Just A Love Story (ChanBaek O...

By Rozel_Rossica

1.8K 242 20

One Shots I've been Written for Donation projects . More

Disclaimer
1 . A Story
3 . Soothing You

2 . Long Live This Love

388 72 8
By Rozel_Rossica

*Long Live This Love *

from * Forever and Always * moonsoon special ficbook published by Dream Publication

Thank you for your appreciation to my story .

.

& one more thing …

I've been written special long version of this short story with the name of
*Faces in the Photograph * .

………

(Unicode)

၁၉၉၆ ခုနှစ်…  ။
ပူပြင်းသော မေလနှောင်းရက်…  ။

အုတ်ကြွပ်မိုးအိမ်ငယ်လေးတလုံးရဲ့ အိမ်ဦးခန်းမှာ ဖြစ်တယ် ။

မကြာသေးခင်က ထွက်ထားတဲ့ Jurassic Park (1993)ရဲ့ ပိုစတာက အဝါရောင်နံရံလေးပေါ်မှာအကျအန နေရာယူထားတယ် ။ အနီရောင်ချေဂွေဗားရားခေါင်းစည်းကို စည်းထားတဲ့ ၁၃နှစ်အရွယ်ကောင်လေးနှစ်ယောက်ဟာ တချက်တချက် လှိုင်းတွန့်တွေ ပေါ်လာတတ်သော တီဗွီအစီအစဉ်ကို ကြမ်းခင်းပေါ်မှာထိုင်ကာ မမှိတ်မသုံထိုင်ကြည့်နေတယ် ။
သူတို့အနား သစ်သားစားပွဲဝိုင်းလေးဘေးမှာ ထိုင်နေတဲ့ အသက်၂၀အရွယ် ကောင်လေးကတော့ တခုခုအားမလိုအားမရဖြစ်နေဟန်နဲ့ လက်သီးလေးကို ကျစ်ကျစ်ပါအောင် ဆုတ်ထားတယ် ။

ခပ်စူစူဖြစ်နေတဲ့နှုတ်ခမ်းဖူးလေးကို စောင်းငဲ့ကြည့်ရင်း ကောင်လေးတွေထဲက တယောက်က စပြောတယ် ။

" အိမ်း… ဒီလိုနဲ့ ပြတ်မှပဲ … "

- ဒူ ဝေဝေဝေဝေ -

ဗုဒ္ဓဘုရားရှင်ရှေ့မှောက်မှာ ကြေးစည်ထုကာ အမျှဝေတဲ့ အသံတော့မဟုတ်ပါ ။ ဘတ်ဟျွန်းရဲ့ လက်ဆစ်မာမာလေးနဲ့ ညီအငယ်ကောင်ဆယ်ဟွန်းရဲ့ နဖူးပြင် ထိခတ်သွားတဲ့အသံသာ ဖြစ်ပါတယ် ။

နီရဲသွားတဲ့ နဖူးဖြူဖြူကို စိုက်ကြည့်ရင်း ဆယ်ဟွန်းရဲ့အမွှာအစ်က်ို ဘတ်ဟျွန်းရဲ့ ညီအကြီးကောင် ဖြစ်တဲ့ ဂျုံအင်က ဝင်ပြောတယ် ။

" ပြတ်တာမျိုးမဟုတ်ဘဲ……… နောက်တယောက်တွေ့သွားတာ ဆိုရင်ကော……  "

- ဒေါင်~  -

ဘုရားကျောင်းက ခေါင်းလောင်းသံလည်း မဟုတ်ခဲ့ပါ ။ ဂျုံအင်ခေါ် ခါအီရဲ့နဖူးက်ို ထိခတ်သွားတဲ့  လက်ဆစ်လှလှလေးရဲ့ အသံပဲ ဖြစ်ပါတယ် ။

"" အာာာာာာာ … ဘတ်ဟျွန်းနီ~  ""

"တော်စမ်း !!! "

သံပြိုင်ညည်းညူလိုက်တဲ့ အမွှာညီအကိုဟာ ဘတ်ဟျွန်းရဲ့ စကားအဆုံးမှာ အိကနဲ အသံပေးကာ ငြိမ်ကျသွားတယ် ။ ဘတ်ဟျွန်း လေပူတွေကို ဟူးကနဲ မှုတ်ထုတ်လိုက်တယ်။ သက်ပြင်းချတိုင်းသာ အသက်တ်ိုရမယ် ဆိုရင် ဘတ်ဟျွန်းတ်ို့ ဆယ်ဘဝလောက် ပြောင်းပြီးပြီထင်ပါရဲ့ ။

"ကို" နဲ့ ဘတ်ဟျွန်းဟာ အမျိုးစပ်ရင် သုံးဝမ်းကွဲလောက် တော်လိမ့်မယ် ။ ဘတ်ဟျွန်းဟာ ဘွားဘွားကြီးရဲ့ ညီမတဝမ်းကွဲ ဘွားဘွားလေးရဲ့မြေး။ "ကို"က ဘွားဘွားကြီးရဲ့မြေးအရင်း ။
ဘတ်ဟျွန်းတို့ရဲ့ ဒီအချစ်ဟာ ဘတ်ဟျွန်းတို့ရဲ့ အုပ်ထိန်းသူ ဘွားဘွားကြီးဆီကနေ "ကို" တယောက် ဘယ်လောက်တောင် ခက်ခက်ခဲခဲ ခွင့်ပန်ခဲ့ရတဲ့ အချစ်လဲ ဆိုတာ ဘတ်ဟျွန်းသာ အသ်ိဆုံး မဟုတ်ပါလား ။

ဒီချစ်သက်လေးကို ရှည်စေချင်လ်ို့ ဘဝဆက်တိုင်းပေါင်းဖက်ချင်လို့ ဗုဒ္ဓဘာသာပီပီ  အလှူအတန်းပေးမယ် ကြံကာမှ ပိုက်ဆံစုထားတဲ့ ဘဏ်က ပိတ်ရတာနဲ့… နိုင်ငံတကာအရေးအခင်းတွေကြုံရတာနဲ့ … ။

ဘတ်ဟျွန်းထက် ၅လသာ ကြီးတဲ့ "ကို"ဟာ ငယ်ငယ်ကတည်းက ဘတ်ဟျွန်းကို ကာကွယ်ပေးခဲ့တယ် ။ အခုအချိန် ပြသနာအမျိုးမျိုးကြုံရတော့လည်း "ကို"က ဘတ်ဟျွန်းကို ခရစ်ယာန်ဘာသာဝင်ပီသတဲ့စကားနဲ့ နှစ်သိမ့်တယ်။

"ဘုရားသခင်က အပြစ်ပေးမယ်ဆိုရင်တောင် ကိုယ် အပြစ်ခံယူမယ်… မင်းလက်ကိုတော့ ကိုယ်မလွတ်ဘူး ဘတ်ဟျွန်းနီ… "  တဲ့လေ။

ကိုးကွယ်ယုံကြည်တဲ့ဘာသာချင်းမတူပေမယ့် နှလုံးသားချင်း ဆန္ဒချင်း ထပ်တူကျနေဖို့ဆိုတာ လွယ်တာမှ မဟုတ်ဘဲ ။ သူလိုလူကို ဘတ်ဟျွန်း တဘဝလုံးပုံအပ်ချင်မိတာ မှားပါသလား ။

မျက်မှောင်ကျုံ့ပြီး တနေရာတည်းကိုစိုက်ကြည့်နေရာကနေ ပါးလေးတွေရဲတက်လာပြီး ရှက်ပြုံးလေးနဲ့ ခေါင်းငုံ့သွားပြန်တဲ့ ဘတ်ဟျွန်းနီ… ။ ဂျုံအင် နဲ့ ဆယ်ဟွန်း တယောက်မျက်နှာတယောက် ကြည့်ပြီး မျက်ခုံးပင့်မိတယ် ။

ရာသီဥတုပူတော့ တို့အစ်ကိုလှလှလေးတောင် သွားရှာပြီပဲ ။

"ဘတ်ဟျွန်းနီ…အချစ်ရေ ! ကိုယ် ပြန်လာပြီ… တံခါးဖွင့်ပါဦး…  "

အိမ်ရှေ့တံခါးဝကအသံကြောင့် ဘတ်ဟျွန်းရဲ့မျက်နှာလေးက လက်ကနဲ ။

"ဟုတ်ကဲ့… လာပြီ ကိုရေ…… "

ဖြတ်ကနဲပြေးသွားပြီး လျောတံခါးလေးက်ို ဖွင့်ပေးလိုက်တော့ "ကို" သို့မဟုတ် ချန်းယောလ်ဝင်လာတယ်။ လက်ထဲမှာ ကတ်ထူဘူးသေးတစ်ဘူးကို ပိုက်ကာ ပခုံးပေါ်မှာ သစ်သီးတောင်းကြီးတစ်လုံးက်ို ထမ်းလို့… ။

"ဆယ်ဟွန်းနီ ! ဂျုံအင်နီ ! အပြင်မှာ သုံးဘီးပေါ်ကျန်နေတာလေးတွေ သယ်ခဲ့ပါပေးဦး… "

"ရဟသ် ဆားရ်!  "  "ဟုတ် ကိုကြီး… "

ဆယ်ဟျွန်းနဲ့ဂျုံအင် ပြေးထွက်သွားချိန်မှာ ချန်းယောလ်လက်ထဲက ကတ်ထူဘူးလေးက်ို ဘတ်ဟျွန်း မ ယူလိုက်တယ် ။

"ကို အခြေအနေ ဘယ်လိုလဲ… မှာလိုက်တာကော ရရဲ့လား…  "

"ရတာပေါ့ အချစ်လေးရဲ့… ဟောဒီမှာကြည့်…  "

ပခုံးပေါ်က သစ်သီးတောင်းကြီးကို ကြမ်းခင်းပေါ်ချလိုက်တဲ့ ချန်းယောလ်ရဲ့မျက်နှာက ရွှင်ပြပြ။ တောင်းထဲက သစ်သီးတွေက်ို မြင်လိုက်တဲ့ ဘတ်ဟျွန်းမျက်နှာလေးက လပြည့်ဝန်းလို ရွှန်းလဲ့သွားတော့တယ် ။

"ဝါးး…… ချန်းယောလ်လီ အတော်ဆုံးပဲ……  "

"မင်းအတွက်ပဲလေ အချစ်ရယ်… "

ရင်ခွင်ထဲတိုးဝင်လိုက်တော့ "ကို"က အလိုက်သင့်လေးဖက်ထားပေးလေရဲ့ ။ ရိုးအီနေတဲ့မြင်ကွင်းက်ို ဆယ်ဟွန်း နဲ့ ဂျုံအင် မမြင်ချင်ယောင်ဆောင်ရင်း သယ်လာတဲ့ သစ်သီးတောင်းတစုံကို ကြမ်းပြင်ပေါ်ချလိုက်တယ်။

"ပန်းသီး… သစ်တော်သီး… မာလကာသီး…  ဟာ… ဥသျှစ်သီးနဲ့အုန်းသီးတွေတောင် ပါတာပဲ…  ဟုတ်လှချည်လား … "

ဆယ်ဟွန်းက သစ်သီးတောင်းတွေကို ဖွင့်ကြည့်နေတုန်း ဂျုံအင်က ပန်းသီးတလုံးကို ယူကာခေါက်ကြည့်တယ်။ ကျွတ်ရွနေကြောင်းပြတဲ့ တတောင်တောင်မြည်သံကို ကြားတော့ ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း မေးလိုက်တယ် ။

" ဒါနဲ့… ဒါတွေကို ဘယ်မှာလှူမှာ … … "

"ဟိုဖက်မြို့ကဘိုးဘွားရိပ်သာမှာလေ… "

"ဟမ်…  "  "ဗျာ…… "

ဆယ်ဟွန်းနဲ့ဂျုံအင် ပါးစပ်လေးတွေကို ဟရင်း သူတို့ရှေ့က စုံတွဲကို စိုက်ကြည့်နေမိတယ် ။

ဘတ်ဟျွန်းက အချွဲသန်တဲ့ပါရှန်းကြောင်လေးလို ခေါင်းလေးဝှေ့နေချိန်မှာ ချန်းယောလ်ကတော့ တွယ်တာတတ်တဲ့ ဂိုးဒင်းရထရိုင်ဗာခွေးလေးလို ပြုံးပြုံးကြီး ပွေ့ဖက်ထားပေးလေရဲ့ ။

