~ပင်လယ်လို မောင်~(ပင္လယ္လိုေမ...
By lka__thv
203K 19.9K 3.7K
...မောင်က ပင်လယ်ကြီးနဲ့တူတယ်... ...ေမာင္က ပင်လယ်ကြီးနဲ့တူတယ်... Start Date-3. 7. 2021 End Date-21. 10. 2021 More
အပိုင်း-(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)-ဇာတ်သိမ်းပိုင်း
heyyy
Extra 1
Extra 2
! BOOK!
အပိုင်း(၁၆)
6.3K 692 102
By lka__thv
Unicode
ဒီနေ့meetingပွဲမှာ ကင်ထယ်ယောင်းကိုတွေ့ရသဖြင့် ဂျောင်ကုစိတ်တွေကmeetingကိုအာရုံမစိုက်နိုင်တော့ပေ။ အကြောင်းအရင်းကတော့ တစ်ခြားမဟုတ်ခဲ့ ကိုကို့အကြောင်းမေးချင်ရုံသာ။ တစ်ချိန်လုံး အောင့်အီးသည်းခံလို့အပြီးမှာတော့ meetingအဆုံးသတ်သွားခဲ့သည်။ အလျှိုလျှိုအခန်းထဲက ထွက်ခွာချိန်မှာဂျောင်ကု ထယ်ယောင်းရဲ့လက်မောင်းကိုပြေးဆွဲလိုက်သည်။
"ထယ်ယောင်းhyung..."
ထယ်ယောင်းကသူ့ကိုလှည့်ကြည့်လာသည်။ အဲ့အကြည့်ထဲ အမုန်းတွေ၊ရွံရှာမှုတွေ၊စိတ်ပျက်မှုတွေကအပြည့်။ ဒါတွေသူဂရုမစိုက်နိုင်တော့ပါ။ လိုက်ပြီးလည်း အဓိပ္ပါယ်မဖော်ချင်တော့။ သူသိချင်တာကိုပဲ အာရုံရှိနေသည်။
"ကျွန်တော်ပြောစရာရှိလို့ ရုံးခန်းထဲခဏလောက် လိုက်ခဲ့ပေးပါလား"
"မင်းရုံးခန်းထဲလိုက်ရလောက်အောင်အထိ ငါအားမနေဘူး ပြောချင်ဒီမှာပြော"
"ဂျီမင်းhyungအဆင်ပြေလားသိချင်..."
ခွပ်........
ကြမ်းပြင်ပေါ် ဗရမ်းဗတာလဲကျပြီး နှာခေါင်းမှသွေးတွေလျံထွက်လာတဲ့အထိ ထယ်ယောင်းရဲ့လက်သီးချက်ဟာ ပြင်းထန်လွန်းခဲ့သည်။
"ကွာရှင်းပြီးပြီးချင်း အထုတ်တစ်ထုပ်နဲ့ ့အိမ်ပေါ်ကနှင်ချလိုက်တဲ့ကောင်က ငါ့ကိုဘာတွေလာမေးနေတာလဲ"
ပြောစကားတွေကိုအာရုံမစိုက်နိုင်။ နှာခေါင်းကသွေးတွေကိုသာ အရင်သုတ်ပစ်ရသည်။ မူးနေတဲ့ခေါင်းကို အသာထိန်းကာမတ်တပ်ပြန်ရပ်၍ စကားကိုဆက်သည်။
"မဟုတ်ဘူး ကျွန်တော်ကသူအဆင်ပြေလားပဲ..."
