Unicode
"အကို ဖြည်းဖြည်းလေးပွေ့လိုက်.."
ကလေးငိုသံတွေဆူညံနေတဲ့ဆေးရုံခန်းအတွင်းမှာ
အဖြူရောင်၀တ်စုံနဲ့ကောင်လေးဟာ ကလေးငယ်ကိုထွေးပွေ့လိုက်တယ်..
"အံမယ် ကြည့်ပါဦး သူ့အဖေလက်ထဲလည်းရောက်ရော
ရုပ်ကြီးကိုဖြီးနေတာပဲ"
ယူရာ့ရဲ့အပြောကြောင့်ဟိုဆော့ စိတ်ပါလက်ပါရီလိုက်မိသည်..
နောက်ဆုံးတော့သမီးငယ်လေးအထူးခန်းကနေ ထွက်လာနိုင်ခဲ့ပီ ဆော့သမီးငယ်လေးရဲ့ပါးလေးနှစ်ဖက်ကို အသာအယာမွှေးကြူလိုက်သည်..သမီးလေးဗြိက်ဆာ၍ငိုနေပုံပင်..ဟိုဆော့ သမီးငယ်လေးအတွက်စိတ်မကောင်းဖြစ်မိသည်..
မိမိလိုလူစီမှာမွေးဖွားခဲ့၍ မိခင်နို့ရည်ကိုပင်မသောက်ရနိုင်တဲ့ သမီးငယ်လေးကြောင့ဟိုဆော့မျက်ရည်ကျမိသည်..
"အကိုဟိုဆော့ရယ် ဘာလို့ငိုနေပြန်တာလဲ.. ညီမရဲ့အကိုကလေ ပြုံးတဲ့အချိန်ဆိုရင်နေရောင်ခြည်လေးနဲ့အရမ်းတူတာ.. အဲ့တာကြောင့်အကိုအမြဲပဲပြုံးနေပါနော်"
ယူရာ ဟိုဆော့လက်ထဲက ကလေးကိုပြန်ပွေ့ချီလိုက်ပီး နို့ဗူးလေးတိုက်ထားလိုက်သည်... မကြာမီပင် ထိုကလေးငယ်ပုခက်လေးအတွင်းတွင် အိပ်ပျော်သွားတော့သည်...
"အကို ညီမအကို့စီကနေသိချင်တာတခုရှိတယ်"
ဟိုဆော့ ယူရာ့ကိုတည့်တည့်ကြည့်နေလိုက်သည်..
"အကို့ကို ဒီလိုဖြစ်တဲ့လူက... ဧကန္တ ညီမထင်နေတဲ့လူများလား"
ဟိုဆော့ရဲ့လက်တွေအေးခဲသွားသည်... ထိုနေ့ညဂျီမင့်ကိုဖုန်းဆက်နေရင်း ပြင်းထန်စွာ၀င်တိုက်တဲ့ကားတစ်စီး ထိုကားထဲကထွက်လာတဲ့လူတယောက်..
အရာအားလုံးကို ဟိုဆော့တကယ်ပဲပြန်မတွေးချင်..
ကယ်ပေးပါ လို့ပြောနေသော်ငြားလည်း လှည့်၍ပင်မကြည့ခဲ့သောထိုလူ..မိမိ၏အချစ်ဆုံးသူငယ်ချင်း..ကမ်နမ်ဂျွန်း..
"ညီမ ထင်တာမှန်နေတာပဲ..
ညီမ သူ့အကြောင်းတချို့အကို့ကိုပြောစရာရှိတယ်...
ဒါကစည်းမျဉ်းတချို့ကိုဖောက်ဖျက်ရမှာပေမဲ့
အကိုသိသင့်တယ်လို့ညီမထင်တယ်.."
ယူရာ စားပွဲပေါ်က ဖိုင်တခုကို ဟိုဆော့လက်ထဲထည့်ေပးလိုက်သည်...
ဆော့ထိုဖိုင်ကိုဖွင့်ကြည့်ပီးတဲ့အခါမှာ မယုံကြည်နိုင်တဲ့အရိပ်ယောင်တချို့ဖြစ်ပေါါလာသည်...
"ဒါဆိုရင် နမ်ဂျွန်းက..."
"ဟုတ်တယ် အကို အကိုမြင်ခဲ့တဲ့အတိုင်းပဲ..
