[Myanmar Trans]Guide on How t...

By hito-ja-nai

132K 22.3K 1.5K

[ Zawgyi + Unicode ] Name -网恋翻车指南 Author: 酱子贝 Total Chapters: 117 + 2 extras Genre: Comedy, Completed, gaming... More

MM Translator Introduction
~၁~
~၂~
~၃~
~၄~
~၅~
~၆~
~၇~
~၈~
~၉~
~၁၀~
~၁၁~
~၁၂~
~၁၃~
~၁၄~p1
Announcement
~၁၄~p2
~၁၅~
~၁၆~
~၁၇~P1
~၁၇~p2
~၁၈~
~၁၉~p1
Fan Art Time!!
~၁၉~P2
~၂၀~
~၂၁~
~၂၂~
~၂၃~
~၂၄~P1
~၂၄~p2
~၂၅~
~၂၆~
~၂၇~
~၂၈~
~၂၉~
~၃၀~P1
~၃၀~P2
~၃၁~P1
~၃၁~P2
~၃၂~
~၃၃~P1
~၃၃~P2
New Work!!
~၃၄~P1
~၃၄~P2
~၃၅~P1
~၃၅~P2
~၃၆~
~၃၇~P1
~၃၇~P2
~၃၈~p1
~၃၈~P2
~၃၉~P1
~၃၉~P2
~၄၀~P1
~၄၀~P2
~၄၁~P1
~၄၁~P2
~၄၂~
~၄၃~
~၄၄~P2
~၄၅~
~၄၆~
~၄၇~P1
~၄၇~P2
~၄၈~P1
~၄၈~P2
~၄၉~P1
~၄၉~P2
🙏Announcement🙏

~၄၄~P1

1K 239 19
By hito-ja-nai


Zawgyi

စီနီယာ၊ ျမန္ျမန္ ဟိုက္ဖိုက္!

ျပိဳင္ပြဲထဲမွာက်ိဳးဖံုးသည္ကိစၥျပီးသြားျပီးေနာက္ တစ္စံုတစ္ေယာက္ႏွင့္စကားေျပာဖို႕ရန္ YY chatထဲသို႕၀င္သြားခဲ့သည္။ မည္သို႔ပင္ဆိုေစကာမူ ဒီေန႕ကအလုပ္ဖြင့္ရက္ျဖစ္သည့္အတြက္ YYထဲမွာတစ္ေယာက္မွရွိမေနခဲ့။ ဒီေတာ့သူသည္ Guild ေခါင္းေဆာင္နဲ႕ဒုတိယေခါင္းေဆာင္ရဲ႕ ကိုယ္ပိုင္ကမၻာေလးထံကို သြားျပီးေနွာက္ယွက္ေပေတာ့သည္။

ကံေကာင္းစြာျဖင့္ Lovesicknessက ေအာ္တိုထားထားေနတာေျကာင့္ ခၽြန္းေရွာင္ကတိုက္ရိုက္သူတို႕ channelကေန ကန္မထုတ္ခဲ့ေပ။

"သူမက ဘာျဖစ္လို႕နွလံုးသားအရမ္းမာတယ္လို႕...ထင္လဲ?" က်ိဳးဖံုးသည္ ေအာင့္အီးမထားနိုင္ေတာ့ဘဲ ေရွာင္ထ်န္က်င္နဲ႕အေျခေနကို ေျပာမိေတာ့သည္။ သူသည္ ကူကယ္ရာမဲ့စြာအထြန္႔တတ္ေနခဲ့သည္။ "နွလံုးသား လိုအင္ဆႏၵနဲ႕ဆို သူမဘယ္ေလာက္ေတာင္ တတ္ျကြေနလိုက္လဲဆိုတာ ျကည့္ပါလား။ သူကငါနဲ႕ရွိေနတဲ့ဘယ္ခ်ိန္ျဖစ္ျဖစ္ သူစကားေျပာဖို႕လိုလို႕ေျပာေနရတဲ့ပံုနဲ႕"

ခၽြန္းေရွာင္က ေသြးေအးလွစြာ မဲ့့သည္။ "အဲ့တာေျကာင့္ ေယာက်္ားေတြက သိပ္ေစ်းေပါတယ္လို႕ေျပာျကတာ။ နင္သူ႕ကိုမရနိုင္ေလ၊ နင္ပိုလိုခ်င္လာေလပဲ။ ရိုးသားစမ္းပါ၊ နင္နွလံုးသား လိုအင္ဆႏၵဆီက တစ္ေယာက္ေယာက္ကိုပဲ လုခ်င္တာမလား?"

က်ိဳးဖံုး သီးသြားသည္ ဒါေပမယ့္ သူမျငင္းနိုင္ခဲ့။ နွလံုးသား လိုအင္ဆႏၵေျကာင့္ သူေရွာင္ထ်န္က်င္ကိုစတင္ျပီး ပိုပိုအေလးေပးလာခဲ့တာေလ။

"ငါ ဒီကိုအခ်ိန္ေကာင္းေလးေတြ ရခ်င္လို႔လာခဲ့တာ ဒါေပမယ့္အခုေတာ့အမွန္အတိုင္းေျပာရရင္ ငါတိုက္ခိုက္ခံေနရတယ္လို႕ ခံစားရတယ္" သူခဏေလာက္စကားေျပာတာ ရပ္လိုက္သည္။ "တကယ္ေတာ့ အဲ့လိုမဟုတ္ပါဘူး ေရွာင္ထ်န္က်င္ကိုယ္တိုင္က အရမ္းစိတ္၀င္စားဖို႕ေကာင္းျပီး သူမမွာေကာင္းတဲ့အခ်က္ေတြလဲ အမ်ားျကီးရွိပါတယ္"

ဒီစကားေျပာေနရင္းနဲ႕ က်ိဳးဖံုးသည္မတတ္နိုင္ဘဲ အနည္းငယ္ရယ္လိုက္မိေသာ္လဲ သူ႔အသံကေတာ့ညင္သာေပသည္။ "သူမမွာခ်စ္ဖို႕ေကာင္းတဲ့ စိတ္ေနစိတ္ထားရွိတယ္။ သူမရဲ႕ စကားလံုးေတြအားလံုးက ခၽြဲ႕တဲ့တဲ့နိုင္ေပမယ့္ သူမက ေကာင္းေကာင္းကစားနိုင္တယ္.... အဲ့တာေတြထက္ သူမက အရမ္းပရိယာယ္ကင္းတယ္"

ခၽြန္းေရွာင္ရဲ႕ေလသံက အနည္းငယ္ရႈပ္ေထြးေနသံေပါက္သြားသည္။ "ပရိယာယ္ကင္းတယ္?"

"အြန္း၊ ငါ ဒီေန႕ေန႕လည္ကသူ႕ကို အခြင့္ေရးေက်ာက္တံုးနည္းနည္းေပးခ်င္ခဲ့တာ။ သူမက အဲ့တာေတြေစ်းအရမ္းျကီးတာသိျပီး ငါဘာပဲေျပာေျပာသူမက လက္မခံခဲ့ဘူး" က်ိဳးဖံုးက အျပံဳးေလးနွင့္ဆိုသည္။ "သူက အျခားမိန္းကေလးေတြနဲ႕လံုး၀ကို ကြာျခားလြန္းတယ္...."

