ေနာက္တစ္ပတ္ထဲတြင္ First Semesterအတြက္ စာေမးပြဲရွိသည္။ အကၡရာလိုထူးခြၽန္ေက်ာင္းသားျဖစ္ခ်င္သူအတြက္ကေတာ့ ဒီစာေမးပြဲမွာအမွတ္ျပည့္နီးပါးရေနမွအဆင္ေျပမည္။ေက်ာင္းကေတာ့ မသြားလဲအဆင္ေျပတာမို႔ အိမ္မွာပဲစာလုပ္ေတာ့မည္ဟုေတြးထားသည္။
စာက်က္လိုက္ စာမွတ္လိုက္ မုန႔္စားလိုက္ႏွင့္ေတာ္ေတာ္ေလးအဆင္ေျပေနသည္။မငုံက အကၡရာစားခ်င္သမွ်ကို ကိုယ္တိုင္လုပ္ၿပီးမနက္တိုင္းလာပို႔ေပးသည္မို႔ အကၡရာအရမ္းေပ်ာ္ေနပါသည္။ဒီေန႕ေတာ့ အကၡရာမေန႕ညကပူဆာထားတဲ့ မုန႔္လက္ေကာက္ေလးႏွင့္ထန္းလ်က္ရည္ဘူးေလးကို လာပို႔ေပးသြားသည္။
စာက်က္တယ္ဆိုတာ စာ စာ စာ ၾကည့္ပဲတစ္စာတည္းစာေနလို႔မရဘူး။နားသင့္ရင္နားရမယ္။ စားသင့္ရင္စားရမယ္။ ၿပီးရင္စာေၾကာင့္ဦးေႏွာက္ထဲရႈပ္ေထြးသြားတာေတြကို ရွင္းထုတ္ရမယ္။ဥပမာ သီခ်င္းနားေထာင္တာေပါ့။ဒါေပမဲ့ အကၡရာကေတာ့ သီခ်င္းနားေထာင္ရတာထက္ အကၡရာကိုယ္တိုင္စီမံေဖာ္စပ္ထားတဲ့ခ်ယ္ရီပန္းအေမႊးဆီေလးနဲ႕ေရေႏြးေႏြးေလးစိမ္ရတာကို ပိုႏွစ္သက္တယ္။Mentholေလးနည္းနည္းပါတာေၾကာင့္ ေရစိမ္ၿပီးသြားရင္ ခႏၶာကိုယ္ကပိုၿပီးလန္းဆန္းသြားတယ္။
စာကိုလဲသတ္မွတ္ထားတာထက္ပိုက်က္ၿပီးသြားၿပီျဖစ္တာမို႔ ဦးေႏွာက္ရွင္းရန္ ေရေႏြးေႏြးေလးစပ္ေနလိုက္သည္။ထိုစဥ္ဖုန္းသံၾကားတာေၾကာင့္ ဖုန္းရွိရာသို႔သြားကာ ဖုန္းအရင္ကိုင္ရသည္။
"ကူးကူး ဘာလဲ ..."
"ႏွစ္ရက္ေလာက္ရွိၿပီ ဘာလို႔လဲ..."
"ဟမ္ လိုင္းေပၚထပ္ေရာက္ေနျပန္ၿပီလား..."
"ဝင္တိုက္မိတာပါဟ ဘယ္သူကမ်ားဓာတ္ပုံရိုက္သြားတာလဲ..."
ေက်ာင္းကလူေတြကလဲ ရွားေလာ့မ်ားဝင္စားၾကသလားမသိဘူးေနာ္။အကုန္သိတယ္ေနာ္ ဆိုတာၾကည့္ပဲ။
"ေအး ငါစာက်က္ေနတာ..."
"ဟုတ္လား ဘာပြဲလဲ.."
"အဲ့လိုပြဲေတြလဲလုပ္တာပဲလား.."
"ေအးေအး ငါမဘုံဆီ လွမ္းမွာလိုက္မယ္ေလ..အျဖဴေရာင္ေလး..."
"အင္း ဒါပဲ စာေကာင္းေကာင္းက်က္ေနာ္ ဘိုင့္ဘိုင့္..."
ဖုန္းခ်ၿပီးေနာက္ စိတ္ကေလးမွာေရမစိမ္ရေသးဘဲ လန္းဆန္းလာသည္။စာေမးပြဲေနာက္ဆုံးေန႕ညမွာ cosplayပြဲရွိတယ္တဲ့။ေက်ာင္းသားေတြက ေက်ာင္းမွာပဲညအိပ္ၾကတယ္တဲ့။အထူးဆန္းဆုံးကေတာ့ အဲ့ေန႕မွာ ကိုယ္သေဘာက်တဲ့သူကို သူမသိေအာင္လက္ေဆာင္သြားေပးလို႔ရတယ္တဲ့။အကယ္၍ သူသိသြားခဲ့ရင္ေတာ့ ေပးတဲ့သူေရာ အေပးခံရတဲ့သူပါမွာအရမ္းေၾကာက္စရာေကာင္းတဲ့ သရဲအိမ္ထဲဝင္ရမယ္တဲ့။ထူးဆန္းပါ့ ဘယ္သူကသရဲအိမ္ထဲ ဝင္ဖို႔အတြက္ ငါ့ကိုလက္ေဆာင္ေပးတဲ့သူငါသိတယ္ဆိုၿပီးေျပာမွာလဲ။
"ဟိဟိ လက္ေဆာင္သြားေပးရမယ္..."
အကၡရာကေတာ့စိတ္အားတက္ႂကြစြာျဖင့္ မဘုံထည့္ေပးလိုက္တဲ့ ဘူးေတြၾကားထဲက အကၡရာသုံးေနၾကေရေမႊးထက္ အနည္းငယ္အနံ႕ျပင္းတဲ့ဘူးေလးကိုရွာဖို႔အတြက္ ဘူးေတြထည့္ထားတဲ့ပုံးႀကီးကို အိပ္ယာေပၚခပ္ျဖည္းျဖည္းသြန္ခ်ပစ္လိုက္တယ္။
ခ်ယ္ရီပန္းပုံအဖုံးကေလးေတြတပ္ထားေသာ ပန္းႏုေရာင္ဖန္ပုလင္းေလးေတြက အိပ္ရာေပၚမွာလဲလို႔လဲ ေထာင္လို႔ေထာင္ႏွင့္။ ဘူးေတြက အကုန္လုံးဆင္တူေတြၾကည့္ပဲမို႔ တစ္ဘူးခ်င္းစစ္မွျဖစ္မည္။အနံ႕စမ္းသည့္စကၠဴေခ်ာင္းကေလးေတြကိုယူလိုက္ၿပီး ေရေမႊးေလးအနည္းငယ္စြတ္လိုက္ အနံ႕ေလးကိုေသခ်ာရႈလိုက္ႏွင့္ အကၡရာစာက်က္ဖို႔လဲေမ့သြားသလို ခပ္ေႏြးေႏြးေရေလးေတြကိုလဲ ေမ့သြားခဲ့သည္။
နာရီဝက္ခန႔္အၾကာတြင္ေတာ့ အကၡရာရွာေနသည့္ပုလင္းကေလးကိုရရွိခဲ့ၿပီျဖစ္သည္။ပုလင္းေလးမွာလက္ဝါးတစ္ဝက္စာမွ်သာရွိၿပီး အထူမွာလဲလက္ႏွစ္လုံးစာသာရွိသည္။ဒါကေလးက ခိုးေၾကာင္ခိုးဝွက္ထည့္ဖို႔အေကာင္းဆုံးလက္ေဆာင္ကေလးပဲ။ေရေမႊးပုလင္းေလးကို ႏႈတ္ခမ္းေလးနဲ႕အသာေလးဖိကပ္နမ္းရွိုက္လိုက္ရင္း ၾကည္ႏူးျခင္းႏွင့္အတူ Flykissကိုပါလက္ေဆာင္ထည့္ေပးလိုက္သည္။ကိုကို စိတ္ၾကည္လင္လန္းဆန္းပါေစ...
