" မျဖစ္ႏိုင္ဘူး .. ေရ႔ွေနႀကီး .. ဒါေတြ အကုန္လံုးကို သူကိုယ္တိုင္ ကြၽန္မကို ေပးထားခဲ့တာ .. " ေကြ့လန္အာ က တရားရံုးဆင့္ေခၚစာနဲ႔ အတူ ေရာက္လာသၫ့္ လုဖုန္း၏ ေရ႔ွေနအား ေအာ္ဟစ္လိုက္သည္ ။ က်ိဳးယဲ့ဟန္ သည္ သူမအား လက္ေထာက္ရာထူးမွ ျဖဳတ္ခ်ပစ္ခဲ့ၿပီး ေပ်ာက္သြားခဲ့သည္ ။ လက္ရိွတြင္ သူမသည္ ဒီပိုင္ဆိုင္မႈ ေလးကို ဖက္တြယ္ ထားခ်င္ေနခဲ့ေသးသည္ ။
" စိတ္မရိွပါနဲ႔ .. လန္အာမိန္းကေလးက ရံုးခ်ိန္ကို ေရာက္ေအာင္လာခဲ့မယ္လို႔ ေမ်ွာ္လင့္ပါတယ္ " ေရ႔ွေနက ေျပာၿပီးသည္နဲ႔ ထြက္သြားလိုက္ေတာ့သည္ ။
စာခ်ဳပ္တြင္ ပိုင္ဆိုင္သူအမည္မွာ လုဖုန္းျဖစ္သျဖင့္ တကယ္တမ္းမွာ တရားရံုးအထိပင္သြားစရာမလိုခဲ့ေသာ္လည္း ေကြ့လန္အာ သည္ ထြက္သြားဖို႔ ျငင္းဆန္ေနခဲ့ေသာေၾကာင့္ ဒီအေျခအေနထိ ေရာက္လာခဲ့ျခင္းပင္။
တရားရံုးတြင္ ေကြ့လန္အာသည္ ရႈံးနိမ့္သြား အရင္ယူထားသၫ့္ အျမတ္ေငြမ်ားပါ ျပန္ေပးဖို႔ အမိန႔္ခ်ခံလိုက္ရသည္ ။ အစမွ အဆံုးအထိ လုဖုန္းသည္ ေပၚမလာခဲ့သျဖင့္ ေကြ့လန္အာ သည္ ဘာမွ မတတ္ႏိုင္ခဲ့ေပ ။ လုဖုန္းေပၚလာခဲ့လ်ွင္ပင္ သူမ တတ္ႏိုင္တာ ဘာမွ မရိွေၾကာင္း မသိခဲ့ေပ ။
ေကြ့လန္အာ က တိုက္ခန္းေအာက္တြင္ ထိုင္လ်က္ သူမ ပတ္လည္တြင္ အထုပ္အပိုးမ်ားရိွေနခဲ့သည္။ လုဖုန္းနဲ႔ လမ္းခြဲၿပီးေနာက္တြင္ပင္ သူမ သည္ လုဖုန္း၏ ပိုင္ဆိုင္မႈမ်ားျဖင့္ သံုးစြဲေနခဲ့ေသးေသာေၾကာင့္ လမ္းခြဲၿပီးေနာက္ ေလ်ာ္ေၾကးေငြ သပ္သပ္သာ ေပးရေသာ္လည္း သူမတြင္ ဘာမွမက်န္ခဲ့ေပ ။တိုက္ခန္းမွာလည္း ေရာင္းလိုက္ရေပသည္ ။
လုဖုန္းက ထိုသတင္းကို ၾကားသၫ့္ အခ်ိန္တြင္ အမႈအရာပင္ တစ္ခ်က္မပ်က္ဘဲ အေဆာက္အဦး ဒီဇိုင္းမ်ားကို ဆြဲေနခဲ့သည္ ။ ရုပ္ရည္ကလြဲလို႔ လုဖုန္းတြင္ရိွသၫ့္ အရည္အခ်င္းမ်ားထဲတြင္ ရွားပါးလွစြာရွိေနခဲ့သၫ့္ စြမ္းရည္ေလးပင္ ။
" အစ္ကိုဖုန္း!!! " အသံနဲ႔အတူ ရလိုက္သၫ့္ ေရေမြးနံ႔ေၾကာင့္ လုဖုန္းက မ်က္ေမွာင္ၾကဳတ္ကာ ေမာ့ၾကၫ့္လိုက္သည္။ ေကြ့လန္အာ သည္ ဆြဲေဆာင္မႈရိွသၫ့္ အနီေရာင္ဝတ္စံု ကို ဝတ္ဆင္ထားခဲ့ၿပီး sexy က်စြာ ရပ္ေနခဲ့သည္ ။
