"ဧကရာဇ်ပြုံး၀င့်ကိုမင်းနဲ့အတူ...

Galing kay SuriMyat

54.2K 4.8K 112

Happy Birthday 24th Wang Yibo❣️ Higit pa

[1] [ᴜɴɪᴄᴏᴅᴇ]
[2]
[3]
[4]
[5]
[7]
[8]သခင်လေးရှောင်းကို ချစ်မိနေပြီ
[9]
[10]💛ғɪɴᴀʟ ᴜɴɪᴄᴏᴅᴇ
[1] (ᴢᴀᴡɢʏɪ)
[2]
[3]
[4]
[5]
[6]
[7]
[9]
[10]💛ғɪɴᴀʟ ᴢᴀᴡɢʏɪ

[6]

2.8K 367 9
Galing kay SuriMyat

{ 16 }

၀မ်ရိပေါ်ပေးခဲ့တဲ့ ကျောက်စိမ်းပြားလေးကက သူ့လက်ထဲရိှနေတာ နက်ဖန်ဆို1ပတ်ပြည့်ပြီဖြစ်သည်။ထို့အတူ မနက်ဖန်ဟာလည်း နန်းတွင်းထဲလာခဲ့မယ်ဟု သူကတိပေးခဲ့သည့်ရက်ဖြစ်သည်။

ချင်းအာကို နန်းတော်ထဲသွားမယ့်အကြောင်းပြောတော့ ချင်းအာကတော့တအားကိုပျော်ပြီးသူ့ပါအတင်းခေါ်ဖို့ပြောသည်။ တကယ်ဆို၀မ်ရိပေါ်က သာမန်အမှုထမ်းတယောက်ပဲ သူတယောက်လာလည်တာလောက်ကတော့ ဘာမှမဖြစ်နိုင်ပေမယ့် ချင်းအာပါလိုက်လာမည်ဆိုရင် ၀မ်ရိပေါ်အတွက် ၀န်ထုပ်၀န်ပိုးတခုလိုဖြစ်နေနိုင်သည်လေ။

ဒါကြောင့် ချင်းအာကိုချော့မော့ပြောကာနေခဲ့ခိုင်းထားရသည်။

တကယ်တော့ရှောင်းကျန့်က ငယ်ငယ်လေးကလည်းအခြွေအရံတွေ အစေအပါးတွေနဲ့နေလာခဲ့တဲ့သူ။အခုလိုမျိုး ဘေးမှာဘယ်သူမှမပါပဲ အစိမ်းသက်သက်နေရာကြီးကို တယောက်ထဲသွားရမယ်ဆိုတော့ သူ့အတွက်
နည်းနည်းတော့နေရခက်သည်။

ဒါမယ့် ဒါတွေဟာ၀မ်ရိပေါ်သူ့ဆီညတိုင်းလာပီး မနက်မိုးလင်းခါနီးမှပြန်သွားတာတွေနဲ့
ယှဥ္ရင်တော့ ပမွှားလေးတွေပဲလေ။

အ၀တ်ဗီရိုထဲက အ၀တ်အစား၅စုံ​၆စုံလောက်ကို ထုပ်ပြီးမနက်ဖန်၀မ်ရိပေါ်ဆီသွားရင် ဘာ၀တ်သွားရင်ကောင်းမလဲ သူတကယ်ကို
စဥ္းစားရကျပ်နေသည်။

အဖြူရောင်

ဒီ၀တ်စုံကတော့ အသားဖြူတဲ့သူနဲ့တော်တော်လေးလိုက်ဖက်ပြီးကြည်လို့ကောင်းတယ်လို့ လူအများကပြောကြပေမယ့် သူငယ်ချင်းကိုသွားတွေ့ဖို့ဒီ၀တ်စုံကြီး၀တ်ဖို့ကတော့ နည်းနည်းရယ်ချင်စရာကောင်းသည်။မသိရင် ရှောင်းကျန့်က ကိုယ်နဲ့လက်ထပ်မယ့်သတို့သမီးကို သွားတွေ့မယ့်သတို့သားလောင်းနှင့်တောင် တူနေနိုင်သေးသည်။

တရောင်ပီးတရောင်စဥ္းစားပြီးတဲ့ထိ သူ့ခေါင်းထဲမှာ ဘာ၀တ်ရမှန်းအဖြေထွက်မလာသေးဖူး။

"သခင်လေး ဘာရှာနေတာလဲ အ၀တ်တွေလည်းပွလို့"

