🎶🎶စေတာ္ဘယ္ရီ ခ်ယ္ရီေရာရင္ေတာ္တန္႐ုံလူပင္
ဘုံကမာၻခုႏွစ္ဆင့္အျမင့္ကိုျမင္ေယာင္သလိုလိုထင္
အခ်ိန္ယူကာေအးေအးေဆးေဆး ေနေစခ်င္ပါတယ္
စေတာ္ဘယ္ရီသီးေလးမ်ားကိုေဖ်ာ္ကာကြယ္ အို...တိုက္ပါ့မယ္🎶🎶
ယေန႕ရာသီဥတုကသိသိသာသာေအးလာတာမို႔အကၡရာလည္ပိတ္ဆြယ္တာအနက္ကေလးကို ရွပ္အျဖဴေအာက္တြင္ခံဝတ္ထားသည္။ဒါေၾကာင့္သူ႕ရဲ႕ျဖဴၾကည္ၾကည္အသားေရာင္ေလးက ပိုလင္းလက္ေနသလိုပင္။စင္အနိမ့္ေလးႏွင့္စိုက္ပ်ိဳးထားေသာစေတာ္ဘယ္ရီပင္ပုကေလးေတြၾကားတြင္ငုတ္တုတ္ေလးထိုင္ကာ ျခင္းေလးတစ္ဖက္ႏွင့္ အကၡရာၾကားဖူးေနၾကသီခ်င္းေလးကိုခပ္တိုးတိုးညည္းရင္း စေတာ္ဘယ္ရီသီးနီနီေတြကိုအသာအယာခူးစြတ္ေနသည္။
စေတာ္ဘယ္ရီခ်စ္သဲရွင္သီခ်င္းကိုဆိုေနရင္း ဆရာ့ကိုသတိရမိသည္။ဆရာကေတာ့ ေမးျမန္းထူတဲ့အကၡရာမရွိေတာ့ပ်င္းေနရွာမွာပဲ။ဆရာ့အေၾကာင္းေတြးရင္း ေအပ႐ြန္ေရွ႕အိတ္ကပ္ထဲထည့္ထားေသာတစ္ရႉးအိတ္ေလးထဲမွ တစ္ရႉးတစ္႐ြက္ကိုဆြဲထုတ္လိုက္သည္။ထို႔ေနာက္စေတာ္ဘယ္ရီသီးနီနီေလးမ်ားျဖင့္ ျပည့္လုနီးနီးရွိေနသည့္ျခင္းေလးကိုေဘးခ်ၿပီး ေဘးပတ္ဝန္းက်င္ကိုအကဲခတ္လိုက္သည္။လႈပ္ရွားသံမၾကားရေတာ့တာမို႔ ကိုကိုျပန္သြားၿပီထင္သည္။အကၡရာသြားေလးေပၚေအာင္ၿပဳံးရင္း အလယ္တန္းတြင္ရွိေသာသူမခူးဘဲခ်န္ထားခဲ့သည့္အႀကီးဆုံးစေတာ္ဘယ္ရီသီးႀကီးကို ခူးစားရန္ေျခလွမ္းဖြဖြေလးလွမ္းလာခဲ့သည္။
"ဟင္ ဒီနားေလးမွာရွိတာပါ။ ေသခ်ာေရထားခဲ့ပါတယ္အေရွ႕ကေရရင္ 10အေနာက္ကေရရင္16 ဒီေနရာေသခ်ာပါတယ္။ဘယ္ေရာက္သြားပါလိမ့္..."
အႀကီးဆုံးနီနီရဲရဲစေတာ္ဘယ္ရီသီးႀကီးကို မေတြ႕ေတာ့သျဖင့္ အကၡရာရဲ႕ၾကည္လင္ေနတဲ့စိတ္ကေလးကအုံ႕မွိုင္းသြားၿပီး ႏႈတ္ခမ္းေလးမွာလဲစူေထာ္သြားသည္။ဒါေပမယ့္သူဇြဲမေလ်ာ့ေသးဘဲ မ်က္စိမ်ားမွားသလားဆိုၿပီးစေတာ္ဘယ္ရီစိုက္ပ်ိဳးထာေသာ အတန္းသုံးတန္းစလုံးကိုေခါက္တုံ႕ေခါက္ျပန္ရွာေနမိသည္။ငါးေခါက္ေလာက္ျပန္ရွာတာကို မေတြ႕သျဖင့္ ဝမ္းနည္းစိတ္ကႀကီးစိုးလာသည္။ႏွာေခါင္းေလးကို ရႈံ႕ပြပြလုပ္ရင္း မ်က္ဝန္းနီနီတို႔ကအရႈံးမေပးေသးပဲ စေတာ္ဘယ္ရီပင္ၾကားတြင္အလုပ္ရႈပ္ေနေသးသည္။
ဤအခ်င္းအရာကိုၾကည့္၍ေက်နပ္ပီတိျဖစ္ေနသူတစ္ဦးလဲရွိသည္။
စေတာ္ဘယ္ရီပင္စိမ္းစိမ္းၾကားတြင္ ကုန္းကုန္းကြကြႏွင့္အလုပ္ရႈပ္ေနတဲ့ေကာင္ေလးကိုၾကည့္ၿပီး မ်က္ႏွာတစ္ခုလုံးၿပဳံး႐ြင္ေနသူ။သူ႕လက္ထဲတြင္ညွာတံစိမ္းစိမ္းႏွင့္နီရဲလွပေနေသာစေတာ္ဘယ္ရီသီးႀကီးရွိေလသည္။
"ေအး ေျပာ..."
"ဟင္ အခုလား ငါကေက်ာင္းပ်ိဳးၿခံမွာ ..."
"ဟာ ဟုတ္လား အခုလာၿပီေနာ္ အခုထြက္လာၿပီ..."
ဖုန္းေျပာရင္းၿပဳံး႐ႊင္လာတဲ့ေကာင္ေလး အသံေတြကပါတက္ႂကြေနသည္။ဝတ္ထားတဲ့ေအပ႐ြန္ကို ခြၽတ္ကာေက်ာင္းပ်ိဳးၿခံရဲ႕ပစၥည္းထားသည့္စတိုခန္းငယ္ထဲဝင္သြားသည္။ခဏအၾကာၿပဳံး႐ြင္စြာျဖင့္ အပင္ေတြကိုေကြ႕ပတ္ၿပီးပ်ိဳးၿခံထဲမွထြက္သြားေလသည္။
မႉးေခါင္သည္ ထြက္သြားေသာေကာင္ေလးရဲ႕ေနာက္ေက်ာေလးေပ်ာက္သည္အထိရပ္ၾကည့္ေနၿပီး စေတာ္ဘယ္ရီပင္တန္းၾကားတြင္ အထီးက်န္စြာက်န္ရစ္ခဲ့ေသာနီနီရဲရဲစေတာ္ဘယ္ရီသီးမ်ားထည့္ထားေသာျခင္းငယ္ေလးကိုေကာက္ယူလိုက္ၿပီး နံေဘးတြင္က်ေနခဲ့ေသာစကၠဴအိတ္ေလးေထာင့္ကေလးကိုပါယူလိုက္သည္။
"ကူးကူး ဘယ္မွာလဲဟ.."
"ေက်ာင္းဂိတ္နားက ေရတမာပင္ေအာက္မွာ ကိုကိုကလဲခဏေနရင္ေရာက္မယ္တဲ့.."
