နေ့ရက်တွေက ပုံမှန်အတိုင်း ဆက်လည်ပတ်သည်။
ရိပေါ်က ကျောင်းသွားချိန်တွေမှာ
ရှောင်းကျန့်စက်ဘီးနောက် ထိုင်လိုက်ရဖို့အရေး မနက်စောစောထတတ်လာသည်။
ဒီနေ့လည်း ရှောင်းကျန့်စက်ဘီးထွက်လာတာနှင့် ရိပေါ်က လွယ်အိတ်လွယ်ကာ အသင့်ဖြစ်နေသည်။
" Early bird ဟေ့"
"ငါနောက်ကျရင် မင်းကချန်ထားခဲ့မှာမဟုတ်ဘူးလား"
"ရိပေါ် ဒီနေ့ မင်းနင်း"
"အာ... ပျင်းတယ် မနင်းချင်ဘူး"
"မနင်းချင်ရင် ငါ့နောက်လည်းမလိုက်နဲ့"
"ရှောင်းကျန့်!!"
ရှောင်းကျန့်က စက်ဘီးဒေါက်ထောက်ပြီး လက်ပိုက်ရပ်နေသည်။
ရိပေါ် ရှောင်းကျန့်ပါးနှစ်ဖက်ကို လက်တစ်ဖက်တည်းဖြင့် စုကာညှစ်လိုက်တော့ နှုတ်ခမ်းက စူထွက်လာသည်။
"ဟားဟား..... ဘဲနှုတ်သိီးရှောင်းကျန့်
ရှောင်းကျန့် ဘဲနှုတ်သီး"
"ဝမ်ရိပေါ်!!"
"နင်းပြီ နင်းပြီ လာ တက်"
ရှောင်းကျန့်က စက်ဘီးနောက်မှာခွထိုင်သည်။ သူစနင်းတော့ ရှောင်းကျန့်လက်တွေက သူ့အကျ...စကို တင်းတင်းဆုပ်လာသည်။
ရိပေါ် အရှိန်ထပ်တင်လိုက်တော့ ရှောင်းကျန့် အသံက ဆူဆူအောင့်အောင့်ထွက်လာသည်။
"ရိပေါ် ဖြည်းဖြည်းနင်းစမ်း"
ရိပေါ် ရှောင်းကျန့်စကားကို မကြားချင်ယောင်ဆောင်ပြီး အရှိန်ထပ်တင်သည်။
ရှောင်းကျန့်လက်တွေက သူ့ခါးပေါ်ရောက်လာသည်။
ရိပေါ်အရှိန်မလျှော့မိပါ။
"ရှောင်းကျန့် လိုက်မလား"
"ဘယ်ကိုလဲ"
"ငါနဲ့အတူတူ ဘယ်နေရာကိုမဆို"
"မင်းက ဒီလောက်မြန်မြန်နင်းနေတာ
မလိုက်ဘူး"
ရိပေါ် ရယ်ချင်သွားသည်။
"ဖြည်းဖြည်းပဲနင်းမယ်လေ လိုက်မယ်မလား"
"အင်း ဘယ်သွားမှာမို့လို့လဲ
ခုလည်း ငါမင်းနောက်က လိုက်နေတာပဲလေ"
"တစ်နေ့နေ့ပေါ့ ငါခေါ်တဲ့တစ်နေ့ကျ
မင်း ငါ့နောက်ကိုပဲ လိုက်ခဲ့ရမယ်နော်"
"ရိပေါ် ဘာဖြစ်နေတာလဲ
မင်းပဲ ငါ့နောက်က အမြဲထိုင်လိုက်နေပြီး ဒီတစ်နေ့လေး တင်နင်းတာကို ကြီးကြီးကျယ်ကျယ်တွေပြောနေတယ်"
"အင်း ငါလည်း မင်းနောက်ပဲလိုက်မှာ"
ကျောင်းရောက်တော့ စက်ဘီးကို ပုံမှန်ရပ်နေကျနေရာမှာပဲရပ်လိုက်သည်။
" ရှောင်းကျန့် အပြန်ကျ ငါ့ကိုစောင့်နော်"
ရှောင်းကျန့်က ဘာမှမပြောပဲ သူ့အတန်းဆီလျှောက်သွားသည်။ရိပေါ်လည်း ကိုယ့်အတန်းထဲကိုသာ ဝင်ခဲ့လိုက်သည်။
