တဝူးဝူးေလတိုးသံေတြႏွင့္အတူ ေက်ာခင္းရာေနရာမွမာေက်ာက်စ္လစ္တဲ့အရာေတြေၾကာင့္ က်ိန္းစပ္ေနတဲ့မ်က္ဝန္းေတြကိုအားယူၿပီးဖြင့္လိုက္မိသည္။မ်က္လုံးဖြင့္ဖြင့္ခ်င္းတြင္ အမည္းေရာင္ကတၱီပါစေပၚတြင္ သ႑ာန္စုံလင္စြာထြန္းလင္းေနတဲ့ၾကယ္စင္မ်ားကိုေတြ႕လိုက္ရတာမို႔ အနည္းငယ္ေၾကာင္သြားသည္။တစ္ကိုယ္လုံးေညာင္းကိုက္ေနတာမို႔ လက္ကေလးေတာင္မလႈပ္ခ်င္ပါ။သူဘယ္ေရာက္ေနျပန္တာလဲ....ကြဲအက္နာက်င္ေနေသာလည္ေခ်ာင္းေၾကာင့္ မႉးေခါင္မ်က္ႏွာမွာရႈံ႕မဲ့လာသည္။ဟင္ နာရီစင္ေပၚတကယ္ေရာက္ေနတာေတာ့မဟုတ္ေလာက္ပါဘူး။အိမ္မက္ပဲျဖစ္ပါရေစ ကံၾကမၼာေရ ဒီလိုႀကီးေတာ့မက်ီစားပါနဲ႕။ နာက်င္မႈ႕ေတြကိုလ်စ္လ်ဴရႈ႕ကာ ေခါင္းကိုအတင္းေထာင္ရင္း လက္ေထာက္ထရသည္။သူလွဲေနသည့္ေနရာသည္ လႈပ္ရမ္းေနကာ ေလကိုခြင္း၍သြားေနသလိုခံစားရသည္။
ဘာႀကီးလဲ.. ကားႀကီးလား သူဘယ္ေရာက္သြားတာလဲ..မဟုတ္မွ အခ်ိန္ခရီးသြားကုန္တာလား ဒါမွမဟုတ္ ျပန္လည္ေမြးဖြားလာတာလား ၊ တစ္ခုမွမဟုတ္ဘူးဆို အျခားကမာၻကိုေရာက္သြားတာလား..အကၡရာကေရာ ဘယ္ေရာက္သြားတာလဲ တကယ္ႀကီးျဖစ္ခဲ့တာလား ဟင့္အင္းအဲ့လိုမျဖစ္ရဘူးေနာ္
မႉးေခါင္ ရႈပ္ေထြးေနတဲ့ဦးေႏွာက္ကိုအလ်င္အျမန္အလုပ္ေပးရင္း အက်ိဳးအေၾကာင္းဆက္စပ္ေအာင္စဥ္းစားေနရသည္။အေၾကာင္းအရာတခ်ိဳ႕ကို စဥ္းစားၿပီးေနာက္ ထိုအေၾကာင္းအရာမွာအိမ္မက္ျဖစ္ေနေၾကာင္းသိရွိမွ သက္ျပင္းခ်နိဳင္သည္။ဒါနဲ႕ ေနပါဦး သူကမေန႕ကေက်ာင္းမွာေလ အခုဘယ္ေရာက္သြားတာလဲ။
"အင္းးဟင္းးး အင္းးးးးအင္းးးး"
နံေဘးဆီမွညီးၫူးသံေလးေၾကာင့္ လွည့္ၾကည့္မိေတာ့ မ်က္လုံးအစုံက ျပဴးက်ယ္သြားသလို ႏႈတ္ခမ္းအစုံကလဲတုန္ယင္သြားသည္။လက္ကိုအားတင္းဆန႔္ရင္း ၾကယ္အလင္းေရာင္တခ်ိဳ႕ေၾကာင့္ျမင္ေနရတဲ့ ဆံပင္နီနီေလးဆီသို႔လွမ္းထိလိုက္မိသည္။
"တ ....တကယ္ႀကီးပဲ..."
ေနာက္ေက်ာေပးေနေသာခႏၶာကိုယ္ေလးကို ဆြဲလွည့္ေတာ့ မ်က္ႏွာလွလွေလးေပၚလာသည္။အေႏြးထည္ကိုေဖာက္ထြက္လာတဲ့အပူေငြ႕ေၾကာင့္ စိုးရိမ္စိတ္ကဟုန္းခနဲေတာက္လာသည္။ဆံပင္ေလးေတြေဝ့ဝဲေနတဲ့နဖူးျပင္ေလးေပၚ လက္တင္ၾကည့္ေတာ့ပူျခစ္ေနသည့္အေငြ႕ကတန္းႀကိဳဆိုသည္။
"ဖ်ားေနတယ္..ဘယ္လိုလုပ္ရမလဲ..အခုကဘယ္မွာလဲ..."
အေမွာင္ထဲမွာအနည္းငယ္က်င့္သားရလာေတာ့ ပတ္ဝန္းက်င္ကိုစူးစမ္းရသည္။
"ဒါ အသီးေတြလား "
ေျပာင္ေခ်ာေခ်ာႏွင့္ အလုံးႀကီးေတြမို႔ မႉးေခါင္အတက္သိလိုက္ပါၿပီ။ဖရဲသီး သူတို႔ကဖရဲသီးကားေပၚဘယ္လိုေရာက္လာတာလဲ။မေန႕ညက အေအးေသာက္ၿပီး ဘာေတြဆက္ျဖစ္ကုန္တာလဲ။ဦးေႏွာက္ထဲမွာ အလုံးစုံကရႈပ္ေထြးေနေပမဲ့ ဒီကိစၥနဲ႕ပတ္သတ္တဲ့ အေျဖကေတာ့တစ္ခုမွမရွိပါ။
"အား ခ်မ္းတယ္ အဟင့္...."
အသံတိုးတိုးေလးက မႉးေခါင္ရဲ႕စိတ္ႏွလုံးကိုအလုံးစုံစြဲေဆာင္သြားသည္။သူ႕မွာ ေျခမကိုင္မိလက္မကိုင္မိနဲ႕ ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိျဖစ္ေနသည္။သူတစ္ခုခုမွားသြားလို႔ အိမ္မက္ထဲကလို ခုန္ခ်သြားရင္ေရာ။မလုပ္ေလာက္ပါဘူး ဟူး...။
အကၤ်ီခြၽတ္ၿပီး ၿခဳံေပးမယ္လုပ္ေတာ့လဲေလကအရမ္းတိုက္ေနသည့္အျပင္ သူ႕အကၤ်ီကေက်ာင္းယူနီေဖာင္းရွပ္ျဖစ္သည္။မတက္သာတဲ့အဆုံးမွာေတာ့ ေျခာက္ကပ္ေနေသာလည္ေခ်ာင္းထဲသို႔တံေတြးမ်ိဳခ်ရင္း ပူျခစ္ေနေသာကိုယ္ေလးကို ရင္ခြင္ထဲထည့္ကာဖြဖြေလးေထြးဖက္ထားလိုက္သည္။
တအင္းအင္းညီးရင္း သူ႕ရင္ခြင္ထဲကိုေဖာက္ဝင္မတက္တိုးကပ္လာတဲ့ေကာင္ေလးအား မႈန္ဝါးဝါးအလင္းေရာင္ကိုအားျပဳရင္းစူးစိုက္ၾကည့္ေနမိသည္။သူ႕ရဲ႕လည္ပင္းနားမ်က္ႏွာအပ္ထားတာမို႔ဝင္သက္ထြက္သက္ပူပူေႏြးေႏြးေတြကတိုက္ရိုက္ထိကပ္ေနသလို ႏူးညံ့ေနတဲ့ဆံသားေလးေတြက သူ႕ေမးေစ့ကိုလာထိကပ္ေနသည္။ထိုဆံသားႏုႏုကိုေခါင္းအပ္ကာ တဝႀကီးေမႊးၾကဴလိုက္ရင္ မ်က္ရည္တခ်ိဳ႕ကစီးက်လာသည္။
"ေတာ္ေသးတာေပါ့ ေတာ္ေသးလို႔ ထားခဲ့ဖို႔မစဥ္းစားပါနဲ႕ေတာ့ေနာ္..အိမ္မက္တစ္ခုနဲ႕တင္ အႀကိမ္ႀကိမ္ေသဖို႔လုံေလာက္ပါၿပီ..ကိုကိုေတာင္းပန္တယ္ေနာ္ ကိုကို႔ကေလးေလး..."