အကိုနမ်ဂျွန်းက ဒီဝေဒနာကိုခံစားလာခဲ့ရတာကြာပီ..."
ဟိုဆော့ တကယ်ပင်မယုံကြည်နိုင်ပါ... အမြဲလူကောင်းတယောက်လိုနေခဲ့တဲ့ သူ့ရဲ့သူငယ်ချင်းက ဒီလိုဝေဒနာဆိုးကြီးကိုခံစားနေရတယ်တဲ့လား သူနမ်ဂျွန်းကိုအပြစ်မတင်နိုင်ပါ..သို့သော် အောင်လုပ်ခဲါတဲ့ကံကြမ္မာကိုတော့ နာနာကြည်းကြည်းအပြစ်တင်မိသည်...
'နမ်ဂျွန်း မင်းဘလောက်တောင်နာကျင်ခဲ့ရလိမ့်မလဲ
မင်းကိုနားမလည်ပေးနိုင်ခဲ့တဲ့အတွက် ငါတောင်းပန်ပါတယ် နမ်ဂျွန်း'
.
.
.
.
.
.
.
ဆော့ဂျင် မိမိတသက်မှာပြန်မသွားချင်ဆုံးနေရာ ထိုKimအိမ်တော်ရှေ့သို့ရောက်လာခဲ့သည်...
မိမိခြေထောက်နဲ့မိမိထိုနေရာသို့လာရလိမ့်မယ်လို့ဆော့ဂျင် တခါမှမတွေးဖူးပါ..သော်ထိုသို့လုပ်ရခြင်းအတွက်လည်းဆော့ဂျင်နောင်တရမည်မဟုတ်ပါ...
"ဂျင် မင်းနဲ့ပြောထားတဲ့ တပတ်အခုထိမပြည့်သေးဘူးမလား.."
အိမ်ထဲကနေ ထွကလာတဲ့ကမ်နမ်ဂျွန်းဟာ သူဌေးရုပ်ပျောက်ကာ အချိန်အတော်ကြာနာမကျန်းဖြစ်နေပုံပေါ်နေသည် ထို့အတူသူ့မျက်နှာပေါ်ကစိုးရိမ်မှုတွေဟာလည်း တားစီးမရထွက်ပေါ်နေသည်..
"ငါ မင်းစီမှာခနလောက်နေချင်တယ်... ရမလား နမ်ဂျွန်း"
"ရတာပေါ့ ဂျင်.. ဒါမင်းအိမ်ပဲ ဒီမှာ မင်းကြိုက်သလောက်နေလို့ရတယ်"
နမ်ဂျွန်းရဲ့မျက်လုံးထဲမှာမျှော်လင့်ချက်အရိပ်အယောင်တွေ ပြည့်နှက်နေပီး သူ့ရဲ့ပါးပေါ်ကပါးချိုင့်တွေပေါ်သည်အထိပြုံးလို့နေခဲ့တယ်...
"ဒါ မင်းကိုယ့်စီပြန်လာတာလား ဂျင်"
ဂျင်မဖြေနိုင်ပါ... နမ်ဂျွန်းကိုအလိမ်အညာစကားပြောချင်သလို သူလုပ်ရမဲ့ကိစ္စဟာလည်းကျိန်းသေပေါက်အောင်မြင်ရမည်...
"ငါကြိုးစားပါ့မယ်.. မင်းကိုပြန်လက်ခံနိုင်လာအောင်"
ဆော့ဂျင် ပြုံးနေတဲ့နမ်ဂျွန်းကိုကျော်ကား Kimအိမ်တော်ထဲကို၀င်လာခဲ့လိုက်သည်...
.
.
.
.
.
.
.
"ငါတို့ ဂျင့်ကိုတကယ်ကြီး ဒီတိုင်းလွှတ်ထားတော့မလို့လား"
ယွန်းဂီ စိတ်ပူစွာမေးလိုက်သည်...
ထယ်ယောင်းသည်လည်းဂျန်းကုအဖြေကို စောင့်နေပုံပင်..
"ငါတို့ ရှယ်ယာရှင်အစည်းအဝေးအတွက်
ပြင်ဆင်ကြရအောင် "
"ရှယ်ယာရှင်အစည်းအဝေး!!??"
ဂျန်းကုရဲ့အဖြေနောက်မှာ ယွန်းဂီနဲ့ထယ်ယောင်းရဲ့အာမေဠိတ်အသံတွေ ထွက်ပေါ်လာတယ်..
