တဲ့အထိပဲတိုက္ခိုက္ၿပီး ဒီၿမိဳ႕ကေနေရွာင္တိမ္းသြားလို႔ရတာပဲ အဲဒါကိုဘာေၾကာင့္..... "

"ကြၽန္ေတာ္ေျပာၿပီးၿပီေလ သူဘာလို႔ ဒီေနရာကိုေရာက္လာလဲ.... ကိုကိုသိထားဖို႔က ကြၽန္ေတာ္က လူေတြကိုသတ္ဖို႔ဘယ္တုန္းကမွႀကိဳးစားေနခဲ့တာမဟုတ္ဘူး.... သူတို႔ကသာကြၽန္ေတာ့္ေရွ႕ကိုဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္လာၿပီး ကြၽန္ေတာ့္ကိုသတ္ဖို႔အရင္ႀကိဳးစားလာၾကတာ....။ ၿပီးေတာ့ သူကကိုကို႔ကိုအေသသတ္ဖို႔ႀကိဳးစားေနခဲ့တာ။ ဒီေတာ့ကြၽန္ေတာ္ကျပန္မသတ္သင့္ဘူးလား.... ၿပီးေတာ့ အေလာင္းေတြေပ်ာက္လို႔လိုက္လာတာဟုတ္လား..... လူကေတာင္ေသသြားၿပီပဲကို အဲဒီေစာက္အေလာင္းကဘာတန္ဖိုးရွိေနလို႔လဲ....အသက္ရွင္ေနတဲ့မိစာၦတစ္ေကာင္ရဲ႕အသက္က လူေသတစ္ေယာက္ရဲ႕အေလာင္းေလာက္ေတာင္တန္ဖိုးမရွိဘူးလား....လူသားေတြအတြက္ ေျမေအာက္ထဲမွာေဆြးေျမ့သြားမယ့္လူရဲ႕အေလာင္းကသာတန္ဖိုးရွိၿပီး သူတို႔ကိုဘာဒုကၡမွမေပးဖူးတဲ့ မိစာၦတစ္ေကာင္က်ေတာ့ အဲဒီအေလာင္းဆီကအစိတ္အပိုင္းေလးတစ္ခုနဲ႔ဆက္ၿပီးအသက္ရွင္ေနဖို႔ေတာင္ မထိုက္တန္ဘူးလား....... ။"

ေအာ္ဟစ္ေျပာဆိုေနရင္းေဒါသအမ်က္ေျခာင္းေျခာင္းထြက္လာပါေသာေရွာင္ရွင္းသည္ ေသဆုံးသြားေသာ က်င့္ႀကံသူ၏အေလာင္းကိုေျချဖင့္ကန္ေက်ာက္ၿပီး လက္ဖ်ားထိပ္တြင္ မိစာၦစြမ္းအင္မ်ားေတာက္ေလာင္ေစကာ ထိုအေလာင္းအား မီးရႈိ႕ပစ္လိုက္သည္။

"မလုပ္နဲ႔..........."

တားျမစ္ေသာ္လည္း မရလိုက္ပါေသာေၾကာင့္ ဝမ္ရွန္းသည္
ေလာင္ကြၽမ္းေနေသာအေလာင္းကို ဝမ္းပန္းတနည္းၾကည့္ရႉေနမိသည္။ ထို႔ေနာက္ ေခါင္းကိုေျမျပင္ဆီသို႔ငိုက္စိုက္ထားရင္းတိုးလ်စြာေျပာလိုက္၏။

"မင္း..... လူေတြကိုမသတ္ရဘူး ေရွာင္ရွင္းအာ.... ။ ကိုယ္မင္းကိုလူသတ္ခြင့္မေပးဘူး........ "

ေရွာင္ရွင္း၏မ်က္ႏွာသည္ကား ေမွာင္မည္းရႈံ႕တြေန၏။ ထို႔ေနာက္သူသည္ ေအးစက္စြာျဖင့္ ေျပာလိုက္သည္။

"လူမသတ္ရဘူးတဲ့လား..... လူသတ္တယ္ဆိုတာငါ့ရဲ႕ပင္ကိုသဘာဝပဲေလ....အဲဒါကို ဘယ္သူကလာၿပီးအႏိုင္က်င့္က်င့္​ၿငိမ္ခံေနရမွာလား... အားအားရွိမိစာၦလိုက္ဖမ္းေနတဲ့က်င့္ႀကံသူေတြရဲ႕ဓားေအာက္မွာ ျပားျပားဝပ္ၿပီးလည္စင္းေပးရမွာလား။ ဘယ္သူ႔ကိုမွေစာက္ဒုကၡမေပးဘဲ ေခြးတစ္ေကာင္လို
အၿမီးကုပ္ေနေပမယ့္ ငါ့ကိုလာလာဆြတဲ့မင္းရဲ႕ဆရာလိုလူမ်ိဳးေတြဆီမွာ အသက္ရွင္ခြင့္ေပးပါဆိုၿပီးခခယယ​ေတာင္းပန္ေနရမွာလား......။"

"..........."

ေရွာင္ရွင္းသည္ လြန္ခဲ့သည့္ မိနစ္ပိုင္းက ဝမ္ရွန္းေျပာခဲ့သည့္ စကားတစ္ခြန္းကိုသတိရသြား၍ ဝမ္ရွန္းရွိေနရာကို မ်က္လုံးေစြကာၾကည့္ရႉလိုက္သည္။ တိတ္ဆိတ္မႈ၌ထြက္ေပၚလာသည့္ သူ၏ေလသံသည္ မာေက်ာေအးစက္လြန္းလွ၏။

"ဘာလဲ.... မင္းနဲ႔အတူရွိေနတုန္း ငါလူသတ္ရင္ မင္းဆရာကမင္းကိုျပန္လက္မခံမွာစိုးလို႔လား.... ငါကအဲ့ေလာက္ေတာင္႐ြံေၾကာက္စရာေကာင္းတဲ့ျဖစ္တည္မႈမ်ိဳးလား...."

"မင္းဘာေတြေျပာေနတာလဲ...... "

"ငါကမင္းအတြက္ ခ်င္းမင္ေလာက္ေတာင္အေရးမပါဘူးလား... အဲဒီေန႔က ေတာင္ေပၚကေနကယ္လာခဲ့တာ သနား႐ုံသက္သက္ပဲထင္တယ္.... ဒါမွမဟုတ္ ငါ့ကိုတစ္ႀကိမ္သတ္ခဲ့ဖူးလို႔ တစ္ႀကိမ္ျပန္ကယ္တင္တဲ့အေလ်ာ္ေပးမႈမ်ိဳးလား...  ရတယ္.... လူသတ္တတ္တဲ့ငါနဲ႔မေနခ်င္ရင္ မင္းလမ္းမင္းေလွ်ာက္လို႔ရတယ္ .... ငါလည္းငါ့လမ္းငါေလွ်ာက္မယ္......."

"မဟုတ္ဘူး ရွင္းအာ...... ကိုယ္......."

ဝမ္ရွန္းရွင္းျပရန္ျပင္ဆင္ေသာ္လည္း ေရွာင္ရွင္းသည္ ထိုေနရာမွလွည့္ထြက္သြားခဲ့ၿပီျဖစ္သည္။ သူ႔ကိုတစ္ခ်က္လွည့္မၾကည့္ေလဘဲတျဖည္းျဖည္းေဝးကြာသြားေသာ ေအးစက္စက္ေက်ာျပင္ကိုၾကည့္ေနရင္း ဝမ္ရွန္းသည္ ေျမျပင္ေပၚတြင္ ေျခပစ္လက္ပစ္ထိုင္ခ်လိုက္မိသည္။ ထို႔ေနာက္ တိုးတိမ္စြာေရ႐ြတ္လိုက္မိေလ၏။

မင္းရဲ႕စိတ္ကိုနည္းနည္းျဖစ္ျဖစ္ႏူးညံ့ၾကင္နာတတ္ေစခ်င္႐ုံပါ.. က်န္တာဘာမွမရွိပါဘူး... ။

xxx

ေလာင္ကြၽမ္းျပာက်သြားေသာ က်င့္ႀကံသူ၏အ႐ိုးျပာမ်ားကိုေျမျမဳပ္ေပးၿပီးသည့္ေနာက္တြင္ေတာ့ ဝမ္ရွန္းသည္ ေရွာင္ရွင္းထြက္ခြာသြားရာ လမ္းေၾကာင္းတစ္ေလွ်ာက္လိုက္လာခဲ့၏။ တစ္မနက္လုံး႐ြာသြန္းေနေသာမိုးသည္ ေခတၱခဏသာတိတ္လို႔သြားၿပီး ျပန္လည္႐ြာသြန္းလာပါေသာေၾကာင့္ ဝမ္ရွန္းသည္ ထီးတစ္လက္ကိုကိုင္ကာ ေျခလွမ္းမ်ားကိုခပ္သြက္ သြက္လွန္း၍ ေရွာင္ရွင္းကိုရွာေနမိသည္။ စိတ္ဆိုးသြားေသာ ထိုသက္ရွိေဒါသအိုးေကာင္ငယ္ေလးသည္ သူ႔ကိုထား၍ ဘယ္အရပ္ကိုမ်ားထြက္ခြာသြားပါသနည္း။ သူက ခ်င္းမင္ကဲ့သို႔ေသာ ဆရာသခင္ကိုေတာင္ သစၥာေဖာက္ဖ်က္၍ ကယ္ တင္ခဲ့သည့္တိုင္ အဘယ္ေၾကာင့္ သူ႔အားခ်င္းမင္ေလာက္အေလးမထားဘူးဟု ထင္ျမင္ေနရပါသနည္။ ေရွာင္ရွင္းေျပာဆိုစြပ္စြဲထားေသာ စကားလုံးမ်ားကို အဆက္မျပတ္ေတြးေတာေနရင္းဝမ္ရွန္းသည္ သက္ျပင္းတစ္ခ်က္ကိုခ်လိုက္၏။ ထို႔ေနာက္တြင္ေတာ့ ၿမိဳ႕အဝင္သစ္သားတံတားေလးေအာက္ရွိေခ်ာင္းစပ္တြင္ ထိုင္ေနေသာေရွာင္ရွင္းကိုျမင္လိုက္ရသည္။

"ရွင္းအာ........."

