ဇာတ်လိုက်တွေရဲ့IQကိုလိုက်ဖြည့...

Por yeolli_khin

114K 19.2K 566

NOT MINE!!! All right credit go to original author.I'm just love to translate this novel. System:မင်းကငါတို့... Más

Arc1
Chapter 1.2
Chapter 1.3
Chapter 1.4
Chapter 1.5
Chapter 1.6
Chapter 1.7
Chapter 1.8
Chapter 1.9
Chapter 1.10
Chapter 1.11
Chapter 1.12
Arc2.1
Arc2.2
Arc 2.3
Arc2.4
Arc 2.5
Arc2.6
Arc 2.7
Arc 2.8
Arc2.9
Arc2.10
Arc2.11
Arc2.12
Arc.213
Arc 2.14
Arc2.15
Arc2.16
Arc2.18
Arc2.19
About Update

Arc2.17

2.4K 489 41
Por yeolli_khin

Chapter 29 | Arc 2.17
Warning

ချီချန်း စုယွီကို Drunken Moonက​နေ​ခေါ်ထုတ်သွားပြီး​နောက် သူ့အိမ်ကိုဘဲ တိုက်ရိုက်သွားလိုက်တယ်။လမ်းမှာလည်း စုယွီတစ်ချိန်လုံး တွန့်လိန်ကာ​နေပြီး တကယ်လို့ချီချန်းသာမတားခဲ့ရင် သူ့ရဲ့အကျီ​တွေကို ချွတ်ပစ်လိုက်မိမှာဖြစ်တယ်။

​ဘောလုံး ထိုအချစ်ငှက်နှစ်​ကောင်ကို တိတ်ဆိတ်စွာနဲ့ဘဲ ကြည့်​နေမိကာ ​နောက်ဆုံးသည်းမခံနိုင်​တော့ဘဲ
"သခင်​လေးhostရဲ့ သရုပ်​​​ဆောင်မှုက အရမ်း​တော်တာဘဲဗျာ"

တွန့်လိမ်ကာပွတ်သပ်​နေဆဲ စုယွီ ​ဘောလုံး​လေးကို တည်ငြိမ်စွာ ​ပြန်​ပြောလိုက်တယ်
"မင်းက​တော့ ​မြှောက်​ပြော​နေပြီ...အာ..ခဏ​နေ​လောက်ကျရင် ဒီရုပ်ရှင်က R rated​တွေပါလာ​တော့မှာ...အဲ့ဒါ​ကြောင့် စည်းကမ်းရှိရှိနဲ့ ​စော​စောအိပ်လိုက်တာ​ကောင်းမယ်ထင်တယ်"

"......."
​ဘောလုံး​လေး ဒီလိုအရှက်မရှိတဲ့hostနဲ့တစ်ခါမှမ​တွေ့ဖူးဘူး။ သူ စိတ်ဆိုးလာတာ​ကြောင့် အနီ​ရောင်​တောက်​တောက်​အ​ရောင်​ပြောင်းလာကာ ​​တော်ပြီ ဒီလိုအရှက်မရှိပြိုင်ငြင်း​နေမယ်ဆိုရင် သူတို့ကမ္ဘာအဆုံးထိ ပြိုင်​နေရလိမ့်မယ်....ကိုယ့်ဟာကိုယ် ဥာဏ်ရှိရှိနဲ့ဘဲ အိပ်လိုက်​တော့မယ်။

သူတို့​ရောက်သွား​တော့ ချီချန်း စုယွီကိုကား​ပေါ်မှသယ်လိုက်ကာ အိမ်ထဲသို့​ခေါ်သွားကာ အိပ်ခန်းထဲကိုတန်း​ခေါ်သွားသည်။

ချီချန်း စုယွီကို ကြီးမားနူးညံ့တဲ့အိပ်ရာ​ပေါ်အသာချလိုက်​ပေမယ့် သူ့မျက်ဝန်း​တွေက​တော့ ​မှောင်မည်း​နေကာ ​ကြောက်စရာ​ကောင်း​နေသည်။စုယွီက​တော့ သူ့ပလန်အတိုင်း ဆက်လက် တွန့်လိမ်​နေဆဲ ရုတ်တရပ် ချီချန်းရဲ့ ​လေသံတိုးတိုးနဲ့​မေးသံကိုကြားလိုက်တယ်။
"​ပျော်​နေတယ်​ပေါ့?"

စုယွီ ချက်ချင်းရပ်တန့်သွားကာ ချီချန်းကို ဖြည်းဖြည်းချင်း​မော့ကြည့်လိုက်ကာ ဖြူစင်စွာ မျက်​တောင်ခတ်လိုက်ရင်း
"ကျွန်​တော်တကယ် အဆင်မ​ပြေဘူး...."

​ဆေးအစွမ်း​ကြောင့် စုယွီတစ်ကိုယ်လုံး တကယ်ကိုပူ​နေတာ​ပေ။သူ​တော်​တော်​လေး ထိန်းထားသာ​ကြောင့်သာ အခုချိန်ထိ အသိစိတ်ရှိ​နေတာဖြစ်တယ်။

အခုချိန်မှာ​တော့ စုယွီမျက်နှာ​လေးက ပန်း​ရောင်သန်း​နေကာ မက်မွန်ပွင့်ပုံမျက်ဝန်း​တွေဟာလည်း ရီ​​ဝေမှုအပြည့်နဲ့၊ မျက်​တောင်ခတ်လိုက်မိတာနဲ့ ကြည်လင်​တောက်ပ​နေတဲ့ မျက်ရည်ဥ​လေး​တွေက ကျ​လာ​တော့မည့်အတိုင်း​ပေ။ ချီချန်း စုယွီကိုကြည့်​နေရင်း သူ့ရဲ့​ပြောပြလို့မရတဲ့ ခန္ဓါကိုယ်အစိတ်အပိုင်းတစ်ခုက မသက်မသာဖြစ်လာတယ်။

ချီချန်း ​အုံ့မိုးလိုက်ကာ စုယွီအနားကို ဖြည်းဖြည်းချင်းကပ်သွားပြီး သူ့ခန္ဓါကိုယ်တစ်ခုလုံးက တစ်ဖက်သူကို ဖိထားမတတ်ဖြစ်​နေ​ပေသည်။
သူတို့ရဲ့မျက်နှာ​တွေဟာ နီးကပ်​နေပြီး စုယွီရဲ့ပူ​နွေးတဲ့ ဝင်သက် ထွက်သက်တိုင်းကို ချီချန်း ခံစား​နေရသည်။

"မင်း တမင်လုပ်​နေတာဘဲ"
ချီချန်း စုယွီကို နစ်​​မောစွာကြည့်လိုက်တယ်။

စုယွီ မျက်​တောင်ခတ်လိုက်ကာ ဘာမှပြန်မ​ပြော​ပေ။
"ကိုယ့်ကို Drunken Moonကိုသွားဖို့​ပြောခိုင်းတဲ့သူက မင်းဘဲ"
ချီချန်း ​လေသံ​ဖျော့​​လေးနဲ့ဘဲဆက်​ပြော​နေတယ်။

စုယွီ ဆက်လက်ပြီးတိတ်ဆိတ်​နေတယ်။အမှန်တိုင်း​ပြောရရင် လုမန်နီရဲ့​ဆေးက တကယ်ကိုစွမ်းတယ်။သူတကယ်ကို ထိန်းမထားနိုင်​တော့တဲ့အဆင့်ကို ​ရောက်​တော့မယ်။

ချီချန်း ခဏ​လောက် တိတ်ဆိတ်သွားကာ ​တွေးလိုက်ပြီး စုယွီနှာ​​ခေါင်း​လေးကို တို့ထိလိုက်ကာ ​ပြောလိုက်တယ်။
"မင်းက တကယ်ကို အဆိုး​လေးဘဲ"

အဲ့အချိန်တစ်ခဏ​လေးမှာဘဲ စုယွီထင်လိုက်ကာ ချီချန်းက စိတ်မထိန်းနိုင်​လောက်ဘူးဆိုပြီး တကယ်တမ်း စိတ်မထိန်း​နိုင်​တော့တာ သူဖြစ်​နေတယ်။ စုယွီ တကယ်ကို မထိန်းနိုင်​တော့ဘူး။

စုယွီ သူ့​နှာ​ခေါင်း​လေးကို ပြန်ပွတ်လိုက်ကာ
သူ့​ခြေ​ထောက်​တွေကို ချီချန်းရဲ့ခါး​တွေမှာ ချိတ်တွယ်လိုက်ကာ
"ကျွန်​တော်တကယ် အရမ်းအဆင်မ​ပြေဖြစ်​နေတယ်....ကျွန်​တော့်ကိုကူ​ပေးမလား?"

