Save The Loser System ( Syste...
By Alainkar_koii22
61.2K 5.7K 151
Unicode + Zawgyi ရှောင်ရှင်းယံ - အချစ်ဆိုတာ.... System - ယီးပါပဲတဲ့ !!! ရှောင်ရှင်းယံ - ငါလူးမ -_- # ပေါတေ... More
System ကမ္ဘာသို့ရောက်ရှိခြင်း
Arc.1 ( လီရှောင်ဖေး )
ဇာတ်ကောင်မိတ်ဆက် / ဇာတ္ေကာင္မိတ္ဆက္
Arc - 1.2
Arc - 1.3
Arc - 1.4
Arc - 1.5
Arc - 1.6
Arc - 1.7
Arc - 1.8
Arc - 1.9
Arc - 1.11
Arc - 1.12
Arc - 1.13
Arc - 1.14
Arc - 1.15 ( Final )
System space
Arc - 2 ( Huá / ဟွား )
ဇာတ်ကောင်မိတ်ဆက်
Arc - 2.1
Arc - 2.2
Arc - 2.3
Arc - 1.10
2.4K 256 3
By Alainkar_koii22
Unicode
ဒီမနက်တော့ ရှောင်ဖေး စောစောနိုးနေတယ် ဒီနေ့က သူ့အရည်အချင်းတွေကို ထုတ်ပြရမယ့် နေ့ ။
အမဲရောင် Suit တစ်ထည်ကို ကျကျနန ဝတ်ပြီး ရှည်နေပီဖြစ်တဲ့ ဆံပင်ငွေရောင်လေးကို နဲနဲပြင်လိုက်တယ်။ OK ရပီ perfect !!
(အနီးစပ်ဆုံးပုံလေးပြထားတယ် ရှောင်ဖေးပုံလေးကို မျက်လုံးထဲမြင်အောင် 😉 )
" အားယွမ် ငါ့ mission ကဘာတွေပြီးပြီလဲ "
* ၂ခုပြီးသွားပါပြီ host ဇာတ်လိုက်မ မျက်နှာဖုံးကိုခွာချဖို့နဲ့ ချစ်တဲ့သူကိုရှာဖို့ကျန်ပါသေးတယ် *
" ချင်းဝမ်ဝမ်ကိစ္စက မနက်ဖြန်အပျက်ရှင်းမယ် နောက်ဆုံးတစ်ချက်က ကိစ္စမရှိဘူး မိန်းမတစ်ယောက်လောက် မြန်မြန်ယူပြီး ဒီကမ္ဘာကနေ မြန်မြန်ထွက်သွားမယ် "
* host တွေ့ရာလူ ယူလို့မရဘူးနော် host ကိုတကယ်ချစ်တဲ့သူကိုပဲယူရမာ *
" ငါသိပါတယ်ကွာ ဒီရုပ်လေးနဲ့ဆို ဟော့တစ်ယောက် ဟော့တစ်ယောက်ပဲ မပူနဲ့ ငါသိတယ် "
' စကားတွေကဘယ်တော့မဆို လေပေါ်ကမဆင်းဘူး ဒီ host နဲ့တော့ ငါနော် -_- # ′
ရှောင်ဖေး အောက်ထပ်ဆင်းလာတော့ ပါးပါးက အလုပ်တောင်သွားတော့မယ်
' ဟား သားငယ် ဒီနေ့ ကြည့်ကောင်းနေပါလား ဘယ်လိုလဲအဆင်သင့်ပဲလား '
" ဟွန့် သားက အမြဲတမ်းကြည့်ကောင်းနေတာပါနော် အခုမှမဟုတ်ဘူး 😒 "
' ဟားဟား ဟုတ်ပါတယ် ဟုတ်ပါတယ် သားငယ်လေးက ဘယ်ချ်န်ဖြစ်ဖြစ် ကြည့်ကောင်းပီးသား '