သူက အလုပ္ကိုသာ ျပန္အာရံုစိုက္လိုက္ၿပီး " ထြက္သြား "
ေကြ့လန္အာ သည္ အလုပ္ကို အာရံုစူးစိုက္ကာ လုပ္ေနခဲ့သၫ့္ လုဖုန္းကို တစ္ခ်က္ ေငးၾကၫ့္မိသြားသည္။ သစ္ပင္၏ အရိပ္သည္ ထိုသူအေပၚသို႔ က်ေရာက္ေနခဲ့ေသာ္လည္း သစ္ရြက္မ်ားၾကားမွ ထိုးေဖာက္လာသၫ့္ ေနေရာင္ျခည္ေၾကာင့္ ထိုသူ၏ ပံုရိပ္သည္ ေတာက္ပေနခဲ့သည္ ။ မ်က္မွန္သည္ ေနေရာင္ေၾကာင့္ အလင္းတစ္ခ်က္တစ္ခ်က္ လက္သြားၿပီး ေအးေဆး တည္ၿငိမ္ ရင္က်က္သၫ့္ အသြင္ကို အျပၫ့္အဝ ပံုေပၚေနသည္ ။
လုဖုန္းသည္ သူမနဲ႔ ခ်စ္သူျဖစ္ကာစတုန္းကကဲ့သို႔ မေျပာင္းလဲဘဲ ေခ်ာေမာေနခဲ့တုန္းပင္ ။ သို႔ေသာ္ ထိုအခ်ိန္က ထိုသူ၏ မ်က္လံုးထဲတြင္ သူမသာ ရိွခဲ့ေသာ္လည္း ယခုခ်ိန္တြင္ သူမကလြဲလို႔ အကုန္လံုး ရိွေနခဲ့သည္။ ေကြ့လန္အာ က လုဖုန္း အလုပ္လုပ္ေနသၫ့္ ပံုသည္ ဒီေလာက္ ၾကၫ့္ေကာင္းေနခဲ့လိမ့္မည္ဟု မထင္မိခဲ့ေပ ။
ေကြ့လန္အာ သည္ သူမရဲ့ ဆံပင္ကို နားေနာက္သို႔ ပို႔လိုက္ကာ လုဖုန္းေရ႔ွတြင္ ထိုင္လိုက္သည္ ။ ေကာ္ဖီခြက္အား လွမ္းကိုင္လိုက္သၫ့္ လုဖုန္း၏ လက္အား ထပ္ကိုင္လိုက္သျဖင့္ အၾကၫ့္စူးစူးသည္ သူမထံသို႔ ခ်က္ခ်င္းေရာက္လာေလသည္ ။
" ကိုကို!!! လန္အာ ကိုကို႔ရဲ့ ႀကိဳးစားမႈေတြကို အသိအမွတ္ျပဳပါၿပီ... လန္အာတို႔အတူေနရေအာင္ေလ မေကာင္းဘူးလား"
လုဖုန္းက ျပန္မေျဖရေသးခင္ပင္ ေကြ့လန္အာ၏ လက္သည္ ဆြဲျဖဳတ္ခံလိုက္ရသည္။ ေကြ့လန္အာ၏ ထိတ့္လန႔္မႈကို ဂရုမစိုက္ဘဲ လုဖုန္းက ကြန္ပ်ဳတာအား စားပြဲေပၚသို႔ တင္လိုက္ကာ ေရာက္လာသၫ့္သူအား ဆြဲခ်ကာ သူ႔ေပါင္ေပၚသို႔ တင္လိုက္ၿပီး ခါးကို ဖက္လိုက္သည္ ။
" ခ်င္ယြင္... ခရီးႏွစ္ရက္ေတာင္ေနာ္.. ကိုယ့္ကို ဘာေပးမွာလဲ " လုဖုန္းက ေခါင္းေမာ့လိုက္ရင္း ၿပံဳးကာ ေမးလိုက္သည္ ။
ခ်င္ယြင္ က တစ္ခ်က္ရယ္လိုက္ကာ လုဖုန္း၏ လည္ပင္းအား ျပန္ဖက္လိုက္ရင္း ႏူတ္ခမ္းအား ဖိကပ္ကာ နမ္းလိုက္သည္ ။ သူက လုဖုန္း၏ ပါးအား ဆြဲညစ္လိုက္ကာ " လက္ထပ္ပြဲ ဖ်က္ဖို႔ ကန႔္ကြက္သူေတြ သိပ္မ်ားေနလို႔ပါ... "