ခဏ​လောက်ခွဲ​နေရပြီ ပြန်​​တွေ့ရတဲ့ခံစားချက်က ဟန်နီမွန်းထက်ပို​ကောင်းတယ်လို့ ​ပြောကြတယ်။
စုယွီ ချီချန်းနဲ့ အရမ်းအကြာကြီးမခွဲခဲ့ရ​ပေမယ့် သူတို့နှစ်​ယောက် ကမ္ဘာနှစ်ခုကိုဖြတ်သန်းခဲ့ရတယ်​လေ။ ဒါ​ကြောင့် ပြန်​ဆုံ​တွေ့ရခြင်းက သဘာဝ​ဆန်စွာနဲ့ဘဲ ခံစားချက်​တွေ မွတ်သိပ်​နေခဲ့တယ်။

ဒါ​ပေမယ့် ချီချန်းက​တော့ စုယွီနဲ့မတူဘူး။
စုယွီက သူအမြဲ​စောင့်​နေခဲ့ရတဲ့သူဆိုတာ သူသိတယ် ဒါ​ပေမယ့် စုယွီဘက်က သူ့ကိုဘယ်လိုခံစားရလဲဆိုတာ သူမသိဘူး။သူက လူကြီးလူ​ကောင်းတစ်​ယောက်​တော့မဟုတ်​ပေမယ့် သူ့ဆန္ဒတစ်ခု​တည်း​ကြောင့် စုယွီကိုမနာကျင်​စေချင်ဘူး။

ဒီကိစ္စကို တအားကိုရိုးရှင်းတယ်...သူဒီတိုင်း​​မေးလိုက်ရုံဘဲ...ဒါ​ပေမယ့် ဒီအခိုက်အတန့်မှာ​တော့
ချီချန်း ​ကြောက်ရွံမှု​ကြောင့် တွန့်ဆုတ်​နေမိတယ်။

"ခင်ဗျား...ကျွန်​တော့်ကိုမကြိုက်ဘူးလား"
စုယွီ ခပ်ဆိုးဆိုးနဲ့ သူ့​ခြေ​ထောက်​တွေကို​ကွေးလိုက်ကာ ချီချန်းကို ပိုနီးကပ်​စေလိုက်တယ်။

ချီချန်း အသက်ပြင်းပြင်းရှူလိုက်ကာ ထိုဆိုးသွမ်း​နေတဲ့​ခြေ​ထောက်​တွေကိုကိုင်လိုက်ကာ ပြန်ချလိုက်တယ်။ထို့​နောက် သူသတိထားမိလိုက်တယ်
စုယွီရဲ့တစ်ကိုယ်လုံးကပူ​နေ​ပေမယ့် ​သူ့​ခြေ​ထောက်​လေး​တွေက​တော့ ​အေး​နေတယ်။
သူ့နှလုံးသား​လေးနူးညံ့သွားကာ သူ့လက်​တွေနဲ့ပွတ်သပ်​​ပေးကာ ​နွေး​အောင်လုပ်​ပေး​နေမိတယ်။

အိပ်ရာ​ပေါ်လှဲ​နေတဲ့ စုယွီ ချီချန်းကို မသာမာ​ပြုံးပြုံးလိုက်ကာ မျက်​တောင်​လေး​တွေကအစ ပြုံးကာ ကြည့်​နေလိုက်တယ်။
"ခင်ဗျားတကယ် ကျွန်​တော့်ကို အရမ်းကြိုက်​နေတာဘဲ"

ချီချန်း နှလုံး​သား​လေး စုယွီရဲ့ကြည်လဲ့​နေတဲ့မျက်ဝန်း​အောက်မှာ ကျရှုံးသွားပြီး တစ်ကြိမ်ပြီးတစ်ကြိမ်ရင်ခုန်လွန်းလို့ အပြင်ထွက်​တော့မတတ်။
"ကိုယ်မင်းကိုကြိုက်တယ်...ဒါ​ပေမယ့် မင်း​ကော ကိုယ့်ကိုကြိုက်လား?"

လူနှစ်​ယောက် ဒီအ​ခြေအ​နေ​တွေအထိ​တောင်​​ရောက်​နေပြီကို ချီချန်းက ဒီအချိန်ကြီး ဒီလိုချိုချိုမြမြ​လေး​တွေ​ပြောချင်​နေ​သေးတယ်....
စုယွီတကယ်ဘဲ ငြင်းချင်စိတ်​ပေါက်လာပြီ။
ဒါ​ပေမယ့် ဒီလူက သူချစ်တဲ့သူဘဲ​လေ။
သူ့ရဲ့ပုံပန်းသွင်ပြင်​ပြောင်းသွား​ပေမယ့် သူတို့ရဲ့စိတ်ဝိဥာဏ်​တွေက​တော့ တူတူဘဲဖြစ်​နေဆဲ။
ပိုပြီးအ​​ရေးကြီးတာက သူတို့၂​ယောက်လုံးရဲ့ ခန္ဓါကိုယ်အချိုးအစားက အခုထိA+ဖြစ်​နေတုန်း။
(TN = ချီချန်းနဲ့ ချူချန်းရန် ၂​ယောက်ကိုနှိုင်းယှဥ်ပြ​နေတာပါ)

စုယွီ သူ့လက်​မောင်း​တွေကို ချီချန်းရဲ့လည်ပင်းတစ်ဝိုက်မှာ ချိတ်တွယ်လိုက်ကာ ချီချန်း ဖြည်းဖြည်းချင်း ဆွဲလိုက်ကာ သူတို့နှစ်​ယောက်လုံးရဲ့ နှုတ်ခမ်းသား​တွေ ထိ​နေသည်အထိ ဆွဲလိုက်ပြီး
​ဖြည်းဖြည်းချင်း​ပြောလိုက်တယ်
"ကြိုက်တယ်...ကျွန်​တော်ခင်ဗျားကိုချစ်တယ်"

ချီချန်း သူ့စိတ်​တွေ အလင်းတစ်ပွင့်ကဲ့သို့​ပေါက်ကွဲမတတ်ဖြစ်သွားကာ ထိန်းထားရတဲ့စိတ်​တွေလည်း လွတ်ထွက်သွားသည်။ထပ်ပြီးမထိန်းနိုင်​တော့ဘူး....သူ့ရဲ့အကြည့်နက်နက်​တို့က စုယွီဆီမှာ မြဲမြံ​နေပြီး ငုပ်ကာ နမ်းလိုက်​တော့တယ်။

​နောက်တစ်​နေ့မှာ​တော့ စုယွီ ​​ကျောနာခြင်းနဲ့အတူနိုးလာ​တော့တယ်...ဒါ​ပေမယ့် သူ​ပျော်တယ် ချီချန်းကသူ​ဘေးမှာလှဲ​နေ​ကော နူးညံ့စွာ ခါးကိုနိုပ်​ပေးနိုင်တယ်။

(TN=ပြိုင်ကားမို့ ဘာမှမမြင်လိုက်ရတာပါ TwT)

စုယွီ သူ့မျက်လုံးကို ​အေးချမ်းစွာ မှိတ်လိုက်တယ်။
သူအခု အရင်ကမ္ဘာကိုပြန်သွားပြီး ချူချန်းရန်ကသူနဲ့အတူရှိ​နေသလို ခံစား​နေရတယ်...ထိုအ​တွေးဝင်လာ​တော့မှ ဒါ​ပေါ့ ဒီလိုဘဲ ခံစားရမှာ​ပေါ့
ဒီလူ၂​ယောက်ကတူတူဘဲဟာ။

ချီချန်း စုယွီကိုမြတ်နိုးစွာကြည့်​နေကာ သူ့အကြည့်တို့တွင် နူးညံ့မှုနဲ့ညင်သာမှုအပြည့်။
စုယွီနိုးလာတာကိုမြင်​တော့ သူငုံ့လိုက်ကာ morning kissကိုယူလိုက်တယ်။
"Good morning"

စုယွီ သမ်း​​ဝေလိုက်ကာ
"Good morning အချစ်"

'အချစ်'--ထို​သေးငယ်တဲ့စကား​လေးက ချီချန်းရဲ့ အကြည့်ကို ​လေးနက်သွား​စေကာ သူထထိုင်လိုက်ပြီး သူ့စိတ်ထဲမှာ တစ်ချိန်လုံးရှိ​နေတဲ့​မေးခွန်းကို ​မေးလိုက်တယ်
"အားစုံ မင်းတကယ်ကိုယ့်ကိုကြိုက်တာလား?"

စုယွီ သူ့ရဲ့nick nameအသစ်​ကြောင့် မျက်လုံးလှိမ့်လိုက်မိတယ်။အရင်ကမ္ဘာမှာတုန်းက ချူချန်းရန်က သူ့ကို 'အားကျန်း'လို့​ခေါ်တယ် အခု ချီချန်းက သူ့ကို'အားစုံ'.....အရမ်းခက်ခဲ​နေဦးမယ်။
ဘယ်သူသိမှာလဲ ​နောက်ကမ္ဘာကျရင် သူ့nicknameကဘာဖြစ်မှာလဲဆိုတာ။

စိတ်လှုပ်ရှားကာ ​ချွေး​စေး​တွေပြန်​နေတဲ့ချီချန်းဘက်ကို ကြည့်လိုက်ကာ
"ကျွန်​တော်ကဒီဟာကို လူတိုင်းနဲ့လုပ်တယ်လို့ခင်ဗျားထင်​နေတာလား?"

"ဒါ​​ပေမယ့် မင်းကမ​နေ့ညက ​ဆေးမိထားတာ​လေ ပြီး​တော့...."
ချီချန်းက ယုံကြည်ချက်မဲ့တဲ့လူတစ်​ယောက်​တော့မဟုတ်​ပေမယ့် သူဂရုစိုက်တဲ့သူ​ရှေ့မှာ​တော့ သူတကယ်ဘဲ မလုံ​လောက်သလို ခံစား​နေရတယ်။
"ပြီး​​တော့ ​နောက်ဆုံးတစ်​ခေါက် ကိုယ်တို့​တွေ့တုန်းက မင်းက ကိုယ့်ကိုမုန်း​နေသလိုမျိုး...."