" ဟွန့် ... ပါးပါးအရင်သွားနှင့် ဟိုရောက်ရင် meeting room မာပဲ တခြားသူတွေနဲ့အတူစောင့်နေ သားလိုအပ်တာတွေယူပြီး လိုက်လာခဲ့မယ် ပြီးတော့ ပါးပါးအတွင်းရေးမှူးကို ကားပါကင်မာ သားကိုလာစောင့်ခ်ုင်းလိုက် သားအဲ့ကိုရောက်ရင် သူ့ကိုပစ္စည်းသယ်ခိုင်းစရာရှိတယ် "
' ကောင်းပြီ သားငယ်လ်ုအပ်တာတွေ ယူပြီးလိုက်ခဲ့ နောက်မကျစေနဲ့ '
" မပူနဲ့ ပါးပါး သားအချ်န်ကွက်တိရောက်အောင်လာခဲ့မယ် CEO အသစ်က အချိန်မလေးစားဘူးလို့ ပြောကြမာ မလိုချင်ဘူး "
' OK my son see you soon '
" OK ပါးပါး "
ပေါင်မုန့်ယိုသုတ်နဲ့ နို့တစ်ခွက်သောက်ပြီး ကားဂိုထောင်ဘက်ထွက်လာခဲ့တယ်... သူအကြိုက်ဆုံးဖြစ်တဲ့ အနက်နဲ့အပြာ စပ်ထားတဲ့ ကားလေးကို ဂိုထောင်ထဲကထုတ်ပြီး လိုအပ်တဲ့စာရွက်စာတန်းတွေကို နောက်ဘက်ထဲထည့်ကာ company ကိုထွက်လာခဲ့တယ်
Company ကိုရောက်တော့ car parking မာ နေရာတစ်ခုရှာပြီး ပါကင်ထိုးလိုက်တယ် သူ့ကားဝင်လာတာမြင်တော့ သူ့ဆီကို မိန်းခလေးတစ်ယောက် ခပ်သွက်" လျှောက်လာတယ် ကြည့်ရတာ ပါးပါးအတွင်းရေးမှူးထင်တယ်
' မဂ်လာပါ Boss တွေ့ရတာဝမ်းသာပါတယ် ကျွန်မက CEO ရဲ့အထွေထွေအတွင်းရေးမှူး လုဝေဝေ ပါ '
~ ခွီး ငါကြည့်ဖူးတဲ့ ကားထဲက မင်းသမီးနာမည်ကြီး ~
" အဟမ်း CEO လီ​ ရော "
' CEO က meeting room ကနေ စောင့်နေပါတယ် Boss ရှယ်ယာရှင်တွေလဲ အကုန်စုံနေပါပြီ '
" ဟုတ်ပြီ ကားနောက်ခန်းမာ စာရွက်စာတန်းတွေပါတယ် ပြုတ်မကျစေနဲ့ သေချာဂရုတစိုက် သယ်လာပေးပါ အရေးကြီးစာရွက်စာတန်းတွေမို့လို့ သယ်ရမာက နဲနဲများတယ် မနိုင်ရင် နောက်တစ်ယောက်ထပ်ခေါ်လိုက်ပါ အတွင်ရေးမှူးဝေ "
' ရပါတယ် ကျွမ်မနိုင်ပါတယ် Boss '
" ကောင်းပြီ ဒါဆို အတွင်းရေးမှူးဝေ ဒါတွေကိုသယ်ပြီး ရှေ့ကလမ်းပြပါ meeting room ကိုပဲတန်းသွားကြမယ် "
' ဟုတ်ကဲ့ Boss '
( အား...Boss ကအရမ်းချောတာပဲ (ᗒᗣᗕ)՞
သဘောလဲ ကောင်းမယ့်ပုံပဲ ငါ ဒီ company မာ အတွင်ရေးမှူးလျှောက်ခဲ့တာ အရမ်းမှန်သွားပြီ နေ့တိုင်း Boss ကိုငမ်းလို့ရပီ အဟိ )
အတွင်းရေးမှူးရဲ့အတွေးတွေကို မသိတဲ့ လီရှောင်ဖေးကတော့ system နဲ့ စကားပြောနေလေရဲ့...
