ရွန္ယိက ၿမိဳ႔ကို ေနာက္ခံထားလိုက္ကာ တာရွန္ စစ္တပ္ ဘက္သို႔ မ်က္ႏွာမႈလိုက္သည္ ။ သူက ျမင္းတြင္ ခ်ိတ္ဆြဲထားသၫ့္ ဓားအိမ္မွ ဓားအား ဆြဲထုတ္လိုက္ကာ ရွေဝ့ယိကို ခ်ိန္လိုက္သည္ ။ သူ႔ပံုစံသည္ ခုနက ျမားခ်က္ေၾကာင့္ ေဒါသထြက္ကာ စိန္ေခၚေနသၫ့္အလားပင္ ။ ေပါ့ပ်က္ပ်က္ပံုစံကေန အလြန္ထက္ျမတ္သၫ့္ ဓားတစ္လက္ အလား ျဖစ္သြားကာ အရိွန္အဝါမ်ားပင္ ေတာက္ပလာသည္ဟု ထင္ရေလသည္ ။
အျခားသူမ်ားက သူ႔အား ေငးေမာၾကၫ့္ေနခ်ိန္တြင္ ရွန္ယိ ၏ စိတ္ထဲတြင္ သူ႔ပံုစံသည္ အလြန္ရယ္စရာေကာင္းသည္ဟု ခံစားလိုက္ရသည္ ။ သူသာ ရွေဝ့ယိ ေနရာတြင္ဆိုပါက ေသာက္ျမင္ကပ္စြာ ျမားအစင္းေပါင္းတစ္ေသာင္းေလာက္ လႊတ္ပစ္လိုက္ေလမည္ ။ သို႔ေသာ္ ဒါက ေျဖာင့္မတ္တည္ၾကည္ကာ ေအးစက္ၿပီး အထိမခံသၫ့္ စရိုက္နဲ႔ ဇာတ္လိုက္ရဲ့ လုပ္ပံု လုပ္နည္းနဲ႔ မတူေနေပ ။ ထိုအတြက္ ရွေဝ့ယိ က ႀကီးျမတ္ကာ ရဲရင့္သၫ့္ ဇာတ္လိုက္ပံုစံေပၚခ်င္လ်ွင္ စစ္ေျမျပင္၌ တစ္ေယာက္တည္း က်န္လ်ွင္ပင္ ရဲရင့္ကာ အရႈံးမေပးသၫ့္ ပံုစံနဲ႔ ဆက္လက္တိုက္ခိုက္ရမည္ ျဖစ္သည္ ။
' က်စ္ .. ေသာက္ရမ္း ဒုကၡမ်ားလိုက္တာကြာ ' သူက ရွေဝ့ယိကိုပင္ ဂရုဏာသက္စြာ ၾကၫ့္လိုက္သည္ ။
တဖက္တြင္ ရွေဝ့ယိက ရွန္ယိအား အဆင့္တူဟု မသတ္မွတ္ထားဘဲ ဂရုမစိုက္သၫ့္ အမႈအရာမွ ေဒါသထြက္သၫ့္ ပံုစံအျဖစ္ေျပာင္းသြားေလသည္ ။ ' မင္းက ဘာမို႔လို႔ ငါ့ကို သနားတဲ့ ပံုစံနဲ႔ ၾကၫ့္ေနတာလဲ '
ရွန္ယိ က ထိုသည္ကို သတိထားမိလိုက္ကာ အလြန႔္ အလြန္ကိုမွ အံ့ဩသြားေလေတာ့သည္ ။ သူ႔ေဘးနားက စစ္သည္ကို သတ္ ဓားနဲ႔ ခ်ိန္ၿပီး ရန္စတာေတာင္ ေဒါသမထြက္ဘဲ ငါ့ကို ေအးစက္စက္ၾကၫ့္ေနခဲ့တာ မလား ။ အခု ငါက ဓားသိမ္းဖို႔ ျပင္မွ ခမ်ားက ဘာထ ျဖစ္တာတုန္း .. ?? ။
' ဘာလဲ ... လက္နဲ႔ တိုက္မယ္လို႔ ထင္လို႔ ေဒါသထြက္တာလား .. မင္းမတိုက္ဘူး ထင္လို႔ အထဲဝင္မလို႔ပါကြာ '
ရွေဝ့ယိ သည္ သူ႔ရဲ့ လက္စြဲေတာ္ဓားကို ထုတ္လိုက္ကာ စစ္သည္မ်ား ၾကားမွ ထြက္လာေလသည္ ။ သူသည္ ရွန္ယိအား တိုက္ခိုက္ရန္ ဆံုးျဖတ္လိုက္သည္မွာ သိသာလွသည္။
