Unicode
လက်ထဲက စာချုပ်ပျောက်သွားတာနဲ့ သူ့ရဲ့လည်ပင်းတစ်လျှောက် ဆန်တက်လာတဲ့ အချိုအရသာတစ်ခုကို ရင်းဆုယဲ့ မထိန်းချုပ်နိုင်တော့ဘူး။ နှုတ်ခမ်းထောင့်မှ သွေးစက်တချို့ စီးကျလာခဲ့တယ်။ အတွင်းဒဏ်ပြင်းပြင်းရသွားပြီး ဖြောင့်မတ်တဲ့ ခန္ဓာကိုယ်က ရုတ်ချည်း ယိုင်နဲ့သွားခဲ့တယ်။
ဓားကိုအားပြုပြီး ရပ်မနေခဲ့ဘူးဆိုရင် သူ့ရဲ့ခန္ဓာကိုယ်က မြေပြင်ပေါ်ကို ပုံကျသွားလောက်ပြီ။
ထိုအခိုက်အတန့်က အလွန်တရာ ဝမ်းနည်းဖွယ်ကောင်းနေခဲ့တယ်။
“မင်းက မန္တန်သခင်လား..?”
ရင်းဆုယဲ့ရဲ့ အမူအရာက အားနည်းနေတဲ့ အချိန်မှာတောင် အပြောင်းအလဲမရှိခဲ့ဘူး။ ယခင်ပုံစံအတိုင်း အေးစက်မြဲ အေးစက်ဆဲ။ နွေးထွေးမှုကင်းမဲ့တဲ့ အရောင်ကွဲမျက်ဝန်းအစုံက ရွှယ်ယို့ရှန်းကိုကြည့်ပြီး ပိုမိုမည်းမှောင်လာခဲ့တယ်။ သူ့မျက်ဝန်းထဲက စိတ်ရှုပ်ထွေးနေတဲ့ အရိပ်အယောင်တချို့ကိုတော့ ဘယ်သူမှ သတိမထားမိခဲ့ဘူး။
“ဟုတ်တယ်..”
စာချုပ်ပျောက်ကွယ်သွားပြီ။ ဒီအဓိပ္ပါယ်က သူတို့နှစ်ယောက်ကြားက စာချုပ်ချုပ်ဆိုမှု အောင်မြင်သွားတဲ့ သဘောပေါ့..!
အခုအချိန်မှာတော့ ရွှယ်ယို့ရှန်းက ရင်းဆုယဲ့ကို လုံးဝမကြောက်တော့ဘူး။ ဒါပေမဲ့ သူ မပျော်နိုင်ခဲ့ဘူး။ သူ့တစ်ကိုယ်လုံး ရုတ်တရက် အားနည်းသွားသလို ခံစားလိုက်ရတာကြောင့် သူ့ရဲ့ပုံရိပ်ကိုတောင် စိုးရိမ်မနေတော့ဘဲ မြေပြင်ပေါ် ခြေပစ်လက်ပစ် ထိုင်ချကာ အသည်းအသန် အသက်ရှူရတော့တယ်။
မန္တန်ရွတ်ဆိုခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးက တကယ့်ကို ကြီးမားလွန်းတာပဲ..! အခုတော့ ဘာမှမစဉ်းစားနိုင်တော့တဲ့အထိ ကြောက်စရာကောင်းအောင် ခေါင်းကိုက်နေပြီ။ သူရေးခဲ့တဲ့စာလုံးက တကယ့်ကို အရိုးရှင်းဆုံး စာလုံးလေးတစ်ခုပဲ။ အဲ့တာလေး ရေးမိတာတောင် တကယ့်တိုက်ပွဲကြီးတစ်ခု ရင်ဆိုင်ခဲ့ရသလိုမျိုး ဝိဉာဉ်စွမ်းအား ကုန်ခမ်းသွားတယ်။ ဒါက ဘာကိုဆိုလိုနေသလဲ၊ သူ့ရဲ့ဝိဉာဉ်စွမ်းအားက ထင်သလောက် မသန်မာသေးဘူးလို့ ဆိုလိုနေတာပေါ့..!
