Unicode+Zawgyi
❣️ဦး ဖန် တီး သော အ ချစ် သ င်္ကေ တ❣️
💫Season 2💫
💫Part (14)💫
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
"နေ့ "
ခြံဝန်းထဲမှာမှိုင်းက လှည်ပတ်ပြေးနေပြီး ထိုင်ခုံပေါ်မှာ စာထိုင်ဖတ်နေသည့် နေ့ကို လာဆော့ပေးဖို့လက်ယှက်ခေါ်သည်။ နေ့ကြည့်လိုက်သော်လည်း မှိုင်းနားမသွားဖြစ်။
"အားး နေ့ကပျင်းစရာကြီး ပိုင်လာမှဆော့တော့မယ်"
မှိုင်းကအတော်ပျော်နေပုံရသည်။ နေ့ကိုစိတ်မဆိုးဘဲ နေ့အနားမှာပင်လာထိုင်လိုက်သေးသည်။
မိုးမိုး၊စိုးစိုးနဲ့ရာရာကတော့ ဟင်းပွဲ၊အချိုပွဲပြင်ဆင်နေရင်း ခြင်းနဲ့ဝိုင်အလာကိုစောင့်နေကြသည်။ သူ့ကတော့ ရေချိုးမည်ဟုဆိုကာ အိမ်ထဲဝင်သွားသည်။
မကြာပါ။ ခြင်းနဲ့ဝိုင်ရောက်လာသည်။ ခြင်းတို့ကား ရောက်လာသည်နှင့် မှိုင်းကချက်ချင်းပင် ကားနားပြေးသွားသည်။
"ပိုင် ပိုင်ရော တီဝိုင် ပိုင်ပါလား ဟင် "
ဝိုင်ပင်ကားပေါ်က မဆင်းရသေးခင်မှာ မှိုင်းတရစပ်မေးသည်။
"မမ "
ပိုင်နောက်ခန်းကနေ ဆင်းလာမှ မှိုင်းအမေးရပ်သွားသည်။
"ပိုင် မမနဲ့ဆော့မယ်မလား "
"ဟုတ် "
ပိုင်ရဲ့အဖြေကြောင့် မှိုင်းပျော်သွားပြီး ပိုင်လက်ကိုဆွဲကာခေါ်သွားသည်။ ဝိုင်နဲ့ခြင်းလည်း နောက်ကနေလိုက်လာခဲ့သည်။
"အားလုံးပြင်ပြီးသွားပြီပဲ "
"အင်း "
"နောက်ဆုံးတော့ ပြန်အဆင်ပြေသွားကြပြီ မဟုတ်ရင် အစ်ကို့ရဲ့နားပူနားဆာလုပ်တာတွေပြီးမှာမဟုတ်ဘူး "
တည်တည်တင်းတင်းနဲ့လက်ပိုက်ပြီးပြောလာတဲ့ခြင်းကိုမျက်စောင်းသာထိုးလိုက်သည်။
"ခြင်းကလည်း ဘာတွေပြောနေတာလဲ "
"နေပါစေ ဝိုင် ပြောပါစေ နင်ကရန်ရှာတဲ့သူမဟုတ်တော့ ဒါတွေသူနားလည်မှာမဟုတ်ဘူး"
"ငါ့မိန်းမက ငါ့ကိုယုံတယ် "
"ခြင်း "
"အား နာတယ် မိန်းမ "
ခြင်းဆက်မပြောအောင် ဝိုင်က ခြင်းရဲ့ဗိုက်ကိုဆွဲလိမ်သဖြင့် ခြင်းမရှူမလှအော်ရသည်။
"ခစ် ခစ် ဝိုင်အကောင်းဆုံးပဲ "
ရာရာ လက်မနှစ်ဖက်ကိုထောင်ပြရင်း ရယ်ပြလိုက်သည်။
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
"တော်ပြီ ကျွန်တော်မသွားတော့ဘူး "
ဒီနေ့ည(၆)နာရီလောက် သူ့ကအိမ်လာဖို့ပြော၍ ကစ်ကစ်တို့ရောက်လာရခြင်းဖြစ်သည်။ ရင်းနှီးတဲ့သူနဲ့သာ စားကြသောက်ကြမည်ဆို၍ လာခဲ့ပေမဲ့ မင်းယောက်ျားက ခြံဝမှာမသွားတော့ဘူးဟုဆိုကာပြန်လှည့်သည်။
"မင်းမင်း "
ကစ်ကစ် သူ့လက်ကိုဆွဲတားလိုက်သည်။
"ကျွန်တော်တို့ကဘာလို့သွားရမှာလဲ "
"ရာရာကို ဂုဏ်ပြုပေးရမှာပေါ့ ချစ်တဲ့သူနှစ်ယောက် ပြန်ပေါင်းတာကို ဂုဏ်ပြုပေးရမှာပေါ့"
"ကျွန်တော် မသွားချင်ဘူး "
"မင်းမင်း နင် ရာရာကိုကြိုက်တာသိပါတယ် သိပေမဲ့ ရာရာပျော်နေတာကို မနှောင့်ယှက်ပါနဲ့ နင်ကြားဝင်ရင် ရာရာပဲနာကျင်ရမှာ ရာရာနဲ့ဥက္ကဌ ဒီလိုပြန်ပေါင်းဖို့ ဘယ်လောက်တောင်နာကျင်ခဲ့တာတယ်ထင်လဲ အဖျက်အဆီးတွေများပြီး အတိုက်အခိုက်များခဲ့တာ ခင်ပွန်းဟောင်းရဲ့လုပ်ငန်းစုမှာ ဒေါ်သစ်သစ်လွင် ရာရာကို သန့်ရှင်းရေး၊အထွေထွေဝန်ထမ်းထိ လုပ်ခိုင်းပြီး တိုက်ခိုက်ခံခဲ့ရတာ ဒေါ်သစ်သစ်လွင်က ရာရာကိုအဲ့လောက်ထိလုပ်ခဲ့တာ ရာရာအရမ်းပင်ပန်းခဲ့တာတွေကိုနင်သိသင့်ပါတယ် မင်းမင်း"
"ကျွန်တော် မမရဲ့ပျော်ရွှင်မှုကိုဖျက်ဆီးချင်လို့မဟုတ်ဘူး "
မမကိုမြင်ရင် ကျွန်တော်လိပ်ပြာမလုံတော့လို့။ မမနာကျင်ခံစားမှုထက်ဝက်က ကျွန်တော့်အစ်မကြောင့်ဖြစ်နေခဲ့လို့။ မမခံစားရမှာသိပေမဲ့ ကျွန်တော့်အစ်မကို မတားဆီးနိုင်ခဲ့လို့ပါ။
"ဒါဆို သွားမယ် "
ကစ်ကစ်က မင်းယောက်ျားကိုခြံထဲအတင်းဆွဲခေါ်သည်။
"ကစ်ကစ် "
"အိမ်ရှင်ကတောင် နင့်ကိုလာခဲ့ဖို့ဖိတ်ခေါ်တာပဲ နင်ကဘာကိုကြောက်နေတာလဲ နင့်စိတ်ကို ရာရာသိသွားမှာစိုးလို့လား "
အဲ့တာထက် ကျွန်တော်က သစ်သစ်လွင်မောင်ဆိုတာသိသွားမှာပိုကြောက်တယ်။
သူဘာမှပြန်မပြောတော့ပါ။ ကစ်ကစ်ဆွဲခေါ်ရာနောက်သာပါလာခဲ့သည်။
ရာရာက ကစ်ကစ်တို့ကိုတွေ့တော့ အံ့ဩသွားသည်။ ထိုအချိန် ဦးသူ့ကရာရာ့ဘေးနားလာကာ သူဖိတ်ထားသည့်အကြောင်း တိုးတိုးလေးကပ်ပြောသည်။
"အဟင်း ကျေးဇူးပါဦးသူ့ "
"ကျေးဇူးတင်ချင်ရင် နောက်မှပေါင်းတင် "
ရာရာပြုံးရုံသာပြုံးပြလိုက်ပြီး ကစ်ကစ်တို့ကိုခေါ်ကာ ခြင်းနဲ့ဝိုင်ဘေးထိုင်စေသည်။
"ဝိုင် ခြင်း ဒါက ကစ်ကစ် LSမှာ ငါနဲ့အတူတူအလုပ်လုပ်တဲ့သူ ဒါက မင်းယောက်ျား အိမ်နီးချင်းမောင်လေး အခု LSမှာပဲ ကစ်ကစ်နဲ့အတူ အလုပ်လုပ်နေတယ် "
"ဪအင်း "
"မင်းမင်း ကစ်ကစ် ဒါက အနမ်းဝိုင် ကော်ဖီဆိုင်ပိုင်ရှင် သူက ခြားနားခြင်း မြင်ဖူးလားမသိ LSရဲ့ဒုဥက္ကဌ "
"ဟုတ်ကဲ့ ကျွန်မသိတယ် အဝေးကနေတစ်ခါမြင်ဖူးတယ် "
ကစ်ကစ်က ရိုရိုသေသေပြန်ပြောသည်။
