ဇာတ္ပို႔တစ္ေယာက္ရဲ့ အဆံုးသတ္...

By devil61002

846K 122K 11.4K

" ဘယ္ဇာတ္လိုက္ကို ရိုက္ခ်ခ်င္လည္း ဒီသခင္ေလးက စင္ေပၚကေန ကန္ခ်ေပးမယ္ " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်... More

Intro
Arc.1.1
Arc.1.2
Arc.1.3
Arc.1.4
Arc.1.5
Arc.1.6
Arc.1.7
Arc.1.8
Arc.1.9
Arc.1.10
Arc.1.11
Arc.1.12
Arc.1.13
Arc.1.15
Arc.1.16
Arc.1.17
Arc.1.18
Arc.1.19
Arc.1.20 End
Arc.2.1
Arc.2.2
Arc.2.3
Arc.2.4
Arc.2.5
Arc.2.6
Arc.2.7
Arc.2.8
Arc.2.9
Arc.2.10
Arc.2.11
Arc.2.12
Arc.2.13
Arc.2.14
Arc.2.15
Arc.2.16
Arc.2.17
Arc.2.18
Arc.2.19
Arc.2.20 End
Arc.3.1
Arc.3.2
Arc.3.3
Arc.3.4
Arc.3.5
Arc.3.6
Arc.3.7
Arc.3.8
Arc.3.9
Arc.3.10
Arc.3.11
Arc.3.12
Arc.3.13
Arc.3.14
Arc.3.15
Arc.3.16
Arc.3.17
Arc.3.18
Arc.3.19
Arc.3.20 End
Arc.4.1
Arc.4.2
Arc.4.3
Arc.4.4
Arc.4.5
Arc.4.6
Arc.4.7
Arc.4.8
Arc.4.9
Arc.4.10
Arc.4.11
Arc.4.12
Arc.4.13
Arc.4.14
Arc.4.15
Arc.4.16
Arc.4.17
Arc.4.18
Arc.4.19
Arc.4.20 End
Arc.5.1
Arc.5.2
Arc.5.3
Arc.5.4
Arc.5.5
Arc.5.6
Arc.5.7
Arc.5.8
Arc.5.9
Arc.5.10
Arc.5.11
Arc.5.12
Arc.5.13
Arc.5.14
Arc.5.15
Arc.5.16
Arc.5.17
Arc.5.18
Arc.5.19
Arc.5.20 End
Arc.6.1
Arc.6.2
Arc.6.3
Arc.6.4
Arc.6.5
Arc.6.6
Arc.6.7
Arc.6.8
Arc.6.9
Arc.6.10
Arc.6.11
Arc.6.12
Arc.6.13
Arc.6.14
Arc.6.15
Arc.6.16
Arc.6.17
Arc.6.18
Arc.6.19
Arc.6.20 End
Arc.7.1
Arc.7.2
Arc.7.3
Arc.7.4
Arc.7.5
Arc.7.6
Arc.7.7
Arc.7.8
Arc.7.9
Arc.7.10
Arc.7.11
Arc.7.12
Arc.7.13
Arc.7.14
Arc.7.15
Arc.7.16
Arc.7.17
Arc.7.18
Arc.7.19
Arc.7.20 End
Arc.8.1
Arc.8.2
Arc.8.3
Arc.8.4
Arc.8.5
Arc.8.6
Arc.8.7
Arc.8.8
Arc .8.9
Arc.8.10
Arc.8.11
Arc.8.12
Arc.8.13
Arc.8.14
Arc.8.15
Arc.8.16
Arc.8.17
Arc.8.18
Arc.8.19
Arc.8.20
Arc.8.21
Arc.8.22
Arc.8.23
Arc.8.24
Arc.8.25
Arc.8.26
Arc.8.27
Arc.8.28
Arc.8.29
Arc.8.30.End
Arc.9.1
Arc.9.2
Arc.9.3
Arc.9.4
Arc.9.5
Arc.9.6
Arc.9.7
Arc.9.8
Arc.9.9
Arc.9.10
Arc.9.11
Arc.9.12
Arc.9.13
Arc.9.14
Arc.9.15
Arc.9.16
Arc.9.17
Arc.9.19
Arc.9.18
Arc.9.20
Arc.9.21
Arc.9.22
Arc.9.23
Arc.9.24
Arc.9.25
Arc.9.26
Arc.9.27
Arc.9.28
Arc.9.29.End

