ဦးဖန်တီးသောအချစ်သင်္ကေတ/ဦးဖန္...
By ThetThentYaungChel
172K 4.4K 139
(၅)နှစ်ကြာပြီးနောက်ပိုင်း သူနဲ့ရာရာတို့ကြား အနှောင့်အယှက်တွေပေါ်လာခဲ့ပါတယ်။ "‌ကိုယ်မင်းကို ခဏခဏပြောဖူးတယ် ကို... More
Part(1)
Part(2)
Part(3)
Part(4)
Part(5)
Part(6)
Part(7)
Part(8)
Part(9)
Part(10)
Part (11)
Part(12)
Part(13)
Part(14)
Part(16)
Part(17)
Part(18)
Part(19)
Part(20)
Part(21)
Part(22)
Part(23)
Part(24)
Part(25)
Part(26)
Part(27)
Part(28)
Part(29)
Part(30)
Part(31)
Final Part-Part 32
တောင်းပန်ခြင်းနှင့်ကျေးဇူးတင်ခြင်း
Season 3 [Completed]
Season 3 [Link]
Part(15)
4.5K 123 0
By ThetThentYaungChel
Unicode+Zawgyi
❣️ဦး ဖန် တီး သော အ ချစ် သ င်္ကေ တ❣️
                💫Season 2💫
                  💫Part (15)💫
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
"အင်းဟင်း "
နားထဲမှာ ညည်းသံလိုလို အိမ်မက်ယောင်သံလို ကြားလိုက်ရ၍ သူ့နိုးလာသည်။ ဘေးကိုစမ်းကြည့်လိုက်တော့ ရာရာရှိမနေပါ။ သူ့အလျင်အမြန်ပင်ထကာ ရီမုဒ်ဖြင့်အခန်းမီးကိုဖွင့်လိုက်သည်။
"ရာရာ "
ညည်းသံက ဆိုဖာပေါ်ကလာနေတဲ့အသံဖြစ်ပြီး ဆိုဖာပေါ်မှာ ရာရာကွေးကွေးလေးအိပ်နေခြင်းဖြစ်သည်။
"ရာရာ ဘေဘီ "
"ဦးသူ့ ဦးသူ့လား "
"အင်း ကိုယ်ပါ ဘာလို့ ဒီမှာ အိပ်နေရတာလဲ"
"ရာ ရာ ဖျားနေတယ်ထင်တယ် ဦးသူ့ကိုအဖျားမကူးအောင် ဒီမှာလာအိပ်နေတာ "
ဟုတ်ပါသည်။ ရာရာ့ကိုယ်တွေပူကြပ်နေပြီး တုန်နေသည်။ ညကအဖြစ်အပျက်ကြောင့် လန့်ပြီးဖျားသွားဟန်တူသည်။
"ကျစ်...ကိုယ့်ကိုနိုးလိုက်မှပေါ့ကွာ "
"ဦးသူ့ပါဖျားရင် "
"ကိုယ်က ဖျားလည်းကိစ္စမရှိဘူး မင်းသက်သာရင်ရပြီ "
"ချမ်း ချမ်းတယ်"
ရာရာကို ပွေ့ချီလိုက်တော့ အလိုက်သင့်ပါလာသည်။ ခန္ဓာကိုယ်ချင်းထိမိမှ တော်တော်ဖျားနေပြီဆိုတာသိလိုက်ရသည်။ ကုတင်ပေါ်တင်ကာ စောင်အရင်ခြုံပေးလိုက်သည်။ အောက်ထပ်ကိုပြေးဆင်းကာ ရေပတ်တိုက်ပေးဖို့ တဘတ်အသေး‌နဲ့ရေသွားယူရသည်။
နာရီဝက်လောက်ထိဆက်တိုက် ရေပတ်တိုက်ပေးပြီးတော့မှ ကိုယ်က သိပ်မပူတော့။ စောင်ခြုံထား၍ ချွေးစလေးတွေထွက်လာသည်။
အဝတ်လဲခန်းက ရာရာဝတ်ရလွယ်မဲ့အဝတ်ကိုရွေးကာ လဲပေးလိုက်သည်။ အဖျားပျောက်ဆေးတိုက်ပြီး ပြန်အိပ်ခိုင်းရသည်။
ရာရာအိပ်ပျော်သွားမှ နာရီကိုကြည့်မိသည်။ မနက်သုံးနာရီပင်ထိုးပြီဖြစ်သည်။ သူ့ဆက်အိပ်လို့မရ၍ အောက်ထပ်ကိုဆင်းခဲ့သည်။
ရေခဲသေတ္တာထဲက ရေဘူးကိုယူခါ ရေသောက်လိုက်သည်။ ပြီးနောက် ထိုင်ခုံတစ်ခုမှာထိုက်လိုက်သည်။
သစ္စာရှင်က ဘယ်သူလဲ။ သူနဲ့ပတ်သတ်ခဲ့ဖူးသည့်မိန်းကလေးတော့မဖြစ်နိုင်။ သူနဲ့ပတ်သတ်ဖူးရင် သူမှတ်မိနေရမှာပေါ့။ ဘာလို့မမှတ်မိရတာလဲ။
ဆောင်းနဲ့ပတ်သတ်သူဆိုရင် သေချာပေါက် ဂျပန်မှာ သစ္စာရှင်နာမည်ရှိနေရမှာ။ ဘာလို့ဘာမှမရှိတာလဲ။
သူ့စဉ်းစားရင်းနဲ့စိတ်တိုလာသည်။ မျက်နှာကို အကြောင်းမဲ့ပွတ်သပ်ပြစ်လိုက်ရင်း မျက်ရည်တွေပါကျလာသည်။ သူချစ်တဲ့သူတွေကိုကာကွယ်ဖို့ သူဘယ်လိုလုပ်မှရမှာလဲ??