ေကြ့လန္အာ သည္ သူမ ေရ႔ွက ျမင္ကြင္းအား ၾကၫ့္ကာ ဆြံ႔အေနခဲ့သည္ ။ သူမသည္ လုဖုန္းအား အပုပ္ခ်ေျပာဆိုေနခဲ့ေသာ္လည္း ခ်င္ယြင္နဲ႔ လုဖုန္း၏ ဆက္ဆံေရးသည္ တကယ္ႀကီး ျဖစ္ေနခဲ့လိမ့္မည္ဟု မထင္ထားခဲ့ေပ ။
" နင္... နင္တို႔!! "
လုဖုန္း၏ အၿပံဳးက ေပ်ာက္ကြယ္သြားကာ ကင္းလွၫ့္ေနသၫ့္အေစာင့္အား ေျပာလိုက္သည္ ။ " သူမကို ဆြဲထုတ္သြား "
ေကြ့လန္အာ က ဖုန္းထုတ္လိုက္ကာ လုဖုန္းအား ေလွာင္ၿပံဳးၿပံဳးကာ ၾကၫ့္လိုက္ရင္း " ကြၽန္မေတာင္းဆိုခ်က္ကို မလိုက္ေလ်ာရင္ နင္တို႔ ကိစၥကို မီဒီယာကို ေျပာပစ္မယ္ " လက္ရိွတြင္ လုဖုန္း၏ ကုမ႑ီ သည္ လမ္းမွန္သို႔ ေရာက္ေနၿပီ ျဖစ္သည္ ။ ဒီအခ်ိန္သည္ အလြဲမခံသၫ့္ အခ်ိန္ျဖစ္ၿပီး သူ႔အေၾကာင္းသာ တစ္ခုခု ထြက္ေပၚလာပါက ႀကီးႀကီးမားမား ျဖစ္သြားႏိုင္သည္ ။
" မင္းမွာလုပ္ႏိုင္စြမ္းရိွတယ္လို႔ထင္ရင္.. လုပ္လိုက္ "
လုဖုန္းက ေကြ့လန္အာ အား ဂရုမစိုက္ေတာ့ဘဲ ခ်င္ယြင္ခ်ီ အား ေပြ့ခ်ီ လိုက္ၿပီး ပါးျပင္ကို တစ္ခ်က္နမ္းလိုက္ၿပီး အိမ္ထဲဝင္သြားေတာ့သည္ ။
____________
" အို... လုဖုန္း မလား .. " လုဖုန္း က ဖုန္းေျပာေနရာမွ လွၫ့္ၾကၫ့္လိုက္ခ်ိန္တြင္ အထက္စီးဆန္သၫ့္ ပံုစံျဖင့္ လူတစ္ေယာက္ကို ေတြ့လိုက္သည္ ။ ထိုသူက သူ႔အား ေတြ့သၫ့္အခါ ေပ်ာ္ရြင္သၫ့္ ပံုစံလုပ္ထားေသာ္လည္း လုဖုန္းက မ်က္ဝန္းထဲတြင္ အထင္ေသးေလွာင္ေျပာင္ရိပ္မ်ားကို ေတြ့ေနရသည္။
" ငါတို႔နဲ႔ အတူလာထိုင္ေလ ... ဒီေန့ သူငယ္ခ်င္းေတြ အကုန္ေရာက္ေနတာ .." လုဖုန္း ျပန္မေျပာရေသးခင္ပင္ ဆြဲေခၚသြားျခင္းခံလိုက္ရေတာ့သည္။
အခန္းသည္ ပထမအဆင့္ ေဈးႀကီးသၫ့္ အခန္းျဖစ္ၿပီး အခန္းတြင္းတြင္ လူဆယ္ေယာက္ေလာက္ ရိွေနသည္ ။ ထိုလူမ်ားသည္ လုဖုန္းအား ျမင္သည္နဲ႔ ပထမဆံုး တုန႔္ျပန္မႈမွ အထင္တေသး အၾကၫ့္ပင္ ။