ကံကောင်းထောက်မစွာဖြင့် သူ့ရဲ့တုံ့ပြန်မှုက လျင်မြန်ခဲ့လေတယ်။ စာချုပ်မစတင်မီ အချိန်လေးအတွင်းမှာ မန္တန်စွမ်းအင်က သူနဲ့ ရင်းဆုယဲ့ရဲ့ သွေးစက်တွေကို နေရာပြောင်းလဲပစ်လိုက်ပြီး သူ့ကိုယ်သူ သခင်နေရာပို့လိုက်ကာ ရင်းဆုယဲ့ကိုတော့ အစေခံ ဖြစ်စေခဲ့တယ်။ သူ့လို မော်ဒန်ခေတ်ကလာတဲ့ လူတစ်ယောက်အတွက် တရုတ်စာရေးတာက အရမ်းလွယ်လွန်းတယ်။ ထို့ကြောင့် သူ့ရဲ့ အစီအစဉ်ကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့ပြီး ရင်းဆုယဲ့ကို အံ့အားသင့်စေခဲ့လေတယ်။
“ဒါက ကိုယ့်ကိုယ်ကို ကာကွယ်လိုက်တာပါ..”
သူ့ဘက်က အသာစီးရနေပြီး ရင်းဆုယဲ့ကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့သည့်တိုင်အောင် ရွှယ်ယို့ရှန်းက သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို စာချုပ်တစ်ခုကြောင့် မတင်းမာစေချင်ခဲ့ဘူး။ အဲ့တာကြောင့်ပဲ သူ့ရဲ့ အပြုအမူနဲ့ ပက်သက်ပြီး ရှင်းပြလိုက်တယ်။
ရင်းဆုယဲ့ : “ရတယ်.. နိုင်သူ စားစတမ်းပဲ..”
ရင်းဆုယဲ့က မျက်လွှာချကာ သူ့မျက်ဝန်းထဲက ခံစားချက်တွေကို ဘယ်သူမှမမြင်အောင် ဖုံးကွယ်ပစ်လိုက်တယ်။
ရွှယ်ယို့ရှန်း : “ကျွန်တော့်မှာ ခင်ဗျားကို ထိခိုက်အောင်လုပ်ချင်စိတ် တကယ်မရှိပါဘူးဗျာ..”
ရင်းဆုယဲ့က သူ့အပေါ်ကို ရန်လိုစိတ်ပြင်းထန်နေတာကြောင့် ရွှယ်ယို့ရှန်းခမျာ ကူကယ်ရာမဲ့နေသလိုမျိုး ခံစားလိုက်ရလေတယ်။
သစ္စာဖောက်ခံရဖူးတဲ့ ရင်းဆုယဲ့အတွက် ရုတ်တရက်ပေါ်လာတဲ့ သူ့ကို ရန်လိုနေတာ ပုံမှန်ပါပဲ။ အခုလည်း အစေခံ ဖြစ်သွားရတော့ လက်သင့်မခံနိုင်ဘဲ စိတ်အခြေအနေ ဆိုးရွားလာတာ သူ နားလည်ပေးနိုင်တယ်။ ဒါပေမဲ့ ဖြစ်ခဲ့သမျှ ကိစ္စတွေအတွက် သူ့တစ်ယောက်တည်းကိုပဲ အပြစ်တင်လို့ မရဘူးလေ။ ရင်းဆုယဲ့က သူ့သေလမ်းသူရှာပြီး လုပ်ကြံချင်နေတော့ သူလည်း ကိုယ့်ကိုယ်ကို ကာကွယ်လိုက်ရတာပေါ့။ သူက အပြစ်ကင်းစွာနဲ့ပဲ အသက်ရှင်နိုင်မယ့် လမ်းကြောင်းကို ရှာဖွေခဲ့ရုံပါ..!
“ဟမ့်..”
‘ဟမ့်’ဆိုတဲ့ အေးစက်စက်အသံက ထေ့ငေါ့လှောင်ပြောင်နေသလိုပင်။ ရင်းဆုယဲ့ရဲ့ အမူအရာက ရွှယ်ယို့ရှန်း ပြောသမျှကို မယုံကြည်မှန်း ဖော်ပြလို့နေတယ်။
ခေါင်းငုံ့ပြီး သူ့ကို လျစ်လျူရှုထားတဲ့ ရင်းဆုယဲ့ကိုကြည့်ရင်း ရွှယ်ယို့ရှန်းက ကူယယ်ရာမဲ့စွာ ပြောလိုက်တယ်။
“သခင်-အစေခံစာချုပ်က ချုပ်ဆိုပြီးသွားပြီလေ.. ဒါပေမဲ့ ကျွန်တော် ခင်ဗျားကို ကတိပေးတယ်.. စာချုပ်ကိုသုံးပြီး ခင်ဗျားကို မချည်နှောင်ထားဘူး.. ပြီးတော့ ကျွန်တော့်အတွက် တစ်ခုခုလုပ်ပေးပါလို့လည်း အမိန့်မပေးဘူး.. အဲ့လိုဆို အဆင်ပြေလားဟင်..”