"အစ်ကို "
အနောက်ဘက်ကနေ ခြင်းအသံကြားလိုက်၍ သူ့မျက်ရည်တွေကို သုတ်ပြစ်လိုက်သည်။
"ဘာလဲ အစောကြီးနိုးနေတာလား "
"အိပ်မရဘူး အိပ်ယာပြောင်းတာရော ညကအဖြစ်အပျက်ကြောင့်ရော အစ်ကိုနဲ့ရာရာကို စိုးရိမ်လို့ "
"ငါကအဆင်ပြေပါတယ် ရာရာကတော့ လန့်ပြီးဖျားသွားတယ်ထင်တယ် သေနတ်ကိုမြင်လိုက်ရတော့ အများကြီးလန့်သွားတာ "
"အစ်ကို အခုဘာဆက်လုပ်မလဲ "
"ရှာရမှာပေါ့ မနက်ဖြန် ဂျပန်ကိုသွားမယ် ဆောင်းရဲ့ပထွေးကိုတွေ့ပြီး အဖြေရှာရမှာပေါ့ ဒီကိစ္စကို မြန်မြန်အဆုံးသတ်ရမယ်"
"ကျွန်တော်လည်း လိုက်မယ် "
"ဟင့်အင်း မင်းက ရာရာအနားမှာနေပေးပြီး ဂရုစိုက်ပေးပါ "
"ဒါပေမဲ့ ဆောင်းရဲ့ပထွေးက "
"ငါကိုင်တွယ်နိုင်ပါတယ် "
သူတို့နှစ်ယောက်ကြား အတွေးကိုယ်စီနဲ့တိတ်ဆိတ်သွားရသည်။
တစ်နေ့ ကံတရားက သူတို့ဘက်ကို မျက်နှာသာပေးမှာပါ။
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
«မနက်လင်းသော်»
မဟူရာတစ်ယောက် မနက်စောစော သတင်းကြည့်ရင်း သူ့တို့အိမ်မှာ ဖြစ်ခဲ့သည့်အမှုအကြောင်း တွေ့သွားပြီး အိမ်ရောက်လာပါသည်။
"သူ့တို့အဆင်ပြေလား "
"ပြေတယ် လာမေးပေးလို့ကျေးဇူးပဲ "
"ဘုရားရေ နောက်ထပ်ကျေးဇူးတင်စကားကြားရပြန်ပြီ "
"ဘာလဲ ဒီစကားက ကြားရခဲလို့လား "
"ဟုတ်တယ် မင်္ဂလာပွဲပြီးကတည်းက ဒီစကားမကြားရတော့တာ "
"အဟွန်း "
"ရာရာရော "
"ဖျားနေတယ် အခုထိမနိုးလာသေးဘူး "
"ဟုတ်လား မနေ့ညကကိစ္စကြောင့်လား "
"အင်း လန့်သွားတယ်ထင်တယ် "
"ဘယ်မိန်းကလေးက ရူးမိုက်ပြီး သေနတ်နဲ့ပစ်ဖို့ထိလုပ်ရတာလဲ "
"မသိဘူး အတော်ရူးနေပုံရတယ် "
"ဘယ်သူလဲ လုပ်ကြံသူက "
"သစ္စာရှင် ဒီနာမည်ကြားဖူးလား "
"သစ္စာရှင် ဟင့်အင်း ပထမဆုံးကြားဖူးတာပဲ"
ရင်းနှီးသလိုခံစားရပေမဲ့ နာမည်ကစိမ်းနေသည်။ ဘယ်လောက်ပဲစဉ်းစားစဉ်းစားဒီအဖြေပဲထွက်လာသည်။
"အင်းလေ သူက ဓာတ်ပုံပညာရှင်ပဲ မင်းကဘယ်သိမှာလဲ "
"အခုသိသွားပြီလေ "
သူ့ကပြုံးရုံသာပြုံးသည်။ မဟူ သူ့ရဲ့ပုံစံကိုကြည့်ပြီး စိတ်မကောင်းမိ။ အတော်ခံစားနေရမှာပဲ။
"မဟူ တစ်နေကုန် ဒီမှာနေမှာ
မှိုင်းနဲ့နေ့ကိုမတွေ့တာကြာတော့ တွေ့ချင်တယ် "
