*A Story*
Donation project from ChanBaek Ficguide Myanmar .
Thank you for your appreciation to my short story .
……
(Unicode)
A Story
(၁)
မျက်လုံးတွေကို ဖွင့်… နားတွေကို စွင့်ထားတော့ မိတ်ဆွေ … ။
ကျွန်ုပ်မှာ သင့်ကို ပြောပြဖို့ ပုံပြင်လေးတစ်ခု ရှိနေတယ် ။
တခါတုန်းကပေါ့ … တိရစ္ဆာန်တွေနဲ့ သစ်ပင်တွေရဲ့ ဘာသာစကားဟာ လေထုထဲမှာ ပျံ့လွင့်နေခဲ့စဉ်က… ။ အမိမြေ ဂိုင်ယာ ( Gaia / Earth)ကို လူသားမျိုးနွယ် နဲ့ သားရဲမျိုးနွယ်တွေ အတူတကွမျှဝေနေထိုင်ခဲ့ကြတယ်။
လူသားမျိုးနွယ်တွေဟာ မှော်ပညာ ဆေးပညာတွေက်ို သင်ယူလေ့လာကြချိန်… သားရဲမျိုးနွယ်တွေကတော့သူတို့ရဲ့ အသွင်းပြောင်းနိုင်သော "သားရဲခန္ဓာ" ကို သွေးဆက်အလိုက် မျှဝေထိန်းသိမ်းကြတယ်။ လူသားတွေမှာ ယောက်ျား မိန်းမ ဆိုတဲ့ လိင်သတ်မှတ်ချက်နဲ့ခွဲခြားတယ်။ သားရဲတွေမှာတော့ အယ်လ်ဖာ ဘီတာ အိုမီဂါ ဆိုတဲ့ အဆင့်သတ်မှတ်ချက်နဲ့သာ ခွဲခြားတယ် ။
သားရဲမျိုးနွယ်ဟာ သာမာန်အချိန်တွေမှာ လူအသွင်နဲ့ပဲ နေထိုင်လေ့ရှိတယ် ။ လူသားတွေနဲ့ ကွဲပြားတာကတော့ ညာဖက်ပါးပြင်ပေါ်မှာ သားရဲအမှတ်အသားဖြစ်တဲ့ လက်သည်းရာအစင်းကြောင်းကြီးတွေ ရှိနေတတ်တာပဲ ဖြစ်တယ် ။
သားရဲတွေက အင်အားကြီးသလို လူသားတွေဟာလည်း သန်မာကြတယ် ။ ဒါပေမယ့် လောကကြီးမှာ သေးငယ်ပြီး နုညံ့တာလည်း ရှိပါသေးတယ် ။ သူတို့ကတော့ ဟိုက်ဘရီဒါ(ကပြားမျိုး)လို့ ခေါ်တဲ့ သားရဲမကျ လူသားမကျ မျိုးနွယ်ပါပဲ ။
ဟိုက်ဘရီဒါတွေဟာ သားရဲခန္ဓာ ဒါမှမဟုတ် လူသားခန္ဓာဆီကို အပြည့်အဝမပြောင်းလဲနိုင်ကြ ။ သူတို့ ရဲ့ အသွင်ဟာ လူသားရဲ့ ကိုယ်ခန္ဓာအကြမ်းထည်ကို သားရဲနားရွက်လေးတွေ အမြီးလေးတွေ တောင်ပံလေးတွေနဲ့ အလှဆင်ထားသလိုပါပဲ ။
ဟိုင်ဘရီဒါရဲ့ မျိုးရိုးဗီဇဟာ လွှမ်းမိုးခံဗီဇဖြစ်တယ် ။ သူတို့ရဲ့ သားသမီးတွေဟာ မိတ်ဖက်ရဲ့ မျိုးနွယ်ကိုသာ ဆက်ခံကြတယ် ။ ဥပမာအားဖြင့် … လူသား နဲ့ ဟိုင်ဘရီဒါ ပေါင်းဖက်မိရင် မွေးလာတဲ့သားသမီးလေးတွေဟာ လူသားလေးတွေသာ ဖြစ်လာတယ် ။
ပန်းပွင့်လေးတွေကို ငိုကြွေးစေနိုင်တဲ့ ဟိုင်ဘရီဒါတွေဟာ ရှားပါးသလောက် ညှို့အားပြင်းတဲ့အလှကို ပိုင်ဆိုင်တယ်။ ဒီလိုအလှကို တက်မက်ကြတာမို့ပဲ ဟိုက်ဘရီဒါမှန်ရင် ဖျော်ဖြေရေးလုပ်ငန်းတွေ လုပ်ရတဲ့ သီချင်းသည် ကချေသည်တွေ ဖြစ်လာကြတယ် ။ အဆိုးဝါးဆုံးအခြေအနေ ဆိုရင် အသုံးတော်ခံ ပြည့်တန်ဆာတောင် ဖြစ်သွားနိုင်လေရဲ့ ။
ပုံပြင်လေးဟာ ဒီနေရာမှာ အစပြုတယ် ။
ဒီပုံပြင်ဟာ ရှက်ရွံ့တတ်သော ဟိုက်ဘရီဒါလေးတယောက် ရဲ့ ပုံပြင်ပါပဲ ။
နာကျင်မှုတွေ လွမ်းဆွေးမှုတွေနဲ့ ပြည့်နှက်နေမလား… ပျော်ရွှင်ခြင်းတွေ ကြည်နူးခြင်းတွေနဲ့ ထုံမွှမ်းနေမလား… ။
ဒါကိုတော့ ဖတ်ကြည့်မှသာ သင်သိနိုင်လိမ့်မယ် ။
………
( ၂ )
မဇင်ညာဖဲရ်ရယာ ( Mazinya Faerra ) … ။
အမိမြေဂိုင်ရာ ရဲ့ အလယ်ဗဟိုက ကျယ်ပြန့်တဲ့နယ်မြေ ဖြစ်တယ် ။
မိုးသစ်တောတွေနဲ့ မြစ်ရေတွေကာရံထားတဲ့ နွေးထွေးသော မဇင်ညာဖဲရ်ရယာ … ။ အမိမြေဂိုင်ရာရဲ့ နှလုံးသားတည့်တည့်မှာ ခွေခေါက်ကာ အိပ်ပျော်နေတဲ့ စောင့်ရှောက်သူနတ်ဘုရားမ ဖဲရ်ရယာ ရဲ့ ကိုယ်ခန္ဓာ လို့ ရာဇဝင်များက ဆိုတယ် ။ လူသားဖြစ်စေ သားရဲဖြစ်စေ … မဇင်ညာဖဲရ်ရယာကို ရောက်လာသူတိုင်းဟာ သူမရဲ့ ညှို့ယူခြင်းကို ခံရတော့တယ် ။
အမျိုးမျိုးအစားအစားသော အဝတ်တန်ဆာတွေ အသုံးအဆောင်တွေဆီက မျက်လုံးမခွာနိုင်စေရ ။ဗိုက်ကို တကျုတ်ကျုတ်အော်မြည်စေမယ့် အစားအသောက်ရနံ့တွေ ထုံမွမ်းလို့။ ကျောက်မြတ်ဆိုင်တွေဆီက သူယောင်သလင်း(Rose quartz)… ဖရဲအူ(Tourmaline)… ခရမ်းစွဲ(Amethyst)… မိုးကြိုးသွား(Thunderbolt) စတဲ့ သန့်စင်သောမှော်ပစ္စည်းတွေရဲ့ အရောင်က လင်းလဲ့နေတယ် ။ ဟိုက်ဘရီဒါ သီချင်းသည် ကချေသည်တွေရဲ့ဖျော်ဖြေပွဲတွေက အရောင်စုံကာ အသံမြိုင်တယ် ။ လူယောက်ျားများ နဲ့ အယ်လ်ဖာသားရဲများဟာ သေရည်နံ့ပြင်းတဲ့ ပြည့်တန်ဆာအိမ်ရာတွေဆီက မိုးမလင်းသောညတွေမှာ မြောပါလို့ နေကြတယ် ။
မဇင်ညာဖဲရ်ယာ မှာ လူသားမျိုးနွယ် နဲ့ သားရဲမျိုးနွယ် စုံစည်းကြတယ်… ရောင်းဝယ်ဖောက်ကားကြတယ်… ကုန်ပစ္စည်း လဲလှယ်ကြတယ် … တရားဝင် တရားမဝင်လုပ်ငန်းတွေလည်း လုပ်ဆောင်ကြတယ် ။
ဒီလိုတောက်ပတဲ့ မဇင်ညာဖဲရ်ရယာမှာ တိတ်ဆိတ်ပြီး မှိန်ပြတဲ့ နေရာလေးတစ်ခုရှိတယ် ။ နှစ်ရာချီသက်တမ်းရှိတဲ့မိုးမခပင်တောကြီးတွေ ဝန်းရံလို့ မြက်ခင်းစိမ်းတွေ ဖုံးကာထားတဲ့ တောင်ကုန်းလေးပေါ်မှာ အမိုးခုံးအိမ်စုလေးတွေရှိတယ်။ ဒီနေရာလေးဟာ ကချေသည်တွေ သီချင်းသည်တွေ ရဲ့ လက်လက်ပြောင်ပြောင် အဝတ်အစားတွေက အစ သူဌေးသူကြွယ်တွေရဲ့ အိစက်တဲ့ပိုးဖဲဝတ်ရုံတွေအထိ ချုပ်လုပ်ရာ နေရာလေးဖြစ်တယ် ။ တနှစ်မှာ တခါသာ ကျင်းပတဲ့ ဆောင်းရာသီပွဲတော်နီးချိန်တွေဆိုရင်တော့ ဝတ်ရုံအပ်သူတွေရဲ့ ခြေရာတွေကြောင့် မြက်ခင်းစိမ်းလေးတွေတောင် ပြားကပ်လို့ကျန်ခဲ့ရတယ် ။
ဒီနေရာလေးဟာ မဇင်ညာဖဲရ်ရယာ ရဲ့ အပ်ချည်လုံးလေး …သို့မဟုတ်… အဲန်ဖီလာ(Enfiler)ရွာငယ်လေး ပဲဖြစ်တယ် ။
လှပတဲ့ ဒီရွာငယ်လေးမှာ နေထိုင်သူတွေက လူသားအတော်များများ… သားရဲအနည်းစု …
နောက်ပြီးတော့… ဟိုက်ဘရီဒါတယောက်။
………
( ၃ )
ဆောင်းဦးရာသီ မနက်ခင်းလေးတခု … ။
သစ်ရွက်လေးတွေရဲ့ တီးတိုးတေးသီသံကို ငှက်ကလေးတွေက သံပြိုင်လိုက်ဆိုနေကြတယ် ။ မှိုပွင့်နဲ့တူတဲ့ အမိုးခုံးအိမ်ငယ်လေးထဲမှာတော့ အပ်ချုပ်စက်တွေဆီက စက်သံတွေ တချောက်ချောက်တချက်ချက် ညံလို့နေတယ် ။ သီချင်းသည်တွေရဲ့တေးသံကို ဖမ်းယူထားတတ်တဲ့ မှော်ပုလဲလေးဆီက လာတဲ့ တေးသံသာကလည်း အပ်ချုပ်စက်သံတွေနဲ့အပြိုင် မြူးကြွလို့ ။
နှုတ်ခမ်းဖူးလေးကို စုချွန်ပြီး သီချင်းလိုက်ဆိုနေချိန် ခြေထောက်ဖြူဖြူလေးတွေက တဆတ်ဆတ်လှုပ်ခါကာ စည်းချက်လိုက်နေတယ်။ လက်သွယ်သွယ်လေးတစုံက ဝါးနဲ့လုပ်ထားတဲ့ အပ်ချွန်လေးတွေကို ကျွမ်းကျင်စွာကစားနေတယ် ။ အပ်တစုံရဲ့ကြားမှာ လှပတဲ့လည်စည်းပုဝါလေးတထည်ဟာ တဖြေးဖြေးရှည်လျားလာတယ် ။
ဘယ်ဖက်နဲ့ ညာဖက်က အပ်ချုပ်စက်ကြီးနှစ်လုံးကို အပြိုင်ထိန်းချုပ်နေတာကတော့ အဖြူရောင်အမွေးပွပွလေးတွေ ရှိတဲ့မြီးတံလေးတွေ ဖြစ်တယ် ။ အပ်ခုံပေါ်ကအဝတ်စကို လက်သွယ်သွယ်တစုံအစား အမြီးဖြူလေးတစုံ စီက ထိန်းထားတယ် ။ အောက်ဖက်ခြေနင်းနေရာမှာတော့ ခြေတံဖြူဖြူလေးတဖက်အစား အမြီးဖြူလေးတခုစီက ကျကျနနရှေ့နောက်ကစားလို့… ။ နောက်ထပ်အမြီးဖြူလေးနှစ်ခုက အထပ်လိုက်ရှိနေတဲ့ သိုးမွှေးချည်တွေကို စိတ်ရှည်လက်ရှည် ဖျန့်ဖြေနေတယ်။ နောက်ဆုံးကျန်တဲ့အမြီးဖြူလေးတစ်ခုက သန့်စင်ပြီးသားချည်ငင်တွေကို သစ်သားနဲ့လုပ်ထားတဲ့ ရစ်လုံးတွေပေါ် ရစ်ယူနေတယ် ။
