ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက်...

By Melinoe_Megami

1.6M 288K 11.1K

ဝိဉာဥ္ကူးေျပာင္းခဲ့ၿပီးေနာက္ ေသာက္တလြဲေတြ ျဖစ္ကုန္ၿပီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင... More

Description
1
2
3
4
5
6
7
8
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36.1
36.2
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61.1
61.2
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
Ads
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
Just Memes
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168 - Unicode
168 - Zawgyi
169 - End
170 - Second Ending part 1
171 - Second Ending part 2
172 - Second Ending Part 3
173 - လွေ့ရွယ် POV 1
174 - လွေ့ရွယ် POV 2
175 - လွေ့ရွယ် POV 3
176 Extra
177 Extra
178 Extra
179 Extra
180 Extra
181 Extra
182 Extra
183 extra
184 Extra
185 Extra
186 Extra
187 Extra
188 Extra
189 Extra
190 Extra
191 Extra
192 Extra End

9

14.7K 2.3K 22
By Melinoe_Megami

Unicode

“ကျွန်တော်တို့ကြားက သခင်-အစေခံစာချုပ်ကို ပယ်ဖျက်လို့ရနိုင်တယ်..”

သူ့ဘဝရဲ့ အဆိုးဆုံးကပ်ဆိုက်မှု သေဘေးအန္တရာယ်နဲ့ နီးကပ်လာချိန်မှာတော့ ရွှယ်ယို့ရှန်းရဲ့ ဦးနှောက်လေးက ယခင်နဲ့မတူအောင် မြန်မြန်ဆန်ဆန် အလုပ်လုပ်လာခဲ့တယ်။ တတိယရွေးချယ်မှုတစ်ခုကို ထုတ်သုံးလိုက်ရင်း ရင်းဆုယဲ့ရဲ့ သတ်သေမယ့် အစီအစဉ်ကို တားဆီးလိုက်တယ်။

ရင်းဆုယဲ့ကို သခင်-အစေခံစာချုပ်သုံးပြီး တိုက်ရိုက်အမိန့်ပေးလို့ရပေမယ့် အဲ့လိုသာလုပ်လိုက်ရင် ကိုယ့်မျက်နှာကိုယ် ပြန်ဖြတ်ရိုက်လိုက်တာနဲ့ ဘာမှမခြားတော့ဘူး။ တကယ့်ကို ကသိကအောက်ဖြစ်စရာပဲ..!

ပြီးတော့ ဖိအားပေးပြီး အမိန့်နာခံခိုင်းတာက အန္တရာယ်ကင်းတယ်ဆိုပေမယ့် သူနဲ့ရင်းဆုယဲ့ကြားက ပြေလည်နိုင်မယ့် အခွင့်အရေးကို လုံးဝဆုံးရှုံးရလိမ့်မယ်။ ရင်းဆုယဲ့ရဲ့ ‘မကွဲနိုင်တဲ့မြေအိုးထက် အက်ကွဲရာတွေနဲ့ ကျောက်စိမ်းအိုးပဲ အဖြစ်ခံမယ်..” (အရှက်ကွဲရမှာထက် အသေခံလိုက်တာ ပိုကောင်းတယ်) ဆိုတဲ့စိတ်ဓာတ်ကြောင့် မဟာရန်သူတော်တွေ ဖြစ်သွားရလိမ့်မယ်။

မရေမတွက်နိုင်တဲ့ အချက်အလက်တွေက အဓိကဇာတ်ကောင်ထက် ဗီလိန်ရဲ့ မုန်းတီးခြင်းကို ခံရတဲ့လူက အဆုံးသတ်ကောင်းမှာ မဟုတ်ဘူးဆိုတာ ရွှယ်ယို့ရှန်းကို ပြောပြလို့နေတယ်။ ဒီအတိုင်းသေသွားရင် ကိစ္စမရှိပေမယ့် သေတာထက် ပိုဆိုးရွားတဲ့ကိစ္စတွေ ရင်ဆိုင်ရရင်တော့ ကြောက်စရာကြီး။

ဘယ်တစ်ခုကိုရွေးရွေး မှားယွင်းနေတယ်လို့ ခံစားနေရတာကြောင့် ရွှယ်ယို့ရှန်းလည်း ရွေးချယ်ရမယ့်အချိန်မှာ တုံ့ဆိုင်းနေခဲ့တယ်။ သေခြင်းတရားနဲ့ နဖူးတွေ့ဒူးတွေ့ ကြုံရမယ့် အချိန်ရောက်လာတော့ အလိုက်သင့်လှုပ်ရှားဖို့ပဲ တတ်နိုင်တော့တယ်။ ဒါက အသက်ဆက်ရှင်နိုင်မယ့် အခွင့်အရေးပဲ။

“ဟမ်..?”

ရင်းဆုယဲ့ရဲ့အမူအရာက ပြောင်းလဲမှုမရှိခဲ့ဘူး။ ရွှယ်ယို့ရှန်းကိုလည်း သူ မယုံကြည်နိုင်သေးဘူး။

“ဒါပေမဲ့ အခုချက်ချင်းတော့ ဖျက်သိမ်းလို့မရသေးဘူး.. ပါဝင်ပစ္စည်းတချို့ လိုအပ်နေသေးလို့..”

