ခ်င္ယြင္ခ်ီ သည္ ထြက္ခြာသြားသၫ့္ လုဖုန္းကို ၾကၫ့္လိုက္ၿပီး သူက တစ္ခ်ိန္က သူဂရုမစိုက္ခဲ့သၫ့္ လက္ထပ္ပြဲ ကိစၥကို ေျဖရွင္းရန္ လိုၿပီဟု သိလိုက္ရသည္ ။ သူက ဒီလူကို ထပ္ၿပီး နာက်င္ေအာင္ မျပဳလုပ္ႏိုင္ေပ ။
ေနာက္တစ္ေန့တြင္ လုဖုန္းက တံတိုင္းေက်ာ္ရန္ ျပင္လိုက္ၿပီးမွ ခ်င္ယြင္ခ်ီ၏ စကားကို ျပန္သိရလိုက္ကာ ၿခံအျပင္သို႔ ဦးတည္လိုက္ေလသည္ ။ အက်င့္ဆိုတာ ေဖ်ာက္ရခက္သား လူက တံတိုင္းဘဲ ေက်ာ္ခ်င္ေနတယ္ .. ဟားးဟားး
" ကိုကို!!! "
လုဖုန္း၏ ရယ္သံက တန႔္သြားကာ အထုပ္အပိုးမ်ားနဲ႔ က်ိဳးယဲ့ဟန္ေၾကာင့္ ေခါင္းပင္ကိုက္လာသလိုလို ခံစားလိုက္ရသည္ ။ က်ိဳးယဲ့ဟန္က ၿခံတံခါးကို ဖြင့္လ်က္ အိမ္ထဲသို႔ ဦးတည္လိုက္ေလသည္ ။ မသိရင္ ခရီးကေန အိမ္ျပန္လာသၫ့္ သားလိမၼာေလးအလား ။
" အာ... ရူးခ်င္တာဘဲ " လုဖုန္းက ဖြင့္လ်က္ က်နိေနခဲ့သၫ့္ တံခါးနဲ႔ အိမ္ထဲသို႔ တၫ့္တၫ့္မတ္မတ္ဝင္သြားသၫ့္ က်ိဳးယဲ့ဟန္ကို တစ္လွၫ့္စီ ၾကၫ့္လိုက္ရင္း နထင္းအား ဖိႏိွပ္လိုက္သည္ ။ သူ႔အား ခက္ခဲေအာင္လုပ္နိုင္သည့္ကိစၥသည္ အလြန္ရွားေသာ္လည္း ဒီက်ိဳးယဲ့ဟန္ ေၾကာင့္ အေတာ္ေလး ေခါင္းကိုက္ေနရသည္ ။
" ေန... ေနစမ္းပါဦး.. အဲ့နားမွာ ရပ္!!! " အိမ္ေပၚသို႔ တက္ရန္ ေျခလွမ္းေနသၫ့္ က်ိဳးယဲ့ဟန္ေၾကာင့္ လွမ္းေအာ္လိုက္ရသည္ ။ ဟူး..မေန့ကထက္ ဒီေန့ ပိုစိတ္ရႈပ္ေနရပါလား ။
သူက ၿခံအျပင္သို႔ လက္ညိုးထိုးလိုက္ကာ " ကိုယ့္အိမ္ကိုယ္ ျပန္စမ္း... အခုခ်က္ခ်င္း!! " အခုလိုမ်ိဳးေတြ ဆက္လုပ္ေနရင္ သူက လူသတ္မိလိမ့္မယ္ ..။ ဒါ့အျပင္ က်ိဳးယဲ့ဟန္အတြက္ သူနဲ႔ အေဝးတကာ့ အေဝးဆံုးတြင္ ေနျခင္းက အေကာင္းဆံုးျဖစ္ေသာေၾကာင့္ပင္ ။
က်ိဳးယဲ့ဟန္က ဆံုးျဖတ္ခ်က္ခိုင္မာေနသၫ့္ အၾကၫ့္ျဖင့္ သူ႔အားၾကၫ့္လာေလသည္ ။ " မျပန္ဘူး!! "
