ပင်လယ်မင်းသားလေး

By MaNganLay

149K 14.9K 659

Wei Wuxian ♥ Lan Wangji (Unicode - Zawgyi ) More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
ဇတ်သိမ်းပိုင်း
ဒုတိယအတွဲ
ဒုတိယအတွဲ Part 2
ဒုတိယအတွဲ Part 3
ဒုတိယအတွဲ Part 4
ဒုတိယအတွဲ Part 5
ဒုတိယအတွဲ Part 6
ဒုတိယအတွဲ Part 7
ဒုတိယအတွဲ PART 8
ဒုတိယအတွဲ Part 9
ဒုတိယအတွဲ Part 10
ဒုတိယအတွဲ Part 11
ဒုတိယအတွဲ Part 12
ဒုတိယတွဲ Part 13 ( Unicode - Zawgyi )
ဒုတိယအတွဲ Part 14 ( Uni/ Zaw)
ဒုတိယအတွဲ Part 16
ဒုတိယအတွဲ ဇတ်သိမ်းပိုင်း

ဒုတိယအတွဲ Part 15

1.2K 139 6
By MaNganLay

ဒုတိယအတွဲ Part 15

Yibo အိမ်ကိုမြန်မြန်ပြန်လာလိုက်ပြီး
အခန်းထဲပြေးဝင်သွားသည်။

" ဝေ့ရင်း!..ဝေ့ရင်း "

" သခင်လေး! "

ကုတင်ဘေးနားမှာထိုင်နေတဲ့ဝေ့ရင်းက
မျက်ရည်သုတ်ပြီးထကြည့်လိုက်သည်။

" ဝေ့ရင်း..ဘာလိုငိုနေတာလဲ "

" သခင်လေး "

ဝေ့ရင်းမြန်မြန်လျှောက်လာပြီး သခင်လေးကိုဖက်လိုက်သည်။

" ဘာလိုငိုနေရတာလဲ မင်းကြောင့် ငါ့စာသင်တာမဖြောင့်ပဲပြေးလာရတယ်..မိုးကလည်းမတိတ်တော့ အေးလိုက်တာမှ အရမ်းပဲ "

" တောင်းပန်ပါတယ်..တောင်းပန်ပါတယ်
ကျွန်တော့်မငိုတော့ဘူး "

ဝေ့ရင်းဖက်ထားရာကနေခွာပြီး မျက်ရည်တွေ
ပြောင်စင်အောင်သုတ်နေသည်။
ဝေ့ရင်းမျက်ရည်သုတ်ပြီးတော့ မိုးစင်စင်လင်းသွားသည်။

"ဟင်.. မိုးချက်ခြင်းတိတ်သွားပါ့လား "

ရိပေါ်အခန်း ဘယ်ဘက်ခြမ်းကမှန်နဲ့ပြင်ဆင်ထားတာမို့လို့အပြင်ကိုတန်းမြင်ရသည်။

" သခင်လေးမပူနဲ့ နောက်ဆိုမိုးရွာတော့မှာမဟုတ်ဘူး "

" Mr.ဝေ့ရင်းကမိုးလေဝသပညာရှင်လား "

Yibo ပြုံးပြီးဆက်ဆိုလိုက်သည်။

" ဘာလိုငိုနေရတာလဲ ပင်လယ်ကြီးကိုလွမ်းလို့လား "

ဝေ့ရင်းခေါင်းရမ်းလိုက်သည်။

" သခင်လေးကယူဆော့နဲ့ပဲနေတယ်
ယူဆော့နဲ့ပဲစကားပြောတယ် ကျွန်တော်ကို
ဂရုမစိုက်တော့ဘူး "

Yibo လှဲကုလားထိုင်မှာ ခြေဆန့်ကာထိုင်လိုက်သည်။
ဝေ့ရင်း ခုံနားကကြမ်းပြင်မှာထိုင်ကာ သူ့ခြေထောက်ကိုနှိပ်ပေးနေသည်။

" အဲ့လိုမလုပ်နဲ့ဝေ့ရင်း..ငါငရဲကြီးလိမ့်မယ်
မင်းက တကယ်ဆို ငါ့ထက်အသက်အများကြီးကြီးတဲ့ရေသူထီးပဲ ငါ့ကိုပြုစုစရာမလိုဘူး "

