"အား... ဒါ စုံတွဲတက်တူးကြီးမလား"
ကျောပိုးအိတ်ထဲ စာအုပ်တွေထည့်နေတုန်း ဘေးကထွက်လာတဲ့အသံစူးစူး။ ရဲဘုန်း၊ ဖြိုးလေးနဲ့ ကျွန်တော်တို့ သုံးယောက်လုံး ဘေးက စန္ဒာဇော်ဝင်းတို့ဝိုင်းဆီ လှည့်ကြည့်မိ၏။ စန္ဒာဇော်ဝင်းမျက်နှာကအပြုံးစစနဲ့အတူ ခပ်ပင့်ပင့်။ သွေးကြောစိမ်းဖန့်ဖန့်ယှက်ဖြာနေတဲ့လက်ကောက်ဝတ်ပေါ်မှာတော့ အနီရဲရဲနှလုံးသားငယ်ကိုခွဲဖြာထွက်လာတဲ့ရင်ခုန်သံပြသင်္ကတတို့နဲ့ တက်တူးငယ်ငယ်။
"နင့်ကိုကြီး ဟိုနေ့က profile cover ပြောင်းထားလို့ ငါမြင်လိုက်တယ်နော် မိစန္ဒာ"
သူတို့အဖွဲ့က မိန်းကလေးတွေရဲ့အသံက ကျွတ်စီညံလာ၏။ နှုတ်ခမ်းပေါ် အရောင်ရင့်တွေသာတင်တတ်တဲ့ စန္ဒာဇော်ဝင်းနှုတ်ခမ်းတို့က ဒီနေ့မှာတော့ အပြုံးနုနုတို့နဲ့အတူပန်းသွေးရောင်ဖျော့ဖြစ်နေသည်။
"ရည်းစားမထားဖူးမှန်း သိပ်သိသာတာနော်။ သူခိုးရွှေရ တပြပြကိုဖြစ်လို့"
ဖြိုးလေးက ရှေ့တန်းကယောက်ျားလေးအဖွဲ့ကိုကြည့်ပြီး အသံကျယ်ကျယ်နဲ့ လှမ်းအော်၏။ အခန်းပြင်ထွက်ဖို့ပြင်နေတဲ့ကောင်တွေမျက်နှာက ပြုံးစိစိဖြစ်သွားကြသည်။ တစ်ဖက်မှာ ပစ္စည်းတစ်ခုနဲ့တစ်ခု အရှိန်ပြင်းပြင်းထိခတ်သံက ဝုန်းခနဲထွက်လာ၏။
"နင် ဘာပြောတာလဲ မသာ!"
စန္ဒာဇော်ဝင်းဝုန်းခနဲထရပ်၏။ နှလုံးသားငယ်တက်တူးရှိရာ လက်တစ်ဖက်က ကျွန်တော်တို့တည့်တည့်ဦးတိုက်နေသည်။ ကြည်နူးပြုံးနဲ့နူးညံ့နေဟန်ရှိခဲ့တဲ့နှုတ်ခမ်းထောင့်စွန်းတစ်ဖက်က ဒလိမ့်ခေါက်ကွေး။ ဖြိုးလေး လျှာထုတ်ပြောင်ပြတာက ကောက်ရိုးကိုမီးမြိုက်လိုက်သည့်နှယ်ဖြစ်သွားပုံရသည်။
"ရွှေမရှိ၊ ငွေမရှိတွေက ပြစရာမရှိတော့ ရှိတဲ့လူကိုကြိတ်လောင်တာပေါ့"
"ဥစ္စာတွေပေါလွန်းကို ဘယ်ဟာပြရမှန်းမသိဖြစ်နေတာဆို ပိုမှန်မယ် ညီမလေး"
"လဲသေလိုက် မသာ!"
"မသေနိုင်သေးပါဘူး။ ဆေးကျောင်းသားလေးကိုချစ်မိတာအပြစ်မရှိတဲ့ညီမလေးတွေအတွက် စာပြန်ပေးရဦးမယ်"
ဖြိုးလေးရဲ့ပြောင်စပ်စပ်မျက်နှာကို ထိမိမိတ်ဆက်သွားတဲ့ note စာအုပ်။ အမြဲသတ်နေတဲ့ ဖြိုးလေးနဲ့ စန္ဒာဇော်ဝင်းကို ဝိုင်းကြည့်လို့ရယ်နေကြပြီး ဘယ်သူမှလည်းဝင်မဆွဲဖြစ်။
"နင် လက်မပါနဲ့နော် မိန်းကလေးဖြစ်ပြီးတော့။ ငါလုပ်လိုက်ရင် နင်သေတော့မယ်! ရဲဘုန်း၊ နေသော် ငါလက်လွန်သွားရင်တောင်ဝင်မဆွဲနဲ့နော်။ ဟာ ဒီကောင်မလေးတော့!"
ဖြိုးလေးက ကျိန်း၏။ တကယ်တမ်း ထုရိုက်ခံနေရတာလည်း ဖြိုးလေးပဲဖြစ်သည်။ ရယ်သံတွေက ထုရိုက်ဆဲဆိုသံတွေကိုဖုံးအုပ်သွားပြန်၏။ ကျွန်တော်နဲ့ရဲဘုန်းနှစ်ယောက်လုံး ပစ္စည်းတွေသိမ်းဆည်းပြီးလို့ ကျောပိုးအိတ်ကောက်လွယ်လိုက်မှ စန္ဒာဇော်ဝင်းက သူ့အတန်းဘက်ပြန်လှည့်သွားသည်။ ဖြိုးလေးက ထိုင်ခုံတန်းမှာ အထုအရိုက်ခံထားရလို့ပုပ်အက်အက်မျက်နှာပေးနဲ့ပက်လက်လှန်နေတုန်း...။
"အဲ့ပေ့ချ်က နင့်ထက် နေသော့်ဆီပို့တဲ့စာတွေသာများတာပါ။ နေသော်ကတောင် ဘာမှမပြောရဘူး။ ဒါနဲ့ နေသော်..."