"ထပ်ပြောရင် မင်းကိုငါထပ်ထိုးမိမယ် ဂျွန်ဂျောင်ကု"
"Hyungကြိုက်သလောက်ထိုး အသေပါသတ်လည်းရတယ် ဒါပေမယ့် ဂျီမင်းဘယ်လိုနေနေလဲပဲ ကျွန်တော့်ကိုပြောပေးသွားပါ"
"ငါမင်းကို ကျောင်းကတည်းကပတ်ဂျီမင်း မျက်နှာတစ်ခုတည်းနဲ့ သည်းခံခဲ့တယ် အခုလည်း စုတ်ပြတ်သတ်သွားအောင် လုပ်ပစ်ချင်တာ လက်ကိုယားနေတာပဲ ဒါပေမယ့်ပတ်ဂျီမင်းကြောင့် ငါသည်းခံနေတာ မင်းမျက်နှာဖူးယောင်နေတာ ငါ့လက်ချက်မှန်းသိရင် ဂျီမင်းကငါ့ကိုစိတ်ဆိုးမှာလေ ပြီးတော့ နောက်လေးရက်လောက်နေရင် လက်ထပ်တော့မယ် သတို့သားရဲ့မျက်နှာမှာ အညိုအမဲကြီးစွဲနေရင် ဘယ်ကြည့်ကောင်းပါ့မလဲ"
တစ်ကယ်ပြောချင်နေတဲ့ စကားတွေရဲ့ ဆယ်ပုံပုံတစ်ပုံလောက်ကိုသာ ပြောခဲ့ပြီးလှည့်ထွက်လာခဲ့သည်။
"ဂျီမင်းhyung ကျွန်တော့်ကိုမုန်းသွားလောက်ပြီပေါ့"
ခွပ်.......
ထိုစကားကြားကြားချင်း ထယ်ယောင်းနောက်ပြန်လှည့်ကာ တစ်ချက်ထပ်ထိုးလိုက်သည်။ ဒီတစ်ခါသတိထားတာမို့ ဂျောင်ကုပစ်လဲတဲ့အထိဖြစ်မသွား ဘေးကခုံကိုသာ လက်ထောက်ပြီးထိန်းထားရသည်။ ဒီတစ်ချက်က ခုနတစ်ချက်ထပ်ပိုနာသလိုပဲ။ ဘယ်လောက်ပြင်းသလဲဆို နှုတ်ခမ်းထောင့်ပါ ပေါက်ထွက်သွားရတဲ့အထိပင်။ ကိုကိုသာသိရင် သေချာပေါက် ထယ်ယောင်းhyungကိုစိတ်ဆိုးတော့မှာ။
"ဘာမဟုတ်တဲ့ စာချုပ်တစ်ခုရဲ့ထောင့်က လက်မှတ်တွေကြောင့် ဂျီမင်းကမင်းအပေါ်အချစ်ပေါ့မယ်ထင်နေလား မင်းကသူ့အချစ်တွေကို ဒီစာချုပ်လေးတစ်ခုနဲ့ ဘောင်ခတ်အနားသတ်ပစ်လိုက်တာလားဟေ့ကောင် ခံစားချက်တွေနဲ့ယှဥ်လာရင် ဘာစာချုပ်စာတမ်းကမှ အကျုံးဝင်ခဲ့ရိုးထုံးစံမရှိဘူး ကြယ်တွေကိုသာ ရေတွက်လို့ရရင်ရမယ် မင်းအပေါ်ထားတဲ့ ဂျီမင်းရဲ့အချစ်တွေကို ရေတွက်ကြည့်မယ်ဆိုရင်တော့ မင်းဝိဥာဥ်လွင့်ထွက်ပြီး ရုပ်နဲ့နာမ်သာတစ်စဆီဖြစ်သွားမယ် ရေလို့ရမှာမဟုတ်ဘူးရှင်းလားငါပြောတာ"
ခုံကိုအားပြုပြီးရပ်နေတဲ့ ဂျောင်ကုကို အကျီ ်ကော်လံစမှဆောင့်ဆွဲကာ ထယ်ယောင်းပြောဆိုမိသည်။