ရင္ခြင္ထဲကပူျခစ္ေတာက္ေနတဲ့ကိုယ္ေလးကို အသာေပြ႕ပိုက္ရင္း မ်က္ဝန္းအစုံကိုေခတၱအနားေပးလိုက္သည္။
"ေဟ့ ေကာင္ေလးေတြ ထစမ္း ဘယ္ကေနေရာက္လာတာလဲ မင္တို႔ဘယ္သူေတြလဲ.."
ေျခေထာက္ကိုလႈပ္ႏွိုးေနတဲ့ထိေတြ႕မႈ႕အျပင္အသံဝါဝါႀကီးေၾကာင့္ မႉးေခါင္မ်က္လုံးေတြဖြင့္လိုက္ရသည္။ေနလုံးမွာ ေခါင္းေပၚတည့္တည့္ေရာက္ေနၿပီး ရင္ခြင္ထဲကေကာင္ေလးကလဲ အပူရွိန္မက်သည့္အျပင္မ်က္ႏွာတစ္ခုလုံးကေပါက္ထြက္မတက္ရဲတြတ္ေနသည္။
"ဒီမွာ က်ဳပ္ေမးေနတာေျဖေလ ကားေပၚကေနကန္ခ်လိဳက္ရမွာလား.."
ထိုအခါမွမႉးေခါင္အသိဝင္လာၿပီး ေကာင္ေလးကိုေဘးအသာခ်ၿပီး ထိုလူႀကီးကိုၾကည့္ကာ..
"မဂၤလာပါခင္ဗ်..ကြၽန္ေတာ္တို႔က Mၿမိဳ႕ကပါ။ကြၽန္ေတာ္တို႔ေက်ာင္းမွာ ပါတီလုပ္ရင္း ဒီကားေပၚဘယ္လိုေရာက္လာမွန္းမသိလို႔ပါခဗ် အခုဘယ္ေနရာေရာက္ေနတာလဲခင္ဗ်.."
ေျခာက္ေသြ႕ေနတဲ့လည္ေခ်ာင္းက အသံကိုေပးမထြက္ေစခ်င္သလိုတြန႔္တို႔ေနတာေၾကာင့္ မႉးေခါင္အသံမွာတိုးလ်ကာအားမပါေပ။
"အဲ့တာကို က်ဳပ္ကဘာလုပ္ရမွာလဲ...က်ဳပ္သိခ်င္တာ ကားေပၚဘယ္လိုပါလာတာလဲ.."
"ကြၽန္ေတာ္လဲအဲ့တာကိုစဥ္းစားေနတာပဲ ကားေပၚဘယ္လိုပါလာမွန္ ဘယ္လိုေရာက္လာမွန္းစဥ္းစားမရဘူး..အားနာေပမယ့္ ကြၽန္ေတာ္တို႔ကိုကူညီေပးပါ ကေလးကဖ်ားေနတာ.."
"ဟင္း ရႈပ္ရႈပ္ယွက္ယွက္ေတြ က်ဳပ္ကဖရဲသီးလာပို႔တာ ေနာက္ႏွစ္ရက္ေနရင္ေအာက္ဘက္ျပန္ဆင္းမွာ က်ဳပ္အသိအိမ္မွာခဏသြားေနလိုက္ က်ဳပ္ပို႔ေပးမယ္.."
"ဟုတ္ကဲ့ ေက်းဇူးပါခင္ဗ် ကြၽန္ေတာ္တို႔ၿမိဳ႕ျပန္ေရာက္...."
"မလိုဘူး မလိုဘူး မင္းတို႔ကေက်ာင္းသားေလးေတြမို႔ငါကူညီေပးတာ ေတာ္ၾကာနယ္စပ္မွာ မဟုတ္တဲ့သူလက္ထဲေရာက္သြားလို႔ေရာင္းစားခံရရင္ မင္းတို႔မိဘေတြရင္က်ိဳးရဦးမယ္... "
"ဟုတ္ ဟုတ္ ေက်းဇူးပါ ...."
🌸🌸🌸🌸🌸🌸🌸
"ကဲ ကိုကံေရ အျဖစ္အပ်က္ကေတာ့အဲ့လိုပဲ ဒီေတာ့ခင္ဗ်ားကပဲ ႏွစ္ရက္ေလာက္ဧည့္သည္လက္ခံေပးဦး.."
"ေတာ္ေသးတာေပါ့ ဖရဲက တစ္ဝက္ပဲတင္လာလို႔ အျပည့္ဆိုလိမ့္က်ရင္က်မွာ ေျပာမရဘူး..ကဲ စိတ္ခ် ကိုညိုေမာင္ေရ ေက်ာင္းသားေလးေတြပဲ ကူညီရမွာေပါ့.."
"ေက်းဇူးတင္ပါတယ္ ဦးေလးတို႔ ဒါနဲ႕ဖုန္းရွိလားဟင္.."
"ဖုန္း? မရွိပါဘူးကြယ္ က်ဳပ္တို႔ကဘယ္သူ႕ဆီမွလဲ ဆက္သြယ္စရာမရွိဘူးဆိုေတာ့ အပိုျဖစ္ေနမွာမို႔မဝယ္ဘူး.."
ဟင္ ေလာကႀကီးမွာ ဒီလိုလူေတြလဲရွိေသးတာလား။ဘာပဲေနေနဒီလိုကူညီတာကိုပဲေက်းဇူးတင္ရဦးမွာ။ မႉးေခါင္သက္ျပင္းခ်ရင္း သူ႕ပုခုံးေပၚတြင္မွီအိပ္ေနေသာေကာင္ေလးကိုၾကည့္လိုက္သည္။အခုခ်ိန္ထိမ်က္လုံးတစ္ခ်က္မွမဖြင့္ေသးဘူး။ကားေပၚကေန ခက္ခက္ခဲခဲေပြ႕ၿပီးဆင္းရတယ္။ေတာ္ေသးတယ္ႏွစ္ေယာက္သားဂြၽမ္းထိုးမက်လိဳ႕။
"ကဲ ေမာင္ေက်ာင္းသားေလး ကေလးကိုဒီမွာခ်သိပ္လိုက္ပါကြယ္။သူ႕ခမ်ာေညာင္းညာေနေရာေပါ့..."
ထန္းလက္ေတြနဲ႕ေဆာက္ထားတဲ့ေျမစိုက္တဲေလးကေအးေအးေလးႏွင့္ေနလို႔ေကာင္းလွသည္။ဖ်ာၾကမ္းေလးခင္းထားၿပီး ႀကိမ္ေခါင္းဦးေလးခ်ထားတဲ့ ကုတင္ပုေလးေပၚေပ်ာ့ေခြေနတဲ့ေကာင္ေလးကိုတင္ၿပီး ဖ်င္ေစာင္ပါးေလးၿခဳံေပးထားလိုက္သည္။အသက္ရႈမွန္မွန္နဲ႕အိပ္ေနေပမဲ့ ကိုယ္ပူကေတာ့မက်ေသးေပ။
"ကဲ ေမာင္ေက်ာင္းသားတို႔စားဖို႔ က်ဳပ္ဟင္းခ်က္ဦးမယ္..ကိုယ့္အိမ္လိုသေဘာထားေန ၿခံျပင္ေတာ့မထြက္နဲ႕ဟုတ္ပလား.."
"ဟုတ္ကဲ့ ေရဘယ္နားမွာရွိလဲခင္ဗ် ေရပတ္ေလးတိုက္ေပးခ်င္လို႔.."
