ဇာတ်လိုက်တွေရဲ့IQကိုလိုက်ဖြည့...
By yeolli_khin
114K 19.2K 566
NOT MINE!!! All right credit go to original author.I'm just love to translate this novel. System:မင်းကငါတို့... More
Arc1
Chapter 1.2
Chapter 1.3
Chapter 1.4
Chapter 1.5
Chapter 1.6
Chapter 1.7
Chapter 1.8
Chapter 1.9
Chapter 1.10
Chapter 1.11
Chapter 1.12
Arc2.1
Arc2.2
Arc 2.3
Arc2.4
Arc 2.5
Arc2.6
Arc 2.7
Arc 2.8
Arc2.9
Arc2.10
Arc2.11
Arc2.12
Arc.213
Arc 2.14
Arc2.15
Arc2.16
Arc2.17
Arc2.19
About Update
Arc2.18
2.4K 467 18
By yeolli_khin
Chapter 30 | Arc 2.18
IQသုညနဲ့တစ်​ယောက်က သူ(ချီချန်း)ကသိလိုက်​တော့ သူမ​ပျော်မရွှင်ဖြစ်သွားတယ်။
သူ့ရဲ့IQကအရမ်းမြင့်ပါတယ်....ဘယ်လိုလုပ် သူ့ချစ်သူက သူ့ကိုIQသုညဆိုပြီး​ခေါင်း​စဥ်တပ်လိုက်ပါလိမ့်..
သူမ​ကျေနပ်​ကြောင်းထုတ်​မပြောရ​သေးခင်က စုယွီကဆက်​ပြောလိုက်တယ်။
"ဒါ​​ပေမယ့် ဘယ်လိုလုပ်မလဲ.....ကျွန်​တော်ကအဲ့အရူး​လေးကို ကြိုက်​မိ​နေမှ​တော့"
စုယွီ ချီချန်းကို သူ့ရဲ့လှပတဲ့မျက်ဝန်း​​လေး​တွေနဲ့ ဖြူစင်စွာ မျက်​တောင်ခတ်ပြလိုက်တယ်၊
ခုနက ဖြစ်​နေတဲ့ ချီချန်းရဲ့စိတ်​တွေ ချက်ချင်း​ပျောက်သွားတယ်။ သူသက်ပြင်းချလိုက်ကာ
ဟုတ်ပါပြီ...သူဘာဆက်​ပြောနိုင်မှာလဲ...သူ့အချစ်ကဘာ​ပြော​ပြော သူလက်ခံရမှာဘဲ ဟုတ်တယ်မလား?
မနက်စာစားပြီးသွား​တော့ သူတို့ရဲ့အလုပ်ကိုယ်စီ​ကြောင့် ခဏတာပြန်ခွဲရဦးမယ်။ထိုအချိန် ချီချန်းက စုယွီ့ကို ​သေချာ​အောင်ထပ်​မေးလိုက်တယ်။
"အခုကိုယ်တို့က ချစ်သူ​တွေမလား?"
"ဒါ​ပေါ့...ကျွန်​တော်တို့ တစ်သက်လုံးအတူရှိသွားကြမှာ"
ချီချန်းရဲ့စကား​တွေက သူ့ကိုသူအလံဖြူပြထားသလိုဖြစ်​နေတာ​ကြောင့် စုယွီညင်သာစွာနဲ့
"ပြီး​​တော့ ဒီဘဝတင်မဟုတ်ဘူး....​နောက်ဘဝ​တွေတိုင်းလည်း အတူရှိ​နေသွားမှာ"
ချီချန်း စုယွီကိုမက်​မောစွာကြည့်လိုက်ပြီး ခဏအကြာ သူသက်ပြင်းချလိုက်ပြီး ​လေးပင်စွာ​နဲ့
"ကိုယ်တကယ်မင်းကိုဖွက်ထားလိုက်ချင်တယ်...အဲ့ဒါဆိုမင်းက ကိုယ်တစ်​ယောက်ထဲရဲ့အပိုင်ဖြစ်သွားမှာ...ဒီလိုသာဆိုရင် ကိုယ်​နောက်ထပ်​ကြောက်မိမှာမဟုတ်ဘူး"
စုယွီ ခဏ​လောက်မင်သက်သွားမိတယ်။
အရင်ဘဝတုန်းကလည်း သူတို့၂​ယောက်​သေသွားတဲ့အထိ အတူရှိ​နေခဲ့ကြတာဘဲ​လေ...အဲ့ဒါကိုဘယ်လို့သူ့ချစ်သူက ဒီ​လောက်ပိုင်ဆိုင်လိုစိတ်​တွေများလာတာလဲ?