ဝမ္ရွန္းသည္ ေရွာင္ရွင္းရွိရာကိုခပ္ျမန္ျမန္ေျပးသြားၿပီး မိုး႐ြာထဲတြင္ထိုင္ေနသူအား မိုးစက္မ်ားကထပ္မံ၍ ထိပါးျခင္းမျပဳႏိုင္ပါေစရန္ ထီးကိုအုပ္မိုးေပးလိုက္ေလ၏။ သူ႔ကိုေက်ာေပး၍စီးဆင္းေနေသာေခ်ာင္းေရစိမ္းစိမ္းမ်ားကိုထိုင္ၾကည့္ေနေသာ ေရွာင္ရွင္းကိုၾကည့္ေနရင္း ဝမ္ရွန္းသည္ ျပန္လမ္းမႈန္ရီေခ်ာက္ကမ္းပါးေအာက္ရွိေခ်ာင္းစပ္တြင္ ျမင္ခဲ့ရသည့္ ယုန္ျဖဴဝတုတ္ေလးကိုျဖတ္ခနဲသတိရသြားမိသည္။ ခ်စ္စရာေကာင္းေသာယုန္ဝတုတ္ေလးစိတ္ဆိုးေနဟန္ႏွင့္ တစ္ပုံတည္းတူေနေသာ ေရွာင္ရွင္း၏ပုံစံသည္ လြန္ခဲ့သည့္နာရီပိုင္းကပင္ လူတစ္ေယာက္ကို မ်က္ေတာင္မခတ္ဘဲသတ္ခဲ့သည္ဟု ယုံခ်င္စရာမရွိေအာင္ ျဖဴမြတ္သန္႔စင္သည့္အဆင္း သ႑ာန္ႏွင့္ျပည့္စုံလြန္းလွေပသည္။ သူဝယ္ေပးထားခဲ့သည့္ သစ္႐ြက္ေျခာက္ေရာင္ ဝတ္႐ုံလႊာသည္ ေရွာင္ရွင္း၏ ကိုယ္ထည္ေပၚတြင္ ႂကြႂကြ႐ြ႐ြရွိတည္ရွိေနၿပီး မိုးေရစက္မ်ားထိစင္ေနသည့္တိုင္ ေဆာင္းရာသီ၏သစ္႐ြက္ေႂကြတို႔လိုေကာ့ပ်ံေနေသးသည္။ မလွမ္းမကမ္းတြင္ အဆက္မျပတ္စီးဆင္းေနေသာေရအလ်ဥ္ကေတာ့ ေရွာင္ရွင္း အနီးကိုခ်ဥ္းကပ္လာၿပီးမွ ေျမေခြးငယ္ေလး၏ အရွိန္အဝါကိုေၾကာက္႐ြံ႕ဟန္ျဖင့္ ထိုေကာင္ေလးအား မထိဝံ့ေလဘဲ အေဝးကိုလူးလြန္႔ထြက္ေျပးသြားၾကျပန္သည္။

ဝမ္ရွန္းသည္ ထီးကိုကိုင္ေဆာင္ထားလ်က္ပင္ ေရွာင္ရွင္းဘက္ကိုမ်က္ႏွာမူ၍ ထိုင္ခ်လိုက္၏။ အထက္မွက်ဆင္းလာေသာ မိုးစက္မ်ားက မ်ားလြန္းလွသည္မို႔ သူသည္ ႏွစ္ေယာက္စာအတြက္ ေသးငယ္ေနေသာထီးကို ေရွာင္ရွင္းရွိရာဘက္သို႔သာ သာသာထိုးထိုးမိုးထားေပးလိုက္သည္။ ထို႔ေနာက္ ေခါင္းကိုေစာင္းငဲ့ကာ ေရွာင္ရွင္းမ်က္ႏွာကို ႐ႊန္း႐ႊန္း စားစားၾကည့္ေနလိုက္၏။

ဝမ္ရွန္း၏ေလသံေပ်ာ့ေပ်ာ့ၾကည္ၾကည္သည္ မိုးေရစက္မ်ားႏွင့္ေရာေထြး၍ထြက္ေပၚလာသည္။

"ကိုကို႔ကို စိတ္ဆိုးေနတုန္းပဲလား..... "

"..........."

ေရွာင္ရွင္းသည္ကားတိတ္ေန၏။ မ်က္ေမွာင္ကိုလည္းအစြမ္း ကုန္ မႈန္ကုတ္ထားသည္။ ထိုအခါ ဝမ္ရွန္းသည္ သူ႔ကိုအၿမဲ တမ္းမာေရေက်ာေရျဖင့္ဆက္ဆံခဲ့ေသာ ကြၽင္းဟယ္လ်န္ ကဲ့သို႔ ဟန္ေဆာင္ထားသည့္ ေရွာင္ရွင္း၏ပုံစံကို သတိရသြားျပန္သည္။ ျမစိမ္းေရာင္ဝတ္စုံျဖင့္အၿမဲတမ္းသားနားေနပါေသာ၊ ဘယ္သူ႔ကိုမွဂ႐ုမစိုက္ဟန္ျဖင့္မ်က္ႏွာကိုအၿမဲတမ္းေမာ္ခ်ီထားပါေသာ၊ ေလးစားသမႈဆိုေသာစကားလုံးကိုအမႈိက္ပုံးထဲထည့္ၿပီး ရင့္ရင့္သီးသီးစကားလုံးမ်ားသာေျပာဆိုတတ္ပါေသာ ထိုကြၽင္းဟယ္လ်န္ေနရာတြင္ရွိေနသူသည္ ကြၽင္းဟယ္လ်န္ အမွန္မဟုတ္ဘဲ သူ၏ေရွာင္ရွင္းျဖစ္ေနသည္မွာ အဘယ္မွ်ေကာင္းမြန္လိုက္ေလသနည္း။

ေတြးေတာေနရင္း စိတ္ထဲတြင္ ေပ်ာ္႐ႊင္ၾကည္ႏူးလာပါေသာေၾကာင့္ ဝမ္ရွန္းသည္ ေရွာင္ရွင္းအနားကိုပိုကာတိုး၍ ေရွာင္ရွင္းေကာင္းစြာၾကားႏိုင္ေလာက္မည့္ေလသံမ်ိဳးျဖင့္ေျပာလိုက္သည္။

"ေက်းဇူးျပဳၿပီး ကိုကို႔ကိုစိတ္မဆိုးပါနဲ႔လား.... ရွင္းအာစိတ္ဆိုးရင္ ကိုယ္မေနတတ္လို႔ပါ...... "

"..........."

"ကိုကိုက ရွစ္ဖူကိုေလးစားေၾကာက္႐ြံ႕ရတယ္ဆိုေပမယ့္ ရွစ္ဖူရွိေနတဲ့ေနရာမွာပဲ ရွင္းအာကိုေ႐ြးခ်ယ္ၿပီးထြက္လာခဲ့တာေလ .... အဲဒါကို ကိုကိုက ရွင္းအာထက္ ရွစ္ဖူကိုအေလးထားတယ္ထင္ေနတုန္းပဲလား......ရွစ္ဖူကိုသာပိုဂ႐ုစိုက္ရင္ အဲဒီေန႔က ေနမေကာင္းျဖစ္ေနတဲ့ရွစ္ဖူကိုထားခဲ့ၿပီးေတာ့ေတာင္ထြက္လာမွာ မဟုတ္ဘူးေလ....."

".........."

သူ႔စကားမ်ားကိုေရွာင္ရွင္း က ခြန္းတုံ႔ျပန္ျခင္းမရွိေသာ္လည္း ဝမ္ရွန္းသည္ ေပ်ာ့ေပ်ာင္းညင္သာေသာေလသံျဖင့္သာဆက္ေျပာေန၏။

"ရွင္းအာကလူျဖစ္ျဖစ္မိစာၦျဖစ္ျဖစ္ကိစၥမရွိဘူးလို႔ ကိုယ္ေျပာခဲ့ၿပီးသားပဲမဟုတ္လား.... အဲဒါကိုဘာလို႔အခုလိုအထင္မွားေနရတာလဲကြာ..... "

"............"

"ရွင္းအာကိုကို႔ကိုတကယ္ပဲစကားျပန္မေျပာေတာ့ဘူးလား.."

"............"

"ခုနက ကိုယ္ေျပာခဲ့တာက ရွင္းအာကို လူသတ္တာနည္းနည္းဆင္ျခင္ေစခ်င္႐ုံပါ..... ဒါေပမဲ့ ရွင္းအာေျပာသလို ရွင္းအာေနာက္ကိုက်င့္ႀကံသူေတြမလိုက္ေအာင္ ကိုယ္တို႔လူေျခတိတ္တဲ့ၿမိဳ႕ေလးတစ္ၿမိဳ႕မွာသြားေနၾကမယ္ေလ....ဒါမွမဟုတ္လည္း လူမရွိတဲ့ေတာထဲမွာ ဝါးအိမ္ေလးတစ္လုံးေဆာက္ၿပီးသြားေနၾကမယ္.... ဘယ္သူေတြနဲ႔မွမေတြ႕ေတာ့ဘူးေပါ့... ဒီလိုဆို ရွင္းအာကိုလည္း ဘယ္သူမွဒုကၡေပးဖို႔ႀကိဳးစားၾကေတာ့မွာမဟုတ္ဘူး .....ကိုကိုေျပာတာ မေကာင္းဘူးလား........ "

"မေကာင္းဘူး !!!!"