Arc.1.14

5.9K 851 29
By devil61002

ေဟးခ်န္နဲ႔ လက္ေထာက္စစ္သူႀကီးသည္ အားရပါးရ စကားေျပာရင္း တဲထဲသို႔ ဝင္သြားၾကသည္ ။ ရွန္ယိ က ထိုေနရာသို႔ လက္ညိုးထိုးကာ ရြမ္းရီအား လွမ္းၾကၫ့္လိုက္ကာ " ကိုယ္ သြားလိုက္ရေတာ့မလား .." မ်က္ခံုးပင့္ၾကၫ့္လာသၫ့္ ရြမ္းရီေၾကာင့္ သူ႔လည္ပင္းထက္တြင္ ဘယ္ညာ တင္ထားသၫ့္ ဓားနွစ္လက္ကို မ်က္စပစ္ျပလိုက္သည္ ။ သူသည္ အနည္းငယ္ လႈပ္လိုက္သည္နဲ႔ အသက္နဲ႔ ကိုယ္ အိုးစားကြဲသြားလိမ့္မည္ ။ အဲ...ဝိညာဉ္နဲ႔ ကိုယ္ေပါ့ေလ...

ရြမ္းရီက ကိုယ္ရံေတာ္ တစ္ေယာက္အား ေဆးပုလင္းတစ္ခု ပစ္ေပးလိုက္ကာ " သူ႔ကို တိုက္လိုက္ "

' မဟုတ္ဘူး !! ငါေသာက္လို႔ မျဖစ္ဘူး .. ငါမ‌ေကာင္းတဲ့ အနံ႔တစ္ခုခုရေနတယ္..' သူသည္ အရင္ ခႏၶာကိုယ္သာ ျဖစ္ေနပါက ေတြေဝမေနဘဲ ေသာက္သံုးလိုက္မည္ ျဖစ္ေသာ္လည္း ယခု ေသသင့္ေနသၫ့္ ခႏၶာကိုယ္နဲ႔ေတာ့..

ေတြးမိလိုက္တာနဲ႔တင္ system ကို ဆဲခ်င္စိတ္ တဖြားဖြားေပၚလာေတာ့သည္ ။

အခုတင္ေလးလိုင္းတက္လာသၫ့္ system :"....."

ရွန္ယိက အနည္းငယ္ ေနာက္ဆုတ္လိုက္သျဖင့္ လည္ပင္းထက္တြင္ ေသြးစင္းေၾကာင္းက အထင္းသား ျဖစ္သြားေလသည္ ။ ေအးစက္စြာ ၾကၫ့္ေနသၫ့္ရြမ္းရီ ၏ အၾကၫ့္သည္ လႈတ္ခတ္သြားခဲ့ကာ ဝတ္ရံုလက္ထဲက လက္သီးကို ခပ္တင္းတင္း ဆုတ္လိုက္မိသည္ ။

" ရီ... အာ .. ကိုယ္ အဆိပ္ကလြဲရင္ အကုန္ေသာက္ႏိုင္တယ္ .. တကယ္ေတာ့ ကိုယ့္ကို ဒီလို မလုပ္ရင္ေတာင္ ကိုယ္က သစၥာရိွၿပီးသားပါ .. " သူက ဘာထပ္ေျပာရမွန္းမသိသျဖင့္ " ကိုယ္ကို လက္ထပ္ၿပီး ခ်ည္ေနွာင္ၾကၫ့္ပါလား ..ကိုယ့္မိန္းမကိုေတာ့ လံုးဝ သစၥာေစာင့္သိမွာပါ .."

တကယ္ပါ အဆိပ္ဆို ပိစိေလးေတာင္ ေသာက္မရလို႔ပါကြာ ..

" တိုက္လိုက္ေတာ့... ဒါက တစ္လတစ္ခါမွသာ အဆိပ္က ထမွာပါ .. မေသႏိုင္ေသးပါဘူး " ရြမ္းရီ က ထိုျမင္ကြင္းကို မၾကၫ့္လိုသျဖင့္ ေနာက္လွၫ့္ကာ ခံစားခ်က္မဲ့စြာေျပာလိုက္သည္ ။

ရွန္ယိ သည္ သူေသာက္ကို ေသာက္ရမည္ကို သိလိုက္ကာ ကိုယ္ရံေတာ္မ်ားကို လက္ကာ ျပလိုက္ကာ " ငါကိုယ္တိုင္ေသာက္မယ္ .. " သူက ပုလင္းအဆို႔ကို ျဖဳတ္လိုက္သည္ ။ ' အမေလး.. ၾကည္လင္ေနလိုက္တာ အဆိပ္မဟုတ္တဲ့ အတိုင္းဘဲ '