ဒီနေရာမှာ သူတို့နှစ်ယောက်တည်း ရှိတာလေ။ လိုဏ်ဂူကြီးထဲ အချိန်အတော်ကြာအောင် အတူနေရဦးမှာဆိုတော့ နှစ်ယောက်ကြားက ဆက်ဆံရေးကို ပိုပြီးဆိုးဝါးအောင် မလုပ်သင့်ဘူးမလား။
ဒီပုဂ္ဂိုလ်က သူ့အပေါ် မတရားပြုမူခဲ့သူတိုင်းကို ဘယ်လိုမျိုး လှလှပပ လက်စားချေတတ်တယ်ဆိုတာ၊ ဘယ်လောက် အငြိုးအာဃာတ ကြီးမားသလဲဆိုတာ စာရေးသူအနေနဲ့ သူသိပြီးသားပဲ။
အဲ့တာကြောင့် လုံးဝ အသာစီးရနေတာတောင် ရွှယ်ယို့ရှန်းမှာ ရင်းဆုယဲ့ကို မဆန့်ကျင်ရဲခဲ့ဘူး။
သိထားသင့်တဲ့ နောက်တစ်ချက်က အဓိကဇာတ်ကောင်ကလွဲရင် ‘ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်သခင်’ ဝတ္ထုထဲမှာ ဗီလိန်ကြီးရင်းဆုယဲ့က လွှမ်းမိုးမှုအရှိဆုံး ဇာတ်ကောင်တစ်ခုပဲ။ တခြားနည်းနဲ့ ပြောရမယ်ဆိုရင် အဓိကဇာတ်ကောင်ကလွဲပြီး သူ့ကို ထိခိုက်အောင် လုပ်နိုင်တဲ့လူဆိုတာ ကမ္ဘာပေါ်မှာမရှိဘူး။
တခြားအရာတွေထက် ရွှယ်ယို့ရှန်းက ငြိမ်းချမ်းရေးနဲ့ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေး၊ စည်းမျဉ်းတွေကို လေးစားလိုက်နာတတ်တဲ့ လူငယ်တစ်ယောက် ဖြစ်တယ်။ ရင်းဆုယဲ့ သူ့အပေါ် ဘာပဲလုပ်ခဲ့ပါစေ၊ ရွှယ်ယို့ရှန်းက သူတစ်ပါးအပေါ် မတရားပြန်နှိပ်စက်ဖို့ စိတ်ကူးမရှိခဲ့ဘူး။ ထို့ကြောင့် ‘ခွင့်လွှတ်မှုနဲ့ မေ့ပျောက်ပေးခြင်း’ ဆိုတဲ့သဘောတရားကို လက်ကိုင်ထားပြီး ပရိပက္ခတွေကြားက နောက်တစ်လှမ်းဆုတ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။
…………………………………….
Zawgyi
လက္ထဲက စာခ်ဳပ္ေပ်ာက္သြားတာနဲ႔ သူ႔ရဲ႕လည္ပင္းတစ္ေလွ်ာက္ ဆန္တက္လာတဲ့ အခ်ိဳအရသာတစ္ခုကို ရင္းဆုယဲ့ မထိန္းခ်ဳပ္ႏိုင္ေတာ့ဘူး။ ႏႈတ္ခမ္းေထာင့္မွ ေသြးစက္တခ်ိဳ႕ စီးက်လာခဲ့တယ္။ အတြင္းဒဏ္ျပင္းျပင္းရသြားၿပီး ေျဖာင့္မတ္တဲ့ ခႏၶာကိုယ္က ႐ုတ္ခ်ည္း ယိုင္နဲ႔သြားခဲ့တယ္။
ဓားကိုအားျပဳၿပီး ရပ္မေနခဲ့ဘူးဆိုရင္ သူ႔ရဲ႕ခႏၶာကိုယ္က ေျမျပင္ေပၚကို ပုံက်သြားေလာက္ၿပီ။
ထိုအခိုက္အတန႔္က အလြန္တရာ ဝမ္းနည္းဖြယ္ေကာင္းေနခဲ့တယ္။
“မင္းက မႏၲန္သခင္လား..?”