ေရွာင္ရွင္းသည္ ထိုတစ္ခြန္းသာ ခပ္ျပတ္ျပတ္ေျပာၿပီး ထထြက္သြားသည္။ ထိုအခါ ဝမ္ရွန္းက အေနာက္မွေျပးလိုက္၍ ထီးမိုးေပးရျပန္၏။

"ေရွ႕ကိုဆက္သြားရင္ သူဖုန္းစားၿမိဳ႕ပဲ..... ရွင္းအာ အဲဒီၿမိဳ႕ကိုေရာက္ဖူးလား......"

ေရွာင္ရွင္းသည္ အျပစ္မရွိေသာၿမိဳ႕ကိုမႈန္ေတေတႏွင့္လွမ္းၾကည့္၏။ ထို႔ေနာက္ အေကာင္းျမင္မႈျမဴတစ္မႈန္စာေတာင္မရွိေသာေလသံျဖင့္ေျပာသည္။

"ေစာက္တလြဲၿမိဳ႕ !!!"

"..........."

ေလွ်ာက္လွမ္းလာရင္း ၿမိဳ႕ထဲကိုေရာက္လာေသာအခါ မိုးကလည္းတိတ္သြားၿပီျဖစ္၏။ ဝမ္ရွန္းသည္ ထီးကိုပိတ္သိမ္းလိုက္ရင္း မ်က္ဆံညိဳမ်ားကို ေရွာင္ရွင္းဆီသို႔ပို႔ေဆာင္၍ သေဘာတက်ၾကည့္လိုက္၏။

"ဒီၿမိဳ႕မွာတစ္ညေလာက္တည္းမလား..... "

"မသိဘူး။ တည္းခ်င္တည္း။ မတည္းခ်င္ေန။"

"ကိုကိုဗိုက္ဆာေနၿပီ....တည္းခိုေဆာင္ တစ္ခုခုမွာဝင္စားရေအာင္ေနာ္.... "

"မသြားဘူး။ မင္းဘာသာတစ္ေယာက္တည္းသြား"

ဝမ္ရွန္းသည္ ေတာ္႐ုံႏွင့္စိတ္ဆိုးေျပႏိုင္ဟန္မတူေသာ ေရွာင္ရွင္းကိုၾကည့္ရင္း ႀကိတ္၍ၿပဳံးမိလိုက္သည္။ ထို႔ေနာက္ ဘယ္တုန္းကမွမေျပာခဲ့ဖူးသည့္ ပလီပလာစကားမ်ားကိုႀကိဳးစားပမ္းစားေျပာဆိုလိုက္၏။

"ရွင္းအာက အစာစားၿပီးသြားေတာ့ အခုလိုေျပာၿပီေပါ့.... ကိုကိုကေတာ့ ေကာင္းေကာင္းမြန္မြန္မစားရတာေတာ္ေတာ္ၾကာေနပါၿပီ... ေျပာေနရင္း ေခါင္းေတြေတာင္မူးလာသလိုပဲ.... အင္း..... ဒီၾကားထဲမွာ ျဖစ္သလိုအသီးအႏွံေလးေတြပဲစားေနလို႔ထင္ပါတယ္.... တိမ္ျခည္ေမွးေပ်ာ္နားမွာက ဘာဆိုဘာမွမရွိဘူးမဟုတ္လား.... "

"ဘယ္သူကမစားခိုင္းလို႔လဲ.... ကိုယ့္ဘာသာသြားစားေလ။ ေျခေထာက္မပါဘူးလား...... "

"ေျခေထာက္ကေတာ့ပါပါတယ္.... ဒါေပမဲ့ဆက္ေလွ်ာက္ဖို႔အားမွမရွိေတာ့ဘဲ ရွင္းအာရဲ႕...... "

ဝမ္ရွန္းသည္ အားမရွိသည့္ဟန္ျဖင့္ ေျမျပင္ေပၚေဆာင့္ေၾကာင့္ထိုင္ျပလိုက္သည္။ ထို႔ေနာက္ ဗိုက္ကိုဖိႏွိပ္ထား၏။

"ဗိုက္ထဲမွာလည္းအသံစုံျမည္ေနၿပီ..... ရွင္းအာသြားခ်င္သြားပါေတာ့.... ကိုကိုကေတာ့ ဆက္မေလွ်ာက္ႏိုင္ေတာ့ဘူး.... ဒီေနရာမွာပဲထိုင္ေနၿပီး ဒီနားကျဖတ္ေလွ်ာက္မယ့္လူကိုေစာင့္ၿပီးစားစရာေတာင္းလိုက္ပါေတာ့မယ္..... "

"ဝမ္ရွန္း !!!!!"

ေရွာင္ရွင္းသည္ တရႉးရႉးႏွင့္ေဒါသထြက္ေနရင္း ဝမ္ရွန္းကိုေအာ္လိုက္၏။ ထို႔ေနာက္ ခ်ာခနဲလွည့္ၿပီး အေဝးကိုထြက္သြားသည္။ ဝမ္ရွန္းကိုထားရစ္ခဲ့ၿပီး အေတာ္ေဝးေဝးကိုေရာက္သြားၿပီးခါမွ သူသည္ ေဆာင့္ေဆာင့္ေအာင့္ေအာင့္ျဖင့္ ေနာက္ေၾကာင္းျပန္လွည့္လာ၏။

"ထ.......... "

"..............."

"အတူတူလိုက္ခဲ့ေပးမယ္ ထေတာ့....... "

ဝမ္ရွန္းသည္ ယိုင္တိုင္တိုင္ျဖင့္ထလာၿပီး ေရွာင္ရွင္းလက္ ေမာင္းကို ကိုင္၍တြဲထားလိုက္သည္။ သူသည္ အားမရွိေသာေလသံျဖင့္ေျပာ၏။

"ကိုကို႔ကိုတြဲၿပီးေခၚသြားပါေနာ္.... တစ္ခုခုေကြၽးၿပီးမွ ႐ိုက္ခ်င္႐ိုက္ သတ္ခ်င္သတ္....ရွင္းအာသေဘာရွိသလိုလုပ္ႏိုင္ပါတယ္......"

"..........."

ေရွာင္ရွင္းသည္ လမ္းတစ္ေလွ်ာက္လုံးဘာမွမေျပာေတာ့ဘဲ ဝမ္ရွန္းႏွင့္အတူေလွ်ာက္လာခဲ့၏။ သူသည္ ေက်ာက္စိမ္းျဖဴအိမ္ေတာ္သို႔လိုက္မသြားခင္အခ်ိန္မ်ားက ေတာင္ပိုင္းေဒသတြင္ က်င္လည္ခဲ့သည္ျဖစ္၍ ဤၿမိဳ႕မ်ားအေၾကာင္းကိုေတာ့ ေကာင္းေကာင္းသိေလသည္။ သူဖုန္းစားၿမိဳ႕သည္ ေတာင္ပိုင္းေဒသတစ္ခြင္ အဆင္းရဲဆုံးၿမိဳ႕မ်ား၏အထြဋ္အေခါင္ျဖစ္ၿပီး သူဖုန္းစားမ်ားသာစုစည္းေနထိုင္ေသာၿမိဳ႕ျဖစ္သည္။ ၿမိဳ႕တကာလွည့္ပတ္ေတာင္းရမ္းေနေသာ ထိုသူဖုန္းစားမ်ား သည္ ေငြစမ်ားမ်ားရလာသည့္တိုင္ စီးပြားကူးသန္းျခင္းကိုမျပဳ၊ ေငြေၾကးစုေဆာင္းျခင္းကိုလည္းမျပဳဘဲ ရသမွ်ပိုက္ဆံကိုသုံးကာ ေလွ်ာက္သြားေနၾကေသာ အိမ္ေျခရာမဲ့မ်ားသာျဖစ္ သည္။ ဤၿမိဳ႕တြင္ေနထိုင္သည့္ သူဖုန္းစားမ်ားမွာလည္း ၿမိဳ႕တြင္ၿမဲေအာင္ေနသည္မဟုတ္ဘဲ ပ်င္းပ်င္းရွိလာလ်င္ရွိသည့္အိမ္ကိုပါေရာင္းၿပီး အျခားၿမိဳ႕သို႔သြားေရာက္ကာ အိမ္ေျခရာမဲ့သြားလုပ္သူမ်ားသာျဖစ္သည္။ ထူးဆန္းလွေသာ ဤသူဖုန္း စားၿမိဳ႕သည္ ေရွာင္ရွင္း၏အႀကိဳက္ႏွင့္မကိုက္ညီပါ၍ သည္ၿမိဳ႕ကို တစ္ႀကိမ္သာေလွ်ာက္ၾကည့္ခဲ့ၿပီး ေနာက္တစ္ႀကိမ္ဘယ္ေတာ့မွ မလာဘူး ဟု ဆုံးျဖတ္ထားေသာ္လည္း ေရာက္လာရသည္မို႔ ေရွာင္ရွင္းသည္ စိတ္ကုန္ေနလ်က္ရွိသည္။

အေဝးတြင္ျမင္ေနရသည့္ တဲစုတ္သာသာ တည္းခိုေဆာင္ ယိုင္နဲ႔နဲ႔ကေလးကိုျမင္ေသာအခါ ေရွာင္ရွင္းသည္ ႏွာေခါင္းရႈတ္လိုက္ေခ်၏။ သူ႔ေျခေထာက္ျဖင့္တစ္ခ်က္ကန္လိုက္လ်င္ေတာင္ လဲၿပိဳက်သြားႏိုင္သည့္ တည္းခိုေဆာင္ဆီမသြားခ်င္ေသာ္လည္း ဤၿမိဳ႕တြင္ရွိေနသည့္တစ္ခုတည္းေသာတည္းခိုေဆာင္ျဖစ္သည္မို႔ သူသည္စိတ္ကိုေလ်ာ့ထားရ၏။

ထို႔ေနာက္ ေရွာင္ရွင္းႏွင့္ဝမ္ရွန္းသည္ တည္းခိုေဆာင္ပုပုေလးထဲဝင္ကာထိုင္လိုက္ၾကသည္။ ခင္းက်င္းထားေသာသစ္သား ထိုင္ခုံႏွင့္စားပြဲမ်ားကအသံတကြၽိကြၽိျမည္ေနသည္။ တည္းခိုေဆာင္၏နံေဘးတြင္လည္း ပိန္လွီေနေသာျမင္းတို႔အစာစားေနသည့္ ျမင္းေဇာင္းတစ္ခုကရွိေနေသး၏။ ထူးဆန္းသည့္ၿမိဳ႕တြင္ရွိသည့္ ထူးျခားခ်က္တစ္ခုမွာေတာ့ တည္းခိုေဆာင္ထဲသို႔ဝင္လာသည့္တိုင္ သူတို႔ႏွစ္ဦးကိုအဖက္လုပ္ေျပာဆိုဧည့္ခံမည့္ စားပြဲထိုးတစ္ဦးေတာင္ရွိမေနျခင္းပင္ျဖစ္သည္။ ေရွာင္ရွင္းသည္ စားပြဲခုံကိုလက္ျဖင့္ဘုန္းခနဲထုလိုက္၏။

"စားပြဲထိုး !!!"