M Universityသည္ တစ္ႏွစ္လွ်င္ေက်ာင္း၈လတက္ရၿပီး ပထမ၄လတြင္စာေတြ႕ ဒုတိယ၄လတြင္လက္ေတြ႕ဆင္းရသည္။ေနာက္ဆုံးႏွစ္မွလြဲ၍ ပထမႏွစ္မွ တတိယႏွစ္အထိ ပထမ၄လစာေတြ႕အၿပီးတြင္ စာေမးပြဲေျဖရသလို ဒုတိယ၄လလက္ေတြ႕ၿပီးလွ်င္ေတာ့ စာတမ္းတစ္ခုစီတင္ရသည္။ေနာက္ဆုံးႏွစ္မ်ားကေတာ့ စာေမးပြဲေျဖစရာမလိုပဲ စာတမ္းႏွစ္ခုတင္ရၿပီး ယင္းစာတန္းကိုၾကည့္၍ဘြဲ႕ေပးမေပးဆုံးျဖတ္သည္။
[စာေရးသူေက်ာင္းပ်င္း၏စိတ္ကူးစိတ္သန္းမွ်သာ]
အကၡရာတို႔ပထမႏွစ္ကစာေမးပြဲကို မနက္ပိုင္းတြင္ေျဖရမွာျဖစ္သည္။ဒါ့ေၾကာင့္အကၡရာသည္ မနက္ေစာေစာထလမ္းေလွ်ာက္ၿပီး မနက္စာကိုဗိုက္ျပည့္ေအာင္အဝစားထားသည္။ဗိုက္ဆာေနရင္ စာေရးရတာအားမရွိေတာ့ဘဲ စာေရးခ်င္စိတ္ပါေပ်ာက္သြားတက္သည့္ အကၡရာျဖစ္သည္။ဒီလိုနဲ႕အကၡရာသည္ စာေမးပြဲကို အခက္အခဲမရွိေျဖလာသည္မွာ ေနာက္ဆုံးရက္ပင္ေရာက္လာသည္။စာေမးပြဲေျဖၿပီး အျပန္တြင္မငုံက သူDecorationsလုပ္ေပးေနသည့္ဆိုင္အသစ္သို႔ဝင္လာၿပီး ဟင္းဘူးေတြနဲ႕မဘုံပို႔ေပးသည့္ပစၥည္းဝင္ယူရန္ေျပာထားသည္။
အကၡရာေျဖထားသမွ်စာမ်ားကို ေနာက္ဆုံးတစ္ေခါက္ျပန္စစ္ေဆးၿပီးေနာက္ စိတ္ေက်နပ္သြားသျဖင့္အပ္ၿပီးထြက္လာလိုက္ေတာ့သည္။အကၡရာဒီကိုေရာက္သည့္အခ်ိန္သည္ ၁လပိုင္းလဝက္ခန႔္ျဖစ္ၿပီး ယခုဆိုသုံးလပိုင္းကုန္ခါနီးျဖစ္သည္။ရာသီဥတုမွာေတာ့ ခပ္စိမ့္စိမ့္ႏွင့္ေနလို႔ေကာင္းလွသည္။ဒီမွာက ဆယ့္ႏွစ္ရာသီေအးေအးေလးႏွင့္ ေနလို႔ေကာင္းလွသည္ဟု မငုံေျပာဖူးသည္။
ေက်ာင္းေပါက္ေရာက္ေတာ့ ဆိုင္ခန္းအသစ္ကိုလိုက္လံရွာေဖြရသည္။ေက်ာင္းေပါက္ကေနၾကည့္ရင္ မ်က္ႏွာခ်င္းဆိုင္ညာဘက္အျခမ္းဆိုေတာ့ အကၡရာအိမ္ျပန္တဲ့လမ္းမွာပဲျဖစ္သည္။ေဟာ ေတြ႕ပါၿပီ မငုံ။လမ္းေဘးတြင္ရပ္ေစာင့္ၿပီး လက္လွမ္းျပေနတဲ့မငုံ။စပ်စ္သီးေရာင္ပါတိတ္ဝမ္းဆက္ကို ဝတ္ထားၿပီးလွပေက်ာ့ရွင္းေနေသာမငုံကို အခ်ိဳ႕ေက်ာင္းသားေတြေငးၾကည့္ေနၾကသည္။
အကၡရာလမ္းကူးၿပီး မငုံဆီအေျပးတစ္ပိုင္းႏွင့္သြားလိုက္သည္။
"ဆိုင္မေတြ႕မွာစိုးလို႔ ေစာင့္ေနတာ.."
"ေတြ႕ပါတယ္ ဆိုင္ရဲ႕ဒီဇိုင္းကမိုက္တယ္ေနာ္ ထင္းေနတာပဲ..."
"အင္း ဒီေက်ာင္းကေက်ာင္းသားေလးေတြဖြင့္တာပဲတဲ့...ဆိုင္ခြဲတဲ့.."
"ဟုတ္လား..."
"ငါ့ေမာင္ေလးေရာ ဖြင့္ခ်င္လို႔လား.."
"ဟင္ ေတာ္ပါၿပီ..."
"လာ အထဲမွာထိုင္မလား အျပင္မွာထိုင္မလား.."
"အျပင္ပဲထိုင္ေတာ့မယ္ ေနလဲပူတာမွမဟုတ္တာ.."
အျပင္တြင္လဲ ေက်ာက္သားစားပြဲဝိုင္းႀကီးႏွင့္ ပုံစံအမ်ိဳးရွိေနေသာေက်ာက္သားထိုင္ခုံေလးေတြခ်ထားသည္။အကၡရာလဲ အစြန္ဆုံးတြင္ဝင္ထိုင္လိုက္ၿပီး မငုံဝင္သြားေသာဆိုင္ထဲကိုလွမ္းေငးေနသည္။ခဏအၾကာမငုံက ဘူးေလးတစ္ဘူးကိုင္ကာျပန္ထြက္လာသည္။
"ဒီမွာTteokbokkiစပ္စပ္ေလး စားၾကည့္ဦး Cheeseလဲအမ်ားႀကီးထည့္ထားတယ္.."
အစားအေသာက္ဆိုအကၡရာမ်က္ႏွာေလးက ခ်က္ခ်င္းဝင္းလက္သြားသည္။တူေလးကိုင္ကာ တစ္ခုၿပီးတစ္ခုေကာက္စားရင္း ေကာင္းမြန္ေၾကာင္းကိုလဲ ပါးစပ္မအားသျဖင့္ေခါင္းေလးတညိတ္ညိတ္ႏွင့္ခ်ီးမြမ္းျပေနသည္။ဘူးအျပည့္နီးပါးထည့္ထားတဲ့Tteokbokkiေတြဟာ အကၡရာဆီေရာက္ၿပီးငါးမိနစ္ခန႔္အၾကာတြင္ ေျပာင္သလင္းခါသြားသည္။တရႉးရႉးတရွဲရွဲျဖစ္ေနေသာအကၡရာအားၾကည့္ရင္း မငုံကအားရပါးရရယ္ကာ သူ႕ေယာကၤ်ာဆီ ေရခဲမုန႔္သြားဝယ္ေပးရန္လွမ္းေအာ္ေနသည္။
"အိပ္ခ်င္ေနၿပီ ကြၽန္ေတာ္ျပန္ေတာ့မယ္ ပစၥည္းေတြယူေပးေတာ့ ..."
"ေအးေအး ခဏေလးေစာင္..."
မငုံကပစၥည္းယူဖို႔ အထဲဝင္သြားခ်ိန္တြင္ကိုႀကီးယုဓါက ေရခဲမုန႔္ကေလးကိုင္အကၡရာဆီေလွ်ာက္လာသည္။
"ဒီေမာင္ႏွမႏွစ္ေယာက္ကေတာ့ေလ အပူအစပ္ေတြစားၿပီး ေရခဲမုန႔္ေတြစား ဗိုက္ေတြေအာင့္ကုန္မယ္.."
"ကြၽန္ေတာ္က အစားနဲ႕တည့္တယ္ ဟီးဟီး..."
ကမ္းေပးလာတဲ့ေရခဲမုန႔္ကို ဝမ္းသာအားရယူရင္း တစ္ကိုက္အရင္ငုံလိုက္သည္။ေအးစိမ္ေနတဲ့ေရခဲမုန႔္ေလးက ပူေလာင္ေနေသာလွ်ာေလးအား ေအးခ်မ္းမႈေပးသည္။ကိုႀကီးယုဓါက တစ္ရႉးတစ္႐ြက္ပါထုတ္ေပးတာ့မို႔ အကၡရာလွမ္းယူကာ ေခြၽးစို႔ေနေသာနားထင္အားတို႔လိုက္သည္။
ေရခဲမုန႔္ကို ေနာက္တစ္လုပ္စားဖို႔အတြက္ပါးစပ္ေလးဟ႐ုံရွိေသး ေရခဲမုန႔္မွာ တစ္စုံတစ္ဦးပေရာဂေၾကာင့္မ်က္ႏွာမွာကပ္သြားေလသည္။႐ုတ္တရက္မို႔အကၡရာလဲ ေၾကာင္သြားသလို ယုဓါလဲ အံ့ဩစြာၾကည့္ေနေလသည္။
"ေတာ္ေတာ္ေပ်ာ္ေနတာလား ဟုတ္လား လာ လိုက္ခဲ့.."
"ဘယ္...ဘယ္ကို.. ခဏေလး.."
"ဘာခဏေလးမွ မရဘူး လာ.."
"ဟဲ့ ပစၥည္းေတြယူသြားဦးေလ..ေအာ္ ဒီကေလးႏွယ္..ယုဓါ သူဘယ္ထြက္သြားတာတုန္း.."