လှေကားတစ်ထစ်ဆင်းပြီးမှ စန္ဒာဇော်ဝင်းဘက်ပြန်လှည့်ကြည့်ရသည်။
"အဲ့ပေ့ချ်ကို like လုပ်ထားတဲ့အထဲ ဇာမဏိဆိုတာတွေ့လို့လေ။ ဝင်ကြည့်တော့လည်း နင်နဲ့ friend။ အဲ့ဒါ ရေကြောင်းက ကြောင်လျှာသီးလေးမလား"
"ဘယ်ပေ့ချ်ကိုပြောနေတာလဲ"
"ဆေးကျောင်းသားလေးကိုချစ်မိတာအပြစ်လားပေ့ချ်လေဟာ အခုပဲပြောနေတာကို"
"မသိဘူး"
"မသိရင် နင့်ကို mention ခေါ်ထားလိုက်တယ်"
"ရှုပ်ရှုပ်ယှက်ယှက်တွေဟာ"
"အမယ်လေး နင့်ခေတ်ဆိုတော့လည်း ပြောနိုင်တာပေါ့ ပြော ပြော"
ဖုန်းကမခွာတဲ့ စန္ဒာဇော်ဝင်းအကြည့်တို့က ကျွန်တော့်ဆီဝေ့ကြည့်သွားတာ ဆောင့်ဆောင့်အောင့်အောင့်။ ဘောင်းဘီနောက်အိတ်ထဲထည့်ထားတဲ့ဖုန်းက vibrate သံနဲ့တုန်ခါလာ၏။ သေချာတယ် စန္ဒာဇော်ဝင်း mention ခေါ်နေတာတွေ noti တက်လာတာဖြစ်ရမည်။ သူပြောတဲ့ပေ့ချ်ကို ကျွန်တော်သိသည်။ သိပ်မကြာသေးခင်ကမှ မိန်းကလေးတွေကြားထဲအပျော်သဘောနဲ့ပေါ်လာတဲ့ပေ့ချ်တစ်ခုဖြစ်ပြီး ဆေးကျောင်းသားတွေနဲ့ဆိုင်တဲ့သီချင်းတွေ၊ ခံစားချက်အတိုအထွာလေးတွေတင်ပြီး စစနောက်နောက်ဖီးလ်နေကြတာမျိုး။ ရံဖန်ရံခါ ဘယ်ဆေးတက္ကသိုလ် ဘယ်အတန်းကဘယ်သူ့ဆီဆိုတဲ့စာမျိုးတွေလည်း by name တပ်တပ်ပြီးတင်တာမြင်၏။ သိနေမြင်နေပေမယ့် ဇာမဏိ like လုပ်ထား၊ မလုပ်ထားကိုတော့ သတိမထားမိပါ။ ဒီဆင်ကြယ်စိမ်းကလည်း ကိုယ့်ကျောင်းနဲ့ဆိုင်တဲ့ပေ့ချ်မဟုတ်ပါဘဲ ဘာကိစ္စ like လုပ်ထားသလဲ။
"အိမ်ပြန်ဖို့စောသေးတယ်။ တစ်နေရာရာ လိမ့်မလား နေသော်"
အတန်းထဲကထွက်လိုက်တာနဲ့ ဖြိုးလေးခြေလှမ်းတွေကမြှောက်ကြွနေ၏။ စန္ဒာဇော်ဝင်းနဲ့ရန်ဖြစ်သတ်ဖြတ်ခဲ့တာ သူမဟုတ်တော့သလို။
"အခုတလော ညီမလေးကိုမကြိုဖြစ်တာကြာပြီ။ မာမီ့ကားပဲလွှတ်နေရတာ။ ဒီနေ့တော့ ငါသွားလိုက်ဦးမယ်"
"ငါလည်း ဘယ်မှသွားလို့မရဘူး။ ငါ့အစ်ကို gym ခန်းအသစ်ဖွင့်ဖို့လုပ်နေလို့။ ညနေကျ ဆိုင်သွားစောင့်ပေးရဦးမယ်"
ရဲဘုန်းပါငြင်းလိုက်တာမို့ ဖြိုးလေးမျက်နှာရှုံ့မဲ့သွား၏။
"မင်းတို့ကောင်တွေ ငါ့ကိုမချစ်တော့တာ သိပါတယ်။ ဒီနှစ်ထဲ အမြဲရှောင်ဖယ်ရှောင်ဖယ်နဲ့"
"မျက်နှာဆိုးနဲ့ ဒွမ်မာချိုးမနေနဲ့။ မသနားဘူး"
ရဲဘုန်းက သူ့ဝသီအတိုင်း အားမနာတမ်းဝေဖန်၏။ စန္ဒာဇော်ဝင်းနဲ့သတ်ခဲ့တဲ့ ဖြိုးလေးလက်ကျန်အရှိန်က ရဲဘုန်းကျောပြင်ပေါ်ရောက်သွားသည်။ တက္ကသိုလ်ရဲ့အငွေ့အသက်က theatre ထဲကထွက်လာကြတဲ့ကျောင်းသားကျောင်းသူတို့ရဲ့ပုခုံးနှစ်ဖက်ပေါ် ရနံ့ထုံထုံကူးလူးခုန်ပေါက်နေကြ၏။ ရယ်သံတွေက ပျိုမြစ်နုနယ်မှုတို့ကို စက္ကန့်လက်တံတွေနဲ့ထပ်ကြပ်မကွာ မှတ်တမ်းတင်ပေးနေသည်။
ရေကြောင်းတက္ကသိုလ်ဝင်းထဲ ကားကွေ့လိုက်ချိန် မိုးသားတိမ်မဲလွှာတို့က ကောင်းကင်ယံထက်မှာ အဆုပ်လိုက်အခဲလိုက်ရွေ့လျားနေ၏။ မေလကိုစွန့်ခွာခါနီး နေ့ရက်တို့ထဲ ဇွန်လရဲ့ ကနဦးမိုးပြေးရနံ့တို့ထုံလွှမ်းလာနေကြသည်။ ညီမလေးဖုန်းက ဆက်သွယ်မှုဧရိယာပြင်ပကနေ ပြန်ဝင်မလာသေး။ စာပို့တော့လည်း တော်တော်နဲ့မရောက်။ ဖယ်ရီမစီးတဲ့ကျောင်းသားအချို့ ကျောင်းဆောင်တွေထဲက တရွေ့ရွေ့ထွက်လာကြတာကို မြင်နေရသည်။ ညီမလေးကို လိုက်ပို့ရင်း ခြေချဖူးတဲ့ ကျောင်းဆောင်ပရဝုဏ်ထဲခြေချဖြစ်၏။ သင်ယူရတဲ့ဘာသာရပ်တွေမတူညီပေမယ့် တက္ကသိုလ်ဆိုတဲ့ဖြစ်တည်မှုက မည်သည့်ကျောင်းသားကိုမဆို နွေးထွေးစွာ ကြိုဆိုပွေ့ဖက်တတ်မြဲ။ ပင်မဝင်ပေါက်ကိုဖြတ်ကျော်သွားတာနဲ့ သုံးထပ်ကျောင်းဆောင်ရဲ့ အောက်ဆုံးထပ်မှာရှိနေတဲ့ ပထမနှစ်အခန်းတွေကိုလှမ်းမြင်နေရသည်။ တချို့အခန်းတွေမှာ ကျောင်းသားတစ်ယောက်မှမရှိ။
ခြေလှမ်းတွေကိုတစ်လှမ်းချင်းနှေးနှေးလှမ်းဝင်နေတုန်း မျက်နှာချင်းဆိုင်ကျောင်းဆောင်ဘက်က ပြေးထွက်လာတဲ့ကျောင်းသားတွေကို မြင်နေရသည်။ ကော်ရစ်ဒါတစ်လျှောက်ပြည့်လျှံထွက်လာတဲ့စကားသံတွေကြောင့် ကျွန်တော့်နှုတ်ခမ်းတွေ တည်မထားနိုင်။ ငယ်ရွယ်သူတွေဆောင်ကျဥ်းတဲ့လေပြည်လေညှင်းတို့က ကျွန်တော့်ထံပါးရှပ်တိုက်ပြေးလွှားလာ၏။ မြင်ကွင်းကပန်းချီကားတစ်ချပ်လို ကျွန်တော်ငေးနေမိဆဲ။ အားကစားဘက်ကိုလည်းအလေးထားတတ်လို့ နဂိုထက်ကျယ်ပြန့်လာတဲ့ ပုခုံးနှစ်ဖက်ကြောင့် ရှပ်အင်္ကျီတို့ကလည်းအရင်လိုချောင်ချိမနေတော့။ စာအုပ်တွေအထပ်လိုက်ပိုက်လို့ စတိုင်ပန်ထဲကထွက်ကျနေတဲ့ ရှပ်အစွန်းတစ်ဖက်ကိုကျော်ကြည့်ရင် ဒူးအောက်ခြေသလုံးတစ်ဝက်ထိ ဘောင်းဘီအောက်အနားစတစ်ဖက်ကိုလျော့တိလျော့ရဲလိပ်တင်ထားတဲ့အဲ့ဒီလူက ဒီမြင်ကွင်းထဲ လုံးလုံးလျားလျားဝင်ရောက်လာချိန်ထိ...။
"အစ်ကို ရောက်နေတယ်!"
