Unicode
ဟိုဆော့ သစ်ပင်တွေစိုက်ထားတဲ့ကွင်းတခုစီကို ရောက်ရှိနေသည်... ယူရာက သူ့ရဲ့လက်ထဲကိုအရိုးပြာအိုးတခုထည့်ပေးလိုက်တယ်... ဟိုဆော့ဒူးထောက်ထိုင်ချရင်း ရှေ့မှာတူးပီးသားဖြစ်တဲ့မြေကြီးထဲကို အရိုးပြာအိုးမြုပ်လိုက်တယ်... အဲဒီအပေါ်ကိုမှမြေကြီးထပ်ဖုံးပီး အရမ်းလှတဲ့သစ်ပင်လေးတပင်စိုက်ပေးလိုက်တယ်... ဒီအရာတွေအစအဆုံးကိုဟိုဆော့ကိုယ်တိုင်လုပ်ခဲ့တာပင်... ဟိုဆော့ရဲ့တကိုယ်လုံးနုံးချိနေပီး စိတ်အစဉ်ဟာလည်း ငိုရန်အင်အားပင်မကျန်တော့ပါပေ...
'သားလေးတဲ့လား...သားလို့တောင်ခေါ်ခွင့်မရလိုက်ရတဲ့.. ထွေးပွေ့မှုလေးတခုတောင်ပေးခွင့်မရလိုက်ရတဲ့ ထိုကလေးကိုသူဘယ်လိုများတောင်းပန်ရပါမလဲ'
"အကို ပြန်ကျရအောင်... မိုးတွေရွာတော့မယ်ထင်တယ်"
ဟိုဆော့ခေါင်းရမ်းပြလိုက်ရင်း...
"ငါ သားလေးကိုအဖော်ပြုပေးချင်တယ်"
ယူရာလည်း ဟိုဆော့ရဲ့ဆန္ဒကိုလက်ခံလိုက်ရင်း လာရာလမ်းအတိုင်းပြန်လာခဲ့တယ်.. ဟိုဆော့ကတော့ မိုးရေတွေကြားထဲမှာသူ့ရဲ့သားငယ်လေးကို အဖော်ပြုပေးနေမှာပါ...
*ဂျိန်း*
မိုးချိန်းသံတွေကြားမှာဟိုဆော့ သစ်ပင်ငယ်လေးကိုပွတ်သပ်ရင်းပြောလိုက်တယ်...
"မကြောက်ပါနဲ့ သားငယ်... ဒီအဖေကမင်းရဲ့ဘေးနားလေးမှာရှိနေပါတယ်"
မိုးရွာထဲမှာငိုကြွေးနေတဲ့ဟိုဆော့... သစ်ပင်ငယ်ကိုဖတ်တွယ်ထားတဲ့ဟိုဆော့... သူ့ရဲ့စိတ်အစဉ်ဟာ မည်မျှကြေကွဲနေပါကြောင်း ထုတ်ဖော်ပြ၍ပင်မရနိုင်ပါပေ...
'မိုးနတ်မင်းကြီးရယ်... မရွာပါနဲ့တော့လား... ကျွန်တော့သားလေး မိုးရေတွေစိုကုန်ပါ့မယ်... လေပြေညင်းတွေရယ်မတိုတ်ခတ်ပါနဲ့တော့လား... ကျွန်တော့သားလေးချမ်းနေပါ့မယ်... ကျွန်တော့သားလေးကြာရင်နေမကောင်းဖြစ်နေပါ့မယ်..'
နောက်နေ့မနက်မှာတော့ သစ်ပင်စိုက်ကွင်းအလယ်မှာ မိုးရေတွေစိုရွှဲကာ သွေးပျက်စွာလဲနေတဲ့ ထိုလူသားဟိုဆော့ကိုမြင်တွေ့ရမှာပင်... သို့သော်ထိုသူဖက်တွယ်ထားတဲ့သစ်ပင်လေးဟာတော့အခုထိမိုးရေမစိုသေးပေ...
.
.
.
.
.
.
.
"ဟိုဆော့!!!!"
