ဇာတ္ပို႔တစ္ေယာက္ရဲ့ အဆံုးသတ္...

By devil61002

858K 123K 11.4K

" ဘယ္ဇာတ္လိုက္ကို ရိုက္ခ်ခ်င္လည္း ဒီသခင္ေလးက စင္ေပၚကေန ကန္ခ်ေပးမယ္ " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်... More

Intro
Arc.1.1
Arc.1.2
Arc.1.3
Arc.1.4
Arc.1.5
Arc.1.6
Arc.1.7
Arc.1.8
Arc.1.9
Arc.1.10
Arc.1.11
Arc.1.12
Arc.1.13
Arc.1.14
Arc.1.15
Arc.1.16
Arc.1.17
Arc.1.18
Arc.1.19
Arc.1.20 End
Arc.2.1
Arc.2.2
Arc.2.3
Arc.2.5
Arc.2.6
Arc.2.7
Arc.2.8
Arc.2.9
Arc.2.10
Arc.2.11
Arc.2.12
Arc.2.13
Arc.2.14
Arc.2.15
Arc.2.16
Arc.2.17
Arc.2.18
Arc.2.19
Arc.2.20 End
Arc.3.1
Arc.3.2
Arc.3.3
Arc.3.4
Arc.3.5
Arc.3.6
Arc.3.7
Arc.3.8
Arc.3.9
Arc.3.10
Arc.3.11
Arc.3.12
Arc.3.13
Arc.3.14
Arc.3.15
Arc.3.16
Arc.3.17
Arc.3.18
Arc.3.19
Arc.3.20 End
Arc.4.1
Arc.4.2
Arc.4.3
Arc.4.4
Arc.4.5
Arc.4.6
Arc.4.7
Arc.4.8
Arc.4.9
Arc.4.10
Arc.4.11
Arc.4.12
Arc.4.13
Arc.4.14
Arc.4.15
Arc.4.16
Arc.4.17
Arc.4.18
Arc.4.19
Arc.4.20 End
Arc.5.1
Arc.5.2
Arc.5.3
Arc.5.4
Arc.5.5
Arc.5.6
Arc.5.7
Arc.5.8
Arc.5.9
Arc.5.10
Arc.5.11
Arc.5.12
Arc.5.13
Arc.5.14
Arc.5.15
Arc.5.16
Arc.5.17
Arc.5.18
Arc.5.19
Arc.5.20 End
Arc.6.1
Arc.6.2
Arc.6.3
Arc.6.4
Arc.6.5
Arc.6.6
Arc.6.7
Arc.6.8
Arc.6.9
Arc.6.10
Arc.6.11
Arc.6.12
Arc.6.13
Arc.6.14
Arc.6.15
Arc.6.16
Arc.6.17
Arc.6.18
Arc.6.19
Arc.6.20 End
Arc.7.1
Arc.7.2
Arc.7.3
Arc.7.4
Arc.7.5
Arc.7.6
Arc.7.7
Arc.7.8
Arc.7.9
Arc.7.10
Arc.7.11
Arc.7.12
Arc.7.13
Arc.7.14
Arc.7.15
Arc.7.16
Arc.7.17
Arc.7.18
Arc.7.19
Arc.7.20 End
Arc.8.1
Arc.8.2
Arc.8.3
Arc.8.4
Arc.8.5
Arc.8.6
Arc.8.7
Arc.8.8
Arc .8.9
Arc.8.10
Arc.8.11
Arc.8.12
Arc.8.13
Arc.8.14
Arc.8.15
Arc.8.16
Arc.8.17
Arc.8.18
Arc.8.19
Arc.8.20
Arc.8.21
Arc.8.22
Arc.8.23
Arc.8.24
Arc.8.25
Arc.8.26
Arc.8.27
Arc.8.28
Arc.8.29
Arc.8.30.End
Arc.9.1
Arc.9.2
Arc.9.3
Arc.9.4
Arc.9.5
Arc.9.6
Arc.9.7
Arc.9.8
Arc.9.9
Arc.9.10
Arc.9.11
Arc.9.12
Arc.9.13
Arc.9.14
Arc.9.15
Arc.9.16
Arc.9.17
Arc.9.19
Arc.9.18
Arc.9.20
Arc.9.21
Arc.9.22
Arc.9.23
Arc.9.24
Arc.9.25
Arc.9.26
Arc.9.27
Arc.9.28
Arc.9.29.End