"ဒါဆို ရာရာကိုရော အကူအညီတောင်းပါတယ်"
"ရပါတယ် မဟူတို့က ရင်းနှီးတဲ့သူတွေပဲ သူ့က ရာရာကို အပ်နေတာ ဘယ်သွားမလို့လဲ "
"ဂျပန် "
"ဪ ဒါဆို ဟန်ပန်ကိုရော သတိရတယ်ပြောလိုက်ပါ သူ့လည်းသွားတွေ့လိုက်ဦး "
"ကောင်းပြီ "
မဟူက ပြောနေရင်းမှ မှိုင်းနဲ့နေ့ကိုမြင်လိုက်၍ ပြေးသွားသည်။ မဟူရာကတော့ အခုထိ အပျိုကြီးပါပဲ။ ရည်းစားထားပေမဲ့ ယောက်ျားယူဖို့အစီအစဉ်မရှိဘူးဟုကြိမ်းဝါးထားသူဖြစ်သည်။
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
"အစ်ကို အစစအရာရာဂရုစိုက်ပါ စစ်ကူလိုအပ်ရင် ခေါ်လိုက်ပါ ချက်ချင်းလိုက်လာခဲ့မယ်"
"မလိုပါဘူး ရာရာကိုသာ ဂရုစိုက်ပါ နိုးလာရင် သေချာရှင်းပြပေး "
"စိတ်ချပါ အစ်ကိုရာ ရာရာ့ကို ကျွန်တော်ရော ဝိုင်ရော သေချာစောင့်ကြည့်နေမှာ "
"ကျေးဇူးပဲ "
သူ့ခြေလှမ်းတွေယိုင်နဲ့သွားသည်။ ခေါင်းကမူးဝေလာပြီး အားမရှိတော့သလိုခံစားရသည်။ ခြင်းက သူ့လဲမကျအောင် ထိန်းထားပေးသည်။
"အစ်ကို ရရဲ့လား အခု သစ္စာရှင်ကိုဖမ်းထားပြီပဲ နောက်မှ "
"ရတယ် ပြဿနာရဲ့အရင်းအမြစ်ကိုသိမှ ရာရာအတွက် အန္တရာယ်ကင်းမှာ ငါသွားမှဖြစ်မယ်"
ခြင်းပုခုံးကို ဖိညှစ်ကာ သူ့ကျောခိုင်းပြီး လေဆိပ်ထဲဝင်သွားသည်။
ဆောင်းရဲ့ပထွေးကို အစ်ကိုထိန်းချုပ်နိုင်ပါစေ။
မဟုတ်ရင် သစ္စာရှင်ကြောင့် အစ်ကို လဲကျတော့မယ်။ ရန်သူမကျဆုံးခင် လဲကျလို့မဖြစ်ဘူးလေ။
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
သူ့ကိုလေဆိပ်ပို့ပြီးပြန်လာတော့ ဝိုင်နဲ့အတူ ရာရာဘေးနားမှာနေဖြစ်သည်။
သူ့ထွက်သွားပြီး (၆)နာရီကြာသည်ထိ ရာရာအိပ်နေဆဲပင်။ မနေ့ညက သူ့ဆေးတိုက်တာ အိပ်ဆေးများသွားသည်ထင်ပါသည်။ရာရာကနှစိခြိုက်စွာအိပ်ပျော်နေသည်။
"ခြင်း ရာရာကဘာလို့မနိုးလာသေးတာလဲ "
"မနေ့ညကအိပ်ရေးပျက်လို့နေမှာပေါ့ကွာ သူလည်းလန့်မှာပေါ့ "
"အင်းနော် ဘေးလူဖြစ်တဲ့ ဝိုင်တောင်လန့်နေတာ ရာရာဆို ဘယ်လိုနေမလဲ "
"ပြီးပြီးသားတွေပြန်မပြောပါနဲ့တော့ကွာ စိတ်ဆင်းရဲစရာတွေကို ဒီလောက်နဲ့လွှင့်ပြစ်လိုက် "
"အမှန်ဆို ရာရာဒီအချိန်နိုးသင့်ပြီမဟုတ်လား "