က်ိဳးဖံုးစကားကို ဆံုးေအာင္ေတာင္မေျပာလိုက္နိုင္မွာခင္ သူ၏အသံသည္ေလထဲတြင္ ေပ်ာက္ကြယ္သြားသည္။ အဘယ္ေျကာင့္ဆိုေသာ္ ထိုအခ်ိန္တြင္ သူ၏ဘယ္ဘက္မ်က္နွာျပင္ေထာင့္မွာရွိေနတဲ့ စာပို႕သည့္ေနရာမွ တတ္လာသည့္စာေတြျပည့္လွ်ံသြားေသာေျကာင့္ပင္။

[စနစ္မွေျကာ္ျငာခ်က္ - ရွာေဖြသူေရွာင္ထ်န္က်င္သည္ လ်ိဳ႕၀ွက္ဆန္းျကယ္ေသာအခြင့္ေရးေက်ာက္တံုးကို ဖြင့္ခဲ့ကာ ခုနွစ္ေရာင္ျခယ္ေက်ာက္တံုး x1 ကိုရရွိခဲ့သည္! ဂုဏ္ယူပါတယ္ သူရဲေကာင္းငယ္!]

[စနစ္မွေျကာ္ျငာခ်က္ - ရွာေဖြသူေရွာင္ထ်န္က်င္သည္ လ်ိဳ႕၀ွက္ဆန္းျကယ္ေသာအခြင့္ေရးေက်ာက္တံုးကို ဖြင့္ခဲ့ကာ နဂါးလွ်ာ x1 ကိုရရွိခဲ့သည္! ဂုဏ္ယူပါတယ္ သူရဲေကာင္းငယ္!]

[စနစ္မွေျကာ္ျငာခ်က္ - ရွာေဖြသူေရွာင္ထ်န္က်င္သည္ လ်ိဳ႕၀ွက္ဆန္းျကယ္ေသာအခြင့္ေရးေက်ာက္တံုးကို ဖြင့္ခဲ့ကာ သိုးေမႊး x3 ကိုရရွိခဲ့သည္! ဂုဏ္ယူပါတယ္ သူရဲေကာင္းငယ္!]

.............

အခြင့္ေရးေက်ာက္တံုးရဲ႕မုန္းတီးဖို႕အေကာင္းဆံုးအခ်က္က ဒီအခ်က္ပါပဲ။ သင္အခြင့္ေရးေက်ာက္တံုးကို ဖြင့္လိုက္တဲ့အခါတိုင္း သင္သည္ ပိုက္ဆံေသာ္လည္းေကာင္း၊ expေသာ္လည္းေကာင္း၊ ဒါမွမဟုတ္ ပစၥည္းတစ္ခုခုေတာ့ရတတ္သည္။ ေကာင္းသည္ျဖစ္ေစ၊ ဆိုးသည္ျဖစ္ေစ သင္ပစၥည္းတစ္ခုခုရေနသမွ်ကာလပတ္လံုး စနစ္ကထိုဟာကို ေျကာ္ျငာေပးေနမွာျဖစ္သည္။

ေရွာင္ထ်န္က်င္အတြက္ေတာ့ တိုက္ရိုက္ေျကာ္ျငာေပးေနတုန္း သံုးစားမရတာေတြခ်ည္းေပါက္ေနတာဟာ လူပံုအလယ္မွာျကိဳးေပးခံရသလိုပင္။

ခဏေလာက္ျကာျပီးတဲ့ေနာက္မွာ ခၽြန္းေရွာင္ကေအးစက္စက္အသံနဲ႕ ရယ္ရင္း "အရမ္းကို ပရိယာယ္ကင္းတာပဲ"

က်ိဳးဖံုးက ျပန္တုံ႔ျပန္သည္။ "....အဲ့တာပိုျပီး ခ်စ္ဖို႔မေကာင္းဘူးလား? ငါ့ရဲ႕ပိုက္ဆံကိုျဖဳန္းတာထက္ သူ႕ကိုယ္ပိုင္ပိုက္ဆံကိုသံုးေပးတာသူပိုျပီးေတာ့ေတာင္ အဖိုးတန္မေနဘူးလား?"

"ငါ အမည္မသိနယ္ေျမကိုျဖတ္သြားတုန္းက သူကနွလံုးသား လိုအင္ဆႏၵအသင္းထဲမွာဆိုတာကို ငါေတြ႕ခဲ့တယ္" ခၽြန္းေရွာင္က ျပံဳးသည္။ "ျပီးေတာ့ နွလံုးသား လိုအင္ဆႏၵက အသင္းေခါင္းေဆာင္"

အသင္းေခါင္းေဆာင္သာလွ်င္ NPCကိုအေပၚ ကလစ္နိွပ္လို႕ရျပီး အခြင့္အေရးေက်ာက္တံုးေတြ၀ယ္ဖို႕ NPCကိုစကားေျပာလို႕ရသည္။

က်ိဳးဖံုး - "...."

"အဲ့တာက ....သူက နွလံုးသား လိုအင္ဆႏၵဟာပဲ လိုခ်င္ျပီး နင့္ဆီကသာမလိုခ်င္တာပါ" ခၽြန္းေရွာင္ရဲ႕ေလသံထဲမွာ မသိမသာခ်ီးမြမ္းသည့္ေလသံနည္းနည္း ေရာယွက္ျပီးေတာ့ ေျပာလိုက္သည္။ "တစ္ေယာက္ေသာသူဖက္ကေနျကည့္ရင္ေတာ့ ဒါကေတာ္ေတာ္ေလး ပရိယာယ္ကင္းတာပဲေပါ့"

................

တကယ္တမ္းေတာ့ က်င္းဟြမ္ကအခြင့္ေရးေက်ာက္တံုးကို လက္ခံဖို႕စိတ္မကူးထားခဲ့ဘူး။ သူ႔ရဲ႕ရည္ရြယ္ခ်က္က ႏွလံုးသား လိုအင္ဆႏၵကို ဖ်က္ဆီးပစ္ဖို႕ေလ။ဘယ္သူက ဒီေသာက္ေက်ာက္တံုးကို စိတ္၀င္စားမွာတုန္း??