" က်ိဳးယဲ့ဟန္!!! ဒီသခင္ေလးက အဲ့ေလာက္ စိတ္မရွည္ဘူးေနာ္..ငါက ထြက္သြားဆို... ထြက္သြားလိုက္ " လုဖုန္း၏ ေရႊကိုင္းမ်က္မွန္က ေအးစက္စက္ အလင္းတစ္ခ်က္ လက္သြားခဲ့သည္ ။ သူသည္ လုဖုန္း၏ ေအးေဆး တည္ၿငိမ္သၫ့္ ပံုစံကိုပင္ ဆက္လက္ မလုပ္ေဆာင္ခဲ့ေတာ့ေပ ။
က်ိဳးယဲ့ဟန္ သည္ လုဖုန္း၏ ေအးစက္စက္အၾကၫ့္ကို မခံႏိုင္ေတာ့သၫ့္အလား နာက်င္စြာေျပာလာေလသည္ ။
" ကိုကို သိရဲ့လား...ငယ္ငယ္ကတည္းက ကိုယ္ခ်စ္တဲ့သူရဲ့ မုန္းတီးမႈကို ခံေနရတဲ့ ခံစားခ်က္ .. ကိုယ္ခ်စ္ရတဲ့သူက အျခားတစ္ေယာက္ကို ဘဝတစ္ခုလို မွတ္ယူေနတာကို ၾကၫ့္ေနခဲ့ရတဲ့ ခံစားခ်က္ .."
" ဘယ္ေလာက္ထိ ကြၽန္ေတာ့္ကို နာက်င္ေစခ်င္တာလဲ .. ဘယ္ေလာက္ထိ ခံစားရမွ ေက်နပ္ႏိုင္မွာလဲ .."
" ဒီတိုင္းေလး ကြၽန္ေတာ္ ေရ႔ွမွာ ရိွေနဖို႔ ဘယ္ေလာက္ေတာင္မွ ႀကိဳးစားခဲ့ရလဲ .. မုန္းတီးတဲ့ မ်က္ဝန္းေတြနဲ႔ ၾကၫ့္ေနခဲ့တာေတာင္ တည္ရိွမႈေလး တစ္ခုနဲ႔တင္ ေက်နပ္ေနခဲ့တာမို႔....ဒါေလးေတာင္ မေပးႏိုင္ဘူးလား "
အဲ့ဒီ ႏူးညံ့ညင္သာတဲ့ အၿပံဳးေတြ အၾကၫ့္ေတြက ဘယ္ေတာ့မွ သူ႔အတြက္မဟုတ္ခဲ့ဘူး .. ။
လုဖုန္းက တုန္လႈပ္ေနသၫ့္ ရင္ဘတ္အား ဖိလိုက္သည္ ။ ဒါသည္ အရင္လုဖုန္း၏ ခံစားခ်က္မ်ားပင္ ။ သူက ေျပာရင္း မ်က္ရည္က်ေနခဲ့သၫ့္ က်ိဳးယဲ့ဟန္အား ၾကၫ့္လိုက္ၿပီး သက္ျပင္းခ်လိုက္သည္ ။ ဒီဇာတ္လိုက္က မေသခ်ာတဲ့အခ်စ္ကို ငယ္ကတည္းက စိုက္ပ်ိဳးလာတာဘဲ ။ ေကြ့လန္အာ ကို လုဖုန္း ႀကံစည္တုန္းက အႀကီးအက်ယ္ ေပါက္ကြဲခဲ့တာ မထူးဆန္းေတာ့ဘူး ။ သူက ေကြ့လန္အာေၾကာင့္ မဟုတ္ဘဲ လုဖုန္းေၾကာင့္ ျဖစ္ခဲ့တာဘဲ ... ။ တကယ္လို႔ လုဖုန္းသာ ျပန္လည္ေမြးဖြားႏိုင္ခဲ့ရင္ .. ေကာင္းမြန္တဲ့ အဆံုးသတ္ရဖို႔ ႀကိဳးစားႏိုင္လိမ့္မယ္ ...