ဘာလို့လဲဆို​တော့ အဲ့တုန်းက မင်းကငါ့ချစ်သူမှန်းမသိ​သေးလို့​လေ! စုယွီ သူ့စိတ်ထဲမှာဘဲ​ဖြေလိုက်ပြီး အပြင်မှာ​တော့ ထုတ်မ​ပြော​တော့​ပေ။
သူ ချီချန်းရဲ့ရင်ခွင်ထဲကို ဝင်လိုက်ကာ ချီချန်းလက်ကိုကိုင်ပြီး သူ့ရဲ့နာကျင်​နေတဲ့ခါးကို ကိုင်​စေကာ နိုပ်နယ်​စေလိုက်တယ်။ သူ ခပ်တိုးတိုးဖြင့်
"တစ်လ​လောက် ကျွန်​တော်ညတိုင်း အိမ်မက်တစ်ခုကိုဘဲမက်​နေခဲ့တယ်...ညတိုင်းကအိမ်မက်တစ်မျိုးစီနဲ့ဖြစ်​ပေမယ့် လူက​တော့ အမြဲတစ်​ယောက်ထဲ။  အဲ့လူနဲ့ဘဲ ကျွန်​တော် ကမ္ဘာအဆုံးထိ ​လျှောက်သွားတယ်၊ ကမ္ဘာအနှံ့ ​လျှောက်လည်ခဲ့တယ်။ ကျွန်​တော်တို့​လေ နီရဲ​နေတဲ့​မေဘယ်သစ်ရွက်​တွေ ​​ကြွေကျ​နေတာကိုလည်း ကြည့်ခဲ့ရသလို၊ အချိုမျှဆုံးစမ်း​ရေကိုလည်း​သောက်ခဲ့ကြတယ်၊ snowmanအကြီးကြီး ကိုလည်း လုပ်ခဲ့ကြတယ်၊အလှပဆုံး​သော ည​ကောင်းကင်ကြီးကိုလည်း ကြည့်ခဲ့ကြတယ်....အဲ့လူကဘယ်သူလဲဆိုတာ ခင်ဗျားခန့်မှန်းလို့ရပြီလား?"

ချီချန်းရဲ့မျက်ဝန်း​တွေက စုယွီကိုကြည့်​နေပြီး လက်​တွေက​တော့ သူ့ခါး​လေးကို နိုပ်​ပေး​နေမိတယ်။ချီချန်း နှုတ်ခမ်းကိုဖြည်းဖြည်းချင်းဟကာ ​တွေ​ဝေစွာ ခပ်တိုးတိုး​​ပြောလိုက်တယ်။
"အဲ့လူက....ကိုယ်လား?"

"ဒါ​ပေါ့...အဲ့လူကခင်ဗျားဘဲ"
စုယွီ ​ပျော်ရွှင်စွာရယ်လိုက်ပြီး ချီချန်း နှာ​ခေါင်း​လေးကို ညစ်လိုက်ပြီး
"အဲ့ဒါနဲ့ဘဲ ကျွန်​တော် ခင်ဗျားကိုချစ်မိသွားတယ်...ဒီ​လောက်ဆိုအ​ဖြေကို​ကျေနပ်ပြီလား?"

ဒါ​ပေါ့ ​ကျေနပ်တာ​ပေါ့ တအားကို​ကျေနပ်တာ။
​ကျေနပ်လွန်းလို့ ချီချန်းမျက်ဝန်း​တွေ အ​ရောင်​တောက်လာကာ ရင်းနှီး​နေတဲ့​ဟော်မုန်းတို့ကိုထုတ်လွှတ်လိုက်ပြီး သူ့ရဲ့စိတ်​ကျေနပ်မှုကို​ဖော်ပြလိုက်တယ်။ တစ်ဖက်က စုယွီက​တော့ နည်းနည်းမ​ကျေနပ်ဘူး...သူ့ခါးကပိုပြီးနာသွားပြီ။

သူတို့​၂​ယောက် အိပ်ရာထဲက​နေထွက်လာ​တော့ ​နေ့ခင်း​တောင်ဖြစ်​နေပြီ။ ချီချန်း စုယွီကို မြတ်နိုးစွာ သန့်ရှင်း​ပေးလိုက်ပြီး သူ့ချစ်သူအတွက် စားစရာ​တွေသွားပြင်ဆင်​နေလိုက်တယ်။ စုယွီက​တော့ ဒီserviceကိုအရမ်း​တွေ သ​ဘောကျ​နေမိတယ်။

ထမင်းစားပွဲတွင် တရားဝင်တွဲလိုက်တဲ့သူတို့၂​ယောက် အချစ်ငှက်၂​ကောင်ကဲ့သို့ကလူပြီး​နောက်ဆုံးတွင်မှ businessအ​ကြောင်း​တွေ စ​ပြောဖြစ်ကြတယ်။

"လုမန်နီက အခု​လောင်းကစားထဲ​​ရောက်သွားပြီ သူမပိုပြီး​မျှော်လင့်​လေ ပိုပြီးအန္တာရယ်ရှိ​လေဘဲ....​​ခွေး​တောင်မှ သူ့limitကို​ရောက်ရင် နံရံကို​ကျော်တက်​လေ့ရှိတယ်....အဲ့ဒါ​ကြောင့် ဒီရက်ပိုင်းဂရုစိုက်မှဖြစ်မယ်"
ချီချန်းမ​နေ့က လုမန်နီကို​ပြောခဲ့တဲ့စကား​တွေကို ပြန်​တွေးလိုက်ပြီး သူ့အတွက်​တော့ ​နောင်တရစရာအ​ကြောင်းမရှိ​ပေမယ့် သူ့ချစ်သူကို​တော့အနည်းငယ်စိတ်ပူမိတယ်။

စုယွီ ​ပေါက်စီကိုကိုက်လိုက်ပြီး ပြုံးလိုက်ကာ
"​အေး​ဆေးပါ သူမက ပုတယ်....နံရံ​ပေါ်မခုန်တက်နိုင်ဘူး"

"ခန့်မှန်းကြည့်တာပါ....ဒါ​ပေမယ့် သူမ ကိုယ့်ရဲ့လိင်ပိုင်းဆိုင်ရာခံယူမှုကို အသုံးချပြီး ပြသနာပိုကြီး​အောင်လုပ်လိမ့်မယ်....အဲ့ခါကျရင် မင်းကိုပါဆွဲထည့်လိမ့်မယ်.."
ချီချန်း စုယွီပန်းကန်ထဲကို ​နောက်ထပ်​ပေါက်စီတစ်လုံးထပ်ထည့်​ပေးလိုက်ပြီး မျက်​မှောင်ကြုတ်​ကာ​ပြောလိုက်တယ်။

စုယွီ မျက်​တောင်ပင့်လိုက်ကာ​မေးလိုက်တယ်
"ကျွန်​တော်နဲ့​နေတာ ရှက်ဖို့​ကောင်းလို့လား?
ကြည့်ပါဦး...ခင်ဗျားမျက်နှာက တွန့်ဆုတ်​နေမှူအပြည့်နဲ့"

"မဟုတ်တာကွာ....မင်းနဲ့အတူ​နေရတာ ကိုယ့်အတွက် အ​​ပျော်ရွှင်ရဆုံးဘဲ....ဒါ​ပေမယ့် ဒီကိစ္စက မင်းရဲ့careerကိုထိခိုက်မှာစိုးလို့ ပြီး​တော့ ကိုယ်အဲ့လိုဖြစ်မှာကို မမြင်ချင်ဘူး"
ချီချန်း ချက်ချင်းတုန့်ပြန်လိုက်တယ်။

စုယွီ ​ပေါက်စီကိုဝါးလိုက်ကာ ​
"ခင်ဗျားရဲ့ careerလည်း ထိခိုက်မှာဘဲမဟုတ်ဘူးလား"

"ကိုယ်က မင်း​လောက်အ​ရေးမကြီးဘူး"
ချီချန်း နည်းနည်း​လေး​တောင်မစဥ်းစားဘဲ ချက်ချင်း​ဖြေလိုက်တယ်....ဒီအ​ဖြေက တကယ်ကို သူ့နှလုံးသားထဲကလာတာဖြစ်တယ်။

ထိုအ​ဖြေက စုယွီကိုပြုံးသွား​စေကာ...သူတကယ်ကို ကြည်နူးမိသွားတယ်
"ခင်ဗျားရဲ့ချစ်သူတစ်​ယောက်အ​နေနဲ့ ကျွန်​တော့်ရဲ့အရည်အချင်းကို မယုံဘူးလား?  ပြီး​တော့ ကျွန်​တော်က ​ကျောက်Entရဲ့ ဥက္ကဌ​တစ်​ယောက်ပါ​နော်"

ချီချန်းပြန်မ​ဖြေ​လိုက်ဘူး ဒါ​ပေမယ့် သူ​ကျောက်entအ​ကြောင်းကို ​ဒီမတိုင်ခင်က ရှာဖူးတယ်....ရှယ်ယာ38%က ​ကျောက်ယွမ်ရဲ့လက်ထဲမှာရှိပြီး ​စုယွီဆီမှာ22%ဘဲရှိတယ်....ကျန်တဲ့44%က တခြား ရှယ်ယာရှင်​တွေစီမှာရှိတယ်။

တကယ်လို့ လူတစ်​ယောက်ဟာ  အ​သေအချာချုပ်ကိုင်ချင်ရင် အဲ့လူဟာ ​ကျောက်Entရဲ့ အ​ရေးပါဆုံးရှယ်ယာရှင်တစ်​ယောက်ဖြစ်မှရလိမ့်မယ်။
အခု စုယွီမှာရှိ​နေတဲ့ရှယ်ယာအ​နေအထားနဲ့ဆို ​သေချာ​ပေါက်မဖြစ်နိုင်​သေးဘူး။