သူက ပုလင္းကို အသာေျမာက္ကာ ရြမ္းရီ ၏ ေက်ာျပင္အား ၾကၫ့္လ်က္ အေလးအနက္ေျပာလိုက္သည္ ။

" ကိုယ့္က မင္းအေပၚ သစၥာေဖာက္မွာမဟုတ္ဘူးဆိုတာကို သက္ေသျပဖို႔ ဒါေသာက္မွ ျဖစ္မယ္ ဆိုရင္ ကိုယ္ေသာက္မယ္ .. အေၾကာင္းအရင္းကို မေျပာႏိုင္ေပမဲ့ အဲ့ေန့က ထားခဲ့ရတာ မလြဲသာလို႔ပါ .. နာက်င္ေစမိရင္ ေတာင္းပန္ပါတယ္ .. " သူက ပုလင္းကို ႏူတ္ခမ္းထက္သို႔ ေတ့ကာ တိတ္တဆိတ္ေရရြတ္လိုက္သည္ ။ " မင္းအသိခ်င္ဆံုး ျဖစ္တဲ့ ကိုယ့္အားနည္းခ်က္က ခႏၶာကိုယ္က အဆိပ္ ခံႏိုင္ရည္ အရမ္း ညံ့ေနတာဘဲ "

" ဘာ!!! "

ရြမ္းရီသည္ ရွန္ယိ ၏ စကားေၾကာင့္ အနည္းငယ္ေပ်ာ့ညံ့သြားသၫ့္ စိတ္အား ေနာက္တစ္ႀကိမ္ ထပ္ထိုးႏွက္လိုက္သလို ၾကားလိုက္ရသၫ့္ စကားေၾကာင့္ လွၫ့္ၾကၫ့္ကာ တားရန္ ျပင္လိုက္ေသာ္လည္း ပုလင္းသည္ ေျမျပင္တြင္ က်ေနၿပီး ၿပံဳးကာ ၾကၫ့္ေနသၫ့္ ထိုသူကိုသာ ျမင္လိုက္ရသည္ ။

ရွန္ယိသည္ ရင္းႏွီးေနသၫ့္ ေသြးအရသာကို ခံစားလိုက္ရၿပီး ေသြးတစ္ဗြက္ အန္ထုတ္လိုက္ရသည္ ။ တစ္လၾကာမွ ထမၫ့္ အဆိပ္သည္ ခ်က္ခ်င္းကို ေကာက္ခါ ငင္ကာ ထ ေဖာက္ေလေတာ့သည္ ။ သူ႔ကိုယ္ တစ္ခုလံုး ကိုင္ရိုက္ထားသလိုနာက်င္မႈကို ခံစားလိုက္ရသည္ ။

ႏူးညံ့သၫ့္ လက္တစ္ဖက္သည္ သူ႔ကို လာတြဲသၫ့္ အခ်ိန္တြင္ ရွန္ယိ က သူေခါင္းသည္ အလြန္မူးေနွာက္လာသည္ဟု ခံစားလိုက္ရသည္ ။

/ ဂုဏ္ယူပါတယ္ host အခု အဆိပ္နဲ႔ေပါင္းၿပီး အရင္အဆိပ္ ျပန္ထလာတာပါ .. အဆိပ္ႏွစ္ခုက မၾကာခင္ေပါင္းၿပီး အဆိပ္အသစ္ ျဖစ္သြားပါလိမ့္မယ္ .. ကုသလို႔မရပါ /

"" ဒီေဖ!! အဲ့တာ ဂုဏ္ယူစရာလား "" ရွန္ယိ က ကိုယ္အား ရြမ္းရီ ၏ ရင္ခြင္ထဲသို႔ မွီခ်ရင္း စိတ္ေပါက္ေပါက္ျဖင့္ ျပန္ေျပာလိုက္သည္ ။

/ Host .. ရဲ့ ေသျခင္း ကံတရားကို အေသအခ်ာ သတ္မွတ္ ၿပီးသြားၿပီ ျဖစ္သျဖင့္ ..သဘာဝရဲ့ ေနာက္ထပ္ လုပ္ႀကံမႈေတြ လာေတာ့မွာ မဟုတ္ပါဘူး .. အဲ့ေတာ့ ေျဖမရတဲ့ အဆိပ္ကလြဲရင္ က်န္တာ လုပ္ခ်င္ လုပ္ႏိုင္ပါၿပီ ..  မေသခင္ အခ်ိန္ေလးမွာ တာဝန္ကို ၿပီးေျမာက္ေအာင္ ေဆာင္ရြက္ႏိုင္ပါေစ .. Good Luck host !! /