ဒါေပမယ့္ လု၀မ္ေဟာင္ရဲ႕ကိစၥကေန က်င္းဟြမ္တစ္ခုကို နားလည္လိုက္တယ္။ သူ႕မိန္းမဆီက ပိုက္ဆံအေမာက္ပိုမ်ားမ်ားအလိမ္ခံလိုက္ရေလ၊ အမွန္တရားကိုသိသြားတဲ့အခါမွာ သူပိုနက္နက္နဲနဲနာက်င္ရေလပဲ။

အခြင့္အေရးေက်ာက္တံုး 100ကအနည္းဆံုး ယြမ္၂၀၀၀ေလာက္ရွိတယ္။ ဘယ္သူပဲျဖစ္ျဖစ္ဒီအတြက္ ခဏေလာက္ေတာ့ေျကကြဲသြားျကမွာပဲ။

ဒီေတာ့ က်င္းဟြမ္က "အမ္ အမ္ အမ္!" "ကိုကို နင္ကဘာလို႕အဲ့ေလာက္သေဘာေကာင္းရတာလဲ QAQ" "ကိုကို ကံေကာင္းဖို႔အတြက္ ငါ့ခႏၶာကိုယ္နဲ႕ေတာင္းဆိုနိုင္ေတာ့မယ္" ေတြ အမ်ားျကီးပို႕ျပီးေနာက္ အခြင့္ေရးေက်ာက္တံုး100ကို ယူခဲ့လိုက္ေတာ့သည္။

ဒါေပမယ့္လဲ သူဒီေလာက္ထိကံဆိုးနိုင္လိမ့္မည္လို႕ မထင္ထားခဲ့ပါ။ အခြင့္ေရးေက်ာက္တံုး100က သူ႔အတြက္ကံေကာင္းျခင္းအဖ်ားေလးေတာင္ မစြက္ေပးနိုင္ခဲ့ဘူး။ အဲ့ဒီအစား သံုးစားမရတဲ့ပစၥည္းအမယ္ေတြခ်ည္းတပံုျကီးထြက္လာခဲ့ကာ ယြမ္၂၀၀၀လံုးက ဒီပံုစံနဲ႕ပဲေရစုန္ေမ်ာသြားခဲ့သည္ေပါ့။

အက်င့္မေကာင္းတဲ့ဂိမ္း မျကာခင္နင့္ဘဏ္အေကာင့္လဲ အတူတူပဲျဖစ္လာလိမ့္မယ္ေဟး

( T/N - ဒါက ကာရံမိတဲ့စာသားတစ္ခုပါပဲ။ဆိုလိုခ်င္တာက မျကာခင္သူ႕ဘဏ္အေကာင့္ထဲ လက္က်န္သုညျဖစ္လာလိမ့္မယ္လို႕ ေျပာခ်င္တာပါ)

[အသင္း] ေရွာင္ထ်န္က်င္ - wuwuwuwuwuwu QAQ

[အသင္း] ေရွာင္ထ်န္က်င္ - ငါ ဒီအေကာင့္ကိုဖ်က္ပစ္ေတာ့မယ္ ေက်းဇူးပဲေနာ္!!

[အသင္း] ေရွာင္ထ်န္က်င္ - ငါ့ရဲ႕ ဆိုး၀ါးလိုက္တဲ့လက္၊ ဖ်က္ပစ္လိုက္တာပဲေကာင္းတယ္!! (အသက္မရွိေတာ့သလို)

[အသင္း] နွလံုးသား လိုအင္ဆႏၵ - ..... အရမ္း ခ်ဲ႕ကားမေျပာပါနဲ႕

[အသင္း] ေရွာင္ထ်န္က်င္ - ငါကအရမ္းကံဆိုးတာပဲ ကိုကို....T.T ငါ ဗုဒၶဆီသြားျပီး ဆုေတာင္းရမလား?

[အသင္း] နွလံုးသား လိုအင္ဆႏၵ - ဒါက ျဖစ္နိုင္ေခ်ေျကာင့္ပါ။ ေနာက္ထပ္ အခု၁၀၀ထပ္ဖြင့္ရင္က ေကာင္းတာတစ္ခုခုထြက္လာနိုင္တယ္

က်င္းဟြမ္ နည္းနည္းေျကာက္သြားျပီး ခ်က္ခ်င္းတားျမစ္လိုက္သည္။

"ကုိကုိ ဘာမွထပ္မ၀ယ္နဲ႕ေတာ့! ငါ အဲ့တာေတြထပ္မဖြင့္ဘူး!"

သူနွလံုးသား လိုအင္ဆႏၵရဲ႕ဘဏ္အေကာင့္ကို ဗလာျဖစ္သြားတာ လိုခ်င္ေပမယ့္ ဒီေသာက္ဂိမ္းကလြယ္လြယ္ကူကူနဲ႕ယြမ္ ၄၀၀၀ရသြားမွာကိုလဲ သူမလိုခ်င္ျပန္ဘူး။

ရွန္႔ဟိြဳင္ဇီရဲ႕ လက္ေခ်ာင္းေတြရပ္တံ့သြားသည္။

[အသင္း] နွလံုးသား လိုအင္ဆႏၵ - ထပ္ျပီးေတာ့ မဖြင့္ခ်င္ေတာ့ဘူးလား?

[အသင္း] ေရွာင္ထ်န္က်င္ - (ဇက္ျပဳတ္ထြက္လုမတတ္ ေခါင္းခါသည္)

ထို႔ေနာက္မွာေတာ့ ရွန္႕ဟိြဳင္ဇီေစ်း၀ယ္သည့္မ်က္နွာစာကို ေျဖးေျဖးခ်င္းပိတ္လိုက္ေတာ့သည္။

.................

ဒီအခြင့္ေရးေက်ာက္တံုး၁၀၀က က်င္းဟြမ္သူ႕ကိုတည္းခိုဖို႕ ကူညီေပးခဲ့တာကို ျပန္ေပးသည့္အဖိုးအခအျဖစ္ သတ္မွတ္နိုင္သည္။ သူတို႔အဲ့ေန႕တည္းခုိခဲ့တဲ့ ေရပူစမ္းအပန္းေျဖစခန္းကအခန္းရဲ႕ တစ္ရက္တည္းခိုခက အနည္းဆံုးဂဏန္း၄လံုးစာေလာက္ရွိမည္။ တစ္ပတ္မွာ ယြမ္ရာဂဏန္းေလာက္သာမုန္႕ဖိုးအနည္းငယ္ ရရွိတဲ့သူအတြက္ေတာ့ သူဒီကိုလာဖို႔အတြက္ ဘယ္ေလာက္ေတာင္စုခဲ့ရမယ္ဆိုတာ ဘယ္သူသိနိုင္မလဲ။

(T/N - အံမယ္ သူက တို႔သားကိုဘ၀သမားေလးထင္ေနတာ က်န္႕)

ျပီးေတာ့ ေရွာင္ထ်န္က်င္က က်ိဳးဖံုးဆီကေနအခြင့္ေရးေက်ာက္တံုးေတြကို ျငင္းဆိုျခင္းသည္ အျခားအခ်က္ေတြရွိတာေျကာင့္လဲ ျဖစ္လိမ့္မယ္လို႕သူအေသအခ်ာေနသိေနသည္။ အခြင့္ေရးေက်ာက္တံုးနဲ႕ကစားဖို႕ျကိုးစားေနတဲ့ နတ္ကညာေျမေခြးပ်ိဳမေလးကိုျကည့္ရင္း ရွန္႔ဟိြဳင္ဇီ သူ႕လက္ေခ်ာင္းေတြကိုလႈပ္ရွားလိုက္ျပီး ပ်ံသန္းသည့္ဂါထာကိုသံုးရင္း သူမနဲ႕အတူအေ၀းကိုထြက္လာခဲ့သည္။

အဲ့ဒီ "ရည္းစားေဟာင္း" နဲ႕သူမရဲ႕ ညီမေလးေတြက ဒီမွာမရွိေနခဲ့သလိုပင္။

သီးသန္႕စကားေျပာေနတဲ့ group chatထဲမွာေတာ့ စာအေစာင္ေရ ၉၉ေစာင္ေက်ာ္ေနခဲ့ျပီ။

က်ိ႕ေရွာင္နန္ - အဲ့ဒီ ေရွာင္ထ်န္က်င္က ေတာ္ေတာ္ေလးေမာက္မာတာပဲ! သူဒီေနရာမွာရွင္းေမာက္ေမာက္က ေအာ္တိုထားထားတယ္ဆိုတာကို သိလို႔တမင္တကာ နွလံုးသား လိုအင္ဆႏၵနဲ႕လာခဲ့တာလား!!?