ဒါေပမဲ့...
လုဖုန္း၏ အၾကၫ့္က တည္ၿငိမ္သြားကာ က်ိဳးယဲ့ဟန္ ထံသို႔ေလ်ွာက္သြားလိုက္သည္ ။ သူက ေခါင္းပုတ္ေပးရန္ လက္ထုတ္လိုက္ေသာ္လည္း ျပန္ရုတ္သိမ္းလိုက္သည္ ။
" ေသခ်ာနားေထာင္ .. ငါက သူမဟုတ္..အားးး" လုဖုန္းက ရုတ္တရက္ ထိုးကိုက္လာသၫ့္ ေခါင္းကို ဖိကိုင္လိုက္သည္ ။
/OOC!!! OOC!!! /
" ကိုကို!!! ကိုကို!!! ဘာ.. ဘာျဖစ္တာလဲ " သူသည္ က်ိဳးယဲ့ဟန္၏ စိတ္ပႈေနသၫ့္ အသံကို ၾကားလိုက္ေသာ္လည္း ျပန္ေျဖႏိုင္ဖို႔ အားမရိွေပ ။
ေခါင္းထဲတြင္ မွတ္ဉာဏ္မ်ားသည္ အစီအရီ ေပၚလာခဲ့သည္ ။ သူက ေအာင္ျမင္ေနတဲ့ စီးပြားေရးသမားတစ္ေယာက္.. သူတက္ေရာက္ခဲ့တဲ့ ပါတီပြဲ ၊ သတင္းစာ ရွင္းလင္းပြဲ ၊ လက္မွတ္ထိုးပြဲ ၊ အရာအားလံုးသည္ ေနာက္တစ္ႀကိမ္ျပန္ျပသၫ့္အလား ေပၚလာခဲ့သည္ ။ ' ငါ.. ငါ့မွတ္ဉာဏ္ေတြမလား.. ဒါေတြက ဘာျဖစ္လို႔ တစစီျဖစ္ေန.. အားးး ' သူ႔ေခါင္းအား အခုခ်ိန္တြင္ တူနဲ႔ ထုေနသၫ့္အလား နာက်င္မႈကို ခံစားေနရသည္ ။
ထိုအစစ္အမွန္ဟု ထင္မွတ္ရသၫ့္ ပံုရိပ္မ်ားသည္ ပံုရိပ္ေယာင္အလား တစ္ဖ်တ္ဖ်တ္ျဖစ္ေနခဲ့ၿပီး လူတစ္ေယာက္၏ ပံုေပၚေပၚလာသည္ ။ ထိုလူသည္ သူနဲ႔ တစ္ပံုစံတည္း ျဖစ္ေနခဲ့ၿပီး အခန္းတစ္ခုထဲတြင္ လွဲေလ်ာင္းေနခဲ့ကာ သတိေမ့ေနသၫ့္ပံုပင္ ။
' ဒါ.. ဒါေပမဲ့.. ေဆးရံုမဟုတ္ဘဲ .. အားး ဘာလို႔.. ဘာလို႔ စမ္းသပ္ခန္းလဲ '
" လုဖုန္း!!! လုဖုန္း!!! " သူ႔နာမည္ေခၚရင္း ေျပးလာေနသၫ့္ ခ်င္ယြင္ အား အသာၿပံဳးျပရင္း ေမ့လွဲသြားခဲ့သည္ ။ ' ဘာလို႔.. ငါထင္ေနတဲ့ အရာအားလံုးက အစစ္အမွန္မဟုတ္ရတာလဲ ..ခ်င္ယြင္. မင္းကေရာ .. ပံုရိပ္ေယာင္သက္သက္ပဲလား '
က်ိဳးယဲ့ဟန္ က လုဖုန္းအား ေပြ့ခ်ီရန္ လုပ္လိုက္ေသာ္လည္း ခ်င္ယြင္ခ်ီ၏ တြန္းလွဲျခင္းကိုသာ ခံလိုက္ရသည္ ။ ခ်င္ယြင္က လုဖုန္းအား ခ်ီမလိုက္ကာ က်ိဳးယဲ့ဟန္အား ေအးစက္စြာ ၾကၫ့္လိုက္ေသာ္လည္း ဘာမွမေျပာခဲ့ေပ ။ သူက လုဖုန္းအား ေဆးရံုသို႔ အလ်င္အျမန္ေခၚသြားလိုက္သည္ ။