ရွန္ယိ က ဝတ္ရံု ေၾကာင့္ ခပ္ဖားဖား ျဖစ္ေနသၫ့္ ခါးသြယ္သြယ္ေလးကို တင္းၾကပ္စြာ ဖက္လိုက္ကာ ရင္ခြင္ထဲတိုးဝင္လိုက္သည္ ။ ' အားး ေလာကႀကီးက ေၾကာက္ဖို႔ေကာင္းလိုက္တာ '

ရြမ္းရီ သည္ ရွန္ယိ၏ လက္က ေသြးေၾကာကို စမ္းသပ္ရင္း မ်က္ေမွာင္ ၾကဳတ္လိုက္သည္ ။ သူက ခါးတြင္ေရာက္ေနသၫ့္ လက္ကိုပင္ သတိမထားမိလိုက္ေပ ။ ရွန္ယိ အား ေပြ့ခ်ီ လိုက္ကာ " သမားေတာ္ေခၚ ... "

' အား .. ဒီအနံ႔ေလး .. လြမ္းေနတာမွ လြန္ေရာ .. ရင္ခြင္ထဲကေတာင္ မထြက္ခ်င္ေတာ့ဘူး ' ေမ့ခ်င္ေယာင္ေဆာင္ေနသၫ့္ ရွန္ယိ က လမ္းတစ္ေလ်ွာက္လံုး ရြမ္းရီ သတိမထားမိသည္ကို အခြင့္ေကာင္းအျပၫ့္အဝ ယူေနေလရင္းျဖင့္ပင္ တကယ္ သတိေမ့သြားေတာ့သည္ ။ ' အဆိပ္က ငါ့ကို သတ္ေသခ်င္ေအာင္ လုပ္ေနတယ္ '

" ဘယ္လိုေနလဲ .. " ရြမ္းရီ က ေရ႔ွေလ်ွာက္ ေနာက္ေလ်ွာက္ လုပ္ကာ သမားေတာ္အား ေမးလိုက္သည္ ။ သူက သတိေမ့ေနသၫ့္ ရွန္ယိ ကို ၾကၫ့္ရင္း ေနာင္တရသၫ့္ စိတ္တို႔ ႀကီးစိုးလာသည္ ။ ' သတိရစမ္းကြာ .. သတိရရင္ ဒီဘုရင္က မင္းကို ခြင့္လႊတ္မယ္ ... '

သူ႔စိတ္ထဲမွ အသံကို ၾကားသၫ့္အလား ရွန္ယိ ၏ မ်က္ခြံမ်ား လႈပ္လာေလသည္ ။ အပ္စိုက္ေနသၫ့္ သမားေတာ္ႀကီးမွာ ေခြၽးပ်ံလာျပီး‌ေနာက္ အတန္ၾကာတြင္ သမားေတာ္က ထလိုက္ကာ ရြမ္းရီအား အရိုအေသေပးလိုက္သည္ ။ " အရွင္မင္းႀကီး .. ကိုယ္ရံေတာ္ရွန္ ရဲ့ ကိုယ္ထဲမွာ အဆိပ္လကၡဏာ မေတြ့ပါဘူး .. ဒါေပမဲ့ .. "

ရြမ္းရီ က ေမ့ေနဆဲ ရွန္ယိ၏ လက္တို႔ကို ဆုပ္ကိုင္လိုက္ကာ ေအးစက္စြာေျပာလိုက္သည္ ။ " ဆက္ေျပာ "

" ဒါေပမဲ့ .. ကိုယ္တြင္း အဂၤါေတြ တျဖည္းျဖည္း ပ်က္စီးလာတဲ့ လကၡဏာေတျြပေနပါတယ္.. ျဖစ္ႏိုင္တာ အျခားအဆိပ္တမ်ိဳးမ်ားလား ... ဒီသမားေတာ္က မေသခ်ာေသးတဲ့အတြက္ စံုစမ္းရပါဦးမယ္ .. " သမားေတာ္က အလြန္ရိုေသသၫ့္ အမႈအရာျဖင့္ ေျပာေလသည္ ။

ရြမ္းရီ က သမားေတာ္ကိုေခါင္းတခ်က္ၿငိမ့္ျပလိုက္ကာ " ေကာင္းၿပီ... " ၿပီးေနာက္ လက္ေဝ႔ွယမ္းကာ " အကုန္ထြက္သြားလို႔ရၿပီ ။ "

အကုန္ထြက္သြားၿပီးေနာက္ ရြမ္းရီ က ဆုပ္ကိုင္ထားသၫ့္ လက္ကို ပါးျပင္နား အသာကပ္လိုက္ကာ ေခါင္းကို အသာငံု႔လ်က္ " ေတာင္းပန္ပါတယ္ " ဟုသာ တဖြဖြ ေရရြတ္ေနခဲ့သည္ ။ သူ၏ အားနည္းသၫ့္ ပံုစံအား ဒီလူ ေရ႔ွမွာသာ ျပသမိခဲ့ျပန္သည္ ။