"အိမ္ေနာက္က စဉ့္အိုးထဲေရရွိတယ္ ေရတြင္းထဲကေတာ့မခပ္နဲ႕ ျပဳတ္က်မယ္ အေပါ့အပါးသြားခ်င္ရင္လဲအေနာက္မွာပဲ..."
"ဟုတ္..."
ဦးေလးႀကီးထြက္သြားတဲ့ေနာက္ မႉးေခါင္ပါလိုက္သြားၿပီးေရခြက္ေလးႏွင့္ေရထည့္လာလိုက္သည္။ဦးေလးႀကီးကအဝတ္အစားေတြပါထုတ္ေပးသြားတာျဖစ္ေပမယ့္ ေရပတ္တိုက္ဖို႔မပါ။ေရပတ္တိုက္ဖို႔ကို မႉးေခါင္အကၤ်ီကိုပဲအသုံးျပဳရမည္။ဘာလို႔လဲဆိုေတာ့ သူ႕အကၤ်ီကအပါးဆုံးမို႔လို႔ျဖစ္သည္။ ၿပီးမွသူလဲေရခ်ိဳးၿပီး အဝတ္အစားတစ္ခါတည္းလဲေတာ့မယ္။
အကၤ်ီခြၽတ္ၿပီးမွ အကၤ်ီက အျဖဴကေနအဝါေရာင္ေပါက္ခ်င္ေနတာမို႔ အရင္သြားေလွ်ာ္ရသည္။အဝတ္ေလွ်ာ္ၿပီးျပန္လာခ်ိန္တြင္ ကုတင္ေပၚတြင္ငုတ္တုတ္ထိုင္ကာ မ်က္ရည္ေတြက်ေနတဲ့ေကာင္ေလးေၾကာင့္ တစ္ဖန္စိုးရိမ္လာရျပန္သည္။
"အကၡရာ ဘာျဖစ္လို႔လဲ..ဘာလို႔ငိုေနတာလဲ ေခါင္းကိုက္လို႔လား..."
မႉးေခါင္အသံၾကားမွ မ်က္ဝန္းနီနီေလးေတြက သူ႕ကိုျမင္ပုံရသလို ေၾကာင္ၾကည့္လာသည္။ဒါေပမဲ့အခုမွအားကိုးရသြားသလိုမ်ိဳး အသံပါထြက္ေအာင္ငိုလာပါေတာ့သည္။မႉးေခါင္မွာလဲ ေရစိုေနတဲ့အကၤ်ီႀကီးကိုင္ၿပီး ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိေအာင္ပင္ျပာယာခပ္ေနသည္။
"မငိုပါနဲ႕ကြာ ေနာက္ႏွစ္ရက္ေနရင္အိမ္ျပန္ရမွာသိလား.."
"အု ဘယ္...ေရာက္..အင့္.. ေနတာလဲ အင့္.."
"ဟို နယ္စပ္တဲ့ကြာ ငါလဲမသိဘူး..မင္းဖ်ားေနတာသိတယ္မလား ေနရသက္သာေအာင္ငါေရပတ္တိုက္ေပးမယ္.."
ေကာင္ေလးမွာ မ်က္ရည္အ႐ႊဲသားနဲ႕မ်က္ႏွာေလးရႈံ႕မဲ့ရင္းသေဘာေပါက္ပုံလဲမေပၚဘဲ မႉးေခါင္ကိုသာၾကည့္ၿမဲၾကည့္ေနသည္။မ်က္ရည္ေတြေပသလူးေနၿပီး မ်က္လုံးေအာက္ေတြညိုမဲေနတဲ့ေကာင္ေလးကို ၾကည့္ၿပီးရယ္လဲရယ္ခ်င္သလို ရယ္လဲမရယ္ရက္ေပ ...
"ကဲလာ ဒီကိုကိုကအကၤ်ီခြၽတ္ေပးမယ္ မင္းေလးက ၿငိမ္ၿငိမ္ေလးေန.."
"ဟင္.."
"ဪ ေရပတ္တိုက္ဖို႔ေလ..."
ထိုအခါမွ လက္ေလးႏွစ္ဖက္ကို ျမႇောက္ေပးကာ မႉးေခါင္ကိုမ်က္လုံးျပဴးေလးႏွင့္ၾကည့္ၿမဲၾကည့္ေနသည္။အာ ဘာေလးလဲကြာ..မႉးေခါင္တစ္ခ်က္ရယ္ကာ Hoodieအမည္းေလးကိုအသာဆြဲခြၽတ္ေပးလိုက္သည္။အကၤ်ီခြၽတ္ေပးခ်ိန္ ဆံပင္ေတြကပါလိုက္ပါလာတာမို႔ ေခါင္းေပၚေထာင္ေထာင္ ေထာင္ေထာင္နဲ႕ၾကက္ေမာက္သီးေလးက်လိဳ႕။
မ်က္ႏွာေတြ လည္ပင္းေတြ ရင္ဘက္ေတြဂ်ိဳင္းေတြ လက္ေတြပါအကုန္သုတ္ေပးၿပီး ေနာက္ေက်ာကိုသုတ္ေပးဖို႔တစ္ဖက္ကိုလွည့္ခိုင္းခ်ိန္ျမင္လိုက္ရတဲ့အရာေတြေၾကာင့္ စိတ္မေကာင္းျဖစ္သြားရသည္။ၾကည့္ပါဦး ေက်ာျပင္တစ္ခုလုံးနီရဲကာ အေရၾကည္ဖုေလးေတြေပါက္ေနသည္။ေအးေလ တစ္ညလုံးဖရဲသီးမာမာေတြေပၚအိပ္ထားရတာ။စိတ္မေကာင္းျခင္းမ်ားစြာနဲ႕ အဝတ္စိုေလးႏွင့္ အသာအယာပြတ္တိုက္ေပးေတာ့ တစ္ခ်က္တစ္ခ်က္နာက်င္သြားပုံႏွင့္ ကိုယ္ေလးမွာတုန္တုန္သြားသည္။ ေတာက္!!...လက္ကျမင္းတဲ့ေကာင္သိလို႔ကေတာ့ အရွင္မထားဘူး..။
"ကဲ ၿပီးၿပီ..အကၤ်ီေတြက ေဟာင္းေနေပမဲ့ အသန႔္ေတြပါ ဝတ္စရာမရွိေတာ့ဝတ္ထားလိုက္.. ကိုယ္ေရခ်ိဳးသြားရင္ မင္းအဝတ္ေတြေလွ်ာ္ခဲ့မယ္.."
သူ႕အဝတ္ေတြေကာက္ယူေတာ့ ေခါင္းေလးခါကာ ျပန္ဆြဲသည္။မႉးေခါင္က ျပန္ဆြဲယူေတာ့ မႉးေခါင္လက္ကိုကိုင္ကာ မ်က္ႏွာငယ္ေလးႏွင့္ၾကည့္လာျပန္သည္။ေခါင္းေပၚကဆံပင္နီနီေတြကိုအသာသပ္ေပးရင္း..
"ကိုယ္ေလွ်ာ္လိုက္မယ္ မင္းကေနမေကာင္းဘူးေလ အိပ္ရင္းေစာင့္ေနေနာ္.."
ေခါင္းလဲမညိတ္ ေခါင္းလဲမခါႏွင့္ မ်က္ရည္ဝဲေနေသာမ်က္ဝန္းေတြေၾကာင့္ မႉးေခါင္ကုတင္ပုေလးေပၚျပန္ထိုင္ခ်ရင္း ခ်ည္သားဝတ္စုံအပြႀကီးဝတ္ထားတဲ့ေကာင္ေလးကို အသာေပြ႕ဖက္လိုက္ကာ ေနာက္ေက်ာေလးကိုပုတ္ေပးလိုက္သည္။မႉးေခါင္ရဲ႕အဝတ္မပါတဲ့ပုခုံးေပၚမ်က္ရည္ပူေတြစီးက်လာတာမို႔ ထပ္ငိုေနျပန္ၿပီဆိုတာသိလိုက္ရျပန္သည္။ေနမေကာင္းလို႔မ်ား ခဏခဏငိုေနတာလား။
"မငိုနဲ႕ေတာ့ေလ ေနလဲမေကာင္းဘဲ ေခါင္းကိုက္မယ္ ေရေႏြေလးေသာက္ရင္း ေစာင့္ေနေနာ္ ေရခ်ိဳးၿပီးျပန္လာခဲ့မယ္။"ေဘးက ေႂကြရည္သုတ္ေရေႏြးအိုးေလးထဲမွ ေရေႏြးပူပူေတြကို ခြက္ထဲထည့္ေပးရင္း အျပင္ကိုခပ္ျမန္ျမန္ထြက္လာရသည္။ေတာ္ၾကာ ကိုယ့္ကိုျမင္ၿပီးထပ္ငိုေနဦးမွ..