ကိုကို႔ရဲ႕ဇြတ္အတင္းဆြဲေခၚလာမႈ႕ေနာက္ အကၡရာမွာအ႐ုပ္ကေလးပမာလိုက္ပါသြားရသည္။အေနာက္မွမငုံအသံကိုလဲ သဲ့သဲ့ၾကားလိုက္သည္။ေျခလွမ္းက်ဲႀကီးေတြနဲ႕သြားေနတဲ့ကိုကို႔ေၾကာင့္ အကၡရာမွာအေမာတေကာႏွင့္အေျပးလိုက္ရသည္။အကၡရာ၏လက္ေကာက္ဝတ္ေလးကိုလဲအားႀကီးႏွင့္ဖိညွစ္ကာဆြဲထားတာေၾကာင့္ နာက်င္စျပဳေနၿပီျဖစ္သည္။မ်က္ႏွာကေရခဲမုန႔္ေတြကလဲေခြၽးစို႔လာတာနဲ႕ေရာၿပီးယားစိစိျဖစ္လာသည္။ တစ္လမ္းလုံးေက်ာင္းသားေတြကၾကည့္ေနၾကတာမို႔ ရွက္လဲရွက္ပါသည္။ေယာကၤ်ားေလးအခ်င္းခ်င္း တ႐ြတ္တိုက္မတက္ဆြဲေခၚခံေနရတာ ၾကည့္ေကာင္းေျပာေကာင္းတဲ့ကိစၥလဲမဟုတ္။စိတ္ေတြအရမ္းညစ္ပါသည္။
"ရပ္ ရပ္ပါဦး အရမ္းေမာ...ေနၿပီ..."
"ပါးစပ္ပိတ္ၿပီး လိုက္ခဲ့.."
ကိုကို႔ဆီကထြက္လာတဲ့ေဒါသသံေၾကာင့္ အကၡရာႏႈတ္ခမ္းနီနီေလးမွာ စူေထာ္လာၿပီး ႏွာေခါင္းေလးတရႈံ႕ရႈံ႕ျဖစ္လာသည္။
"ဟာ ေဟ့ေကာင္ မႉးေခါင္ မင္းဘာျဖစ္လာတာလဲ မင္းပုံကနဖားႀကိဳးလြတ္ေနတဲ့ႏြားႀကီး ထြန္တုံးကိုတ႐ြတ္တိုက္ဆြဲလာတာက်ေနတာပဲ.."
"ပါးစပ္ပိတ္စမ္း လိုက္မလာနဲ႕ ရတုအဲ့ေကာင္ကိုေခၚထား ."
"ဟာ ရတု လႊတ္ မင္ကပါဘာလို႔ဆြဲေနတာလဲ ေဟ့ မႉးေခါင္း မင္းေျပာေတာ့မတရားအနိုင္မက်င့္ဘူးဆို မင္းပုံကလင္မရဘဲ လက္သီးၾကည့္ပဲရ... အြန္း..."
သုစံက အႀကံေပးမလို႔ကို သာသနာဖ်က္ရတုကဝင္ဖ်က္စီးသည္။ဟိုမသာလဲ ၿပီးမွလာညည္းၾကည့္ ေသာက္ခြက္ၾကည့္ပဲတည္ထိုးမွာ..။ေနဦး ဟိုေကာင္ေလးကိုပါ အႀကံသြားေပးဦးမယ္ အဲ့လဒကိုႀကိဳက္မိရင္ဘဝဆုံးၿပီမွတ္ဆိုၿပီ..ဟြန္း..။ အခုေလာေလာဆယ္ေတာ့ ထြန္တုံးေလးသုစံခမ်ာ နဖားႀကိဳးလႊတ္ေနတဲ့ႏြားႀကီးရတုေနာက္ ေကြးေကာက္ကာပါသြားရသည္။
စာၾကည့္တိုက္အေဟာင္းနားေရာက္ေတာ့မွ မႉးေခါင္ဆြဲလာတဲ့လက္ကိုလႊတ္လိုက္သည္။လက္လႊတ္လိုက္တာနဲ႕ ပုံလဲက်သြားတဲ့ေကာင္ေလး။ေမာေနတာေၾကာင့္ထင္သည္။မ်က္ႏွာေလးကရဲစုတ္ေနကာ ႏႈတ္ခမ္းနီနီေလးက ဟစိဟစိျဖစ္ေနၿပီး အသက္ကိုအားရပါးရရႈရွိုက္ေနသည္။ႏႈတ္ခမ္းနီနီေလးကို ၾကည့္ၿပီးမႉးေခါင္ကိုယ္တိုင္လဲ အသက္ရႈမဝသလိုျဖစ္လာကာ တံေတြးၿမိဳခ်မိသည္။မႉးေခါင္ထိုေကာင္ေလးေရွ႕တြင္ မုဆိုးဒူးေထာက္ထိုင္လိုက္ရင္း
'ၾကည့္စမ္း ဒီဟာကို အခုထိသံေဃာဇဥ္တြယ္ေနတုန္း..'
လက္ထဲမွာ က်စ္က်စ္ပါေအာင္ကိုင္ထားတဲ့ေဝဖာခြက္ေလးကိုအခုမွျမင္သြားသည္။ မေက်မနပ္ၾကည့္ေနရင္းကေန ဆြဲယူကာလႊတ္ပစ္လိုက္ၿပီးမွပဲ မႉးေခါင္အသက္ရႉေခ်ာင္သြားသည္။ဆံပင္နီနီေလးေတြကတစ္ဆင့္ နဖူးေပၚစီးက်လာတဲ့ေခြၽးစက္ေလးေတြကို မႉးေခါင္အသာသုတ္ေပးေတာ့ မ်က္ႏွာေလးကိုေနာက္ဆုတ္သြားသည္။ေမးဖ်ားကေနဆြဲယူၿပီးသုတ္ေပးေတာ့လဲ မ်က္ႏွာေလးကိုေအာက္ငုံ႕ခ်ပစ္လိုက္သည္။
"ေမာ့ ၾကည့္ဦး ညစ္ပတ္ေနတာပဲ.."
"ဘယ္သူလုပ္လို႔ ညစ္ပတ္တာလဲ.."
မာဆက္ဆက္နဲ႕ထြက္လာတဲ့ အသံေလးေၾကာင့္ မႉးေခါင္မ်က္ခုံးပင့္သြားသည္။ဘာတုန္း သူစိတ္တိုေနတာလား..။ေမးေလးကို ထပ္ပင့္ေတာ့လဲ အံႀကိတ္ကာတင္းခံေနသည္။ထိုအခ်ိန္တြင္မႉးေခါင္လက္က နာရီေလးမွတတီတီနဲ႕ျမည္လာတာေၾကာင့္ မႉးေခါင္သက္ျပင္းခ်ၿပီး ဆံပင္နီနီေလးကိုသပ္ေပးရင္း
"ဒီမွာ တစ္နာရီေလာက္ေစာင့္ေပးမလား။ ကိုယ္ စာေမးပြဲေျဖရဦးမယ္ ေစာင့္ေနေနာ္ လိမၼာတယ္ ကိုယ္ျမန္ျမန္ေလးေျဖၿပီး ျပန္လာခဲ့မယ္..."
အင္းမလုပ္ အဲမလုပ္နဲ႕တုပ္တုပ္မွမလႈပ္တဲ့ေကာင္ေလးကို ၾကည့္ၿပီး မထခ်င္ထခ်င္ေနာက္ဆံတငင္ငင္နဲ႕ထလာခဲ့ရသည္။ဒီတစ္ခါစာေမးပြဲကိုေတာ့ ေတာ္ေတာ္တင္းသြားၿပီ လူဆိုရင္ ဆြဲထိုးမွာ..။
🌸🌸🌸🌸🌸🌸
ညေန၄နာရီေလာက္မွာ ကူးကူးအိတ္တစ္လုံးဆြဲကာတက္တက္ႂကြႂကြျဖင့္ေရာက္လာသည္။အကၡရာကေတာ့ စိတ္ညစ္ၫူးကာ ဘယ္ကိုမွမသြားခ်င္ဘဲျဖစ္ေနသည္။ေက်ာင္းကျပန္လာကတည္းက ေရမခ်ိဳးမိုးမခ်ိဳးႏွင့္ဒီအတိုင္းထိုင္ေနျခင္းျဖစ္သည္။မငုံကလဲ အထုတ္အပိုေတြလာပို႔ၿပီးပြစိပြစိႏွင့္ျပန္သြားၿပီ။အခုေနာက္တစ္ေယာက္ကလဲ အခုထိေရမခ်ိဳးဘဲဘာထိုင္လုပ္ေနတာလဲ ဘာလဲ ညာလဲႏွင့္ ပြစိပြစိလုပ္လာျပန္သည္။
"ဘာ နင္မသြားရင္ငါတစ္ေယာက္တည္း ဘာသြားလုပ္ရမွာလဲဟ..မရဘူးလိုက္ရမယ္.."
"မလိုက္ဘူး... "
"လိုက္ရမယ္..."
"မလိုက္ခ်င္ဘူးဟာ.."
"လိုက္ခ်င္ရမယ္ဟာ.."