ရွှယ်ယို့ရှန်းအနေနဲ့ စာချုပ်ကို ချက်ချင်း မဖျက်သိမ်းပေးချင်လို့ မဟုတ်ပါဘူး။ သူ ဘယ်လိုလုပ်ရမှန်း မသိသေးရုံပဲ။ ပိုဆိုးတာက သူပြောလိုက်တဲ့ နည်းလမ်းက အောင်မြင်လိမ့်မယ်လို့ သူကိုယ်တိုင်တောင် အာမ,မခံနိုင်သေးဘူးလေ။ ဒါပေမဲ့ လက်ရှိအခြေအနေကို ဖြေရှင်းချင်ရင် ရှိသမျှနည်းလမ်းအကုန် ထုတ်သုံးရတော့မှာပဲ..!

“ကျွန်တော်ပြောခဲ့သမျှ အမှန်တွေချည်းပဲဆိုတာ ကျွန်တော် ကျိန်ရဲပါတယ်.. ခင်ဗျားသာ ပါဝင်ပစ္စည်းတွေ ရှာပေးနိုင်မယ်ဆို ကျွန်တော် သခင်-အစေခံစာချုပ်ကို ပယ်ဖျက်နိုင်လိမ့်မယ်..”

တကယ်လို့ ရင်းဆုယဲ့သာ သူ့ကို မဖမ်းချုပ်ထားဘူးဆိုရင် ချက်ချင်း လက်ထောင်ပြီး ရှက်ဖို့ကောင်းအောင် ကျိန်ဆိုပြလိုက်ပြီ။ စာချုပ်ကို ပယ်ဖျက်နိုင်တဲ့ နည်းလမ်းက ရှိပေမယ့် တန်ဖိုးကြီးကြီးမားမား ပြန်ပေးဆပ်ရလိမ့်မယ်။

ဒါက အဓိကအချက်မဟုတ်သေးဘူး။ ပိုပြီးအရေးကြီးတာက ‘ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်သခင်’ ဝတ္ထုထဲ သူ မကူးပြောင်းလာခင်အထိ အခုပြောခဲ့တာတွေကို ချပြဖို့မပြောနဲ့၊ သဲလွန်စတောင် မဖော်ပြခဲ့ရသေးဘူး။ သူ့ဝတ္ထုရဲ့ စာမူကြမ်းထဲမှာပဲ ရေးမှတ်ထားရသေးတာ။

ဇာတ်လမ်းအရ အဓိကဇာတ်ကောင်ကို အမျိုးမျိုးသော အခက်အခဲတွေ ရင်ဆိုင်ကျော်လွှားနိုင်ဖို့ရာအတွက် ဇာတ်ကွက်တစ်ခု ဖန်တီးပေးဖို့ စီစဉ်ထားခဲ့တယ်။ အဓိကဇာတ်ကောင်က သခင်-အစေခံစာချုပ် အတင်းအကျပ် ချုပ်ဆိုခံလိုက်ရတဲ့ မိန်းကလေးတစ်ယောက်ကို ကူညီပေးရလိမ့်မယ်။

အဲ့ကိစ္စတွေပြီးရင်တော့ အဓိကဇာတ်ကောင်အနေနဲ့ မိန်းမလှလေးကို ပိုင်ဆိုင်နိုင်လိမ့်မယ်။ ဒါပေမဲ့ ဇာတ်ကွက်တွေကို မချပြရသေးတော့ နည်းလမ်းကိုလည်း တရားဝင် မရေးသားရသေးဘူး။ အဲ့တာကြောင့် ရွှယ်ယို့ရှန်းက ကိုယ့်ကိုယ်ကို ယုံကြည်ချက်မရှိ ဖြစ်နေခဲ့လေတယ်။

“ငါယုံမယ်လို့ မင်းထင်နေတာလား..?”

ရင်းဆုယဲ့က နည်းနည်းလေးတောင် မလှုပ်ရှားခဲ့ဘူး။ ချဉ်းကပ်လာတဲ့ ဝံပုလွေတွေကို စိုက်ကြည့်နေရင်း မုန်းတီးစွာ သတိပေးလိုက်တယ်။

“ငါ့ကို စည်းရုံးဖို့ကြိုးစားရင်း အချိန်ဖြုန်းနေမယ့်အစား တစ်ခုခုကို အမြန်ရွေးချယ်လိုက်တော့.. အဲ့တာက မင်းအတွက် အသက်ရှင်နိုင်မယ့် အခွင့်အရေးပဲ..”

“ခင်ဗျား ဘာလို့ လူတွေအပေါ် ယုံကြည်စိတ်မရှိရတာလဲ..?”

အစကနေအဆုံးထိ အရမ်းကို သံသယများလွန်းနေတော့ ရွှယ်ယို့ရှန်းမှာ ဒေါသထွက်လာခဲ့တယ်။

“ဒီကမ္ဘာပေါ်မှာ ငါ့ယုံကြည်မှုနဲ့ ထိုက်တန်တဲ့လူ မရှိဘူး..”

ဆိုးရွားတဲ့အတိတ်ကို သတိရသွားဟန်တူ၏။ ရင်းဆုယဲ့ရဲ့ မျက်ဝန်းအိမ်ထဲတွင် အမှောင်ထုနဲ့ မကောင်းတဲ့ အငွေ့အသက်တွေ ပြည့်နှက်လာတော့တယ်။

“………….”

