ပြန်လမ်းကြယ်ဝေ စောင်းကြိုးပြေ...

By LeeSeungHan

32.4K 3.2K 609

Starting Date 11Apr 2021 - Ending Date 30Sep 2021 Unicode ရှောင်ရှင်းအာ ဆိုတာကတော့ လူတွေကြားထဲမှာ လူသားဟန်ဆော... More

Introduction
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Art 1
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Art 2
Chapter 44
Chapter 45
Chapter 46
ပူဆာခြင်း
Chapter 47
Chapter 48
Chapter 49
Final Part 1
Final Part 2
Art 3
Final Part 3

Chapter 38

277 35 8
By LeeSeungHan

Unicode

ပြန်လမ်းကြယ်ဝေစောင်းကြိုးပြေ Chapter 38

ရှောင်ရှင်းအာကနောက်တစ်ကြိမ်အမှားလုပ်လိုက်မိတယ်

ရှောင်ရှင်းမှာကြားထားသည့်ပစ္စည်းများအားလုံးဝယ်ယူခဲ့ပြီးပါသောကြောင့် ဝမ်ရှန်း သည် ရှောင်ရှင်းအဆောင်ရှိရာကိုလျှောက်လာသည်။ လက်နှစ်ဖက်အပြည့်ချိတ်ဆွဲထားသော ပစ္စည်းများအပြင် လက်ထဲတွင်လည်းဖရဲသီးနီနီရဲရဲတစ်စိတ်ကိုကိုင်ထားသေး၏။ အခန်းရှေ့ကိုရောက်သောအခါ သူသည် တံခါးခေါက်လို​က်သည်။

"ဟယ်လျန်........"

ရှောင်ရှင်းကား ပြန်မဖြေဘဲတိတ်နေ၏။ ထိုအခါ ဝမ်ရှန်းသည် ဆက်မခေါ်တော့ဘဲ အခန်းတံခါးကိုဖွင့်ကာဝင်လာလိုက်သည်။ အခန်းထဲကိုမျက်လုံးတစ်ချက်ဝေ့ကြည့်လိုက်တော့ ရှောင်ရှင်းက စာအုပ်တစ်အုပ်ကို ရင်ဘတ်ပေါ်ကိုတင်၍အိပ်ပျော်နေသည်ကိုမြင်လိုက်ရ၏။ စာဖတ်ရင်း အိပ်ပျော်သွားဟန်တူသည်။ လက်ထဲတွင်ပါလာသမျှကို စားပွဲခုံပေါ်တင်ပြီးသောအခါ ဝမ်ရှန်း၏ ခြေလှမ်းများသည်လည်း ရှောင်ရှင်းကုတင်ဆီကိုအလိုအလျောက်ဦးတည်သွားသည်။ သူသည် အိပ်မောကျနေဟန်တူသော ရှောင်ရှင်းကို မျက်တောင်မခတ်တမ်းကြည့်နေမိပြီး ကုတင်စွန်းလေးတွင် အသာကပ်ထိုင်လိုက်၏။

"ရှင်းအာ.... "

သူသည် ရှောင်ရှင်းမကြားနိုင်လောက်အောင် ခပ်တိုးတိုးရေရွတ်မိရင်း ရှောင်ရှင်းမျက်နှာပေါ်တွင်တင်နေသော မဟူရာရောင် ဆံချည်မျှင်လေးများကို ခပ်ဖွဖွလေးဖယ်ရှားပေး လိုက်သည်။

နဂါးပေါက်စလေးတစ်ကောင်ဟိန်းဟောက်နေသကဲ့သို့အ သက်ရှူသံလေးများတရှူးရှူးထွက်ကာ နိမ့်ခြည်မြင့်ခြည်ဖြစ်နေသော ရင်ဘတ်ကလေး၊ သူကြိုက်နှစ်သက်သောအနီရောင်နှင်းသီးများလို နီရဲနေသည့် နှုတ်ခမ်းဖူးလေး၊ အိပ်နေစဥ်မှာတောင် မှုန်ကုတ်နေဟန်တူသော မိုးသားလို မျက်ခုံးတန်းသွယ်ကလေး... ။ ဒေါသကြီးမားလေ့ရှိသော ထိုကောင်လေး၏ အရာရာတိုင်းသည် အချိန်တိုင်း ထိုင်ကြည့်ချင်စရာကောင်းလွန်းသည်ဟု ဝမ်ရှန်းတွေးနေမိသည်။ သူ၏ရှောင်ရှင်းသည် ဒေါသတကြီးနှင့် သူ့ကိုဆူပူနေလျှင်လည်း ချစ်စ ရာကောင်း၏။ လိုချင်တာရ၍ တည်နေသောနှုတ်ခမ်းပါးရတနာလေးများကိုဖွင့်လှစ်ရယ်မောလိုက်လျှင်လည်း ချစ်စ ရာကောင်းပေသည်။

ဝမ်ရှန်းသည် အိပ်ပျော်နေသောရှောင်ရှင်းကို ကြည့်နေရင်း အရူးတစ်ယောက်လို တစ်ကိုယ်တည်းပြုံးရယ်နေမိသည်။ သူသည် အဘယ်ကြောင့် ဤကောင်လေးအပေါ်ဤမျှကျဆုံးသွားရသည်ကိုမသိ။ ရှောင်ရှင်းရှိနေရာအရပ်ကိုကြည့်ရှူရင်း ရှင်သန်ရခြင်းသည် အဘယ်ကြောင့်ဤမျှကောင်းမွန်သည်ကိုလည်း မသိရှိနိုင်တော့ပါချေ။ 

"........."

ဝမ်ရှန်းသည် ရှောင်ရှင်းကို တစ်ချိန်လုံးစိုက်ကြည့်နေရင်းမှ ပိတ်စက်ထားသော မျက်လုံးလေးများလှုပ်ရှားလာသည်ကိုမြင်သောအခါ ကုတင်စွန်းတွင်ထိုင်​နေရာမှ ထလိုက်သည်။ ထို့နောက် စားပွဲဆီသို့ပြန်သွားကာ ဝယ်ယူလာသော ပစ္စည်း များကို ထုတ်ယူလိုက်၏။

ထိုအခါ သူ၏နောက်ကျောမှထွက်ပေါ်လာသော ရှောင်ရှင်း ၏ အိပ်ချင်မူးတူးအသံကိုကြားလိုက်ရသည်။

"ပြန်လာပြီလား... ဘယ်တုန်းကရောက်နေတာလဲ ..."

ဝမ်ရှန်းသည် ငှက်ပျောရွက်ဖြင့်ထုပ်ပိုးထားသည့် နွေးနေသေးသော အသားပေါင်းလေးများကို ထုတ်ရန်နှီးကြိုးကိုဖြေ
ရင်းပြန်ပြော၏။

"အခုလေးတင်ပါ.....မကြာသေးဘူး.... "

ရှောင်ရှင်းသည် မျက်လုံးများကိုပွတ်ရင်းထလာပြီး ဝမ်ရှန်းလက်ထဲမှ အသားပေါင်းတစ်လုံးကိုယူကာ ပါးစပ်ထဲပစ်သွင်းလိုက်သည်။

ထို့နောက် ဆီဖြင့်အိနေသော အသားပေါင်းလုံးလုံးလေးများကို လိုလိုလားလား ချီးကျူးလိုက်၏။

"ကောင်းတယ်... အပေါ့အငန်အတော်ပဲ.... "

"ဖြည်းဖြည်းစားပါ...သေရည်လည်းသောက်.... ပြီးတော့ ဒီမှာ ဖရုံစေ့နဲ့ မြေပဲလှော်ရောပဲ... မင်းမြည်းဖို့... "

"ငါးကင်ရော... ငါးကင်စားချင်တယ်.."

"အင်း... မီးဖိုဆောင်မှာထားထားတယ်... ငါပြီးရင်ကင်ပေးမယ်နော်.... "

ရှောင်ရှင်းသည် ခေါင်းငြိမ့်လိုက်၏။ လိုချင်တာရနေသောကြောင့် မျက်နှာက ပြုံးရိပ်သမ်းနေသည်။ စားပွဲပေါ်တွင်ရှိနေသော ဖရဲသီးစိတ်ကိုမြင်သောအခါတွင်တော့ သူ၏ မျက်နှာသည် ရုတ်ခြည်းပြောင်းလဲသွားသည်။

"ဒါကဘာကြီးလဲ.... ငါမှာလိုက်လို့လား... "

"ဒါကမီးဖိုဆောင်ကပေးလိုက်တာ... ဒီနေ့ဖရဲသီးတွေအများကြီးခွဲထားတယ် အကုန်လုံးစားဖို့တဲ့.... မင်းမကြိုက်ဘူးလား... "

"......"

ရှောင်ရှင်းသည် ဖရဲသီးကိုဂရုမစိုက်ဘဲ သေရည်အိုးကိုဖောက်ကာ သောက်ရန်ပြင်လိုက်သည်။ အိပ်ရာမှနိုးလာခြင်းကြောင့် သူ၏ဆံပင်ရှည်များက အနည်းငယ်မျှ ပွယောင်းယောင်းဖြစ်နေ၏။ ထိုအခါ ဝမ်ရှန်းသည် ရှောင်ရှင်း၏ပုလဲနက်မျက်လုံးများအား နူးနူးညံ့ညံ့ကြည့်ရှူကာမေးမြန်းလိုက်၏။

"ဆံပင်တွေ..... "

"ဟမ်..... "

"မင်းရဲ့ဆံပင်တွေပွနေတယ်.....ငါလုပ်ပေးရမလား.... "

"သဘောပဲ...... "

ခွင့်ပြုချက်ရသောအခါ ဝမ်ရှန်းသည် စိတ်ထဲတွင်တိတ်တခိုးဝမ်းသာသွားရင်းဖြင့် ရှောင်ရှင်းနားကိုချဥ်းကပ်သွားသည်။  ထို့နောက် လျော့တိလျော့ရဲဖြစ်နေသော ခေါင်းစည်းကြိုးအဖြူရောင်လေးကိုဖယ်၍ ဆံပင်ရှည်များကိုညင်သာစွာဖြေချလိုက်၏။ ရှောင်ရှင်း၏ဆံပင်ရှည်များသည်ကား ဆိုးဆေးသမားတစ်ယောက်၏လက်ထဲမှ ပိတုန်း ရောင်တောက်ပနေသော ပိုးပဝါစလို၊ ရက်ကန်းသမတစ်ဦး၏လက်ထဲမှ ပျော့ခွေညွတ်ကျနေသော ပိုးချည်မျှင်များလို ရှည်လျားအိစက်နေလျက်ရှိပြီး ဝမ်ရှန်း၏လက်ချောင်းများထဲတွင် ပွတ်ကာ သီကာတိုးဝှေ့သွားသည်။ ထိုဆံချည်မျှင်များထွက်ပေါ်လာရာ ခေါင်းလုံးလုံးလေးကတော့ မုန့်စားလိုက် သေရည်မော့သောက်လိုက်ဖြင့် လှုပ်ရွနေ၏။ ဝမ်ရှန်းသည် လှုပ်တုပ် လှုပ်တုပ်ဖြစ်နေသောထိုခေါင်းလေးကို တယုတယကိုင်တွယ်ရင်း ဆံပင်များကို သေ​သေသပ်သပ်ဖြစ်အောင်ပြန်လည်စည်း နှောင်ပေးလိုက်သည်။

"ပြီးသွားပြီ.....သေရည်တွေအကုန်မသောက်နဲ့ဦး ငါမင်းအတွက် ငါးသွားကင်ပေးမယ်နော်.... "

"အင်း...... "

ဝမ်ရှန်းသည်ကား တံခါးရွက်များကိုညင်ညင်သာသာပိတ်ကာ အခန်းထဲမှ ပြန်ထွက်သွား၏။ ထိုအခါ ရှောင်ရှင်းသည် မှန်ရှေ့သို့ပြေးထွက်သွားကာ ဝမ်ရှန်းစည်းပေးခဲ့သော ဆံပင်များ ကြည့်ကောင်းပါ၏လောဆိုတာကို ပထမဦးစွာစစ်ဆေးလိုက်သည်။ သူ့ခေါင်းထက်တွင် ညီညာသပ်ရပ်စွာတည်ရှိနေသော ဆံပင်ကိုမြင်တော့မှ သူသည် သွားလေးများပေါ်လာသည်အထိပြုံးရယ်လိုက်၏။

ထို့နောက် စိတ်ထဲမှတိတ်တခိုး ရေရွတ်လိုက်သည်။

ကိုကိုကအကောင်းဆုံးပဲ...

သူသည်ဝမ်ရှန်း ကိုစောင့်နေရင်း မြေပဲလှော်များကိုတစိမ့်စိမ့်စားနေလိုက်သည်။ သေရည်သောက်လိုက် မြေပဲစားလိုက်ဖြင့် နှစ်နာရီလောက်ကြာလာသော်လည်း ဝမ်ရှန်း၏ အရိပ် အယောင် ကိုမမြင်ရသည့်အခါမှ ရှောင်ရှင်းသည် ထိုင်နေရာမှထလိုက်၏။ စောင့်ဆိုင်းနေရင်း နောက်တစ်ကြိမ်ပြန်လည်အိပ်ငိုက်လာပါသောကြောင့် သူ၏မျက်လုံးလေးများသည် အလွန်အမင်းငိုက်စင်းနေသည်။ ရှောင်ရှင်းသည် စူပုတ်ပုတ်မျက်နှာထားနှင့် အခန်းထဲမှထွက်လာကာ ဆောင့်ဆောင့်အောင့်အောင့်ဖြင့် မီးဖိုဆောင်ဘက်ကိုလျှောက်လာလိုက်၏။

မီးဖိုဆောင်သို့သွားရာစင်္ကြံလမ်းတစ်လျှောက်ကိုလျှောက်လှမ်းလာမိတော့ ချင်းမင်တောင်သည် အပ်ကျသံပင်မကြားရအောင်တိတ်ဆိတ်နေသည်ကို သတိထားမိလိုက်လေသည်။ သို့ကြောင့် ရှောင်ရှင်းသည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ရှူလိုက်ပြီး မီးဖိုဆောင်ရှိရာသို့ ခပ်သွက်သွက် လျှောက်လာလိုက်၏။

"ဝမ်ရှန်း......... "

မီးဖိုဆောင်သို့ဝင်လိုက်သောအခါ မြင်ရလိုက်သောမြင်ကွင်းကြောင့် ရှောင်ရှင်း၏ ခြေလှမ်းများသည် တုန့်ခနဲရပ်တန့်သွားသည်။ အငွေ့တလူလူထွက်နေလေ့ရှိသော မီးဖိုဆောင် သည် အင်မတန် တိတ်ဆိတ်ငြိမ်သက်လျက်ရှိ၏။ မီးဖိုဆောင်ကြမ်းပြင်တွင် လဲကျနေလျက်ရှိသော ဝမ်ရှန်းကိုမြင်တော့ ရှောင်ရှင်းသည် ရုတ်တရက်ကြက်သေသေသွားမိပြီးမှ ဝမ်ရှန်းရှိရာကို ပြေးသွားမိသည်။ ဝမ်ရှန်းသည်ကား အေးစက်လျက်ရှိသော ကျောက်သားကြမ်းပြင်ပေါ်တွင်လဲကျလို့နေသည်။ ခြေချောင်း လက်ချောင်းကလေးများပင်လှုပ်ယှက်ခြင်းမရှိဘဲ အမှန်တကယ်လဲကျနေပေ၏။

"ဝမ်ရှန်း........ "

"ဝမ်ရှန်းကိုကို....... "

သူသည် ကြောက်လန့်တကြားဖြင့် ဝမ်ရှန်းကိုလှုပ်နှိုးနေရင်း လက်ကောက်ဝတ်မှ သွေးကြောများကို အဆောတလျင်
စမ်းသပ်လိုက်သည်။ ခန္ဓာကိုယ်လေးကပူနွေးပြီး အသက်ရှင်နေသေးသည်ကို သိရပါမှ ရှောင်ရှင်းသည် ကပြောင်းကပြန်ဖြစ်သွားသော အသံရှူနှုန်းများကို ပုံမှန်ပြန်ဖြစ်အောင်ကြိုးစားလိုက်၏။ ထို့နောက် မျက်လုံးကိုမှိတ်ထားလိုက်ပြီး မျက်လုံးများကိုမှိတ်ထားလိုက်သည့်တိုင် မျက်ရည်စအချို့သည် ရှောင်ရှင်း၏မျက်တောင်ဖျားများကိုဇွတ်တိုးကျော်ဖြတ်၍ ထွက်ကျလာသည်။ တိုတောင်းလှသောအခိုက်အတန့်ကလေးပင်ဖြစ်သော်ငြားလည်း သူသည် အလွန်တုန်လှုပ်သွား၏။ ဤလောကကြီးတွင် ဝမ်ရှန်း သေဆုံးပျောက်ကွယ်သွားခြင်း ဟူသော ကိစ္စသည် သူဘယ်လိုမှမမြင်တွေ့လိုသောကိစ္စ သူအကြောက်ဆုံးကိစ္စပင်ဖြစ်သည်။

ရှောင်ရှင်းသည် မျက်ရည်များကိုခပ်ကြမ်းကြမ်းပွတ်သုတ်လိုက်ပြီး လှုပ်နှိုး၍ပင်မရလောက်အောင် လွန်စွာအိပ်မောကျလျက်ရှိသော ဝမ်ရှန်း ကိုအသာပြန်ချထားလိုက်၏။ ထို့ နောက် ဘေးဘီကိုကြည့်ရှူလိုက်တော့ တာဝန်ကျဂိုဏ်းသား တစ်ယောက်သည်လည်း ဝမ်ရှန်းကဲ့သို့ အိပ်ပျော်နေသည်မြင်လိုက်ရသည်။

"ဘာတွေဖြစ်နေတာလဲ...... "