ရွန္ယိ က တိတ္တဆိတ္ မ်က္ရည္က်ေနသၫ့္ သူအား ေခါင္းကို ခပ္ဖြဖြ ပုတ္ေပးလိုက္ကာ အက္ကြဲေနသၫ့္ အသံျဖင့္ ေျပာလိုက္သည္ ။ " မင္းကို နာက်င္ေအာင္ လုပ္မိလို႔ ဒါက ကိုယ္နဲ႔ တန္တယ္လို႔ ထင္တယ္ "

မ်က္လႊာေလးကို အသာပင့္ကာ တအံ့တဩ ေမာ့ၾကၫ့္လာသၫ့္ မ်က္ဝန္းေလးမ်ားက အနည္းငယ္ နီရဲေနခဲ့ကာ လွပ အသက္ဝင္လြန္းလွသည္ ။

ရွန္ယိက သူ႔လက္ကို ဖယ္ကာ ထြက္သြားရန္ ျပင္ေနသၫ့္ ရြမ္းရီ ၏ ခါးအား အေနာက္မွ ဖက္လိုက္သည္ ။ " သေဘာက်တယ္... အမ်ားႀကီး.. " သူနဲ႔ အရပ္အတူျဖစ္ေနၿပီ ျဖစ္သၫ့္ သူ၏ ပုခံုးထက္သို႔ ပါးျပင္အပ္လိုက္ကာ

" စေတြ့ကတည္းကလို႔ မေျပာႏိုင္ေပမဲ့ .. သေဘာက်မိခဲ့တာ မင္းတစ္ေယာက္တည္းပါ ..မင္းကလြဲလို႔ အရင္ကလဲ မရိွခဲ့သလို ေနာက္လည္း ရိွမွာမဟုတ္ဘူး "

_______________________________________
အဆိပ္ေသာက္တာေတာင္ဒရမ္မာခင္းသြားေသာရွန္ယိပါ🙂

" နင္ဟာ seme ေတြကို  သိကၡာက်ေစတယ္ .."

ရွန္ယိ : " ထပ္ေျပာလိုက္ပါ " မ်က္ခံုးအသာပင့္ကာ ႏူးညံ့စြာ ၿပံဳးလ်က္ ..

"..." အရင္ဆံုး လည္ပင္းကို ေထာက္ထားတဲ့ ဓားေလး ဖယ္ေပးပါ ...🤕
----------
Suprise 🙄!!!
_________________________
Unicode

ဟေးချန်နဲ့ လက်ထောက်စစ်သူကြီးသည် အားရပါးရ စကားပြောရင်း တဲထဲသို့ ဝင်သွားကြသည် ။ ရှန်ယိ က ထိုနေရာသို့ လက်ညိုးထိုးကာ ရွမ်းရီအား လှမ်းကြည့်လိုက်ကာ " ကိုယ် သွားလိုက်ရတော့မလား .." မျက်ခုံးပင့်ကြည့်လာသည့် ရွမ်းရီကြောင့် သူ့လည်ပင်းထက်တွင် ဘယ်ညာ တင်ထားသည့် ဓားနှစ်လက်ကို မျက်စပစ်ပြလိုက်သည် ။ သူသည် အနည်းငယ် လှုပ်လိုက်သည်နဲ့ အသက်နဲ့ ကိုယ် အိုးစားကွဲသွားလိမ့်မည် ။ အဲ...ဝိညာဉ်နဲ့ ကိုယ်ပေါ့လေ...

ရွမ်းရီက ကိုယ်ရံတော် တစ်ယောက်အား ဆေးပုလင်းတစ်ခု ပစ်ပေးလိုက်ကာ " သူ့ကို တိုက်လိုက် "

' မဟုတ်ဘူး !! ငါသောက်လို့ မဖြစ်ဘူး .. ငါမ‌ကောင်းတဲ့ အနံ့တစ်ခုခုရနေတယ်..' သူသည် အရင် ခန္ဓာကိုယ်သာ ဖြစ်နေပါက တွေဝေမနေဘဲ သောက်သုံးလိုက်မည် ဖြစ်သော်လည်း ယခု သေသင့်နေသည့် ခန္ဓာကိုယ်နဲ့တော့..

တွေးမိလိုက်တာနဲ့တင် system ကို ဆဲချင်စိတ် တဖွားဖွားပေါ်လာတော့သည် ။

အခုတင်လေးလိုင်းတက်လာသည့် system :"....."