မုန့်စားဆင်းချိန်ရောက်တော့ ရိပေါ် ဟောက်ရွှမ်းတို့နဲ့ ကန်တင်းလ်ဘက်လိုက်လာခဲ့သည်။
ရှောင်းကျန့်အတွက် ဝယ်ပို့ပေးရမည်။ ရှောင်းကျန့်က လူရှုပ်တဲ့နေရာတွေမကြိုက်သဖြင့်
မုန့်စျေးတန်းဘက် သိပ်မသွားပါ။ သူ့သူငယ်ချင်းတွေနဲ့မှာတာများသည်။
ဒီနေ့လည်း လာမည့်ပုံမပေါ်ပါ။
ရိပေါ်ရဲ့အထင် တက်တက်စင်အောင်လွဲမှန်း milk teaဆိုင်နားတွင် ရပ်နေသောရှောင်းကျန့်က သက်သေဖြစ်သည်။
ရှောင်းကျန့်က မဝယ်ပဲ ဝယ်သူတွေနဲ့ခပ်လှမ်းလှမ်းမှာရပ်နေသည်။
ကြည့်ရတာ လူကြားထဲ တိုးမဝယ်ချင်တာနဲ့ စောင့်နေတာဖြစ်မည်။
ဒီလိုမှမဝယ်ရင် မင်းရမှာမဟုတ်တော့ဘူး ရှောင်းကျန့်ရဲ့လို့ စိတ်ထဲကပြောပြီး
သူ့ဆီလျှောက်သွားလိုက်သည်။
"ရှောင်းကျန့်"
"အယ်...ရိပေါ်"
"ဘာစားချင်လို့လဲ ငါဝယ်ပေးမယ်
milk teaလား"
"ရတယ် ရိပေါ်ရဲ့
မင်းစားစရာရှိတာသာ သွားစား"
"milk teaပဲလား ဘာမုန့်စားမလဲ"
"ရိပေါ် ရ..."
"ခဏစောင့်"
ရိပေါ်က အပြေးတပိုင်းထွက်သွားသည်။
"ကော..."
"လီယို ရပြီလား "
"ရပြီ...ရော့ တိုးလိုက်ရတာဗျာ"
"သွေ့ပုချိ... ဘယ်လောက်ပေးရမှာလဲ"
"ရပါတယ် ကောရဲ့
ကောကို လီယိုဝယ်တိုက်တာ"
"အားနာစရာကြီး...လီယို့မုန့်ဖိုးထဲက ပဲ့ကုန်တော့မှာပဲ"
"အားနာရင် နောက်ရက်ကျ ကောပြန်ဝယ်တိုက်လေ"
"အင်း ကောပြန်ဝယ်တိုက်မယ်"
ရှောင်းကျန့် milk teaဘူးကိုကိုင်ပြီး ပိုက်ကို ပါးစပ်နားတေ့ရုံရှိသေး လက်နဲ့ပုတ်ထုတ်ခံလိုက်ရသည်။ ဘူးကတော့ မြေပြင်နဲ့အရှိန်ပြင်းပြင်းထိပြီး ကွဲထွက်သွားသည်။
ရှောင်းကျန့် မော့ကြည့်စရာတောင် မလိုပါ။
ဘယ်သူ့လက်ချက်လဲ တန်းသိပြီးသား။
" ငါ သွားဝယ်ပေးမယ်လို့ ပြောထားခဲ့တယ်လေ"
ဘေးနားက ကျောင်းသားတွေရဲ့မျက်လုံးက သူတို့ဆီကို စုပြုံရောက်ရှိလာသည်။
ရှောင်းကျန့်က ကျစ်ခနဲ စုတ်တစ်ချက်သတ်ကာ ထွက်သွားသည်။
"ကော"
လီယိုက ရှောင်းကျန့်နောက်ပြေးလိုက်သွားသည်။ ရိပေါ် နေရာက မရွေ့မိ။ရှောင်းကျန့်
သူ့ကို စိတ်ဆိုးသွားပြန်ပြီ။
ရိပေါ် စာသင်ခန်းဆီသာပြန်ခဲ့လိုက်သည်။
လက်ထဲမှာတော့ တန်းစီနေတဲ့ကျောင်းသားတွေကို ဖြတ်ကျော်ပြီး လုဝယ်ခဲ့သော milk teaဘူးလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့ပါသည်။