ဘာကြောင့်ရယ်မသိ၊ လူတိုင်းကို အဝေးတွန်းပို့နေတဲ့ အေးစက်စက်အရှိန်အဝါနဲ့ သူ့အရှေ့က အမျိုးသားမှာ ကမ္ဘာတစ်ခုလုံး သူ့ကို ပစ်ပယ်ထားသလိုမျိုး အထီးကျန်ဆန်မှုတွေ လွှမ်းမိုးနေတယ်လို့ ရွှယ်ယို့ရှန်း ခံစားလိုက်ရတယ်။ ထိုတဒင်္ဂလေးမှာ ဖိအားများလာသလို ခံစားလိုက်ရပြီး စိတ်မသက်မသာခံစားမှုက တဖြည်းဖြည်းချင်း ကြီးထွားလာခဲ့တော့တယ်။

ရင်းဆုယဲ့ ဒီလိုမျိုးဖြစ်နေတာက စာရေးသူကြောင့် မဟုတ်ဘူးလား။ ဒီဇာတ်လမ်းရဲ့ အနိမ့်အမြင့်ကို သူကိုယ်တိုင် ဖန်တီးခဲ့တာဆိုတော့ ရွှယ်ယို့ရှန်းမှာ နင့်နင့်သည်းသည်း ခံစားလိုက်ရတယ်။

ရင်းဆုယဲ့ ဒဏ်ရာရတာ၊ ဖိနှိပ်ခံရတာ၊ သစ္စာဖောက်ခံရတာ၊ အရာအားလုံးကို သူစီစဉ်ခဲ့တာပဲ။ ပြီးတော့ အဓိကဇာတ်ကောင်နဲ့ ရင်းဆုယဲ့ကြားက အထင်လွဲမှုတွေကိုလည်း နက်ရှိုင်းသထက် နက်ရှိုင်းလာအောင် လုပ်ခဲ့သေးတယ်။ နောက်ဆုံးတော့ ရင်းဆုယဲ့ကို လူတိုင်း မုန်းတီးသွားပြီး တစ်ကမ္ဘာလုံးနဲ့တစ်ယောက် ဖြစ်သွားတဲ့အထိ တွန်းပို့ခဲ့မိတယ်။

ဝိဉာဉ်မကူးပြောင်းခင်က သူစာရေးခဲ့တဲ့ သက်တမ်းတစ်လျှောက် တစ်ခါမှ မှားယွင်းနေသလိုမျိုး မခံစားခဲ့ရဖူးဘူး။ ဇာတ်ကြောင်းက စိတ်ကူးယဉ်ဝတ္ထုပဲလေ။ ဘယ်လိုပဲ ချဲ့ကားထားပါစေ ကိစ္စမရှိခဲ့ဘူး။ ဒီလို နှစ်ဖက်မျှတွေးဖို့လည်း မလိုအပ်ခဲ့ဘူး။

ဒါပေမဲ့ ကိုယ်ပိုင်ဝတ္ထုထဲကို သူကိုယ်တိုင် ဝိဉာဉ်ကူးပြောင်းပြီးနောက်မှာတော့ ဒီကမ္ဘာကြီးမှာ သူမြင်တွေ့ခဲ့ရသမျှက စာလုံးတွေနဲ့ တည်ဆောက်ထားတဲ့ ကမ္ဘာမဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း နားလည်သွားရတယ်။ ဒီကမ္ဘာကြီးက ခံစားချက်အစစ်တွေနဲ့ တည်ဆောက်ထားတဲ့ ကမ္ဘာတစ်ခုပဲ။

အဲ့တာကြောင့် ရွှယ်ယို့ရှန်းခမျာ ရင်းဆုယဲ့ရဲ့ တကယ့်ဘဝကို မြင်တွေ့လိုက်ရတော့ စာရေးတုန်းကလို ‘Don’t care, Never Mind’ ဆိုတဲ့စိတ်မျိုး ဆက်မထားနိုင်တော့ဘူး။ ဒါပေမဲ့ ဘာဆက်လုပ်သင့်မှန်း သူ မသိဘူး။ သူက ငြိမ်းချမ်းတဲ့ မော်ဒန်ခေတ်က လူတစ်ယောက်ပါ။ ဒီဝတ္ထုရဲ့ စာရေးဆရာဆိုပေမယ့် သူ့မှာ အထူးစွမ်းအားမရှိသလို ဒီကမ္ဘာကြီးရဲ့ ကံကြမ္မာစီရင်ပုံကို ရင်ဆိုင်နိုင်တဲ့အထိ အင်အားလည်း မရှိဘူးလေ။

အဲ့တာကြောင့် စာရေးဆရာဆိုတဲ့အချက်ကို ခဏမေ့ထားပြီး အခုမှ ဒီကမ္ဘာကို ကူးပြောင်းလာတဲ့ ဘာမှမသိတဲ့ လူတစ်ယောက်လိုမျိုး ပြုမူလိုက်တော့တယ်။

ဇာတ်ကြောင်းပုံစံကို လိုက်စဉ်းစားနေလို့ မရတော့ဘူး။ အဓိကဇာတ်ကောင်ဖြစ်ဖြစ်၊ ဗီလိန်ပဲဖြစ်ဖြစ် လုပ်ချင်ရာလုပ်ကြမှာပဲ..!

“ခင်ဗျား.. ကျွန်တော့ကို ယုံလို့ရတယ်…”

သူ့နှလုံးသားထဲက ဆုံးဖြတ်ချက်အရ ရွှယ်ယို့ရှန်းလည်း ရင်းဆုယဲ့ကို မော့ကြည့်ကာ တည်ငြိမ်စွာဖြင့် ပြောလိုက်တယ်။ သူ့ရဲ့ မျက်ဝန်းထဲမှာလည်း ပြဿနာဖြေရှင်းနိုင်စွမ်းတွေ ပြည့်နှက်လို့နေတယ်။

“မင်းကို ယုံရမယ်..?”

