Unicode+ Zawgyi
❣️ဦး ဖန် တီး သော အ ချစ် သ င်္ကေ တ❣️
💫Season 2💫
💫Part (20)💫
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
"သစ်သစ်လွင် မင်းယောက်ျား မောင်နှမ "
"ကျွန်တော်လည်း မသင်္ကာလို့သစ်သစ်လွင်နောက် လိုက်ခဲ့ရင်းက မထင်မှတ်ဘဲသိသွားတာ ကစ်ကစ်လို့ခေါ်တဲ့ စားဖိုမှူးလည်းသိသွားပုံပဲ"
မင်းမင်းနဲ့သစ်သစ်လွင်တို့ အခန်းရှေ့မှာ ပြောဆိုနေကြတာကို ခြင်းပါကြားလိုက်ရခြင်းဖြစ်သည်။ ရင်းနှီးမှုရှိမယ်လို့ ခြင်းခန့်မှန်းမိပေမဲ့ မောင်နှမဖြစ်နေမယ်လို့တော့မထင်ထားပါ။
"သစ်သစ်လွင်က အစ်ကို့ကို ရချင်နေတာထက် လုပ်ငန်းစုကို ရချင်နေတာ "
"အဟက် လူဆိုတာ သူ့နေရာသူ နေရမယ် သူလိုချင်တာက အဲ့တာပဲ သူက ဖြတ်လမ်းနည်းသုံးပြီး အမြင့်ကိုအလွယ်တတ်တဲ့သူကို မုန်းတတ်တဲ့အကျင့်လည်းရှိတယ် ဆိုပြီး ပြောခဲ့တဲ့မိန်းမက အဲ့လိုအမျိုးအစားဖြစ်နေတာပဲ "
"သူက လုံးဝ ဆိုက်ကိုပဲ "
"မင်းယောက်ျားကရော "
"သူလည်း ကစ်ကစ်နဲ့ တစ်ခုခုကတ်သတ်နေပုံပဲ"
"သစ်သစ်လွင်ကို ရာထူးချလိုက်တာ တော်တယ် ခြင်း "
"ကျွန်တော့်စိတ်နဲ့ဆို အလုပ်ပါထုတ်ပြစ်ချင်တာ မိန်းမက ကိုယ်ရေးကိုယ်တာခံစားချက်နဲ့ သပ်သပ်ခွဲထားလို့ခဏခဏပြောနေလို့ တန်းအလုပ်မထုတ်တာ "
"အဟွန်း မင်းတို့သူငယ်ချင်းတွေက တစ်ကယ်တူတယ် နှိုင်း၊ရာရာ၊မင်းနဲ့ဝိုင် အားလုံးက စိတ်ထားကောင်းပြီး အယုံလွယ်ကြတယ် ဖြူစင်ပြီး တစ်ယောက်နဲ့တစ်ယောက် ပေးဆပ်ကြတယ်"
"အစ်ကိုမြှောက်နေတာပဲ ကျွန်တော် အစ်ကို့လက်အောက်မှာ အလုပ်လုပ်ဦးမှာပါဗျာ"
ခြင်း ပြောင်စပ်စပ်နဲ့ သူ့ကိုစသေးသည်။
"ခွေးကောင် အကောင်းပြောနေတာကို ပြောင်စပ်စပ်နဲ့ "
"ဟားဟား ချစ်လို့ပါ အစ်ကိုရာ"
"ငါ့မှာပိုင်ရှင်ရှိပြီးသားနော် ကလေးနှစ်ယောက်တောင်ရှိပြီ မပြစ်မှားနဲ့ "
"ဟာ အစ်ကို ကျွန်တော်ပြောတာ ရိုးရိုးလေဗျာ"
ခြင်းမျက်နှာကြီးရှုံ့မဲ့ကာ ပြာပြာသလဲရှင်းပြရှာသည်။
သူ့ခေါင်းခါလိုက်ရင်း...
"သစ်သစ်လွင်ရဲ့ နောက်ကြောင်းက ရှုပ်တယ် LS groupရဲ့ရှယ်ယာရှင်တစ်ယောက်ရဲ့သမီးပဲ ဦးမင်းရဲခေါင်လို့ခေါ်တယ် ဒါပေမဲ့ အခုသေသွားပြီ ရှယ်ယာကလည်းတခြားသူဝယ်သွားပြီ သူ့နောက်ကြောင်းကိုစုံစမ်းမရဘူး ငါနောက်ကနေ ရှယ်ယာတောင်းဝယ်တာတောင် မရောင်းပေးဘူး
ပြီးတော့ သူ စားဖိုမှူးချုပ်ရာထူးနဲ့ ငွေအလွဲသုံးစားလုပ်ထားတာတွေလည်းရှိတယ် သစ်သစ်လွင် ဒီလောက်ထိလုပ်ရဲပုံထောက်ရင် သူ့နောက်မှာ နောက်ခံတစ်ခုခုရှိရမယ်"
"ကျွန်တော်ထပ်ပြီးစုံစမ်းလိုက်ပါမယ်"
သူ့ခေါင်းခါသည်။
"ထပ်ပြီး အရင်ကကိစ္စတွေအစမဖော်ချင်တော့ဘူး အလွဲသုံးစားလုပ်တာနဲ့တင် သစ်သစ်လွင်ကိုဖယ်ချလို့ရပြီ မင်းလည်းနားဦး ဝိုင်ကိုအချိန်ပေးဦး မိသားစုနဲ့ခရီးထွက်တာဖြစ်ဖြစ်အချိန်ပေးလိုက်ဦး မဟုတ်ရင် ဝိုင်ထပ်ပြီးထွက်ပြေးသွားလိမ့်မယ် "
"အဟွန်း "
ခြင်းရယ်သာရယ်နေသည်။ သူ့ပြောမယ်ဆိုလည်းပြောချင်စရာပင်။ ခြင်း ဝိုင်နဲ့သားကိုအချိန်မပေးတာ ကြာခဲ့ပြီမဟုတ်လား။ အချိန်မပေးခဲ့ပေမဲ့ ဝိုင်နဲ့သားကို အမြဲတမ်းစိတ်ထဲရှိပါတယ်။ မနက်စာကိုအတူတူစားပြီး ညစာကို အမှီပြန်စားပါသည်။ ဒါက မိသားစုမှာ နွေးထွေးတဲ့အပြုအမူတစ်ခုမဟုတ်လား။
"ဒါဆို ကျွန်တော့်ချစ်ဇနီးဆီပြေးလိုက်ဦးမယ်အစ်ကို"
ခြင်း ရယ်ရယ်မောမောနဲ့ထွက်သွားသည်။
သူ့လည်း ချစ်ရတဲ့ဇနီးနဲ့ ကလေးတွေဆီဦးတည်လိုက်သည်။
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
သူ့အခန်းထဲဝင်လာတော့ ကလေးတွေနဲ့ ရာရာ ပီဇာစားနေကြသည်။ ဘေးနားမှာလည်း ဖျော်ရည်တွေရော တခြားမုန့်တွေရောစုံနေသည်။
သူ့အခန်းထဲဝင်လာတာမြင်တော့ သုံးယောက်သား သွားဖြီးပြီးရယ်ပြသည်။ သုံးယောက်လုံးရဲ့ပါးစပ်မှာ ပေပွနေသည်။
"ဘေဘီက ကလေးကျနေတာပဲ ပါးစပ်မှာလည်းပေပွနေတာပဲ "
သူ့က ပြောလည်းပြော တစ်သျှူးတွေနဲ့ သုတ်ပေးသည်။
"မှိုင်းနဲ့နေ့ကစားချင်တယ်ဆိုလို့ပါ ဦးသူ့"
"မေမေ အရင်တိုင်ပင်တာလေ "
မှိုင်းနဲ့နေ့အပေါ် ရာရာအပြစ်လွဲချတော့ မှိုင်းကပြန်ပြောသည်။
"အဟင်း တူတူပဲ "
"ဖေဖေ မှိုင်းကိုရော သုတ်ပေး"
"နေ့ကိုရော "
ရာရာကို သုတ်ပေးနေတာကို မှိုင်းနဲ့နေ့က အားကျမခံ မျက်နှာတွေ သူ့ဆီတိုးကပ်လာသည်။ သူ့ရယ်လိုက်ရင်း မနိုင်တော့ဘူးဆိုတဲ့ပုံစံနဲ့ ခေါင်းခါသည်။ ကလေးတွေက အဲ့လိုပါပဲ။ ရာရာကိုနမ်းတာမြင်ရင် သူတို့လေးတွေကိုလည်းနမ်းပေးရသည်။
"ဟုတ်ပါပြီဗျာ "
ရာရာက သူ့ဖြစ်သွားသည့်ပုံကိုကြည့်ပြီး ရယ်သည်။ ရာရာတို့မိသားစုကို ဒီလိုပျော်ရွှင်မှုမျိုးပဲပေးပါ တစ်သက်လုံး...