"ရိုသေစရာမလိုဘူး ဒါက အလုပ်ခွင်မှမဟုတ်တာ"
"ဟုတ် "
"ဒါဆို အားလုံးသိကြပြီဆိုတော့ စားကြရအောင် ဗိုက်ဆာတယ် "
"ပွဲရှင်ကဗိုက်ဆာနေတော့ စားကြတာပေ့ါ "
တစ်ခဏအတွင်း စကားသံတွေနဲ့ဆူညံသွားရသည်။ ကလေးသုံးယောက်ကလည်း စားလိုက်စကားပြောလိုက်ဖြင့် ပွဲကျနေကြသည်။
စားပြီး နာရီဝက်အကြာမှာ မိုးမိုးကဝိုင်ယူလာပေးသည်။
"ကဲ ဝိုင်ဖောက်ရအောင် "
"ဘေဘီနည်းနည်းပဲသောက်ရမယ်နော် "
"သိပါတယ် ဦးသူ့ကလည်း "
လူရှေ့မှာ ဘေဘီလို့ခေါ်ခံရ၍ ရှက်ပြီး မျက်နာရဲလာသည်။ ဒါကိုပဲ သူ့ကသဘောကျကာပြုံးသည်။
"မိန်းမ ဝိုင်နည်းနည်းပဲသောက်ရမယ်နော်"
ခြင်းကပါ သူ့လိုလိုက်ပြောတော့ ဝိုင်က တံတောင်နဲ့ထိုးသည်။
"နင်ဘယ်လိုဖြစ်နေတာလဲ "
"ဟင်းဟင်း "
တစ်ယောက်တစ်ခွက်ဆီ ကိုယ်စီကိုင်လိုက်ကြရင်း ဝိုင်ခွက်ကို တိုက်လိုက်ကြသည်။ ပါးစပ်မှလည်း...
"ဒီလင်ဒီမယား ပျော်ရွှင်ပါစေ "
ရာရာတို့လုပ်သလို မင်းမင်းကအလိုက်သင့်လိုက်လုပ်ရှာပါသည်။ ပျော်ရွှင့်မှုဆိုသောအရာတော့ သူ့ဆီမှာ ရှိမနေပါ။
"ဖြောင်း ဖြောင်း အရှင်ကရော ဒီပွဲကိုလာခွင့်မရှိတာများလား"
လက်ခုပ်သံနဲ့အတူ ရာရာတို့ဝိုင်းဆီတဖြည်းဖြည်းလမ်းလျှောက်လာနေသည့် သစ္စာရှင်။ သူတို့အားလုံး မရည်ရွယ်ပါဘဲနှင့် ပြိုင်တူထရပ်မိသွားကြ၏။
"ပျော်ပြီး ဆူညံနေကြလို့ အရှင်ရောက်လာတာမသိဘူးထင်တယ် "
"မင်းဘာလာလုပ်တာလဲ "
သူ့က ရာရာကိုသူ့နောက်ပို့လိုက်ရင်းမှမေးသည်။ စိတ်တိုနေ၍ မေးကြောများထောင်လို့နေပါသည်။ ကလေးသုံးယောက်ကို မိုးမိုး၊စိုးစိုးက အရှင်မမြင်အောင် အိမ်ထဲခေါ်သွားသည်။
"အစ်ကိုစိတ်ကိုထိန်းပါ အရှင်က ဆူညံနေလို့ လာကြည့်တာပါ အင်းး ပြန်ပေါင်းသွားလို့ဂုဏ်ပြုရင်းနဲ့ပေါ့ "
အပြစ်ကင်းစင်သူလိုမျက်နှာထားနှင့် မျက်နှာပြောင်တိုက်နေသည်။ တော်တော်အရှက်မရှိတာပဲ။
"မလိုဘူး သစ္စာရှင် "
"အရင်လို အရှင်လို့ခေါ်ပါဦးလား အစ်ကို "
"နင်က ငါ့သူငယ်ချင်းကို နာကျင်အောင်လုပ်တဲ့သူလား "
ဝိုင်ရဲ့စကားကြောင့် သစ္စာရှင် အရူးတစ်ယောက်လိုရယ်သည်။
"တခြားသူကိုကျ စိတ်ဆင်းရဲအောင်လုပ်ပြီးတော့ နင်တို့ကျ ပျော်နေလို့ရမလား မရဘူး လုံးဝမရဘူး နင်တို့ဘယ်တော့မှမပျော်ရွှင်စေရဘူး"
"ဘာ! "
"သစ္စာရှင် ဘာကြောင့်ရာရာကိုမုန်းနေလဲသေချာမသိဘူး အကြောင်းစုံကိုသေချာရှင်းပြပြီး ပြောပြရင်ကောင်းမယ် "
ရာရာက ဦးသူ့နောက်မှာနေရင်းမှ ရှေ့ထွက်လာကာပြောသည်။ သစ္စာရှင်ရဲ့မျက်နှာပိုပြီးတည်တင်းသွားသည်။
"ငါကဘာလို့လဲ နင်တို့က ပျော်ရွှင်မှုနဲ့မတန်ဘူး"
"မင်းခွဲတိုင်း ငါတို့ကကွဲမယ်ထင်လား သစ္စာရှင် အခုလုပ်ရပ်ကိုပဲကြည့်လေ နောက်ဆုံးမှာ ငါတို့ပြန်ပေါင်းတယ် "
သူ့ဝင်ပြောသည့်စကားက သစ္စာရှင်ကို အဆုံးထိဆွဲခေါ်သွားပုံရသည်။
"အဟက် ဘယ်လိုခွဲခွဲမကွဲဘူးဆိုမှတော့ ခွဲဖို့သေချာတဲ့နည်းလမ်းကတစ်နည်းပဲရှိတော့တာပဲ"
"ဟင် "
"သေနတ် "
သစ္စာရှင်လက်ထဲမှာ သေနတ်ပါလာ၍ ရာရာတို့အားလုံးလန့်သွားကြသည်။ စိတ်ရူးပေါက်ပြီး လူသတ်ဖို့ဝန်မလေးတဲ့သစ္စာရှင်က သူတို့ကိုမပစ်ဘူးလို့ မပြောနိုင်။
သူ့က ရာရာကိုလုံးဝကာကွယ်လိုက်သလို ခြင်းကလည်း ဝိုင်ကို ကာပေးထားသည်။ မင်းမင်းနဲ့ကစ်ကစ်ကတော့ ဘာမှမသိတော့ဘဲ ကြောင်တောင်တောင်နဲ့မျက်လုံးအပြူးသားဖြစ်နေသည်။
"ကြောက်သွားကြတာလား မကြောက်ပါနဲ့အစ်ကိုရဲ့ အရှင်က သေအောင်မပစ်ပါဘူး "
"အဟွန်း မသေမရှင်ဖြစ်အောင်ပဲလုပ်မှာ "
"သစ္စာရှင် စကားနဲ့ပဲပြော... "
"ဒိုင်း "
သူ့စကားမဆုံးခင်မှာ သေနတ်သံတစ်ချက်ထွက်လာသည်။ သစ္စာရှင်ကိုင်ထားသည့် သေနတ်ဦးတည်ရာက မင်းမင်းဆီမှာ ရှိနေသည်။
"ဖုန်းပိတ်လိုက် ရဲကိုဖုန်းခေါ်မယ်မကြံနဲ့ နင်သေသွားမယ် "
အမှန်က မင်းယောက်ျားဆီ သစ်သစ်လွင်ဆက်လာခြင်းဖြစ်သည်။ သူဖုန်းကိုကိုင်လိုက်ရင်း ဘာမှမပြောဘဲ သစ္စာရှင်ဖြစ်စေချင်သလို ဖုန်းကိုစားပွဲပေါ်တင်လိုက်သည်။
"အစ်ကိုက သရုပ်ဆောင်ကောင်းတာပဲ အရှင်က ဆာကူရာကိုမုန်းတယ်လို့ တစ်ကယ်ထင်နေတာ တော်သေးတယ် အရှင်အမြန်ရိပ်မိခဲ့လို့ "
"မသစ္စာရှင် ဘာကိုလိုချင်နေတာလဲ ရာရာတို့ကို ဘာဖြစ်စေချင်တာလဲ "
"နာကျင်စေချင်တာ နင်တို့တွေ နာနာကျင်ကျင်နဲ့တစ်သက်လုံးနေသွားစေချင်တာ "
အရှင့်ကိုအချိန်ဆွဲဖို့ကြိုးစားနေခြင်းဖြစ်သည်။ ပတ်ဝန်းကျင်က သေနတ်သံကြားရင် ဒီတိုင်းငြိမ်နေမှာမဟုတ်။ ပြီးတော့ စိုးစိုးနဲ့မိုးမိုး အခုချိန်ရဲစခန်းကို ဖုန်းဆက်အကြောင်းကြားပြီးလောက်ပြီဖြစ်သည်။
သစ္စာရှင်အရူးတစ်ယောက်လိုရယ်ကာ ပြုံးကာ သူ့ကိုသေနတ်ဖြင့်ချိန်လိုက်ပြီးနောက်...
