Unicode
ဟိုဆော့တယောက် အရှေ့မှာခြားထားတဲ့ မှန်ပြင်ပါးပါးလေးကနေ တစုံတယောက်ကို မျက်ရည်တွေပြည့်နေတဲ့မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေခဲ့တယ်...
ဟိုဆော့ သူ့ရဲ့လက်တွေကိုပြားလျတဲ့မှန်ပြင်ပေါ်တင်လိုက်ရင်း ငိုကြွေးနေခဲ့တယ်...
"အကို ဟိုဆော့ အကို့သမီးလေးကိုကြည့်ပါဦး... ဘလောက်ထိချစ်စရာကောင်းလိုက်လဲ..."
ဟုတ်ပါသည် ထိုမှန်ရဲ့တခြားတဖက်မှာတော့လမစေ့ပဲ သဘာဝအတိုင်းမဟုတ်ပဲ ခွဲထုတ်ယူခဲ့ရသည့် သူ၏သမီးငယ်....
"အကို့ရဲ့ သမီးက အကိုနဲ့သိပ်တူတာပဲ"
ယူရာရဲ့စကားကိုဟိုဆော့ရီလိုက်မိသည်... တကယ်တော့သမီးလေးဟာ ထယ်ယောင်းနဲ့ပိုတူနေတာပင်..
သူမလေးမှာပန်းနုရောင်အသားရေးလေးနဲ့ ချစ်စရာကောင်းတဲ့ပါးဖောင်းဖောင်းလေးတွေရှိနေပီး ထယ်ယောင်းနဲ့တူတဲ့မျက်ဝန်းနက်နက်တွေလဲရှိနေလေတယ်...
လေးတွေနဲ့မှန်တဖက်ကဟိုဆော့ကိုစိုက်ကြည့်နေခဲ့တယ်..
"ငါ..သမီးလေးကို ဘတော့လောက်အပြင်မှာတွေ့ခွင့်ရမှာလဲ...ယူရာ"
"သိပ်မကြာတော့ပါဘူးအကိုရယ်.. ကလေးကမွေးစကပေါင်ချိန်မပြည့်တာရော လမစေ့ပဲမွေးတာကြောင့်ရော အထူးကြပ်မတ်ခန်းကိုရွှေ့ထားခဲ့ရတာ... အခုbabyလေးက၀၀ဖြိုးဖြိုးဖြစ်လာပီဆိုတော့ မကြာခင်တွေ့ခွင့်ရတော့မှာပါ...."
ဟိုဆော့ သမီးငယ်လေးကိုကြည့်ရင်းပြုံးလိုက်မိသည်...
သူအသက်ဆက်ရှင်ဖို့လိုသေးသည်.... သူ့ရဲ့သမီးငယ်လေးအတွက် သူအသက်ဆက်ရှင်ဖို့လိုသေးသည်....
.
.
.
.
.
.
.
စားသောက်ဆိုင်ရဲ့အထူးခန်းထဲမှာ လူသုံးယောက်ဟာတိတ်ဆိတ်စွာထိုင်နေကြတယ်...
သူတို့ဟာတစုံတယောက်အလာကိုစောင့်မျှော်နေကြပုံပင်..
"ဂျွန်းဂျန်းကုက လာမယ်တဲ့လား... မင်"
မေးလာတဲ့ဂျီမင့်ကို ယွန်းဂီခေါင်းငြိမ့်ပြလိုက်သည်...
ဂျီမင်သည်အရင်ကလို ယွန်းဂီကိုစိမ်းစိမ်းကားကားမဟုတ်တော့ပေ...
CEO Minအစား ဘယ်သူမှမခေါ်ဘူးသည့် 'မင်' ဆိုသည့်နာမည်လေးကိုသီးသန့်ခေါ်ပေးရှာသည်...
ဒါပေမဲ့ အခုထိယွန်းဂီကိုလက်မခံနိုင်သေးသလို ကမ်နမ်ဂျွန်းဆိုသည့်သူကိုလည်းမမေ့နိုင်သေးပေ...
"ရောက်နေတာကြာပီလား.."
မကြာခင်ပင် စားသောက်ဆိုင်ထဲကို ခပ်ချောချောလူနှစ်ယောက်ဝင်လာခဲ့သည်...