မႉးေခါင္အဝတ္ေတြကို ခပ္သြက္သြက္ေလွ်ာ္ကာ ေရကိုျမန္ျမန္ခ်ိဳးရသည္။အထဲကတစ္ေယာက္က ၾကာလို႔ဆိုၿပီးထပ္ေနရင္ဒုကၡရယ္.. ေရခ်ိဳးၿပီး ေလွ်ာ္ထားတဲ့အဝတ္ေတြကိုလွန္းကာၿခံထဲကိုမ်က္လုံးေလးေဝ့ၾကည့္လိုက္သည္။ၿခံထဲကလမ္းတစ္ဖက္တြင္ မုန႔္ညွင္းေတြၾကည့္စိုက္ထာသလို ေနာက္တစ္ဖက္တြင္လဲအဝါေရာင္ပန္းေတြရွိသည္။ၿခံႀကီးကေတာ့အေတာ္က်ယ္သည္။ဒီတဲေလးက ၿခံအလယ္တြင္ရွိၿပီး ၿခံေနာက္တြင္လဲ အပင္ေလးေတြစိုက္ထားတာမို႔ စိမ္းစိုကာ ၾကည့္ေကာင္းလွသည္။ဟိုးၿခံေနာက္အဆုံးတြင္ေတာ့ စိမ္းညို႔ေနတဲ့ေတာင္တန္းႀကီးကိုေတြ႕ရသည္။
"ထမင္းဟင္းေတြပူတုန္းစားၾက က်ဳပ္ကေတာ့ရွိတာပဲခ်က္ထားတာ စားတက္ပါ့မလာ.."
"စားတက္ပါတယ္ခင္ဗ် ဒီေလာက္ထိလုပ္ေနေပးတာ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ကြၽန္ေတာ္တို႔အတြက္နဲ႕အလုပ္ေတြပိုကုန္ပါၿပီ.."
"ေရစက္ပါလို႔ဆုံရတာပဲ အလုပ္ပိုတယ္လို႔မမွတ္ပါဘူး စားၾကစားၾက ဒါကမုန႔္ညင္းဟင္းရည္ပူပူေလးကိုပဲပုတ္ေလးထည့္ခ်က္ထားတာ၊ဒါက ဆတ္သားေျခာက္ဖုတ္၊ဒါက ပဲပုတ္ကိုင႐ုတ္သီးနဲ႕ေထာင္းထားတာ ၿပီးေတာ့ကေလးကိုဒါေလးတိုက္လိုက္ အခိုးပြင့္ေဆး စားၾက စားၾက ..."
အကၡရာထိုင္ေနသည့္ကုတင္ပုေလးေပၚတြင္ပဲ အဝတ္စေလးခင္းကာ ထမင္းဝိုင္းအျဖစ္ျပင္ထားျခင္းျဖစ္သည္။စတီးပန္းကန္ႏွစ္ခ်ပ္ႏွင့္အတူ ေျမအိုးထမင္း ေျမအိုးဟင္းမို႔အနည္းငယ္ထူးဆန္းေနသည္။
"စားမွာမလား နည္းနည္းေတာ့စား ၿပီးရင္ေဆးေသာက္ရမွာ. ."
မႉးေခါင္ပန္းကန္ထဲထမင္းအနည္းငယ္ ခူးၿပီးေပးေတာ့ေခါင္းခါျပသည္။
"ဘာလဲ မစားခ်င္ဘူးလား.."
"ခြံေကြၽး.."
မ်က္ေတာင္ရွည္ႀကီးေတြကို ပုတ္ခတ္ပုတ္ခတ္လုပ္ရင္း ႏႈတ္ခမ္းေလးအနည္းငယ္ေထာ္ကာေျပာလာတာမို႔ မႉးေခါင္ရင္ထဲတဒိန္းဒိန္းခုန္လာသည္။ဘာတုန္း သူလာခြၽဲေနတာလား..မႉးေခါင္မ်က္ႏွာ စပ္ၿဖီးၿဖီးျဖစ္လာၿပီး ထမင္းကိုႏွစ္ေယာက္စာထည့္လိုက္သည္။ဇြန္းက ဟင္းရည္အိုးထဲတြင္ထည့္ထားသည့္ ဇြန္းခြက္ႀကီးတစ္ခုပဲပါတာမို႔ လက္ႏွင့္ပဲစားရမည္။ထိုအခါမွ အေတြးဝင္လာသည္။ဒင္းေလးက လက္နဲ႕စားရမွာမို႔ ခြန႔္ေကြၽးခိုင္းတာကို.. အေတာ္လည္တဲ့ဟာေလး..ေနမေကာင္းေနလို႔ ဒီကိုကိုကသေဘာထားႀကီးႀကီးႏွင့္ခြန႔္ေကြၽးလိုက္မယ္။
ထမင္းစစားတဲ့အခ်ိန္ မႉးေခါင္တိုင္စပတ္ပါၿပီ။သူဟာငယ္ငယ္ကတည္းက ဇြန္းခရင္းနဲ႕ႀကီးျပင္းလာသူ။လက္နဲ႕စားရတာ ကိုယ့္ပါးစပ္ထဲကိုယ္က ဘယ္လိုထည့္ထည့္ သူမ်ားကိုဘယ္လိုခြန႔္ရမွာလဲ..နည္းနည္းေလးလား မ်ားမ်ားလား ဘယ္လိုခ်ိန္ဆရမွာလဲ..။
ဟာကြာ မတက္နိုင္ေတာ့ဘူး။ၾကည့္လုပ္ရမွာပဲ..
စိတ္ဒုန္းဒုန္းခ်ၿပီး လက္ငါးေခ်ာင္းစုကာ ထမင္းအနည္းငယ္ကိုယူလိုက္ၿပီး ခြံ႕လိုက္သည္။ 'ဘုရားေရ..'
ႏူးညံ့တဲ့အထိအေတြ႕ေၾကာင့္ မႉးေခါင္ရဲ႕လက္ေခ်ာင္းေတြတုန္ယင္လာသည္။အႏွီးေကာင္ေလးမွာလဲ ထမင္းတင္မဟုတ္ဘူး လက္ကိုပါႏႈတ္ခမ္းနဲ႕ဖိထားၿပီး ျပဴးျပဴးေလးၾကည့္ေနသည္။မႉးေခါင္ခမ်ာ လက္ပဲအတင္းဆြဲထုတ္ရမွာလိုလို လႊတ္ေပးဖို႔ေျပာရမွာလိုလိုနဲ႕ မ်က္ႏွာေတြပူလာသည္။
"ဟို ဟို ထ ထမင္းပဲစား..စားေလ လက္ကိုဘာလို႔ကိုက္ထားတာလဲ.."