"ကူးကူး ေအးေအးေဆးေဆးေနစမ္း..."
"ေအးေအးေဆးေဆးမေနဘူး နင္ေရထခ်ိဳးမလား ငါေရခ်ိဳးေပးရမလား.."
အကၡရာ အင္းမလုပ္အဲမလုပ္ခပ္တည္တည္ထိုင္ေနတုန္း အေရွ႕ကကူးကူးမကေတာ့ အကၤ်ီလက္ေတြပင့္တင္ေနသည္။
"ကဲ ေမာင္ေလးဂူးဂူးေရ ေမာင္ေလးက လက္စသတ္ေတာ့ မႀကီးေရခ်ိဳးေပးတာကိုခံခ်င္ေနတာကို.."
"ဖယ္စမ္း ကူးကူး.."
"မဖယ္ဘူး လာ လာ ေပြ႕ေခၚသြားမယ္..."
"ဟာ ဖယ္ဖယ္ ငါ့ဘာသာသြားခ်ိဳးမယ္..."
အကၡရာ မ်က္ႏွာကို စူပုတ္ကာ ေရခ်ိဳးခန္းထဲဝင္လာသည္။ေရခ်ိဳးခန္းထဲမွ ကိုယ္လုံးေပၚမွန္ႀကီးတြင္ေပၚေနေသာကိုယ့္ပုံရိပ္ကိုၾကည့္ေနတာကိုက အၾကာႀကီး။ကူးကူးမက ၾကာေနၿပီဆိုၿပီး တံခါးကိုလာထုမွေရပန္းကို ဖြင့္လိုက္သည္။ေရမိုးခ်ိဳးၿပီးေတာ့လဲ အၾကာႀကီးဇိမ္ဆြဲၿပီး ျပင္ဆင္ေနသည္။ကူးကူးမကေတာ့ ကီမိုနိုဝတ္စုံကိုဝတ္ၿပီး မွန္ေရွ႕မွမခြာေတာ့။အျဖဴေပၚမွာ ပန္းပြင့္ေလးေတြေဖာက္ထားတဲ့ဝတ္စုံေလးဟာ ကူးကူးနဲ႕လိုက္ဖက္လွသည္။
"ဟဲ့ ဂူး လုပ္ေလဟာ.."
"နင္ဘယ္လိုျဖစ္ေနတာလဲ.. အေစာႀကီးရွိေသးတယ္..."
"ဟဲ့ နာရီကိုၾကည့္ဦး ၇နာရီထိုးေတာ့မယ္ နင္ေရခ်ိဳးခန္းထဲမွာကို အၾကာႀကီးလုပ္ေနတာေလ..."
"ေအးေဆးေပါ့.."
အကၡရာတစ္ခုခ်င္းကိုဇိမ္ဆြဲလုပ္ရင္း ေအးေအးေဆးေဆးဝတ္စုံဝတ္ေနသည္။ကူးကူးမကေတာ့ စိတ္မရွည္တဲ့မ်က္ႏွာနဲ႕ခါးေထာက္ရင္း ၾကည့္ေနသည္။ကူးကူးစိတ္ထဲမွာေတာ့ သက္သက္မဲ့အခ်ိန္ဆြဲေနတဲ့အကၡရာအား အသည္းယားၿပီး ထုခ်င္ေနၿပီျဖစ္သည္။ငါေလးက စိတ္အရမ္းရွည္တယ္ေနာ္ ဟင္းဟင္း... ။
အကၡရာေနာက္ဆုံးအေနနဲ႕ မွန္ကိုေပါက္ထြက္မတက္ၾကည့္ရင္း အိတ္ေသးေသးေလးထဲေရေမႊးဘူးေလးထည့္ရင္းခါးမွာခ်ိတ္လိုက္သည္။
"ကဲ သြားမယ္ အဲ့ပန္းခိုင္ကဘာလုပ္မလို႔လဲ.."
"လက္အလြတ္ႀကီးမသြားခ်င္လို႔ မွာထားတာ ဟဲဟဲ..."
ပန္းအစစ္လို႔ပင္ထင္ရေလာက္ေအာင္ လွပလြန္းတဲ့ခ်ယ္ရီပန္းခိုင္ေလး။ဒီလိုမွန္းသိ ကူးကူးအတြက္ခ်ယ္ရီပန္းပုံပါတဲ့ဝတ္စုံမွာလိုက္ပါတယ္။ရာသီဥတုက ေအးေနေပမဲ့ ဝတ္စုံကထူတာမို႔ကြက္တိျဖစ္ေနသည္။တိုက္ေအာက္ေရာက္ၿပီးမွ အကၡရာသြားခ်င္စိတ္က မရွိေတာ့ျပန္ဘူးျဖစ္ေနျပန္သည္။ဒါေပမယ့္ တက္ႂကြေနတဲ့ကူးကူးေၾကာင့္ ေအာင့္အီးကာလိုက္လာရသည္။
ေက်ာင္းဝန္းတစ္ခုလုံက လင္းထိန္ေနၿပီး အကုန္လုံးက လွပစြာ စိတ္ဝင္စားစရာေကာင္းစြာျပင္ဆင္ထားသည္။ကုလားမေျခေထာက္ဝတ္ဆင္ၿပီး လမ္းေလွ်ာက္ေနသူမ်ားကို ၾကည့္ၿပီး အကၡရာစိတ္ေတြေပ်ာ္႐ႊင္လာရသည္။ေတာ္ေတာ္မ်ားမ်ားကChineseဘက္သြားထားၾကၿပီး Japanese anime costumeမ်ားကို ဝတ္ဆင္သူမ်ားလဲရွိၾကသည္။အကၡရာ ဒီလိုပြဲေတြမသြားဖူးတာမို႔ အံ့ဩၿပီးရင္း အံ့ဩေနမိပါသည္။
"ဂူဂူး ဟိုမွာ စီနီယာစဝ္အုပ္မႉးေခါင္ နင့္ကိုၾကည့္ေနတယ္ အမယ္ နင္တို႔ဝတ္စုံက အေရာင္ပဲကြဲတာေရာ ဟီးဟီး..."
ကူးကူးမက လက္ညိုးထိုးျပေနေပမယ့္ အကၡရာမသိခ်င္ေယာင္ေဆာင္ေနလိုက္သည္။မၾကည့္ခ်င္ပါဘူး ေတြ႕လဲမေတြ႕ခ်င္ဘူး။
"ဂူး ဟိုမွာ ငါ့သူငယ္ခ်င္းတစ္ေယာက္ကလွမ္းေခၚေနလို႔ ငါခဏသြားမယ္ ဒီပန္းေလးကိုင္ထားေပး..။"
"နင္ကိုင္သြားပါ့လား ပန္းႀကီးကိုင္ထားရေအာင္ ငါကမိန္းမႀကီးလား .."
"လုပ္ပါဟာ သူတို႔က ငါ့ပန္းေလးအားႀကီးနဲ႕လုကိုင္ၾကမွာ ေႂကြကုန္မွာစိုးလို႔ပါဟ..ခဏပါပဲ..."
"ကြၽတ္ နင္ေတာ္ေတာ္ အလုပ္ရႈပ္တာပဲ..."