"ဟုတ်တယ် အခုလက်ရှိငါတို့သုံးေယာက်လက်ထဲမှာရှိတဲ့
ရှယ်ယာအရေအတွက်က ကမ်နမ်ဂျွန်းထက်သာနေပီဆိုတာ သေချာတယ်... ဒီတခေါက်ရှယ်ယာရှင်အစည်းအဝေးလုပ်ပီး ကမ်နမ်ဂျွန်းကိုဖြုတ်ချပစ်ရမယ်.."
"ဒါက ဂျင့်အတွက်အန္တရာယ်မရှိနိုင်ဘူးလား"
ဂျန်းကု ထိုင်နေရာကနေထလိုက်ရင်း...
"ကျွန်တော်ကဒါကို လိုသုံးကဒ်အဖြစ် ထားချင်တာ..
အကယ်၍များ တခုခုလွဲမှားခဲ့သည်ရှိသော် ဒီရှယ်ယာကိစ္စနဲ့အလဲအထပ်လုပ်လို့ရအောင်လို့"
"ဒါပေမဲ့ ဂျန်းကု ဒီရှယ်ယာတွေက မင်းအချိန်အကြာကြီးစုဆောင်းခဲ့ရတာ ဒီလိုမျိုး ဆော့ဂျင်အတွက်အသုံးပြုလိုက်တော့မှာလား"
ထယ်ယောင်းရဲ့စကားအဆုံးမှာ ဂျန်းကု ယွန်းဂီကိုကြည့်လိုက်တယ်..
"ငါနဲ့ CEO Minအတွက် အကိုက ဒီရှယ်ယာတွေထက်ပိုအရေးကြီးတယ် မင်းအတွက်ဂျန်းဟိုဆော့ကအရေးကြီးသလိုပေါ့..."
*Ring ~Ring*
ဂျန်းကု contactမှာပေါ်လာတဲ့နာမည်လေးကြောင့်
ဖုန်းကိုအမြန်ကိုင်လိုက်တယ်..
#Hello အကို#
.
.
.
.
.
.
.
.
ဆော့ဂျင် နမ်ဂျွန်းတို့အိမ်ပြန်ရောက်ကတည်းက သက်သေရှာဖို့ကိုသာစိတ်လောနေမိသည် ဒီကြားထဲနမ်ဂျွန်း မရိပ်မိအောင်လဲနေရသေးသည်..တအိမ်လုံးလှန်လော ရှာကြည့်သော်လည်းသက်သေနှင့်တူသည့်အရာ တခုမှမတွေ့..ဆော့ဂျင်တနေရာကိုစဉ်းစားမိသွားသည်..
နမ်ဂျွန်းအခန်းထဲကထိုဗီရို...
(AN:အပိုင်းဘလောက်လဲမမှတ်မိပေမဲ့ ဂျင်အဲဒီဗီရိုကိုဖွင့်ဖို့လုပ်တုန်းက အိမ်ကအဒေါ်ကြီးကြောင့်မဖွင့်ဖြစ်ခဲ့တဲ့ဗီရိုပါ)
ဆော့ဂျင် နမ်ဂျွန်းအခန်းထဲသွားပီး အဲဒီဗီရိုကိုအမြန်ဖွင့်ကြည့်လိုက်သည်..သို့သော်မီးခံသေတ္တာ
တလုံးရှိနေသည်..ဆော့ဂျင် ရက်စွဲတွေအကုန်နံပါတ်နေရာမှာ ဖြည့်ကြည့်သော်လည်းမရပေ..ဆော့ဂျင် ကမ်ဟယ်ဆူ့မွေးနေ့ကိုသိရဖို့ ဂျန်းကုစီကိုဖုန်းခေါ်လိုက်သည်..
#Hello အကို#
#ဂျန်းကု ကမ်ဟယ်ဆူ့မွေးနေ့ကိုပြောပြလို့ရမလား..#
ဂျန်းကုပြောပြတဲ့မွေးေန့နံပါတ်အတိုင်း ဆော့ဂျင်ရိုက်ထည့်ကြည့်လိုက်သည်... ဒါပေမဲ့မရပေ..
"ဟာ ဒါလည်းမဟုတ်ပြန်ဖူးလား??"