"လာၿပီ လာၿပီ..ဒါပဲ.."
ကိုဆက္က အလုပ္ကိစၥႏွင့္ကမ္းရိုးတန္းဘက္ကိုလာရင္း အကၡရာတို႔ကိုဝင္ေတြ႕ျခင္းျဖစ္သည္။
"ဂူး ငါဒီမွာ "
လမ္းတစ္ဖက္ေရတမာပင္ေအာက္ကခုံတန္းေလးတြင္ထိုင္ေနေသာ ကူးကူးက လက္လွမ္းျပေနသည္။အကၡရာက ကူးကူးကိုလက္ျပန္ျပရင္း ကူးကူးရွိရာသို႔ ခပ္သြက္သြက္သြားလိုက္သည္။
"ဂူး နင္လာမွ လူေတြကိုဝိုင္းၾကည့္လို႔ ဟီး ငါ့သူငယ္ခ်င္းေလးက အရမ္းကိုဆြဲေဆာင္မႈေကာင္းတာပဲ.."
"အ႐ူးမ..သူတို႔လဲ မ်က္လုံးအားေနလို႔ေနမွာေပ့ါ..."
"ေအးေနာ္ ဓာတ္ပုံေတြပါရိုက္ေနၾကတာ ဟီးဟီး ငါေလးလဲလွလွပပေလးေနမွ..."
စပ္ၿဖီးၿဖီးမ်က္ႏွာေလးကို တည္ရင္းမ်က္ႏွာေလးခ်ီကာ ခါးမတ္ၿပီးအ႐ုပ္လိုထိုင္ေနေသာသူငယ္ခ်င္းမအားၾကည့္ၿပီး အကၡရာရယ္ခ်င္လာသည္။
အကၡရာေရာက္ၿပီးငါးမိနစ္ခန႔္အၾကာတြင္ မဲနက္ေျပာင္လက္ေနေသာကားသုံးစီးတန္းစီဝင္ေရာက္လာသည္။အေရွ႕ကားႏွင့္အေနာက္ကားမွ All blackႏွင္လူမ်ားဆင္းလာကာ အလယ္ကားရဲ႕တံခါးကိုဖြင့္သူကဖြင့္ ထီးဖြင့္သူကဖြင့္ႏွင့္စက္႐ုပ္ေတြလို ေတာင့္ေတာင့္ႀကီးေတြအလုပ္လုပ္ေနၾကသည္။
တံခါးဖြင့္ထားေသာအလယ္ကားမွ မဲနက္ေတာက္ေျပာင္ေနေသာရႉးကိုစီးထားသည့္ေျခတစ္ဖက္အရင္ထြက္လာသည္။ထို႔ေနာက္ ေက်ာင္းသူမ်ား၏ အားခနဲေအာ္သံထြက္လာတာေၾကာင့္ အကၡရာႏွင့္ကူးကူးခမ်ာတုန္တက္သြားသည္။White&Blackဝတ္ထားတဲ့ေခ်ာေခ်ာေျဖာင့္ေျဖာင့္လူတစ္ေယာက္က ကားထဲမွထြက္ကာခပ္ၿပဳံးၿပဳံးႏွင့္အကၡရာတို႔ရွိရာသို႔ေလွ်ာက္လာသည္။အေနာက္မွထီးမိုးေပးသူလဲပါသည္။
"ကူး ကိုဆက္က႐ုပ္ရွင္ရိုက္ေနတာလား ေနလဲမပူမိုးလဲမ႐ြာဘဲ ထီးႀကီးဖြင့္ၿပီး ဘာလုပ္တာလဲမသိဘူး..."
"ေအးေနာ္ ဘာအထာလဲမသိဘူး ...."
"ေဟး ကေလးႏွစ္ေယာက္...ဘာေတြေၾကာင္ၾကည့္ေနၾကတာလား "
သူတို႔ေရွ႕ေရာက္ေတာ့ သြားတက္ေလးေပၚေအာင္ရယ္ျပလာတာမို႔ ႏွစ္ေယာက္သားေငးၾကည့္ေနရင္း ေက်ာင္းသူအုပ္စုရဲ႕အသံေတြက ေပါင္စုံထြက္လာတာမို႔ကူးကူးမက ႏႈတ္ခမ္းေလးစူသြားသလို အကၡရာကေတာ့ၿပဳံးမိသြားသည္။
"ကေလးမ ဘာလို႔ႏႈတ္ခမ္းႀကီးေထာ္ေနတာလဲ ဘာလဲသဝန္တိုေနတာလား အဲ့ဒါဆိုတစ္ခါတည္းအပိုင္သိမ္းလိုက္ေတာ့ေလ.."
"ေတာ္ပါ ကိုကိုေနာ္ ဘာလို႔ႀကိဳမေျပာတာလဲ ၿပီးေတာ့အၾကားေနလဲမေနဘူး.."
ကိုဆက္က ကူးကူးေမးတာကိုမေျဖေသးပဲ အေနာက္ကိုလွည့္ၿပီးစကားေျပာေနသည္။ၿပီးမွ ျပန္လွည့္လာကာ.ၿပဳံ႐ႊင္ေနေသာမ်က္ႏွာထားႏွင့္ .
"အခုအေရးႀကီးလို႔ပါကြာ ဒီကအျပန္တန္းသြားရမွာ မ်က္ႏွာေလးျမင္ခ်င္လို႔ဝင္လာတာ..."
"ငယ္ေလး ဘုံဘုံထည့္ေပးတဲ့ပစၥည္းေတြကို ဦးငယ္ဆီပဲထားခဲ့လိုက္တယ္သလား.."
"ဟုတ္ ကိုဆက္ ပ့ါပါစိတ္ဆိုးေနေသးလား..."
"ဘယ္ကသာ ေလးေလးလား သူ႕သားေလးကိုစိတ္ဆိုးမွာ.."
ခဏအၾကာတြင္ဝတ္စုံနက္ႏွင့္လူက ကိုဆက္လက္ထဲကိုမာဖလာေလးႏွစ္ထည္ထည့္ေပးလာသည္။ကူးကူးႀကိဳက္သည့္ ပိေတာက္ေျခာက္ေရာင္ေလးႏွင့္ အကၡရာႀကိဳက္သည့္အနီေရာင္ေလးျဖစ္သည္။
ပိေတာက္ေျခာက္ေရာင္ေလးကို ကူးကူးကိုပတ္ေပးလိုက္ၿပီးနဖူးကိုအသာေလးနမ္းကာ ကိုဆက္ေမေမထိုးေပးလိုက္တာျဖစ္ေၾကာင္းေျပာေတာ့ ကူးကူးမ်က္ႏွာေလးရဲသြားသည္။
အနီေရာင္ေလးကိုလဲ အကၡရာလည္ပင္းတြင္လာပတ္ေပးၿပီး ဆံပင္ေလးေတြကိုအသာဖြသည္။
"ႏွင္းရည္ေတြက်ေနတာ ကေလးေတြေႏြးေႏြးေထြးေထြးေနၾကဦး..."
"ဟုတ္လား ကူးတို႔မသိပါဘူး ဒါေၾကာင့္ကိုကိုက ထီးေဆာင္းလာတာေပါ့.."
"အင္း ကိုကိုကနည္းနည္းဖ်ားခ်င္ေနလို႔ေလ..အဲ့တာေၾကာင့္..."