ရင်းဆုယဲ့က ရွှယ်ယို့ရှန်းရဲ့ ပရိယာယ်ကင်းတဲ့ ပင်ကိုသဘောကို ခံစားမိတာကြောင့် သူ့မျက်နှာကို ပထမဆုံးအကြိမ် ငေးကြည့်လာခဲ့တယ်။

“ဟုတ်တယ်.. ကျွန်တော့ကို ယုံပေးပါ.. ခင်ဗျား ဒီကမ္ဘာပေါ်မှာ ယုံကြည်လို့ ရတဲ့လူ ရှိသေးတယ်ဆိုတာကို ကျွန်တော် သက်သေပြမယ်…” ရွှယ်ယို့ရှန်းက ယုံကြည်မှုရှိစွာ ပြောလိုက်တယ်။

ဒါပေမဲ့ နောက်တစ်စက္ကန့်မှာပဲ ယုံကြည်ချက်မရှိတော့သလို ခံစားလိုက်ရပြန်တယ်။ သူက သူ့တစ်ဘဝလုံးကိုပေးဖို့ ကြိုးစားနေမိတာပဲ။ ထို့ကြောင့် နောက်ထပ် အရေးထားစရာ အချက်တစ်ချက်ကို လိုရမယ်ရ ထပ်လောင်းပြောလိုက်တယ်။

“တကယ်လို့ ခင်ဗျားသာ ကျွန်တော့ကို အရင်ဆုံး မထားပစ်ခဲ့ရင်ပေါ့.. ကျွန်တော် ခင်ဗျားကို သစ္စာမဖောက်ဘူး..”

“ကောင်းပြီ.. ဒါပေမယ့် မင်းသာ ငါ့ကို သစ္စာဖောက်ရဲရင်… ဒီနေ့ငါ့အပေါ် လည့်ဖျားခဲ့တာတွေအတွက် နောင်တရအောင် လုပ်ပြမယ်..”

ရင်းဆုယဲ့က ရက်စက်ကြမ်းတမ်းစွာ ပြောလိုက်ပေမယ့်လည်း ရွှယ်ယို့ရှန်းကို ဖမ်းချုပ်ထားရာမှ ဖြည်းဖြည်းချင်း ပြေလျော့ပေးခဲ့တယ်။

“အဲ့လိုနေ့မျိုး ရှိလာမှာမဟုတ်ဘူး..”

ရွှယ်ယို့ရှန်းလည်း လွတ်တာနဲ့ တခြားကိစ္စတွေကို အာရုံမစိုက်နိုင်တော့ဘူး။ ခြေထောက်,မကာ လိုဏ်ဂူထဲပြေးဝင်ဖို့ ဦးတည်လိုက်တော့တယ်။

“အရင်ဆုံး ကျွန်တော်တို့ အကာအကွယ်စည်းထဲ အရင်ဝင်ပြီး ခိုနားဖို့ နေရာရှာကြရအောင်..”

သူတို့ပတ်ဝန်းကျင်မှာ ခုန်အုပ်ဖို့ အသင့်ဖြစ်နေတဲ့ ဝံပုလွေတွေ ဝန်းရံနေတယ်ဆိုတာ ရွှယ်ယို့ရှန်း နည်းနည်းလေးမှ မမေ့ထားဘူး။ သူတို့လက်ရှိနေရာက လိုဏ်ဂူဝင်ပေါက်နဲ့ သိပ်မဝေးတာကိုပဲ ကျေးဇူးတင်ရမယ်။ ဝံပုလွေတွေ တိုက်ခိုက်မလာခင် အေးအေးဆေးဆေး ပြေးဝင်သွားလို့ရတယ်။

“အာ…”

ရင်းဆုယဲ့က ဓားကိုအားပြုပြီး ခြေလှမ်းအနည်းငယ် လှုပ်ရှားလိုက်တယ်။ ဒါပေမဲ့ သူ့မျက်ခုံးတွေက နာကျင်မှုကြောင့် တွန့်ကွေးသွားပြီး တစ်ကိုယ်လုံး မထိန်းချုပ်နိုင်စွာ တုန်ယင်လာခဲ့တယ်။

“ခင်ဗျား…”

ဘာလို့မြန်မြန်မလုပ်တာလဲ ဟမ်..?

ရွှယ်ယို့ရှန်းက အကာအကွယ်စည်းထဲ ရောက်နှင့်နေပြီ။ နောက်လှည့်ကြည့်လိုက်တော့ ရင်းဆုယဲ့က သူ့နောက်ကို မလိုက်လာတာကြောင့် စိုးရိမ်တကြီး‌ အော်ပြောလိုက်တယ်။

သို့သော်ငြား စကားမဆုံးခင်မှာပဲ ရင်းဆုယဲ့က သူ့မျက်စိရှေ့မှာတင် မြေပြင်ပေါ်ကို ဖြည်းဖြည်းချင်း လဲကျသွားတော့တယ်။

…………………………………….

Zawgyi

“ကြၽန္ေတာ္တို႔ၾကားက သခင္-အေစခံစာခ်ဳပ္ကို ပယ္ဖ်က္လို႔ရႏိုင္တယ္..”

သူ႔ဘဝရဲ႕ အဆိုးဆုံးကပ္ဆိုက္မႈ ေသေဘးအႏၲရာယ္နဲ႔ နီးကပ္လာခ်ိန္မွာေတာ့ ႐ႊယ္ယို႔ရွန္းရဲ႕ ဦးေႏွာက္ေလးက ယခင္နဲ႔မတူေအာင္ ျမန္ျမန္ဆန္ဆန္ အလုပ္လုပ္လာခဲ့တယ္။ တတိယေ႐ြးခ်ယ္မႈတစ္ခုကို ထုတ္သုံးလိုက္ရင္း ရင္းဆုယဲ့ရဲ႕ သတ္ေသမယ့္ အစီအစဥ္ကို တားဆီးလိုက္တယ္။

ရင္းဆုယဲ့ကို သခင္-အေစခံစာခ်ဳပ္သုံးၿပီး တိုက္႐ိုက္အမိန႔္ေပးလို႔ရေပမယ့္ အဲ့လိုသာလုပ္လိုက္ရင္ ကိုယ့္မ်က္ႏွာကိုယ္ ျပန္ျဖတ္႐ိုက္လိုက္တာနဲ႔ ဘာမွမျခားေတာ့ဘူး။ တကယ့္ကို ကသိကေအာက္ျဖစ္စရာပဲ..!