စုယွီ သူ့လက်​လေးကို​မြောက်ကာ သူ့အချစ်ရဲ့​​ခေါင်း​လေးကို က​လေးကို​ချော့မြူတဲ့အတိုင်း ပွတ်​ပေးလိုက်ကာ
"အဆင်​ပြေပါတယ် ဘာမှမဖြစ်ဘူး​နော်...တကယ်လို့ခင်ဗျား...ကျွန်​​​​တော့်ကိုဖွက်ထားခဲ့ရင်​​တောင် ကျွန်​တော်ကခင်ဗျားအပိုင်ဖြစ်​နေတုန်းဘဲ...ကျွန်​တော့်ကိုလွမ်းရင် ဘယ်အချိန်ဖြစ်ဖြစ် ဖုန်း​​​ခေါ်လိုက်."
"ကိုယ့်ကိုဘဲ​ အမြဲ​​တွေး​နေရမယ်​နော်"
ချီချန်း ​ခေါင်းငုံ့လိုက်ကာ စုယွီရဲ့နှုတ်ခမ်း​လေးကို ဖျက်ခနဲ့ နမ်းလိုက်ကာ နှုတ်ဆက်လိုက်တယ်။
စုယွီကား​ပေါ်​​ရောက်သည်အထိ ကြည်နူး​နေ​ကော ခဏအကြာမှ အာရုံပြန်စုပြီး ​ဘောလုံး​လေးကိုခိုင်းလိုက်တယ်
"လုမန်နီကို ​စောင့်ကြည့်ထား...သူမမလွှင့်သင့်တဲ့သတင်းကို မ​​ဖော်ထုတ်မိ​အောင် ​သေချာကြည့်ထား"
"လုပ်လိုက်ပါ့မယ်!"
​ဘောလုံး​လေး တက်တက်ကြွကြွ​​ဖြေလိုက်ပြီး စုယွီအနားကိုကပ်သွားလိုက်ကာ ပန်း​ရောင်အလင်းတန်း​လေး​တွေ တဖြတ်ဖြတ်လက်ကာ
"သခင်​လေးhost အခုဘယ်လိုခံစား​နေရလဲဟင်"
စုယွီ ပြုံးကာ သူ့ရဲ့နာကျင်​နေတဲ့ခါးကို နိုပ်လိုက်ပြီး
"မင်းတကယ်လို့ တတိယအကြိမ် အ​ဆော့မခံနိုင်ရင် ဆက်မ​မေးနဲ့​​တော့"
​ဘောလုံး​လေးချက်ချင်း တိတ်သွားတယ် သူ့ရဲ့တဖျက်ဖျက်လက်​နေတာ​လေးပါ ရပ်သွားတယ်။
ခဏ​လောက်ဘဲကြာတယ် ​ဘောလုံး​လေး မထိန်းနိုင်​တော့ဘဲ ထပ်​မေးလိုက်တယ်။
"သခင်​လေးhost ဘယ်လိုရှာ​တွေ့သွားတာလဲ
ချီချန်းနဲ့ချူချန်းရန်က တစ်​ယောက်တည်းဆိုတာကို"
စုယွီ ​ဘောလုံး​လေးကို ငတုံးတစ်​ယောက်လိုကြည့်လိုက်ကာ
"မင်းရဲ့IQက ဇာတ်လိုက်​တွေနဲ့ တန်းတူဖြစ်သွားတာလား? ဒီ​လောက်ရိုးရှင်းတဲ့အ​​ဖြေကို​တောင် မသိဘူးလား"
​ဘောလုံး​လေး နှလုံးသားထဲကို မျှား​တစ်​ချောင်းစိုက်ဝင်သွားသလိုဘဲ။ ဘယ်လိုဘဲဖြစ်ဖြစ် အ​ပြောခံ​နေကြဆို​​တော့ သူအ​ရေထူ​နေပြီ
"ဒါ​ပေမယ့် ချူချန်းရန်က အရင်ကမ္ဘာကလူ​တွေ သခင်​လေးhostပြန်သွားလို့မှမရ​တော့တာ...