လုဖုန္းက ေဆးရံုခန္းထဲတြင္ ႏိုးလာၿပီးေနာက္ ပတ္ဝန္းက်င္ကို ၾကၫ့္လ်က္ ၿငိမ္သက္လြန္းမက တည္ၿငိမ္ေနေလသည္ ။ သူက ျပတင္းေပါက္မွ တဆင့္ ေကာင္းကင္ျပာျပာအား ေငးၾကၫ့္ေနခဲ့သည္ ။
" ဘယ္ဟာက အစစ္အမွန္လဲ ?? " သူက ခပ္လွမ္းလွမ္းတြင္ ဆရာဝန္နဲ႔ ေဆြးေနြးေနခဲ့သၫ့္ ခ်င္ယြင္အား လွမ္းၾကၫ့္လိုက္သည္ ။ အသက္ႏွစ္ဆယ္ေက်ာ္သာ ရိွေသးသၫ့္ ခ်င္ယြင္ခ်ီ သည္ ၾကၫ့္ေကာင္းသၫ့္ ရုပ္ရည္ရိွကာ ေတာင့္တင္းသၫ့္ ေနာက္ခံနဲ႔ ကိုယ္တိုင္ကလဲ စြမ္းရည္ရိွေသးသည္ ။ သူနာျပဳမေလးမ်ားသည္ ထိုသူအား ေပၚတင္ပင္ ေငးၾကၫ့္ေနခဲ့ၾကသည္ ။
' သူ႔အပိုင္ျဖစ္တဲ့... ဒီလူကေရာ .. '
" သက္သာရဲ့လား .. ဘယ္နားေနမေကာင္းတာ ရိွေသးလဲ " ခါးကိုင္းကာ ေမးလာသၫ့္ ထိုသူ၏ ပါးျပင္အား အသာလွမ္းထိမိလိုက္သည္ ။ တကယ္လို႔ သူထိလိုက္လို႔ ပံုရိပ္ေယာင္ျဖစ္ေနခဲ့ရင္ ဘယ္လိုလုပ္မလဲ ။ ေပ်ာက္ကြယ္သြားရင္ ဘယ္လိုလုပ္မလဲ ..။
လုဖုန္း၏ လက္မ်ားသည္ ေလထဲမွာပင္ ရပ္တန႔္သြားခဲ့သည္ ။ သူက ဒါသည္ ပံုရိပ္ေယာင္မဟုတ္ဘူး အစစ္အမွန္ဟု အတည္ျပဳခ်င္ေနခဲ့ေသာ္လည္း အတည္ျပဳဖို႔ ေၾကာက္ရြံ႔ေနမိသည္ ။
ခ်င္ယြင္ခ်ီ က လုဖုန္း၏ ထူးဆန္သၫ့္ အျပဳအမႈကို စိတ္ထဲမထားဘဲ လက္ကို ဆုပ္ကိုင္လိုက္သည္ ။ လုဖုန္း ေမ့လဲသြားသၫ့္ အခ်ိန္ကို အခုထိ မေမ့ခဲ့ေသးေပ ။ သူသည္ ထိုသူကို တစ္ခါဆံုးရႈံးခဲ့ဖူးသၫ့္အလား ခံစားလိုက္ရသည္ ။ နာက်င္မႈက သူရခဲ့ဖူးသၫ့္ ေသနတ္ဒဏ္ရာထက္ေတာင္ အဆမ်ားစြာဆိုးရြားေသးသည္ ။ သူ ဆုပ္ကိုင္ထားသၫ့္ လက္သည္ ေအးစက္သြားခဲ့ရင္ ဆိုသၫ့္ စိတ္က .. သူ႔အား ရူးသြပ္လုမတက္ျဖစ္ေစသည္။
လက္မွ အထိအေတြ့ေၾကာင့္ လုဖုန္း၏ ေၾကာက္စိတ္မ်ားသည္ အနည္းငယ္လြင့္ျပယ္သြားခဲ့သည္။ သူက ခ်င္ယြင္ခ်ီ အား ရင္ခြင္ထဲ ထၫ့္ဖက္လိုက္ရင္း တင္းက်ပ္စြာ ဖက္ထားမိသည္ ။
' ဒါက အစစ္အမွန္မဟုတ္ေတာ့ေရာ ဘာအေရးလဲ .. ဒီလူက သူ႔ေရ႔ွမွာ ရိွေနခဲ့ၿပီ.. '