" Bလေးရေ !! … "
ကျယ်လော်တဲ့ အော်သံကြောင့် စည်းချက်ကျကျ ယိမ်းခါလှုပ်ရှားနေတဲ့ အဖြူရောင်အမြီးလေးတွေ ဖြတ်ကနဲ ငြိမ်သက်ကာ တခုတည်းအဖြစ်စုဆုံသွားတယ်။ တဆတ်ဆတ် လှုပ်ခါနေတဲ့ နားရွက်ဖြူဖြူလေးတစုံရဲ့ အနားအဖျားတွေက နှင်းဆီပွင့်ဖတ်တွေလို ရဲရဲနီလို့ ။
"Bလေး ရှိလား !! … "
"ဟုတ်ကဲ့… ရှိပါတယ် အန်ကယ် ! "
" အလုပ်များနေရင် ထွက်မလာနဲ့တော့ Bလေးရေ… မင်းဝေစုတောင်းထားတဲ့ နောက်ထပ် ၁၁ထည်စာ ထပ်ရောက်တယ် … ရှေ့မှာ ထားခဲ့ပြီနော်… "
"ဟုတ်ကဲ့… ထားခဲ့ပါ အန်ကယ် ! "
ခပ်မြန်မြန်နီးကပ်လာတဲ့ ခြေသံတွေဟာ ခပ်မြန်မြန်ပဲ ဝေးကွာသွားတယ် ။ ခြေသံတွေ တိတ်ဆိတ်သွားမှ တံခါးဝဆီကို Bလေး လျောက်ခဲ့တယ် ။ တံခါးဝိုင်းလေးကို ဖွင့်လိုက်ချိန် ချုပ်ရိုးတင်ပြီး ဓားစက်လိုက်ရမယ့် အထည် ၁၁ခုစာ အဝတ်စ၁၁ထုပ်နဲ့အတူ အစားအသောက်တွေအပြည့်ထည့်ထားတဲ့ ခြင်းကြားလေးတစ်ခုရှိနေတယ် ။
" -နားချိန်လည်း ယူပါဦးကွာ - #လေးလေး + အန်ကယ် "
ခြင်းတောင်းလက်ကိုင်က စာလေးကို အသံထွက်ဖတ်ရင်း နက်ပြာရောင်မျက်ဝန်းလေးတွေ လခြမ်းပုံဖြစ်တဲ့အထိ ရယ်မိတယ် ။ အဲန်ဖီလာ ရဲ့ အကြီးအကဲ လေးလေး ဟာ လူသားဖြစ်ပြီး လေးလေးရဲ့ ခင်ပွန်း အန်ကယ် ကတော့ အယ်လ်ဖာခြင်္သေ့ဖြူကြီး ဖြစ်တယ် ။ လေးလေး နဲ့ အန်ကယ် ဟာ အဲန်ဖီလာရဲ့ခြေရင်းမှာ ပစ်ထားခံခဲ့ရတဲ့ မွေးကင်းစအရွယ်Bလေးကို ဒီအရွယ်ထိ စောင့်ရှောက်ခဲ့တဲ့ မွေးစားမိဘနှစ်ပါး ဆိုလည်းမမှားပြီ ။
တံခါးဝိုင်းလေးကို စေ့ပိတ်ကာ အိမ်ထဲကို ပြန်ဝင်ခဲ့တယ်။ အပ်ချုပ်စက်ဆီက အသံဆူဆူတွေကြားမှာ ချိုသာနုညံ့တဲ့ တေးသံသာတွေလည်း ပျံ့လွှင့်လာခဲ့ပြန်တယ် ။ အမြီးလေးကိုးချောင်းဟာ လက်ကလေးတွေလိုပဲ ကျွမ်းကျင်စွာအလုပ်လုပ်နေပြန်တယ် ။
လေးလေးနဲ့ အန်ကယ်ကို အပထားလို့ … Bလေးကိုယ်တိုင်ကလွဲရင် ဘယ်သူမှ မသိဖူး မမြင်ဖူးတဲ့ Bလေးရဲ့ ပုံစံအမှန်ဟာ အမြီးကိုးချောင်းနဲ့ နားရွက်ဖားမြေခွေးဖြူလေးဖြစ်တယ် ။
တယောက်ကိုတယောက် သိပ်ချစ်တဲ့ မွေးစားမိဘနှစ်ပါးကိုတွေးမိတိုင်း Bလေးရင်ထဲမှာ မေးခွန်းတချို့ပေါ်လာတယ် ။
လူသားတွေရဲ့ သက်တမ်းက တိုတောင်းတယ် ။ သားရဲတွေရဲ့ သက်တမ်းက ရှည်လျားတယ် ။ မတူညီတဲ့ မျိုးနွယ်နှစ်ခုရဲ့ချစ်ခြင်းမှာ ချန်ထားခဲ့ရမယ့် လူသားတွေက ပိုချစ်သလား… ကျန်ရစ်ခဲ့မယ့် သားရဲတွေက ပိုချစ်တတ်သလား ။
အချစ်ဆိုတာက အပ်ချည်ကြိုးလေးတွေလို သေးသွယ်ပြီး နုညံ့တယ် လို့ လေးလေး ပြောလေ့ရှိတာကို Bလေး သတိရမိပါရဲ့ ။
……
( ၄ )
ဆောင်းဦးပွဲတော်ရက်ကို ကျရောက်လို့လာပါပြီ ။
အနယ်နယ်အရပ်ရပ်က သားရဲတွေ လူသားတွေဟာ မဇင်ညာဖဲရ်ယာမှာ စုဝေးကာ ဆောင်းရာသီကို ကြိုဆိုကြတယ် ။ အဲန်ဖီလာသားတွေအတွက်ကတော့ ဒါဟာ လက်ဖျားငွေသီးတဲ့ကာလ ဖြစ်တယ် ။ ရောက်လာတဲ့ အပ်ထည်တွေများလွန်းတာမို့ အဝတ်ပြန်အပ်တဲ့အခါ အပြေးမြန်တဲ့ သစ်ကျုတ် ချီတာလိုသားရဲတွေကို စေလွှတ်လေ့ရှိတယ် ။
မျက်နှာချိုတဲ့ Bလေးကတော့ အထူးအခွင့်အရေးအနေနဲ့ ပွဲတော်ရက်တိုင်း မဇင်ညာဖဲရ်ယာဆီကို လိုက်ပါလည်ပတ်ခွင့်ရနေကျပါပဲ ။
ခါတိုင်းလိုပဲ သိုးမွှေးဦးထုပ်ပွပွကို ဝတ်ကာ ခေါင်းပေါ်က နားရွက်ဖြူဖြူလေးတွေက်ို ဖုံးတယ် ။ အမြီးဖြူဖြူလေးကို ခါးစည်းကြိုးထဲ ထည့်ကာ ဖွက်တယ် ။ လူသားလေးတယောက်ပုံစံ ပြင်ဆင်ပြီး Bလေး ပျော်ပျော်ကြီးထွက်လာခဲ့တယ် ။
လေးလံတဲ့အဝတ်ထုတ်ကြီးကို ဆွဲကာ Bလေး ဦးတည်နေကျနေရာက မဇင်ညာဖဲရ်ယာ ရဲ့ အလယ်က ပြဇာတ်ရုံကြီး … ။
အဝတ်လာရွေးသူတွေကို စောင့်ကာ အခကြေးငွေကောက်ရင်း ဝင်ကြေးမြင့်တာမ်ို့ တော်ရုံမဝင်ထွက်နိုင်တဲ့ ပြဇာတ်ရုံကြီးရဲ့ ဖျော်ဖြေမှုတွေက်ို အပေါ်ထပ်နားနေခန်းကနေ Bလေး အဝရှုစားနိုင်တယ်လေ ။
ကြီးမားပြီး လှပတဲ့ ဟောခန်းကျယ်ကြီးရဲ့ စတိတ်ဆင်ပေါ်မှာ ကချေသည်အကြီးအကဲဟာ သူ့ရဲ့ ဒေါင်းမြီးတွေကို မြူဆွယ်ဟန်နဲ့ ဖြန့်ကားပြီး သီချင်းတစ်ပုဒ်ကို သီဆိုနေတယ် ။
" ပိုးမကူ ဝါချည်ဖြူ တပင်ရစ်ကယ်~ တသက်မှာမောင့်တယောက်ဆီသာ ညွှတ်မယ် ရွယ်တယ် ~ "
ပီသပြီး ကြည်မြတဲ့ သူ့အသံဟာ အရှိန်သြဇာလည်း ပြင်းလှပါတယ် ။ ကချေသည်ဟိုင်ဘရီဒါတွေထဲမှာ သူ့လောက်အသံကောင်းသူ ထပ်ရှိလာနိုင်မှာ မဟုတ်ဘူး လို့တောင် ခေါင်းမော့ထားနိုင်တဲ့အထိပါပဲ ။
" အို မောင်ရေ … တို့ ချစ်တဲ့မောင် ဘယ်မှာပါလိမ့်ကွယ် ~~ "
"ဒီမှာပါ အချစ်လေးး!! " "မောင်ဒီမှာပါ သည်းရေ!!! "
ခပ်ချွဲချွဲလေး ကလူကျီဆယ်လိုက်ရုံနဲ့ မြူးကြွလာတော့တာပဲလား ။ တယောက်တပေါက်အော်ဟစ်သောင်းကျန်းနေတဲ့ ပရိတ်သတ်အုပ်စုကြီးကိုမြင်တော့ Bလေး ခေါင်းကိုသာ တွင်တွင်ယမ်းနေမိတယ်။
" အာရုံစိုက်ခံရတဲ့ ခံစားချက်က ရစ်မူးစေတယ်လေ… ဒါကြောင့်ပဲ လူတိုင်းက အာရုံစိုက်ခံရအောင် တခုခုတော့ လုပ်နေကြတာပဲ… "
လှပတဲ့ ပါရှန်းကြောင်လေး လု ရဲ့ စကားကို ကြားတော့ Bလေး မျက်နှာကို မဲ့လိုက်တယ် ။
"အဲ့ထဲမှာ ငါ မပါဘူး…… "
Bလေးရဲ့ မျက်နှာအမူအရာကို မြင်တော့ လုက ပြုံးရင်း ခေါင်းကို ခပ်သာသာ ယမ်းတယ် ။သူ့ခေါင်းပေါ်က နို့နှစ်ရောင်နားရွက်ဖျားလေးတွေမှာ အလှဆင်ချိတ်ဆွဲထားတဲ့ ငွေပြားလေးတွေ အချင်းချင်းရိုက်ခတ်သွားတယ် ။
"ငါ ထွက်သွားတော့မှာ သိလား……"
"ရော်…… ဘာလို့တုန်း "
လုက Bလေးရဲ့ အမေးကို မဖြေပဲ အနောက်ဖက်တနေရာကို လျောက်သွားတယ် ။ အမှောင်ရိပ်ထဲမှာ ခြေပစ်လက်ပစ်အိပ်နေတဲ့ ကျားဖြူကြီး ဟွန်း နားမှာ ထိုင်လိုက်ရင်း အမွှေးဖွားဖွားတွေနဲ့ အမြီးဖြူလေးက ကျားကြီးရဲ့ နှာတံကို ကျီစားသလို တို့ထိလိုက်တယ် ။
" ငါနဲ့သူ… ငါတို့နှစ်ယောက်တည်း အချိန်တွေကိုဖြတ်သန်းကြည့်ကြမလို့လေ ……"
အမြီးဖွားလေးရဲ့ ကျီဆယ်မှုကြောင့် အိပ်ယာကနိုးလာတဲ့ဟွန်းဟာ သားရဲခန္ဓာကနေ လူသားအသွင်ကို ပြောင်းလဲသွားတယ် ။ မျက်လုံးတွေမပွင့်သေးပေမယ့် သန်မာတဲ့ လက်တွေက လုရဲ့ ခါးကို ဖက်ထားတယ် ။ သားရဲအမှတ်အသား အစင်းကြောင်းတွေနဲ့ လုရဲ့ လည်တိုင်နဲ့ ဂုတ်ပိုးကို ထိကပ်ပွတ်သပ်ရင်း နှာတံတွေနဲ့ အဆက်မပြတ်နမ်းရှိုက်နေတယ် ။
" အဟမ်းးးး!!!!!!!! ငါရှိသေးတယ် ! "
အိပ်ချင်မူးတူးဖြစ်နေတဲ့ စိမ်းပြာရောင်မျက်ဝန်းတွေက Bလေးရဲ့ အသံကိုကြားတော့ မဆိုစလောက် ပြူးကျယ်သွားတယ် ။
" အမ်…… အာ …… Bလေးရောက်နေတာလား… အဟဲဟဲ … "