ကျွန်တော့်ရှေ့ခြေစုံရပ်လာတဲ့သူကိုရော မလှုပ်မယှက်ရပ်နေတဲ့ကျွန်တော့်ကိုပါ မျက်လုံးတွေဝင့်ပြီး အထူးအဆန်းငေးကြည့်သွားကြ၏။ ဆင်ကြယ်ကြက်ပေါင်စိမ်းနဲ့ ဖရိုဖရဲသူ့ပုံစံကြောင့် ကျွန်တော့်မြင်ကွင်းလှုပ်ရှားသက်ဝင်သွားသည်။
"ဘယ်တုန်းတည်းကရောက်နေတာလဲ"
"ခုနကပဲ။ ညီမလေးဖုန်းက ဧရိယာပြင်ပဖြစ်နေလို့ ဝင်လာတာ"
"ဘရဏီတို့အတန်းဝင်မယ့်ဆရာ မလာလို့ တချို့ဆိုပြန်သွားကြပြီ။ သူနဲ့တွဲနေကျသူငယ်ချင်းတွေကိုတော့ ကန်တင်းဘက်ထွက်သွားတာ တွေ့လိုက်တယ်။ အဲ့ဘက်သွားကြည့်မလား အစ်ကို"
"သွားမယ်လေ။ မင်းကရော အတန်းမရှိတော့ဘူးလား"
"အတန်းကပြီးပြီ။ ဒီနေ့ ကွန်ပျူတာချိန်ကနောက်ဆုံးပဲ"
"ဇော်ထက်ရော မမြင်ပါလား။ ကျောင်းမလာတာလား"
"မဟုတ်ဘူး။ ဆရာမဆီ assignment စာအုပ်တွေ သွားပို့နေလို့။ ဟိုမှာ ဘရဏီ့သူငယ်ချင်း အဂီတို့"
နေ့လယ်စာချိန်ကျော်နေပြီဖြစ်တဲ့ကန်တင်းမှာက ညီမလေးသူငယ်ချင်း အဂီတို့တစ်ဝိုင်းသာရှိသည်။ ကန်တင်းထဲဝင်လာတဲ့ ကျွန်တော်နဲ့ဇာမဏိရဲ့ခြေသံနှစ်ခုက သောက်စရာကိုယ်စီနဲ့အေးချမ်းနေတဲ့လက်ဖက်ရည်ဝိုင်းလေးထဲလိမ့်ဝင်သွား၏။
"အယ်...အစ်ကိုနေသော်"
အဂီ့မျက်ဝန်းဝိုင်းတွေက အံ့သြတကြီးနဲ့ ကျွန်တော့်ထံပါးဦးတည်လာသည်။ ဆံနွယ်ရှည်တွေဝဲခနဲဖြစ်သွားတဲ့ထိလှည့််ကြည့်လာသူကမေပျိုနဲ့ မျက်နှာရင်းနှီးနေသည့်မိန်းကလေးသုံးယောက် အားလုံးသောအကြည့်တွေကကျွန်တော့်ဆီတည့်တည့်။ ယောက်ျားလေးနှစ်ယောက်ဝင်လာတဲ့လေထုက ကသိကအောက်ဖြစ်သွားပုံရသည်။ ကျွန်တော်တို့ကိုမမြင်ခင် ရယ်မောခဲ့ကြသည့်နှုတ်ခမ်းတို့ကရှိုးတို့ရှန်းတန်း။ အကြည့်တွေကစားပြီး ညီမလေးကိုရှာရင်း ကျွန်တော့်ဘက်ကပဲ စကားစလိုက်ရ၏။
"အတန်းမရှိတော့ဘူးဆို"
"ဟုတ်တယ် အစ်ကို"
"ကိုယ့်ညီမလေးဖုန်းက ခေါ်မရလို့။ လိုင်းမမိဘူးထင်တယ်"
"ဘရဏီက ပြန်သွားပြီ အစ်ကိုရ"
အဂီ့ပုံစံက မြင်နေကျအတိုင်းပြန်သွက်လက်လာ၏။
"ပြန်သွားပြီဆိုတော့ ဘာနဲ့ပြန်သွားတာလဲ။ နေမကောင်းလို့လား"
"ဟုတ်တယ်။ နေမကောင်းဘူး။ ခေါင်းကိုက်နေတာလို့ပြောတယ်။ အဲ့ဒါအတန်းကလည်းစောစောပြီးသွားတော့ လမ်းကြောင်းတူတဲ့သူငယ်ချင်းကားနဲ့ပြန်လိုက်သွားတယ်"
"အာ...ဘရဏီက ကိုယ့်ကိုဖုန်းဆက်ရမှာကို။ ကျေးဇူးနော် အဂီ။ နောက် ဘရဏီတစ်ခုခုဆို ကိုယ့်ဆီဖုန်းခေါ်ပေးပါလား။ ကိုယ်တို့ဖုန်းနံပါတ်လဲထားလို့အဆင်ပြေလား"
"ဟုတ် ပြေတယ် အစ်ကို...အာ..."
ဖုန်းထုတ်ပြီးကာမှ အဂီ့ မျက်လုံးတွေကမေပျို့ဆီရွေ့သွားသည်။
"အဂီ့နံပါတ်အစ်ကိုယူထားနော်။ အဂီ့ဖုန်းက အားကုန်နေလို့ အစ်ကို့နံပါတ်ကို မေပျို့ဆီမှတ်လိုက်မယ်"
အဂီနဲ့မေပျို့အကြားက အပြုံးနဲ့အသံတိတ်ဆက်သွယ်မှုတစ်ချို့က လျှပ်တပြတ်ဆန်၏။ အဂီ့နံပါတ်ကိုမှတ်ပြီးကာမှ ထပ်ဝင်လာတဲ့ missed call နံပါတ်ရဲရဲကို Contact list ထဲမထည့်ဖြစ်။ ကိုယ်တိုင်သာသိတဲ့အမှန်တရားအတွက် အားနာပြုံးတစ်ခုသာတုန့်ပြန်နိုင်ခဲ့၏။ တွေ့စကထက်ထင်ရှားလာတတ်တဲ့အပြုံးတွေက ရင်းနှီးမှုအကွာအဝေးတွေအတွက် အတိုးအလျော့လုပ်နေခဲ့ပေမယ့် ဆံနွယ်ရှည်မျက်ဝန်းနက်တွေက ကျွန်တော့်ကမ္ဘာမှာဘယ်တော့မှ ရှင်သန်မှာမဟုတ်တဲ့ မျိုးစေ့တွေသာဖြစ်လို့နေမြဲ။
အလာမှာမြင်ခဲ့ရတဲ့ တိမ်စိုင်ထုတို့က အခုတော့ အပူပေးခံလိုက်ရတဲ့ရေခဲတုံးလို မိုးစက်တွေအဖြစ်အရှိန်ပြင်းပြင်းခုန်ဆင်းချနေကြသည်။ ကန်တင်းကပြန်ထွက်လာတော့ပဲ မိုးရေစက်တွေက မြည်သံပေးပြီး လောကတစ်ခွင်ကိုစိုးမိုးသွားခဲ့သည်။ နေ့အလင်းရောင်ပင် ညနေခင်းနှောင်းပိုင်းကျနေလောက်အထိမှိန်ဖျော့ဖျော့သာရှိတော့သည်။ မေလရဲ့လက်ကျန်အပူငွေ့တို့ကို ဝါးမြိုသွားပြီး သစ်ပင်၊ သစ်ရွက်တို့ကိုအေးမြခြင်းတွေနဲ့လွှမ်းမိုးခြယ်လှယ်၏။ main building ရှေ့က ကားရပ်ထားရာဆီကို ပြေးမသွားနိုင်လောက်အောင် မိုးစက်တွေရဲ့အအေးဓါတ်ကကြီးမားနေခဲ့သည်။
"အစ်ကို လာ"
အစိမ်းရင့်ရောင်လေးထောင့်ကွက်တို့နဲ့ခေါက်ထီးတိုတိုက ကျွန်တော့်အပေါ်အုပ်မိုးလာ၏။
"ဘယ်ကသွားငှားလာတာလဲ"
"မငှားရပါဘူး။ ကျွန်တော်ထိုင်နေကျခုံအောက်ထဲအမြဲထည့်ထားတာ။ အညာနွေကိုခံနိုင်ပေမယ့် ရန်ကုန်မိုးကိုကြောက်လို့"
"ထီး ကိုယ့်ကိုပေးလေ။ မင်းမှာစာအုပ်တွေနဲ့"
"ရတယ်။ စာအုပ်ကိုင်ပေးပါလား။ အစ်ကို ထီးကိုင်ရင် ကျွန်တော်အရပ်မလွတ်လောက်ဘူး"
"ကိုယ့်အရပ် ၅ပေ၁၀နော်။ ပုမနေဘူး။ မင်းသာ အခွန်မဆောင်ရတိုင်းကြီးထွားလာတာ"
"ကျွန်တော် ဘာမှမပြောဘူးလေ"
"ပြောချင်နေတာ သိတယ်။ စာအုပ်တွေပေး"
"ထီးကသေးနေတယ်နော် အစ်ကို"