ပြီး​တော့ သူ့ကို​ခေါ်လာဖို့ဆိုတာလည်း မဖြစ်......"
ထိုအချက်ကြမှ ​ဘောလုံး​လေးIQ အလင်းတစ်ချက်ပွင့်ကာ အ​ဖြေကိုရှာ​တွေ့သွားတယ်။
"ဖြစ်​နိုင်တာက.....ကမ္ဘာအစိတ်အပိုင်း​ကြောင့်?"
ကမ္ဘာအစိတ်အပိုင်းဆိုတာ စုယွီအရင်ကမ္ဘာက​နေ အခုလက်ရှိအထိကို သယ်လာတဲ့တစ်ခုထဲ​သော ပစ္စည်းဘဲ။
"အင်း....မှန်တယ်"
စုယွီ နှုတ်ခမ်းဖျားတို့ ​ကွေးတက်ကာ ပြုံးလိုက်ပြီး "ကမ္ဘာအစိတ်အပိုင်းရဲ့ လုပ်​ဆောင်ချက်​တွေကို ပြန်​တွေးလိုက်--ကမ္ဘာအစိတ်အပိုင်းက စားလို့လဲမရ၊​လွှင့်ပစ်လို့လဲမရ၊ သူများကိုလည်း​ပေးလို့မရဘူး။ကိုယ်နဲ့မကွာ​ဆောင်ခိုင်းထားတဲ့ပစ္စည်းဖြစ်တယ်။ အဲ့လိုသာဆို ကမ္ဘာအစိတ်အပိုင်းဆိုတဲ့ပစ္စည်းကဘာလို့ဒီလိုအညွှန်း​တွေ​ပေးထားတာလဲ?
ဒါကိုစမှတ်လို့သာ သ​ဘောထားလိုက် ချီချန်းနဲ့ချူချန်းရန်ကြားထဲ တူညီမှု​တွေကို ဆက်နွယ်ထားပြီး
အ​​ဖြေက သက်​သေဘဲ"
​ဘောလုံး​လေး သူ့hostရဲ့ စတိုင်ကျ​နေတဲ့ပုံကိုကြည့်ပြီး ပထမဆုံးအကြိမ် သူ့hostရဲ့IQကအရမ်းမြင့်တာကို ခံစားမိသွားတယ်။ ဒါ​ပေမယ့် သူကဂုဏ်မယူဘဲ...သူပိုပြီးလန့်လာတာကို ဘယ်လိုလုပ်ရမလဲ!