……

နောက်တစ်ရက်မှာတော့ ဘတ်ဟျွန်း နဲ့ ချန်းယောလ်ဟာ ရထားကြီးကို စီးကာ ချစ်သက်ရှည်အလှူကို အကောင်အထည် ဖော်ဖို့ သွားပါတော့တယ် ။

" အဲ့တာ ဘာဖြစ်လာတာတုန်း…  "

ငိုမဲ့မဲ့မျက်နှာလေးနဲ့ အိပ်ခန်းထဲ တန်းဝင်သွားတဲ့ ဘတ်ဟျွန်းကို ကြည့်ကာ အမွှာနှစ်ယောက်မေးမိတယ် ။ ချန်းယောလ်က သက်ပြင်းချပြီး ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြလေတယ် ။

-လွန်ခဲ့သော ငါးနာရီခန့်က -

" မဖြစ်နိုင်ပါဘူးရှင်…… "

ရိပ်သာမှူးအမျိုးသမီးရဲ့ မျက်နှာက မနည်းအားတင်းပြီး ပြုံးနေရတဲ့ ဟန်ပန်ဖြစ်နေတယ် ။ ဘတ်ဟျွန်းမျက်နှာလေးငယ်သွားတယ်။

"ဘာဖြစ်လို့လဲဟင်… "

" အပန်းမကြီးဘူး ဆိုရင် ဘိုးဘွားတွေနဲ့ စကားပြောကြည့်ပါ… "

ရိပ်သာမှူးအမျိုးသမီးက မျက်မှန်ကို ပင့်ရင်း ပန်းခြံရှိရာကို ညွှန်ပြတယ် ။

"ဟွန့်… ကျန်းမာရေးနဲ့ညီညွတ်ပြီး ဗီတာမင်ပြည့်ဝတဲ့ အသီးတွေကို လှူတာပါနော် … ပေါက်လွတ်ပဲစား လှူတာမဟုတ်ဘူး… 
နော့ ကိုရယ်… နော့…  "

" ကိုယ်သိပါတယ် အချစ်ရယ်…  "

လမ်းတလျောက် ပွစိပွစိပြောလာတဲ့ ဘတ်ဟျွန်းကို ငုံ့ကြည့်ရင်း ချန်းယောလ်ပြုံးမိတယ်။ ချန်းယောလ်လက်မောင်းကို အားကိုးတကြီးဖက်တွယ်ထားရင်း နှုတ်ခမ်းလေး စုချွန် စုချွန်နဲ့ ပြောလာတာလေးက ချစ်စရာ ။

" အဘိုးအဘွားတွေ သနားပါတယ် …… "

တချို့က သစ်ပင်ရိပ်လေးတွေမှာ ခုံလေးတွေနဲ့ ထိုင်နေကြတယ် ။ တချို့က ဘီးတပ်ကုလားထိုင်ပေါ်မှာ ငိုက်မြည်းလို့ ။ အိုမင်းပြီးအထီးကျန်နေကြရှာတဲ့ ဘိုးဘွားတွေကို ကြည့်ရင်း ဘတ်ဟျွန်းဝမ်းနည်းလာမိတယ် ။
ကုလားထိုင်ပေါ်မှာထိုးနေတဲ့ အဘွားတယောက်ဆီ ဘတ်ဟျွန်း နဲ့ ချန်းယောလ် လျှောက်လာခဲ့တယ် ။

"အဘွားရေ… မင်္ဂလာပါ……  "

ဘတ်ဟျွန်းက ထုံးစံအတိုင်း မျက်လုံးလေးတွေမှိတ်ကျသွားတဲ့အထိ ပြုံးရင်း နှုတ်ဆက်တယ် ။ မော့ကြည့်လာတဲ့ အဘွားရဲ့ အပြုံးကို မြင်လိုက်ရတဲ့ခဏမှာ ဘတ်ဟျွန်းရဲ့ မျက်လုံးလေးတွေ ဖြတ်ကနဲ ဝိုင်းစက်သွားတယ် ။ ချန်းယောလ်ရဲ့ မျက်ခုံးတစုံကလည်း ပင့်တက်ကာ မျက်ဝန်းညိုတွေ ပြူးထွက်လာတယ် ။

အဘွားရဲ့ အပြုံးဟာ သိပ်လှပါတယ်။
ဒါပေမယ့်…
သွား တွေတော့ မပါခဲ့ပါဘူး… ။

""အဟားဟားဟားဟား ! … အု… "'

အစွမ်းကုန်ဖြဲဟကာ ရယ်မောလိုက်တဲ့ ဆယ်ဟွန်း နဲ့ ဂျုံအင်ရဲ့ ပါးစပ်တွေကို ပန်းသီးနှစ်လုံးက လျင်လျင်မြန်မြန် ပိတ်ဆို့သွားတယ် ။
ချန်းယောလ် လေပူတွေကို မှုတ်ထုတ်ရင်း ကြမ်းခင်းပေါ်က သေတ္တာတွေကို ငေးကြည့်နေမိတယ်။

ဘယ်တတ်နိုင်ပါ့မလဲလေ … ။ ဈေးမှာ ပြန်သွင်းပြီး ပိုက်ဆံပြန်ယူရမှာပေါ့… ။

နှစ်နာရီလောက် အချိန်ပေးပြီး ရှိသမျှအဘိုးအဘွားတွေ တယောက်ချင်းကို စကားပြောခဲ့တယ် ။ တယောက်မှ သွားမရှိကြတော့ဘူးလေ ။

ရိပ်သာမှူးက အကြံပေးပါတယ် ။
"နောက်တခါ အသီးလှူရင် ကြိတ်စက်လေးတလုံး ပါပါစေ " တဲ့ ။

……

တစ်ပတ် ဆိုတဲ့အချိန်ကုန်လွန်ပြီးနောက်မှာ ဘတ်ဟျွန်းနဲ့ ချန်းယောလ်ဟာ ချစ်သက်ရှည်အလှူက်ို ထပ်မံအကောင်အထည်ဖော်ကြပြန်ပါတယ်။

"ဟောဗျာ … ဒီတခါ ဘယ်လိုဖြစ်ပြန်တာတုန်း… "

အိပ်ခန်းထဲဝင်ကာ တံခါးကို ဝုန်းကနဲ ဆွဲပိတ်သွားတဲ့ ချန်းယောလ်ကို ကြည့်ကာ ဘတ်ဟျွန်း သက်ပြင်းချလိုက်တယ် ။ ဆယ်ဟွန်းနဲ့ ဂျုံအင်ကတော့ ဖြစ်ကြောင်းကုန်စဉ်ကို မျှော်လင့်နေဟန်နဲ့ မျက်ခုံးတပင့်ပင့် ။

-လွန်ခဲ့သော ငါးနာရီခန့်က -

" ဘာလိုအပ်လဲ လို့ မေးရင်တော့ ကာယကံရှင်ဖြစ်တဲ့သူတို့လေးတွေသာ အသိဆုံးဖြစ်ပါလိမ့်မယ်… "

မိဘမဲ့ဂေဟာ ရဲ့ ကျောင်းအုပ်မာသာကြီးက တည်တည်ငြိမ်ငြိမ်လမ်းပြပေးတယ်။ ကလေးတွေက ၁နှစ်ကနေ ၁၂နှစ်လောက်အရွယ်ထိ အရွယ်စုံ ပုံစံစုံ… ။ ဘတ်ဟျွန်းနည်းတူ ချန်းယောလ်ကလည်း ကလေးချစ်တတ်တာမို့ ကလေးတွေနဲ့တွေ့ရတာ ပြသနာ မရှိ ။

ဒါပေမယ့်… ပေါ့လေ…… ။

"ဘာလိုအပ်လဲ လို့ မေးရင် သားကတော့ စာအုပ်တွေလို့ ဖြေမယ်… စာကြိုးစားမှ နိုင်ငံ့ခေါင်းဆောင်ကောင်းတယောက် ဖြစ်လာမှာမလို့ပါ…… "

စာဂျပိုးဖြစ်ဟန်တူတဲ့ ကလေးတယောက်က မျက်မှန်လေးပင့်ကာ ဖြေတယ်။ ဘတ်ဟျွန်း သဘောတကျပြုံးရင်း မေးလိုက်တယ်။

"သြော်… သားက သမ္မတကြီး ဖြစ်ချင်တာလား… "

"ဟင့်အင်း… ဟစ်တလာလို ဥရောပတိုက်ကြီးကို သိမ်းပိုက်မလို့ ……   "

ဘတ်ဟျွန်း အပြုံးလေးပျောက် ပါးစပ်လေးဟသွားချိန်မှာ နောက်တယောက်က ထပ်ပြောတယ် ။

"သားကတော့ စက်သေနတ်ပဲ လိုချင်တယ် … ဒီကောင် နိုင်ငံ့ခေါင်းဆောင်ဖြစ်လာရင် ချေဂွေဗားရားလို တောခိုပြီးတော်လှန်မယ် …  "

"ဘာကွ!!  " 

"ကြားတဲ့အတိုင်းပဲ!! "

ကျစ်ဆံမြီးလေးနဲ့ ကောင်မလေးတယောက်က လက်ကလေးမြှောက်ကာ ပြောတယ်။

"မီးမီးကတော့ ဆရာဝန်မကြီး လုပ်မှာ … "

"နင်ပဲ ဆေးထိုးအပ်ကြီးကို ကြောက်တယ်ဆို… "

" အို… ငါ့ကို ထိုးမှကြောက်တာပါနော်… သူများကို ထိုးရမှာ မကြောက်ပါဘူး … "

"ဒါဆို ငါ လူနာလုပ်မယ် …… ငါက ဆေးထိုးလည်း မငိုဘူး… သတ္တိရှိတယ်…   "

"ရတယ်လေ… ဒါဆို နင် ဘာရောဂါဖြစ်မှာလဲ…  "

"ဟိုတလောက တီဗွီမှာကြားလိုက်တယ်… နာမည်က ဆန်းဆန်းလေး … ဆိတ်… ဆိတ်ဖလူး ဆိုလား… အဲ့တာ…  "
( Syphillis - ကာလသားရောဂါ)

"ကောင်းတယ် ကောင်းတယ်…  ငါ နင့်ကို ဆေးထိုးရင် မနာအောင်ထိုးပေးမယ်နော်… "

ဆရာဝန်နဲ့လူနာကောင်မလေးနှစ်ယောက်အပေးအယူတည့်နေချိန် တဖက်မှာ ဟစ်တလာ နဲ့ ချေဂွဗားရားက နပန်းလုံးနေလေပြီ ။

"ဒီမှာ အတိုကြီး… ခုခေတ်နူငယ်တွေ အနိုအပ်ချုံးက ဘာရဲသိရား…… "

နှပ်ချေးကို ရွှပ်ကနဲရှုံ့လိုက်တဲ့ကောင်လေးက လက်ညိုးလေးထောင်ရင်းဆက်ပြောတယ် ။

"ခရုပ်ရေးတွေနှိပ်ရင် အတုံးရေးတွေကျရာတဲ့ ချက်ပစ်ချီးဗျ…တိရဲ့ရား… ဂိမ်းဂျက် ဂိမ်းဂျက်… "

"ဟယ်… တီဗွီဂိမ်းလား…… သားလည်းလိုချင်တယ်… "

"သားကော…… "   "သမီးတို့ကော……"

ရန်ဖြစ်နေတဲ့ ဟစ်တလာ နဲ့ ချေဂွေဗားရား အပါအဝင်ကလေးတွေအားလုံးက သံပြိုင်နီးပါး အော်ဟစ်နေကြပြီ ။ ကလေးတွေကြားထဲဒူးတုတ်ထိုင်နေတဲ့ ဘတ်ဟျွန်းတယောက် ပြူးပြူးပြာပြာနဲ့ ချန်းယောလ်ကို မော့ကြည့်လိုက်တယ် ။
ခုံပေါ်မှာထိုင်ရင်းရေဖန်ခွက်ကို ကိုင်ထားတဲ့ ချန်းယောလ်က တခွိခွိ ခိုးရယ်နေတယ် ။

