ေခ်ာင္လုဖုန္း က သူ႔ေရ႔ွတြင္ ေပၚလာသၫ့္ စခရင္ ကို မၾကၫ့္ရေသးခင္မွာပင္ ေအးစက္စက္အသံ က သူ႔အား ေနွာက္ယွက္လိုက္ေလသည္ ။
" ေခ်ာင္လုဖုန္း!!! မင္း အိမ္ကေန ထပ္ထြက္ေျပးရဲရင္ မင္းရဲ့ ေျခေထာက္ကို ရိုက္ခ်ိဳးပစ္မယ္ "
လုဖုန္း က မ်က္ေမွာင္အသာၾကဳတ္လိုက္ကာ ေလွကားေပၚမွ ဆင္းလာသၫ့္ လူအား လွမ္းၾကၫ့္လိုက္သည္ ။ ကိုယ္တိုင္း ခ်ဳပ္ထားသၫ့္ အေနာက္တိုင္း ဝတ္စံု သည္ ကိုယ္ေပၚတြင္ ကြက္တိက်ၿပီး အခ်ိဳးအစားက်သည့္ ကိုယ္အား ေပၚလြင္ေစသည္ ။ ဆံပင္ကို လွန္တင္ထားၿပီး ၾကၫ့္ေကာင္းသၫ့္ မ်က္ႏွာသည္ မိန္းကေလးမ်ားကို က်ဆံုးေအာင္လုပ္ဖို႔ အသင့္ျဖစ္ေနသၫ့္အလားပင္။
ထြက္ေပၚေနသၫ့္ ေအးစက္စက္အရိွန္အဝါက လူတိုင္းကို အသက္ရႈၾကပ္ေစဖို႔ လံုေလာက္ေသာ္လည္း သူ႔အတြက္ေတာ့ မလံုေလာက္ေသးေပ ။ သူက လက္ႏွစ္ဖက္ကို ေဘာင္းဘီအိတ္ထဲ ထိုးထၫ့္လိုက္ရင္း ထမင္းစားပြဲသို႔ ဦးတည္လိုက္ေလသည္ ။ သူ အားနည္းေနရျခင္းမွာ ဒီငတံုးက အစာမစားဘဲ ညဘက္ႀကီး ထြက္ေျပးခဲ့ေသာေၾကာင့္ပင္ ။
ခ်ထားသၫ့္ မနက္စာအား တိတ္တဆိတ္စားလိုက္ကာ စခရင္ေပၚက စာမ်ားကို ဖတ္ရႈလိုက္သည္ ။ သူက က်ိဳးယဲ့ဟန္ကိုေရာ အံ့ဩေနသၫ့္ အေစာင့္ေတြကိုေရာ လံုးဝ ဂရုစိုက္မေနေပ ။
Mission ျပီးေျမာက္မွု - 70% ( ေအာင္ျမင္ )
သင္ဟာ အဓိက ဇာတ္လိုက္ေနရာကို ရရိွခဲ့ၿပီး ဇာတ္ပို႔ ရွန္ယိ ၏ အဆံုးသတ္ကို ႀကီးက်ယ္ခမ္းနားေအာင္ ျပင္ဆင္ႏိုင္ခဲ့သည္။ ဇာတ္လမ္းအတြင္းတြင္ ဇာတ္ေကာင္တစ္ခုသည္ သင့္နဲ႔အတူ လိုက္ပါေသဆံုးရန္ ဆႏၵရိွခဲ့သျဖင့္ ထိုသူသည္ လက္ရိွအခ်ိန္မွ စၿပီး သင္၏ တြဲဖက္ ျဖစ္လာလိမ့္မည္ ။ သင္နဲ႔ ထိုသူ၏ ဝိညာဉ္သည္ ရင္းႏွီးမူရိွေနၿပီး ျဖစ္ေသာ္လည္း က်န္သၫ့္ ကိစၥမ်ားသည္ သင္၏ ကံတရားအေပၚ မႈတည္သည္။ * မွတ္ခ်က္ - ရွာေတြ့ျခင္း မေတြ့ျခင္းသည္ သင္၏ စြမ္းရည္သာ ျဖစ္သည္ ။ *
(A/N : ေျပာခ်င္တာက ရြမ္းရီ သာ စိတ္ဓာတ္က်မႈနဲ႔ ကိုယ့္ဘာသာ အေသမခံခဲ့ရင္ သူက ရွန္ယိရဲ့ တြဲဖက္ ျဖစ္လာမွာ မဟုတ္ဘူး )
ဒုန္း!!!!