တန္တန္ေလး - ၈၀ရာခိုင္နႈန္းဟုတ္နိုင္တယ္။ အဲ့မိန္းမက ေတာ္ေတာ္ရြံ႕ဖို႕ေကာင္းတာပဲ

ရွင္းေမာက္ေမာက္ - အို ထားလုိက္ပါေတာ့။ အဲ့တာနဲ႕ပတ္သတ္ျပီး ထပ္မေျပာနဲ႔ေတာ့။ ငါနွလံုးသားလိုအင္ဆႏၵနဲ႕ ဘာမွမပတ္သတ္ေတာ့ဘူး

ဂ်ံဳပင္ေပါက္စ - မဟုတ္နိုင္ေလာက္ဘူး ထင္တယ္ေနာ္? နွလံုးသား လိုအင္ဆႏၵက အသင္းေခါင္းေဆာင္။ အဲ့ဒီေတာ့ တမင္တကာလုပ္တယ္လို႕သာ ေျပာရရင္ အဲ့တာက နွလံုးသား လိုအင္ဆႏၵဘက္က ျကိုတင္ျကံစည္ျပီးလုပ္ခဲ့တာျဖစ္နိုင္တယ္ေနာ္...?

က်ိ႕ေရွာင္နန္ - ဂ်ံဳပင္ေပါက္စ နင္ကအခုေလးတင္မွ ျပန္လာတာဆိုေတာ့ နင္သိေလာက္မွာမဟုတ္ဘူး။ အဲ့မိန္းမက တကယ္ကိုရြံ႕ဖို႕ေကာင္းတာ။ သူက likeေတြလဲ၀ယ္တယ္!!

ဂ်ံဳပင္ေပါက္စ - likeေတြ ၀ယ္တယ္?

က်ိ႕ေရွာင္နန္ - ဟုတ္တယ္၊ သူက ((နိုင္ငံေတာ္ကိုသစၥာေစာင့္သိျခင္း)) ဆိုတာအတြက္ like၀ယ္ခဲ့လိမ့္မယ္!! ငါ့သူငယ္ခ်င္းေတြအမ်ားျကီးက သူတို႕အဲ့သီခ်င္းတြက္ voteမလုပ္ရေသးေပမယ့္ သီခ်င္းကိုlikeလုပ္ျပီးသားေပၚေနတယ္လို႕ ေျပာျပျကတယ္

ဂ်ံဳပင္ေပါက္စ - ဒါဆိုရင္ နင္ပင္မရံုးကို reportတင္လို႕ရတယ္ေလ။ ေသေသခ်ာခ်ာဘမ္းလိုက္မွာေပါ့ အေကာင့္ကို

က်ိ႕ေရွာင္နန္ - အဲ့တာေျကာင့္ ငါကသူ႕ကိုရြံ႕ဖို႕ေကာင္းတယ္လို႕ေျပာတာေပါ့။ ငါတို႕သာreportတင္ရင္ သူျပိဳင္ပြဲကေနနုတ္ထြက္ဖို႕အတြက္ ျကိုတင္အေျကာင္းျပခ်က္ရွာလိမ့္မယ္

တန္တန္ေလး - အန္ခ်င္စရာ

ဂ်ံဳပင္ေပါက္စ - ေတာ္ေတာ္ဆိုးတာပဲ! ဘယ္သူ႕မွသူ႕ကိုျပႆနာမရွာရဲျကဘူးလား?

က်ိ႕ေရွာင္နန္ - သူကနွလံုးသား လိုအင္ဆႏၵကိုကပ္ထားတာကိုး ဘယ္သူကျပႆနာရွာရဲမွာလဲ? နင္မသိပါဘူးLovesicknessေတာင္ သူ႕ကိုဦးညႊတ္ခဲ့တာ ။အခုေတာ့ သူကserver တစ္ခုလံုးကို ဟန္ေရးျပထားတာ ဘယ္သူ႔မွသူ႕ကိုထိပါးေအာင္ မလုပ္ရဲျကေတာ့ဘူး

တန္တန္ေလး - ဂ်ံဳပင္ေပါက္စ၊ နင့္ေယာက်ာ္းက DPSမွာအဆင့္ဒုတိယလိုက္ျပီး နွလံုးသား လိုအင္ဆႏၵနဲ႕သိပ္မကြာဘူး။ ဒီgroupထဲမွာ ငါတို႕ရဲ႕ေဒါသေတြကိုေပါက္ကြဲေအာင္ လုပ္ဖို႕ကူညီေပးနိုင္တာက နင္တစ္ေယာက္ပဲရွိတယ္

က်ိ႕ေရွာင္နန္ - မွန္တယ္ (ငိုသည္) နင္သာ မစရင္ serverတစ္ခုလံုးက အဲ့ဟာမနာမည္နဲ႕လိုက္ဖတ္တာေတြခ်ည္းျဖစ္သြားလိမ့္မယ္

ဂ်ံဳပင္ေပါက္စ - ....

ဂ်ံဳပင္ေပါက္စ - ငါ တစ္ခုေလာက္ေတြးလိုက္ဦးမယ္

.......................

ေနာက္တစ္ရက္မွာေတာ့ က်င္းဟြမ္အတန္းသို႕တစ္ေယာက္ထဲ သြားခဲ့သည္။ လု၀မ္ေဟာင္နဲ႕အျခားသူေတြေဘးနားမရွိတာေျကာင့္ ေတာ္ေတာ္ေလးတိတ္ဆိတ္ေနေသာ္လဲ သူပ်င္းလာသည္။ သူသည္အတန္းတစ္တန္းမွာ ၁၀ျကိမ္ေလာက္ထိသမ္းေနခဲ့သည္။

အတန္းျပီးသြားတဲ့ေနာက္မွာေတာ့ သူထလာျပီး လမ္းေလွ်ာက္ျပန္လာခဲ့သည္။ ျပန္တဲ့လမ္းတေလွ်ာက္တြင္ သူ၏ group chatမွ စာအခ်ိဳ႕တတ္လာခဲ့သည္။

လု၀မ္ေဟာင္ - @ေရွာင္က်င္ေလး၊ ေဘဘီဟြမ္ဟြမ္ အတန္းျပီးသြားျပီလား?

ေရွာင္က်င္ေလး - ??