ၿပီးေတာ့ ဖိအားေပးၿပီး အမိန႔္နာခံခိုင္းတာက အႏၲရာယ္ကင္းတယ္ဆိုေပမယ့္ သူနဲ႔ရင္းဆုယဲ့ၾကားက ေျပလည္ႏိုင္မယ့္ အခြင့္အေရးကို လုံးဝဆုံးရႈံးရလိမ့္မယ္။ ရင္းဆုယဲ့ရဲ႕ ‘မကြဲႏိုင္တဲ့ေျမအိုးထက္ အက္ကြဲရာေတြနဲ႔ ေက်ာက္စိမ္းအိုးပဲ အျဖစ္ခံမယ္..” (အရွက္ကြဲရမွာထက္ အေသခံလိုက္တာ ပိုေကာင္းတယ္) ဆိုတဲ့စိတ္ဓာတ္ေၾကာင့္ မဟာရန္သူေတာ္ေတြ ျဖစ္သြားရလိမ့္မယ္။

မေရမတြက္ႏိုင္တဲ့ အခ်က္အလက္ေတြက အဓိကဇာတ္ေကာင္ထက္ ဗီလိန္ရဲ႕ မုန္းတီးျခင္းကို ခံရတဲ့လူက အဆုံးသတ္ေကာင္းမွာ မဟုတ္ဘူးဆိုတာ ႐ႊယ္ယို႔ရွန္းကို ေျပာျပလို႔ေနတယ္။ ဒီအတိုင္းေသသြားရင္ ကိစၥမရွိေပမယ့္ ေသတာထက္ ပိုဆိုး႐ြားတဲ့ကိစၥေတြ ရင္ဆိုင္ရရင္ေတာ့ ေၾကာက္စရာႀကီး။

ဘယ္တစ္ခုကိုေ႐ြးေ႐ြး မွားယြင္းေနတယ္လို႔ ခံစားေနရတာေၾကာင့္ ႐ႊယ္ယို႔ရွန္းလည္း ေ႐ြးခ်ယ္ရမယ့္အခ်ိန္မွာ တုံ႔ဆိုင္းေနခဲ့တယ္။ ေသျခင္းတရားနဲ႔ နဖူးေတြ႕ဒူးေတြ႕ ႀကဳံရမယ့္ အခ်ိန္ေရာက္လာေတာ့ အလိုက္သင့္လႈပ္ရွားဖို႔ပဲ တတ္ႏိုင္ေတာ့တယ္။ ဒါက အသက္ဆက္ရွင္ႏိုင္မယ့္ အခြင့္အေရးပဲ။

“ဟမ္..?”

ရင္းဆုယဲ့ရဲ႕အမူအရာက ေျပာင္းလဲမႈမရွိခဲ့ဘူး။ ႐ႊယ္ယို႔ရွန္းကိုလည္း သူ မယုံၾကည္ႏိုင္ေသးဘူး။

“ဒါေပမဲ့ အခုခ်က္ခ်င္းေတာ့ ဖ်က္သိမ္းလို႔မရေသးဘူး.. ပါဝင္ပစၥည္းတခ်ိဳ႕ လိုအပ္ေနေသးလို႔..”

႐ႊယ္ယို႔ရွန္းအေနနဲ႔ စာခ်ဳပ္ကို ခ်က္ခ်င္း မဖ်က္သိမ္းေပးခ်င္လို႔ မဟုတ္ပါဘူး။ သူ ဘယ္လိုလုပ္ရမွန္း မသိေသး႐ုံပဲ။ ပိုဆိုးတာက သူေျပာလိုက္တဲ့ နည္းလမ္းက ေအာင္ျမင္လိမ့္မယ္လို႔ သူကိုယ္တိုင္ေတာင္ အာမ,မခံႏိုင္ေသးဘူးေလ။ ဒါေပမဲ့ လက္ရွိအေျခအေနကို ေျဖရွင္းခ်င္ရင္ ရွိသမွ်နည္းလမ္းအကုန္ ထုတ္သုံးရေတာ့မွာပဲ..!

“ကြၽန္ေတာ္ေျပာခဲ့သမွ် အမွန္ေတြခ်ည္းပဲဆိုတာ ကြၽန္ေတာ္ က်ိန္ရဲပါတယ္.. ခင္ဗ်ားသာ ပါဝင္ပစၥည္းေတြ ရွာေပးႏိုင္မယ္ဆို ကြၽန္ေတာ္ သခင္-အေစခံစာခ်ဳပ္ကို ပယ္ဖ်က္ႏိုင္လိမ့္မယ္..”