ရှန်ယိက အနည်းငယ် နောက်ဆုတ်လိုက်သဖြင့် လည်ပင်းထက်တွင် သွေးစင်းကြောင်းက အထင်းသား ဖြစ်သွားလေသည် ။ အေးစက်စွာ ကြည့်နေသည့်ရွမ်းရီ ၏ အကြည့်သည် လှုတ်ခတ်သွားခဲ့ကာ ဝတ်ရုံလက်ထဲက လက်သီးကို ခပ်တင်းတင်း ဆုတ်လိုက်မိသည် ။

" ရီ... အာ .. ကိုယ် အဆိပ်ကလွဲရင် အကုန်သောက်နိုင်တယ် .. တကယ်တော့ ကိုယ့်ကို ဒီလို မလုပ်ရင်တောင် ကိုယ်က သစ္စာရှိပြီးသားပါ .. " သူက ဘာထပ်ပြောရမှန်းမသိသဖြင့် " ကိုယ်ကို လက်ထပ်ပြီး ချည်နှောင်ကြည့်ပါလား ..ကိုယ့်မိန်းမကိုတော့ လုံးဝ သစ္စာစောင့်သိမှာပါ .."

တကယ်ပါ အဆိပ်ဆို ပိစိလေးတောင် သောက်မရလို့ပါကွာ ..

" တိုက်လိုက်တော့... ဒါက တစ်လတစ်ခါမှသာ အဆိပ်က ထမှာပါ .. မသေနိုင်သေးပါဘူး " ရွမ်းရီ က ထိုမြင်ကွင်းကို မကြည့်လိုသဖြင့် နောက်လှည့်ကာ ခံစားချက်မဲ့စွာပြောလိုက်သည် ။

ရှန်ယိ သည် သူသောက်ကို သောက်ရမည်ကို သိလိုက်ကာ ကိုယ်ရံတော်များကို လက်ကာ ပြလိုက်ကာ " ငါကိုယ်တိုင်သောက်မယ် .. " သူက ပုလင်းအဆို့ကို ဖြုတ်လိုက်သည် ။ ' အမလေး.. ကြည်လင်နေလိုက်တာ အဆိပ်မဟုတ်တဲ့ အတိုင်းဘဲ '

သူက ပုလင်းကို အသာမြောက်ကာ ရွမ်းရီ ၏ ကျောပြင်အား ကြည့်လျက် အလေးအနက်ပြောလိုက်သည် ။

" ကိုယ့်က မင်းအပေါ် သစ္စာဖောက်မှာမဟုတ်ဘူးဆိုတာကို သက်သေပြဖို့ ဒါသောက်မှ ဖြစ်မယ် ဆိုရင် ကိုယ်သောက်မယ် .. အကြောင်းအရင်းကို မပြောနိုင်ပေမဲ့ အဲ့နေ့က ထားခဲ့ရတာ မလွဲသာလို့ပါ .. နာကျင်စေမိရင် တောင်းပန်ပါတယ် .. " သူက ပုလင်းကို နူတ်ခမ်းထက်သို့ တေ့ကာ တိတ်တဆိတ်ရေရွတ်လိုက်သည် ။ " မင်းအသိချင်ဆုံး ဖြစ်တဲ့ ကိုယ့်အားနည်းချက်က ခန္ဓာကိုယ်က အဆိပ် ခံနိုင်ရည် အရမ်း ညံ့နေတာဘဲ "

" ဘာ!!! "

ရွမ်းရီသည် ရှန်ယိ ၏ စကားကြောင့် အနည်းငယ်ပျော့ညံ့သွားသည့် စိတ်အား နောက်တစ်ကြိမ် ထပ်ထိုးနှက်လိုက်သလို ကြားလိုက်ရသည့် စကားကြောင့် လှည့်ကြည့်ကာ တားရန် ပြင်လိုက်သော်လည်း ပုလင်းသည် မြေပြင်တွင် ကျနေပြီး ပြုံးကာ ကြည့်နေသည့် ထိုသူကိုသာ မြင်လိုက်ရသည် ။

ရှန်ယိသည် ရင်းနှီးနေသည့် သွေးအရသာကို ခံစားလိုက်ရပြီး သွေးတစ်ဗွက် အန်ထုတ်လိုက်ရသည် ။ တစ်လကြာမှ ထမည့် အဆိပ်သည် ချက်ချင်းကို ကောက်ခါ ငင်ကာ ထ ဖောက်လေတော့သည် ။ သူ့ကိုယ် တစ်ခုလုံး ကိုင်ရိုက်ထားသလိုနာကျင်မှုကို ခံစားလိုက်ရသည် ။