ထူးဆန်းနေသော အခြေအနေကိုစစ်ဆေးရန် အခန်းထဲမှ လှည့်ထွက်ဖို့လုပ်ရင်း ရှောင်ရှင်း၏မျက်လုံးများသည် ကျောက်သား စားပွဲခုံပေါ်တွင်ရှိနေသော ဖရဲသီးများဆီရောက်သွားသည်။ သူသည် စားပွဲအနီးကိုလျှောက်သွားရင် ကောင်းမွန်သည့်အငွေ့အသက်ကင်းမဲ့လျက်ရှိသော ဖရဲသီးများကို မျက်မှောင်ကုတ်ကာကြည့်ရှူလိုက်၏။ ထို့နောက် လက်ဖဝါးတစ်ဖက်ကို ဖရဲသီးအနားကပ်၍ အနီရောင် အင်းကွက်တစ်ကွက်ဖန်တီးကာ ထိုဖရဲသီးနှင့်ထိတွေ့စေလိုက်သည်။ ပါးစပ်မှလည်း ရေရွတ်လိုက်၏။

"မူလအသွင်ပြောင်းလဲစေ.. "

သူ၏အနီရောင်အင်းကွက်နှင့်ထိတွေ့သွားသောအခါ ဖရဲသီးသည် ချာချာလည်၍ လှုပ်ခါလာကာ တဖြည်းဖြည်းနှင့် အသွင်ပြောင်းလဲသွားပြီး ငွေရောင်အမွေးအမှင်များဖြစ်သွားသည်ကိုမြင်လိုက်ရသည်။ ရှောင်ရှင်းသည် ထိုအမွေးတို့ကို သူ၏ လက် ချောင်းသွယ်တို့ဖြင့် ကောက်ကိုင်လိုက်ပြီး အငွေ့အသက်ကိုခံစားလိုက်၏။

"ဒီသမင်စုတ်တွေကတော့.... "

သူ့လက်ထဲရှိထိုအမွေးများသည် ငွေဦးချိုသမင် များ၏အ မွေး ဖြစ်ပြီး ထိုသမင်တို့၏အမွေးသည် လူသားတို့အားအိပ် မွေ့ချနိုင်သည့်အစွမ်းရှိသည်။ ထိုသမင်များသည် အုပ်စုဖွဲ့ကာ အမဲလိုက်လေ့ရှိပြီး လူတို့၏သွေးကိုကြိုက်နှစ်သက်တတ်ပါသော အသွေးကိုသောက်သုံးဝါးမြိုသည့် မိစ္ဆာများဖြစ်သည်။ ဥာဏ်များသော ထိုသမင်များအသုံးပြုသည့် ပထမဆုံးလက် နက်မှာတော့ ယခုသူမြင်တွေ့နေရသည့် အိပ်မွေ့ချသမင်မွေးများပင်ဖြစ်ချေသည်။

ရှောင်ရှင်းသည် မျက်စိရှေ့တွင်ရှိနေသော ဖရဲသီးများအားလုံးကို မူလအသွင်ပြောင်းလဲစေလိုက်ပြီး ထိုဖရဲသီးများဝယ်ယူလာသူအား စိတ်ထဲမှလည်း အပြစ်တင်လိုက်သည်။ ထို့နောက် ခြေလှမ်းကျဲများဖြင့် မီးဖိုဆောင်ထဲမှ ထွက်ခွာသွား၏။

ချင်းမင်တောင်တစ်ခုလုံးကိုပတ်ကြည့်လိုက်တော့ ဂိုဏ်းသားတော်တော်များများသည် ရောက်လေရာနေရာတွင် အိပ်ပျော်နေသည်ကိုမြင်ရပြီး ရှုန်းရှန်းဆရာသခင်သည်ပင် သူ့အခန်းထဲတွင်အိပ်မောကျနေသည်ကိုမြင်လိုက်ရသည်။ အတွေ့ အကြုံများပြားလှသော ရှုန်းရှန်းဆရာသခင်သည်ပင် ထိုငွေဦးချိုသမင်တို့၏ထောင်ချောက်ထဲကို ကျရောက်သွားသည်ကိုမြင်တော့ ရှောင်ရှင်းသည် ထိုငွေဦးချိုတို့၏စွမ်းအင်မြင့်မားမှုအဆင့်အတန်းကိုခန့်မှန်းကြည့်လိုက်သည်။

ထိုအချိန်တွင် မိုးခြိမ်းသံကဲ့သို့သောအသံကျယ်ကြီးတစ်ခုသည် ကောင်းကင်ပြင်ကိုဖြိုခွဲသလိုတုန်လှုပ်ကာ မြည်ဟီးလာပြီး မိုးသားမည်းမည်းများသည် ချင်းမင်တောင်တစ်ခုလုံးကို
ရုတ်ချည်းဖုံးလွှမ်းသွားသည်။ ချင်းမင်တောင်သည် ချက်ချင်းဆိုသလိုပင် ညသန်းခေါင်ကဲ့သို့မှောင်ကျသွား၏။

"အကာအရံ...."

ငွေဦးချိုသမင်မိစ္ဆာများ၏ အကြံအစည်ကိုရိပ်စားမိလေသော ရှောင်ရှင်းသည် ခေါင်မိုးများအပေါ် ကိုယ်ဖော့ပျံသန်းသွားကာ မိုးသားများအုံ့ဆိုင်းနေသော ကောင်းကင်ပြင်ဆီသို့ အင်းကွက်တစ်ခုကိုဖန်တီး၍ ပို့လွှတ်လိုက်သည်။ ထိုအခါ သူ၏အင်းကွက်သည် မမြင်ရသော နံရံတစ်ခုနှင့်ဝင်တိုက်မိသကဲ့သို့ ဖြစ်ကာ ပျောက်ကွယ်သွား၏။ သို့ပါသောကြောင့် ငွေဦးချိုသမင်များသည် သူ့ထက်ခြေတစ်လှမ်းစောနေပြီဖြစ်ကြောင်းကိုလည်းခန့်မှန်းသိရှိလိုက်ပေသည်။ ထိုမိစ္ဆာများသည် ချင်းမင်တောင်၏ တောင်ခြေမှ အကာအရံကိုကျော်လွှားလာရုံမျှမကဘဲ သူတို့၏ကိုယ်ပိုင်မိစ္ဆာအကာအရံတစ်ခုကိုပါဖန်တီးပြီး အတွင်းထဲတွင်ရှိနေသည့်သူများကိုထွက်လို့မရအောင်ပြန်လည်ပိတ်လှောင်ထားပြီးပြီဖြစ်သည်။

ရှောင်ရှင်းသည် ခေါင်မိုးထိပ်ဖျားတွင်ရပ်နေရင်းဖြင့် လက် ဖဝါးတစ်ဖက်ကိုဖြန့်ကာ မိစ္ဆာအငွေ့အသက်နောက် လိုက်သည့် အင်းကွက်များစွာကိုဖန်တီးလိုက်၏။ ခါးထိအောင် ရှည် လျားသော ရှောင်ရှင်း၏ဆံပင်ပျော့လေးများနှင့် ငန်းဖြူရောင်ဝတ်ရုံရှည်သည် ကောင်းကင်ပြင်တွင်ရှိနေသောည၏လတစ်စင်းလို ဆွတ်ဆွတ်ဖြူ၍ ညလေပြည်ထဲ၌တလူလူလွင့်ပျံနေသည်။ ရှုပ်ထွေးပွေလီသောအင်းကွက်များစွာကို ဖန်တီးပြီးသည့်နောက်တွင်တော့ ရှောင်ရှင်းသည် ထိုအနီရောင်အင်း ကွက်များကို ချင်းမင်တောင်၏မြေသားရင်ပြင်ပေါ်သို့ကျဲပက်ဖြန့်ကျဲလိုက်၏။ ညကဲ့သို့မှောင်ပိန်းနေသော ပတ်ဝန်း ကျင်တွင်ထွက်ပေါ်လာသော သူ့အင်းကွက်တို့၏ လင်းရောင် ခြည်သည် မှောင်ရီမှိုင်းပျနေသောမိုးသားကောင်းကင်ကော်ဇောပြင်တစ်ခုလုံးကို ဖြတ်ခနဲလင်းကျင်းသွားစေပြီးနောက် မိစ္ဆာအငွေ့အသက်များတည်ရှိနေရာကိုချက်ချင်း ရွေ့လျားသွားပေတော့သည်။ ထိုအခါ ရှောင်ရှင်းသည် ခေါင်မိုးပေါ်မှခုန်ဆင်း၍ အင်းကွက်များအနောက်သို့လိုက်လာပေ၏။

လက်ထဲတွင်တော့ သူ၏ ကိုယ်ပိုင်ဓားတစ်လက်ဖြစ်သည့် အဆုံးမရှိသောနာခံခြင်းဟု အမည်ရသည့် ရုံရှန့်ဓားနက်ရှည်ကိုဆင့်ခေါ်လိုက်သည်။

အငွေ့အသက်နောက်ကိုလိုက်နေသော ထိုအင်းကွက်များက တစ်နေရာတွင်စုဆုံပြီး လမ်းကြောင်းများစွာပြန်လည်ခွဲဖြာသွားသည်ကိုမြင်လိုက်ရသောအခါ ရှောင်ရှင်းသည် မျက်မှောင်ကုတ်လိုက်ချေ၏။

ထို့နောက် သူ့အနီးကိုရုတ်တရက်ချဥ်းကပ်လာသော သမင်မိစ္ဆာတစ်ကောင်၏ အန္တရာယ်ကို ကျွမ်းကျင်စွာဖြင့်ရှောင်တိမ်းလိုက်သည်။ ရှောင်ရှင်းသည် လက်ချောင်းသွယ်တို့ကိုပေါ့ပါးစွာလှုပ်ရှား၍ ရုံရှန့်ကိုငှက်မွှေးလေးကိုကိုင်တွယ်ကာ လေလိုအလျင်ဖြင့် သူ့ကိုလာတိုက်ခိုက်သော သမင်မိစ္ဆာတစ်ကောင်၏ လည်ချောင်းသွေးကြောများကိုလျင်မြန်စွာဖြတ်တောက်လိုက်သည်။ လူအသွင်ဖန်တီးထားသော်လည်း နဖူးထိပ်တွင်ငွေရောင်ဦးချိုရှိနေသည့် မိစ္ဆာသည် ရှောင်ရှင်းခြေ ရင်းတွင် စက္ကန့်ပိုင်းအတွင်းသွေးဖြိုင်ဖြိုင်ကျကာသေဆုံးသွား၏။

ရှောင်ရှင်းသည် သေဆုံးသွားသောမိစ္ဆာကိုမျက်လုံးလေးတစ်ချက်စွေကာကြည့်ရှုလိုက်ပြီးမှ ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်သည်။ ထိုအချိန်တွင် အခြားသော ငွေဦးချိုသမင်အကောင်ငါးဆယ်ကျော်ခန့်သည် ရှောင်ရှင်းအနားကို စက် ဝိုင်းပုံသဏ္ဍာန်ဖြင့် တိုးကပ်လာကြပေ၏။

ရှောင်ရှင်းသည် လက်ထဲမှဓားကိုခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်၏။

ဥာဏ်နီဥာဏ်နက်များသော ငွေဦးချိုသမင်များသည် တစ်ကောင်တည်းဆိုရင်ဆိုင်ရလွယ်ကူသော်လည်း အုပ်စုလိုက်ဖြစ်လာသည့်အခါ သူတို့၏မှော်စွမ်းအင်သည်ပိုမိုအား ကောင်းလာပြီး အမြင်အာရုံလှည့်စားခြင်းကိုပါလုပ်ဆောင်နိုင်သည့် ရှုပ်ထွေးသောစွမ်းအင်ရှိသည့် မိစ္ဆာများဖြစ်သည်။ ထိုမိစ္ဆာများသည် မြေခွေးတစ်ကောင်ဖြစ်သောရှောင်ရှင်း၏ လတ်ဆတ်သော ရနံ့ကိုရသောအခါ ပိုကာဆာလောင်လာ၏။
ရှားပါးမိစ္ဆာဖြစ်သော ရှောင်ရှင်း၏အသွေးအသားကိုသာသောက်သုံးရလျှင် လူရာပေါင်းများစွာ၏အသွေးအသားကိုသောက်သုံးရခြင်းနှင့်ညီမျှသည်ဖြစ်၍ သူတို့၏ငွေရောင်မျက်လုံးများသည် တပ်မက်ဆာလောင်မှုတို့ဖြင့် ပိုကာတောက်ပလာကြသည်။

"သမင်စုတ်တွေက မြေခွေးတစ်ကောင်ကိုပြန်စားချင်သေးတယ်ပေါ့!!! ဘိုးဘေးတွေဆီသွား! ဖင်ထောင်အောင် ဆုတောင်းလိုက် !!!"

ရှောင်ရှင်းသည် နှုတ်ခမ်းပါးလေးကိုပင့်တင်ရယ်မောလိုက်ပြီးသည်နှင့်တပြိုင်နက် သူ့အနားတွင်ရှိနေသော ငွေဦးချိုသမင်များကို မရပ်မနားတိုက်ခိုက်လိုက်သည်။ ထိုအချိန်တွင် ရှောင်ရှင်း၏ လူအသွင်သည်လည်း တဖြည်းဖြည်းပြောင်းလဲသွားပြီး နီမြန်းသော နားသယ်စမှဆံပင်ရှည်များနှင့် ပတ္ထမြားသွေးလိုမျက်လုံးနီနီတို့ကလည်း ထွက်ပေါ်လာပြီဖြစ်သည်။ ရှောင်ရှင်း၏ လက်ထဲမှ မဟူရာရောင်တောက်ပြောင်နေသော ရုံရှန့်သည် လ
အလင်းရောင်သဲ့သဲ့အောက်တွင် တလက်လက်ဖြာလဲ့နေပြီး သမင်သွေးတို့ဖြင့်စွန်းပေလာ၏။ ရှောင်ရှင်းသည် ညှာတာမှုကင်းမဲ့စွာဖြင့် သမင်များစွာကိုသတ်ဖြတ်နေရင်း ၎င်းတို့ဖန်တီးလာသည့်ထောက်ချောက်ဖြစ်သော အမြင်အာရုံလှည့်စားခြင်းတိုက်ကွက်ကို သတိထားမိလိုက်သည်။ ရှောင်ရှင်း၏ စွမ်းအင်ကြီးမားမှုကို ရင်ဆိုင်ရန်မလွယ်ကူမှန်းသိသော ထိုသမင်မိစ္ဆာများသည် သွက်လက်စွာပင် ပတ်ဝန်းကျင်တစ်ခုလုံးကို သူတို့၏မိစ္ဆာစွမ်းအင်များဖြင့် သိုင်းခြုံစေလိုက်ပြီး အာရုံလှည့်စားခြင်းတိုက်ကွက်ကိုပုံဖော်နေပေ၏။

ခေါင်းပြတ်နေလျက်ရှိသော သမင်မိစ္ဆာတစ်ကောင်၏ ဦးချိုကိုကိုင်ထားသော ရှောင်ရှင်းသည် ဝမ်ရှန်းနှင့်အတူရပ်နေသော ချင်းမင်ကိုမြင်သောအခါ လက်ထဲမှခေါင်းပြတ်ကို ရုတ်တရက် လွှတ်ချလိုက်ပေ၏။ သူသည် ထိတ်လန့်မှုကြောင့် ခြေနှစ်လှမ်းမျှနောက်ဆုတ်လိုက်မိသည်။ သို့သော်လည်း အမြင်အာရုံလှည့်စားခြင်းဟူသော အကြောင်းအရာက ခေါင်းထဲကိုအလင်းရောင်တစ်ခုလိုဝင်ရောက်လာသောအခါ သူသည် ချက်ချင်းရှေ့သို့တိုးဝင်သွားကာ သူ့ရှေ့တွင်ရှိနေသော ချင်းမင်အတုအယောင်ကိုဦးစွာတိုက်ခိုက်လိုက်သည်။ တိုက်ခိုက်နေရင်း ငွေဦးချိုသမင်များဖန်တီးထားသော ချင်းမင်အတုသည် အစစ်၏တစ်ဝက်တောင်စွမ်းအင်မရှိသည်ကိုမြင်သောအခါ ရှောင်ရှင်းသည် ဟက်ခနဲရယ်မောလိုက်၏။ ထိုအချိန်တွင် သူ့အနီးတွင်ရှိနေသော ဝမ်ရှန်းသည် သူ့ကို ကူညီ၍အခြားသောသမင်မိစ္ဆာများကိုတိုက်ခိုက်ဖယ်ရှားလာသည်ကိုမြင်လိုက်ရသည်။ ရှောင်ရှင်း စိတ်ရှုပ်သွားချေ၏။

"နိုးလာတာလား ......".

တိုက်ခိုက်နေရင်း ခပ်မြန်မြန်မေးမြန်းလိုက်သော်လည်း ထိုဝမ်ရှန်းသည် သူ့ကိုအာရုံမစိုက်ဘဲ သမင်မိစ္ဆာများကိုသာ တိုက်ခိုက်နေသည်ကိုမြင်လိုက်ရသည်။ ထိုအချိန်တွင် ချင်းမင်အတုကလည်း အဆက်မပြတ်တိုက်ခိုက်လာပါသောကြောင့် ရှောင်ရှင်းသည် ဝမ်ရှန်းဘက်ကိုအာရုံမစိုက်နိုင်တော့ဘဲ ချင်းမင်အတုကိုသာဆက်ပြီးတိုက်ခိုက်နေလိုက်သည်။ စွမ်း အင်ပြည့်ဝခြင်းမရှိသော ထိုအတုအယောင်ကို အားသွန် ခွန်စိုက် တိုက်ခိုက်လိုက်ပြီး နောက်ဆုံးတွင်တော့ ရှောင်ရှင်းသည် ရုံရှန့်ထံတွင်သူ၏စွမ်းအင်များကိုစီးဝင်စေပြီး ချင်းမင်အတု ၏နှလုံးသားတည့်တည့်ရှိရာကိုထိုးစိုက်လိုက်လေတော့၏။ ထိုအခါ ချင်းမင် အတုအယောင်သည် မြေပြင်ပေါ်သို့လဲကျသွားကာ ဆန့်တငင်ငင်ဖြင့် ငွေဦးချိုသမင်မိစ္ဆာအသွင်ပြောင်းလဲသွားသည်ကိုမြင်လိုက်ရသည်။

"ဝမ်ရှန်း..... "

ရှောင်ရှင်းသည် ငွေဦးချိုသမင်တစ်ကောင်နှင့် ရင်ဆိုင်လျက်ရှိသော ဝမ်ရှန်းကိုမြင်သောအခါ အမြင်အာရုံလှည့်စားခြင်းအကြောင်းကိုမေ့လျော့သွားပြီး ဝမ်ရှန်းအနားကိုချဥ်းကပ်သွားသည်။ သို့သော်လည်း အနားသို့ရောက်သောအခါ ထိုဝမ်ရှန်းသည် ရုတ်တ ရက် သူ့ဘက်ကိုလှည့်ပြီး ဓားဦးကိုသူ့ရင်ဘတ်တည့်တည့်သို့ထိုးစိုက်ရန်ချိန်ရွယ်လာ၏။ အန္တရာယ်ကိုသတိထားမိသည်နှင့် အနောက်ကိုဆုတ်၍ချက်ချင်းရှောင်တိမ်းလိုက်သော်လည်း ဓားဦးချွန်ဖြင့် ခြစ်မိသည်ဖြစ်၍ ရှောင်ရှင်း၏ငွေငန်းဖြူရောင်အင်္ကျီ သည် ဟက်တက်အက်ကွဲသွားသည်။

"စောက်ရမ်းမာယာများလွန်းတယ်!!!"