"အားလုံး တိတ်စမ်း… ဂိမ်းစက်က အလိုအပ်ဆုံးမဟုတ်ဘူးကွ… မင်းတို့ ဘာသိလဲ…   "

၁၂နှစ်အရွယ်ဖြစ်လောက်မယ့် အရပ်ရှည်ရှည်ကောင်လေးတယောက်ရဲ့ အသံကြောင့် ကလေးတွေအားလုံး တိတ်ဆိတ်သွားတယ် ။

" အာ… ဒါဆို ဘာလိုတာလဲဟင်… "

ဘတ်ဟျွန်းအနားကို လျောက်လာတဲ့ကောင်လေးက ဘတ်ဟျွန်းရှေ့မှာ မုဆိုးဒူးထောက်ထိုင်ချလိုက်တယ် ။

"မှတ်ထားဗျ…… လိုနေတာ ချစ် သူ ပဲ…… "

ဘတ်ဟျွန်းရဲ့ မျက်နှာနှစ်ဖက်ကို အုပ်ကိုင်လိုက်တဲ့ကောင်လေးက ညစ်ကျယ်ကျယ်ပြုံးတယ်။  အိကနဲကျလာတဲ့ နုညံ့သောတစုံတခုက ဘတ်ဟျွန်းရဲ့ နှုတ်ခမ်းပေါ်တည့်တည့် … ။

"ဘယ်လိုလဲ အလှလေး…… မောင်တို့ တွဲကြမလား…… "

ဘတ်ဟျွန်း အယ်ကနဲ ဖြစ်ပြီး ကြောင်အနေမိတယ် ။ ချန်းယောလ်လက်ထဲက ဖန်ခွက်လေးဟာ သဝန်တိုမှုရဲ့ဖိအားကြောင့် ခွမ်းကနဲ… ။

ထို့နောက်တွင်မူကား…………… ။

"လည်ပင်းကို ညစ်ထားတာ တော်တော်နဲ့ မလွှတ်ပေးလို့် ငါ့မှာ အော်ငိုပြီး လွှတ်ခိုင်းခဲ့ရသေးတယ်…
တရားစွဲမခံရအောင် ကျောင်းအုပ်ကြီးကို ထိုင်ကန်တော့ခဲ့ရတာ ပြားလို့… …  "

"အိမ်း……  "

ဒါပေါ့ … ။ ညီအရင်းတွေနဲ့တောင် သဝန်တိုတတ်တဲ့ ကိုကြီးပေပဲဟာ ။
ဆယ်ဟွန်းက သိပြီးသား ဆိုတဲ့ ဟန်နဲ့ အာမေဋိတ်ပြုတယ် ။ ဂျုံအင်ကတော့ မျက်နှာကို လက်ဖဝါးနှစ်ဖက်နဲ့ အုပ်ထားတယ် ။

ဘတ်ဟျွန်းကတော့ ကောင်းကင်ကို မော့ကြည့်လိုက်တယ် ။ ကောင်းကင်က တိမ်တွေကြားမှာ စာတန်းတစ်ခု ပေါ်နေတယ် ။

-နောက်ပိုင်း ချန်းယောလ် နည်းနည်းကြမ်းမည်- တဲ့ … ။

မနက်စာစားပွဲက သိသိသာသာ တိတ်ဆိတ်နေတယ်။ မျက်ရည်ဝဲနေတဲ့ ဘတ်ဟျွန်းနဲ့ မျက်နှာတည်နေတဲ့ ချန်းယောလ်ကြားမှာ ဆယ်ဟွန်းနဲ့ဂျုံအင်ဟာ မျက်နှာငယ်လေးတွေနဲ့… ။

" ချန်းယောလ်ရေ~ ဘတ်ဟျွန်းရေ~   "

အိမ်ရှေ့ဆီက အော်သံကို ကြားတော့ ဘတ်ဟျွန်း ခပ်သုတ်သုတ်ထကာ တံခါးဖွင့်ပေးတယ် ။

""လာလည်ပါတယ်~ ""

စကားပြောတတ်တဲ့ အရုပ်ကလေးနှစ်ရုပ် လို့ ထင်ရအောင် နုဖတ်ပြီး ချစ်စရာကောင်းတဲ့ စီနီယာမင်ဆော့နဲ့ စီနီယာဂျွန်မြောင်ကို တွေ့လိုက်ရချိန်မှာ ဘတ်ဟျွန်း မျက်ရည်တွေ မထိန်းနိုင်တော့ပြီ ။

"ဘတ်ဟျွန်းနီ … "    "ရော်… ဒီကလေး …  "   

တအိအိငိုနေတဲ့ ဘတ်ဟျွန်းကို စီနီယာ မင်ဆော့က ဖက်ထားပေးချိန် စီနီယာဂျွန်မြောင်က ချန်းယောလ်ကို မျက်ခုံးပင့်ပြတယ် ။ -မင်း ဘာလုပ်ထားတာလဲ - ဆိုတဲ့ စီနီယာ့မျက်ဝန်းထဲက အမေးကို နားလည်လိုက်တော့ ချန်းယောလ် ဟားကနဲ အော်ညည်းမိတယ် ။

"ချစ်သက်ရှည်ချင်ရုံလေးပါဗျာ……  "

……

အဖြစ်အပျက်စုံကို နားထောင်ပြီးတော့ မင်ဆော့နဲ့ ဂျွန်မြောင်က ငိုရခက် ရယ်ရခက်စွာနဲ့ မချိသလိုပြုံးတယ် ။ ဂျွန်မြောင်က လွယ်ထားတဲ့ အိတ်ထဲက စာအုပ်တစ်အုပ်ကို ထုတ်လိုက်တယ် ။

" - ငြိမ်းချမ်းသော လောကတခုဆီ -   "

စာအုပ်အဖုံးပေါ်က ခပ်သော့သော့လက်ရေးလေးကို ဖတ်ရင်း ဘတ်ဟျွန်း ပြုံးမိတယ်။
စာရွက်တွေကို လှန်လျောရင်း စာအုပ်ထဲက ဓာတ်ပုံတွေက်ို ကြည့်မိတော့ ဘတ်ဟျွန်း မျက်ရည်ဝဲတက်လာရတယ် ။ ချန်းယောလ်က အံကျိတ်ရင်း တောက်ခတ်တယ် ။ ဆယ်ဟွန်းနဲ့ ဂျုံအင်က သက်ပြင်းတချချ … ။

   အကြမ်းဖက်မှုတွေ စစ်ဘေးတွေကနေ ရှောင်ပြေးလာတဲ့ လူသားတွေရဲ့ မျက်ဝန်းထဲမှာ ဘာများရှိနေမလဲ ။ နောင်တလား… အကြောက်တရားလား… နာကျည်းမုန်းတီးခြင်းလား… ။

သူတို့နှလုံးသားထဲမှာတော့ မေးခွန်းတခု ကျန်ရစ်နေလိမ့်မယ် ။

-  ဘာလို့လဲ -

ငြိမ်းချမ်းသော လောကတစ်ခု ဆိုတာ ဖြစ်လာနိုင်ရဲ့လား ။

အကြမ်းဖက်ခြင်း တိုက်ခိုက်ခြင်း သိမ်းပိုက်ခြင်း ဆိုတဲ့ စကားလုံးတွေ သုံးစရာမလိုတဲ့ လောကတစ်ခု ရှိလာနိုင်ရဲ့လား ။

မျက်ရည်နဲ့သွေး သွန်းလောင်းတဲ့ ရာဇပလ္လင်တွေကို တက်မက်ခြင်းကင်းလို့ ရွံရှာစက်ဆုပ်လာကြမယ့်နေ့ ရှိလာနိုင်ရဲ့လား ။

လိင်ခွဲခြားခြင်းတွေ မရှိတော့မယ့်နေ့…
အသားရောင်ခွဲခြားခြင်းတွေ မရှိတော့မယ့်နေ့…
လိင်မှုမတရားပြုကျင့်ခြင်းတွေ မရှိတော့မယ့်နေ့…

ကလေးသူငယ်တိုင်း ပျော်ပျော်ပါးပါး ဆော့ကစားနိုင်မယ့် အဲ့ဒီတနေ့…။

ရှိ လာ နိုင် ပါရဲ့လား … ။

ဖြစ်ခဲ့သော အကြမ်းဖက်မှုများ စစ်ပွဲများကို သင်ခန်းစာယူ၍…
ဖြစ်နေသော အကြမ်းဖက်မှုများ စစ်ပွဲများကို ရပ်တန့်ဖို့…  ဖြစ်လတ္တံ့သော အကြမ်းဖက်မှုများ စစ်ပွဲများကို ကြိုတင်ဟန့်တားနိုင်ဖို့ လ်ိုပါတယ် ။

နိုင်ငံတကာမှာ ဖြစ်ပွားနေတဲ့ စစ်မက်ဘေး အကြမ်းဖက်မှုဘေးအန္တရာယ်တွေကို အဓိကထားလို့ အခြားသော သဘာဝဘေးအန္တရာယ်တွေအပါအဝင် ဘေးဒုက္ခပေါင်းစုံအတွက် ကယ်ဆယ်ရေးအသင်းပေါင်းစုံ ဖွဲ့စည်းထားခဲ့ကြတယ် ။

မင်ဆော့နဲ့ ဂျွန်မြောင် တို့ရဲ့ ကျောင်းသားအစည်းအရုံးဟာလည်း ဒီလိုအဖြစ်အပျက်တွေကို ကြုံတွေ့နေရတဲ့ ဒုက္ခသည်တွေကို ရည်စူးပြီး အမေရိကန်အခြေစိုက် နိုင်ငံတကာကယ်ဆယ်ရေးအသင်း အိုင်အာရ်စီ (IRC - International Rescue Committee ) ကို နိုင်ငံ့ကိုယ်စားပြုအနေနဲ့ လှူဒါန်းသွားမှာဖြစ်တယ် ။

"တစ်ခုတော့ ရှိတယ်နော် ……"

ကရားရေလွတ် တတွတ်တွတ်ပြောသွားတဲ့ ဂျွန်မြောင့်စကားကို ဖြတ်ပြောလိုက်တဲ့ မင်ဆော့အသံက ခပ်အေးအေး ။

" ရေစက်တွေအများကြီးပေါင်းလို့ ပင်လယ်ကြီးဖြစ်လာတဲ့အခါ လူတွေက ပင်လယ်ကြီးရဲ့ အလှကို ချီးမွမ်းကြလ်ိမ့်မယ်… ရေတစက်ချင်းစီကို ချီးမွမ်းဖို့တော့ သူတ်ို့မေ့နေတတ်ကြတယ်…

ဂျွန်မြောင်က ခေါင်းလေးငြိမ့်ကာထောက်ခံတယ် ။ မင်ဆော့က ဆက်ပြောတယ် ။

" မင်းတို့ဟာ ရေစက်လေးတစ်စက် မို့ … မင်းတို့လှူတဲ့အခါ ဖြတ်ပိုင်းလေးတခုပဲ ရမယ်…  ဒါပေမယ့်…  "

မင်ဆော့က ပြုံးရင်း ပြောလာတယ် ။

" မမေ့ပါနဲ့… ပင်လယ်ကြီးဖြစ်ပေါ်လာစေတဲ့ ရေစက်တွေထဲမှာ မင်းတို့လည်း ပါပါတယ် …  "

ချန်းယောလ်နဲ့ ဘတ်ဟျွန်း တယောက်မျက်နှာ တယောက်ကြည့်ပြီး ပြုံးလိုက်ကြတယ် ။ ဒီထက်ကောင်းတဲ့ အလှူက်ို ဘယ်မှာသွားပြီး ရှာတွေ့ပါတော့မလဲ ။

ဘတ်ဟျွန်းက ဗုဒ္ဓဘုရားအမှူးပြုတဲ့ ရတနာသုံးပါးက်ို အာရုံပြုလို့ လက်အုပ်ချီထားတယ် ။ အလှူအတန်းရဲ့ အဖို့ဘာဂကို အနန္တစကြဝဠာအထ်ိ အမျှအတန်းပေးဝေတယ် ။
ချန်းယောလ်က လက်ချောင်းတွေကို ယှက်ထားတယ် ။ ဘုရားသခင်ဖန်ဆင်းရှင်ရဲ့ နာမတော်အောက်မှာ လောကတခွင်အေးချမ်းပါစေကြောင်း ဆုတောင်းတယ် ။