" အားယွမ် "
* host ကျွန်တော့်ကို သတိရသေးတယ်ပေါ့ *
" ရတာပေါ့ကွာ ငါ့မာ မင်းပဲရှိတာ "
* ဟွန့် တစ်မနက်လုံးပြစ်ထားပီးတော့ အခုမှ *
" ပြစ်ထားတာမဟုတ်ပါဘူးကွာ ငါမအားလို့ပါ စိတ်လှုပ်ရှားနေတာလဲပါတယ် ငါမကျွမ်းကျင်တဲ့အရာကို လူအများရှေ့မာလုပ်ပြရမာ ငါအရမ်းစိတ်တွေလှုပ်ရှားနေတယ် အားယွမ် "
* ဘာမှမဖြစ်ဘူး host စိတ်ကိုလျှော့ host လုပ်နိုင်တယ် *
" အင်း ဟုတ်ပြီ ဒါနဲ့ အားယွမ် မင်းအခုတလော ကလေးအရမ်းဆန်လာတယ် "
* ဒါ ကျွန်တော့်ရဲ့ နဂိုစရိုက်ပဲလေ host ရယ် *
" ဟုတ်ပါပြီ × 2 meeting မာဘယ်သူတွေလာလဲ အားယွမ် "
* ရှယ်ယာဝင်ထားတဲ့သူတွေအကုန်လာပါတယ် host ကျန်းလီကျင်းရဲ့ အဖေလဲရောက်နေပါတယ် host ပါးပါးရဲ့ဘေးမာပါ ပြီးတော့..ပြီးတော့... *
" အင်း ပြီးတော့.."
* ဟွေ့ ...ဟွေ့လန်ရှင်းလဲရောက်နေတယ် *
" ဟမ်?? သူကဘာလုပ်ဖို့ရောက်နေတာလဲ "
* host ပါးပါး company ရဲ့ ရှယ်ယာ 25% လောက်က သူပိုင်တာပါ host *
" aww "
' Boss meeting room ထဲဝင်တော့မလား '
အတွင်းရေးမှူးခေါ်သံကြားမှ သူအသိစိတ်ပြန်ကပ်လာတယ် ဘယ်လိုတောင် meeting room ရှေ့ရောက်လာမှန်းမသိလိုက်ဘူး လက်က နာရီကိုကြည့်လိုက်တော့ 9 နာရီထိုးဖို့ 15 min အလို ရှောင်းယံ မင်းလုပ်နိုင်တယ် စိတ်ကိုလျှော့ ဟူး.....
" အထဲကို ဝင်မယ် "
ပိတ်ထားတဲ့ တံခါးနှစ်ချပ်ပွင့်လာတော့ အထဲက စကားပြောနေတဲ့လူများက တပြိုင်နက် အပေါက်ဝကိုလှမ်းကြည့်ကြတယ် ငွေရောင်ဆံသားတွေနဲ့ Suit ဝတ်ကာ အစည်းအဝေးခန်းထဲ ဝင်လာတဲ့လူတစ်ယောက် မျက်လုံးများကလဲ ခဲရောင်လေးသန်းနေသလို နှုတ်ခမ်းထက်မာလဲ အပြုံးတစ်ခု တင်ထားတယ် ကြည့်လိုက်တာနဲ့ ပေါ့သေးသေး လူတစ်ယောက်မဟုတ်မှန်း မြင်တဲ့သူတိုင်း သိစေတယ် သူကဘယ်သူလဲ ?? ရှယ်ယာဝင်အသစ်လား ?? လူအများရဲ့ ခေါင်းထဲမာ အတွေးကိုယ်စီဝင်သွားတယ် မအံ့ဩပဲ အေးဆေးထိုင်နေတဲ့ သူ၂ယောက်တော့ရှိတယ် ဟွေ့လန်ရှင်းနဲ့ လီကျန့်ဖေးပင်....
လီကျန့်ဖေးကတော့ သူ့သားဝင်လာထဲက ပီတိဖြာနေတယ်...
' ဒီလိုပဲဖြစ်နေရမယ် ငါ့သားကို မြင်တဲ့သူတိုင်း ဒီကလေးက လျှော့တွက်လို့မရတဲ့သူ ၊ အန္တရာယ်ရှိတဲ့လူတစ်ယောက်လို့ ထင်နေရမယ် ၊ သားငယ် မင်းအရည်အချင်းကို ပါးပါးစောင့်ကြည့်နေမယ် ′
စိတ်ထဲကနေသာ ပြောလိုက်ပြီး အပြင်မာတော့ သူ့သားကို ဂုဏ်ယူသောအကြည့်များဖြင့် ကြည့်နေတယ်...