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
"ဒုန်း ဒုန်း "
"ကစ်ကစ်ကျွန်တော့်ကို တံခါးဖွင့်ပေးပါ"
ကစ်ကစ်ရဲ့တိုက်ခန်းရှေ့မှာ ညအချိန်မတော် တံခါးကို ဆက်တိုက်ခေါက်ပြီး ကစ်ကစ်နာမည်ကို အော်ခေါ်နေသည့် မင်းမင်း။
"ကစ်ကစ် "
"ဒုန်း ဒုန်း "
မင်းမင်းရဲ့ဆူပူသံကြောင့် တိုက်ခန်းဘေးက လူတွေက ထွက်ကြည့်ကြသည်။ သို့သော် ကစ်ကစ်ထွက်မလာပါ။
"ကစ်ကစ် ကျေးဇူးပြုပြီး ကျွန်တော့်ကို တံခါးဖွင့်ပေးပါ "
"ကောင်လေး ဆက်မအော်နဲ့တော့ မနက်ဖြန်မှပြန်လာခဲ့ "
"ဟုတ်တယ် မင်းအဲ့လို ဆူနေရင် ကြီးတော်တို့ဘယ်လိုအိပ်ရမှာလဲ "
တစ်ယောက်ပြီးတစ်ယောက်ထွက်ပြေကြ၍ မင်းမင်း တိုက်ခန်းရှေ့မှာ ဘေးကနံရံကိုမှီပြီး ထိုင်ချလိုက်သည်။
ပြီးနောက် ဖုန်းထုတ်ပြီး ကစ်ကစ်ဆီဆက်သည်။ သို့သော်မကိုင်ပါ။
"မ ဖုန်းမကိုင်ရင် ကျွန်တော် ဒီမှာ တစ်ညလုံးနေမှာ "
ဆက်ဆေ့ခ်ျပို့လိုက်ပေမဲ့ စာမပြန်လာပါ။
"မ ကျေးဇူးပြုပြီး ထွက်ခဲ့ပါ ကျွန်တော်ပြောစရာတွေ တောင်းပန်စရာတွေအများကြီးရှိသေးတယ် ကစ်ကစ် ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ "
"ကျွန်တော်လေ တော်တော်ယုတ်မာတာပဲ ကိုယ်လုပ်ခဲ့တဲ့အပြစ်ကို မမှတ်မိဘဲ မကို ဥပေက္ခာပြုထားမိလို့ "
"မ ကစ်ကစ် နားထောင်နေလား "
သူ့အသံကိုကြားရက်နဲ့ ဥပေက္ခာပြုထားသည့် ကစ်ကစ်။ တံခါးအပြင်ကိုမထွက်ခဲ့ပေမဲ့ သူ့အသံကိုကြားနေရသည်။
ကစ်ကစ် သူ့ကို တွေ့ဖို့အားမရှိဘူး။ ငါထင်တာ နင်ငါ့အချစ်တွေ သိမြင်လာတဲ့နေ့ ငါတို့ဖြစ်ခဲ့တာကို မှတ်မိမယ်လို့လေ။ အခုလို အခြေအနေမဟုတ်ဘူး။ မချစ်ဘဲနဲ့ တာဝန်ယူချင်တာမျိုးမလိုချင်ဘူး။ ဒါက အရင်ကအတွေးပါ။
ဒါပေမဲ့ သစ်သစ်လွင်မောင်ဆိုတာသိလိုက်ရတော့...
ကစ်ကစ် စိတ်ကိုတင်းလိုက်ရင်း ရဲစခန်းကိုဖုန်းဆက်လိုက်သည်။ မကြာပါ ရောက်လာပြီး မင်းမင်းကိုခေါ်သွားကြသည်။
မင်းမင်းပါသွားပြီဆိုကာမှ တံခါးဟပြီးချောင်းကြည့်လိုက်သည်။
"နင်သာ သစ်သစ်လွင်ရဲ့မောင်ဆိုတာ အစောကတည်းကသိခဲ့ရင်ကောင်းမယ် ဒါဆို အဲ့တုန်းက ရူးမိုက်တဲ့အတွေး ဝင်ခဲ့မိမှာမဟုတ်ဘူး "
ငိုတာအရမ်းကြာသွားလို့ထင်သည်။ အခန်းထဲကိုပြန်လှည့်ဝင်ချိန်မှာ ခေါင်းက မိုက်ခနဲဖြစ်သွားသည်။ ခေါင်းကတဆစ်ဆစ်နဲ့ထိုးကိုက်နေပြီး အသက်ရှူမဝသလိုခံစားလာရသည်။ နဖူးပြင်ပြေပြေလေးမှာ ချွေးစောတွေပျံလာသည်။
"ဟင်း ငါဘာဖြစ်နေတာလဲ "
ကစ်ကစ်ရဲ့ခန္ဓာကိုယ်က အခုတလောအရမ်းထူးဆန်းလာသည်။ အနံ့ပြင်းပြင်းတွေဆို မခံနိုင်။ အန်ပြန်ရင်လည်း လေသာအန်ထွက်သည်။
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
"တောက်စ် မင်းမင်း နင်ရူးနေပြီလား "
သစ်သစ်လွင် ဒေါသအကြီးအကျယ်ထွက်ရတဲ့အကြောင်းအရင်းက မင်းမင်းကို ရဲစခန်းက ခေါ်လာရ၍ဖြစ်သည်။ မိန်းကလေးတစ်ယောက်ကို နှောင့်ယှက်မှုနဲ့ အချုပ်ထဲရောက်လာတာတဲ့။
မင်းမင်းကတော့ သစ်သစ်လွင်အမေးကို ပြန်မဖြေဘဲ ကားကူရှင်ကိုမှီပြီး မျက်လုံးမှိတ်ထားသည်။
"ကစ်ကစ်ကဘာမို့လို့လဲ သူတောင် တာဝန်ယူဖို့မပြောတာ နင်ကဘာဖြစ်နေတာလဲ "
"ကျွန်တော်တာဝန်ယူချင်တာ ကျွန်တော်ကျူးလွန်ခဲ့တဲ့အပြစ်ကြောင့်ပါ မမ "
"မင်းဒီလိုတွယ်ကပ်နေတာ သူအတွက်ကောင်းမယ်ထင်နေလား ဟမ် ဆာကူရာနဲ့ကစ်ကစ်က မင်းကိုလှည့်ကြည့်မယ်ထင်လို့လား ဟွန်း အိမ်မက်ထဲက နိုးလိုက်တော့ အဟက် တာဝန်ယူမယ် အဲ့တာလွယ်တယ်မှတ်နေလား မင်းမင်း"
"ကျွန်တော့်ကို ဒီနားမှာပဲချပေးပါ "
"မင်းမင်း "
သစ်သစ်လွင် သူပြောသည့်စကားကိုနားထဲမဝင်ဘဲ ပြောလာသည့်စကားကြောင့် စိတ်တိုသွားသည်။ သူမမှာတော့ မောင်တစ်ယောက် ရဲစခန်းရောက်တယ်ဆိုလို့ လာထုတ်ပေးလိုက်ရတာ။ သူကတော့ ကန်ထုတ်နေတယ်။
"ရပ်ပေးမယ် နင်က သနားဖို့မကောင်းတဲ့မောင် ဒီလိုအသုံးမဝင်တာတွေလုပ်ဖို့ နင့်ကို ကျွေးမွေးခဲ့တာမဟုတ်ဘူး "
သစ်သစ်လွင်က ကားကိုလမ်းဘေးတစ်နေရာမှာ ရပ်ပြီးပြောသည်။
သူ မမကို ပြန်မပြောချင်တော့ပါ။ အင်းလေ ကျွန်တော်က မမ လိုရင်အသုံးပြုမဲ့သူပဲ။ ဒါပေမဲ့ ကျွန်တော်လည်း လူသားပါမမ။ ခံစားတတ်တဲ့နှလုံးသားရှိတယ်။ ချစ်တတ်တယ်၊နာကျင်တတ်တယ်။ အခု ကျွန်တော့်အသည်းတွေ ကြွေကျမတတ်နာကျင်နေရတယ်။ မမဒါကိုသိရဲ့လား???