"ပင်ပန်းလို့ဖြစ်မှာပေါ့ "
ဝိုင်ကမေးလိုက် ခြင်းကဖြေလိုက်နဲ့။ သို့သော် ခြင်းကဘာကိုစဉ်းစားနေသည်မသိပါ။ မျက်နှာမကောင်းပေ။ ဝိုင်လည်း ရာရာမနိုးလာသေး၍ ထိုင်မရထမရ။
"ခြင်း နင်ဘာဖြစ်နေတာလဲ "
"ရာရာကိုစိတ်ပူလို့ အစ်ကို့ကိုလည်းစိတ်ပူတယ်"
"စိတ်လျော့ထားပါ အစ်ကိုဒီကိစ္စကို ကိုင်တွယ်နိုင်မှာပါ "
"အင်း "
ဝိုင် သူ့ကိုအားပေးလိုက်ပေမဲ့ ဝိုင်လည်းစိုးရိမ်မိပါသည်။ နိုင်ငံရပ်ခြားကို တစ်‌ယောက်တည်းသွားပြီးပြဿနာရှင်းရသည့်အစ်ကိုတစ်ယောက် ဘာပြဿနာမှထပ်မဖြစ်ဘဲ ဘေးကင်းပါစေလို့ဆုတောင်းနေယုံမှအပ...
"အင်း ဟင်း ရေ ရေပေးပါ "
ရာရာနိုးလာလာခြင်း အာခြောက်နေ၍ ရေအရင်ဆုံးတောင်းသည်။ နားထဲမှာ စကားသံတွေကြားနေရပေမဲ့ ဘာပြောနေမှန်း သေချာမကြားရပါ။
"ရာရာ သတိရလာပြီ ရေ ရေကဒီမှာ "
ဝိုင်က ရေကိုခွက်ထဲထည့်ကာ ရာရာကိုတိုက်သည်။
"နင်တို့က ဘာလို့ဒီရောက်နေတာလဲ ဦးသူ့ရော "
"ငါတို့နင့်ကိုမနက်ကတည်းကစောင့်ကြည့်‌နေတာ"
"ဘာလို့လဲ ဦးသူ့ ဦးသူ့ကရော ဘယ်သွားတာလဲ"
"အစ်ကို အလုပ်ကိစ္စနဲ့ ဂျပန်သွားတယ် "
"ဟင် အလုပ်ကိစ္စ "
"အင်း အရမ်းအရေးကြီးတဲ့အလုပ်ရှိလို့ ဂျပန်ကိုသွားရတယ် မသွားခင် နင့်ကို ဂရုစိုက်ဖို့တဖွဖွမှာနေခဲ့တာ ပြီးတော့ သူ့သွားခဲ့တာ ရှင်းစရာကိစ္စလေးတွေရှိနေခဲ့လို့ နင်နိုးတာကို မစောင့်သွားခဲ့တာ"
"အဟင့် ဦးသူ့ထပ်ပြီး ငါမသိဘဲ ဆုံးဖြတ်ချက်ချသွားပြန်ပြီ "
"နင်တို့‌မိသားစု ကောင်းဖို့ပါ ရာရာ အစ်ကိုကနင့်အတွက်တွေးပြီး ဂျပန်ကိုသွားခဲ့တာ အခုဖြစ်နေတဲ့ကိစ္စတွေအမြန်ရှင်းအောင် သွားခဲ့တာ ဒါကိုနင်နားလည်မယ်ထင်တယ် "
"ငါနားလည်ပါတယ် ငါက ဦးသူ့ဆီက စကားကိုကြားချင်ယုံပါ "
"ထင်တယ်အစ်ကိုကနင့်အကျင့် နင့်စိတ်ကိုသိလို့ voice messageချန်သွားတယ် နားထောင်လိုက်ပါ "
ရာရာ့လက်ထဲဖုန်းကိုထည့်ပေးကာ ဝိုင်နဲ့ခြင်းထွက်သွားသည်။
ရာရာ့ဖုန်းထဲမှာ ရှိတဲ့ မဖတ်ရသေးတဲ့voice messageနှစ်ခု။
"ဘေဘီ ကိုယ်အခု မင်းရဲ့ဘေးမှာ ကိုယ်နာရီဝက်နေရင် ဂျပန်ကို သွားတော့မှာ မသွားခင် မင်းရဲ့မျက်နှာကို ငေးကြည့်နေတာ...