ထိုထဲမွ ခ်စ္စရာေကာင္မေလး တစ္ေယာက္သာလ်ွင္ သူ႔အား တလက္လက္ေတာက္ေနသၫ့္အၾကၫ့္မ်ားျဖင့္ ၾကၫ့္ေနသည္ ။ လုဖုန္းက က်န္သၫ့္သူမ်ားကို သိေသာ္လည္း ထိုမိန္းကေလးကိုေတာ့ မွတ္ဉာဏ္ထဲတြင္ ရွာမေတြ့ေပ ။
မုရြယ္ခ်င္း က သူမေရ႔ွက သာမန္သာ ဝတ္ဆင္ထားသၫ့္ လူအား ၾကၫ့္ရင္း ရင္ခုန္လာသည္ ။ အဝတ္အစားမ်ားသည္ ရိုးရွင္းေသာ္လည္း ထိုသူ၏ အရိွန္အဝါကို ဖံုးကြယ္ မထားႏိုင္ေပ။ မုရြယ္ခ်င္းသည္ အေတာ္ေလးလွပၿပီး ေရာက္ကတည္းကအခန္းထဲက ေယာက်ၤားေလးမ်ား၏ အာရံုကို ဖမ္းစားထားသည္ ။ သူမတြင္ အားေကာင္းသၫ့္ မိသားစု အေျခအေနရိွသျဖင့္ သူမနဲ႔ ခ်စ္သူ မျဖစ္ခ်င္သၫ့္ သူ မရိွေခ် ။
" ေယာင္းေယာင္း.. သူက ဘယ္သူလဲ " သူမေဘးနားရိွ ဆံပင္အေကာက္နဲ႔ မိန္းကေလးအား လက္တို႔ရင္း နီရဲသၫ့္ မ်က္ႏွာျဖင့္ေမးလိုက္ေလသည္။ အသံသည္ တိုးညင္းေသာ္လည္း လူတိုင္းၾကားႏိုင္ရန္ လံုေလာက္သည္ ။ ေယာက်ၤားေလးမ်ားသည္ ထိုအျဖစ္ေၾကာင့္ လုဖုန္းအား ပိုလိုပင္ အျမင္မၾကည္လာသည္ ။
" ေရွာင္လု .. မင္းရဲ့ လက္ရိွ အေျခအေနဘယ္လိုလဲ " လုဖုန္းက ရန္စသၫ့္ အၿပံဳးျဖင့္ ေမးလာသၫ့္ လူအား တစ္ခ်က္ၾကၫ့္လိုက္ၿပီး " ေကာင္းပါတယ္ " ၿပီးေနာက္ ဖုန္းဝင္လာခဲ့သျဖင့္ ကိုင္လိုက္သည္။
" အင္း.. ကိုယ္ေရာက္ေနၿပီ.. အခု.. အသိနဲ႔ေတြ့ေနလို႔ .." လုဖုန္း၏ ႏူးညံ့သၫ့္ အသံနဲ႔ အျပဳအမႈေၾကာင့္ နဂို အထင္ေသးသၫ့္ မိန္းကေလးမ်ားပင္ မ်က္ႏွာ နီရဲသြားသည္ ။
လုဖုန္းက ကိုယ္ထြက္လာခဲ့မယ္ ဟု မေျပာရေသးခင္ပင္ ခုနက လူက ျဖတ္ေျပာလာသည္ ။
" ဘာလဲ... မင္းရဲ့ ခ်စ္သူလား .. ဒီကို ေခၚလိုက္ပါလား ..မင္းလို အလုပ္မရိွ အကိုင္မရိွ ကို ဘယ္သူက ႀကိဳက္မလဲ ၾကၫ့္ခ်င္လို႔ " သူက ေဘးနားက မိန္းကေလး၏ ခါးအား ဖက္လိုက္သည္ ။ သူသည္ မုရြယ္ခ်င္းအား သူ႔မိန္းကေလး အျဖစ္သတ္မွတ္ထားခဲ့ၿပီ ျဖစ္သျဖင့္ လုဖုန္းကို ပိုလို႔ မေက်မနပ္ျဖစ္ေနေသးသည္ ။
_______________________
မီးမလာလို႔ရိွရင္... ေနာက္ေန့ေတြ တင္ႏိုင္မွာ မဟုတ္ဘူးေနာ္.. အခုေတာင္ 4% ဘဲ က်န္ေတာ့တာ .😣😭
_______
Unicode