ရယ်ကျဲကျဲနဲ့ သွားစွယ်တွေကို ဖြဲပြနေတဲ့ ဟွန်းကြောင့် Bလေး ခေါင်းကို တွင်တွင်သာယမ်းလိုက်မိတယ်။ မပြီးမဆုံးနိုင်အောင် ကလူကျီဆယ်နေတဲ့ လုတို့စုံတွဲကို ကျောခိုင်းကာ လက်ထဲကငွေအိတ်ရဲ့အလေးချိန်က်ို စိတ်မှန်းနဲ့ချိန်ဆကြည့်မိတယ် ။
အချစ်က ချစ်မိသူတွေကို ရူးကြောင်ကြောင် ဖြစ်စေတာပဲလား ။
………
( ၅ )
" မရဘူးနော် အသေးလေး … အကြီးအကဲက လူပုစိတ်တိုဆိုတာ နင်သိရဲ့သားနဲ့ … "
သစ်ကျုတ်အဒေါ်ကြီးက ခေါင်းရှုပ်လာဟန်နဲ့ သူမရဲ့ ဆံပင်ကောက်ကောက်တွေကို ထိုးဖွနေတယ် ။
" လုပ်ပါ ဒေါ်ဒေါ်ရဲ့…… တညပဲ… ဒီတညပဲလေလို့…… "
"မရဘူးဆို မရဘူးပဲနော် အသေးလေး…… "
အထုတ်အပိုးတွေအားလုံးကို ကျောပေါ်မှာလွယ်နေပြီဖြစ်တဲ့ အဒေါ်ကြီးဟာ စိတ်ဆုံးဖြတ်ထားပြီးပုံပါပဲ ။ ပြောလို့မရတဲ့အဆုံးမှာ Bလေး နောက်ဆုံး လက်နက်ကို ထုတ်ဖို့ ဆုံးဖြတ်လိုက်တယ် ။
"ဒေါ် ဒေါ် ရေ လို့~~ "
"ဟမ်… အသေးလေး… နင် အဲ့လိုမကြည့်နဲ့… မကြည့်နဲ့ဆို ……"
ဝိုင်းနိုင်သမျှ ဝိုင်းထားတဲ့ နက်ပြာရောင်မျက်ဝန်းတွေရဲ့ အကြည့်မှာ သစ်ကျုတ်အဒေါ်ကြီးလက်လျော့လိုက်ရတော့တာပါပဲ။
"အေးး… ဟုတ်ပြီဟာ …… တစ်နာရီပဲရမယ်… "
"ယေးးးး ……… "
လက်ထဲကို ထည့်ပေးလာတဲ့ လက်ဆွဲနာရီလေးကို ယူကာ Bလေး ခုန်ပေါက်ပြေးထွက်ခဲ့တယ် ။ ဒီလိုညတိုင်းမှာ Bလေးဟာ သူငယ်ချင်း လု နဲ့ ဟွန်းတို့နဲ့အတူ မဇင်ညာဖဲရ်ယာရဲ့ ညဈေးကို လွတ်လပ်စွာပတ်သွားနေကျပါပဲ ။
ဒါပေမယ့် ဒီနှစ်ကတော့ အနည်းငယ်ကွဲပြားသွားတယ် ။
"တဝက်တပိုင်းစားတဲ့ အစားအစာက စားသောက်ဆိုင်ကို မယုံကြည်ဘူးလို့ ပြောတာတဲ့ …
ဒါဆို တဝက်တပိုင်း ရေးတဲ့စာ… တဝက်တပိုင်း ချစ်တဲ့ အချစ် … ဒါတွေကကော… "
" နှစ်ပင်လိမ်ကြိုး … အိတ် … ညလင်းမီး… ရိက္ခာခြောက် ……… "
" … ဒါပဲလား ချစ်ရဲ့… "
" နောက်တစ်မြို့မှာ လိုတာထပ်ဝယ်ကြမယ်လေ… "
Bလေးမေးတာကို သူတို့မဖြေနိုင်… ။ စာရင်းဇယားတွေနဲ့ အလုပ်ရှုပ်နေတဲ့ စုံတွဲကို ကြည့်ရင်း Bလေး လက်ထဲက သစ်သီးယိုကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားမိတယ်။
" သစ္စာဖောက်တွေ…… "
Bလေး ခပ်တိုးတိုးရေရွတ်လိုက်တယ် ။ သူငယ်ချင်း၃ယောက် ဆုံရတဲ့အထဲမှာ နှစ်ယောက်တည်းပူးကပ်နေတာ မဖြစ်သင့်ဘူးမဟုတ်လား ။
"ဟိုနှစ်ယောက်… ငါပြန်ပြီနော်…… "
Bလေး ခြေဆောင့်ကာ လှည့်ထွက်လာခဲ့တယ်။ Bလေးအနားမှာမရှိတာကို သိတောင်သိဟန်မတူတဲ့ အတွဲဟာ စာရင်းစာရွက်ပေါ်မှာ ခေါင်းစိုက်နေကြတုန်း…… ။
" နင်တို့ သစ္စာဖောက်ကြောင်စုံတွဲ မှတ်ထားကြ !!!!! "
Bလေး အသံစူးစူးနဲ့ဟစ်အော်ကာ လှည့်မကြည့်စတမ်း ပြေးထွက်ခဲ့တယ် ။ အနောက်ဖက်မှာ ကျန်ခဲ့တဲ့ လု တို့နှစ်ယောက်ကတော့ လူအုပ်ကြီးရဲ့ အာရုံစိုက်မှုကို ကောင်းကောင်းကြီး ခံနေရတော့တယ် ။
"သစ္စာဖောက်တဲ့…… ဖောက်ပြန်နေကြတာပဲ! … "
"ဖောက်ပြန်တာ မဟုတ်ပါဘူးဗျာ…… "
" ဒါဆိုရင်တော့ လူမသိအောင် ခိုးချစ်ကြတာ ဖြစ်မယ်… "
" အဲ့လို မဟုတ်ပါဘူး ဆို … "
" တိတ်တိတ်ကလေးပဲ ချစ်သွားမယ် လို့ ပြောချင်တာလား !… "
"မဟုတ်…… အိုက်ယားး…… Bလေး! "
ဟွန်းရဲ့ဝမ်းခေါင်းသံကြီးကို ကြားတော့ Bလေး တဟားဟားရယ်ရင်း ပိုပြီးမြန်မြန်ပြေးခဲ့တယ် ။
တစုံတယောက်ရဲ့ အခက်အခဲကို ရယ်မောမိရင် သူ့လိုအခက်အခဲမျိုးကို မင်း ကြုံတတ်ပါတယ် တဲ့ ။
………
Bလေးရယ်ပြီး ပြေးထွက်လာခဲ့တယ် ။ Bလေးရဲ့ ရယ်သံတွေကို ရပ်တန့်သွားစေတာကတော့ တိုက်နှစ်ခုရဲ့လမ်းကြားတခုက်ို ပူးကပ်ပြီး ယှက်ထွေးကာ ဝင်သွားကြတဲ့ အရိပ်နှစ်ခုပါပဲ ။
ဘယ်သူမှ သတ်ိထားမိဟန်မတူတဲ့ နှစ်ခုနောက်ကို Bလေးစိုးရိမ်တကြီးလိုက်သွားမိတယ် ။ ဒါဟာ ဘယ်သူမှမသိလိုက်တဲ့ ရာဇဝတ်မှုတစ်ခုလည်း ဖြစ်နိုင်တယ် မလား ။ အနားရောက်မှ သိလိုက်တာက အထင်နဲ့ အမြင်ဟာ တထပ်တည်း မဖြစ်တတ်ဘူး ဆိုတာပါပဲ ။
အရိပ်လေးမှာကွယ်ကာ ရပ်ရင်းBလေး ချွေးပြန်လာမိတယ် ။ အသံကလည်း မထွက်ရဲတာမို့ အံကိုတင်းတင်းကျိတ်ကာ အသက်တောင် ဝအောင်မရှူရဲ ။
"အို… အစ်ကိုရယ်…… " "ဟူး … အလှလေးရယ်… "
လုံးလားထွေးလားဖြစ်နေတဲ့ ဟိုင်ဘရီဒါနဲ့ လူသားလား အယ်လ်ဖာသားရဲလား မသိတဲ့ စုံတွဲကတော့ Bလေးရှိနေမှန်း မသိတာမို့ လွတ်လပ်စွာသောင်းကျန်းနေကြတုန်း ။ Bလေးအနားကို လျောက်လာတဲ့ အရိပ်တခုဟာ လမ်းကြားထဲဝင်ဟန် ပြင်တယ် ။
ဒီလူဟာ သာမာန်လူသား ဆိုရင်တော့ ပြဿနာမရှိသော်လည်း အယ်လ်ဖာသားရဲသာ ဆိုရင် ဟိုင်ဘရီဒါအလှလေး တစစီဖြစ်သွားနိုင်တယ်မဟုတ်လား ။
* ဟေ့လူ… မသွားနဲ့ဗျ! *
အနားကိုရောက်လာတဲ့ အဲ့ဒီလူကို Bလေး ခြေကန်ဆွဲလိုက်တယ် ။ ဆွဲထားသော လက်ကို ဆောင့်ရုန်းပြီး အထဲဝင်ဖို့ပြင်နေတဲ့ လူကို Bလေး ခြေကန်ဆွဲလိုက်တယ်။ ဆွဲလိုက်တဲ့အားက သိပ်မပြင်းလှပေမယ့် ရုတ်တရက်မို့ သူက Bလေးကိုယ်ပေါ် ညွှတ်ကျလာတယ် ။ အရပ်ချင်းသိသိသာသာကွာခြားတာမို့ Bလေးငယ်ထိပ်ပေါ် သူ့မေးဖျားက တိန်ကနဲထိခပ်လာတယ် ။ နာသွားရှာတဲ့ ငယ်ထိပ်လေးကို ပွတ်ရင်း သဲသဲကွဲကွဲမမြင်ရတဲ့ ထိုသူကို Bလေး မျက်စောင်းထိုးမိတယ် ။
"မင်း ဘာ……… "
*ရှူး… တိုးတိုးဟ… *
Bလေး လက်ချောင်းလေးတွေက ကိုင်ထားတဲ့ စားလက်စ သစ်သီးယိုကို ထိုသူ့ပါးစပ်ထဲ ထိုးထည့်လိုက်တယ် ။ လမ်းကြားထဲကစုံတွဲက သောင်းကျန်းနေကြဆဲ။
*တိုးတိုးနေ… ပြီးတော့ မသွားနဲ့ဦး…… *
ထိုလူက ရုတ်တရက်မ်ို့ ငြိမ်နေတယ်။ နောက်မှ သတိလည်လာဟန်နဲ့ Bလေးကို မေးတယ်။
*လမ်းကြားမှာ ဘာဖြစ်လို့လဲ…… *
အသံကိုနိမ့်ပြီးမေးလာတဲ့ သြရှရှအသံက အေးအေးဆေးဆေးဖြစ်နေတယ် ။ ဒါကို Bလေး သိပ်ဂရုမပြုအား ။ ဟိုစုံတွဲရဲ့အဖြစ်ကို ဘယ်လိုနာမည်တပ်ရမလဲ အသေအကြေစဉ်းစားနေမိတယ် ။
*ကျစ်… အထဲမှာ သူတို့… အဲ့တာကို အဲ့လိုဟာ… *
*ဘာကို အဲ့တာ လဲ …… *
*အိုက်ယား… ကျနော်တို့ငယ်ငယ်က ခိုးဖတ်ဖူးတဲ့ လူကြီးစာပေတွေထဲကလို 'ဟိုဟာ'ဖြစ်နေကြတာ… 'ဒီလို ဒီလို' ဥစ္စာ… *
လက်ဖဝါးလေးနှစ်ခုကို ပူးချည်ခွာချည် သရုပ်ပြရင်း Bလေး နှုတ်ခမ်းလေးကို ဖိကိုက်ထားမိတယ်။ အထဲကအတွဲအစား Bလေး မျက်နှာပူလိုက်တဲ့ ဖြစ်ခြင်း … ။
သြရှရှအသံပိုင်ရှင်က ဟက်ကနဲ ရယ်ရင်း Bလေးနားထင်စပ်အထိ ငုံ့ချလာပြီးမေးတယ် ။
*မဟုတ်မှ…… မင်းလည်း 'စိတ်ပါ'နေပြီလား… *
" သစ်ရွက် ကို! …" * အဲ့…သစ်ရွက်က်ို စ်ိတ်ပါတာလား… *
ထွက်သွားမိသောအသံကို Bလေး ပြန်ထိန်းလိုက်တယ်။ အယ်လ်ဖာသားရဲလား လူသားလား မသိတဲ့ ထိုလူက ရယ်နေတယ်။ အပြတ်အသတ်ဆဲဖို့ စကားလုံးတွေ စီနေတုန်းမှာပဲ အထဲက စုံတွဲ၏ အသံတွေက တမျိုးပြောင်းသွားတယ် ။