ပုံမှန်အချိန်မှာတောင် ခန့်ညားလှပြီးတည်တံ့နေတဲ့မျက်နှာချောချောက ဒေါသအရှိန်ကြောင့်မဆိုသလောက်နီပြီး အံကိုကြိတ်ထားတာကြောင့် ထင်းနေတဲ့မေးရိုးတို့နဲ့ အလွန်တရာကိုမှ ကြည့်လို့ကောင်းနေတယ်ဆိုပေမယ့် အညိုရောင်မျက်လုံးတွေကတော့ စူးရဲကာ အပြိုင်ကြည့်မိတဲ့သူကို ဒူးချောင်ကျအောင်လုပ်နိုင်တဲ့ အငွေ့အသက်တို့ကအပြည့်။
ကော်လံစကို စုပ်ကိုင်ထားတဲ့ လက်တွေကကျစ်ကျစ်ပါအောင်ဆုပ်ထားတာမို့ လက်ခုံမှာပေါ်နေတဲ့ သွေးကြောစိမ်းစိမ်းတွေက ကင်ထယ်ယောင်းရဲ့ယောကျာ်းပီသမှုကို ကောင်းကောင်းကြီးထောက်ပြနိုင်တဲ့ အမှတ်အသားတွေ။ ပတ်ဂျီမင်းအပေါ် စိတ်လေးနဲ့ငြိုငြင်မိတာတောင် ခြေပါလက်ပါတွေဖြစ်တတ်တဲ့ထိုသူက ပတ်ဂျီမင်းကိုဘယ်လောက်ချစ်ပြီး ဘယ်လောက်အလေးပေးကြောင်း သိနိုင်သည်။
ဂျောင်ကုအထိုးခံထားရလို့ နာကျင်နေသည့်ကြားမှပင်ပြုံးမိသည်။ ကိုကိုကသူ့ကို မမုန်းပါဘူးတဲ့။ တော်သေးတာပေါ့...ဘုရားကဒီဆုတောင်းကိုတော့ ကြားသွားလို့။ ကိုကို့နားကလူတွေက ကိုကို့ကိုကောင်းကောင်းချစ်ပေးကြတာပဲ။ ပျော်လွန်းလို့မျက်ရည်ပါကျမိသည်။
"ဂျီမင်းhyungကို ကျွန်တော်ကတောင်းပန်ပါတယ်လို့"
"နောက်ဘဝသာရှိခဲ့ရင် ဂျီမင်းနဲ့မင်းကို ငါထပ်ပြီးမဆုံစေချင်တော့ဘူး အဆုံးသတ်မှာနာကျင်ရမှာက ငါ့သူငယ်ချင်းပဲဖြစ်နေမှာ မင်းတို့ရေစက်ဒီမှာတင်ပြတ်သွားကြရင်ကောင်းမယ် ငါစောင့်နေတာ မေတ္တာဆိုတာရောင်ပြန်ဟပ်သလို စူးလည်းစူးတတ်တယ်ကွ တစ်နေ့တော့ဂျီမင်းရဲ့မေတ္တာတွေမင်း စူးကိုစူးဦးမှာ"
ဆုပ်ကိုင်ထားတဲ့ ကော်လံစကိုဆောင့်ချပြီး ထယ်​ယောင်းလှည့်ထွက်လာမိသည်။ သွေးစက်လက်နဲ့ဂျောင်ကုကတော့ ခုထိမတ်တပ်။ ထယ်ယောင်းhyungမသိလို့ပါ ကျွန်တော်အခုကိုကို့ရဲ့မေတ္တာတွေစူးနေတာလေ အဟက်....
ကျွန်တော်အကုန်လုံးဆီကနေ ထွက်​ပြေးလာခဲ့ပြီး ကိုကို့ဆီပြေးလာချင်လိုက်တာဗျာ..။ ရင်ခွင်လေးကအခုထိ နွေးထွေးနေတုန်းပဲနေမှာ။
____________________~__________________
"မျက်နှာလေးချောင်သွားလိုက်တာ ထမင်းသေချာမစားဘူးလား"
ပန်းခြံထဲကခုံပေါ်မှာထိုင်ပြီး ဂျီအာ့မျက်နှာလေးကိုကိုင်ကာ ဂျီမင်းပြောနေမိသည်။
"ဂျောင်ကုနဲ့ပြန်ပေါင်းပါလား"
"ထမင်းသေချာစားပါ လက်ထပ်ပွဲနီးနေပြီလေ ကိုကုိ့ညီမလေးကအလှဆုံးဖြစ်နေရမှာကို မျက်ကွင်းတွေလည်းချောင်လို့ ညဘက်တွေမအိပ်ဘူးလား"