အကၡရာစကားေတာင္မဆုံးေသးဘူး။လက္ထဲ ပန္းခိုင္ႀကီးထည့္ကာ ေျပးထြက္သြားသည္။အကၡရာမွာေတာ့ ပန္းႀကီးကိုင္ၿပီးေၾကာင္ေတာင္ေတာင္ျဖစ္ေနသည္။ကိုကိုရွိေနမည့္ဘက္ကို ေနာက္ေက်ာေပးၿပီး ထူးထူးဆန္းဆန္းဝတ္စုံဝတ္ဆင္ထားသူေတြကိုလိုက္ၾကည့္ေနမိသည္။
ခဏအၾကာ သူ႕ေဘးတြင္အရိပ္တစ္ခုထိုးၾကလာၿပီး လက္တစ္ဖက္ေႏြးေထြးသြားသည္။အရိပ္ပိုင္ရွင္ကို ေမာ့ၾကည့္စရာမလိုပဲသိေနၿပီျဖစ္တာေၾကာင့္ လက္ကိုအတင္း႐ုန္းေနေပမယ့္ တင္းတင္းၾကပ္ၾကပ္ကိုင္ထားတာေၾကာင့္႐ုန္း၍မရ။အကၡရာရဲ႕မ်က္ခုံးတန္းေလးေတြစုႀကဳံ႕လာၿပီး ႏႈတ္ခမ္းေလးေထာ္ခ်င္လာသည္။မ်က္ဝန္းနီနီေလးေတြမွာပါ ေဒါသရိပ္ကေလးသန္းလာၿပီး မ်က္ေတာင္ရွည္ေတြကိုပင့္ကာၾကည့္လိုက္ေတာ့ စူးစူးရဲရဲစိုက္ၾကည့္ေနတဲ့ မ်က္ဝန္းနက္တစ္စုံႏွင့္ေတြ႕ရသည္။
တစ္ေယာက္နဲ႕တစ္ေယာက္ အားၿပိဳင္ေနတဲ့ အၾကည့္ေတြေၾကာင့္ ေဘးပတ္ဝန္းက်င္မွ လင္းထိန္ေနတဲ့မီးလုံးေလးေတြေတာင္ မွိန္ေဖ်ာ့သြားရသည္။
10:52AM,THU
12.8.2021
ကီမိုနိုဝတ္စုံတကယ္ႀကီးလွတာေနာ္။မေန႕က စာေရးတာေလ တစ္ေနကုန္နဲ႕ညဆယ္နာရီေလာက္ထိကို သုံးေၾကာင္းပဲၿပီးတယ္။အဲ့ဒါနဲ႕နည္းနည္းေနာက္က်သြားတယ္။ေျပာရမယ္ဆိုရင္ေတာ့ ေနာက္အပိုင္းက Simple Memoryကိုျပန္ေရာက္သြားၿပီ လက္ရွိအခ်ိန္ျပန္ေရာက္ပါၿပီ။ဒီအပိုင္းကို စိတ္တိုင္းမက်ေပမဲ့ စိတ္ေတြရႈပ္ေထြးေနလို႔ ထပ္ျပင္ဖို႔လဲ ဘာအေၾကာင္းမွစဥ္းစားမရဘူးျဖစ္ေနတယ္။ဒါေၾကာင့္ အဆင္မေျပလဲ သည္းခံၿပီးဖတ္ေပးပါေနာ္။
နောက်တစ်ပတ်ထဲတွင် First Semesterအတွက် စာမေးပွဲရှိသည်။ အက္ခရာလိုထူးချွန်ကျောင်းသားဖြစ်ချင်သူအတွက်ကတော့ ဒီစာမေးပွဲမှာအမှတ်ပြည့်နီးပါးရနေမှအဆင်ပြေမည်။ကျောင်းကတော့ မသွားလဲအဆင်ပြေတာမို့ အိမ်မှာပဲစာလုပ်တော့မည်ဟုတွေးထားသည်။
စာကျက်လိုက် စာမှတ်လိုက် မုန့်စားလိုက်နှင့်တော်တော်လေးအဆင်ပြေနေသည်။မငုံက အက္ခရာစားချင်သမျှကို ကိုယ်တိုင်လုပ်ပြီးမနက်တိုင်းလာပို့ပေးသည်မို့ အက္ခရာအရမ်းပျော်နေပါသည်။ဒီနေ့တော့ အက္ခရာမနေ့ညကပူဆာထားတဲ့ မုန့်လက်ကောက်လေးနှင့်ထန်းလျက်ရည်ဘူးလေးကို လာပို့ပေးသွားသည်။
စာကျက်တယ်ဆိုတာ စာ စာ စာ ကြည့်ပဲတစ်စာတည်းစာနေလို့မရဘူး။နားသင့်ရင်နားရမယ်။ စားသင့်ရင်စားရမယ်။ ပြီးရင်စာကြောင့်ဦးနှောက်ထဲရှုပ်ထွေးသွားတာတွေကို ရှင်းထုတ်ရမယ်။ဥပမာ သီချင်းနားထောင်တာပေါ့။ဒါပေမဲ့ အက္ခရာကတော့ သီချင်းနားထောင်ရတာထက် အက္ခရာကိုယ်တိုင်စီမံဖော်စပ်ထားတဲ့ချယ်ရီပန်းအမွှေးဆီလေးနဲ့ရေနွေးနွေးလေးစိမ်ရတာကို ပိုနှစ်သက်တယ်။Mentholလေးနည်းနည်းပါတာကြောင့် ရေစိမ်ပြီးသွားရင် ခန္ဓာကိုယ်ကပိုပြီးလန်းဆန်းသွားတယ်။
စာကိုလဲသတ်မှတ်ထားတာထက်ပိုကျက်ပြီးသွားပြီဖြစ်တာမို့ ဦးနှောက်ရှင်းရန် ရေနွေးနွေးလေးစပ်နေလိုက်သည်။ထိုစဉ်ဖုန်းသံကြားတာကြောင့် ဖုန်းရှိရာသို့သွားကာ ဖုန်းအရင်ကိုင်ရသည်။
"ကူးကူး ဘာလဲ ..."
"နှစ်ရက်လောက်ရှိပြီ ဘာလို့လဲ..."
"ဟမ် လိုင်းပေါ်ထပ်ရောက်နေပြန်ပြီလား..."
"ဝင်တိုက်မိတာပါဟ ဘယ်သူကများဓာတ်ပုံရိုက်သွားတာလဲ..."
ကျောင်းကလူတွေကလဲ ရှားလော့များဝင်စားကြသလားမသိဘူးနော်။အကုန်သိတယ်နော် ဆိုတာကြည့်ပဲ။
"အေး ငါစာကျက်နေတာ..."
"ဟုတ်လား ဘာပွဲလဲ.."
"အဲ့လိုပွဲတွေလဲလုပ်တာပဲလား.."
"အေးအေး ငါမဘုံဆီ လှမ်းမှာလိုက်မယ်လေ..အဖြူရောင်လေး..."
"အင်း ဒါပဲ စာကောင်းကောင်းကျက်နော် ဘိုင့်ဘိုင့်..."
ဖုန်းချပြီးနောက် စိတ်ကလေးမှာရေမစိမ်ရသေးဘဲ လန်းဆန်းလာသည်။စာမေးပွဲနောက်ဆုံးနေ့ညမှာ cosplayပွဲရှိတယ်တဲ့။ကျောင်းသားတွေက ကျောင်းမှာပဲညအိပ်ကြတယ်တဲ့။အထူးဆန်းဆုံးကတော့ အဲ့နေ့မှာ ကိုယ်သဘောကျတဲ့သူကို သူမသိအောင်လက်ဆောင်သွားပေးလို့ရတယ်တဲ့။အကယ်၍ သူသိသွားခဲ့ရင်တော့ ပေးတဲ့သူရော အပေးခံရတဲ့သူပါမှာအရမ်းကြောက်စရာကောင်းတဲ့ သရဲအိမ်ထဲဝင်ရမယ်တဲ့။ထူးဆန်းပါ့ ဘယ်သူကသရဲအိမ်ထဲ ဝင်ဖို့အတွက် ငါ့ကိုလက်ဆောင်ပေးတဲ့သူငါသိတယ်ဆိုပြီးပြောမှာလဲ။
"ဟိဟိ လက်ဆောင်သွားပေးရမယ်..."
အက္ခရာကတော့စိတ်အားတက်ကြွစွာဖြင့် မဘုံထည့်ပေးလိုက်တဲ့ ဘူးတွေကြားထဲက အက္ခရာသုံးနေကြရေမွှေးထက် အနည်းငယ်အနံ့ပြင်းတဲ့ဘူးလေးကိုရှာဖို့အတွက် ဘူးတွေထည့်ထားတဲ့ပုံးကြီးကို အိပ်ယာပေါ်ခပ်ဖြည်းဖြည်းသွန်ချပစ်လိုက်တယ်။
ချယ်ရီပန်းပုံအဖုံးကလေးတွေတပ်ထားသော ပန်းနုရောင်ဖန်ပုလင်းလေးတွေက အိပ်ရာပေါ်မှာလဲလို့လဲ ထောင်လို့ထောင်နှင့်။ ဘူးတွေက အကုန်လုံးဆင်တူတွေကြည့်ပဲမို့ တစ်ဘူးချင်းစစ်မှဖြစ်မည်။အနံ့စမ်းသည့်စက္ကူချောင်းကလေးတွေကိုယူလိုက်ပြီး ရေမွှေးလေးအနည်းငယ်စွတ်လိုက် အနံ့လေးကိုသေချာရှုလိုက်နှင့် အက္ခရာစာကျက်ဖို့လဲမေ့သွားသလို ခပ်နွေးနွေးရေလေးတွေကိုလဲ မေ့သွားခဲ့သည်။
နာရီဝက်ခန့်အကြာတွင်တော့ အက္ခရာရှာနေသည့်ပုလင်းကလေးကိုရရှိခဲ့ပြီဖြစ်သည်။ပုလင်းလေးမှာလက်ဝါးတစ်ဝက်စာမျှသာရှိပြီး အထူမှာလဲလက်နှစ်လုံးစာသာရှိသည်။ဒါကလေးက ခိုးကြောင်ခိုးဝှက်ထည့်ဖို့အကောင်းဆုံးလက်ဆောင်ကလေးပဲ။ရေမွှေးပုလင်းလေးကို နှုတ်ခမ်းလေးနဲ့အသာလေးဖိကပ်နမ်းရှိုက်လိုက်ရင်း ကြည်နူးခြင်းနှင့်အတူ Flykissကိုပါလက်ဆောင်ထည့်ပေးလိုက်သည်။ကိုကို စိတ်ကြည်လင်လန်းဆန်းပါစေ...
