Unicode
ဂျီမင် ကမ်အိမ်တော်ကိုရောက်လာခဲ့သည်...
ဆော့ဂျင် သတင်းမကြားရတော့ဘူးဆိုတာ ကြားကတည်းက ကမ်အိမ်တော်စီကိုထွက်လာခဲ့ခြင်းပင်...ဂျန်းကုတို့ ယွန်းဂီတို့ သူ့နည်းသူ့ဟန်နဲ့စုံစမ်းသော်လည်းမရ..ဒီအိမ်တော်ထဲကို၀င်ရောက်ရှာဖွေခြင်းကသာတခုတည်းသောနည်း ဖြစ်ပေလိမ့်မည်....
"မင်း ဒီကိုဘာလာလုပ်တာလဲ ဂျီမင်..
မင်းကိုငါ အလုပ်ကိစ္စတွေနဲ့ပတ်သတ်လို့ အကုန်စီစဉ်ခိုင်းထားတယ်လေ"
ဟုတ်ပါသည်..
နမ်ဂျွန်း(RM) ကုမ္ပဏီကိုမလာတာ တပတ်ခန့်ရှိပီ...
လုပ်စရာရှိတဲ့အလုပ်များကို ဂျီမင့်စီတွင်သာအပ်နှံထားခဲ့ခြင်းဖြစ်သည်...
"ရှယ်ယာပိုင်းမှာအပြောင်းအလဲဖြစ်နေလို့ပါ"
နမ်ဂျွန်းကြည့်ရာတာ တုန်လှုပ်ပုံမပေါ်ပင်...
"ထား,ထားလိုက် သူတို့ဘာမှမလုပ်ရဲပါဘူး"
ဂျီမင် အရှေ့ကကော်ဖီခွက်ကိုတမင် မှောက်ချပစ်လိုက်သည်..
"Sorryဂျွန်း "
"ရတယ် မင်းအ၀တ်တွေကိုအမြန်သုတ်လိုက်ဦး"
"ကျွန်တော် washroom ခနလောက်သုံးလို့ရမလား"
နမ်ဂျွန်း ခွင့်ပြုကြောင်းခေါင်းငြိမ့်ပီးသည်နှင့် ဂျီမင် ဧည့်ခန်းထဲကနေအမြန်ထွက်လာလိုက်သည်...ဧည့်သည်တွေအသုံးပြုရတဲ့ washroomကအောက်ထပ်မှာဆိုပေမဲ့ ဂျီမင် အေပါ်ထပ်ကိုအရင်တက်သွားလိုက်သည်.. အကြောင်းပြချက်ကတော့ အကယ်၍နမ်ဂျွန်းသာဂျင့်ကိုဖမ်းထားတာမှန်တယ်ဆိုရင် သူခန့်မှန်းထားတဲ့နေရာကတနေရာပဲ...
ခေါင်မိုးထပ်ကစတိုခန်း...အဲဒီစတိုခန်းဟာအသုံးမပြုတာကြာပီဖြစ်သလို..အသံလုံပီးတက်ဖို့ခက်ခဲတဲ့နေရာ....
အဲဒီအခ်းကိုရောက်ဖို့ကြိုးေလှကားနဲ့တက်မှရတယ်...
ဒါပေမဲ့အဲဒီအခန်းရှေ့ရောက်သည့်တိုင်အောင်အခန်းသာ့က ဂျီမင့်စီမှာမရှိပေ..
"ဂျီမင်!!"
အနောက်ကကြားလိုက်ရတဲ့ နမ်ဂျွန်းရဲ့အသံကြောင့် ဂျီမင့်ခန္ဓာကိုယ်တုန်တက်သွားသည်...
"ဒါကိုယူလိုက်"
ဂျီမင့်ရှေ့ကိုပေးလာတဲ့သော့ကြောင့် ဂျီမင်ကြောင်အသွားမိသည်...
"မြန်မြန်ယူ ဂျီမင်... ပီးရင် ဒီေနရောကနေထွက်သွားကြတော့!!"
ဂျီမင် နမ်ဂျွန်းလက်ထဲကသော့ကိုယူပီး တံခါးကိုအမြန်ဖွင့်လိုက်လေသည်...
အခန်းထဲကဆော့ဂျင်ဟာလည်း တုပ်နှောင်ခံထားရခြင်းမဟုတ်တော့...လက်နဲ့ခြေထောက်ကကြိုးတွေဟာပြေနေပီး အခုပဲထွက်ေပြးဖို့ပြင်နေပုံပင်..