ညီမလေးဆီ မြင်ဖူးနေကျမို့ မစိမ်းသက်တဲ့ IELTS စာအုပ်တွေ လက်တစ်ဖက်နဲ့ပွေ့ယူနေတုန်း ပုခုံးတစ်ဖက်ပေါ်အုပ်ကိုင်လာသည့် လက်ဖဝါးနွေးနွေး။ ရင်ဘတ်ကျယ်နဲ့ထိကပ်သွားသည့်ပုခုံးတစ်ဖက်ကလည်း တင်းတင်းကြပ်ကြပ်။ ယောက်ျားလေးနှစ်ယောက်ဆောင်းဖို့ မလုံလောက်တဲ့ထီးအမိုးကို ခပ်ပင့်ပင့်မေးဆတ်ပြရင်း ပြောသည့်စကား။ ကျွန်တော့်ကိုငုံ့မိုးချင်သလိုဖြစ်နေသူကြောင့် မျက်နှာကိုမမော့မိတော့။ ပြိုင်တူခြေချမိတဲ့ခြေလှမ်းတို့ညီညာသွား၏။ မိုးစက်တွေ အလုအယက်ဦးတိုက်လာတဲ့ ခြေလှမ်းတို့က ရွှဲရွှဲနစ်နစ်။ မိုးစက်ပွင့်တွေကနေ တွန်းထိုးရုန်ကန်ထွက်လာတဲ့မိုးစက်မှုန်တို့က ကျွန်တော်တို့နှစ်ယောက်ကိုသိုင်းခြုံကပ်ငြိနေပေမယ့် အအေးဓါတ်ကိုမခံစားရ။ အကြောင်းပြချက်မရှိဘဲ ပြုံးမိသွားတဲ့နှုတ်ခမ်းတွေနဲ့ ကျွန်တော်တို့နှစ်ယောက် မကြာခဏအကြည့်ချင်းခလုတ်တိုက်မိ၏။ မိုးစက်တွေရဲ့ဖလှယ်ရဂုဏ်သတ္တိက အပြုံးတွေဖြစ်ပုံရသည်။
"အစ်ကိုမေပျို့ဖုန်းနံပါတ်ကို မှတ်လိုက်လား"
မိုးသံရောတဲ့စကားက ကျွန်တော့်လည်တိုင်ထက်ကို နွေးလျလျခုန်ဆင်းလာ၏။
"မမှတ်လိုက်ဘူး။ မင်း လိုချင်လို့လား"
"မဟုတ်ဘူး။ အစ်ကို သူ့ဆီဖုန်းမဆက်ဖို့ ပြောမလို့"
"ဘာလို့လဲ"
"မဆက်စေချင်လို့"
"အင်း...မဆက်ဘူး"
မိုးစက်တွေစေရာကောင်းကင်တစ်ခွင်လင်းထိန်သွားတာ လျှပ်ပြေးတစ်ခုကြောင့်။ ကျွန်တော့်မြင်ကွင်းလင်းလက်သွားတာ မရပ်တန့်တော့တဲ့ သွားစွယ်ချွန်ရှိရာအပြုံးပွင့်တွေကြောင့်။
**********************************************
"ကိုကို ပြန်ရောက်နေတာလား!"
"အင်း... ကိုကို ညနေပိုင်းအတန်းတွေမရှိလို့။ ညီမလေးတို့ကျောင်းကိုရောက်ခဲ့သေးတယ်"
ကျောပေးလိုက်တဲ့ ညီမလေးမျက်နှာအမူအရာကို မတွေ့လိုက်ရ။ ကျွန်တော်မရောက်ခင် ပြန်သွားပေမယ့် အိမ်ပြန်ချိန် ကျွန်တော့်ထက်နောက်ကျနေ၏။
"မိုးတွေအရမ်းရွာလာတာနဲ့ ကားကြုံလိုက်စီးတဲ့သူငယ်ချင်းက သူ့အိမ်ခေါ်သွားတာလေ။ ဟိုမှာ ကော်ဖီသောက်ပြီး စာကြည့်နေလိုက်သေးတာ ကိုကို"
ဆိုဖာပေါ် ကျောပိုးအိတ်ပစ်တင်ပြီး ပြန်လှည့်လာတော့လည်း ညီမလေးမျက်နှာက ကြည်စင်လို့။ ဘေးနားဝင်ထိုင်တော့ ပေါင်ပေါ်ခေါင်းအုံးအိပ်လာသည်။ နဖူးပြင်က သာမန်အပူချိန်သာရှိသည်။
"နေမကောင်းလို့ စောပြန်တာဆို အိမ်တော့တန်းပြန်မလာဘူး။ ကိုကိုက စိတ်ပူနေတာ"
"ဟုတ်တယ်။ အိမ်ပြန်လည်း ဘယ်သူမှမရှိဘူးဆိုပြီး သူငယ်ချင်းကခေါ်သွားတာ။ ဟိုရောက်တော့ သူ့အမေက ကြေးအိုးလုပ်ကျွေးတယ်။ ပြီးတော့ ဆေးတိုက်တယ်။ အခု သက်သာနေပါပြီ"
"တော်သေးတာပေါ့။ ဖြစ်တည်းက ကိုကို့ဆီ ဖုန်းဆက်တာမဟုတ်ဘူး"
"ခေါင်းလေးကိုက်ရုံပဲကို ကိုကို့ဆီဆက်ရင် ကိုကိုကစိတ်တွေပူပြီး ကားအမြန်မောင်းလာမှာ သိနေတယ်လေ အဲ့ဒါကြောင့်"
နှာခေါင်းလုံးလေးကိုညှစ်ပစ်လိုက်တော့ နှုတ်ခမ်းကထော်ထွက်လာသည်။ သက်သာနေပြီဆိုပေမယ့် ကျွန်တော် စိတ်မချနိုင်သေး။
"ညနေ ဘာစားချင်လဲ ကိုကိုသွားဝယ်ပေးမယ်"
"ကြေးအိုးစားလာတော့ ဗိုက်တင်းနေတယ်။ စားချင်မှ ပြောမယ်လေ။ အခု ခဏအိပ်ချင်သေးတယ် ကိုကို"
"အခန်းထဲသွား အဝတ်အစားလဲပြီးမှအိပ်"
"မထချင်တော့ဘူး။ ဒီအတိုင်းလေး ကိုကို့ပေါင်ပေါ်မှာပဲ ခဏအိပ်မယ်လေ"
"ကိုယ်လက်တွေနာမှာပေါ့။ ထလိုက်။ မဝေးတာကို"
"မထဘူး"
"မထချင်ရင် ကိုကို ကျောပိုးမယ်။ လာ"
အိပ်ချင်ပြီဆို အီတတ်တဲ့အကျင့်ကြောင့် ကျွန်တော်ပဲ ဆိုဖာအောက်ဆင်းပြီး ကျောပေါ်ဆွဲတင်ရသည်။ ဒီအရွယ်အထိ အမြဲချီပိုးနေမိလို့လား ကျွန်တော့်အတွက် ညီမလေးက ကြီးထွားလာတယ်ဆိုတာမရှိ။ "ကိုကို့ကို အချစ်ဆုံး" လို့ပြောတတ်တဲ့နှုတ်ခမ်းပါးတို့က အခုတော့ ပင်ပန်းနွမ်းနယ်မှုကြောင့်တိတ်ဆိတ်နေခဲ့သည်။
##########################
August 8.2021.(Sunday)
🌼
"အား... ဒါ စုံတြဲတက္တူးႀကီးမလား"
ေက်ာပိုးအိတ္ထဲ စာအုပ္ေတြထည့္ေနတုန္း ေဘးကထြက္လာတဲ့အသံစူးစူး။ ရဲဘုန္း၊ ၿဖိဳးေလးနဲ႔ ကြၽန္ေတာ္တို႔ သုံးေယာက္လုံး ေဘးက စႏၵာေဇာ္ဝင္းတို႔ဝိုင္းဆီ လွည့္ၾကည့္မိ၏။ စႏၵာေဇာ္ဝင္းမ်က္ႏွာကအၿပဳံးစစနဲ႔အတူ ခပ္ပင့္ပင့္။ ေသြးေၾကာစိမ္းဖန္႔ဖန္႔ယွက္ျဖာေနတဲ့လက္ေကာက္ဝတ္ေပၚမွာေတာ့ အနီရဲရဲႏွလုံးသားငယ္ကိုခြဲျဖာထြက္လာတဲ့ရင္ခုန္သံျပသကၤတတို႔နဲ႔ တက္တူးငယ္ငယ္။
"နင့္ကိုႀကီး ဟိုေန႔က profile cover ေျပာင္းထားလို႔ ငါျမင္လိုက္တယ္ေနာ္ မိစႏၵာ"
သူတို႔အဖြဲ႕က မိန္းကေလးေတြရဲ႕အသံက ကြၽတ္စီညံလာ၏။ ႏႈတ္ခမ္းေပၚ အေရာင္ရင့္ေတြသာတင္တတ္တဲ့ စႏၵာေဇာ္ဝင္းႏႈတ္ခမ္းတို႔က ဒီေန႔မွာေတာ့ အၿပဳံးႏုႏုတို႔နဲ႔အတူပန္းေသြးေရာင္ေဖ်ာ့ျဖစ္ေနသည္။
"ရည္းစားမထားဖူးမွန္း သိပ္သိသာတာေနာ္။ သူခိုးေ႐ႊရ တျပျပကိုျဖစ္လို႔"
ၿဖိဳးေလးက ေရွ႕တန္းကေယာက္်ားေလးအဖြဲ႕ကိုၾကည့္ၿပီး အသံက်ယ္က်ယ္နဲ႔ လွမ္းေအာ္၏။ အခန္းျပင္ထြက္ဖို႔ျပင္ေနတဲ့ေကာင္ေတြမ်က္ႏွာက ၿပဳံးစိစိျဖစ္သြားၾကသည္။ တစ္ဖက္မွာ ပစၥည္းတစ္ခုနဲ႔တစ္ခု အရွိန္ျပင္းျပင္းထိခတ္သံက ဝုန္းခနဲထြက္လာ၏။
"နင္ ဘာေျပာတာလဲ မသာ!"
