ရြမ္းရီ က ထလိုက္သည္နဲ႔ နာက်င္ေနသၫ့္ ကိုယ္ကို လစ္လ်ဳလိုက္ကာ တစ္စံုတစ္ေယာက္ကို ေတြ့လိုသၫ့္အလား အခန္းတြင္းသို႔ လွၫ့္ပတ္ရွာလိုက္သည္။ သို႔ေသာ္ အခန္းသည္ ပံုမွန္အတိုင္း တိတ္ဆိတ္ကာ ေအးခ်မ္းမႈကို ေဖာ္ျပလ်က္ရိွသည္ ။ သူ႔ကိုယ္ေပၚရိွ အဝတ္မ်ားသည္ ထိုသူက သူ႔အား သတိေမ့ေအာင္ ျပဳလုပ္ၿပီး ကိုယ္ကို သန႔္ရွင္းကာ ဝတ္ေပးထားခဲ့သည္ကို သိသာေစလ်က္ ။
သူသည္ ကုတင္အား အားျပဳကာ ထရပ္လိုက္သည္ ။ သူ႔အတြင္းအားသည္ ျပန္ရၿပီ ျဖစ္သျဖင့္ ဤနာက်င္မႈသည္ သိပ္ၿပီး မထိေရာက္သလိုပင္ ။ သို႔ေသာ္ မၫ့္သၫ့္အတြက္ေၾကာင့္ သူ႔မ်က္ႏွာေပၚတြင္ က်ဆင္းေနခဲ့သၫ့္ မ်က္ရည္တို႔သည္ ရပ္တန႔္မသြားခဲ့ရေသးတာလဲ ...
ယိုင္ေနသၫ့္ ေျခလွမ္းတို႔သၫ့္ အတြင္းေဆာင္တြင္ ရိွသၫ့္ စာၾကၫ့္ခန္း အေသးေလးထံသို႔ ဦးတည္သြားခဲ့သည္ ။ စာအုပ္စင္ရိွ စာအုပ္တစ္အုပ္အား ဖိႏိွပ္လိုက္ခ်ိန္တြင္ လ်ိဳ႕ဝွက္ခန္း တစ္ခုေပၚလာခဲ့ကာ အခန္းတစ္ခုကို ျမင္လိုက္ရသည္ ။
လ်င္ျမန္သၫ့္ ေျခလွမ္းမ်ားျဖင့္ ရြမ္းရီ သည္ အခန္းတြင္းသို႔ ေရာက္လာခဲ့ေသာ္လည္း သူ႔ေျခေထာက္မ်ားသည္ ေခြက်သြားခဲ့သည္ ။
" မရိွေတာ့ဘူး... ဘာမွ .. သိေနခဲ့တာဘဲ.... သူက သိေနခဲ့တာဘဲ " ေတာင္စဉ္ေရမရေရရြတ္သံ တို႔နဲ႔ အတူ ခပ္တင္းတင္းဆုတ္ထားသၫ့္ လက္တို႔က လက္သည္းသာ ရိွလ်ွင္ လက္ဖဝါးႏုႏုသည္ ေပါက္ထြက္သြားမၫ့္အလားပင္ ။
အခန္းငယ္ရိွ နံရံမ်ားတြင္ ပန္းခ်ီကား ခ်ိတ္ရန္ ျပဳလုပ္ထားသၫ့္ အရာမ်ား ရိွေနသည္မွ လြဲလို႔ ဘာမွမရိွခဲ့ဘဲ ။ အခန္းငယ္ ရဲ့ စားပြဲေပၚတြင္ရိွသၫ့္တိုင္းျပည္နဲ့ ပတ္သက္သၫ့္အေရးႀကီးစာရြက္မ်ားသည္ ပံုမွန္အတိုင္းသာ ရိွေသာ္လည္း တစ္စံုတစ္ခုသည္ လစ္ဟာေနခဲ့သလို ျဖစ္ေနခဲ့သည္ ။