တကယ္လို႔ ရင္းဆုယဲ့သာ သူ႔ကို မဖမ္းခ်ဳပ္ထားဘူးဆိုရင္ ခ်က္ခ်င္း လက္ေထာင္ၿပီး ရွက္ဖို႔ေကာင္းေအာင္ က်ိန္ဆိုျပလိုက္ၿပီ။ စာခ်ဳပ္ကို ပယ္ဖ်က္ႏိုင္တဲ့ နည္းလမ္းက ရွိေပမယ့္ တန္ဖိုးႀကီးႀကီးမားမား ျပန္ေပးဆပ္ရလိမ့္မယ္။

ဒါက အဓိကအခ်က္မဟုတ္ေသးဘူး။ ပိုၿပီးအေရးႀကီးတာက ‘ရာဇဝင္ထဲက အင္အားအႀကီးဆုံးအရွင္သခင္’ ဝတၳဳထဲ သူ မကူးေျပာင္းလာခင္အထိ အခုေျပာခဲ့တာေတြကို ခ်ျပဖို႔မေျပာနဲ႔၊ သဲလြန္စေတာင္ မေဖာ္ျပခဲ့ရေသးဘူး။ သူ႔ဝတၳဳရဲ႕ စာမူၾကမ္းထဲမွာပဲ ေရးမွတ္ထားရေသးတာ။

ဇာတ္လမ္းအရ အဓိကဇာတ္ေကာင္ကို အမ်ိဳးမ်ိဳးေသာ အခက္အခဲေတြ ရင္ဆိုင္ေက်ာ္လႊားႏိုင္ဖို႔ရာအတြက္ ဇာတ္ကြက္တစ္ခု ဖန္တီးေပးဖို႔ စီစဥ္ထားခဲ့တယ္။ အဓိကဇာတ္ေကာင္က သခင္-အေစခံစာခ်ဳပ္ အတင္းအက်ပ္ ခ်ဳပ္ဆိုခံလိုက္ရတဲ့ မိန္းကေလးတစ္ေယာက္ကို ကူညီေပးရလိမ့္မယ္။

အဲ့ကိစၥေတြၿပီးရင္ေတာ့ အဓိကဇာတ္ေကာင္အေနနဲ႔ မိန္းမလွေလးကို ပိုင္ဆိုင္ႏိုင္လိမ့္မယ္။ ဒါေပမဲ့ ဇာတ္ကြက္ေတြကို မခ်ျပရေသးေတာ့ နည္းလမ္းကိုလည္း တရားဝင္ မေရးသားရေသးဘူး။ အဲ့တာေၾကာင့္ ႐ႊယ္ယို႔ရွန္းက ကိုယ့္ကိုယ္ကို ယုံၾကည္ခ်က္မရွိ ျဖစ္ေနခဲ့ေလတယ္။

“ငါယုံမယ္လို႔ မင္းထင္ေနတာလား..?”

ရင္းဆုယဲ့က နည္းနည္းေလးေတာင္ မလႈပ္ရွားခဲ့ဘူး။ ခ်ဥ္းကပ္လာတဲ့ ဝံပုေလြေတြကို စိုက္ၾကည့္ေနရင္း မုန္းတီးစြာ သတိေပးလိုက္တယ္။

“ငါ့ကို စည္း႐ုံးဖို႔ႀကိဳးစားရင္း အခ်ိန္ျဖဳန္းေနမယ့္အစား တစ္ခုခုကို အျမန္ေ႐ြးခ်ယ္လိုက္ေတာ့.. အဲ့တာက မင္းအတြက္ အသက္ရွင္ႏိုင္မယ့္ အခြင့္အေရးပဲ..”

“ခင္ဗ်ား ဘာလို႔ လူေတြအေပၚ ယုံၾကည္စိတ္မရွိရတာလဲ..?”

အစကေနအဆုံးထိ အရမ္းကို သံသယမ်ားလြန္းေနေတာ့ ႐ႊယ္ယို႔ရွန္းမွာ ေဒါသထြက္လာခဲ့တယ္။

“ဒီကမာၻေပၚမွာ ငါ့ယုံၾကည္မႈနဲ႔ ထိုက္တန္တဲ့လူ မရွိဘူး..”

ဆိုး႐ြားတဲ့အတိတ္ကို သတိရသြားဟန္တူ၏။ ရင္းဆုယဲ့ရဲ႕ မ်က္ဝန္းအိမ္ထဲတြင္ အေမွာင္ထုနဲ႔ မေကာင္းတဲ့ အေငြ႕အသက္ေတြ ျပည့္ႏွက္လာေတာ့တယ္။

“………….”

ဘာေၾကာင့္ရယ္မသိ၊ လူတိုင္းကို အေဝးတြန္းပို႔ေနတဲ့ ေအးစက္စက္အရွိန္အဝါနဲ႔ သူ႔အေရွ႕က အမ်ိဳးသားမွာ ကမာၻတစ္ခုလုံး သူ႔ကို ပစ္ပယ္ထားသလိုမ်ိဳး အထီးက်န္ဆန္မႈေတြ လႊမ္းမိုးေနတယ္လို႔ ႐ႊယ္ယို႔ရွန္း ခံစားလိုက္ရတယ္။ ထိုတဒဂၤေလးမွာ ဖိအားမ်ားလာသလို ခံစားလိုက္ရၿပီး စိတ္မသက္မသာခံစားမႈက တျဖည္းျဖည္းခ်င္း ႀကီးထြားလာခဲ့ေတာ့တယ္။

ရင္းဆုယဲ့ ဒီလိုမ်ိဳးျဖစ္ေနတာက စာေရးသူေၾကာင့္ မဟုတ္ဘူးလား။ ဒီဇာတ္လမ္းရဲ႕ အနိမ့္အျမင့္ကို သူကိုယ္တိုင္ ဖန္တီးခဲ့တာဆိုေတာ့ ႐ႊယ္ယို႔ရွန္းမွာ နင့္နင့္သည္းသည္း ခံစားလိုက္ရတယ္။