Arc.2.4

6.9K 930 65
By devil61002

" ေရွာင္လု .. သားေလး.. အဆင္ေျပရဲ့လား .. ဘယ္လိုလုပ္ဒီေရာက္လာတာလဲ " က်ိဳးမားမား နဲ႔ အေမးေၾကာင့္ လုဖုန္းက ခပ္ဖြဖြ ၿပံဳးလိုက္ရင္း " အဆင္ေျပပါတယ္.. မား.. ဒီတိုင္း လမ္းႀကံဳဝင္လာခဲ့တာပါ "

က်ိဳးမိဘ ႏွစ္ပါးေၾကာင့္သာ မဟုတ္လ်ွင္ သူက ယခုခ်ိန္ သဘာဝရဲ့ လုပ္ႀကံမႈမ်ားျဖင့္ အလုပ္ရႈပ္ေနမည္ကို ျဖစ္ေသာေၾကာင့္ သူက က်ိဳးမိဘ ေတြကို အမွန္တကယ္ ေက်းဇူးတင္မိေပသည္။

က်ိဳးမားမားသည္ အသက္ႀကီးမွ က်ိဳးယဲ့ဟန္ ကို ရခဲ့ျခင္းျဖစ္ၿပီး အေတာ္ေလး အသက္ႀကီးေနၾကၿပီ ျဖစ္သည္ ။ သူက ပါလာသၫ့္ လက္ေဆာင္မ်ားအား ေပးလိုက္ကာ တစ္ေနကုန္ ဒီအိမ္မွာဘဲ ေနခဲ့ေလသည္ ။ က်ိဳးယဲ့ဟန္ က သူ႔အား ဆြဲထုတ္ခ်င္ပါက က်ိဳးမိဘ မ်ားနဲ႔ ရင္ဆိုင္ရလိမ့္မည္ ။

" ေရွာင္လု .. သားရဲ့ က်ားကစားတဲ့ အရည္အခ်င္းက မယံုၾကည္ႏိုင္စရာ တိုးတက္လာပါလား " က်ိဳးပါးပါး က အံ့အားသင့္သၫ့္ မ်က္လံုးျဖင့္ လုဖုန္းအား ၾကၫ့္လိုက္ေလသည္ ။ လုဖုန္းက မေက်မနပ္ အမႈအရာလုပ္လိုက္ကာ " ပါးကလည္း .. ကြၽန္ေတာ္က အၿမဲတမ္းေတာ္ၿပီသား ပါေနာ္ "

" ဟုတ္တာဘဲ ရွင္ကလည္း " စာဖတ္ေနသၫ့္ က်ိဳးမားမား ကလည္း ဝင္ေျပာလိုက္သည္ ။ သံုးေယာက္သား တၿပိဳင္နက္ ၿပံဳးလိုက္ကာ ရယ္ေမာမိလိုက္ၾကသည္ ။

ၿခံဝင္းထဲက ၾကည္ႏူးစရာျမင္ကြင္းေၾကာင့္ က်ိဳးယဲ့ဟန္ ၏ ေဒါသတႀကီးေျခလွမ္းမ်ားက ေနွးသြားခဲ့သည္။ သူက လုဖုန္းအား စိတ္ရႈပ္ေထြးသၫ့္ အၾကၫ့္ျဖင့္ ၾကၫ့္လိုက္သည္ ။ သစ္ပင္ေအာက္တြင္ ရယ္ေမာေနသၫ့္ ထိုသူသည္ အရင္ကလို မရင့္က်က္ေသးသၫ့္ လူတစ္ေယာက္လို မဟုတ္ေတာ့ဘဲ သိမ္ေမြ့မႈ ႏူးညံ့မႈတို႔ ျဖာထြက္ေနသၫ့္အလားပင္ ။ သူ႔မွတ္ဉာဏ္ထဲက ထိုသူ၏ ဒီလိုပံုစံကို ေတြ့ခဲ့ဖူးသည့္အခ်ိန္က ဘယ္ေလာက္ၾကာခဲ့ၿပီလဲပင္ မမွတ္မိေတာ့ေခ် ။

သူ႔က ေျခလွမ္းမ်ားကို ရပ္တန႔္လိုက္ကာ လွၫ့္ထြက္သြားလိုက္သည္ ။ သူသာ ထိုသူေရ႔ွတြင္ ေပၚလာခဲ့ပါက ထို ႏူးညံ့ညင္သာသၫ့္ ပံုစံသည္ ခ်က္ခ်င္းေပ်ာက္သြားမည္ဆိုသည္ကို ႀကိဳသိေနခဲ့ေသာေၾကာင့္ပင္ ။