"မင်းမှာ ဘာလုပ်ဖို့စီစဥ်ထားလဲ"
ချီချန်းက သူ့ချစ်သူအ​ကြောင်းသိပ်မသိ​သေး​ပေမယ့် ​သေချာတာ​တော့ သူ့ချစ်သူက ဘာအစီအစဥ်မှမရှိဘဲ​နေမှာမဟုတ်ဘူး။

"​ကျောက်ယွမ်က ​ကျောက်entမှာ ရှိ​နေတာနှစ်အ​တော်ကြာ​နေပြီ....အခု သူ​​ထွက်သွားဖို့လိုလာပြီ"
စုယွီ ခုံကိုမှီလိုက်ကာ စတိုင်ရှိရှိထိုင်ဖို့ပြင်လိုက်​ပေမယ့် သူ့ရဲ့​ပြောပြလို့မရတဲ့​နေရာက ​အောင့်တက်လာတာမို့ အသက်ဖြည်းဖြည်းရှူလိုက်ရတယ်
"​ကျောက်entရဲ့ ​နောက်လာမယ့်​ခေါင်း​ဆောင်က ကျွန်​တော်ဘဲ"

စုယွီအစက​တော့ အ​ဖေနဲ့သားကြားက ဆက်ဆံ​ရေးကို နှစ်အ​တော်ကြာထိန်းသိမ်းဖို့ဆုံးဖြတ်ထား​တာ အဲ့လိုမှမဟုတ်ရင် ဒီဘဝကြီးကပျင်းစရာကြီးဖြစ်သွားမှာ​လေ။ ဒါ​ပေမယ့် အခု​တော့ သူ့ချစ်သူကိုပြန်​တွေ့ပြီ​လေ ထိုလူ​တွေကို သူမလို​တော့ဘူး ပြီး​တော့ အဲ့လူ​တွေက ဇာတ်ခုံ​ပေါ်​တောင် မပါတဲ့ အရံအဆင့်​လေး​​တွေ။

ချီချန်း အနားကိုမြန်မြန်​ရောက်လာပြီး စုယွီရဲ့ခါး​လေးကို ခပ်ဖြည်းဖြည်းနိုပ်​ပေးလိုက်ကာ
သူ့ကိုသူ အပြစ်တင်စိတ်ဖြင့်
"အရမ်းနာ​နေ​သေးလား"

"ခင်ဗျားသိချင်ရင် ခင်ဗျားကိုယ်တိုင်စမ်းကြည့်ပါလား"
စုယွီ ချီချန်းကို မျက်လုံး​မှေးကာ​မေးလိုက်တယ်။
မ​နေ့ညက သူတကယ်​ပျော်ခဲ့တယ် ပြီး​တော့ ချီချန်းက အရင်လိုဘဲ သက်လုံ​ကောင်းပြီး ပိုင်ဆိုင်လိုစိတ်​တွေများတုန်းဘဲ။
"အလုပ်ကိစ္စကို အရင်ပြီး​အောင်​ပြောရ​အောင်...
ဒီကိစ္စကို ကျွန်​တော်ကိုင်တွယ်လိုက်မယ်....ခင်ဗျားဘာမှစိတ်ပူစရာမလိုဘူး...ခင်ဗျားကအရင်တိုင်း
နိုင့်ငံချစ်မင်းသားကြီး ဆက်လုပ်ရုံဘဲ"

ချီချန်း သူ့နှာ​ခေါင်းကို သူပြန်ပွတ်လိုက်ကာ
ပိုပြီး အပြစ်တင်လာမိတယ်။
"ကိုယ်​နောက်တစ်ခါကျရင် ပိုပြီးဂရုစိုက်ပါ့မယ်...အခုကိုယ့်ရဲ့အသိုင်းအဝိုင်းက သိပ်မကျယ်ပြန့်​သေး​ပေမယ့်...တကယ်လို့ကိုယ့်အကူအညီလိုရင်​ပြော​နော် ကိုယ်ကူညီမယ်"

စုယွီပြုံးလိုက်မိတယ်။ သူ့ချစ်သူက အရင်ဘဝတုန်းက ပါဝါကြီးတဲ့ဥက္ကဌဖြစ်ခဲ့ပြီး သူ့ကို ​လေဒဏ်၊မိုးဒဏ်မထိ​အောင် ကာကွယ်​ပေးခဲ့တယ်။
အခု​တော့ သူက သူ့ချစ်သူကို ​လေ၊မိုး မထိ​အောင်ပြန်ကာကွယ်​ပေးရမယ့်အလှည့်ဘဲ။

ပါဝါကြီးတဲ့ဥက္ကဌစုယွီ သူ့လက်​ချောင်း​လေး​တွေနဲ့ ချီချန်း ​မေး​စေ့ကိုပင့်လိုက်ကာ
"​ကျွန်​​တော့်ကို​ပြော...ဘယ်လိုရုပ်ရှင်မျိုးရိုက်ချင်လဲ?...ကျွန်​တော်ခင်ဗျားအတွက်စီစဥ်​ပေးမယ်"

"ကိုယ်မင်းနဲ့အတူ သရုပ်​ဆောင်ချင်တာ"
ချီချန်း ချစ်မြတ်နိုးမှုအပြည့်နဲ့ပြန်​ပြောလိုက်တယ်။

စုယွီ ပိုပြီး​ပျော်ရွှင်စွာ ပြုံးလိုက်ပြီး
"စိတ်ချ...အားလုံးအဆင်​ပြေ​စေရမယ်"
သူ့မှာ သူလုပ်ရမယ့်task​တွေရှိ​သေးတာဘဲ
အခု​တော့ ချီချန်းဆီမှာ ပုံမှန်IQ​တွေရှိ​နေပြီ။

သူတို့၂​ယောက်စ​တွေ့တုန်းက အချိန်ကို ချီချန်းသတိရလိုက်ပြီး စုယွီရဲ့ခါး​လေးကိုနိုပ်​ပေးရင်း ​မေး​လိုက်​တယ်
"အားစုံ...ကိုယ်တို့စ​တွေ့တုန်းက မင်း​ပြောတဲ့ IQ သုံညနဲ့တစ်​ယောက်ဆိုတာ ဘယ်သူလဲ?"

စုယွီ ​တွေ​ဝေမှူမရှိဘဲ ​ခေါင်းငြိမ့်လိုက်ကာ
"ကျွန်​တော်ခင်ဗျားကို​ပြော​နေတာ....IQသုံညနဲ့အရူး​လေး.."
______________________________________
ဂျင်းမိသွားတဲ့သူ​တွေအတွက် ​စိတ်မ​ကောင်းပါဘူးxD
ဖတ်တဲ့သူ​တော့မသိဘူး ဘာသာပြန်တဲ့တို့က​တော့
မ​နေ့က ရင်ထဲပုရွက်ဆိတ်​တွေတက်သလို ကလိကလိနဲ့။
ဒါ​တောင် ကားက ဝူးခနဲ​မောင်းသွားတာ
တို့လည်း ကားအခန်း​တွေပါရင် ​​ရေး​ပေးချင်ပါတယ်။ မပါလာတာ​တော့ ကိုယ်လည်းမတတ်နိုင်ဘူး:")
မ​နေ့ညထဲက အချိုခန်း​လေး​ကို ​​ရေးပြီးတင်​ပေးချင်တာ ​ရေး​နေရင်း လက်ကိုက်လာလို့ ဒီမနက် မြန်မြန်​ရေးပြီးတင်​ပေးလိုက်ပါတယ်xD
ကျန်းမာ​ပျော်ရွှင်ရ​သော ​နေ့​လေးတစ်​နေ့ဖြစ်ပါ​စေ။

Zawgyi
Chapter 29 | Arc 2.17
Warning

ခ်ီခ်န္း စုယီြကို Drunken Moonက​ေန​ေခၚထုတ္သြားၿပီး​ေနာက္ သူ႔အိမ္ကိုဘဲ တိုက္ရိုက္သြားလိုက္တယ္။လမ္းမွာလည္း စုယီြတစ္ခ်ိန္လံုး တြန္႔လိန္ကာ​ေနၿပီး တကယ္လို႔ခ်ီခ်န္းသာမတားခဲ့ရင္ သူ႔ရဲ့အက်ီ​ေတြကို ခၽြတ္ပစ္လိုက္မိမွာျဖစ္တယ္။

​ေဘာလံုး ထိုအခ်စ္ငွက္ႏွစ္​ေကာင္ကို တိတ္ဆိတ္စြာနဲ႔ဘဲ ၾကည့္​ေနမိကာ ​ေနာက္ဆံုးသည္းမခံႏိုင္​ေတာ့ဘဲ
"သခင္​ေလးhostရဲ့ သရုပ္​​​ေဆာင္မႈက အရမ္း​ေတာ္တာဘဲဗ်ာ"

တြန္႔လိမ္ကာပြတ္သပ္​ေနဆဲ စုယီြ ​ေဘာလံုး​ေလးကို တည္ၿငိမ္စြာ ​ျပန္​ေျပာလိုက္တယ္
"မင္းက​ေတာ့ ​ၿမွောက္​ေျပာ​ေနၿပီ...အာ..ခဏ​ေန​ေလာက္က်ရင္ ဒီရုပ္ရွင္က R rated​ေတြပါလာ​ေတာ့မွာ...အဲ့ဒါ​ေၾကာင့္ စည္းကမ္းရိွရိွနဲ႔ ​ေစာ​ေစာအိပ္လိုက္တာ​ေကာင္းမယ္ထင္တယ္"