ရှောင်ရှင်းသည်တစ်ယောက်တည်းမကျေမနပ်ရေရွတ်လိုက်ပြီး ထိုဝမ်ရှန်းအတုကိုလည်း တစ်စစီနုတ်နုတ်စင်းရန်ရည် ရွယ်လိုက်သည်။ သူသည် တစ်ချက်မျှတွန့်ဆုတ်အနားယူခြင်းမရှိဘဲ ထိုဝမ်ရှန်းအတုနှင့်တကွ ကျန်ရှိနေသေးသော သမင်မိစ္ဆာများအားလုံးကို အငြိုးကြီးသော တစ္ဆေတစ်ကောင်လို လိုက်လံသတ်ဖြတ်နေလိုက်သည်။ ဤသည်မှာ ရှောင်ရှင်း၏ဖြူလွှသောဝတ်စုံသည် သွေးတို့ဖြင့် ပက်ဖြန်းထားသလိုနီရဲလာသည်အထိပင်ဖြစ်၏။

နာရီဝက်မျှကြာသောအခါ နောက်ဆုံးသောမိစ္ဆာလက်ကျန်များကို ကြည့်ရှူနေရင်း သမင်မိစ္ဆာတစ်ကောင်၏ အလောင်းထဲမှ ဓားကိုရှောင်ရှင်းဆွဲထုတ်လိုက်၏။ သမင်၏ကိုယ်တွင်းမှ နီရဲပျစ်စေးသောသွေးစေးနီနီတို့သည် ရုံရှန့်၏မည်းနက် သောကိုယ်ထည်တစ်လျှောက်တွင် လေးလေးတွဲတွဲလိုက်ပါလာသည်။ နဂိုသန့်ရှင်းသော ချင်းမင်တောင်ရင်ပြင်တစ်ခုလုံးသည် ယခုတော့ ညစ်ညမ်းသောမိစ္ဆာနှင့် သတ်ဖြတ်မှုအငွေ့ အသက်များဖြင့်သာ ပြည့်လျှံနေ၏။ ထို့နောက် ရှောင်ရှင်းသည် သမင်မိစ္ဆာများ၏အနောက်တွင်ရပ်နေလျက်ရှိသော ဝူရှန်း ကိုမြင်လိုက်ရပြန်သည်။

"ဒီစောက်အတုတွေကမကုန်သေးဘူးလား.... "

သူ့လောက်မှစွမ်းအင်ထက်မြက်ခြင်းမရှိလေသော မိစ္ဆာတို့နှင့်ရင်ဆိုင်ရန်ပျင်းရိလှသော ရှောင်ရှင်းသည် သမင်မိစ္ဆာများဆီကို ချက်ချင်းဝင်ရောက်သွားပြီး အသက်များအားလုံးကိုနှုတ်ယူရန်ကြိုးစားလိုက်သည်။ သူသည် နာရီဝက်အတွင်း မြောက်များစွာသော သမင်မိစ္ဆာတို့ကိုသတ်ဖြတ်ခဲ့ပြီးပြီဖြစ်ပြီး ကျန်မိစ္ဆာများအားလုံး၏အသက်သည်လည်း သူ၏ရုံရှန့်ထံတွင်သာအဆုံးသတ်ရမည်ဖြစ်လေသည်။ ထိုကဲ့သို့သော တစ်ကိုယ်တည်းရပ်တည်နိုင်ခြင်းတောင်မရှိသည့် အုပ်စုဖွဲ့တိုက်ခိုက်တတ်သော မိစ္ဆာများက သူ့ကိုစားဖို့ကြံရွယ်ခဲ့ကြောင်း တွေးမိသောအခါ ရှောင်ရှင်းလှောင်ရယ်ချင်လာသည်။ ထိုအချိန်တွင် ငူငူကြီးရပ်နေခဲ့သော ဝူရှန်းသည် သူ့ဆီဝင်ရောက်တိုက်ခိုက်လာပေ၏။

ဝမ်ရှန်းအတုကိုတောင် မျက်တောင်မခတ်ဘဲ သတ်ဖြတ်ခဲ့လေသောရှောင်ရှင်းသည် မည်သို့သောအမြင်အာရုံလှည်စားမှုမျိုးတွင်မှ နစ်မျောသွားတော့မည်မဟုတ်ပေ။

ဝူရှန်းသည်ကား လင်းလွန်းဓားရှည်ကိုဆွဲကိုင်၍ ရှောင်ရှင်းဆီတစ်မုဟုတ်ချင်းရောက်လာသည်။ ရှောင်ရှင်းသည် သွက်လက်စွာဖြင့် သူ့ကို တစ်ဇွတ်ထိုးဝင်ရောက်တိုက်ခိုက်လာသော ဝူရှန်းကို လက်ဖြင့်ခပ်ပြင်းပြင်းတစ်ချက်ရိုက်လိုက်သောအခါ ဝူရှန်းသည် ဝါးနှစ်ပြန်စာအကွာအဝေးထိရောက်အောင်လွင့်ထွက်သွားပေ၏။ ပြင်းထန်လှသော ရိုက်ချက်ကြောင့် ဝူရှန်းပါးစပ်ထဲမှသွေးတို့သည် အပြင်ကိုတရစပ်ထွက်အံကျလာသည်။ ထိုဝူရှန်းကို ရင်ဆိုင်နေရင်းနှင့် အခြားသော သမင်မိစ္ဆာများကိုလည်း မရပ်မနား ရင်ဆိုင်နေရသည့်အခါ ရှောင်ရှင်းသည် ပို၍စိတ်ရှုပ်လာသည်။ ဒေါသထွက်လာသောအခါ သူ၏ လက်မှထွက်ပေါ်လာသောစွမ်းအင်မှန်သမျှသည်လည်း ပိုမိုရက်စက်လာပေ၏။ နောက်ဆုံးတွင်တော့ ရှောင်ရှင်းသည် ဓားဖြင့်တိုက်ခိုက်နေခြင်းကိုရပ်တန့်လိုက်ပြီး ရုံရှန့်ကိုပြန်ပို့၍ မြေခွေးစွမ်းအင်များကို စကားဝါပွင့် ပုံရေးချယ်ထားသည့် မြားတံများသဖွယ်ဖန်တီးလိုက်ပြီး ကျန်ရှိနေသေးသော သမင်မိစ္ဆာများအားလုံး၏ ကိုယ်တွင်းကိုဝင်ရောက်စေကာ အမြူတေမှန်သမျှကို ဖြိုခွဲဝါးမြိုစေလိုက်သည်။

လူသားတို့၏မြားတစ်ရာအင်အားနှင့်ညီမျှပါသည့် ရှောင်ရှင်း၏အမြူတေဖြိုခွဲသော မိစ္ဆာစွမ်းအင်မှဖန်တီးမွေးဖွားထားသည့် မြားတို့က ၎င်းတို့၏ခန္ဓာကိုယ်တွင်းကိုထိုးဖောက်ဝင်ရောက်ပြီး ကိုယ်တွင်းမှ မိစ္ဆာအမြူတေများကိုတစ်စစီဖျက်ဆီးနေသောအခါ သမင်မိစ္ဆာများအားလုံးသည် မြေပြင်ဆီကို ဒူးထောက်လျက်ကျသွားသည်။ ထိုမြင်ကွင်းကို မြင်သောအခါ ရှောင်ရှင်းသည် ကျေနပ်စွာပြုံးလိုက်ပေ၏။ သူသည် ဓားဖြင့်တိုက်ခိုက်ပြီး အပင်ပန်းခံနေမယ့်အစား အစောကတည်းက ဤနည်းလမ်းမျိုးနှင့်တိုက်ခိုက်သင့်ပေသည်ဟု တွေးလိုက်မိသည်။

ခဏမျှကြာသောအခါ သမင်မိစ္ဆာများအားလုံးသည် သွေးအိုင်များကြားထဲတွင် လဲကျကာ တဖြည်း ဖြည်းနှင့်ငြိမ်သက်သွားတော့သည်။ ရှောင်ရှင်းသည် လဲကျနေသောမိစ္ဆာများကိုကျော်လွန်၍ တစ်စုံတစ်ရာကို မျက်တောင်မခတ်ဘဲ ကြည့်နေမိ၏။

ပြင်းစွာသောလက်ဖဝါးဖြင့် သူရိုက်နှက်ခဲ့လေသော ဝူရှန်းသည် ယခုထိ သမင်မိစ္ဆာတစ်ကောင်၏အသွင်အပြင်သို့ပြောင်းလဲသွားခြင်းမရှိသေးပေ။

"ဝူရှန်း..... သူ.......... သူက........... "

မိစ္ဆာများစွာကိုတိုက်ခိုက်စဥ်ကတောင် မောဟိုက်ခြင်းမရှိခဲ့လေသော ရှောင်ရှင်းသည် ရုတ်တရက်ကြီးအသက်ရှူမှားကာ ချွေးပြန်လာသည်။ သူသည် ပုံပျက်ပန်းပျက် လဲကျသေဆုံးနေသော အလောင်းများကိုကျော်ခွ၍ ဝူရှန်းရှိရာကိုသွားလိုက်၏။ ရှောင်ရှင်း၏ခြေလှမ်းများသည် ရှေ့ကိုလှမ်းလိုက်ရန် အလွန်အမင်းတွန့်​ဆုတ်နေသည်။

လှုပ်ရှားနေသော စိတ်တို့ကိုချုပ်ထိန်းပြီးကြည့်လိုက်တော့
မြေပြင်ပေါ်တွင် လဲကျနေသော ဝူရှန်း၏မျက်နှာတစ်ခြမ်းသည် ပါးစပ်ထဲမှသွေးများဖြင့်နီရဲနေသည်။ ဝူရှန်းသည် ကုန်းပေါ်တွင်သောင်တင်နေသော ရွှေငါးလေးတစ်ကောင်လို အသက်ကိုကြိုးစားပမ်းစားရှုရှိုက်နေရ၏။

ရှောင်ရှင်းသည် မြေပြင်ပေါ်တွင် ဒူးထောက်လျက်ထိုင်ချလိုက်ပြီး ဝူရှန်း၏ လက်ကိုကိုင်ကာသွေးကြောများကိုစမ်းသပ်လိုက်သည်။ ထို့နောက် အင်းကွက်တစ်ကွက်ကိုဖန်တီးကာ ဝူရှန်းကိုယ်ထဲကိုထည့်သွင်းလိုက်၏။

"မူလအသွင်ပြောင်းလဲစေ"

ဝူရှန်းကား မည်သည့်သမင်မိစ္ဆာ၏ပုံသဏ္ဍာန်ကိုမှပြောင်းလဲသွားခြင်းမရှိပေ။

သမင်မိစ္ဆာများနှင့်အတူ သူပြင်းထန်စွာဝါးမြိုစေခဲ့လေသော
ဝူရှန်း၏အမြူတေသည် တစ်စစီကွဲကြေသွားခဲ့ပြီဖြစ်ပြီး ဝူရှန်းသည် အသက်မျှင်းမျှင်းသာကျန်ရှိနေတော့သည်ကို သိလိုက်ရတော့ ရှောင်ရှင်း ကြက်သေသေသွားမိ၏။ ထို့နောက် မျက်လုံးများကိုမှိတ်ချလိုက်သည်။

"ဒီနေရာကိုဘာလို့ရောက်လာရတာလဲ အရူးကောင်ရဲ့"

သူသည် ဝူရှန်းလက်ကိုကိုင်ကာ ဝူရှန်းအသက်ကိုကယ်တင်နိုင်မည့်နည်းလမ်းမှန်သမျှကိုစဥ်းစားနေမိသည်။ သို့သော် ဝူရှန်းသည် သူ့လက်ထဲမှ ရုတ်တရက်ရုန်းထွက်လိုက်၏။ ထို့နောက် ရှောင်ရှင်း မျက်နှာကို စူးစူးစိုက်စိုက်ကြည့်ကာ သွေးအန်နေသည့်ကြားမှ ကြိုးစား၍ပြောသည်။

"မိစ္ဆာ......မိစ္ဆာကောင်.... "

"......"

ရှောင်ရှင်းသည် ရင်ထဲတွင်ဒေါသဖြစ်မိသော်လည်း ဝမ်ရှန်း၏ဆရာတူညီဖြစ်နေ၍ စိတ်ကိုထိန်းကာ ဝူရှန်းကိုတွဲထူလိုက်ပြီး ဝူရှန်းဆီသို့ သူ၏စွမ်းအင်အချို့ကိုလွှဲပြောင်းကာ ကုသပေးလိုက်သည်။ သို့သော်လည် သူ၏မိစ္ဆာစွမ်းအင်များသည် ဝူရှန်း၏ပြိုကွဲနေသောအမြူတေကိုအထောက်အပံ့မပေးနိုင်ဘဲ ပိုဆိုးလာစေ၏။ ထိုအခါ ဝူရှန်းသည် ရှိနေသေးသောလက်ကျန်အင်အားဖြင့် ရှောင်ရှင်း ကို တွန်းထုတ်လိုက်ပြီး သူ၏လင်းလွန်းဓားရှည်ကို မြေပြင်တွင်ထောက်ကာ ယိုင်တိုင်တိုင်ဖြင့်ထလိုက်သည်။

ထို့နောက် ပါးစပ်မှသွေးများကိုထွေးထုတ်လိုက်ပြီး ဓားဦးကိုရှောင်ရှင်းဆီသို့ချိန်ရွယ်လိုက်၏။

"ငါ့ကိုကယ်နေစရာမလိုဘူး... သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ ဂရုမစိုက်ဘူး။ ဒီနေ့ ငါမင်းနဲ့တိုက်မယ်"

"အရူးထမနေနဲ့ ဝူရှန်း... ။ မင်းငါ့ကိုနည်းနည်းလေးတောင်ထိခိုက်အောင်မလုပ်နိုင်ဘူး။ မင်းကိုယ်မင်းလည်းပြန်ကြည့်ဦး...."

ဝူရှန်းသည် ခန္ဓာကိုယ်တစ်ခုလုံးက ကျူပင်ငယ်လို ယိမ်း ယိုင်နေသည့်တိုင်ရှေ့ကိုတိုးလာ၏။ လည်ချောင်းထဲမှ သွေးများမပြတ်ထွက်အံလာခြင်းကြောင့် သူ့လေသံများက ရောထွေးနေသည်။ နဂိုကတည်းက သိပ်ပြီးစွမ်းအင်ပြည့်ဝခြင်းမရှိသေးသော သူ၏အမြူတေသည် တစ်စစီဖြစ်လျက် သွေးကြောများအားလုံးပင်ပေါက်ကွဲသွားတော့မလို နာကျင်မှုက ခန္ဓာကိုယ်တစ်ခုလုံးကို ကြမ်းတမ်းခတ်ထန်စွာ စီးဝင်လာသည်။

"မင်းကြောင့်နဲ့ ရှစ်ဖူကိုထိခိုက်ခွင့်မပေးနိုင်ဘူး.... "

သူသည် ရှောင်ရှင်းကိုမည်သို့မျှအနိုင်ယူနိုင်မည်မဟုတ်မှန်းသိသော်လည်း ကြောက်ရွံ့ခြင်းကား စိုးစဥ်းမျှမရှိ။ နောက် ဆုတ်လိုက်ရန်စိတ်ကူးသည်လည်း မြူမှုန်မျှမရှိသလို ရှောင်ရှင်း၏သက်ညှာပေးမှုဖြင့်ဆက်ပြီး အသက်ရှင်နေရန်စိတ်ကူးလည်း နည်းနည်းမှမရှိတော့ပြီဖြစ်သည်။ သို့သော်လည်း သူ၏စိတ်ကို ခန္ဓာကိုယ်က မလိုက်နာတော့သည်မို့ ပြောနေရင်းနှင့် မြေပြင်ပေါ်ကိုလဲကျသွား၏။ ထို့နောက်လည်ချောင်းဝ တွင် တစ်ဆို့နေသော နာကျင်မှုကိုအန်ထုတ်လိုက်ခြင်းနှင့်အတူ ကြေမွနေသော အမြူတေအစိတ်အပိုင်းများက သွေးတို့ဖြင့်ရောယှက်ကာထွက်ကျလာသည်။ ပြင်းထန်စွာရှူသွင်းနေသော ဝူရှန်း၏အသက်ရှူသံများသည် ခြောက်ကပ်တိတ်ဆိတ်နေသောတောင်ရင်ပြင်တွင် ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာပြီး လူကမူ တဖြည်းဖြည်း ငြိမ်ကျသွားသည်။ လင်းလွန်းဓားရှည်ကိုဆုပ်ကိုင်ထားသော ဝူရှန်း၏လက်ချောင်းများတို့သည် ဖြည်းညင်းစွာပြေလျော့သွား၏။ သွေးစက်တို့ပေကျံနေလျက်ရှိသော မျက်နှာပြင်ထက်မှ မျက်ဝန်းများတို့သည်ပင် လေးဖင့်နှောင့်နှေးစွာပုတ်ခတ်နေရသည်။

ရှောင်ရှင်းသည် ဝူရှန်းအနားကိုချဥ်းကပ်သွားလိုက်၏။ ပတ်ဝန်းကျင်ကို မော့ကြည့်မိတော့ သမင်မိစ္ဆာ အလောင်းများမှလွဲ၍မည်သည့်အရာမှမရှိသော ချင်းမင်တောင်တစ်ခုလုံးတွင် ဝူရှန်းကိုကယ်တင်နိုင်မည့်သူသည်ကားတစ်ဦးမျှမရှိ နိုင်တော့ပြီဖြစ်သည်။

မရဏမင်းနှင့်အသက်လုနေရသည့် နောက်ဆုံးတွင်တော့ ဝူရှန်း၏တုန်ယင်အက်ကွဲနေသောစကားသံသည် တိုးလျစွာထွက်ပေါ်လာသည်။

"မင်းလိုမိစ္ဆာကငါ့အစ်ကိုနားမှာဆက်မနေသင့်ဘူး ရှောင်ရှင်း.... ။ မင်းကသူနဲ့မထိုက်တန်ဘူး။ သူ့အနားမှာဆက်နေနေရင် တစ်ချိန်မှာ သူ့ကိုထိခိုက်နာကျင်စေလိမ့်မယ်.....ပြီးတော့... မင်း.......... မင်းငါ့ရဲ့ဆရာသခင်ကိုလည်းနာကျင်အောင်မလုပ်ရဘူး........ "

"........."