အလန႔္တၾကား ထရပ္လိုက္သၫ့္ လုဖုန္းေၾကာင့္ အေစခံမ်ားသည္ လန႔္သြားၾကသည္ ။ ဒီ အႀကီးဆံုးသခင္ေလးက ျပႆနာရွာဖို႔ ႀကိဳးစားျပန္ၿပီဟု ထင္မွတ္လိုက္ၾကသည္ ။ အေၾကာင္းမွာ သူ ထရပ္လိုက္သၫ့္ အခ်ိန္က က်ိဳးယဲ့ဟန္ သည္ စားပြဲနားသို႔ ေရာက္သၫ့္ အခ်ိန္ျဖစ္ေနေသာေၾကာင့္ပင္ ။
" ဘာျဖစ္ခ်င္လို႔လဲ ?? " က်ိဳးယဲ့ဟန္ ၏ အံႀကိတ္ထားသၫ့္ အသံကိုပင္ ဂရုမစိုက္ႏိုင္ခဲ့သၫ့္ လုဖုန္းသည္ စခရင္ေပၚက သင္၏ တြဲဖက္ ဆိုသၫ့္ စကားကိုသာ ျပန္ျပန္ျမင္ေယာင္ေနသည္ ။ သူ႔ရဲ့ တစ္ဦးတည္းေသာ ခ်စ္ရသူျဖစ္သၫ့္ ရြမ္းရီ ကလြဲလို႔ မည္သူ ျဖစ္ပါဦးမည္နည္း ။
" ကိုယ္တို႔ .. ထပ္ေတြ့ဖို႔ အခြင့္အေရး ရိွေနေသးတာဘဲ "
တီးတိုးေရရြတ္သံ ေၾကာင့္ လူတိုင္းက လုဖုန္းအား ၾကၫ့္လိုက္ခ်ိန္တြင္ သူတို႔ျမင္လိုက္ရသည္က အလြန္ႏူးညံ့ညင္သာ သၫ့္ အၿပံဳးတစ္ခုကိုသာ ။ အၿမဲလိုလို ေမာက္မာသၫ့္ အၿပံဳးျဖင့္ ရိွေနခဲ့သၫ့္ ထိုသူ၏ မ်က္ႏွာေခ်ာေခ်ာသည္ ယခုအခ်ိန္တြင္ သူျမတ္ႏိုးသၫ့္ အရာတစ္ခုကို ျပန္ေတြ့လိုက္ရသၫ့္ အလား ေက်နပ္သၫ့္ အၿပံဳးႏုႏုကို ေဖာ္ထုတ္ေနခဲ့သည္ ။
အေစခံမ်ားသည္ ေငးကနဲ ျဖစ္သြားခဲ့ၿပီး မ်က္ႏွာမ်ားပင္ နီရဲလာခဲ့သည္ ။ " ကိုယ္တို႔ " ဆိုသည္က ဘယ္သူ႔ကို ေျပာေနမွန္းမသိေသာ္လည္း ထိုစကားသည္ သူတို႔ကို ရင္ကိုအတိုင္းမဆ အခုန္ျမန္သြားေစခဲ့သည္ ။
" ဟမ့္... ရွင့္လိုလူနဲ႔ ထပ္ေတြ့စရာအေၾကာင္း မရိွဘူး " ေအးစက္ၿပီး ၾကည္လင္သၫ့္ အသံေၾကာင့္ လွၫ့္ၾကၫ့္လိုက္ၾကခ်ိန္တြင္ အိမ္တံခါးနားတြင္ ရံုးဝတ္စံုျဖင့္ ရပ္ေနသၫ့္ မိန္းမလွေလးကို ေတြ့လိုက္ၾကရသည္ ။ အရင္လုဖုန္း၏ အရွက္မရိွသၫ့္ အျပဳအမႈေၾကာင့္ ဘယ္သူက သူနဲ႔ ေကြ့လန္အာ၏ အေၾကာင္းကို မသိဘဲ ရိွပါမည္နည္း ။ ထိုအခါ သူတို႔က လုဖုန္းဘာေၾကာင့္ ထိုစကားကို ရြတ္သလဲ နားလည္သြားသလိုပင္ ။ လန္အာ မိန္းကေလး ေရာက္လာခဲ့တာမို႔ဘဲ ..