"......."
​ေဘာလံုး​ေလး ဒီလိုအရွက္မရိွတဲ့hostနဲ႔တစ္ခါမွမ​ေတြ့ဖူးဘူး။ သူ စိတ္ဆိုးလာတာ​ေၾကာင့္ အနီ​ေရာင္​ေတာက္​ေတာက္​အ​ေရာင္​ေျပာင္းလာကာ ​​ေတာ္ၿပီ ဒီလိုအရွက္မရိွၿပိဳင္ျငင္း​ေနမယ္ဆိုရင္ သူတို႔ကမ႓ာအဆံုးထိ ၿပိဳင္​ေနရလိမ့္မယ္....ကိုယ့္ဟာကိုယ္ ဥာဏ္ရိွရိွနဲ႔ဘဲ အိပ္လိုက္​ေတာ့မယ္။

သူတို႔​ေရာက္သြား​ေတာ့ ခ်ီခ်န္း စုယီြကိုကား​ေပၚမွသယ္လိုက္ကာ အိမ္ထဲသို႔​ေခၚသြားကာ အိပ္ခန္းထဲကိုတန္း​ေခၚသြားသည္။

ခ်ီခ်န္း စုယီြကို ႀကီးမားႏူးညံ့တဲ့အိပ္ရာ​ေပၚအသာခ်လိုက္​ေပမယ့္ သူ႔မ်က္ဝန္း​ေတြက​ေတာ့ ​ေမွာင္မည္း​ေနကာ ​ေၾကာက္စရာ​ေကာင္း​ေနသည္။စုယီြက​ေတာ့ သူ႔ပလန္အတိုင္း ဆက္လက္ တြန္႔လိမ္​ေနဆဲ ရုတ္တရပ္ ခ်ီခ်န္းရဲ့ ​ေလသံတိုးတိုးနဲ႔​ေမးသံကိုၾကားလိုက္တယ္။
"​ေပ်ာ္​ေနတယ္​ေပါ့?"

စုယီြ ခ်က္ခ်င္းရပ္တန္႔သြားကာ ခ်ီခ်န္းကို ျဖည္းျဖည္းခ်င္း​ေမာ့ၾကည့္လိုက္ကာ ျဖဴစင္စြာ မ်က္​ေတာင္ခတ္လိုက္ရင္း
"ကၽြန္​ေတာ္တကယ္ အဆင္မ​ေျပဘူး...."

​ေဆးအစြမ္း​ေၾကာင့္ စုယီြတစ္ကိုယ္လံုး တကယ္ကိုပူ​ေနတာ​ေပ။သူ​ေတာ္​ေတာ္​ေလး ထိန္းထားသာ​ေၾကာင့္သာ အခုခ်ိန္ထိ အသိစိတ္ရိွ​ေနတာျဖစ္တယ္။

အခုခ်ိန္မွာ​ေတာ့ စုယီြမ်က္ႏွာ​ေလးက ပန္း​ေရာင္သန္း​ေနကာ မက္မြန္ပြင့္ပံုမ်က္ဝန္း​ေတြဟာလည္း ရီ​​ေဝမႈအျပည့္နဲ႔၊ မ်က္​ေတာင္ခတ္လိုက္မိတာနဲ႔ ၾကည္လင္​ေတာက္ပ​ေနတဲ့ မ်က္ရည္ဥ​ေလး​ေတြက က်​လာ​ေတာ့မည့္အတိုင္း​ေပ။ ခ်ီခ်န္း စုယီြကိုၾကည့္​ေနရင္း သူ႔ရဲ့​ေျပာျပလို႔မရတဲ့ ခႏၶါကိုယ္အစိတ္အပိုင္းတစ္ခုက မသက္မသာျဖစ္လာတယ္။

ခ်ီခ်န္း ​အံု႔မိုးလိုက္ကာ စုယီြအနားကို ျဖည္းျဖည္းခ်င္းကပ္သြားၿပီး သူ႔ခႏၶါကိုယ္တစ္ခုလံုးက တစ္ဖက္သူကို ဖိထားမတတ္ျဖစ္​ေန​ေပသည္။
သူတို႔ရဲ့မ်က္ႏွာ​ေတြဟာ နီးကပ္​ေနၿပီး စုယီြရဲ့ပူ​ေနြးတဲ့ ဝင္သက္ ထြက္သက္တိုင္းကို ခ်ီခ်န္း ခံစား​ေနရသည္။

"မင္း တမင္လုပ္​ေနတာဘဲ"
ခ်ီခ်န္း စုယီြကို နစ္​​ေမာစြာၾကည့္လိုက္တယ္။

စုယီြ မ်က္​ေတာင္ခတ္လိုက္ကာ ဘာမျွပန္မ​ေျပာ​ေပ။
"ကိုယ့္ကို Drunken Moonကိုသြားဖို႔​ေျပာခိုင္းတဲ့သူက မင္းဘဲ"
ခ်ီခ်န္း ​ေလသံ​ေဖ်ာ့​​ေလးနဲ႔ဘဲဆက္​ေျပာ​ေနတယ္။

စုယီြ ဆက္လက္ၿပီးတိတ္ဆိတ္​ေနတယ္။အမွန္တိုင္း​ေျပာရရင္ လုမန္နီရဲ့​ေဆးက တကယ္ကိုစြမ္းတယ္။သူတကယ္ကို ထိန္းမထားႏိုင္​ေတာ့တဲ့အဆင့္ကို ​ေရာက္​ေတာ့မယ္။

ခ်ီခ်န္း ခဏ​ေလာက္ တိတ္ဆိတ္သြားကာ ​ေတြးလိုက္ၿပီး စုယီြႏွာ​​ေခါင္း​ေလးကို တို႔ထိလိုက္ကာ ​ေျပာလိုက္တယ္။
"မင္းက တကယ္ကို အဆိုး​ေလးဘဲ"

အဲ့အခ်ိန္တစ္ခဏ​ေလးမွာဘဲ စုယီြထင္လိုက္ကာ ခ်ီခ်န္းက စိတ္မထိန္းႏိုင္​ေလာက္ဘူးဆိုၿပီး တကယ္တမ္း စိတ္မထိန္း​ႏိုင္​ေတာ့တာ သူျဖစ္​ေနတယ္။ စုယီြ တကယ္ကို မထိန္းႏိုင္​ေတာ့ဘူး။

စုယီြ သူ႔​ႏွာ​ေခါင္း​ေလးကို ျပန္ပြတ္လိုက္ကာ
သူ႔​ေျခ​ေထာက္​ေတြကို ခ်ီခ်န္းရဲ့ခါး​ေတြမွာ ခ်ိတ္တြယ္လိုက္ကာ
"ကၽြန္​ေတာ္တကယ္ အရမ္းအဆင္မ​ေျပျဖစ္​ေနတယ္....ကၽြန္​ေတာ့္ကိုကူ​ေပးမလား?"

ခဏ​ေလာက္ခဲြ​ေနရၿပီ ျပန္​​ေတြ့ရတဲ့ခံစားခ်က္က ဟန္နီမြန္းထက္ပို​ေကာင္းတယ္လို႔ ​ေျပာၾကတယ္။
စုယီြ ခ်ီခ်န္းနဲ႔ အရမ္းအၾကာႀကီးမခဲြခဲ့ရ​ေပမယ့္ သူတို႔ႏွစ္​ေယာက္ ကမ႓ာႏွစ္ခုကိုျဖတ္သန္းခဲ့ရတယ္​ေလ။ ဒါ​ေၾကာင့္ ျပန္​ဆံု​ေတြ့ရျခင္းက သဘာဝ​ဆန္စြာနဲ႔ဘဲ ခံစားခ်က္​ေတြ မြတ္သိပ္​ေနခဲ့တယ္။

ဒါ​ေပမယ့္ ခ်ီခ်န္းက​ေတာ့ စုယီြနဲ႔မတူဘူး။
စုယီြက သူအၿမဲ​ေစာင့္​ေနခဲ့ရတဲ့သူဆိုတာ သူသိတယ္ ဒါ​ေပမယ့္ စုယီြဘက္က သူ႔ကိုဘယ္လိုခံစားရလဲဆိုတာ သူမသိဘူး။သူက လူႀကီးလူ​ေကာင္းတစ္​ေယာက္​ေတာ့မဟုတ္​ေပမယ့္ သူ႔ဆႏၵတစ္ခု​တည္း​ေၾကာင့္ စုယီြကိုမနာက်င္​ေစခ်င္ဘူး။

ဒီကိစၥကို တအားကိုရိုးရွင္းတယ္...သူဒီတိုင္း​​ေမးလိုက္ရံုဘဲ...ဒါ​ေပမယ့္ ဒီအခိုက္အတန္႔မွာ​ေတာ့
ခ်ီခ်န္း ​ေၾကာက္ရြံမႈ​ေၾကာင့္ တြန္႔ဆုတ္​ေနမိတယ္။

"ခင္ဗ်ား...ကၽြန္​ေတာ့္ကိုမႀကိဳက္ဘူးလား"
စုယီြ ခပ္ဆိုးဆိုးနဲ႔ သူ႔​ေျခ​ေထာက္​ေတြကို​ေကြးလိုက္ကာ ခ်ီခ်န္းကို ပိုနီးကပ္​ေစလိုက္တယ္။

ခ်ီခ်န္း အသက္ျပင္းျပင္းရႉလိုက္ကာ ထိုဆိုးသြမ္း​ေနတဲ့​ေျခ​ေထာက္​ေတြကိုကိုင္လိုက္ကာ ျပန္ခ်လိုက္တယ္။ထို႔​ေနာက္ သူသတိထားမိလိုက္တယ္
စုယီြရဲ့တစ္ကိုယ္လံုးကပူ​ေန​ေပမယ့္ ​သူ႔​ေျခ​ေထာက္​ေလး​ေတြက​ေတာ့ ​ေအး​ေနတယ္။
သူ႔ႏွလံုးသား​ေလးႏူးညံ့သြားကာ သူ႔လက္​ေတြနဲ႔ပြတ္သပ္​​ေပးကာ ​ေနြး​ေအာင္လုပ္​ေပး​ေနမိတယ္။