M Universityသည် တစ်နှစ်လျှင်ကျောင်း၈လတက်ရပြီး ပထမ၄လတွင်စာတွေ့ ဒုတိယ၄လတွင်လက်တွေ့ဆင်းရသည်။နောက်ဆုံးနှစ်မှလွဲ၍ ပထမနှစ်မှ တတိယနှစ်အထိ ပထမ၄လစာတွေ့အပြီးတွင် စာမေးပွဲဖြေရသလို ဒုတိယ၄လလက်တွေ့ပြီးလျှင်တော့ စာတမ်းတစ်ခုစီတင်ရသည်။နောက်ဆုံးနှစ်များကတော့ စာမေးပွဲဖြေစရာမလိုပဲ စာတမ်းနှစ်ခုတင်ရပြီး ယင်းစာတန်းကိုကြည့်၍ဘွဲ့ပေးမပေးဆုံးဖြတ်သည်။
[စာရေးသူကျောင်းပျင်း၏စိတ်ကူးစိတ်သန်းမျှသာ]
အက္ခရာတို့ပထမနှစ်ကစာမေးပွဲကို မနက်ပိုင်းတွင်ဖြေရမှာဖြစ်သည်။ဒါ့ကြောင့်အက္ခရာသည် မနက်စောစောထလမ်းလျှောက်ပြီး မနက်စာကိုဗိုက်ပြည့်အောင်အဝစားထားသည်။ဗိုက်ဆာနေရင် စာရေးရတာအားမရှိတော့ဘဲ စာရေးချင်စိတ်ပါပျောက်သွားတက်သည့် အက္ခရာဖြစ်သည်။ဒီလိုနဲ့အက္ခရာသည် စာမေးပွဲကို အခက်အခဲမရှိဖြေလာသည်မှာ နောက်ဆုံးရက်ပင်ရောက်လာသည်။စာမေးပွဲဖြေပြီး အပြန်တွင်မငုံက သူDecorationsလုပ်ပေးနေသည့်ဆိုင်အသစ်သို့ဝင်လာပြီး ဟင်းဘူးတွေနဲ့မဘုံပို့ပေးသည့်ပစ္စည်းဝင်ယူရန်ပြောထားသည်။
အက္ခရာဖြေထားသမျှစာများကို နောက်ဆုံးတစ်ခေါက်ပြန်စစ်ဆေးပြီးနောက် စိတ်ကျေနပ်သွားသဖြင့်အပ်ပြီးထွက်လာလိုက်တော့သည်။အက္ခရာဒီကိုရောက်သည့်အချိန်သည် ၁လပိုင်းလဝက်ခန့်ဖြစ်ပြီး ယခုဆိုသုံးလပိုင်းကုန်ခါနီးဖြစ်သည်။ရာသီဥတုမှာတော့ ခပ်စိမ့်စိမ့်နှင့်နေလို့ကောင်းလှသည်။ဒီမှာက ဆယ့်နှစ်ရာသီအေးအေးလေးနှင့် နေလို့ကောင်းလှသည်ဟု မငုံပြောဖူးသည်။
ကျောင်းပေါက်ရောက်တော့ ဆိုင်ခန်းအသစ်ကိုလိုက်လံရှာဖွေရသည်။ကျောင်းပေါက်ကနေကြည့်ရင် မျက်နှာချင်းဆိုင်ညာဘက်အခြမ်းဆိုတော့ အက္ခရာအိမ်ပြန်တဲ့လမ်းမှာပဲဖြစ်သည်။ဟော တွေ့ပါပြီ မငုံ။လမ်းဘေးတွင်ရပ်စောင့်ပြီး လက်လှမ်းပြနေတဲ့မငုံ။စပျစ်သီးရောင်ပါတိတ်ဝမ်းဆက်ကို ဝတ်ထားပြီးလှပကျော့ရှင်းနေသောမငုံကို အချို့ကျောင်းသားတွေငေးကြည့်နေကြသည်။
အက္ခရာလမ်းကူးပြီး မငုံဆီအပြေးတစ်ပိုင်းနှင့်သွားလိုက်သည်။
"ဆိုင်မတွေ့မှာစိုးလို့ စောင့်နေတာ.."
"တွေ့ပါတယ် ဆိုင်ရဲ့ဒီဇိုင်းကမိုက်တယ်နော် ထင်းနေတာပဲ..."
"အင်း ဒီကျောင်းကကျောင်းသားလေးတွေဖွင့်တာပဲတဲ့...ဆိုင်ခွဲတဲ့.."
"ဟုတ်လား..."
"ငါ့မောင်လေးရော ဖွင့်ချင်လို့လား.."
"ဟင် တော်ပါပြီ..."
"လာ အထဲမှာထိုင်မလား အပြင်မှာထိုင်မလား.."
"အပြင်ပဲထိုင်တော့မယ် နေလဲပူတာမှမဟုတ်တာ.."
အပြင်တွင်လဲ ကျောက်သားစားပွဲဝိုင်းကြီးနှင့် ပုံစံအမျိုးရှိနေသောကျောက်သားထိုင်ခုံလေးတွေချထားသည်။အက္ခရာလဲ အစွန်ဆုံးတွင်ဝင်ထိုင်လိုက်ပြီး မငုံဝင်သွားသောဆိုင်ထဲကိုလှမ်းငေးနေသည်။ခဏအကြာမငုံက ဘူးလေးတစ်ဘူးကိုင်ကာပြန်ထွက်လာသည်။
"ဒီမှာTteokbokkiစပ်စပ်လေး စားကြည့်ဦး Cheeseလဲအများကြီးထည့်ထားတယ်.."
အစားအသောက်ဆိုအက္ခရာမျက်နှာလေးက ချက်ချင်းဝင်းလက်သွားသည်။တူလေးကိုင်ကာ တစ်ခုပြီးတစ်ခုကောက်စားရင်း ကောင်းမွန်ကြောင်းကိုလဲ ပါးစပ်မအားသဖြင့်ခေါင်းလေးတညိတ်ညိတ်နှင့်ချီးမွမ်းပြနေသည်။ဘူးအပြည့်နီးပါးထည့်ထားတဲ့Tteokbokkiတွေဟာ အက္ခရာဆီရောက်ပြီးငါးမိနစ်ခန့်အကြာတွင် ပြောင်သလင်းခါသွားသည်။တရှူးရှူးတရှဲရှဲဖြစ်နေသောအက္ခရာအားကြည့်ရင်း မငုံကအားရပါးရရယ်ကာ သူ့ယောင်္ကျာဆီ ရေခဲမုန့်သွားဝယ်ပေးရန်လှမ်းအော်နေသည်။
"အိပ်ချင်နေပြီ ကျွန်တော်ပြန်တော့မယ် ပစ္စည်းတွေယူပေးတော့ ..."
"အေးအေး ခဏလေးစောင်..."
မငုံကပစ္စည်းယူဖို့ အထဲဝင်သွားချိန်တွင်ကိုကြီးယုဓါက ရေခဲမုန့်ကလေးကိုင်အက္ခရာဆီလျှောက်လာသည်။
"ဒီမောင်နှမနှစ်ယောက်ကတော့လေ အပူအစပ်တွေစားပြီး ရေခဲမုန့်တွေစား ဗိုက်တွေအောင့်ကုန်မယ်.."
"ကျွန်တော်က အစားနဲ့တည့်တယ် ဟီးဟီး..."
ကမ်းပေးလာတဲ့ရေခဲမုန့်ကို ဝမ်းသာအားရယူရင်း တစ်ကိုက်အရင်ငုံလိုက်သည်။အေးစိမ်နေတဲ့ရေခဲမုန့်လေးက ပူလောင်နေသောလျှာလေးအား အေးချမ်းမှုပေးသည်။ကိုကြီးယုဓါက တစ်ရှူးတစ်ရွက်ပါထုတ်ပေးတာ့မို့ အက္ခရာလှမ်းယူကာ ချွေးစို့နေသောနားထင်အားတို့လိုက်သည်။
ရေခဲမုန့်ကို နောက်တစ်လုပ်စားဖို့အတွက်ပါးစပ်လေးဟရုံရှိသေး ရေခဲမုန့်မှာ တစ်စုံတစ်ဦးပရောဂကြောင့်မျက်နှာမှာကပ်သွားလေသည်။ရုတ်တရက်မို့အက္ခရာလဲ ကြောင်သွားသလို ယုဓါလဲ အံ့ဩစွာကြည့်နေလေသည်။
"တော်တော်ပျော်နေတာလား ဟုတ်လား လာ လိုက်ခဲ့.."
"ဘယ်...ဘယ်ကို.. ခဏလေး.."
"ဘာခဏလေးမှ မရဘူး လာ.."
"ဟဲ့ ပစ္စည်းတွေယူသွားဦးလေ..အော် ဒီကလေးနှယ်..ယုဓါ သူဘယ်ထွက်သွားတာတုန်း.."