" သခင်ကိုပြုစုဖို့ပဲလိုက်လာခဲ့တာပါ..သခင်လေးကအရမ်းဆိုးတယ် သခင်လေးမြို့ရောက်တော့
ကျွန်တော်ကို ပစ်ထားတယ် "

"  ဝေ့ရင်းကလည်း ငါ့ကကျောင်းတက်နေတာလေကျောင်းတက်ရင်စာလုပ်ရတယ် အဲ့ဒါမှဘွဲ့ရမှာပေါ့
ယူဆော့ကလည်း ငါနဲ့အတန်းတူတော့
စာအတူတူလုပ်တာပါ "

" ကျွန်တော်လည်းသခင်လေးလိုစာတက်ချင်တယ် "

" စိတ်ရှုပ်စရာကြီးပါဝေ့ရင်းရာ
ငါတောင်မသက်သာလို့ "

ဒေါက်..ဒေါက်

တံခါးခေါက်သံကြားတာကြောင့် ဝင်လာခိုင်းလိုက်သည်။

" ကိုယ့်ကိုမစောင့်ပဲပြန်သွားလို့ နေမကောင်းဘူးမှတ်နေတာ ဝက်သလုံးခေါက်ဆွဲဝယ်လာတယ်  "

ယူဆော့ပုံစံက သူကိုစိုးရိမ်နေတဲ့ပုံပေါက်သည်။
ခေါင်းထဲမှာ မိထွေးသားကိုနှိပ်စက်ဖို့
အကြောင်းပေါ်လာသည်။

" အစ်ကိုလေး ဝက်သားခေါက်ဆွဲအရမ်းကောင်းတယ် "

အားယွင့်  အစားအစာကိုယူလာပြီးစားပွဲပေါ်တင်လိုက်သည်။ ဝေ့ရင်းမျက်လုံးအရောင်လဲ့လာပြီး
အစားအစာကို သွားငမ်းနေသည်။

" ကျွန်တော်က အမဲသားခေါက်ဆွဲပဲစားတာ
ဝက်သားမကြိုက်ဘူး "

" ကိုယ်တောင်းပန်ပါတယ် အခုချက်ခြင်း
သွားဝယ်လိုက်မယ် "

ယူဆော့အပြင်ထွက်သွားသည်။

"  အစ်ကိုလေးတကယ်မစားဘူးလား အသားတွေ
အများကြီးပဲ "

အားယွင့်မေးတာမဖြေခင် ဝေ့ရင်းက သူကိုလှည့်
ကြည့်သည်။

" တို့ဝေ့သခင်ကြီးက အရမ်းစားချင်လွန်းလို့
လျှာတောင်သပ်နေပြီ စား..စား "

Yibo ခွင့်ပြုချက်ရတာနဲ့ ဝေ့ရင်း ခေါက်ဆွဲပန်းကန်ယူကာ
ခေါင်းမဖော်တမ်းစားနေသည်။

" ဟွား..တန်းကုန်သွားတာအဲ အစ်ကိုကခေါက်ဆွဲကြိုက်တာလား "

အားယွင့်မေးတော့ ဝေ့ရင်းပြုံးပြီးခေါင်းအသွင်သွင်ညိတ်ကာ ဖြေသည်။

" ကြိုက်တယ်..သိပ်သိပ်ကြိုက်တယ် "

ဝေ့ရင်းက အစ်ကိုယူဆော့ယူလာတဲ့ အမဲသားခေါက်ဆွဲပန်းကန်ကို ကြည့်နေပြန်သည်။

" ကျေးဇူးပဲအစ်ကို ဒါပေမဲ့ဝေ့ရင်းကမဝသေးဘူး
ဝက်သားလုံးခေါက်ဆွဲ ထက်ဝယ်ပေးပါ့လား "

" ကောင်းပါပြီ အစ်ကိုသွားဝယ်ပေးမယ်နော် "

Yibo ပြုံးပြီး အမဲသားခေါက်ဆွဲကိုစားလိုက်သည်။

" အစ်ကိုလေး သူ့အမေသိရင်.."