___________________________
လုဖုန္းက က်ိဳးမိဘ ႏွစ္ပါးထံမွ အိမ္သို႔ ျပန္ေရာက္သၫ့္အခ်ိန္တြင္ ညေမွာင္ေနၿပီ ျဖစ္သည္ ။ ဧၫ့္ခန္းတြင္ အလုပ္လုပ္ေနသၫ့္ က်ိဳးယဲ့ဟန္သည္ ထူးဆန္းစြာ သူ႔အား ျပႆနာ မရွာခဲ့သျဖင့္ သူကလည္း ဂရုမစိုက္ေတာ့ဘဲ အေပၚသို႔ တက္သြားရန္ျပင္လိုက္ေတာ့သည္ ။

" ဒီေန့ည company က က်င္းပတဲ့ ပါတီပြဲရိွတယ္ ..စီးပြားေရးေလာကက လူေတာ္ေတာ္မ်ားမ်ား တက္လိမ့္မယ္ " ရုတ္တရက္ေျပာလာသၫ့္ က်ိဳးယဲ့ဟန္ေၾကာင့္ လွၫ့္ၾကၫ့္လိုက္သည္ ။

က်ိဳးယဲ့ဟန္က ကြန္ပ်ဳတာကို ပိတ္လိုက္ကာ သက္ျပင္းခ်လိုက္ရင္း " ပါးက အသက္ႀကီးေနၿပီး က်ိဳးမိသားစု ကုမ႑ီကို ဆက္မလုပ္ႏိုင္ေတာ့ဘူး .. ကြၽန္ေတာ္ကလည္း .. ႏိုင္ငံျခားက ကုမ႑ီ ရိွေနေသး.. "

" ငါသိၿပီ " လုဖုန္း က က်ိဳးယဲ့ဟန္ ၏ စကားကို ျဖတ္ေျပာလိုက္ကာ နာရီကို ၾကၫ့္လိုက္ၿပီး အေပၚသို႔ တက္သြားခဲ့သည္ ။ သူ႔ပံုစံက သာမန္အတိုင္းျဖစ္ေနေသာေၾကာင့္ က်ိဳးယဲ့ဟန္ က အနည္းငယ္ စိတ္ပ်က္သြားသည္ ။ သူက လုဖုန္းသည္ အခုထိ အလုပ္ကို အေလးအနက္မထားေသးဘူးဟု ယူဆလိုက္ေလသည္ ။

အမွန္မွာ လုဖုန္းကိုယ္ထဲက ဝိညာဉ္အတြက္ ပါတီပြဲတက္ရသည္မွာ အလြန္ကို ပံုမွန္သာျဖစ္ေလသည္ ။ သူမေသခင္က ဒီထက္ႀကီးက်ယ္သၫ့္ ပါတီပြဲ မည္မ်ွ တက္ခဲ့လည္းပင္ မမွတ္မိေတာ့ေခ် ။

ပါတီပြဲတြင္ က်ိဳးယဲ့ဟန္က စီးပြားဖက္မ်ားနဲ႔ စကားေျပာေနရင္း  တံခါးဘက္သို႔ အၾကၫ့္ေရာက္သြားၿပီးေနာက္ ေခါင္းကိုသာ ခါလိုက္သည္ ။ သူက ျပန္လွၫ့္ေတာ့မၫ့္အခ်ိန္မွာဘဲ လူတစ္ေယာက္သည္ တံခါးအား ျဖတ္ကာ ပါတီပြဲအတြင္းသို႔ ဝင္လာေလသည္ ။

အနက္ေရာင္ အေနာက္တိုင္းဝတ္စံု ကို ေသသပ္စြာ ဝတ္ဆင္ထားခဲ့ၿပီး လက္တစ္ဖက္က ေဘာင္းဘီ အိတ္ထဲ ထၫ့္ထားခဲ့ၿပီး ေအးေဆးသက္သာစြာ ေလ်ွာက္ဝင္လာသၫ့္ လူတစ္ေယာက္ ။ တစ္ဖက္က မ်က္မွန္ကို အသာပင့္တင့္ရင္း သူ႔အား ၾကၫ့္ေနသၫ့္ လူမ်ားအား ခပ္ဖြဖြ ၿပံဳးျပလာသၫ့္ ထိုသူသည္ မ်ားစြာသၫ့္ ႀကီးက်ယ္ခမ္းနားသၫ့္ လူမ်ားကို ေတြ့တာေတာင္ နဲနဲေလးပင္ ဖိအား မရိွသၫ့္ပံုပင္ ။