စကားဆုံးသောအခါ ဝူရှန်းသည် ရှည်လျားသောထွက်သက်တစ်ခုကိုပါးစပ်မှ လေးပင်စွာထွက်ခွာစေလိုက်၏။ ထို့နောက် မျက်လုံးများက ညင်သာစွာပိတ်စက်သွားသည်။ ငယ်ရွယ်စဥ်ကတည်းက မိသားစုဟူသောတန်ဖိုးကြီးမားသည့် အရာတစ်ခုကိုပိုင်ဆိုင်ခွင့်မရှိခဲ့သောသူသည် ယခုတော့ သူ့ကိုချစ်သော သူကချစ်ရသော ဆရာသခင်နှင့် ဆရာတူအစ်ကိုများရှိနေသည့်နေရာတွင်သေဆုံးရသည်မို့ နှုတ်ခမ်းများကိုအနည်းငယ်ပင့်တင်ကာ ပြုံးရန်ကြိုးစားလိုက်သည်။ သူသည်ခုလိုမြန်မြန်ဆန်ဆန်ကြီးထွက်ခွာသွားရန် ဆန္ဒမရှိသေးသော် လည်း သေခြင်းတရားသည် သူ့ဆီကိုဆိုက်ဆိုက် မြိုက်မြိုက်ကြီးရောက်လာခဲ့ပြီဖြစ်၏။ သူသည် ယခုအချိန်မှစ၍ ချင်းမင်၏သင်ကြားပေးမှုများကိုခံယူခွင့်မရှိတော့သလို သူနှစ်သက်လှသော ချင်းမင်တောင်၏ရေတံခွန်ဆီကိုလည်းဘယ်တော့မှ မသွားနိုင်တော့ပြီဖြစ်သည်။ တစ်ယောက်တည်းလျှောက်လှမ်းသွားရမည့် မရဏလမ်းတွင် အပြောဆိုးသော ယဲ့စွမ်းအားစနောက်ခြင်းကိုလည်းမပြုနိုင်တော့သလို ကြင်နာတတ်သောဝမ်ရှန်း၏ အလို လိုက်မှုများကိုလည်း ထပ်ပြီး မရနိုင်တော့ပြီဖြစ်သည်။ အသက်မဲ့လာ​သော ဝူရှန်းခန္ဓာကိုယ်သည် တဖြည်းဖြည်းငြိမ်သက်သွားသည်နှင့်တပြိုင်နက် ပိတ်စက်ထားသော မျက်တောင်ဖျားများကြားမှမျက်ရည်စတို့သည်လည်း သွေးတို့ဖုံးလွှမ်းနေသော မြေပြင်ပေါ်ကို တွဲခိုစီးကျသွားသည်။

"ဝူရှန်း........."

ရှောင်ရှင်းသည် ဝူရှန်းကိုလှုပ်နှိုးလိုက်ရင်း ဒေါသရှေ့ထားကာ မိစ္ဆာများကိုရင်ဆိုင်ခဲ့မိသော မိမိကိုယ်ကိုယ်အပြစ်လိုက်မိသည်။ သူ့မျက်စိရှေ့တွင် သူ့လက်ချက်ဖြင့်နာနာကျင်ကျင် သေဆုံးသွားရသော ဝူရှန်းကိုကြည့်ရင်း သူသည်စိတ်များရှုပ်ထွေးလာရ၏။ သူ့လက်ဖြင့် ဝူရှန်းကိုသေစေခဲ့မိသည့်အကြောင်း ဝမ်ရှန်းသာသိသွားပါက ဟူသော စိုးရိမ်စိတ်သည် ကျောက်တုံးလိုမာကြောသော ရှောင်ရှင်း၏ နှလုံးသားကိုအဆမတန် တုန်ယင်လှုပ်ရှားလာစေသည်။

"သွားပြီ...... သူသာသိသွားခဲ့ရင်...... "

သူသည် လက်သီးနှစ်ဖက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်၏။

"မဟုတ်ဘူး...... သူမသိရဘူး.......ဒီအရူးကိုငါတမင်သတ်ခဲ့တာမဟုတ်ဘူး........."

ရှောင်ရှင်းသည် ခေါင်းကိုယမ်းကာ အမှန်တရားတစ်ခုကိုငြင်းဆန်နေရင်း အသက်ဝိဥာဥ်ကင်းမဲ့သွားခဲ့ပြီဖြစ်သော ဝူရှန်းကိုကြည့်ရင်း ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

"တာ့စူး..... လာခဲ့စမ်း........... "

သခင်ဖြစ်သူကအခေါ်တော်ရှိသောအခါ တာ့စူးသည် ငှက်အသွင်ဖြင့် ချင်းမင်တောင်ခြေတွင်ရှိနေရာမှ တောင်ပေါ်ကိုတဖြည်းဖြည်းပျံသန်းလာသည်။ သာမန်ဆိုလျှင် ချင်းမင်တောင်ပေါ်ကိုကျူးကျော်ရန်မလွယ်ကူသော်လည်း သမင်မိစ္ဆာများကြောင့် တောင်ခြေအစီအရင်က ဖရိုဖရဲဖြစ်နေသည်မို့ သူသည် မြန်ဆန်စွာရောက်ရှိလာ၏။

"တာ့စူးရောက်ပါပြီသခင်...... "

တာ့စူးသည် ပြန့်ကျဲနေသောမိစ္ဆာအလောင်းများကိုကြည့်ရှူရင်း ဝူရှန်းနံဘေးတွင် မလှုပ်မယှက်ထိုင်နေသော သခင်ဖြစ်သူဆီချဥ်းကပ်သွားလိုက်သည်။

"သခင်........"

"ဒီကိုလာခဲ့"

ရှောင်ရှင်းသည်ကား ပြန်လည်ပြုပြင်၍မရတော့သောအမှားတစ်ခုဖြစ်သည့် ဝူရှန်း၏အလောင်းကိုကြည့်ရှူနေရင်း မတ်တပ်ရပ်ကာ လက်နှစ်ဖက်ကိုအနောက်သို့ယှက်သွယ်ထား သည်။ သူသည် မည်သည့်စကားကိုမှ ထပ်မပြောဘဲ အသက်ရှူခြင်း၊ နှလုံးခုန်ခြင်း မရှိတော့လေသော ဝူရှန်းကိုအကြာကြီးငေးစိုက်ကြည့်နေ၏။ ရှောင်ရှင်းသည်ခံစားမှုကင်းမဲ့သော ခြောက်ကပ်ကပ်မျက်လုံးများဖြင့် ဝူရှန်းကိုအဓိပ္ပါယ်ကင်းမဲ့စွာကြည့်ရှူနေရင်း မျက်မှောက်ကုတ်ထားမိသည်။ တွန့်ချိုးနေသောမျက်ခုံးတန်းတို့အောက်မှ မျက်လုံးများကို မှိတ် လိုက်မိတော့ ဝမ်ရှန်းမျက်နှာ ကိုသာမြင်ယောင်လာမိချေသည်။ သူသည် ဝူရှန်း၏သေဆုံးမှုအပေါ်မည်သည့်ခံစားချက်မှမရှိပါသော်လည်း ဝူရှန်းကိုသတ်မိ၍ ဝမ်ရှန်းဆီမှထွက်ပေါ်လာမည့် အမုန်းတို့ကိုခံယူနိုင်စွမ်းမရှိပါလေ။

"အလကားနေရင်း သတ်လိုက်မိတာပဲ။ စောက်ရမ်းစိတ်ရှုပ်စရာကောင်းလွန်းတယ်။"

သူသည်တစ်ကိုယ်တည်းရေရွတ်လိုက်ပြီး လက်ဖဝါးတစ်ဖက်ကိုဖြန့်ကာ မူလအသွင်ကိုဖုံးကွယ်နိုင်သော အင်းကွက်တစ်ခုကိုဖန်တီး၍ မီးတောက်တစ်ခုလိုနီရဲနေသော ထိုအင်းကွက်အား တာ့စူးကိုယ်တွင်းသို့မပြောမဆို ထည့်သွင်းလိုက်၏။

"သခင်........ "

အင်းကွက်ဝင်သွားသောကြောင့် တာ့စူး၏ခန္ဓာကိုယ်သည် တစ်မုဟုတ်ချင်း မူလငှက်အသွင်သို့ပြောင်းလဲသွားပြီးမှ အနီရောင်မီးခိုးလုံးများရစ်ပတ်ကာ လူအသွင်သို့ပြန်လည်ပြောင်းလဲလာသည်။ အသွင်သဏ္ဍာန်ပြောင်းလဲမှုဒဏ်ကိုခံစားနေရသောကြောင့် တာ့စူး၏မျက်နှာသည် လွန်စွာရှုံ့မဲ့နေသည်။

အင်းကွက်အစွမ်းကြောင့် ဝူရှန်း၏ရုပ်သွင်နှင့်တစ်ထေရာတည်းတူအောင်ပြောင်းလဲသွားပြီဖြစ်သော တာ့စူးကိုကြည့်ရင်းမှ ရှောင်ရှင်းသက်ပြင်းချလိုက်မိသည်။ ထို့နောက် ခပ်မာမာပင် ပြောလိုက်၏။

"ဝူရှန်းရဲ့အခန်းထဲသွားပြီးအိပ်နေတော့... ။ ငါ့အမိန့်မရမချင်းလုံးဝထွက်မလာနဲ့ ...ခဏနေရင် မင်းဘာဆက်လုပ်ရမလဲဆိုတာငါပြောမယ်.... တစ်ခုခုလွဲချော်အောင်လုပ်လို့ကတော့ သေပြီသာမှတ်...!"

"ဟုတ်..... ဟုတ်ကဲ့....... "

တာ့စူးသည် ယိုင်ချည့်ချည့်ဖြင့်ထွက်သွား၏။ ထိုအခါရှောင်ရှင်းသည် ဝူရှန်းကိုပြန်လည်ကြည့်ရှူလိုက်ပြီး ကိုယ်ခန္ဓာကိုလောင်ကျွမ်းပြာကျစေသည့် အင်းကွက်တစ်ခုကို ဝူရှန်းဆီသို့ပို့လွှတ်လိုက်သည်။

သူသည် ဝူရှန်းကိုဘယ်တုန်းကမှသေစေလိုစိတ်မရှိခဲ့သော် လည်း လက်လွန်သွားခဲ့ပြီးပြီဖြစ်လေသည်။ တဖြည်းဖြည်း ပြာမှုန်များအဖြစ်ပြောင်းလဲသွားသော ဝူရှန်းခန္ဓာကိုယ်ကိုကြည့်ရင်းမှ ရှောင်ရှင်းသည် သမင်မိစ္ဆာများသေဆုံးသွားခြင်းကြောင့် အနည်းငယ် ပြန်လည်လင်းကျင်းလာသောကောင်း ကင်ပြင်ကို ရီရီဝေဝေ ငေးကြည့်လိုက်သည်။ ထို့နောက် တိုးတိမ်စွာရေရွတ်လိုက်၏။

"ချင်းမင်သိရင် ကျွန်တော့်ကိုသတ်တော့မယ်ထင်တယ်။ ကိုကို့ဘေးမှာနေရဖို့က ဘာလို့ဒီလောက်ခက်ခဲရတာလဲ....."

xxx

A/N

Did You Know Fact

-ရှောင်ရှင်းက ဝူရှန်းကို မမုန်းခဲ့ဖူးသလို ဝူရှန်းသေဆုံးမှုအပေါ်သနားစိတ်လည်းဘယ်တုန်းကမှမရှိဖူးပါဘူး။ သူကြောက်တာက ဝမ်ရှန်းသူ့ကိုစိတ်ဆိုးမှာတစ်ခုတည်းပါ။ ဝူရှန်းရဲ့ဖြစ်တည်မှုက ချင်းမင်တို့ ဝမ်ရှန်းတို့အတွက်ဘယ် လောက်အရေးပါပါ ရှောင်ရှင်းအတွက်တော့ ကြက်ကလေး ငှက်ကလေးတစ်ကောင်သေသွားသလောက်ပါပဲ။ ကိုယ်တို့ရဲ့ရှောင်ရှင်းအာက အဲ့လောက်သံယောဇဥ်မဲ့ပါတယ်။

Zawgyi

ျပန္လမ္းၾကယ္ေဝေစာင္းႀကိဳးေျပ Chapter 38

ေရွာင္ရွင္းအာကေနာက္တစ္ႀကိမ္အမွားလုပ္လိုက္မိတယ္

ေရွာင္ရွင္းမွာၾကားထားသည့္ပစၥည္းမ်ားအားလုံးဝယ္ယူခဲ့ၿပီးပါေသာေၾကာင့္ ဝမ္ရွန္း သည္ ေရွာင္ရွင္းအေဆာင္ရွိရာကိုေလွ်ာက္လာသည္။ လက္ႏွစ္ဖက္အျပည့္ခ်ိတ္ဆြဲထားေသာ ပစၥည္းမ်ားအျပင္ လက္ထဲတြင္လည္းဖရဲသီးနီနီရဲရဲတစ္စိတ္ကိုကိုင္ထားေသး၏။ အခန္းေရွ႕ကိုေရာက္ေသာအခါ သူသည္ တံခါးေခါက္လို​က္သည္။

"ဟယ္လ်န္........"

ေရွာင္ရွင္းကား ျပန္မေျဖဘဲတိတ္ေန၏။ ထိုအခါ ဝမ္ရွန္းသည္ ဆက္မေခၚေတာ့ဘဲ အခန္းတံခါးကိုဖြင့္ကာဝင္လာလိုက္သည္။ အခန္းထဲကိုမ်က္လုံးတစ္ခ်က္ေဝ့ၾကည့္လိုက္ေတာ့ ေရွာင္ရွင္းက စာအုပ္တစ္အုပ္ကို ရင္ဘတ္ေပၚကိုတင္၍အိပ္ေပ်ာ္ေနသည္ကိုျမင္လိုက္ရ၏။ စာဖတ္ရင္း အိပ္ေပ်ာ္သြားဟန္တူသည္။ လက္ထဲတြင္ပါလာသမွ်ကို စားပြဲခုံေပၚတင္ၿပီးေသာအခါ ဝမ္ရွန္း၏ ေျခလွမ္းမ်ားသည္လည္း ေရွာင္ရွင္းကုတင္ဆီကိုအလိုအေလ်ာက္ဦးတည္သြားသည္။ သူသည္ အိပ္ေမာက်ေနဟန္တူေသာ ေရွာင္ရွင္းကို မ်က္ေတာင္မခတ္တမ္းၾကည့္ေနမိၿပီး ကုတင္စြန္းေလးတြင္ အသာကပ္ထိုင္လိုက္၏။

"ရွင္းအာ.... "

သူသည္ ေရွာင္ရွင္းမၾကားႏိုင္ေလာက္ေအာင္ ခပ္တိုးတိုးေရ႐ြတ္မိရင္း ေရွာင္ရွင္းမ်က္ႏွာေပၚတြင္တင္ေနေသာ မဟူရာေရာင္ ဆံခ်ည္မွ်င္ေလးမ်ားကို ခပ္ဖြဖြေလးဖယ္ရွားေပး လိုက္သည္။

နဂါးေပါက္စေလးတစ္ေကာင္ဟိန္းေဟာက္ေနသကဲ့သို႔အ သက္ရႉသံေလးမ်ားတရႉးရႉးထြက္ကာ နိမ့္ျခည္ျမင့္ျခည္ျဖစ္ေနေသာ ရင္ဘတ္ကေလး၊ သူႀကိဳက္ႏွစ္သက္ေသာအနီေရာင္ႏွင္းသီးမ်ားလို နီရဲေနသည့္ ႏႈတ္ခမ္းဖူးေလး၊ အိပ္ေနစဥ္မွာေတာင္ မႈန္ကုတ္ေနဟန္တူေသာ မိုးသားလို မ်က္ခုံးတန္းသြယ္ကေလး... ။ ေဒါသႀကီးမားေလ့ရွိေသာ ထိုေကာင္ေလး၏ အရာရာတိုင္းသည္ အခ်ိန္တိုင္း ထိုင္ၾကည့္ခ်င္စရာေကာင္းလြန္းသည္ဟု ဝမ္ရွန္းေတြးေနမိသည္။ သူ၏ေရွာင္ရွင္းသည္ ေဒါသတႀကီးႏွင့္ သူ႔ကိုဆူပူေနလွ်င္လည္း ခ်စ္စ ရာေကာင္း၏။ လိုခ်င္တာရ၍ တည္ေနေသာႏႈတ္ခမ္းပါးရတနာေလးမ်ားကိုဖြင့္လွစ္ရယ္ေမာလိုက္လွ်င္လည္း ခ်စ္စ ရာေကာင္းေပသည္။

ဝမ္ရွန္းသည္ အိပ္ေပ်ာ္ေနေသာေရွာင္ရွင္းကို ၾကည့္ေနရင္း အ႐ူးတစ္ေယာက္လို တစ္ကိုယ္တည္းၿပဳံးရယ္ေနမိသည္။ သူသည္ အဘယ္ေၾကာင့္ ဤေကာင္ေလးအေပၚဤမွ်က်ဆုံးသြားရသည္ကိုမသိ။ ေရွာင္ရွင္းရွိေနရာအရပ္ကိုၾကည့္ရႉရင္း ရွင္သန္ရျခင္းသည္ အဘယ္ေၾကာင့္ဤမွ်ေကာင္းမြန္သည္ကိုလည္း မသိရွိႏိုင္ေတာ့ပါေခ်။ 

"........."