ထိုသူတွေထဲကတယောက်ရဲ့မျက်နှာမှာမသက်မသာဖြစ်နေပုံပေါ်ပီး သူ့ရဲ့ခြေလှမ်းတွေဟာလည်းအနည်းငယ်ကို့ယို့ ကားယားနိုင်လှသည်....
"ဂျန်းကု... ငါဘလိုလုပ်ရမလဲ"
ဂျန်းကုရောက်လာသည်နှင့် ထိုင်နေတဲ့ထယ်ယောင်းကမတ်တပ်ရပ်လိုက်ရင်း ယူကြုံးမရစွာပြောလာသည်...
"ဘာဖြစ်လို့လဲ ထယ်ယောင်း"
ဂျန်းကု ဆော့ဂျင်ထိုင်မဲ့ခုံပေါ်မှာ သက်တောင့်သက်သာဖြစ်စေရန် cushionခင်းပေးလိုက်ရင်း ထယ်ယောင်းကိုမေးလာသည်..
"ဟိုဆော့မှာ... ဟိုဆော့မှာ..."
စကားကိုရှေ့ဆက်မပြောနိုင်သော ထယ်ယောင်းကိုဂျီမင် စိတ်မရှည်ဖြစ်လာသည်...
"အကိုဟိုဆော့မှာဘာဖြစ်တာလဲ?? မြန်မြန်ပြောလေ ကမ်ထယ်ယောင်း!!"
ဒေါသထွက်နေတဲ့ဂျီမင့်ရဲ့လက်ကို ယွန်းဂီကဆုပ်ကိုင်လိုက်ရင်း တားဆီးလိုက်သည်..
ထယ်ယောင်းကတော့ သူ့လက်ထဲကစာရွက်တခုကို ဂျန်းကုလက်ထဲထည့်ပေးလာသည်...
ဂျန်းကုအဲဒီစာရွက်ကိုဖတ်ရင်း အံ့ဩမှုကြောင့် မျက်ခုံးတွေတွန့်ချိုးဘာသည်... ဘေးကနေဖတ်နေတဲ့ဆော့ဂျင်ဟာလည်း အံ့ဩမှုကိုမဖုံးကွယ်နိုင်တော့ပေ...
"အဲ့တာဆို ဂျန်းဟ်ုဆော့မှာ မင်းနဲ့ရတဲ့..."
ဆော့ဂျင်ရဲ့စကားမဆုံးခင်မှာပဲ ဂျီမင်ကဂျန်းကုလက်ထဲကထိုစာရွက်ကိုဆွဲလုလိုက်သည်..
ထို့နောက်ဒေါသတွေပြည့်နေတဲ့မျက်ဝန်းတွေနဲ့ ထယ်ယောင်းကို စိုက်ကြည့်ရင်းထဆွဲထိုးတော့သည်..
*ခွပ်!!*
အဖြစ်အပျက်တွေမြန်ဆန်လွန်းတာကြောင့် မည်သူမှထိန်းချိန်မရလိုက်ပေ...
"မင်း လူမဆန်တဲ့ကောင်!!
ငါ့အကိုတယောက်တည်း ကိုယ်ဝန်ကြီးနဲ့ဘလောက်တောင် ဒုက္ခတွေရောက်နေရှာလိမ့်မလဲ..."
ယွန်းဂီ ဂျီမင့်ကိုထယ်ယောင်းဘေးကနေဆွဲခေါ်လိုက်သည်..
ဂျန်းကုဟာလည်းလဲကျနေတဲ့ ထယ်ယောင်းကိုဆွဲထူပေးလိုက်သည်...
"ဂျီမင် စိတ်လိုက်မာန်ပါမလုပ်ပါနဲ့
အခုအရေးကြီးဆုံက ဂျန်းဟိုဆော့ကိုရှာတွေ့ဖို့ပဲမလား..."
ယွန်းဂီ ဂျီမင့်ကိုဖြောင်းဖြရင်း
ထိုင်ခုံမှပြန်ထိုင်စေလိုက်သည်...
"အကိုဟိုဆော့ သူပျောက်မသွားခင်တုန်းက ကျွန်တော့စီကိုဖုန်းဆက်လာတယ်...
ကျွန်တော်က ကမ်ဟယ်ဆူ့ကိုသတ်တဲ့သူမဟုတ်ပါဘူး
သူကသာတရားခံပါတဲ့ ကျွန်တော့ကိုတောင်းပန်ပါတယ်တဲ့လေ သူကိုယ်တိုင်ရဲစခန်းမှအပြစ်တွေဝန်ခံမယ်တဲ့...