ရင္းဆုယဲ့ ဒဏ္ရာရတာ၊ ဖိႏွိပ္ခံရတာ၊ သစၥာေဖာက္ခံရတာ၊ အရာအားလုံးကို သူစီစဥ္ခဲ့တာပဲ။ ၿပီးေတာ့ အဓိကဇာတ္ေကာင္နဲ႔ ရင္းဆုယဲ့ၾကားက အထင္လြဲမႈေတြကိုလည္း နက္ရႈိင္းသထက္ နက္ရႈိင္းလာေအာင္ လုပ္ခဲ့ေသးတယ္။ ေနာက္ဆုံးေတာ့ ရင္းဆုယဲ့ကို လူတိုင္း မုန္းတီးသြားၿပီး တစ္ကမာၻလုံးနဲ႔တစ္ေယာက္ ျဖစ္သြားတဲ့အထိ တြန္းပို႔ခဲ့မိတယ္။

ဝိဉာဥ္မကူးေျပာင္းခင္က သူစာေရးခဲ့တဲ့ သက္တမ္းတစ္ေလွ်ာက္ တစ္ခါမွ မွားယြင္းေနသလိုမ်ိဳး မခံစားခဲ့ရဖူးဘူး။ ဇာတ္ေၾကာင္းက စိတ္ကူးယဥ္ဝတၳဳပဲေလ။ ဘယ္လိုပဲ ခ်ဲ႕ကားထားပါေစ ကိစၥမရွိခဲ့ဘူး။ ဒီလို ႏွစ္ဖက္မွ်ေတြးဖို႔လည္း မလိုအပ္ခဲ့ဘူး။

ဒါေပမဲ့ ကိုယ္ပိုင္ဝတၳဳထဲကို သူကိုယ္တိုင္ ဝိဉာဥ္ကူးေျပာင္းၿပီးေနာက္မွာေတာ့ ဒီကမာၻႀကီးမွာ သူျမင္ေတြ႕ခဲ့ရသမွ်က စာလုံးေတြနဲ႔ တည္ေဆာက္ထားတဲ့ ကမာၻမဟုတ္ဘူးဆိုတာ ရွင္းရွင္းလင္းလင္း နားလည္သြားရတယ္။ ဒီကမာၻႀကီးက ခံစားခ်က္အစစ္ေတြနဲ႔ တည္ေဆာက္ထားတဲ့ ကမာၻတစ္ခုပဲ။

အဲ့တာေၾကာင့္ ႐ႊယ္ယို႔ရွန္းခမ်ာ ရင္းဆုယဲ့ရဲ႕ တကယ့္ဘဝကို ျမင္ေတြ႕လိုက္ရေတာ့ စာေရးတုန္းကလို ‘Don’t care, Never Mind’ ဆိုတဲ့စိတ္မ်ိဳး ဆက္မထားႏိုင္ေတာ့ဘူး။ ဒါေပမဲ့ ဘာဆက္လုပ္သင့္မွန္း သူ မသိဘူး။ သူက ၿငိမ္းခ်မ္းတဲ့ ေမာ္ဒန္ေခတ္က လူတစ္ေယာက္ပါ။ ဒီဝတၳဳရဲ႕ စာေရးဆရာဆိုေပမယ့္ သူ႔မွာ အထူးစြမ္းအားမရွိသလို ဒီကမာၻႀကီးရဲ႕ ကံၾကမၼာစီရင္ပုံကို ရင္ဆိုင္ႏိုင္တဲ့အထိ အင္အားလည္း မရွိဘူးေလ။

အဲ့တာေၾကာင့္ စာေရးဆရာဆိုတဲ့အခ်က္ကို ခဏေမ့ထားၿပီး အခုမွ ဒီကမာၻကို ကူးေျပာင္းလာတဲ့ ဘာမွမသိတဲ့ လူတစ္ေယာက္လိုမ်ိဳး ျပဳမူလိုက္ေတာ့တယ္။

ဇာတ္ေၾကာင္းပုံစံကို လိုက္စဥ္းစားေနလို႔ မရေတာ့ဘူး။ အဓိကဇာတ္ေကာင္ျဖစ္ျဖစ္၊ ဗီလိန္ပဲျဖစ္ျဖစ္ လုပ္ခ်င္ရာလုပ္ၾကမွာပဲ..!

“ခင္ဗ်ား.. ကြၽန္ေတာ့ကို ယုံလို႔ရတယ္…”

သူ႔ႏွလုံးသားထဲက ဆုံးျဖတ္ခ်က္အရ ႐ႊယ္ယို႔ရွန္းလည္း ရင္းဆုယဲ့ကို ေမာ့ၾကည့္ကာ တည္ၿငိမ္စြာျဖင့္ ေျပာလိုက္တယ္။ သူ႔ရဲ႕ မ်က္ဝန္းထဲမွာလည္း ျပႆနာေျဖရွင္းႏိုင္စြမ္းေတြ ျပည့္ႏွက္လို႔ေနတယ္။

“မင္းကို ယုံရမယ္..?”