ထိုအခါမွလႊတ္ေပးၿပီး ဆတ္သားေျခာက္ပန္းကန္ကိုလက္ညိုးေလးထိုးျပသည္။ကေလးအေဖျဖစ္ေနတဲ့ စဝ္အုပ္မႉးေခါင္ခမ်ာ ဆတ္သားေျခာက္ေလးတစ္ခုကို ခြံ႕ေပးရသည္။ဒင္းေလးကေတာ့ ဟင္းရည္ေသာက္လိုက္ ခြံ႕ေကြၽးတဲ့ထမင္းစားလိုက္ႏွင့္အဆင္ေျပေပမဲ့ မႉးေခါင္ခမ်ာေတာ့ တစ္ခါခြံ႕တိုင္းတစ္ခါထိေတြ႕ေနရတဲ့ ႏႈတ္ခမ္းနီေထြးေထြးေလးေၾကာင့္ ရင္ေတြတဒိန္းဒိန္းခုန္ကာအေယာင္ေယာင္အမွားမွားေတြျဖစ္ေနရသည္။
ထမင္းစားေသာက္ၿပီးလို႔ ေဆးတိုက္ေတာ့ေခါင္းတခါခါႏွင့္ႏႈတ္ခမ္းကိုတင္းတင္းေစ့ကာ ႐ုန္းေနေသးသည္။နား႐ြက္တစ္ခ်က္ဆြဲကာ အတင္းေသာက္ခိုင္းမွ မ်က္ရည္တဝဲဝဲႏွင့္ေသာက္သည္။ေသာက္ၿပီးေတာ့လဲ ခဏခဏပ်ိဳ႕ေနတာေၾကာင့္ ပုခုံးေပၚမွာမွီခိုင္းၿပီး ေနာက္ေက်ာေလးအသာပုတ္ေပးရေသးသည္။
"ျမင္တဲ့အတိုင္းပဲေနာ္ ကေလးေတြကိုႀကိဳက္ခ်င္ရင္ ကေလးအေဖတစ္ပိုင္းအရင္ျဖစ္ေနမွရမယ္..."
5:30PM,Sat
14.8.2021
သူတို႔ကို ေတာကို၂ရက္ပို႔မယ္။ေတာလည္ၾကမယ္။
တဝူးဝူးလေတိုးသံတွေနှင့်အတူ ကျောခင်းရာနေရာမှမာကျောကျစ်လစ်တဲ့အရာတွေကြောင့် ကျိန်းစပ်နေတဲ့မျက်ဝန်းတွေကိုအားယူပြီးဖွင့်လိုက်မိသည်။မျက်လုံးဖွင့်ဖွင့်ချင်းတွင် အမည်းရောင်ကတ္တီပါစပေါ်တွင် သဏ္ဍာန်စုံလင်စွာထွန်းလင်းနေတဲ့ကြယ်စင်များကိုတွေ့လိုက်ရတာမို့ အနည်းငယ်ကြောင်သွားသည်။တစ်ကိုယ်လုံးညောင်းကိုက်နေတာမို့ လက်ကလေးတောင်မလှုပ်ချင်ပါ။သူဘယ်ရောက်နေပြန်တာလဲ....ကွဲအက်နာကျင်နေသောလည်ချောင်းကြောင့် မှူးခေါင်မျက်နှာမှာရှုံ့မဲ့လာသည်။ဟင် နာရီစင်ပေါ်တကယ်ရောက်နေတာတော့မဟုတ်လောက်ပါဘူး။အိမ်မက်ပဲဖြစ်ပါရစေ ကံကြမ္မာရေ ဒီလိုကြီးတော့မကျီစားပါနဲ့။ နာကျင်မှု့တွေကိုလျစ်လျူရှု့ကာ ခေါင်းကိုအတင်းထောင်ရင်း လက်ထောက်ထရသည်။သူလှဲနေသည့်နေရာသည် လှုပ်ရမ်းနေကာ လေကိုခွင်း၍သွားနေသလိုခံစားရသည်။
ဘာကြီးလဲ.. ကားကြီးလား သူဘယ်ရောက်သွားတာလဲ..မဟုတ်မှ အချိန်ခရီးသွားကုန်တာလား ဒါမှမဟုတ် ပြန်လည်မွေးဖွားလာတာလား ၊ တစ်ခုမှမဟုတ်ဘူးဆို အခြားကမ္ဘာကိုရောက်သွားတာလား..အက္ခရာကရော ဘယ်ရောက်သွားတာလဲ တကယ်ကြီးဖြစ်ခဲ့တာလား ဟင့်အင်းအဲ့လိုမဖြစ်ရဘူးနော်
မှူးခေါင် ရှုပ်ထွေးနေတဲ့ဦးနှောက်ကိုအလျင်အမြန်အလုပ်ပေးရင်း အကျိုးအကြောင်းဆက်စပ်အောင်စဉ်းစားနေရသည်။အကြောင်းအရာတချို့ကို စဉ်းစားပြီးနောက် ထိုအကြောင်းအရာမှာအိမ်မက်ဖြစ်နေကြောင်းသိရှိမှ သက်ပြင်းချနိုင်သည်။ဒါနဲ့ နေပါဦး သူကမနေ့ကကျောင်းမှာလေ အခုဘယ်ရောက်သွားတာလဲ။
"အင်းးဟင်းးး အင်းးးးးအင်းးးး"
နံဘေးဆီမှညီးညူးသံလေးကြောင့် လှည့်ကြည့်မိတော့ မျက်လုံးအစုံက ပြူးကျယ်သွားသလို နှုတ်ခမ်းအစုံကလဲတုန်ယင်သွားသည်။လက်ကိုအားတင်းဆန့်ရင်း ကြယ်အလင်းရောင်တချို့ကြောင့်မြင်နေရတဲ့ ဆံပင်နီနီလေးဆီသို့လှမ်းထိလိုက်မိသည်။
"တ ....တကယ်ကြီးပဲ..."
နောက်ကျောပေးနေသောခန္ဓာကိုယ်လေးကို ဆွဲလှည့်တော့ မျက်နှာလှလှလေးပေါ်လာသည်။အနွေးထည်ကိုဖောက်ထွက်လာတဲ့အပူငွေ့ကြောင့် စိုးရိမ်စိတ်ကဟုန်းခနဲတောက်လာသည်။ဆံပင်လေးတွေဝေ့ဝဲနေတဲ့နဖူးပြင်လေးပေါ် လက်တင်ကြည့်တော့ပူခြစ်နေသည့်အငွေ့ကတန်းကြိုဆိုသည်။
"ဖျားနေတယ်..ဘယ်လိုလုပ်ရမလဲ..အခုကဘယ်မှာလဲ..."
အမှောင်ထဲမှာအနည်းငယ်ကျင့်သားရလာတော့ ပတ်ဝန်းကျင်ကိုစူးစမ်းရသည်။
"ဒါ အသီးတွေလား "
ပြောင်ချောချောနှင့် အလုံးကြီးတွေမို့ မှူးခေါင်အတက်သိလိုက်ပါပြီ။ဖရဲသီး သူတို့ကဖရဲသီးကားပေါ်ဘယ်လိုရောက်လာတာလဲ။မနေ့ညက အအေးသောက်ပြီး ဘာတွေဆက်ဖြစ်ကုန်တာလဲ။ဦးနှောက်ထဲမှာ အလုံးစုံကရှုပ်ထွေးနေပေမဲ့ ဒီကိစ္စနဲ့ပတ်သတ်တဲ့ အဖြေကတော့တစ်ခုမှမရှိပါ။
"အား ချမ်းတယ် အဟင့်...."