လုဖုန္းက သူ႔အား လာႏူတ္ဆက္သၫ့္ သူမ်ားအား အေသအခ်ာ ႏူတ္ဆက္လိုက္သည္ ။ စီးပြားေရး ကိစၥမ်ားတြင္လည္း သူက ခ်က္က်လက္က် ျပန္ေျပာႏိုင္သျဖင့္ သူနဲ႔ စကားလာေျပာသၫ့္ လူတိုင္း အံ့အားသင့္သြားၾကသည္ ။

" Mr. ေခ်ာင္ က ေတာ္ေတာ္ ဗဟုသုတ မ်ားတာဘဲ " သက္လတ္ပိုင္း လူႀကီးတစ္ေယာက္က လုဖုန္းအားၾကၫ့္ကာ ေခါင္းတညိတ္ညိတ္ ေျပာလာသည္ ။ သူက ဝိုင္ခြက္ကို ေျမာက္လိုက္ရင္း " တကယ္လို႔ .. မင္းက အလုပ္အတူတူ ပူးေပါင္းဖို႔ ရိွရင္ ကြၽန္ေတာ့္ကို အခ်ိန္မေရြး ဆက္သြယ္လို႔ ရပါတယ္ "

လုဖုန္းကလည္း ဝိုင္ခြက္အား အသာ ျပန္ေျမာက္ကာ " ေသခ်ာတာေပါ့ " ဟုေျပာလိုက္ရင္း ေသာက္လိုက္သည္ ။ ပါတီပြဲသို႔ ဝင္လာကတည္းက လုဖုန္းသည္ လူေတာ္ေတာ္မ်ားမ်ား၏ အာရံုကို ဆြဲေဆာင္ ႏိုင္ေလသည္ ။ က်ိဳးယဲ့ဟန္ က လုဖုန္းအား ၾကၫ့္ရင္း အမႈအရာကိုပင္ မထိန္းႏိုင္ေတာ့ဘဲ အံ့အားသင့္သြားခဲ့သည္ ။ သူက လုဖုန္း ဝင္လာကတည္းက ၾကၫ့္ေနခဲ့ျခင္း ျဖစ္ၿပီး လုဖုန္းနဲ႔ စကားေျပာသြားသၫ့္ လူတိုင္း သည္ သာမန္လူ စကားသြားမေျပာနိုင္သၫ့္ အဆင့္ရိွ လူမ်ားျဖစ္ေၾကာင္း သိေလသည္ ။ သို႔ေသာ္ လုဖုန္းက အခက္အခဲမရိွ ေအးေဆးသက္သာစြာ ေဆြးေနြးသြားခဲ့ေလသည္ ။

" Mr. က်ိဳး အဲ့ဒါ .. အဲ့ဒါက " ေခ်ာင္လုဖုန္းအား မွတ္မိသၫ့္ လူတစ္ေယာက္က တအံ့တဩ ျဖင့္ က်ိဳးယဲ့ဟန္ကို ၾကၫ့္လာသည္ ။ လူတစ္ေယာက္က ဘယ္လိုလုပ္ ဒီလိုေျပာင္းလဲသြားႏိုင္ရတာလဲ ။

က်ိဳးယဲ့ဟန္ က ရင္က်က္သၫ့္ အျပဳအမႈနဲ႔ လုဖုန္းအား ၾကၫ့္လိုက္ကာ ဘာမွမေျပာခဲ့ေသာ္လည္း အေတာ္ေလး ‌စိတ္ခ်သြားခဲ့သည္ ။ သူက ထိုင္ေနရာမွ ထကာ လုဖုန္း ထံသို႔ သြားရန္ျပင္လိုက္သည္ ။ သူက ထိုသူထံသို႔ မေရာက္ေသးခင္ပင္ ထိုသူသည္ သူ႔ဘက္သို႔ ရုတ္တရက္လွၫ့္လာခဲ့သည္ ။

ခပ္ေျဖးေျဖးေလ်ွာက္လာသၫ့္ လူကိုၾကၫ့္ရင္း ေနရာတြင္ ေတာင့္တင္းေနမိသည္ ။ သူက လုဖုန္း၏ ေျပာင္းလဲသြားသၫ့္ ပံုစံေၾကာင့္ အေတာ္ေလး ေနရခက္ေသာ္လည္း သတိထားမိသေလာက္ ထိုသူသည္ အၿမဲလိုလို ခပ္ဖြဖြ အၿပံဳးတစ္ခုကို ခ်ိတ္ဆြဲထားကာ သက္ေတာင့္သက္သာ ရိွသၫ့္ ပံုစံကို အၿမဲေဆာင္ထားခဲ့သည္။ 