ရွန္ယိ က ဓားကို ေျမျပင္ကို ဦးတည္လ်က္ ကိုင္ထားရာမွ နာက်င္မႈေျကာင့္ လက္ေကာက္ဝတ္ကို အမႈအရာမဲ့စြာ ၾကၫ့္လိုက္သည္ ။ အေၾကာမ်ားသည္ အစိမ္းပုပ္ေရာင္သမ္းလာကာ လက္သည္ အနည္းငယ္တုန္ယင္ေနသည္ ။ သူက နာက်င္မႈကို မခံစားရသၫ့္အလား အၾကၫ့္ျပန္လြဲလိုက္ကာ ရွေဝ့ယိ ထံသို႔ ျမင္းကို ဒုန္းစိုင္း စီးသြားလိုက္သည္ ။
ေခါင္းေဆာင္ ႏွစ္ေယာက္၏ တိုက္ပြဲသည္ စတင္လာေလၿပီ ။ ဒီတိုက္ပြဲသည္ စစ္သည္မ်ား၏ စိတ္ဓာက္ သက္ေရာက္သလို ဘယ္သူက ထိပ္ဆံုးတြင္ ရပ္ေနသင့္သလဲဟု ဆံုးျဖတ္မၫ့္ တိုက္ပြဲလည္း ျဖစ္ေပသည္ ။
ႏွစ္ေယာက္တိုက္ပြဲသည္ လက္ရည္ညီေနကာ စစ္သည္မ်ားသည္ ရင္တထိတ္ထိတ္ျဖင့္ ၾကၫ့္ေနၾကသည္ ။ စစ္ပြဲတြင္ ပထမဆံုး တိုက္ပြဲ၏ သက္ေရာက္မႈကို စစ္တိုက္ဖူးသူသာ လ်ွင္ သိေပမည္ ။
ရွန္ယိ က သူ႔အေပၚသို႔ လြဲခုတ္လာသၫ့္ ဓားအား ျမင္းေပၚတြင္ လွဲခ်လိုက္ကာ ေရွာင္လိုက္ၿပီး ေျခေထာက္ျဖင့္ ရွေဝ့ယိ၏ လက္ေကာက္ဝတ္အား ကန္လိုက္သည္ ။ သူက ဓားျဖင့္ ျပန္မတိုက္သည္မွာ သူ႔လက္သည္ အလြန္တုန္ယင္ေနၿပီး ဓားကို မနည္းကိုင္ထားရေသာေၾကာင့္ပင္ ။ ရွေဝ့ယိ ၏ ဓား ျပဳတ္က်သြားသၫ့္အခ်ိန္တြင္ ေရွာင္ေနရာမွ လွည့္လိုက္ကာ ဓားကို ပစ္ထုတ္လိုက္သည္ ။ ဆက္ကိုင္ထားလ်ွင္ ရွေဝ့ယိက အေနွးနဲ႔အျမန္ သူ႔အားနည္းခ်က္ကို သတိထားမိသြားလိမ့္မည္ ။
ရွေဝ့ယိ က သူ႔ထံသို႔ ဝင္လာသၫ့္ ဓားကို ေရွာင္ႏိုင္ရန္ ျမင္းေပၚမွ ခုန္ဆင္းလိုက္ရသည္ ။ ေျမျပင္ေပၚ မေရာက္ခင္တြင္ပင္ ပုခံုးအေပၚသို႔ အားျပင္းသၫ့္ ကန္ခ်က္ေရာက္လာကာ ေျမျပင္ေပၚသို႔ လွဲက်သြားေလသည္ ။ ျပန္ထရန္ျပင္လိုက္သၫ့္ အခ်ိန္တြင္ သူ႔ရင္ဘတ္ေပၚတြင္ ေျခေထာက္တစ္ဖက္က ဖိႏွင္းထားခဲ့ေခ်ၿပီ ။ ရွန္ယိ က လက္ႏွစ္ဖက္ကို အေနာက္ပစ္လိုက္ရင္း မ်က္ႏွာထက္တြင္ခပ္ဖြဖြ အၿပံဳးတစ္ခုေပၚလာသည္ ။ ထိုအၿပံဳးသည္ စိတ္ႀကီးဝင္ေနသၫ့္ အၿပံဳးနဲ႔ မတူဘဲ ရွေဝ့ယိအား သာမန္ၿပိဳင္ဘက္ တစ္ေယာက္အလား အေဘာထားသၫ့္ အၿပံဳးပင္ ။