ေကာင္းဇီရွန္း - ငါတို႔၂ေယာက္တြက္ မနက္စာပို႔ေပးရင္ ေနာင္ဘ၀မွာငါက မင္းရဲ႕ျမင္းအျဖစ္ေကာ နြားအျဖစ္ေကာေနျပီးေတာ့ ေဟာင္အမ္ကမင္းရဲ႕ ေခၽြးမျဖစ္လာေပးလိမ့္မယ္

ေရွာင္က်င္ေလး - ေသာက္ေကာင္ေတြ

က်င္းဟြမ္က အိပ္ယာထေနာက္က်ခဲ့တာေျကာင့္ သူ႔ရဲ႕မနက္စာေတာင္သူမစားရေသးဘူး။ အဲ့ေတာ့ ဘယ္လိုလုပ္ျပီးသူက အဲ့၂ေယာက္ဆီပို႕ေပးခ်င္မွာတုန္း။ အခုခ်ိန္မွာ သူအိမ္ကိုပဲျပန္ျပီးေတာ့ ေကာင္းေကာင္းေလးအိပ္ခ်င္ေနသည္ေလ။

သူအားရေအာင္ ေဟာက္လိုက္ျပီး သူစိမ္းဆန္တဲ့အမူအရာပံု၂ခုပို႔ျပီးေနာက္တြင္ သူ၏WeChatကို ပိတ္ပစ္လိုက္သည္။

သူသည္အေနာက္ဘက္ဂိတ္ေပါက္၀ဆီသို႕ လမ္းေလွ်ာက္လာေနရင္းနဲ႕ဘတ္စ္စကတ္ေဘာလံုးကြင္းျပင္နားအေရာက္တြင္ မေအာင့္နိုင္ဘဲ ျဖတ္သြားေနရင္းအတြင္းထဲသို႔ ခိုးျကည့္မိလိုက္ေလသည္။

တစ္ခ်က္ျကည့္လိုက္ရံုနဲ႕သူ၏မ်က္လံုးေတြက က်ယ္၀န္းတဲ့ပုခံုးနဲ႕ျခံစည္းရိုးကို ေနာက္ေက်ာေပးထားသည့္သူထံသို႕ ကပ္ျငိ႕သြားခဲ့သည္။

TBC....

17/08/2021

Unicode

စီနီယာ၊ မြန်မြန် ဟိုက်ဖိုက်!

ပြိုင်ပွဲထဲမှာကျိုးဖုံးသည်ကိစ္စပြီးသွားပြီးနောက် တစ်စုံတစ်ယောက်နှင့်စကားပြောဖို့ရန် YY chatထဲသို့ဝင်သွားခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ဒီနေ့ကအလုပ်ဖွင့်ရက်ဖြစ်သည့်အတွက် YYထဲမှာတစ်ယောက်မှရှိမနေခဲ့။ ဒီတော့သူသည် Guild ခေါင်းဆောင်နဲ့ဒုတိယခေါင်းဆောင်ရဲ့ ကိုယ်ပိုင်ကမ္ဘာလေးထံကို သွားပြီးနှောက်ယှက်ပေတော့သည်။

ကံကောင်းစွာဖြင့် Lovesicknessက အော်တိုထားထားနေတာကြောင့် ချွန်းရှောင်ကတိုက်ရိုက်သူတို့ channelကနေ ကန်မထုတ်ခဲ့ပေ။

"သူမက ဘာဖြစ်လို့နှလုံးသားအရမ်းမာတယ်လို့...ထင်လဲ?" ကျိုးဖုံးသည် အောင့်အီးမထားနိုင်တော့ဘဲ ရှောင်ထျန်ကျင်နဲ့အခြေနေကို ပြောမိတော့သည်။ သူသည် ကူကယ်ရာမဲ့စွာအထွန့်တတ်နေခဲ့သည်။ "နှလုံးသား လိုအင်ဆန္ဒနဲ့ဆို သူမဘယ်လောက်တောင် တတ်ကြွနေလိုက်လဲဆိုတာ ကြည့်ပါလား။ သူကငါနဲ့ရှိနေတဲ့ဘယ်ချိန်ဖြစ်ဖြစ် သူစကားပြောဖို့လိုလို့ပြောနေရတဲ့ပုံနဲ့"

ချွန်းရှောင်က သွေးအေးလှစွာ မဲ့့သည်။ "အဲ့တာကြောင့် ယောကျ်ားတွေက သိပ်စျေးပေါတယ်လို့ပြောကြတာ။ နင်သူ့ကိုမရနိုင်လေ၊ နင်ပိုလိုချင်လာလေပဲ။ ရိုးသားစမ်းပါ၊ နင်နှလုံးသား လိုအင်ဆန္ဒဆီက တစ်ယောက်ယောက်ကိုပဲ လုချင်တာမလား?"

ကျိုးဖုံး သီးသွားသည် ဒါပေမယ့် သူမငြင်းနိုင်ခဲ့။ နှလုံးသား လိုအင်ဆန္ဒကြောင့် သူရှောင်ထျန်ကျင်ကိုစတင်ပြီး ပိုပိုအလေးပေးလာခဲ့တာလေ။

"ငါ ဒီကိုအချိန်ကောင်းလေးတွေ ရချင်လို့လာခဲ့တာ ဒါပေမယ့်အခုတော့အမှန်အတိုင်းပြောရရင် ငါတိုက်ခိုက်ခံနေရတယ်လို့ ခံစားရတယ်" သူခဏလောက်စကားပြောတာ ရပ်လိုက်သည်။ "တကယ်တော့ အဲ့လိုမဟုတ်ပါဘူး ရှောင်ထျန်ကျင်ကိုယ်တိုင်က အရမ်းစိတ်ဝင်စားဖို့ကောင်းပြီး သူမမှာကောင်းတဲ့အချက်တွေလဲ အများကြီးရှိပါတယ်"

ဒီစကားပြောနေရင်းနဲ့ ကျိုးဖုံးသည်မတတ်နိုင်ဘဲ အနည်းငယ်ရယ်လိုက်မိသော်လဲ သူ့အသံကတော့ညင်သာပေသည်။ "သူမမှာချစ်ဖို့ကောင်းတဲ့ စိတ်နေစိတ်ထားရှိတယ်။ သူမရဲ့ စကားလုံးတွေအားလုံးက ချွဲ့တဲ့တဲ့နိုင်ပေမယ့် သူမက ကောင်းကောင်းကစားနိုင်တယ်.... အဲ့တာတွေထက် သူမက အရမ်းပရိယာယ်ကင်းတယ်"

ချွန်းရှောင်ရဲ့လေသံက အနည်းငယ်ရှုပ်ထွေးနေသံပေါက်သွားသည်။ "ပရိယာယ်ကင်းတယ်?"

"အွန်း၊ ငါ ဒီနေ့နေ့လည်ကသူ့ကို အခွင့်ရေးကျောက်တုံးနည်းနည်းပေးချင်ခဲ့တာ။ သူမက အဲ့တာတွေစျေးအရမ်းကြီးတာသိပြီး ငါဘာပဲပြောပြောသူမက လက်မခံခဲ့ဘူး" ကျိုးဖုံးက အပြုံးလေးနှင့်ဆိုသည်။ "သူက အခြားမိန်းကလေးတွေနဲ့လုံးဝကို ကွာခြားလွန်းတယ်...."