ပိုက်ဆံတထပ်နဲ့ ဖြတ်ပိုင်းတစ်စောင် လဲလှယ်ပြီးနောက်မှာ ဂျွန်မြောင်က ၁၉၈၀ထုတ် ပိုလာရိုက်(Polaroid)ကင်မရာလေးကို ထုတ်လာတယ် ။

"ဒါနဲ့ အကိုဂျွန်မြောင်… အကို့ကင်မရာကလေ… "

"ကျနော်တို့အိမ်က ကင်မရာနဲ့တူလိုက်တာနော်… "

"အရောင်ကအစ တပုံစံတည်း…  "

"နေပါဦး…… မှန်ဘီလူးနားမှာ ခြစ်ရာလေးမဟုတ်လား …  "

ဆယ်ဟွန်းနဲ့ ဂျုံအင်ရဲ့ မျက်ဝန်းထဲက သံသယတွေကြားမှာ စီနီယာဂျွန်မြောင်တယောက် မချိမဆံ့ မြောပါနေရှာတယ် ။ စီနီယာဂျွန်မြောင်တို့ရဲ့ ကင်မိသားစုဟာ မင်းမျိုးမင်းနွယ်ပီပီ ချမ်းသာလွန်းတာမို့ ကင်မရာတလုံးမကလို့ ကင်မရာစက်ရုံကို ဝယ်မယ်ဆိုရင်တောင် အေးအေးဆေးဆေးဖြစ်ကြောင်း တိုးတိုးတိတ်တိတ်ရှင်းပြကာမှ 'သြော်' လို့ အာမေဋိတ်ပြုကာ တိတ်သွားကြရှာတယ်။

ဂျွန်မြောင်ကတော့ ဗုဒ္ဓဘာသာပီပီ - ဒေါသရှေ့ထား ငရဲလား - ဆိုတဲ့ စာချိုးကို အဖန်ဖန်ရွတ်ပြီး ဒေါသတွေကို မြိုချလိုက်ဟန်ပါပဲ။

" ကဲ… အဖိုးအတန်ဆုံး အချိန်လေးကို မှတ်တမ်းတင်ထားစ်ို့ …… "

ကင်မရာထိပ်က မီးလေးတဖြတ်ဖြတ်လက်နေပြီးနောက်မှာတော့ ဓာတ်ပုံလေးတပုံထွက်ကျလာတယ် ။

ဓာတ်ပုံထဲက နုနယ်တဲ့ မျက်နှာလေးတွေဟာ ကျက်သရေရှိစွာ ပြုံးနေလေရဲ့။

……

၂၀၂၁ခုနှစ် … သို့မဟုတ် ပစ္စုပ္ပန်… ။

ပူပြင်းသောမေလလယ် ။

ဂရိလူမျိုးစန္ဒယားဆရာ ယာန်နီ(Yanni) ရဲ့ Face in the Photograph သံစဉ်က ငြိမ့်ညောင်းစွာ ပျံ့လွှင့်နေတယ် ။

ဘတ်ဟျွန်း အသက်၄၄နှစ်ပြည့်ခဲ့ပြီ မို့ ပိုလာရိုက်ဓာတ်ပုံလေးကလည်း ဝါကျင့်ကျင့်ဖြစ်နေခဲ့ပြီ ။ အဲ့တုန်းက အဖြစ်အပျက်ကလေးကို သတိရခြင်းများစွာနဲ့ ဘတ်ဟျွန်း ပြုံးမိတယ် ။

ဓာတ်ပုံထဲက ကို ဟာ ဘတ်ဟျွန်းကို ရင်ခွင်ထဲမြုပ်အောင်ဖက်ထားရင်း နှစ်နှစ်ခြိုက်ခြိုက်ပြုံးနေတယ် ။ ဓာတ်ပုံထဲက ကို့မျက်နှာလေးကို ဘတ်ဟျွန်းရဲ့ လက်သွယ်သွယ်တွေနဲ့ ထိတွေ့လိုက်တယ် ။

အခုဆိုရင် ဘတ်ဟျွန်းရဲ့ "ကို"ဟာ လောကကြီးရဲ့ ဘယ်နေရာမှာများ ရောက်နေလိမ့်မလဲ။

ဘေးမှာ ချထားတဲ့ ဖုန်းစကရင်လေးက လက်ကနဲ ဖြစ်သွားတာကို ဘတ်ဟျွန်းမြင်လိုက်တယ် ။ ဖုန်းလေးကို ကောက်ကိုင်လိုက်တော့ စာတစောင် ရှိနေတယ် ။

- ဘေဘီ… ကိုယ်တို့ ဈေးနားရောက်နေပြီ… မင်းဘာမှာဦးမလဲ -

messageတွေကို ဖတ်ပြီး ဘတ်ဟျွန်း ခစ်ကနဲ ရယ်လိုက်မိတယ် ။
ဒီနှစ်တွေအတွင်းမှာ မပေါင်းဖက်ရဘဲ ကွဲကွာသွားတယ် အထင်နဲ့စိတ်ပူနေကြမယ့် အက်ဖုအေလေးတွေကို လှောင်ဖို့ပေါ့ ။

- အသီးလေးတွေ ကြည့်ဝယ်ခဲ့ ကို… ပန့်ခ်ျအေးအေးလေး ဖောက်ရအောင်… ချစ်တယ်နော် ယောက်ျားရေ~  -

- ရစေရမယ် အချစ်လေး… သိပ်ချစ်တယ်နော် -

ဘတ်ဟျွန်းရဲ့ပါးလေးတွေ ရဲတက်လာတယ် ။ အိမ်ထောင်သက် ၂၂နှစ်လုံးမှာ တစက်မှ မလျော့ဘဲ ချစ်ပြနိုင်တဲ့ လူကြီးဟာ အခုထိ ဘတ်ဟျွန်းရင်ကို ခုန်လှုပ်စေတုန်းပါပဲ ။

ဘတ်ဟျွန်းတို့ရဲ့ ရင်သွေးကို ဆုံးရှုံးခဲ့ရတာတောင်မှ……… ။

၁၉၈၆ က အစပြုလို့ အခုအချိန် ၂၀၂၁အထိ… ဓာတ်ပုံပေါင်းများစွာထဲမှာ အာထရာဆောင်းပုံတစ်ပုံလည်း ပါနေတယ် ။ အမဲရောင်နောက်ခံပေါ်က အဖြူစက်ကလေးရဲ့ ပုံဟာ ဆယ်ဟွန်း နဲ့ ဂျုံအင် မမြင်အောင် သိမ်းထားခဲ့တဲ့ တပုံတည်းသော ဓာတ်ပုံလေးပေါ့ ။ ပြီးခဲ့ပြီးသားကိစ္စတခုအတွက် သူတို့လေးတွေ ကိုယ့်ကိုကိုယ်အပြစ်တင်ပြီး နေထိုင်မသွားစေချင်ပါ။

ပုံလေးကို နမ်းရင်း နောက်ကျောပေါ်က - ဒယ်ဒီ တောင်းပန်ပါတယ် သားရယ်- ဆိုတဲ့ စာသားလေးကိုမြင်တော့ ဘတ်ဟျွန်း နာနာကျင်ကျင်ပြုံးမိတယ် ။ မတော်တဆမှုသာ မဖြစ်ခဲ့ရင် သားလေးတောင် ၁၉နှစ်ကျော်ရောပေါ့ ။ တွေးရင်း ဘတ်ဟျွန်းပြုံးမိပါတယ် ။

တသက်တာမှာ တစ်ခုတည်းသော အတိတ်ဆိုးပေမယ့်လည်း မေ့မပစ်ဖို့ ဘတ်ဟျွန်းဆုံးဖြတ်ခဲ့တယ် ။ ဒါဟာလည်း ကို နဲ့ ဘတ်ဟျွန်းရဲ့ အမှတ်တရပေါင်းများစွာထဲက တစ်ခု ဖြစ်နေတာမို့… ။

" အချိန်တွေ သိပ်မြန်တယ်နော် ဘတ်ဟျွန်းရေ…… "

ခပ်တိုးတိုးရေရွတ်ရင်း လက်ထဲက ဓာတ်ပုံလေးတွေကို ဘတ်ဟျွန်း ချလိုက်တယ် ။

ဓာတ်ပုံထဲမှာ အလှူရှင်တွေဖြစ်တဲ့ "ကို" နဲ့ ဘတ်ဟျွန်းလည်း ပြုံးနေတယ် ။
အလှူခံတွေဖြစ်တဲ့ စီနီယာမင်ဆော့ နဲ့ စီနီယာဂျွန်မြောင်ကလည်း ပြုံးနေတယ် ။
အလှူကိုမျှဝေခံစားခဲ့တဲ့ ဆယ်ဟွန်းလေး နဲ့ဂျုံအင်လေးလည်း ပြုံးနေတယ် ။

လေအဝေ့မှာ ဓာတ်ပုံလေးက မှောက်သွားတယ် ။ ဓာတ်ပုံနောက်ကျောက စာသားတွေကို ကြည့်နေစရာမလိုဘဲ ဘတ်ဟျွန်းရေရွတ်လိုက်တယ် ။

ချစ်သက်ရှည်စေ

-  ပျံ့မွှေးကြူကြူ နှင်းဆီဖြူနှင့် ၊
- သန့်ကြည်ရေချမ်း နံ့သာလွှမ်းနှင့် ၊
- ချိုမြနွေးဖြူ ယာဂုပူကို ၊
- ဆပ်ကပ်လှူလောင်း ငါဆုတောင်းသည် ၊
      သစ္စာတိုင်လေ ခိုင်စေသော် ။

                                                 #Rossica

________ THE  END ________

.
.
.

(Zawgyi)

၁၉၉၆ ခုနွစ္…  ။
ပူျပင္းေသာ ေမလေနွာင္းရက္…  ။

အုတ္ၾကြပ္မိုးအိမ္ငယ္ေလးတလံုးရဲ႕ အိမ္ဦးခန္းမွာ ျဖစ္တယ္ ။

မၾကာေသးခင္က ထြက္ထားတဲ့ Jurassic Park (1993)ရဲ႕ ပိုစတာက အဝါေရာင္နံရံေလးေပၚမွာအက်အန ေနရာယူထားတယ္ ။ အနီေရာင္ေခ်ေဂြဗားရားေခါင္းစည္းကို စည္းထားတဲ့ ၁၃နွစ္အရြယ္ေကာင္ေလးနွစ္ေယာက္ဟာ တခ်က္တခ်က္ လႈိင္းတြန္႕ေတြ ေပၚလာတတ္ေသာ တီဗီြအစီအစဥ္ကို ၾကမ္းခင္းေပၚမွာထိုင္ကာ မမွိတ္မသံုထုိင္ၾကည့္ေနတယ္ ။
သူတို႕အနား သစ္သားစားပြဲဝိုင္းေလးေဘးမွာ ထိုင္ေနတဲ့ အသက္၂၀အရြယ္ ေကာင္ေလးကေတာ့ တခုခုအားမလိုအားမရျဖစ္ေနဟန္နဲ႕ လက္သီးေလးကို က်စ္က်စ္ပါေအာင္ ဆုတ္ထားတယ္ ။

ခပ္စူစူျဖစ္ေနတဲ့ႏႈတ္ခမ္းဖူးေလးကို ေစာင္းငဲ့ၾကည့္ရင္း ေကာင္ေလးေတြထဲက တေယာက္က စေျပာတယ္ ။

" အိမ္း… ဒီလိုနဲ႕ ျပတ္မွပဲ … "

- ဒူ ေဝေဝေဝေဝ -

ဗုဒၶဘုရားရွင္ေရွ႕ေမွာက္မွာ ေၾကးစည္ထုကာ အမ်ွေဝတဲ့ အသံေတာ့မဟုတ္ပါ ။ ဘတ္ဟြ်န္းရဲ႕ လက္ဆစ္မာမာေလးနဲ႕ ညီအငယ္ေကာင္ဆယ္ဟြန္းရဲ႕ နဖူးျပင္ ထိခတ္သြားတဲ့အသံသာ ျဖစ္ပါတယ္ ။