ထိုအၿပံဳးသည္ ရွေဝ့ယိအား ပိုလိုပင္ ခံရခက္ေစသည္ ။ သူကို အႏိုင္ပိုင္းႏိုင္ျခင္းသည္ ထိုသူအတြက္ ဘာမွမဟုတ္ဟု ေျပာေနသကဲ့သို႔ပင္ ။ သူက ရွန္ယိအား အလြန္ ေအးစက္သၫ့္ အၾကၫ့္ျဖင့္ၾကၫ့္လိုက္သည္ ။ သူက အခြင့္အေရးရသည္နဲ႔ ဒီလူကို သတ္ပစ္ရလိမ့္မည္ ။ သူသည္ ရွန္ယိနဲ႔ အလြန္နီးကပ္ေနသျဖင့္ ေသခ်ာၾကၫ့္လ်င္ လက္သည္ တုန္ယင္ေနသည္ကို ေတြ့ရေပမည္ ။ သို႔ေသာ္ အလြန္ေဒါသထြက္ေနသၫ့္အျပင္ အရွက္ရမႈေၾကာင့္ ေသခ်ာမၾကၫ့္မိေပ ။
ရွန္ယိ က ရွေဝ့ယိ အား လိွမ့္ကန္လိုက္ကာ မ်က္လံုးကို ေမွးက်ဉ္းကာ ေျပာလိုက္သည္ ။ " ဒီကိုယ္ေတာ္ကို ဖမ္းဖို႔ ဒီအသံုးမက်တဲ့ လူကို လႊတ္လိုက္တာလား .. ဟမ့္ " ေမာက္မာသၫ့္ ဇာတ္လိုက္ေတြကို အႏိုင္ယူဖို႔ သူက ထိုသူမ်ားထက္ ပိုၿပီး ေမာက္မာ ျပရလိမ့္မည္ ။ သို႔ေသာ္ အင္အား မရိွဘဲ သြားေမာက္မာပါက ကိုယ့္ေသတြင္း ကိုယ္တူးျခင္းသာ ။ ထို နိယာမသည္ မည္သူအတြက္ မဆို သက္ေရာက္ေလသည္။ ဇာတ္လိုက္သည္ အားနည္းပါက ပိုလို႔ပင္ သက္ေရာက္ေသးသည္ ။ အထူးသျဖင့္ ဤကဲ့သို႔ ေခတ္ကာလတြင္ပင္ ။
သူလႊတ္ေပးလိုက္သၫ့္အေၾကာင္းက ရွေဝ့ယိအား တစ္ခါတည္းသတ္လိုက္သည္ထက္ အရွက္ရေစျခင္းက ထိုသူအား ပိုလို ခံရခက္ေစမွန္း နားလည္ေသာေၾကာင့္ပင္ ။
အားနန္ ( လက္ေထာက္စစ္သူႀကီး ) နဲ႔ စစ္သည္မ်ားသည္ ဝမ္းသာ အားရ ဟစ္ေႂကြးေနသေလာက္ တာရွန္ စစ္သည္မ်ားက အရွက္ရသၫ့္ ပံုစံျဖင့္ ေခါင္းငံုထားကာ စိတ္ဓာတ္က်သြားၾကသည္ ။ သို႔ေသာ္ သူတို႔တြင္ လူအင္အား သာသျဖင့္ စိတ္အားထက္သန္သြားျပန္ၾကကာ တိုက္ခိုက္ရန္ အသင့္ျပင္လိုက္ၾကသည္ ။ ရွေဝ့ယိက အမိန႔္ေပးသည္ႏွင့္ သူတို႔က တိုက္ခိုက္မည္ပင္ ။
ရွေဝ့ယိ က ႏူတ္ခမ္းစပ္မွ ေသြးအား ခပ္ၾကမ္းၾကမ္း ပြတ္ဆြဲလိုက္ၿပီး အမိန႔္ေပးလို သၫ့္ဟန္ လက္ကို ေျမာက္လိုက္သည္ ။ ထိုအခ်ိန္တြင္ စစ္တပ္ရဲ့ အေရ႔ွတြင္ ရွန္ယိ တစ္ေယာက္တည္း ရိွေနသျဖင့္ တိုက္ပြဲစသည္နဲ႔ မလြဲမေသ ရွန္ယိ က အရင္ဦးဆံုး သက္ေရာက္မႈကို ခံရလိမ့္မည္ ။