"ဟူး… တော်ပြီလေ အစ်ကိုရယ်…. "
"မရသေးဘူးကွာ… နောက်တခါ…… "
" အစ်ကိုရယ် တော်တော့… ကျွန်မ အဆင်သင့်မဖြစ်သေးလို့…… "
" ကျစ်…. ငြိမ်ငြိမ်နေစမ်းးး!! "
ဟိုက်ဘရီဒါက ငြင်းဆန်နေတော့ တဖက်လူက ကြမ်းတမ်းစွာ ဆွဲချုပ်လိုက်တယ် ။ Bလေး အံကျိတ်ရင်း လက်သီးကို တင်းတင်းစုပ်လိုက်မိတယ်။ နှစ်ဦးသဘောတူကိစ္စကနေ အဓမ္မမှု ဖြစ်လာပြီ။
* ဟက်… ပွဲကတော့ စပြီ…… *
အနားကလူရဲ့ခပ်ရွဲ့ရွဲ့အသံကို ကြားလိုက်ရတယ် ။ သေချာမမြင်ရပေမယ့် Bလေး သိလိုက်တယ်။ ထိုလူ့နှုတ်ခမ်းတွေက အချဉ်ပေါက်ချင်စဖွယ် တွန့်ကွေးနေလိမ့်မယ်။
ဒါပဲလား။ ဖျော်ဖြေပွဲလို သဘောထားပြီး အရသာခံကြည့်မည်ပေါ့။ သေသွားတောင် မကူညီဘူးပေါ့ ။
Bလေး အသက်ဝဝရှူရင်း အသံကိုမြှင့်ကာ ဟစ်အော်လိုက်သည်။
" လက်ပတ်ဖြူတွေ လာပြီဟေ့!!! "
လက်ပတ်ဖြူနဲ့ သားရဲတွေဟာ မဇင်ညာဖဲရ်ယာကို ကင်းလှည့်ပြီးစောင့်ရှောက်ကြသူတွေ ဖြစ်တယ် ။ အထူးသဖြင့် ဒီလိုပွဲအချိန်မှာ အခုလိုအမှုမျိုးမပေါ်ပေါက်အောင် စောင့်ရှောက်ကြတယ် ။ ကောင်းကောင်းထုရိုက်ပြီး ဒံပေါက်အဝကျွေးလေ့ရှိတာမို့ လက်ပတ်ဖြူဟေ့ ဆိုတာနဲ့ လူတိုင်းရှိန်ပြီးသား ။
"ဟင်… စည်း… စည်းကမ်းထိန်းတွေ … "
"ပြေးမယ်…… ပြေးစို့…! "
ပြူးပြူးပြာပြာ ဖြစ်သွားတဲ့ ထိုအတွဲက အဝတ်ဖရိုဖရဲနှင့် လှည့်တောင်မကြည့်အားပဲပြေးထွက်သွားကြတယ် ။ လက်ပတ်ဖြူတွေကို ကြောက်၏ မကြောက်၏တော့ မသိ… ။ ပြေးသွားလိုက်တာ ဖုန်လုံးများတောင် ထလို့ ။
"မင်းကလည်းကွာ… ကြည့်ကောင်းနေသေးတာကို…… "
ထိုလူက ပြေးသွားသောအတွဲကိုကြည့်ရင်း ခပ်မြူးမြူးပြောတယ် ။ အလင်းရောင်အောက်မှာ အနီးကပ်ကြည့်မိတော့မှ သိလိုက်တယ်။ ထိုလူဟာ ညာဖက်ပါးပြင်ပေါ်မှာ အစင်းကြောင်းကြီးတွေရှိတဲ့ သားရဲဖြစ်တယ် ။ အနက်ရောင် ဆံပင်တွေကို လှန်သိမ်းထားတဲ့ ထိုလူရဲ့ နှုတ်ခမ်းထူထူက Bလေး ထည့်ပေးထားသော တုတ်ချိုချဉ်ကိုထိန်းထားတယ် ။
Bလေး ကျစ်ကနဲ စုတ်သပ်ပြီး ထိုလူ့အင်္ကျီရင်ဘတ်ကို ဆွဲဆောင့်လိုက်တယ် ။
"ဟေ့လူ… ကျုပ်ပြောတာ နားထောင်စမ်း… "
ပေါ့ပျက်ပျက်ပြောင်ချော်ချော်ဟန်တွေ ပြည့်နေတဲ့ ထိုလူ့မျက်ဝန်းညိုတွေထဲက်ို ဘီလီ စိုက်ကြည့်လိုက်တယ်။
" အနိုင်ကျင့်တာကို ကြည့်ကောင်းတယ်လို့ ထင်တဲ့ အမျိုးအစားတစ်မျိုးပဲရှိတယ်… အဲ့ဒီမျိုးနွယ်ကို လူယုတ်မာ လို့ ခေါ်တယ်…… "
မျက်နှာချင်းဆိုင်နိုင်ဖို့ ခြေဖျားထောက်ထားရပေမယ့် Bလေးမျက်နှာရဲရဲလေးမှာ ဒေါသတွေအပြည့်ပါပဲ ။
" မိတ်ဖက်တွေကြားမှာတောင် ငြင်းခွင့်ဆိုတာရှိတယ် … ခများ ဘယ်လောက်ပဲ အားကြီးတဲ့လူဖြစ်နေနေ… တဖက်သားကို လေးစားမှု ပြစမ်းပါ… "
Bလေး သူ့အင်္ကျီကို လွှတ်ကာ ဆောင့်တွန်းလိုက်သည်။ ပါးစပ်ထဲ ထည့်ပေးထားတဲ့ သစ်သီးယိုကို ဆွဲထုတ်ပြီး အနားမှထွက်လာခဲ့သည်။ တဝက်ကျန်သေးသော သစ်သီးယိုက်ို ပါးစပ်ထဲ ပြန်ထိုးထည့်ရင်း ခပ်တိုးတိုးရေရွတ်လိုက်တယ် ။
"ဟွန့်… ကျက်သတုံး…… ငုံးကောင်ကြီး…… "
………
( ၆ )
ခပ်သွက်သွက်လျောက်သွားခဲ့တဲ့ ကျောပြင်လေးက်ို ငေးကြည့်ရင်း သူ့ရင်ထဲမှာ လှိုင်းထန်နေတယ် ။ တသက်လုံးမခံစားခဲ့ဖူးတဲ့ ဒီခံစားချက်ကို သူ ဘယ်လိုနာမည် တပ်သင့်လဲ ။
တက်မက်ခြင်း ရမ္မက် လား… ။ ရမ္မက်ထက် အဆပေါင်းများစွာ သာလွန်တဲ့ ချစ်မေတ္တာ လား … ။
အဖြေရှာတော့မယ် လို့ ခပ်သွက်သွက်ပဲ ဆုံးဖြတ်ပြီး ဝိညာဉ်အစောင့်အရှောက်ကို အာရုံပြုကာ ဆင့်ခေါ်လိုက်တယ် ။
" ခေါ်ပါသလား အကြီးအကဲ …… "
ဝုကနဲအသံပေးကာ ဖြတ်ကနဲပေါ်လာတဲ့ မဲမဲလုံးလုံး မွေးပွ(poodle) ခွေးကလေးဟာ အကြီးအကဲရဲ့ မျက်နှာပေါ်က အပြုံးကို မြင်ကာ အမွေးဖွားလေးတွေ ထောင်ထသွားရတယ်။
"တိုဘန်နီးရေ…… "
"ဂိန် ! အဲလေ… ဝုတ်ကဲ့… "
"သားရဲခန္ဓာလေး ခဏငှားပါကွာ…… "
" ဝုတ်… အဲ …… မဝုတ်ဘူးးးး !!!! "
ငြင်းဆိုလိုက်တော့လည်း အကြီးအကဲက ပြုံးပြလာပြန်ပါတယ် ။အဲ့အပြုံးကြီးကို မကြိုက်ဘူးနော် အကြီးအကဲရေ… မကြိုက်ဘူး …။
…………
(၇)
မဇင်ညာဖဲရ်ယာရဲ့ လမ်းမတစ်နေရာမှာ ဆံပင်ကောက်ကောက်လေးတွေနဲ့ ကောင်ကလေးတယောက်ဟာ အမွေးပွကောက်ကောက်လေးတွေနဲ့ ခွေးငယ်လေးတစ်ကောင်က်ို ပွေ့ကာ ရပ်နေတယ် ။ ကောင်လေးရဲ့မျက်ဝန်းကနေ မျက်ရည်လုံးကလေးတွေ တတောက်တောက်စီးကျလို့နေတယ် ။
"အကြီးအကဲဟာ … အုအုအု~ ဆိုးသွမ်းလိုက်တာ… အုအုအု~ "
" တိတ်စမ်း…! ဟိုမှာ သူလာနေပြီ…… "
"ဘယ်သူတုန်း … အုအုအု~~~ "
"ခေါင်းပေါင်းလေးနဲ့…… "
ကောင်ကလေးဟာ တအုအုငိုကျွေးရင်း ခေါင်းပေါင်းလေးနဲ့ လမ်းလျောက်လာသူဆီ တဟုန်ထိုးပြေးသွားတယ် ။
" ကလေးလေး… ဘာဖြစ်လို့……… "
ခေါင်းပေါင်းလေးရဲ့ စကားအဆုံးက်ို မစောင့်ဘဲ ကောင်လေးဟာ လမ်းဘေးအမှောင်ထုထဲကို ပြေးဝင်ပျောက်ကွယ်သွားတော့တယ် ။ ကောင်လေးရဲ့ နောက်မှာ ငိုသံတချို့က မသိမသာပဲ့တင်ထပ်လို့… ။
-အကြီးအကဲ မကောင်းဘူး…… အုဝူးးးး -
………
(၈)
ပြေးထွက်သွားတဲ့ကောင်ကလေးကို Bလေး အံ့သြခြင်းများစွာနဲ့စိုက်ကြည့်နေတယ် ။ လက်ထဲမှာ ကျန်ခဲ့တဲ့ အမွေးပွပွနဲ့မဲလုံးလုံးခွေးပေါက်ကလေးက Bလေးကို ညိုမှောင်တဲ့ မျက်ဝန်းရွဲကြီးတွေနဲ့ မော့ကြည့်နေတယ် ။
"မင်းလည်း စွန့်ပစ်ခံခဲ့ရတာပဲ…… "
Bလေး ညင်ညင်သာသာပြုံးရင်း ခွေးလေးရဲ့ခေါင်းကို ဖွဖွလေးပွတ်သပ်လိုက်တယ်။
"ငါလည်း စွန့်ပစ်ခံခဲ့ရတာပဲ… သိလား… "
ခွေးကလေးကို ပိုက်ရင်း သစ်ကျုတ်အဒေါ်ကြီး စောင့်နေမယ့်နေရာကို Bလေးလျောက်လာခဲ့တယ် ။ Bလေးရဲ့ ရင်ခွင်ထဲမှာ ရှိနေတဲ့ ခွေးကလေးဟာ Bလေးကို မော့ကြည့်နေတယ် ။ စကားပြောလိုက်တိုင်းစုချွန်သွားတတ်တဲ့ နှုတ်ခမ်းလေးတွေကို မြင်တိုင်း ခွေးကလေးရဲ့ စိတ်ထဲမှာ အတွေးတစ်ခုသာ ရှိနေတတ်တယ် ။
- နမ်းချင်လိုက်တာ - တဲ့… ။
…………
(၉)
နှစ်ပေါင်းများစွာ ကြာခဲ့ပြီ … ။
လှပတဲ့ အချစ်တခုဟာလည်း ဆက်သွားနေလိမ့်ဦးမည် ။
" မိတ်ဖက်တွေကြားမှာတောင် ငြင်းခွင့်ဆိုတာရှိတယ် … ခများ ဘယ်လောက်ပဲ အားကြီးတဲ့လူဖြစ်နေနေ… တဖက်သားကို လေးစားမှု ပြစမ်းပါ… "
နီရဲသော ဆံနွယ်လေးတွေ ယိမ်းခါသွားတဲ့အထိ ခြေကိုဆောင့်ကာ ကျောပေးသွားတဲ့ ကျောပြင်ငယ်လေးကို မျက်ဝန်းညိုတစုံက စိုက်ကြည့်နေမိတယ် ။ သိစိတ်ကတော့ ချစ်ခင်တက်မက်မှုကိုပေးချိန် မသိစိတ်က လွမ်းဆွတ်တမ်းတမှုကို ပေးတယ် ။
ကိုယ် မင်းကို ရှာတွေ့ပြန်ပြီ တဲ့ လေ …… ။
END _____
A.N
Into You နဲ့ ဆက်စပ်နေပါတယ် ဆိုတာ ပြောပြရန်ပင် လိုအံ့မထင်ပါ ။
.
.
.