အဲဒီနောက် တစုတခုနဲ့တိုက်မိသံကြားပီးနောက်ပိုင်း ကျွန်တော်သူ့ကိုဆက်သွယ်လို့မရတော့ဘူး...
နောက်ဆုံးတော့သူအဆင်ပြေပါတယ်ဆိုတဲ့message
တစောင်နဲ့အတူ သတင်းအစအနလဲရှာမတွေ့တော့ဘူး"
ဂျီမင်က ငိုကြွေးရင်းပြောလာတယ်..ယွန်းဂီ ဂျီမင့်ကိုသူ့ရဲ့ရင်ခွင်ထဲဆွဲသွင်းလိုက်ပီးငိုကြွေးနေတဲ့ ဂျီမင့်ရဲ့ခေါင်းလေးကိုအသာအယာပုတ်ပေးလိုက်တယ်...
"သူငါ့အိမ်ကထွက်သွားတုန်းကလည်း သူကကမ်ဟယ်ဆူ့ကိုသတ်တဲ့သူပါလို့ငါ့ကိုပြောသွားခဲ့တယ်
ဒါပေမဲ့ အဲဒါကဖြစ်နိုင်လို့လား..."
ထယ်ယောင်းရဲ့စကားကို ငိုနေတဲ့ဂျီမင်ကခေါင်းရမ်းပြရင်း..
"မဟုတ်ဘူး အကိုသတ်တာမဟုတ်ဘူး...
အကိုက ကျွန်တော်တို့ဖုန်းဆက်မှရောက်လာတာ အကို့ကိုဒီပြဿနာတွေထဲဆွဲထည့်ခဲ့တာကျွန်တော်ပါ..."
ဂျန်းကု ဂျီမင့်ကိုစိုက်ကြည့်ရင်း...
"ပတ်ဂျီမင် မင်းငါတို့ကို ဟယ်ဆူသေခဲ့တဲ့ညကအကြောင်း
မင်းသိသလောက်ပြောပြပေးနိုင်မလား..."
ဂျီမင် ခေါင်းငြိမ့်ပြလိုက်သည်...
"အဲဒီညတုန်းက ကျွန်တော်နဲ့ကမ်ဟယ်ဆူရန်ဖြစ်ခဲ့တယ်...."
ဂျီမင်ရဲ့မျက်ဝန်းတွေနဲ့မှတ်ဉာဏ်တွေဟာ ထိုနေ့ည(ကမ်ဟယ်ဆူသေဆုံးသည့်ည)သို့ ပြန်လည်ရောက်ရှိသွားတော့သည်....
.
.
.
.
.
.
.
..........Namjin..... x..... Jinkook......
AN:
Updateပေးလိုက်ပါပီအချစ်တို့...♥️
နောက်အိပုင်းမှာ flashbackပြန်ပါလာမှာပါ...
ဒါပေမဲ့အဲဒီflashbackက ဂျီမင့်ရဲ့အမြင်ကိုရေးထားတာဖြစ်တဲ့အတွက် ဟာကွက်တချို့ပါနေမှာပါ...
အောက်မှာ Spoilerလေးထည့်ပေးထားပါတယ်နော်..
Love you all❤️
Take care
.............................................................
‼️Spoiler‼️
'ငါတို့သက်သေဘယ်လိုရှာကြမလဲ...'
'ငါ နမ်ဂျွန်းအိမ်ထဲဝင်ပီးကူညီပေးမယ်... သူကငါ့ကိုတော့သံသယမဝင်လောက်ဘူး'
'အကိုဟိုဆော့...အကို့ကိုဒီလိုလုပ်ခဲ့တာဘယ်သူလဲ'
...............................................................
Zawgyi
.
.
.
.
.
.
.
"ရောက်နေတာကြာပီလား.."
*ခွပ်!!*
"မင်း လူမဆန်တဲ့ကောင်!!
"အဲဒီညတုန်းက ကျွန်တော်နဲ့ကမ်ဟယ်တူရန်ဖြစ်ခဲ့တယ်...."
.
.
.
.
.
.
.
..........Namjin..... x..... Jinkook......
AN:
Love you all❤️
Take care
.............................................................
‼️Spoiler‼️
...............................................................