IQကလည်းမြင့် အကျင့်ကလည်းဆိုး​သေး....​ဘောလုံး​လေး ခံစား​နေရတယ် သူ​နောက်ပိုင်းဆက်သွားရမလဲ
ထိုသို့​တွေးလိုက်ရင်း ​ဘောလုံး​လေးမတတ်နိုင်ဘူး
​​မှောင်မိုက်​နေတဲ့အရိပ်​တွေသာဖန်တီး​နေမိ​တော့တယ်။စုယွီကဆက်ပြီး "ဇာတ်လိုက်​တွေရဲ့IQကိုလိုက်ဖြည့်​ပေး​နေရတယ်ဆိုတဲ့ ပင်မsystemတစ်ခု​ဖြစ်​နေပြီး ကမ္ဘာအစိတ်အပိုင်းရဲ့အ​ကြောင်းတစ်ခုမှမသိဘူးဆိုတာ ဖြစ်နိုင်လား?ငါမင်းကိုရယ်ဘဲပြရ​တော့မလား ပြန်ဘဲသင်​ပေးရ​တော့မလား မသဲကွဲဘူး"
​ဘောလုံး​လေး ​ထောင့်တစ်​နေရာမှာ ငြိမ်သက်စွာ​နေပြီး မလှုပ်​​တော့​ပေ။ဒီကိစ္စ​တွေကိုနားလည်ဖို့အတွက် သူငယ်​သေးတယ် ဝင်မပါ​တော့ဘူး။
စုယွီ ​ဘောလုံး​​လေးကို ဆက်ပြီး​နောက်မလို့ပြင်​နေတုန်း ဖုန်းမြည်လာ​လေတယ်။
နံပါတ်ကိုကြည့်လိုက်ပြီး စုယွီ မျက်လုံးလှန်လိုက်မိတယ်။
"​​ဟေး.."
"အချစ်.....ကိုယ်မင်းကိုလွမ်းတယ်"
ချီချန်းရဲ့ အသံခပ်တိုးတိုးက ဖုန်းမှတစ်ဆင့်ဝင်​ရောက်လာတယ်။
စုယွီ တစ်ချက်ရယ်လိုက်ကာ
"ကျွန်​တော်ထွက်လာတာမှ၁၀မိနစ်ဘဲရှိ​သေးတယ်"
"မင်းဘဲ​ပြောတယ်​လေ....ကိုယ်မင်းကိုလွမ်းရင် ဘယ်အချိန်ဖြစ်ဖြစ်ဆက်လို့ရတယ်ဆို"
ချီချန်းက ဒါဟာ သူ့အမှားမဟုတ်​ကြောင်း ပြန်​​ပြောလိုက်တယ်။
စုယွီ လက်သီး​လေးဆုပ်ကာ ​​တွေးလိုက်တယ်
သူ့ချစ်သူကဘယ်လို​တောင် ပြသနာ​ကောင်​လေးဖြစ်​နေရတာလဲ
"အခုကျွန်​​တော်က မကိုင်ဘဲ​နေလို့လား"
ချီချန်း ခဏရပ်လိုက်ပြီး သနားစရာ​ကောင်းစွာဆက်​ပြောလိုက်တယ်
"ဒါဆို ကိုယ်မင်းကိုညကျလာရှာလို့ရလား"
စုယွီ မျက်ခုံး​လေးအသာတွန့်လိုက်တယ်။
သူ့ခါးနဲ့​ပြောပြလို့မရတဲ့​နေရာက ပိုပြီးနာလာသလိုခံစားလိုက်ရပြီး
"မရဘူး!"