နူးညံ့သည့် လက်တစ်ဖက်သည် သူ့ကို လာတွဲသည့် အချိန်တွင် ရှန်ယိ က သူခေါင်းသည် အလွန်မူးနှောက်လာသည်ဟု ခံစားလိုက်ရသည် ။

/ ဂုဏ်ယူပါတယ် host အခု အဆိပ်နဲ့ပေါင်းပြီး အရင်အဆိပ် ပြန်ထလာတာပါ .. အဆိပ်နှစ်ခုက မကြာခင်ပေါင်းပြီး အဆိပ်အသစ် ဖြစ်သွားပါလိမ့်မယ် .. ကုသလို့မရပါ /

"" ဒီဖေ!! အဲ့တာ ဂုဏ်ယူစရာလား "" ရှန်ယိ က ကိုယ်အား ရွမ်းရီ ၏ ရင်ခွင်ထဲသို့ မှီချရင်း စိတ်ပေါက်ပေါက်ဖြင့် ပြန်ပြောလိုက်သည် ။

/ Host .. ရဲ့ သေခြင်း ကံတရားကို အသေအချာ သတ်မှတ် ပြီးသွားပြီ ဖြစ်သဖြင့် ..သဘာဝရဲ့ နောက်ထပ် လုပ်ကြံမှုတွေ လာတော့မှာ မဟုတ်ပါဘူး .. အဲ့တော့ ဖြေမရတဲ့ အဆိပ်ကလွဲရင် ကျန်တာ လုပ်ချင် လုပ်နိုင်ပါပြီ ..  မသေခင် အချိန်လေးမှာ တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ပါစေ .. Good Luck host !! /

ရှန်ယိ က ဝတ်ရုံ ကြောင့် ခပ်ဖားဖား ဖြစ်နေသည့် ခါးသွယ်သွယ်လေးကို တင်းကြပ်စွာ ဖက်လိုက်ကာ ရင်ခွင်ထဲတိုးဝင်လိုက်သည် ။ ' အားး လောကကြီးက ကြောက်ဖို့ကောင်းလိုက်တာ '

ရွမ်းရီ သည် ရှန်ယိ၏ လက်က သွေးကြောကို စမ်းသပ်ရင်း မျက်မှောင် ကြုတ်လိုက်သည် ။ သူက ခါးတွင်ရောက်နေသည့် လက်ကိုပင် သတိမထားမိလိုက်ပေ ။ ရှန်ယိ အား ပွေ့ချီ လိုက်ကာ " သမားတော်ခေါ် ... "

' အား .. ဒီအနံ့လေး .. လွမ်းနေတာမှ လွန်ရော .. ရင်ခွင်ထဲကတောင် မထွက်ချင်တော့ဘူး ' မေ့ချင်ယောင်ဆောင်နေသည့် ရှန်ယိ က လမ်းတစ်လျှောက်လုံး ရွမ်းရီ သတိမထားမိသည်ကို အခွင့်ကောင်းအပြည့်အဝ ယူနေလေရင်းဖြင့်ပင် တကယ် သတိမေ့သွားတော့သည် ။ ' အဆိပ်က ငါ့ကို သတ်သေချင်အောင် လုပ်နေတယ် '

" ဘယ်လိုနေလဲ .. " ရွမ်းရီ က ရှေ့လျှောက် နောက်လျှောက် လုပ်ကာ သမားတော်အား မေးလိုက်သည် ။ သူက သတိမေ့နေသည့် ရှန်ယိ ကို ကြည့်ရင်း နောင်တရသည့် စိတ်တို့ ကြီးစိုးလာသည် ။ ' သတိရစမ်းကွာ .. သတိရရင် ဒီဘုရင်က မင်းကို ခွင့်လွှတ်မယ် ... '

သူ့စိတ်ထဲမှ အသံကို ကြားသည့်အလား ရှန်ယိ ၏ မျက်ခွံများ လှုပ်လာလေသည် ။ အပ်စိုက်နေသည့် သမားတော်ကြီးမှာ ချွေးပျံလာပြီး‌နောက် အတန်ကြာတွင် သမားတော်က ထလိုက်ကာ ရွမ်းရီအား အရိုအသေပေးလိုက်သည် ။ " အရှင်မင်းကြီး .. ကိုယ်ရံတော်ရှန် ရဲ့ ကိုယ်ထဲမှာ အဆိပ်လက္ခဏာ မတွေ့ပါဘူး .. ဒါပေမဲ့ .. "

ရွမ်းရီ က မေ့နေဆဲ ရှန်ယိ၏ လက်တို့ကို ဆုပ်ကိုင်လိုက်ကာ အေးစက်စွာပြောလိုက်သည် ။ " ဆက်ပြော "