အားယွင့်ပြောလို့မှစကားမဆုံးသေးဘူး ဘွားတော်
ဝင်လာသည်။

" ကျွန်တော်အခန်းကို ခင်ဗျားဝင်တာမကြိုက်ဘူးလိုဘယ်နှခါပြောရမလဲ "

Yibo စားနေရင်းထရပ်ကာအော်လိုက်သည်။

" သခင်လေးမကြိုက်ဘူး ထွက်သွား! "

ဝေ့ရင်း မိထွေးတော်ဒေါ်ယွင်းယုံကို တွန်းလိုက်သည်။

" နင်က ငါ့ကိုထိရဲတယ်..ဖြန်း! "

မိထွေးက ဝေ့ရင်းကိုပါးရိုက်လိုက်တာဖြစ်သည်။

" ခင်ဗျား ဘာကြောင့် ဝေ့ရင်းကိုရိုက်တာလဲ "

" နင်ကနင်းစားဖို့သာမက အစေခံစားဖို့တောင်
ငါ့သားကိုဝယ်ခိုင်းရဲတယ်ပေါ့ "

" ခင်ဗျားသားကခင်ဗျားကိုပြန်တိုင်လိုက်ပြီလား "

" အစ်ကိုလေးယူဆော့မဖြစ်နိုင်ဘူး အစေခံတစ်ယောက်
ကျွန်တော်တို့ကိုချောင်းနေတာထင်တယ် "

အားယွမ်တိုးတိုးလေးပြောလိုက်သည်။

" ငါ့သားကိုအနိုင်မကျင့်နဲ့ ငါ့သားကိုထက်
အနိုင်ကျင့်ရင်
နောက်တစ်ခါ ထက်ရိုက်ခံရမဲ့သူက နင်ဖြစ်သွားမယ် "

ဒေါ်ယွင်းယုံ ရိပေါ်ကိုလက်ညိုးထိုးပြီးပြောကာ
လှည့်အထွက်

" ခဏနေဦး.."

ဒေါ်ယွင်းယုံလှည့်အကြည့် ရိပေါ်ခေါက်ဆွဲပန်းကန်ယူကာ
ဒေါ်ယွင်းယုံခေါင်းပေါ်လောင်းချလိုက်သည်။

" သားမင်းအရမ်းရိုင်းလှချည်လား "

ဦးကောင်းရန် သားကိုလာကြည့်ကာ တွေ့သွားတဲ့
မြင်ကွင်းကြောင့် စိတ်ပျက်ကာအော်လိုက်သည်။

" အစ်ကို..အဟင့်..ဟင့် ကျွန်မ အစ်ကိုသားကို
အရမ်းကြောက်တာပဲ "

ဒေါ်ယွင်းယုံရှိုက်ကြီးတငင်နဲ့ အော်ငိုနေသည်။

" သားငယ်..မင်းကို ပါပါးအရမ်းချစ်ပြီး အလိုလိုက်ခဲ့တယ် ဒါပေမဲ့မင်းဟာ အရမ်းရိုင်းတာပဲ "

" ပါပါး..မဟုတ်..."

ရိပေါ်မျက်ရည်ကျလာပြီး ခံစားချက်ကြောင့်
ရင်ဘက်အောင့်လာသည်။

" အစ်ကိုတို့သွားမယ်..ယွင်းယုံ "

ပါပါးက သူ့မိန်းမကိုတွဲကာ အပြင်ထွက်သွားသည်။

"  သခင်လေး..သခင်လေးမငိုပါနဲ့
ကျွန်တော်သူတို့ကိုသတ်ပေးရမလား "

ဝေ့ရင်း သခင်လေးမျက်ရည်သုတ်ပေးကာ
ပြောလိုက်သည်။

" ပါပါး..ပါ.."

ရိပေါ်ဘာကိုမှမမြင်နိုင်တော့ပဲ လဲကျသွားသည်။

" သခင်လေး! "

Zawgyi

Continue Reading

You'll Also Like

576K 75.1K 80
Ya Amar = My Moon or My most beautiful (Alpha & Omega)
67.1K 5K 65
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...
497K 67.3K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...
128K 13.2K 51
-من هەڵەم نەکرد بچکۆلەکەم، من تەنیا خۆشم ویستی... -تاک و تەنیا ئاواتی من داهاتووێک بوو لەگەڵ تۆ~ -عەشقی من بۆتۆ ئەو ئۆقیانووسە قوڵەیە کە دەمەوێ تێیدا...