သို႔ေသာ္ ရွန္ယိက လက္ေနွာက္ပစ္ထားသၫ့္ လက္ကိုပင္ မျဖဳတ္ဘဲ တစ္ခ်က္ရယ္လိုက္ကာ အခ်က္ျပလိုက္သည္ ။
" လူအင္အားနဲ႔ အႏိုင္က်င့္ခ်င္တာလား ...ႏံုလိုက္တာ " စကားဆံုးသည္ႏွင့္ ဟန္ယြဲ၏ စစ္တပ္သည္ ေပရွီး၏ ဦးေဆာင္မႈျဖင့္ တာရွန္စစ္တပ္အား ဝိုင္းလိုက္ေလသည္ ။ ရွန္ယိက ေနာက္ပိုင္းတိုက္ပြဲအား ဂရုမစိုက္ေတာ့ဘဲ ၿမိဳ႔ထဲသို႔ ဝင္သြားေတာ့သည္ ။
ျမင္းအနားသို႔ အေရာက္တြင္ ေတြ့လိုက္ရသၫ့္ လူေၾကာင့္ အံ့အားသင့္သြားသည္ ။ သူက ထိုသူအနားသို႔ အလ်င္အျမန္သြားလိုက္ကာ လက္ကိုဆြဲလိုက္ၿပီး ျမင္းေပၚဆြဲတင္လိုက္ကာ ထိုသူအေနာက္တြင္ ခုန္းတက္လိုက္ရင္း ၿမိဳ႔ထဲသို႔ ဝင္သြားေတာ့သည္ ။
" ဘာလို႔ .. အကာအကြယ္ မပါဘဲ အျပင္ထြက္လာရတာတုန္း .. ကိုယ့္ကိုယ္ကို တိုင္းျပည္ရဲ့ ဘုရင္ တစ္ေယာက္ဆိုတာေရာ သိေသးရဲ့လား .. " ရွန္ယိ က စိတ္ပူမႈေၾကာင့္ အၿပံဳးပင္ မခ်ိတ္ဆြဲႏိုင္ေတာ့ဘဲ ဆက္တိုက္ေျပာဆိုလိုက္သည္ ။ ေျပာၿပီးမွ သူ႔အား ၿပံဳးၾကၫ့္ေနသၫ့္ သူေၾကာင့္ ေခ်ာင္းဟမ့္လိုက္ရသည္ ။ သူက ဒီလူသည္လည္း သူလိုကိုယ္လို ျဖစ္ေၾကာင္း ေမ့သြားခဲ့သည္။
" အဟမ္း.. ကိုယ္အေလာႀကီးသြားတယ္ "
ရြမ္းရီ ရဲ့ ဆံပင္အား သပ္တင္ေပးရန္ လက္လွမ္းလိုက္ခ်ိန္တြင္ သူ႔လက္မွ ေသြးမ်ားစီးက်ေနသည္ကို ေတြ့လိုက္ရသည္ ။ အနက္ေရာင္ဝတ္စံုေၾကာင့္ သတိမထားမိေသာ္လည္း ေသြးေၾကာမွာ ေပါက္သြားသၫ့္အတြက္ေၾကာင့္ ေသြးမ်ား တရစပ္က်လာေလသည္ ။ တင္းထားစိတ္ကို ေလ်ာ့လိုက္ခ်ိန္တြင္ နာက်င္မႈသည္ ႀကီးစိုးလာေတာ့သည္ ။
" ရွန္!!! " ရြမ္းရီ က ရွန္ယိ ၏ ကိုယ္အား ထိန္းလိုက္ကာ ျမင္းေပၚမွ ဆင္းလိုက္သည္ ။ ထိုအခ်ိန္တြင္ ေဟးခ်န္ ေရာက္လာခဲ့ကာ တိတ္တဆိတ္ပင္ အခန္းတစ္ခု သို႔ ေခၚသြားခဲ့သည္ ။ ရွန္ယိ၏ က်န္းမာေရးသည္ အခုခ်ိန္တြင္ အထိမခံသၫ့္ အရာျဖစ္ေနသည္မလား ။ သိသူနည္းေလ ေကာင္းေလပင္ ။
__________________________
Unicode