" မဖြစ်နိုင်ဘူး .. ရှေ့နေကြီး .. ဒါတွေ အကုန်လုံးကို သူကိုယ်တိုင် ကျွန်မကို ပေးထားခဲ့တာ .. " ကွေ့လန်အာ က တရားရုံးဆင့်ခေါ်စာနဲ့ အတူ ရောက်လာသည့် လုဖုန်း၏ ရှေ့နေအား အော်ဟစ်လိုက်သည် ။ ကျိုးယဲ့ဟန် သည် သူမအား လက်ထောက်ရာထူးမှ ဖြုတ်ချပစ်ခဲ့ပြီး ပျောက်သွားခဲ့သည် ။ လက်ရှိတွင် သူမသည် ဒီပိုင်ဆိုင်မှု လေးကို ဖက်တွယ် ထားချင်နေခဲ့သေးသည် ။
" စိတ်မရှိပါနဲ့ .. လန်အာမိန်းကလေးက ရုံးချိန်ကို ရောက်အောင်လာခဲ့မယ်လို့ မျှော်လင့်ပါတယ် " ရှေ့နေက ပြောပြီးသည်နဲ့ ထွက်သွားလိုက်တော့သည် ။
စာချုပ်တွင် ပိုင်ဆိုင်သူအမည်မှာ လုဖုန်းဖြစ်သဖြင့် တကယ်တမ်းမှာ တရားရုံးအထိပင်သွားစရာမလိုခဲ့သော်လည်း ကွေ့လန်အာ သည် ထွက်သွားဖို့ ငြင်းဆန်နေခဲ့သောကြောင့် ဒီအခြေအနေထိ ရောက်လာခဲ့ခြင်းပင်။
တရားရုံးတွင် ကွေ့လန်အာသည် ရှုံးနိမ့်သွား အရင်ယူထားသည့် အမြတ်ငွေများပါ ပြန်ပေးဖို့ အမိန့်ချခံလိုက်ရသည် ။ အစမှ အဆုံးအထိ လုဖုန်းသည် ပေါ်မလာခဲ့သဖြင့် ကွေ့လန်အာ သည် ဘာမှ မတတ်နိုင်ခဲ့ပေ ။ လုဖုန်းပေါ်လာခဲ့လျှင်ပင် သူမ တတ်နိုင်တာ ဘာမှ မရှိကြောင်း မသိခဲ့ပေ ။
ကွေ့လန်အာ က တိုက်ခန်းအောက်တွင် ထိုင်လျက် သူမ ပတ်လည်တွင် အထုပ်အပိုးများရှိနေခဲ့သည်။ လုဖုန်းနဲ့ လမ်းခွဲပြီးနောက်တွင်ပင် သူမ သည် လုဖုန်း၏ ပိုင်ဆိုင်မှုများဖြင့် သုံးစွဲနေခဲ့သေးသောကြောင့် လမ်းခွဲပြီးနောက် လျော်ကြေးငွေ သပ်သပ်သာ ပေးရသော်လည်း သူမတွင် ဘာမှမကျန်ခဲ့ပေ ။တိုက်ခန်းမှာလည်း ရောင်းလိုက်ရပေသည် ။
လုဖုန်းက ထိုသတင်းကို ကြားသည့် အချိန်တွင် အမှုအရာပင် တစ်ချက်မပျက်ဘဲ အဆောက်အဦး ဒီဇိုင်းများကို ဆွဲနေခဲ့သည် ။ ရုပ်ရည်ကလွဲလို့ လုဖုန်းတွင်ရှိသည့် အရည်အချင်းများထဲတွင် ရှားပါးလှစွာရှိနေခဲ့သည့် စွမ်းရည်လေးပင် ။
" အစ်ကိုဖုန်း!!! " အသံနဲ့အတူ ရလိုက်သည့် ရေမွေးနံ့ကြောင့် လုဖုန်းက မျက်မှောင်ကြုတ်ကာ မော့ကြည့်လိုက်သည်။ ကွေ့လန်အာ သည် ဆွဲဆောင်မှုရှိသည့် အနီရောင်ဝတ်စုံ ကို ဝတ်ဆင်ထားခဲ့ပြီး sexy ကျစွာ ရပ်နေခဲ့သည် ။