ရြမ္းရီ က သူ႔မ်က္ႏွာကို အသာအုပ္ကိုင္လိုက္ကာ ရိႈက္ငိုလိုက္သည္ ။ မိွတ္ထားသၫ့္ မ်က္လံုးတို႔ထဲတြင္ သူ႔အေရွ့တြင္ မားမားမတ္မတ္ရပ္ေနခဲ့သၫ့္ အနက္နဲ႔ အျပာေရာယွက္ထားသၫ့္ ကိုယ္ရံေတာ္ ဝတ္စံုဝတ္ထားသၫ့္ ေယာက်ာ္းပ်ိဳ တစ္ေယာက္ ၊ အမည္တပ္လို႔မရသၫ့္ ကိုယ္သင္းနံ႔နဲ႔အတူ သူ႔အရွက္ကို ကာကြယ္ဖို႔ ရင္ခြင္ထဲ ထၫ့္ေပးခဲ့သၫ့္ လူတစ္ေယာက္ ။ ထိုသူသည္ သူ႔အေပၚတြင္ မေက်မနပ္ ျဖစ္ေနခဲ့သည္ကို သိေသာ္လည္း အနားမွာ ေခၚထားခ်င္ခဲ့ေသးသည္ ။
ေတာက္တိုမရခိုင္းခံရသၫ့္ အေခါက္တိုင္း ပြစိပြစိ တိုးတိုးေရရြတ္ကာ သူ႔အား ေျပာဆိုေနတတ္သၫ့္ ထိုသူ၏ ေနာက္ေက်ာျပင္ကို တိတ္တဆိတ္ေငးၾကၫ့္ေနခဲ့ဖူးသည္ ။ သူ႔အနားတြင္ မေနရသၫ့္အခါ ၊ ပ်င္းသၫ့္အခါ တိုင္း ဥယ်ာဉ္ ေတာ္ထဲက မက္မြန္ပင္ ေပၚမွာ လွဲေလ်ာင္းေနတတ္သၫ့္ သူ႔အား တိတ္တဆိတ္ စာရြတ္ေပၚတြင္ မွတ္တမ္းတင္ခဲ့ဖူးေသးသည္ ။
သူ႔အား မေက်မနပ္ အမႈအရာ ျပေသာ္လည္း အၿမဲတာဝန္ ေက်ပြန္တတ္သၫ့္ ထိုသူသည္ သူ႔အား လုပ္ႀကံသူ တခ်ိဳ႕ လက္မွ ကယ္တင္ခဲ့ၿပီး ၊ သူ႔မ်က္ႏွာအား ျပစ္တင္ေျပာဆို ေနခဲ့ၾကသၫ့္ အမတ္အခ်ိဳ႕ကိုလည္း ရိုက္ႏွက္ခဲ့ေသးသည္ ။
တိုေတာင္းလြန္းသၫ့္ အတူရိွခ်ိန္တြင္ သူသည္ ထိုသူအေပၚတြင္ စြဲလမ္းမွန္း မသိ စြဲလမ္းေနခဲ့ေၾကာင္းကိုေတာ့ ဝန္ခံရေပမည္ ။ သူမသိဘူး အထင္နဲ႔ ဤသီးသန႔္ခန္းျဖစ္သၫ့္ ေနရာတြင္ သူနဲ႔ ပတ္သက္သၫ့္ အရာမ်ားကိုသာ သိမ္းထားခဲ့သည္ ။ တိုင္းျပည္ေရးရာနဲ႔ ပတ္သက္သၫ့္ စာလိပ္မ်ားသည္ ဤေနရာထံသို႔ မဝင္ေအာင္နဲ႔ သူ႔အား သံသယ မဝင္ေအာင္ တားဆီးဖို႔ အေၾကာင္းျပခ်က္တစ္ခုသာသာပင္ ။
" ရီ!!! အာ... အရွင္မင္းႀကီး .. မင္ အမတ္ႀကီးရဲ့ ပံုစံက နဲနဲရယ္စရာ ေကာင္းတယ္ေနာ္ .. ဟီးးဟီးး " သူ႔အား ရယ္ေမာကာ ေျပာလာသၫ့္ ထိုသူေၾကာင့္ သူ႔ရဲ့ ဟန္ေဆာင္ ႏူးညံ့ထားသၫ့္ ပံုစံပင္ ပ်က္မတတ္ ရယ္ေမာခ်င္စိတ္ကို ထိန္းခဲ့ရေသးသည္ ။ မင္အမတ္ႀကီး သည္ သူ႔မ်က္ႏွာေပၚက အမာရြတ္အေၾကာင္းနဲ႔ ဘုရင္က ဒုတၡိတ ဟု ေျပာကာ ညီလာခံတြင္ တိုက္ခိုက္ခဲ့သည္အတြက္ မင္အမတ္၏ မ်က္ႏွာအား ထိုသူကိုယ္တိုင္ ျမင္းကန္ ခံရေအာင္ ႀကံစည္ခဲ့သည္မလား ။