ထိုညက မင်းမင်း အပြင်မှာ အင်္ကျီလက်တိုနဲ့တစ်ညလုံး ထိုင်နေခဲ့သည်။
"ကျွန်တော်မှတ်မိသွားပြီ ကစ်ကစ် "
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
နောက်တစ်နေ့ မနက်ပိုင်းမှာ သူ့ဆေးရုံကဆင်းသည်။ ရာရာက သူ့ဆေးရုံကဆင်းတာကို မကျေနပ်ဘဲ စူပုတ်ပုတ်နဲ့လိုက်လာသည်။
"ဘေဘီ "
"ဟွန်း "
မဲ့တဲ့တဲ့လုပ်ကာ မျက်နှာလွှဲသွားသည်။
"စိတ်မဆိုးရဘူးလေ ကိုယ်တစ်ကယ်အားပြန်ပြည့်သွားတာ "
"ဆေးရုံတက်တာ နှစ်ရက်ကျော်ကျော်လေးပဲရှိတာလေ ချက်ချင်းဘယ်လိုအားပြည့်မှာလဲ "
"အဟွန်း ကိုယ့်မှာ ဘေဘီဆိုတဲ့အားဆေးရှိတယ်လေကွာ ဘေဘီပေးတဲ့အားဆေးကြောင့် ကိုယ်အားပြန်ပြည့်သွားတာ"
"ဦးသူ့အပိုတွေ ပြောမနေနဲ့ နမ်းတိုင်း အားပြည့်ရင် နမ်းပဲနမ်းနေတော့မှာပေါ့ "
"ရတယ် ကိုယ်အဆင်ပြေတယ် ကိုယ့်အတွက်တော့ ဘေဘီ့အနမ်းက အားဆေးဖြစ်တယ် အခုပေးမလို့လား ကိုယ်ကားရပ်လိုက်မယ်"
ရာရာစိတ်တိုနေတာကို သူ့ပြောင်ချော်ချော်လုပ်ကာ ကားကိုလမ်းဘေးထိုးရပ်ဖို့လုပ်သည်။
"ဦးသူ့ ဘယ်လိုဖြစ်နေတာလဲ မရပ်နဲ့"
သူ့လက်မောင်းကို ထုရိုက်ရင်း မျက်စောင်းပါထိုးသည်။သူ့ ရာရာလက်လေးကို လက်တစ်ဖက်နဲ့ဆုပ်ကိုင်လိုက်သည်။
"ကိုယ့်အတွက် ဘေဘီက အရာရာပဲ ဒါကြောင့်စိတ်မကောက်နဲ့တော့ နော်"
"ဟုတ် "
ဒီလိုကျတော့လည်း လိမ္မာနေသည်။ ရာရာ့ပုံစံက ဘယ်လိုလေးမှန်းမသိ။ စတွေ့ကတည်းက ပုံစံက အခုဒီပုံစံလေးဘဲ။ အသက်သာရလာပြီး ကလေးနှစ်ယောက်ရှိလာတာ ရာရာ့ပုံစံလေးက တစ်ကယ့်ကလေးအတိုင်းပဲ။
တစ်ခါတစ်လေ ကလေးဆိုပေမဲ့ တစ်ခါတစ်လေ နားလည်လွယ်သည်။ အူတူတူပုံစံနဲ့ တုံးအလွန်းသည့် ချစ်ဇနီးလေး။ (အယုံလွယ်တာကြောင့် တုံးအတယ်လို့ပြောလိုက်တာပါ)
"ဘေဘီ "
"ရှင် "
"ကိုယ်မင်းကို ခဏခဏပြောဖူးတယ် ကိုယ့်ကိုယုံကြည်ပေးပါလို့လေ ဒါပေမဲ့ မင်းအမြဲတမ်းလုပ်ချင်ရာလုပ်တယ် နောက်တစ်ခါ ထပ်ပြောပါရစေ ကိုယ့်ကိုယုံပါ တခြားဘယ်သူ့ကိုမှ မကြည့်ဘဲ ကိုယ့်ကိုကြည့်ပါ နောက်တစ်ခါ ဘေဘီကိုယ့်ကိုမယုံရင်၊နောက်တစ်ခါ မင်းကိုယ့်ကိုပြစ်သွားရင် ကိုယ်ဘာကိုမှဂရုမစိုက်တော့ဘဲ သေပြစ်လိုက်မှာ "
"ဦးသူ့ ရာရာကလေ..."