ရင္းဆုယဲ့ရဲ႕ အမူအရာက အားနည္းေနတဲ့ အခ်ိန္မွာေတာင္ အေျပာင္းအလဲမရွိခဲ့ဘူး။ ယခင္ပုံစံအတိုင္း ေအးစက္ၿမဲ ေအးစက္ဆဲ။ ေႏြးေထြးမႈကင္းမဲ့တဲ့ အေရာင္ကြဲမ်က္ဝန္းအစုံက ႐ႊယ္ယို႔ရွန္းကိုၾကည့္ၿပီး ပိုမိုမည္းေမွာင္လာခဲ့တယ္။ သူ႔မ်က္ဝန္းထဲက စိတ္ရႈပ္ေထြးေနတဲ့ အရိပ္အေယာင္တခ်ိဳ႕ကိုေတာ့ ဘယ္သူမွ သတိမထားမိခဲ့ဘူး။
“ဟုတ္တယ္..”
စာခ်ဳပ္ေပ်ာက္ကြယ္သြားၿပီ။ ဒီအဓိပၸါယ္က သူတို႔ႏွစ္ေယာက္ၾကားက စာခ်ဳပ္ခ်ဳပ္ဆိုမႈ ေအာင္ျမင္သြားတဲ့ သေဘာေပါ့..!
အခုအခ်ိန္မွာေတာ့ ႐ႊယ္ယို႔ရွန္းက ရင္းဆုယဲ့ကို လုံးဝမေၾကာက္ေတာ့ဘူး။ ဒါေပမဲ့ သူ မေပ်ာ္ႏိုင္ခဲ့ဘူး။ သူ႔တစ္ကိုယ္လုံး ႐ုတ္တရက္ အားနည္းသြားသလို ခံစားလိုက္ရတာေၾကာင့္ သူ႔ရဲ႕ပုံရိပ္ကိုေတာင္ စိုးရိမ္မေနေတာ့ဘဲ ေျမျပင္ေပၚ ေျခပစ္လက္ပစ္ ထိုင္ခ်ကာ အသည္းအသန္ အသက္ရႉရေတာ့တယ္။
မႏၲန္႐ြတ္ဆိုျခင္းရဲ႕ ေနာက္ဆက္တြဲဆိုးက်ိဳးက တကယ့္ကို ႀကီးမားလြန္းတာပဲ..! အခုေတာ့ ဘာမွမစဥ္းစားႏိုင္ေတာ့တဲ့အထိ ေၾကာက္စရာေကာင္းေအာင္ ေခါင္းကိုက္ေနၿပီ။ သူေရးခဲ့တဲ့စာလုံးက တကယ့္ကို အ႐ိုးရွင္းဆုံး စာလုံးေလးတစ္ခုပဲ။ အဲ့တာေလး ေရးမိတာေတာင္ တကယ့္တိုက္ပြဲႀကီးတစ္ခု ရင္ဆိုင္ခဲ့ရသလိုမ်ိဳး ဝိဉာဥ္စြမ္းအား ကုန္ခမ္းသြားတယ္။ ဒါက ဘာကိုဆိုလိုေနသလဲ၊ သူ႔ရဲ႕ဝိဉာဥ္စြမ္းအားက ထင္သေလာက္ မသန္မာေသးဘူးလို႔ ဆိုလိုေနတာေပါ့..!