နီရဲသြားတဲ့ နဖူးျဖဴျဖဴကို စိုက္ၾကည့္ရင္း ဆယ္ဟြန္းရဲ႕အမႊာအစ္က္ို ဘတ္ဟြ်န္းရဲ႕ ညီအႀကီးေကာင္ ျဖစ္တဲ့ ဂ်ံဳအင္က ဝင္ေျပာတယ္ ။

" ျပတ္တာမ်ိဳးမဟုတ္ဘဲ……… ေနာက္တေယာက္ေတြ႕သြားတာ ဆိုရင္ေကာ……  "

- ေဒါင္~  -

ဘုရားေက်ာင္းက ေခါင္းေလာင္းသံလည္း မဟုတ္ခဲ့ပါ ။ ဂ်ံဳအင္ေခၚ ခါအီရဲ႕နဖူးက္ို ထိခတ္သြားတဲ့  လက္ဆစ္လွလွေလးရဲ႕ အသံပဲ ျဖစ္ပါတယ္ ။

"" အာာာာာာာ … ဘတ္ဟြ်န္းနီ~  ""

"ေတာ္စမ္း !!! "

သံျပိဳင္ညည္းညဴလိုက္တဲ့ အမႊာညီအကို္ဟာ ဘတ္ဟြ်န္းရဲ႕ စကားအဆံုးမွာ အိကနဲ အသံေပးကာ ျငိမ္က်သြားတယ္ ။ ဘတ္ဟြ်န္း ေလပူေတြကို ဟူးကနဲ မႈတ္ထုတ္လိုက္တယ္။ သက္ျပင္းခ်တိုင္းသာ အသက္တ္ုိရမယ္ ဆုိရင္ ဘတ္ဟြ်န္းတ္ို႕ ဆယ္ဘဝေလာက္ ေျပာင္းျပီးျပီထင္ပါရဲ႕ ။

"ကို" နဲ႕ ဘတ္ဟြ်န္းဟာ အမ်ိဳးစပ္ရင္ သံုးဝမ္းကြဲေလာက္ ေတာ္လိမ့္မယ္ ။ ဘတ္ဟြ်န္းဟာ ဘြားဘြားႀကီးရဲ႕ ညီမတဝမ္းကြဲ ဘြားဘြားေလးရဲ႕ေျမး။ "ကို"က ဘြားဘြားႀကီးရဲ႕ေျမးအရင္း ။
ဘတ္ဟြ်န္းတို႕ရဲ႕ ဒီအခ်စ္ဟာ ဘတ္ဟြ်န္းတို႕ရဲ႕ အုပ္ထိန္းသူ ဘြားဘြားႀကီးဆီကေန "ကို" တေယာက္ ဘယ္ေလာက္ေတာင္ ခက္ခက္ခဲခဲ ခြင့္ပန္ခဲ့ရတဲ့ အခ်စ္လဲ ဆိုတာ ဘတ္ဟြ်န္းသာ အသ္ိဆံုး မဟုတ္ပါလား ။

ဒီခ်စ္သက္ေလးကို ရွည္ေစခ်င္လ္ို႕ ဘဝဆက္တိုင္းေပါင္းဖက္ခ်င္လို႕ ဗုဒၶဘာသာပီပီ  အလွဴအတန္းေပးမယ္ ႀကံကာမွ ပိုက္ဆံစုထားတဲ့ ဘဏ္က ပိတ္ရတာနဲ႕… နိုင္ငံတကာအေရးအခင္းေတြႀကံဳရတာနဲ႕ … ။

ဘတ္ဟြ်န္းထက္ ၅လသာ ႀကီးတဲ့ "ကို"ဟာ ငယ္ငယ္ကတည္းက ဘတ္ဟြ်န္းကို ကာကြယ္ေပးခဲ့တယ္ ။ အခုအခ်ိန္ ျပသနာအမ်ိဳးမ်ိဳးႀကံဳရေတာ့လည္း "ကို"က ဘတ္ဟြ်န္းကို ခရစ္ယာန္ဘာသာဝင္ပီသတဲ့စကားနဲ႕ နွစ္သိမ့္တယ္။

"ဘုရားသခင္က အျပစ္ေပးမယ္ဆိုရင္ေတာင္ ကိုယ္ အျပစ္ခံယူမယ္… မင္းလက္ကိုေတာ့ ကိုယ္မလြတ္ဘူး ဘတ္ဟြ်န္းနီ… "  တဲ့ေလ။

ကိုးကြယ္ယံုၾကည္တဲ့ဘာသာခ်င္းမတူေပမယ့္ နွလံုးသားခ်င္း ဆႏၵခ်င္း ထပ္တူက်ေနဖို႕ဆိုတာ လြယ္တာမွ မဟုတ္ဘဲ ။ သူလိုလူကို ဘတ္ဟြ်န္း တဘဝလံုးပံုအပ္ခ်င္မိတာ မွားပါသလား ။

မ်က္ေမွာင္က်ံဳ႕ျပီး တေနရာတည္းကိုစိုက္ၾကည့္ေနရာကေန ပါးေလးေတြရဲတက္လာျပီး ရွက္ၿပံဳးေလးနဲ႕ ေခါင္းငံု႕သြားျပန္တဲ့ ဘတ္ဟြ်န္းနီ… ။ ဂ်ံဳအင္ နဲ႕ ဆယ္ဟြန္း တေယာက္မ်က္နွာတေယာက္ ၾကည့္ျပီး မ်က္ခံုးပင့္မိတယ္ ။

ရာသီဥတုပူေတာ့ တို႕အစ္ကိုလွလွေလးေတာင္ သြားရွာျပီပဲ ။

"ဘတ္ဟြ်န္းနီ…အခ်စ္ေရ ! ကိုယ္ ျပန္လာျပီ… တံခါးဖြင့္ပါဦး…  "

အိမ္ေရွ႕တံခါးဝကအသံေၾကာင့္ ဘတ္ဟြ်န္းရဲဲ႕မ်က္နွာေလးက လက္ကနဲ ။

"ဟုတ္ကဲ့… လာျပီ ကိုေရ…… "

ျဖတ္ကနဲေျပးသြားျပီး ေလ်ာတံခါးေလးက္ို ဖြင့္ေပးလိုက္ေတာ့ "ကို" သို႕မဟုတ္ ခ်န္းေယာလ္ဝင္လာတယ္။ လက္ထဲမွာ ကတ္ထူဘူးေသးတစ္ဘူးကို ပိုက္ကာ ပခံုးေပၚမွာ သစ္သီးေတာင္းႀကီးတစ္လံုးက္ုိ ထမ္းလို႕… ။

"ဆယ္ဟြန္းနီ ! ဂ်ံဳအင္နီ ! အျပင္မွာ သံုးဘီးေပၚက်န္ေနတာေလးေတြ သယ္ခဲ့ပါေပးဦး… "

"ရဟသ္ ဆားရ္!  "  "ဟုတ္ ကိုႀကီး… "

ဆယ္ဟြ်န္းနဲ႕ဂ်ံဳအင္ ေျပးထြက္သြားခ်ိန္မွာ ခ်န္းေယာလ္လက္ထဲက ကတ္ထူဘူးေလးက္ုိ ဘတ္ဟြ်န္း မ ယူလိုက္တယ္ ။

"ကို အေျခအေန ဘယ္လိုလဲ… မွာလိုက္တာေကာ ရရဲ႕လား…  "

"ရတာေပါ့ အခ်စ္ေလးရဲ႕… ေဟာဒီမွာၾကည့္…  "

ပခံုးေပၚက သစ္သီးေတာင္းႀကီးကို ၾကမ္းခင္းေပၚခ်လိုက္တဲ့ ခ်န္းေယာလ္ရဲ႕မ်က္နွာက ရႊင္ျပျပ။ ေတာင္းထဲက သစ္သီးေတြက္ို ျမင္လို္က္တဲ့ ဘတ္ဟြ်န္းမ်က္နွာေလးက လျပည့္ဝန္းလို ရႊန္းလဲ့သြားေတာ့တယ္ ။

"ဝါးး…… ခ်န္းေယာလ္လီ အေတာ္ဆံုးပဲ……  "

"မင္းအတြက္ပဲေလ အခ်စ္ရယ္… "

ရင္ခြင္ထဲတိုးဝင္လိုက္ေတာ့ "ကို"က အလိုက္သင့္ေလးဖက္ထားေပးေလရဲ႕ ။ ရိုးအီေနတဲ့ျမင္ကြင္းက္ို ဆယ္ဟြန္း နဲ႕ ဂ်ံဳအင္ မျမင္ခ်င္ေယာင္ေဆာင္ရင္း သယ္လာတဲ့ သစ္သီးေတာင္းတစံုကို ၾကမ္းျပင္ေပၚခ်လိုက္တယ္။

"ပန္းသီး… သစ္ေတာ္သီး… မာလကာသီး…  ဟာ… ဥသ်ွစ္သီးနဲ႕အုန္းသီးေတြေတာင္ ပါတာပဲ…  ဟုတ္လွခ်ည္လား … "

ဆယ္ဟြန္းက သစ္သီးေတာင္းေတြကို ဖြင့္ၾကည့္ေနတုန္း ဂ်ံဳအင္က ပန္းသီးတလံုးကို ယူကာေခါက္ၾကည့္တယ္။ ကြ်တ္ရြေနေၾကာင္းျပတဲ့ တေတာင္ေတာင္ျမည္သံကို ၾကားေတာ့ ေခါင္းတဆတ္ဆတ္ျငိမ့္ရင္း ေမးလိုက္တယ္ ။

" ဒါနဲ႕… ဒါေတြကို ဘယ္မွာလွဴမွာ … … "

"ဟိုဖက္ျမိဳ႕ကဘိုးဘြားရိပ္သာမွာေလ… "

"ဟမ္…  "  "ဗ်ာ…… "

ဆယ္ဟြန္းန ဲ႕ဂ်ံဳအင္ ပါးစပ္ေလးေတြကို ဟရင္း သူတို႕ေရွ႕က စံုတြဲကို စိုက္ၾကည့္ေနမိတယ္ ။

ဘတ္ဟြ်န္းက အခြ်ဲသန္တဲ့ပါရွန္းေၾကာင္ေလးလိို ေခါင္းေလးေဝွ႕ေနခ်ိန္မွာ ခ်န္းေယာလ္ကေတာ့ တြယ္တာတတ္တဲ့ ဂိုးဒင္းရထရိုင္ဗာေခြးေလးလို ျပံဳးျပံဳးႀကီး ေပြ႕ဖက္ထားေပးေလရဲ႕ ။

……

ေနာက္တစ္ရက္မွာေတာ့ ဘတ္ဟြ်န္း နဲ႕ ခ်န္းေယာလ္ဟာ ရထားႀကီးကို စီးကာ ခ်စ္သက္ရွည္အလွဴကို အေကာင္အထည္ ေဖာ္ဖို႕ သြားပါေတာ့တယ္ ။

" အဲ့တာ ဘာျဖစ္လာတာတုန္း…  "

ငိုမဲ့မဲ့မ်က္နွာေလးနဲ႕ အိပ္ခန္းထဲ တန္းဝင္သြားတဲ့ ဘတ္ဟြ်န္းကို ၾကည့္ကာ အမႊာနွစ္ေယာက္ေမးမိတယ္ ။ ခ်န္းေယာလ္က သက္ျပင္းခ်ျပီး ျဖစ္ေၾကာင္းကုန္စင္ကို ရွင္းျပေလတယ္ ။

-လြန္ခဲ့ေသာ ငါးနာရီခန္႕က -

" မျဖစ္နိုင္ပါဘူးရွင္…… "

ရိပ္သာမွဴးအမ်ိဳးသမီးရဲ႕ မ်က္နွာက မနည္းအားတင္းျပီး ျပံဳးေနရတဲ့ ဟန္ပန္ျဖစ္ေနတယ္ ။ ဘတ္ဟြ်န္းမ်က္ႏွာေလးငယ္သြားတယ္။

"ဘာျဖစ္လုိ႕လဲဟင္… "

" အပန္းမႀကီးဘူး ဆိုရင္ ဘိုးဘြားေတြနဲ႕ စကားေျပာၾကည့္ပါ… "