"ဒုတ် "
အချိန်တစ်ခုကြာသည်ထိ သေနတ်သံက ထွက်ပေါ်မလာသည်က...
"ဒေါက်တာ "
ဆောင်းလက်ထဲမှာ သစ်သားတုတ်ကြီးကိုင်ကာ တုန်တုန်ရီရီနဲ့ရပ်နေသည်။ သူငယ်ချင်းရဲ့ခေါင်းကို ရိုက်လိုက်ရ၍ မျက်ရည်တွေလည်းကျနေသည်။
ဆောင်းကအရှင်နဲ့အတူလာတာဖြစ်ပြီး ခြံရှေ့မှာစောင့်ခိုင်းခဲ့ခြင်းဖြစ်သည်။ သေနတ်သံကြား၍ အထဲကိုအရဲစွန့်ဝင်လာရာမှ အရှင့်ကိုရိုက်လိုက်ခြင်းဖြစ်သည်။
"တောင်းပန်ပါတယ် အရှင် နင့်ကိုလူမသတ်စေချင်လို့ပါ "
"ဒေါက်တာ "
"အဟင့် အရှင် "
သူမကိုယ်တိုင်ရိုက်လိုက်တာဆိုပေမဲ့ အရှင့်အတွက်ဝမ်းနည်းကာငိုနေသည်။
"ရာရာအဆင်ပြေတယ်မလား "
ရာရာအားပျော့ကာ လဲကျမလိုဖြစ်နေတာကို သူ့ကတွဲထူရင်းမေးသည်။ ရာရာကိုယ်ကိုပြန်မတ်လိုက်ရင်း...
"ဟုတ် ဦးသူ့ရော "
"ကိုယ်လည်း အဆင်ပြေတယ် "
အားလုံးအဆင်ပြေပြီဆိုကာမှ သူ့ သစ္စာရှင်နားရောက်လာသည်။
"သူ "
"မေ့လဲယုံလောက်ရိုက်လိုက်တာပါ အရှင့်ကိုရဲလက်ထဲမအပ်လိုက်ပါနဲ့နော် ဆောင်းတောင်းဆိုပါတယ် "
"သစ္စာရှင် ကျွန်တော်တို့ကိုထပ်ပြီး သတ်ဖို့ကြိုးစားရင်ရော အဲ့ဒီတစ်ခါ ဆောင်းအခုလိုတားနိုင်ဦးမှာလား "
"ဒါပေမဲ့ မပို့ပါနဲ့ရှင် "
ဆောင်းကငိုငိုယိုယိုနဲ့တောင်းပန်သည်။ ဒါကိုတော့ သူ့မလုပ်ပေးနိုင်ပါ။ သူ့မျက်နှာလွှဲလိုက်ကာ သက်သေဖြစ်သည့် သေနတ်ကို ယူလိုက်ရင်း ရဲစခန်းကို ကိုယ်တိုင်ဖုန်းပြန်ဆက်သည်။
ထိုသို့ဖြင့် သစ္စာရှင် ဆေးရုံကို လက်ထိပ်ဖြင့်ရောက်ခဲ့ရသည်။ သက်သေတွေကပြည့်စုံသည်မလို့ သစ္စာရှင်ထောင်ကျမည်ဆိုတာ သေချာသွား၏။
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
"တော်သေးတယ် မဟုတ်ရင် ဥက္ကဌ သေမလားရှင်မလား မသိတော့ဘူး "
ကစ်ကစ်နဲ့မင်းမင်း ကစ်ကစ်နေသည့်တိုက်ဆီ လမ်းလျှောက်လာကြရင်း ကစ်ကစ်ကစကားစလိုက်ခြင်းဖြစ်သည်။
"ဟုတ်တယ် အဲ့မိန်းမ အတော်သွေးအေးတယ်"
"ငါလေ ရာရာနေရာမှာသာဆို မေ့လဲကျသွားလောက်တယ် ရာရာအရမ်းကိုတောင့်ခံနိုင်တာပဲ ဒီလိုမြင်လိုက်ရတော့ ရာရာနဲ့ဥက္ကဌရဲ့အချစ်ကို လေးစားတယ် အရမ်းကို ယုတ်မာရက်စက်ကြတဲ့သူတွေနဲ့တွေ့ကြပေမဲ့ ခံနိုင်ရည်ရှိပြီး တွန်းလှန်နိုင်ကြလို့ သူတို့အချစ်က အရမ်းဆန်းကြယ်တယ် "
ပြောရင်းပြောရင်းနဲ့လျှောက်လာခဲ့ကြတာ ကစ်ကစ်နေတဲ့တိုက်ရှေ့ရောက်လာသည်။
"ရောက်ပြီ နင်လည်းပြန်တော့ "
မင်းမင်းဆီကအဖြေပြန်မရခင် ကစ်ကစ် သူ့ကိုကျောခိုင်းလိုက်သည်။ သို့သော် မင်းမင်းက သူ့လက်ကိုလှမ်းဆွဲသည်။
"ခဏ "
"ဘာလဲ "
"အဲ့နေ့က အရက်သောက်ကြတဲ့နေ့က ကစ်ကစ်နဲ့ကျွန်တော် ဘာတွေဖြစ်ခဲ့ကြသေးလဲ "
ကစ်ကစ်မဖြေဘဲ သူ့ကိုသာငေးကြည့်သည်။ အဓိပ္ပါယ်မျိုးစံပြည့်နှက်နေသည့်အကြည့်။ သူအမှားလုပ်ခဲ့တာ သေချာသည်။
"မသိဘူး ငါလည်းမမှတ်မိဘူး "
လို့ပြောပြီး အထဲပြေးဝင်သွားသည်။ သူ့ တိုက်ရှေ့မှာ ဆယ်မိနစ်လောက်ရပ်ပြီးမှ အိမ်ပြန်လာခဲ့သည်။
"မမ "
မင်းယောက်ျား အိမ်ထဲကိုဝင်လိုက်တော့ သစ်သစ်လွင်က ဆိုဖာပေါ်မှာ မိန့်မိန့်လေးထိုင်နေသည်။
"ပျော်ခဲ့လား "
ကိုယ့်ရဲ့မောင်တစ်ယောက်လုံး လူသတ်ခံရနီးနီးဖြစ်ခဲ့တာကို မေးလာသည့်မေးခွန်းက ပျော်ခဲ့လားတဲ့။ ဒါက မောင်ကို အစ်မတစ်ယောက်က မေးရမဲ့စကားလား။
"မမကပျော်နေပုံပဲ "
"မပျော်ပါဘူး ကျေနပ်ရုံလေးပဲ "
"ကျေနပ်တယ် မမရဲ့မောင် ပြီးတော့ မမချစ်တဲ့သူ သေခါနီးဆဲဆဲဖြစ်သွားတာကို ကျေနပ်တယ်"
"အင်းလေ "
သူဘာမှပြန်မပြောနိုင်တော့ဘဲ အံကိုတင်းတင်းကြိတ်သည်။ အင်းလေ မမက သူ့ကိုဘယ်တုန်းကမောင်လို့သတ်မှတ်ထားလို့လဲ။ လိုအပ်ရင်ခိုင်းဖို့လောက်ပဲသတ်မှတ်ထားတာ။
"မင်းယောက်ျား "
သစ်သစ်လွင်မျက်နှာတည်သွားပြီး သူ့အနားကိုလာသည်။
"ဖြန်း "
ထင်မထားသည့်လုပ်ရပ်ကြောင့် သူအံ့ဩသွားသည်။
"နင်ကဘာလို့ အဲ့နေရာမှာရှိနေရတာလဲ မင်းမင်း သူတို့နှစ်ယောက်မပေါင်းအောင်လုပ်ခိုင်းတာ သူတို့ကို ဂုဏ်ပြုခိုင်းတာမဟုတ်ဘူး "
"ဥက္ကဌကပါဖိတ်တာကို ဘာလို့မသွားရမှာလဲ "
"နင်ဘာလို့အခုမှပေါ်လာတာလဲ "
"သူငယ်ချင်းကို အိမ်ပြန်ပို့နေတာ"