သို႔ေသာ္ ယခုအခ်ိန္တြင္ ထိုသူ၏ မ်က္ဝန္းမ်ားသည္ အလြန္ေလးနက္ေနကာ ေတာက္ပေနခဲ့ၿပီး မ်က္ႏွာထက္တြင္ အလြန္ႏူးညံ့သၫ့္ အၿပံဳးတစ္ခုကို ထုတ္ေဖာ္ထားခဲ့သည္ ။ အလြန္အမင္း စိတ္လႈပ္ရွားေနျခင္းကို သူ႔ေနရာကေနပင္ ခံစားမိေနခဲ့သည္ ။ ထိုမ်က္ဝန္းမ်ားသည္ ေပ်ာက္ဆံုးေနသၫ့္ သူတန္ဖိုးထားသၫ့္ တစ္စံုတစ္ခု ကို ထပ္ေတြ့လိုက္ရသၫ့္အလား ေမ်ွာ္လင့္ခ်က္ အျပၫ့္ျဖစ္ေနခဲ့သည္ ။

က်ိဳးယဲ့ဟန္ သည္ ထိုမ်က္ဝန္းမ်ားေၾကာင့္ အခုန္လြန္ေနသၫ့္ သူ႔ႏွလံုးခုန္သံကိုပင္ ျပန္ၾကားေနခဲ့ရသည္ ။ လုဖုန္းသည္ သူနဲ႔ နီးကပ္လာသၫ့္ အခ်ိန္တြင္ ရလိုက္သည္ အမည္တပ္မရသၫ့္ ကိုယ္သင္းနံ႔သည္ သူ႔အား က်ဆံုးေစရန္ လံုေလာက္ေနသၫ့္အလားပင္ ။

သို႔ေသာ္ လုဖုန္း၏ ေျခလွမ္းမ်ားသည္ ရပ္တန႔္မသြားခဲ့ဘဲ သူ႔ကို ေက်ာ္လြန္သြားခဲ့သည္ ။ ခပ္သင္းသင္း ကိုယ္သင္းနံ႔ကို ခ်န္ရစ္ထားခဲ့လ်က္ ထိုသူသည္ သူ႔အား တစ္ခ်က္ပင္ မၾကၫ့္ခဲ့ဘဲ ေက်ာ္သြားခဲ့သည္ ။ ထိုအခ်ိန္တြင္ က်ိဳးယဲ့ဟန္ သည္ ဝမ္းနည္းမႈကို ခံစားလိုက္ရသည္ ။ ထိုေက်ာ္တက္သြားခဲ့သၫ့္ ေျခတစ္လွမ္းသည္ ဘယ္ေတာ့မွ ေနာက္ျပန္ဆုတ္လာမည္မဟုတ္ဟု ခံစားေနခဲ့ရေသာေၾကာင့္ပင္ ။

ထိုခဏတြင္ ေသခ်ာသြားသည္က သူႏွစ္သက္မိသြားသၫ့္ ထိုမ်က္ဝန္းမ်ားသည္ သူ႔အတြက္ မဟုတ္ခဲ့ေၾကာင္းပင္ ။

__________________________________
Unicode

" ရှောင်လု .. သားလေး.. အဆင်ပြေရဲ့လား .. ဘယ်လိုလုပ်ဒီရောက်လာတာလဲ " ကျိုးမားမား နဲ့ အမေးကြောင့် လုဖုန်းက ခပ်ဖွဖွ ပြုံးလိုက်ရင်း " အဆင်ပြေပါတယ်.. မား.. ဒီတိုင်း လမ်းကြုံဝင်လာခဲ့တာပါ "

ကျိုးမိဘ နှစ်ပါးကြောင့်သာ မဟုတ်လျှင် သူက ယခုချိန် သဘာဝရဲ့ လုပ်ကြံမှုများဖြင့် အလုပ်ရှုပ်နေမည်ကို ဖြစ်သောကြောင့် သူက ကျိုးမိဘ တွေကို အမှန်တကယ် ကျေးဇူးတင်မိပေသည်။

ကျိုးမားမားသည် အသက်ကြီးမှ ကျိုးယဲ့ဟန် ကို ရခဲ့ခြင်းဖြစ်ပြီး အတော်လေး အသက်ကြီးနေကြပြီ ဖြစ်သည် ။ သူက ပါလာသည့် လက်ဆောင်များအား ပေးလိုက်ကာ တစ်နေကုန် ဒီအိမ်မှာဘဲ နေခဲ့လေသည် ။ ကျိုးယဲ့ဟန် က သူ့အား ဆွဲထုတ်ချင်ပါက ကျိုးမိဘ များနဲ့ ရင်ဆိုင်ရလိမ့်မည် ။