"ချင်းအာ ငါ့ဖို့၀တ်စုံတစုံလောက်ရွေးပေးစမ်းပါ"

"အလောတကြီးချည်း ဘယ်သွားစရာရိှလို့လဲသခင်လေးက"

"ဟို...ဟို မနက်ဖန်၀မ်ရိပေါ်ကို သွားတွေ့ရ
မယ့်နေ့မို့လေ ငါဘာ၀တ်ရမှန်းမသိလို့"

"သခင်လေးကတော့ရှင်... ချင်းအာကတော့ ဘာများလ​ဲလို့ ရိှုက်ကောဆီသွားမှာများ သူခင်လေးဘာမှမ၀တ်ပဲသွားရင်တောင် ရိှုက်ကောကကြည့်လို့၀မှာမဟုဖူး"

ချင်းအာကရယ်ရယ်မောမော ပြောရင်း သူဖွထားတဲ့အ၀တ်တွေကို သွားသိမ်းသည်။

ရှောင်းကျန့်လည်း ချင်းအာစကားကြောင့်ဘာဆက်ပြောရမှန်းမသိတောင်ဖြစ်သွားသည်။တကယ်ဆို သူငယ်ချင်းကိုသွားတွေ့သည်ပဲ ဒီလောက်ထိပြာယာခတ်နေစရာမှမလိုတာ။

ချင်းအာ မျက်လုံးထဲမှာ သူ့ပုံစံကဘယ်
လောက်တောင်ရယ်စရာကောင်းနေမလဲ
မသိ။

အား....ရှောင်းကျန့်အခုပြန်တွေးကြည့်မှ ရှက်စရာကောင်းမှန်းသိတော့သည်။တကယ်ကိုခုနက ရှောင်းကျန့်ခေါင်းထဲရေ၀င်သွားလို့ ၀မ်ရိပေါ်ဆီသွားဖို့ ဘာ၀တ်ရမလဲကိုစဥ္းစားနေတာနေမှာ မဟုတ်လည်းသူ့ခန္ဓာကိုယ်ထဲ တခုခု၀င်သွားလို့ဖြစ်မယ်။

မသိဖူး မသိဖူး ဒီတိုင်းဒီညအိပ်ပျော်သွားရင် ရပီ....စောင်ကို ခေါင်းထိလုံအောင်ခြုံလိုက်ပြီးမျက်စိအလုံးစုံကို မှိတ်လိုက်သည်။

"သခင်လေးရှောင်း အိပ်မပျော်ရင် သိုးလေးတွေရေကြည့်လေ သိုးတကောင် ၂ကောင်"

အား.... လွန်ခဲ့တဲ့ညတွေတုန်းက အိပ်မပျော်ရင်လုပ်ဖို့ဆိုပီး ၀မ်ရိပေါ်ပြောတဲ့စကားတွေဟာ နားထဲပြန်ကြားယောင်နေပြန်သည်။

ရှောင်းကျန့်က တကယ်ကိုရူးသွားတာနေမယ် ခုနကလည်း ၀မ်ရိပေါ်ဆီသွားတွေ့ဖို့ အကျီကို ဘာ၀တ်ရမလဲသူကိုယ်တိုင်ရွေးနေပြီး အခုလည်းစောင်ခေါင်းမူးခြုံထားတာတောင် ၀မ်ရိပေါ်အသံကိုကြားယောင်နေပြန်ပီ။

တကယ်ကို... သူ သမားတော်တယောက်ယောက်နဲ့ပြကြည့်ဖို့ လိုနေပြီ။

{ 17 }

မနေ့ညအတင်းအိပ်ခဲ့လို့လ မသိပေမယ့်မနက်ခင်းလည်းခါတိုင်းထက်အစောကြီးနိုးနေပြန်သည်။

မနက်စာစားပီးတာနဲ့ ချင်းအာစိပ်ပေးထားတဲ့ရေနွေးနဲ့ရေအေးရောထားတာလေးထဲ နာရီ၀က်လောက်စိမ်ပီးတာနဲ့ ရေချိုးသန့်စင်ခြင်းအမှုကိုလက်စသတ်လိုက်သည်။