"မဟုတ်မှ...ကစ်ကစ်ကြောင့် မင်းဒီလိုဖြစ်နေတာလား "
"ကစ်ကစ်နဲ့လုံးဝမဆိုင်ဘူး မမ"
မင်းမင်း လှုပ်လှုပ်ရှားရှားဖြစ်သွားသည်ကို သစ်သစ်လွင်စူးစိုက်ကြည့်သည်။ သေချာတာက မင်းယောက်ျားစကားကို မယုံဘူးဆိုတာပင်။
"အင်းပါ အနားယူလိုက်ဦး "
သစ်သစ်လွင် ဘာမှမမေးတော့ဘဲ ထွက်သွားမှ သူဒူးထောက်ထိုင်ကျသွားသည်။
မမဖုန်းကိုကိုင်လိုက်မိတာ မှားသွားတာလား???
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
သစ္စာရှင်ကို ဆေးရုံမှာ သေချာစောင့်ကြည့်ပြီးမှ သူတို့အိမ်ကိုပြန်လာခဲ့ကြ၏။ ခြင်းနဲ့ဝိုင်ကိုလည်း မပြန်စေတော့ဘဲ ဒီမှာသာအိပ်စေလိုက်သည်။
ကလေးတွေလည်း လန့်သွားကြသည်။ အခုတော့ အိပ်နေကြပြီဖြစ်သည်။ မအိပ်နိုင်သေးတာကရာရာ။
"ဘေဘီ အဆင်ပြေလား "
"ဟုတ်"
အဆင်ပြေတယ်ပြောပေမဲ့ ရာရာ့မျက်နှာကသွေးမရှိသလို ဖြူဖတ်နေသည်။ ရာရာကိုရင်ခွင်ထဲဆွဲသွင်းလိုက်သည်။
"ဒီနေ့ညက အဖြစ်အပျက်ကိုမေ့ပြစ်လိုက်ပါ "
"ဒါမဲ့ ဒီနေ့က ပျော်ရတဲ့နေ့ကို "
"ကိုယ်က ဒီထက်ပျော်စရာကောင်းအောင်လုပ်ပေးမယ် "
"ဟင့်အင်း မလိုအပ်ဘူး ရာရာ့မှာ ဦးသူ့ရှိရင်ရပြီ"
"ကိုယ်ကမင်းဘေးနားမှာ တွယ်ကပ်ပြီးနေမှာပါ"
ရာရာ ဦးသူ့လက်ကိုတင်းနေအောင်ဆုပ်ကိုင်ထားသည်။
"ဦးသူ့ကမအိပ်သေးဘူးလား "
"ကိုယ်ခဏနေမှအိပ်မယ် ဘေဘီအရင်အိပ်နှင့်"
"ဟင့်အင်း ဘယ်မှမသွားဘဲ ရာရာ့အနားမှာပဲနေပေးပါနော် "
"အင်းပါ "
သူ့ ရာရာ့ဘေးဝင်လှဲကာ ရာရာ့ကိုရင်ခွင်ထဲမှာ ဖက်ထားသည်။
"ဦးသူ့ "
"ဗျာ "
"တစ်ကယ်လို့များလေ ဒေါက်တာဆောင်းရောက်မလာခဲ့ရင် ဘယ်လိုလုပ်မလဲ "
"ကိုယ် ဒါမှမဟုတ် ဘေဘီ emergency roomထဲမှာ အသက်လုနေရမှာပေါ့ ဟင့်အင်း ကိုယ်က မင်းကို ထိခိုက်မခံဘူး ကိုယ်ပဲအဖြစ်ခံမှာ သေချာပေါက် မင်းကိုကာကွယ်မှာ "
"ဟင့်အင်း ဦးသူ့တစ်ခုခုဖြစ်လို့မရဘူး ဦးသူ့သာတစ်ခုခုဖြစ်ရင် ရာရာတစ်ကယ်သေလောက်တယ်"
"စိတ်ချ ကိုယ်က မင်းခွင့်မပြုဘဲ မထိခိုက်အောင်နေမှာ မင်းလည်း မထိခိုက်ရဘူး "
ရာရာ ဦးသူ့ကိုယ်ကိုပိုပြီးတင်းတင်းဖက်လိုက်သည်။
"တော်ပြီကွာ အိပ်တော့ဘေဘီ ဒါကိုအိမ်မက်လို့သဘောထားပြီး ကိုယ့်ရင်ခွင်မှာ အိပ်စက်လိုက်"
"ဟုတ် "
ဟုတ်တယ်။ ဦးသူ့ရှိရင် အရာအားလုံးလုံခြုံသွားပြီ။ ဘာမှမလိုအပ်တော့ဘူး။ ဘယ်လောက်ပဲအသိစိတ်က မယုံကြည်ဘူးလို့ပြောနေပါစေ မသိစိတ်က တိတ်တခိုး ယုံကြည်နေမိတယ်ဆိုတာ ရာရာကိုယ့်ကိုကိုယ်လိမ်လို့မရနိုင်ပါ။
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
ဆက်ရန်
Author-သက်တန့်ရောင်ခြယ်
❣️ဦး ဖန္ တီး ေသာ အ ခ်စ္ သ ေကၤ တ❣️
💫Season 2💫
💫Part (14)💫
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
"ေန႔ "
ၿခံဝန္းထဲမွာမႈိင္းက လွည္ပတ္ေျပးေနၿပီး ထိုင္ခုံေပၚမွာ စာထိုင္ဖတ္ေနသည့္ ေန႔ကို လာေဆာ့ေပးဖို႔လက္ယွက္ေခၚသည္။ ေန႔ၾကည့္လိုက္ေသာ္လည္း မႈိင္းနားမသြားျဖစ္။
"အားး ေန႔ကပ်င္းစရာႀကီး ပိုင္လာမွေဆာ့ေတာ့မယ္"
မႈိင္းကအေတာ္ေပ်ာ္ေနပုံရသည္။ ေန႔ကိုစိတ္မဆိုးဘဲ ေန႔အနားမွာပင္လာထိုင္လိုက္ေသးသည္။
မိုးမိုး၊စိုးစိုးနဲ႔ရာရာကေတာ့ ဟင္းပြဲ၊အခ်ိဳပြဲျပင္ဆင္ေနရင္း ျခင္းနဲ႔ဝိုင္အလာကိုေစာင့္ေနၾကသည္။ သူ႔ကေတာ့ ေရခ်ိဳးမည္ဟုဆိုကာ အိမ္ထဲဝင္သြားသည္။
မၾကာပါ။ ျခင္းနဲ႔ဝိုင္ေရာက္လာသည္။ ျခင္းတို႔ကား ေရာက္လာသည္ႏွင့္ မႈိင္းကခ်က္ခ်င္းပင္ ကားနားေျပးသြားသည္။
"ပိုင္ ပိုင္ေရာ တီဝိုင္ ပိုင္ပါလား ဟင္ "
ဝိုင္ပင္ကားေပၚက မဆင္းရေသးခင္မွာ မႈိင္းတရစပ္ေမးသည္။
"မမ "
ပိုင္ေနာက္ခန္းကေန ဆင္းလာမွ မႈိင္းအေမးရပ္သြားသည္။
"ပိုင္ မမနဲ႔ေဆာ့မယ္မလား "
"ဟုတ္ "
ပိုင္ရဲ႕အေျဖေၾကာင့္ မႈိင္းေပ်ာ္သြားၿပီး ပိုင္လက္ကိုဆြဲကာေခၚသြားသည္။ ဝိုင္နဲ႔ျခင္းလည္း ေနာက္ကေနလိုက္လာခဲ့သည္။
"အားလုံးျပင္ၿပီးသြားၿပီပဲ "
"အင္း "
"ေနာက္ဆုံးေတာ့ ျပန္အဆင္ေျပသြားၾကၿပီ မဟုတ္ရင္ အစ္ကို႔ရဲ႕နားပူနားဆာလုပ္တာေတြၿပီးမွာမဟုတ္ဘူး "