ဝမ္ရွန္းသည္ ေရွာင္ရွင္းကို တစ္ခ်ိန္လုံးစိုက္ၾကည့္ေနရင္းမွ ပိတ္စက္ထားေသာ မ်က္လုံးေလးမ်ားလႈပ္ရွားလာသည္ကိုျမင္ေသာအခါ ကုတင္စြန္းတြင္ထိုင္​ေနရာမွ ထလိုက္သည္။ ထို႔ေနာက္ စားပြဲဆီသို႔ျပန္သြားကာ ဝယ္ယူလာေသာ ပစၥည္း မ်ားကို ထုတ္ယူလိုက္၏။

ထိုအခါ သူ၏ေနာက္ေက်ာမွထြက္ေပၚလာေသာ ေရွာင္ရွင္း ၏ အိပ္ခ်င္မူးတူးအသံကိုၾကားလိုက္ရသည္။

"ျပန္လာၿပီလား... ဘယ္တုန္းကေရာက္ေနတာလဲ ..."

ဝမ္ရွန္းသည္ ငွက္ေပ်ာ႐ြက္ျဖင့္ထုပ္ပိုးထားသည့္ ေႏြးေနေသးေသာ အသားေပါင္းေလးမ်ားကို ထုတ္ရန္ႏွီးႀကိဳးကိုေျဖ
ရင္းျပန္ေျပာ၏။

"အခုေလးတင္ပါ.....မၾကာေသးဘူး.... "

ေရွာင္ရွင္းသည္ မ်က္လုံးမ်ားကိုပြတ္ရင္းထလာၿပီး ဝမ္ရွန္းလက္ထဲမွ အသားေပါင္းတစ္လုံးကိုယူကာ ပါးစပ္ထဲပစ္သြင္းလိုက္သည္။

ထို႔ေနာက္ ဆီျဖင့္အိေနေသာ အသားေပါင္းလုံးလုံးေလးမ်ားကို လိုလိုလားလား ခ်ီးက်ဴးလိုက္၏။

"ေကာင္းတယ္... အေပါ့အငန္အေတာ္ပဲ.... "

"ျဖည္းျဖည္းစားပါ...ေသရည္လည္းေသာက္.... ၿပီးေတာ့ ဒီမွာ ဖ႐ုံေစ့နဲ႔ ေျမပဲေလွာ္ေရာပဲ... မင္းျမည္းဖို႔... "

"ငါးကင္ေရာ... ငါးကင္စားခ်င္တယ္.."

"အင္း... မီးဖိုေဆာင္မွာထားထားတယ္... ငါၿပီးရင္ကင္ေပးမယ္ေနာ္.... "

ေရွာင္ရွင္းသည္ ေခါင္းၿငိမ့္လိုက္၏။ လိုခ်င္တာရေနေသာေၾကာင့္ မ်က္ႏွာက ၿပဳံးရိပ္သမ္းေနသည္။ စားပြဲေပၚတြင္ရွိေနေသာ ဖရဲသီးစိတ္ကိုျမင္ေသာအခါတြင္ေတာ့ သူ၏ မ်က္ႏွာသည္ ႐ုတ္ျခည္းေျပာင္းလဲသြားသည္။

"ဒါကဘာႀကီးလဲ.... ငါမွာလိုက္လို႔လား... "

"ဒါကမီးဖိုေဆာင္ကေပးလိုက္တာ... ဒီေန႔ဖရဲသီးေတြအမ်ားႀကီးခြဲထားတယ္ အကုန္လုံးစားဖို႔တဲ့.... မင္းမႀကိဳက္ဘူးလား... "

"......"

ေရွာင္ရွင္းသည္ ဖရဲသီးကိုဂ႐ုမစိုက္ဘဲ ေသရည္အိုးကိုေဖာက္ကာ ေသာက္ရန္ျပင္လိုက္သည္။ အိပ္ရာမွႏိုးလာျခင္းေၾကာင့္ သူ၏ဆံပင္ရွည္မ်ားက အနည္းငယ္မွ် ပြေယာင္းေယာင္းျဖစ္ေန၏။ ထိုအခါ ဝမ္ရွန္းသည္ ေရွာင္ရွင္း၏ပုလဲနက္မ်က္လုံးမ်ားအား ႏူးႏူးညံ့ညံ့ၾကည့္ရႉကာေမးျမန္းလိုက္၏။

"ဆံပင္ေတြ..... "

"ဟမ္..... "

"မင္းရဲ႕ဆံပင္ေတြပြေနတယ္.....ငါလုပ္ေပးရမလား.... "

"သေဘာပဲ...... "

ခြင့္ျပဳခ်က္ရေသာအခါ ဝမ္ရွန္းသည္ စိတ္ထဲတြင္တိတ္တခိုးဝမ္းသာသြားရင္းျဖင့္ ေရွာင္ရွင္းနားကိုခ်ဥ္းကပ္သြားသည္။  ထို႔ေနာက္ ေလ်ာ့တိေလ်ာ့ရဲျဖစ္ေနေသာ ေခါင္းစည္းႀကိဳးအျဖဴေရာင္ေလးကိုဖယ္၍ ဆံပင္ရွည္မ်ားကိုညင္သာစြာေျဖခ်လိုက္၏။ ေရွာင္ရွင္း၏ဆံပင္ရွည္မ်ားသည္ကား ဆိုးေဆးသမားတစ္ေယာက္၏လက္ထဲမွ ပိတုန္း ေရာင္ေတာက္ပေနေသာ ပိုးပဝါစလို၊ ရက္ကန္းသမတစ္ဦး၏လက္ထဲမွ ေပ်ာ့ေခြၫြတ္က်ေနေသာ ပိုးခ်ည္မွ်င္မ်ားလို ရွည္လ်ားအိစက္ေနလ်က္ရွိၿပီး ဝမ္ရွန္း၏လက္ေခ်ာင္းမ်ားထဲတြင္ ပြတ္ကာ သီကာတိုးေဝွ႔သြားသည္။ ထိုဆံခ်ည္မွ်င္မ်ားထြက္ေပၚလာရာ ေခါင္းလုံးလုံးေလးကေတာ့ မုန္႔စားလိုက္ ေသရည္ေမာ့ေသာက္လိုက္ျဖင့္ လႈပ္႐ြေန၏။ ဝမ္ရွန္းသည္ လႈပ္တုပ္ လႈပ္တုပ္ျဖစ္ေနေသာထိုေခါင္းေလးကို တယုတယကိုင္တြယ္ရင္း ဆံပင္မ်ားကို ေသ​ေသသပ္သပ္ျဖစ္ေအာင္ျပန္လည္စည္း ေႏွာင္ေပးလိုက္သည္။

"ၿပီးသြားၿပီ.....ေသရည္ေတြအကုန္မေသာက္နဲ႔ဦး ငါမင္းအတြက္ ငါးသြားကင္ေပးမယ္ေနာ္.... "

"အင္း...... "

ဝမ္ရွန္းသည္ကား တံခါး႐ြက္မ်ားကိုညင္ညင္သာသာပိတ္ကာ အခန္းထဲမွ ျပန္ထြက္သြား၏။ ထိုအခါ ေရွာင္ရွင္းသည္ မွန္ေရွ႕သို႔ေျပးထြက္သြားကာ ဝမ္ရွန္းစည္းေပးခဲ့ေသာ ဆံပင္မ်ား ၾကည့္ေကာင္းပါ၏ေလာဆိုတာကို ပထမဦးစြာစစ္ေဆးလိုက္သည္။ သူ႔ေခါင္းထက္တြင္ ညီညာသပ္ရပ္စြာတည္ရွိေနေသာ ဆံပင္ကိုျမင္ေတာ့မွ သူသည္ သြားေလးမ်ားေပၚလာသည္အထိၿပဳံးရယ္လိုက္၏။

ထို႔ေနာက္ စိတ္ထဲမွတိတ္တခိုး ေရ႐ြတ္လိုက္သည္။

ကိုကိုကအေကာင္းဆုံးပဲ...

သူသည္ဝမ္ရွန္း ကိုေစာင့္ေနရင္း ေျမပဲေလွာ္မ်ားကိုတစိမ့္စိမ့္စားေနလိုက္သည္။ ေသရည္ေသာက္လိုက္ ေျမပဲစားလိုက္ျဖင့္ ႏွစ္နာရီေလာက္ၾကာလာေသာ္လည္း ဝမ္ရွန္း၏ အရိပ္ အေယာင္ ကိုမျမင္ရသည့္အခါမွ ေရွာင္ရွင္းသည္ ထိုင္ေနရာမွထလိုက္၏။ ေစာင့္ဆိုင္းေနရင္း ေနာက္တစ္ႀကိမ္ျပန္လည္အိပ္ငိုက္လာပါေသာေၾကာင့္ သူ၏မ်က္လုံးေလးမ်ားသည္ အလြန္အမင္းငိုက္စင္းေနသည္။ ေရွာင္ရွင္းသည္ စူပုတ္ပုတ္မ်က္ႏွာထားႏွင့္ အခန္းထဲမွထြက္လာကာ ေဆာင့္ေဆာင့္ေအာင့္ေအာင့္ျဖင့္ မီးဖိုေဆာင္ဘက္ကိုေလွ်ာက္လာလိုက္၏။

မီးဖိုေဆာင္သို႔သြားရာစႀကႍလမ္းတစ္ေလွ်ာက္ကိုေလွ်ာက္လွမ္းလာမိေတာ့ ခ်င္းမင္ေတာင္သည္ အပ္က်သံပင္မၾကားရေအာင္တိတ္ဆိတ္ေနသည္ကို သတိထားမိလိုက္ေလသည္။ သို႔ေၾကာင့္ ေရွာင္ရွင္းသည္ ပတ္ဝန္းက်င္ကို တစ္ခ်က္ၾကည့္ရႉလိုက္ၿပီး မီးဖိုေဆာင္ရွိရာသို႔ ခပ္သြက္သြက္ ေလွ်ာက္လာလိုက္၏။

"ဝမ္ရွန္း......... "

မီးဖိုေဆာင္သို႔ဝင္လိုက္ေသာအခါ ျမင္ရလိုက္ေသာျမင္ကြင္းေၾကာင့္ ေရွာင္ရွင္း၏ ေျခလွမ္းမ်ားသည္ တုန္႔ခနဲရပ္တန္႔သြားသည္။ အေငြ႕တလူလူထြက္ေနေလ့ရွိေသာ မီးဖိုေဆာင္ သည္ အင္မတန္ တိတ္ဆိတ္ၿငိမ္သက္လ်က္ရွိ၏။ မီးဖိုေဆာင္ၾကမ္းျပင္တြင္ လဲက်ေနလ်က္ရွိေသာ ဝမ္ရွန္းကိုျမင္ေတာ့ ေရွာင္ရွင္းသည္ ႐ုတ္တရက္ၾကက္ေသေသသြားမိၿပီးမွ ဝမ္ရွန္းရွိရာကို ေျပးသြားမိသည္။ ဝမ္ရွန္းသည္ကား ေအးစက္လ်က္ရွိေသာ ေက်ာက္သားၾကမ္းျပင္ေပၚတြင္လဲက်လို႔ေနသည္။ ေျခေခ်ာင္း လက္ေခ်ာင္းကေလးမ်ားပင္လႈပ္ယွက္ျခင္းမရွိဘဲ အမွန္တကယ္လဲက်ေနေပ၏။

"ဝမ္ရွန္း........ "

"ဝမ္ရွန္းကိုကို....... "

သူသည္ ေၾကာက္လန္႔တၾကားျဖင့္ ဝမ္ရွန္းကိုလႈပ္ႏႈိးေနရင္း လက္ေကာက္ဝတ္မွ ေသြးေၾကာမ်ားကို အေဆာတလ်င္
စမ္းသပ္လိုက္သည္။ ခႏၶာကိုယ္ေလးကပူေႏြးၿပီး အသက္ရွင္ေနေသးသည္ကို သိရပါမွ ေရွာင္ရွင္းသည္ ကေျပာင္းကျပန္ျဖစ္သြားေသာ အသံရႉႏႈန္းမ်ားကို ပုံမွန္ျပန္ျဖစ္ေအာင္ႀကိဳးစားလိုက္၏။ ထို႔ေနာက္ မ်က္လုံးကိုမွိတ္ထားလိုက္ၿပီး မ်က္လုံးမ်ားကိုမွိတ္ထားလိုက္သည့္တိုင္ မ်က္ရည္စအခ်ိဳ႕သည္ ေရွာင္ရွင္း၏မ်က္ေတာင္ဖ်ားမ်ားကိုဇြတ္တိုးေက်ာ္ျဖတ္၍ ထြက္က်လာသည္။ တိုေတာင္းလွေသာအခိုက္အတန္႔ကေလးပင္ျဖစ္ေသာ္ျငားလည္း သူသည္ အလြန္တုန္လႈပ္သြား၏။ ဤေလာကႀကီးတြင္ ဝမ္ရွန္း ေသဆုံးေပ်ာက္ကြယ္သြားျခင္း ဟူေသာ ကိစၥသည္ သူဘယ္လိုမွမျမင္ေတြ႕လိုေသာကိစၥ သူအေၾကာက္ဆုံးကိစၥပင္ျဖစ္သည္။

ေရွာင္ရွင္းသည္ မ်က္ရည္မ်ားကိုခပ္ၾကမ္းၾကမ္းပြတ္သုတ္လိုက္ၿပီး လႈပ္ႏႈိး၍ပင္မရေလာက္ေအာင္ လြန္စြာအိပ္ေမာက်လ်က္ရွိေသာ ဝမ္ရွန္း ကိုအသာျပန္ခ်ထားလိုက္၏။ ထို႔ ေနာက္ ေဘးဘီကိုၾကည့္ရႉလိုက္ေတာ့ တာဝန္က်ဂိုဏ္းသား တစ္ေယာက္သည္လည္း ဝမ္ရွန္းကဲ့သို႔ အိပ္ေပ်ာ္ေနသည္ျမင္လိုက္ရသည္။

"ဘာေတြျဖစ္ေနတာလဲ...... "

ထူးဆန္းေနေသာ အေျခအေနကိုစစ္ေဆးရန္ အခန္းထဲမွ လွည့္ထြက္ဖို႔လုပ္ရင္း ေရွာင္ရွင္း၏မ်က္လုံးမ်ားသည္ ေက်ာက္သား စားပြဲခုံေပၚတြင္ရွိေနေသာ ဖရဲသီးမ်ားဆီေရာက္သြားသည္။ သူသည္ စားပြဲအနီးကိုေလွ်ာက္သြားရင္ ေကာင္းမြန္သည့္အေငြ႕အသက္ကင္းမဲ့လ်က္ရွိေသာ ဖရဲသီးမ်ားကို မ်က္ေမွာင္ကုတ္ကာၾကည့္ရႉလိုက္၏။ ထို႔ေနာက္ လက္ဖဝါးတစ္ဖက္ကို ဖရဲသီးအနားကပ္၍ အနီေရာင္ အင္းကြက္တစ္ကြက္ဖန္တီးကာ ထိုဖရဲသီးႏွင့္ထိေတြ႕ေစလိုက္သည္။ ပါးစပ္မွလည္း ေရ႐ြတ္လိုက္၏။

"မူလအသြင္ေျပာင္းလဲေစ.. "

သူ၏အနီေရာင္အင္းကြက္ႏွင့္ထိေတြ႕သြားေသာအခါ ဖရဲသီးသည္ ခ်ာခ်ာလည္၍ လႈပ္ခါလာကာ တျဖည္းျဖည္းႏွင့္ အသြင္ေျပာင္းလဲသြားၿပီး ေငြေရာင္အေမြးအမွင္မ်ားျဖစ္သြားသည္ကိုျမင္လိုက္ရသည္။ ေရွာင္ရွင္းသည္ ထိုအေမြးတို႔ကို သူ၏ လက္ ေခ်ာင္းသြယ္တို႔ျဖင့္ ေကာက္ကိုင္လိုက္ၿပီး အေငြ႕အသက္ကိုခံစားလိုက္၏။

"ဒီသမင္စုတ္ေတြကေတာ့.... "

သူ႔လက္ထဲရွိထိုအေမြးမ်ားသည္ ေငြဦးခ်ိဳသမင္ မ်ား၏အ ေမြး ျဖစ္ၿပီး ထိုသမင္တို႔၏အေမြးသည္ လူသားတို႔အားအိပ္ ေမြ႕ခ်ႏိုင္သည့္အစြမ္းရွိသည္။ ထိုသမင္မ်ားသည္ အုပ္စုဖြဲ႕ကာ အမဲလိုက္ေလ့ရွိၿပီး လူတို႔၏ေသြးကိုႀကိဳက္ႏွစ္သက္တတ္ပါေသာ အေသြးကိုေသာက္သုံးဝါးၿမိဳသည့္ မိစာၦမ်ားျဖစ္သည္။ ဥာဏ္မ်ားေသာ ထိုသမင္မ်ားအသုံးျပဳသည့္ ပထမဆုံးလက္ နက္မွာေတာ့ ယခုသူျမင္ေတြ႕ေနရသည့္ အိပ္ေမြ႕ခ်သမင္ေမြးမ်ားပင္ျဖစ္ေခ်သည္။