ဟွေ့လန့်ရှင်းကတော့ အပြင်မာ တည်ငြိမ်နေပင်မယ့် စိတ်ထဲမာတော့ လူသတ်ချင်တဲ့စိတ်ကို မနဲထိန်းထားရတယ်
' သည်းငယ်...မင်းလေးကတော့ တကယ်မလွယ်ဘူးကွာ ကိုရ် ဘယ်လိုလုပ်ရမလဲ သည်းငယ်ကိုစိုက်ကြည့်နေတဲ့ တစ်ယောက်ချင်းဆီတိုင်းကို ကိုရ် သတ်ပြစ်ချင်နေတယ် ဒီတိုင်းဆို အန်ကယ်နဲ့တိုင်ပင်ပြီး လက်ထပ်ဖို့ကို မြန်"စီစဉ်ရတော့မယ် '
ရှောင်ဖေး meeting room ရဲ့ထိပ်ဆုံးနေရာမှာ သွားရပ်လိုက်ပြီး အစည်းအဝေးခန်းထဲက လူအားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်တယ် သူ့ကို ဘယ်သူလဲဆိုတာ ခန့်မှန်းနေကြတဲ့ မျက်လုံးတွေနဲ့ သူ့ကိုကြည့်နေကြတယ် ဒါပေါ့ သူ ဟွေ့လန်ရှင်းရဲ့အကြည့်တွေကို လျစ်လျူရှူထားတယ်...
" အဟမ်း လူကြီးမင်းတို့ အားလုံးကို တွေ့ရတာဝမ်းသာပါတယ်ဗျ ကျွန်တော်က Company ရဲ့ CEO နေရာကိုလွှဲယူမယ့် လီရှောင်ဖေးပါ လက်ရှိ CEO လီ ရဲ့ တစ်ဦးတည်းသောသားပါ အားလုံးပဲ ကျွန်တော့်ကို ဝိုင်းဝန်းကူညီပေးကြပါအုန်း "
ရှောင်ဖေးအပြုံးလေးတစ်ခုနဲ့ နှုတ်ဆက်လို့အပြီးမာ တစ်ခန်းလုံးအသံတိတ်သွားတယ် ခနကြာမှ ကန့်ကွက်သံများစတင်ထွက်ပေါ်လာတော့တယ်
' ဘယ်လိုလုပ်ဖြစ်နိုင်မာလဲ CEO လီ ရဲ့ သားဆို ခုမှ 19 နှစ်လောက်ပဲရှိအုန်းမာ သူ့လို ကလေးတစ်ယောက်လက်ထဲ company ကိုဘယ်လိုလုပ်ထည့်ပေးရမာလဲ '
' ဟုတယ် ကျုပ်လဲလက်မခံဘူး သူက လုပ်ငန်းအတွေ့အကြုံလဲရှိတာမဟုတ်ဘူး သူလိုလူရဲ့လက်ထဲကို company ရဲ့ CEO နေရာပေးဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး '
' ကျုပ်လဲထောက်ခံတယ် CEO လီ သေချာပြန်စဉ်းစားပါ..'
' CEO လီ ကလေးတစ်ယောက်ရဲ့လက်ထဲကို company တစ်ခုလုံးထည့်ပေးတာ ဒီ company ကိုဒေဝါလီခံခိုင်းလိုက်တာနဲ့တူတူပဲ ကျုပ်တို့လုံးဝသဘောမတူဘူး '
' ကျုပ်တို့လဲ....@#$%&*"?!¢€ '
ရှောင်ဖေး နားငြီးလာပြီး သူ့ပါးပါးဘက်ကို လှည့်ကာ ပါးစပ်ဟယုံပုံစံလေးဖြင့် တိုး"လေးပြောလိုက်တယ်....
" ပါးပါး ဒီအဘိုးကြီးတွေက အရမ်းနားငြီးတယ် "
ပါးပါးကလဲ သူ့ကို ' သူတို့က အဲ့တိုင်းပဲ ' လို့ဆိုလိုချင်သော အပြုံးလေးဖြင့် ပြန်ပြုံးပြတယ်
ရှောင်ဖေး သက်ပြင်းတစ်ချက် ချလိုက်ကာ.....