စႏၵာေဇာ္ဝင္းဝုန္းခနဲထရပ္၏။ ႏွလုံးသားငယ္တက္တူးရွိရာ လက္တစ္ဖက္က ကြၽန္ေတာ္တို႔တည့္တည့္ဦးတိုက္ေနသည္။ ၾကည္ႏူးၿပဳံးနဲ႔ႏူးညံ့ေနဟန္ရွိခဲ့တဲ့ႏႈတ္ခမ္းေထာင့္စြန္းတစ္ဖက္က ဒလိမ့္ေခါက္ေကြး။ ၿဖိဳးေလး လွ်ာထုတ္ေျပာင္ျပတာက ေကာက္႐ိုးကိုမီးၿမိဳက္လိုက္သည့္ႏွယ္ျဖစ္သြားပုံရသည္။
"ေ႐ႊမရွိ၊ ေငြမရွိေတြက ျပစရာမရွိေတာ့ ရွိတဲ့လူကိုႀကိတ္ေလာင္တာေပါ့"
"ဥစၥာေတြေပါလြန္းကို ဘယ္ဟာျပရမွန္းမသိျဖစ္ေနတာဆို ပိုမွန္မယ္ ညီမေလး"
"လဲေသလိုက္ မသာ!"
"မေသႏိုင္ေသးပါဘူး။ ေဆးေက်ာင္းသားေလးကိုခ်စ္မိတာအျပစ္မရွိတဲ့ညီမေလးေတြအတြက္ စာျပန္ေပးရဦးမယ္"
ၿဖိဳးေလးရဲ႕ေျပာင္စပ္စပ္မ်က္ႏွာကို ထိမိမိတ္ဆက္သြားတဲ့ note စာအုပ္။ အၿမဲသတ္ေနတဲ့ ၿဖိဳးေလးနဲ႔ စႏၵာေဇာ္ဝင္းကို ဝိုင္းၾကည့္လို႔ရယ္ေနၾကၿပီး ဘယ္သူမွလည္းဝင္မဆြဲျဖစ္။
"နင္ လက္မပါနဲ႔ေနာ္ မိန္းကေလးျဖစ္ၿပီးေတာ့။ ငါလုပ္လိုက္ရင္ နင္ေသေတာ့မယ္! ရဲဘုန္း၊ ေနေသာ္ ငါလက္လြန္သြားရင္ေတာင္ဝင္မဆြဲနဲ႔ေနာ္။ ဟာ ဒီေကာင္မေလးေတာ့!"
ၿဖိဳးေလးက က်ိန္း၏။ တကယ္တမ္း ထု႐ိုက္ခံေနရတာလည္း ၿဖိဳးေလးပဲျဖစ္သည္။ ရယ္သံေတြက ထု႐ိုက္ဆဲဆိုသံေတြကိုဖုံးအုပ္သြားျပန္၏။ ကြၽန္ေတာ္နဲ႔ရဲဘုန္းႏွစ္ေယာက္လုံး ပစၥည္းေတြသိမ္းဆည္းၿပီးလို႔ ေက်ာပိုးအိတ္ေကာက္လြယ္လိုက္မွ စႏၵာေဇာ္ဝင္းက သူ႔အတန္းဘက္ျပန္လွည့္သြားသည္။ ၿဖိဳးေလးက ထိုင္ခုံတန္းမွာ အထုအ႐ိုက္ခံထားရလို႔ပုပ္အက္အက္မ်က္ႏွာေပးနဲ႔ပက္လက္လွန္ေနတုန္း...။
"အဲ့ေပ့ခ်္က နင့္ထက္ ေနေသာ့္ဆီပို႔တဲ့စာေတြသာမ်ားတာပါ။ ေနေသာ္ကေတာင္ ဘာမွမေျပာရဘူး။ ဒါနဲ႔ ေနေသာ္..."
ေလွကားတစ္ထစ္ဆင္းၿပီးမွ စႏၵာေဇာ္ဝင္းဘက္ျပန္လွည့္ၾကည့္ရသည္။
"အဲ့ေပ့ခ်္ကို like လုပ္ထားတဲ့အထဲ ဇာမဏိဆိုတာေတြ႕လို႔ေလ။ ဝင္ၾကည့္ေတာ့လည္း နင္နဲ႔ friend။ အဲ့ဒါ ေရေၾကာင္းက ေၾကာင္လွ်ာသီးေလးမလား"
"ဘယ္ေပ့ခ်္ကိုေျပာေနတာလဲ"
"ေဆးေက်ာင္းသားေလးကိုခ်စ္မိတာအျပစ္လားေပ့ခ်္ေလဟာ အခုပဲေျပာေနတာကို"
"မသိဘူး"
"မသိရင္ နင့္ကို mention ေခၚထားလိုက္တယ္"
"ရႈပ္ရႈပ္ယွက္ယွက္ေတြဟာ"
"အမယ္ေလး နင့္ေခတ္ဆိုေတာ့လည္း ေျပာႏိုင္တာေပါ့ ေျပာ ေျပာ"
ဖုန္းကမခြာတဲ့ စႏၵာေဇာ္ဝင္းအၾကည့္တို႔က ကြၽန္ေတာ့္ဆီေဝ့ၾကည့္သြားတာ ေဆာင့္ေဆာင့္ေအာင့္ေအာင့္။ ေဘာင္းဘီေနာက္အိတ္ထဲထည့္ထားတဲ့ဖုန္းက vibrate သံနဲ႔တုန္ခါလာ၏။ ေသခ်ာတယ္ စႏၵာေဇာ္ဝင္း mention ေခၚေနတာေတြ noti တက္လာတာျဖစ္ရမည္။ သူေျပာတဲ့ေပ့ခ်္ကို ကြၽန္ေတာ္သိသည္။ သိပ္မၾကာေသးခင္ကမွ မိန္းကေလးေတြၾကားထဲအေပ်ာ္သေဘာနဲ႔ေပၚလာတဲ့ေပ့ခ်္တစ္ခုျဖစ္ၿပီး ေဆးေက်ာင္းသားေတြနဲ႔ဆိုင္တဲ့သီခ်င္းေတြ၊ ခံစားခ်က္အတိုအထြာေလးေတြတင္ၿပီး စစေနာက္ေနာက္ဖီးလ္ေနၾကတာမ်ိဳး။ ရံဖန္ရံခါ ဘယ္ေဆးတကၠသိုလ္ ဘယ္အတန္းကဘယ္သူ႔ဆီဆိုတဲ့စာမ်ိဳးေတြလည္း by name တပ္တပ္ၿပီးတင္တာျမင္၏။ သိေနျမင္ေနေပမယ့္ ဇာမဏိ like လုပ္ထား၊ မလုပ္ထားကိုေတာ့ သတိမထားမိပါ။ ဒီဆင္ၾကယ္စိမ္းကလည္း ကိုယ့္ေက်ာင္းနဲ႔ဆိုင္တဲ့ေပ့ခ်္မဟုတ္ပါဘဲ ဘာကိစၥ like လုပ္ထားသလဲ။