အိမ်မက်ဆိုးတွေကြားကနေထိတ်လန့်စွာနိုးလာတဲ့ ထယ်ယောင်းတယောက် ထိုအိမ်မက်ဆိုးတွေကိုကြောက်ရွံ့ခြောက်ခြားနေမိသည်... အိမ်မက်ထဲမှာ သူချစ်ရတဲ့ဟိုဆော့ရဲ့လက်ထဲမှာ သူတို့စတွဲခါစက မွေးဖူးတဲ့ခွေးပေါက်စလေး... သွေးတွေအလိမ်းလိမ်းနဲ့သေဆုံးနေလေတယ်တဲ့.. တကယ်တော့ထိုခွေးလေးသေဆုံးသွားတာကြာပါပီ.. ဒါပေမဲ့ထိုကဲ့သို့ရုပ်ပျက်စင်းပျက်သေဆုံးခြင်းမဟုတ်ခဲ့ပါ.. ထို့အတူသူကိုယ်တိုင်ဟာလည်း ထိုခွေးငယ်လေး၏သေဆုံးမှုအပေါ် ဘာအစွဲအလမ်းမှမရှိခဲ့ပေ.. ဒါပေမဲ့အခုတော့သု့ရင်ထဲမှာအရမ်းကို၀မ်းနည်းပီး အရမ်းကိုခံရခက်နေသည်... ထယ်ယောင်း အိပ်ဆေးသောက်ရင်းပြန်အိပ်ဖို့ ဗီရိုအံဆွဲထဲကဆေးဘူးကို လှမ်းဆွဲထုတ်လုပ်သည်.. သို့သော် သူ့လက်ထဲပါလာသည်ကအိပ်ဆေးဘူးမဟုတ်ပဲ ဆေးစစ်ချက်အဖြေလွှာတခုဖြစ်နေလေသည်.. ထယ်ယောင်းအမြန်ဖွင့်ဖတ်ကြည့်တော့ လူနာအမည်နာမည်ရေးထားတဲ့နာမည်လေးက..
'ဂျန်းဟိုဆော့'
ထယ်ယောင်းထိုအဖြေလွှာကိုဖတ်ပီးသည်အထိ ငြိမ်သက်နေမိသည်... သူရဲ့နှုတ်ခမ်းမှာအပြုံးတခုရှိသလို သူ့ရဲ့မျက်၀န်းထဲကကျစင်းလာတဲ့ မျက်ရည်စတွေဟာပါးပြင်ပေါ်မှာအပြည့်ပင်...
'ကိုယ် မင်းကိုမတွေ့တွေ့အောင်ရှာမယ် ဟိုဆော့.. မင်းကိုရောကိုယ်တို့ကလေးကိုရော ဒီတခါလက်မလွတ်တော့ဘူး..'
(AN:
အလာကောင်းပေမဲ့ အခါနှောင်းသွားပီထယ်ရယ်...🤧)
.
.
.
.
.
.
.
"အကို ဟိုဆော့... သတိရလာပီလား"
ဟိုဆော့ သက်ပြင်းကိုသာချလိုက်ရင်း...
"ငါဘာလို့မသေရသေးတာလဲ ယူရာ..
ငါသေသွားရင် ငါသားလေးနဲ့တွေ့နိုင်မှာ...
သားလေး သူတယောက်တည်းဘလောက်တောင် ကြောက်နေလိမ့်ရှာမလဲ.."
"အကို သတိထားပါဦး.. အကိုကတော့ဒီလိုဖြစ်လို့မရဘူးလေ"
ယူရာ ဟိုဆော့ရဲ့လက်ချောင်းတွေကိုတင်းတင်းဆုပ်ကိုင်ရင်း အားပေးနေမိသည်... ဟိုဆော့ရောယူရာရောရဲ့မျက်နှာပြင်ပေါ်မှာ နေရာယူထားတဲ့မျက်ရည်စတွေကြိမကုန်ခမ်းစေရန်ရည်ညွှန်းပါသလား..
"အကို အကိုအားတင်းထားရမယ်လေ... အကိုတစုံတယောက်အတွက်အားတင်းထားရဦးမယ်မလား"
ဟိုဆော့ရဲ့မျက်၀န်းတွေ ဝိုင်းစက်သွားခဲ့သည်
"သူကအကိုမရှိလို့မဖြစ်ဖူးလေ... သူ့ကိုသွားတွေ့မယ်မလား အကို"
ဟိုဆော့တွေဝေခြင်းမရှိခေါင်းငြိမ့်လိုက်သည်...