_______________________
အခ်ိန္မဟုတ္အခါမဟုတ္ ထထတင္တဲ့ အက်င့္ဆိုးက ထလာျပန္ၿပီ...🙂
______________
Unicode
ချင်ယွင်ချီ သည် ထွက်ခွာသွားသည့် လုဖုန်းကို ကြည့်လိုက်ပြီး သူက တစ်ချိန်က သူဂရုမစိုက်ခဲ့သည့် လက်ထပ်ပွဲ ကိစ္စကို ဖြေရှင်းရန် လိုပြီဟု သိလိုက်ရသည် ။ သူက ဒီလူကို ထပ်ပြီး နာကျင်အောင် မပြုလုပ်နိုင်ပေ ။
နောက်တစ်နေ့တွင် လုဖုန်းက တံတိုင်းကျော်ရန် ပြင်လိုက်ပြီးမှ ချင်ယွင်ချီ၏ စကားကို ပြန်သိရလိုက်ကာ ခြံအပြင်သို့ ဦးတည်လိုက်လေသည် ။ အကျင့်ဆိုတာ ဖျောက်ရခက်သား လူက တံတိုင်းဘဲ ကျော်ချင်နေတယ် .. ဟားးဟားး
" ကိုကို!!! "
လုဖုန်း၏ ရယ်သံက တန့်သွားကာ အထုပ်အပိုးများနဲ့ ကျိုးယဲ့ဟန်ကြောင့် ခေါင်းပင်ကိုက်လာသလိုလို ခံစားလိုက်ရသည် ။ ကျိုးယဲ့ဟန်က ခြံတံခါးကို ဖွင့်လျက် အိမ်ထဲသို့ ဦးတည်လိုက်လေသည် ။ မသိရင် ခရီးကနေ အိမ်ပြန်လာသည့် သားလိမ္မာလေးအလား ။
" အာ... ရူးချင်တာဘဲ " လုဖုန်းက ဖွင့်လျက် ကျနိနေခဲ့သည့် တံခါးနဲ့ အိမ်ထဲသို့ တည့်တည့်မတ်မတ်ဝင်သွားသည့် ကျိုးယဲ့ဟန်ကို တစ်လှည့်စီ ကြည့်လိုက်ရင်း နထင်းအား ဖိနှိပ်လိုက်သည် ။ သူ့အား ခက်ခဲအောင်လုပ်နိုင်သည့်ကိစ္စသည် အလွန်ရှားသော်လည်း ဒီကျိုးယဲ့ဟန် ကြောင့် အတော်လေး ခေါင်းကိုက်နေရသည် ။
" နေ... နေစမ်းပါဦး.. အဲ့နားမှာ ရပ်!!! " အိမ်ပေါ်သို့ တက်ရန် ခြေလှမ်းနေသည့် ကျိုးယဲ့ဟန်ကြောင့် လှမ်းအော်လိုက်ရသည် ။ ဟူး..မနေ့ကထက် ဒီနေ့ ပိုစိတ်ရှုပ်နေရပါလား ။
သူက ခြံအပြင်သို့ လက်ညိုးထိုးလိုက်ကာ " ကိုယ့်အိမ်ကိုယ် ပြန်စမ်း... အခုချက်ချင်း!! " အခုလိုမျိုးတွေ ဆက်လုပ်နေရင် သူက လူသတ်မိလိမ့်မယ် ..။ ဒါ့အပြင် ကျိုးယဲ့ဟန်အတွက် သူနဲ့ အဝေးတကာ့ အဝေးဆုံးတွင် နေခြင်းက အကောင်းဆုံးဖြစ်သောကြောင့်ပင် ။