အသံတိုးတိုးလေးက မှူးခေါင်ရဲ့စိတ်နှလုံးကိုအလုံးစုံစွဲဆောင်သွားသည်။သူ့မှာ ခြေမကိုင်မိလက်မကိုင်မိနဲ့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေသည်။သူတစ်ခုခုမှားသွားလို့ အိမ်မက်ထဲကလို ခုန်ချသွားရင်ရော။မလုပ်လောက်ပါဘူး ဟူး...။
အင်္ကျီချွတ်ပြီး ခြုံပေးမယ်လုပ်တော့လဲလေကအရမ်းတိုက်နေသည့်အပြင် သူ့အင်္ကျီကကျောင်းယူနီဖောင်းရှပ်ဖြစ်သည်။မတက်သာတဲ့အဆုံးမှာတော့ ခြောက်ကပ်နေသောလည်ချောင်းထဲသို့တံတွေးမျိုချရင်း ပူခြစ်နေသောကိုယ်လေးကို ရင်ခွင်ထဲထည့်ကာဖွဖွလေးထွေးဖက်ထားလိုက်သည်။
တအင်းအင်းညီးရင်း သူ့ရင်ခွင်ထဲကိုဖောက်ဝင်မတက်တိုးကပ်လာတဲ့ကောင်လေးအား မှုန်ဝါးဝါးအလင်းရောင်ကိုအားပြုရင်းစူးစိုက်ကြည့်နေမိသည်။သူ့ရဲ့လည်ပင်းနားမျက်နှာအပ်ထားတာမို့ဝင်သက်ထွက်သက်ပူပူနွေးနွေးတွေကတိုက်ရိုက်ထိကပ်နေသလို နူးညံ့နေတဲ့ဆံသားလေးတွေက သူ့မေးစေ့ကိုလာထိကပ်နေသည်။ထိုဆံသားနုနုကိုခေါင်းအပ်ကာ တဝကြီးမွှေးကြူလိုက်ရင် မျက်ရည်တချို့ကစီးကျလာသည်။
"တော်သေးတာပေါ့ တော်သေးလို့ ထားခဲ့ဖို့မစဉ်းစားပါနဲ့တော့နော်..အိမ်မက်တစ်ခုနဲ့တင် အကြိမ်ကြိမ်သေဖို့လုံလောက်ပါပြီ..ကိုကိုတောင်းပန်တယ်နော် ကိုကို့ကလေးလေး..."
ရင်ခွင်ထဲကပူခြစ်တောက်နေတဲ့ကိုယ်လေးကို အသာပွေ့ပိုက်ရင်း မျက်ဝန်းအစုံကိုခေတ္တအနားပေးလိုက်သည်။
"ဟေ့ ကောင်လေးတွေ ထစမ်း ဘယ်ကနေရောက်လာတာလဲ မင်တို့ဘယ်သူတွေလဲ.."
ခြေထောက်ကိုလှုပ်နှိုးနေတဲ့ထိတွေ့မှု့အပြင်အသံဝါဝါကြီးကြောင့် မှူးခေါင်မျက်လုံးတွေဖွင့်လိုက်ရသည်။နေလုံးမှာ ခေါင်းပေါ်တည့်တည့်ရောက်နေပြီး ရင်ခွင်ထဲကကောင်လေးကလဲ အပူရှိန်မကျသည့်အပြင်မျက်နှာတစ်ခုလုံးကပေါက်ထွက်မတက်ရဲတွတ်နေသည်။
"ဒီမှာ ကျုပ်မေးနေတာဖြေလေ ကားပေါ်ကနေကန်ချလိုက်ရမှာလား.."
ထိုအခါမှမှူးခေါင်အသိဝင်လာပြီး ကောင်လေးကိုဘေးအသာချပြီး ထိုလူကြီးကိုကြည့်ကာ..
"မင်္ဂလာပါခင်ဗျ..ကျွန်တော်တို့က Mမြို့ကပါ။ကျွန်တော်တို့ကျောင်းမှာ ပါတီလုပ်ရင်း ဒီကားပေါ်ဘယ်လိုရောက်လာမှန်းမသိလို့ပါခဗျ အခုဘယ်နေရာရောက်နေတာလဲခင်ဗျ.."
ခြောက်သွေ့နေတဲ့လည်ချောင်းက အသံကိုပေးမထွက်စေချင်သလိုတွန့်တို့နေတာကြောင့် မှူးခေါင်အသံမှာတိုးလျကာအားမပါပေ။
"အဲ့တာကို ကျုပ်ကဘာလုပ်ရမှာလဲ...ကျုပ်သိချင်တာ ကားပေါ်ဘယ်လိုပါလာတာလဲ.."
"ကျွန်တော်လဲအဲ့တာကိုစဉ်းစားနေတာပဲ ကားပေါ်ဘယ်လိုပါလာမှန် ဘယ်လိုရောက်လာမှန်းစဉ်းစားမရဘူး..အားနာပေမယ့် ကျွန်တော်တို့ကိုကူညီပေးပါ ကလေးကဖျားနေတာ.."
"ဟင်း ရှုပ်ရှုပ်ယှက်ယှက်တွေ ကျုပ်ကဖရဲသီးလာပို့တာ နောက်နှစ်ရက်နေရင်အောက်ဘက်ပြန်ဆင်းမှာ ကျုပ်အသိအိမ်မှာခဏသွားနေလိုက် ကျုပ်ပို့ပေးမယ်.."
"ဟုတ်ကဲ့ ကျေးဇူးပါခင်ဗျ ကျွန်တော်တို့မြို့ပြန်ရောက်...."
"မလိုဘူး မလိုဘူး မင်းတို့ကကျောင်းသားလေးတွေမို့ငါကူညီပေးတာ တော်ကြာနယ်စပ်မှာ မဟုတ်တဲ့သူလက်ထဲရောက်သွားလို့ရောင်းစားခံရရင် မင်းတို့မိဘတွေရင်ကျိုးရဦးမယ်... "
"ဟုတ် ဟုတ် ကျေးဇူးပါ ...."
🌸🌸🌸🌸🌸🌸🌸
"ကဲ ကိုကံရေ အဖြစ်အပျက်ကတော့အဲ့လိုပဲ ဒီတော့ခင်ဗျားကပဲ နှစ်ရက်လောက်ဧည့်သည်လက်ခံပေးဦး.."
"တော်သေးတာပေါ့ ဖရဲက တစ်ဝက်ပဲတင်လာလို့ အပြည့်ဆိုလိမ့်ကျရင်ကျမှာ ပြောမရဘူး..ကဲ စိတ်ချ ကိုညိုမောင်ရေ ကျောင်းသားလေးတွေပဲ ကူညီရမှာပေါ့.."
"ကျေးဇူးတင်ပါတယ် ဦးလေးတို့ ဒါနဲ့ဖုန်းရှိလားဟင်.."
"ဖုန်း? မရှိပါဘူးကွယ် ကျုပ်တို့ကဘယ်သူ့ဆီမှလဲ ဆက်သွယ်စရာမရှိဘူးဆိုတော့ အပိုဖြစ်နေမှာမို့မဝယ်ဘူး.."
ဟင် လောကကြီးမှာ ဒီလိုလူတွေလဲရှိသေးတာလား။ဘာပဲနေနေဒီလိုကူညီတာကိုပဲကျေးဇူးတင်ရဦးမှာ။ မှူးခေါင်သက်ပြင်းချရင်း သူ့ပုခုံးပေါ်တွင်မှီအိပ်နေသောကောင်လေးကိုကြည့်လိုက်သည်။အခုချိန်ထိမျက်လုံးတစ်ချက်မှမဖွင့်သေးဘူး။ကားပေါ်ကနေ ခက်ခက်ခဲခဲပွေ့ပြီးဆင်းရတယ်။တော်သေးတယ်နှစ်ယောက်သားဂျွမ်းထိုးမကျလို့။
"ကဲ မောင်ကျောင်းသားလေး ကလေးကိုဒီမှာချသိပ်လိုက်ပါကွယ်။သူ့ခမျာညောင်းညာနေရောပေါ့..."
ထန်းလက်တွေနဲ့ဆောက်ထားတဲ့မြေစိုက်တဲလေးကအေးအေးလေးနှင့်နေလို့ကောင်းလှသည်။ဖျာကြမ်းလေးခင်းထားပြီး ကြိမ်ခေါင်းဦးလေးချထားတဲ့ ကုတင်ပုလေးပေါ်ပျော့ခွေနေတဲ့ကောင်လေးကိုတင်ပြီး ဖျင်စောင်ပါးလေးခြုံပေးထားလိုက်သည်။အသက်ရှုမှန်မှန်နဲ့အိပ်နေပေမဲ့ ကိုယ်ပူကတော့မကျသေးပေ။
"ကဲ မောင်ကျောင်းသားတို့စားဖို့ ကျုပ်ဟင်းချက်ဦးမယ်..ကိုယ့်အိမ်လိုသဘောထားနေ ခြံပြင်တော့မထွက်နဲ့ဟုတ်ပလား.."
"ဟုတ်ကဲ့ ရေဘယ်နားမှာရှိလဲခင်ဗျ ရေပတ်လေးတိုက်ပေးချင်လို့.."