အမွန္တရားသည္က ေကြ့လန္အာနဲ႔ လားလားမွ မသက္ဆိုင္ေပ ။
လုဖုန္းက အေတြးစမ်ားကို ျဖတ္လိုက္ကာ ပန္းသီးတစ္လံုးကိုသာ ေကာက္ယူလိုက္ၿပီး အေပၚတက္ရန္ ျပင္လိုက္ေလသည္ ။ ေလွကားေပၚေရာက္မွ တစ္စံုတစ္ခုကို သတိရလိုက္သၫ့္အလား သူ႔လစ္လ်ဳရႈမႈေၾကာင့္မေက်မနပ္ ျဖစ္ေနသၫ့္ ေကြ႕လန္အာ အား လွၫ့္ၾကၫ့္လိုက္သည္ ။
သူ၏ ပန္းသီးကိုင္ထားသၫ့္ လက္ကို လက္ရန္းေပၚတင္ထားကာ လက္တစ္ဖက္ကို ေဘာင္းဘီ အိတ္ထဲ ထၫ့္ထားခဲ့သည္ ။ မ်က္ခံုးပင့္ကာ အသာၿပံဳးလာသၫ့္ ထိုသူ၏ ဆြဲေဆာင္မႈေၾကာင့္ မ်က္ႏွာနီရဲေနခဲ့သၫ့္ အေစခံမ်ားသည္ သူတို႔၏ ခုန္လြန္၍ ေပါက္ထြက္ေတာ့မၫ့္ ႏွလံုးကို အသာ ဖိလိုက္ရသည္ ။
" လန္အာ မိန္းကေလး ...စိတ္မေကာင္းပါဘူး .. ကိုယ္က မင္းကို ေျပာတာ မဟုတ္ဘူးရယ္ " သူက ေခါင္းငံု႔ကာ တစ္ခ်က္ရယ္လိုက္ရင္း " ဒါနဲ႔ .. ဒီေနရာက ဒီသခင္ေလးရဲ့ အိမ္ျဖစ္ၿပီး လာခဲ့တာက မင္းပါ .. ျဖစ္ႏိုင္ရင္ ၿခံဝမွာသာ ဒီသခင္ရဲ့ ခ်စ္လွစြာေသာညီေလး ကို ေစာင့္ေနလိုက္ပါ .. ကိုယ္လည္း မင္းမ်က္ႏွာကို ျမင္ရတာ သိပ္အဆင္မေျပလို႔ .. "
ခါတိုင္းကဲ့သို႔ ရိုင္းစိုင္းသၫ့္ စကားမ်ားနဲ႔ မတူဘဲ ယဉ္ယဉ္ေက်းေက်း ေျပာလာခဲ့ျခင္းေၾကာင့္ လုဖုန္း၏ စကားမ်ားသည္ မွန္သည္ဟု လက္ခံလိုက္ၾကၿပီး ေကြ့လန္အာ ကို ခိုးၾကၫ့္လိုက္ၾကသည္ ။
လုဖုန္းသည္ စိတ္ထဲတြင္ အလြန္ အူျမဴးေနသျဖင့္ ေဒါသထြက္ေနသၫ့္ ေကြ့လန္အာကိုေရာ နားမလည္ႏိုင္ျဖစ္ေနသၫ့္ က်ိဳးယဲ့ဟန္ကိုပါ လစ္လ်ဳရႈလိုက္ၿပီး အခန္းသို႔ အလ်င္အျမန္ျပန္သြားေတာ့သည္ ။
"" ေနပါဦး .. ငါ့ဘာသာ တတ္ထားတဲ့ ပညာေတြကို ခ်ီးမို႔လို ကန႔္သတ္တာလား ..""
system သည္ ထိုအခ်က္က မတရားမွန္းသိေနသျဖင့္ ဘာမျွပန္မေျပာခဲ့ဘဲ စီစစ္ခ်က္ ၏ က်န္သၫ့္ အစိတ္အပိုင္းမ်ားကိုသာ ပို႔လိုက္ေတာ့သည္ ။
ရွင္သန္ျခင္းအမွတ္ - 30 ( ကံတရားထုတ္ယူျခင္း လုပ္ေဆာင္ခ်က္အတြက္ အမွတ္ 70 ထုတ္ယူၿပီး ) ၊ သင္၏ လုပ္ေဆာင္ခ်က္မ်ားသည္ အလြန္ေကာင္းမြန္ပါေသာ္လည္း သင္၏ စြမ္းရည္မ်ားသည္ လုပ္ႏိုင္စြမ္းကို ေက်ာ္လြန္ေနခဲ့သျဖင့္ စည္းကမ္းခ်က္ျဖင့္ မကိုက္ညီေပ လက္ရိွ အခ်ိန္မွ စ၍ အကန႔္အသတ္ ထားရိွရမည္ ။ ယခုကစၿပီး ဇာတ္ေကာင္၏စရိုက္ နဲ႔ အရည္အခ်င္း ကို အျပၫ့္အဝ ပံုေဖာ္ပါ ။
"" ေသာက္က်ိဳးနည္း စီစစ္ခ်က္ႀကီး "" လုဖုန္းက စခရင္အား ထိုးလိုက္ေသာ္လည္း ေလကိုသာ ထိုးမိလိုက္ေလသည္ ။ သူက ေရမိုးခ်ိဳးၿပီးေနာက္ အဝတ္ဗီရိုအား ဖြင့္လိုက္သည္ ။ လုဖုန္းသည္ အသက္သံုးဆယ္ေက်ာ္ၿပီ ျဖစ္ေသာ္လည္း ႏုပ်ိဳသၫ့္ မ်က္ႏွာေၾကာင့္ လူငယ္ဆန္သၫ့္ ပံုစံကိုသာ ဝတ္စားေလ့ရိွသည္ ။
လုဖုန္းက ထိုအဝတ္မ်ားကို ေက်ာ္ကာ အျဖဴေရာင္ရွပ္ ကို စတိုင္ပင္ အနက္ျဖင့္ တြဲဝတ္လိုက္ၿပီးေရႊကိုင္းမ်က္မွန္ ကို တပ္ဆင္လိုက္သည္ ။ သူက မ်က္ကပ္မွန္မ်ားကို မျမင္ခ်င္ေယာင္သာ ေဆာင္ထားလိုက္သည္ ။ ကန္းေနတာကို လွခ်င္ေနေသးတယ္..