ကျိုးဖုံးစကားကို ဆုံးအောင်တောင်မပြောလိုက်နိုင်မှာခင် သူ၏အသံသည်လေထဲတွင် ပျောက်ကွယ်သွားသည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် သူ၏ဘယ်ဘက်မျက်နှာပြင်ထောင့်မှာရှိနေတဲ့ စာပို့သည့်နေရာမှ တတ်လာသည့်စာတွေပြည့်လျှံသွားသောကြောင့်ပင်။

[စနစ်မှကြော်ငြာချက် - ရှာဖွေသူရှောင်ထျန်ကျင်သည် လျို့ဝှက်ဆန်းကြယ်သောအခွင့်ရေးကျောက်တုံးကို ဖွင့်ခဲ့ကာ ခုနှစ်ရောင်ခြယ်ကျောက်တုံး x1 ကိုရရှိခဲ့သည်! ဂုဏ်ယူပါတယ် သူရဲကောင်းငယ်!]

[စနစ်မှကြော်ငြာချက် - ရှာဖွေသူရှောင်ထျန်ကျင်သည် လျို့ဝှက်ဆန်းကြယ်သောအခွင့်ရေးကျောက်တုံးကို ဖွင့်ခဲ့ကာ နဂါးလျှာ x1 ကိုရရှိခဲ့သည်! ဂုဏ်ယူပါတယ် သူရဲကောင်းငယ်!]

[စနစ်မှကြော်ငြာချက် - ရှာဖွေသူရှောင်ထျန်ကျင်သည် လျို့ဝှက်ဆန်းကြယ်သောအခွင့်ရေးကျောက်တုံးကို ဖွင့်ခဲ့ကာ သိုးမွှေး x3 ကိုရရှိခဲ့သည်! ဂုဏ်ယူပါတယ် သူရဲကောင်းငယ်!]

.............

အခွင့်ရေးကျောက်တုံးရဲ့မုန်းတီးဖို့အကောင်းဆုံးအချက်က ဒီအချက်ပါပဲ။ သင်အခွင့်ရေးကျောက်တုံးကို ဖွင့်လိုက်တဲ့အခါတိုင်း သင်သည် ပိုက်ဆံသော်လည်းကောင်း၊ expသော်လည်းကောင်း၊ ဒါမှမဟုတ် ပစ္စည်းတစ်ခုခုတော့ရတတ်သည်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သင်ပစ္စည်းတစ်ခုခုရနေသမျှကာလပတ်လုံး စနစ်ကထိုဟာကို ကြော်ငြာပေးနေမှာဖြစ်သည်။

ရှောင်ထျန်ကျင်အတွက်တော့ တိုက်ရိုက်ကြော်ငြာပေးနေတုန်း သုံးစားမရတာတွေချည်းပေါက်နေတာဟာ လူပုံအလယ်မှာကြိုးပေးခံရသလိုပင်။

ခဏလောက်ကြာပြီးတဲ့နောက်မှာ ချွန်းရှောင်ကအေးစက်စက်အသံနဲ့ ရယ်ရင်း "အရမ်းကို ပရိယာယ်ကင်းတာပဲ"

ကျိုးဖုံးက ပြန်တုံ့ပြန်သည်။ "....အဲ့တာပိုပြီး ချစ်ဖို့မကောင်းဘူးလား? ငါ့ရဲ့ပိုက်ဆံကိုဖြုန်းတာထက် သူ့ကိုယ်ပိုင်ပိုက်ဆံကိုသုံးပေးတာသူပိုပြီးတော့တောင် အဖိုးတန်မနေဘူးလား?"

"ငါ အမည်မသိနယ်မြေကိုဖြတ်သွားတုန်းက သူကနှလုံးသား လိုအင်ဆန္ဒအသင်းထဲမှာဆိုတာကို ငါတွေ့ခဲ့တယ်" ချွန်းရှောင်က ပြုံးသည်။ "ပြီးတော့ နှလုံးသား လိုအင်ဆန္ဒက အသင်းခေါင်းဆောင်"

အသင်းခေါင်းဆောင်သာလျှင် NPCကိုအပေါ် ကလစ်နှိပ်လို့ရပြီး အခွင့်အရေးကျောက်တုံးတွေဝယ်ဖို့ NPCကိုစကားပြောလို့ရသည်။

ကျိုးဖုံး - "...."

"အဲ့တာက ....သူက နှလုံးသား လိုအင်ဆန္ဒဟာပဲ လိုချင်ပြီး နင့်ဆီကသာမလိုချင်တာပါ" ချွန်းရှောင်ရဲ့လေသံထဲမှာ မသိမသာချီးမွမ်းသည့်လေသံနည်းနည်း ရောယှက်ပြီးတော့ ပြောလိုက်သည်။ "တစ်ယောက်သောသူဖက်ကနေကြည့်ရင်တော့ ဒါကတော်တော်လေး ပရိယာယ်ကင်းတာပဲပေါ့"

................

တကယ်တမ်းတော့ ကျင်းဟွမ်ကအခွင့်ရေးကျောက်တုံးကို လက်ခံဖို့စိတ်မကူးထားခဲ့ဘူး။ သူ့ရဲ့ရည်ရွယ်ချက်က နှလုံးသား လိုအင်ဆန္ဒကို ဖျက်ဆီးပစ်ဖို့လေ။ဘယ်သူက ဒီသောက်ကျောက်တုံးကို စိတ်ဝင်စားမှာတုန်း??

ဒါပေမယ့် လုဝမ်ဟောင်ရဲ့ကိစ္စကနေ ကျင်းဟွမ်တစ်ခုကို နားလည်လိုက်တယ်။ သူ့မိန်းမဆီက ပိုက်ဆံအမောက်ပိုများများအလိမ်ခံလိုက်ရလေ၊ အမှန်တရားကိုသိသွားတဲ့အခါမှာ သူပိုနက်နက်နဲနဲနာကျင်ရလေပဲ။

အခွင့်အရေးကျောက်တုံး 100ကအနည်းဆုံး ယွမ်၂ဝဝဝလောက်ရှိတယ်။ ဘယ်သူပဲဖြစ်ဖြစ်ဒီအတွက် ခဏလောက်တော့ကြေကွဲသွားကြမှာပဲ။

ဒီတော့ ကျင်းဟွမ်က "အမ် အမ် အမ်!" "ကိုကို နင်ကဘာလို့အဲ့လောက်သဘောကောင်းရတာလဲ QAQ" "ကိုကို ကံကောင်းဖို့အတွက် ငါ့ခန္ဓာကိုယ်နဲ့တောင်းဆိုနိုင်တော့မယ်" တွေ အများကြီးပို့ပြီးနောက် အခွင့်ရေးကျောက်တုံး100ကို ယူခဲ့လိုက်တော့သည်။

ဒါပေမယ့်လဲ သူဒီလောက်ထိကံဆိုးနိုင်လိမ့်မည်လို့ မထင်ထားခဲ့ပါ။ အခွင့်ရေးကျောက်တုံး100က သူ့အတွက်ကံကောင်းခြင်းအဖျားလေးတောင် မစွက်ပေးနိုင်ခဲ့ဘူး။ အဲ့ဒီအစား သုံးစားမရတဲ့ပစ္စည်းအမယ်တွေချည်းတပုံကြီးထွက်လာခဲ့ကာ ယွမ်၂ဝဝဝလုံးက ဒီပုံစံနဲ့ပဲရေစုန်မျောသွားခဲ့သည်ပေါ့။