( Zawgyi )
A Story
(၁)
မ်က္လံုးေတြကို ဖြင့္… နားေတြကို စြင့္ထားေတာ့ မိတ္ေဆြ … ။
ကြ်န္ု္ပ္မွာ သင့္ကို ေျပာျပဖို႕ ပံုျပင္ေလးတစ္ခု ရွိေနတယ္ ။
တခါတုန္းကေပါ့ … တိရစၧာန္ေတြနဲ႕ သစ္ပင္ေတြရဲ႕ ဘာသာစကားဟာ ေလထုထဲမွာ ပ်ံ႕လြင့္ေနခဲ့စဥ္က… ။ အမိေျမ ဂိုင္ယာ ( Gaia / Earth)ကို လူသားမ်ိဳးႏြယ္ နဲ႕ သားရဲမ်ိဳးႏြယ္ေတြ အတူတကြမွ်ေဝေနထိုင္ခဲ့ၾကတယ္။
လူသားမ်ိဳးႏြယ္ေတြဟာ ေမွာ္ပညာ ေဆးပညာေတြက္ုိ သင္ယူေလ့လာၾကခ်ိန္… သားရဲမ်ိဳးႏြယ္ေတြကေတာ့သူတို႕ရဲ႕ အသြင္းေျပာင္းနိုင္ေသာ "သားရဲခႏၶာ" ကိို ေသြးဆက္အလိုက္ မွ်ေဝထိန္းသိမ္းၾကတယ္။ လူသားေတြမွာ ေယာက်္ား မိန္းမ ဆိုတဲ့ လိင္သတ္မွတ္ခ်က္နဲ႕ခြဲျခားတယ္။ သားရဲေတြမွာေတာ့ အယ္လ္ဖာ ဘီတာ အိုမီဂါ ဆိုတဲ့ အဆင့္သတ္မွတ္ခ်က္နဲ႕သာ ခြဲျခားတယ္ ။
သားရဲမ်ိဳးႏြယ္ဟာ သာမာန္အခ်ိန္ေတြမွာ လူအသြင္နဲ႕ပဲ ေနထိုင္ေလ့ရွိတယ္ ။ လူသားေတြနဲ႕ ကြဲျပားတာကေတာ့ ညာဖက္ပါးျပင္ေပၚမွာ သားရဲအမွတ္အသားျဖစ္တဲ့ လက္သည္းရာအစင္းေၾကာင္းႀကီးေတြ ရွိေနတတ္တာပဲ ျဖစ္တယ္ ။
သားရဲေတြက အင္အားႀကီးသလို လူသားေတြဟာလည္း သန္မာၾကတယ္ ။ ဒါေပမယ့္ ေလာကႀကီးမွာ ေသးငယ္ျပီး နုညံ့တာလည္း ရွိပါေသးတယ္ ။ သူတို႕ကေတာ့ ဟိုက္ဘရီဒါ(ကျပားမ်ိဳး)လို႕ ေခၚတဲ့ သားရဲမက် လူသားမက် မ်ိဳးႏြယ္ပါပဲ ။
ဟုိက္ဘရီဒါေတြဟာ သားရဲခႏၶာ ဒါမွမဟုတ္ လူသားခႏၶာဆီကို အျပည့္အဝမေျပာင္းလဲနိုင္ၾက ။ သူတို႕ ရဲ႕ အသြင္ဟာ လူသားရဲ႕ ကိုယ္ခႏၶာအၾကမ္းထည္ကို သားရဲနားရြက္ေလးေတြ အျမီးေလးေတြ ေတာင္ပံေလးေတြနဲ႕ အလွဆင္ထားသလိုပါပဲ ။
ဟိုင္ဘရီဒါရဲ႕ မ်ိဳးရိုးဗီဇဟာ လႊမ္းမိုးခံဗီဇျဖစ္တယ္ ။ သူတို႕ရဲ႕ သားသမီးေတြဟာ မိတ္ဖက္ရဲ႕ မ်ိဳးႏြယ္ကိုသာ ဆက္ခံၾကတယ္ ။ ဥပမာအားျဖင့္ … လူသား နဲ႕ ဟိုင္ဘရီဒါ ေပါင္းဖက္မိရင္ ေမြးလာတဲ့သားသမီးေလးေတြဟာ လူသားေလးေတြသာ ျဖစ္လာတယ္ ။
ပန္းပြင့္ေလးေတြကို ငိုေၾကြးေစနိုင္တဲ့ ဟိုင္ဘရီဒါေတြဟာ ရွားပါးသေလာက္ ညွိဳ႕အားျပင္းတဲ့အလွကို ပိုင္ဆိုင္တယ္။ ဒီလိုအလွကို တက္မက္ၾကတာမို႕ပဲ ဟိုက္ဘရီဒါမွန္ရင္ ေဖ်ာ္ေျဖေရးလုပ္ငန္းေတြ လုပ္ရတဲ့ သီခ်င္းသည္ ကေခ်သည္ေတြ ျဖစ္လာၾကတယ္ ။ အဆိုးဝါးဆံုးအေျခအေန ဆိုရင္ အသံုးေတာ္ခံ ျပည့္တန္ဆာေတာင္ ျဖစ္သြားနိုင္ေလရဲ႕ ။
ပံုျပင္ေလးဟာ ဒီေနရာမွာ အစျပဳတယ္ ။
ဒီပံုျပင္ဟာ ရွက္ရြံ႕တတ္ေသာ ဟိုက္ဘရီဒါေလးတေယာက္ ရဲ႕ ပံုျပင္ပါပဲ ။
နာက်င္မႈေတြ လြမ္းေဆြးမႈေတြနဲ႕ ျပည့္နွက္ေနမလား… ေပ်ာ္ရႊင္ျခင္းေတြ ၾကည္ႏူးျခင္းေတြနဲ႕ ထံုမႊမ္းေနမလား… ။
ဒါကိုေတာ့ ဖတ္ၾကည့္မွသာ သင္သိနိုင္လိမ့္မယ္ ။
………
( ၂ )
မဇင္ညာဖဲရ္ရယာ ( Mazinya Faerra ) … ။
အမိေျမဂိုင္ရာ ရဲ႕ အလယ္ဗဟိုက က်ယ္ျပန္႕တဲ့နယ္ေျမ ျဖစ္တယ္ ။
မိုးသစ္ေတာေတြနဲ႕ ျမစ္ေရေတြကာရံထားတဲ့ ေႏြးေထြးေသာ မဇင္ညာဖဲရ္ရယာ … ။ အမိေျမဂိုင္ရာရဲ႕ နွလံုးသားတည့္တည့္မွာ ေခြေခါက္ကာ အိပ္ေပ်ာ္ေနတဲ့ ေစာင့္ေရွာက္သူနတ္ဘုရားမ ဖဲရ္ရယာ ရဲ႕ ကို္ယ္ခႏၶာ လို႕ ရာဇဝင္မ်ားက ဆိုတယ္ ။ လူသားျဖစ္ေစ သားရဲျဖစ္ေစ … မဇင္ညာဖဲရ္ရယာကို ေရာက္လာသူတိုင္းဟာ သူမရဲ႕ ညွိဳ႕ယူျခင္းကို ခံရေတာ့တယ္ ။
အမ်ိဳးမ်ိဳးအစားအစားေသာ အဝတ္တန္ဆာေတြ အသံုးအေဆာင္ေတြဆီက မ်က္လံုးမခြာနိုင္ေစရ ။ဗိုက္ကို တက်ဳတ္က်ဳတ္ေအာ္ျမည္ေစမယ့္ အစားအေသာက္ရနံ႕ေတြ ထံုမြမ္းလို႕။ ေက်ာက္ျမတ္ဆိုင္ေတြဆီက သူေယာင္သလင္း(Rose quartz)… ဖရဲအူ(Tourmaline)… ခရမ္းစြဲ(Amethyst)… မိုးႀကိဳးသြား(Thunderbolt) စတဲ့ သန္႕စင္ေသာေမွာ္ပစၥည္းေတြရဲ႕ အေရာင္က လင္းလဲ့ေနတယ္ ။ ဟိုက္ဘရီဒါ သီခ်င္းသည္ ကေခ်သည္ေတြရဲ႕ေဖ်ာ္ေျဖပြဲေတြက အေရာင္စံုကာ အသံျမိဳင္တယ္ ။ လူေယာက်္ားမ်ား နဲ႕ အယ္လ္ဖာသားရဲမ်ားဟာ ေသရည္နံ႕ျပင္းတဲ့ ျပည့္တန္ဆာအိမ္ရာေတြဆီက မိုးမလင္းေသာညေတြမွာ ေျမာပါလို႕ ေနၾကတယ္ ။
မဇင္ညာဖဲရ္ယာ မွာ လူသားမ်ိဳးႏြယ္ နဲ႕ သားရဲမ်ိဳးႏြယ္ စံုစည္းၾကတယ္… ေရာင္းဝယ္ေဖာက္ကားၾကတယ္… ကုန္ပစၥည္း လဲလွယ္ၾကတယ္ … တရားဝင္ တရားမဝင္လုပ္ငန္းေတြလည္း လုပ္ေဆာင္ၾကတယ္ ။
ဒီလိုေတာက္ပတဲ့ မဇင္ညာဖဲရ္ရယာမွာ တိတ္ဆိတ္ျပီး မွိန္ျပတဲ့ ေနရာေလးတစ္ခုရွိတယ္ ။ ႏွစ္ရာခ်ီသက္တမ္းရွိတဲ့မိုးမခပင္ေတာႀကီးေတြ ဝန္းရံလို႕ ျမက္ခင္းစိမ္းေတြ ဖံုးကာထားတဲ့ ေတာင္ကုန္းေလးေပၚမွာ အမိုးခံုးအိမ္စုေလးေတြရွိတယ္။ ဒီေနရာေလးဟာ ကေခ်သည္ေတြ သီခ်င္းသည္ေတြ ရဲ႕ လက္လက္ေျပာင္ေျပာင္ အဝတ္အစားေတြက အစ သူေဌးသူၾကြယ္ေတြရဲ႕ အိစက္တဲ့ပိုးဖဲဝတ္ရံုေတြအထိ ခ်ဳပ္လုပ္ရာ ေနရာေလးျဖစ္တယ္ ။ တနွစ္မွာ တခါသာ က်င္းပတဲ့ ေဆာင္းရာသီပြဲေတာ္နီးခ်ိန္ေတြဆိုရင္ေတာ့ ဝတ္ရံုအပ္သူေတြရဲ႕ ေျခရာေတြေၾကာင့္ ျမက္ခင္းစိမ္းေလးေတြေတာင္ ျပားကပ္လို႕က်န္ခဲ့ရတယ္ ။
ဒီေနရာေလးဟာ မဇင္ညာဖဲရ္ရယာ ရဲ႕ အပ္ခ်ည္လံုးေလး …သို႕မဟုတ္… အဲန္ဖီလာ(Enfiler)ရြာငယ္ေလး ပဲျဖစ္တယ္ ။
လွပတဲ့ ဒီရြာငယ္ေလးမွာ ေနထိုင္သူေတြက လူသားအေတာ္မ်ားမ်ား… သားရဲအနည္းစု …
ေနာက္ျပီးေတာ့… ဟိုက္ဘရီဒါတေယာက္။
………
( ၃ )
ေဆာင္းဦးရာသီ မနက္ခင္းေလးတခု … ။
သစ္ရြက္ေလးေတြရဲ႕ တီးတိုးေတးသီသံကို ငွက္ကေလးေတြက သံျပိဳင္လိုက္ဆိုေနၾကတယ္ ။ မႈိပြင့္နဲ႕တူတဲ့ အမိုးခံုးအိမ္ငယ္ေလးထဲမွာေတာ့ အပ္ခ်ဳပ္စက္ေတြဆီက စက္သံေတြ တေခ်ာက္ေခ်ာက္တခ်က္ခ်က္ ညံလို႕ေနတယ္ ။ သီခ်င္းသည္ေတြရဲ႕ေတးသံကို ဖမ္းယူထားတတ္တဲ့ ေမွာ္ပုလဲေလးဆီက လာတဲ့ ေတးသံသာကလည္း အပ္ခ်ဳပ္စက္သံေတြနဲ႕အျပိဳင္ ျမဴးၾကြလို႕ ။
ႏႈတ္ခမ္းဖူးေလးကို စုခြ်န္ျပီး သီခ်င္းလိုက္ဆိုေနခ်ိန္ ေျခေထာက္ျဖဴျဖဴေလးေတြက တဆတ္ဆတ္လႈပ္ခါကာ စည္းခ်က္လိုက္ေနတယ္။ လက္သြယ္သြယ္ေလးတစံုက ဝါးနဲ႕လုပ္ထားတဲ့ အပ္ခြ်န္ေလးေတြကို ကြ်မ္းက်င္စြာကစားေနတယ္ ။ အပ္တစံုရဲ႕ၾကားမွာ လွပတဲ့လည္စည္းပုဝါေလးတထည္ဟာ တေျဖးေျဖးရွည္လ်ားလာတယ္ ။
ဘယ္ဖက္နဲ႕ ညာဖက္က အပ္ခ်ဳပ္စက္ႀကီးနွစ္လံုးကို အျပိဳင္ထိန္းခ်ဳပ္ေနတာကေတာ့ အျဖဴေရာင္အေမြးပြပြေလးေတြ ရွိတဲ့ၿမီးတံေလးေတြ ျဖစ္တယ္ ။ အပ္ခံုေပၚကအဝတ္စကို လက္သြယ္သြယ္တစံုအစား အၿမီးျဖဴေလးတစံု စီက ထိန္းထားတယ္ ။ ေအာက္ဖက္ေျခနင္းေနရာမွာေတာ့ ေျခတံျဖဴျဖဴေလးတဖက္အစား အျမီးျဖဴေလးတခုစီက က်က်နနေရွ႕ေနာက္ကစားလို႕… ။ ေနာက္ထပ္အျမီးျဖဴေလးနွစ္ခုက အထပ္လိုက္ရွိေနတဲ့ သိုးေမႊးခ်ည္ေတြကို စိတ္ရွည္လက္ရွည္ ဖ်န္႕ေျဖေနတယ္။ ေနာက္ဆံုးက်န္တဲ့အျမီးျဖဴေလးတစ္ခုက သန္႕စင္ျပီးသားခ်ည္ငင္ေတြကို သစ္သားနဲ႕လုပ္ထားတဲ့ ရစ္လံုးေတြေပၚ ရစ္ယူေနတယ္ ။