သူ့ဒီလိုပြောတော့လည်း ရာရာ့မျက်နှာ ဇီးရွက်လောက်သာရှိတော့သည်။ မျက်နှာငယ်လေးနဲ့ သူ့ကိုအပြစ်ရှိသလိုကြည့်သည်။
"ကိုယ်စိတ်ဆိုးနေတာမဟုတ်ဘူးနော် ဘေဘီ ကိုယ့်စိတ်ကိုအသိပေးတာ "
"ဟုတ် ရာရာနောက်တစ်ခါ လုပ်ချင်ရာမလုပ်တော့ပါဘူးနော် "
"လုပ်ခဲ့ရင်လည်း ကိုယ်ထပ်ပြီးဆွဲထားဦးမှာပဲ ကိုယ့်ရင်ခွင်မှာ မင်းတစ်သက်လုံးနေရအောင်လုပ်မှာ "
"ရာရာသိပါတယ် ဒါကြောင့် နောက်ခါ သေမယ်ဆိုတဲ့စကားမပြောပါနဲ့နော်"
"နော် လို့ "
ရာရာသူ့ကို ငိုမဲ့မဲ့နဲ့ပြောသည်။ သူ့ခေါင်းငြိမ့်လိုက်မှ ပြုံးရယ်ပြီး သူ့လက်မောင်းကို မှီကာ လက်ကိုခိုးနမ်းသည်။
ကားမောင်းနေတာကြောင့်နော်။ မဟုတ်ရင် ရာရာ့တစ်မျက်နှာလုံးကိုအနမ်းခြွေပြစ်မှာ။
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
(တစ်ပတ်ခန့်ကြာပြီးနောက်~~~)
သူ့က ခြင်းကိုခွင့်ပေးလိုက်၍ ဝိုင်နဲ့အတူ သားကိုပါခေါ်ကာ ခရီးထွက်သွားကြသည်။ မှိုင်းနဲ့နေ့က ရေဆော့တာများသွား၍ ဖျားသည်။ ထို့ကြောင့် ရာရာဟိုတယ်ကိုမလိုက်ဘဲ အိမ်မှာသာနေခဲ့သည်။ ကလေးတွေက ရာရာ့အနားပဲကပ်နေသည်။
နေ့လည်ရောက်တော့ ဆောင်းက ရာရာအိမ်မှာ ကလေးတွေကိုလာကြည့်ပေးသည်။
"ဒေါက်တာလို့မခေါ်ပါနဲ့ ရာရာ ကျွန်မကို ဆောင်းလို့ခေါ်လို့ရပါတယ် "
"ဟုတ် ရာရာတဖြည်းဖြည်းချင်းပြင်ပါ့မယ် ဒေါက် အဲ ဆောင်း "
"ဟင်းဟင်း "
"ပြီးတော့ ကျွန်မတောင်းပန်ပါတယ် တစ်ကယ်ကိုအနူးအညွတ်တောင်းပန်ပါတယ် ရာရာကိုမော့ကြည့်ဖို့ အင်အားမရှိဘူး "
"ရာရာမေ့ဖို့ကြိုးစားနေတာမလို့ ဆောင်းလည်းမေ့ဖို့ကြိုးစားပါ ဒီကလေးက ရာရာတို့ဘဝထဲ ဝင်ဖို့ကံမပါဘူးလို့ပဲ မှတ်ယူရမှာပေ့ါ"
"ကျွန်မပြန်တော့မယ် ညနေမှ နောက်ထပ်တစ်ခါ လာကြည့်ပေးမယ် "
"ကျေးဇူးတင်ပါတယ် ဆောင်း "
မလိုပါဘူး။ ရာရာက ဆောင်းဘဝကို ကယ်တင်ထားတဲ့သူပဲ။ ဆောင်း ရာရာတို့မိသားစုအတွက် အဆုံးထိပေးဆပ်သွားပါမယ်။
ညနေ သူ့ပြန်လာတော့ ရာရာ စိုးစိုးလုပ်ပေးထားတဲ့ သံပရာရည်ခွက်ကို ယူကာ ဦးသူ့ဆီလာခဲ့သည်။
"ဦးသူ့ သံပရာရည်သောက်လိုက်ဦး "
"အင်း "
သူ့သောက်ပြီးတော့ ခွက်ကို စိုးစိုးကပြန်ယူသွားသည်။ သူ့နဲ့ရာရာ အခန်းဆီတက်လာရင်း အဝတ်လဲခန်းမှာ ဦးသူ့ကို အဝတ်လဲဖို့ ကူညီသည်။
"ဦးသူ့ ခြင်းမရှိတော့ ပင်ပန်းနေမှာပဲ "
"အင်း ကိုယ့်ကိုအားဆေးပေး "
သူ့က ရာရာ့ခါးကို ဆွဲဖက်လိုက်ကာ နှုတ်ခမ်းကို စုပ်ယူနမ်းရှိုက်သည်။ ရာရာအလိုက်သင့်ပင် သူ့ခါးကို ဖက်လိုက်ရင်း သူ့အနမ်းတွေကို ခံယူနေသည်။
"အာ့ အွန်း..."
သူ့ရာရာကို ခါးကနေပွေ့ချီကာ ဘေးနားက နက်ကတိုင်တွေထည့်သည့် ဗီရိုအသေးလေးပေါ်မတင်လိုက်သည်။ ရာရာခန္ဓာကိုယ်လေးကို လက်နှစ်ဖက်နဲ့ညှပ်ပြီး အနမ်းခြွေပြန်သည်။
"ဘုတ် ဘုတ် "
ရာရာအသက်ရှူကြပ်လာ၍ သူ့ရင်ဘတ်ကို ထုရိုက်ကာ တွန်းထုတ်သည်။
"တော် တော်တော့နော် ရာရာအသက်ရှူမဝတော့ဘူး"
ရာရာတစ်ကယ်မောနေပုံရသည်။ စကားပြောတာ အသက်ရှူသံပြင်းနေသည်။ သူ့ နှစ်လိုစွာပြုံးပြီး ရာရာကို အောက်ပြန်ချပေးလိုက်ရင်း အင်္ကျီကိုသေချာပြန်ပြင်ပေးလိုက်သည်။
"တစ်ကယ့်အခွင့်အရေးသမားကြီးနော် ဦးသူ့"
"အဟွန်း မင်းနဲ့မှပါ "
"ဟွန်း "
"ကိုယ်ဘေဘီ့ကိုတစ်ခုမေးစရာရှိသေးတယ် ရေချိုးပြီးမှ ဆက်ပြောတော့မယ်"
"ဟုတ် မြန်မြန်ချိုးနော် "
"အတူတူချိုးမလား "
ရာရာ့မျက်စောင်းက သူ့ဆီ ဒိုင်းခနဲရောက်လာသည်။
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
ညဘက် မှိုင်းနဲ့နေ့ကို ဆေးသောက် သိပ်ပြီးတော့ရာရာ အခန်းထဲပြန်ဝင်လာတော့ ဦးသူ့က စာရင်းဇယားတွေကို စစ်နေသည်။
"ဦးသူ့"
ရာရာ သူ့ဘေးဝင်ထိုင်လိုက်ရင်း လက်မောင်းကို ဖက်ထားလိုက်သည်။
"မေးစရာရှိတယ်ဆို "
"အင်း ကစ်ကစ်ရော မင်းယောက်ျားပါ အလုပ်မတက်လို့ ဘေဘီနဲ့အဆက်အသွယ်ရလားလို့မေးမလို့ "
"ဟင် ဟုတ်လား ရာရာ့ဆီတော့ဆက်မလာကြဘူး"
"ဘေဘီ့တိုက်ခန်း ကစ်ကစ်ကိုနေဖို့ပြောပြီးပြီလား"
"အာ ဟုတ်သားပဲ ရာရာမေ့နေတာ ပြောမယ်ပြောမယ်နဲ့ သတိမရဘူး မနက်ဖြန်မှ ကစ်ကစ်ဆီသွားလိုက်မယ် "
"ကိုယ်က အဲ့တာမေးရုံပါပဲ ဘေဘီအရင်အိပ်နှင့်လိုက် ကိုယ်စစ်တာမပြီးသေးဘူး "
"ဟုတ် အရမ်းညနက်ထိ မနေနဲ့နော် ဦးသူ့"
"ဟုတ်ပါပြီဗျာ အိပ်တော့ ဘေဘီလေး ကိုယ့်ကလေးတွေဂရုစိုက်ရတာ ပင်ပန်းနေမှာပဲ"
"ဟုတ် "
ရာရာက သူ့ပါးကို လျှပ်တပြတ်နမ်းပြီး ကုတင်ပေါ်ပြေးသွားသည်။ ဂွန်းကပ်ကို ခေါင်းထိဆွဲခြုံကာ ငြိမ်ကျသွားသည်။
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
ဆက်ရန်
Author-သက်တန့်ရောင်ခြယ်