" ရှောင်လု .. သားရဲ့ ကျားကစားတဲ့ အရည်အချင်းက မယုံကြည်နိုင်စရာ တိုးတက်လာပါလား " ကျိုးပါးပါး က အံ့အားသင့်သည့် မျက်လုံးဖြင့် လုဖုန်းအား ကြည့်လိုက်လေသည် ။ လုဖုန်းက မကျေမနပ် အမှုအရာလုပ်လိုက်ကာ " ပါးကလည်း .. ကျွန်တော်က အမြဲတမ်းတော်ပြီသား ပါနော် "

" ဟုတ်တာဘဲ ရှင်ကလည်း " စာဖတ်နေသည့် ကျိုးမားမား ကလည်း ဝင်ပြောလိုက်သည် ။ သုံးယောက်သား တပြိုင်နက် ပြုံးလိုက်ကာ ရယ်မောမိလိုက်ကြသည် ။

ခြံဝင်းထဲက ကြည်နူးစရာမြင်ကွင်းကြောင့် ကျိုးယဲ့ဟန် ၏ ဒေါသတကြီးခြေလှမ်းများက နှေးသွားခဲ့သည်။ သူက လုဖုန်းအား စိတ်ရှုပ်ထွေးသည့် အကြည့်ဖြင့် ကြည့်လိုက်သည် ။ သစ်ပင်အောက်တွင် ရယ်မောနေသည့် ထိုသူသည် အရင်ကလို မရင့်ကျက်သေးသည့် လူတစ်ယောက်လို မဟုတ်တော့ဘဲ သိမ်မွေ့မှု နူးညံ့မှုတို့ ဖြာထွက်နေသည့်အလားပင် ။ သူ့မှတ်ဉာဏ်ထဲက ထိုသူ၏ ဒီလိုပုံစံကို တွေ့ခဲ့ဖူးသည့်အချိန်က ဘယ်လောက်ကြာခဲ့ပြီလဲပင် မမှတ်မိတော့ချေ ။

သူ့က ခြေလှမ်းများကို ရပ်တန့်လိုက်ကာ လှည့်ထွက်သွားလိုက်သည် ။ သူသာ ထိုသူရှေ့တွင် ပေါ်လာခဲ့ပါက ထို နူးညံ့ညင်သာသည့် ပုံစံသည် ချက်ချင်းပျောက်သွားမည်ဆိုသည်ကို ကြိုသိနေခဲ့သောကြောင့်ပင် ။

___________________________
လုဖုန်းက ကျိုးမိဘ နှစ်ပါးထံမှ အိမ်သို့ ပြန်ရောက်သည့်အချိန်တွင် ညမှောင်နေပြီ ဖြစ်သည် ။ ဧည့်ခန်းတွင် အလုပ်လုပ်နေသည့် ကျိုးယဲ့ဟန်သည် ထူးဆန်းစွာ သူ့အား ပြဿနာ မရှာခဲ့သဖြင့် သူကလည်း ဂရုမစိုက်တော့ဘဲ အပေါ်သို့ တက်သွားရန်ပြင်လိုက်တော့သည် ။

" ဒီနေ့ည company က ကျင်းပတဲ့ ပါတီပွဲရှိတယ် ..စီးပွားရေးလောကက လူတော်တော်များများ တက်လိမ့်မယ် " ရုတ်တရက်ပြောလာသည့် ကျိုးယဲ့ဟန်ကြောင့် လှည့်ကြည့်လိုက်သည် ။

ကျိုးယဲ့ဟန်က ကွန်ပျုတာကို ပိတ်လိုက်ကာ သက်ပြင်းချလိုက်ရင်း " ပါးက အသက်ကြီးနေပြီး ကျိုးမိသားစု ကုမဏ္႑ီကို ဆက်မလုပ်နိုင်တော့ဘူး .. ကျွန်တော်ကလည်း .. နိုင်ငံခြားက ကုမဏ္႑ီ ရှိနေသေး.. "

" ငါသိပြီ " လုဖုန်း က ကျိုးယဲ့ဟန် ၏ စကားကို ဖြတ်ပြောလိုက်ကာ နာရီကို ကြည့်လိုက်ပြီး အပေါ်သို့ တက်သွားခဲ့သည် ။ သူ့ပုံစံက သာမန်အတိုင်းဖြစ်နေသောကြောင့် ကျိုးယဲ့ဟန် က အနည်းငယ် စိတ်ပျက်သွားသည် ။ သူက လုဖုန်းသည် အခုထိ အလုပ်ကို အလေးအနက်မထားသေးဘူးဟု ယူဆလိုက်လေသည် ။