ထိုသူသည္ အပ်ိဳေတာ္ နဲ႔ သခင္မေလးေတြ ၾကားထဲတြင္ အခ်ိန္တိုေလး အတြင္း နာမည္ ႀကီးလာခဲ့သၫ့္အတြက္ စိုးရိမ္ခဲ့ရေသးေသာ္လည္း သူသည္ ဘာမွ မတတ္ႏိုင္ခဲ့ေပ ။ ထိုသူက အၿမဲတမ္း သူ႔အေနာက္တြင္ ရပ္ေနခဲ့ၿပီး သူ႔ကို တာဝန္အရ ၾကၫ့္ေနရသၫ့္ သူျဖစ္ေသာ္လည္း ထိုသူရဲ့ အရိပ္ကို မက္ေမာစြာ ၾကၫ့္ေနခဲ့ရသည္က သူျဖစ္ေနခဲ့သည္မလား ။
သူ႔ သရုပ္မွန္ကို သိထားေသာ္လည္း မေၾကာက္မရြံ ဆက္ဆံတတ္သၫ့္ ထိုသူေၾကာင့္ သူသည္ သတိေပးသၫ့္ အၾကၫ့္နဲ႔ ၾကၫ့္ရံုမွ တစ္ပါး ဘာမွ မတတ္ႏိုင္ခဲ့ေပ ။ ဓားနဲ႔ လည္ပင္းကို ခ်ိန္ရြယ္လိုက္တိုင္း ခပ္ဖြဖြ ရယ္လာသၫ့္ ရွန္ယိသည္ သူက အမွန္တကယ္ မလုပ္ရက္သည္ကို သိေနခဲ့သၫ့္အလားပင္ ။
" ေတာ္ပါေပတယ္.... မင္းက အရမ္းကို ေတာ္ပါေပတယ္.. ဒီကိုယ္ေတာ္ကိုေတာင္ ဒီလို ျဖစ္ေအာင္ လုပ္ႏိုင္ခဲ့တယ္ .. ဟားးဟားး .. "
ရြမ္းရီ သည္ စာေရးစားပြဲခံုေပၚတြင္ လက္ေထာက္ကာ ထရပ္လိုက္ရင္း ရယ္ေမာလိုက္သည္ ။ သူ႔အၾကၫ့္က ေျဗာင္ျဖစ္ေနသၫ့္ ေနရာအား ၾကၫ့္မိလိုက္ခ်ိန္တြင္ စိတ္မထိန္းႏိုင္ေတာ့ဘဲ စားပြဲေပၚက စာလိပ္မ်ားကို တြန္းခ်မိလိုက္ေတာ့သည္ ။ ဤေနရာတြင္ သူအျမတ္တႏိုးသိမ္းထားခဲ့သၫ့္ သစ္သား တံဆိပ္ျပားေလး တစ္ခု ရိွေနခဲ့ဖူးသည္ ။ အေသခံစစ္သားမ်ားသည္ ပိုင္ဆိုင္မႈ မထားရိွရသျဖင့္ သူတို႔တြင္ ပိုင္သည္က နံပါတ္ျပားပါသၫ့္ တံဆိပ္တစ္ခုသာ ။
ရွန္ယိ ကိုယ္ရံေတာ္ အျဖစ္ရာထူးခ်ခံရသျဖင့္ သူ႔ရဲ့ တစ္ခုတည္းေသာ ပိုင္ဆိုင္မႈ ျဖစ္သၫ့္ တံဆိပ္ျပားေလးသည္ သူ႔လက္တြင္းသို႔ ေရာက္လာခဲ့သည္ ။ သူ႔တြင္ရိွသၫ့္ ထိုသူနဲ႔ ပတ္သက္သၫ့္ အရာဆိုလို႔ ထိုတံဆိပ္ျပားနဲ႔ အနက္ေရာင္ပုဝါေလးသာလ်ွင္ ရိွေနခဲ့သည္ ။
" ပုဝါ!!! ငါ့ပုဝါ!! "