ကိုကို့ရဲ့ဇွတ်အတင်းဆွဲခေါ်လာမှု့နောက် အက္ခရာမှာအရုပ်ကလေးပမာလိုက်ပါသွားရသည်။အနောက်မှမငုံအသံကိုလဲ သဲ့သဲ့ကြားလိုက်သည်။ခြေလှမ်းကျဲကြီးတွေနဲ့သွားနေတဲ့ကိုကို့ကြောင့် အက္ခရာမှာအမောတကောနှင့်အပြေးလိုက်ရသည်။အက္ခရာ၏လက်ကောက်ဝတ်လေးကိုလဲအားကြီးနှင့်ဖိညှစ်ကာဆွဲထားတာကြောင့် နာကျင်စပြုနေပြီဖြစ်သည်။မျက်နှာကရေခဲမုန့်တွေကလဲချွေးစို့လာတာနဲ့ရောပြီးယားစိစိဖြစ်လာသည်။ တစ်လမ်းလုံးကျောင်းသားတွေကကြည့်နေကြတာမို့ ရှက်လဲရှက်ပါသည်။ယောင်္ကျားလေးအချင်းချင်း တရွတ်တိုက်မတက်ဆွဲခေါ်ခံနေရတာ ကြည့်ကောင်းပြောကောင်းတဲ့ကိစ္စလဲမဟုတ်။စိတ်တွေအရမ်းညစ်ပါသည်။
"ရပ် ရပ်ပါဦး အရမ်းမော...နေပြီ..."
"ပါးစပ်ပိတ်ပြီး လိုက်ခဲ့.."
ကိုကို့ဆီကထွက်လာတဲ့ဒေါသသံကြောင့် အက္ခရာနှုတ်ခမ်းနီနီလေးမှာ စူထော်လာပြီး နှာခေါင်းလေးတရှုံ့ရှုံ့ဖြစ်လာသည်။
"ဟာ ဟေ့ကောင် မှူးခေါင် မင်းဘာဖြစ်လာတာလဲ မင်းပုံကနဖားကြိုးလွတ်နေတဲ့နွားကြီး ထွန်တုံးကိုတရွတ်တိုက်ဆွဲလာတာကျနေတာပဲ.."
"ပါးစပ်ပိတ်စမ်း လိုက်မလာနဲ့ ရတုအဲ့ကောင်ကိုခေါ်ထား ."
"ဟာ ရတု လွှတ် မင်ကပါဘာလို့ဆွဲနေတာလဲ ဟေ့ မှူးခေါင်း မင်းပြောတော့မတရားအနိုင်မကျင့်ဘူးဆို မင်းပုံကလင်မရဘဲ လက်သီးကြည့်ပဲရ... အွန်း..."
သုစံက အကြံပေးမလို့ကို သာသနာဖျက်ရတုကဝင်ဖျက်စီးသည်။ဟိုမသာလဲ ပြီးမှလာညည်းကြည့် သောက်ခွက်ကြည့်ပဲတည်ထိုးမှာ..။နေဦး ဟိုကောင်လေးကိုပါ အကြံသွားပေးဦးမယ် အဲ့လဒကိုကြိုက်မိရင်ဘဝဆုံးပြီမှတ်ဆိုပြီ..ဟွန်း..။ အခုလောလောဆယ်တော့ ထွန်တုံးလေးသုစံခမျာ နဖားကြိုးလွှတ်နေတဲ့နွားကြီးရတုနောက် ကွေးကောက်ကာပါသွားရသည်။
စာကြည့်တိုက်အဟောင်းနားရောက်တော့မှ မှူးခေါင်ဆွဲလာတဲ့လက်ကိုလွှတ်လိုက်သည်။လက်လွှတ်လိုက်တာနဲ့ ပုံလဲကျသွားတဲ့ကောင်လေး။မောနေတာကြောင့်ထင်သည်။မျက်နှာလေးကရဲစုတ်နေကာ နှုတ်ခမ်းနီနီလေးက ဟစိဟစိဖြစ်နေပြီး အသက်ကိုအားရပါးရရှုရှိုက်နေသည်။နှုတ်ခမ်းနီနီလေးကို ကြည့်ပြီးမှူးခေါင်ကိုယ်တိုင်လဲ အသက်ရှုမဝသလိုဖြစ်လာကာ တံတွေးမြိုချမိသည်။မှူးခေါင်ထိုကောင်လေးရှေ့တွင် မုဆိုးဒူးထောက်ထိုင်လိုက်ရင်း
'ကြည့်စမ်း ဒီဟာကို အခုထိသံဃောဇဉ်တွယ်နေတုန်း..'
လက်ထဲမှာ ကျစ်ကျစ်ပါအောင်ကိုင်ထားတဲ့ဝေဖာခွက်လေးကိုအခုမှမြင်သွားသည်။ မကျေမနပ်ကြည့်နေရင်းကနေ ဆွဲယူကာလွှတ်ပစ်လိုက်ပြီးမှပဲ မှူးခေါင်အသက်ရှူချောင်သွားသည်။ဆံပင်နီနီလေးတွေကတစ်ဆင့် နဖူးပေါ်စီးကျလာတဲ့ချွေးစက်လေးတွေကို မှူးခေါင်အသာသုတ်ပေးတော့ မျက်နှာလေးကိုနောက်ဆုတ်သွားသည်။မေးဖျားကနေဆွဲယူပြီးသုတ်ပေးတော့လဲ မျက်နှာလေးကိုအောက်ငုံ့ချပစ်လိုက်သည်။
"မော့ ကြည့်ဦး ညစ်ပတ်နေတာပဲ.."
"ဘယ်သူလုပ်လို့ ညစ်ပတ်တာလဲ.."
မာဆက်ဆက်နဲ့ထွက်လာတဲ့ အသံလေးကြောင့် မှူးခေါင်မျက်ခုံးပင့်သွားသည်။ဘာတုန်း သူစိတ်တိုနေတာလား..။မေးလေးကို ထပ်ပင့်တော့လဲ အံကြိတ်ကာတင်းခံနေသည်။ထိုအချိန်တွင်မှူးခေါင်လက်က နာရီလေးမှတတီတီနဲ့မြည်လာတာကြောင့် မှူးခေါင်သက်ပြင်းချပြီး ဆံပင်နီနီလေးကိုသပ်ပေးရင်း
"ဒီမှာ တစ်နာရီလောက်စောင့်ပေးမလား။ ကိုယ် စာမေးပွဲဖြေရဦးမယ် စောင့်နေနော် လိမ္မာတယ် ကိုယ်မြန်မြန်လေးဖြေပြီး ပြန်လာခဲ့မယ်..."
အင်းမလုပ် အဲမလုပ်နဲ့တုပ်တုပ်မှမလှုပ်တဲ့ကောင်လေးကို ကြည့်ပြီး မထချင်ထချင်နောက်ဆံတငင်ငင်နဲ့ထလာခဲ့ရသည်။ဒီတစ်ခါစာမေးပွဲကိုတော့ တော်တော်တင်းသွားပြီ လူဆိုရင် ဆွဲထိုးမှာ..။
🌸🌸🌸🌸🌸🌸
ညနေ၄နာရီလောက်မှာ ကူးကူးအိတ်တစ်လုံးဆွဲကာတက်တက်ကြွကြွဖြင့်ရောက်လာသည်။အက္ခရာကတော့ စိတ်ညစ်ညူးကာ ဘယ်ကိုမှမသွားချင်ဘဲဖြစ်နေသည်။ကျောင်းကပြန်လာကတည်းက ရေမချိုးမိုးမချိုးနှင့်ဒီအတိုင်းထိုင်နေခြင်းဖြစ်သည်။မငုံကလဲ အထုတ်အပိုတွေလာပို့ပြီးပွစိပွစိနှင့်ပြန်သွားပြီ။အခုနောက်တစ်ယောက်ကလဲ အခုထိရေမချိုးဘဲဘာထိုင်လုပ်နေတာလဲ ဘာလဲ ညာလဲနှင့် ပွစိပွစိလုပ်လာပြန်သည်။
"ဘာ နင်မသွားရင်ငါတစ်ယောက်တည်း ဘာသွားလုပ်ရမှာလဲဟ..မရဘူးလိုက်ရမယ်.."
"မလိုက်ဘူး... "
"လိုက်ရမယ်..."
"မလိုက်ချင်ဘူးဟာ.."
"လိုက်ချင်ရမယ်ဟာ.."
"ကူးကူး အေးအေးဆေးဆေးနေစမ်း..."
"အေးအေးဆေးဆေးမနေဘူး နင်ရေထချိုးမလား ငါရေချိုးပေးရမလား.."
အက္ခရာ အင်းမလုပ်အဲမလုပ်ခပ်တည်တည်ထိုင်နေတုန်း အရှေ့ကကူးကူးမကတော့ အင်္ကျီလက်တွေပင့်တင်နေသည်။
"ကဲ မောင်လေးဂူးဂူးရေ မောင်လေးက လက်စသတ်တော့ မကြီးရေချိုးပေးတာကိုခံချင်နေတာကို.."