လက္ရိွ သူ႔ပံုစံသည္ လူငယ္ဆန္သၫ့္အေငြ့အသက္မ်ား လံုးဝေပ်ာက္သြားကာ က်ိဳးယဲ့ဟန္ ထက္ပင္ အထက္တန္းက်သၫ့္ ပံုစံေပါက္ေနေသးသျဖင့္ အေစခံမ်ားသည္ မ်က္ေတာင္မခတ္တမ္းၾကၫ့္ေနေတာ့သည္ ။ သူတို႔က ဒီေန့ မနက္ ဘယ္ႏွခါေငးမိေနမွန္းေတာင္ မသိေတာ့ေပ ။ အေစာင့္မ်ားအား လူမွားေခၚလာသလား ဟုပင္ ေမးမိေတာ့သည္ ။
အက်ႌလက္အား တေတာင္ဆစ္အထိ ေခါက္တင္ရင္း ဆင္းလာသၫ့္ လုဖုန္းသည္ လႈပ္ရွားမႈတိုင္း သက္ေတာင့္သက္သာ ျဖစ္ေနခဲ့ၿပီး တမင္ လုပ္ယူထားသည္နဲ႔ တူမေနေပ ။ လက္ညိုးကို အသံုးျပဳကာ မ်က္မွန္ကိုင္းအား ပင့္တင္လိုက္သၫ့္ပံုစံက . လံုးဝ ကို ၾကၫ့္ေကာင္းလြန္းလို႔ ..ခ်က္ခ်င္း ထိုသူ၏ ရင္ခြင္ထဲသို႔ ေျပးဝင္ခ်င္စိတ္ပါ ေပါက္လာၾကသည္ ။
ကားထဲဝင္ရန္ ျပင္ေနသၫ့္ က်ိဳးယဲ့ဟန္ က လုဖုန္းအား ၾကၫ့္လိုက္ကာ မာထန္စြာေျပာလိုက္သည္ ။ " မင္းကို ထြက္မေျပးရဘူးလို႔ ေျပာထားတယ္"
လုဖုန္းက က်ိဳးယဲ့ဟန္ အား မ်က္လံုးေမွးက်ဉ္းစြာ ၾကၫ့္လိုက္သည္ ။ သူ႔မ်က္မွန္ က ေအးစက္စက္ အလင္းတစ္ခ်က္ပင္ လက္သြားသလိုပင္ ။
" မေသခ်င္ရင္...ငါ့ကို အမိန႔္လာမေပးနဲ႔ "
က်ိဳးယဲ့ဟန္ သည္ သူ႔အား ေျခေထာက္ရိုက္ခ်ိဳးရံုတင္ ၿခိမ္းေျခာက္ခဲ့ေသာ္လည္း သူအတြက္ေတာ့ အသက္မရိွသၫ့္ ရန္သူသည္သာ အေကာင္းဆံုးျဖစ္သည္ ။ စီစစ္ခ်က္ ကိုေတာ့လား .. တြဲဖက္ကလြဲရင္ ေမ့ထားလိုက္ပါပီ ။
___________________________________
ဇာတ္ေကာင္စြမ္းရည္ ေက်ာ္လြန္ေနတဲ့ ကိစၥကို ရွင္းျပခ်င္လို႔
ရွန္ယိ က အစက လ်ိဳ႕ဝွက္ကိုယ္ရံေတာ္ ျဖစ္တဲ့အတြက္ သူက အမိန႔္နာခံၿပီး လူသတ္ဖို႔ဘဲ သိေပမဲ့ ဝိညာဉ္ေျပာင္းသြားတဲ့ အခ်ိန္မွာ သူက နည္းဗ်ဳဟာအျပင္ သိုင္းပညာပါ ပိုကြၽမ္းက်င္လာၿပီး ဆက္ဆံေရးေတြေရာ အကုန္ေတာ္သြားတာက စြမ္းရည္ ေက်ာ္လြန္တယ္လို႔ သတ္မွတ္လိုက္ပါတယ္ ။
System ျဖစ္ေစခ်င္တာက ဇာတ္ေကာင္ဟာ ပန္းခ်ီမွာေတာ္ရင္ ပန္းခ်ီပညာကို သံုးဖို႔ဘဲ အျခားတစ္ခု မတတ္သင့္ဘူး .. အဲ့လိုပံုစံမ်ိဳး ( A/ သူသင္ေပးထားတာလဲ မဟုတ္ဘဲနဲ႔ 😒)
ဖုန္းေဘဝယ္မရေတာ့ဘူး 😣😣 သာသာေပ်ာက္သြားခဲ့ရင္ ေနမေကာင္းျဖစ္ေနလို႔မဟုတ္ပါဘူး ဖုန္းေဘမရိွေတာ့လို႔ပါ *