ေရွာင္ရွင္းသည္ မ်က္စိေရွ႕တြင္ရွိေနေသာ ဖရဲသီးမ်ားအားလုံးကို မူလအသြင္ေျပာင္းလဲေစလိုက္ၿပီး ထိုဖရဲသီးမ်ားဝယ္ယူလာသူအား စိတ္ထဲမွလည္း အျပစ္တင္လိုက္သည္။ ထို႔ေနာက္ ေျခလွမ္းက်ဲမ်ားျဖင့္ မီးဖိုေဆာင္ထဲမွ ထြက္ခြာသြား၏။

ခ်င္းမင္ေတာင္တစ္ခုလုံးကိုပတ္ၾကည့္လိုက္ေတာ့ ဂိုဏ္းသားေတာ္ေတာ္မ်ားမ်ားသည္ ေရာက္ေလရာေနရာတြင္ အိပ္ေပ်ာ္ေနသည္ကိုျမင္ရၿပီး ရႈန္းရွန္းဆရာသခင္သည္ပင္ သူ႔အခန္းထဲတြင္အိပ္ေမာက်ေနသည္ကိုျမင္လိုက္ရသည္။ အေတြ႕ အႀကဳံမ်ားျပားလွေသာ ရႈန္းရွန္းဆရာသခင္သည္ပင္ ထိုေငြဦးခ်ိဳသမင္တို႔၏ေထာင္ေခ်ာက္ထဲကို က်ေရာက္သြားသည္ကိုျမင္ေတာ့ ေရွာင္ရွင္းသည္ ထိုေငြဦးခ်ိဳတို႔၏စြမ္းအင္ျမင့္မားမႈအဆင့္အတန္းကိုခန္႔မွန္းၾကည့္လိုက္သည္။

ထိုအခ်ိန္တြင္ မိုးၿခိမ္းသံကဲ့သို႔ေသာအသံက်ယ္ႀကီးတစ္ခုသည္ ေကာင္းကင္ျပင္ကိုၿဖိဳခြဲသလိုတုန္လႈပ္ကာ ျမည္ဟီးလာၿပီး မိုးသားမည္းမည္းမ်ားသည္ ခ်င္းမင္ေတာင္တစ္ခုလုံးကို
႐ုတ္ခ်ည္းဖုံးလႊမ္းသြားသည္။ ခ်င္းမင္ေတာင္သည္ ခ်က္ခ်င္းဆိုသလိုပင္ ညသန္းေခါင္ကဲ့သို႔ေမွာင္က်သြား၏။

"အကာအရံ...."

ေငြဦးခ်ိဳသမင္မိစာၦမ်ား၏ အႀကံအစည္ကိုရိပ္စားမိေလေသာ ေရွာင္ရွင္းသည္ ေခါင္မိုးမ်ားအေပၚ ကိုယ္ေဖာ့ပ်ံသန္းသြားကာ မိုးသားမ်ားအုံ႔ဆိုင္းေနေသာ ေကာင္းကင္ျပင္ဆီသို႔ အင္းကြက္တစ္ခုကိုဖန္တီး၍ ပို႔လႊတ္လိုက္သည္။ ထိုအခါ သူ၏အင္းကြက္သည္ မျမင္ရေသာ နံရံတစ္ခုႏွင့္ဝင္တိုက္မိသကဲ့သို႔ ျဖစ္ကာ ေပ်ာက္ကြယ္သြား၏။ သို႔ပါေသာေၾကာင့္ ေငြဦးခ်ိဳသမင္မ်ားသည္ သူ႔ထက္ေျခတစ္လွမ္းေစာေနၿပီျဖစ္ေၾကာင္းကိုလည္းခန္႔မွန္းသိရွိလိုက္ေပသည္။ ထိုမိစာၦမ်ားသည္ ခ်င္းမင္ေတာင္၏ ေတာင္ေျခမွ အကာအရံကိုေက်ာ္လႊားလာ႐ုံမွ်မကဘဲ သူတို႔၏ကိုယ္ပိုင္မိစာၦအကာအရံတစ္ခုကိုပါဖန္တီးၿပီး အတြင္းထဲတြင္ရွိေနသည့္သူမ်ားကိုထြက္လို႔မရေအာင္ျပန္လည္ပိတ္ေလွာင္ထားၿပီးၿပီျဖစ္သည္။

ေရွာင္ရွင္းသည္ ေခါင္မိုးထိပ္ဖ်ားတြင္ရပ္ေနရင္းျဖင့္ လက္ ဖဝါးတစ္ဖက္ကိုျဖန္႔ကာ မိစာၦအေငြ႕အသက္ေနာက္ လိုက္သည့္ အင္းကြက္မ်ားစြာကိုဖန္တီးလိုက္၏။ ခါးထိေအာင္ ရွည္ လ်ားေသာ ေရွာင္ရွင္း၏ဆံပင္ေပ်ာ့ေလးမ်ားႏွင့္ ငန္းျဖဴေရာင္ဝတ္႐ုံရွည္သည္ ေကာင္းကင္ျပင္တြင္ရွိေနေသာည၏လတစ္စင္းလို ဆြတ္ဆြတ္ျဖဴ၍ ညေလျပည္ထဲ၌တလူလူလြင့္ပ်ံေနသည္။ ရႈပ္ေထြးေပြလီေသာအင္းကြက္မ်ားစြာကို ဖန္တီးၿပီးသည့္ေနာက္တြင္ေတာ့ ေရွာင္ရွင္းသည္ ထိုအနီေရာင္အင္း ကြက္မ်ားကို ခ်င္းမင္ေတာင္၏ေျမသားရင္ျပင္ေပၚသို႔က်ဲပက္ျဖန္႔က်ဲလိုက္၏။ ညကဲ့သို႔ေမွာင္ပိန္းေနေသာ ပတ္ဝန္း က်င္တြင္ထြက္ေပၚလာေသာ သူ႔အင္းကြက္တို႔၏ လင္းေရာင္ ျခည္သည္ ေမွာင္ရီမႈိင္းပ်ေနေသာမိုးသားေကာင္းကင္ေကာ္ေဇာျပင္တစ္ခုလုံးကို ျဖတ္ခနဲလင္းက်င္းသြားေစၿပီးေနာက္ မိစာၦအေငြ႕အသက္မ်ားတည္ရွိေနရာကိုခ်က္ခ်င္း ေ႐ြ႕လ်ားသြားေပေတာ့သည္။ ထိုအခါ ေရွာင္ရွင္းသည္ ေခါင္မိုးေပၚမွခုန္ဆင္း၍ အင္းကြက္မ်ားအေနာက္သို႔လိုက္လာေပ၏။

လက္ထဲတြင္ေတာ့ သူ၏ ကိုယ္ပိုင္ဓားတစ္လက္ျဖစ္သည့္ အဆုံးမရွိေသာနာခံျခင္းဟု အမည္ရသည့္ ႐ုံရွန္႔ဓားနက္ရွည္ကိုဆင့္ေခၚလိုက္သည္။

အေငြ႕အသက္ေနာက္ကိုလိုက္ေနေသာ ထိုအင္းကြက္မ်ားက တစ္ေနရာတြင္စုဆုံၿပီး လမ္းေၾကာင္းမ်ားစြာျပန္လည္ခြဲျဖာသြားသည္ကိုျမင္လိုက္ရေသာအခါ ေရွာင္ရွင္းသည္ မ်က္ေမွာင္ကုတ္လိုက္ေခ်၏။

ထို႔ေနာက္ သူ႔အနီးကို႐ုတ္တရက္ခ်ဥ္းကပ္လာေသာ သမင္မိစာၦတစ္ေကာင္၏ အႏၲရာယ္ကို ကြၽမ္းက်င္စြာျဖင့္ေရွာင္တိမ္းလိုက္သည္။ ေရွာင္ရွင္းသည္ လက္ေခ်ာင္းသြယ္တို႔ကိုေပါ့ပါးစြာလႈပ္ရွား၍ ႐ုံရွန္႔ကိုငွက္ေမႊးေလးကိုကိုင္တြယ္ကာ ေလလိုအလ်င္ျဖင့္ သူ႔ကိုလာတိုက္ခိုက္ေသာ သမင္မိစာၦတစ္ေကာင္၏ လည္ေခ်ာင္းေသြးေၾကာမ်ားကိုလ်င္ျမန္စြာျဖတ္ေတာက္လိုက္သည္။ လူအသြင္ဖန္တီးထားေသာ္လည္း နဖူးထိပ္တြင္ေငြေရာင္ဦးခ်ိဳရွိေနသည့္ မိစာၦသည္ ေရွာင္ရွင္းေျခ ရင္းတြင္ စကၠန္႔ပိုင္းအတြင္းေသြးၿဖိဳင္ၿဖိဳင္က်ကာေသဆုံးသြား၏။

ေရွာင္ရွင္းသည္ ေသဆုံးသြားေသာမိစာၦကိုမ်က္လုံးေလးတစ္ခ်က္ေစြကာၾကည့္ရႈလိုက္ၿပီးမွ ေဘးပတ္ဝန္းက်င္ကိုၾကည့္လိုက္သည္။ ထိုအခ်ိန္တြင္ အျခားေသာ ေငြဦးခ်ိဳသမင္အေကာင္ငါးဆယ္ေက်ာ္ခန္႔သည္ ေရွာင္ရွင္းအနားကို စက္ ဝိုင္းပုံသ႑ာန္ျဖင့္ တိုးကပ္လာၾကေပ၏။

ေရွာင္ရွင္းသည္ လက္ထဲမွဓားကိုခပ္တင္းတင္းဆုပ္ကိုင္ထားလိုက္၏။

ဥာဏ္နီဥာဏ္နက္မ်ားေသာ ေငြဦးခ်ိဳသမင္မ်ားသည္ တစ္ေကာင္တည္းဆိုရင္ဆိုင္ရလြယ္ကူေသာ္လည္း အုပ္စုလိုက္ျဖစ္လာသည့္အခါ သူတို႔၏ေမွာ္စြမ္းအင္သည္ပိုမိုအား ေကာင္းလာၿပီး အျမင္အာ႐ုံလွည့္စားျခင္းကိုပါလုပ္ေဆာင္ႏိုင္သည့္ ရႈပ္ေထြးေသာစြမ္းအင္ရွိသည့္ မိစာၦမ်ားျဖစ္သည္။ ထိုမိစာၦမ်ားသည္ ေျမေခြးတစ္ေကာင္ျဖစ္ေသာေရွာင္ရွင္း၏ လတ္ဆတ္ေသာ ရနံ႔ကိုရေသာအခါ ပိုကာဆာေလာင္လာ၏။
ရွားပါးမိစာၦျဖစ္ေသာ ေရွာင္ရွင္း၏အေသြးအသားကိုသာေသာက္သုံးရလွ်င္ လူရာေပါင္းမ်ားစြာ၏အေသြးအသားကိုေသာက္သုံးရျခင္းႏွင့္ညီမွ်သည္ျဖစ္၍ သူတို႔၏ေငြေရာင္မ်က္လုံးမ်ားသည္ တပ္မက္ဆာေလာင္မႈတို႔ျဖင့္ ပိုကာေတာက္ပလာၾကသည္။

"သမင္စုတ္ေတြက ေျမေခြးတစ္ေကာင္ကိုျပန္စားခ်င္ေသးတယ္ေပါ့!!! ဘိုးေဘးေတြဆီသြား! ဖင္ေထာင္ေအာင္ ဆုေတာင္းလိုက္ !!!"

ေရွာင္ရွင္းသည္ ႏႈတ္ခမ္းပါးေလးကိုပင့္တင္ရယ္ေမာလိုက္ၿပီးသည္ႏွင့္တၿပိဳင္နက္ သူ႔အနားတြင္ရွိေနေသာ ေငြဦးခ်ိဳသမင္မ်ားကို မရပ္မနားတိုက္ခိုက္လိုက္သည္။ ထိုအခ်ိန္တြင္ ေရွာင္ရွင္း၏ လူအသြင္သည္လည္း တျဖည္းျဖည္းေျပာင္းလဲသြားၿပီး နီျမန္းေသာ နားသယ္စမွဆံပင္ရွည္မ်ားႏွင့္ ပတၳျမားေသြးလိုမ်က္လုံးနီနီတို႔ကလည္း ထြက္ေပၚလာၿပီျဖစ္သည္။ ေရွာင္ရွင္း၏ လက္ထဲမွ မဟူရာေရာင္ေတာက္ေျပာင္ေနေသာ ႐ုံရွန္႔သည္ လ
အလင္းေရာင္သဲ့သဲ့ေအာက္တြင္ တလက္လက္ျဖာလဲ့ေနၿပီး သမင္ေသြးတို႔ျဖင့္စြန္းေပလာ၏။ ေရွာင္ရွင္းသည္ ညႇာတာမႈကင္းမဲ့စြာျဖင့္ သမင္မ်ားစြာကိုသတ္ျဖတ္ေနရင္း ၎တို႔ဖန္တီးလာသည့္ေထာက္ေခ်ာက္ျဖစ္ေသာ အျမင္အာ႐ုံလွည့္စားျခင္းတိုက္ကြက္ကို သတိထားမိလိုက္သည္။ ေရွာင္ရွင္း၏ စြမ္းအင္ႀကီးမားမႈကို ရင္ဆိုင္ရန္မလြယ္ကူမွန္းသိေသာ ထိုသမင္မိစာၦမ်ားသည္ သြက္လက္စြာပင္ ပတ္ဝန္းက်င္တစ္ခုလုံးကို သူတို႔၏မိစာၦစြမ္းအင္မ်ားျဖင့္ သိုင္းၿခဳံေစလိုက္ၿပီး အာ႐ုံလွည့္စားျခင္းတိုက္ကြက္ကိုပုံေဖာ္ေနေပ၏။

ေခါင္းျပတ္ေနလ်က္ရွိေသာ သမင္မိစာၦတစ္ေကာင္၏ ဦးခ်ိဳကိုကိုင္ထားေသာ ေရွာင္ရွင္းသည္ ဝမ္ရွန္းႏွင့္အတူရပ္ေနေသာ ခ်င္းမင္ကိုျမင္ေသာအခါ လက္ထဲမွေခါင္းျပတ္ကို ႐ုတ္တရက္ လႊတ္ခ်လိုက္ေပ၏။ သူသည္ ထိတ္လန္႔မႈေၾကာင့္ ေျခႏွစ္လွမ္းမွ်ေနာက္ဆုတ္လိုက္မိသည္။ သို႔ေသာ္လည္း အျမင္အာ႐ုံလွည့္စားျခင္းဟူေသာ အေၾကာင္းအရာက ေခါင္းထဲကိုအလင္းေရာင္တစ္ခုလိုဝင္ေရာက္လာေသာအခါ သူသည္ ခ်က္ခ်င္းေရွ႕သို႔တိုးဝင္သြားကာ သူ႔ေရွ႕တြင္ရွိေနေသာ ခ်င္းမင္အတုအေယာင္ကိုဦးစြာတိုက္ခိုက္လိုက္သည္။ တိုက္ခိုက္ေနရင္း ေငြဦးခ်ိဳသမင္မ်ားဖန္တီးထားေသာ ခ်င္းမင္အတုသည္ အစစ္၏တစ္ဝက္ေတာင္စြမ္းအင္မရွိသည္ကိုျမင္ေသာအခါ ေရွာင္ရွင္းသည္ ဟက္ခနဲရယ္ေမာလိုက္၏။ ထိုအခ်ိန္တြင္ သူ႔အနီးတြင္ရွိေနေသာ ဝမ္ရွန္းသည္ သူ႔ကို ကူညီ၍အျခားေသာသမင္မိစာၦမ်ားကိုတိုက္ခိုက္ဖယ္ရွားလာသည္ကိုျမင္လိုက္ရသည္။ ေရွာင္ရွင္း စိတ္ရႈပ္သြားေခ်၏။

"ႏိုးလာတာလား ......".

တိုက္ခိုက္ေနရင္း ခပ္ျမန္ျမန္ေမးျမန္းလိုက္ေသာ္လည္း ထိုဝမ္ရွန္းသည္ သူ႔ကိုအာ႐ုံမစိုက္ဘဲ သမင္မိစာၦမ်ားကိုသာ တိုက္ခိုက္ေနသည္ကိုျမင္လိုက္ရသည္။ ထိုအခ်ိန္တြင္ ခ်င္းမင္အတုကလည္း အဆက္မျပတ္တိုက္ခိုက္လာပါေသာေၾကာင့္ ေရွာင္ရွင္းသည္ ဝမ္ရွန္းဘက္ကိုအာ႐ုံမစိုက္ႏိုင္ေတာ့ဘဲ ခ်င္းမင္အတုကိုသာဆက္ၿပီးတိုက္ခိုက္ေနလိုက္သည္။ စြမ္း အင္ျပည့္ဝျခင္းမရွိေသာ ထိုအတုအေယာင္ကို အားသြန္ ခြန္စိုက္ တိုက္ခိုက္လိုက္ၿပီး ေနာက္ဆုံးတြင္ေတာ့ ေရွာင္ရွင္းသည္ ႐ုံရွန္႔ထံတြင္သူ၏စြမ္းအင္မ်ားကိုစီးဝင္ေစၿပီး ခ်င္းမင္အတု ၏ႏွလုံးသားတည့္တည့္ရွိရာကိုထိုးစိုက္လိုက္ေလေတာ့၏။ ထိုအခါ ခ်င္းမင္ အတုအေယာင္သည္ ေျမျပင္ေပၚသို႔လဲက်သြားကာ ဆန္႔တငင္ငင္ျဖင့္ ေငြဦးခ်ိဳသမင္မိစာၦအသြင္ေျပာင္းလဲသြားသည္ကိုျမင္လိုက္ရသည္။

"ဝမ္ရွန္း..... "

ေရွာင္ရွင္းသည္ ေငြဦးခ်ိဳသမင္တစ္ေကာင္ႏွင့္ ရင္ဆိုင္လ်က္ရွိေသာ ဝမ္ရွန္းကိုျမင္ေသာအခါ အျမင္အာ႐ုံလွည့္စားျခင္းအေၾကာင္းကိုေမ့ေလ်ာ့သြားၿပီး ဝမ္ရွန္းအနားကိုခ်ဥ္းကပ္သြားသည္။ သို႔ေသာ္လည္း အနားသို႔ေရာက္ေသာအခါ ထိုဝမ္ရွန္းသည္ ႐ုတ္တ ရက္ သူ႔ဘက္ကိုလွည့္ၿပီး ဓားဦးကိုသူ႔ရင္ဘတ္တည့္တည့္သို႔ထိုးစိုက္ရန္ခ်ိန္႐ြယ္လာ၏။ အႏၲရာယ္ကိုသတိထားမိသည္ႏွင့္ အေနာက္ကိုဆုတ္၍ခ်က္ခ်င္းေရွာင္တိမ္းလိုက္ေသာ္လည္း ဓားဦးခြၽန္ျဖင့္ ျခစ္မိသည္ျဖစ္၍ ေရွာင္ရွင္း၏ေငြငန္းျဖဴေရာင္အက်ႌ သည္ ဟက္တက္အက္ကြဲသြားသည္။

"ေစာက္ရမ္းမာယာမ်ားလြန္းတယ္!!!"