.
.
.
.
.
.
ဆော့ဂျင် တယောက် ဆိုင်အလုပ်တွေကြောင့် တကိုယ်လုံးညောင်းညာနေလေသည်... ဒီတလောဆိုင်ကိုလူလာများတာကြောင့် သူ့မှာအားလပ်သည့်အချိန်ပင်မရှိ...
သူသာဆိုင်ရှင် သူသာစားပွဲထိုး သူသာသန့်ရှင်းရေး တကယ်ကိုအလုပ်ရှုပ်ရပါသည်... ထိုသိုမအားလပ်သည့်ကြားကပင် တစုံတယောက်ကိုသတိရတဲ့စိတ် ထိုသူ့ကိုလွမ်းတဲ့စိတ်တွေကကြီးစိုးနေသော သူ့ကိုယ်သူအသေသာ သတ်ပစ်ချင်ပါတော့သည်...
'ဆော့ဂျင် မင်းအားတင်းထားရမယ်... စိတ်ပျော့သွားလို့မဖြစ်ဘူး... သူကမင်းကိုလိမ်ခဲ့တဲ့သူ.. ညာခဲ့တဲ့သူ.. မင်းရဲ့ခံစားချက်တွေကို လှည့်စားခဲ့တဲ့သူ.. သူ့ကိုမင်းမေ့ပစ်ရမယ်'
*Ring* Ring*
မြည်လာတဲ့ဖုန်းသံကြောင့် ဆော့ဂျင် မကိုင်ချင်ပဲကိုင်လိုက်ရသည်...
#'ဂျင်....'
'ပြော... နမ်ဂျွန်း ဘာကိစ္စလဲ...'#
ဆော့ဂျင် စိတ်မရှည်စွာမေးလိုက်သည်...
#'ဒီအတိုင်းလွမ်းလို့...ကိုယ်အခုအရမ်းကိုပင်ပန်းနေပီ ဂျင်..
တကယ်ကိုပင်ပန်းနေပီ..တခါတလေကိုယ်ေလ အရာအားလုံးကိုလွှတ်ချပီးအဝေးဆုံးကိုပဲ ထွက်သွားလိုက်ချင်တယ်...ဒါပေမဲ့ကိုယ်မလုပ်နိုင်ဘူးဂျင်'#
နမ်ဂျွန်းရဲ့စကားပြောသံတွေအရမူးနေပုံပင်... ဒါပေမဲ့ထိုမူးနေသူ၏အရည်မရ အဖတ်မရစကားများကိုဆော့ဂျင် နားထောင်ချင်စိတ်မရှိပေ..
#'မင်း ဘာမှပြောစရာမရှိရင်.. ငါဖုန်းချလိုက်တော့မယ်..'
'မင်းသူ့ကိုသိပ်ချစ်တာပဲလားဂျင်...'#
ဆော့ဂျင်ရဲ့လက်ချောင်းလေးတွေ အနည်းငယ်လှုပ်ရှားသွားသည်...
#'မင်းသူ့ကိုချစ်နေသေးတာပဲ... ဘာဖြစ်လို့လဲဂျင်.. သူကဘာတွေများကိုယ့်ထက်သာနေလို့လဲ... ဘာလို့ကိုယ့်ကိုပြန်မချစ်နိုင်ရတာလဲ...'