ကိုယ်မင်းနိုးအောင်ထိ စောင့်ချင်ပေမဲ့ ကိုယ်ထပ်စောင့်နေရင် နောက်ကျသွားမှာစိုးရိမ်မိတယ်
ကိုယ်ဆောင်းရဲ့ပထွေးကိုသွားတွေ့ပြီးဖြေရှင်းစရာကိစ္စရှိနေလို့ အမြန်သွားရမယ် "
"ကိုယ်မရှိတဲ့နှစ်ရက်၊သုံးရက်အတွင်း ကျန်းမာအောင်နေပေးပါ ကိုယ်ပြန်လာရင် မင်းမသိဘဲထွက်သွားတဲ့အတွက် အပြစ်ဒဏ်ခံယူပါမယ်
ချစ်တယ် ရာရာ ဒီ(၇၂)နာရီပြီးရင် ကိုယ်မင်းရှေ့ရောက်အောင်ပြန်လာခဲ့မယ်
သွားပြီနော် ဘေဘီ ကိုယ်ဖုန်းပိတ်ရတော့မယ် ကိုယ်ဂျပန်ရောက်ရင် ဖုန်းဆက်လိုက်မယ် "
တဲ့။
အသံဖိုင်က ဦးသူ့အသံက တိုးလျပြီး တည်ကြည်နေသည်။ ရာရာအားတင်းပြုံးလိုက်ရင်း ခေါင်းငြိမ့်လိုက်သည်။ ဒီအပြုအမူက ဦးသူ့စကားကိုနားထောင်ပါမယ်ဆိုတဲ့အဖြေပါပဲ။
"Ring..."
မျက်ရည်တွေမခမ်းခြောက်ခင်မှာ နိုင်ငံခြားက ဖုန်းcallဝင်လာသည်။ ရာရာမျက်ရည်တွေသုတ်ပြစ်လိုက်ရင်း ချောင်းဟန့်လိုက်သည်။
"အဟမ်း "
ဦးသူ့ရှေ့မှာ ဝမ်းနည်းသည့်အသံမပြချင်ပါ။
"ဟဲလို "
"ကိုယ့်ဘေဘီလေး နိုးပြီလား "
"ဟုတ် အခုမှနိုးလာတာ "
"အဖျားကရော "
"ပျောက်သွားပြီ လုံးဝကောင်းနေပြီဦးသူ့ရဲ့ "
"ဟုတ်လား တော်သေးတာပေါ့ ကိုယ်အခုဂျပန်ရောက်ပြီ "
"သိသားပဲ ရာရာအိပ်ပျော်နေတာ ညနေပိုင်းမှာနိုးတာ ဦးသူ့ ဂျပန်ကို ရောက်ရောပေါ့ "
"အဟွန်း ကိုယ့်ကိုစိတ်ဆိုးနေတာလား "
"ဟင့်အင်း ဦးသူ့သာဂရုစိုက်ပါ ပြန်လာမှစိတ်ဆိုးမယ် "
"ကိုယ့်ဘေဘီကကွာ ကိုယ့်ကိုပြန်လာချင်အောင်"
"ခ်ခ် ဟုတ်တယ်လေ ဦးသူ့ကအဝေးမှာကို ရာရာစိတ်ကြိုက်စိတ်ဆိုးလို့မရဘူးလေ ဒါ‌ကြောင့်ပြန်လာမှ ချော့ပါ "
"ဟုတ်ပါပြီကွာ ကိုယ်အမြန်ဆုံးပြန်လာခဲ့မယ်"
"ဟုတ် အခု ဒေါက်တာရဲ့ပထွေးကိုသွားတွေ့ကမှာမဟုတ်လား "
"အင်း အခုသွားနေတဲ့လမ်းမှာ "
"ဦးသူ့ "
"ဗျာ "
"ဒေါက်တာကို ရာရာတို့ရဲ့ မိသားစုဆရာဝန်ဖြစ်စေချင်တယ် ဦးသူ့လည်းသိတာပဲ ဒေါက်တာက ရာရာတို့ကိုကယ်ပေးထားတာ"
"ဒါပေမဲ့ကိုယ်တို့ကလေး..."