အမှန်မှာ လုဖုန်းကိုယ်ထဲက ဝိညာဉ်အတွက် ပါတီပွဲတက်ရသည်မှာ အလွန်ကို ပုံမှန်သာဖြစ်လေသည် ။ သူမသေခင်က ဒီထက်ကြီးကျယ်သည့် ပါတီပွဲ မည်မျှ တက်ခဲ့လည်းပင် မမှတ်မိတော့ချေ ။

ပါတီပွဲတွင် ကျိုးယဲ့ဟန်က စီးပွားဖက်များနဲ့ စကားပြောနေရင်း  တံခါးဘက်သို့ အကြည့်ရောက်သွားပြီးနောက် ခေါင်းကိုသာ ခါလိုက်သည် ။ သူက ပြန်လှည့်တော့မည့်အချိန်မှာဘဲ လူတစ်ယောက်သည် တံခါးအား ဖြတ်ကာ ပါတီပွဲအတွင်းသို့ ဝင်လာလေသည် ။

အနက်ရောင် အနောက်တိုင်းဝတ်စုံ ကို သေသပ်စွာ ဝတ်ဆင်ထားခဲ့ပြီး လက်တစ်ဖက်က ဘောင်းဘီ အိတ်ထဲ ထည့်ထားခဲ့ပြီး အေးဆေးသက်သာစွာ လျှောက်ဝင်လာသည့် လူတစ်ယောက် ။ တစ်ဖက်က မျက်မှန်ကို အသာပင့်တင့်ရင်း သူ့အား ကြည့်နေသည့် လူများအား ခပ်ဖွဖွ ပြုံးပြလာသည့် ထိုသူသည် များစွာသည့် ကြီးကျယ်ခမ်းနားသည့် လူများကို တွေ့တာတောင် နဲနဲလေးပင် ဖိအား မရှိသည့်ပုံပင် ။

လုဖုန်းက သူ့အား လာနူတ်ဆက်သည့် သူများအား အသေအချာ နူတ်ဆက်လိုက်သည် ။ စီးပွားရေး ကိစ္စများတွင်လည်း သူက ချက်ကျလက်ကျ ပြန်ပြောနိုင်သဖြင့် သူနဲ့ စကားလာပြောသည့် လူတိုင်း အံ့အားသင့်သွားကြသည် ။

" Mr. ချောင် က တော်တော် ဗဟုသုတ များတာဘဲ " သက်လတ်ပိုင်း လူကြီးတစ်ယောက်က လုဖုန်းအားကြည့်ကာ ခေါင်းတညိတ်ညိတ် ပြောလာသည် ။ သူက ဝိုင်ခွက်ကို မြောက်လိုက်ရင်း " တကယ်လို့ .. မင်းက အလုပ်အတူတူ ပူးပေါင်းဖို့ ရှိရင် ကျွန်တော့်ကို အချိန်မရွေး ဆက်သွယ်လို့ ရပါတယ် "

လုဖုန်းကလည်း ဝိုင်ခွက်အား အသာ ပြန်မြောက်ကာ " သေချာတာပေါ့ " ဟုပြောလိုက်ရင်း သောက်လိုက်သည် ။ ပါတီပွဲသို့ ဝင်လာကတည်းက လုဖုန်းသည် လူတော်တော်များများ၏ အာရုံကို ဆွဲဆောင် နိုင်လေသည် ။ ကျိုးယဲ့ဟန် က လုဖုန်းအား ကြည့်ရင်း အမှုအရာကိုပင် မထိန်းနိုင်တော့ဘဲ အံ့အားသင့်သွားခဲ့သည် ။ သူက လုဖုန်း ဝင်လာကတည်းက ကြည့်နေခဲ့ခြင်း ဖြစ်ပြီး လုဖုန်းနဲ့ စကားပြောသွားသည့် လူတိုင်း သည် သာမန်လူ စကားသွားမပြောနိုင်သည့် အဆင့်ရှိ လူများဖြစ်ကြောင်း သိလေသည် ။ သို့သော် လုဖုန်းက အခက်အခဲမရှိ အေးဆေးသက်သာစွာ ဆွေးနွေးသွားခဲ့လေသည် ။

" Mr. ကျိုး အဲ့ဒါ .. အဲ့ဒါက " ချောင်လုဖုန်းအား မှတ်မိသည့် လူတစ်ယောက်က တအံ့တဩ ဖြင့် ကျိုးယဲ့ဟန်ကို ကြည့်လာသည် ။ လူတစ်ယောက်က ဘယ်လိုလုပ် ဒီလိုပြောင်းလဲသွားနိုင်ရတာလဲ ။