ကံေကာင္းေထာက္မစြာျဖင့္ သူ႔ရဲ႕တုံ႔ျပန္မႈက လ်င္ျမန္ခဲ့ေလတယ္။ စာခ်ဳပ္မစတင္မီ အခ်ိန္ေလးအတြင္းမွာ မႏၲန္စြမ္းအင္က သူနဲ႔ ရင္းဆုယဲ့ရဲ႕ ေသြးစက္ေတြကို ေနရာေျပာင္းလဲပစ္လိုက္ၿပီး သူ႔ကိုယ္သူ သခင္ေနရာပို႔လိုက္ကာ ရင္းဆုယဲ့ကိုေတာ့ အေစခံ ျဖစ္ေစခဲ့တယ္။ သူ႔လို ေမာ္ဒန္ေခတ္ကလာတဲ့ လူတစ္ေယာက္အတြက္ တ႐ုတ္စာေရးတာက အရမ္းလြယ္လြန္းတယ္။ ထို႔ေၾကာင့္ သူ႔ရဲ႕ အစီအစဥ္ကို ေအာင္ေအာင္ျမင္ျမင္ လုပ္ေဆာင္ႏိုင္ခဲ့ၿပီး ရင္းဆုယဲ့ကို အံ့အားသင့္ေစခဲ့ေလတယ္။
“ဒါက ကိုယ့္ကိုယ္ကို ကာကြယ္လိုက္တာပါ..”
သူ႔ဘက္က အသာစီးရေနၿပီး ရင္းဆုယဲ့ကို အျပည့္အဝ ထိန္းခ်ဳပ္ႏိုင္ခဲ့သည့္တိုင္ေအာင္ ႐ႊယ္ယို႔ရွန္းက သူတို႔ႏွစ္ေယာက္ၾကားက ဆက္ဆံေရးကို စာခ်ဳပ္တစ္ခုေၾကာင့္ မတင္းမာေစခ်င္ခဲ့ဘူး။ အဲ့တာေၾကာင့္ပဲ သူ႔ရဲ႕ အျပဳအမူနဲ႔ ပက္သက္ၿပီး ရွင္းျပလိုက္တယ္။
ရင္းဆုယဲ့ : “ရတယ္.. ႏိုင္သူ စားစတမ္းပဲ..”
ရင္းဆုယဲ့က မ်က္လႊာခ်ကာ သူ႔မ်က္ဝန္းထဲက ခံစားခ်က္ေတြကို ဘယ္သူမွမျမင္ေအာင္ ဖုံးကြယ္ပစ္လိုက္တယ္။
႐ႊယ္ယို႔ရွန္း : “ကြၽန္ေတာ့္မွာ ခင္ဗ်ားကို ထိခိုက္ေအာင္လုပ္ခ်င္စိတ္ တကယ္မရွိပါဘူးဗ်ာ..”
ရင္းဆုယဲ့က သူ႔အေပၚကို ရန္လိုစိတ္ျပင္းထန္ေနတာေၾကာင့္ ႐ႊယ္ယို႔ရွန္းခမ်ာ ကူကယ္ရာမဲ့ေနသလိုမ်ိဳး ခံစားလိုက္ရေလတယ္။
သစၥာေဖာက္ခံရဖူးတဲ့ ရင္းဆုယဲ့အတြက္ ႐ုတ္တရက္ေပၚလာတဲ့ သူ႔ကို ရန္လိုေနတာ ပုံမွန္ပါပဲ။ အခုလည္း အေစခံ ျဖစ္သြားရေတာ့ လက္သင့္မခံႏိုင္ဘဲ စိတ္အေျခအေန ဆိုး႐ြားလာတာ သူ နားလည္ေပးႏိုင္တယ္။ ဒါေပမဲ့ ျဖစ္ခဲ့သမွ် ကိစၥေတြအတြက္ သူ႔တစ္ေယာက္တည္းကိုပဲ အျပစ္တင္လို႔ မရဘူးေလ။ ရင္းဆုယဲ့က သူ႔ေသလမ္းသူရွာၿပီး လုပ္ႀကံခ်င္ေနေတာ့ သူလည္း ကိုယ့္ကိုယ္ကို ကာကြယ္လိုက္ရတာေပါ့။ သူက အျပစ္ကင္းစြာနဲ႔ပဲ အသက္ရွင္ႏိုင္မယ့္ လမ္းေၾကာင္းကို ရွာေဖြခဲ့႐ုံပါ..!
“ဟမ့္..”
