[3]

3.5K 398 12
                                    

{ 9 }

ပွဲစျေးတန်းကိုရောက်တဲ့အခါမှာ မြင်မြင်သမျှအရာအားလုံးကို အထူးအဆန်းလိုလိုက်
ကြည့်နေတဲ့ ၀မ်ရိပေါ်ကြောင့် ဒီလိုမီးပုံပွဲကို၀မ်ရိပေါ်တခါမှမလာဖူးဆိုတာ သေချာသည်။

"၀မ်ရိပေါ်...မင်းငါ့လက်ကိုလွှတ်ဦး"

"လူကွဲသွားမယ်"

ကြိတ်ကြိိ်တ်တိုးနေတဲ့လူအုပ်ကြားထဲမှာ သူ့ရဲ့လက်ကိုတင်းနေအောင်ကို ၀မ်ရိပေါ်ကဆုပ်ကိုင်ထားတယ်။

လူကွဲသွားတော့ကော ဘာအရေးလဲ သူက၃နှစ်သားလေးလည်းမဟုတ်။

တနေရာအရောက်မှာ သူ့ဘေးက၀မ်ရိပေါ်ဟာလမ်းလျှောက်နေတာကို ရပ်လိုက်တယ်။တငွေ့ငွေ့ထောင်းနေတဲ့ အပူအိုးကြီးနားမှာ အဒေါ်ကြီးတယောက်ဟာပန်းကန်ဖြူလုံးလုံးလေးတွေနဲ့ တပန်းကန်ပြီး တပန်းကန်ခတ်
ထည့်နေတယ်။ဆိုင်ရှေ့လူအုပ်ကလည်း အံ့သြရအောင်ကြိတ်ကြိတ်တိုး။

၀မ်ရိပေါ်ရဲ့မျက်လုံးတွေဟာကလည်း အဲ့ဆိုင်ရှေ့ကနေမခွာနိုင်။

"အဟမ်း...၀မ်ရိပေါ် အဲ့ဆိုင်၀င်စားမလား"

"စားလို့ရလား"

"ရတာပေါ့ ဘာလို့မရရမှာလဲ"

မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့်မေးလာ
သည့်၀မ်ရိပေါ်ကို ရှောင်းကျန့်ကခပ်ပြတ်ပြတ်တခွန်းဆိုကာ တင်းနေသည့်လက်ကိုပဲ တဖန်ပြန်ဆွဲပြီး အဒေါ်ကြီးဆိုင်ရှေ့ကခုံပုလေးမှာ ၀မ်ရိပေါ်နဲ့သူ၀င်နေရာယူသည်။

"သားတို့ဘာစားမလဲ"

အန်တီကြီးကခပ်သုတ်သုတ်ဖြင့် သူတို့စားပွဲရှေ့လာမေးသည်။

"အဲ့တာလေးနှစ်ပွဲပေးပါ"

ခုထိ၀မ်ရိပေါ်အကြည့်မခွာနိုင်တဲ့ အိုးပူပူကြီးကိုရှောင်းကျန့်ကလက်ညိုးထိုးပြီးမှာသည် ။အန်တီကြီးကလည်းနားလည်သလို ခေါင်း
ငြိမ့်ပြီးထွက်သွားသည်။

တအောင့့်လောက်အကြာမှာ အိုးပူပူကြီးထဲကအရာတွေဟာပန်းကန်လုံးလေးတွေနဲ့ သူတို့ရှေ့ရောက်လာသည်။ပုံစံကဆန်ပြုတ်နဲ့တူပြီးအထဲထဲမှာလည်း ဘာမှန်းမသိတဲ့ အစိမ်းအတောင့်​ေတွကိုကိုက်ထည့်ထားသေးသည်။

"ဧကရာဇ်ပြုံး၀င့်ကိုမင်းနဲ့အတူသောက်ချင်တယ်" [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now