"ဟင္ ဟုတ္လား ေဆးေသာက္ခဲ့ရဲ႕လားကိုကို ..."
ကူးကူးက ကိုဆက္နဖူးကိုလွမ္းစမ္းရင္း မ်က္ႏွာေလးညိုးလာသည္။
"ေသာက္ခဲ့တာေပါ့ ကူးေလးေသခ်ာသိခ်င္ရင္ေတာ့ ကိုကို႔ကိုလက္ထပ္လိုက္ေတာ့ေလ..."
"ဟာ ကိုကိုကလဲ ကူးေက်ာင္းၿပီးေအာင္ေစာင့္ပါဦးဆို..."
လက္သီးေလးႏွင့္ ကိုဆက္ရင္ဘက္ကိုထုရင္း ႏႈတ္သီးစူကာမူပိုေျပာေနေသာကူးကူးကိုၾကည့္ၿပီး အကၡရာရယ္ခ်င္လာသည္။ကူးကူးမအဲ့လိုခြၽဲတာကို သူမျမင္ဘူးပါ။ကိုဆက္ကလဲ အီခ်ိဳေနေအာင္ၿပဳံးကာ ေက်နပ္ေနသည့္႐ုပ္ႏွင့္။ခ်စ္ၾကည္ႏူးေနတဲ့ ခ်စ္သူႏွစ္ေယာက္ကိုၾကည့္ရင္း အကၡရာၿပဳံးေနရာမွ ဝမ္းနည္းလာၿပီး မ်က္ႏွာေလးမွာတစ္စတစ္စညိုးက်လာသည္။
"ဟင္းး..."
"ဟင္ ငယ္ေလး သက္ျပင္းေတြခ်လိဳ႕ပါလား ေလးေလးကိုလြမ္းေနတာလား ကဲ ကိုဆက္ျပန္ေတာ့မယ္ လာပါဦး တစ္ခါေလာက္လာဖက္ပါဦး..."
အကၡရာထိုင္ေနရာမွ ထရင္း ကိုဆက္ကိုဖက္လိုက္ေတာ့ ကိုဆက္က ေခါင္းေလးကိုခပ္ဖြဖြပုတ္ေပးရင္းႏွစ္သိမ့္သည္။အကၡရာ အိမ္ကိုလြမ္းေနတယ္ အမွတ္နဲ႕ေပါ့...
ေတာက္!!!....
စေတာ္ဘယ္ရီသီးႀကီးတင္ထားေသာcupcakeေလးကိုေရွ႕ခ်ရင္း ဖုန္းမ်က္ႏွာျပင္ကိုေပါက္ထြက္မတက္စူးစိုက္ၾကည့္ေနေသာ မႉးေခါင္။လက္ကေသာက္လက္စေရဘူးကို က်စ္ေနေအာင္ဆုပ္ကိုင္ထားတာမို႔ အေၾကာေတြက ထင္းေနသည္။
"မႉးေခါင္ ဖုန္းက မင္းကိုရန္စေနလို႔လား ဖုန္းကိုၾကည့္ေနတာမ်ားရန္သူက်လိဳ႕ ေရသန႔္ဘူးကိုမ်ား လည္ပင္းညစ္ထားတာ လူဆို အူပါထြက္ေနေလာက္ ..."
"သုစံ ပါးစပ္ပိတ္ထား ငါ့ေဒါသမင္းဆီေရာက္သြားမယ္..."
"ေအးပါကြာ ..မင္းဘာသာဖုန္းနဲ႕ပဲရန္ဆက္ျဖစ္ပါ.."
"သုစံ..."
"အာ ေအးပါကြာ ဘာမွကိုမေျပာေတာ့ဘူးေဟ့ ..."
ရတုကပါမ်က္ေထာင့္နီနဲ႕ၾကည့္ေနတာေၾကာင့္ သုစံပါးစပ္ထဲကိုစေတာ္ဘယ္ရီတစ္လုံးထည့္ရင္းပိတ္လိုက္သည္။အဲ့ႏွစ္ေကာင္က သူ႕ဆိုရင္အၿမဲအနိုင္က်င့္တယ္။ျမင္ေနတာေလးေျပာမိတာကို တစ္ေယာက္က ေဒါသထြက္ေနတဲ့အသံႀကီးနဲ႕ေျပာတယ္။ေနာက္တစ္ေယာက္ကမ်က္ေထာင့္နီႀကီးနဲ႕ၾကည့္တယ္။
"လခြီး ခ်ဥ္လိုက္တာကြာ စေတာ္ဘယ္ရီေတာင္ မင္းဘက္မွာရွိမေနဘူး ေခတ္သုစံေရ..."
အရပ္ရွည္ရွည္႐ုပ္ေခ်ာေခ်ာနဲ႕ေယာကၤ်ားတစ္ေယာက္ရဲ႕ရင္ခြင္ထဲတြင္နစ္ျမဳပ္ေနေသာဆံပင္နီညိုေရာင္ႏွင့္ေကာင္ေလးရဲ႕ပုံေတြ။မာဖလာပတ္ေပးေနသည့္ပုံေတြ။ဆံပင္ေတြကိုဖြေနသည့္ပုံေတြ.။ ဒီပုံေတြကို ေက်ာင္းရဲ႕pageမွန္သမွ်မွာတင္ထားၾကသည္။စဝ္အုပ္မႉးေခါင္ က်န္ရစ္ျဖစ္ၿပီဆိုတဲ့စာေတြက အစစ္ပါေသး။ဒီလူလာမွာမို႔ စေတာ္ဘယ္ရီျခင္းေတာင္ေမ့တဲ့အထိကိုေပ်ာ္ေနတာေပါ့။
မ်က္စိေရွ႕တြင္ရွိေနေသာစေတာ္ဘယ္ရီသီးႀကီးတင္ထားေသာcupcakeေလးကိုၾကည့္မိရင္ ပိုပိုၿပီးစိတ္တိုလာရသည္။ေရဘူးထဲက ေရကိုတစ္ငုံေသာက္ရင္း ခုံေပၚေဆာင့္ခ်လိဳက္သည္။
သြားစမ္! မႉးေခါင္စိတ္တိုတိုနဲ႕ကိတ္မုန႔္ေလးပါကိုလႊတ္ပစ္လိုက္သည္။
"အ!… "