❣️ဦး ဖန္ တီး ေသာ အ ခ်စ္ သ ေကၤ တ❣️
💫Season 2💫
💫Part (20)💫
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
"သစ္သစ္လြင္ မင္းေယာက္်ား ေမာင္ႏွမ "
"ကြၽန္ေတာ္လည္း မသကၤာလို႔သစ္သစ္လြင္ေနာက္ လိုက္ခဲ့ရင္းက မထင္မွတ္ဘဲသိသြားတာ ကစ္ကစ္လို႔ေခၚတဲ့ စားဖိုမႉးလည္းသိသြားပုံပဲ"
မင္းမင္းနဲ႔သစ္သစ္လြင္တို႔ အခန္းေရွ႕မွာ ေျပာဆိုေနၾကတာကို ျခင္းပါၾကားလိုက္ရျခင္းျဖစ္သည္။ ရင္းႏွီးမႈရွိမယ္လို႔ ျခင္းခန႔္မွန္းမိေပမဲ့ ေမာင္ႏွမျဖစ္ေနမယ္လို႔ေတာ့မထင္ထားပါ။
"သစ္သစ္လြင္က အစ္ကို႔ကို ရခ်င္ေနတာထက္ လုပ္ငန္းစုကို ရခ်င္ေနတာ "
"အဟက္ လူဆိုတာ သူ႔ေနရာသူ ေနရမယ္ သူလိုခ်င္တာက အဲ့တာပဲ သူက ျဖတ္လမ္းနည္းသုံးၿပီး အျမင့္ကိုအလြယ္တတ္တဲ့သူကို မုန္းတတ္တဲ့အက်င့္လည္းရွိတယ္ ဆိုၿပီး ေျပာခဲ့တဲ့မိန္းမက အဲ့လိုအမ်ိဳးအစားျဖစ္ေနတာပဲ "
"သူက လုံးဝ ဆိုက္ကိုပဲ "
"မင္းေယာက္်ားကေရာ "
"သူလည္း ကစ္ကစ္နဲ႔ တစ္ခုခုကတ္သတ္ေနပုံပဲ"
"သစ္သစ္လြင္ကို ရာထူးခ်လိုက္တာ ေတာ္တယ္ ျခင္း "
"ကြၽန္ေတာ့္စိတ္နဲ႔ဆို အလုပ္ပါထုတ္ျပစ္ခ်င္တာ မိန္းမက ကိုယ္ေရးကိုယ္တာခံစားခ်က္နဲ႔ သပ္သပ္ခြဲထားလို႔ခဏခဏေျပာေနလို႔ တန္းအလုပ္မထုတ္တာ "
"အဟြန္း မင္းတို႔သူငယ္ခ်င္းေတြက တစ္ကယ္တူတယ္ ႏႈိင္း၊ရာရာ၊မင္းနဲ႔ဝိုင္ အားလုံးက စိတ္ထားေကာင္းၿပီး အယုံလြယ္ၾကတယ္ ျဖဴစင္ၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ ေပးဆပ္ၾကတယ္"
"အစ္ကိုေျမႇာက္ေနတာပဲ ကြၽန္ေတာ္ အစ္ကို႔လက္ေအာက္မွာ အလုပ္လုပ္ဦးမွာပါဗ်ာ"
ျခင္း ေျပာင္စပ္စပ္နဲ႔ သူ႔ကိုစေသးသည္။
"ေခြးေကာင္ အေကာင္းေျပာေနတာကို ေျပာင္စပ္စပ္နဲ႔ "
"ဟားဟား ခ်စ္လို႔ပါ အစ္ကိုရာ"
"ငါ့မွာပိုင္ရွင္ရွိၿပီးသားေနာ္ ကေလးႏွစ္ေယာက္ေတာင္ရွိၿပီ မျပစ္မွားနဲ႔ "
"ဟာ အစ္ကို ကြၽန္ေတာ္ေျပာတာ ႐ိုး႐ိုးေလဗ်ာ"
ျခင္းမ်က္ႏွာႀကီးရႈံ႕မဲ့ကာ ျပာျပာသလဲရွင္းျပရွာသည္။
သူ႔ေခါင္းခါလိုက္ရင္း...
"သစ္သစ္လြင္ရဲ႕ ေနာက္ေၾကာင္းက ရႈပ္တယ္ LS groupရဲ႕ရွယ္ယာရွင္တစ္ေယာက္ရဲ႕သမီးပဲ ဦးမင္းရဲေခါင္လို႔ေခၚတယ္ ဒါေပမဲ့ အခုေသသြားၿပီ ရွယ္ယာကလည္းတျခားသူဝယ္သြားၿပီ သူ႔ေနာက္ေၾကာင္းကိုစုံစမ္းမရဘူး ငါေနာက္ကေန ရွယ္ယာေတာင္းဝယ္တာေတာင္ မေရာင္းေပးဘူး
ၿပီးေတာ့ သူ စားဖိုမႉးခ်ဳပ္ရာထူးနဲ႔ ေငြအလြဲသုံးစားလုပ္ထားတာေတြလည္းရွိတယ္ သစ္သစ္လြင္ ဒီေလာက္ထိလုပ္ရဲပုံေထာက္ရင္ သူ႔ေနာက္မွာ ေနာက္ခံတစ္ခုခုရွိရမယ္"
"ကြၽန္ေတာ္ထပ္ၿပီးစုံစမ္းလိုက္ပါမယ္"
သူ႔ေခါင္းခါသည္။
"ထပ္ၿပီး အရင္ကကိစၥေတြအစမေဖာ္ခ်င္ေတာ့ဘူး အလြဲသုံးစားလုပ္တာနဲ႔တင္ သစ္သစ္လြင္ကိုဖယ္ခ်လို႔ရၿပီ မင္းလည္းနားဦး ဝိုင္ကိုအခ်ိန္ေပးဦး မိသားစုနဲ႔ခရီးထြက္တာျဖစ္ျဖစ္အခ်ိန္ေပးလိုက္ဦး မဟုတ္ရင္ ဝိုင္ထပ္ၿပီးထြက္ေျပးသြားလိမ့္မယ္ "
"အဟြန္း "
ျခင္းရယ္သာရယ္ေနသည္။ သူ႔ေျပာမယ္ဆိုလည္းေျပာခ်င္စရာပင္။ ျခင္း ဝိုင္နဲ႔သားကိုအခ်ိန္မေပးတာ ၾကာခဲ့ၿပီမဟုတ္လား။ အခ်ိန္မေပးခဲ့ေပမဲ့ ဝိုင္နဲ႔သားကို အၿမဲတမ္းစိတ္ထဲရွိပါတယ္။ မနက္စာကိုအတူတူစားၿပီး ညစာကို အမွီျပန္စားပါသည္။ ဒါက မိသားစုမွာ ေႏြးေထြးတဲ့အျပဳအမူတစ္ခုမဟုတ္လား။
"ဒါဆို ကြၽန္ေတာ့္ခ်စ္ဇနီးဆီေျပးလိုက္ဦးမယ္အစ္ကို"
ျခင္း ရယ္ရယ္ေမာေမာနဲ႔ထြက္သြားသည္။
သူ႔လည္း ခ်စ္ရတဲ့ဇနီးနဲ႔ ကေလးေတြဆီဦးတည္လိုက္သည္။
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
သူ႔အခန္းထဲဝင္လာေတာ့ ကေလးေတြနဲ႔ ရာရာ ပီဇာစားေနၾကသည္။ ေဘးနားမွာလည္း ေဖ်ာ္ရည္ေတြေရာ တျခားမုန႔္ေတြေရာစုံေနသည္။
သူ႔အခန္းထဲဝင္လာတာျမင္ေတာ့ သုံးေယာက္သား သြားၿဖီးၿပီးရယ္ျပသည္။ သုံးေယာက္လုံးရဲ႕ပါးစပ္မွာ ေပပြေနသည္။
"ေဘဘီက ကေလးက်ေနတာပဲ ပါးစပ္မွာလည္းေပပြေနတာပဲ "
သူ႔က ေျပာလည္းေျပာ တစ္သွ်ဴးေတြနဲ႔ သုတ္ေပးသည္။
"မႈိင္းနဲ႔ေန႔ကစားခ်င္တယ္ဆိုလို႔ပါ ဦးသူ႔"
"ေမေမ အရင္တိုင္ပင္တာေလ "
မႈိင္းနဲ႔ေန႔အေပၚ ရာရာအျပစ္လြဲခ်ေတာ့ မႈိင္းကျပန္ေျပာသည္။
"အဟင္း တူတူပဲ "
"ေဖေဖ မႈိင္းကိုေရာ သုတ္ေပး"
"ေန႔ကိုေရာ "
ရာရာကို သုတ္ေပးေနတာကို မႈိင္းနဲ႔ေန႔က အားက်မခံ မ်က္ႏွာေတြ သူ႔ဆီတိုးကပ္လာသည္။ သူ႔ရယ္လိုက္ရင္း မႏိုင္ေတာ့ဘူးဆိုတဲ့ပုံစံနဲ႔ ေခါင္းခါသည္။ ကေလးေတြက အဲ့လိုပါပဲ။ ရာရာကိုနမ္းတာျမင္ရင္ သူတို႔ေလးေတြကိုလည္းနမ္းေပးရသည္။
"ဟုတ္ပါၿပီဗ်ာ "
ရာရာက သူ႔ျဖစ္သြားသည့္ပုံကိုၾကည့္ၿပီး ရယ္သည္။ ရာရာတို႔မိသားစုကို ဒီလိုေပ်ာ္႐ႊင္မႈမ်ိဳးပဲေပးပါ တစ္သက္လုံး...