"အခုချိန်ပြန်ပေါင်းရင်မှီသေးတယ်"
"Weeding dressလေးနဲ့ ကိုကို့ညီမလေးက နတ်သမီးလေးနဲ့တူနေမှာပဲ"
ကိုယ်ကပြောချင်တာပြော သူကလည်းပြောချင်တာပြောနေတဲ့ အခြေအနေကြီးဖြစ်နေတာကြောင့် ဂျီအာစိတ်အိုက်လာရသည်။
"ဒီလိုလုပ်ပါလား ညီမရဲ့မဂ်လာပွဲမှာ အစ်ကိုကတစ်ခါတည်း ဂျောင်ကုနဲ့ပြန်လက်ထပ်လိုက်လေ"
"အစ်ကိုက ပရိသတ်တစ်ယောက်အနေနဲ့လာမှာပါ ညီမလေးကိုစိတ်ချလက်ချလာကြည့်ချင်တာ"
"အစ်ကိုကအဲ့လောက်ကောင်းပေးနေတော့ ညီမကနောင်တရတာပေါ့"
"ကိုကိုကအသုံးမကျခဲ့တာမို့ ညီမလေးကဘာမှ အားနာနေစရာမလိုဘူးနော် တော်သေးတာပေါ​့ ဂျောင်ကုနဲ့ပတ်သက်ခဲ့တာ ညီမလေးဖြစ်နေခဲ့လို့ တစ်ခြားသူသာဆို ကိုကိုရူးမှာသိလား"
"ဂျောင်ကုကဆိုးတယ် သူညီမကိုနှစ်ချက်တောင်ရိုက်တယ် အဲ့တာကြောင့်သူနဲ့ လက်မထပ်ဘူးနော်"
"ဟုတ်လား မဂ်လာပွဲနေ့ကျမှ ကိုကိုလာဆူလိုက်မယ်နော်"
"လက်မထပ်နိုင်ဘူးနော် အစ်ကို့ယောကျာ်းကို အစ်ကိုပဲပြန်ယူပါဆို"
"ဂျောင်ကုက ညီမလေးနဲ့ပေါင်းချင်လို့ ကိုကိုနဲ့ကွာရှင်းသွားတာလေ ကိုကိုပြန်ပေါင်းမယ်ပြောတိုင်း သူကလက်ခံမှာတဲ့လား"
ဂျီအာပြောပြချင်သည်။ ဂျောင်ကုအဖေသေရတာ သူမရဲ့မွေးစားအဖေကြောင့်ဆိုတာတွေရော ဂျောင်ကုကအစ်ကို့ကို ကွာရှင်းချင်တာမဟုတ်ပါဘူး အကြောင်းတရားတွေရှိလို့ပါဆိုတာကိုရော ဂျောင်ကုကသူတတ်နိုင်သလောက် အစ်ကို့ကိုကာကွယ်ပေးခဲ့တာဆိုတာတွေကိုရော သူမအားလုံးကိုဖွင့်ပြောချင်မိသည်။ ထုတ်ပြောလို့မဖြစ်တဲ့အဆုံး စိတ်ထဲကနေပဲအော်ပြောလိုက်တော့သည်။
"ညီမတော့အသိတရားဝင်နေပြီ လက်မထပ်နိုင်ဘူး"
"နှစ်ဖက်မိဘရဲ့ မျက်နှာကိုထောက်ပါဦး"
"အစ်ကိုက ကိုယ့်ကိုကိုယ်ကလွဲပြီး ကျန်တဲ့သူတွေကိုသိပ်ဂရုစိုက်တာပဲ"
"လူတွေကိုမေတ္တာထားတတ်တာပါ"
"လူတိုင်းကမေတ္တာနဲ့မတန်ဘူးလေ အထူးသဖြင့်အစ်ကို့ရဲ့မေတ္တာတွေနဲ့ အဲ့လိုလူတွေကျ အစ်ကို့ရဲ့မေတ္တာတွေစူးကုန်မှာကိုမပူဘူးလား"