ရိပ္သာမွဴးအမ်ိဳးသမီးက မ်က္မွန္ကို ပင့္ရင္း ပန္းျခံရွိရာကို ညႊန္ျပတယ္ ။

"ဟြန္႕… က်န္းမာေရးနဲ႕ညီညြတ္ျပီး ဗီတာမင္ျပည့္ဝတဲ့ အသီးေတြကို လွဴတာပါေနာ္ … ေပါက္လြတ္ပဲစား လွဴတာမဟုတ္ဘူး… 
ေနာ့ ကိုရယ္… ေနာ့…  "

" ကိုယ္သိပါတယ္ အခ်စ္ရယ္…  "

လမ္းတေလ်ာက္ ပြစိပြစိေျပာလာတဲ့ ဘတ္ဟြ်န္းကို ငံု႕ၾကည့္ရင္း ခ်န္းေယာလ္ျပံဳးမိတယ္။ ခ်န္းေယာလ္လက္ေမာင္းကို အားကိုးတႀကီးဖက္တြယ္ထားရင္း ႏႈတ္ခမ္းေလး စုခြ်န္ စုခြ်န္နဲ႕ ေျပာလာတာေလးက ခ်စ္စရာ ။

" အဘိုးအဘြားေတြ သနားပါတယ္ …… "

တခ်ိဳ႕က သစ္ပင္ရိပ္ေလးေတြမွာ ခံုေလးေတြနဲ႕ ထိုင္ေနၾကတယ္ ။ တခ်ိဳ႕က ဘီးတပ္ကုလားထိုင္ေပၚမွာ ငိုက္ျမည္းလို႕ ။ အိုမင္းျပီးအထီးက်န္ေနၾကရွာတဲ့ ဘိုးဘြားေတြကို ၾကည့္ရင္း ဘတ္ဟြ်န္းဝမ္းနည္းလာမိတယ္ ။
ကုလားထိုင္ေပၚမွာထိုးေနတဲ့ အဘြားတေယာက္ဆီ ဘတ္ဟြ်န္း နဲ႕ ခ်န္းေယာလ္ ေလ်ွာက္လာခဲ့တယ္ ။

"အဘြားေရ… မဂၤလာပါ……  "

ဘတ္ဟြ်န္းက ထံုးစံအတိုင္း မ်က္လံုးေလးေတြမွိတ္က်သြားတဲ့အထိ ျပံဳးရင္း ႏႈတ္ဆက္တယ္ ။ ေမာ့ၾကည့္လာတဲ့ အဘြားရဲ႕ အျပံဳးကို ျမင္လို္က္ရတဲ့ခဏမွာ ဘတ္ဟြ်န္းရဲ႕ မ်က္လံုးေလးေတြ ျဖတ္ကနဲ ဝိုင္းစက္သြားတယ္ ။ ခ်န္းေယာလ္ရဲ႕ မ်က္ခံုးတစံုကလည္း ပင့္တက္ကာ မ်က္ဝန္းညိဳေတြ ျပဴးထြက္လာတယ္ ။

အဘြားရဲ႕ အျပံဳးဟာ သိပ္လွပါတယ္။
ဒါေပမယ့္…
သြား ေတြေတာ့ မပါခဲ့ပါဘူး… ။

""အဟားဟားဟားဟား ! … အု… "'

အစြမ္းကုန္ျဖဲဟကာ ရယ္ေမာလိုက္တဲ့ ဆယ္ဟြန္း နဲ႕ ဂ်ံဳအင္ရဲ႕ ပါးစပ္ေတြကို ပန္းသီးႏွစ္လံုးက လ်င္လ်င္ျမန္ျမန္ ပိတ္ဆို႕သြားတယ္ ။
ခ်န္းေယာလ္ ေလပူေတြကို မႈတ္ထုတ္ရင္း ၾကမ္းခင္းေပၚက ေသတၱာေတြကို ေငးၾကည့္ေနမိတယ္။

ဘယ္တတ္နိုင္ပါ့မလဲေလ … ။ ေစ်းမွာ ျပန္သြင္းျပီး ပိုက္ဆံျပန္ယူရမွာေပါ့… ။

နွစ္နာရီေလာက္ အခ်ိန္ေပးျပီး ရွိသမွ်အဘိုးအဘြားေတြ တေယာက္ခ်င္းကို စကားေျပာခဲ့တယ္ ။ တေယာက္မွ သြားမရွိၾကေတာ့ဘူးေလ ။

ရိပ္သာမွဴးက အႀကံေပးပါတယ္ ။
"ေနာက္တခါ အသီးလွဴရင္ ႀကိတ္စက္ေလးတလံုး ပါပါေစ " တဲ့ ။

……

တစ္ပတ္ ဆိုတဲ့အခ်ိန္ကုန္လြန္ျပီးေနာက္မွာ ဘတ္ဟြ်န္းနဲ႕ ခ်န္းေယာလ္ဟာ ခ်စ္သက္ရွည္အလွဴက္ို ထပ္မံအေကာင္အထည္ေဖာ္ၾကျပန္ပါတယ္။

"ေဟာဗ်ာ … ဒီတခါ ဘယ္လိုျဖစ္ျပန္တာတုန္း… "

အိပ္ခန္းထဲဝင္ကာ တံခါးကို ဝုန္းကနဲ ဆြဲပိတ္သြားတဲ့ ခ်န္းေယာလ္ကို ၾကည့္ကာ ဘတ္ဟြ်န္း သက္ျပင္းခ်လိုက္တယ္ ။ ဆယ္ဟြန္းနဲ႕ ဂ်ံဳအင္ကေတာ့ ျဖစ္ေၾကာင္းကုန္စဥ္ကို ေမွ်ာ္လင့္ေနဟန္နဲ႕ မ်က္ခံုးတပင့္ပင့္ ။

-လြန္ခဲ့ေသာ ငါးနာရီခန္႕က -

" ဘာလိုအပ္လဲ လို႕ ေမးရင္ေတာ့ ကာယကံရွင္ျဖစ္တဲ့သူတို႕ေလးေတြသာ အသိဆံုးျဖစ္ပါလိမ့္မယ္… "

မိဘမဲ့ေဂဟာ ရဲ႕ ေက်ာင္းအုပ္မာသာႀကီးက တည္တည္ျငိမ္ျငိမ္လမ္းျပေပးတယ္။ ကေလးေတြက ၁နွစ္ကေန ၁၂နွစ္ေလာက္အရြယ္ထိ အရြယ္စံု ပံုစံစံု… ။ ဘတ္ဟြ်န္းနည္းတူ ခ်န္းေယာလ္ကလည္း ကေလးခ်စ္တတ္တာမို႕ ကေလးေတြနဲ႕ေတြ႕ရတာ ျပသနာ မရွိ ။

ဒါေပမယ့္… ေပါ့ေလ…… ။

"ဘာလိုအပ္လဲ လို႕ ေမးရင္ သားကေတာ့ စာအုပ္ေတြလို႕ ေျဖမယ္… စာႀကိဳးစားမွ နိုင္ငံ့ေခါင္းေဆာင္ေကာင္းတေယာက္ ျဖစ္လာမွာမလို႕ပါ…… "

စာဂ်ပိုးျဖစ္ဟန္တူတဲ့ ကေလးတေယာက္က မ်က္မွန္ေလးပင့္ကာ ေျဖတယ္။ ဘတ္ဟြ်န္း သေဘာတက်ျပံဳးရင္း ေမးလိုက္တယ္။

"ေၾသာ္… သားက သမၼတႀကီး ျဖစ္ခ်င္တာလား… "

"ဟင့္အင္း… ဟစ္တလာလို ဥေရာပတိုက္ႀကီးကို သိမ္းပိုက္မလို႕ ……   "

ဘတ္ဟြ်န္း အျပံဳးေလးေပ်ာက္ ပါးစပ္ေလးဟသြားခ်ိန္မွာ ေနာက္တေယာက္က ထပ္ေျပာတယ္ ။

"သားကေတာ့ စက္ေသနတ္ပဲ လိုခ်င္တယ္ … ဒီေကာင္ နိုင္ငံ့ေခါင္းေဆာင္ျဖစ္လာရင္ ေခ်ေဂြဗားရားလို ေတာခိုျပီးေတာ္လွန္မယ္ …  "

"ဘာကြ!!  " 

"ၾကားတဲ့အတိုင္းပဲ!! "

က်စ္ဆံျမီးေလးနဲ႕ ေကာင္မေလးတေယာက္က လက္ကေလးေျမွာက္ကာ ေျပာတယ္။

"မီးမီးကေတာ့ ဆရာဝန္မႀကီး လုပ္မွာ … "

"နင္ပဲ ေဆးထိိုးအပ္ႀကီးကို ေၾကာက္တယ္ဆို… "

" အို… ငါ့ကို ထိုးမွွေၾကာက္တာပါေနာ္… သူမ်ားကို ထိုးရမွာ မေၾကာက္ပါဘူး … "

"ဒါဆို ငါ လူနာလုပ္မယ္ …… ငါက ေဆးထိုးလည္း မငိုဘူး… သတိၱရွိတယ္…   "

"ရတယ္ေလ… ဒါဆို နင္ ဘာေရာဂါျဖစ္မွာလဲ…  "

"ဟိုတေလာက တီဗီြမွာၾကားလိုက္တယ္… နာမည္က ဆန္းဆန္းေလး … ဆိတ္… ဆိတ္ဖလူး ဆိုလား… အဲ့တာ…  "
( Syphillis - ကာလသားေရာဂါ)

"ေကာင္းတယ္ ေကာင္းတယ္…  ငါ နင့္ကို ေဆးထိုးရင္ မနာေအာင္ထိုးေပးမယ္ေနာ္… "

ဆရာဝန္နဲ႕လူနာေကာင္မေလးနွွစ္ေယာက္အေပးအယူတည့္ေနခ်ိန္ တဖက္မွာ ဟစ္တလာ နဲ႕ ေခ်ဂြဗားရားက နပန္းလံုးေနေလျပီ ။

"ဒီမွာ အတိုၾကီး… ခုေခတ္ႏူငယ္ေတြ အနိုအပ္ခ်ံဳးက ဘာရဲသိရား…… "

နွပ္ေခ်းကို ရႊပ္ကနဲရွံဳ႕လိုက္တဲ့ေကာင္ေလးက လက္ညိဳးေလးေထာင္ရင္းဆက္ေျပာတယ္ ။

"ခရုပ္ေရးေတြနွိပ္ရင္ အတံုးေရးေတြက်ရာတဲ့ ခ်က္ပစ္ခ်ီးဗ်…တိရဲ႕ရား… ဂိမ္းဂ်က္ ဂိမ္းဂ်က္… "

"ဟယ္… တီဗီြဂိမ္းလား…… သားလည္းလိုခ်င္တယ္… "

"သားေကာ…… "   "သမီးတို႕ေကာ……"

ရန္ျဖစ္ေနတဲ့ ဟစ္တလာ နဲ႕ ေခ်ေဂြဗားရား အပါအဝင္ကေလးေတြအားလံုးက သံျပိဳင္နီးပါး ေအာ္ဟစ္ေနၾကျပီ ။ ကေလးေတြၾကားထဲဒူးတုတ္ထိုင္ေနတဲ့ ဘတ္ဟြ်န္းတေယာက္ ျပဴးျပဴးျပာျပာနဲ႕ ခ်န္းေယာလ္ကို ေမာ့ၾကည့္လိုက္တယ္ ။
ခံုေပၚမွာထိုင္ရင္းေရဖန္ခြက္ကို ကိုင္ထားတဲ့ ခ်န္းေယာလ္က တခြိခြိ ခိုးရယ္ေနတယ္ ။

"အားလံုး တိတ္စမ္း… ဂိမ္းစက္က အလိုအပ္ဆံုးမဟုတ္ဘူးကြ… မင္းတို႕ ဘာသိလဲ…   "

၁၂နွစ္အရြယ္ျဖစ္ေလာက္မယ့္ အရပ္ရွည္ရွည္ေကာင္ေလးတေယာက္ရဲ႕ အသံေၾကာင့္ ကေလးေတြအားလံုး တိတ္ဆိတ္သြားတယ္ ။

" အာ… ဒါဆို ဘာလိုတာလဲဟင္… "