က်ယ္ေလာင္စြာေအာ္လိုက္သည့္တိုင္ ဘယ္သူမွထြက္မလာေတာ့ ေရွာင္ရွင္းသည္ မီးခိုးေငြ႕မွ်င္းမွ်င္းထြက္ေနသည့္ မီးဖိုေဆာင္ဘက္ကို မ်က္ေစာင္းထိုးကာၾကည့္ရႉလိုက္၏။ ထို႔ေနာက္ စိတ္ျမန္လက္ျမန္ျဖင့္ ထထြက္သြားသည္။

"ဒီဆိုင္မွာစားပြဲထိုးမရွိဘူးလား...... "

သူက မာမာထန္ထန္ေမးလိုက္ေတာ့ အရည္က်ဲက်ဲႏွင့္စြပ္ျပဳတ္အိုးတစ္အိုးကိုေမႊေနသည့္ လူႀကီးတစ္ဦးကလည္း ဘုက်က်ျပန္ေျဖသည္။

"ျမင္တဲ့အတိုင္းပဲ မရွိဘူး...."

"ဒါဆိုဘယ္သူ႔ကိုမွာရမလဲ..... "

ထိုလူႀကီးသည္ သူ႔ကိုအေႂကြးရွင္တစ္ေယာက္လို မႈန္ေတေတ  မ်က္ႏွာထားႏွင့္ေမာ့ၾကည့္လာသည္။ ထို႔ေနာက္ စားပြဲခုံတစ္လုံးေပၚတြင္ အထပ္လိုက္ရွိေနသည့္ ပန္းကန္လုံးမ်ားဆီေမးေငါ့ကာျပ၏။ ထို႔ေနာက္ ေဘာက္ဆတ္ဆတ္ျဖင့္ေျပာျပန္သည္။

"ပန္ကန္လုံးယူ ...။ ဒီမွာ စြပ္ျပဳတ္တစ္ပြဲေလာက္ေပးပါလို႔ လာေတာင္း ....။ ဒီၿမိဳ႕မွာေတာင္းမွစားရမယ္ မေတာင္းရင္မစားရဘူး... ဒါဒီၿမိဳ႕ရဲ႕စည္းကမ္းပဲ.....မေက်နပ္ရင္တျခားၿမိဳ႕ကိုသြား...... "

"ဘာေျပာတယ္....အ႐ိုးနဲ႔အသားတစ္စစီျဖစ္ခ်င္ေနတာလား...ငရဲျပည္ကိုအလည္သြားခ်င္ေနတာလား .. ဟမ္......."

"ရွင္းအာ........ "

ေရွာင္ရွင္း၏ေဒါသကိုသိေနပါ၍ ဝမ္ရွန္းသည္ ေရွာင္ရွင္းကိုဆြဲကာေနာက္သို႔ပို႔လိုက္၏။ ထို႔ေနာက္ ေပါက္ကြဲခါနီးေဒါသအိုး၏ေဒါသကိုေျဖေလ်ာ့ေပးရန္ႀကိဳးစားေျပာဆိုလိုက္သည္။

"ရွင္းအာ သြားထိုင္ေနေတာ့ေနာ္.... ကိုကို႔ဘာသာေျပာလိုက္ပါမယ္....."

"..........."

ေရွာင္ရွင္းသည္ စြပ္ျပဳတ္အိုးကိုေမႊေနသည့္လူႀကီးကို ထ႐ိုက္ေတာ့မလိုမ်က္ႏွာႏွင့္ မေက်မခ်မ္းၾကည့္ေနလ်က္ရွိသည္။ အကယ္၍မ်ားဝမ္ရွန္းသာရွိမေနခဲ့ဘူးဆိုလွ်င္ သူ႔ကိုထိုကဲ့သို႔ေထာင့္မက်ိဳးစြာျပန္ေျပာပါသည့္ ထိုလူႀကီး၏အသက္ႏွင္ခႏၶာသည္ တစ္တြဲတည္းၿမဲ​ၿမံေနဖြယ္ရာအေၾကာင္း မရွိႏိုင္ေတာ့ၿပီျဖစ္သည္။ ေရွာင္ရွင္းသည္ စိတ္ဆိုးဟန္ျဖင့္ ႏွာမႈတ္ထုတ္လိုက္ၿပီး စားပြဲခုံရွိရာသို႔ျပန္ထြက္သြားသည္။

ခဏၾကာေသာအခါ ဝမ္ရွန္းသည္ ပူပူေႏြးေႏြးေလးႏွင့္ေမႊးႀကိဳင္ေနပါေသာ စြပ္ျပဳတ္ပန္းကန္ႏွစ္ပန္းကန္ကိုသယ္ကာ ျပန္ထြက္လာသည္။ ေရွာင္ရွင္းသည္ ပန္းကန္ထဲတြင္လည္ေနသည့္ ၾကက္သြန္ၿမိတ္ႏွင့္ၾကက္ေပါင္လုံးေသးေသးေလးမ်ားကို မ်က္လုံးေစြကာၾကည့္ရႉေန၏။ ထို႔ေနာက္ ပန္းကန္ကို ဝမ္ရွန္းဆီသို႔သာတြန္းပို႔ေပးလိုက္ရင္းေျပာသည္။

"ဒါမ်ိဳးေတြမစားဘူး ..... မင္းပဲစား........ "

ဝမ္ရွန္းသည္ ၿပဳံးေနလ်က္ျဖင့္ ေခါင္းကိုခါယမ္းလိုက္ၿပီး ဟင္းရည္တစ္ဇြန္းခပ္ယူ၍ အရသာကိုျမည္းၾကည့္လိုက္သည္။ ႐ိုး႐ိုးရွင္းရွင္းခ်က္ျပဳတ္ထားပါေသာ ၾကက္သားစြပ္ျပဳတ္ေလးသည့္ ႏုံခ်ာလွေသာေနရာတြင္ ျပဳလုပ္ထားသည့္တစ္ခုတည္းေသာဟင္းလ်ာျဖစ္ေသာ္လည္း ေစတနာပါေန၍လားမသိ အရသာမွာေကာင္းမြန္လွ၏။ ဟင္းရည္ထဲတြင္စိမ့္ဝင္ေနေသာ ၾကက္သား၏အခ်ိဳဓာတ္သည္ လွ်ာဖ်ားတစ္ေလွ်ာက္ေခ်ာေမြ႕စြာစီးဝင္သြားၿပီး လစ္ဟာေနေသာအစာအိမ္တစ္ခုလုံးကိုပင္ေႏြးသြားေစ၏။

ဝမ္ရွန္းသည္ စားပြဲအလယ္တြင္ရွိေနေသာ ပန္းကန္ကို ေရွာင္ရွင္းဆီသို႔ ျပန္လည္တြန္းပို႔ေပးလိုက္သည္။

"ေသာက္ၾကည့္ပါလား .. ေသာက္လို႔တကယ္ေကာင္းတယ္... အသားေလးကလည္းအိေနတာပဲ....ရွင္းအာႀကိဳက္မွာပါ..."

".........."

"ရွင္းအာတကယ္မေသာက္ဘူးလား.....ဒါဆို ကိုကိုအကုန္ေသာက္လိုက္မွာေနာ္.....ဒီၿမိဳ႕ကိုေက်ာ္ရင္ ခရီးကအေဝးႀကီးဆက္ရဦးမွာ.... ၿပီးမွဗိုက္ဆာတယ္ဆိုရင္ ရွင္းအာျပန္လာစားလို႔မရဘူးေနာ္......"

"ငါကဘာလို႔ဒါေတြစားရမွာလဲ.... ဒီနားမွာ႐ြာအစုတ္ပလုတ္ေတြေပါေနတာပဲ.... တစ္႐ြာေလာက္ဝင္သတ္ၿပီးစားလိုက္ရင္ရတာပဲ......"