______________________
Unicode
ချောင်လုဖုန်း က သူ့ရှေ့တွင် ပေါ်လာသည့် စခရင် ကို မကြည့်ရသေးခင်မှာပင် အေးစက်စက်အသံ က သူ့အား နှောက်ယှက်လိုက်လေသည် ။
" ချောင်လုဖုန်း!!! မင်း အိမ်ကနေ ထပ်ထွက်ပြေးရဲရင် မင်းရဲ့ ခြေထောက်ကို ရိုက်ချိုးပစ်မယ် "
လုဖုန်း က မျက်မှောင်အသာကြုတ်လိုက်ကာ လှေကားပေါ်မှ ဆင်းလာသည့် လူအား လှမ်းကြည့်လိုက်သည် ။ ကိုယ်တိုင်း ချုပ်ထားသည့် အနောက်တိုင်း ဝတ်စုံ သည် ကိုယ်ပေါ်တွင် ကွက်တိကျပြီး အချိုးအစားကျသည့် ကိုယ်အား ပေါ်လွင်စေသည် ။ ဆံပင်ကို လှန်တင်ထားပြီး ကြည့်ကောင်းသည့် မျက်နှာသည် မိန်းကလေးများကို ကျဆုံးအောင်လုပ်ဖို့ အသင့်ဖြစ်နေသည့်အလားပင်။
ထွက်ပေါ်နေသည့် အေးစက်စက်အရှိန်အဝါက လူတိုင်းကို အသက်ရှုကြပ်စေဖို့ လုံလောက်သော်လည်း သူ့အတွက်တော့ မလုံလောက်သေးပေ ။ သူက လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ထဲ ထိုးထည့်လိုက်ရင်း ထမင်းစားပွဲသို့ ဦးတည်လိုက်လေသည် ။ သူ အားနည်းနေရခြင်းမှာ ဒီငတုံးက အစာမစားဘဲ ညဘက်ကြီး ထွက်ပြေးခဲ့သောကြောင့်ပင် ။
ချထားသည့် မနက်စာအား တိတ်တဆိတ်စားလိုက်ကာ စခရင်ပေါ်က စာများကို ဖတ်ရှုလိုက်သည် ။ သူက ကျိုးယဲ့ဟန်ကိုရော အံ့ဩနေသည့် အစောင့်တွေကိုရော လုံးဝ ဂရုစိုက်မနေပေ ။
Mission ပြီးမြောက်မှု - 70% ( အောင်မြင် )
သင်ဟာ အဓိက ဇာတ်လိုက်နေရာကို ရရှိခဲ့ပြီး ဇာတ်ပို့ ရှန်ယိ ၏ အဆုံးသတ်ကို ကြီးကျယ်ခမ်းနားအောင် ပြင်ဆင်နိုင်ခဲ့သည်။ ဇာတ်လမ်းအတွင်းတွင် ဇာတ်ကောင်တစ်ခုသည် သင့်နဲ့အတူ လိုက်ပါသေဆုံးရန် ဆန္ဒရှိခဲ့သဖြင့် ထိုသူသည် လက်ရှိအချိန်မှ စပြီး သင်၏ တွဲဖက် ဖြစ်လာလိမ့်မည် ။ သင်နဲ့ ထိုသူ၏ ဝိညာဉ်သည် ရင်းနှီးမူရှိနေပြီး ဖြစ်သော်လည်း ကျန်သည့် ကိစ္စများသည် သင်၏ ကံတရားအပေါ် မှုတည်သည်။ * မှတ်ချက် - ရှာတွေ့ခြင်း မတွေ့ခြင်းသည် သင်၏ စွမ်းရည်သာ ဖြစ်သည် ။ *
(A/N : ပြောချင်တာက ရွမ်းရီ သာ စိတ်ဓာတ်ကျမှုနဲ့ ကိုယ့်ဘာသာ အသေမခံခဲ့ရင် သူက ရှန်ယိရဲ့ တွဲဖက် ဖြစ်လာမှာ မဟုတ်ဘူး )
ဒုန်း!!!!