ဘတ္ဟြ်န္းအနားကို ေလ်ာက္လာတဲ့ေကာင္ေလးက ဘတ္ဟြ်န္းေရွ႕မွာ မုဆိုးဒူးေထာက္ထိုင္ခ်လိုက္တယ္ ။

"မွတ္ထားဗ်…… လိုေနတာ ခ်စ္ သူ ပဲ…… "

ဘတ္ဟြ်န္းရဲ႕ မ်က္နွာနွစ္ဖက္ကို အုပ္ကိုင္လိုက္တဲ့ေကာင္ေလးက ညစ္က်ယ္က်ယ္ျပံဳးတယ္။  အိကနဲက်လာတဲ့ နုညံ့ေသာတစံုတခုက ဘတ္ဟြ်န္းရဲ႕ ႏႈတ္ခမ္းေပၚတည့္တည့္ … ။

"ဘယ္လိုလဲ အလွေလး…… ေမာင္တို႕ တြဲၾကမလား…… "

ဘတ္ဟြ်န္း အယ္ကနဲ ျဖစ္ျပီး ေၾကာင္အေနမိတယ္ ။ ခ်န္းေယာလ္လက္ထဲက ဖန္ခြက္ေလးဟာ သဝန္တိုမႈရဲ႕ဖိအားေၾကာင့္ ခြမ္းကနဲ… ။

ထို႕ေနာက္တြင္မူကား…………… ။

"လည္ပင္းကို ညစ္ထားတာ ေတာ္ေတာ္နဲ႕ မလႊတ္ေပးလို္႕ ငါ့မွာ ေအာ္ငိုျပီး လႊတ္ခိုင္းခဲ့ရေသးတယ္…
တရားစြဲမခံရေအာင္ ေက်ာင္းအုပ္ႀကီးကို ထိုင္ကန္ေတာ့ခဲ့ရတာ ျပားလို႕… …  "

"အိမ္း……  "

ဒါေပါ့ … ။ ညီအရင္းေတြနဲ႕ေတာင္ သဝန္တိုတတ္တဲ့ ကိုႀကီးေပပဲဟာ ။
ဆယ္ဟြန္းက သိျပီးသား ဆိုတဲ့ ဟန္နဲ႕ အာေမဋိတ္ျပဳတယ္ ။ ဂ်ံဳအင္ကေတာ့ မ်က္နွာကို လက္ဖဝါးနွစ္ဖက္နဲ႕ အုပ္ထားတယ္ ။

ဘတ္ဟြ်န္းကေတာ့ ေကာင္းကင္ကို ေမာ့ၾကည့္လိုက္တယ္ ။ ေကာင္းကင္က တိမ္ေတြၾကားမွာ စာတန္းတစ္ခု ေပၚေနတယ္ ။

-ေနာက္ပိုင္း ခ်န္းေယာလ္ နည္းနည္းၾကမ္းမည္- တဲ့ … ။

မနက္စာစားပြဲက သိသိသာသာ တိတ္ဆိတ္ေနတယ္။ မ်က္ရည္ဝဲေနတဲ့ ဘတ္ဟြ်န္းနဲ႕ မ်က္နွာတည္ေနတဲ့ ခ်န္းေယာလ္ၾကားမွာ ဆယ္ဟြန္းနဲ႕ဂ်ံဳအင္ဟာ မ်က္နွာငယ္ေလးေတြနဲ႕… ။

" ခ်န္းေယာလ္ေရ~ ဘတ္ဟြ်န္းေရ~   "

အိမ္ေရွ႕ဆီက ေအာ္သံကို ၾကားေတာ့ ဘတ္ဟြ်န္း ခပ္သုတ္သုတ္ထကာ တံခါးဖြင့္ေပးတယ္ ။

""လာလည္ပါတယ္~ ""

စကားေျပာတတ္တဲ့ အရုပ္ကေလးနွစ္ရုပ္ လို႕ ထင္ရေအာင္ နုဖတ္ျပီး ခ်စ္စရာေကာင္းတဲ့ စီနီယာမင္ေဆာ့နဲ႕ စီနီယာဂြ်န္ေျမာင္ကို ေတြ႕လိုက္ရခ်ိန္မွာ ဘတ္ဟြ်န္း မ်က္ရည္ေတြ မထိန္းနိုင္ေတာ့ျပီ ။

"ဘတ္ဟြ်န္းနီ … "    "ေရာ္… ဒီကေလး …  "   

တအိအိငုိေနတဲ့ ဘတ္ဟြ်န္းကို စီနီယာ မင္ေဆာ့က ဖက္ထားေပးခ်ိန္ စီနီယာဂြ်န္ေျမာင္က ခ်န္းေယာလ္ကို မ်က္ခံုးပင့္ျပတယ္ ။ -မင္း ဘာလုပ္ထားတာလဲ - ဆိုတဲ့ စီနီယာ့မ်က္ဝန္းထဲက အေမးကို နားလည္လိုက္ေတာ့ ခ်န္းေယာလ္ ဟားကနဲ ေအာ္ညည္းမိတယ္ ။

"ခ်စ္သက္ရွည္ခ်င္ရံုေလးပါဗ်ာ……  "

……

အျဖစ္အပ်က္စံုကို နားေထာင္ျပီးေတာ့ မင္ေဆာ့နဲ႕ ဂြ်န္ေျမာင္က ငိုရခက္ ရယ္ရခက္စြာနဲ႕ မခ်ိသလိုျပံဳးတယ္ ။ ဂြ်န္ေျမာင္က လြယ္ထားတဲ့ အိတ္ထဲက စာအုပ္တစ္အုပ္ကို ထုတ္လိုက္တယ္ ။

" - ၿငိမ္းခ်မ္းေသာ ေလာကတခုဆီ -   "

စာအုပ္အဖံုးေပၚက ခပ္ေသာ့ေသာ့လက္ေရးေလးကို ဖတ္ရင္း ဘတ္ဟြ်န္း ျပံဳးမိတယ္။
စာရြက္ေတြကို လွန္ေလ်ာရင္း စာအုပ္ထဲက ဓာတ္ပံုေတြက္ို ၾကည့္မိေတာ့ ဘတ္ဟြ်န္း မ်က္ရည္ဝဲတက္လာရတယ္ ။ ခ်န္းေယာလ္က အံက်ိတ္ရင္း ေတာက္ခတ္တယ္ ။ ဆယ္ဟြန္းနဲ႕ ဂ်ံဳအင္က သက္ျပင္းတခ်ခ် … ။

   အၾကမ္းဖက္မႈေတြ စစ္ေဘးေတြကေန ေရွာင္ေျပးလာတဲ့ လူသားေတြရဲ႕ မ်က္ဝန္းထဲမွာ ဘာမ်ားရွိေနမလဲ ။ ေနာင္တလား… အေၾကာက္တရားလား… နာက်ည္းမုန္းတီးျခင္းလား… ။

သူတို႕နွလံုးသားထဲမွာေတာ့ ေမးခြန္းတခု က်န္ရစ္ေနလိမ့္မယ္ ။

-  ဘာလို႕လဲ -

ျငိမ္းခ်မ္းေသာ ေလာကတစ္ခု ဆိုတာ ျဖစ္လာနိုင္ရဲ႕လား ။

အၾကမ္းဖက္ျခင္း တိုက္ခိုက္ျခင္း သိမ္းပိုက္ျခင္း ဆိုတဲ့ စကားလံုးေတြ သံုးစရာမလိုတဲ့ ေလာကတစ္ခု ရွိလာနိုင္ရဲ႕လား ။

မ်က္ရည္နဲ႕ေသြး သြန္းေလာင္းတဲ့ ရာဇပလႅင္ေတြကို တက္မက္ျခင္းကင္းလုိ႕ ရြံရွာစက္ဆုပ္လာၾကမယ့္ေန႕ ရွိလာနိုင္ရဲ႕လား ။

လိင္ခြဲျခားျခင္းေတြ မရွိေတာ့မယ့္ေန႕…
အသားေရာင္ခြဲျခားျခင္းေတြ မရွိေတာ့မယ့္ေန႕…
လိင္မႈမတရားျပဳက်င့္ျခင္းေတြ မရွိေတာ့မယ့္ေန႕…

ကေလးသူငယ္တုိင္း ေပ်ာ္ေပ်ာ္ပါးပါး ေဆာ့ကစားႏိုင္မယ့္ အဲ့ဒီတေန႕…။

ရွိ လာ နိုင္ ပါရဲ႕လား … ။

ျဖစ္ခဲ့ေသာ အၾကမ္းဖက္မႈမ်ား စစ္ပြဲမ်ားကို သင္ခန္းစာယူ၍…
ျဖစ္ေနေသာ အၾကမ္းဖက္မႈမ်ား စစ္ပြဲမ်ားကို ရပ္တန္႕ဖို႕…  ျဖစ္လတၱံ႕ေသာ အၾကမ္းဖက္မႈမ်ား စစ္ပြဲမ်ားကို ႀကိဳတင္ဟန္႕တားနိုင္ဖို႕ လ္ိုပါတယ္ ။

နိုင္ငံတကာမွာ ျဖစ္ပြားေနတဲ့ စစ္မက္ေဘး အၾကမ္းဖက္မႈေဘးအႏၱရာယ္ေတြကို အဓိကထားလို႕ အျခားေသာ သဘာဝေဘးအႏၲရာယ္ေတြအပါအဝင္ ေဘးဒုကၡေပါင္းစံုအတြက္ ကယ္ဆယ္ေရးအသင္းေပါင္းစံု ဖြဲ႕စည္းထားခဲ့ၾကတယ္ ။

မင္ေဆာ့နဲ႕ ဂြ်န္ေျမာင္ တို႕ရဲ႕ ေက်ာင္းသားအစည္းအရံုးဟာလည္း ဒီလိုအျဖစ္အပ်က္ေတြကို ႀကံဳေတြ႕ေနရတဲ့ ဒုကၡသည္ေတြကို ရည္စူးျပီး အေမရိကန္အေျခစိုက္ နိုင္ငံတကာကယ္ဆယ္ေရးအသင္း အိုင္အာရ္စီ (IRC - International Rescue Committee ) ကို နိုင္ငံ့ကိုယ္စားျပဳအေနနဲ႕ လွဴဒါန္းသြားမွာျဖစ္တယ္ ။

"တစ္ခုေတာ့ ရွိတယ္ေနာ္ ……"

ကရားေရလြတ္ တတြတ္တြတ္ေျပာသြားတဲ့ ဂြ်န္ေျမာင့္စကားကို ျဖတ္ေျပာလိုက္တဲ့ မင္ေဆာ့အသံက ခပ္ေအးေအး ။

" ေရစက္ေတြအမ်ားႀကီးေပါင္းလို႕ ပင္လယ္ႀကီးျဖစ္လာတဲ့အခါ လူေတြက ပင္လယ္ႀကီးရဲ႕ အလွကို ခ်ီးမြမ္းၾကလိ္မ့္မယ္… ေရတစက္ခ်င္းစီကို ခ်ီးမြမ္းဖို႕ေတာ့ သူတ္ို႕ေမ႕ေနတတ္ၾကတယ္…

ဂြ်န္ေျမာင္က ေခါင္းေလးျငိမ့္ကာေထာက္ခံတယ္ ။ မင္ေဆာ့က ဆက္ေျပာတယ္ ။

" မင္းတို႕ဟာ ေရစက္ေလးတစ္စက္ မို႕ … မင္းတို႕လွဴတဲ့အခါ ျဖတ္ပိုင္းေလးတခုပဲ ရမယ္…  ဒါေပမယ့္…  "

မင္ေဆာ့က ျပံဳးရင္း ေျပာလာတယ္ ။

" မေမ့ပါနဲ႕… ပင္လယ္ႀကီးျဖစ္ေပၚလာေစတဲ့ ေရစက္ေတြထဲမွာ မင္းတို႕လည္း ပါပါတယ္ …  "

ခ်န္းေယာလ္နဲ႕ ဘတ္ဟြ်န္း တေယာက္မ်က္နွာ တေယာက္ၾကည့္ျပီး ျပံဳးလိုက္ၾကတယ္ ။ ဒီထက္ေကာင္းတဲ့ အလွဴက္ို ဘယ္မွာသြားျပီး ရွာေတြ႕ပါေတာ့မလဲ ။