'အဟက်* အချစ်တဲ့လား.. ကမ်နမ်ဂျွန်း... ငါ့ပေါ်မှာလုပ်ခဲ့တဲ့လုပ်ရပ်တွေကိုအချစ်လို့ခေါင်းစဉ်တပ်တယ်တဲ့လား...အရမ်းကိုရယ်စရာကောင်းတာပဲ..ဒါပေမဲ့ငါ့မှာမင်းနဲ့ ဒီရယ်စရာတွေပြောနေဖို့ အချိန်မရှိဘူး...မင်းမမေ့ပါနဲ့မင်းပြောထားတဲ့တပတ်ကပြည့်တော့မယ် အဲ့တာပီးရင် မင်းနဲ့ငါဘာပတ်သတ်စရာမှမကျန်တော့ဘူး...'#
ဆော့ဂျင်ဖုန်းကိုလျင်မြန်စွာချလိုက်သည်..နမ်ဂျွန်းပြောသမျှစကားတိုင်းကိုသူရီသာရီချင်မိတော့သည်..သူ့ကိုကုန်ပစ္စည်းတခုလို၀ယ်ခဲ့တာ ချစ်လို့တဲ့လား.. သူ့ရဲ့ဘ၀တခုလုံးကိုပိတ်ပင် သူ့ကိုစိတ်ဆင်းရဲအောင်အမျိုးမျိုးလုပ်ခဲ့တာ ချစ်လို့ပါတဲ့လား...တကယ်ချစ်တဲ့သူကိုဘယ်သူက အဲ့လိုလုပ်မှာလဲ..သိပ်လှပတဲ့အချစ်ဆိုတဲ့ ခေါင်းစဉ်အောက်ထည့်လိုက်တာနဲ့ ထိုသူ့ရဲ့အပြစ်တွေကပျောက်သွားမှာတဲ့လား..ေဆာ့ဂျင် မစဉ်းစားချင်တော့ပါ..ဆော့ဂျင် ပစ်စရာရှိတဲ့အမှိုက်ထုပ်တွေကိုသာယူရင်း ဆိုင်နောက်ဖက်လမ်းကြားလေးကို ထွက်လာခဲ့လိုက်သည်...
.
.
.
.
.
.
.......Namjin.....x......Jinkook......
AN:
မျှော်နေကြတဲ့သူတွေရှိသေးရဲ့လားဝေ့...🙃
ဒီficလေးလဲမကြာခင်ပီးတော့မှာပါ...
ဒီနေ့ double updatesလုပ်ပေးပါ့မယ်နော်...
သာသာ့ficလေးတွေကိုဖတ်ပေးတဲ့ တဦးတယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်..😘
Love you all💞
.................................................................
Zawgyi
*ဂျိန်း*
.
.
.
.
.
.
.
"ဟိုဆော့!!!!"
'ဂျန်းဟိုဆော့'
(AN:
.
.
.
.
.
.
.
.
.
.
.
.
.
*Ring* Ring*
#'ဂျင်....'
တကယ်ကိုပင်ပန်းနေပီ..တခါတလေကိုယ်လေ အရာအားလုံးကိုလွှတ်ချပီးအဝေးဆုံးကိုပဲ ထွက်သွားလိုက်ချင်တယ်...ဒါပေမဲ့ကိုယ်မလုပ်နိုင်ဘူးဂျင်'#
ဆော့ဂျင်ဖုန်းကိုလျင်မြန်စွာချလိုက်သည်..နမ်ဂျွန်းပြောသမျှစကားတိုင်းကိုသူရီသာရီချင်မိတော့သည်..သူ့ကိုကုန်ပစ္စည်းတခုလိုဝယ်ခဲ့တာ ချစ်လို့တဲ့လား.. သူ့ရဲ့ဘ၀တခုလုံးကိုပိတ်ပင် သူ့ကိုစိတ်ဆင်းရဲအောင်အမျိုးမျိုးလုပ်ခဲ့တာ ချစ်လို့ပါတဲ့လား...တကယ်ချစ်တဲ့သူကိုဘယ်သူက အဲ့လိုလုပ်မှာလဲ..သိပ်လှပတဲ့အချစ်ဆိုတဲ့ ခေါင်းစဉ်အောက်ထည့်လိုက်တာနဲ့ ထိုသူ့ရဲ့အပြစ်တွေကပျောက်သွားမှာတဲ့လား..ဆော့ဂျင် မစဉ်းစားချင်တော့ပါ..ဆော့ဂျင် ပစ်စရာရှိတဲ့အမှိုက်ထုပ်တွေကိုသာယူရင်း ဆိုင်နောက်ဖက်လမ်းကြားလေးကို ထွက်လာခဲ့လိုက်သည်...
.
.
.
.
.
.
.......Namjin.....x......Jinkook......
AN:
Love you all💞
.................................................................