"အိမ္ျပန္ဖို႔ေစာေသးတယ္။ တစ္ေနရာရာ လိမ့္မလား ေနေသာ္"
အတန္းထဲကထြက္လိုက္တာနဲ႔ ၿဖိဳးေလးေျခလွမ္းေတြကေျမႇာက္ႂကြေန၏။ စႏၵာေဇာ္ဝင္းနဲ႔ရန္ျဖစ္သတ္ျဖတ္ခဲ့တာ သူမဟုတ္ေတာ့သလို။
"အခုတေလာ ညီမေလးကိုမႀကိဳျဖစ္တာၾကာၿပီ။ မာမီ့ကားပဲလႊတ္ေနရတာ။ ဒီေန႔ေတာ့ ငါသြားလိုက္ဦးမယ္"
"ငါလည္း ဘယ္မွသြားလို႔မရဘူး။ ငါ့အစ္ကို gym ခန္းအသစ္ဖြင့္ဖို႔လုပ္ေနလို႔။ ညေနက် ဆိုင္သြားေစာင့္ေပးရဦးမယ္"
ရဲဘုန္းပါျငင္းလိုက္တာမို႔ ၿဖိဳးေလးမ်က္ႏွာရႈံ႕မဲ့သြား၏။
"မင္းတို႔ေကာင္ေတြ ငါ့ကိုမခ်စ္ေတာ့တာ သိပါတယ္။ ဒီႏွစ္ထဲ အၿမဲေရွာင္ဖယ္ေရွာင္ဖယ္နဲ႔"
"မ်က္ႏွာဆိုးနဲ႔ ဒြမ္မာခ်ိဳးမေနနဲ႔။ မသနားဘူး"
ရဲဘုန္းက သူ႔ဝသီအတိုင္း အားမနာတမ္းေဝဖန္၏။ စႏၵာေဇာ္ဝင္းနဲ႔သတ္ခဲ့တဲ့ ၿဖိဳးေလးလက္က်န္အရွိန္က ရဲဘုန္းေက်ာျပင္ေပၚေရာက္သြားသည္။ တကၠသိုလ္ရဲ႕အေငြ႕အသက္က theatre ထဲကထြက္လာၾကတဲ့ေက်ာင္းသားေက်ာင္းသူတို႔ရဲ႕ပုခုံးႏွစ္ဖက္ေပၚ ရနံ႔ထုံထုံကူးလူးခုန္ေပါက္ေနၾက၏။ ရယ္သံေတြက ပ်ိဳျမစ္ႏုနယ္မႈတို႔ကို စကၠန္႔လက္တံေတြနဲ႔ထပ္ၾကပ္မကြာ မွတ္တမ္းတင္ေပးေနသည္။
ေရေၾကာင္းတကၠသိုလ္ဝင္းထဲ ကားေကြ႕လိုက္ခ်ိန္ မိုးသားတိမ္မဲလႊာတို႔က ေကာင္းကင္ယံထက္မွာ အဆုပ္လိုက္အခဲလိုက္ေ႐ြ႕လ်ားေန၏။ ေမလကိုစြန္႔ခြာခါနီး ေန႔ရက္တို႔ထဲ ဇြန္လရဲ႕ ကနဦးမိုးေျပးရနံ႔တို႔ထုံလႊမ္းလာေနၾကသည္။ ညီမေလးဖုန္းက ဆက္သြယ္မႈဧရိယာျပင္ပကေန ျပန္ဝင္မလာေသး။ စာပို႔ေတာ့လည္း ေတာ္ေတာ္နဲ႔မေရာက္။ ဖယ္ရီမစီးတဲ့ေက်ာင္းသားအခ်ိဳ႕ ေက်ာင္းေဆာင္ေတြထဲက တေ႐ြ႕ေ႐ြ႕ထြက္လာၾကတာကို ျမင္ေနရသည္။ ညီမေလးကို လိုက္ပို႔ရင္း ေျခခ်ဖူးတဲ့ ေက်ာင္းေဆာင္ပရဝုဏ္ထဲေျခခ်ျဖစ္၏။ သင္ယူရတဲ့ဘာသာရပ္ေတြမတူညီေပမယ့္ တကၠသိုလ္ဆိုတဲ့ျဖစ္တည္မႈက မည္သည့္ေက်ာင္းသားကိုမဆို ေႏြးေထြးစြာ ႀကိဳဆိုေပြ႕ဖက္တတ္ၿမဲ။ ပင္မဝင္ေပါက္ကိုျဖတ္ေက်ာ္သြားတာနဲ႔ သုံးထပ္ေက်ာင္းေဆာင္ရဲ႕ ေအာက္ဆုံးထပ္မွာရွိေနတဲ့ ပထမႏွစ္အခန္းေတြကိုလွမ္းျမင္ေနရသည္။ တခ်ိဳ႕အခန္းေတြမွာ ေက်ာင္းသားတစ္ေယာက္မွမရွိ။
ေျခလွမ္းေတြကိုတစ္လွမ္းခ်င္းေႏွးေႏွးလွမ္းဝင္ေနတုန္း မ်က္ႏွာခ်င္းဆိုင္ေက်ာင္းေဆာင္ဘက္က ေျပးထြက္လာတဲ့ေက်ာင္းသားေတြကို ျမင္ေနရသည္။ ေကာ္ရစ္ဒါတစ္ေလွ်ာက္ျပည့္လွ်ံထြက္လာတဲ့စကားသံေတြေၾကာင့္ ကြၽန္ေတာ့္ႏႈတ္ခမ္းေတြ တည္မထားႏိုင္။ ငယ္႐ြယ္သူေတြေဆာင္က်ဥ္းတဲ့ေလျပည္ေလညႇင္းတို႔က ကြၽန္ေတာ့္ထံပါးရွပ္တိုက္ေျပးလႊားလာ၏။ ျမင္ကြင္းကပန္းခ်ီကားတစ္ခ်ပ္လို ကြၽန္ေတာ္ေငးေနမိဆဲ။ အားကစားဘက္ကိုလည္းအေလးထားတတ္လို႔ နဂိုထက္က်ယ္ျပန္႔လာတဲ့ ပုခုံးႏွစ္ဖက္ေၾကာင့္ ရွပ္အက်ႌတို႔ကလည္းအရင္လိုေခ်ာင္ခ်ိမေနေတာ့။ စာအုပ္ေတြအထပ္လိုက္ပိုက္လို႔ စတိုင္ပန္ထဲကထြက္က်ေနတဲ့ ရွပ္အစြန္းတစ္ဖက္ကိုေက်ာ္ၾကည့္ရင္ ဒူးေအာက္ေျခသလုံးတစ္ဝက္ထိ ေဘာင္းဘီေအာက္အနားစတစ္ဖက္ကိုေလ်ာ့တိေလ်ာ့ရဲလိပ္တင္ထားတဲ့အဲ့ဒီလူက ဒီျမင္ကြင္းထဲ လုံးလုံးလ်ားလ်ားဝင္ေရာက္လာခ်ိန္ထိ...။
"အစ္ကို ေရာက္ေနတယ္!"