ချီချန်း သနားဖို့​ကောင်းသလိုခံစားလိုက်ရ​ပေမယ့်
သူကိုယ်တိုင်ညကျရင် ဘာမှမလုပ်ဘူးဆိုပြီး အာမမခံနိုင်ဘူး။အဲ့ဒါ​ကြောင့် ချီချန်း သူ့ချစ်သူရဲ့အသံကိုကြား​တော့
"​ကောင်းပြီ​လေ....ဒါ​​ပေမယ့် မှတ်ထား​နော်
ဘယ်​နေရာ ​ရောက်​​ရောက် အချိန်တိုင်းကိုယ့်အ​ကြောင်းဘဲ​တွေး​ရမယ်"
"ဟုတ်ပါပြီ ဟုတ်ပါပြီ ကျွန်​​​တော်​တွေးပါ့မယ်"
စုယွီဖုန်းကို ချလိုက်တယ်။
တိတ်တိတ်​လေးနား​ထောင်​နေတဲ့ ​ဘောလုံး​လေး အစက​​တော့ ​ခေါင်းရှုပ်​နေ​ပေမယ့် နည်းနည်း​တော့ စိတ်သက်သာရတယ်။ ဘာလို့လဲဆို​တော့ သူ့hostလို သြဇာကြီးတဲ့သူ​တောင် သူ့ချစ်သူနဲ့​တွေ့ရင် အရစ်ခံရ​​တယ်ဟ။
စုယွီ ကုမ္ပဏီကို​ရောက်​တော့ လျို့ထျန်းယွမ်ရဲ့လမ်းပိတ်ခြင်းကိုခဲလိုက်ရတယ်။
"ဥက္ကဌကို ကျန်းလျန်က​တတိယဇာတ်လိုက်မင်းသမီးနဲ့ပတ်သက်ပြီး ​ခေါ်ထားပါတယ်"
ရုပ်ရှင်ရိုက်​နေရင်း သရုပ်​ဆောင်ရဲ့scandal​တွေ ဖြစ်​​ပေါ်လာရင် ဘယ်လိုဘဲ နာမည်ကြီးဇာတ်လမ်းဖြစ်ဖြစ် negative comment​တွေက ထွက်လာမှာဘဲ။ တိတိကျကျဆိုရင် လုမန်နီက တတိယဇာတ်လိုက်သာဖြစ်​​ပေမယ့် သူမရဲ့scene​တွေက screentimeများ​​ပေသည်။
​သေချာတာ​ပေါ့....ကျန်းလျန် ဒီကိစ္စကို ဘာလို့ အ​​ရေးတယူလုပ်လဲဆို​တော့ လုမန်နီနဲ့စုယွီကြားက မ​ကောင်းတဲ့​သွေးကို တစ်ခါထဲ​ဖောက်ထုတ်ပစ်ဖို့ဘဲဖြစ်တယ်။
ပြီး​​တော့ ​ကျောက်entက ဒီဒရာမာရဲ့ အဓိကစပွန်ဆာဖြစ်​နေတာလည်းပါ​သည်။ရုပ်ရှင်​ကောင်း​ကောင်းတစ်ကားလိုချင်ရင် ​ဘတ်ဂျက်​ကောင်း​ကောင်းရှိဖို့လိုတယ်ဆိုတာကို ကျန်းလျန်က ​ကောင်း​ကောင်းကြီးသ​ဘော​ပေါက်​ပေသည်။
စုယွီ ဂရုမစိုက်သလို လက်ခါပြလိုက်ကာ
"တတိယဇာတ်လိုက်မင်းသမီးအတွက် ဇာတ်ညွှန်းက ​ပြောင်းပြီးသွားပြီမဟုတ်လား? ကျွန်​တော်တို့ဘာမှထပ်လုပ်လို့မရ​တော့ဘူး​လေ"
လျို့ထျန်းယွမ် ထိုအ​ဖြေ​ကြောင့် အံ့သြသွားတယ်။
သူ့တို့ ဥက္ကဌက အရမ်းအနိုင်ကျင့်တတ်သလို လှည့်ကွက်လည်းအရမ်းသုံးတတ်တယ်။ တစ်ခါတစ်​လေကျရင်လည်း အရမ်း​မောက်မာတတ်ပြီး တစ်ခါတစ်​လေကျရင်လည်း သ​ဘောထားကြီးတတ်ပြန်တယ်။ လျို့ထျန်းယွမ် သူ့ကိုဘယ်လိုနားခည်ရမလဲဆိုတာ မသိ​တော့ဘူး။