ညည္းၫူးသံတိုးတိုးေလးထြက္လာတာေၾကာင့္ ေမာ့ၾကည့္လိုက္ေတာ့ creamေပေနေသာနဖူးေလးကိုကိုင္ရင္း သူ႕ကိုၾကည့္ေနသည့္ေကာင္ေလး။စေတာ္ဘယ္ရီမွာ အကြၽတ္သီးျဖစ္သည္ကတစ္ပိုင္း ေဒါသထြက္ေနတာေၾကာင့္အားနဲ႕ပစ္လိုက္တာကတစ္ပိုင္မို႔ နာက်င္သြားမွာေတာ့အေသအခ်ာ။ေဘးနားတြင္ထိုင္ေနသည့္ႏွစ္ေယာက္မွာလဲ ေယာင္လည္လည္ႏွင့္အျခားခုံေတြမွာ ေျပာင္းထိုင္ၾကကုန္သည္။
အစအနေတြထြက္ေနသည့္ကိတ္မုန႔္ေလးကိုေကာက္ယူကာ ေဘးနားတြင္က်ေနသည့္စေတာ္ဘယ္ရီေလးကိုပါတစ္ခါတည္းေကာက္လိုက္သည္။
ဟင္ ဒါကအကၡရာရွာေနတဲ့စေတာ္ဘယ္ရီေလးပဲ။ကိုဆက္လာမယ္ဆိုတာနဲ႕ အကုန္ေမ့ၿပီးပစ္ထားခဲ့တာမို႔ ကိုကိုစိတ္တိုေနပုံပဲ။ကိုကို႔နားတြင္ အကၡရာခူးထားတဲ့စေတာ္ဘယ္ရီျခင္းေလးကလဲ အခန့္သားရွိေနသည္။ဒီေန႕စေတာ္ဘယ္ရီmousseလုပ္နည္းသင္ေပးမယ္ေျပာၿပီး စေတာ္ဘယ္ရီခူးခိုင္းျခင္းျဖစ္သည္။
"ဟူးး "ဒီေန႕ေတာ့စေတာ္ဘယ္ရီmousseမသင္ရဘဲ အကၡရာကိုယ္တိုင္mousseျဖစ္ေတာ့မည္ကို အကၡရာခံစားလိုက္ရသည္။
အကၡရာသက္ျပင္းခ်လိဳက္ရင္း ကိတ္ကေလးကိုကိုင္ကာတြန႔္ဆုတ္ဆုတ္နဲ႕တျဖည္းျဖည္းေရွ႕တိုးသြားလိုက္သည္။အရမ္းႀကီးမေၾကာက္ေပမဲ့ နည္းနည္းေတာ့ေၾကာက္ပါသည္။
လိပ္ရႈံးေအာင္လာေနေသာေကာင္ေလးကို ၾကည့္ၿပီးေဒါသေတြကပိုပိုထြက္လာသည္။သူ႕လည္ပင္းမွာပတ္ထားသည့္ အနီေရာင္မာဖလာက ဟိုလူပတ္ေပးလိုက္တာေပါ့။ရာရာစစငါ့ေရွ႕ကိုပတ္လာေသးသည္။
ထိုစဥ္အႀကံတစ္ခုရလာၿပီး ျခင္းထဲမွစေတာ္ဘယ္ရီသီးေလးေတြကိုယူကာ အားႏွင္ဖ်စ္ခ်ပစ္လိုက္သည္။
"ဟိုေကာင္ေလး ျမန္ျမန္လာဦး.."
ျမန္ျမန္လာဦးေျပာတာေတာင္ ေပကပ္ကပ္နဲ႕တစ္လွမ္းခ်င္းလာေနသည္။မႉးေခါင္စိတ္မရွည္တာနဲ႕ အဲ့ေကာင္ေလးေရွ႕ေရာက္ေအာင္ထသြားလိုက္ၿပီး စေတာ္ဘယ္ရီသီးအႏွစ္မ်ားျဖင့္ေပေနေသာ လက္ဖဝါးအားေထာင္ျပလိုက္သည္။
"အိုးး လက္ကေပေနတာပဲ အာ sorryကြာ ေယာင္ၿပီးသုတ္မိသြားၿပီး ကိုယ္ကလက္သုတ္ပဝါထင္လို႔ပါကြာ မင္းမာဖလာျဖစ္ေနတယ္ ဘယ္လိုလုပ္ရမလဲ..."
အကၡရာသည္မိမိ၏အသစ္စက္စက္မာဖလာေလးကိုၾကည့္လိုက္ အၿပီအျပင္ႀကီးကိုမ်က္ႏွာငယ္ေလးလုပ္ျပေနတဲ့ကိုကို႔ကိုၾကည့္လိုက္ႏွင့္ ဘာလုပ္ရမွန္းမသိျဖစ္သြားသည္။မွားစရာရွားလို႔ လက္သုတ္နဲ႕မွားရတယ္လို႔။အင္းေလ သူ႕ကိုေတာင္မွားေသးတာပဲ။လက္သုတ္နဲ႕မွားတာေတာ့ေျပာမေနခ်င္ေတာ့ဘူး။ တီတီႀကီးထိုးေပးလိုက္တာမို႔ ႏွေမ်ာတာကတစ္ပိုင္း ကိုကို႔မ်က္ႏွာငယ္ေလးကိုၾကည့္ၿပီး စိတ္မဆိုးရက္တာကတစ္ဖုံႏွင့္ နဖူးကနာေနတာေတာင္ေမ့သြားရသည္။ အီလည္လည္ေလးၿပဳံးၿပီး
"ရပါတယ္ အိမ္ေရာက္မွေလွ်ာ္လိုက္မယ္.."
"မရပါဘူး ကိုယ့္ေၾကာင့္ေပသြားတာ ကိုယ္အသစ္ျပန္ဝယ္ေပးမယ္..ေပး"
"ရပါတယ္ ကြၽန္ေတာ္ေလွ်ာ္လိုက္ရင္ရပါတယ္..."
"မရပါဘူး ေပး.."
"ရပါတယ္ဆို ...ဘာမွမျဖစ္ဘူး.."
"ဘာ ဘာမွမျဖစ္တာလဲ ျဖစ္ရမယ္ မရဘူး ေပး အသစ္ျပန္ဝယ္...."
ၿဗိ!….