"စူးပါစေဆိုတဲ့စိတ်နဲ့မှမဟုတ်ခဲ့တာ ညီမလေးသိလား မေတ္တာရဲ့သဘောတရားက ကျယ်ပြန့်သလို ဖွင့်ဆိုချက်တွေကလည်း နက်နဲတယ် မေတ္တာမှာအပေးအယူဆိုတာမရှိဘူး ပေးရင်ပေးသလောက်ရတယ်လို့ပြောနေကြပေမယ့် ကိုယ့်မေတ္တာတွေက သူမသိတဲ့အခါ လျစ်လျူအရှုခံလေးတွေဖြစ်ကုန်ရော အချစ်ဆိုတာကြီးက ပေးရင်ပေးသလောက်၊ ရရင်ရသလောက်ပူလောင်ရပေမယ့် မေတ္တာကျတော့ပေးရင်ပေးသလောက်အေးချမ်းတယ်"
ထိုစကားပြောနေချိန် ဂျီမင်းမျက်လုံးတွေရဲ့တောက်ပနေမှုက နေရောင်ခြည်တောင်လိုက်၍မှီမယ်မထင်။ ပြုံးပြီးတွေးတွေးဆဆလေးပြောနေပုံက စိတ်ထဲဘယ်သူ့ကိုမြင်ယောင်ပြီးပြောနေတယ်ဆိုတာ ယွန်းဂျီအာသိပါသည်။
"ညီမပူလောင်နေပြီ ဒါကြီးကိုအဆုံးသတ်ပြစ်လိုက်ချင်တယ်"
"အခုချိန်မှာစိတ်တွေက လေနှင်ရာလွင့်နေတဲ့သစ်ရွက်တွေလိုဖြစ်နေမှာသိပေမယ့် ညီမလေးကပဲ သည်းခံပေးလို့မရဘူးလား"
"အချစ်မပါတဲ့အိမ်ထောင်ရေးက ဘယ်လောက်ခြောက်ခြားဖို့ကောင်းလဲ အစ်ကိုအသိဆုံးနေမှာပါ အစ်ကိုပဲသည်းခံနိုင်ပေမယ့် ညီမကတော့ရမယ်မထင်ဘူး တစ်ကယ်ပဲ ဂျွန်ဂျောင်ကုကိုအချစ်နိုင်ဆုံးက ပတ်ဂျီမင်းဆိုတာကို တစ်လောကလုံးလက်ခံနိုင်ရဲ့သားနဲ့ ကာယကံရှင်တွေကလက်မခံနိုင်တာလဲ"
"ညီမလေးနဲ့ဆို ဂျောင်ကုကအိမ်ထောင်ရေးနဲ့ပတ်သက်ပြီး လူပြောခံစရာဖြစ်မှာမဟုတ်ဘူး ကလေးရှိတဲ့အိမ်ထောင်သည်တွေကိုလည်း အားကျနေစရာမလိုဘူး ငါ့ဇနီးကဘယ်လိုလူဆိုတာ ထုတ်ကြွားဖို့လည်း တွန့်ဆုတ်မနေလောက်တော့ဘူး ညီမလေးကအရာရာပြီးပြည့်စုံတဲ့အိမ်ထောင်ဘက် မို့လို့ကိုကိုကတိုက်တွန်းရတာပါ ကိုကိုနဲ့သာဆိုဂျောင်ကု အဲ့လိုတွေလုပ်နိုင်မယ်ထင်လား....ဟင်"
"သူသာတစ်ကယ်ချစ်ရင် ဒါတွေကိုဂရုစိုက်မှာမဟုတ်ဘူး"
"ချစ်နေရုံနဲ့မပြီးဘူး ရှေ့လျှောက်ဖြတ်ကျော်ရမှာတွေအများကြီးရှိသေးတယ် တစ်ဖက်တည်းကိုပဲကိုကိုတို့ကြည့်နေလို့မရဘူး လောကကြီးမှာကိုကိုတို့ပဲရှိနေတာမဟုတ်ဘူးလေ အကောင်လေးတွေတောင် သဘာဝတရားကြီးနဲ့လိုက်လျောညီထွေနေကြတာ ကိုကိုတို့ကလည်းပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေ နေမှရမှာပေါ့"
"ကိုကိုသူ့ကိုအရမ်းချစ်တာနေမယ်"
"ကိုကို့ဘက်ကချစ်ပေးနိုင်တဲ့ အတိုင်းအတာတွေကိုကျော်လွန်ပြီးသူ့ကိုချစ်ပြီးခဲ့ပါပြီ"
"ချစ်ပြီးခဲ့ပြီဆိုတာက..."