ကျိုးယဲ့ဟန် က ရင်ကျက်သည့် အပြုအမှုနဲ့ လုဖုန်းအား ကြည့်လိုက်ကာ ဘာမှမပြောခဲ့သော်လည်း အတော်လေး ‌စိတ်ချသွားခဲ့သည် ။ သူက ထိုင်နေရာမှ ထကာ လုဖုန်း ထံသို့ သွားရန်ပြင်လိုက်သည် ။ သူက ထိုသူထံသို့ မရောက်သေးခင်ပင် ထိုသူသည် သူ့ဘက်သို့ ရုတ်တရက်လှည့်လာခဲ့သည် ။

ခပ်ဖြေးဖြေးလျှောက်လာသည့် လူကိုကြည့်ရင်း နေရာတွင် တောင့်တင်းနေမိသည် ။ သူက လုဖုန်း၏ ပြောင်းလဲသွားသည့် ပုံစံကြောင့် အတော်လေး နေရခက်သော်လည်း သတိထားမိသလောက် ထိုသူသည် အမြဲလိုလို ခပ်ဖွဖွ အပြုံးတစ်ခုကို ချိတ်ဆွဲထားကာ သက်တောင့်သက်သာ ရှိသည့် ပုံစံကို အမြဲဆောင်ထားခဲ့သည်။ 

သို့သော် ယခုအချိန်တွင် ထိုသူ၏ မျက်ဝန်းများသည် အလွန်လေးနက်နေကာ တောက်ပနေခဲ့ပြီး မျက်နှာထက်တွင် အလွန်နူးညံ့သည့် အပြုံးတစ်ခုကို ထုတ်ဖော်ထားခဲ့သည် ။ အလွန်အမင်း စိတ်လှုပ်ရှားနေခြင်းကို သူ့နေရာကနေပင် ခံစားမိနေခဲ့သည် ။ ထိုမျက်ဝန်းများသည် ပျောက်ဆုံးနေသည့် သူတန်ဖိုးထားသည့် တစ်စုံတစ်ခု ကို ထပ်တွေ့လိုက်ရသည့်အလား မျှော်လင့်ချက် အပြည့်ဖြစ်နေခဲ့သည် ။

ကျိုးယဲ့ဟန် သည် ထိုမျက်ဝန်းများကြောင့် အခုန်လွန်နေသည့် သူ့နှလုံးခုန်သံကိုပင် ပြန်ကြားနေခဲ့ရသည် ။ လုဖုန်းသည် သူနဲ့ နီးကပ်လာသည့် အချိန်တွင် ရလိုက်သည် အမည်တပ်မရသည့် ကိုယ်သင်းနံ့သည် သူ့အား ကျဆုံးစေရန် လုံလောက်နေသည့်အလားပင် ။

သို့သော် လုဖုန်း၏ ခြေလှမ်းများသည် ရပ်တန့်မသွားခဲ့ဘဲ သူ့ကို ကျော်လွန်သွားခဲ့သည် ။ ခပ်သင်းသင်း ကိုယ်သင်းနံ့ကို ချန်ရစ်ထားခဲ့လျက် ထိုသူသည် သူ့အား တစ်ချက်ပင် မကြည့်ခဲ့ဘဲ ကျော်သွားခဲ့သည် ။ ထိုအချိန်တွင် ကျိုးယဲ့ဟန် သည် ဝမ်းနည်းမှုကို ခံစားလိုက်ရသည် ။ ထိုကျော်တက်သွားခဲ့သည့် ခြေတစ်လှမ်းသည် ဘယ်တော့မှ နောက်ပြန်ဆုတ်လာမည်မဟုတ်ဟု ခံစားနေခဲ့ရသောကြောင့်ပင် ။

ထိုခဏတွင် သေချာသွားသည်က သူနှစ်သက်မိသွားသည့် ထိုမျက်ဝန်းများသည် သူ့အတွက် မဟုတ်ခဲ့ကြောင်းပင် ။

__________________________________

Continue Reading

You'll Also Like

914K 10.1K 100
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
156K 8K 33
Start date : 22.3.2023 ဆန်းကြယ်တဲ့ချစ်ခြင်းမေတ္တာတရားတွေကလည်း လောကကြီးရဲ့တစ်စိတ်တစ်ပိုင်းပဲလို့ ပြောရင် ယုံကြမလား...အသွင်မတူတဲ့သူနှစ်ယောက်ရဲ့ချစ်ခြင်...
2M 161K 47
"ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" Zawgyi "က်ဳပ္နာမည္ ေတာ္ဝင္ေယာက္်ား...