အကျင့်မကောင်းတဲ့ဂိမ်း မကြာခင်နင့်ဘဏ်အကောင့်လဲ အတူတူပဲဖြစ်လာလိမ့်မယ်ဟေး

( T/N - ဒါက ကာရံမိတဲ့စာသားတစ်ခုပါပဲ။ဆိုလိုချင်တာက မကြာခင်သူ့ဘဏ်အကောင့်ထဲ လက်ကျန်သုညဖြစ်လာလိမ့်မယ်လို့ ပြောချင်တာပါ)

[အသင်း] ရှောင်ထျန်ကျင် - wuwuwuwuwuwu QAQ

[အသင်း] ရှောင်ထျန်ကျင် - ငါ ဒီအကောင့်ကိုဖျက်ပစ်တော့မယ် ကျေးဇူးပဲနော်!!

[အသင်း] ရှောင်ထျန်ကျင် - ငါ့ရဲ့ ဆိုးဝါးလိုက်တဲ့လက်၊ ဖျက်ပစ်လိုက်တာပဲကောင်းတယ်!! (အသက်မရှိတော့သလို)

[အသင်း] နှလုံးသား လိုအင်ဆန္ဒ - ..... အရမ်း ချဲ့ကားမပြောပါနဲ့

[အသင်း] ရှောင်ထျန်ကျင် - ငါကအရမ်းကံဆိုးတာပဲ ကိုကို....T.T ငါ ဗုဒ္ဓဆီသွားပြီး ဆုတောင်းရမလား?

[အသင်း] နှလုံးသား လိုအင်ဆန္ဒ - ဒါက ဖြစ်နိုင်ချေကြောင့်ပါ။ နောက်ထပ် အခု၁ဝဝထပ်ဖွင့်ရင်က ကောင်းတာတစ်ခုခုထွက်လာနိုင်တယ်

ကျင်းဟွမ် နည်းနည်းကြောက်သွားပြီး ချက်ချင်းတားမြစ်လိုက်သည်။

"ကိုကို ဘာမှထပ်မဝယ်နဲ့တော့! ငါ အဲ့တာတွေထပ်မဖွင့်ဘူး!"

သူနှလုံးသား လိုအင်ဆန္ဒရဲ့ဘဏ်အကောင့်ကို ဗလာဖြစ်သွားတာ လိုချင်ပေမယ့် ဒီသောက်ဂိမ်းကလွယ်လွယ်ကူကူနဲ့ယွမ် ၄ဝဝဝရသွားမှာကိုလဲ သူမလိုချင်ပြန်ဘူး။

ရှန့်ဟွိုင်ဇီရဲ့ လက်ချောင်းတွေရပ်တံ့သွားသည်။

[အသင်း] နှလုံးသား လိုအင်ဆန္ဒ - ထပ်ပြီးတော့ မဖွင့်ချင်တော့ဘူးလား?

[အသင်း] ရှောင်ထျန်ကျင် - (ဇက်ပြုတ်ထွက်လုမတတ် ခေါင်းခါသည်)

ထို့နောက်မှာတော့ ရှန့်ဟွိုင်ဇီစျေးဝယ်သည့်မျက်နှာစာကို ဖြေးဖြေးချင်းပိတ်လိုက်တော့သည်။

.................

ဒီအခွင့်ရေးကျောက်တုံး၁ဝဝက ကျင်းဟွမ်သူ့ကိုတည်းခိုဖို့ ကူညီပေးခဲ့တာကို ပြန်ပေးသည့်အဖိုးအခအဖြစ် သတ်မှတ်နိုင်သည်။ သူတို့အဲ့နေ့တည်းခိုခဲ့တဲ့ ရေပူစမ်းအပန်းဖြေစခန်းကအခန်းရဲ့ တစ်ရက်တည်းခိုခက အနည်းဆုံးဂဏန်း၄လုံးစာလောက်ရှိမည်။ တစ်ပတ်မှာ ယွမ်ရာဂဏန်းလောက်သာမုန့်ဖိုးအနည်းငယ် ရရှိတဲ့သူအတွက်တော့ သူဒီကိုလာဖို့အတွက် ဘယ်လောက်တောင်စုခဲ့ရမယ်ဆိုတာ ဘယ်သူသိနိုင်မလဲ။

(T/N - အံမယ် သူက တို့သားကိုဘဝသမားလေးထင်နေတာ ကျန့်)

ပြီးတော့ ရှောင်ထျန်ကျင်က ကျိုးဖုံးဆီကနေအခွင့်ရေးကျောက်တုံးတွေကို ငြင်းဆိုခြင်းသည် အခြားအချက်တွေရှိတာကြောင့်လဲ ဖြစ်လိမ့်မယ်လို့သူအသေအချာနေသိနေသည်။ အခွင့်ရေးကျောက်တုံးနဲ့ကစားဖို့ကြိုးစားနေတဲ့ နတ်ကညာမြေခွေးပျိုမလေးကိုကြည့်ရင်း ရှန့်ဟွိုင်ဇီ သူ့လက်ချောင်းတွေကိုလှုပ်ရှားလိုက်ပြီး ပျံသန်းသည့်ဂါထာကိုသုံးရင်း သူမနဲ့အတူအဝေးကိုထွက်လာခဲ့သည်။

အဲ့ဒီ "ရည်းစားဟောင်း" နဲ့သူမရဲ့ ညီမလေးတွေက ဒီမှာမရှိနေခဲ့သလိုပင်။

သီးသန့်စကားပြောနေတဲ့ group chatထဲမှာတော့ စာအစောင်ရေ ၉၉စောင်ကျော်နေခဲ့ပြီ။

ကျိ့ရှောင်နန် - အဲ့ဒီ ရှောင်ထျန်ကျင်က တော်တော်လေးမောက်မာတာပဲ! သူဒီနေရာမှာရှင်းမောက်မောက်က အော်တိုထားထားတယ်ဆိုတာကို သိလို့တမင်တကာ နှလုံးသား လိုအင်ဆန္ဒနဲ့လာခဲ့တာလား!!?

တန်တန်လေး - ၈ဝရာခိုင်နှုန်းဟုတ်နိုင်တယ်။ အဲ့မိန်းမက တော်တော်ရွံ့ဖို့ကောင်းတာပဲ

ရှင်းမောက်မောက် - အို ထားလိုက်ပါတော့။ အဲ့တာနဲ့ပတ်သတ်ပြီး ထပ်မပြောနဲ့တော့။ ငါနှလုံးသားလိုအင်ဆန္ဒနဲ့ ဘာမှမပတ်သတ်တော့ဘူး

ဂျုံပင်ပေါက်စ - မဟုတ်နိုင်လောက်ဘူး ထင်တယ်နော်? နှလုံးသား လိုအင်ဆန္ဒက အသင်းခေါင်းဆောင်။ အဲ့ဒီတော့ တမင်တကာလုပ်တယ်လို့သာ ပြောရရင် အဲ့တာက နှလုံးသား လိုအင်ဆန္ဒဘက်က ကြိုတင်ကြံစည်ပြီးလုပ်ခဲ့တာဖြစ်နိုင်တယ်နော်...?