ဘတ္ဟြ်န္းက ဗုဒၶဘုရားအမွဴးျပဳတဲ့ ရတနာသံုးပါးက္ို အာရံုျပဳလို႕ လက္အုပ္ခ်ီထားတယ္ ။ အလွဴအတန္းရဲ႕ အဖို႕ဘာဂကို အနႏၲစၾကဝဠာအထ္ိ အမ်ွအတန္းေပးေဝတယ္ ။
ခ်န္းေယာလ္က လက္ေခ်ာင္းေတြကို ယွက္ထားတယ္ ။ ဘုရားသခင္ဖန္ဆင္းရွင္ရဲ႕ နာမေတာ္ေအာက္မွာ ေလာကတခြင္ေအးခ်မ္းပါေစေၾကာင္း ဆုေတာင္းတယ္ ။

ပိုက္ဆံတထပ္နဲ႕ ျဖတ္ပိုင္းတစ္ေစာင္ လဲလွယ္ျပီးေနာက္မွာ ဂြ်န္ေျမာင္က ၁၉၈၀ထုတ္ ပိုလာရိုက္(Polaroid)ကင္မရာေလးကို ထုတ္လာတယ္ ။

"ဒါနဲ႕ အကုိဂြ်န္ေျမာင္… အကို႕ကင္မရာကေလ… "

"က်ေနာ္တို႕အိမ္က ကင္မရာနဲ႕တူလိုက္တာေနာ္… "

"အေရာင္ကအစ တပံုစံတည္း…  "

"ေနပါဦး…… မွန္ဘီလူးနားမွာ ျခစ္ရာေလးမဟုတ္လား …  "

ဆယ္ဟြန္းနဲ႕ ဂ်ံဳအင္ရဲ႕ မ်က္ဝန္းထဲက သံသယေတြၾကားမွာ စီနီယာဂြ်န္ေျမာင္တေယာက္ မခ်ိမဆံ့ ေျမာပါေနရွာတယ္ ။ စီနီယာဂြ်န္ေျမာင္တို႕ရဲ႕ ကင္မိသားစုဟာ မင္းမ်ိဳးမင္းႏြယ္ပီပီ ခ်မ္းသာလြန္းတာမို႕ ကင္မရာတလံုးမကလို႕ ကင္မရာစက္ရံုကို ဝယ္မယ္ဆိုရင္ေတာင္ ေအးေအးေဆးေဆးျဖစ္ေၾကာင္း တိုးတုိးတိတ္တိတ္ရွင္းျပကာမွ 'ေၾသာ္' လို႕ အာေမဋိတ္ျပဳကာ တိတ္သြားၾကရွာတယ္။

ဂြ်န္ေျမာင္ကေတာ့ ဗုဒၶဘာသာပီပီ - ေဒါသေရွ႕ထား ငရဲလား - ဆိုတဲ့ စာခ်ိဳးကို အဖန္ဖန္ရြတ္ျပီး ေဒါသေတြကို ျမိဳခ်လိုက္ဟန္ပါပဲ။

" ကဲ… အဖိုးအတန္ဆံုး အခ်ိန္ေလးကို မွတ္တမ္းတင္ထားစ္ို႕ …… "

ကင္မရာထိပ္က မီးေလးတျဖတ္ျဖတ္လက္ေနျပီးေနာက္မွာေတာ့ ဓာတ္ပံုေလးတပံုထြက္က်လာတယ္ ။

ဓာတ္ပံုထဲက ႏုနယ္တဲ့ မ်က္နွာေလးေတြဟာ က်က္သေရရွိစြာ ျပံဳးေနေလရဲ႕။

……

၂၀၂၁ခုနွစ္ … သို႕မဟုတ္ ပစၥဳပၸန္… ။

ပူျပင္းေသာေမလလယ္ ။

ဂရိလူမ်ိဳးစႏၵယားဆရာ ယာန္နီ(Yanni) ရဲ႕ Face in the Photograph သံစဥ္က ျငိမ့္ေညာင္းစြာ ပ်ံ႕လႊင့္ေနတယ္ ။

ဘတ္ဟြ်န္း အသက္၄၄နွစ္ျပည့္ခဲ့ျပီ မို႕ ပိုလာရိုက္ဓာတ္ပံုေလးကလည္း ဝါက်င့္က်င့္ျဖစ္ေနခဲ့ျပီ ။ အဲ့တုန္းက အျဖစ္အပ်က္ကေလးကို သတိရျခင္းမ်ားစြာနဲ႕ ဘတ္ဟြ်န္း ျပံဳးမိတယ္ ။

ဓာတ္ပံုထဲက ကို ဟာ ဘတ္ဟြ်န္းကို ရင္ခြင္ထဲျမဳပ္ေအာင္ဖက္ထားရင္း နွစ္နွစ္ျခိဳက္ျခိဳက္ျပံဳးေနတယ္ ။ ဓာတ္ပံုထဲက ကို႕မ်က္နွာေလးကို ဘတ္ဟြ်န္းရဲ႕ လက္သြယ္သြယ္ေတြနဲ႕ ထိေတြ႕လိုက္တယ္ ။

အခုဆိုရင္ ဘတ္ဟြ်န္းရဲ႕ "ကိို"ဟာ ေလာကႀကီးရဲ႕ ဘယ္ေနရာမွာမ်ား ေရာက္ေနလိမ့္မလဲ။

ေဘးမွာ ခ်ထားတဲ့ ဖုန္းစကရင္ေလးက လက္ကနဲ ျဖစ္သြားတာကို ဘတ္ဟြ်န္းျမင္လိုက္တယ္ ။ ဖုန္းေလးကို ေကာက္ကိုင္လိုက္ေတာ့ စာတေစာင္ ရွိေနတယ္ ။

- ေဘဘီ… ကိုယ္တို႕ ေစ်းနားေရာက္ေနျပီ… မင္းဘာမွာဦးမလဲ -

messageေတြကို ဖတ္ျပီး ဘတ္ဟြ်န္း ခစ္ကနဲ ရယ္လိုက္မိတယ္ ။
ဒီနွစ္ေတြအတြင္းမွာ မေပါင္းဖက္ရဘဲ ကြဲကြာသြားတယ္ အထင္နဲ႕စိတ္ပူေနၾကမယ့္ အက္ဖုေအေလးေတြကို ေလွာင္ဖို႕ေပါ့ ။

- အသီးေလးေတြ ၾကည့္ဝယ္ခဲ့ ကို… ပန္႕ခ်္ေအးေအးေလး ေဖာက္ရေအာင္… ခ်စ္တယ္ေနာ္ ေယာက်္ားေရ~  -

- ရေစရမယ္ အခ်စ္ေလး… သိပ္ခ်စ္တယ္ေနာ္ -

ဘတ္ဟြ်န္းရဲ႕ပါးေလးေတြ ရဲတက္လာတယ္ ။ အိမ္ေထာင္သက္ ၂၂နွစ္လံုးမွာ တစက္မွ မေလ်ာ့ဘဲ ခ်စ္ျပနိုင္တဲ့ လူႀကီးဟာ အခုထိ ဘတ္ဟြ်န္းရင္ကို ခုန္လႈပ္ေစတုန္းပါပဲ ။

ဘတ္ဟြ်န္းတို႕ရဲ႕ ရင္ေသြးကို ဆံုးရွံဳးခဲ့ရတာေတာင္မွ……… ။

၁၉၈၆ က အစျပဳလို႕ အခုအခ်ိန္ ၂၀၂၁အထိ… ဓာတ္ပံုေပါင္းမ်ားစြာထဲမွာ အာထရာေဆာင္းပံုတစ္ပံုလည္း ပါေနတယ္ ။ အမဲေရာင္ေနာက္ခံေပၚက အျဖဴစက္ကေလးရဲ႕ ပံုဟာ ဆယ္ဟြန္း နဲ႕ ဂ်ံဳအင္ မျမင္ေအာင္ သိမ္းထားခဲ့တဲ့ တပံုတည္းေသာ ဓာတ္ပံုေလးေပါ့ ။ ျပီးခဲ့ျပီးသားကိစၥတခုအတြက္ သူတို႕ေလးေတြ ကိုယ့္ကိုကိုယ္အျပစ္တင္ျပီး ေနထိုင္မသြားေစခ်င္ပါ။

ပံုေလးကို နမ္းရင္း ေနာက္ေက်ာေပၚက - ဒယ္ဒီ ေတာင္းပန္ပါတယ္ သားရယ္- ဆုိတဲ့ စာသားေလးကိုျမင္ေတာ့ ဘတ္ဟြ်န္း နာနာက်င္က်င္ျပံဳးမိတယ္ ။ မေတာ္တဆမႈသာ မျဖစ္ခဲ့ရင္ သားေလးေတာင္ ၁၉နွစ္ေက်ာ္ေရာေပါ့ ။ ေတြးရင္း ဘတ္ဟြ်န္းျပံဳးမိပါတယ္ ။

တသက္တာမွာ တစ္ခုတည္းေသာ အတိတ္ဆိုးေပမယ့္လည္း ေမ့မပစ္ဖို႕ ဘတ္ဟြ်န္းဆံုးျဖတ္ခဲ့တယ္ ။ ဒါဟာလည္း ကို နဲ႕ ဘတ္ဟြ်န္းရဲ႕ အမွတ္တရေပါင္းမ်ားစြာထဲက တစ္ခု ျဖစ္ေနတာမို႕… ။

" အခ်ိန္ေတြ သိပ္ျမန္တယ္ေနာ္ ဘတ္ဟြ်န္းေရ…… "

ခပ္တိုးတိိုးေရရြတ္ရင္း လက္ထဲက ဓာတ္ပံုေလးေတြကို ဘတ္ဟြ်န္း ခ်လိုက္တယ္ ။

ဓာတ္ပံုထဲမွာ အလွဴရွင္ေတြျဖစ္တဲ့ "ကို" နဲ႕ ဘတ္ဟြ်န္းလည္း ျပံဳးေနတယ္ ။
အလွဴခံေတြျဖစ္တဲ့ စီနီယာမင္ေဆာ့ နဲ႕ စီနီယာဂြ်န္ေျမာင္ကလည္း ျပံဳးေနတယ္ ။
အလွဴကိုမွ်ေဝခံစားခဲ့တဲ့ ဆယ္ဟြန္းေလး နဲ႕ဂ်ံဳအင္ေလးလည္း ျပံဳးေနတယ္ ။

ေလအေဝ့မွာ ဓာတ္ပံုေလးက ေမွာက္သြားတယ္ ။ ဓာတ္ပံုေနာက္ေက်ာက စာသားေတြကို ၾကည့္ေနစရာမလိုဘဲ ဘတ္ဟြ်န္းေရရြတ္လိုက္တယ္ ။

ခ်စ္သက္ရွည္ေစ

-  ပ်ံ႕ေမႊးၾကဴၾကဴ ႏွင္းဆီျဖဴနွင့္ ၊
- သန္႕ၾကည္ေရခ်မ္း နံ႕သာလႊမ္းနွင့္ ၊
- ခ်ိဳျမေႏြးျဖဴ ယာဂုပူကို ၊
- ဆပ္ကပ္လွဴေလာင္း ငါဆုေတာင္းသည္ ၊
      သစၥာတိုင္ေလ ခိုင္ေစေသာ္ ။

                                                 #Rossica

________ THE  END ________


Continue Reading

You'll Also Like

528K 32.4K 42
#Unicode ရက်စက်လိုက်စမ်းပါ ဥပေက္ခာပြုလိုက်စမ်းပါ မုန်းလိုက်စမ်းပါ အဲ့လိုမာနခဲလေးကိုမှ စောက်ရမ်းချစ်မိနေတဲ့ ဒီလူကလဲ မ ရက်စက်လေ ပိုချစ်လေဆိုတာ တနေ့တခြာ...
1.4K 278 8
" තමුන් මේක කරන්නම ඕනෙ.. " " ඒත් තාත්තා.. මං කොහොමද- " " මං දන්නවා තමුන් ගෙදරින් පිටදි ඉන්න විදිහ මොන වගේද කියන්න.. ඒ නිසා මේක තමුන්ට අමාරු වෙන්න විද...
1.1K 47 3
punishment type လေးပါ‌ ကြိုက်နှစ်သက်မှ ဖတ်ပါ