"ဘာလို႔........ဘာလို႔ အဲဒီလိုၾကမ္းတမ္းတဲ့စကားေတြကိုေျပာေနရတာလဲ..... "

ဝမ္ရွန္းသည္ ထိုတစ္ခြန္းသာေျပာၿပီးဆက္မေျပာေတာ့ပဲ ဝမ္းနည္းဟန္ျဖင့္ စြပ္ျပဳတ္ပန္းကန္ကိုသာငုံ႔ေမႊေနသည္။ သူသည္ ထိုကဲ့သို႔ၾကမ္းတမ္းရက္စက္ေသာ ေရွာင္ရွင္း၏စိတ္မ်ားကိုမည္ကဲ့သို႔ျပဳျပင္ေပးရမည္ကိုမသိဘဲျဖစ္ေန၏။ ေရွာင္ရွင္းသည္ စိတ္ဆိုးေန၍ ထိုစကားမ်ားကိုေျပာေနသည္ကိုသိေသာ္လည္း စိတ္ပိုင္းျဖတ္လိုက္လွ်င္ သူေျပာလိုက္သည့္အတိုင္းလုပ္ေဆာင္ႏိုင္သည့္ စြမ္းအင္ရွိသူမ်ိဳးျဖစ္၍ ဝမ္ရွန္းပိုကာစိုးထိတ္ေနရသည္။ ထို႔အျပင္ ေရွာင္ရွင္းေျပာခဲ့သည့္အတိုင္း သူ၏ပင္ကိုစ႐ိုက္ကိုက ထိုကဲ့သို႔ရက္စက္ၾကမ္း ၾကဳတ္တတ္သည့္စ႐ိုက္ျဖစ္ေနေသာေၾကာင့္ ဝမ္ရွန္းသည္ ေရရွည္တြင္ ဤကိစၥကိုမည္သို႔မည္ပုံကိုင္တြယ္ရမည္ကို မသိႏိုင္ဘဲ လမ္းေပ်ာက္ေန၏။ ထို႔ေနာက္ အရင္က သူတစ္ခုခုမသိသည့္အခ်ိန္တိုင္းတြင္ ဆရာသခင္ျဖစ္သူကို အခ်ိန္မေ႐ြးေမးျမန္းလို႔ရေသာ္လည္း ယခုေတာ့ ခ်င္းမင္ကိုလည္း ေမးျမန္းလို႔မရၿပီမို႔ သူ၏စိတ္မ်ားသည္ပို၍ေလးလံလာေတာ့သည္။

ဝမ္ရွန္းတိတ္သြားေသာအခါ ေရွာင္ရွင္းသည္ ေခါင္းငိုက္ထားေသာသူ၏မ်က္ႏွာကိုၾကည့္ရႉေနရင္း ဝမ္ရွန္းမ်က္ႏွာကို႐ိုက္ခတ္ေနသည့္ စြပ္ျပဳတ္အခိုးအေငြ႕ေလးမ်ားကိုၾကည့္ကာ မ်က္ေမွာင္ကုတ္လိုက္ျပန္၏။ ယခုအခ်ိန္တြင္ ဝမ္ရွန္းမ်က္ ႏွာမွမ်က္ေတာင္နက္မ်ားၾကား တိုးေဝွ႔တြန္းတိုက္ေနရသူသည္ အဘယ္ေၾကာင့္ သူမျဖစ္ရဘဲ သူဖုန္းစားအိုႀကီးခ်က္ ျပဳတ္ထားေသာစြပ္ျပဳတ္အေငြ႕မ်ားျဖစ္ေနရပါသနည္း။ ေပါက္ၿပဲေနေသာေခါင္မိုးေပါက္မွ က်ဆင္းလာေသာေနေရာင္ျခည္မ်ားသည္လည္း အဘယ္ေၾကာင့္ သူ၏ခြင့္ျပဳခ်က္ကိုမေတာင္းခံဘဲ ဝမ္ရွန္း၏မ်က္ႏွာေပၚကိုအားပါးတရျဖာက်ေနရပါသနည္း။ ေရွာင္ရွင္းသည္ ဝမ္ရွန္းအနီးတြင္ရွိေနေသာ ထိုအရာမ်ားအေပၚ မနာလိုျဖစ္ေနမိရင္း ဝမ္ရွန္းေပးထားေသာ စြပ္ျပဳတ္ပန္းကန္ကိုဆြဲယူလိုက္သည္။ ထို႔ေနာက္တစ္ဇြန္းကိုျမည္းစမ္းၾကည့္လိုက္၏။ ထိုအခါ ဝမ္ရွန္း၏ အညိဳေရာင္မ်က္ဆံေလးမ်ားသည္ ႐ုတ္တရက္အေပၚကိုေျမာက္တက္လာၿပီး သူႏွင့္အၾကည့္ခ်င္းဆုံမိသြားသည္။ ထိုကဲ့သို႔အၾကည့္ခ်င္းထိဆုံသြားေသာအခါ ဝမ္ရွန္း၏ႏႈတ္ခမ္းစြန္းေလးမ်ားသည္လည္းအထက္ကိုညင္သာစြာပင့္တင္လာသည္။

ေရွာင္ရွင္းသည္ မ်က္ႏွာတြင္ၿပဳံးရိပ္မျပေသာ္လည္း စိတ္ထဲတြင္ေတာ့ အရာအားလုံးကို ပိုင္ဆိုင္လိုက္ရသလို ေပ်ာ္႐ႊင္မိေခ်၏။ သူသည္ ၾကင္နာတတ္ေသာထိုမ်က္ႏွာေပၚမွ ေလွ်ာက်လာမည့္အၿပဳံးေဖ်ာ့ေဖ်ာ့ေလးမ်ားကိုျမင္ရရန္အတြက္ သူ၏အသက္မ်ားစြာကို ႏွေျမာတသျခင္းမရွိ စေတးပစ္ခဲ့သည္။ သူ၏ဘဝတစ္ခုလုံးကိုလည္း ေကာင္းကင္ဘုံ၏ ေရတံခြန္မွက်ဆင္းလာေသာ နတ္ေရစင္မ်ားလိုအလုံးစုံၾကည္လင္သန္႔ရွင္းသည့္ ထိုလူသားအတြက္သာ သုံးျဖဳန္းပစ္ခဲ့ေလ၏။ သူသည္ ဝမ္ရွန္းကို စိတ္ဆိုးမာန္ဆိုးျဖင့္ ကိုယ့္လမ္းကိုယ္ေလွ်ာက္ ဟုေျပာခဲ့ေသာ္လည္း အကယ္၍မ်ား ဝမ္ရွန္းကသာ ခ်င္းမင္ေတာင္ကိုျပန္သြားမည္ဆိုပါက ကယ္ တင္၍မရ ေအာင္ မိုက္မဲလွေသာသူသည္ နည္းလမ္းရွာ၍ ထိုေတာင္ေပၚကိုရေအာင္လိုက္သြားမိဦးမည္ထင္သည္။ ဝမ္ရွန္းအနားတြင္ ေနထိုင္ခ်င္သည့္ ႐ူးသြပ္မႈမ်ားျဖင့္သာျပည့္ႏွက္ေနပါေသာသူသည္ မိုးတိမ္ကေလးျဖစ္လွ်င္လည္း ဝမ္ရွန္းအေနာက္ကိုလိုက္၍ ထိုလူသား၏ကိုယ္ေပၚကို မိုးစက္မ်ားအျဖစ္ခုန္ခ်လိုက္ခ်င္သည္။ ပန္းပြင့္ကေလးျဖစ္လွ်င္လည္း ေမႊးရနံ႔မ်ားကုန္ဆုံးကာ ပြင့္လႊာကေလးမ်ားညိဳးေရာ္သြားသည္အထိ ထိုလူသား၏အနားတြင္သာ ရစ္သီရစ္သီလုပ္၍ေႂကြလြင့္ေသဆုံးသြားခ်င္ေပသည္။

ညေနေစာင္းသို႔ေရာက္လာေသာအခါတြင္ေတာ့ တစ္ခ်ိန္ကုန္လုံးမီးဖိုထဲတြင္ခ်က္ျပဳတ္ေနေသာ လူႀကီးသည္ ေကာက္႐ိုးမိုးကာကိုၿခဳံကာ အျပင္ကိုထြက္လာ၏။ ထို႔ေနာက္ သူ၏ လက္ဖဝါးကိုျဖန္႔ကာ

"ေငြစနည္းနည္းစြန္႔ႀကဲပါဦး"

ဟု ဆိုသည္။ ထိုအခါ ဝမ္ရွန္းသည္ အိတ္ထဲမွ ေငြစအခ်ိဳ႕ကိုထုတ္ကာေပးလိုက္သည္။ ထို႔ေနာက္

"ဒီမွာတစ္ညေလာက္တည္းလို႔ရႏိုင္မယ္မဟုတ္လား..... "

ဟုေမးျမန္းလိုက္သည္။

သူဖုန္းစားအိုႀကီးသည္ ေငြစမ်ားကိုခါးၾကားထဲသို႔ထိုးထည့္ေနရင္းေခါင္းၿငိမ့္ျပ၏။ ထို႔ေနာက္ အခန္းတစ္ခုကိုလက္ညိဳးၫႊန္ျပသည္။

"အခန္းကေတာ့ တစ္ခန္းပဲရွိတယ္... ။ က်ဳပ္ကေတာ့ မႈိခူးထြက္ဦးမွာမို႔ ေနာက္က်ရင္လည္းေနာက္က်မွာေပါ့....မသိေသးဘူး။ က်ဳပ္မလာခင္ျပန္သြားၾကမယ္ဆိုရင္သာ ဘာပစၥည္းမွယူမသြားပါနဲ႔..... "

သူဖုန္းစားႀကီးသည္ စကားကိုရပ္တန္႔ၿပီးမွ ေရွာင္ရွင္းကိုမ်က္ေစာင္းထိုးကာဆက္ေျပာ၏။

"တစ္ခ်ိဳ႕ေတြကလက္ေဆာ့လြန္းလို႔........ "

"ခင္ဗ်ားရဲ႕ပစၥည္းအစုတ္အျပတ္ေတြကို ခ်ီးမို႔ယူသြားရမွာလား......!!!! မႈိခူးရင္းေႁမြကိုက္ေသမယ့္လူႀကီး!!!"