အလန့်တကြား ထရပ်လိုက်သည့် လုဖုန်းကြောင့် အစေခံများသည် လန့်သွားကြသည် ။ ဒီ အကြီးဆုံးသခင်လေးက ပြဿနာရှာဖို့ ကြိုးစားပြန်ပြီဟု ထင်မှတ်လိုက်ကြသည် ။ အကြောင်းမှာ သူ ထရပ်လိုက်သည့် အချိန်က ကျိုးယဲ့ဟန် သည် စားပွဲနားသို့ ရောက်သည့် အချိန်ဖြစ်နေသောကြောင့်ပင် ။
" ဘာဖြစ်ချင်လို့လဲ ?? " ကျိုးယဲ့ဟန် ၏ အံကြိတ်ထားသည့် အသံကိုပင် ဂရုမစိုက်နိုင်ခဲ့သည့် လုဖုန်းသည် စခရင်ပေါ်က သင်၏ တွဲဖက် ဆိုသည့် စကားကိုသာ ပြန်ပြန်မြင်ယောင်နေသည် ။ သူ့ရဲ့ တစ်ဦးတည်းသော ချစ်ရသူဖြစ်သည့် ရွမ်းရီ ကလွဲလို့ မည်သူ ဖြစ်ပါဦးမည်နည်း ။
" ကိုယ်တို့ .. ထပ်တွေ့ဖို့ အခွင့်အရေး ရှိနေသေးတာဘဲ "
တီးတိုးရေရွတ်သံ ကြောင့် လူတိုင်းက လုဖုန်းအား ကြည့်လိုက်ချိန်တွင် သူတို့မြင်လိုက်ရသည်က အလွန်နူးညံ့ညင်သာ သည့် အပြုံးတစ်ခုကိုသာ ။ အမြဲလိုလို မောက်မာသည့် အပြုံးဖြင့် ရှိနေခဲ့သည့် ထိုသူ၏ မျက်နှာချောချောသည် ယခုအချိန်တွင် သူမြတ်နိုးသည့် အရာတစ်ခုကို ပြန်တွေ့လိုက်ရသည့် အလား ကျေနပ်သည့် အပြုံးနုနုကို ဖော်ထုတ်နေခဲ့သည် ။
အစေခံများသည် ငေးကနဲ ဖြစ်သွားခဲ့ပြီး မျက်နှာများပင် နီရဲလာခဲ့သည် ။ " ကိုယ်တို့ " ဆိုသည်က ဘယ်သူ့ကို ပြောနေမှန်းမသိသော်လည်း ထိုစကားသည် သူတို့ကို ရင်ကိုအတိုင်းမဆ အခုန်မြန်သွားစေခဲ့သည် ။
" ဟမ့်... ရှင့်လိုလူနဲ့ ထပ်တွေ့စရာအကြောင်း မရှိဘူး " အေးစက်ပြီး ကြည်လင်သည့် အသံကြောင့် လှည့်ကြည့်လိုက်ကြချိန်တွင် အိမ်တံခါးနားတွင် ရုံးဝတ်စုံဖြင့် ရပ်နေသည့် မိန်းမလှလေးကို တွေ့လိုက်ကြရသည် ။ အရင်လုဖုန်း၏ အရှက်မရှိသည့် အပြုအမှုကြောင့် ဘယ်သူက သူနဲ့ ကွေ့လန်အာ၏ အကြောင်းကို မသိဘဲ ရှိပါမည်နည်း ။ ထိုအခါ သူတို့က လုဖုန်းဘာကြောင့် ထိုစကားကို ရွတ်သလဲ နားလည်သွားသလိုပင် ။ လန်အာ မိန်းကလေး ရောက်လာခဲ့တာမို့ဘဲ ..