"အဲ့ဒါ သူလည်းရွေးချယ်စရာမရှိဘူးလေ ဒါပေမဲ့ ဒေါက်တာကိုခွင့်လွှတ်လိုက်တာမဟုတ်ပါဘူး ရာရာတို့အသက်ကိုကယ်ခဲ့လို့ ကျေးဇူးဆပ်ချင်ယုံပါ "
သူ့ဘက်ကအတော်ကြာတိတ်ဆိတ်သွားသည်။
"ကောင်းပြီ ကိုယ်ဘာလုပ်ရမလဲသိပြီ"
"တာတာ့ ဦးသူ့ ရာရာကလေးတွေနားသွားလိုက်ဦးမယ် "
"အင်း ဒါပဲဘေဘီ ချစ်တယ်"
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
"ဟင် Hitaru"
ကလေးတွေ(မှိုင်း၊ပိုင်)က မနေ့ညကရိုက်ထားသည့် ဓာတ်ပုံပြချင်သည်ဆို၍ ကြည့်နေရင်းမှ အမှတ်တမဲ့ရိုက်မိထားသည့် ပုံကိုမြင်ရာမှ မဟူရာအံ့ဩသွားသည်။
Hitaruကဘာလို့ ဒီဓာတ်ပုံထဲမှာ ရှိတာလဲ???
ဂျပန်မှာ ရှိနေရမဲ့ သူက ဘာလို့ မြန်မာနိုင်ငံမှာလဲ??? သူမသိတဲ့ ဟန်ပန်ညီမလေး Hitaru ခေါ်အရှင်က ဘာလို့ ဒီမှာလဲ??
"Hitaruကဘာလဲ တီတီကြီး "
"ဪ နာမည် မှိုင်းနဲ့နေ့လို့မျိုး နာမည် "
"သူကဘယ်သူလဲ "
"တီတီရဲ့သူငယ်ချင်းနာမည် "
"ဟုတ်ကဲ့ "
မှိုင်းနားလည်လားတော့မသိ။ ဟုတ်ကဲ့ဆိုပြီးဆက်မ‌မေးတော့ ။
"မှိုင်းလေး "
"ရှင် "
"ဒီတီတီကဘယ်သူလဲ သိလား "
ခဏက မှိုင်းပြသည့် သစ္စာရှင်ဓာတ်ပုံကို ချဲ့ကာမေးလိုက်ခြင်းဖြစ်သည်။
"အန်တီအရှင် မှိုင်းတို့မုန်းတဲ့တီတီ "
"ဟင် "
မဟူရာအံ့ဩသွားရသည်။ က‌လေးက ဒါကိုလည်းသိတာလား??
"နာမည်အရင်းကိုသိလား "
"အန်တီသစ္စာရှင်ပါတီတီကြီး ဘာဖြစ်လို့လဲ "
မဟူရာမျက်တောင်ပင်မခတ်နိုင်တော့။ ဟန်ပန်ရဲ့ညီမက သူ့တို့ကိုသေနတ်နဲ့ပြစ်ဖို့ကြံခဲ့သည်တဲ့။ ဘာလို့လဲ??
"တီတီကြီး "
"ဟင် "
"ခေါ်နေတာကြာလှပြီ တီတီကြီးဘာတွေတွေးနေတာလဲ "
"တီတီအရေးကြီးကိစ္စပေါ်လာလို့ ခဏနော် မှိုင်းလေး "
ရာရာအလျင်အမြန်ပင်အပြင်ထွက်ကာ ဟန်ပန်ဆီဖုန်းဆက်သည်။ သို့သော်ဟန်ပန်ဖုန်းမကိုင်ပေ။ သူ့ဆီဆက်တော့လည်းဖုန်းမအားသေးပါသဖြင့်တဲ့။
မဟူရာ social mediaပေါ်မှာ သစ္စာရှင်ဆိုတဲ့နာမည်ကိုရိုက်ရှာကြည့်လိုက်တော့ ဓာတ်ပုံပညာရှင်ဆိုသည့်အတိုင်း fashionကျကျဝတ်ဆင်ထားသည့် သစ္စာရှင်ပုံကိုတွေ့လိုက်ရ၏။
"တစ်ကယ် Hitaruပဲ ရုပ်တူတာတော့မဖြစ်နိုင်ဘူး တစ်ထပ်တည်းပဲ "
မဟူရာ ဟန်ပန်ဖုန်းပြန်ဆက်သည့်အချိန်ကိုစောင့်ရမည်လား ရာရာကိုပဲပြောပြရမည်လား စဉ်းစားရတာ ခေါင်းပင်ခြောက်လာပြီဖြစ်သည်။
"မဖြစ်ဘူး ငါအချိန်ဆွဲလို့မဖြစ်ဘူး "
မဟူရာဆုံးဖြတ်ချက်ချလိုက်ရင်း ရာရာအခန်းဆီဦးတည်လိုက်သည်။ သို့သော် အခန်းရှေ့မှာ ခြင်းနဲ့ဝိုင်နဲ့တွေ့သည်။
"ရာရာရော "
"တစ်ယောက်တည်းနေချင်တယ်လို့ပြောတယ်"
ရာရာ အခုချိန် တစ်ယောက်တည်း ငိုချင်ငိုနေမှာလို့တွေးပြီး တားလိုက်ခြင်းဖြစ်သည်။
ဝိုင်ရဲ့တားမြစ်ချက်ကြောင့် မဟူရာ သက်ပြင်းချသည်။
"အရေးကြီးလို့လား "
"ဟင့်အင်း အရေးမကြီးပေမဲ့ စိတ်ထဲမှာ မတင်မကျဖြစ်နေတာကိုမေးချင်လို့ သစ္စာရှင်က ဘယ်သူလဲဆိုတာ တို့သိမယ်ထင်တယ်"
"ဘာ! "
"ရှင် "
ခြင်းနဲ့ဝိုင် တစ်ယောက်မျက်နှာတစ်ယောက်ပြိုင်တူကြည့်မိလိုက်ရင်း...