ဆော့ဂျင်ရဲ့အသံကို ဖုန်းတဖက်ကနေကြားရတဲ့ဂျန်းကုကမေးလာလေသည်..
#အကို ဘာဖြစ်လို့လဲ#
#မင်း ကမ်နမ်ဂျွန်းအတွက် အရေးပါတဲ့ရက်စွဲတွေသိတယ်မလား.. ငါ့ကိုပြောပြစမ်းပါ#
ဂျန်းကုအတော်ကြာစဉ်းစားနေပုံပေါ်ပီး..
#အကိုတို့လက်ထပ်တဲ့နေ့ရော..#
#ဟင်??#
ဆော့ဂျင် တုန်ရီစွာနဲ့ထိုရက်စွဲကိုရိုက်ကြည့်နေမိသည်..
မဖြစ်နိုင်ပါဘူးလို့အတန်တန်တွေးနေပေမဲ့ ထိုနံပါတ်ကြောင့်မီးခံသေတ္တာပွင့်သွားခဲ့သည်..
'ခင်များ ဘာတွေတွေးနေတာလဲ ကမ်နမ်ဂျွန်း'
ဆော့ဂျင် တွေဝေချိန်မရှိဘဲ မီးခံသေတ္တာထဲကပစ္စည်းတွေကိုထုပ်ယူလိုက်သည်..
ရေစိုခံအိတ်နဲ့ထုပ်ပိုးထားတဲ့ သွေးကွက်တွေစွန်းနေတဲ့အနီရောင်၀တ်စုံ၊ memory stickတစ်ခု ပီးတော့ခေါင်းအုံးစွပ်တစ်ခု...
ဆျာ့ဂျင်မတွေးတတ်တော့ပေ တခြားအရာတွေကသက်သေဆိုရင် ဒီခေါင်အုံးစွပ်ကဘာလဲ..
#ဂျန်းကု ငါသက်သေတွေရှာတွေ့ပီ#
ဖုန်းတဖက်ကဂျန်းကု ထိုင်နေရာကနေထလိုက်မိသည်..
ယွန်းဂီနဲ့ထယ်ယောင်းကလည်းထိုအကြောင်းကိုစိတ်၀င်စားလာကြသည်..
"ဂျင် ဘာဖြစ်လို့လဲဂျန်းကု..."
"သူ သက်သေရှာတွေ့သွားပီ"
အကုန်လုံးရဲ့မျက်နှာမှာအံ့ဩတဲ့အကြည့်တွေ ထွက်ပေါ်လာခဲ့သည်...ဆော့ဂျင် ကတော့ဖုန်းပြောနေတုန်းအနောက်မှာတစုံတယောက် ရောက်ရှိနေတာကိုမသိခဲ့ပေ..
"မင်း အခုဘာလုပ်နေတာလဲဂျင်!!"
ဆော့ဂျင်နောက်သို့လှည့်ကြည့်လိုက်ရင်း ထိုသူ့ရဲ့မျက်၀န်းနီနီတွေနဲ့ဆုံမိတဲ့အခါ ဆော့ဂျင်ရဲ့လက်ထဲကဖုန်းအောက်သို့ လွတ်ကျသွားတော့သည်...
.
.
.
.
.
.
...........Namjin....x.....Jinkook.....
Zawgyi
"ညီမ ထင်တာမှန်နေတာပဲ..
ယူရာ စားပွဲပေါ်က ဖိုင်တခုကို ဟိုဆော့လက်ထဲထည့်ပေးလိုက်သည်...
"ဒါဆိုရင် နမ်ဂျွန်းက..."
.
.
.
.
.
.
.
.
.
.
.
.
.
.
ပြင်ဆင်ကြရအောင် "
"ရှယ်ယာရှင်အစည်းအဝေး!!??"
"ဟုတ်တယ် အခုလက်ရှိငါတို့သုံးယောက်လက်ထဲမှာရှိတဲ့
*Ring ~Ring*
#Hello အကို#
.
.
.
.
.
.
.
.
#Hello အကို#
ဂျန်းကုပြောပြတဲ့မွေးနေ့နံပါတ်အတိုင်း ဆော့ဂျင်ရိုက်ထည့်ကြည့်လိုက်သည်... ဒါပေမဲ့မရပေ..
#အကို ဘာဖြစ်လို့လဲ#
#ဟင်??#
.
.
.
.
.
.
...........Namjin....x.....Jinkook.....