အိပ္ရာ​ေပၚလွဲ​ေနတဲ့ စုယီြ ခ်ီခ်န္းကို မသာမာ​ႃပံုးႃပံုးလိုက္ကာ မ်က္​ေတာင္​ေလး​ေတြကအစ ႃပံုးကာ ၾကည့္​ေနလိုက္တယ္။
"ခင္ဗ်ားတကယ္ ကၽြန္​ေတာ့္ကို အရမ္းႀကိဳက္​ေနတာဘဲ"

ခ်ီခ်န္း ႏွလံုး​သား​ေလး စုယီြရဲ့ၾကည္လဲ့​ေနတဲ့မ်က္ဝန္း​ေအာက္မွာ က်ရႈံးသြားၿပီး တစ္ႀကိမ္ၿပီးတစ္ႀကိမ္ရင္ခုန္လြန္းလို႔ အျပင္ထြက္​ေတာ့မတတ္။
"ကိုယ္မင္းကိုႀကိဳက္တယ္...ဒါ​ေပမယ့္ မင္း​ေကာ ကိုယ့္ကိုႀကိဳက္လား?"

လူႏွစ္​ေယာက္ ဒီအ​ေျခအ​ေန​ေတြအထိ​ေတာင္​​ေရာက္​ေနၿပီကို ခ်ီခ်န္းက ဒီအခ်ိန္ႀကီး ဒီလိုခ်ိဳခ်ိဳျမျမ​ေလး​ေတြ​ေျပာခ်င္​ေန​ေသးတယ္....
စုယီြတကယ္ဘဲ ျငင္းခ်င္စိတ္​ေပါက္လာၿပီ။
ဒါ​ေပမယ့္ ဒီလူက သူခ်စ္တဲ့သူဘဲ​ေလ။
သူ႔ရဲ့ပံုပန္းသြင္ျပင္​ေျပာင္းသြား​ေပမယ့္ သူတို႔ရဲ့စိတ္ဝိဥာဏ္​ေတြက​ေတာ့ တူတူဘဲျဖစ္​ေနဆဲ။
ပိုၿပီးအ​​ေရးႀကီးတာက သူတို႔၂​ေယာက္လံုးရဲ့ ခႏၶါကိုယ္အခ်ိဳးအစားက အခုထိA+ျဖစ္​ေနတုန္း။
(TN = ခ်ီခ်န္းနဲ႔ ခ်ူခ်န္းရန္ ၂​ေယာက္ကိုႏိႈင္းယွဥ္ျပ​ေနတာပါ)

စုယီြ သူ႔လက္​ေမာင္း​ေတြကို ခ်ီခ်န္းရဲ့လည္ပင္းတစ္ဝိုက္မွာ ခ်ိတ္တြယ္လိုက္ကာ ခ်ီခ်န္း ျဖည္းျဖည္းခ်င္း ဆဲြလိုက္ကာ သူတို႔ႏွစ္​ေယာက္လံုးရဲ့ ႏႈတ္ခမ္းသား​ေတြ ထိ​ေနသည္အထိ ဆဲြလိုက္ၿပီး
​ျဖည္းျဖည္းခ်င္း​ေျပာလိုက္တယ္
"ႀကိဳက္တယ္...ကၽြန္​ေတာ္ခင္ဗ်ားကိုခ်စ္တယ္"

ခ်ီခ်န္း သူ႔စိတ္​ေတြ အလင္းတစ္ပြင့္ကဲ့သို႔​ေပါက္ကဲြမတတ္ျဖစ္သြားကာ ထိန္းထားရတဲ့စိတ္​ေတြလည္း လြတ္ထြက္သြားသည္။ထပ္ၿပီးမထိန္းႏိုင္​ေတာ့ဘူး....သူ႔ရဲ့အၾကည့္နက္နက္​တို႔က စုယီြဆီမွာ ၿမဲျမံ​ေနၿပီး ငုပ္ကာ နမ္းလိုက္​ေတာ့တယ္။

​ေနာက္တစ္​ေန့မွာ​ေတာ့ စုယီြ ​​ေက်ာနာျခင္းနဲ႔အတူႏိုးလာ​ေတာ့တယ္...ဒါ​ေပမယ့္ သူ​ေပ်ာ္တယ္ ခ်ီခ်န္းကသူ​ေဘးမွာလွဲ​ေန​ေကာ ႏူးညံ့စြာ ခါးကိုႏိုပ္​ေပးႏိုင္တယ္။

(TN=ၿပိဳင္ကားမို႔ ဘာမွမျမင္လိုက္ရတာပါ TwT)

စုယီြ သူ႔မ်က္လံုးကို ​ေအးခ်မ္းစြာ မိွတ္လိုက္တယ္။
သူအခု အရင္ကမ႓ာကိုျပန္သြားၿပီး ခ်ူခ်န္းရန္ကသူနဲ႔အတူရိွ​ေနသလို ခံစား​ေနရတယ္...ထိုအ​ေတြးဝင္လာ​ေတာ့မွ ဒါ​ေပါ့ ဒီလိုဘဲ ခံစားရမွာ​ေပါ့
ဒီလူ၂​ေယာက္ကတူတူဘဲဟာ။

ခ်ီခ်န္း စုယီြကိုျမတ္ႏိုးစြာၾကည့္​ေနကာ သူ႔အၾကည့္တို႔တြင္ ႏူးညံ့မႈနဲ႔ညင္သာမႈအျပည့္။
စုယီြႏိုးလာတာကိုျမင္​ေတာ့ သူငံု႔လိုက္ကာ morning kissကိုယူလိုက္တယ္။
"Good morning"

စုယီြ သမ္း​​ေဝလိုက္ကာ
"Good morning အခ်စ္"

'အခ်စ္'--ထို​ေသးငယ္တဲ့စကား​ေလးက ခ်ီခ်န္းရဲ့ အၾကည့္ကို ​ေလးနက္သြား​ေစကာ သူထထိုင္လိုက္ၿပီး သူ႔စိတ္ထဲမွာ တစ္ခ်ိန္လံုးရိွ​ေနတဲ့​ေမးခြန္းကို ​ေမးလိုက္တယ္
"အားစံု မင္းတကယ္ကိုယ့္ကိုႀကိဳက္တာလား?"

စုယီြ သူ႔ရဲ့nick nameအသစ္​ေၾကာင့္ မ်က္လံုးလိွမ့္လိုက္မိတယ္။အရင္ကမ႓ာမွာတုန္းက ခ်ူခ်န္းရန္က သူ႔ကို 'အားက်န္း'လို႔​ေခၚတယ္ အခု ခ်ီခ်န္းက သူ႔ကို'အားစံု'.....အရမ္းခက္ခဲ​ေနၪီးမယ္။
ဘယ္သူသိမွာလဲ ​ေနာက္ကမ႓ာက်ရင္ သူ႔nicknameကဘာျဖစ္မွာလဲဆိုတာ။

စိတ္လႈပ္ရွားကာ ​ခၽြေး​ေစး​ေတျြပန္​ေနတဲ့ခ်ီခ်န္းဘက္ကို ၾကည့္လိုက္ကာ
"ကၽြန္​ေတာ္ကဒီဟာကို လူတိုင္းနဲ႔လုပ္တယ္လို႔ခင္ဗ်ားထင္​ေနတာလား?"

"ဒါ​​ေပမယ့္ မင္းကမ​ေန့ညက ​ေဆးမိထားတာ​ေလ ၿပီး​ေတာ့...."
ခ်ီခ်န္းက ယံုၾကည္ခ်က္မဲ့တဲ့လူတစ္​ေယာက္​ေတာ့မဟုတ္​ေပမယ့္ သူဂရုစိုက္တဲ့သူ​ေရ႔ွမွာ​ေတာ့ သူတကယ္ဘဲ မလံု​ေလာက္သလို ခံစား​ေနရတယ္။
"ၿပီး​​ေတာ့ ​ေနာက္ဆံုးတစ္​ေခါက္ ကိုယ္တို႔​ေတြ့တုန္းက မင္းက ကိုယ့္ကိုမုန္း​ေနသလိုမ်ိဳး...."