ေရွာင္ရွင္းသည္တစ္ေယာက္တည္းမေက်မနပ္ေရ႐ြတ္လိုက္ၿပီး ထိုဝမ္ရွန္းအတုကိုလည္း တစ္စစီႏုတ္ႏုတ္စင္းရန္ရည္ ႐ြယ္လိုက္သည္။ သူသည္ တစ္ခ်က္မွ်တြန္႔ဆုတ္အနားယူျခင္းမရွိဘဲ ထိုဝမ္ရွန္းအတုႏွင့္တကြ က်န္ရွိေနေသးေသာ သမင္မိစာၦမ်ားအားလုံးကို အၿငိဳးႀကီးေသာ တေစၦတစ္ေကာင္လို လိုက္လံသတ္ျဖတ္ေနလိုက္သည္။ ဤသည္မွာ ေရွာင္ရွင္း၏ျဖဴလႊေသာဝတ္စုံသည္ ေသြးတို႔ျဖင့္ ပက္ျဖန္းထားသလိုနီရဲလာသည္အထိပင္ျဖစ္၏။

နာရီဝက္မွ်ၾကာေသာအခါ ေနာက္ဆုံးေသာမိစာၦလက္က်န္မ်ားကို ၾကည့္ရႉေနရင္း သမင္မိစာၦတစ္ေကာင္၏ အေလာင္းထဲမွ ဓားကိုေရွာင္ရွင္းဆြဲထုတ္လိုက္၏။ သမင္၏ကိုယ္တြင္းမွ နီရဲပ်စ္ေစးေသာေသြးေစးနီနီတို႔သည္ ႐ုံရွန္႔၏မည္းနက္ ေသာကိုယ္ထည္တစ္ေလွ်ာက္တြင္ ေလးေလးတြဲတြဲလိုက္ပါလာသည္။ နဂိုသန္႔ရွင္းေသာ ခ်င္းမင္ေတာင္ရင္ျပင္တစ္ခုလုံးသည္ ယခုေတာ့ ညစ္ညမ္းေသာမိစာၦႏွင့္ သတ္ျဖတ္မႈအေငြ႕ အသက္မ်ားျဖင့္သာ ျပည့္လွ်ံေန၏။ ထို႔ေနာက္ ေရွာင္ရွင္းသည္ သမင္မိစာၦမ်ား၏အေနာက္တြင္ရပ္ေနလ်က္ရွိေသာ ဝူရွန္း ကိုျမင္လိုက္ရျပန္သည္။

"ဒီေစာက္အတုေတြကမကုန္ေသးဘူးလား.... "

သူ႔ေလာက္မွစြမ္းအင္ထက္ျမက္ျခင္းမရွိေလေသာ မိစာၦတို႔ႏွင့္ရင္ဆိုင္ရန္ပ်င္းရိလွေသာ ေရွာင္ရွင္းသည္ သမင္မိစာၦမ်ားဆီကို ခ်က္ခ်င္းဝင္ေရာက္သြားၿပီး အသက္မ်ားအားလုံးကိုႏႈတ္ယူရန္ႀကိဳးစားလိုက္သည္။ သူသည္ နာရီဝက္အတြင္း ေျမာက္မ်ားစြာေသာ သမင္မိစာၦတို႔ကိုသတ္ျဖတ္ခဲ့ၿပီးၿပီျဖစ္ၿပီး က်န္မိစာၦမ်ားအားလုံး၏အသက္သည္လည္း သူ၏႐ုံရွန္႔ထံတြင္သာအဆုံးသတ္ရမည္ျဖစ္ေလသည္။ ထိုကဲ့သို႔ေသာ တစ္ကိုယ္တည္းရပ္တည္ႏိုင္ျခင္းေတာင္မရွိသည့္ အုပ္စုဖြဲ႕တိုက္ခိုက္တတ္ေသာ မိစာၦမ်ားက သူ႔ကိုစားဖို႔ႀကံ႐ြယ္ခဲ့ေၾကာင္း ေတြးမိေသာအခါ ေရွာင္ရွင္းေလွာင္ရယ္ခ်င္လာသည္။ ထိုအခ်ိန္တြင္ ငူငူႀကီးရပ္ေနခဲ့ေသာ ဝူရွန္းသည္ သူ႔ဆီဝင္ေရာက္တိုက္ခိုက္လာေပ၏။

ဝမ္ရွန္းအတုကိုေတာင္ မ်က္ေတာင္မခတ္ဘဲ သတ္ျဖတ္ခဲ့ေလေသာေရွာင္ရွင္းသည္ မည္သို႔ေသာအျမင္အာ႐ုံလွည္စားမႈမ်ိဳးတြင္မွ နစ္ေမ်ာသြားေတာ့မည္မဟုတ္ေပ။

ဝူရွန္းသည္ကား လင္းလြန္းဓားရွည္ကိုဆြဲကိုင္၍ ေရွာင္ရွင္းဆီတစ္မုဟုတ္ခ်င္းေရာက္လာသည္။ ေရွာင္ရွင္းသည္ သြက္လက္စြာျဖင့္ သူ႔ကို တစ္ဇြတ္ထိုးဝင္ေရာက္တိုက္ခိုက္လာေသာ ဝူရွန္းကို လက္ျဖင့္ခပ္ျပင္းျပင္းတစ္ခ်က္႐ိုက္လိုက္ေသာအခါ ဝူရွန္းသည္ ဝါးႏွစ္ျပန္စာအကြာအေဝးထိေရာက္ေအာင္လြင့္ထြက္သြားေပ၏။ ျပင္းထန္လွေသာ ႐ိုက္ခ်က္ေၾကာင့္ ဝူရွန္းပါးစပ္ထဲမွေသြးတို႔သည္ အျပင္ကိုတရစပ္ထြက္အံက်လာသည္။ ထိုဝူရွန္းကို ရင္ဆိုင္ေနရင္းႏွင့္ အျခားေသာ သမင္မိစာၦမ်ားကိုလည္း မရပ္မနား ရင္ဆိုင္ေနရသည့္အခါ ေရွာင္ရွင္းသည္ ပို၍စိတ္ရႈပ္လာသည္။ ေဒါသထြက္လာေသာအခါ သူ၏ လက္မွထြက္ေပၚလာေသာစြမ္းအင္မွန္သမွ်သည္လည္း ပိုမိုရက္စက္လာေပ၏။ ေနာက္ဆုံးတြင္ေတာ့ ေရွာင္ရွင္းသည္ ဓားျဖင့္တိုက္ခိုက္ေနျခင္းကိုရပ္တန္႔လိုက္ၿပီး ႐ုံရွန္႔ကိုျပန္ပို႔၍ ေျမေခြးစြမ္းအင္မ်ားကို စကားဝါပြင့္ ပုံေရးခ်ယ္ထားသည့္ ျမားတံမ်ားသဖြယ္ဖန္တီးလိုက္ၿပီး က်န္ရွိေနေသးေသာ သမင္မိစာၦမ်ားအားလုံး၏ ကိုယ္တြင္းကိုဝင္ေရာက္ေစကာ အျမဴေတမွန္သမွ်ကို ၿဖိဳခြဲဝါးၿမိဳေစလိုက္သည္။

လူသားတို႔၏ျမားတစ္ရာအင္အားႏွင့္ညီမွ်ပါသည့္ ေရွာင္ရွင္း၏အျမဴေတၿဖိဳခြဲေသာ မိစာၦစြမ္းအင္မွဖန္တီးေမြးဖြားထားသည့္ ျမားတို႔က ၎တို႔၏ခႏၶာကိုယ္တြင္းကိုထိုးေဖာက္ဝင္ေရာက္ၿပီး ကိုယ္တြင္းမွ မိစာၦအျမဴေတမ်ားကိုတစ္စစီဖ်က္ဆီးေနေသာအခါ သမင္မိစာၦမ်ားအားလုံးသည္ ေျမျပင္ဆီကို ဒူးေထာက္လ်က္က်သြားသည္။ ထိုျမင္ကြင္းကို ျမင္ေသာအခါ ေရွာင္ရွင္းသည္ ေက်နပ္စြာၿပဳံးလိုက္ေပ၏။ သူသည္ ဓားျဖင့္တိုက္ခိုက္ၿပီး အပင္ပန္းခံေနမယ့္အစား အေစာကတည္းက ဤနည္းလမ္းမ်ိဳးႏွင့္တိုက္ခိုက္သင့္ေပသည္ဟု ေတြးလိုက္မိသည္။

ခဏမွ်ၾကာေသာအခါ သမင္မိစာၦမ်ားအားလုံးသည္ ေသြးအိုင္မ်ားၾကားထဲတြင္ လဲက်ကာ တျဖည္း ျဖည္းႏွင့္ၿငိမ္သက္သြားေတာ့သည္။ ေရွာင္ရွင္းသည္ လဲက်ေနေသာမိစာၦမ်ားကိုေက်ာ္လြန္၍ တစ္စုံတစ္ရာကို မ်က္ေတာင္မခတ္ဘဲ ၾကည့္ေနမိ၏။

ျပင္းစြာေသာလက္ဖဝါးျဖင့္ သူ႐ိုက္ႏွက္ခဲ့ေလေသာ ဝူရွန္းသည္ ယခုထိ သမင္မိစာၦတစ္ေကာင္၏အသြင္အျပင္သို႔ေျပာင္းလဲသြားျခင္းမရွိေသးေပ။

"ဝူရွန္း..... သူ.......... သူက........... "

မိစာၦမ်ားစြာကိုတိုက္ခိုက္စဥ္ကေတာင္ ေမာဟိုက္ျခင္းမရွိခဲ့ေလေသာ ေရွာင္ရွင္းသည္ ႐ုတ္တရက္ႀကီးအသက္ရႉမွားကာ ေခြၽးျပန္လာသည္။ သူသည္ ပုံပ်က္ပန္းပ်က္ လဲက်ေသဆုံးေနေသာ အေလာင္းမ်ားကိုေက်ာ္ခြ၍ ဝူရွန္းရွိရာကိုသြားလိုက္၏။ ေရွာင္ရွင္း၏ေျခလွမ္းမ်ားသည္ ေရွ႕ကိုလွမ္းလိုက္ရန္ အလြန္အမင္းတြန္႔​ဆုတ္ေနသည္။

လႈပ္ရွားေနေသာ စိတ္တို႔ကိုခ်ဳပ္ထိန္းၿပီးၾကည့္လိုက္ေတာ့
ေျမျပင္ေပၚတြင္ လဲက်ေနေသာ ဝူရွန္း၏မ်က္ႏွာတစ္ျခမ္းသည္ ပါးစပ္ထဲမွေသြးမ်ားျဖင့္နီရဲေနသည္။ ဝူရွန္းသည္ ကုန္းေပၚတြင္ေသာင္တင္ေနေသာ ေ႐ႊငါးေလးတစ္ေကာင္လို အသက္ကိုႀကိဳးစားပမ္းစားရႈရႈိက္ေနရ၏။

ေရွာင္ရွင္းသည္ ေျမျပင္ေပၚတြင္ ဒူးေထာက္လ်က္ထိုင္ခ်လိုက္ၿပီး ဝူရွန္း၏ လက္ကိုကိုင္ကာေသြးေၾကာမ်ားကိုစမ္းသပ္လိုက္သည္။ ထို႔ေနာက္ အင္းကြက္တစ္ကြက္ကိုဖန္တီးကာ ဝူရွန္းကိုယ္ထဲကိုထည့္သြင္းလိုက္၏။

"မူလအသြင္ေျပာင္းလဲေစ"

ဝူရွန္းကား မည္သည့္သမင္မိစာၦ၏ပုံသ႑ာန္ကိုမွေျပာင္းလဲသြားျခင္းမရွိေပ။

သမင္မိစာၦမ်ားႏွင့္အတူ သူျပင္းထန္စြာဝါးၿမိဳေစခဲ့ေလေသာ
ဝူရွန္း၏အျမဴေတသည္ တစ္စစီကြဲေၾကသြားခဲ့ၿပီျဖစ္ၿပီး ဝူရွန္းသည္ အသက္မွ်င္းမွ်င္းသာက်န္ရွိေနေတာ့သည္ကို သိလိုက္ရေတာ့ ေရွာင္ရွင္း ၾကက္ေသေသသြားမိ၏။ ထို႔ေနာက္ မ်က္လုံးမ်ားကိုမွိတ္ခ်လိုက္သည္။

"ဒီေနရာကိုဘာလို႔ေရာက္လာရတာလဲ အ႐ူးေကာင္ရဲ႕"

သူသည္ ဝူရွန္းလက္ကိုကိုင္ကာ ဝူရွန္းအသက္ကိုကယ္တင္ႏိုင္မည့္နည္းလမ္းမွန္သမွ်ကိုစဥ္းစားေနမိသည္။ သို႔ေသာ္ ဝူရွန္းသည္ သူ႔လက္ထဲမွ ႐ုတ္တရက္႐ုန္းထြက္လိုက္၏။ ထို႔ေနာက္ ေရွာင္ရွင္း မ်က္ႏွာကို စူးစူးစိုက္စိုက္ၾကည့္ကာ ေသြးအန္ေနသည့္ၾကားမွ ႀကိဳးစား၍ေျပာသည္။

"မိစာၦ......မိစာၦေကာင္.... "

"......"

ေရွာင္ရွင္းသည္ ရင္ထဲတြင္ေဒါသျဖစ္မိေသာ္လည္း ဝမ္ရွန္း၏ဆရာတူညီျဖစ္ေန၍ စိတ္ကိုထိန္းကာ ဝူရွန္းကိုတြဲထူလိုက္ၿပီး ဝူရွန္းဆီသို႔ သူ၏စြမ္းအင္အခ်ိဳ႕ကိုလႊဲေျပာင္းကာ ကုသေပးလိုက္သည္။ သို႔ေသာ္လည္ သူ၏မိစာၦစြမ္းအင္မ်ားသည္ ဝူရွန္း၏ၿပိဳကြဲေနေသာအျမဴေတကိုအေထာက္အပံ့မေပးႏိုင္ဘဲ ပိုဆိုးလာေစ၏။ ထိုအခါ ဝူရွန္းသည္ ရွိေနေသးေသာလက္က်န္အင္အားျဖင့္ ေရွာင္ရွင္း ကို တြန္းထုတ္လိုက္ၿပီး သူ၏လင္းလြန္းဓားရွည္ကို ေျမျပင္တြင္ေထာက္ကာ ယိုင္တိုင္တိုင္ျဖင့္ထလိုက္သည္။

ထို႔ေနာက္ ပါးစပ္မွေသြးမ်ားကိုေထြးထုတ္လိုက္ၿပီး ဓားဦးကိုေရွာင္ရွင္းဆီသို႔ခ်ိန္႐ြယ္လိုက္၏။

"ငါ့ကိုကယ္ေနစရာမလိုဘူး... ေသသည္ျဖစ္ေစ ရွင္သည္ျဖစ္ေစ ဂ႐ုမစိုက္ဘူး။ ဒီေန႔ ငါမင္းနဲ႔တိုက္မယ္"

"အ႐ူးထမေနနဲ႔ ဝူရွန္း... ။ မင္းငါ့ကိုနည္းနည္းေလးေတာင္ထိခိုက္ေအာင္မလုပ္ႏိုင္ဘူး။ မင္းကိုယ္မင္းလည္းျပန္ၾကည့္ဦး...."