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
"ဒုန္း ဒုန္း "
"ကစ္ကစ္ကြၽန္ေတာ့္ကို တံခါးဖြင့္ေပးပါ"
ကစ္ကစ္ရဲ႕တိုက္ခန္းေရွ႕မွာ ညအခ်ိန္မေတာ္ တံခါးကို ဆက္တိုက္ေခါက္ၿပီး ကစ္ကစ္နာမည္ကို ေအာ္ေခၚေနသည့္ မင္းမင္း။
"ကစ္ကစ္ "
"ဒုန္း ဒုန္း "
မင္းမင္းရဲ႕ဆူပူသံေၾကာင့္ တိုက္ခန္းေဘးက လူေတြက ထြက္ၾကည့္ၾကသည္။ သို႔ေသာ္ ကစ္ကစ္ထြက္မလာပါ။
"ကစ္ကစ္ ေက်းဇူးျပဳၿပီး ကြၽန္ေတာ့္ကို တံခါးဖြင့္ေပးပါ "
"ေကာင္ေလး ဆက္မေအာ္နဲ႔ေတာ့ မနက္ျဖန္မွျပန္လာခဲ့ "
"ဟုတ္တယ္ မင္းအဲ့လို ဆူေနရင္ ႀကီးေတာ္တို႔ဘယ္လိုအိပ္ရမွာလဲ "
တစ္ေယာက္ၿပီးတစ္ေယာက္ထြက္ေျပၾက၍ မင္းမင္း တိုက္ခန္းေရွ႕မွာ ေဘးကနံရံကိုမွီၿပီး ထိုင္ခ်လိုက္သည္။
ၿပီးေနာက္ ဖုန္းထုတ္ၿပီး ကစ္ကစ္ဆီဆက္သည္။ သို႔ေသာ္မကိုင္ပါ။
"မ ဖုန္းမကိုင္ရင္ ကြၽန္ေတာ္ ဒီမွာ တစ္ညလုံးေနမွာ "
ဆက္ေဆ့ခ္်ပို႔လိုက္ေပမဲ့ စာမျပန္လာပါ။
"မ ေက်းဇူးျပဳၿပီး ထြက္ခဲ့ပါ ကြၽန္ေတာ္ေျပာစရာေတြ ေတာင္းပန္စရာေတြအမ်ားႀကီးရွိေသးတယ္ ကစ္ကစ္ ကြၽန္ေတာ့္ကို ခြင့္လႊတ္ေပးပါ "
"ကြၽန္ေတာ္ေလ ေတာ္ေတာ္ယုတ္မာတာပဲ ကိုယ္လုပ္ခဲ့တဲ့အျပစ္ကို မမွတ္မိဘဲ မကို ဥေပကၡာျပဳထားမိလို႔ "
"မ ကစ္ကစ္ နားေထာင္ေနလား "
သူ႔အသံကိုၾကားရက္နဲ႔ ဥေပကၡာျပဳထားသည့္ ကစ္ကစ္။ တံခါးအျပင္ကိုမထြက္ခဲ့ေပမဲ့ သူ႔အသံကိုၾကားေနရသည္။
ကစ္ကစ္ သူ႔ကို ေတြ႕ဖို႔အားမရွိဘူး။ ငါထင္တာ နင္ငါ့အခ်စ္ေတြ သိျမင္လာတဲ့ေန႔ ငါတို႔ျဖစ္ခဲ့တာကို မွတ္မိမယ္လို႔ေလ။ အခုလို အေျခအေနမဟုတ္ဘူး။ မခ်စ္ဘဲနဲ႔ တာဝန္ယူခ်င္တာမ်ိဳးမလိုခ်င္ဘူး။ ဒါက အရင္ကအေတြးပါ။
ဒါေပမဲ့ သစ္သစ္လြင္ေမာင္ဆိုတာသိလိုက္ရေတာ့...
ကစ္ကစ္ စိတ္ကိုတင္းလိုက္ရင္း ရဲစခန္းကိုဖုန္းဆက္လိုက္သည္။ မၾကာပါ ေရာက္လာၿပီး မင္းမင္းကိုေခၚသြားၾကသည္။
မင္းမင္းပါသြားၿပီဆိုကာမွ တံခါးဟၿပီးေခ်ာင္းၾကည့္လိုက္သည္။
"နင္သာ သစ္သစ္လြင္ရဲ႕ေမာင္ဆိုတာ အေစာကတည္းကသိခဲ့ရင္ေကာင္းမယ္ ဒါဆို အဲ့တုန္းက ႐ူးမိုက္တဲ့အေတြး ဝင္ခဲ့မိမွာမဟုတ္ဘူး "
ငိုတာအရမ္းၾကာသြားလို႔ထင္သည္။ အခန္းထဲကိုျပန္လွည့္ဝင္ခ်ိန္မွာ ေခါင္းက မိုက္ခနဲျဖစ္သြားသည္။ ေခါင္းကတဆစ္ဆစ္နဲ႔ထိုးကိုက္ေနၿပီး အသက္ရႉမဝသလိုခံစားလာရသည္။ နဖူးျပင္ေျပေျပေလးမွာ ေခြၽးေစာေတြပ်ံလာသည္။
"ဟင္း ငါဘာျဖစ္ေနတာလဲ "
ကစ္ကစ္ရဲ႕ခႏၶာကိုယ္က အခုတေလာအရမ္းထူးဆန္းလာသည္။ အနံ႔ျပင္းျပင္းေတြဆို မခံႏိုင္။ အန္ျပန္ရင္လည္း ေလသာအန္ထြက္သည္။
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
"ေတာက္စ္ မင္းမင္း နင္႐ူးေနၿပီလား "
သစ္သစ္လြင္ ေဒါသအႀကီးအက်ယ္ထြက္ရတဲ့အေၾကာင္းအရင္းက မင္းမင္းကို ရဲစခန္းက ေခၚလာရ၍ျဖစ္သည္။ မိန္းကေလးတစ္ေယာက္ကို ေႏွာင့္ယွက္မႈနဲ႔ အခ်ဳပ္ထဲေရာက္လာတာတဲ့။
မင္းမင္းကေတာ့ သစ္သစ္လြင္အေမးကို ျပန္မေျဖဘဲ ကားကူရွင္ကိုမွီၿပီး မ်က္လုံးမွိတ္ထားသည္။
"ကစ္ကစ္ကဘာမို႔လို႔လဲ သူေတာင္ တာဝန္ယူဖို႔မေျပာတာ နင္ကဘာျဖစ္ေနတာလဲ "
"ကြၽန္ေတာ္တာဝန္ယူခ်င္တာ ကြၽန္ေတာ္က်ဴးလြန္ခဲ့တဲ့အျပစ္ေၾကာင့္ပါ မမ "
"မင္းဒီလိုတြယ္ကပ္ေနတာ သူအတြက္ေကာင္းမယ္ထင္ေနလား ဟမ္ ဆာကူရာနဲ႔ကစ္ကစ္က မင္းကိုလွည့္ၾကည့္မယ္ထင္လို႔လား ဟြန္း အိမ္မက္ထဲက ႏိုးလိုက္ေတာ့ အဟက္ တာဝန္ယူမယ္ အဲ့တာလြယ္တယ္မွတ္ေနလား မင္းမင္း"
"ကြၽန္ေတာ့္ကို ဒီနားမွာပဲခ်ေပးပါ "
"မင္းမင္း "
သစ္သစ္လြင္ သူေျပာသည့္စကားကိုနားထဲမဝင္ဘဲ ေျပာလာသည့္စကားေၾကာင့္ စိတ္တိုသြားသည္။ သူမမွာေတာ့ ေမာင္တစ္ေယာက္ ရဲစခန္းေရာက္တယ္ဆိုလို႔ လာထုတ္ေပးလိုက္ရတာ။ သူကေတာ့ ကန္ထုတ္ေနတယ္။
"ရပ္ေပးမယ္ နင္က သနားဖို႔မေကာင္းတဲ့ေမာင္ ဒီလိုအသုံးမဝင္တာေတြလုပ္ဖို႔ နင့္ကို ေကြၽးေမြးခဲ့တာမဟုတ္ဘူး "
သစ္သစ္လြင္က ကားကိုလမ္းေဘးတစ္ေနရာမွာ ရပ္ၿပီးေျပာသည္။
သူ မမကို ျပန္မေျပာခ်င္ေတာ့ပါ။ အင္းေလ ကြၽန္ေတာ္က မမ လိုရင္အသုံးျပဳမဲ့သူပဲ။ ဒါေပမဲ့ ကြၽန္ေတာ္လည္း လူသားပါမမ။ ခံစားတတ္တဲ့ႏွလုံးသားရွိတယ္။ ခ်စ္တတ္တယ္၊နာက်င္တတ္တယ္။ အခု ကြၽန္ေတာ့္အသည္းေတြ ေႂကြက်မတတ္နာက်င္ေနရတယ္။ မမဒါကိုသိရဲ႕လား???