ႏွစ္ေယာက္သားအားႏွင့္ ဟိုဘက္ဆြဲဒီဘက္ဆြဲလုပ္ေနတာေၾကာင့္ ၾကားထဲကမာဖလာေလးခမ်ာ ႏွစ္ေယာက္ဒဏ္ကိုမခံနိုင္ေတာ့တဲ့အဆုံး ႏွစ္ပိုင္းျပတ္သြားရွာေလသည္။
အကၡရာက သူ႕ရဲ႕ဘဝပ်က္သြားရွာတဲ့မာဖလာေလးကို ၾကည့္ရင္းမ်က္ႏွာေလးပ်က္သြားၿပီး ႏွာေခါင္းရႈံပြပြျဖစ္လာကာ ႏႈတ္ခမ္းနီေထြးေထြးက စူခ်င္လာသည္။မႉးေခါင္ကေတာ့ နား႐ြက္ကေလးေတြပါနီလာတဲ့အကၡရာကိုၾကည့္ေနရင္း ေအာင္နိုင္သူအၿပဳံးႀကီးၿပဳံးကာ မာဖလာႏွစ္ပိုင္းပ်က္ေလးကိုဆြဲယူလိုက္ေလသည္။ထို႔ေနာက္အကၡရာနဖူးမွ ခရင္ေလးေတြကို လက္ဖေနာင့္ႏွင့္အသာအယာသုတ္ေပးၿပီး လွည့္ထြက္သြားသည္။
တေလာကလုံးအနိုင္ရလိုက္သလိုဂုဏ္ယူၿပဳံးႀကီးၿပဳံးၿပီး ထိုင္ခုံဆီမိန္မိန္ႀကီးျပန္ေလွ်ာက္လာတဲ့မႉးေခါင္ကို သူ႕သူငယ္ခ်င္းႏွစ္ေယာက္အပါအဝင္အခန္းထဲရွိအသင္းသား ၄ေယာက္မွာ အံ့အားသင့္စြာၾကည့္ေနၾကသည္။အေစာက ေတာက္တေခါက္ေခါက္ႏွင့္ မ်က္ႏွာႀကီးမဲေမွာင္ေနတာက စဝ္အုပ္မႉးေခါင္အျခားတစ္ေယာက္လား..အခုမ်က္ႏွာက ပ်ားရည္ကိုအိုးလိုက္ရထားတဲ့poohလို ခ်ိဳအီေနတဲ့မ်က္ႏွာႀကီးေလ...။သူကၿပဳံးေနသေလာက္ ဟိုအေနာက္ကေကာင္ေလးကေတာ့ ငိုမဲ့မဲ့ႏွင့္ လိုက္လဲလိုက္ၾကပါတယ္...။ဘာလဲ သူတို႔အခုဇာတ္လမ္းၾကည့္လိုက္ရတာလား။စီစဥ္သူ စဝ္အုပ္မႉးေခါင္၊ထုတ္လုပ္သူ စဝ္အုပ္မႉးေခါင္ ၊ ဇာတ္လိုက္မင္းသား စဝ္အုပ္မႉးေခါင္လုပ္သြားတာ။သူတိူ႕ေတြေတာင္ ျဖတ္ေလွ်ာက္အဲ ျဖတ္ထိုင္လား လုပ္လိုက္ရေသးတယ္ေလ..။ဟူး....စဝ္အုပ္မႉးေခါင္ရဲ႕သူငယ္ခ်င္းျဖစ္ရတာ တကယ္မလြယ္ပါဘူးကြာ...။
3:31PM,TUE
10.8.2021
🎶🎶စတော်ဘယ်ရီ ချယ်ရီရောရင်တော်တန်ရုံလူပင်
ဘုံကမ္ဘာခုနှစ်ဆင့်အမြင့်ကိုမြင်ယောင်သလိုလိုထင်
အချိန်ယူကာအေးအေးဆေးဆေး နေစေချင်ပါတယ်
စတော်ဘယ်ရီသီးလေးများကိုဖျော်ကာကွယ် အို...တိုက်ပါ့မယ်🎶🎶
ယနေ့ရာသီဥတုကသိသိသာသာအေးလာတာမို့အက္ခရာလည်ပိတ်ဆွယ်တာအနက်ကလေးကို ရှပ်အဖြူအောက်တွင်ခံဝတ်ထားသည်။ဒါကြောင့်သူ့ရဲ့ဖြူကြည်ကြည်အသားရောင်လေးက ပိုလင်းလက်နေသလိုပင်။စင်အနိမ့်လေးနှင့်စိုက်ပျိုးထားသောစတော်ဘယ်ရီပင်ပုကလေးတွေကြားတွင်ငုတ်တုတ်လေးထိုင်ကာ ခြင်းလေးတစ်ဖက်နှင့် အက္ခရာကြားဖူးနေကြသီချင်းလေးကိုခပ်တိုးတိုးညည်းရင်း စတော်ဘယ်ရီသီးနီနီတွေကိုအသာအယာခူးစွတ်နေသည်။
စတော်ဘယ်ရီချစ်သဲရှင်သီချင်းကိုဆိုနေရင်း ဆရာ့ကိုသတိရမိသည်။ဆရာကတော့ မေးမြန်းထူတဲ့အက္ခရာမရှိတော့ပျင်းနေရှာမှာပဲ။ဆရာ့အကြောင်းတွေးရင်း အေပရွန်ရှေ့အိတ်ကပ်ထဲထည့်ထားသောတစ်ရှူးအိတ်လေးထဲမှ တစ်ရှူးတစ်ရွက်ကိုဆွဲထုတ်လိုက်သည်။ထို့နောက်စတော်ဘယ်ရီသီးနီနီလေးများဖြင့် ပြည့်လုနီးနီးရှိနေသည့်ခြင်းလေးကိုဘေးချပြီး ဘေးပတ်ဝန်းကျင်ကိုအကဲခတ်လိုက်သည်။လှုပ်ရှားသံမကြားရတော့တာမို့ ကိုကိုပြန်သွားပြီထင်သည်။အက္ခရာသွားလေးပေါ်အောင်ပြုံးရင်း အလယ်တန်းတွင်ရှိသောသူမခူးဘဲချန်ထားခဲ့သည့်အကြီးဆုံးစတော်ဘယ်ရီသီးကြီးကို ခူးစားရန်ခြေလှမ်းဖွဖွလေးလှမ်းလာခဲ့သည်။
"ဟင် ဒီနားလေးမှာရှိတာပါ။ သေချာရေထားခဲ့ပါတယ်အရှေ့ကရေရင် 10အနောက်ကရေရင်16 ဒီနေရာသေချာပါတယ်။ဘယ်ရောက်သွားပါလိမ့်..."
အကြီးဆုံးနီနီရဲရဲစတော်ဘယ်ရီသီးကြီးကို မတွေ့တော့သဖြင့် အက္ခရာရဲ့ကြည်လင်နေတဲ့စိတ်ကလေးကအုံ့မှိုင်းသွားပြီး နှုတ်ခမ်းလေးမှာလဲစူထော်သွားသည်။ဒါပေမယ့်သူဇွဲမလျော့သေးဘဲ မျက်စိများမှားသလားဆိုပြီးစတော်ဘယ်ရီစိုက်ပျိုးထာသော အတန်းသုံးတန်းစလုံးကိုခေါက်တုံ့ခေါက်ပြန်ရှာနေမိသည်။ငါးခေါက်လောက်ပြန်ရှာတာကို မတွေ့သဖြင့် ဝမ်းနည်းစိတ်ကကြီးစိုးလာသည်။နှာခေါင်းလေးကို ရှုံ့ပွပွလုပ်ရင်း မျက်ဝန်းနီနီတို့ကအရှုံးမပေးသေးပဲ စတော်ဘယ်ရီပင်ကြားတွင်အလုပ်ရှုပ်နေသေးသည်။
ဤအချင်းအရာကိုကြည့်၍ကျေနပ်ပီတိဖြစ်နေသူတစ်ဦးလဲရှိသည်။
စတော်ဘယ်ရီပင်စိမ်းစိမ်းကြားတွင် ကုန်းကုန်းကွကွနှင့်အလုပ်ရှုပ်နေတဲ့ကောင်လေးကိုကြည့်ပြီး မျက်နှာတစ်ခုလုံးပြုံးရွင်နေသူ။သူ့လက်ထဲတွင်ညှာတံစိမ်းစိမ်းနှင့်နီရဲလှပနေသောစတော်ဘယ်ရီသီးကြီးရှိလေသည်။
"အေး ပြော..."
"ဟင် အခုလား ငါကကျောင်းပျိုးခြံမှာ ..."
"ဟာ ဟုတ်လား အခုလာပြီနော် အခုထွက်လာပြီ..."
ဖုန်းပြောရင်းပြုံးရွှင်လာတဲ့ကောင်လေး အသံတွေကပါတက်ကြွနေသည်။ဝတ်ထားတဲ့အေပရွန်ကို ချွတ်ကာကျောင်းပျိုးခြံရဲ့ပစ္စည်းထားသည့်စတိုခန်းငယ်ထဲဝင်သွားသည်။ခဏအကြာပြုံးရွင်စွာဖြင့် အပင်တွေကိုကွေ့ပတ်ပြီးပျိုးခြံထဲမှထွက်သွားလေသည်။
မှူးခေါင်သည် ထွက်သွားသောကောင်လေးရဲ့နောက်ကျောလေးပျောက်သည်အထိရပ်ကြည့်နေပြီး စတော်ဘယ်ရီပင်တန်းကြားတွင် အထီးကျန်စွာကျန်ရစ်ခဲ့သောနီနီရဲရဲစတော်ဘယ်ရီသီးများထည့်ထားသောခြင်းငယ်လေးကိုကောက်ယူလိုက်ပြီး နံဘေးတွင်ကျနေခဲ့သောစက္ကူအိတ်လေးထောင့်ကလေးကိုပါယူလိုက်သည်။
"ကူးကူး ဘယ်မှာလဲဟ.."