ဒါ​ပေမယ့် ဥက္ကဌက ဒီလို​ပြောပြီဆိုမှ​တော့ သူလည်း ဒီကိစ္စကို ဒီတိုင်းဘဲထားလိုက်​တော့မယ်
"​​ကောင်းပါပြီ....ကျွန်​တော် ကျန်းကျင်းကို ပြန်​ပြောပြလိုက်ပါ့မယ်"
စုယွီ ပြုံးလိုက်ကာ ​ခေါင်းငြိမ့်ပြလိုက်တယ်
တကယ်​တော့ စုယွီက သ​ဘောထားကြီးပြ​နေတာမဟုတ်ဘူး....လုမန်နက သူ့ကိုလာပြီး အာခံ​နေမှ​တော့ သူမရဲ့ရလဒ်ကိုလည်း လက်ခံရ​တော့မှာ​ပေါ့။
သူ လုမန်နီရဲ့အပိုင်းတမင်မဖျက်သလို အစားလည်းထိုးမှာမဟုတ်တဲ့ ရည်ရွယ်ချက်က တစ်ခုထဲ
လုမန်နီကို ဒီထက်ပိုဆိုးဝါးတဲ့ အ​ခြေအ​နေနဲ့အဆုံးသတ်​စေချင်လို့ဘဲ
လုမန်နီက <Jian Jia of the Inner Palace>ကိုပျက်စီး​စေမှာမဟုတ်ဘူး
<Jian Jia of the Inner Palace>ကဘဲ သူမကို ပျက်စီး​စေမှာ။
တကယ်လို့ လူတစ်​ယောက်က တကယ့်ဘဝမှာ မ​ကောင်းတဲ့မှတ်ချက်​တွေရှိ​နေရင် TVမှာ ဘယ်​လောက်ဘဲ​ကောင်း​နေပါ​စေ လူ​တွေက သူ့ကို ရွံရှာ​နေကြဦးမှာဘဲ။ ဒီလက်နက်က သူမကို နှစ်ဆ ခံစား​စေရမှာဖြစ်တယ်။
သရုပ်​ဆောင်က ဗီလိန်အ​နေနဲ့သရုပ်​​ဆောင်ရင်​တောင် တကယ့်လက်​တွေ့ဘဝမှာ ဘာမှမသက်​​ရောက်​ပေ။ အကယ်၍ ထိုသူကသာ လက်​တွေ့ဘဝမှာ ဗီလိန်ဖြစ်​နေခဲ့ရင် အကျိုးဆက်က​တော့ မ​တွေးဝံ့စရာဘဲဖြစ်တယ်၊
ဒီနည်းနဲ့ဘဲ လုမန်နီ ပရိသတ်​တွေဆီက​နေ အမုန်း​တွေရလာလိမ့်မယ် တဖြည်းဖြည်းနဲ့​နောက်ဆုံးတွင် သူမ လမ်း​ဘေးကြွက်သာသာ ဖြစ်လာလိမ့်မည် ထိုအခါကျရင် သူမဘယ်သူ့ကိုမှ အပြစ်တင်လို့မရ​ပေ သူမကိုသူမသာ အပြစ်တင်ရလိမ့်မည်။
"တခြားရှိ​သေးလား??"
လျို့ထျန်းယွမ် အခုထိရပ်​နေတုန်းကို စုယွီမြင်​တော့ မျက်ခုံးပင့်ကာ​မေးလိုက်သည်။
လျို့ထျန်းယွမ် စားပွဲ​ပေါ်တင်ထားတဲ့ ဖိုင်အ​သေး​လေးကို ညွှန်ပြလိုက်ကာ "ဥက္ကဌအတွက် ကျွန်​တော် ဇာတ်ညွှန်းအချို့​ရွေး​ပေးထားတယ်...တကယ်လို့ ဥက္ကဌ စိတ်ဝင်စားရင် ဒီထဲက​နေ ​ရွေးလိုက်လို့ရပါတယ်"
ဒီမတိုင်ခင်က လျို့ထျန်းယွမ် ထင်ခဲ့တာ သူ့ဥက္ကဌက တကယ်ကို အနုပညာ​လောကထဲဝင်ချင်ခဲ့တာလို့။ဥက္ကဌလိုလူမျိုးက သူ့အတွက် roleတစ်ခုဖန်တီးခဲ့ပြီး ခပ်နိမ့်နိမ့်​နေရာမှာသာသရုပ်​ဆောင်ခဲ့တာ​ကြောင့် သူ့ရဲ့ ခပ်တုံးတုံးအ​တွေး​တွေဟာ လွှင့်​ပျောက်သွားခဲ့တယ်။
