[7]

3.5K 362 5
                                    

{ 19 }

အမေမွေးထဲက ပါလာတဲ့ဦးနှောက်ကိုခပ်သွက်သွက်အလုပ်ပေးလိုက်တဲ့အခါမှာ ထွက်လာတဲ့အဖြေက သူ့ကိုခြေ၂လှမ်းလောက်နောက်ဆုတ်သွားစေသည်။

တကယ်ပဲ ...၀မ်ရိပေါ်က ရာထူးကြီးတဲ့လူတယောက်ယောက်ပ​ဲ။သူထင်သလို ဂိတ်စောင့် တံခါးစောင့်အဆင့်မဟုတ်ပဲ လူတွေအများကြီး ဦးညွှတ်နေကြရတဲ့လူတယောက်။

သူကရော ၀မ်ရိပေါ်ကို ဦးညွှတ်ရမှာလား။

"မင်းတို့ အကုန် မပြန်ကြသေးဖူးလား ဘယ်ချိန်ထိ ငါ့နောက်မှာရပ်နေဖို့စဥ္းစားနေတာလဲ"

တကယ်ကို ဩဇာပါတဲ့အသံပဲ ...

"ကောင်းပါပြီ အိမ်ရှေ့စံ"

အမ်....အိမ်ရှေ့စံ အိမ်ရှေ့စံကဘယ်မှာလဲ မဟုတ်မှ ၀မ်ရိပေါ်ကိုအိမ်ရှေ့စံလို့တော့ လာမပြောနဲ့နော်။

ခြေ၂လှမ်းလောက် နောက်ဆုတ်ကာ သူတို့၂ယောက်လုံးကို အရိုအသေပြုပြီး နောက်ကကောင်မလေးတွေကတော့ ထွက်သွားကြသည်။

"သခင်လေးရှောင်း ဘာတွေများအဲ့လောက်စိုက်ကြည့်နေတာလဲ ကျွန်တော်ကအဲ့လောက်တောင်ကြည့်ကောင်းလားဟင်"

"၀မ်ရိပေါ်...မင်းနှယ့် နောက်တာလည်း
တော်ရုံတန်ရုံနောက်မှပေါ့ ငါတကယ်ကြီးအိမ်ရှေ့စံလို့ ထင်မိတော့မလို့"

စိတ်လွတ်လက်လွတ်ရယ်မောပြီး ပြောတဲ့ထိ ၀မ်ရိပေါ်က သူ့ကိုစိုက်ကြည့်ပီး ပြုံးနေတုန်းပဲ။

"သခင်လေးရှောင်းကတော့ တကယ်ပါပဲ"

"ဘာလဲ ငါ့မှာမင်းခေါ်လို့လည်းလာရသေးတယ် ဟိုအပေါက်က၂ယောက်ကလည်း
ဓားကြီးတွေ လှံကြီးတွေ တကားကားနဲ့"

"ဘာပဲဖြစ်ဖြစ် အခု ကျွန်တော့်ဆီရောက်လာပြီမို့လား"

"အင်း ဒါနဲ့မင်းကဘာအလုပ်လုပ်ရတာလဲ ခုနကကြည့်ရတာတော့ ရာထူးကြီးမယ့်ပုံပဲ"

"အိမ်ရှေ့စံပြင်ခိုင်းထားတဲ့ ဟာတွေအကုန်အဆင်သင့်ဖြစ်ပါပြီ"

ပြေးလာတဲ့ သူတို့အရွယ်ကောင်လေးက ၀မ်ရိပေါ်ကိုဦးညွှတ်ရင်း ပြောသည်။

"ဧကရာဇ်ပြုံး၀င့်ကိုမင်းနဲ့အတူသောက်ချင်တယ်" [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Tempat cerita menjadi hidup. Temukan sekarang