ကြၽန္ေတာ့္ေရွ႕ေျခစုံရပ္လာတဲ့သူကိုေရာ မလႈပ္မယွက္ရပ္ေနတဲ့ကြၽန္ေတာ့္ကိုပါ မ်က္လုံးေတြဝင့္ၿပီး အထူးအဆန္းေငးၾကည့္သြားၾက၏။ ဆင္ၾကယ္ၾကက္ေပါင္စိမ္းနဲ႔ ဖ႐ိုဖရဲသူ႔ပုံစံေၾကာင့္ ကြၽန္ေတာ့္ျမင္ကြင္းလႈပ္ရွားသက္ဝင္သြားသည္။
"ဘယ္တုန္းတည္းကေရာက္ေနတာလဲ"
"ခုနကပဲ။ ညီမေလးဖုန္းက ဧရိယာျပင္ပျဖစ္ေနလို႔ ဝင္လာတာ"
"ဘရဏီတို႔အတန္းဝင္မယ့္ဆရာ မလာလို႔ တခ်ိဳ႕ဆိုျပန္သြားၾကၿပီ။ သူနဲ႔တြဲေနက်သူငယ္ခ်င္းေတြကိုေတာ့ ကန္တင္းဘက္ထြက္သြားတာ ေတြ႕လိုက္တယ္။ အဲ့ဘက္သြားၾကည့္မလား အစ္ကို"
"သြားမယ္ေလ။ မင္းကေရာ အတန္းမရွိေတာ့ဘူးလား"
"အတန္းကၿပီးၿပီ။ ဒီေန႔ ကြန္ပ်ဴတာခ်ိန္ကေနာက္ဆုံးပဲ"
"ေဇာ္ထက္ေရာ မျမင္ပါလား။ ေက်ာင္းမလာတာလား"
"မဟုတ္ဘူး။ ဆရာမဆီ assignment စာအုပ္ေတြ သြားပို႔ေနလို႔။ ဟိုမွာ ဘရဏီ့သူငယ္ခ်င္း အဂီတို႔"
ေန႔လယ္စာခ်ိန္ေက်ာ္ေနၿပီျဖစ္တဲ့ကန္တင္းမွာက ညီမေလးသူငယ္ခ်င္း အဂီတို႔တစ္ဝိုင္းသာရွိသည္။ ကန္တင္းထဲဝင္လာတဲ့ ကြၽန္ေတာ္နဲ႔ဇာမဏိရဲ႕ေျခသံႏွစ္ခုက ေသာက္စရာကိုယ္စီနဲ႔ေအးခ်မ္းေနတဲ့လက္ဖက္ရည္ဝိုင္းေလးထဲလိမ့္ဝင္သြား၏။
"အယ္...အစ္ကိုေနေသာ္"
အဂီ့မ်က္ဝန္းဝိုင္းေတြက အံ့ၾသတႀကီးနဲ႔ ကြၽန္ေတာ့္ထံပါးဦးတည္လာသည္။ ဆံႏြယ္ရွည္ေတြဝဲခနဲျဖစ္သြားတဲ့ထိလွည့္္ၾကည့္လာသူကေမပ်ိဳနဲ႔ မ်က္ႏွာရင္းႏွီးေနသည့္မိန္းကေလးသုံးေယာက္ အားလုံးေသာအၾကည့္ေတြကကြၽန္ေတာ့္ဆီတည့္တည့္။ ေယာက္်ားေလးႏွစ္ေယာက္ဝင္လာတဲ့ေလထုက ကသိကေအာက္ျဖစ္သြားပုံရသည္။ ကြၽန္ေတာ္တို႔ကိုမျမင္ခင္ ရယ္ေမာခဲ့ၾကသည့္ႏႈတ္ခမ္းတို႔ကရႈိးတို႔ရွန္းတန္း။ အၾကည့္ေတြကစားၿပီး ညီမေလးကိုရွာရင္း ကြၽန္ေတာ့္ဘက္ကပဲ စကားစလိုက္ရ၏။
"အတန္းမရွိေတာ့ဘူးဆို"
"ဟုတ္တယ္ အစ္ကို"
"ကိုယ့္ညီမေလးဖုန္းက ေခၚမရလို႔။ လိုင္းမမိဘူးထင္တယ္"
"ဘရဏီက ျပန္သြားၿပီ အစ္ကိုရ"
အဂီ့ပုံစံက ျမင္ေနက်အတိုင္းျပန္သြက္လက္လာ၏။
"ျပန္သြားၿပီဆိုေတာ့ ဘာနဲ႔ျပန္သြားတာလဲ။ ေနမေကာင္းလို႔လား"
"ဟုတ္တယ္။ ေနမေကာင္းဘူး။ ေခါင္းကိုက္ေနတာလို႔ေျပာတယ္။ အဲ့ဒါအတန္းကလည္းေစာေစာၿပီးသြားေတာ့ လမ္းေၾကာင္းတူတဲ့သူငယ္ခ်င္းကားနဲ႔ျပန္လိုက္သြားတယ္"
"အာ...ဘရဏီက ကိုယ့္ကိုဖုန္းဆက္ရမွာကို။ ေက်းဇူးေနာ္ အဂီ။ ေနာက္ ဘရဏီတစ္ခုခုဆို ကိုယ့္ဆီဖုန္းေခၚေပးပါလား။ ကိုယ္တို႔ဖုန္းနံပါတ္လဲထားလို႔အဆင္ေျပလား"
"ဟုတ္ ေျပတယ္ အစ္ကို...အာ..."
ဖုန္းထုတ္ၿပီးကာမွ အဂီ့ မ်က္လုံးေတြကေမပ်ိဳ႕ဆီေ႐ြ႕သြားသည္။
"အဂီ့နံပါတ္အစ္ကိုယူထားေနာ္။ အဂီ့ဖုန္းက အားကုန္ေနလို႔ အစ္ကို႔နံပါတ္ကို ေမပ်ိဳ႕ဆီမွတ္လိုက္မယ္"
အဂီနဲ႔ေမပ်ိဳ႕အၾကားက အၿပဳံးနဲ႔အသံတိတ္ဆက္သြယ္မႈတစ္ခ်ိဳ႕က လွ်ပ္တျပတ္ဆန္၏။ အဂီ့နံပါတ္ကိုမွတ္ၿပီးကာမွ ထပ္ဝင္လာတဲ့ missed call နံပါတ္ရဲရဲကို Contact list ထဲမထည့္ျဖစ္။ ကိုယ္တိုင္သာသိတဲ့အမွန္တရားအတြက္ အားနာၿပဳံးတစ္ခုသာတုန္႔ျပန္ႏိုင္ခဲ့၏။ ေတြ႕စကထက္ထင္ရွားလာတတ္တဲ့အၿပဳံးေတြက ရင္းႏွီးမႈအကြာအေဝးေတြအတြက္ အတိုးအေလ်ာ့လုပ္ေနခဲ့ေပမယ့္ ဆံႏြယ္ရွည္မ်က္ဝန္းနက္ေတြက ကြၽန္ေတာ့္ကမာၻမွာဘယ္ေတာ့မွ ရွင္သန္မွာမဟုတ္တဲ့ မ်ိဳးေစ့ေတြသာျဖစ္လို႔ေနၿမဲ။
အလာမွာျမင္ခဲ့ရတဲ့ တိမ္စိုင္ထုတို႔က အခုေတာ့ အပူေပးခံလိုက္ရတဲ့ေရခဲတုံးလို မိုးစက္ေတြအျဖစ္အရွိန္ျပင္းျပင္းခုန္ဆင္းခ်ေနၾကသည္။ ကန္တင္းကျပန္ထြက္လာေတာ့ပဲ မိုးေရစက္ေတြက ျမည္သံေပးၿပီး ေလာကတစ္ခြင္ကိုစိုးမိုးသြားခဲ့သည္။ ေန႔အလင္းေရာင္ပင္ ညေနခင္းေႏွာင္းပိုင္းက်ေနေလာက္အထိမွိန္ေဖ်ာ့ေဖ်ာ့သာရွိေတာ့သည္။ ေမလရဲ႕လက္က်န္အပူေငြ႕တို႔ကို ဝါးၿမိဳသြားၿပီး သစ္ပင္၊ သစ္႐ြက္တို႔ကိုေအးျမျခင္းေတြနဲ႔လႊမ္းမိုးျခယ္လွယ္၏။ main building ေရွ႕က ကားရပ္ထားရာဆီကို ေျပးမသြားႏိုင္ေလာက္ေအာင္ မိုးစက္ေတြရဲ႕အေအးဓါတ္ကႀကီးမားေနခဲ့သည္။
"အစ္ကို လာ"
အစိမ္းရင့္ေရာင္ေလးေထာင့္ကြက္တို႔နဲ႔ေခါက္ထီးတိုတိုက ကြၽန္ေတာ့္အေပၚအုပ္မိုးလာ၏။
"ဘယ္ကသြားငွားလာတာလဲ"
"မငွားရပါဘူး။ ကြၽန္ေတာ္ထိုင္ေနက်ခုံေအာက္ထဲအၿမဲထည့္ထားတာ။ အညာေႏြကိုခံႏိုင္ေပမယ့္ ရန္ကုန္မိုးကိုေၾကာက္လို႔"