"ဖယ်စမ်း ကူးကူး.."
"မဖယ်ဘူး လာ လာ ပွေ့ခေါ်သွားမယ်..."
"ဟာ ဖယ်ဖယ် ငါ့ဘာသာသွားချိုးမယ်..."
အက္ခရာ မျက်နှာကို စူပုတ်ကာ ရေချိုးခန်းထဲဝင်လာသည်။ရေချိုးခန်းထဲမှ ကိုယ်လုံးပေါ်မှန်ကြီးတွင်ပေါ်နေသောကိုယ့်ပုံရိပ်ကိုကြည့်နေတာကိုက အကြာကြီး။ကူးကူးမက ကြာနေပြီဆိုပြီး တံခါးကိုလာထုမှရေပန်းကို ဖွင့်လိုက်သည်။ရေမိုးချိုးပြီးတော့လဲ အကြာကြီးဇိမ်ဆွဲပြီး ပြင်ဆင်နေသည်။ကူးကူးမကတော့ ကီမိုနိုဝတ်စုံကိုဝတ်ပြီး မှန်ရှေ့မှမခွာတော့။အဖြူပေါ်မှာ ပန်းပွင့်လေးတွေဖောက်ထားတဲ့ဝတ်စုံလေးဟာ ကူးကူးနဲ့လိုက်ဖက်လှသည်။
"ဟဲ့ ဂူး လုပ်လေဟာ.."
"နင်ဘယ်လိုဖြစ်နေတာလဲ.. အစောကြီးရှိသေးတယ်..."
"ဟဲ့ နာရီကိုကြည့်ဦး ၇နာရီထိုးတော့မယ် နင်ရေချိုးခန်းထဲမှာကို အကြာကြီးလုပ်နေတာလေ..."
"အေးဆေးပေါ့.."
အက္ခရာတစ်ခုချင်းကိုဇိမ်ဆွဲလုပ်ရင်း အေးအေးဆေးဆေးဝတ်စုံဝတ်နေသည်။ကူးကူးမကတော့ စိတ်မရှည်တဲ့မျက်နှာနဲ့ခါးထောက်ရင်း ကြည့်နေသည်။ကူးကူးစိတ်ထဲမှာတော့ သက်သက်မဲ့အချိန်ဆွဲနေတဲ့အက္ခရာအား အသည်းယားပြီး ထုချင်နေပြီဖြစ်သည်။ငါလေးက စိတ်အရမ်းရှည်တယ်နော် ဟင်းဟင်း... ။
အက္ခရာနောက်ဆုံးအနေနဲ့ မှန်ကိုပေါက်ထွက်မတက်ကြည့်ရင်း အိတ်သေးသေးလေးထဲရေမွှေးဘူးလေးထည့်ရင်းခါးမှာချိတ်လိုက်သည်။
"ကဲ သွားမယ် အဲ့ပန်းခိုင်ကဘာလုပ်မလို့လဲ.."
"လက်အလွတ်ကြီးမသွားချင်လို့ မှာထားတာ ဟဲဟဲ..."
ပန်းအစစ်လို့ပင်ထင်ရလောက်အောင် လှပလွန်းတဲ့ချယ်ရီပန်းခိုင်လေး။ဒီလိုမှန်းသိ ကူးကူးအတွက်ချယ်ရီပန်းပုံပါတဲ့ဝတ်စုံမှာလိုက်ပါတယ်။ရာသီဥတုက အေးနေပေမဲ့ ဝတ်စုံကထူတာမို့ကွက်တိဖြစ်နေသည်။တိုက်အောက်ရောက်ပြီးမှ အက္ခရာသွားချင်စိတ်က မရှိတော့ပြန်ဘူးဖြစ်နေပြန်သည်။ဒါပေမယ့် တက်ကြွနေတဲ့ကူးကူးကြောင့် အောင့်အီးကာလိုက်လာရသည်။
ကျောင်းဝန်းတစ်ခုလုံက လင်းထိန်နေပြီး အကုန်လုံးက လှပစွာ စိတ်ဝင်စားစရာကောင်းစွာပြင်ဆင်ထားသည်။ကုလားမခြေထောက်ဝတ်ဆင်ပြီး လမ်းလျှောက်နေသူများကို ကြည့်ပြီး အက္ခရာစိတ်တွေပျော်ရွှင်လာရသည်။တော်တော်များများကChineseဘက်သွားထားကြပြီး Japanese anime costumeများကို ဝတ်ဆင်သူများလဲရှိကြသည်။အက္ခရာ ဒီလိုပွဲတွေမသွားဖူးတာမို့ အံ့ဩပြီးရင်း အံ့ဩနေမိပါသည်။
"ဂူဂူး ဟိုမှာ စီနီယာစဝ်အုပ်မှူးခေါင် နင့်ကိုကြည့်နေတယ် အမယ် နင်တို့ဝတ်စုံက အရောင်ပဲကွဲတာရော ဟီးဟီး..."
ကူးကူးမက လက်ညိုးထိုးပြနေပေမယ့် အက္ခရာမသိချင်ယောင်ဆောင်နေလိုက်သည်။မကြည့်ချင်ပါဘူး တွေ့လဲမတွေ့ချင်ဘူး။
"ဂူး ဟိုမှာ ငါ့သူငယ်ချင်းတစ်ယောက်ကလှမ်းခေါ်နေလို့ ငါခဏသွားမယ် ဒီပန်းလေးကိုင်ထားပေး..။"
"နင်ကိုင်သွားပါ့လား ပန်းကြီးကိုင်ထားရအောင် ငါကမိန်းမကြီးလား .."
"လုပ်ပါဟာ သူတို့က ငါ့ပန်းလေးအားကြီးနဲ့လုကိုင်ကြမှာ ကြွေကုန်မှာစိုးလို့ပါဟ..ခဏပါပဲ..."
"ကျွတ် နင်တော်တော် အလုပ်ရှုပ်တာပဲ..."
အက္ခရာစကားတောင်မဆုံးသေးဘူး။လက်ထဲ ပန်းခိုင်ကြီးထည့်ကာ ပြေးထွက်သွားသည်။အက္ခရာမှာတော့ ပန်းကြီးကိုင်ပြီးကြောင်တောင်တောင်ဖြစ်နေသည်။ကိုကိုရှိနေမည့်ဘက်ကို နောက်ကျောပေးပြီး ထူးထူးဆန်းဆန်းဝတ်စုံဝတ်ဆင်ထားသူတွေကိုလိုက်ကြည့်နေမိသည်။
ခဏအကြာ သူ့ဘေးတွင်အရိပ်တစ်ခုထိုးကြလာပြီး လက်တစ်ဖက်နွေးထွေးသွားသည်။အရိပ်ပိုင်ရှင်ကို မော့ကြည့်စရာမလိုပဲသိနေပြီဖြစ်တာကြောင့် လက်ကိုအတင်းရုန်းနေပေမယ့် တင်းတင်းကြပ်ကြပ်ကိုင်ထားတာကြောင့်ရုန်း၍မရ။အက္ခရာရဲ့မျက်ခုံးတန်းလေးတွေစုကြုံ့လာပြီး နှုတ်ခမ်းလေးထော်ချင်လာသည်။မျက်ဝန်းနီနီလေးတွေမှာပါ ဒေါသရိပ်ကလေးသန်းလာပြီး မျက်တောင်ရှည်တွေကိုပင့်ကာကြည့်လိုက်တော့ စူးစူးရဲရဲစိုက်ကြည့်နေတဲ့ မျက်ဝန်းနက်တစ်စုံနှင့်တွေ့ရသည်။
တစ်ယောက်နဲ့တစ်ယောက် အားပြိုင်နေတဲ့ အကြည့်တွေကြောင့် ဘေးပတ်ဝန်းကျင်မှ လင်းထိန်နေတဲ့မီးလုံးလေးတွေတောင် မှိန်ဖျော့သွားရသည်။
10:52AM,THU
12.8.2021
ကီမိုနိုဝတ်စုံတကယ်ကြီးလှတာနော်။မနေ့က စာရေးတာလေ တစ်နေကုန်နဲ့ညဆယ်နာရီလောက်ထိကို သုံးကြောင်းပဲပြီးတယ်။အဲ့ဒါနဲ့နည်းနည်းနောက်ကျသွားတယ်။ပြောရမယ်ဆိုရင်တော့ နောက်အပိုင်းက Simple Memoryကိုပြန်ရောက်သွားပြီ လက်ရှိအချိန်ပြန်ရောက်ပါပြီ။ဒီအပိုင်းကို စိတ်တိုင်းမကျပေမဲ့ စိတ်တွေရှုပ်ထွေးနေလို့ ထပ်ပြင်ဖို့လဲ ဘာအကြောင်းမှစဉ်းစားမရဘူးဖြစ်နေတယ်။ဒါကြောင့် အဆင်မပြေလဲ သည်းခံပြီးဖတ်ပေးပါနော်။