"ဂျင်.. ဂျီမင်... မင်းတို့မြန်မြန်သွားကြတော့ အချိန်မရှိတော့ဘူး"
ဂျီမင် ဆော့ဂျင်ရဲ့လက်ကိုဆွဲလိုက်သည်..
"နမ်ဂျွန်း မင်းလား"
နမ်ဂျွန်းခေါင်းငြိမ့်ပြလိုက်သည်...
"ဒါဆို ငါကြိုးတွေဖြေလို့ရအောင် ဘရိတ်ဓားထားခဲ့ပေးတာလည်း မင်းပေါ့"
နမ်ဂျွန်းမငြင်းပေ.. အခုချိန်မှာနမ်ဂျွန်းရဲ့မျက်၀န်းများဟာတည်ငြိမ်နေပီး ယခင်ကအနီရောင်မျက်၀န်းများမရှိတော့ပေ...ဂျီမင်ကတော့ အခုထိသူတို့ဘာပြောနေမှန်းနားမလည်သေးပေ...
"မြန်မြန် သွားကြတော့!!! ငါသူ့ကိုဆက်မထိန်းနိုင်တော့ဘူး"
ဂျီမင် ဆော့ဂျင်ရဲ့လက်ကိုဆွဲပီးအပြင်ကို ခေါ်ထုတ်ခဲ့လိုက်လေသည်...သူတို့အိမ်အပြင်ကိုရောက်ပီးမကြာခင်မှာပဲ နမ်ဂျွန်းရဲ့မျက်၀န်းနီနီတွေဟာ ပြန်လည်ရောက်ရှိခဲ့တော့သည်...
"ကမ်နမ်ဂျွန်း မင်းကငါ့ကိုသစ္စာဖောက်တယ်ပေါ့ဟုတ်လား"
(ငါေပြာပီးပီပဲ.. ဂျင်ကငါချစ်တဲ့လူ သူ့ကိုထိခိုက်အောင်လုပ်လို့မရဘူး)
မှန်ကိုကြည့်ရင်းတယောက်တည်းစကားပြောနေသည့် နမ်ဂျွန်းဟာတကယ်ကိုကြောက်စရာကောင်းနေပါသည်...
ထိုထက်ပိုပီးကြောက်စရာကောင်းသည်က နမ်ဂျွန်းရဲ့အမှောင်ဘက်အခြမ်းKim RM...
"ဒါပေမဲ့ သူကမင်းကိုမချစ်ဘူးလေ မင်းသိရဲ့လား"
(ငါသူ့ကိုထိခိုက်ခွင့်မပြုနိုင်ဘူး)
"ငါကမင်းကောင်းဖို့လုပ်နေတာ နမ်ဂျွန်း ငါ့စကားကိုနားထောင်စမ်းပါ"
(ငါအရင်ကတော့ ငါကောင်းဖို့ဆိုတာတကယ်ထင်ခဲ့တာ.. ဒါပေမဲ့ မင်း ငါရဲ့မွေးစားမိဘတွေကိုသတ်လိုက်တဲ့နေ့ကတည်းက မင်းလုပ်နေတာတွေက ငါ့အတွက်မဟုတ်ဖူးဆိုတာသိလိုက်ရတယ်..ပီးတော့ ငါရဲ့အချစ်ဦး ကမ်ဟယ်ဆူ... ငါ့ရဲ့သူငယ်ချင်း ဟိုဆော့ အခုတော့ဆော့ဂျင်အထိပါမင်းကဒုက္ခပေးလာနေပီ)
"အဲ့တော့ မင်းကဘာလုပ်နိုင်မှာလဲ မင်းကဘာလုပ်ချင်တာလဲပြောလေ!!"
(ငါ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ဘ၀ကိုလိုချင်တယ်
မင်းရဲ့မကောင်းဆိုးဝါးအစီအစဉ်တွေထဲမှာနေရတာ ငါတကယ်ငြီးငွေ့နေပီ)
"ငါသေတဲ့နေ့မှပဲ မင်းလွတ်လပ်ခွင့်ရမယ်.. နမ်ဂျွန်း
ဒါပေမဲ့ မင်းငါ့ကိုမသတ်နိုင်ပါဘူး.. ဘာလို့လဲဆိုရင် ငါကမင်းဖြစ်နေလို့လေ"
(မင်းကငါမဟုတ်ဖူး!! ငါကဘယ်တုန်းကမှမင်းလိုမကောင်းဆိုးဝါးမဟုတ်ခဲ့ဘူး Kim RM!!!)