ေရွာင္ရွင္းက ေဒါသူပုန္ထေနေသာ္လည္း ထိုသူဖုန္းစားႀကီးကေတာ့ မိုး႐ြာထဲတြင္ေအးေအးလူလူေလွ်ာက္၍ တေ႐ြ႕ေ႐ြ႕ႏွင့္ထြက္ခြာသြားၿပီျဖစ္သည္။

ထိုအခါ ဝမ္ရွန္းသည္ စားေသာက္၍ၿပီးစီးသြားေသာပန္းကန္မ်ားကို သြားကာေဆးေနလိုက္သည္။ အထဲကိုျပန္ေရာက္လာေတာ့ ေရွာင္ရွင္းမွာ သူတို႔အိပ္ရမည့္အခန္းထဲသို႔ေရာက္ေနၿပီျဖစ္ၿပီး သူေနထိုင္ဖူးသမွ်အခန္းမ်ားထဲတြင္ အစုတ္ပဲ့ဆုံးေသာအခန္းကို ၾကည့္ရႉအကဲခတ္ေနသည္။ က်ဥ္းေျမာင္းကာ ျပတင္းေပါက္တစ္ခုသာရွိေသာအခန္းသည္ကား ၾကမ္းျပင္တြင္ဖုန္မ်ားတက္ေနေသး၏။ အခန္းထဲတြင္ရွိသည့္ တစ္တိုင္တည္းေသာ ဖေယာင္းတိုင္မွာလည္း လက္သန္းလုံးေလာက္သာရွိ၍ မ်က္ေတာင္တစ္ခတ္စာေလာက္အတြင္းကုန္သြားႏိုင္ေလာက္သည္။ တစ္ခါတစ္ခါႂကြက္သံအခ်ိဳ႕ကလည္း သူတို႔ကိုမပ်င္းရေလေအာင္အသံျမည္လ်က္ေဖ်ာ္ေျဖေနေသးေပ၏။ ေရွာင္ရွင္းသည္ ယိုင္နဲ႔နဲ႔ ကုတင္ေပၚထိုင္ေနရင္း ဝမ္ရွန္းကိုျမင္ေသာအခါ ေျပာလာ ၏။

"ေျမာက္ပိုင္းေဒသက လူခ်မ္းသာေတြက ေျမာက္ပိုင္းေဒသကဘုန္းႀကီးေက်ာင္းေတြကိုေတာ့ေ႐ႊခ်ထားၾကတယ္။ ဒီေတာင္ပိုင္းေဒသက်ေတာ့လည္း လူေနတဲ့ေနရာနဲ႔ေတာင္မတူေအာင္စုတ္ျပတ္သတ္ေနတယ္။ ေ႐ႊခ်ၿပီးသားဘုန္းႀကီး ေက်ာင္းေတြကိုထပ္ၿပီးေ႐ႊခ်ဖို႔လုပ္မေနဘဲ ဒီေနရာကလူေတြကို နည္းနည္းပါးပါးစြန္႔ႀကဲေပးကမ္းလို႔မရဘူးလား....."

ဝမ္ရွန္းသည္ မထင္မွတ္ထားေသာစကားမ်ိဳးကိုၾကားလိုက္ရသည္မို႔ ေရွာင္ရွင္းနံေဘးသို႔သြားကာထိုင္လိုက္၏။ သူသည္ ေရွာင္ရွင္း၏ စိတ္ထဲမွ ေကာင္းမြန္သည့္စိတ္ေလးကိုလွစ္ခနဲလွမ္းျမင္လိုက္ရသည္မို႔ စိတ္လႈပ္ရွားသြားမိသည္။ ထို႔ေနာက္ေမးျမန္းလိုက္၏။

"ဘာျဖစ္လို႔လဲ.... ရွင္းအာက ဒီကလူေတြကိုသနားလို႔လား.... "

ေရွာင္ရွင္းသည္ ေခါင္းခါ၏။ သူသည္ သူ႔စိတ္ထဲတြင္ျဖစ္သင့္ျဖစ္ထိုက္သည္ဟုထင္မိေသာ သေဘာတရားတစ္ခုကိုေျပာလိုက္႐ုံမွလြဲၿပီး သနားညႇာတာစိတ္ဆိုတာကိုေတာ့ ဖုန္မႈန္႔ေလာက္ေတာင္ခံစားလို႔မရပါေလ။

"မသနားပါဘူး။ ဒီမွာေမြးလာတဲ့ ကံၾကမၼာမို႔ ဒီမွာေနရတာဘာထူးဆန္းလို႔လဲ။ ငါေျပာခ်င္တာက...လူသားေတြကိုနားမလည္႐ုံပါ... ဘာမွမလိုအပ္တဲ့ေနရာေတြကိုေတာ့ ေငြေတြပုံေပးဖင္ေထာင္ေအာင္ဆုေတာင္းေနၿပီး လိုေနတဲ့လူေတြကိုက်မသိခ်င္ေယာင္ေဆာင္ထားတာမထူးဆန္းဘူးလား။ အဲဒီလိုလူေတြက တကယ္ပဲ စိတ္ေကာင္းရွိတဲ့လူေတြလား... ဟက္... ဒါမွမဟုတ္ ဒီေဒသကိုလာဖို႔ျမင္းတစ္ေကာင္ေတာင္မဝယ္ႏိုင္လို႔လား..... တကယ္ကိုနားမလည္ႏိုင္စရာပဲ... လူသားေတြကေစာက္ရမ္းထူးဆန္းလြန္းတယ္။"

ဝမ္ရွန္းသည္ သေဘာက်စြာၾကည့္ေနရင္း ေရွာင္ရွင္း၏ေခါင္းကိုခပ္ဖြဖြပြတ္ေပးလိုက္သည္။ ထို႔ေနာက္ တိုးတိုးေျပာ၏။

"လူေတြရဲ႕အေၾကာင္းကို ရွင္းအာသိခ်င္ရင္ ကိုကိုနဲ႔အၾကာႀကီးေနေလ.... ရွင္းအာသိခ်င္သမွ်ကို ကိုကိုရွင္းျပမွာေပါ့...."

"........."

ေရွာင္ရွင္းသည္ သူ႔ေခါင္းကိုပြတ္ေပးေနေသာ ဝမ္ရွန္းကိုၾကာၾကာၾကည့္ေနလ်င္ စိတ္ဆိုးေျပၿပီး ေျပးဖက္မိေတာ့မွာမို႔ ကုတင္ေသးေသးေပၚလွဲအိပ္ကာ နံရံဘက္ကိုမ်က္ႏွာမူထား သည္။ ခႏၶာကိုယ္ကိုယ္ေတာ့ ပုစြန္လိုေကြးထား၏။

"အိပ္ေတာ့မလို႔လား...... "

"မိုးေတြဒီေလာက္႐ြာေနတာ... အိပ္တာကလြဲရင္ဘာလုပ္လို႔ရေသးလို႔လဲ....."

ဝမ္ရွန္းကား ဘာမွမေျပာေတာ့ဘဲ ေရွာင္ရွင္းနံေဘးတြင္ဝင္ကာ လွဲေနလိုက္၏။ ျပတင္းေပါက္ကိုဖြင့္ထားသည္မို႔ ျပင္ပတြင္႐ြာေနေသာမိုးက အတြင္းကိုအနည္းငယ္ဖိတ္စင္ေန သည္။ သို႔ပါ၍ ျပတင္းေပါက္ကိုပိတ္လိုက္ျပန္လွ်င္လည္း အခန္းသည္ေမွာင္သြားေပဦးမည္ျဖစ္၏။ ေရွာင္ရွင္းသည္ကား ပိန္းပိတ္ေအာင္ေမွာင္ေနေသာ ယာယီအက်ဥ္းတိုက္ထဲတြင္အၾကာႀကီးေနခဲ့ရသည္ျဖစ္၍ ယခု အခန္းကေမွာင္သြားလွ်င္ ထိုကိစၥမ်ားကိုျပန္လည္သတိရမိေနမည္စိုး၍ ဝမ္ရွန္းသည္ ျပတင္းတံခါးအားမပိတ္ေတာ့ဘဲ မိုးေရစက္တို႔အားတားဆီးႏိုင္မည္ အကာအရံတစ္ခုကိုသာဖန္တီးၿပီး ေရွာင္ရွင္းကိုကာကြယ္ကာအုပ္မိုးထားေစလိုက္သည္။ ထို႔ေနာက္ သူသည္ ကိုယ္ကို ေဘးတေစာင္းလွည့္ကာ ေရွာင္ရွင္းကိုအသာဖက္၍ ေသးေကြးေသး ေရွာင္ရွင္း၏ခႏၶာကိုယ္တစ္ခုလုံးကိုသူ၏ရင္ခြင္ထဲသို႔ထည့္ထားရန္ႀကိဳးစားလိုက္သည္။

သူ႔လက္က ဖက္ထားရန္ႀကိဳးစားေတာ့ေရွာင္ရွင္းသည္ တစ္ခ်က္တြန္႔သြားေသာ္လည္း ျပန္၍ၿငိမ္သြားသည္။ ထိုေကာင္ေလးသည္ သူ႔ကိုတစ္ခ်ိန္လုံးစိတ္ဆိုးေနခဲ့ေသာ္လည္း ေပြ႕ ဖက္ထားျခင္းကိုျငင္းဆန္ျခင္း​မရွိ ၿငိမ္သက္ေနေပ၏။ သို႔ပါေသာေၾကာင့္ ဝမ္ရွန္းသည္ တိုးလ်လွေသာေလသံတစ္ခုကိုဖန္တီး၍ေမးျမန္းလိုက္သည္။

"ရွင္းအာ... ကိုကို႔ကိုစိတ္မဆိုးေတာ့ဘူးမဟုတ္လား..... "

"..........."

ဝမ္ရွန္းသည္ သူ႔ေရွ႕တြင္ေလးအိေပ်ာ့စင္းကာက်ေနသည့္ ေရွာင္ရွင္း၏ ဆံပင္ရွည္မ်ားၾကားကိုေခါင္းတိုးေဝွ႔ရင္းထပ္ေျပာလိုက္၏။ သူ၏လက္တစ္ဖက္ကမူ ေရွာင္ရွင္း၏ လက္ဖမိုးကိုအုပ္မိုး၍ဆုပ္ကိုင္ထားသည္။

"ေျဖပါကြာ......"

"............"