" Bေလးေရ !! … "
က်ယ္ေလာ္တဲ့ ေအာ္သံေၾကာင့္ စည္းခ်က္က်က် ယိမ္းခါလႈပ္ရွားေနတဲ့ အျဖဴေရာင္အျမီးေလးေတြ ျဖတ္ကနဲ ျငိမ္သက္ကာ တခုတည္းအျဖစ္စုဆံုသြားတယ္။ တဆတ္ဆတ္ လႈပ္ခါေနတဲ့ နားရြက္ျဖဴျဖဴေလးတစံုရဲ႕ အနားအဖ်ားေတြက ႏွင္းဆီပြင့္ဖတ္ေတြလို ရဲရဲနီလို႔ ။
"Bေလး ရွိလား !! … "
"ဟုတ္ကဲ့… ရွိပါတယ္ အန္ကယ္ ! "
" အလုပ္မ်ားေနရင္ ထြက္မလာနဲ႕ေတာ့ Bေလးေရ… မင္းေဝစုေတာင္းထားတဲ့ ေနာက္ထပ္ ၁၁ထည္စာ ထပ္ေရာက္တယ္ … ေရွ႕မွာ ထားခဲ့ျပီေနာ္… "
"ဟုုတ္ကဲ့… ထားခဲ့ပါ အန္ကယ္ ! "
ခပ္ျမန္ျမန္နီးကပ္လာတဲ့ ေျခသံေတြဟာ ခပ္ျမန္ျမန္ပဲ ေဝးကြာသြားတယ္ ။ ေျခသံေတြ တိတ္ဆိတ္သြားမွ တံခါးဝဆီကို Bေလး ေလ်ာက္ခဲ့တယ္ ။ တံခါးဝိုင္းေလးကို ဖြင့္လိုက္ခ်ိန္ ခ်ဳပ္ရိုးတင္ျပီး ဓားစက္လိုက္ရမယ့္ အထည္ ၁၁ခုစာ အဝတ္စ၁၁ထုပ္နဲ႕အတူ အစားအေသာက္ေတြအျပည့္ထည့္ထားတဲ့ ျခင္းၾကားေလးတစ္ခုရွိေနတယ္ ။
" -နားခ်ိန္လည္း ယူပါဦးကြာ - #ေလးေလး + အန္ကယ္ "
ျခင္းေတာင္းလက္ကိုင္က စာေလးကို အသံထြက္ဖတ္ရင္း နက္ျပာေရာင္မ်က္ဝန္းေလးေတြ လျခမ္းပံုျဖစ္တဲ့အထိ ရယ္မိတယ္ ။ အဲန္ဖီလာ ရဲ႕ အႀကီးအကဲ ေလးေလး ဟာ လူသားျဖစ္ျပီး ေလးေလးရဲ႕ ခင္ပြန္း အန္ကယ္ ကေတာ့ အယ္လ္ဖာျခေသၤ့ျဖဴႀကီး ျဖစ္တယ္ ။ ေလးေလး နဲ႕ အန္ကယ္ ဟာ အဲန္ဖီလာရဲ႕ေျခရင္းမွာ ပစ္ထားခံခဲ့ရတဲ့ ေမြးကင္းစအရြယ္Bေလးကို ဒီအရြယ္ထိ ေစာင့္ေရွာက္ခဲ့တဲ့ ေမြးစားမိဘနွစ္ပါး ဆိုလည္းမမွားျပီ ။
တံခါးဝိုင္းေလးကို ေစ့ပိတ္ကာ အိမ္ထဲကို ျပန္ဝင္ခဲ့တယ္။ အပ္ခ်ဳပ္စက္ဆီက အသံဆူဆူေတြၾကားမွာ ခ်ိဳသာနုညံ့တဲ့ ေတးသံသာေတြလည္း ပ်ံ႕လႊင့္လာခဲ့ျပန္တယ္ ။ အျမီးေလးကိုးေခ်ာင္းဟာ လက္ကေလးေတြလိုပဲ ကြ်မ္းက်င္စြာအလုပ္လုပ္ေနျပန္တယ္ ။
ေလးေလးနဲ႕ အန္ကယ္ကို အပထားလို႕ … Bေလးကိုယ္တိုင္ကလြဲရင္ ဘယ္သူမွ မသိဖူး မျမင္ဖူးတဲ့ Bေလးရဲ႕ ပံုစံအမွန္ဟာ အျမီးကိုးေခ်ာင္းနဲ႕ နားရြက္ဖားေျမေခြးျဖဴေလးျဖစ္တယ္ ။
တေယာက္ကိုတေယာက္ သိပ္ခ်စ္တဲ့ ေမြးစားမိဘနွစ္ပါးကိုေတြးမိတိုင္း Bေလးရင္ထဲမွာ ေမးခြန္းတခ်ိဳ႕ေပၚလာတယ္ ။
လူသားေတြရဲ႕ သက္တမ္းက တိုေတာင္းတယ္ ။ သားရဲေတြရဲ႕ သက္တမ္းက ရွည္လ်ားတယ္ ။ မတူညီတဲ့ မ်ိဳးႏြယ္နွစ္ခုရဲ႕ခ်စ္ျခင္းမွာ ခ်န္ထားခဲ့ရမယ့္ လူသားေတြက ပိုခ်စ္သလား… က်န္ရစ္ခဲ့မယ့္ သားရဲေတြက ပိုခ်စ္တတ္သလား ။
အခ်စ္ဆိုတာက အပ္ခ်ည္ႀကိဳးေလးေတြလို ေသးသြယ္ျပီး နုညံ့တယ္ လို႕ ေလးေလး ေျပာေလ့ရွိတာကို Bေလး သတိရမိပါရဲ႕ ။
……
( ၄ )
ေဆာင္းဦးပြဲေတာ္ရက္ကို က်ေရာက္လို႕လာပါျပီ ။
အနယ္နယ္အရပ္ရပ္က သားရဲေတြ လူသားေတြဟာ မဇင္ညာဖဲရ္ယာမွာ စုေဝးကာ ေဆာင္းရာသီကို ႀကိဳဆိုၾကတယ္ ။ အဲန္ဖီလာသားေတြအတြက္ကေတာ့ ဒါဟာ လက္ဖ်ားေငြသီးတဲ့ကာလ ျဖစ္တယ္ ။ ေရာက္လာတဲ့ အပ္ထည္ေတြမ်ားလြန္းတာမို႕ အဝတ္ျပန္အပ္တဲ့အခါ အေျပးျမန္တဲ့ သစ္က်ဳတ္ ခ်ီတာလိုသားရဲေတြကို ေစလႊတ္ေလ့ရွိတယ္ ။
မ်က္နွာခ်ိဳတဲ့ Bေလးကေတာ့ အထူးအခြင့္အေရးအေနနဲ႕ ပြဲေတာ္ရက္တိုင္း မဇင္ညာဖဲရ္ယာဆီကို လိုက္ပါလည္ပတ္ခြင့္ရေနက်ပါပဲ ။
ခါတိုင္းလိုပဲ သိုးေမႊးဦးထုပ္ပြပြကို ဝတ္ကာ ေခါင္းေပၚက နားရြက္ျဖဴျဖဴေလးေတြက္ို ဖံုးတယ္ ။ အျမီးျဖဴျဖဴေလးကို ခါးစည္းႀကိဳးထဲ ထည့္ကာ ဖြက္တယ္ ။ လူသားေလးတေယာက္ပံုစံ ျပင္ဆင္ျပီး Bေလး ေပ်ာ္ေပ်ာ္ႀကီးထြက္လာခဲ့တယ္ ။
ေလးလံတဲ့အဝတ္ထုတ္ႀကီးကို ဆြဲကာ Bေလး ဦးတည္ေနက်ေနရာက မဇင္ညာဖဲရ္ယာ ရဲ႕ အလယ္က ျပဇာတ္ရံုႀကီး … ။
အဝတ္လာေရြးသူေတြကို ေစာင့္ကာ အခေၾကးေငြေကာက္ရင္း ဝင္ေၾကးျမင့္တာမ္ို႕ ေတာ္ရံုမဝင္ထြက္နိုင္တဲ့ ျပဇာတ္ရံုႀကီးရဲ႕ ေဖ်ာ္ေျဖမႈေတြက္ို အေပၚထပ္နားေနခန္းကေန Bေလး အဝရႈစားနိုင္တယ္ေလ ။
ႀကီးမားျပီး လွပတဲ့ ေဟာခန္းက်ယ္ႀကီးရဲ႕ စတိတ္ဆင္ေပၚမွာ ကေခ်သည္အႀကီးအကဲဟာ သူ႕ရဲ႕ ေဒါင္းျမီးေတြကို ျမဴဆြယ္ဟန္နဲ႕ ျဖန္႕ကားျပီး သီခ်င္းတစ္ပုဒ္ကို သီဆိုေနတယ္ ။
" ပိုးမကူ ဝါခ်ည္ျဖဴ တပင္ရစ္ကယ္~ တသက္မွာေမာင့္တေယာက္ဆီသာ ညႊတ္မယ္ ရြယ္တယ္ ~ "
ပီသျပီး ၾကည္ျမတဲ့ သူ႕အသံဟာ အရွိန္ၾသဇာလည္း ျပင္းလွပါတယ္ ။ ကေခ်သည္ဟိုင္ဘရီဒါေတြထဲမွာ သူ႕ေလာက္အသံေကာင္းသူ ထပ္ရွိလာနိုင္မွာ မဟုတ္ဘူး လို႕ေတာင္ ေခါင္းေမာ့ထားနိုင္တဲ့အထိပါပဲ ။
" အို ေမာင္ေရ … တို႕ ခ်စ္တဲ့ေမာင္ ဘယ္မွာပါလိမ့္ကြယ္ ~~ "
"ဒီမွာပါ အခ်စ္ေလးး!! " "ေမာင္ဒီမွာပါ သည္းေရ!!! "
ခပ္ခြ်ဲခြ်ဲေလး ကလူက်ီဆယ္လိုက္ရံုနဲ႕ ျမဴးၾကြလာေတာ့တာပဲလား ။ တေယာက္တေပါက္ေအာ္ဟစ္ေသာင္းက်န္းေနတဲ့ ပရိတ္သတ္အုပ္စုႀကီးကိုျမင္ေတာ့ Bေလး ေခါင္းကိုသာ တြင္တြင္ယမ္းေနမိတယ္။
" အာရံုစိုက္ခံရတဲ့ ခံစားခ်က္က ရစ္မူးေစတယ္ေလ… ဒါေၾကာင့္ပဲ လူတိုင္းက အာရံုစိုက္ခံရေအာင္ တခုခုေတာ့ လုပ္ေနၾကတာပဲ… "
လွပတဲ့ ပါရွန္းေၾကာင္ေလး လု ရဲ႕ စကားကို ၾကားေတာ့ Bေလး မ်က္နွာကို မဲ့လိုက္တယ္ ။
"အဲ့ထဲမွာ ငါ မပါဘူး…… "
Bေလးရဲ႕ မ်က္နွာအမူအရာကို ျမင္ေတာ့ လုက ျပံဳးရင္း ေခါင္းကို ခပ္သာသာ ယမ္းတယ္ ။သူ႕ေခါင္းေပၚက နို႕နွစ္ေရာင္နားရြက္ဖ်ားေလးေတြမွာ အလွဆင္ခ်ိတ္ဆြဲထားတဲ့ ေငြျပားေလးေတြ အခ်င္းခ်င္းရိုက္ခတ္သြားတယ္ ။
"ငါ ထြက္သြားေတာ့မွာ သိလား……"
"ေရာ္…… ဘာလို႕တုန္း "
လုက Bေလးရဲ႕ အေမးကို မေျဖပဲ အေနာက္ဖက္တေနရာကို ေလ်ာက္သြားတယ္ ။ အေမွာင္ရိပ္ထဲမွာ ေျခပစ္လက္ပစ္အိပ္ေနတဲ့ က်ားျဖဴႀကီး ဟြန္း နားမွာ ထိုင္လိုက္ရင္း အေမႊးဖြားဖြားေတြနဲ႕ အျမီးျဖဴေလးက က်ားႀကီးရဲ႕ နွာတံကို က်ီစားသလို တို႕ထိလိုက္တယ္ ။
" ငါနဲ႕သူ… ငါတို႕နွစ္ေယာက္တည္း အခ်ိန္ေတြကိုျဖတ္သန္းၾကည့္ၾကမလို႕ေလ ……"
အျမီးဖြားေလးရဲ႕ က်ီဆယ္မႈေၾကာင့္ အိပ္ယာကနိုးလာတဲ့ဟြန္းဟာ သားရဲခႏၶာကေန လူသားအသြင္ကို ေျပာင္းလဲသြားတယ္ ။ မ်က္လံုးေတြမပြင့္ေသးေပမယ့္ သန္မာတဲ့ လက္ေတြက လုရဲ႕ ခါးကို ဖက္ထားတယ္ ။ သားရဲအမွတ္အသား အစင္းေၾကာင္းေတြနဲ႕ လုရဲ႕ လည္တိုင္နဲ႕ ဂုတ္ပိုးကို ထိကပ္ပြတ္သပ္ရင္း နွာတံေတြနဲ႕ အဆက္မျပတ္နမ္းရႈိက္ေနတယ္ ။
" အဟမ္းးးး!!!!!!!! ငါရွိေသးတယ္ ! "
အိပ္ခ်င္မူးတူးျဖစ္ေနတဲ့ စိမ္းျပာေရာင္မ်က္ဝန္းေတြက Bေလးရဲ႕ အသံကိုၾကားေတာ့ မဆိုစေလာက္ ျပဴးက်ယ္သြားတယ္ ။
" အမ္…… အာ …… Bေလးေရာက္ေနတာလား… အဟဲဟဲ … "