ရှန်ယိက မြို့ကို နောက်ခံထားလိုက်ကာ တာရှန် စစ်တပ် ဘက်သို့ မျက်နှာမှုလိုက်သည် ။ သူက မြင်းတွင် ချိတ်ဆွဲထားသည့် ဓားအိမ်မှ ဓားအား ဆွဲထုတ်လိုက်ကာ ရှဝေ့ယိကို ချိန်လိုက်သည် ။ သူ့ပုံစံသည် ခုနက မြားချက်ကြောင့် ဒေါသထွက်ကာ စိန်ခေါ်နေသည့်အလားပင် ။ ပေါ့ပျက်ပျက်ပုံစံကနေ အလွန်ထက်မြတ်သည့် ဓားတစ်လက် အလား ဖြစ်သွားကာ အရှိန်အဝါများပင် တောက်ပလာသည်ဟု ထင်ရလေသည် ။
အခြားသူများက သူ့အား ငေးမောကြည့်နေချိန်တွင် ရှန်ယိ ၏ စိတ်ထဲတွင် သူ့ပုံစံသည် အလွန်ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရသည် ။ သူသာ ရှဝေ့ယိ နေရာတွင်ဆိုပါက သောက်မြင်ကပ်စွာ မြားအစင်းပေါင်းတစ်သောင်းလောက် လွှတ်ပစ်လိုက်လေမည် ။ သို့သော် ဒါက ဖြောင့်မတ်တည်ကြည်ကာ အေးစက်ပြီး အထိမခံသည့် စရိုက်နဲ့ ဇာတ်လိုက်ရဲ့ လုပ်ပုံ လုပ်နည်းနဲ့ မတူနေပေ ။ ထိုအတွက် ရှဝေ့ယိ က ကြီးမြတ်ကာ ရဲရင့်သည့် ဇာတ်လိုက်ပုံစံပေါ်ချင်လျှင် စစ်မြေပြင်၌ တစ်ယောက်တည်း ကျန်လျှင်ပင် ရဲရင့်ကာ အရှုံးမပေးသည့် ပုံစံနဲ့ ဆက်လက်တိုက်ခိုက်ရမည် ဖြစ်သည် ။
' ကျစ် .. သောက်ရမ်း ဒုက္ခများလိုက်တာကွာ ' သူက ရှဝေ့ယိကိုပင် ဂရုဏာသက်စွာ ကြည့်လိုက်သည် ။
တဖက်တွင် ရှဝေ့ယိက ရှန်ယိအား အဆင့်တူဟု မသတ်မှတ်ထားဘဲ ဂရုမစိုက်သည့် အမှုအရာမှ ဒေါသထွက်သည့် ပုံစံအဖြစ်ပြောင်းသွားလေသည် ။ ' မင်းက ဘာမို့လို့ ငါ့ကို သနားတဲ့ ပုံစံနဲ့ ကြည့်နေတာလဲ '
ရှန်ယိ က ထိုသည်ကို သတိထားမိလိုက်ကာ အလွန့် အလွန်ကိုမှ အံ့ဩသွားလေတော့သည် ။ သူ့ဘေးနားက စစ်သည်ကို သတ် ဓားနဲ့ ချိန်ပြီး ရန်စတာတောင် ဒေါသမထွက်ဘဲ ငါ့ကို အေးစက်စက်ကြည့်နေခဲ့တာ မလား ။ အခု ငါက ဓားသိမ်းဖို့ ပြင်မှ ခများက ဘာထ ဖြစ်တာတုန်း .. ?? ။
' ဘာလဲ ... လက်နဲ့ တိုက်မယ်လို့ ထင်လို့ ဒေါသထွက်တာလား .. မင်းမတိုက်ဘူး ထင်လို့ အထဲဝင်မလို့ပါကွာ '
ရှဝေ့ယိ သည် သူ့ရဲ့ လက်စွဲတော်ဓားကို ထုတ်လိုက်ကာ စစ်သည်များ ကြားမှ ထွက်လာလေသည် ။ သူသည် ရှန်ယိအား တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်မှာ သိသာလှသည်။