ထိုညက မင္းမင္း အျပင္မွာ အက်ႌလက္တိုနဲ႔တစ္ညလုံး ထိုင္ေနခဲ့သည္။
"ကြၽန္ေတာ္မွတ္မိသြားၿပီ ကစ္ကစ္ "
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
ေနာက္တစ္ေန႔ မနက္ပိုင္းမွာ သူ႔ေဆး႐ုံကဆင္းသည္။ ရာရာက သူ႔ေဆး႐ုံကဆင္းတာကို မေက်နပ္ဘဲ စူပုတ္ပုတ္နဲ႔လိုက္လာသည္။
"ေဘဘီ "
"ဟြန္း "
မဲ့တဲ့တဲ့လုပ္ကာ မ်က္ႏွာလႊဲသြားသည္။
"စိတ္မဆိုးရဘူးေလ ကိုယ္တစ္ကယ္အားျပန္ျပည့္သြားတာ "
"ေဆး႐ုံတက္တာ ႏွစ္ရက္ေက်ာ္ေက်ာ္ေလးပဲရွိတာေလ ခ်က္ခ်င္းဘယ္လိုအားျပည့္မွာလဲ "
"အဟြန္း ကိုယ့္မွာ ေဘဘီဆိုတဲ့အားေဆးရွိတယ္ေလကြာ ေဘဘီေပးတဲ့အားေဆးေၾကာင့္ ကိုယ္အားျပန္ျပည့္သြားတာ"
"ဦးသူ႔အပိုေတြ ေျပာမေနနဲ႔ နမ္းတိုင္း အားျပည့္ရင္ နမ္းပဲနမ္းေနေတာ့မွာေပါ့ "
"ရတယ္ ကိုယ္အဆင္ေျပတယ္ ကိုယ့္အတြက္ေတာ့ ေဘဘီ့အနမ္းက အားေဆးျဖစ္တယ္ အခုေပးမလို႔လား ကိုယ္ကားရပ္လိုက္မယ္"
ရာရာစိတ္တိုေနတာကို သူ႔ေျပာင္ေခ်ာ္ေခ်ာ္လုပ္ကာ ကားကိုလမ္းေဘးထိုးရပ္ဖို႔လုပ္သည္။
"ဦးသူ႔ ဘယ္လိုျဖစ္ေနတာလဲ မရပ္နဲ႔"
သူ႔လက္ေမာင္းကို ထု႐ိုက္ရင္း မ်က္ေစာင္းပါထိုးသည္။သူ႔ ရာရာလက္ေလးကို လက္တစ္ဖက္နဲ႔ဆုပ္ကိုင္လိုက္သည္။
"ကိုယ့္အတြက္ ေဘဘီက အရာရာပဲ ဒါေၾကာင့္စိတ္မေကာက္နဲ႔ေတာ့ ေနာ္"
"ဟုတ္ "
ဒီလိုက်ေတာ့လည္း လိမၼာေနသည္။ ရာရာ့ပုံစံက ဘယ္လိုေလးမွန္းမသိ။ စေတြ႕ကတည္းက ပုံစံက အခုဒီပုံစံေလးဘဲ။ အသက္သာရလာၿပီး ကေလးႏွစ္ေယာက္ရွိလာတာ ရာရာ့ပုံစံေလးက တစ္ကယ့္ကေလးအတိုင္းပဲ။
တစ္ခါတစ္ေလ ကေလးဆိုေပမဲ့ တစ္ခါတစ္ေလ နားလည္လြယ္သည္။ အူတူတူပုံစံနဲ႔ တုံးအလြန္းသည့္ ခ်စ္ဇနီးေလး။ (အယုံလြယ္တာေၾကာင့္ တုံးအတယ္လို႔ေျပာလိုက္တာပါ)
"ေဘဘီ "
"ရွင္ "
"ကိုယ္မင္းကို ခဏခဏေျပာဖူးတယ္ ကိုယ့္ကိုယုံၾကည္ေပးပါလို႔ေလ ဒါေပမဲ့ မင္းအၿမဲတမ္းလုပ္ခ်င္ရာလုပ္တယ္ ေနာက္တစ္ခါ ထပ္ေျပာပါရေစ ကိုယ့္ကိုယုံပါ တျခားဘယ္သူ႔ကိုမွ မၾကည့္ဘဲ ကိုယ့္ကိုၾကည့္ပါ ေနာက္တစ္ခါ ေဘဘီကိုယ့္ကိုမယုံရင္၊ေနာက္တစ္ခါ မင္းကိုယ့္ကိုျပစ္သြားရင္ ကိုယ္ဘာကိုမွဂ႐ုမစိုက္ေတာ့ဘဲ ေသျပစ္လိုက္မွာ "
"ဦးသူ႔ ရာရာကေလ..."