အခန္းငယ္ထဲမွ ေျပးထြက္သြားကာ ကုတင္ထံသို႔ ျပန္ေရာက္ခဲ့သၫ့္ အခ်ိန္တြင္ ေသသပ္စြာ ေခါက္ထားခဲ့သၫ့္ ေစာင္မ်ားမွ လြဲ၍ ဘာမ်ွရိွမေနေခ်။ သူေဒါသထြက္တိုင္း " အကုန္ထြက္သြား " ဆိုသၫ့္ စကားေျပာသၫ့္ အခ်ိန္တိုင္း ကုန္းကုန္းနဲ႔ အျခားသူမ်ားသည္ သူ႔အေဆာင္ေတာ္အတြင္း မေခၚမခ်င္း ေျခတစ္လွမ္း မလွမ္းရသည္မွာ ပံုမွန္ပင္ ။
ရြမ္းရီ က သူ႔ေဘးနားရိွ စားပြဲခံုအား ေဒါသတႀကီး တြန္းလွဲမိျပန္သည္ ။ တင္ထားသၫ့္ ဓားအား ဆြဲထုတ္လိုက္သည္ ။
" အရာအားလံုးသိေနခဲ့တာေတာင္... ငါ့ကို ကစားၿပီး ထားသြားခဲ့ေသးတာလား " ျဖစ္ေပၚလာသၫ့္ ေဒါသနဲ႔ဝမ္းနည္းမႈ တို႔ေၾကာင့္ ဓားကိုင္ထားသၫ့္ လက္တို႔သည္ တုန္ယင္ေနခဲ့သည္ ။
ခ်လြမ္!!!
ေသြးစြန္းေနသၫ့္ ဓားသည္ ၾကမ္းျပင္ေပၚသို႔ ျပဳတ္က်သြားခဲ့သည္ ။ ရြမ္းရီ၏ မ်က္ႏွာထက္တြင္ အနာက်က္ေနၿပီ ျဖစ္ေသာ ဒဏ္ရာသည္ ယခုခ်ိန္တြင္ ေသြးျပန္စို႔လ်က္
" တည္ၿငိမ္မႈ မရိွတာ .. ဒီကိုယ္ေတာ္ရဲ့ ပံုစံ မဟုတ္ဘူး ... ရွန္ .. မင္းကို ေနာက္တစ္ခါ ခ်ိန္ရြယ္မဲ့ ဓားက မင္းရဲ့ အသက္ကို ယူလိမ့္မယ္ဆိုတာ .. ဒီကိုယ္ေတာ္က အသက္နဲ႔ရင္းၿပီး ေျပာရဲတယ္ ... "
အခန္းထဲတြင္ ေသြးစြန္းေနသၫ့္ ဓားတစ္လက္နဲ႔ ရယ္ေမာေနသၫ့္ လူတစ္ေယာက္သာ ရိွေနခဲ့သည္ ။ ထိုသူသည္ တိတ္တဆိတ္ထြက္ခြာသြားသၫ့္ အရိပ္တစ္ခုကို သတိမထားမိခဲ့ေပ ။
/ အရမ္းသနားဖို႔ ေကာင္းလိုက္တာ .. Host လူယုတ္မာ /
ရွန္ယိ က စနစ္၏ ေျပာလာမႈကို ျပန္ေခ်ပခဲ့ျခင္းမရိွေခ် ။ သူက တည္ၿငိမ္သၫ့္အမႈအရာျဖင့္သာ ေရ႔ွဆက္သြားေနခဲ့သည္ ။ သူက ရက္အေတာ္ၾကာ မနားမေန ခရီးဆက္ခဲ့ၿပီးေနာက္ နန္းေတာ္နဲ႔ အေတာ္အေဝးကို ေရာက္သြားခဲ့ၿပီး နယ္စပ္သို႔ ေရာက္ရိွလာခဲ့သည္ ။
သူသည္ မရပ္နားခဲ့ဘဲ တာရွန္ျပည္ထဲသို႔ ဝင္သြားခဲ့သည္ ။ သူက ရြမ္းရီ ထံမွ ရခဲ့သၫ့္ သတင္းေၾကာင့္ သူ႔ဘဝ အမွန္ကို သိေနခဲ့ၿပီးၿပီပင္ ။ အတည္ျပဳဖို့သာ က်န္ေနခဲ့သည္ ။ မနီးမေဝးတြင္ သူသည္ ရွေဝ့ယိ တို႔အား မွီလာၿပီးေနာက္ ထိုသူတို႔ေနာက္မွ တိတ္တဆိတ္လိုက္သြားခဲ့သည္ ။