"ထီး ကိုယ့္ကိုေပးေလ။ မင္းမွာစာအုပ္ေတြနဲ႔"
"ရတယ္။ စာအုပ္ကိုင္ေပးပါလား။ အစ္ကို ထီးကိုင္ရင္ ကြၽန္ေတာ္အရပ္မလြတ္ေလာက္ဘူး"
"ကိုယ့္အရပ္ ၅ေပ၁၀ေနာ္။ ပုမေနဘူး။ မင္းသာ အခြန္မေဆာင္ရတိုင္းႀကီးထြားလာတာ"
"ကြၽန္ေတာ္ ဘာမွမေျပာဘူးေလ"
"ေျပာခ်င္ေနတာ သိတယ္။ စာအုပ္ေတြေပး"
"ထီးကေသးေနတယ္ေနာ္ အစ္ကို"
ညီမေလးဆီ ျမင္ဖူးေနက်မို႔ မစိမ္းသက္တဲ့ IELTS စာအုပ္ေတြ လက္တစ္ဖက္နဲ႔ေပြ႕ယူေနတုန္း ပုခုံးတစ္ဖက္ေပၚအုပ္ကိုင္လာသည့္ လက္ဖဝါးေႏြးေႏြး။ ရင္ဘတ္က်ယ္နဲ႔ထိကပ္သြားသည့္ပုခုံးတစ္ဖက္ကလည္း တင္းတင္းၾကပ္ၾကပ္။ ေယာက္်ားေလးႏွစ္ေယာက္ေဆာင္းဖို႔ မလုံေလာက္တဲ့ထီးအမိုးကို ခပ္ပင့္ပင့္ေမးဆတ္ျပရင္း ေျပာသည့္စကား။ ကြၽန္ေတာ့္ကိုငုံ႔မိုးခ်င္သလိုျဖစ္ေနသူေၾကာင့္ မ်က္ႏွာကိုမေမာ့မိေတာ့။ ၿပိဳင္တူေျခခ်မိတဲ့ေျခလွမ္းတို႔ညီညာသြား၏။ မိုးစက္ေတြ အလုအယက္ဦးတိုက္လာတဲ့ ေျခလွမ္းတို႔က ႐ႊဲ႐ႊဲနစ္နစ္။ မိုးစက္ပြင့္ေတြကေန တြန္းထိုး႐ုန္ကန္ထြက္လာတဲ့မိုးစက္မႈန္တို႔က ကြၽန္ေတာ္တို႔ႏွစ္ေယာက္ကိုသိုင္းၿခဳံကပ္ၿငိေနေပမယ့္ အေအးဓါတ္ကိုမခံစားရ။ အေၾကာင္းျပခ်က္မရွိဘဲ ၿပဳံးမိသြားတဲ့ႏႈတ္ခမ္းေတြနဲ႔ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ မၾကာခဏအၾကည့္ခ်င္းခလုတ္တိုက္မိ၏။ မိုးစက္ေတြရဲ႕ဖလွယ္ရဂုဏ္သတၱိက အၿပဳံးေတြျဖစ္ပုံရသည္။
"အစ္ကိုေမပ်ိဳ႕ဖုန္းနံပါတ္ကို မွတ္လိုက္လား"
မိုးသံေရာတဲ့စကားက ကြၽန္ေတာ့္လည္တိုင္ထက္ကို ေႏြးလ်လ်ခုန္ဆင္းလာ၏။
"မမွတ္လိုက္ဘူး။ မင္း လိုခ်င္လို႔လား"
"မဟုတ္ဘူး။ အစ္ကို သူ႔ဆီဖုန္းမဆက္ဖို႔ ေျပာမလို႔"
"ဘာလို႔လဲ"
"မဆက္ေစခ်င္လို႔"
"အင္း...မဆက္ဘူး"
မိုးစက္ေတြေစရာေကာင္းကင္တစ္ခြင္လင္းထိန္သြားတာ လွ်ပ္ေျပးတစ္ခုေၾကာင့္။ ကြၽန္ေတာ့္ျမင္ကြင္းလင္းလက္သြားတာ မရပ္တန္႔ေတာ့တဲ့ သြားစြယ္ခြၽန္ရွိရာအၿပဳံးပြင့္ေတြေၾကာင့္။
**********************************************
"ကိုကို ျပန္ေရာက္ေနတာလား!"
"အင္း... ကိုကို ညေနပိုင္းအတန္းေတြမရွိလို႔။ ညီမေလးတို႔ေက်ာင္းကိုေရာက္ခဲ့ေသးတယ္"
ေက်ာေပးလိုက္တဲ့ ညီမေလးမ်က္ႏွာအမူအရာကို မေတြ႕လိုက္ရ။ ကြၽန္ေတာ္မေရာက္ခင္ ျပန္သြားေပမယ့္ အိမ္ျပန္ခ်ိန္ ကြၽန္ေတာ့္ထက္ေနာက္က်ေန၏။
"မိုးေတြအရမ္း႐ြာလာတာနဲ႔ ကားႀကဳံလိုက္စီးတဲ့သူငယ္ခ်င္းက သူ႔အိမ္ေခၚသြားတာေလ။ ဟိုမွာ ေကာ္ဖီေသာက္ၿပီး စာၾကည့္ေနလိုက္ေသးတာ ကိုကို"
ဆိုဖာေပၚ ေက်ာပိုးအိတ္ပစ္တင္ၿပီး ျပန္လွည့္လာေတာ့လည္း ညီမေလးမ်က္ႏွာက ၾကည္စင္လို႔။ ေဘးနားဝင္ထိုင္ေတာ့ ေပါင္ေပၚေခါင္းအုံးအိပ္လာသည္။ နဖူးျပင္က သာမန္အပူခ်ိန္သာရွိသည္။
"ေနမေကာင္းလို႔ ေစာျပန္တာဆို အိမ္ေတာ့တန္းျပန္မလာဘူး။ ကိုကိုက စိတ္ပူေနတာ"
"ဟုတ္တယ္။ အိမ္ျပန္လည္း ဘယ္သူမွမရွိဘူးဆိုၿပီး သူငယ္ခ်င္းကေခၚသြားတာ။ ဟိုေရာက္ေတာ့ သူ႔အေမက ေၾကးအိုးလုပ္ေကြၽးတယ္။ ၿပီးေတာ့ ေဆးတိုက္တယ္။ အခု သက္သာေနပါၿပီ"
"ေတာ္ေသးတာေပါ့။ ျဖစ္တည္းက ကိုကို႔ဆီ ဖုန္းဆက္တာမဟုတ္ဘူး"
"ေခါင္းေလးကိုက္႐ုံပဲကို ကိုကို႔ဆီဆက္ရင္ ကိုကိုကစိတ္ေတြပူၿပီး ကားအျမန္ေမာင္းလာမွာ သိေနတယ္ေလ အဲ့ဒါေၾကာင့္"
ႏွာေခါင္းလုံးေလးကိုညႇစ္ပစ္လိုက္ေတာ့ ႏႈတ္ခမ္းကေထာ္ထြက္လာသည္။ သက္သာေနၿပီဆိုေပမယ့္ ကြၽန္ေတာ္ စိတ္မခ်ႏိုင္ေသး။
"ညေန ဘာစားခ်င္လဲ ကိုကိုသြားဝယ္ေပးမယ္"
"ေၾကးအိုးစားလာေတာ့ ဗိုက္တင္းေနတယ္။ စားခ်င္မွ ေျပာမယ္ေလ။ အခု ခဏအိပ္ခ်င္ေသးတယ္ ကိုကို"
"အခန္းထဲသြား အဝတ္အစားလဲၿပီးမွအိပ္"
"မထခ်င္ေတာ့ဘူး။ ဒီအတိုင္းေလး ကိုကို႔ေပါင္ေပၚမွာပဲ ခဏအိပ္မယ္ေလ"
"ကိုယ္လက္ေတြနာမွာေပါ့။ ထလိုက္။ မေဝးတာကို"
"မထဘူး"
"မထခ်င္ရင္ ကိုကို ေက်ာပိုးမယ္။ လာ"
အိပ္ခ်င္ၿပီဆို အီတတ္တဲ့အက်င့္ေၾကာင့္ ကြၽန္ေတာ္ပဲ ဆိုဖာေအာက္ဆင္းၿပီး ေက်ာေပၚဆြဲတင္ရသည္။ ဒီအ႐ြယ္အထိ အၿမဲခ်ီပိုးေနမိလို႔လား ကြၽန္ေတာ့္အတြက္ ညီမေလးက ႀကီးထြားလာတယ္ဆိုတာမရွိ။ "ကိုကို႔ကို အခ်စ္ဆုံး" လို႔ေျပာတတ္တဲ့ႏႈတ္ခမ္းပါးတို႔က အခုေတာ့ ပင္ပန္းႏြမ္းနယ္မႈေၾကာင့္တိတ္ဆိတ္ေနခဲ့သည္။
##########################
August 8.2021.(Sunday)
🌼