"ကျောင်းဂိတ်နားက ရေတမာပင်အောက်မှာ ကိုကိုကလဲခဏနေရင်ရောက်မယ်တဲ့.."
"လာပြီ လာပြီ..ဒါပဲ.."
ကိုဆက်က အလုပ်ကိစ္စနှင့်ကမ်းရိုးတန်းဘက်ကိုလာရင်း အက္ခရာတို့ကိုဝင်တွေ့ခြင်းဖြစ်သည်။
"ဂူး ငါဒီမှာ "
လမ်းတစ်ဖက်ရေတမာပင်အောက်ကခုံတန်းလေးတွင်ထိုင်နေသော ကူးကူးက လက်လှမ်းပြနေသည်။အက္ခရာက ကူးကူးကိုလက်ပြန်ပြရင်း ကူးကူးရှိရာသို့ ခပ်သွက်သွက်သွားလိုက်သည်။
"ဂူး နင်လာမှ လူတွေကိုဝိုင်းကြည့်လို့ ဟီး ငါ့သူငယ်ချင်းလေးက အရမ်းကိုဆွဲဆောင်မှုကောင်းတာပဲ.."
"အရူးမ..သူတို့လဲ မျက်လုံးအားနေလို့နေမှာပေ့ါ..."
"အေးနော် ဓာတ်ပုံတွေပါရိုက်နေကြတာ ဟီးဟီး ငါလေးလဲလှလှပပလေးနေမှ..."
စပ်ဖြီးဖြီးမျက်နှာလေးကို တည်ရင်းမျက်နှာလေးချီကာ ခါးမတ်ပြီးအရုပ်လိုထိုင်နေသောသူငယ်ချင်းမအားကြည့်ပြီး အက္ခရာရယ်ချင်လာသည်။
အက္ခရာရောက်ပြီးငါးမိနစ်ခန့်အကြာတွင် မဲနက်ပြောင်လက်နေသောကားသုံးစီးတန်းစီဝင်ရောက်လာသည်။အရှေ့ကားနှင့်အနောက်ကားမှ All blackနှင်လူများဆင်းလာကာ အလယ်ကားရဲ့တံခါးကိုဖွင့်သူကဖွင့် ထီးဖွင့်သူကဖွင့်နှင့်စက်ရုပ်တွေလို တောင့်တောင့်ကြီးတွေအလုပ်လုပ်နေကြသည်။
တံခါးဖွင့်ထားသောအလယ်ကားမှ မဲနက်တောက်ပြောင်နေသောရှူးကိုစီးထားသည့်ခြေတစ်ဖက်အရင်ထွက်လာသည်။ထို့နောက် ကျောင်းသူများ၏ အားခနဲအော်သံထွက်လာတာကြောင့် အက္ခရာနှင့်ကူးကူးခမျာတုန်တက်သွားသည်။White&Blackဝတ်ထားတဲ့ချောချောဖြောင့်ဖြောင့်လူတစ်ယောက်က ကားထဲမှထွက်ကာခပ်ပြုံးပြုံးနှင့်အက္ခရာတို့ရှိရာသို့လျှောက်လာသည်။အနောက်မှထီးမိုးပေးသူလဲပါသည်။
"ကူး ကိုဆက်ကရုပ်ရှင်ရိုက်နေတာလား နေလဲမပူမိုးလဲမရွာဘဲ ထီးကြီးဖွင့်ပြီး ဘာလုပ်တာလဲမသိဘူး..."
"အေးနော် ဘာအထာလဲမသိဘူး ...."
"ဟေး ကလေးနှစ်ယောက်...ဘာတွေကြောင်ကြည့်နေကြတာလား "
သူတို့ရှေ့ရောက်တော့ သွားတက်လေးပေါ်အောင်ရယ်ပြလာတာမို့ နှစ်ယောက်သားငေးကြည့်နေရင်း ကျောင်းသူအုပ်စုရဲ့အသံတွေက ပေါင်စုံထွက်လာတာမို့ကူးကူးမက နှုတ်ခမ်းလေးစူသွားသလို အက္ခရာကတော့ပြုံးမိသွားသည်။
"ကလေးမ ဘာလို့နှုတ်ခမ်းကြီးထော်နေတာလဲ ဘာလဲသဝန်တိုနေတာလား အဲ့ဒါဆိုတစ်ခါတည်းအပိုင်သိမ်းလိုက်တော့လေ.."
"တော်ပါ ကိုကိုနော် ဘာလို့ကြိုမပြောတာလဲ ပြီးတော့အကြားနေလဲမနေဘူး.."
ကိုဆက်က ကူးကူးမေးတာကိုမဖြေသေးပဲ အနောက်ကိုလှည့်ပြီးစကားပြောနေသည်။ပြီးမှ ပြန်လှည့်လာကာ.ပြုံရွှင်နေသောမျက်နှာထားနှင့် .
"အခုအရေးကြီးလို့ပါကွာ ဒီကအပြန်တန်းသွားရမှာ မျက်နှာလေးမြင်ချင်လို့ဝင်လာတာ..."
"ငယ်လေး ဘုံဘုံထည့်ပေးတဲ့ပစ္စည်းတွေကို ဦးငယ်ဆီပဲထားခဲ့လိုက်တယ်သလား.."
"ဟုတ် ကိုဆက် ပ့ါပါစိတ်ဆိုးနေသေးလား..."
"ဘယ်ကသာ လေးလေးလား သူ့သားလေးကိုစိတ်ဆိုးမှာ.."
ခဏအကြာတွင်ဝတ်စုံနက်နှင့်လူက ကိုဆက်လက်ထဲကိုမာဖလာလေးနှစ်ထည်ထည့်ပေးလာသည်။ကူးကူးကြိုက်သည့် ပိတောက်ခြောက်ရောင်လေးနှင့် အက္ခရာကြိုက်သည့်အနီရောင်လေးဖြစ်သည်။
ပိတောက်ခြောက်ရောင်လေးကို ကူးကူးကိုပတ်ပေးလိုက်ပြီးနဖူးကိုအသာလေးနမ်းကာ ကိုဆက်မေမေထိုးပေးလိုက်တာဖြစ်ကြောင်းပြောတော့ ကူးကူးမျက်နှာလေးရဲသွားသည်။
အနီရောင်လေးကိုလဲ အက္ခရာလည်ပင်းတွင်လာပတ်ပေးပြီး ဆံပင်လေးတွေကိုအသာဖွသည်။
"နှင်းရည်တွေကျနေတာ ကလေးတွေနွေးနွေးထွေးထွေးနေကြဦး..."
"ဟုတ်လား ကူးတို့မသိပါဘူး ဒါကြောင့်ကိုကိုက ထီးဆောင်းလာတာပေါ့.."