"ကိုကိုနောက်ဘဝမှာ သူနဲ့ထပ်မတွေ့ချင်တော့ဘူးလို့ထင်နေပေမယ့်လေ ညီမလေးသိလား ဂျောင်ကုကဘဝအဆက်ဆက် ကိုကိုလက်မလွှတ်ချင်ခဲ့တဲ့ သံယောဇဉ်လှလှလေးဖြစ်လိမ့်မယ်ထင်တယ် သံသရာအဆက်ဆက် အမြတ်တနိုးသယ်ဆောင်သွားမိချင်တဲ့ ရေစက်လေးတစ်ခုပေါ့"
ဂျီအာပြုံးလိုက်မိသည်။ ဒီလောက်လှပတဲ့ချစ်ခြင်းတရားတွေကို စာအုပ်တွေ၊ရုပ်ရှင်ထဲမှာပဲတွေ့ဖူးခဲ့တာ အပြင်မှာတွေ့ရမယ်လို့စိတ်တောင်မကူးခဲ့။
"အစ်ကိုကလက်မလွှတ်ချင်သလို ဂျောင်ကုကိုယ်တိုင်ကလည်း အစ်ကို့နောက်အမြဲလိုက်နေခဲ့တာ အစ်ကိုကသံယောဇဥ်တွေကို ထိန်းသိမ်းရတယ်ဆိုရင် အဲ့သံယောဇဥ်ကြိုးတွေကိုစတင် ချည်နှောင်ခဲ့တဲ့သူက ဂျောင်ကုဖြစ်ပါလိမ့်မယ် ကျန်တာသာလွဲရင်လွဲမယ် ဂျောင်ကုကအစ်ကို့ကို အရမ်းချစ်တာပါ ချစ်ခြင်းတရားတွေကိုမြင်အောင်ကြည့်တတ်ရင် မြင်ရမှာပါ"
"အစရှိရင်အဆုံးရှိတယ် ဂျောင်ကုကသူစချည်ခဲ့တဲ့ကြိုးကို သူကိုယ်တိုင်ဖြည်သွားပြီမို့လို့ ချစ်ခြင်းတရားတေ​ွကိုလည်း ကိုကိုမြင်မှာမဟုတ်တော့ဘူး ကိုကိုပြောခဲ့တယ်လေ ချစ်ခဲ့ပြီးပါပြီလို့"
"ဆက်ချစ်ဖို့အစီအစဥ်မရှိဘူးလား"
"သူက ကိုကို့နှလုံးသားရဲ့ဟိုးအနက်ရှိုင်းဆုံးမှာ ထာဝရရှင်သန်နေမှာ အရင်ကသူ့ကိုဘယ်လောက်ချစ်လဲဖော်ပြခဲ့ပေမယ့် အခုမဖော်ပြတော့ပါဘူး ချစ်သွားမှာပါ ရင်နှစ်သည်းချာရတနာတစ်ခုလို တစ်စိမ့်စိမ့်ကြည့်ပြီး တစ်စိမ့်စိမ့်ချစ်သွားမှာပါ ညီမလေးရှေ့မှာဒီလိုမပြောသင့်ဘူးထင်တာပဲ ကိုကိုဘာတွေပြောနေပါလိမ့်"
"ဂျွန်ဂျောင်ကုရဲ့ စိတ်ဝိဥာဥ်အားလုံးက အစ်ကိုပိုင်တဲ့အရာတွေပါ"
"သူ့ကိုအစ်ကိုလိုမျိုးချစ်သွားနိုင်ဖို့ ကိုကိုကြိုးစားမှာပါ သူ့ကိုညီလေးတစ်ယောက်လိုပဲအစ်ကိုသဘောထားတော့မယ်"
"ချစ်ခြင်းတွေအရောင်မဲ့သွားရင် ဒီလိုဖြစ်တတ်တာလား"
"ကုိကို့အချစ်တွေက အစတည်းကဖြူစင်ခဲ့တာပါ"
"ညီမကျိန်းသေပေါက်ပြောရဲတယ် နောက်ဘဝအဆက်ဆက်အထိ ဂျောင်ကုကအစ်ကို့ကို လိုက်ချည်နှောင်နေဦးမှာပဲ"
"ပျော်ပျော်ကြီးအချည်ခံပြစ်မှာပါ ဒီလိုပတ်သက်မှု၊ဒီလိုချစ်ခြင်းတွေနဲ့မဟုတ်ပဲပေါ့"