" ဒါပေမဲ့ .. ကိုယ်တွင်း အင်္ဂါတွေ တဖြည်းဖြည်း ပျက်စီးလာတဲ့ လက္ခဏာတြွေပနေပါတယ်.. ဖြစ်နိုင်တာ အခြားအဆိပ်တမျိုးများလား ... ဒီသမားတော်က မသေချာသေးတဲ့အတွက် စုံစမ်းရပါဦးမယ် .. " သမားတော်က အလွန်ရိုသေသည့် အမှုအရာဖြင့် ပြောလေသည် ။

ရွမ်းရီ က သမားတော်ကိုခေါင်းတချက်ငြိမ့်ပြလိုက်ကာ " ကောင်းပြီ... " ပြီးနောက် လက်ဝှေ့ယမ်းကာ " အကုန်ထွက်သွားလို့ရပြီ ။ "

အကုန်ထွက်သွားပြီးနောက် ရွမ်းရီ က ဆုပ်ကိုင်ထားသည့် လက်ကို ပါးပြင်နား အသာကပ်လိုက်ကာ ခေါင်းကို အသာငုံ့လျက် " တောင်းပန်ပါတယ် " ဟုသာ တဖွဖွ ရေရွတ်နေခဲ့သည် ။ သူ၏ အားနည်းသည့် ပုံစံအား ဒီလူ ရှေ့မှာသာ ပြသမိခဲ့ပြန်သည် ။

ရှန်ယိ က တိတ်တဆိတ် မျက်ရည်ကျနေသည့် သူအား ခေါင်းကို ခပ်ဖွဖွ ပုတ်ပေးလိုက်ကာ အက်ကွဲနေသည့် အသံဖြင့် ပြောလိုက်သည် ။ " မင်းကို နာကျင်အောင် လုပ်မိလို့ ဒါက ကိုယ်နဲ့ တန်တယ်လို့ ထင်တယ် "

မျက်လွှာလေးကို အသာပင့်ကာ တအံ့တဩ မော့ကြည့်လာသည့် မျက်ဝန်းလေးများက အနည်းငယ် နီရဲနေခဲ့ကာ လှပ အသက်ဝင်လွန်းလှသည် ။

ရှန်ယိက သူ့လက်ကို ဖယ်ကာ ထွက်သွားရန် ပြင်နေသည့် ရွမ်းရီ ၏ ခါးအား အနောက်မှ ဖက်လိုက်သည် ။ " သဘောကျတယ်... အများကြီး.. " သူနဲ့ အရပ်အတူဖြစ်နေပြီ ဖြစ်သည့် သူ၏ ပုခုံးထက်သို့ ပါးပြင်အပ်လိုက်ကာ

" စတွေ့ကတည်းကလို့ မပြောနိုင်ပေမဲ့ .. သဘောကျမိခဲ့တာ မင်းတစ်ယောက်တည်းပါ ..မင်းကလွဲလို့ အရင်ကလဲ မရှိခဲ့သလို နောက်လည်း ရှိမှာမဟုတ်ဘူး "

_______________________________________
အဆိပ်သောက်တာတောင်ဒရမ်မာခင်းသွားသောရှန်ယိပါ🙂

" နင်ဟာ seme တွေကို  သိက္ခာကျစေတယ် .."

ရှန်ယိ : " ထပ်ပြောလိုက်ပါ " မျက်ခုံးအသာပင့်ကာ နူးညံ့စွာ ပြုံးလျက် ..

"..." အရင်ဆုံး လည်ပင်းကို ထောက်ထားတဲ့ ဓားလေး ဖယ်ပေးပါ ...🤕
_________________________
Suprise 🙄!!!

Continue Reading

You'll Also Like

980K 35.4K 42
🚨 ဒီ Fic မှာ Adult Scences တွေပါဝင်တာကြောင့် မကြိုက်တဲ့လူများရှောင်ဖို့ ကြိုတင်အသိပေးပါတယ်နော် 🚨 🚨 ဒီ Fic မွာ Adult Scences ေတြပါဝင္တာေၾကာင့္ မႀက...
433K 26.4K 65
သောက်မြင်ကပ်ပုဒ်မဖြင့်လက်ထပ်ယူရန်ဂျစ်တူးတစ်ယောက်အားရွာသို့ခေါ်လာမိသောအခါ(╥﹏╥) #photo crd အပိုင်း5က အပိုင်း20ရဲ့အောက်မှာရှိပါတယ်..
6.6M 433K 94
Hanary Victor + Loon Tar Nay San
165K 17.1K 108
ဘာသာပြန်သူ - စွဲညို့အသင်း