ရင္းဆုယဲ့က ႐ႊယ္ယို႔ရွန္းရဲ႕ ပရိယာယ္ကင္းတဲ့ ပင္ကိုသေဘာကို ခံစားမိတာေၾကာင့္ သူ႔မ်က္ႏွာကို ပထမဆုံးအႀကိမ္ ေငးၾကည့္လာခဲ့တယ္။

“ဟုတ္တယ္.. ကြၽန္ေတာ့ကို ယုံေပးပါ.. ခင္ဗ်ား ဒီကမာၻေပၚမွာ ယုံၾကည္လို႔ ရတဲ့လူ ရွိေသးတယ္ဆိုတာကို ကြၽန္ေတာ္ သက္ေသျပမယ္…” ႐ႊယ္ယို႔ရွန္းက ယုံၾကည္မႈရွိစြာ ေျပာလိုက္တယ္။

ဒါေပမဲ့ ေနာက္တစ္စကၠန႔္မွာပဲ ယုံၾကည္ခ်က္မရွိေတာ့သလို ခံစားလိုက္ရျပန္တယ္။ သူက သူ႔တစ္ဘဝလုံးကိုေပးဖို႔ ႀကိဳးစားေနမိတာပဲ။ ထို႔ေၾကာင့္ ေနာက္ထပ္ အေရးထားစရာ အခ်က္တစ္ခ်က္ကို လိုရမယ္ရ ထပ္ေလာင္းေျပာလိုက္တယ္။

“တကယ္လို႔ ခင္ဗ်ားသာ ကြၽန္ေတာ့ကို အရင္ဆုံး မထားပစ္ခဲ့ရင္ေပါ့.. ကြၽန္ေတာ္ ခင္ဗ်ားကို သစၥာမေဖာက္ဘူး..”

“ေကာင္းၿပီ.. ဒါေပမယ့္ မင္းသာ ငါ့ကို သစၥာေဖာက္ရဲရင္… ဒီေန႔ငါ့အေပၚ လည့္ဖ်ားခဲ့တာေတြအတြက္ ေနာင္တရေအာင္ လုပ္ျပမယ္..”

ရင္းဆုယဲ့က ရက္စက္ၾကမ္းတမ္းစြာ ေျပာလိုက္ေပမယ့္လည္း ႐ႊယ္ယို႔ရွန္းကို ဖမ္းခ်ဳပ္ထားရာမွ ျဖည္းျဖည္းခ်င္း ေျပေလ်ာ့ေပးခဲ့တယ္။

“အဲ့လိုေန႔မ်ိဳး ရွိလာမွာမဟုတ္ဘူး..”

႐ႊယ္ယို႔ရွန္းလည္း လြတ္တာနဲ႔ တျခားကိစၥေတြကို အာ႐ုံမစိုက္ႏိုင္ေတာ့ဘူး။ ေျခေထာက္,မကာ လိုဏ္ဂူထဲေျပးဝင္ဖို႔ ဦးတည္လိုက္ေတာ့တယ္။

“အရင္ဆုံး ကြၽန္ေတာ္တို႔ အကာအကြယ္စည္းထဲ အရင္ဝင္ၿပီး ခိုနားဖို႔ ေနရာရွာၾကရေအာင္..”

သူတို႔ပတ္ဝန္းက်င္မွာ ခုန္အုပ္ဖို႔ အသင့္ျဖစ္ေနတဲ့ ဝံပုေလြေတြ ဝန္းရံေနတယ္ဆိုတာ ႐ႊယ္ယို႔ရွန္း နည္းနည္းေလးမွ မေမ့ထားဘူး။ သူတို႔လက္ရွိေနရာက လိုဏ္ဂူဝင္ေပါက္နဲ႔ သိပ္မေဝးတာကိုပဲ ေက်းဇူးတင္ရမယ္။ ဝံပုေလြေတြ တိုက္ခိုက္မလာခင္ ေအးေအးေဆးေဆး ေျပးဝင္သြားလို႔ရတယ္။

“အာ…”

ရင္းဆုယဲ့က ဓားကိုအားျပဳၿပီး ေျခလွမ္းအနည္းငယ္ လႈပ္ရွားလိုက္တယ္။ ဒါေပမဲ့ သူ႔မ်က္ခုံးေတြက နာက်င္မႈေၾကာင့္ တြန႔္ေကြးသြားၿပီး တစ္ကိုယ္လုံး မထိန္းခ်ဳပ္ႏိုင္စြာ တုန္ယင္လာခဲ့တယ္။

“ခင္ဗ်ား…”

ဘာလို႔ျမန္ျမန္မလုပ္တာလဲ ဟမ္..?

႐ႊယ္ယို႔ရွန္းက အကာအကြယ္စည္းထဲ ေရာက္ႏွင့္ေနၿပီ။ ေနာက္လွည့္ၾကည့္လိုက္ေတာ့ ရင္းဆုယဲ့က သူ႔ေနာက္ကို မလိုက္လာတာေၾကာင့္ စိုးရိမ္တႀကီး‌ ေအာ္ေျပာလိုက္တယ္။

သို႔ေသာ္ျငား စကားမဆုံးခင္မွာပဲ ရင္းဆုယဲ့က သူ႔မ်က္စိေရွ႕မွာတင္ ေျမျပင္ေပၚကို ျဖည္းျဖည္းခ်င္း လဲက်သြားေတာ့တယ္။

…………………………………….

Continue Reading

You'll Also Like

39.9K 4.2K 22
Story Title_ Me and My Suspicious Partner ဧကရာဇ်ပိုင်ဝူရှန့်သည် လုပ်ကြံခံရကာ ချီရုန်တို့ဓားပြစခန်းအနီးရှိရေကန်တွင် သတိလစ်လျက် ချီရုန်၏တပည့်များမှ ကယ်...
145K 12.8K 21
Stalker !!!! WHO ??? hunnie ??? or... xiaoLu ??? HunHan|| SeLu Boy×Boy
974K 114K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
3.4M 277K 89
|| Zaw & Uni || မေမ်ွာ္လင့္ထားေသာ အခ်စ္.... ဒါက fantasy အမိ်ဳးအစားေလးပါ။ Title မွာလိုမ်ိဳး ' မာနႀကီးတဲ့ကြၽန္ေတာ့္ ေယာက်ာ္းရဲ႕ကိုယ္ဝန္ရိွေနတယ္တဲ့ ' bl...