" လူကြီးမင်းတို့က ဘာကိုကြည့်ပြီး ကျွန်တော့်ကို လုပ်ငန်းအတွေ့အကြုံမရှိဘူးလို့ အတပ်ပြောနိုင်ရတာလဲ အသက်အရွယ်ငယ်လို့လား..? ဟုတ်ပြီ ဒါဆို ဒီက ကျန်းဥက္ကဌကိုတော့ လူတိုင်းသိကြမာပါ ကျန်းဥက္ကဌရဲ့တစ်ဦးထဲသောသား ကျန်းလီကျင်းကိုလဲသိကြမာပေါ့ သူက အသက် 17 နှစ်ထဲက လုပ်ငန်းတွေအားလုံးကို ဦးစီးလာတာ ကျွန်တော်က 19 တောင်ဖြစ်နေပီလေ company ကိုဦးစီးလို့မရသေးဘူးလား "
ထိုင်ခုံမာ ခြေထောက်ချိတ်ထိုင်လိုက်ကာ မဲ့ပြုံးတစ်ခုကို နှုတ်ခမ်းပေါ်မာတင်ထားပြီး လူအားလုံးကို ထိပ်ဆုံးကနေ ကြည့်နေလိုက်တယ်...
' ဒါပင်မယ့် ကျန်းလီကျင်းက ငယ်ငယ်ထဲက ကျန်းဥက္ကဌရဲ့ လက်ပေါ်မာကြီးပြင်းလာတာ သူ့အတွက်ဒါတွေက နေ့တိုင်းမြင်တွေ့နေရလို့ အောင်မြင်တာလေ..'
" ခဗျားက အခုကျွန်တော့်ပါးပါးကို လူအများရှေ့မာ ကျန်းဥက္ကဌလောက် သူ့သားကိုသေချာမသွန်သင်နိုင်ဘူးဆိုပြီး သိက္ခာချလိုက်တာလား !! "
' မဟုတ် ကျုပ်က အဲ့လိုပြောတာမဟုတ်..'
' လီရှောင်ဖေး မင်းစကားကိုဘယ်လိုပြောလိုက်တာလဲ ငါတို့က မင်းအဖေအရွယ်လောက်ရှိတယ် မင်းအော်ပြောစရာမလိုဘူး ယဉ်ကျေးမှုမရှိလိုပ်တာ CEO လီ ခဗျားသားက ဒီလိုပဲလား ခဗျားက လူမှုရေးကောင်းသလောက် ခဗျားသားက လူမှုရေးလဲ နားမလည်ဘူးပဲ '
' #@$%&+*"£¢€¥.. '
ရှောင်ဖေးလုံးဝ စိတ်မရှည်တော့ပေ လူကြီးတွေမို့လို့ သည်းခံနေတာ အရမ်းရောင့်တက်လွန်းတယ် တစ်ချ်ု့တစ်ဝက်လောက်က ငြိမ်ပြီးနားထောင်ကြပင်မယ့် တစ်ချို့က ခွေးတွေလို ဟောင်နိုင်လွန်းတယ် အခု သူ့ပါးပါးကိုပါ စော်ကားလာပြီ တောက်!! အေး ခဗျားတို့တော့ ဒီနေ့ ကျွန်တော်နဲ့တွေ့ပီ
" Oh နေကြပါအုန်း ဒါက အစည်းအဝေးခန်းမပါ ငါးရောင်းတဲ့အတန်းကမဟုတ်ဘူး လူကြီးမင်းတို့ တိတ်"လေးနေပေးကြပါ "
' ဘာ မင်း... '
" ဟုတ်ပြီ ခဗျားတို့ ပါးစပ်လေးတွေ ခနပိတ်ပြီး ကျွန်တော်ပြောတာ နားထောင်ပေးပါ...
အတွင်းရေးမှူးဝေ ဖိုင်အဝါနဲ့ ထည့်ထားတဲ့ စာရွက်တွေကို သူတို့ရှေ့ ဝေပေးလိုက်ပါ...
လူကြီးမင်းတို့ ရှေ့က စာရွက်တွေကို တချက်လောက် ကြည့်ပေးပါ "
သူ ပေးတဲ့စာရွက်တွေကိုကြည့်နေကြတဲ့လူတွေကို သူကပဲဆက်ပြီးပြောလိုက်တယ်...