မှန်ရှေ့မှာ တွေ့နေရတဲ့ သူ့ပုံရိပ်ဟာ အတော်ကိုကြည့်ကောင်းသည်။ခါးနားမှာတွဲနေတဲ့ရေစက်လေးတွေ မျက်တောင်မွှေးလေးတွေမှာ တွဲလယ်ခိုနေတဲ့ရေစက်လေးတွေ နည်းနည်းလေးတောင် သူ့ကိုယ်သူမနာလိုဖြစ်ချင်သွားသည်။

တကယ်ကိုမနေ့ညက ချင်းအာပြောသလိုပဲ သူဘာမှမ၀တ်ပဲသွားရင်တောင် ၀မ်ရိပေါ်ကသူ့ဆီကအကြည့်ခွာနိုင်မှာမဟုဖူး။

၀တ်စုံကိုတော့ ၀တ်နေကြထဲကမှတစုံကိုသာ ပေါ့ပေါ့ပါးပါး ၀တ်လိုက်သည်။လျော့တိလျော့ရဲကျနေတဲ့ ဆံပင်တွေကို တခုခုနဲ့ချည်ထုံးထားဖို့ လုပ်တဲ့အခါ၀မ်ရိပေါ်ရွေးပေးတဲ့ ဆံထုံးလေးကိုသာကောက်ကိုက်လိုက်ပီး ဆံပင်တွေမကျဖို့ တင်းတင်းကျပ်ကျပ်ချည်နှောင်လိုက်သည်။

အားလုံးပြီးစီးသွားတဲ့အခါမှာ မမေ့မလျော့အနေနဲ့ ၀မ်ရိပေါ်ရဲ့ကျောက်စိမ်းပြားလေးကိုကိုင်ပီး နန်းတော်ဆီထွက်လာခဲ့တော့သည်။

{ 18 }

နန်းတော်ရဲ့ ဂိတ်ပေါက်ရောက်တာနဲ့ သူ့ခြေလှမ်းတွေကိုရပ်တန့်လိုက်သည်။အရင်ကလည်း ဒီနေရာကနေဖြတ်သွားဖူးပေမယ့် အခုတခါကတော့ ခံစားချက်ချင်း မတူ။

ဂိတ်ပေါက်၀မှာ အစောင့်၂ယောက်ကကြည့်ကြပ်နေပြီး သူ့တို့ရဲ့ခါးနားတဝိုက်မှာလည်း ဓားအိမ်တွေရိှသည်။ဓားအိမ်တွေထဲမှာ ဓားတွေပါမှာကတော့ ပြေးကြည့်စရာတောင်မလိုဖူး။

အစောင့်၂ယောက်ရဲ့ မျက်နှာထားကိုကြည့်ပီး ရှောင်းကျန့်ဒူးတွေတောင်ယိုင်လဲချင်လာသလိုပဲ။

သူ့ကိုစောင့်နေမယ်လို့ ပြောတဲ့၀မ်ရိပေါ်ကလည်းခုထိ အရိပ်ကလေးတောင်မမြင်ရတာမို့ ရှောင်းကျန့်တကယ်ပဲ ကျိန်ဆဲမိတော့မည်။

ရိှသမျှသတ္တိတွေကို ခြေထောက်မှာထည့်
လိုက်ပြီး အစောင့်၂ယောက်ရ​ဲ့ရှေ့ရပ်လိုက်သည်။

သူခြေတလှမ်းဆက်တိုးတဲ့အခါမှာ အစောင့်၂ယောက်က ဓါးတွေကိုတော့ မထုတ်ပဲလက်ထဲမှာကိုင်ထားတဲ့ လှံကိုယ်စီနဲ့ကြက်ခြေခတ်ပုံစံပိတ်လိုက်သည်။

လှံသွား၂ဖက် ထိစပ်သွားတဲ့အခါ ထွက်လာတဲ့အသံက သူ့ကိုတကယ်ကတုန်ကယင်ဖြစ်စေသည်။

"ဘယ်သူလဲ"

"ဟို...ဟိုကျွန်တော်က အရပ်သားပါ ဒီကသူငယ်ချင်းတယောက်နဲ့လာတွေ့တာ"

အစောင့်တယောက်ရဲ့အမေးကို ဖြေပီးတဲ့အခါထိ လှံတွေကိုသူ့ရှေ့ကမဖယ်သေးပဲ သူ့ကိုမယုံသင်္ကာသလို ကြည့်နေကြတုန်း။