ဘာလို႔လဲဆို​ေတာ့ အဲ့တုန္းက မင္းကငါ့ခ်စ္သူမွန္းမသိ​ေသးလို႔​ေလ! စုယီြ သူ႔စိတ္ထဲမွာဘဲ​ေျဖလိုက္ၿပီး အျပင္မွာ​ေတာ့ ထုတ္မ​ေျပာ​ေတာ့​ေပ။
သူ ခ်ီခ်န္းရဲ့ရင္ခြင္ထဲကို ဝင္လိုက္ကာ ခ်ီခ်န္းလက္ကိုကိုင္ၿပီး သူ႔ရဲ့နာက်င္​ေနတဲ့ခါးကို ကိုင္​ေစကာ ႏိုပ္နယ္​ေစလိုက္တယ္။ သူ ခပ္တိုးတိုးျဖင့္
"တစ္လ​ေလာက္ ကၽြန္​ေတာ္ညတိုင္း အိမ္မက္တစ္ခုကိုဘဲမက္​ေနခဲ့တယ္...ညတိုင္းကအိမ္မက္တစ္မ်ိဳးစီနဲ႔ျဖစ္​ေပမယ့္ လူက​ေတာ့ အၿမဲတစ္​ေယာက္ထဲ။  အဲ့လူနဲ႔ဘဲ ကၽြန္​ေတာ္ ကမ႓ာအဆံုးထိ ​ေလ်ွာက္သြားတယ္၊ ကမ႓ာအႏွံ႔ ​ေလ်ွာက္လည္ခဲ့တယ္။ ကၽြန္​ေတာ္တို႔​ေလ နီရဲ​ေနတဲ့​ေမဘယ္သစ္ရြက္​ေတြ ​​ႂကြေက်​ေနတာကိုလည္း ၾကည့္ခဲ့ရသလို၊ အခ်ိဳမ်ွဆံုးစမ္း​ေရကိုလည္း​ေသာက္ခဲ့ၾကတယ္၊ snowmanအႀကီးႀကီး ကိုလည္း လုပ္ခဲ့ၾကတယ္၊အလွပဆံုး​ေသာ ည​ေကာင္းကင္ႀကီးကိုလည္း ၾကည့္ခဲ့ၾကတယ္....အဲ့လူကဘယ္သူလဲဆိုတာ ခင္ဗ်ားခန္႔မွန္းလို႔ရၿပီလား?"

ခ်ီခ်န္းရဲ့မ်က္ဝန္း​ေတြက စုယီြကိုၾကည့္​ေနၿပီး လက္​ေတြက​ေတာ့ သူ႔ခါး​ေလးကို ႏိုပ္​ေပး​ေနမိတယ္။ခ်ီခ်န္း ႏႈတ္ခမ္းကိုျဖည္းျဖည္းခ်င္းဟကာ ​ေတြ​ေဝစြာ ခပ္တိုးတိုး​​ေျပာလိုက္တယ္။
"အဲ့လူက....ကိုယ္လား?"

"ဒါ​ေပါ့...အဲ့လူကခင္ဗ်ားဘဲ"
စုယီြ ​ေပ်ာ္ရႊင္စြာရယ္လိုက္ၿပီး ခ်ီခ်န္း ႏွာ​ေခါင္း​ေလးကို ညစ္လိုက္ၿပီး
"အဲ့ဒါနဲ႔ဘဲ ကၽြန္​ေတာ္ ခင္ဗ်ားကိုခ်စ္မိသြားတယ္...ဒီ​ေလာက္ဆိုအ​ေျဖကို​ေက်နပ္ၿပီလား?"

ဒါ​ေပါ့ ​ေက်နပ္တာ​ေပါ့ တအားကို​ေက်နပ္တာ။
​ေက်နပ္လြန္းလို႔ ခ်ီခ်န္းမ်က္ဝန္း​ေတြ အ​ေရာင္​ေတာက္လာကာ ရင္းႏွီး​ေနတဲ့​ေဟာ္မုန္းတို႔ကိုထုတ္လႊတ္လိုက္ၿပီး သူ႔ရဲ့စိတ္​ေက်နပ္မႈကို​ေဖာ္ျပလိုက္တယ္။ တစ္ဖက္က စုယီြက​ေတာ့ နည္းနည္းမ​ေက်နပ္ဘူး...သူ႔ခါးကပိုၿပီးနာသြားၿပီ။

သူတို႔​၂​ေယာက္ အိပ္ရာထဲက​ေနထြက္လာ​ေတာ့ ​ေန့ခင္း​ေတာင္ျဖစ္​ေနၿပီ။ ခ်ီခ်န္း စုယီြကို ျမတ္ႏိုးစြာ သန္႔ရွင္း​ေပးလိုက္ၿပီး သူ႔ခ်စ္သူအတြက္ စားစရာ​ေတြသြားျပင္ဆင္​ေနလိုက္တယ္။ စုယီြက​ေတာ့ ဒီserviceကိုအရမ္း​ေတြ သ​ေဘာက်​ေနမိတယ္။

ထမင္းစားပဲြတြင္ တရားဝင္တဲြလိုက္တဲ့သူတို႔၂​ေယာက္ အခ်စ္ငွက္၂​ေကာင္ကဲ့သို႔ကလူၿပီး​ေနာက္ဆံုးတြင္မွ businessအ​ေၾကာင္း​ေတြ စ​ေျပာျဖစ္ၾကတယ္။

"လုမန္နီက အခု​ေလာင္းကစားထဲ​​ေရာက္သြားၿပီ သူမပိုၿပီး​ေမ်ွာ္လင့္​ေလ ပိုၿပီးအႏၲာရယ္ရိွ​ေလဘဲ....​​ေခြး​ေတာင္မွ သူ႔limitကို​ေရာက္ရင္ နံရံကို​ေက်ာ္တက္​ေလ့ရိွတယ္....အဲ့ဒါ​ေၾကာင့္ ဒီရက္ပိုင္းဂရုစိုက္မျွဖစ္မယ္"
ခ်ီခ်န္းမ​ေန့က လုမန္နီကို​ေျပာခဲ့တဲ့စကား​ေတြကို ျပန္​ေတြးလိုက္ၿပီး သူ႔အတြက္​ေတာ့ ​ေနာင္တရစရာအ​ေၾကာင္းမရိွ​ေပမယ့္ သူ႔ခ်စ္သူကို​ေတာ့အနည္းငယ္စိတ္ပူမိတယ္။

စုယီြ ​ေပါက္စီကိုကိုက္လိုက္ၿပီး ႃပံုးလိုက္ကာ
"​ေအး​ေဆးပါ သူမက ပုတယ္....နံရံ​ေပၚမခုန္တက္ႏိုင္ဘူး"

"ခန္႔မွန္းၾကည့္တာပါ....ဒါ​ေပမယ့္ သူမ ကိုယ့္ရဲ့လိင္ပိုင္းဆိုင္ရာခံယူမႈကို အသံုးခ်ၿပီး ျပသနာပိုႀကီး​ေအာင္လုပ္လိမ့္မယ္....အဲ့ခါက်ရင္ မင္းကိုပါဆဲြထည့္လိမ့္မယ္.."
ခ်ီခ်န္း စုယီြပန္းကန္ထဲကို ​ေနာက္ထပ္​ေပါက္စီတစ္လံုးထပ္ထည့္​ေပးလိုက္ၿပီး မ်က္​ေမွာင္ၾကဳတ္​ကာ​ေျပာလိုက္တယ္။

စုယီြ မ်က္​ေတာင္ပင့္လိုက္ကာ​ေမးလိုက္တယ္
"ကၽြန္​ေတာ္နဲ႔​ေနတာ ရွက္ဖို႔​ေကာင္းလို႔လား?
ၾကည့္ပါၪီး...ခင္ဗ်ားမ်က္ႏွာက တြန္႔ဆုတ္​ေနမွဴအျပည့္နဲ႔"

"မဟုတ္တာကြာ....မင္းနဲ႔အတူ​ေနရတာ ကိုယ့္အတြက္ အ​​ေပ်ာ္ရႊင္ရဆံုးဘဲ....ဒါ​ေပမယ့္ ဒီကိစၥက မင္းရဲ့careerကိုထိခိုက္မွာစိုးလို႔ ၿပီး​ေတာ့ ကိုယ္အဲ့လိုျဖစ္မွာကို မျမင္ခ်င္ဘူး"
ခ်ီခ်န္း ခ်က္ခ်င္းတုန္႔ျပန္လိုက္တယ္။

စုယီြ ​ေပါက္စီကိုဝါးလိုက္ကာ ​
"ခင္ဗ်ားရဲ့ careerလည္း ထိခိုက္မွာဘဲမဟုတ္ဘူးလား"

"ကိုယ္က မင္း​ေလာက္အ​ေရးမႀကီးဘူး"
ခ်ီခ်န္း နည္းနည္း​ေလး​ေတာင္မစဥ္းစားဘဲ ခ်က္ခ်င္း​ေျဖလိုက္တယ္....ဒီအ​ေျဖက တကယ္ကို သူ႔ႏွလံုးသားထဲကလာတာျဖစ္တယ္။

ထိုအ​ေျဖက စုယီြကိုႃပံုးသြား​ေစကာ...သူတကယ္ကို ၾကည္ႏူးမိသြားတယ္
"ခင္ဗ်ားရဲ့ခ်စ္သူတစ္​ေယာက္အ​ေနနဲ႔ ကၽြန္​ေတာ့္ရဲ့အရည္အခ်င္းကို မယံုဘူးလား?  ၿပီး​ေတာ့ ကၽြန္​ေတာ္က ​ေက်ာက္Entရဲ့ ဥကၠဌ​တစ္​ေယာက္ပါ​ေနာ္"

ခ်ီခ်န္းျပန္မ​ေျဖ​လိုက္ဘူး ဒါ​ေပမယ့္ သူ​ေက်ာက္entအ​ေၾကာင္းကို ​ဒီမတိုင္ခင္က ရွာဖူးတယ္....ရွယ္ယာ38%က ​ေက်ာက္ယြမ္ရဲ့လက္ထဲမွာရိွၿပီး ​စုယီြဆီမွာ22%ဘဲရိွတယ္....က်န္တဲ့44%က တျခား ရွယ္ယာရွင္​ေတြစီမွာရိွတယ္။

တကယ္လို႔ လူတစ္​ေယာက္ဟာ  အ​ေသအခ်ာခ်ဳပ္ကိုင္ခ်င္ရင္ အဲ့လူဟာ ​ေက်ာက္Entရဲ့ အ​ေရးပါဆံုးရွယ္ယာရွင္တစ္​ေယာက္ျဖစ္မွရလိမ့္မယ္။
အခု စုယီြမွာရိွ​ေနတဲ့ရွယ္ယာအ​ေနအထားနဲ႔ဆို ​ေသခ်ာ​ေပါက္မျဖစ္ႏိုင္​ေသးဘူး။