ကျိုးယဲ့ဟန်က ဆုံးဖြတ်ချက်ခိုင်မာနေသည့် အကြည့်ဖြင့် သူ့အားကြည့်လာလေသည် ။ " မပြန်ဘူး!! "
" ကျိုးယဲ့ဟန်!!! ဒီသခင်လေးက အဲ့လောက် စိတ်မရှည်ဘူးနော်..ငါက ထွက်သွားဆို... ထွက်သွားလိုက် " လုဖုန်း၏ ရွှေကိုင်းမျက်မှန်က အေးစက်စက် အလင်းတစ်ချက် လက်သွားခဲ့သည် ။ သူသည် လုဖုန်း၏ အေးဆေး တည်ငြိမ်သည့် ပုံစံကိုပင် ဆက်လက် မလုပ်ဆောင်ခဲ့တော့ပေ ။
ကျိုးယဲ့ဟန် သည် လုဖုန်း၏ အေးစက်စက်အကြည့်ကို မခံနိုင်တော့သည့်အလား နာကျင်စွာပြောလာလေသည် ။
" ကိုကို သိရဲ့လား...ငယ်ငယ်ကတည်းက ကိုယ်ချစ်တဲ့သူရဲ့ မုန်းတီးမှုကို ခံနေရတဲ့ ခံစားချက် .. ကိုယ်ချစ်ရတဲ့သူက အခြားတစ်ယောက်ကို ဘဝတစ်ခုလို မှတ်ယူနေတာကို ကြည့်နေခဲ့ရတဲ့ ခံစားချက် .."
" ဘယ်လောက်ထိ ကျွန်တော့်ကို နာကျင်စေချင်တာလဲ .. ဘယ်လောက်ထိ ခံစားရမှ ကျေနပ်နိုင်မှာလဲ .."
" ဒီတိုင်းလေး ကျွန်တော် ရှေ့မှာ ရှိနေဖို့ ဘယ်လောက်တောင်မှ ကြိုးစားခဲ့ရလဲ .. မုန်းတီးတဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေခဲ့တာတောင် တည်ရှိမှုလေး တစ်ခုနဲ့တင် ကျေနပ်နေခဲ့တာမို့....ဒါလေးတောင် မပေးနိုင်ဘူးလား "
အဲ့ဒီ နူးညံ့ညင်သာတဲ့ အပြုံးတွေ အကြည့်တွေက ဘယ်တော့မှ သူ့အတွက်မဟုတ်ခဲ့ဘူး .. ။
လုဖုန်းက တုန်လှုပ်နေသည့် ရင်ဘတ်အား ဖိလိုက်သည် ။ ဒါသည် အရင်လုဖုန်း၏ ခံစားချက်များပင် ။ သူက ပြောရင်း မျက်ရည်ကျနေခဲ့သည့် ကျိုးယဲ့ဟန်အား ကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည် ။ ဒီဇာတ်လိုက်က မသေချာတဲ့အချစ်ကို ငယ်ကတည်းက စိုက်ပျိုးလာတာဘဲ ။ ကွေ့လန်အာ ကို လုဖုန်း ကြံစည်တုန်းက အကြီးအကျယ် ပေါက်ကွဲခဲ့တာ မထူးဆန်းတော့ဘူး ။ သူက ကွေ့လန်အာကြောင့် မဟုတ်ဘဲ လုဖုန်းကြောင့် ဖြစ်ခဲ့တာဘဲ ... ။ တကယ်လို့ လုဖုန်းသာ ပြန်လည်မွေးဖွားနိုင်ခဲ့ရင် .. ကောင်းမွန်တဲ့ အဆုံးသတ်ရဖို့ ကြိုးစားနိုင်လိမ့်မယ် ...
ဒါပေမဲ့...