"အင်း ကိုကိုကနည်းနည်းဖျားချင်နေလို့လေ..အဲ့တာကြောင့်..."
"ဟင် ဟုတ်လား ဆေးသောက်ခဲ့ရဲ့လားကိုကို ..."
ကူးကူးက ကိုဆက်နဖူးကိုလှမ်းစမ်းရင်း မျက်နှာလေးညိုးလာသည်။
"သောက်ခဲ့တာပေါ့ ကူးလေးသေချာသိချင်ရင်တော့ ကိုကို့ကိုလက်ထပ်လိုက်တော့လေ..."
"ဟာ ကိုကိုကလဲ ကူးကျောင်းပြီးအောင်စောင့်ပါဦးဆို..."
လက်သီးလေးနှင့် ကိုဆက်ရင်ဘက်ကိုထုရင်း နှုတ်သီးစူကာမူပိုပြောနေသောကူးကူးကိုကြည့်ပြီး အက္ခရာရယ်ချင်လာသည်။ကူးကူးမအဲ့လိုချွဲတာကို သူမမြင်ဘူးပါ။ကိုဆက်ကလဲ အီချိုနေအောင်ပြုံးကာ ကျေနပ်နေသည့်ရုပ်နှင့်။ချစ်ကြည်နူးနေတဲ့ ချစ်သူနှစ်ယောက်ကိုကြည့်ရင်း အက္ခရာပြုံးနေရာမှ ဝမ်းနည်းလာပြီး မျက်နှာလေးမှာတစ်စတစ်စညိုးကျလာသည်။
"ဟင်းး..."
"ဟင် ငယ်လေး သက်ပြင်းတွေချလို့ပါလား လေးလေးကိုလွမ်းနေတာလား ကဲ ကိုဆက်ပြန်တော့မယ် လာပါဦး တစ်ခါလောက်လာဖက်ပါဦး..."
အက္ခရာထိုင်နေရာမှ ထရင်း ကိုဆက်ကိုဖက်လိုက်တော့ ကိုဆက်က ခေါင်းလေးကိုခပ်ဖွဖွပုတ်ပေးရင်းနှစ်သိမ့်သည်။အက္ခရာ အိမ်ကိုလွမ်းနေတယ် အမှတ်နဲ့ပေါ့...
တောက်!!!....
စတော်ဘယ်ရီသီးကြီးတင်ထားသောcupcakeလေးကိုရှေ့ချရင်း ဖုန်းမျက်နှာပြင်ကိုပေါက်ထွက်မတက်စူးစိုက်ကြည့်နေသော မှူးခေါင်။လက်ကသောက်လက်စရေဘူးကို ကျစ်နေအောင်ဆုပ်ကိုင်ထားတာမို့ အကြောတွေက ထင်းနေသည်။
"မှူးခေါင် ဖုန်းက မင်းကိုရန်စနေလို့လား ဖုန်းကိုကြည့်နေတာများရန်သူကျလို့ ရေသန့်ဘူးကိုများ လည်ပင်းညစ်ထားတာ လူဆို အူပါထွက်နေလောက် ..."
"သုစံ ပါးစပ်ပိတ်ထား ငါ့ဒေါသမင်းဆီရောက်သွားမယ်..."
"အေးပါကွာ ..မင်းဘာသာဖုန်းနဲ့ပဲရန်ဆက်ဖြစ်ပါ.."
"သုစံ..."
"အာ အေးပါကွာ ဘာမှကိုမပြောတော့ဘူးဟေ့ ..."
ရတုကပါမျက်ထောင့်နီနဲ့ကြည့်နေတာကြောင့် သုစံပါးစပ်ထဲကိုစတော်ဘယ်ရီတစ်လုံးထည့်ရင်းပိတ်လိုက်သည်။အဲ့နှစ်ကောင်က သူ့ဆိုရင်အမြဲအနိုင်ကျင့်တယ်။မြင်နေတာလေးပြောမိတာကို တစ်ယောက်က ဒေါသထွက်နေတဲ့အသံကြီးနဲ့ပြောတယ်။နောက်တစ်ယောက်ကမျက်ထောင့်နီကြီးနဲ့ကြည့်တယ်။
"လခွီး ချဉ်လိုက်တာကွာ စတော်ဘယ်ရီတောင် မင်းဘက်မှာရှိမနေဘူး ခေတ်သုစံရေ..."
အရပ်ရှည်ရှည်ရုပ်ချောချောနဲ့ယောင်္ကျားတစ်ယောက်ရဲ့ရင်ခွင်ထဲတွင်နစ်မြုပ်နေသောဆံပင်နီညိုရောင်နှင့်ကောင်လေးရဲ့ပုံတွေ။မာဖလာပတ်ပေးနေသည့်ပုံတွေ။ဆံပင်တွေကိုဖွနေသည့်ပုံတွေ.။ ဒီပုံတွေကို ကျောင်းရဲ့pageမှန်သမျှမှာတင်ထားကြသည်။စဝ်အုပ်မှူးခေါင် ကျန်ရစ်ဖြစ်ပြီဆိုတဲ့စာတွေက အစစ်ပါသေး။ဒီလူလာမှာမို့ စတော်ဘယ်ရီခြင်းတောင်မေ့တဲ့အထိကိုပျော်နေတာပေါ့။
မျက်စိရှေ့တွင်ရှိနေသောစတော်ဘယ်ရီသီးကြီးတင်ထားသောcupcakeလေးကိုကြည့်မိရင် ပိုပိုပြီးစိတ်တိုလာရသည်။ရေဘူးထဲက ရေကိုတစ်ငုံသောက်ရင်း ခုံပေါ်ဆောင့်ချလိုက်သည်။
သွားစမ်! မှူးခေါင်စိတ်တိုတိုနဲ့ကိတ်မုန့်လေးပါကိုလွှတ်ပစ်လိုက်သည်။
"အ!… "
ညည်းညူးသံတိုးတိုးလေးထွက်လာတာကြောင့် မော့ကြည့်လိုက်တော့ creamပေနေသောနဖူးလေးကိုကိုင်ရင်း သူ့ကိုကြည့်နေသည့်ကောင်လေး။စတော်ဘယ်ရီမှာ အကျွတ်သီးဖြစ်သည်ကတစ်ပိုင်း ဒေါသထွက်နေတာကြောင့်အားနဲ့ပစ်လိုက်တာကတစ်ပိုင်မို့ နာကျင်သွားမှာတော့အသေအချာ။ဘေးနားတွင်ထိုင်နေသည့်နှစ်ယောက်မှာလဲ ယောင်လည်လည်နှင့်အခြားခုံတွေမှာ ပြောင်းထိုင်ကြကုန်သည်။
အစအနတွေထွက်နေသည့်ကိတ်မုန့်လေးကိုကောက်ယူကာ ဘေးနားတွင်ကျနေသည့်စတော်ဘယ်ရီလေးကိုပါတစ်ခါတည်းကောက်လိုက်သည်။
ဟင် ဒါကအက္ခရာရှာနေတဲ့စတော်ဘယ်ရီလေးပဲ။ကိုဆက်လာမယ်ဆိုတာနဲ့ အကုန်မေ့ပြီးပစ်ထားခဲ့တာမို့ ကိုကိုစိတ်တိုနေပုံပဲ။ကိုကို့နားတွင် အက္ခရာခူးထားတဲ့စတော်ဘယ်ရီခြင်းလေးကလဲ အခန့်သားရှိနေသည်။ဒီနေ့စတော်ဘယ်ရီmousseလုပ်နည်းသင်ပေးမယ်ပြောပြီး စတော်ဘယ်ရီခူးခိုင်းခြင်းဖြစ်သည်။
"ဟူးး "ဒီနေ့တော့စတော်ဘယ်ရီmousseမသင်ရဘဲ အက္ခရာကိုယ်တိုင်mousseဖြစ်တော့မည်ကို အက္ခရာခံစားလိုက်ရသည်။
အက္ခရာသက်ပြင်းချလိုက်ရင်း ကိတ်ကလေးကိုကိုင်ကာတွန့်ဆုတ်ဆုတ်နဲ့တဖြည်းဖြည်းရှေ့တိုးသွားလိုက်သည်။အရမ်းကြီးမကြောက်ပေမဲ့ နည်းနည်းတော့ကြောက်ပါသည်။
လိပ်ရှုံးအောင်လာနေသောကောင်လေးကို ကြည့်ပြီးဒေါသတွေကပိုပိုထွက်လာသည်။သူ့လည်ပင်းမှာပတ်ထားသည့် အနီရောင်မာဖလာက ဟိုလူပတ်ပေးလိုက်တာပေါ့။ရာရာစစငါ့ရှေ့ကိုပတ်လာသေးသည်။
ထိုစဉ်အကြံတစ်ခုရလာပြီး ခြင်းထဲမှစတော်ဘယ်ရီသီးလေးတွေကိုယူကာ အားနှင်ဖျစ်ချပစ်လိုက်သည်။
"ဟိုကောင်လေး မြန်မြန်လာဦး.."