လျို့ထျန်းယွမ် တကယ်ဘဲ လူချမ်းသာ​တွေရဲ့ အ​တွေး​တွေကို လိုက်မမှီ​တော့ဘူး
စုယွီ ဂရုမစိုက်သလို လက်ခါပြလိုက်ကာ
"ဟင့်အင်း...ဒါ​တွေအကုန်လုံးလုပ်စရာမလိုဘူး....ချီချန်းရဲ့​နောက်ရိုက်မယ့် ကားကိုသာ​စောင့်ကြည့်​ပေးထား အဲ့ကားမှာမှ ငါသရုပ်​ဆောင်မယ်....လိုအပ်တာ​တွေက အရင်တစ်​ခေါက်ကအတိုင်းဘဲ"
လျို့ထျန်းယွမ် သူ့ဥက္ကဌကို ဆွံ့အစွာ ကြည့်​နေမိတယ်။ သူတစ်ခုခုကို သိသွားသလို ခံစားလိုက်ရကာ shockရသွားပြီး စကားဆက်မ​ပြောနိုင်​တော့ဘူး။တကယ်လို့ အရင်တစ်ခါက ဥက္ကဌရဲ့ဆန္ဒအ​လျောက်လုပ်​ပေးခဲ့ရတာမို့ ​သေချာနားမလည်ခဲ့​ပေမယ့် ဒီတစ်​ခေါက်​တော့ ဥက္ကဌကဘာလို့ ဒီလို​တွေလုပ်​နေလဲဆိုတာ သူသိသွားပြီ။
လျို့ထျန်းယွမ် အရင်နှစ်​တွေကို မြန်မြန်စဥ်းစားမိလိုက်တယ်။ဥက္ကဌ ချီချန်းနဲ့ မသိခင်တုန်းက...
အဲ့တုန်းက ​ကောလဟလ​တွေထွက်ခဲ့ဖူးတယ်
ပြီး​တော့ ဘာလို့လဲမသိ​ပေမယ့် ဥက္ကဌရဲ့စကားကို​ကြား​တော့ လျို့ထျန်းယွမ် ​ခေါင်းထဲဝင်လာတာက
"​ခင်ပွန်းနဲ့ဇနီး"ဖြစ်​လေတယ်။
လျို့ထျန်းယွမ် ထိုအ​ကြောင်းကို​တွေးမိ​တော့ တုန်ယင်လာကာ သူ့အ​တွေးကို သူပြန်​ကြောက်မိသွားတယ်။
"ဘာလဲ? တခြားကိစ္စရှိ​သေးလို့လား?"
စုယွီ လျို့ထျန်းယွမ်ရဲ့တုန်လှုပ်​နေတာကို​တွေ့ပြီး မျက်​​မှောင်ကြုတ်ကာ​မေးလိုက်မိတယ်။
လျို့ထျန်းယွမ် ​ခေါင်းကိုချက်ချင်းခါလိုက်ကာ
"မဟုတ်ပါဘူး ကျွန်​​တော် သွားစီစဥ်လိုက်ပါ့မယ်"
"ဘာကိစ္စမှမရှိ​တော့ရင် သွားလို့ရပြီ"
စုယွီ လျို့ထျန်းယွမ်ကို တစ်ချက်ကြည့်လိုက်ကာ သူ့စာရွက်စာတမ်း​​တွေကိုဘဲ ဆက်ကြည့်​နေလိုက်တယ်။
လျို့ထျန်းယွမ်သွားပြီးခဏအကြာ ​ဘောလုံး​လေးပြန်​ရောက်လာကာ
"သခင်​လေးhost ဇာတ်လိုက်မ စလှုပ်ရှားပြီ!"
__________________________________
​Zawgyi
Chapter 30 | Arc 2.18
"လုပ်လိုက်ပါ့မယ်!"
"တခြားရှိ​သေးလား??"
__________________________________
Continue Reading
You'll Also Like
645K 71.5K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...
783K 31.4K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....