"မင္းမွာ ဘာလုပ္ဖို႔စီစဥ္ထားလဲ"
ခ်ီခ်န္းက သူ႔ခ်စ္သူအ​ေၾကာင္းသိပ္မသိ​ေသး​ေပမယ့္ ​ေသခ်ာတာ​ေတာ့ သူ႔ခ်စ္သူက ဘာအစီအစဥ္မွမရိွဘဲ​ေနမွာမဟုတ္ဘူး။

"​ေက်ာက္ယြမ္က ​ေက်ာက္entမွာ ရိွ​ေနတာႏွစ္အ​ေတာ္ၾကာ​ေနၿပီ....အခု သူ​​ထြက္သြားဖို႔လိုလာၿပီ"
စုယီြ ခံုကိုမွီလိုက္ကာ စတိုင္ရိွရိွထိုင္ဖို႔ျပင္လိုက္​ေပမယ့္ သူ႔ရဲ့​ေျပာျပလို႔မရတဲ့​ေနရာက ​ေအာင့္တက္လာတာမို႔ အသက္ျဖည္းျဖည္းရႉလိုက္ရတယ္
"​ေက်ာက္entရဲ့ ​ေနာက္လာမယ့္​ေခါင္း​ေဆာင္က ကၽြန္​ေတာ္ဘဲ"

စုယီြအစက​ေတာ့ အ​ေဖနဲ႔သားၾကားက ဆက္ဆံ​ေရးကို ႏွစ္အ​ေတာ္ၾကာထိန္းသိမ္းဖို႔ဆံုးျဖတ္ထား​တာ အဲ့လိုမွမဟုတ္ရင္ ဒီဘဝႀကီးကပ်င္းစရာႀကီးျဖစ္သြားမွာ​ေလ။ ဒါ​ေပမယ့္ အခု​ေတာ့ သူ႔ခ်စ္သူကိုျပန္​ေတြ့ၿပီ​ေလ ထိုလူ​ေတြကို သူမလို​ေတာ့ဘူး ၿပီး​ေတာ့ အဲ့လူ​ေတြက ဇာတ္ခံု​ေပၚ​ေတာင္ မပါတဲ့ အရံအဆင့္​ေလး​​ေတြ။

ခ်ီခ်န္း အနားကိုျမန္ျမန္​ေရာက္လာၿပီး စုယီြရဲ့ခါး​ေလးကို ခပ္ျဖည္းျဖည္းႏိုပ္​ေပးလိုက္ကာ
သူ႔ကိုသူ အျပစ္တင္စိတ္ျဖင့္
"အရမ္းနာ​ေန​ေသးလား"

"ခင္ဗ်ားသိခ်င္ရင္ ခင္ဗ်ားကိုယ္တိုင္စမ္းၾကည့္ပါလား"
စုယီြ ခ်ီခ်န္းကို မ်က္လံုး​ေမွးကာ​ေမးလိုက္တယ္။
မ​ေန့ညက သူတကယ္​ေပ်ာ္ခဲ့တယ္ ၿပီး​ေတာ့ ခ်ီခ်န္းက အရင္လိုဘဲ သက္လံု​ေကာင္းၿပီး ပိုင္ဆိုင္လိုစိတ္​ေတြမ်ားတုန္းဘဲ။
"အလုပ္ကိစၥကို အရင္ၿပီး​ေအာင္​ေျပာရ​ေအာင္...
ဒီကိစၥကို ကၽြန္​ေတာ္ကိုင္တြယ္လိုက္မယ္....ခင္ဗ်ားဘာမွစိတ္ပူစရာမလိုဘူး...ခင္ဗ်ားကအရင္တိုင္း
ႏိုင့္ငံခ်စ္မင္းသားႀကီး ဆက္လုပ္ရံုဘဲ"

ခ်ီခ်န္း သူ႔ႏွာ​ေခါင္းကို သူျပန္ပြတ္လိုက္ကာ
ပိုၿပီး အျပစ္တင္လာမိတယ္။
"ကိုယ္​ေနာက္တစ္ခါက်ရင္ ပိုၿပီးဂရုစိုက္ပါ့မယ္...အခုကိုယ့္ရဲ့အသိုင္းအဝိုင္းက သိပ္မက်ယ္ျပန္႔​ေသး​ေပမယ့္...တကယ္လို႔ကိုယ့္အကူအညီလိုရင္​ေျပာ​ေနာ္ ကိုယ္ကူညီမယ္"

စုယီြႃပံုးလိုက္မိတယ္။ သူ႔ခ်စ္သူက အရင္ဘဝတုန္းက ပါဝါႀကီးတဲ့ဥကၠဌျဖစ္ခဲ့ၿပီး သူ႔ကို ​ေလဒဏ္၊မိုးဒဏ္မထိ​ေအာင္ ကာကြယ္​ေပးခဲ့တယ္။
အခု​ေတာ့ သူက သူ႔ခ်စ္သူကို ​ေလ၊မိုး မထိ​ေအာင္ျပန္ကာကြယ္​ေပးရမယ့္အလွည့္ဘဲ။

ပါဝါႀကီးတဲ့ဥကၠဌစုယီြ သူ႔လက္​ေခ်ာင္း​ေလး​ေတြနဲ႔ ခ်ီခ်န္း ​ေမး​ေစ့ကိုပင့္လိုက္ကာ
"​ကၽြန္​​ေတာ့္ကို​ေျပာ...ဘယ္လိုရုပ္ရွင္မ်ိဳးရိုက္ခ်င္လဲ?...ကၽြန္​ေတာ္ခင္ဗ်ားအတြက္စီစဥ္​ေပးမယ္"

"ကိုယ္မင္းနဲ႔အတူ သရုပ္​ေဆာင္ခ်င္တာ"
ခ်ီခ်န္း ခ်စ္ျမတ္ႏိုးမႈအျပည့္နဲ႔ျပန္​ေျပာလိုက္တယ္။

စုယီြ ပိုၿပီး​ေပ်ာ္ရႊင္စြာ ႃပံုးလိုက္ၿပီး
"စိတ္ခ်...အားလံုးအဆင္​ေျပ​ေစရမယ္"
သူ႔မွာ သူလုပ္ရမယ့္task​ေတြရိွ​ေသးတာဘဲ
အခု​ေတာ့ ခ်ီခ်န္းဆီမွာ ပံုမွန္IQ​ေတြရိွ​ေနၿပီ။

သူတို႔၂​ေယာက္စ​ေတြ့တုန္းက အခ်ိန္ကို ခ်ီခ်န္းသတိရလိုက္ၿပီး စုယီြရဲ့ခါး​ေလးကိုႏိုပ္​ေပးရင္း ​ေမး​လိုက္​တယ္
"အားစံု...ကိုယ္တို႔စ​ေတြ့တုန္းက မင္း​ေျပာတဲ့ IQ သံုညနဲ႔တစ္​ေယာက္ဆိုတာ ဘယ္သူလဲ?"

စုယီြ ​ေတြ​ေဝမွဴမရိွဘဲ ​ေခါင္းၿငိမ့္လိုက္ကာ
"ကၽြန္​ေတာ္ခင္ဗ်ားကို​ေျပာ​ေနတာ....IQသံုညနဲ႔အရူး​ေလး.."
______________________________________
ဂ်င္းမိသြားတဲ့သူ​ေတြအတြက္ ​စိတ္မ​ေကာင္းပါဘူးxD
ဖတ္တဲ့သူ​ေတာ့မသိဘူး ဘာသာျပန္တဲ့တို႔က​ေတာ့
မ​ေန့က ရင္ထဲပုရြက္ဆိတ္​ေတြတက္သလို ကလိကလိနဲ႔။
ဒါ​ေတာင္ ကားက ဝူးခနဲ​ေမာင္းသြားတာ
တို႔လည္း ကားအခန္း​ေတြပါရင္ ​​ေရး​ေပးခ်င္ပါတယ္။ မပါလာတာ​ေတာ့ ကိုယ္လည္းမတတ္ႏိုင္ဘူး:")
မ​ေန့ညထဲက အခ်ိဳခန္း​ေလး​ကို ​​ေရးၿပီးတင္​ေပးခ်င္တာ ​ေရး​ေနရင္း လက္ကိုက္လာလို႔ ဒီမနက္ ျမန္ျမန္​ေရးၿပီးတင္​ေပးလိုက္ပါတယ္><
က်န္းမာ​ေပ်ာ္ရႊင္ရ​ေသာ ​ေန့​ေလးတစ္​ေန့ျဖစ္ပါ​ေစ။

Seguir leyendo

También te gustarán

751K 57.5K 103
All photos I use are not mine. It's all from google. Both Unicode and Zawgyi. "ငါမင္းကိုသိပ္မုန္းတယ္ေမာင္" "ေမာင္မင္းကိုရေအာင္ျပန္ကယ္မယ္ ေမာင့္လူဆိုး...
143K 8.7K 25
မောင်ပျော်ဖို့အတွက်ငါအသက်မဲ့ပေးရမယ်ဆိုလဲငါဆိုတဲ့လူသားကကျေနပ်နေမိမှာပါ... ဒါပေမဲ့ သေသွားခဲ့ရင်လိပ်ပြာခွဲကြရတယ်တဲ့ သက်ညှာသောအားဖြင့်လိပ်ပြာလေးတော့မောင်...
3M 193K 103
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
3.6M 538K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CRE...