" ဒါက အခုကျွန်တော်တို့ company က အသစ်ထုတ်မယ့် ရေမွှေး brand အမျိုးအစား ပုံစံကွဲ ၃မျိုးရှိမယ် အနံ့ကလဲ ၃ မျိုးရှိမယ် ရေမွှေးပုလင်းပုံစံကို အလွယ်တကူ မကွဲနိုင်တဲ့ ကျောက်ပုံစံ ဖန်အကြည်နဲ့ပြုလုပ်မယ် ဘူးအရွယ်အစားကိုလဲ အိတ်ဆောင်လို့ရနိုင်မယ့်အရွယ်အစားမျိုးထုတ်မယ် အရောင်ကလဲ ၃မျိုးပဲသုံးမယ်
- ပန်းနုရောင်နဲ့အကြည်ရောင်ရောထားတဲ့ ရေမွှေးပုလင်းက မိန်းခလေးတွေကို ကိုယ်စားပြုတယ် သူ့ရဲ့အနံ့က အရမ်းမပြင်းဘူး မက်မွန်ပန်းရနံ့လဲပါလို့ သင်းသင်းလေးနဲ့မွှေးမယ် အနံ့ကို ရှူမိတဲ့သူတိုင်း စွဲသွားစေမယ့်အပြင် ရေမွှေးစွတ်ထားတဲ့သူကိုလဲ Confidence အပြည့်နဲ့ ဆွဲဆောင်မှုရှိစေမယ့် ပန်းပေါင်းစုံရနံ့မျိုး
- အပြာရောင်နဲ့အကြည်ရောင်ရောထားတဲ့ ပုလင်းလေးက ယောကျာ်းလေးတွေကို ကိုယ်စားပြုတယ် ယောကျာ်းလေးတိုင်းက လူအများနဲ့ပြောဆိုဆက်ဆံရသလို လုပ်ငန်းရှင်ကြီးတွေကလဲဒီလိုပဲ သူတို့က လုပ်ငန်းတွေလုပ်ရတဲ့အတွက် အနဲနဲ့အများတော့ pressure ရကြမာပဲ လူကြီးမင်းတို့လဲ အဲ့ဒုက္ခကိုသိကြမာပါ ဆိုတော့ ပူရှိန်းအနံ့ရေမွှေးလေးကို စွတ်ထားရင် ဒီရနံ့လေးရတာနဲ့ စိတ်တွေ ချက်ချင်းကြည်လင်စေတယ် အနားကဖြတ်သွားတဲ့လူတွေတောင် ဒီရနံ့ကိုရရင် လည်ပြန်လှည့်ကြည့်စေမယ့် အနံ့မျိုး ပူရှိန်းအနံ့လေးအပြင် Lotus ဖြစ်တဲ့ ကြာပန်း အနံ့လေးကိုပါ ထည့်စပ်ပေးထားတဲ့အတွက် အရမ်းလဲ မပြင်းသလို အရမ်းလဲ မသင်းဘူး ဒီရနံ့ရဲ့ထူးခြားချက်က လူ့စိတ်ကိုလဲကြည်လင်စေသလို တဖက်လူကိုလဲ ဒီရေမွှေး ရနံ့လေးနဲ့ အပြည့်အဝ ဆွဲဆောင်နိုင်တယ် အမျိုးသားတွေအတွက် ဒီရနံ့က အရမ်းအဆင်ပြေတယ် အထူးသဖြင့် လုပ်ငန်းရှင်တွေအတွက်ပေါ့
- မီးခိုးရောင်နဲ့အကြည်ရောင်ရောထားတဲ့ ပုလင်းလေးကတော့ လူမျိုးခြားမရွေးသုံးလို့ရတယ် သူ့ရဲ့အဓိရနံ့က Coffee Latte ရနံ့မျိုး coffee ဆိုတဲ့အတိုင်း ခါးသက်" အနံ့လေး ဒါကို နို့နဲ့စပ်ထားတဲ့အတွက် သူ့အနံ့လေးက ရှေ့က၂မျိုးနဲ့ မတူပဲ တမူထူးတယ် ဒါလေးကိုစွတ်လိုက်ရင် လူကိုပေါ့ပါးလန်းဆန်းစေတယ် စိတ်နုကိုယ်နုဖြစ်စေတယ် ကိုယ့်ကိုကိုယ် 18,19 အရွယ်လို့ထင်စေတယ် အနားကလူက ဒီရနံ့ကို ရှူမိရင် ဒီရေမွှေးစွတ်ထားတဲ့သူဟာ ငယ်ရွယ်နုပျိုပြီး တက်ကြွဖျက်လက်တဲ့ လူငယ်တစ်ယောက်လို့ ထင်မြင်စေတယ် ရှေ့က၂မျိုးရဲ့စွမ်းရည်က ကိုယ့်ကိုကိုယ် confidence ရှိစေပြီး တစ်ဖက်လူကိုဆွဲဆောင်နိုင်ရင် ဒါလေးကလဲ ငယ်ရွယ်ပြီး လူ့စိတ်ကိုပျော်ရွှင်စေတဲ့ ခံစားချက်မျိုးပေးတယ်....