"အိမ်နောက်က စဉ့်အိုးထဲရေရှိတယ် ရေတွင်းထဲကတော့မခပ်နဲ့ ပြုတ်ကျမယ် အပေါ့အပါးသွားချင်ရင်လဲအနောက်မှာပဲ..."
"ဟုတ်..."
ဦးလေးကြီးထွက်သွားတဲ့နောက် မှူးခေါင်ပါလိုက်သွားပြီးရေခွက်လေးနှင့်ရေထည့်လာလိုက်သည်။ဦးလေးကြီးကအဝတ်အစားတွေပါထုတ်ပေးသွားတာဖြစ်ပေမယ့် ရေပတ်တိုက်ဖို့မပါ။ရေပတ်တိုက်ဖို့ကို မှူးခေါင်အင်္ကျီကိုပဲအသုံးပြုရမည်။ဘာလို့လဲဆိုတော့ သူ့အင်္ကျီကအပါးဆုံးမို့လို့ဖြစ်သည်။ ပြီးမှသူလဲရေချိုးပြီး အဝတ်အစားတစ်ခါတည်းလဲတော့မယ်။
အင်္ကျီချွတ်ပြီးမှ အင်္ကျီက အဖြူကနေအဝါရောင်ပေါက်ချင်နေတာမို့ အရင်သွားလျှော်ရသည်။အဝတ်လျှော်ပြီးပြန်လာချိန်တွင် ကုတင်ပေါ်တွင်ငုတ်တုတ်ထိုင်ကာ မျက်ရည်တွေကျနေတဲ့ကောင်လေးကြောင့် တစ်ဖန်စိုးရိမ်လာရပြန်သည်။
"အက္ခရာ ဘာဖြစ်လို့လဲ..ဘာလို့ငိုနေတာလဲ ခေါင်းကိုက်လို့လား..."
မှူးခေါင်အသံကြားမှ မျက်ဝန်းနီနီလေးတွေက သူ့ကိုမြင်ပုံရသလို ကြောင်ကြည့်လာသည်။ဒါပေမဲ့အခုမှအားကိုးရသွားသလိုမျိုး အသံပါထွက်အောင်ငိုလာပါတော့သည်။မှူးခေါင်မှာလဲ ရေစိုနေတဲ့အင်္ကျီကြီးကိုင်ပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိအောင်ပင်ပြာယာခပ်နေသည်။
"မငိုပါနဲ့ကွာ နောက်နှစ်ရက်နေရင်အိမ်ပြန်ရမှာသိလား.."
"အု ဘယ်...ရောက်..အင့်.. နေတာလဲ အင့်.."
"ဟို နယ်စပ်တဲ့ကွာ ငါလဲမသိဘူး..မင်းဖျားနေတာသိတယ်မလား နေရသက်သာအောင်ငါရေပတ်တိုက်ပေးမယ်.."
ကောင်လေးမှာ မျက်ရည်အရွှဲသားနဲ့မျက်နှာလေးရှုံ့မဲ့ရင်းသဘောပေါက်ပုံလဲမပေါ်ဘဲ မှူးခေါင်ကိုသာကြည့်မြဲကြည့်နေသည်။မျက်ရည်တွေပေသလူးနေပြီး မျက်လုံးအောက်တွေညိုမဲနေတဲ့ကောင်လေးကို ကြည့်ပြီးရယ်လဲရယ်ချင်သလို ရယ်လဲမရယ်ရက်ပေ ...
"ကဲလာ ဒီကိုကိုကအင်္ကျီချွတ်ပေးမယ် မင်းလေးက ငြိမ်ငြိမ်လေးနေ.."
"ဟင်.."
"ဪ ရေပတ်တိုက်ဖို့လေ..."
ထိုအခါမှ လက်လေးနှစ်ဖက်ကို မြှောက်ပေးကာ မှူးခေါင်ကိုမျက်လုံးပြူးလေးနှင့်ကြည့်မြဲကြည့်နေသည်။အာ ဘာလေးလဲကွာ..မှူးခေါင်တစ်ချက်ရယ်ကာ Hoodieအမည်းလေးကိုအသာဆွဲချွတ်ပေးလိုက်သည်။အင်္ကျီချွတ်ပေးချိန် ဆံပင်တွေကပါလိုက်ပါလာတာမို့ ခေါင်းပေါ်ထောင်ထောင် ထောင်ထောင်နဲ့ကြက်မောက်သီးလေးကျလို့။
မျက်နှာတွေ လည်ပင်းတွေ ရင်ဘက်တွေဂျိုင်းတွေ လက်တွေပါအကုန်သုတ်ပေးပြီး နောက်ကျောကိုသုတ်ပေးဖို့တစ်ဖက်ကိုလှည့်ခိုင်းချိန်မြင်လိုက်ရတဲ့အရာတွေကြောင့် စိတ်မကောင်းဖြစ်သွားရသည်။ကြည့်ပါဦး ကျောပြင်တစ်ခုလုံးနီရဲကာ အရေကြည်ဖုလေးတွေပေါက်နေသည်။အေးလေ တစ်ညလုံးဖရဲသီးမာမာတွေပေါ်အိပ်ထားရတာ။စိတ်မကောင်းခြင်းများစွာနဲ့ အဝတ်စိုလေးနှင့် အသာအယာပွတ်တိုက်ပေးတော့ တစ်ချက်တစ်ချက်နာကျင်သွားပုံနှင့် ကိုယ်လေးမှာတုန်တုန်သွားသည်။ တောက်!!...လက်ကမြင်းတဲ့ကောင်သိလို့ကတော့ အရှင်မထားဘူး..။
"ကဲ ပြီးပြီ..အင်္ကျီတွေက ဟောင်းနေပေမဲ့ အသန့်တွေပါ ဝတ်စရာမရှိတော့ဝတ်ထားလိုက်.. ကိုယ်ရေချိုးသွားရင် မင်းအဝတ်တွေလျှော်ခဲ့မယ်.."
သူ့အဝတ်တွေကောက်ယူတော့ ခေါင်းလေးခါကာ ပြန်ဆွဲသည်။မှူးခေါင်က ပြန်ဆွဲယူတော့ မှူးခေါင်လက်ကိုကိုင်ကာ မျက်နှာငယ်လေးနှင့်ကြည့်လာပြန်သည်။ခေါင်းပေါ်ကဆံပင်နီနီတွေကိုအသာသပ်ပေးရင်း..
"ကိုယ်လျှော်လိုက်မယ် မင်းကနေမကောင်းဘူးလေ အိပ်ရင်းစောင့်နေနော်.."
ခေါင်းလဲမညိတ် ခေါင်းလဲမခါနှင့် မျက်ရည်ဝဲနေသောမျက်ဝန်းတွေကြောင့် မှူးခေါင်ကုတင်ပုလေးပေါ်ပြန်ထိုင်ချရင်း ချည်သားဝတ်စုံအပွကြီးဝတ်ထားတဲ့ကောင်လေးကို အသာပွေ့ဖက်လိုက်ကာ နောက်ကျောလေးကိုပုတ်ပေးလိုက်သည်။မှူးခေါင်ရဲ့အဝတ်မပါတဲ့ပုခုံးပေါ်မျက်ရည်ပူတွေစီးကျလာတာမို့ ထပ်ငိုနေပြန်ပြီဆိုတာသိလိုက်ရပြန်သည်။နေမကောင်းလို့များ ခဏခဏငိုနေတာလား။
"မငိုနဲ့တော့လေ နေလဲမကောင်းဘဲ ခေါင်းကိုက်မယ် ရေနွေလေးသောက်ရင်း စောင့်နေနော် ရေချိုးပြီးပြန်လာခဲ့မယ်။"ဘေးက ကြွေရည်သုတ်ရေနွေးအိုးလေးထဲမှ ရေနွေးပူပူတွေကို ခွက်ထဲထည့်ပေးရင်း အပြင်ကိုခပ်မြန်မြန်ထွက်လာရသည်။တော်ကြာ ကိုယ့်ကိုမြင်ပြီးထပ်ငိုနေဦးမှ..