"တခြားနေရာသွားပြောရအောင် "
ဟုဆိုကာ ရှေ့ကထွက်သွားကြ၏။
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
ဒုတိယထပ် ရေကူးကန်၏ဘေး၌...
"သေချာလား သစ္စာရှင်က ဟန်ပန်ရဲ့ညီမဆိုတာ"
"သေချာပါတယ် ဟန်ပန်နဲ့စကားပြောဖြစ်တိုင်း အရှင့်အကြောင်းကမပါမဖြစ်ပဲ အရှင်ရဲ့ဂျပန်နာမည်က Hitaruလေ မြန်မာနိုင်ငံမှာ အလုပ်လုပ်နေတယ်ဆိုတာတော့ မသိဘူး ဟန်ပန်ပြလို့Hitaruကိုရင်းနှီးနေတာကြာပြီ ရုပ်ကအတော်လေးဆင်တူတယ် "
အခုမှ‌သစ္စာရှင်ရဲ့ရည်ရွယ်ချက်ကိုသဘောပေါက်လာသည်။ အတော်ယုတ်မာကြသည့်ညီအစ်မတွေ။ အစ်ကို့ကို အစ်မကကားနဲ့တိုက်ရုံမကလို့ အခု ညီမကပါ လင်မယားကြားထဲဝင်ရှုပ်နေသည်။ သူတို့ကြောင့် အစ်ကိုနဲ့ရာရာဘယ်လောက်ထိခံစားခဲ့ရတာလဲ။
"အစ်ကို့ကိုအကြောင်းကြားဖို့လိုတယ်မဟုတ်လား ခြင်း "
ခြင်းစိတ်တိုနေတာကိုသိသည့်ဝိုင်က စကားလမ်းကြောင်းလွှဲလိုက်ခြင်းဖြစ်သည်။
"ဘယ်လိုလုပ်မလဲ သူ့ကိုဆက်မရဘူး ခဏကတည်းကစက်ပိတ်ထားတယ်တဲ့"
"မမှီတော့ဘူး အခုချိန်ဆို ဆောင်းရဲ့ပထွေးနဲ့တွေ့နေလောက်ပြီ"
"ဘယ်လိုလုပ်မလဲ "
"ဦးသူ့ဖြေရှင်းနိုင်မှာပါ "
"ဟင် ရာရာ "
သုံးယောက်သား ထူပူနေကြ၍လားမသိ ရာရာ့အသံကြားမှ အသိစိတ်ကပ်လာကြသည်။
"စိတ်မပူပါနဲ့ အခုလေးတင် ဦးသူ့နဲ့ဖုန်းပြောလာတာပါ "
မှိုင်းနဲ့နေ့ဆီသွားမလို့ဦးတည်လိုက်ပေမဲ့ ‌စကားပြောသံကြားလိုက်ရ၍ အောက်ကိုဆင်းလာရာမှ တစွန်းတစကြားရင်း ဝင်ပြောလိုက်ခြင်းဖြစ်သည်။
"ရာရာ သစ္စာရှင်က ဟန်ပန်ရဲ့ညီမတဲ့ အစ်ကို့ကိုဖုန်းဆက်ရမယ်မဟုတ်လား "
ရာရာ့မျက်ဝန်းတွေမှာ အံ့ဩမှုကိုတွေ့လိုက်ရပေမဲ့ တည်ငြိမ်နေသည့်ရာရာကြောင့် ခြင်းအားမလိုအားမရဖြစ်မိသည်။
"အခု ဒေါက်တာရဲ့ပထွေးနဲ့တွေ့နေပြီ ဘယ်လိုပဲဖြစ်ဖြစ် ဦးသူ့ကသိမှာပဲ ဒါကြောင့်ဦးသူ့သိတဲ့အချိန်ထိစောင့်လိုက်ပါ "
"ဒါပေမဲ့ "
"အခုချိန်မှာ သစ္စာရှင်ရဲ့ဖြစ်တည်မှုကမလိုအပ်တော့ဘူး သစ္စာရှင်ကို ငါတို့ဖမ်းမိထားပြီလေ"
"ဒါပေမဲ့ ဟန်ပန်သဝဏ်လွှာက! "
"မမသဝဏ်က ဒီလိုလုပ်မှာမဟုတ်ဘူးဆိုတာယုံတယ် ထပ်တူညီတဲ့အမှားမျိုးကိုထပ်ပြီးကျူးလွန်မှာမဟုတ်ဘူး "
"တို့လည်းထောက်ခံတယ် ဟန်ပန်က ဒီအတောအတွင်း တစ်ကယ် အေးဆေးနေခဲ့တာ တစ်ယောက်တည်း ဖြတ်သန်းပြီး အလုပ်မှာပဲအာရုံစိုက်နေတာ သူ့တို့ကိုအားနာတယ်လို့ပြောပြီး အမြဲတောင်းပန်ချင်ခဲ့တာ "
ရာရာကဘာလို့ စိတ်ပျော့ရတာလဲ။ တစ်ကယ်ဆို ဟန်ပန်ကို နာကျည်းသင့်တာမဟုတ်လား။
ခြင်း ရာရာကိုအားမလိုအားမရဖြစ်ကာ စိတ်တိုလာသည်။
"Ring..."