တည္တည္တင္းတင္းနဲ႔လက္ပိုက္ၿပီးေျပာလာတဲ့ျခင္းကိုမ်က္ေစာင္းသာထိုးလိုက္သည္။
"ျခင္းကလည္း ဘာေတြေျပာေနတာလဲ "
"ေနပါေစ ဝိုင္ ေျပာပါေစ နင္ကရန္ရွာတဲ့သူမဟုတ္ေတာ့ ဒါေတြသူနားလည္မွာမဟုတ္ဘူး"
"ငါ့မိန္းမက ငါ့ကိုယုံတယ္ "
"ျခင္း "
"အား နာတယ္ မိန္းမ "
ျခင္းဆက္မေျပာေအာင္ ဝိုင္က ျခင္းရဲ႕ဗိုက္ကိုဆြဲလိမ္သျဖင့္ ျခင္းမရႉမလွေအာ္ရသည္။
"ခစ္ ခစ္ ဝိုင္အေကာင္းဆုံးပဲ "
ရာရာ လက္မႏွစ္ဖက္ကိုေထာင္ျပရင္း ရယ္ျပလိုက္သည္။
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
"ေတာ္ၿပီ ကြၽန္ေတာ္မသြားေတာ့ဘူး "
ဒီေန႔ည(၆)နာရီေလာက္ သူ႔ကအိမ္လာဖို႔ေျပာ၍ ကစ္ကစ္တို႔ေရာက္လာရျခင္းျဖစ္သည္။ ရင္းႏွီးတဲ့သူနဲ႔သာ စားၾကေသာက္ၾကမည္ဆို၍ လာခဲ့ေပမဲ့ မင္းေယာက္်ားက ၿခံဝမွာမသြားေတာ့ဘူးဟုဆိုကာျပန္လွည့္သည္။
"မင္းမင္း "
ကစ္ကစ္ သူ႔လက္ကိုဆြဲတားလိုက္သည္။
"ကြၽန္ေတာ္တို႔ကဘာလို႔သြားရမွာလဲ "
"ရာရာကို ဂုဏ္ျပဳေပးရမွာေပါ့ ခ်စ္တဲ့သူႏွစ္ေယာက္ ျပန္ေပါင္းတာကို ဂုဏ္ျပဳေပးရမွာေပါ့"
"ကြၽန္ေတာ္ မသြားခ်င္ဘူး "
"မင္းမင္း နင္ ရာရာကိုႀကိဳက္တာသိပါတယ္ သိေပမဲ့ ရာရာေပ်ာ္ေနတာကို မေႏွာင့္ယွက္ပါနဲ႔ နင္ၾကားဝင္ရင္ ရာရာပဲနာက်င္ရမွာ ရာရာနဲ႔ဥကၠဌ ဒီလိုျပန္ေပါင္းဖို႔ ဘယ္ေလာက္ေတာင္နာက်င္ခဲ့တာတယ္ထင္လဲ အဖ်က္အဆီးေတြမ်ားၿပီး အတိုက္အခိုက္မ်ားခဲ့တာ ခင္ပြန္းေဟာင္းရဲ႕လုပ္ငန္းစုမွာ ေဒၚသစ္သစ္လြင္ ရာရာကို သန႔္ရွင္းေရး၊အေထြေထြဝန္ထမ္းထိ လုပ္ခိုင္းၿပီး တိုက္ခိုက္ခံခဲ့ရတာ ေဒၚသစ္သစ္လြင္က ရာရာကိုအဲ့ေလာက္ထိလုပ္ခဲ့တာ ရာရာအရမ္းပင္ပန္းခဲ့တာေတြကိုနင္သိသင့္ပါတယ္ မင္းမင္း"
"ကြၽန္ေတာ္ မမရဲ႕ေပ်ာ္႐ႊင္မႈကိုဖ်က္ဆီးခ်င္လို႔မဟုတ္ဘူး "
မမကိုျမင္ရင္ ကြၽန္ေတာ္လိပ္ျပာမလုံေတာ့လို႔။ မမနာက်င္ခံစားမႈထက္ဝက္က ကြၽန္ေတာ့္အစ္မေၾကာင့္ျဖစ္ေနခဲ့လို႔။ မမခံစားရမွာသိေပမဲ့ ကြၽန္ေတာ့္အစ္မကို မတားဆီးႏိုင္ခဲ့လို႔ပါ။
"ဒါဆို သြားမယ္ "
ကစ္ကစ္က မင္းေယာက္်ားကိုၿခံထဲအတင္းဆြဲေခၚသည္။
"ကစ္ကစ္ "
"အိမ္ရွင္ကေတာင္ နင့္ကိုလာခဲ့ဖို႔ဖိတ္ေခၚတာပဲ နင္ကဘာကိုေၾကာက္ေနတာလဲ နင့္စိတ္ကို ရာရာသိသြားမွာစိုးလို႔လား "
အဲ့တာထက္ ကြၽန္ေတာ္က သစ္သစ္လြင္ေမာင္ဆိုတာသိသြားမွာပိုေၾကာက္တယ္။
သူဘာမွျပန္မေျပာေတာ့ပါ။ ကစ္ကစ္ဆြဲေခၚရာေနာက္သာပါလာခဲ့သည္။
ရာရာက ကစ္ကစ္တို႔ကိုေတြ႕ေတာ့ အံ့ဩသြားသည္။ ထိုအခ်ိန္ ဦးသူ႔ကရာရာ့ေဘးနားလာကာ သူဖိတ္ထားသည့္အေၾကာင္း တိုးတိုးေလးကပ္ေျပာသည္။
"အဟင္း ေက်းဇူးပါဦးသူ႔ "
"ေက်းဇူးတင္ခ်င္ရင္ ေနာက္မွေပါင္းတင္ "
ရာရာၿပဳံး႐ုံသာၿပဳံးျပလိုက္ၿပီး ကစ္ကစ္တို႔ကိုေခၚကာ ျခင္းနဲ႔ဝိုင္ေဘးထိုင္ေစသည္။
"ဝိုင္ ျခင္း ဒါက ကစ္ကစ္ LSမွာ ငါနဲ႔အတူတူအလုပ္လုပ္တဲ့သူ ဒါက မင္းေယာက္်ား အိမ္နီးခ်င္းေမာင္ေလး အခု LSမွာပဲ ကစ္ကစ္နဲ႔အတူ အလုပ္လုပ္ေနတယ္ "
"ဪအင္း "
"မင္းမင္း ကစ္ကစ္ ဒါက အနမ္းဝိုင္ ေကာ္ဖီဆိုင္ပိုင္ရွင္ သူက ျခားနားျခင္း ျမင္ဖူးလားမသိ LSရဲ႕ဒုဥကၠဌ "
"ဟုတ္ကဲ့ ကြၽန္မသိတယ္ အေဝးကေနတစ္ခါျမင္ဖူးတယ္ "
ကစ္ကစ္က ႐ို႐ိုေသေသျပန္ေျပာသည္။
"႐ိုေသစရာမလိုဘူး ဒါက အလုပ္ခြင္မွမဟုတ္တာ"
"ဟုတ္ "
"ဒါဆို အားလုံးသိၾကၿပီဆိုေတာ့ စားၾကရေအာင္ ဗိုက္ဆာတယ္ "
"ပြဲရွင္ကဗိုက္ဆာေနေတာ့ စားၾကတာေပ့ါ "
တစ္ခဏအတြင္း စကားသံေတြနဲ႔ဆူညံသြားရသည္။ ကေလးသုံးေယာက္ကလည္း စားလိုက္စကားေျပာလိုက္ျဖင့္ ပြဲက်ေနၾကသည္။
စားၿပီး နာရီဝက္အၾကာမွာ မိုးမိုးကဝိုင္ယူလာေပးသည္။
"ကဲ ဝိုင္ေဖာက္ရေအာင္ "
"ေဘဘီနည္းနည္းပဲေသာက္ရမယ္ေနာ္ "
"သိပါတယ္ ဦးသူ႔ကလည္း "
လူေရွ႕မွာ ေဘဘီလို႔ေခၚခံရ၍ ရွက္ၿပီး မ်က္နာရဲလာသည္။ ဒါကိုပဲ သူ႔ကသေဘာက်ကာၿပဳံးသည္။
"မိန္းမ ဝိုင္နည္းနည္းပဲေသာက္ရမယ္ေနာ္"
ျခင္းကပါ သူ႔လိုလိုက္ေျပာေတာ့ ဝိုင္က တံေတာင္နဲ႔ထိုးသည္။
"နင္ဘယ္လိုျဖစ္ေနတာလဲ "
"ဟင္းဟင္း "
တစ္ေယာက္တစ္ခြက္ဆီ ကိုယ္စီကိုင္လိုက္ၾကရင္း ဝိုင္ခြက္ကို တိုက္လိုက္ၾကသည္။ ပါးစပ္မွလည္း...