သူက အလုပ်ကိုသာ ပြန်အာရုံစိုက်လိုက်ပြီး " ထွက်သွား "
ကွေ့လန်အာ သည် အလုပ်ကို အာရုံစူးစိုက်ကာ လုပ်နေခဲ့သည့် လုဖုန်းကို တစ်ချက် ငေးကြည့်မိသွားသည်။ သစ်ပင်၏ အရိပ်သည် ထိုသူအပေါ်သို့ ကျရောက်နေခဲ့သော်လည်း သစ်ရွက်များကြားမှ ထိုးဖောက်လာသည့် နေရောင်ခြည်ကြောင့် ထိုသူ၏ ပုံရိပ်သည် တောက်ပနေခဲ့သည် ။ မျက်မှန်သည် နေရောင်ကြောင့် အလင်းတစ်ချက်တစ်ချက် လက်သွားပြီး အေးဆေး တည်ငြိမ် ရင်ကျက်သည့် အသွင်ကို အပြည့်အဝ ပုံပေါ်နေသည် ။
လုဖုန်းသည် သူမနဲ့ ချစ်သူဖြစ်ကာစတုန်းကကဲ့သို့ မပြောင်းလဲဘဲ ချောမောနေခဲ့တုန်းပင် ။ သို့သော် ထိုအချိန်က ထိုသူ၏ မျက်လုံးထဲတွင် သူမသာ ရှိခဲ့သော်လည်း ယခုချိန်တွင် သူမကလွဲလို့ အကုန်လုံး ရှိနေခဲ့သည်။ ကွေ့လန်အာ က လုဖုန်း အလုပ်လုပ်နေသည့် ပုံသည် ဒီလောက် ကြည့်ကောင်းနေခဲ့လိမ့်မည်ဟု မထင်မိခဲ့ပေ ။
ကွေ့လန်အာ သည် သူမရဲ့ ဆံပင်ကို နားနောက်သို့ ပို့လိုက်ကာ လုဖုန်းရှေ့တွင် ထိုင်လိုက်သည် ။ ကော်ဖီခွက်အား လှမ်းကိုင်လိုက်သည့် လုဖုန်း၏ လက်အား ထပ်ကိုင်လိုက်သဖြင့် အကြည့်စူးစူးသည် သူမထံသို့ ချက်ချင်းရောက်လာလေသည် ။
" ကိုကို!!! လန်အာ ကိုကို့ရဲ့ ကြိုးစားမှုတွေကို အသိအမှတ်ပြုပါပြီ... လန်အာတို့အတူနေရအောင်လေ မကောင်းဘူးလား"
လုဖုန်းက ပြန်မဖြေရသေးခင်ပင် ကွေ့လန်အာ၏ လက်သည် ဆွဲဖြုတ်ခံလိုက်ရသည်။ ကွေ့လန်အာ၏ ထိတ့်လန့်မှုကို ဂရုမစိုက်ဘဲ လုဖုန်းက ကွန်ပျုတာအား စားပွဲပေါ်သို့ တင်လိုက်ကာ ရောက်လာသည့်သူအား ဆွဲချကာ သူ့ပေါင်ပေါ်သို့ တင်လိုက်ပြီး ခါးကို ဖက်လိုက်သည် ။
" ချင်ယွင်... ခရီးနှစ်ရက်တောင်နော်.. ကိုယ့်ကို ဘာပေးမှာလဲ " လုဖုန်းက ခေါင်းမော့လိုက်ရင်း ပြုံးကာ မေးလိုက်သည် ။
ချင်ယွင် က တစ်ချက်ရယ်လိုက်ကာ လုဖုန်း၏ လည်ပင်းအား ပြန်ဖက်လိုက်ရင်း နူတ်ခမ်းအား ဖိကပ်ကာ နမ်းလိုက်သည် ။ သူက လုဖုန်း၏ ပါးအား ဆွဲညစ်လိုက်ကာ " လက်ထပ်ပွဲ ဖျက်ဖို့ ကန့်ကွက်သူတွေ သိပ်များနေလို့ပါ... "