တာရွန္ ျပည္သည္ ဟန္ယြဲ႔ထက္ ပြင့္လင္းသၫ့္ ယဉ္ေက်းမႈ ရိွေလသည္ ။ ေခတ္အေတြးအေခၚေလာက္ မဟုတ္ေသာ္လည္း ဒီဘက္ေခတ္ အရ အေတာ္ေလးပြင့္လင္းသည္ဟု ေျပာ၍ရေပသည္ ။
ရွန္ယိသည္ တိုင္းျပည္တစ္ခု၏ အလွအပကို ခံစားႏိုင္သၫ့္ စိတ္အေျခအေနရိွမေနခဲ့ေခ် ။ သူက ရွေဝ့ယိ တို႔အဖြဲ႔ ထဲသို႔ တိတ္တဆိတ္ခိုးဝင္ခဲ့ျပန္သည္ ။ လူမ်ားသၫ့္ အဖြဲ႔ျဖစ္သျဖင့္ အေတာ္ေလးလြယ္ကူေပသည္ ။ ဤသို႔ျဖင့္ သူဟာ တာရွန္ရဲ့ နန္းေတာ္ထဲသို႔ ေရာက္သြားခဲ့ၿပီးေနာက္ ရွေဝ့ယိတို႔အဖြဲ႔အား ဂရုမစိုက္ေတာ့ေပ ။
_______________________________________
" ဇာတ္ပို႔တစ္ေယာက္ရဲ့ အဆံုးသတ္ " Myanmar Fan Group ( OR ) " ရွန္ယိကို ရိုက္သတ္ခ်င္ေနၾကသူမ်ား စုေဝးရာ " 😂🔪🔪
ကိုယ္ေျပာပါတယ္.. bl ေရးရင္ ဒီလို ျဖစ္သြားမွာစိုးလို႔ မေရးဘူးလို႔ ..အခုေတာ့ .. 🤕💔
ဒီသာသာက romance ေရးတာ မေတာ္ေပမဲ့ Drama ခ်ိဳးရတာေတာ့ ႀကိဳက္တယ္ ဟီး😗❤️❤️
ေန့တိုင္း ႏွစ္ပိုင္း သံုးပိုင္း တင္ေနေတာ့ စိတ္မပ်က္ၾကဘူးလား ... တစ္ပိုင္းဘဲ ပံုမွန္တင္ရလည္း ျဖစ္တယ္ေနာ္ 🙄
________________________________________
Unicode
ရွမ်းရီ က ထလိုက်သည်နဲ့ နာကျင်နေသည့် ကိုယ်ကို လစ်လျုလိုက်ကာ တစ်စုံတစ်ယောက်ကို တွေ့လိုသည့်အလား အခန်းတွင်းသို့ လှည့်ပတ်ရှာလိုက်သည်။ သို့သော် အခန်းသည် ပုံမှန်အတိုင်း တိတ်ဆိတ်ကာ အေးချမ်းမှုကို ဖော်ပြလျက်ရှိသည် ။ သူ့ကိုယ်ပေါ်ရှိ အဝတ်များသည် ထိုသူက သူ့အား သတိမေ့အောင် ပြုလုပ်ပြီး ကိုယ်ကို သန့်ရှင်းကာ ဝတ်ပေးထားခဲ့သည်ကို သိသာစေလျက် ။
သူသည် ကုတင်အား အားပြုကာ ထရပ်လိုက်သည် ။ သူ့အတွင်းအားသည် ပြန်ရပြီ ဖြစ်သဖြင့် ဤနာကျင်မှုသည် သိပ်ပြီး မထိရောက်သလိုပင် ။ သို့သော် မည့်သည့်အတွက်ကြောင့် သူ့မျက်နှာပေါ်တွင် ကျဆင်းနေခဲ့သည့် မျက်ရည်တို့သည် ရပ်တန့်မသွားခဲ့ရသေးတာလဲ ...