"ဒီလင္ဒီမယား ေပ်ာ္႐ႊင္ပါေစ "
ရာရာတို႔လုပ္သလို မင္းမင္းကအလိုက္သင့္လိုက္လုပ္ရွာပါသည္။ ေပ်ာ္႐ႊင့္မႈဆိုေသာအရာေတာ့ သူ႔ဆီမွာ ရွိမေနပါ။
"ေျဖာင္း ေျဖာင္း အရွင္ကေရာ ဒီပြဲကိုလာခြင့္မရွိတာမ်ားလား"
လက္ခုပ္သံနဲ႔အတူ ရာရာတို႔ဝိုင္းဆီတျဖည္းျဖည္းလမ္းေလွ်ာက္လာေနသည့္ သစၥာရွင္။ သူတို႔အားလုံး မရည္႐ြယ္ပါဘဲႏွင့္ ၿပိဳင္တူထရပ္မိသြားၾက၏။
"ေပ်ာ္ၿပီး ဆူညံေနၾကလို႔ အရွင္ေရာက္လာတာမသိဘူးထင္တယ္ "
"မင္းဘာလာလုပ္တာလဲ "
သူ႔က ရာရာကိုသူ႔ေနာက္ပို႔လိုက္ရင္းမွေမးသည္။ စိတ္တိုေန၍ ေမးေၾကာမ်ားေထာင္လို႔ေနပါသည္။ ကေလးသုံးေယာက္ကို မိုးမိုး၊စိုးစိုးက အရွင္မျမင္ေအာင္ အိမ္ထဲေခၚသြားသည္။
"အစ္ကိုစိတ္ကိုထိန္းပါ အရွင္က ဆူညံေနလို႔ လာၾကည့္တာပါ အင္းး ျပန္ေပါင္းသြားလို႔ဂုဏ္ျပဳရင္းနဲ႔ေပါ့ "
အျပစ္ကင္းစင္သူလိုမ်က္ႏွာထားႏွင့္ မ်က္ႏွာေျပာင္တိုက္ေနသည္။ ေတာ္ေတာ္အရွက္မရွိတာပဲ။
"မလိုဘူး သစၥာရွင္ "
"အရင္လို အရွင္လို႔ေခၚပါဦးလား အစ္ကို "
"နင္က ငါ့သူငယ္ခ်င္းကို နာက်င္ေအာင္လုပ္တဲ့သူလား "
ဝိုင္ရဲ႕စကားေၾကာင့္ သစၥာရွင္ အ႐ူးတစ္ေယာက္လိုရယ္သည္။
"တျခားသူကိုက် စိတ္ဆင္းရဲေအာင္လုပ္ၿပီးေတာ့ နင္တို႔က် ေပ်ာ္ေနလို႔ရမလား မရဘူး လုံးဝမရဘူး နင္တို႔ဘယ္ေတာ့မွမေပ်ာ္႐ႊင္ေစရဘူး"
"ဘာ! "
"သစၥာရွင္ ဘာေၾကာင့္ရာရာကိုမုန္းေနလဲေသခ်ာမသိဘူး အေၾကာင္းစုံကိုေသခ်ာရွင္းျပၿပီး ေျပာျပရင္ေကာင္းမယ္ "
ရာရာက ဦးသူ႔ေနာက္မွာေနရင္းမွ ေရွ႕ထြက္လာကာေျပာသည္။ သစၥာရွင္ရဲ႕မ်က္ႏွာပိုၿပီးတည္တင္းသြားသည္။
"ငါကဘာလို႔လဲ နင္တို႔က ေပ်ာ္႐ႊင္မႈနဲ႔မတန္ဘူး"
"မင္းခြဲတိုင္း ငါတို႔ကကြဲမယ္ထင္လား သစၥာရွင္ အခုလုပ္ရပ္ကိုပဲၾကည့္ေလ ေနာက္ဆုံးမွာ ငါတို႔ျပန္ေပါင္းတယ္ "
သူ႔ဝင္ေျပာသည့္စကားက သစၥာရွင္ကို အဆုံးထိဆြဲေခၚသြားပုံရသည္။
"အဟက္ ဘယ္လိုခြဲခြဲမကြဲဘူးဆိုမွေတာ့ ခြဲဖို႔ေသခ်ာတဲ့နည္းလမ္းကတစ္နည္းပဲရွိေတာ့တာပဲ"
"ဟင္ "
"ေသနတ္ "
သစၥာရွင္လက္ထဲမွာ ေသနတ္ပါလာ၍ ရာရာတို႔အားလုံးလန႔္သြားၾကသည္။ စိတ္႐ူးေပါက္ၿပီး လူသတ္ဖို႔ဝန္မေလးတဲ့သစၥာရွင္က သူတို႔ကိုမပစ္ဘူးလို႔ မေျပာႏိုင္။
သူ႔က ရာရာကိုလုံးဝကာကြယ္လိုက္သလို ျခင္းကလည္း ဝိုင္ကို ကာေပးထားသည္။ မင္းမင္းနဲ႔ကစ္ကစ္ကေတာ့ ဘာမွမသိေတာ့ဘဲ ေၾကာင္ေတာင္ေတာင္နဲ႔မ်က္လုံးအျပဴးသားျဖစ္ေနသည္။
"ေၾကာက္သြားၾကတာလား မေၾကာက္ပါနဲ႔အစ္ကိုရဲ႕ အရွင္က ေသေအာင္မပစ္ပါဘူး "
"အဟြန္း မေသမရွင္ျဖစ္ေအာင္ပဲလုပ္မွာ "
"သစၥာရွင္ စကားနဲ႔ပဲေျပာ... "
"ဒိုင္း "
သူ႔စကားမဆုံးခင္မွာ ေသနတ္သံတစ္ခ်က္ထြက္လာသည္။ သစၥာရွင္ကိုင္ထားသည့္ ေသနတ္ဦးတည္ရာက မင္းမင္းဆီမွာ ရွိေနသည္။
"ဖုန္းပိတ္လိုက္ ရဲကိုဖုန္းေခၚမယ္မႀကံနဲ႔ နင္ေသသြားမယ္ "
အမွန္က မင္းေယာက္်ားဆီ သစ္သစ္လြင္ဆက္လာျခင္းျဖစ္သည္။ သူဖုန္းကိုကိုင္လိုက္ရင္း ဘာမွမေျပာဘဲ သစၥာရွင္ျဖစ္ေစခ်င္သလို ဖုန္းကိုစားပြဲေပၚတင္လိုက္သည္။
"အစ္ကိုက သ႐ုပ္ေဆာင္ေကာင္းတာပဲ အရွင္က ဆာကူရာကိုမုန္းတယ္လို႔ တစ္ကယ္ထင္ေနတာ ေတာ္ေသးတယ္ အရွင္အျမန္ရိပ္မိခဲ့လို႔ "
"မသစၥာရွင္ ဘာကိုလိုခ်င္ေနတာလဲ ရာရာတို႔ကို ဘာျဖစ္ေစခ်င္တာလဲ "
"နာက်င္ေစခ်င္တာ နင္တို႔ေတြ နာနာက်င္က်င္နဲ႔တစ္သက္လုံးေနသြားေစခ်င္တာ "
အရွင့္ကိုအခ်ိန္ဆြဲဖို႔ႀကိဳးစားေနျခင္းျဖစ္သည္။ ပတ္ဝန္းက်င္က ေသနတ္သံၾကားရင္ ဒီတိုင္းၿငိမ္ေနမွာမဟုတ္။ ၿပီးေတာ့ စိုးစိုးနဲ႔မိုးမိုး အခုခ်ိန္ရဲစခန္းကို ဖုန္းဆက္အေၾကာင္းၾကားၿပီးေလာက္ၿပီျဖစ္သည္။
သစၥာရွင္အ႐ူးတစ္ေယာက္လိုရယ္ကာ ၿပဳံးကာ သူ႔ကိုေသနတ္ျဖင့္ခ်ိန္လိုက္ၿပီးေနာက္...
