[2]

850 89 0
                                    

{ 5 }

နောက်ညတွေလည်းခင်ဗျားဆီ လာခဲ့မယ်ဆိုတဲ့စကားအတိုင်းဝမ်ရိပေါ်ကသူ့ဆီညတိုင်းလာပါတယ်။အနောက်မှာ ကိုယ်ရံတော်လိုလိုဘာလိုလိုနဲ့တယောက်အမြဲပါတတ်ပြီး ၀တ်ရုံစတွေကလည်းအဖိုးတန်မှန်းသိသာတာမို့ အထက်တန်းစားလွှာထဲကဖြစ်မယ်မှန်းလည်းသေချာသည်။

ဟိုစပ်စပ် ဒီစပ်စပ်နဲ့ညတိုင်းစကားတွေပြောဖြစ်ကြရင်း ၀မ်ရိပေါ်ကသူထင်ထားသလို လူဆိုးတော့မဟုချေ။စကားပြောရတာလည်းကောင်းပြီး ဗဟုသုတလည်းကြွယ်ဝသည်။တချို့ညတွေဆို ၀မ်ရိပေါ်ပြောပြတဲ့နန်းတွင်းကအကြောင်းအရာတွေက တအားစိတ်လှုပ်ရှားဖို့ကောင်းလွန်းလို့ ညလုံးပေါက်သည့်အခါတွေလည်းရှိသည်။

ဝမ်ရိပေါ်ဟာနန်းတွင်းနဲ့အမှုထမ်းတဉီးလို့ သူထင်သည် ဘာလို့ဆိုနန်းတော်ထဲကအကြောင်းအရာတွေတော်တော်များများကိုဝမ်ရိပေါ်ကသိသည်။ဘာလို့လာတိုင်းပါဝါစကြီးအမြဲအုပ်ထားပြီး သူနဲ့နှစ်ယောက်ထဲရှိတဲ့အချိန်မှချွတ်လဲ ဆိုတာတော့လည်း ခုထိသူမသိချေ။

"သခင်လေး ရှိုက်ကော(ကိုလူချော)ကဒီညရောလာဉီးမှာလား"

ပါဝါစအုပ်ထားတာတောင် အသံလေးကြားရုံမျက်လုံးလေးမြင်ရရုံနဲ့ ချင်းအာကအစ သူ့ဆောင်ကြာမြိုင်ကကောင်မလေးတွေ ဘာလို့တအားရှိုက်ကော ရှိုက်ကောနဲ့ဖြစ်နေကြမှန်းရှောင်းကျန့်စဉ်းစားမရ။

"ချင်းအာရယ် ငါလည်းဘယ်သိပါ့မလဲ"

သူ့အဖြေကြောင့် ချင်းအာမျက်နှာလေးကညိုးခနဲဖြစ်သွားတယ်။ဒီကောင်မလေးတွေဒီလောက်ဖြစ်နေတာ သူ့လိုဝမ်ရိပေါ်ရဲ့မျက်နှာကိုသာ မြင်ခွင့်ရရင်ဝမ်ရိပေါ်နောက်အထုပ်ပိုက်ပြီးလိုက်မလားတောင်မသိ။

"ဒါနဲ့လေသခင်လေး ရှိုက်ကောကဘာလို့ညတိုင်းလာနေတာလဲဟင်"

"ညတိုင်းလာသောက်နေတာလေ အဲ့ကောင်အရက်တအားကြိုက်လို့နေမှာပေါ့"

"အဆောင်ကမိန်းကလေးတွေပြောတာကတော့လေ ရှိုက်ကောကသခင်လေးရှောင်းကိုကြိုက်နေတာတဲ့"

ပြုံးစစနဲ့ပြောလာသည့် ချင်းအာကိုမသိချင်ယောင်ဆောင်ထားလိုက်ပါသည်။
ဒါကဘယ်လိုတောင်မဖြစ်နိုင်တဲ့ ကောလဟာလကြီးလဲ။

"ဧကရာဇ်ပြုံး၀င့်ကိုမင်းနဲ့အတူသောက်ချင်တယ်" [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now