"ကိုယ့္ကိုစကားေျပာပါဦး... "

ေက်ာျပင္ကို႐ိုက္ခတ္ေနသည့္ အသက္ရႉေငြ႕ေႏြးေႏြးသည္ ေရွာင္ရွင္း၏ ေအးစက္စက္ႏွလုံးသားတစ္ခုလုံးကို အလြန္ တရာေႏြးေထြးသြားေစသည္။ သူသည္ အနည္းငယ္လ်င္ျမန္လာေသာ ရင္ခုန္သံမ်ားကိုသတိထားမိေသာ္လည္း အလိုမက်ဟန္ျဖင့္ျပန္ေျပာလိုက္၏။

"နားၿငီးတယ္..... အိပ္ေတာ့..... "

ဝမ္ရွန္းသည္ မ်က္လုံးမ်ားမွိတ္ထားရင္း အသံမထြက္ဘဲ ၿပဳံးရယ္လိုက္မိ၏။ သူသည္ ဤမွ်ခ်စ္စဖြယ္ေကာင္းေသာ ေကာင္ေလးအား ဆုံးရႈံးမသြားရဘဲ ဤေကာင္ေလးႏွင့္ ယခုလိုအတူတူရွိ​ေနရသည္မွာ ကံေကာင္းလြန္းလွသည္ဟုေတြးမိလိုက္သည္။

"ကိုကိုနဲ႔တကယ္စကားမေျပာေတာ့ဘူးေပါ့ ေရွာင္ရွင္းအာ... မင္းက....အရမ္း.... အရမ္း.....အရမ္း.....ကိုရက္စက္လြန္းတာပါပဲ.....အရမ္းကိုရက္စက္လြန္းတယ္.....ကိုကိုက မင္းကိုေခၚထုတ္လာဖို႔အတြက္ ကိုယ့္အေပၚအရမ္းေကာင္းတဲ့ရွစ္ဖူကိုေတာင္ ထားပစ္ခဲ့တာေလ.... ၿပီးေတာ့ ကိုယ္ျဖစ္ခ်င္တဲ့ဆႏၵနဲ႔ ကိုယ္ႀကိဳးစားေနသမွ်အရာအားလုံးကိုစြန္႔လႊ​တ္ပစ္ခဲ့တာ..
.ၿပီးေတာ့ ကိုယ္ ဝူရွန္းရဲ႕အုတ္ဂူဆီကိုေတာင္တစ္ႀကိမ္မွမသြားခဲ့ရေသးဘူး....  အဲဒီလိုကိစၥေတြအကုန္လုပ္ခဲ့တာေတာင္ မင္းကဘာလို႔ဒီေလာက္ေတာင္ေဒါသတႀကီးနဲ႔စိတ္ဆိုးေနရေသးတာလဲ ေရွာင္ရွင္းအာရာ......"

"ေျပာစရာမရွိဘူး ... မေက်နပ္ရင္ေတာင္ေပၚကိုျပန္ေတာ့.... "

ဝမ္ရွန္းသည္ ဆံပင္မ်ားၾကားထဲတိုးထားေသာေခါင္းကိုလႈပ္ယမ္းလိုက္သည္။ ထို႔ေနာက္ သနားခ်င့္စဖြယ္ေကာင္းေသာေလသံျဖင့္ေျပာလိုက္ေလ၏။

"ေတာင္ေပၚျပန္ရင္ ရွစ္ဖူက ကိုကို႔ကိုအျပစ္ေပးေတာ့မွာေပါ့... ။ အက်ဥ္းတိုက္ကိုအေႏွာက္အယွက္ေပးခဲ့တဲ့အျပစ္ကဘယ္ေလာက္ႀကီးလဲသိရဲ႕လား...... ။"

"အက်ဥ္းတိုက္ကိုလား..... "

"ဟုတ္တယ္.... အဲဒီေန႔က အာ႐ုံလႊဲဖို႔အတြက္ အက်ဥ္းတိုက္ကိုေႏွာက္ယွက္ခဲ့ရေသးတယ္ေလ...ေျပာပါဦး ဒီေလာက္ဆို ရွင္းအာ စိတ္ဆိုးေျပသင့္ၿပီမဟုတ္ဘူးလား.... "

"........."

ေရွာင္ရွင္းသည္ အင္းမလုပ္ အဲမလုပ္ျဖင့္ သည္အတိုင္းသာ ၿငိမ္ၿငိမ္ေလးေတြးေတာေနသည္။ သူသည္ ဝမ္ရွန္းအေပၚအမွန္တကယ္စိတ္ဆိုးေနသည္မဟုတ္ဘဲ စိတ္ဆိုးမေျပခ်င္ေယာင္ေဆာင္ေနျခင္းသာျဖစ္၏။ ထိုကဲ့သို႔ စိတ္ဆိုးဟန္ ေဆာင္ေနေသာ သူ႔ကို ေခ်ာ့ေမာ့ေနသည့္ ဝမ္ရွန္း၏ပုံစံသည္
လြန္စြာ ႏူးညံညင္သာလွသည္ျဖစ္၍ ေရွာင္ရွင္းသည္ ဝမ္ရွန္းအား ကမာၻေျမ၏အလွ်ိဳ႕ဝွက္ဆုံးေသာေနရာတစ္ခုကိုသာရွာ၍ ထိုလူသားအားမည္သူမွ်မျမင္ရ မေတြ႕ရေအာင္ သိမ္း ထားခ်င္စိတ္မ်ားတဖြားဖြားေပၚေပါက္လာသည္။

ထိုအခ်ိန္တြင္ ေရွာင္ရွင္း၏လက္ဖဝါးႏုႏုကို ကိုင္ထားေသာ ဝမ္ရွန္း၏လက္ဖဝါးသြယ္သည္ ႐ုတ္တရက္ေ႐ြ႕လ်ားသြားသည္။ ဝမ္ရွန္းသည္ သစ္႐ြက္ေျခာက္ေရာင္ ပိုးသားဝတ္႐ုံေအာက္ကိုလက္လွ်ိဳ၍ ေအာက္တစ္ေနရာတြင္အိပ္ေမာက်ေနလ်က္ရွိေသာ ျခေသၤ့ေပါက္ေလးတစ္ေကာင္ကို ထိကိုင္ေနရင္းေျပာလိုက္၏။ ဝမ္ရွန္း၏ေလသံသည္ ရွတတႏွင့္တိုးလ်လြန္းလွသည္။

"ရွင္းအာကိုေနလို႔ေကာင္းေအာင္လုပ္ေပးမယ္.... အဲဒါေၾကာင့္ ေက်းဇူးျပဳၿပီး စိတ္မဆိုးပါနဲ႔ေတာ့.... ဒီထက္ပိုၿပီး....... "

ဝမ္ရွန္းသည္ မ်က္လုံးမ်ားမွိတ္ထားရင္း ႏူးညံ့သည့္အရာတစ္ခုကို သိမ္သိမ္ေမြ႕ေမြ႕ေလးကိုင္တြယ္ေပးေနမိသည္။ သူ႔လက္ထဲတြင္ရွိေနသည့္ ထိုျခေသၤ့ေလးသည္ ပထမေတာ့ အိပ္ခ်င္မူးတူးျဖင့္ ၿငိမ္သက္ေနေသာ္လည္း ေနာက္ေတာ့သူ၏ေခၚေဆာင္မႈေနာက္ကို လိုလိုလားလားလိုက္ပါလာ၏။

"အ....."

ပူေႏြးလာေသာႏွလုံးေသြးမ်ားႏွင့္ က်ယ္ေလာင္လာေသာရင္ခုန္သံမ်ားကိုထိန္းညႇိရင္း ဝမ္ရွန္းသည္ ေဒါသအိုးသခင္ေလး၏ ျမန္ဆန္လာေသာ အသက္ရႉသံမ်ားကိုအားစိုက္နားေထာင္ေနမိသည္။ ရင္ထဲတြင္ျဖစ္ေပၚလာေသာခံစားခ်က္မွန္သမွ်ကို ဘယ္တုန္းကမွလြယ္လင့္တကူထုတ္မျပေသာ ေရွာင္ရွင္းကေတာ့ သူ၏ႏုေထြးေသာလက္ဖဝါးတို႔ကိုသာ လက္သီးဆုပ္ထား၏။ ေရွာင္ရွင္း၏အေနာက္တြင္ရွိေနျခင္းေၾကာင့္ ေရွာင္ရွင္း၏မ်က္ႏွာမည္သို႔မည္ပုံျဖစ္ေနမည္ကို မသိရပါေသာေၾကာင့္ ဝမ္ရွန္းသည္ ေနာက္တစ္ႀကိမ္ခိုး၍ၿပဳံးလိုက္မိျပန္သည္။ ေရွာင္ရွင္းႏွင့္သာမဆုံေတြ႕ခဲ့ဘူးဆိုလွ်င္ သူသည္ သည္လိုကိစၥမ်ိဳးကိုဘယ္တုန္းကမွရင္ဆိုင္ႀကဳံေတြ႕ရလိမ့္မည္မဟုတ္။ စိတ္ကူးျဖင့္ေတာင္ ေတြးေတာမိလိမ့္မည္လည္း မဟုတ္ပါေခ်။

တစ္ခဏၾကာေသာအခါတြင္ေတာ့ ခပ္ဖြဲဖြဲ႐ြာေနေသာမိုးသံ တို႔၏အေနာက္တြင္ တိုေတာင္းေသာအသံေလးတစ္ခုက ကပ္လ်က္လိုက္ပါလာသည္။ ေရွာင္ရွင္း၏ အသံသည္အခန္းတစ္ခုလုံးကို႐ုတ္တရက္ပ်ံ႕ႏွံ႔သြားေခ်၏။

"ရၿပီ..... စိတ္ဆိုးေျပၿပီ... ေတာ္ေတာ့..... "

"မေတာ္ပါဘူး.... ခ်င္း႐ႊယ္ေျမေအာက္ခန္းထဲမွာတုန္းကေရာ ရွင္းအာ ေတာ္ခဲ့လို႔လား..... "