"ဒုတ္ "
အခ်ိန္တစ္ခုၾကာသည္ထိ ေသနတ္သံက ထြက္ေပၚမလာသည္က...
"ေဒါက္တာ "
ေဆာင္းလက္ထဲမွာ သစ္သားတုတ္ႀကီးကိုင္ကာ တုန္တုန္ရီရီနဲ႔ရပ္ေနသည္။ သူငယ္ခ်င္းရဲ႕ေခါင္းကို ႐ိုက္လိုက္ရ၍ မ်က္ရည္ေတြလည္းက်ေနသည္။
ေဆာင္းကအရွင္နဲ႔အတူလာတာျဖစ္ၿပီး ၿခံေရွ႕မွာေစာင့္ခိုင္းခဲ့ျခင္းျဖစ္သည္။ ေသနတ္သံၾကား၍ အထဲကိုအရဲစြန႔္ဝင္လာရာမွ အရွင့္ကို႐ိုက္လိုက္ျခင္းျဖစ္သည္။
"ေတာင္းပန္ပါတယ္ အရွင္ နင့္ကိုလူမသတ္ေစခ်င္လို႔ပါ "
"ေဒါက္တာ "
"အဟင့္ အရွင္ "
သူမကိုယ္တိုင္႐ိုက္လိုက္တာဆိုေပမဲ့ အရွင့္အတြက္ဝမ္းနည္းကာငိုေနသည္။
"ရာရာအဆင္ေျပတယ္မလား "
ရာရာအားေပ်ာ့ကာ လဲက်မလိုျဖစ္ေနတာကို သူ႔ကတြဲထူရင္းေမးသည္။ ရာရာကိုယ္ကိုျပန္မတ္လိုက္ရင္း...
"ဟုတ္ ဦးသူ႔ေရာ "
"ကိုယ္လည္း အဆင္ေျပတယ္ "
အားလုံးအဆင္ေျပၿပီဆိုကာမွ သူ႔ သစၥာရွင္နားေရာက္လာသည္။
"သူ "
"ေမ့လဲယုံေလာက္႐ိုက္လိုက္တာပါ အရွင့္ကိုရဲလက္ထဲမအပ္လိုက္ပါနဲ႔ေနာ္ ေဆာင္းေတာင္းဆိုပါတယ္ "
"သစၥာရွင္ ကြၽန္ေတာ္တို႔ကိုထပ္ၿပီး သတ္ဖို႔ႀကိဳးစားရင္ေရာ အဲ့ဒီတစ္ခါ ေဆာင္းအခုလိုတားႏိုင္ဦးမွာလား "
"ဒါေပမဲ့ မပို႔ပါနဲ႔ရွင္ "
ေဆာင္းကငိုငိုယိုယိုနဲ႔ေတာင္းပန္သည္။ ဒါကိုေတာ့ သူ႔မလုပ္ေပးႏိုင္ပါ။ သူ႔မ်က္ႏွာလႊဲလိုက္ကာ သက္ေသျဖစ္သည့္ ေသနတ္ကို ယူလိုက္ရင္း ရဲစခန္းကို ကိုယ္တိုင္ဖုန္းျပန္ဆက္သည္။
ထိုသို႔ျဖင့္ သစၥာရွင္ ေဆး႐ုံကို လက္ထိပ္ျဖင့္ေရာက္ခဲ့ရသည္။ သက္ေသေတြကျပည့္စုံသည္မလို႔ သစၥာရွင္ေထာင္က်မည္ဆိုတာ ေသခ်ာသြား၏။
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
"ေတာ္ေသးတယ္ မဟုတ္ရင္ ဥကၠဌ ေသမလားရွင္မလား မသိေတာ့ဘူး "
ကစ္ကစ္နဲ႔မင္းမင္း ကစ္ကစ္ေနသည့္တိုက္ဆီ လမ္းေလွ်ာက္လာၾကရင္း ကစ္ကစ္ကစကားစလိုက္ျခင္းျဖစ္သည္။
"ဟုတ္တယ္ အဲ့မိန္းမ အေတာ္ေသြးေအးတယ္"
"ငါေလ ရာရာေနရာမွာသာဆို ေမ့လဲက်သြားေလာက္တယ္ ရာရာအရမ္းကိုေတာင့္ခံႏိုင္တာပဲ ဒီလိုျမင္လိုက္ရေတာ့ ရာရာနဲ႔ဥကၠဌရဲ႕အခ်စ္ကို ေလးစားတယ္ အရမ္းကို ယုတ္မာရက္စက္ၾကတဲ့သူေတြနဲ႔ေတြ႕ၾကေပမဲ့ ခံႏိုင္ရည္ရွိၿပီး တြန္းလွန္ႏိုင္ၾကလို႔ သူတို႔အခ်စ္က အရမ္းဆန္းၾကယ္တယ္ "
ေျပာရင္းေျပာရင္းနဲ႔ေလွ်ာက္လာခဲ့ၾကတာ ကစ္ကစ္ေနတဲ့တိုက္ေရွ႕ေရာက္လာသည္။
"ေရာက္ၿပီ နင္လည္းျပန္ေတာ့ "
မင္းမင္းဆီကအေျဖျပန္မရခင္ ကစ္ကစ္ သူ႔ကိုေက်ာခိုင္းလိုက္သည္။ သို႔ေသာ္ မင္းမင္းက သူ႔လက္ကိုလွမ္းဆြဲသည္။
"ခဏ "
"ဘာလဲ "
"အဲ့ေန႔က အရက္ေသာက္ၾကတဲ့ေန႔က ကစ္ကစ္နဲ႔ကြၽန္ေတာ္ ဘာေတြျဖစ္ခဲ့ၾကေသးလဲ "
ကစ္ကစ္မေျဖဘဲ သူ႔ကိုသာေငးၾကည့္သည္။ အဓိပၸါယ္မ်ိဳးစံျပည့္ႏွက္ေနသည့္အၾကည့္။ သူအမွားလုပ္ခဲ့တာ ေသခ်ာသည္။
"မသိဘူး ငါလည္းမမွတ္မိဘူး "
လို႔ေျပာၿပီး အထဲေျပးဝင္သြားသည္။ သူ႔ တိုက္ေရွ႕မွာ ဆယ္မိနစ္ေလာက္ရပ္ၿပီးမွ အိမ္ျပန္လာခဲ့သည္။
"မမ "
မင္းေယာက္်ား အိမ္ထဲကိုဝင္လိုက္ေတာ့ သစ္သစ္လြင္က ဆိုဖာေပၚမွာ မိန႔္မိန႔္ေလးထိုင္ေနသည္။
"ေပ်ာ္ခဲ့လား "
ကိုယ့္ရဲ႕ေမာင္တစ္ေယာက္လုံး လူသတ္ခံရနီးနီးျဖစ္ခဲ့တာကို ေမးလာသည့္ေမးခြန္းက ေပ်ာ္ခဲ့လားတဲ့။ ဒါက ေမာင္ကို အစ္မတစ္ေယာက္က ေမးရမဲ့စကားလား။
"မမကေပ်ာ္ေနပုံပဲ "
"မေပ်ာ္ပါဘူး ေက်နပ္႐ုံေလးပဲ "