မြန်မြန်လာဦးပြောတာတောင် ပေကပ်ကပ်နဲ့တစ်လှမ်းချင်းလာနေသည်။မှူးခေါင်စိတ်မရှည်တာနဲ့ အဲ့ကောင်လေးရှေ့ရောက်အောင်ထသွားလိုက်ပြီး စတော်ဘယ်ရီသီးအနှစ်များဖြင့်ပေနေသော လက်ဖဝါးအားထောင်ပြလိုက်သည်။
"အိုးး လက်ကပေနေတာပဲ အာ sorryကွာ ယောင်ပြီးသုတ်မိသွားပြီး ကိုယ်ကလက်သုတ်ပဝါထင်လို့ပါကွာ မင်းမာဖလာဖြစ်နေတယ် ဘယ်လိုလုပ်ရမလဲ..."
အက္ခရာသည်မိမိ၏အသစ်စက်စက်မာဖလာလေးကိုကြည့်လိုက် အပြီအပြင်ကြီးကိုမျက်နှာငယ်လေးလုပ်ပြနေတဲ့ကိုကို့ကိုကြည့်လိုက်နှင့် ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။မှားစရာရှားလို့ လက်သုတ်နဲ့မှားရတယ်လို့။အင်းလေ သူ့ကိုတောင်မှားသေးတာပဲ။လက်သုတ်နဲ့မှားတာတော့ပြောမနေချင်တော့ဘူး။ တီတီကြီးထိုးပေးလိုက်တာမို့ နှမျောတာကတစ်ပိုင်း ကိုကို့မျက်နှာငယ်လေးကိုကြည့်ပြီး စိတ်မဆိုးရက်တာကတစ်ဖုံနှင့် နဖူးကနာနေတာတောင်မေ့သွားရသည်။ အီလည်လည်လေးပြုံးပြီး
"ရပါတယ် အိမ်ရောက်မှလျှော်လိုက်မယ်.."
"မရပါဘူး ကိုယ့်ကြောင့်ပေသွားတာ ကိုယ်အသစ်ပြန်ဝယ်ပေးမယ်..ပေး"
"ရပါတယ် ကျွန်တော်လျှော်လိုက်ရင်ရပါတယ်..."
"မရပါဘူး ပေး.."
"ရပါတယ်ဆို ...ဘာမှမဖြစ်ဘူး.."
"ဘာ ဘာမှမဖြစ်တာလဲ ဖြစ်ရမယ် မရဘူး ပေး အသစ်ပြန်ဝယ်...."
ဗြိ!….
နှစ်ယောက်သားအားနှင့် ဟိုဘက်ဆွဲဒီဘက်ဆွဲလုပ်နေတာကြောင့် ကြားထဲကမာဖလာလေးခမျာ နှစ်ယောက်ဒဏ်ကိုမခံနိုင်တော့တဲ့အဆုံး နှစ်ပိုင်းပြတ်သွားရှာလေသည်။
အက္ခရာက သူ့ရဲ့ဘဝပျက်သွားရှာတဲ့မာဖလာလေးကို ကြည့်ရင်းမျက်နှာလေးပျက်သွားပြီး နှာခေါင်းရှုံပွပွဖြစ်လာကာ နှုတ်ခမ်းနီထွေးထွေးက စူချင်လာသည်။မှူးခေါင်ကတော့ နားရွက်ကလေးတွေပါနီလာတဲ့အက္ခရာကိုကြည့်နေရင်း အောင်နိုင်သူအပြုံးကြီးပြုံးကာ မာဖလာနှစ်ပိုင်းပျက်လေးကိုဆွဲယူလိုက်လေသည်။ထို့နောက်အက္ခရာနဖူးမှ ခရင်လေးတွေကို လက်ဖနောင့်နှင့်အသာအယာသုတ်ပေးပြီး လှည့်ထွက်သွားသည်။
တလောကလုံးအနိုင်ရလိုက်သလိုဂုဏ်ယူပြုံးကြီးပြုံးပြီး ထိုင်ခုံဆီမိန်မိန်ကြီးပြန်လျှောက်လာတဲ့မှူးခေါင်ကို သူ့သူငယ်ချင်းနှစ်ယောက်အပါအဝင်အခန်းထဲရှိအသင်းသား ၄ယောက်မှာ အံ့အားသင့်စွာကြည့်နေကြသည်။အစောက တောက်တခေါက်ခေါက်နှင့် မျက်နှာကြီးမဲမှောင်နေတာက စဝ်အုပ်မှူးခေါင်အခြားတစ်ယောက်လား..အခုမျက်နှာက ပျားရည်ကိုအိုးလိုက်ရထားတဲ့poohလို ချိုအီနေတဲ့မျက်နှာကြီးလေ...။သူကပြုံးနေသလောက် ဟိုအနောက်ကကောင်လေးကတော့ ငိုမဲ့မဲ့နှင့် လိုက်လဲလိုက်ကြပါတယ်...။ဘာလဲ သူတို့အခုဇာတ်လမ်းကြည့်လိုက်ရတာလား။စီစဉ်သူ စဝ်အုပ်မှူးခေါင်၊ထုတ်လုပ်သူ စဝ်အုပ်မှူးခေါင် ၊ ဇာတ်လိုက်မင်းသား စဝ်အုပ်မှူးခေါင်လုပ်သွားတာ။သူတိူ့တွေတောင် ဖြတ်လျှောက်အဲ ဖြတ်ထိုင်လား လုပ်လိုက်ရသေးတယ်လေ..။ဟူး....စဝ်အုပ်မှူးခေါင်ရဲ့သူငယ်ချင်းဖြစ်ရတာ တကယ်မလွယ်ပါဘူးကွာ...။
3:31PM,TUE
10.8.2021