ရယ္က်ဲက်ဲနဲ႕ သြားစြယ္ေတြကို ျဖဲျပေနတဲ့ ဟြန္းေၾကာင့္ Bေလး ေခါင္းကို တြင္တြင္သာယမ္းလိုက္မိတယ္။ မၿပီးမဆံုးနိုုင္ေအာင္ ကလူက်ီဆယ္ေနတဲ့ လုတို႕စံုတြဲကို ေက်ာခိုင္းကာ လက္ထဲကေငြအိတ္ရဲ႕အေလးခ်ိန္က္ို စိတ္မွန္းနဲ႕ခ်ိန္ဆၾကည့္မိတယ္ ။
အခ်စ္က ခ်စ္မိသူေတြကို ရူးေၾကာင္ေၾကာင္ ျဖစ္ေစတာပဲလား ။
………
( ၅ )
" မရဘူးေနာ္ အေသးေလး … အႀကီးအကဲက လူပုစိတ္တိုဆိုတာ နင္သိရဲ႕သားနဲ႕ … "
သစ္က်ဳတ္အေဒၚႀကီးက ေခါင္းရႈပ္လာဟန္နဲ႕ သူမရဲ႕ ဆံပင္ေကာက္ေကာက္ေတြကို ထိုးဖြေနတယ္ ။
" လုပ္ပါ ေဒၚေဒၚရဲ႕…… တညပဲ… ဒီတညပဲေလလို႕…… "
"မရဘူးဆို မရဘူးပဲေနာ္ အေသးေလး…… "
အထုတ္အပိုးေတြအားလံုးကို ေက်ာေပၚမွာလြယ္ေနျပီျဖစ္တဲ့ အေဒၚႀကီးဟာ စိတ္ဆံုးျဖတ္ထားျပီးပံုပါပဲ ။ ေျပာလို႕မရတဲ့အဆံုးမွာ Bေလး ေနာက္ဆံုး လက္နက္ကို ထုတ္ဖို႕ ဆံုးျဖတ္လိုက္တယ္ ။
"ေဒၚ ေဒၚ ေရ လို႕~~ "
"ဟမ္… အေသးေလး… နင္ အဲ့လိုမၾကည့္နဲ႕… မၾကည့္နဲ႕ဆို ……"
ဝိုင္းနိုင္သမွ် ဝိုင္းထားတဲ့ နက္ျပာေရာင္မ်က္ဝန္းေတြရဲ႕ အၾကည့္မွာ သစ္က်ဳတ္အေဒၚႀကီးလက္ေလ်ာ့လိုက္ရေတာ့တာပါပဲ။
"ေအးး… ဟုတ္ျပီဟာ …… တစ္နာရီပဲရမယ္… "
"ေယးးးး ……… "
လက္ထဲကို ထည့္ေပးလာတဲ့ လက္ဆြဲနာရီေလးကို ယူကာ Bေလး ခုန္ေပါက္ေျပးထြက္ခဲ့တယ္ ။ ဒီလိုညတိုင္းမွာ Bေလးဟာ သူငယ္ခ်င္း လု နဲ႕ ဟြန္းတို႕နဲ႕အတူ မဇင္ညာဖဲရ္ယာရဲ႕ ညေစ်းကို လြတ္လပ္စြာပတ္သြားေနက်ပါပဲ ။
ဒါေပမယ့္ ဒီႏွစ္ကေတာ့ အနည္းငယ္ကြဲျပားသြားတယ္ ။
"တဝက္တပိုင္းစားတဲ့ အစားအစာက စားေသာက္ဆိုင္ကို မယံုၾကည္ဘူးလို႕ ေျပာတာတဲ့ …
ဒါဆို တဝက္တပိုင္း ေရးတဲ့စာ… တဝက္တပို္င္း ခ်စ္တဲ့ အခ်စ္ … ဒါေတြကေကာ… "
" နွစ္ပင္လိမ္ႀကိဳး … အိတ္ … ညလင္းမီး… ရိကၡာေျခာက္ ……… "
" … ဒါပဲလား ခ်စ္ရဲ႕… "
" ေနာက္တစ္ၿမိဳ႕မွာ လိုတာထပ္ဝယ္ၾကမယ္ေလ… "
Bေလးေမးတာကို သူတို႕မေျဖနိုင္… ။ စာရင္းဇယားေတြနဲ႕ အလုပ္ရႈပ္ေနတဲ့ စံုတြဲကို ၾကည့္ရင္း Bေလး လက္ထဲက သစ္သီးယိုကို က်စ္က်စ္ပါေအာင္ ဆုတ္ကိုင္ထားမိတယ္။
" သစၥာေဖာက္ေတြ…… "
Bေလး ခပ္တိုးတိုးေရရြတ္လိုက္တယ္ ။ သူငယ္ခ်င္း၃ေယာက္ ဆံုရတဲ့အထဲမွာ နွစ္ေယာက္တည္းပူးကပ္ေနတာ မျဖစ္သင့္ဘူးမဟုတ္လား ။
"ဟိုနွစ္ေယာက္… ငါျပန္ျပီေနာ္…… "
Bေလး ေျခေဆာင့္ကာ လွည့္ထြက္လာခဲ့တယ္။ Bေလးအနားမွာမရွိတာကို သိေတာင္သိဟန္မတူတဲ့ အတြဲဟာ စာရင္းစာရြက္ေပၚမွာ ေခါင္းစိုက္ေနၾကတုန္း…… ။
" နင္တို႕ သစၥာေဖာက္ေၾကာင္စံုတြဲ မွွတ္ထားၾက !!!!! "
Bေလး အသံစူးစူးနဲ႕ဟစ္ေအာ္ကာ လွည့္မၾကည့္စတမ္း ေျပးထြက္ခဲ့တယ္ ။ အေနာက္ဖက္္မွာ က်န္ခဲ့တဲ့ လု တို႕နွွစ္ေယာက္ကေတာ့ လူအုပ္ႀကီးရဲ႕ အာရံုစိုက္မႈကို ေကာင္းေကာင္းႀကီး ခံေနရေတာ့တယ္ ။
"သစၥာေဖာက္တဲ့…… ေဖာက္ျပန္ေနၾကတာပဲ! … "
"ေဖာက္ျပန္တာ မဟုတ္ပါဘူးဗ်ာ…… "
" ဒါဆိုရင္ေတာ့ လူမသိေအာင္ ခိုးခ်စ္ၾကတာ ျဖစ္မယ္… "
" အဲ့လို မဟုတ္ပါဘူး ဆို … "
" တိတ္တိတ္ကေလးပဲ ခ်စ္သြားမယ္ လို႕ ေျပာခ်င္တာလား !… "
"မဟုတ္…… အိုက္ယားး…… Bေလး! "
ဟြန္းရဲ႕ဝမ္းေခါင္းသံႀကီးကို ၾကားေတာ့ Bေလး တဟားဟားရယ္ရင္း ပိုျပီးျမန္ျမန္ေျပးခဲ့တယ္ ။
တစံုတေယာက္ရဲ႕ အခက္အခဲကို ရယ္ေမာမိရင္ သူ႕လိုအခက္အခဲမ်ိဳးကို မင္း ႀကံဳတတ္ပါတယ္ တဲ့ ။
………
Bေလးရယ္ျပီး ေျပးထြက္လာခဲ့တယ္ ။ Bေလးရဲ႕ ရယ္သံေတြကို ရပ္တန္႕သြားေစတာကေတာ့ တိုက္နွစ္ခုရဲ႕လမ္းၾကားတခုက္ို ပူးကပ္ျပီး ယွက္ေထြးကာ ဝင္သြားၾကတဲ့ အရိပ္နွစ္ခုပါပဲ ။
ဘယ္သူမွ သတ္ိထားမိဟန္မတူတဲ့ နွစ္ခုေနာက္ကို Bေလးစိုးရိမ္တႀကီးလိုက္သြားမိတယ္ ။ ဒါဟာ ဘယ္သူမွမသိလိုက္တဲ့ ရာဇဝတ္မႈတစ္ခုလည္း ျဖစ္နိုင္တယ္ မလား ။ အနားေရာက္မွ သိလိုက္တာက အထင္နဲ႕ အျမင္ဟာ တထပ္တည္း မျဖစ္တတ္ဘူး ဆိုတာပါပဲ ။
အရိပ္ေလးမွာကြယ္ကာ ရပ္ရင္းBေလး ေခြ်းျပန္လာမိတယ္ ။ အသံကလည္း မထြက္ရဲတာမို႕ အံကိုတင္းတင္းက်ိတ္ကာ အသက္ေတာင္ ဝေအာင္မရွဴရဲ ။
"အို… အစ္ကိုရယ္…… " "ဟူး … အလွေလးရယ္… "
လံုးလားေထြးလားျဖစ္ေနတဲ့ ဟိုင္ဘရီဒါနဲ႕ လူသားလား အယ္လ္ဖာသားရဲလား မသိတဲ့ စံုတြဲကေတာ့ Bေလးရွိေနမွန္း မသိတာမို႕ လြတ္လပ္စြာေသာင္းက်န္းေနၾကတုန္း ။ Bေလးအနားကို ေလ်ာက္လာတဲ့ အရိပ္တခုဟာ လမ္းၾကားထဲဝင္ဟန္ ျပင္တယ္ ။
ဒီလူဟာ သာမာန္လူသား ဆိုရင္ေတာ့ ျပႆနာမရွိေသာ္လည္း အယ္လ္ဖာသားရဲသာ ဆိုရင္ ဟိုင္ဘရီဒါအလွေလး တစစီျဖစ္သြားနိုင္တယ္မဟုတ္လား ။
* ေဟ့လူ… မသြားနဲ႕ဗ်! *
အနားကိုေရာက္လာတဲ့ အဲ့ဒီလူကို Bေလး ေျခကန္ဆြဲလိုက္တယ္ ။ ဆြဲထားေသာ လက္ကို ေဆာင့္ရုန္းျပီး အထဲဝင္ဖို႕ျပင္ေနတဲ့ လူကို Bေလး ေျခကန္ဆြဲလိုက္တယ္။ ဆြဲလိုက္တဲ့အားက သိပ္မျပင္းလွေပမယ့္ ရုတ္တရက္မို႕ သူက Bေလးကိုယ္ေပၚ ညႊတ္က်လာတယ္ ။ အရပ္ခ်င္းသိသိသာသာကြာျခားတာမို႕ Bေလးငယ္ထိပ္ေပၚ သူ႕ေမးဖ်ားက တိန္ကနဲထိခပ္လာတယ္ ။ နာသြားရွာတဲ့ ငယ္ထိပ္ေလးကို ပြတ္ရင္း သဲသဲကြဲကြဲမျမင္ရတဲ့ ထိုသူကို Bေလး မ်က္ေစာင္းထိုးမိတယ္ ။
"မင္း ဘာ……… "
*ရွဴး… တိုးတိုးဟ… *
Bေလး လက္ေခ်ာင္းေလးေတြက ကိုင္ထားတဲ့ စားလက္စ သစ္သီးယိုကို ထိုသူ႕ပါးစပ္ထဲ ထိုးထည့္လိုက္တယ္ ။ လမ္းၾကားထဲကစံုတြဲက ေသာင္းက်န္းေနၾကဆဲ။
*တိုးတိုးေန… ျပီးေတာ့ မသြားနဲ႕ဦး…… *
ထိုလူက ရုတ္တရက္မ္ို႕ ျငိမ္ေနတယ္။ ေနာက္မွ သတိလည္လာဟန္နဲ႕ Bေလးကို ေမးတယ္။
*လမ္းၾကားမွာ ဘာျဖစ္လို႕လဲ…… *
အသံကိုနိမ့္ျပီးေမးလာတဲ့ ၾသရွရွအသံက ေအးေအးေဆးေဆးျဖစ္ေနတယ္ ။ ဒါကို Bေလး သိပ္ဂရုမျပဳအား ။ ဟိုစံုတြဲရဲ႕အျဖစ္ကို ဘယ္လိုနာမည္တပ္ရမလဲ အေသအေၾကစဥ္းစားေနမိတယ္ ။
*က်စ္… အထဲမွာ သူတို႕… အဲ့တာကို အဲ့လိုဟာ… *
*ဘာကို အဲ့တာ လဲ …… *
*အိုက္ယား… က်ေနာ္တို႕ငယ္ငယ္က ခိုးဖတ္ဖူးတဲ့ လူႀကီးစာေပေတြထဲကလို 'ဟုိဟာ'ျဖစ္ေနၾကတာ… 'ဒီလို ဒီလို' ဥစၥာ… *
လက္ဖဝါးေလးနွွစ္ခုကို ပူးခ်ည္ခြာခ်ည္ သရုပ္ျပရင္း Bေလး ႏႈတ္ခမ္းေလးကို ဖိကိုက္ထားမိတယ္။ အထဲကအတြဲအစား Bေလး မ်က္နွာပူလိုက္တဲ့ ျဖစ္ျခင္း … ။
ၾသရွရွအသံပိုင္ရွင္က ဟက္ကနဲ ရယ္ရင္း Bေလးနားထင္စပ္အထိ ငံု႔ခ်လာျပီးေမးတယ္ ။
*မဟုတ္မွ…… မင္းလည္း 'စိတ္ပါ'ေနျပီလား… *
" သစ္ရြက္ ကို! …" * အဲ့…သစ္္ရြက္က္ို စ္ိတ္ပါတာလား… *
ထြက္သြားမိေသာအသံကို Bေလး ျပန္ထိန္းလိုက္တယ္။ အယ္လ္ဖာသားရဲလား လူသားလား မသိတဲ့ ထိုလူက ရယ္ေနတယ္။ အျပတ္အသတ္ဆဲဖို႕ စကားလံုးေတြ စီေနတုန္းမွာပဲ အထဲက စံုတြဲ၏ အသံေတြက တမ်ိဳးေျပာင္းသြားတယ္ ။