ထုတ်လုပ်မယ့်အရွယ်အစားက အိတ်ဆောင်နိုင်မယ့်အရွယ်အစားဖြစ်လို့ ဘယ်သွားသွား သယ်သွားနိုင်တဲ့အတွက် လူမျိုးမရွေးကြိုပ်ကြလိမ့်မယ် ကျွန်တော်တို့ဘက်က စီးပွားရေးအမြင်နဲ့ကြည့်ရင်လဲ ပုလင်းကသေးတဲ့အတွက် မြန်မြန်ကုန်မယ် မြန်မြန်ကုန်တော့ များ"ရောင်းရမယ် ဒီရေမွှေးကိုသာ ထုတ်လိုက်ရင် ရလာမယ့်အမြတ်အစွန်းက မနဲမနောပဲ ကျွန်တော်ပြောတာ ဟုတ်မဟုတ် လူကြီးမင်းတို့ကိုပေးထားတဲ့ စာရွက်တွေကို သေချာဖတ်ကြည့်လို့ရပါတယ် "
~ အမလေး မောလိုပ်တာ ဒီငဒူအဘိုးကြီးတွေကို ရှင်းပြရတာ ငါလေး ရေဆာတယ်ယို့ ☹️ ~
သူပေးတဲ့ စာရွက်တွေကိုကြည့်ပြီး အံ့ဩနေတဲ့ အဘိုးကြီးတစ်သိုက်ကို မဲ့ပြုံးနဲ့သာ ထိုင်ကြည့်နေလိုက်တယ် ပါးပါးကို ကြည့်လိုက်တော့
' တော်တယ် သားငယ် ' လို့ဆိုလိုနေသော ပီတိမျက်ဝန်းများဖြင့်ပြုံးပြနေတယ် ပါးပါးကို မျက်စိတစ်ဖက် မှိတ်ပြပီး ရီပြလိုက်တယ် သူ့ပါးပါး မျက်နှာမပျက်ရင် ရပီ....
' ရေမွှေး Brand ထုတ်တာက ဟုတ်ပြီ ထုတ်ဖို့အရင်းအနှီးက ဘယ်သူထုတ်ပေးမာလဲ ဒါကိုထုတ်ဖို့ဆို ငွေကတော်"ကုန်မာ ကျုပ်ကတော့ မရေရာတဲ့အလုပ်ကြီးကို ရင်းနှီးမြှုတ်နှံမှုမပေးနိုင်ဘူး '
' ဟုတ်တယ် ကျုပ်တို့ရောပဲ '
သူတစ်ချက်တွေဝေသွားတယ် ဟုတယ် သူဒီအချက်ကို မတွေးလိုပ်မိဘူး အဘိုးကြီးကိုနှိပ်ကွက်ဖို့ အာရုံရောက်နေတာနဲ့ ဒီအချက်ကိုလွတ်သွားတယ် သူဘယ်လိုလုပ်မလဲ ကြံစမ်း.... ထိုအချိန် ထောင့်တနေရာက
' ကုန်ကျမယ့်ငွေပမာဏကို ကျွန်တော်ထောက်ပံ့ပေးမယ် '
အစည်းအဝေးခန်းတစ်ခုလုံးငြိမ်ကျသွားပြီး အသံလာရာကို ဝိုင်းကြည့်ကြတယ် သူကိုယ်တိုင်အပါအဝင်ပေါ့ သူကြည့်လိုက်တော့ အသံပိုင်ရှင်က ဟွေ့လန်ရှင်း ဒီလူကတော့...