ရှန်ယိ က ဓားကို မြေပြင်ကို ဦးတည်လျက် ကိုင်ထားရာမှ နာကျင်မှုကြောင့် လက်ကောက်ဝတ်ကို အမှုအရာမဲ့စွာ ကြည့်လိုက်သည် ။ အကြောများသည် အစိမ်းပုပ်ရောင်သမ်းလာကာ လက်သည် အနည်းငယ်တုန်ယင်နေသည် ။ သူက နာကျင်မှုကို မခံစားရသည့်အလား အကြည့်ပြန်လွဲလိုက်ကာ ရှဝေ့ယိ ထံသို့ မြင်းကို ဒုန်းစိုင်း စီးသွားလိုက်သည် ။
ခေါင်းဆောင် နှစ်ယောက်၏ တိုက်ပွဲသည် စတင်လာလေပြီ ။ ဒီတိုက်ပွဲသည် စစ်သည်များ၏ စိတ်ဓာက် သက်ရောက်သလို ဘယ်သူက ထိပ်ဆုံးတွင် ရပ်နေသင့်သလဲဟု ဆုံးဖြတ်မည့် တိုက်ပွဲလည်း ဖြစ်ပေသည် ။
နှစ်ယောက်တိုက်ပွဲသည် လက်ရည်ညီနေကာ စစ်သည်များသည် ရင်တထိတ်ထိတ်ဖြင့် ကြည့်နေကြသည် ။ စစ်ပွဲတွင် ပထမဆုံး တိုက်ပွဲ၏ သက်ရောက်မှုကို စစ်တိုက်ဖူးသူသာ လျှင် သိပေမည် ။
ရှန်ယိ က သူ့အပေါ်သို့ လွဲခုတ်လာသည့် ဓားအား မြင်းပေါ်တွင် လှဲချလိုက်ကာ ရှောင်လိုက်ပြီး ခြေထောက်ဖြင့် ရှဝေ့ယိ၏ လက်ကောက်ဝတ်အား ကန်လိုက်သည် ။ သူက ဓားဖြင့် ပြန်မတိုက်သည်မှာ သူ့လက်သည် အလွန်တုန်ယင်နေပြီး ဓားကို မနည်းကိုင်ထားရသောကြောင့်ပင် ။ ရှဝေ့ယိ ၏ ဓား ပြုတ်ကျသွားသည့်အချိန်တွင် ရှောင်နေရာမှ လှည့်လိုက်ကာ ဓားကို ပစ်ထုတ်လိုက်သည် ။ ဆက်ကိုင်ထားလျှင် ရှဝေ့ယိက အနှေးနဲ့အမြန် သူ့အားနည်းချက်ကို သတိထားမိသွားလိမ့်မည် ။
ရှဝေ့ယိ က သူ့ထံသို့ ဝင်လာသည့် ဓားကို ရှောင်နိုင်ရန် မြင်းပေါ်မှ ခုန်ဆင်းလိုက်ရသည် ။ မြေပြင်ပေါ် မရောက်ခင်တွင်ပင် ပုခုံးအပေါ်သို့ အားပြင်းသည့် ကန်ချက်ရောက်လာကာ မြေပြင်ပေါ်သို့ လှဲကျသွားလေသည် ။ ပြန်ထရန်ပြင်လိုက်သည့် အချိန်တွင် သူ့ရင်ဘတ်ပေါ်တွင် ခြေထောက်တစ်ဖက်က ဖိနှင်းထားခဲ့ချေပြီ ။ ရှန်ယိ က လက်နှစ်ဖက်ကို အနောက်ပစ်လိုက်ရင်း မျက်နှာထက်တွင်ခပ်ဖွဖွ အပြုံးတစ်ခုပေါ်လာသည် ။ ထိုအပြုံးသည် စိတ်ကြီးဝင်နေသည့် အပြုံးနဲ့ မတူဘဲ ရှဝေ့ယိအား သာမန်ပြိုင်ဘက် တစ်ယောက်အလား အဘောထားသည့် အပြုံးပင် ။