တကယ်ဆို ဒီလောက်ထိတောင်ကြည့်နေဖို့
မလိုဖူး သူ့ရုပ်ကအထက်တန်းစားထဲမပါဖူးဆိုရင်တောင် သူခိုးဂျပိုး သူပုန်ရုပ် မဟုတ်တာတော့လုံး၀သေချာသည်လေ။

"ဒီမှာပါ ဒါကျွန်တော့်သူငယ်ချင်းပစ္စည်း သူကဒါလေးယူလာပီး လာခဲ့ဆိုလို့"

လက်နောက်မှာဖွက်ထားတဲ့ ကျောက်စိမ်းပြားကိုရှေ့ထုတ်ပြီး ရှေ့က၂ယောက်ကိုပြလိုက်တဲ့အခါမှ ပြူးတူပြာတာနဲ့လှံတွေကို
ဖယ်ပီး သူ့ကိုမျက်လုံးတွေပြူးပီးကြည့်နေသည်။

ကြည့်ရတာ ၀မ်ရိပေါ်ပေးတဲ့ဒီပစ္စည်းကအလုပ်ဖြစ်တဲ့ပုံပါပဲ။

နန်းတော်ထဲ ဆက်လျှောက်လာတဲ့အခါမှာ မိန်းကလေးတွေကော အမှုထမ်းတွေအားလုံးကကိုယ်လုပ်စရာရိှတာ ကိုယ်လုပ်နေကြပီးတခါတခါတော့ သူ့ကိုလှည့်လှည့်ကြည့်သည်။

သူတကယ်ပဲဘယ်ကို ဆက်သွားရမလဲမသိဖူး။သူ့ကိုလာဖို့ခေါ်ထားတဲ့ ၀မ်ရိပေါ်ကရော ဘယ်မှာလဲ။ရှောင်းကျန့်ရဲ့ အခုပုံစံကအမေပျောက်သွားတဲ့ သုံးနှစ်သားလေးလိုပဲ။

"အာ.... သခင်လေးရှောင်း ကျွန်တော့်ရဲ့သခင်လေးရှောင်းကျန့်ရောက်လာပီလား ကျွန်တော်က
မလာလောက်သေးဖူးထင်လို့ ဟိုဘက်မှာခဏ"

"ခွေးကောင် အစုတ်ပလုတ်ကောင် ပြောတော့စောင့်နေမယ်ဆို"

သူ့ရှေ့က ၀မ်ရိပေါ်ဆီပြေးပီး အသိတရား၀င်အောင် ၀မ်ရိပေါ်ရဲ့လက်မောင်းအကြီးကြီးတွေကို သုံးလေးချက်လောက်ဆင့်ရိုက်လိုက်သည်။

၀မ်ရိပေါ်ကတော့ သူရိုက်တာကိုပဲ နာဟန်မပြုပဲ ပြုံးစစနဲ့သူ့မျက်နှာကိုသာ ကြည်ကြည်နူးနူးကြည့်နေသည်။

ဟင်...ခုမှသေချာကြည့်မိတော့ ၀မ်ရိပေါ်ရဲ့ဘေးမှာ အဆောင်အယောင်တွေနဲ့မိန်းမလှလေးတွေအများကြီးက တန်းစီရပ်နေကြသည်။

၀မ်ရိပေါ်ကိုယ်ပေါ်မှာလည်း တန်ဖိုးခန့်မှန်းလို့တောင်မရနိုင်တဲ့ ပိတ်စနဲ့၀တ်ရုံတွေ။အနောက်ကအမျိုးသမီးငယ်တချို့ကလည်း သူတို့၂ယောက်ကိုအရိုအသေပေးနေကြသည်။

တကယ်ပဲ....ဒီအခြေအနေကြီးကဘာကြီးတုန်း။

")

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

184K 3.9K 30
🌹COMPLETED STORY "Felix meet ur step brother "Hyunjin" "Hi hyung" What will Felix think of his Step brother? 🤔 Will there be something between the...
4.1K 70 10
В этот момент я почувствовала себя маленькой беззащитной девочкой,которая ещё не знает этот мир.
216K 8.6K 36
Ft. NCT's Mark Lee When you meet the right person, you feel the world slow down, as pieces fall perfectly in place. When she decided to help a boy w...
18.5K 317 47
Si Anica, ang babaeng masasabi mong almost perfect dahil siya'y mayaman, maganda, matalino at talented pero may side na baliw, maldita at lampa. Pero...