သူ႔ဒီလိုေျပာေတာ့လည္း ရာရာ့မ်က္ႏွာ ဇီး႐ြက္ေလာက္သာရွိေတာ့သည္။ မ်က္ႏွာငယ္ေလးနဲ႔ သူ႔ကိုအျပစ္ရွိသလိုၾကည့္သည္။
"ကိုယ္စိတ္ဆိုးေနတာမဟုတ္ဘူးေနာ္ ေဘဘီ ကိုယ့္စိတ္ကိုအသိေပးတာ "
"ဟုတ္ ရာရာေနာက္တစ္ခါ လုပ္ခ်င္ရာမလုပ္ေတာ့ပါဘူးေနာ္ "
"လုပ္ခဲ့ရင္လည္း ကိုယ္ထပ္ၿပီးဆြဲထားဦးမွာပဲ ကိုယ့္ရင္ခြင္မွာ မင္းတစ္သက္လုံးေနရေအာင္လုပ္မွာ "
"ရာရာသိပါတယ္ ဒါေၾကာင့္ ေနာက္ခါ ေသမယ္ဆိုတဲ့စကားမေျပာပါနဲ႔ေနာ္"
"ေနာ္ လို႔ "
ရာရာသူ႔ကို ငိုမဲ့မဲ့နဲ႔ေျပာသည္။ သူ႔ေခါင္းၿငိမ့္လိုက္မွ ၿပဳံးရယ္ၿပီး သူ႔လက္ေမာင္းကို မွီကာ လက္ကိုခိုးနမ္းသည္။
ကားေမာင္းေနတာေၾကာင့္ေနာ္။ မဟုတ္ရင္ ရာရာ့တစ္မ်က္ႏွာလုံးကိုအနမ္းေႁခြျပစ္မွာ။
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
(တစ္ပတ္ခန႔္ၾကာၿပီးေနာက္~~~)
သူ႔က ျခင္းကိုခြင့္ေပးလိုက္၍ ဝိုင္နဲ႔အတူ သားကိုပါေခၚကာ ခရီးထြက္သြားၾကသည္။ မႈိင္းနဲ႔ေန႔က ေရေဆာ့တာမ်ားသြား၍ ဖ်ားသည္။ ထို႔ေၾကာင့္ ရာရာဟိုတယ္ကိုမလိုက္ဘဲ အိမ္မွာသာေနခဲ့သည္။ ကေလးေတြက ရာရာ့အနားပဲကပ္ေနသည္။
ေန႔လည္ေရာက္ေတာ့ ေဆာင္းက ရာရာအိမ္မွာ ကေလးေတြကိုလာၾကည့္ေပးသည္။
"ေဒါက္တာလို႔မေခၚပါနဲ႔ ရာရာ ကြၽန္မကို ေဆာင္းလို႔ေခၚလို႔ရပါတယ္ "
"ဟုတ္ ရာရာတျဖည္းျဖည္းခ်င္းျပင္ပါ့မယ္ ေဒါက္ အဲ ေဆာင္း "
"ဟင္းဟင္း "
"ၿပီးေတာ့ ကြၽန္မေတာင္းပန္ပါတယ္ တစ္ကယ္ကိုအႏူးအၫြတ္ေတာင္းပန္ပါတယ္ ရာရာကိုေမာ့ၾကည့္ဖို႔ အင္အားမရွိဘူး "
"ရာရာေမ့ဖို႔ႀကိဳးစားေနတာမလို႔ ေဆာင္းလည္းေမ့ဖို႔ႀကိဳးစားပါ ဒီကေလးက ရာရာတို႔ဘဝထဲ ဝင္ဖို႔ကံမပါဘူးလို႔ပဲ မွတ္ယူရမွာေပ့ါ"
"ကြၽန္မျပန္ေတာ့မယ္ ညေနမွ ေနာက္ထပ္တစ္ခါ လာၾကည့္ေပးမယ္ "
"ေက်းဇူးတင္ပါတယ္ ေဆာင္း "
မလိုပါဘူး။ ရာရာက ေဆာင္းဘဝကို ကယ္တင္ထားတဲ့သူပဲ။ ေဆာင္း ရာရာတို႔မိသားစုအတြက္ အဆုံးထိေပးဆပ္သြားပါမယ္။
ညေန သူ႔ျပန္လာေတာ့ ရာရာ စိုးစိုးလုပ္ေပးထားတဲ့ သံပရာရည္ခြက္ကို ယူကာ ဦးသူ႔ဆီလာခဲ့သည္။
"ဦးသူ႔ သံပရာရည္ေသာက္လိုက္ဦး "
"အင္း "
သူ႔ေသာက္ၿပီးေတာ့ ခြက္ကို စိုးစိုးကျပန္ယူသြားသည္။ သူ႔နဲ႔ရာရာ အခန္းဆီတက္လာရင္း အဝတ္လဲခန္းမွာ ဦးသူ႔ကို အဝတ္လဲဖို႔ ကူညီသည္။
"ဦးသူ႔ ျခင္းမရွိေတာ့ ပင္ပန္းေနမွာပဲ "
"အင္း ကိုယ့္ကိုအားေဆးေပး "
သူ႔က ရာရာ့ခါးကို ဆြဲဖက္လိုက္ကာ ႏႈတ္ခမ္းကို စုပ္ယူနမ္းရႈိက္သည္။ ရာရာအလိုက္သင့္ပင္ သူ႔ခါးကို ဖက္လိုက္ရင္း သူ႔အနမ္းေတြကို ခံယူေနသည္။
"အာ့ အြန္း..."
သူ႔ရာရာကို ခါးကေနေပြ႕ခ်ီကာ ေဘးနားက နက္ကတိုင္ေတြထည့္သည့္ ဗီ႐ိုအေသးေလးေပၚမတင္လိုက္သည္။ ရာရာခႏၶာကိုယ္ေလးကို လက္ႏွစ္ဖက္နဲ႔ညႇပ္ၿပီး အနမ္းေႁခြျပန္သည္။
"ဘုတ္ ဘုတ္ "
ရာရာအသက္ရႉၾကပ္လာ၍ သူ႔ရင္ဘတ္ကို ထု႐ိုက္ကာ တြန္းထုတ္သည္။
"ေတာ္ ေတာ္ေတာ့ေနာ္ ရာရာအသက္ရႉမဝေတာ့ဘူး"
ရာရာတစ္ကယ္ေမာေနပုံရသည္။ စကားေျပာတာ အသက္ရႉသံျပင္းေနသည္။ သူ႔ ႏွစ္လိုစြာၿပဳံးၿပီး ရာရာကို ေအာက္ျပန္ခ်ေပးလိုက္ရင္း အက်ႌကိုေသခ်ာျပန္ျပင္ေပးလိုက္သည္။
"တစ္ကယ့္အခြင့္အေရးသမားႀကီးေနာ္ ဦးသူ႔"
"အဟြန္း မင္းနဲ႔မွပါ "
"ဟြန္း "
"ကိုယ္ေဘဘီ့ကိုတစ္ခုေမးစရာရွိေသးတယ္ ေရခ်ိဳးၿပီးမွ ဆက္ေျပာေတာ့မယ္"
"ဟုတ္ ျမန္ျမန္ခ်ိဳးေနာ္ "
"အတူတူခ်ိဳးမလား "
ရာရာ့မ်က္ေစာင္းက သူ႔ဆီ ဒိုင္းခနဲေရာက္လာသည္။
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
ညဘက္ မႈိင္းနဲ႔ေန႔ကို ေဆးေသာက္ သိပ္ၿပီးေတာ့ရာရာ အခန္းထဲျပန္ဝင္လာေတာ့ ဦးသူ႔က စာရင္းဇယားေတြကို စစ္ေနသည္။
"ဦးသူ႔"
ရာရာ သူ႔ေဘးဝင္ထိုင္လိုက္ရင္း လက္ေမာင္းကို ဖက္ထားလိုက္သည္။
"ေမးစရာရွိတယ္ဆို "
"အင္း ကစ္ကစ္ေရာ မင္းေယာက္်ားပါ အလုပ္မတက္လို႔ ေဘဘီနဲ႔အဆက္အသြယ္ရလားလို႔ေမးမလို႔ "
"ဟင္ ဟုတ္လား ရာရာ့ဆီေတာ့ဆက္မလာၾကဘူး"
"ေဘဘီ့တိုက္ခန္း ကစ္ကစ္ကိုေနဖို႔ေျပာၿပီးၿပီလား"
"အာ ဟုတ္သားပဲ ရာရာေမ့ေနတာ ေျပာမယ္ေျပာမယ္နဲ႔ သတိမရဘူး မနက္ျဖန္မွ ကစ္ကစ္ဆီသြားလိုက္မယ္ "
"ကိုယ္က အဲ့တာေမး႐ုံပါပဲ ေဘဘီအရင္အိပ္ႏွင့္လိုက္ ကိုယ္စစ္တာမၿပီးေသးဘူး "
"ဟုတ္ အရမ္းညနက္ထိ မေနနဲ႔ေနာ္ ဦးသူ႔"
"ဟုတ္ပါၿပီဗ်ာ အိပ္ေတာ့ ေဘဘီေလး ကိုယ့္ကေလးေတြဂ႐ုစိုက္ရတာ ပင္ပန္းေနမွာပဲ"
"ဟုတ္ "
ရာရာက သူ႔ပါးကို လွ်ပ္တျပတ္နမ္းၿပီး ကုတင္ေပၚေျပးသြားသည္။ ဂြန္းကပ္ကို ေခါင္းထိဆြဲၿခဳံကာ ၿငိမ္က်သြားသည္။
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
ဆက္ရန္
Author-သက္တန႔္ေရာင္ျခယ္