အမှန်တရားသည်က ကွေ့လန်အာနဲ့ လားလားမှ မသက်ဆိုင်ပေ ။
လုဖုန်းက အတွေးစများကို ဖြတ်လိုက်ကာ ပန်းသီးတစ်လုံးကိုသာ ကောက်ယူလိုက်ပြီး အပေါ်တက်ရန် ပြင်လိုက်လေသည် ။ လှေကားပေါ်ရောက်မှ တစ်စုံတစ်ခုကို သတိရလိုက်သည့်အလား သူ့လစ်လျုရှုမှုကြောင့်မကျေမနပ် ဖြစ်နေသည့် ကွေ့လန်အာ အား လှည့်ကြည့်လိုက်သည် ။
သူ၏ ပန်းသီးကိုင်ထားသည့် လက်ကို လက်ရန်းပေါ်တင်ထားကာ လက်တစ်ဖက်ကို ဘောင်းဘီ အိတ်ထဲ ထည့်ထားခဲ့သည် ။ မျက်ခုံးပင့်ကာ အသာပြုံးလာသည့် ထိုသူ၏ ဆွဲဆောင်မှုကြောင့် မျက်နှာနီရဲနေခဲ့သည့် အစေခံများသည် သူတို့၏ ခုန်လွန်၍ ပေါက်ထွက်တော့မည့် နှလုံးကို အသာ ဖိလိုက်ရသည် ။
" လန်အာ မိန်းကလေး ...စိတ်မကောင်းပါဘူး .. ကိုယ်က မင်းကို ပြောတာ မဟုတ်ဘူးရယ် " သူက ခေါင်းငုံ့ကာ တစ်ချက်ရယ်လိုက်ရင်း " ဒါနဲ့ .. ဒီနေရာက ဒီသခင်လေးရဲ့ အိမ်ဖြစ်ပြီး လာခဲ့တာက မင်းပါ .. ဖြစ်နိုင်ရင် ခြံဝမှာသာ ဒီသခင်ရဲ့ ချစ်လှစွာသောညီလေး ကို စောင့်နေလိုက်ပါ .. ကိုယ်လည်း မင်းမျက်နှာကို မြင်ရတာ သိပ်အဆင်မပြေလို့ .. "
ခါတိုင်းကဲ့သို့ ရိုင်းစိုင်းသည့် စကားများနဲ့ မတူဘဲ ယဉ်ယဉ်ကျေးကျေး ပြောလာခဲ့ခြင်းကြောင့် လုဖုန်း၏ စကားများသည် မှန်သည်ဟု လက်ခံလိုက်ကြပြီး ကွေ့လန်အာ ကို ခိုးကြည့်လိုက်ကြသည် ။
လုဖုန်းသည် စိတ်ထဲတွင် အလွန် အူမြူးနေသဖြင့် ဒေါသထွက်နေသည့် ကွေ့လန်အာကိုရော နားမလည်နိုင်ဖြစ်နေသည့် ကျိုးယဲ့ဟန်ကိုပါ လစ်လျုရှုလိုက်ပြီး အခန်းသို့ အလျင်အမြန်ပြန်သွားတော့သည် ။
"" နေပါဦး .. ငါ့ဘာသာ တတ်ထားတဲ့ ပညာတွေကို ချီးမို့လို ကန့်သတ်တာလား ..""
system သည် ထိုအချက်က မတရားမှန်းသိနေသဖြင့် ဘာမြှပန်မပြောခဲ့ဘဲ စီစစ်ချက် ၏ ကျန်သည့် အစိတ်အပိုင်းများကိုသာ ပို့လိုက်တော့သည် ။
ရှင်သန်ခြင်းအမှတ် - 30 ( ကံတရားထုတ်ယူခြင်း လုပ်ဆောင်ချက်အတွက် အမှတ် 70 ထုတ်ယူပြီး ) ၊ သင်၏ လုပ်ဆောင်ချက်များသည် အလွန်ကောင်းမွန်ပါသော်လည်း သင်၏ စွမ်းရည်များသည် လုပ်နိုင်စွမ်းကို ကျော်လွန်နေခဲ့သဖြင့် စည်းကမ်းချက်ဖြင့် မကိုက်ညီပေ လက်ရှိ အချိန်မှ စ၍ အကန့်အသတ် ထားရှိရမည် ။ ယခုကစပြီး ဇာတ်ကောင်၏စရိုက် နဲ့ အရည်အချင်း ကို အပြည့်အဝ ပုံဖော်ပါ ။
"" သောက်ကျိုးနည်း စီစစ်ချက်ကြီး "" လုဖုန်းက စခရင်အား ထိုးလိုက်သော်လည်း လေကိုသာ ထိုးမိလိုက်လေသည် ။ သူက ရေမိုးချိုးပြီးနောက် အဝတ်ဗီရိုအား ဖွင့်လိုက်သည် ။ လုဖုန်းသည် အသက်သုံးဆယ်ကျော်ပြီ ဖြစ်သော်လည်း နုပျိုသည့် မျက်နှာကြောင့် လူငယ်ဆန်သည့် ပုံစံကိုသာ ဝတ်စားလေ့ရှိသည် ။
လုဖုန်းက ထိုအဝတ်များကို ကျော်ကာ အဖြူရောင်ရှပ် ကို စတိုင်ပင် အနက်ဖြင့် တွဲဝတ်လိုက်ပြီးရွှေကိုင်းမျက်မှန် ကို တပ်ဆင်လိုက်သည် ။ သူက မျက်ကပ်မှန်များကို မမြင်ချင်ယောင်သာ ဆောင်ထားလိုက်သည် ။ ကန်းနေတာကို လှချင်နေသေးတယ်..