ကွေ့လန်အာ သည် သူမ ရှေ့က မြင်ကွင်းအား ကြည့်ကာ ဆွံ့အနေခဲ့သည် ။ သူမသည် လုဖုန်းအား အပုပ်ချပြောဆိုနေခဲ့သော်လည်း ချင်ယွင်နဲ့ လုဖုန်း၏ ဆက်ဆံရေးသည် တကယ်ကြီး ဖြစ်နေခဲ့လိမ့်မည်ဟု မထင်ထားခဲ့ပေ ။
" နင်... နင်တို့!! "
လုဖုန်း၏ အပြုံးက ပျောက်ကွယ်သွားကာ ကင်းလှည့်နေသည့်အစောင့်အား ပြောလိုက်သည် ။ " သူမကို ဆွဲထုတ်သွား "
ကွေ့လန်အာ က ဖုန်းထုတ်လိုက်ကာ လုဖုန်းအား လှောင်ပြုံးပြုံးကာ ကြည့်လိုက်ရင်း " ကျွန်မတောင်းဆိုချက်ကို မလိုက်လျောရင် နင်တို့ ကိစ္စကို မီဒီယာကို ပြောပစ်မယ် " လက်ရှိတွင် လုဖုန်း၏ ကုမဏ္႑ီ သည် လမ်းမှန်သို့ ရောက်နေပြီ ဖြစ်သည် ။ ဒီအချိန်သည် အလွဲမခံသည့် အချိန်ဖြစ်ပြီး သူ့အကြောင်းသာ တစ်ခုခု ထွက်ပေါ်လာပါက ကြီးကြီးမားမား ဖြစ်သွားနိုင်သည် ။
" မင်းမှာလုပ်နိုင်စွမ်းရှိတယ်လို့ထင်ရင်.. လုပ်လိုက် "
လုဖုန်းက ကွေ့လန်အာ အား ဂရုမစိုက်တော့ဘဲ ချင်ယွင်ချီ အား ပွေ့ချီ လိုက်ပြီး ပါးပြင်ကို တစ်ချက်နမ်းလိုက်ပြီး အိမ်ထဲဝင်သွားတော့သည် ။
____________
" အို... လုဖုန်း မလား .. " လုဖုန်း က ဖုန်းပြောနေရာမှ လှည့်ကြည့်လိုက်ချိန်တွင် အထက်စီးဆန်သည့် ပုံစံဖြင့် လူတစ်ယောက်ကို တွေ့လိုက်သည် ။ ထိုသူက သူ့အား တွေ့သည့်အခါ ပျော်ရွင်သည့် ပုံစံလုပ်ထားသော်လည်း လုဖုန်းက မျက်ဝန်းထဲတွင် အထင်သေးလှောင်ပြောင်ရိပ်များကို တွေ့နေရသည်။
" ငါတို့နဲ့ အတူလာထိုင်လေ ... ဒီနေ့ သူငယ်ချင်းတွေ အကုန်ရောက်နေတာ .." လုဖုန်း ပြန်မပြောရသေးခင်ပင် ဆွဲခေါ်သွားခြင်းခံလိုက်ရတော့သည်။
အခန်းသည် ပထမအဆင့် ဈေးကြီးသည့် အခန်းဖြစ်ပြီး အခန်းတွင်းတွင် လူဆယ်ယောက်လောက် ရှိနေသည် ။ ထိုလူများသည် လုဖုန်းအား မြင်သည်နဲ့ ပထမဆုံး တုန့်ပြန်မှုမှ အထင်တသေး အကြည့်ပင် ။