ေျမေအာက္ခန္းထဲတြင္ျဖစ္ပ်က္ခဲ့သည့္ ကိစၥမ်ားကို ဝမ္ရွန္းမွတ္မိေနေၾကာင္းသိလိုက္ရေတာ့ ေရွာင္ရွင္းသည္ ႐ုတ္တ ရက္ လန္႔ဖ်န္႔သြားေခ်၏။ သို႔ေသာ္လည္း ဝန္ရွန္း၏လက္မ်ားက သူ႔ကို႐ူးသြပ္ေအာင္မျပဳစားႏိုင္​သ၍ ရပ္တန္႔သြားႏိုင္ေခ်မရွိပါေသာေၾကာင့္ သူသည္ တျခားအရာမ်ားကိုမေတြး ေတာႏိုင္ေတာ့ဘဲ ဆားထိသြားေသာတီေကာင္ေလးလို၊ ေသရည္မူးသြားေသာအလွေမြးငါးေလးလို၊ ပင္စည္ႏွင့္ဝင္တိုက္ကာ ခ်ာခ်ာလည္သြားေသာ ပြင့္ဖက္ေႂကြေလးလိုလြန္႔လူး၍ သာ သူ႔အားျပဳစားေနေသာလက္တို႔ကို လြန္ဆန္ရန္ႀကိဳးစားေနရသည္။ ထိုအခ်ိန္တြင္ သူ၏အသက္ရႈသံမ်ားကလည္း ဝင္သက္ႏွင့္ထြက္သက္စပ္ယွက္ကာ က်ယ္က်ယ္ေလာင္ေလာင္ထြက္ေပၚလာေခ်၏။ ေရွာင္ရွင္းသည္ ေျခေခ်ာင္းေလးမ်ားကိုကုပ္ထားမိၿပီး သူ႔ေရွ႕တြင္ရွိေနေသာ သက္မဲ့နံရံႀကီးကိုသာ ၿဖိဳခ်ပစ္ေတာ့မလိုမ်က္ႏွာထားႏွင့္ စူးစူးစိုက္စိုက္ၾကည့္ေနမိသည္။

ေနာက္ဆုံးမွာမွ သူသည္ ရွည္လ်ားေမာဟိုက္ေနေသာ ထြက္ သက္တစ္ခုကိုခ်လိုက္ၿပီး တုန္ယင္မႈတစ္ခုႏွင့္အတူမ်က္လုံးမ်ားကိုမွိတ္ခ်လိုက္သည္။ ထို႔ေနာက္ သူသည္ ကတိမ္း ကယိမ္းျဖစ္သြားေသာ အသက္ရႈႏႈန္းမ်ားကိုတည္ၿငိမ္ေအာင္ႀကိဳးစား၍ အျပစ္တင္စကားတစ္ခြန္းကို ဦးစြာေျပာလိုက္၏။

"ကိုကိုကသိပ္မုန္းဖို႔ေကာင္းတယ္"

"........"

ဝမ္ရွန္းသည္ ညစ္က်ယ္က်ယ္ရယ္ေမာလိုက္ရင္း အလုပ္မ်ားသြားသည့္ လက္ကို အေပၚသို႔ျပန္ပင့္တင္လာရင္း ႂကြက္သားေသးေသးေလးမ်ားေမွးစက္ေနသည့္ ေရွာင္ရွင္း၏ဗိုက္သားေပၚတြင္ အနားယူေစလိုက္သည္။ သူသည္ ေဒါသအိုး၏ရယ္သံေလးမ်ားကိုၾကားခ်င္၍ လက္ေခ်ာင္းမ်ားကိုလႈပ္႐ြေစ၍ ကလိထိုးရန္ႀကိဳးစားလိုက္သည္။ သို႔ေသာ္လည္း ထိုေကာင္ေလးသည္ ယားဟန္မေပၚဘဲ သည္အတိုင္းသာၿငိမ္သက္ေနရင္းမွ သူ႔ဘက္ကိုလွည့္လာသည္။ ထို႔ေနာက္ ဝမ္ရွန္းက သူ႔မ်က္ႏွာကို ေကာင္းစြာမၾကည့္ရေသးခင္မွာပင္ သူသည္ ဝမ္ရွန္းရင္ခြင္ထဲကိုေခါင္းျဖင့္တိုးေခြ႕လိုက္၏။ ထို႔ေနာက္ ခပ္တိုးတိုးေျပာလာသည္။

"ကိုကိုအဲဒီကိစၥကိုမွတ္မိေနမယ္လို႔မထင္ထားဘူး..... ေမ့ေလ်ာလြင့္ျပယ္ကိုေသာက္ခဲ့တယ္မလား အဲဒါကိုဘာလို႔.. "

ဝမ္ရွန္းသည္ ေရွာင္ရွင္း၏ေခါင္းကို တယုတယေပြ႕ထားရင္း နဖူးကိုတစ္ခ်က္နမ္းရႈိက္ၿပီးမွ ျဖည္းညင္းစြာေျပာလိုက္သည္။

"ေမ့ေလ်ာလြင့္ျပယ္က အတုႀကီးမို႔လို႔ေနမွာေပါ့....ဒါမွမဟုတ္လည္း ေမ့ေလ်ာလြင့္ျပယ္ကို ေသာက္တာေတာင္ ကိုယ္မင္းကိုေမ့ပစ္လိုက္ဖို႔ကမျဖစ္ႏိုင္လို႔ေပါ့.... "

"ေဖလ်န္.... ကြၽင္းေဖလ်န္ သူကြၽန္ေတာ့္ကိုလိမ္ခဲ့တာျဖစ္ရမယ္.... ဒါေပမဲ့ေကာင္းပါတယ္.... အရာအားလုံးကို ကြၽန္ ေတာ္တစ္ေယာက္တည္းမွတ္မိေနရတာက ေသလိုက္ခ်င္စရာ ေကာင္းလြန္းတယ္.... ကိုကိုပါမွတ္မိေနတာပိုေကာင္းတယ္..."

"......."

ေရွာင္ရွင္းသည္ ေျပာခ်င္တာေျပာၿပီး ေခါင္းကိုသာဝမ္ရွန္း၏ရင္ခြင္က်ယ္ဆီအႀကိမ္ႀကိမ္တိုးေဝွ႔ေနခဲ့သည္။ ဤရင္ခြင္ကို သူတိုးေဝွ႔ခဲ့သည့္ေနာက္ဆုံးအႀကိမ္သည္ ၾကယ္ေႂကြႏွင္းၿမိဳင္ထဲတြင္ ဝမ္ရွန္းေသလုေျမာပါးျဖစ္ေနသည့္အခ်ိန္ျဖစ္သည္။ ထိုအမွတ္တရသည္ သူ႔အတြက္ေတာ့ အနက္ရႈိင္းဆုံးေသာငရဲတစ္ခုလိုဆိုး႐ြားလြန္းလွေပ၏။ ယခုေတာ့ ဝမ္ရွန္းသည္ သူ၏အေရွ႕တြင္ အႏၲရာယ္ကင္းစြာျဖင့္အေကာင္းအတိုင္းရွိေနေပၿပီ။ ထိုအရာသည္ေကာင္းမြန္လွ၏။ အၾကာႀကီးၿငိမ္သက္ေနရင္း တျဖည္းျဖည္းအိပ္ခ်င္လာေသာအခါ ေရွာင္ရွင္းသည္ မ်က္လုံးမ်ားကိုေမွးမွိတ္ထားလိုက္၏။ ထို႔ေနာက္ အတိုးဆုံးေသာေလသံျဖင့္ ေႏွးေႏွးေကြးေကြးေလးေျပာလိုက္ေလေတာ့သည္။

"ေက်ာက္စိမ္းျဖဴအိမ္ေတာ္ကိုေရာက္လာၿပီး ကြၽန္ေတာ္ကိုကို႔ကိုေ႐ြးခ်ယ္ခဲ့ကတည္း​က ကိုကိုက ကြၽန္ေတာ္နဲ႔သက္ဆိုင္တဲ့အရာပဲ ... ကြၽန္ေတာ္နဲ႔သက္ဆိုင္တဲ့အရာကိုဘယ္သူမွလုယူလို႔မရဘူး... ဘယ္သူ႔ကိုမွလုယူခြင့္လည္းမေပးႏိုင္ဘူး ...ျမင့္ျမတ္လွပါတယ္ဆိုတဲ့ကိုကို႔ဆရာသခင္လည္းမရဘူး....ဘယ္သူဆိုဘယ္သူမွမရဘူး... ကိုကိုကကြၽန္ေတာ္ပိုင္ဆိုင္တဲ့အရာတစ္ခုပဲျဖစ္ရမယ္... ကြၽန္ေတာ့္ဆီက ကိုကို႔ကိုလုယူသြားတဲ့သူဟာ ကြၽန္ေတာ့္ရန္သူပဲ... အဲဒီလူဟာ ေသြးပြက္ပြက္အန္ၿပီးအေသ ဆိုးနဲ႔ေသရမယ္.. ၿပီးေတာ့ ကိုကိုကိုယ္တိုင္လည္းကြၽန္ေတာ့္ဆီကထြက္သြားလို႔မရဘူး...ထြက္သြားခြင့္ကိုမေပးဘူး.. ကြၽန္ေတာ္က ကိုကို႔ကို ဘယ္ေတာ့မွလႊတ္ေပးမွာမဟုတ္ေတာ့ဘူး...... "

xxx

Continue Reading

You'll Also Like

472K 16.8K 193
Won Yoo-ha, a trainee unfairly deprived of the opportunity to appear on a survival program scheduled to hit the jackpot, became a failure of an idol...
106K 5.5K 28
Hooked onto drugs, no family, no guidance or sanity until she met HIM. Cover Creds: @Triceynexttdoor ❤️ -BLICKY.
466K 29.1K 40
Let's see how different personalities mends with each other to form a beautifull bond together. Where the Eldest is calm and cold, Second is aggress...
323K 9.7K 78
(Fixed/Fan-TL) Top idol group Stardust, whose members disappear like dust. The group that used to have seven members ends with four members... "Is...