မကြာခင်မှာပဲ ငြင်းခုန်မှုတွေအကြား ထိုအခန်းထဲကမှန်ဟာ တစစီကွဲကြေသွားတော့သည်...Kim RMရဲ့ဒေါသကြောင့်ပဲလား..ကမ်နမ်ဂျွန်းရဲ့ဆန့်ကျင်မှုကြောင့်ပဲလားဆိုတာကတော့ ထိုသူတို့သာသိနိုင်ပေမည်...
.
.
.
.
.
.
.
"မင် ကျွန်တော် ဆော့ဂျင်ကို ခေါ်ထုတ်လာနိုင်ခဲ့ပီ"
ဂျီမင် ဂျန်းကုတို့အိမ်ထဲကို၀င်လာတုန်း မြင်လိုက်ရတဲ့လူတယောက်ကြောင့် ဂျီမင်ရဲ့ခြေလှမ်းတွေရပ်တန့်သွားတော့သည်..
"အကို... အကိုဟိုဆော့"
"ဂျီမင်ရား"
ဂျီမင် ဟိုဆော့ကို ဖက်ကာကလေးတယောက်လို အသည်းအသန်ငိုကြွေးနေမိသည်...
"အကိုကို့ ဘလောက်တောင်စိတ်ပူနေခဲ့လဲသိရဲ့လား"
"ဟုတ်ပါတယ် အကို့အမှားပါ"
"အကိုဘလောက်တောင်ဒုက္ခများခဲ့လိမ့်မလဲ"
ငိုကြွေးနေတဲ့ ဂျီမင့်ကိုဟိုဆော့ အသာအယာချော့နေမိသည်...ဂျန်းကုကတော့ ဆော့ဂျင်ကိုမြင်လိုက်ကတည်းက တကယ်လုံးမှာရခဲ့သမျှခြင်ကိုက်ရာ အသေးလေးကအစ ရှာပီးဆေးလိမ်းပေးနေလေသည်...
"အကို အကို့ကိုနောက်တခါ အဲဒီအိမ်ကိုမပို့တော့ဘူး"
"ဂျန်းကုကလည်း အခုငါလည်းဘာမှဖြစ်တာမှမဟုတ်ပဲ"
"အကိုတခုခုဖြစ်ရင် ကျွန်တော်သေမှာ"
"အကိုဘာမှမဖြစ်ပါဘူး... ဒါနဲ့နမ်ဂျွန်းက အကို့ကိုလွတ်အောင်ကူညီပေးခဲ့တယ်"
"ဘယ်သူ့စီကနေလဲ"
"Kim RM"
အကုန်လုံးရဲ့အကြည့်တွေဟာ ဆော့ဂျင်စီကျရောက်လာခဲ့တော့သည်...
.
.
.
.
.
.
.......Namjin.....x...... Jinkook..........
Zawgyi
ဟုတ်ပါသည်..
"Sorryဂျွန်း "
နမ်ဂျွန်း ခွင့်ပြုကြောင်းခေါင်းငြိမ့်ပီးသည်နှင့် ဂျီမင် ဧည့်ခန်းထဲကနေအမြန်ထွက်လာလိုက်သည်...ဧည့်သည်တွေအသုံးပြုရတဲ့ washroomကအောက်ထပ်မှာဆိုပေမဲ့ ဂျီမင် အပေါ်ထပ်ကိုအရင်တက်သွားလိုက်သည်.. အကြောင်းပြချက်ကတော့ အကယ်၍နမ်ဂျွန်းသာဂျင့်ကိုဖမ်းထားတာမှန်တယ်ဆိုရင် သူခန့်မှန်းထားတဲ့နေရာကတနေရာပဲ...
အဲဒီအခ်းကိုရောက်ဖို့ကြိုးလှေကားနဲ့တက်မှရတယ်...
"ဂျီမင်!!"
"ဒါကိုယူလိုက်"
"မြန်မြန်ယူ ဂျီမင်... ပီးရင် ဒီနေရောကနေထွက်သွားကြတော့!!"
အခန်းထဲကဆော့ဂျင်ဟာလည်း တုပ်နှောင်ခံထားရခြင်းမဟုတ်တော့...လက်နဲ့ခြေထောက်ကကြိုးတွေဟာပြေနေပီး အခုပဲထွက်ပြေးဖို့ပြင်နေပုံပင်..
"နမ်ဂျွန်း မင်းလား"
(ငါပြောပီးပီပဲ.. ဂျင်ကငါချစ်တဲ့လူ သူ့ကိုထိခိုက်အောင်လုပ်လို့မရဘူး)
.
.
.
.
.
.
.
"အကို... အကိုဟိုဆော့"
"ဂျီမင်ရား"
"ဘယ်သူ့စီကနေလဲ"
"Kim RM"
.
.
.
.
.
.
.......Namjin.....x...... Jinkook..........