ဝူရွန္းသည္ ခႏၶာကိုယ္တစ္ခုလုံးက က်ဴပင္ငယ္လို ယိမ္း ယိုင္ေနသည့္တိုင္ေရွ႕ကိုတိုးလာ၏။ လည္ေခ်ာင္းထဲမွ ေသြးမ်ားမျပတ္ထြက္အံလာျခင္းေၾကာင့္ သူ႔ေလသံမ်ားက ေရာေထြးေနသည္။ နဂိုကတည္းက သိပ္ၿပီးစြမ္းအင္ျပည့္ဝျခင္းမရွိေသးေသာ သူ၏အျမဴေတသည္ တစ္စစီျဖစ္လ်က္ ေသြးေၾကာမ်ားအားလုံးပင္ေပါက္ကြဲသြားေတာ့မလို နာက်င္မႈက ခႏၶာကိုယ္တစ္ခုလုံးကို ၾကမ္းတမ္းခတ္ထန္စြာ စီးဝင္လာသည္။

"မင္းေၾကာင့္နဲ႔ ရွစ္ဖူကိုထိခိုက္ခြင့္မေပးႏိုင္ဘူး.... "

သူသည္ ေရွာင္ရွင္းကိုမည္သို႔မွ်အႏိုင္ယူႏိုင္မည္မဟုတ္မွန္းသိေသာ္လည္း ေၾကာက္႐ြံ႕ျခင္းကား စိုးစဥ္းမွ်မရွိ။ ေနာက္ ဆုတ္လိုက္ရန္စိတ္ကူးသည္လည္း ျမဴမႈန္မွ်မရွိသလို ေရွာင္ရွင္း၏သက္ညႇာေပးမႈျဖင့္ဆက္ၿပီး အသက္ရွင္ေနရန္စိတ္ကူးလည္း နည္းနည္းမွမရွိေတာ့ၿပီျဖစ္သည္။ သို႔ေသာ္လည္း သူ၏စိတ္ကို ခႏၶာကိုယ္က မလိုက္နာေတာ့သည္မို႔ ေျပာေနရင္းႏွင့္ ေျမျပင္ေပၚကိုလဲက်သြား၏။ ထို႔ေနာက္လည္ေခ်ာင္းဝ တြင္ တစ္ဆို႔ေနေသာ နာက်င္မႈကိုအန္ထုတ္လိုက္ျခင္းႏွင့္အတူ ေၾကမြေနေသာ အျမဴေတအစိတ္အပိုင္းမ်ားက ေသြးတို႔ျဖင့္ေရာယွက္ကာထြက္က်လာသည္။ ျပင္းထန္စြာရႉသြင္းေနေသာ ဝူရွန္း၏အသက္ရႉသံမ်ားသည္ ေျခာက္ကပ္တိတ္ဆိတ္ေနေသာေတာင္ရင္ျပင္တြင္ က်ယ္က်ယ္ေလာင္ေလာင္ထြက္ေပၚလာၿပီး လူကမူ တျဖည္းျဖည္း ၿငိမ္က်သြားသည္။ လင္းလြန္းဓားရွည္ကိုဆုပ္ကိုင္ထားေသာ ဝူရွန္း၏လက္ေခ်ာင္းမ်ားတို႔သည္ ျဖည္းညင္းစြာေျပေလ်ာ့သြား၏။ ေသြးစက္တို႔ေပက်ံေနလ်က္ရွိေသာ မ်က္ႏွာျပင္ထက္မွ မ်က္ဝန္းမ်ားတို႔သည္ပင္ ေလးဖင့္ေႏွာင့္ေႏွးစြာပုတ္ခတ္ေနရသည္။

ေရွာင္ရွင္းသည္ ဝူရွန္းအနားကိုခ်ဥ္းကပ္သြားလိုက္၏။ ပတ္ဝန္းက်င္ကို ေမာ့ၾကည့္မိေတာ့ သမင္မိစာၦ အေလာင္းမ်ားမွလြဲ၍မည္သည့္အရာမွမရွိေသာ ခ်င္းမင္ေတာင္တစ္ခုလုံးတြင္ ဝူရွန္းကိုကယ္တင္ႏိုင္မည့္သူသည္ကားတစ္ဦးမွ်မရွိ ႏိုင္ေတာ့ၿပီျဖစ္သည္။

မရဏမင္းႏွင့္အသက္လုေနရသည့္ ေနာက္ဆုံးတြင္ေတာ့ ဝူရွန္း၏တုန္ယင္အက္ကြဲေနေသာစကားသံသည္ တိုးလ်စြာထြက္ေပၚလာသည္။

"မင္းလိုမိစာၦကငါ့အစ္ကိုနားမွာဆက္မေနသင့္ဘူး ေရွာင္ရွင္း.... ။ မင္းကသူနဲ႔မထိုက္တန္ဘူး။ သူ႔အနားမွာဆက္ေနေနရင္ တစ္ခ်ိန္မွာ သူ႔ကိုထိခိုက္နာက်င္ေစလိမ့္မယ္.....ၿပီးေတာ့... မင္း.......... မင္းငါ့ရဲ႕ဆရာသခင္ကိုလည္းနာက်င္ေအာင္မလုပ္ရဘူး........ "

"........."

စကားဆုံးေသာအခါ ဝူရွန္းသည္ ရွည္လ်ားေသာထြက္သက္တစ္ခုကိုပါးစပ္မွ ေလးပင္စြာထြက္ခြာေစလိုက္၏။ ထို႔ေနာက္ မ်က္လုံးမ်ားက ညင္သာစြာပိတ္စက္သြားသည္။ ငယ္႐ြယ္စဥ္ကတည္းက မိသားစုဟူေသာတန္ဖိုးႀကီးမားသည့္ အရာတစ္ခုကိုပိုင္ဆိုင္ခြင့္မရွိခဲ့ေသာသူသည္ ယခုေတာ့ သူ႔ကိုခ်စ္ေသာ သူကခ်စ္ရေသာ ဆရာသခင္ႏွင့္ ဆရာတူအစ္ကိုမ်ားရွိေနသည့္ေနရာတြင္ေသဆုံးရသည္မို႔ ႏႈတ္ခမ္းမ်ားကိုအနည္းငယ္ပင့္တင္ကာ ၿပဳံးရန္ႀကိဳးစားလိုက္သည္။ သူသည္ခုလိုျမန္ျမန္ဆန္ဆန္ႀကီးထြက္ခြာသြားရန္ ဆႏၵမရွိေသးေသာ္ လည္း ေသျခင္းတရားသည္ သူ႔ဆီကိုဆိုက္ဆိုက္ ၿမိဳက္ၿမိဳက္ႀကီးေရာက္လာခဲ့ၿပီျဖစ္၏။ သူသည္ ယခုအခ်ိန္မွစ၍ ခ်င္းမင္၏သင္ၾကားေပးမႈမ်ားကိုခံယူခြင့္မရွိေတာ့သလို သူႏွစ္သက္လွေသာ ခ်င္းမင္ေတာင္၏ေရတံခြန္ဆီကိုလည္းဘယ္ေတာ့မွ မသြားႏိုင္ေတာ့ၿပီျဖစ္သည္။ တစ္ေယာက္တည္းေလွ်ာက္လွမ္းသြားရမည့္ မရဏလမ္းတြင္ အေျပာဆိုးေသာ ယဲ့စြမ္းအားစေနာက္ျခင္းကိုလည္းမျပဳႏိုင္ေတာ့သလို ၾကင္နာတတ္ေသာဝမ္ရွန္း၏ အလို လိုက္မႈမ်ားကိုလည္း ထပ္ၿပီး မရႏိုင္ေတာ့ၿပီျဖစ္သည္။ အသက္မဲ့လာ​ေသာ ဝူရွန္းခႏၶာကိုယ္သည္ တျဖည္းျဖည္းၿငိမ္သက္သြားသည္ႏွင့္တၿပိဳင္နက္ ပိတ္စက္ထားေသာ မ်က္ေတာင္ဖ်ားမ်ားၾကားမွမ်က္ရည္စတို႔သည္လည္း ေသြးတို႔ဖုံးလႊမ္းေနေသာ ေျမျပင္ေပၚကို တြဲခိုစီးက်သြားသည္။

"ဝူရွန္း........."

ေရွာင္ရွင္းသည္ ဝူရွန္းကိုလႈပ္ႏႈိးလိုက္ရင္း ေဒါသေရွ႕ထားကာ မိစာၦမ်ားကိုရင္ဆိုင္ခဲ့မိေသာ မိမိကိုယ္ကိုယ္အျပစ္လိုက္မိသည္။ သူ႔မ်က္စိေရွ႕တြင္ သူ႔လက္ခ်က္ျဖင့္နာနာက်င္က်င္ ေသဆုံးသြားရေသာ ဝူရွန္းကိုၾကည့္ရင္း သူသည္စိတ္မ်ားရႈပ္ေထြးလာရ၏။ သူ႔လက္ျဖင့္ ဝူရွန္းကိုေသေစခဲ့မိသည့္အေၾကာင္း ဝမ္ရွန္းသာသိသြားပါက ဟူေသာ စိုးရိမ္စိတ္သည္ ေက်ာက္တုံးလိုမာေၾကာေသာ ေရွာင္ရွင္း၏ ႏွလုံးသားကိုအဆမတန္ တုန္ယင္လႈပ္ရွားလာေစသည္။

"သြားၿပီ...... သူသာသိသြားခဲ့ရင္...... "

သူသည္ လက္သီးႏွစ္ဖက္ကိုက်စ္က်စ္ပါေအာင္ဆုပ္ထားလိုက္၏။

"မဟုတ္ဘူး...... သူမသိရဘူး.......ဒီအ႐ူးကိုငါတမင္သတ္ခဲ့တာမဟုတ္ဘူး........."

ေရွာင္ရွင္းသည္ ေခါင္းကိုယမ္းကာ အမွန္တရားတစ္ခုကိုျငင္းဆန္ေနရင္း အသက္ဝိဥာဥ္ကင္းမဲ့သြားခဲ့ၿပီျဖစ္ေသာ ဝူရွန္းကိုၾကည့္ရင္း က်ယ္ေလာင္စြာေအာ္ဟစ္လိုက္သည္။

"တာ့စူး..... လာခဲ့စမ္း........... "

သခင္ျဖစ္သူကအေခၚေတာ္ရွိေသာအခါ တာ့စူးသည္ ငွက္အသြင္ျဖင့္ ခ်င္းမင္ေတာင္ေျခတြင္ရွိေနရာမွ ေတာင္ေပၚကိုတျဖည္းျဖည္းပ်ံသန္းလာသည္။ သာမန္ဆိုလွ်င္ ခ်င္းမင္ေတာင္ေပၚကိုက်ဴးေက်ာ္ရန္မလြယ္ကူေသာ္လည္း သမင္မိစာၦမ်ားေၾကာင့္ ေတာင္ေျခအစီအရင္က ဖ႐ိုဖရဲျဖစ္ေနသည္မို႔ သူသည္ ျမန္ဆန္စြာေရာက္ရွိလာ၏။

"တာ့စူးေရာက္ပါၿပီသခင္...... "

တာ့စူးသည္ ျပန္႔က်ဲေနေသာမိစာၦအေလာင္းမ်ားကိုၾကည့္ရႉရင္း ဝူရွန္းနံေဘးတြင္ မလႈပ္မယွက္ထိုင္ေနေသာ သခင္ျဖစ္သူဆီခ်ဥ္းကပ္သြားလိုက္သည္။

"သခင္........"

"ဒီကိုလာခဲ့"

ေရွာင္ရွင္းသည္ကား ျပန္လည္ျပဳျပင္၍မရေတာ့ေသာအမွားတစ္ခုျဖစ္သည့္ ဝူရွန္း၏အေလာင္းကိုၾကည့္ရႉေနရင္း မတ္တပ္ရပ္ကာ လက္ႏွစ္ဖက္ကိုအေနာက္သို႔ယွက္သြယ္ထား သည္။ သူသည္ မည္သည့္စကားကိုမွ ထပ္မေျပာဘဲ အသက္ရႉျခင္း၊ ႏွလုံးခုန္ျခင္း မရွိေတာ့ေလေသာ ဝူရွန္းကိုအၾကာႀကီးေငးစိုက္ၾကည့္ေန၏။ ေရွာင္ရွင္းသည္ခံစားမႈကင္းမဲ့ေသာ ေျခာက္ကပ္ကပ္မ်က္လုံးမ်ားျဖင့္ ဝူရွန္းကိုအဓိပၸါယ္ကင္းမဲ့စြာၾကည့္ရႉေနရင္း မ်က္ေမွာက္ကုတ္ထားမိသည္။ တြန္႔ခ်ိဳးေနေသာမ်က္ခုံးတန္းတို႔ေအာက္မွ မ်က္လုံးမ်ားကို မွိတ္ လိုက္မိေတာ့ ဝမ္ရွန္းမ်က္ႏွာ ကိုသာျမင္ေယာင္လာမိေခ်သည္။ သူသည္ ဝူရွန္း၏ေသဆုံးမႈအေပၚမည္သည့္ခံစားခ်က္မွမရွိပါေသာ္လည္း ဝူရွန္းကိုသတ္မိ၍ ဝမ္ရွန္းဆီမွထြက္ေပၚလာမည့္ အမုန္းတို႔ကိုခံယူႏိုင္စြမ္းမရွိပါေလ။

"အလကားေနရင္း သတ္လိုက္မိတာပဲ။ ေစာက္ရမ္းစိတ္ရႈပ္စရာေကာင္းလြန္းတယ္။"

သူသည္တစ္ကိုယ္တည္းေရ႐ြတ္လိုက္ၿပီး လက္ဖဝါးတစ္ဖက္ကိုျဖန္႔ကာ မူလအသြင္ကိုဖုံးကြယ္ႏိုင္ေသာ အင္းကြက္တစ္ခုကိုဖန္တီး၍ မီးေတာက္တစ္ခုလိုနီရဲေနေသာ ထိုအင္းကြက္အား တာ့စူးကိုယ္တြင္းသို႔မေျပာမဆို ထည့္သြင္းလိုက္၏။

"သခင္........ "

အင္းကြက္ဝင္သြားေသာေၾကာင့္ တာ့စူး၏ခႏၶာကိုယ္သည္ တစ္မုဟုတ္ခ်င္း မူလငွက္အသြင္သို႔ေျပာင္းလဲသြားၿပီးမွ အနီေရာင္မီးခိုးလုံးမ်ားရစ္ပတ္ကာ လူအသြင္သို႔ျပန္လည္ေျပာင္းလဲလာသည္။ အသြင္သ႑ာန္ေျပာင္းလဲမႈဒဏ္ကိုခံစားေနရေသာေၾကာင့္ တာ့စူး၏မ်က္ႏွာသည္ လြန္စြာရႈံ႕မဲ့ေနသည္။

အင္းကြက္အစြမ္းေၾကာင့္ ဝူရွန္း၏႐ုပ္သြင္ႏွင့္တစ္ေထရာတည္းတူေအာင္ေျပာင္းလဲသြားၿပီျဖစ္ေသာ တာ့စူးကိုၾကည့္ရင္းမွ ေရွာင္ရွင္းသက္ျပင္းခ်လိုက္မိသည္။ ထို႔ေနာက္ ခပ္မာမာပင္ ေျပာလိုက္၏။

"ဝူရွန္းရဲ႕အခန္းထဲသြားၿပီးအိပ္ေနေတာ့... ။ ငါ့အမိန္႔မရမခ်င္းလုံးဝထြက္မလာနဲ႔ ...ခဏေနရင္ မင္းဘာဆက္လုပ္ရမလဲဆိုတာငါေျပာမယ္.... တစ္ခုခုလြဲေခ်ာ္ေအာင္လုပ္လို႔ကေတာ့ ေသၿပီသာမွတ္...!"

"ဟုတ္..... ဟုတ္ကဲ့....... "

တာ့စူးသည္ ယိုင္ခ်ည့္ခ်ည့္ျဖင့္ထြက္သြား၏။ ထိုအခါေရွာင္ရွင္းသည္ ဝူရွန္းကိုျပန္လည္ၾကည့္ရႉလိုက္ၿပီး ကိုယ္ခႏၶာကိုေလာင္ကြၽမ္းျပာက်ေစသည့္ အင္းကြက္တစ္ခုကို ဝူရွန္းဆီသို႔ပို႔လႊတ္လိုက္သည္။

သူသည္ ဝူရွန္းကိုဘယ္တုန္းကမွေသေစလိုစိတ္မရွိခဲ့ေသာ္ လည္း လက္လြန္သြားခဲ့ၿပီးၿပီျဖစ္ေလသည္။ တျဖည္းျဖည္း ျပာမႈန္မ်ားအျဖစ္ေျပာင္းလဲသြားေသာ ဝူရွန္းခႏၶာကိုယ္ကိုၾကည့္ရင္းမွ ေရွာင္ရွင္းသည္ သမင္မိစာၦမ်ားေသဆုံးသြားျခင္းေၾကာင့္ အနည္းငယ္ ျပန္လည္လင္းက်င္းလာေသာေကာင္း ကင္ျပင္ကို ရီရီေဝေဝ ေငးၾကည့္လိုက္သည္။ ထို႔ေနာက္ တိုးတိမ္စြာေရ႐ြတ္လိုက္၏။

"ခ်င္းမင္သိရင္ ကြၽန္ေတာ့္ကိုသတ္ေတာ့မယ္ထင္တယ္။ ကိုကို႔ေဘးမွာေနရဖို႔က ဘာလို႔ဒီေလာက္ခက္ခဲရတာလဲ....."

xxx

A/N

Did You Know Fact

-ေရွာင္ရွင္းက ဝူရွန္းကို မမုန္းခဲ့ဖူးသလို ဝူရွန္းေသဆုံးမႈအေပၚသနားစိတ္လည္းဘယ္တုန္းကမွမရွိဖူးပါဘူး။ သူေၾကာက္တာက ဝမ္ရွန္းသူ႔ကိုစိတ္ဆိုးမွာတစ္ခုတည္းပါ။ ဝူရွန္းရဲ႕ျဖစ္တည္မႈက ခ်င္းမင္တို႔ ဝမ္ရွန္းတို႔အတြက္ဘယ္ ေလာက္အေရးပါပါ ေရွာင္ရွင္းအတြက္ေတာ့ ၾကက္ကေလး ငွက္ကေလးတစ္ေကာင္ေသသြားသေလာက္ပါပဲ။ ကိုယ္တို႔ရဲ႕ေရွာင္ရွင္းအာက အဲ့ေလာက္သံေယာဇဥ္မဲ့ပါတယ္။

Continue Reading

You'll Also Like

471K 16.7K 193
Won Yoo-ha, a trainee unfairly deprived of the opportunity to appear on a survival program scheduled to hit the jackpot, became a failure of an idol...
103K 5.3K 28
Hooked onto drugs, no family, no guidance or sanity until she met HIM. Cover Creds: @Triceynexttdoor ❤️ -BLICKY.
37.8K 5.2K 44
Love story through flowers' language Available both Zawgyi & Unicode
1.5M 106K 41
ချစ်ခင်မြတ်နိုး အားကိုးရတဲ့... ချစ်သူစကား တန်ဖိုးထားပါ့မယ်.. အဆိုးအကောင်း အကျိုးအကြောင်း.. ပိုင်းခြားဆုံးဖြတ် ဝေဖန်တတ်အောင်.. လမ်းပြဆောင်တဲ့ မင်း...