ယိုင်နေသည့် ခြေလှမ်းတို့သည့် အတွင်းဆောင်တွင် ရှိသည့် စာကြည့်ခန်း အသေးလေးထံသို့ ဦးတည်သွားခဲ့သည် ။ စာအုပ်စင်ရှိ စာအုပ်တစ်အုပ်အား ဖိနှိပ်လိုက်ချိန်တွင် လျို့ဝှက်ခန်း တစ်ခုပေါ်လာခဲ့ကာ အခန်းတစ်ခုကို မြင်လိုက်ရသည် ။
လျင်မြန်သည့် ခြေလှမ်းများဖြင့် ရွမ်းရီ သည် အခန်းတွင်းသို့ ရောက်လာခဲ့သော်လည်း သူ့ခြေထောက်များသည် ခွေကျသွားခဲ့သည် ။
" မရှိတော့ဘူး... ဘာမှ .. သိနေခဲ့တာဘဲ.... သူက သိနေခဲ့တာဘဲ " တောင်စဉ်ရေမရရေရွတ်သံ တို့နဲ့ အတူ ခပ်တင်းတင်းဆုတ်ထားသည့် လက်တို့က လက်သည်းသာ ရှိလျှင် လက်ဖဝါးနုနုသည် ပေါက်ထွက်သွားမည့်အလားပင် ။
အခန်းငယ်ရှိ နံရံများတွင် ပန်းချီကား ချိတ်ရန် ပြုလုပ်ထားသည့် အရာများ ရှိနေသည်မှ လွဲလို့ ဘာမှမရှိခဲ့ဘဲ ။ အခန်းငယ် ရဲ့ စားပွဲပေါ်တွင်ရှိသည့်တိုင်းပြည်နဲ့ ပတ်သက်သည့်အရေးကြီးစာရွက်များသည် ပုံမှန်အတိုင်းသာ ရှိသော်လည်း တစ်စုံတစ်ခုသည် လစ်ဟာနေခဲ့သလို ဖြစ်နေခဲ့သည် ။
ရွမ်းရီ က သူ့မျက်နှာကို အသာအုပ်ကိုင်လိုက်ကာ ရှိုက်ငိုလိုက်သည် ။ မှိတ်ထားသည့် မျက်လုံးတို့ထဲတွင် သူ့အရှေ့တွင် မားမားမတ်မတ်ရပ်နေခဲ့သည့် အနက်နဲ့ အပြာရောယှက်ထားသည့် ကိုယ်ရံတော် ဝတ်စုံဝတ်ထားသည့် ယောကျာ်းပျို တစ်ယောက် ၊ အမည်တပ်လို့မရသည့် ကိုယ်သင်းနံ့နဲ့အတူ သူ့အရှက်ကို ကာကွယ်ဖို့ ရင်ခွင်ထဲ ထည့်ပေးခဲ့သည့် လူတစ်ယောက် ။ ထိုသူသည် သူ့အပေါ်တွင် မကျေမနပ် ဖြစ်နေခဲ့သည်ကို သိသော်လည်း အနားမှာ ခေါ်ထားချင်ခဲ့သေးသည် ။
တောက်တိုမရခိုင်းခံရသည့် အခေါက်တိုင်း ပွစိပွစိ တိုးတိုးရေရွတ်ကာ သူ့အား ပြောဆိုနေတတ်သည့် ထိုသူ၏ နောက်ကျောပြင်ကို တိတ်တဆိတ်ငေးကြည့်နေခဲ့ဖူးသည် ။ သူ့အနားတွင် မနေရသည့်အခါ ၊ ပျင်းသည့်အခါ တိုင်း ဥယျာဉ် တော်ထဲက မက်မွန်ပင် ပေါ်မှာ လှဲလျောင်းနေတတ်သည့် သူ့အား တိတ်တဆိတ် စာရွတ်ပေါ်တွင် မှတ်တမ်းတင်ခဲ့ဖူးသေးသည် ။
သူ့အား မကျေမနပ် အမှုအရာ ပြသော်လည်း အမြဲတာဝန် ကျေပွန်တတ်သည့် ထိုသူသည် သူ့အား လုပ်ကြံသူ တချို့ လက်မှ ကယ်တင်ခဲ့ပြီး ၊ သူ့မျက်နှာအား ပြစ်တင်ပြောဆို နေခဲ့ကြသည့် အမတ်အချို့ကိုလည်း ရိုက်နှက်ခဲ့သေးသည် ။