ထိုအပြုံးသည် ရှဝေ့ယိအား ပိုလိုပင် ခံရခက်စေသည် ။ သူကို အနိုင်ပိုင်းနိုင်ခြင်းသည် ထိုသူအတွက် ဘာမှမဟုတ်ဟု ပြောနေသကဲ့သို့ပင် ။ သူက ရှန်ယိအား အလွန် အေးစက်သည့် အကြည့်ဖြင့်ကြည့်လိုက်သည် ။ သူက အခွင့်အရေးရသည်နဲ့ ဒီလူကို သတ်ပစ်ရလိမ့်မည် ။ သူသည် ရှန်ယိနဲ့ အလွန်နီးကပ်နေသဖြင့် သေချာကြည့်လျင် လက်သည် တုန်ယင်နေသည်ကို တွေ့ရပေမည် ။ သို့သော် အလွန်ဒေါသထွက်နေသည့်အပြင် အရှက်ရမှုကြောင့် သေချာမကြည့်မိပေ ။
ရှန်ယိ က ရှဝေ့ယိ အား လှိမ့်ကန်လိုက်ကာ မျက်လုံးကို မှေးကျဉ်းကာ ပြောလိုက်သည် ။ " ဒီကိုယ်တော်ကို ဖမ်းဖို့ ဒီအသုံးမကျတဲ့ လူကို လွှတ်လိုက်တာလား .. ဟမ့် " မောက်မာသည့် ဇာတ်လိုက်တွေကို အနိုင်ယူဖို့ သူက ထိုသူများထက် ပိုပြီး မောက်မာ ပြရလိမ့်မည် ။ သို့သော် အင်အား မရှိဘဲ သွားမောက်မာပါက ကိုယ့်သေတွင်း ကိုယ်တူးခြင်းသာ ။ ထို နိယာမသည် မည်သူအတွက် မဆို သက်ရောက်လေသည်။ ဇာတ်လိုက်သည် အားနည်းပါက ပိုလို့ပင် သက်ရောက်သေးသည် ။ အထူးသဖြင့် ဤကဲ့သို့ ခေတ်ကာလတွင်ပင် ။
သူလွှတ်ပေးလိုက်သည့်အကြောင်းက ရှဝေ့ယိအား တစ်ခါတည်းသတ်လိုက်သည်ထက် အရှက်ရစေခြင်းက ထိုသူအား ပိုလို ခံရခက်စေမှန်း နားလည်သောကြောင့်ပင် ။
အားနန် ( လက်ထောက်စစ်သူကြီး ) နဲ့ စစ်သည်များသည် ဝမ်းသာ အားရ ဟစ်ကြွေးနေသလောက် တာရှန် စစ်သည်များက အရှက်ရသည့် ပုံစံဖြင့် ခေါင်းငုံထားကာ စိတ်ဓာတ်ကျသွားကြသည် ။ သို့သော် သူတို့တွင် လူအင်အား သာသဖြင့် စိတ်အားထက်သန်သွားပြန်ကြကာ တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြသည် ။ ရှဝေ့ယိက အမိန့်ပေးသည်နှင့် သူတို့က တိုက်ခိုက်မည်ပင် ။
ရှဝေ့ယိ က နူတ်ခမ်းစပ်မှ သွေးအား ခပ်ကြမ်းကြမ်း ပွတ်ဆွဲလိုက်ပြီး အမိန့်ပေးလို သည့်ဟန် လက်ကို မြောက်လိုက်သည် ။ ထိုအချိန်တွင် စစ်တပ်ရဲ့ အရှေ့တွင် ရှန်ယိ တစ်ယောက်တည်း ရှိနေသဖြင့် တိုက်ပွဲစသည်နဲ့ မလွဲမသေ ရှန်ယိ က အရင်ဦးဆုံး သက်ရောက်မှုကို ခံရလိမ့်မည် ။