' ဒီစီမံကိန်းတစ်ခုလုံးကုန်ကျမယ့် ငွေပမာဏကို Hui company က ထောက်ပံ့ပေးမယ် '
' အဲ့တာ ဟွေ့လန်ရှင်းမလား?? '
' သူက ဘာလို့ ဒီလိုလုပ်ရတာလဲ Hui company က ဘာဖြစ်ချင်တာလဲ '
'#$@%&+¥€¢'
" အဟမ်း ကောင်းပြီ အခုလို ကျွန်တော်တို့ company နဲ့ပူးပေါင်းပေးတဲ့အတွက် Hui CEO ကိုကျေးဇူးတင်ပါတယ် လိုအပ်တဲ့စာရွက်စာတန်းကိစ္စကို meeting ပြီးတာနဲ့ ကျွန်တော်တို့ဆက်ဆွေးနွေးကြတာပေါ့ Hui CEO အချိန်ရတယ်မလား "
' ရပါတယ် အေးဆေးလုပ်ပါ ကျွန်တော်ကို ထည့်မတွက်ပါနဲ့ '
" ကောင်းပြီ meeting ပြန်စရအောင် လူကြီးမင်းတို့အတွက် surprise က အခုမှလာမာ "
လူတိုင်းကို မဲ့ပြုံးဖြင့်ပြောလိုက်တယ်..ထိုအပြုံးကို မြင်တဲ့သူတိုင်း ကျောရိုးထဲထိ အေးစက်သွားကာ လူတိုင်း အလိုလို ကြောက်စိတ်တွေဝင်လာတယ်
" အတွင်းရေးမှူးဝေ ဖိုင်အနီနဲ့ထည့်ထားတဲ့ စာရွက်လေးတွေ ဝေပေးလိုက်ပါ....
လူကြီးမင်းတို့ ဖတ်ကြည့်ပါအုန်းဗျ.."
သူဝေပေးတဲ့ စာရွက်တွေကိုကြည့်နေတဲ့ လူတိုင်းရဲ့ မျက်နှာကိုယ်စီမာ ထိတ်လန့်မှု , ကြောက်ရွံမှု , စိုးရိမ်မှုတွေကို မြင်နေရတယ် ဒါပဲလေ သူလိုချင်တာဒါပဲ ရန်လာမစသင့်တဲ့လူကို ရန်စမိတဲ့အတွက် ဒါက သူတို့ပေးဆပ်ရမယ့် ပြစ်ဒဏ်ပဲ
" ဆိုတော့....လူကြီးမင်းတို့..."
10.8.2021 ✨📸
___________________________________________
Zawgyi
' ဟားဟား ဟုတ်ပါတယ် ဟုတ်ပါတယ် သားငယ်လေးက ဘယ်ခ်ျန်ဖြစ်ဖြစ် ကြည့်ကောင်းပီးသား '
" မပူနဲ့ ပါးပါး သားအခ်ျန်ကွက်တိရောက်အောင်လာခဲ့မယ် CEO အသစ်က အချိန်မလေးစားဘူးလို့ ပြောကြမာ မလိုချင်ဘူး "
' OK my son see you soon '
" OK ပါးပါး "
" အဟမ်း CEO လီ​ ရော "
' ဟုတ်ကဲ့ Boss '
" အားယွမ် "
" အင်း ပြီးတော့.."
" aww "
" အထဲကို ဝင်မယ် "
' ကျုပ်တို့လဲ....@#$%&*"?!¢€ '
' #@$%&+*"£¢€¥.. '
ရှောင်ဖေးလုံးဝ စိတ်မရှည်တော့ပေ လူကြီးတွေမို့လို့ သည်းခံနေတာ အရမ်းရောင့်တက်လွန်းတယ် တစ်ခ်ျု့တစ်ဝက်လောက်က ငြိမ်ပြီးနားထောင်ကြပင်မယ့် တစ်ချို့က ခွေးတွေလို ဟောင်နိုင်လွန်းတယ် အခု သူ့ပါးပါးကိုပါ စော်ကားလာပြီ တောက်!! အေး ခဗျားတို့တော့ ဒီနေ့ ကျွန်တော်နဲ့တွေ့ပီ
' ဘာ မင်း... '
'#$@%&+¥€¢'
10.8.2021 ✨📸
Continue Reading
You'll Also Like
3.6M 362K 38
ခူးဆွတ်ဖို့မလောပါနဲ့ တစ်ချိန်မှာအလိုက်သင့်ကြွေကျပေးပါ့မယ် အဲအချိန်ကျရင်သာ တယုတယနဲ့ကောက်ယူပါ မောင်ရယ်
458K 11K 87
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
2.5M 344K 50
အနာဂတ်စီမံကိန်းများစွာ ရေးခြစ်ရင်း ကျွန်တော်ဟာ အဖြူ ရောင်မေတ္တာတွေနဲ့ သူ့ဘေးနားမှာ တသက်လုံးနေဖို့ ရည်စူးခဲ့သတဲ့... အဝါရောင် နှင်းဆီပန်းကလေးဟာ မသိလို...