တိုတောင်းလွန်းသည့် အတူရှိချိန်တွင် သူသည် ထိုသူအပေါ်တွင် စွဲလမ်းမှန်း မသိ စွဲလမ်းနေခဲ့ကြောင်းကိုတော့ ဝန်ခံရပေမည် ။ သူမသိဘူး အထင်နဲ့ ဤသီးသန့်ခန်းဖြစ်သည့် နေရာတွင် သူနဲ့ ပတ်သက်သည့် အရာများကိုသာ သိမ်းထားခဲ့သည် ။ တိုင်းပြည်ရေးရာနဲ့ ပတ်သက်သည့် စာလိပ်များသည် ဤနေရာထံသို့ မဝင်အောင်နဲ့ သူ့အား သံသယ မဝင်အောင် တားဆီးဖို့ အကြောင်းပြချက်တစ်ခုသာသာပင် ။
" ရီ!!! အာ... အရှင်မင်းကြီး .. မင် အမတ်ကြီးရဲ့ ပုံစံက နဲနဲရယ်စရာ ကောင်းတယ်နော် .. ဟီးးဟီးး " သူ့အား ရယ်မောကာ ပြောလာသည့် ထိုသူကြောင့် သူ့ရဲ့ ဟန်ဆောင် နူးညံ့ထားသည့် ပုံစံပင် ပျက်မတတ် ရယ်မောချင်စိတ်ကို ထိန်းခဲ့ရသေးသည် ။ မင်အမတ်ကြီး သည် သူ့မျက်နှာပေါ်က အမာရွတ်အကြောင်းနဲ့ ဘုရင်က ဒုတ္ခိတ ဟု ပြောကာ ညီလာခံတွင် တိုက်ခိုက်ခဲ့သည်အတွက် မင်အမတ်၏ မျက်နှာအား ထိုသူကိုယ်တိုင် မြင်းကန် ခံရအောင် ကြံစည်ခဲ့သည်မလား ။
ထိုသူသည် အပျိုတော် နဲ့ သခင်မလေးတွေ ကြားထဲတွင် အချိန်တိုလေး အတွင်း နာမည် ကြီးလာခဲ့သည့်အတွက် စိုးရိမ်ခဲ့ရသေးသော်လည်း သူသည် ဘာမှ မတတ်နိုင်ခဲ့ပေ ။ ထိုသူက အမြဲတမ်း သူ့အနောက်တွင် ရပ်နေခဲ့ပြီး သူ့ကို တာဝန်အရ ကြည့်နေရသည့် သူဖြစ်သော်လည်း ထိုသူရဲ့ အရိပ်ကို မက်မောစွာ ကြည့်နေခဲ့ရသည်က သူဖြစ်နေခဲ့သည်မလား ။
သူ့ သရုပ်မှန်ကို သိထားသော်လည်း မကြောက်မရွံ ဆက်ဆံတတ်သည့် ထိုသူကြောင့် သူသည် သတိပေးသည့် အကြည့်နဲ့ ကြည့်ရုံမှ တစ်ပါး ဘာမှ မတတ်နိုင်ခဲ့ပေ ။ ဓားနဲ့ လည်ပင်းကို ချိန်ရွယ်လိုက်တိုင်း ခပ်ဖွဖွ ရယ်လာသည့် ရှန်ယိသည် သူက အမှန်တကယ် မလုပ်ရက်သည်ကို သိနေခဲ့သည့်အလားပင် ။
" တော်ပါပေတယ်.... မင်းက အရမ်းကို တော်ပါပေတယ်.. ဒီကိုယ်တော်ကိုတောင် ဒီလို ဖြစ်အောင် လုပ်နိုင်ခဲ့တယ် .. ဟားးဟားး .. "
ရွမ်းရီ သည် စာရေးစားပွဲခုံပေါ်တွင် လက်ထောက်ကာ ထရပ်လိုက်ရင်း ရယ်မောလိုက်သည် ။ သူ့အကြည့်က ေြဗာင်ဖြစ်နေသည့် နေရာအား ကြည့်မိလိုက်ချိန်တွင် စိတ်မထိန်းနိုင်တော့ဘဲ စားပွဲပေါ်က စာလိပ်များကို တွန်းချမိလိုက်တော့သည် ။ ဤနေရာတွင် သူအမြတ်တနိုးသိမ်းထားခဲ့သည့် သစ်သား တံဆိပ်ပြားလေး တစ်ခု ရှိနေခဲ့ဖူးသည် ။ အသေခံစစ်သားများသည် ပိုင်ဆိုင်မှု မထားရှိရသဖြင့် သူတို့တွင် ပိုင်သည်က နံပါတ်ပြားပါသည့် တံဆိပ်တစ်ခုသာ ။