"ဟူး… ေတာ္ျပီေလ အစ္ကိုရယ္…. "
"မရေသးဘူးကြာ… ေနာက္တခါ…… "
" အစ္ကိုရယ္ ေတာ္ေတာ့… ကြ်န္မ အဆင္သင့္မျဖစ္ေသးလို႕…… "
" က်စ္…. ျငိမ္ျငိမ္ေနစမ္းးး!! "
ဟုိက္ဘရီဒါက ျငင္းဆန္ေနေတာ့ တဖက္လူက ၾကမ္းတမ္းစြာ ဆြဲခ်ဳပ္လိုက္တယ္ ။ Bေလး အံက်ိတ္ရင္း လက္သီးကို တင္းတင္းစုပ္လိုက္မိတယ္။ နွစ္ဦးသေဘာတူကိစၥကေန အဓမၼမႈ ျဖစ္လာျပီ။
* ဟက္… ပြဲကေတာ့ စျပီ…… *
အနားကလူရဲ႕ခပ္ရြဲ႕ရြဲ႕အသံကို ၾကားလိုက္ရတယ္ ။ ေသခ်ာမျမင္ရေပမယ့္ Bေလး သိလိုက္တယ္။ ထိုလူ႕ႏႈတ္ခမ္းေတြက အခ်ဥ္ေပါက္ခ်င္စဖြယ္ တြန္႕ေကြးေနလိမ့္မယ္။
ဒါပဲလား။ ေဖ်ာ္ေျဖပြဲလို သေဘာထားျပီး အရသာခံၾကည့္မည္ေပါ့။ ေသသြားေတာင္ မကူညီဘူးေပါ့ ။
Bေလး အသက္ဝဝရွဴရင္း အသံကိုျမွင့္ကာ ဟစ္ေအာ္လိုက္သည္။
" လက္ပတ္ျဖဴေတြ လာျပီေဟ့!!! "
လက္ပတ္ျဖဴနဲ႕ သားရဲေတြဟာ မဇင္ညာဖဲရ္ယာကို ကင္းလွည့္ျပီးေစာင့္ေရွာက္ၾကသူေတြ ျဖစ္တယ္ ။ အထူးသျဖင့္ ဒီလိုပြဲအခ်ိန္မွာ အခုလိုအမႈမ်ိဳးမေပၚေပါက္ေအာင္ ေစာင့္ေရွာက္ၾကတယ္ ။ ေကာင္းေကာင္းထုရိုက္ျပီး ဒံေပါက္အဝေကြ်းေလ့ရွိတာမို႕ လက္ပတ္ျဖဴေဟ့ ဆိုတာနဲ႕ လူတိုင္းရွိန္ျပီးသား ။
"ဟင္… စည္း… စည္းကမ္းထိန္းေတြ … "
"ေျပးမယ္…… ေျပးစို႕…! "
ျပဴးျပဴးျပာျပာ ျဖစ္သြားတဲ့ ထိုအတြဲက အဝတ္ဖရိုဖရဲနွင့္ လွည့္ေတာင္မၾကည့္အားပဲေျပးထြက္သြားၾကတယ္ ။ လက္ပတ္ျဖဴေတြကို ေၾကာက္၏ မေၾကာက္၏ေတာ့ မသိ… ။ ေျပးသြားလိုက္တာ ဖုန္လံုးမ်ားေတာင္ ထလို႕ ။
"မင္းကလည္းကြာ… ၾကည့္ေကာင္းေနေသးတာကို…… "
ထိုလူက ေျပးသြားေသာအတြဲကိုၾကည့္ရင္း ခပ္ျမဴးျမဴးေျပာတယ္ ။ အလင္းေရာင္ေအာက္မွာ အနီးကပ္ၾကည့္မိေတာ့မွ သိလိုက္တယ္။ ထိုလူဟာ ညာဖက္ပါးျပင္ေပၚမွာ အစင္းေၾကာင္းႀကီးေတြရွိတဲ့ သားရဲျဖစ္တယ္ ။ အနက္ေရာင္ ဆံပင္ေတြကို လွန္သိမ္းထားတဲ့ ထိုလူရဲ႕ ႏႈတ္ခမ္းထူထူက Bေလး ထည့္ေပးထားေသာ တုတ္ခ်ိဳခ်ဥ္ကိုထိန္းထားတယ္ ။
Bေလး က်စ္ကနဲ စုတ္သပ္ျပီး ထိုလူ႕အက်ၤ ီရင္ဘတ္ကို ဆြဲေဆာင့္လိုက္တယ္ ။
"ေဟ့လူ… က်ဳပ္ေျပာတာ နားေထာင္စမ္း… "
ေပါ့ပ်က္ပ်က္ေျပာင္ေခ်ာ္ေခ်ာ္ဟန္ေတြ ျပည့္ေနတဲ့ ထိုလူ႕မ်က္ဝန္းညိဳေတြထဲက္ုို ဘီလီ စိုက္ၾကည့္လိုက္တယ္။
" အနိုင္က်င့္တာကို ၾကည့္ေကာင္းတယ္လို႕ ထင္တဲ့ အမ်ိဳးအစားတစ္မ်ိဳးပဲရွိတယ္… အဲ့ဒီမ်ိဳးႏြယ္ကို လူယုတ္မာ လို႕ ေခၚတယ္…… "
မ်က္နွွာခ်င္းဆိုင္နိုင္ဖို႕ ေျခဖ်ားေထာက္ထားရေပမယ့္ Bေလးမ်က္နွာရဲရဲေလးမွာ ေဒါသေတြအျပည့္ပါပဲ ။
" မိတ္ဖက္ေတြၾကားမွာေတာင္ ျငင္းခြင့္ဆိုတာရွိတယ္ … ခမ်ား ဘယ္ေလာက္ပဲ အားႀကီးတဲ့လူျဖစ္ေနေန… တဖက္သားကို ေလးစားမႈ ျပစမ္းပါ… "
Bေလး သူ႕အက်ၤ ီကို လႊတ္ကာ ေဆာင့္တြန္းလိုက္သည္။ ပါးစပ္ထဲ ထည့္ေပးထားတဲ့ သစ္သီးယိုကို ဆြဲထုတ္ျပီး အနားမွထြက္လာခဲ့သည္။ တဝက္က်န္ေသးေသာ သစ္သီးယိုက္ို ပါးစပ္ထဲ ျပန္ထိုးထည့္ရင္း ခပ္တိုးတိုးေရရြတ္လိုက္တယ္ ။
"ဟြန္႕… က်က္သတံုး…… ငံုးေကာင္ႀကီး…… "
………
( ၆ )
ခပ္သြက္သြက္ေလ်ာက္သြားခဲ့တဲ့ ေက်ာျပင္ေလးက္ို ေငးၾကည့္ရင္း သူ႕ရင္ထဲမွာ လႈိင္းထန္ေနတယ္ ။ တသက္လံုးမခံစားခဲ့ဖူးတဲ့ ဒီခံစားခ်က္ကို သူ ဘယ္လိုနာမည္ တပ္သင့္လဲ ။
တက္မက္ျခင္း ရမၼက္ လား… ။ ရမၼက္ထက္ အဆေပါင္းမ်ားစြာ သာလြန္တဲ့ ခ်စ္ေမတၱာ လား … ။
အေျဖရွာေတာ့မယ္ လို႕ ခပ္သြက္သြက္ပဲ ဆံုးျဖတ္ျပီး ဝိညာဥ္အေစာင့္အေရွာက္ကို အာရံုျပဳကာ ဆင့္ေခၚလိုက္တယ္ ။
" ေခၚပါသလား အႀကီးအကဲ …… "
ဝုကနဲအသံေပးကာ ျဖတ္ကနဲေပၚလာတဲ့ မဲမဲလံုးလံုး ေမြးပြ(poodle) ေခြးကေလးဟာ အႀကီးအကဲရဲ႕ မ်က္နွာေပၚက အျပံဳးကို ျမင္ကာ အေမြးဖြားေလးေတြ ေထာင္ထသြားရတယ္။
"တိုဘန္နီးေရ…… "
"ဂိန္ ! အဲေလ… ဝုတ္ကဲ့… "
"သားရဲခႏၶာေလး ခဏငွားပါကြာ…… "
" ဝုတ္… အဲ …… မဝုတ္ဘူးးးး !!!! "
ျငင္းဆိုလိုက္ေတာ့လည္း အႀကီးအကဲက ျပံဳးျပလာျပန္ပါတယ္ ။အဲ့အျပံဳးႀကီးကို မႀကိဳက္ဘူးေနာ္ အႀကီးအကဲေရ… မႀကိဳက္ဘူး …။
…………
(၇)
မဇင္ညာဖဲရ္ယာရဲ႕ လမ္းမတစ္ေနရာမွာ ဆံပင္ေကာက္ေကာက္ေလးေတြနဲ႕ ေကာင္ကေလးတေယာက္ဟာ အေမြးပြေကာက္ေကာက္ေလးေတြနဲ႕ ေခြးငယ္ေလးတစ္ေကာင္က္ုိ ေပြ႕ကာ ရပ္ေနတယ္ ။ ေကာင္ေလးရဲ႕မ်က္ဝန္းကေန မ်က္ရည္လံုးကေလးေတြ တေတာက္ေတာက္စီးက်လို႕ေနတယ္ ။
"အႀကီးအကဲဟာ … အုအုအု~ ဆိုးသြမ္းလိုက္တာ… အုအုအု~ "
" တိတ္စမ္း…! ဟုိမွာ သူလာေနျပီ…… "
"ဘယ္သူတုန္း … အုအုအု~~~ "
"ေခါင္းေပါင္းေလးနဲ႕…… "
ေကာင္ကေလးဟာ တအုအုငိုေကြ်းရင္း ေခါင္းေပါင္းေလးနဲ႕ လမ္းေလ်ာက္လာသူဆီ တဟုန္ထိုးေျပးသြားတယ္ ။
" ကေလးေလး… ဘာျဖစ္လို႕……… "
ေခါင္းေပါင္းေလးရဲ႕ စကားအဆံုးက္ို မေစာင့္ဘဲ ေကာင္ေလးဟာ လမ္းေဘးအေမွာင္ထုထဲကို ေျပးဝင္ေပ်ာက္ကြယ္သြားေတာ့တယ္ ။ ေကာင္ေလးရဲ႕ ေနာက္မွာ ငိုသံတခ်ိဳ႕က မသိမသာပဲ့တင္ထပ္လို႕… ။
-အႀကီးအကဲ မေကာင္းဘူး…… အုဝူးးးး -
………
(၈)
ေျပးထြက္သြားတဲ့ေကာင္ကေလးကို Bေလး အံ့ၾသျခင္းမ်ားစြာနဲ႕စိုက္ၾကည့္ေနတယ္ ။ လက္ထဲမွာ က်န္ခဲ့တဲ့ အေမြးပြပြနဲ႕မဲလံုးလံုးေခြးေပါက္ကေလးက Bေလးကို ညိဳေမွာင္တဲ့ မ်က္ဝန္းရြဲႀကီးေတြနဲ႕ ေမာ့ၾကည့္ေနတယ္ ။
"မင္းလည္း စြန္႕ပစ္ခံခဲ့ရတာပဲ…… "
Bေလး ညင္ညင္သာသာျပံဳးရင္း ေခြးေလးရဲ႕ေခါင္းကို ဖြဖြေလးပြတ္သပ္လိုက္တယ္။
"ငါလည္း စြန္႕ပစ္ခံခဲ့ရတာပဲ… သိလား… "
ေခြးကေလးကို ပိုက္ရင္း သစ္က်ဳတ္အေဒၚႀကီး ေစာင့္ေနမယ့္ေနရာကို Bေလးေလ်ာက္လာခဲ့တယ္ ။ Bေလးရဲ႕ ရင္ခြင္ထဲမွာ ရွိေနတဲ့ ေခြးကေလးဟာ Bေလးကို ေမာ့ၾကည့္ေနတယ္ ။ စကားေျပာလိုက္တိုင္းစုခြ်န္သြားတတ္တဲ့ ႏႈတ္ခမ္းေလးေတြကို ျမင္တိုင္း ေခြးကေလးရဲ႕ စိတ္ထဲမွာ အေတြးတစ္ခုသာ ရွိေနတတ္တယ္ ။
- နမ္းခ်င္လိုက္တာ - တဲ့… ။
…………
(၉)
နွစ္ေပါင္းမ်ားစြာ ၾကာခဲ႔ၿပီ … ။
လွပတဲ့ အခ်စ္တခုဟာလည္း ဆက္သြားေနလိမ့္ဦးမည္ ။
" မိတ္ဖက္ေတြၾကားမွာေတာင္ ျငင္းခြင့္ဆိုတာရွိတယ္ … ခမ်ား ဘယ္ေလာက္ပဲ အားႀကီးတဲ့လူျဖစ္ေနေန… တဖက္သားကို ေလးစားမႈ ျပစမ္းပါ… "
နီရဲေသာ ဆံႏြယ္ေလးေတြ ယိိမ္းခါသြားတဲ့အထိ ေျခကိုေဆာင့္ကာ ေက်ာေပးသြားတဲ့ ေက်ာျပင္ငယ္ေလးကို မ်က္ဝန္းညိဳတစံုက စိုက္ၾကည့္ေနမိတယ္ ။ သိစိတ္ကေတာ့ ခ်စ္ခင္တက္မက္မႈကိုေပးခ်ိန္ မသိစိတ္က လြမ္းဆြတ္တမ္းတမႈကို ေပးတယ္ ။
ကိုယ္ မင္းကို ရွာေတြ႕ျပန္ျပီ တဲ့ ေလ …… ။
END _____
A.N
Into You နဲ႕ ဆက္စပ္ေနပါတယ္ ဆိုတာ ေျပာျပရန္ပင္ လိုအံ့မထင္ပါ ။