လုဖုန်း၏ အကြည့်က တည်ငြိမ်သွားကာ ကျိုးယဲ့ဟန် ထံသို့လျှောက်သွားလိုက်သည် ။ သူက ခေါင်းပုတ်ပေးရန် လက်ထုတ်လိုက်သော်လည်း ပြန်ရုတ်သိမ်းလိုက်သည် ။
" သေချာနားထောင် .. ငါက သူမဟုတ်..အားးး" လုဖုန်းက ရုတ်တရက် ထိုးကိုက်လာသည့် ခေါင်းကို ဖိကိုင်လိုက်သည် ။
/OOC!!! OOC!!! /
" ကိုကို!!! ကိုကို!!! ဘာ.. ဘာဖြစ်တာလဲ " သူသည် ကျိုးယဲ့ဟန်၏ စိတ်ပှုနေသည့် အသံကို ကြားလိုက်သော်လည်း ပြန်ဖြေနိုင်ဖို့ အားမရှိပေ ။
ခေါင်းထဲတွင် မှတ်ဉာဏ်များသည် အစီအရီ ပေါ်လာခဲ့သည် ။ သူက အောင်မြင်နေတဲ့ စီးပွားရေးသမားတစ်ယောက်.. သူတက်ရောက်ခဲ့တဲ့ ပါတီပွဲ ၊ သတင်းစာ ရှင်းလင်းပွဲ ၊ လက်မှတ်ထိုးပွဲ ၊ အရာအားလုံးသည် နောက်တစ်ကြိမ်ပြန်ပြသည့်အလား ပေါ်လာခဲ့သည် ။ ' ငါ.. ငါ့မှတ်ဉာဏ်တွေမလား.. ဒါတွေက ဘာဖြစ်လို့ တစစီဖြစ်နေ.. အားးး ' သူ့ခေါင်းအား အခုချိန်တွင် တူနဲ့ ထုနေသည့်အလား နာကျင်မှုကို ခံစားနေရသည် ။
ထိုအစစ်အမှန်ဟု ထင်မှတ်ရသည့် ပုံရိပ်များသည် ပုံရိပ်ယောင်အလား တစ်ဖျတ်ဖျတ်ဖြစ်နေခဲ့ပြီး လူတစ်ယောက်၏ ပုံပေါ်ပေါ်လာသည် ။ ထိုလူသည် သူနဲ့ တစ်ပုံစံတည်း ဖြစ်နေခဲ့ပြီး အခန်းတစ်ခုထဲတွင် လှဲလျောင်းနေခဲ့ကာ သတိမေ့နေသည့်ပုံပင် ။
' ဒါ.. ဒါပေမဲ့.. ဆေးရုံမဟုတ်ဘဲ .. အားး ဘာလို့.. ဘာလို့ စမ်းသပ်ခန်းလဲ '
" လုဖုန်း!!! လုဖုန်း!!! " သူ့နာမည်ခေါ်ရင်း ပြေးလာနေသည့် ချင်ယွင် အား အသာပြုံးပြရင်း မေ့လှဲသွားခဲ့သည် ။ ' ဘာလို့.. ငါထင်နေတဲ့ အရာအားလုံးက အစစ်အမှန်မဟုတ်ရတာလဲ ..ချင်ယွင်. မင်းကရော .. ပုံရိပ်ယောင်သက်သက်ပဲလား '
ကျိုးယဲ့ဟန် က လုဖုန်းအား ပွေ့ချီရန် လုပ်လိုက်သော်လည်း ချင်ယွင်ချီ၏ တွန်းလှဲခြင်းကိုသာ ခံလိုက်ရသည် ။ ချင်ယွင်က လုဖုန်းအား ချီမလိုက်ကာ ကျိုးယဲ့ဟန်အား အေးစက်စွာ ကြည့်လိုက်သော်လည်း ဘာမှမပြောခဲ့ပေ ။ သူက လုဖုန်းအား ဆေးရုံသို့ အလျင်အမြန်ခေါ်သွားလိုက်သည် ။