ခုံတန်းပေါ်ကလူနှစ်ယောက်ရဲ့ စကားဝိုင်းလေးကတိတ်ဆိတ်သွားသလို ပတ်ဝန်းကျင်တွင်လည်း လူအနည်းငယ်ကျဲသွားလေပြီ။ ပန်းပွင့်လေးတွေ ဖူးငုံသွားကြသလို အချို့ငှက်လေးတွေလည်းအိပ်တန်းတက်လို့။ ညနေခင်းလေပြည်တစ်ချက်အဝေ့မှာ နှစ်ယောက်လုံးအသက်ကိုဝဝရှူလိုက်မိသည်။ အရာရာပေါ့ပါးသွားသလိုပဲ။ နေဝင်ချိန်ဟာတစ်ကယ်လှတယ်။
"နေဝင်တာလှတယ်နော်ညီမလေး"
"အွန်း တိမ်တွေကသူ့အလုပ်သူသေချာလုပ်နေကြတယ်ထင်တယ်"
ရောင်စုံတိမ်တွေ ဟိုစု၊ဒီစုဖြစ်နေတာက ရှုခင်းကိုပိုလှပအောင် ပံ့ပိုးနေသလိုပဲ။ သက်မဲ့ပန်းချီကားတစ်ချပ်လို့တင်စားလို့ရလောက်ပါရဲ့။ ဒါပေမယ့်သူမဘေးနားမှာထိုင်နေတဲ့ သက်ရှိပန်းချီကားရဲ့အလှကိုတော့ဘယ်မှီနိုင်ပါ့မလဲလို့ဂျီအာတွေးပြစ်လိုက်သည်။ ကမ္ဘာပေါ်မှာစိတ်ထားအကောင်းဆုံးနဲ့ အလှဆုံးအစ်ကိုကိုသူမပိုင်ဆိုင်ထားရတာ ဘယ်ဘဝကကံတွေပါလိမ့်နော်။ နောက်ဘဝမှာလည်း ပတ်ဂျီမင်းရဲ့ညီမအဖြစ်ပဲ ပြန်မွေးဖွားရရင်ကောင်းမယ်။
အဲ့အခါကျရင်တော့ ဒီလိုအများမျိုးထပ်မလုပ်မိစေနဲ့ပေါ့။ လေနုအေးလေးတွေကိုရှူရှိုက်ရင်း တွေးနေမိသည်။ ကြိုးတွေဟာ သိပ်ခိုင်မာတာပဲလို့။ ​မေတ္တာတွေစစ်မှန်ပြီး သစ္စာတွေ​ြမဲမြံခဲ့လို့ထင်တယ်။
ဘဝအသစ်မှာ လူအသစ်ဖြစ်လို့
မှတ်ဥာဏ်တွေပြောင်းလဲပြီး
သံယောဇဥ်တွေ
ပျောက်ပျက်သွားသည့်တိုင်အောင်
အချစ်ရေ....
ကိုယ်ကတော့ ဒီချည်ကြိုးလှလှလေးကို
မင်းနဲ့ပဲ ရာသက်ပန်ချည်နှောင်ချင်ပါရဲ့...။
( ပြောရရင် နည်းနည်းတိုနေလောက်ပေမယ့် ဒီအပိုင်းကို ကျွန်တော်တစ်ကယ်ကြိုက်တာ )
.........
Zawgyi
"ထယ်ယောင်းhyung..."
ခွပ်........
"ကွာရှင်းပြီးပြီးချင်း အထုတ်တစ်ထုပ်နဲ့ အိမ်ပေါ်ကနှင်ချလိုက်တဲ့ကောင်က ငါ့ကိုဘာတွေလာမေးနေတာလဲ"
ခွပ်.......
____________________~__________________
"ထမင်းသေချာစားပါ လက်ထပ်ပွဲနီးနေပြီလေ ကိုကို့ညီမလေးကအလှဆုံးဖြစ်နေရမှာကို မျက်ကွင်းတွေလည်းချောင်လို့ ညဘက်တွေမအိပ်ဘူးလား"