ထိုထဲမှ ချစ်စရာကောင်မလေး တစ်ယောက်သာလျှင် သူ့အား တလက်လက်တောက်နေသည့်အကြည့်များဖြင့် ကြည့်နေသည် ။ လုဖုန်းက ကျန်သည့်သူများကို သိသော်လည်း ထိုမိန်းကလေးကိုတော့ မှတ်ဉာဏ်ထဲတွင် ရှာမတွေ့ပေ ။
မုရွယ်ချင်း က သူမရှေ့က သာမန်သာ ဝတ်ဆင်ထားသည့် လူအား ကြည့်ရင်း ရင်ခုန်လာသည် ။ အဝတ်အစားများသည် ရိုးရှင်းသော်လည်း ထိုသူ၏ အရှိန်အဝါကို ဖုံးကွယ် မထားနိုင်ပေ။ မုရွယ်ချင်းသည် အတော်လေးလှပပြီး ရောက်ကတည်းကအခန်းထဲက ယောကျၤားလေးများ၏ အာရုံကို ဖမ်းစားထားသည် ။ သူမတွင် အားကောင်းသည့် မိသားစု အခြေအနေရှိသဖြင့် သူမနဲ့ ချစ်သူ မဖြစ်ချင်သည့် သူ မရှိချေ ။
" ယောင်းယောင်း.. သူက ဘယ်သူလဲ " သူမဘေးနားရှိ ဆံပင်အကောက်နဲ့ မိန်းကလေးအား လက်တို့ရင်း နီရဲသည့် မျက်နှာဖြင့်မေးလိုက်လေသည်။ အသံသည် တိုးညင်းသော်လည်း လူတိုင်းကြားနိုင်ရန် လုံလောက်သည် ။ ယောကျၤားလေးများသည် ထိုအဖြစ်ကြောင့် လုဖုန်းအား ပိုလိုပင် အမြင်မကြည်လာသည် ။
" ရှောင်လု .. မင်းရဲ့ လက်ရှိ အခြေအနေဘယ်လိုလဲ " လုဖုန်းက ရန်စသည့် အပြုံးဖြင့် မေးလာသည့် လူအား တစ်ချက်ကြည့်လိုက်ပြီး " ကောင်းပါတယ် " ပြီးနောက် ဖုန်းဝင်လာခဲ့သဖြင့် ကိုင်လိုက်သည်။
" အင်း.. ကိုယ်ရောက်နေပြီ.. အခု.. အသိနဲ့တွေ့နေလို့ .." လုဖုန်း၏ နူးညံ့သည့် အသံနဲ့ အပြုအမှုကြောင့် နဂို အထင်သေးသည့် မိန်းကလေးများပင် မျက်နှာ နီရဲသွားသည် ။
လုဖုန်းက ကိုယ်ထွက်လာခဲ့မယ် ဟု မပြောရသေးခင်ပင် ခုနက လူက ဖြတ်ပြောလာသည် ။
" ဘာလဲ... မင်းရဲ့ ချစ်သူလား .. ဒီကို ခေါ်လိုက်ပါလား ..မင်းလို အလုပ်မရှိ အကိုင်မရှိ ကို ဘယ်သူက ကြိုက်မလဲ ကြည့်ချင်လို့ " သူက ဘေးနားက မိန်းကလေး၏ ခါးအား ဖက်လိုက်သည် ။ သူသည် မုရွယ်ချင်းအား သူ့မိန်းကလေး အဖြစ်သတ်မှတ်ထားခဲ့ပြီ ဖြစ်သဖြင့် လုဖုန်းကို ပိုလို့ မကျေမနပ်ဖြစ်နေသေးသည် ။
_______________________
မီးမလာလို့ရှိရင်... နောက်နေ့တွင် တင်နိုင်မှာ မဟုတ်ဘူးနော်.. အခုတောင် 4% ဘဲ ကျန်တော့တာ .😣😭
_______