လုဖုန်းက ဆေးရုံခန်းထဲတွင် နိုးလာပြီးနောက် ပတ်ဝန်းကျင်ကို ကြည့်လျက် ငြိမ်သက်လွန်းမက တည်ငြိမ်နေလေသည် ။ သူက ပြတင်းပေါက်မှ တဆင့် ကောင်းကင်ပြာပြာအား ငေးကြည့်နေခဲ့သည် ။
" ဘယ်ဟာက အစစ်အမှန်လဲ ?? " သူက ခပ်လှမ်းလှမ်းတွင် ဆရာဝန်နဲ့ ဆွေးနွေးနေခဲ့သည့် ချင်ယွင်အား လှမ်းကြည့်လိုက်သည် ။ အသက်နှစ်ဆယ်ကျော်သာ ရှိသေးသည့် ချင်ယွင်ချီ သည် ကြည့်ကောင်းသည့် ရုပ်ရည်ရှိကာ တောင့်တင်းသည့် နောက်ခံနဲ့ ကိုယ်တိုင်ကလဲ စွမ်းရည်ရှိသေးသည် ။ သူနာပြုမလေးများသည် ထိုသူအား ပေါ်တင်ပင် ငေးကြည့်နေခဲ့ကြသည် ။
' သူ့အပိုင်ဖြစ်တဲ့... ဒီလူကရော .. '
" သက်သာရဲ့လား .. ဘယ်နားနေမကောင်းတာ ရှိသေးလဲ " ခါးကိုင်းကာ မေးလာသည့် ထိုသူ၏ ပါးပြင်အား အသာလှမ်းထိမိလိုက်သည် ။ တကယ်လို့ သူထိလိုက်လို့ ပုံရိပ်ယောင်ဖြစ်နေခဲ့ရင် ဘယ်လိုလုပ်မလဲ ။ ပျောက်ကွယ်သွားရင် ဘယ်လိုလုပ်မလဲ ..။
လုဖုန်း၏ လက်များသည် လေထဲမှာပင် ရပ်တန့်သွားခဲ့သည် ။ သူက ဒါသည် ပုံရိပ်ယောင်မဟုတ်ဘူး အစစ်အမှန်ဟု အတည်ပြုချင်နေခဲ့သော်လည်း အတည်ပြုဖို့ ကြောက်ရွံ့နေမိသည် ။
ချင်ယွင်ချီ က လုဖုန်း၏ ထူးဆန်သည့် အပြုအမှုကို စိတ်ထဲမထားဘဲ လက်ကို ဆုပ်ကိုင်လိုက်သည် ။ လုဖုန်း မေ့လဲသွားသည့် အချိန်ကို အခုထိ မမေ့ခဲ့သေးပေ ။ သူသည် ထိုသူကို တစ်ခါဆုံးရှုံးခဲ့ဖူးသည့်အလား ခံစားလိုက်ရသည် ။ နာကျင်မှုက သူရခဲ့ဖူးသည့် သေနတ်ဒဏ်ရာထက်တောင် အဆများစွာဆိုးရွားသေးသည် ။ သူ ဆုပ်ကိုင်ထားသည့် လက်သည် အေးစက်သွားခဲ့ရင် ဆိုသည့် စိတ်က .. သူ့အား ရူးသွပ်လုမတက်ဖြစ်စေသည်။
လက်မှ အထိအတွေ့ကြောင့် လုဖုန်း၏ ကြောက်စိတ်များသည် အနည်းငယ်လွင့်ပြယ်သွားခဲ့သည်။ သူက ချင်ယွင်ချီ အား ရင်ခွင်ထဲ ထည့်ဖက်လိုက်ရင်း တင်းကျပ်စွာ ဖက်ထားမိသည် ။
' ဒါက အစစ်အမှန်မဟုတ်တော့ရော ဘာအရေးလဲ .. ဒီလူက သူ့ရှေ့မှာ ရှိနေခဲ့ပြီ.. '
_______________________
အချိန်မဟုတ်အခါမဟုတ် ထထတင်တဲ့ အကျင့်ဆိုးက ထလာပြန်ပြီ...🙂
______________