"ေက်နပ္တယ္ မမရဲ႕ေမာင္ ၿပီးေတာ့ မမခ်စ္တဲ့သူ ေသခါနီးဆဲဆဲျဖစ္သြားတာကို ေက်နပ္တယ္"
"အင္းေလ "
သူဘာမွျပန္မေျပာႏိုင္ေတာ့ဘဲ အံကိုတင္းတင္းႀကိတ္သည္။ အင္းေလ မမက သူ႔ကိုဘယ္တုန္းကေမာင္လို႔သတ္မွတ္ထားလို႔လဲ။ လိုအပ္ရင္ခိုင္းဖို႔ေလာက္ပဲသတ္မွတ္ထားတာ။
"မင္းေယာက္်ား "
သစ္သစ္လြင္မ်က္ႏွာတည္သြားၿပီး သူ႔အနားကိုလာသည္။
"ျဖန္း "
ထင္မထားသည့္လုပ္ရပ္ေၾကာင့္ သူအံ့ဩသြားသည္။
"နင္ကဘာလို႔ အဲ့ေနရာမွာရွိေနရတာလဲ မင္းမင္း သူတို႔ႏွစ္ေယာက္မေပါင္းေအာင္လုပ္ခိုင္းတာ သူတို႔ကို ဂုဏ္ျပဳခိုင္းတာမဟုတ္ဘူး "
"ဥကၠဌကပါဖိတ္တာကို ဘာလို႔မသြားရမွာလဲ "
"နင္ဘာလို႔အခုမွေပၚလာတာလဲ "
"သူငယ္ခ်င္းကို အိမ္ျပန္ပို႔ေနတာ"
"မဟုတ္မွ...ကစ္ကစ္ေၾကာင့္ မင္းဒီလိုျဖစ္ေနတာလား "
"ကစ္ကစ္နဲ႔လုံးဝမဆိုင္ဘူး မမ"
မင္းမင္း လႈပ္လႈပ္ရွားရွားျဖစ္သြားသည္ကို သစ္သစ္လြင္စူးစိုက္ၾကည့္သည္။ ေသခ်ာတာက မင္းေယာက္်ားစကားကို မယုံဘူးဆိုတာပင္။
"အင္းပါ အနားယူလိုက္ဦး "
သစ္သစ္လြင္ ဘာမွမေမးေတာ့ဘဲ ထြက္သြားမွ သူဒူးေထာက္ထိုင္က်သြားသည္။
မမဖုန္းကိုကိုင္လိုက္မိတာ မွားသြားတာလား???
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
သစၥာရွင္ကို ေဆး႐ုံမွာ ေသခ်ာေစာင့္ၾကည့္ၿပီးမွ သူတို႔အိမ္ကိုျပန္လာခဲ့ၾက၏။ ျခင္းနဲ႔ဝိုင္ကိုလည္း မျပန္ေစေတာ့ဘဲ ဒီမွာသာအိပ္ေစလိုက္သည္။
ကေလးေတြလည္း လန႔္သြားၾကသည္။ အခုေတာ့ အိပ္ေနၾကၿပီျဖစ္သည္။ မအိပ္ႏိုင္ေသးတာကရာရာ။
"ေဘဘီ အဆင္ေျပလား "
"ဟုတ္"
အဆင္ေျပတယ္ေျပာေပမဲ့ ရာရာ့မ်က္ႏွာကေသြးမရွိသလို ျဖဴဖတ္ေနသည္။ ရာရာကိုရင္ခြင္ထဲဆြဲသြင္းလိုက္သည္။
"ဒီေန႔ညက အျဖစ္အပ်က္ကိုေမ့ျပစ္လိုက္ပါ "
"ဒါမဲ့ ဒီေန႔က ေပ်ာ္ရတဲ့ေန႔ကို "
"ကိုယ္က ဒီထက္ေပ်ာ္စရာေကာင္းေအာင္လုပ္ေပးမယ္ "
"ဟင့္အင္း မလိုအပ္ဘူး ရာရာ့မွာ ဦးသူ႔ရွိရင္ရၿပီ"
"ကိုယ္ကမင္းေဘးနားမွာ တြယ္ကပ္ၿပီးေနမွာပါ"
ရာရာ ဦးသူ႔လက္ကိုတင္းေနေအာင္ဆုပ္ကိုင္ထားသည္။
"ဦးသူ႔ကမအိပ္ေသးဘူးလား "
"ကိုယ္ခဏေနမွအိပ္မယ္ ေဘဘီအရင္အိပ္ႏွင့္"
"ဟင့္အင္း ဘယ္မွမသြားဘဲ ရာရာ့အနားမွာပဲေနေပးပါေနာ္ "
"အင္းပါ "
သူ႔ ရာရာ့ေဘးဝင္လွဲကာ ရာရာ့ကိုရင္ခြင္ထဲမွာ ဖက္ထားသည္။
"ဦးသူ႔ "
"ဗ်ာ "
"တစ္ကယ္လို႔မ်ားေလ ေဒါက္တာေဆာင္းေရာက္မလာခဲ့ရင္ ဘယ္လိုလုပ္မလဲ "
"ကိုယ္ ဒါမွမဟုတ္ ေဘဘီ emergency roomထဲမွာ အသက္လုေနရမွာေပါ့ ဟင့္အင္း ကိုယ္က မင္းကို ထိခိုက္မခံဘူး ကိုယ္ပဲအျဖစ္ခံမွာ ေသခ်ာေပါက္ မင္းကိုကာကြယ္မွာ "
"ဟင့္အင္း ဦးသူ႔တစ္ခုခုျဖစ္လို႔မရဘူး ဦးသူ႔သာတစ္ခုခုျဖစ္ရင္ ရာရာတစ္ကယ္ေသေလာက္တယ္"
"စိတ္ခ် ကိုယ္က မင္းခြင့္မျပဳဘဲ မထိခိုက္ေအာင္ေနမွာ မင္းလည္း မထိခိုက္ရဘူး "
ရာရာ ဦးသူ႔ကိုယ္ကိုပိုၿပီးတင္းတင္းဖက္လိုက္သည္။
"ေတာ္ၿပီကြာ အိပ္ေတာ့ေဘဘီ ဒါကိုအိမ္မက္လို႔သေဘာထားၿပီး ကိုယ့္ရင္ခြင္မွာ အိပ္စက္လိုက္"
"ဟုတ္ "
ဟုတ္တယ္။ ဦးသူ႔ရွိရင္ အရာအားလုံးလုံၿခဳံသြားၿပီ။ ဘာမွမလိုအပ္ေတာ့ဘူး။ ဘယ္ေလာက္ပဲအသိစိတ္က မယုံၾကည္ဘူးလို႔ေျပာေနပါေစ မသိစိတ္က တိတ္တခိုး ယုံၾကည္ေနမိတယ္ဆိုတာ ရာရာကိုယ့္ကိုကိုယ္လိမ္လို႔မရႏိုင္ပါ။
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
ဆက္ရန္
Author-သက္တန႔္ေရာင္ျခယ္