ဖုန်းအသံကြောင့်ကြည့်လိုက်တော့ဆေးရုံကဖြစ်သည်။
"ဟဲလို "
"ဟဲလို ရဲမှူးပါဗျ မနေ့ညက ဖမ်းမိထားတဲ့တရားခံထွက်ပြေးသွားလို့ပါ ဦးသူသင်္ကေတကိုဖုန်းဆက်တာ ဆက်မရလို့ ဦးခြားနားခြင်းကိုအကြောင်းကြားတာပါ"
ဖုန်းထဲကစကားသံကြောင့် ခြင်း ရာရာကိုကြည့်မိလိုက်သည်။
နင်ကသနားနေပေမဲ့ သစ္စာရှင်က သနားထိုက်တဲ့မိန်းမမဟုတ်ဘူး။
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
ဆက်ရန်
Author-သက်တန့်ရောင်ခြယ်
                💫Season 2💫
                  💫Part (15)💫
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
"အင်းဟင်း "
"ရာရာ "
"ရာရာ ဘေဘီ "
"ဦးသူ့ ဦးသူ့လား "
"ဦးသူ့ပါဖျားရင် "
"ချမ်း ချမ်းတယ်"
"အစ်ကို "
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
«မနက်လင်းသော်»
"သူ့တို့အဆင်ပြေလား "
"အဟွန်း "
"ရာရာရော "
"ဘယ်သူလဲ လုပ်ကြံသူက "
"အခုသိသွားပြီလေ "
"ဂျပန် "
"ကောင်းပြီ "
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
"ကျေးဇူးပဲ "
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
"အင်း "
"အင်း ဟင်း ရေ ရေပေးပါ "
"ဟင် အလုပ်ကိစ္စ "
တဲ့။
"Ring..."
"အဟမ်း "
"ဟဲလို "
"ဟုတ် အခုမှနိုးလာတာ "
"အဖျားကရော "
"ဦးသူ့ "
"ဗျာ "
"အင်း ဒါပဲဘေဘီ ချစ်တယ်"
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
"ဟင် Hitaru"
"Hitaruကဘာလဲ တီတီကြီး "
"သူကဘယ်သူလဲ "
"ဟုတ်ကဲ့ "
"မှိုင်းလေး "
"ရှင် "
"ဒီတီတီကဘယ်သူလဲ သိလား "
"ဟင် "
"နာမည်အရင်းကိုသိလား "
"တီတီကြီး "
"ဟင် "
"ရာရာရော "
"အရေးကြီးလို့လား "
"ဘာ! "
"ရှင် "
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
"ဘယ်လိုလုပ်မလဲ "
"ဟင် ရာရာ "
"ဒါပေမဲ့ "
"Ring..."
"ဟဲလို "
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
ဆက်ရန်
Continue Reading
You'll Also Like
403K 16.4K 62
"မဖြစ်နိုင်ဘူးဆိုပြီးခေါင်းမခါပါနဲ့ သံလွင်ဆိုတာလည်းမြစ်ပဲ နိုင်းကလည်းမြစ်ပဲ ဒီမြစ်နှစ်စင်းဟာ ပင်လယ်မှာဆုံကြတာပဲမလား နိုင်းရှင့်ကိုချစ်တယ် Nileမြစ်ကြီ...
256K 9.2K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
149K 19.3K 31
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
1.5M 62.2K 73
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...