ကျိ့ရှောင်နန် - ဂျုံပင်ပေါက်စ နင်ကအခုလေးတင်မှ ပြန်လာတာဆိုတော့ နင်သိလောက်မှာမဟုတ်ဘူး။ အဲ့မိန်းမက တကယ်ကိုရွံ့ဖို့ကောင်းတာ။ သူက likeတွေလဲဝယ်တယ်!!

ဂျုံပင်ပေါက်စ - likeတွေ ဝယ်တယ်?

ကျိ့ရှောင်နန် - ဟုတ်တယ်၊ သူက ((နိုင်ငံတော်ကိုသစ္စာစောင့်သိခြင်း)) ဆိုတာအတွက် likeဝယ်ခဲ့လိမ့်မယ်!! ငါ့သူငယ်ချင်းတွေအများကြီးက သူတို့အဲ့သီချင်းတွက် voteမလုပ်ရသေးပေမယ့် သီချင်းကိုlikeလုပ်ပြီးသားပေါ်နေတယ်လို့ ပြောပြကြတယ်

ဂျုံပင်ပေါက်စ - ဒါဆိုရင် နင်ပင်မရုံးကို reportတင်လို့ရတယ်လေ။ သေသေချာချာဘမ်းလိုက်မှာပေါ့ အကောင့်ကို

ကျိ့ရှောင်နန် - အဲ့တာကြောင့် ငါကသူ့ကိုရွံ့ဖို့ကောင်းတယ်လို့ပြောတာပေါ့။ ငါတို့သာreportတင်ရင် သူပြိုင်ပွဲကနေနုတ်ထွက်ဖို့အတွက် ကြိုတင်အကြောင်းပြချက်ရှာလိမ့်မယ်

တန်တန်လေး - အန်ချင်စရာ

ဂျုံပင်ပေါက်စ - တော်တော်ဆိုးတာပဲ! ဘယ်သူ့မှသူ့ကိုပြဿနာမရှာရဲကြဘူးလား?

ကျိ့ရှောင်နန် - သူကနှလုံးသား လိုအင်ဆန္ဒကိုကပ်ထားတာကိုး ဘယ်သူကပြဿနာရှာရဲမှာလဲ? နင်မသိပါဘူးLovesicknessတောင် သူ့ကိုဦးညွှတ်ခဲ့တာ ။အခုတော့ သူကserver တစ်ခုလုံးကို ဟန်ရေးပြထားတာ ဘယ်သူ့မှသူ့ကိုထိပါးအောင် မလုပ်ရဲကြတော့ဘူး

တန်တန်လေး - ဂျုံပင်ပေါက်စ၊ နင့်ယောကျာ်းက DPSမှာအဆင့်ဒုတိယလိုက်ပြီး နှလုံးသား လိုအင်ဆန္ဒနဲ့သိပ်မကွာဘူး။ ဒီgroupထဲမှာ ငါတို့ရဲ့ဒေါသတွေကိုပေါက်ကွဲအောင် လုပ်ဖို့ကူညီပေးနိုင်တာက နင်တစ်ယောက်ပဲရှိတယ်

ကျိ့ရှောင်နန် - မှန်တယ် (ငိုသည်) နင်သာ မစရင် serverတစ်ခုလုံးက အဲ့ဟာမနာမည်နဲ့လိုက်ဖတ်တာတွေချည်းဖြစ်သွားလိမ့်မယ်

ဂျုံပင်ပေါက်စ - ....

ဂျုံပင်ပေါက်စ - ငါ တစ်ခုလောက်တွေးလိုက်ဦးမယ်

.......................

နောက်တစ်ရက်မှာတော့ ကျင်းဟွမ်အတန်းသို့တစ်ယောက်ထဲ သွားခဲ့သည်။ လုဝမ်ဟောင်နဲ့အခြားသူတွေဘေးနားမရှိတာကြောင့် တော်တော်လေးတိတ်ဆိတ်နေသော်လဲ သူပျင်းလာသည်။ သူသည်အတန်းတစ်တန်းမှာ ၁ဝကြိမ်လောက်ထိသမ်းနေခဲ့သည်။

အတန်းပြီးသွားတဲ့နောက်မှာတော့ သူထလာပြီး လမ်းလျှောက်ပြန်လာခဲ့သည်။ ပြန်တဲ့လမ်းတလျှောက်တွင် သူ၏ group chatမှ စာအချို့တတ်လာခဲ့သည်။

လုဝမ်ဟောင် - @ရှောင်ကျင်လေး၊ ဘေဘီဟွမ်ဟွမ် အတန်းပြီးသွားပြီလား?

ရှောင်ကျင်လေး - ??

ကောင်းဇီရှန်း - ငါတို့၂ယောက်တွက် မနက်စာပို့ပေးရင် နောင်ဘဝမှာငါက မင်းရဲ့မြင်းအဖြစ်ကော နွားအဖြစ်ကောနေပြီးတော့ ဟောင်အမ်ကမင်းရဲ့ ချွေးမဖြစ်လာပေးလိမ့်မယ်

ရှောင်ကျင်လေး - သောက်ကောင်တွေ

ကျင်းဟွမ်က အိပ်ယာထနောက်ကျခဲ့တာကြောင့် သူ့ရဲ့မနက်စာတောင်သူမစားရသေးဘူး။ အဲ့တော့ ဘယ်လိုလုပ်ပြီးသူက အဲ့၂ယောက်ဆီပို့ပေးချင်မှာတုန်း။ အခုချိန်မှာ သူအိမ်ကိုပဲပြန်ပြီးတော့ ကောင်းကောင်းလေးအိပ်ချင်နေသည်လေ။

သူအားရအောင် ဟောက်လိုက်ပြီး သူစိမ်းဆန်တဲ့အမူအရာပုံ၂ခုပို့ပြီးနောက်တွင် သူ၏WeChatကို ပိတ်ပစ်လိုက်သည်။

သူသည်အနောက်ဘက်ဂိတ်ပေါက်ဝဆီသို့ လမ်းလျှောက်လာနေရင်းနဲ့ဘတ်စ်စကတ်ဘောလုံးကွင်းပြင်နားအရောက်တွင် မအောင့်နိုင်ဘဲ ဖြတ်သွားနေရင်းအတွင်းထဲသို့ ခိုးကြည့်မိလိုက်လေသည်။

တစ်ချက်ကြည့်လိုက်ရုံနဲ့သူ၏မျက်လုံးတွေက ကျယ်ဝန်းတဲ့ပုခုံးနဲ့ခြံစည်းရိုးကို နောက်ကျောပေးထားသည့်သူထံသို့ ကပ်ငြိ့သွားခဲ့သည်။

TBC....

17/08/2021

Continue Reading

You'll Also Like

1.8M 121K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...
341K 8.6K 80
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
235K 12.6K 79
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
1.3M 94.9K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.