‘ဟမ့္’ဆိုတဲ့ ေအးစက္စက္အသံက ေထ့ေငါ့ေလွာင္ေျပာင္ေနသလိုပင္။ ရင္းဆုယဲ့ရဲ႕ အမူအရာက ႐ႊယ္ယို႔ရွန္း ေျပာသမွ်ကို မယုံၾကည္မွန္း ေဖာ္ျပလို႔ေနတယ္။
ေခါင္းငုံ႔ၿပီး သူ႔ကို လ်စ္လ်ဴရႈထားတဲ့ ရင္းဆုယဲ့ကိုၾကည့္ရင္း ႐ႊယ္ယို႔ရွန္းက ကူယယ္ရာမဲ့စြာ ေျပာလိုက္တယ္။
“သခင္-အေစခံစာခ်ဳပ္က ခ်ဳပ္ဆိုၿပီးသြားၿပီေလ.. ဒါေပမဲ့ ကြၽန္ေတာ္ ခင္ဗ်ားကို ကတိေပးတယ္.. စာခ်ဳပ္ကိုသုံးၿပီး ခင္ဗ်ားကို မခ်ည္ေႏွာင္ထားဘူး.. ၿပီးေတာ့ ကြၽန္ေတာ့္အတြက္ တစ္ခုခုလုပ္ေပးပါလို႔လည္း အမိန႔္မေပးဘူး.. အဲ့လိုဆို အဆင္ေျပလားဟင္..”
ဒီေနရာမွာ သူတို႔ႏွစ္ေယာက္တည္း ရွိတာေလ။ လိုဏ္ဂူႀကီးထဲ အခ်ိန္အေတာ္ၾကာေအာင္ အတူေနရဦးမွာဆိုေတာ့ ႏွစ္ေယာက္ၾကားက ဆက္ဆံေရးကို ပိုၿပီးဆိုးဝါးေအာင္ မလုပ္သင့္ဘူးမလား။
ဒီပုဂၢိဳလ္က သူ႔အေပၚ မတရားျပဳမူခဲ့သူတိုင္းကို ဘယ္လိုမ်ိဳး လွလွပပ လက္စားေခ်တတ္တယ္ဆိုတာ၊ ဘယ္ေလာက္ အၿငိဳးအာဃာတ ႀကီးမားသလဲဆိုတာ စာေရးသူအေနနဲ႔ သူသိၿပီးသားပဲ။
အဲ့တာေၾကာင့္ လုံးဝ အသာစီးရေနတာေတာင္ ႐ႊယ္ယို႔ရွန္းမွာ ရင္းဆုယဲ့ကို မဆန႔္က်င္ရဲခဲ့ဘူး။
သိထားသင့္တဲ့ ေနာက္တစ္ခ်က္က အဓိကဇာတ္ေကာင္ကလြဲရင္ ‘ရာဇဝင္ထဲက အင္အားအႀကီးဆုံးအရွင္သခင္’ ဝတၳဳထဲမွာ ဗီလိန္ႀကီးရင္းဆုယဲ့က လႊမ္းမိုးမႈအရွိဆုံး ဇာတ္ေကာင္တစ္ခုပဲ။ တျခားနည္းနဲ႔ ေျပာရမယ္ဆိုရင္ အဓိကဇာတ္ေကာင္ကလြဲၿပီး သူ႔ကို ထိခိုက္ေအာင္ လုပ္ႏိုင္တဲ့လူဆိုတာ ကမာၻေပၚမွာမရွိဘူး။
တျခားအရာေတြထက္ ႐ႊယ္ယို႔ရွန္းက ၿငိမ္းခ်မ္းေရးနဲ႔ ႏိုင္ငံသားတစ္ေယာက္ရဲ႕ အခြင့္အေရး၊ စည္းမ်ဥ္းေတြကို ေလးစားလိုက္နာတတ္တဲ့ လူငယ္တစ္ေယာက္ ျဖစ္တယ္။ ရင္းဆုယဲ့ သူ႔အေပၚ ဘာပဲလုပ္ခဲ့ပါေစ၊ ႐ႊယ္ယို႔ရွန္းက သူတစ္ပါးအေပၚ မတရားျပန္ႏွိပ္စက္ဖို႔ စိတ္ကူးမရွိခဲ့ဘူး။ ထို႔ေၾကာင့္ ‘ခြင့္လႊတ္မႈနဲ႔ ေမ့ေပ်ာက္ေပးျခင္း’ ဆိုတဲ့သေဘာတရားကို လက္ကိုင္ထားၿပီး ပရိပကၡေတြၾကားက ေနာက္တစ္လွမ္းဆုတ္ေပးဖို႔ ဆုံးျဖတ္လိုက္တယ္။
…………………………………….