လက်ရှိ သူ့ပုံစံသည် လူငယ်ဆန်သည့်အငွေ့အသက်များ လုံးဝပျောက်သွားကာ ကျိုးယဲ့ဟန် ထက်ပင် အထက်တန်းကျသည့် ပုံစံပေါက်နေသေးသဖြင့် အစေခံများသည် မျက်တောင်မခတ်တမ်းကြည့်နေတော့သည် ။ သူတို့က ဒီနေ့ မနက် ဘယ်နှခါငေးမိနေမှန်းတောင် မသိတော့ပေ ။ အစောင့်များအား လူမှားခေါ်လာသလား ဟုပင် မေးမိတော့သည် ။
အကျႌလက်အား တတောင်ဆစ်အထိ ခေါက်တင်ရင်း ဆင်းလာသည့် လုဖုန်းသည် လှုပ်ရှားမှုတိုင်း သက်တောင့်သက်သာ ဖြစ်နေခဲ့ပြီး တမင် လုပ်ယူထားသည်နဲ့ တူမနေပေ ။ လက်ညိုးကို အသုံးပြုကာ မျက်မှန်ကိုင်းအား ပင့်တင်လိုက်သည့်ပုံစံက . လုံးဝ ကို ကြည့်ကောင်းလွန်းလို့ ..ချက်ချင်း ထိုသူ၏ ရင်ခွင်ထဲသို့ ပြေးဝင်ချင်စိတ်ပါ ပေါက်လာကြသည် ။
ကားထဲဝင်ရန် ပြင်နေသည့် ကျိုးယဲ့ဟန် က လုဖုန်းအား ကြည့်လိုက်ကာ မာထန်စွာပြောလိုက်သည် ။ " မင်းကို ထွက်မပြေးရဘူးလို့ ပြောထားတယ်"
လုဖုန်းက ကျိုးယဲ့ဟန် အား မျက်လုံးမှေးကျဉ်းစွာ ကြည့်လိုက်သည် ။ သူ့မျက်မှန် က အေးစက်စက် အလင်းတစ်ချက်ပင် လက်သွားသလိုပင် ။
" မသေချင်ရင်...ငါ့ကို အမိန့်လာမပေးနဲ့ "
ကျိုးယဲ့ဟန် သည် သူ့အား ခြေထောက်ရိုက်ချိုးရုံတင် ခြိမ်းခြောက်ခဲ့သော်လည်း သူအတွက်တော့ အသက်မရှိသည့် ရန်သူသည်သာ အကောင်းဆုံးဖြစ်သည် ။ စီစစ်ချက် ကိုတော့လား .. တွဲဖက်ကလွဲရင် မေ့ထားလိုက်ပါပီ ။
___________________________________
ဇာတ်ကောင်စွမ်းရည် ကျော်လွန်နေတဲ့ ကိစ္စကို ရှင်းပြချင်လို့
ရှန်ယိ က အစက လျို့ဝှက်ကိုယ်ရံတော် ဖြစ်တဲ့အတွက် သူက အမိန့်နာခံပြီး လူသတ်ဖို့ဘဲ သိပေမဲ့ ဝိညာဉ်ပြောင်းသွားတဲ့ အချိန်မှာ သူက နည်းဗျုဟာအပြင် သိုင်းပညာပါ ပိုကျွမ်းကျင်လာပြီး ဆက်ဆံရေးတွေရော အကုန်တော်သွားတာက စွမ်းရည် ကျော်လွန်တယ်လို့ သတ်မှတ်လိုက်ပါတယ် ။
System ဖြစ်စေချင်တာက ဇာတ်ကောင်ဟာ ပန်းချီမှာတော်ရင် ပန်းချီပညာကို သုံးဖို့ဘဲ အခြားတစ်ခု မတတ်သင့်ဘူး .. အဲ့လိုပုံစံမျိုး ( A/ သူသင်ပေးထားတာလဲ မဟုတ်ဘဲနဲ့ 😒)
ဖုန်းဘေဝယ်မရတော့ဘူး 😣😣 သာသာပျောက်သွားခဲ့ရင် နေမကောင်းဖြစ်နေလို့မဟုတ်ပါဘူး ဖုန်းဘေမရှိတော့လို့ပါ
______________________