မှူးခေါင်အဝတ်တွေကို ခပ်သွက်သွက်လျှော်ကာ ရေကိုမြန်မြန်ချိုးရသည်။အထဲကတစ်ယောက်က ကြာလို့ဆိုပြီးထပ်နေရင်ဒုက္ခရယ်.. ရေချိုးပြီး လျှော်ထားတဲ့အဝတ်တွေကိုလှန်းကာခြံထဲကိုမျက်လုံးလေးဝေ့ကြည့်လိုက်သည်။ခြံထဲကလမ်းတစ်ဖက်တွင် မုန့်ညှင်းတွေကြည့်စိုက်ထာသလို နောက်တစ်ဖက်တွင်လဲအဝါရောင်ပန်းတွေရှိသည်။ခြံကြီးကတော့အတော်ကျယ်သည်။ဒီတဲလေးက ခြံအလယ်တွင်ရှိပြီး ခြံနောက်တွင်လဲ အပင်လေးတွေစိုက်ထားတာမို့ စိမ်းစိုကာ ကြည့်ကောင်းလှသည်။ဟိုးခြံနောက်အဆုံးတွင်တော့ စိမ်းညို့နေတဲ့တောင်တန်းကြီးကိုတွေ့ရသည်။
"ထမင်းဟင်းတွေပူတုန်းစားကြ ကျုပ်ကတော့ရှိတာပဲချက်ထားတာ စားတက်ပါ့မလာ.."
"စားတက်ပါတယ်ခင်ဗျ ဒီလောက်ထိလုပ်နေပေးတာ ကျေးဇူးအများကြီးတင်ပါတယ် ကျွန်တော်တို့အတွက်နဲ့အလုပ်တွေပိုကုန်ပါပြီ.."
"ရေစက်ပါလို့ဆုံရတာပဲ အလုပ်ပိုတယ်လို့မမှတ်ပါဘူး စားကြစားကြ ဒါကမုန့်ညင်းဟင်းရည်ပူပူလေးကိုပဲပုတ်လေးထည့်ချက်ထားတာ၊ဒါက ဆတ်သားခြောက်ဖုတ်၊ဒါက ပဲပုတ်ကိုငရုတ်သီးနဲ့ထောင်းထားတာ ပြီးတော့ကလေးကိုဒါလေးတိုက်လိုက် အခိုးပွင့်ဆေး စားကြ စားကြ ..."
အက္ခရာထိုင်နေသည့်ကုတင်ပုလေးပေါ်တွင်ပဲ အဝတ်စလေးခင်းကာ ထမင်းဝိုင်းအဖြစ်ပြင်ထားခြင်းဖြစ်သည်။စတီးပန်းကန်နှစ်ချပ်နှင့်အတူ မြေအိုးထမင်း မြေအိုးဟင်းမို့အနည်းငယ်ထူးဆန်းနေသည်။
"စားမှာမလား နည်းနည်းတော့စား ပြီးရင်ဆေးသောက်ရမှာ. ."
မှူးခေါင်ပန်းကန်ထဲထမင်းအနည်းငယ် ခူးပြီးပေးတော့ခေါင်းခါပြသည်။
"ဘာလဲ မစားချင်ဘူးလား.."
"ခွံကျွေး.."
မျက်တောင်ရှည်ကြီးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း နှုတ်ခမ်းလေးအနည်းငယ်ထော်ကာပြောလာတာမို့ မှူးခေါင်ရင်ထဲတဒိန်းဒိန်းခုန်လာသည်။ဘာတုန်း သူလာချွဲနေတာလား..မှူးခေါင်မျက်နှာ စပ်ဖြီးဖြီးဖြစ်လာပြီး ထမင်းကိုနှစ်ယောက်စာထည့်လိုက်သည်။ဇွန်းက ဟင်းရည်အိုးထဲတွင်ထည့်ထားသည့် ဇွန်းခွက်ကြီးတစ်ခုပဲပါတာမို့ လက်နှင့်ပဲစားရမည်။ထိုအခါမှ အတွေးဝင်လာသည်။ဒင်းလေးက လက်နဲ့စားရမှာမို့ ခွန့်ကျွေးခိုင်းတာကို.. အတော်လည်တဲ့ဟာလေး..နေမကောင်းနေလို့ ဒီကိုကိုကသဘောထားကြီးကြီးနှင့်ခွန့်ကျွေးလိုက်မယ်။
ထမင်းစစားတဲ့အချိန် မှူးခေါင်တိုင်စပတ်ပါပြီ။သူဟာငယ်ငယ်ကတည်းက ဇွန်းခရင်းနဲ့ကြီးပြင်းလာသူ။လက်နဲ့စားရတာ ကိုယ့်ပါးစပ်ထဲကိုယ်က ဘယ်လိုထည့်ထည့် သူများကိုဘယ်လိုခွန့်ရမှာလဲ..နည်းနည်းလေးလား များများလား ဘယ်လိုချိန်ဆရမှာလဲ..။
ဟာကွာ မတက်နိုင်တော့ဘူး။ကြည့်လုပ်ရမှာပဲ..
စိတ်ဒုန်းဒုန်းချပြီး လက်ငါးချောင်းစုကာ ထမင်းအနည်းငယ်ကိုယူလိုက်ပြီး ခွံ့လိုက်သည်။ 'ဘုရားရေ..'
နူးညံ့တဲ့အထိအတွေ့ကြောင့် မှူးခေါင်ရဲ့လက်ချောင်းတွေတုန်ယင်လာသည်။အနှီးကောင်လေးမှာလဲ ထမင်းတင်မဟုတ်ဘူး လက်ကိုပါနှုတ်ခမ်းနဲ့ဖိထားပြီး ပြူးပြူးလေးကြည့်နေသည်။မှူးခေါင်ခမျာ လက်ပဲအတင်းဆွဲထုတ်ရမှာလိုလို လွှတ်ပေးဖို့ပြောရမှာလိုလိုနဲ့ မျက်နှာတွေပူလာသည်။
"ဟို ဟို ထ ထမင်းပဲစား..စားလေ လက်ကိုဘာလို့ကိုက်ထားတာလဲ.."
ထိုအခါမှလွှတ်ပေးပြီး ဆတ်သားခြောက်ပန်းကန်ကိုလက်ညိုးလေးထိုးပြသည်။ကလေးအဖေဖြစ်နေတဲ့ စဝ်အုပ်မှူးခေါင်ခမျာ ဆတ်သားခြောက်လေးတစ်ခုကို ခွံ့ပေးရသည်။ဒင်းလေးကတော့ ဟင်းရည်သောက်လိုက် ခွံ့ကျွေးတဲ့ထမင်းစားလိုက်နှင့်အဆင်ပြေပေမဲ့ မှူးခေါင်ခမျာတော့ တစ်ခါခွံ့တိုင်းတစ်ခါထိတွေ့နေရတဲ့ နှုတ်ခမ်းနီထွေးထွေးလေးကြောင့် ရင်တွေတဒိန်းဒိန်းခုန်ကာအယောင်ယောင်အမှားမှားတွေဖြစ်နေရသည်။
ထမင်းစားသောက်ပြီးလို့ ဆေးတိုက်တော့ခေါင်းတခါခါနှင့်နှုတ်ခမ်းကိုတင်းတင်းစေ့ကာ ရုန်းနေသေးသည်။နားရွက်တစ်ချက်ဆွဲကာ အတင်းသောက်ခိုင်းမှ မျက်ရည်တဝဲဝဲနှင့်သောက်သည်။သောက်ပြီးတော့လဲ ခဏခဏပျို့နေတာကြောင့် ပုခုံးပေါ်မှာမှီခိုင်းပြီး နောက်ကျောလေးအသာပုတ်ပေးရသေးသည်။
"မြင်တဲ့အတိုင်းပဲနော် ကလေးတွေကိုကြိုက်ချင်ရင် ကလေးအဖေတစ်ပိုင်းအရင်ဖြစ်နေမှရမယ်..."
5:30PM,Sat
14.8.2021
သူတို့ကို တောကို၂ရက်ပို့မယ်။တောလည်ကြမယ်။