သို့သော် ရှန်ယိက လက်နှောက်ပစ်ထားသည့် လက်ကိုပင် မဖြုတ်ဘဲ တစ်ချက်ရယ်လိုက်ကာ အချက်ပြလိုက်သည် ။
" လူအင်အားနဲ့ အနိုင်ကျင့်ချင်တာလား ...နုံလိုက်တာ " စကားဆုံးသည်နှင့် ဟန်ယွဲ၏ စစ်တပ်သည် ပေရှီး၏ ဦးဆောင်မှုဖြင့် တာရှန်စစ်တပ်အား ဝိုင်းလိုက်လေသည် ။ ရှန်ယိက နောက်ပိုင်းတိုက်ပွဲအား ဂရုမစိုက်တော့ဘဲ မြို့ထဲသို့ ဝင်သွားတော့သည် ။
မြင်းအနားသို့ အရောက်တွင် တွေ့လိုက်ရသည့် လူကြောင့် အံ့အားသင့်သွားသည် ။ သူက ထိုသူအနားသို့ အလျင်အမြန်သွားလိုက်ကာ လက်ကိုဆွဲလိုက်ပြီး မြင်းပေါ်ဆွဲတင်လိုက်ကာ ထိုသူအနောက်တွင် ခုန်းတက်လိုက်ရင်း မြို့ထဲသို့ ဝင်သွားတော့သည် ။
" ဘာလို့ .. အကာအကွယ် မပါဘဲ အပြင်ထွက်လာရတာတုန်း .. ကိုယ့်ကိုယ်ကို တိုင်းပြည်ရဲ့ ဘုရင် တစ်ယောက်ဆိုတာရော သိသေးရဲ့လား .. " ရှန်ယိ က စိတ်ပူမှုကြောင့် အပြုံးပင် မချိတ်ဆွဲနိုင်တော့ဘဲ ဆက်တိုက်ပြောဆိုလိုက်သည် ။ ပြောပြီးမှ သူ့အား ပြုံးကြည့်နေသည့် သူကြောင့် ချောင်းဟမ့်လိုက်ရသည် ။ သူက ဒီလူသည်လည်း သူလိုကိုယ်လို ဖြစ်ကြောင်း မေ့သွားခဲ့သည်။
" အဟမ်း.. ကိုယ်အလောကြီးသွားတယ် "
ရွမ်းရီ ရဲ့ ဆံပင်အား သပ်တင်ပေးရန် လက်လှမ်းလိုက်ချိန်တွင် သူ့လက်မှ သွေးများစီးကျနေသည်ကို တွေ့လိုက်ရသည် ။ အနက်ရောင်ဝတ်စုံကြောင့် သတိမထားမိသော်လည်း သွေးကြောမှာ ပေါက်သွားသည့်အတွက်ကြောင့် သွေးများ တရစပ်ကျလာလေသည် ။ တင်းထားစိတ်ကို လျော့လိုက်ချိန်တွင် နာကျင်မှုသည် ကြီးစိုးလာတော့သည် ။
" ရှန်!!! " ရွမ်းရီ က ရှန်ယိ ၏ ကိုယ်အား ထိန်းလိုက်ကာ မြင်းပေါ်မှ ဆင်းလိုက်သည် ။ ထိုအချိန်တွင် ဟေးချန် ရောက်လာခဲ့ကာ တိတ်တဆိတ်ပင် အခန်းတစ်ခု သို့ ခေါ်သွားခဲ့သည် ။ ရှန်ယိ၏ ကျန်းမာရေးသည် အခုချိန်တွင် အထိမခံသည့် အရာဖြစ်နေသည်မလား ။ သိသူနည်းလေ ကောင်းလေပင် ။
__________________________