ရှန်ယိ ကိုယ်ရံတော် အဖြစ်ရာထူးချခံရသဖြင့် သူ့ရဲ့ တစ်ခုတည်းသော ပိုင်ဆိုင်မှု ဖြစ်သည့် တံဆိပ်ပြားလေးသည် သူ့လက်တွင်းသို့ ရောက်လာခဲ့သည် ။ သူ့တွင်ရှိသည့် ထိုသူနဲ့ ပတ်သက်သည့် အရာဆိုလို့ ထိုတံဆိပ်ပြားနဲ့ အနက်ရောင်ပုဝါလေးသာလျှင် ရှိနေခဲ့သည် ။
" ပုဝါ!!! ငါ့ပုဝါ!! "
အခန်းငယ်ထဲမှ ပြေးထွက်သွားကာ ကုတင်ထံသို့ ပြန်ရောက်ခဲ့သည့် အချိန်တွင် သေသပ်စွာ ခေါက်ထားခဲ့သည့် စောင်များမှ လွဲ၍ ဘာမျှရှိမနေချေ။ သူဒေါသထွက်တိုင်း " အကုန်ထွက်သွား " ဆိုသည့် စကားပြောသည့် အချိန်တိုင်း ကုန်းကုန်းနဲ့ အခြားသူများသည် သူ့အဆောင်တော်အတွင်း မခေါ်မချင်း ခြေတစ်လှမ်း မလှမ်းရသည်မှာ ပုံမှန်ပင် ။
ရွမ်းရီ က သူ့ဘေးနားရှိ စားပွဲခုံအား ဒေါသတကြီး တွန်းလှဲမိပြန်သည် ။ တင်ထားသည့် ဓားအား ဆွဲထုတ်လိုက်သည် ။
" အရာအားလုံးသိနေခဲ့တာတောင်... ငါ့ကို ကစားပြီး ထားသွားခဲ့သေးတာလား " ဖြစ်ပေါ်လာသည့် ဒေါသနဲ့ဝမ်းနည်းမှု တို့ကြောင့် ဓားကိုင်ထားသည့် လက်တို့သည် တုန်ယင်နေခဲ့သည် ။
ချလွမ်!!!
သွေးစွန်းနေသည့် ဓားသည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည် ။ ရွမ်းရီ၏ မျက်နှာထက်တွင် အနာကျက်နေပြီ ဖြစ်သော ဒဏ်ရာသည် ယခုချိန်တွင် သွေးပြန်စို့လျက်
" တည်ငြိမ်မှု မရှိတာ .. ဒီကိုယ်တော်ရဲ့ ပုံစံ မဟုတ်ဘူး ... ရှန် .. မင်းကို နောက်တစ်ခါ ချိန်ရွယ်မဲ့ ဓားက မင်းရဲ့ အသက်ကို ယူလိမ့်မယ်ဆိုတာ .. ဒီကိုယ်တော်က အသက်နဲ့ရင်းပြီး ပြောရဲတယ် ... "
အခန်းထဲတွင် သွေးစွန်းနေသည့် ဓားတစ်လက်နဲ့ ရယ်မောနေသည့် လူတစ်ယောက်သာ ရှိနေခဲ့သည် ။ ထိုသူသည် တိတ်တဆိတ်ထွက်ခွာသွားသည့် အရိပ်တစ်ခုကို သတိမထားမိခဲ့ပေ ။
/ အရမ်းသနားဖို့ ကောင်းလိုက်တာ .. Host လူယုတ်မာ /
ရှန်ယိ က စနစ်၏ ပြောလာမှုကို ပြန်ချေပခဲ့ခြင်းမရှိချေ ။ သူက တည်ငြိမ်သည့်အမှုအရာဖြင့်သာ ရှေ့ဆက်သွားနေခဲ့သည် ။ သူက ရက်အတော်ကြာ မနားမနေ ခရီးဆက်ခဲ့ပြီးနောက် နန်းတော်နဲ့ အတော်အဝေးကို ရောက်သွားခဲ့ပြီး နယ်စပ်သို့ ရောက်ရှိလာခဲ့သည် ။
သူသည် မရပ်နားခဲ့ဘဲ တာရှန်ပြည်ထဲသို့ ဝင်သွားခဲ့သည် ။ သူက ရွမ်းရီ ထံမှ ရခဲ့သည့် သတင်းကြောင့် သူ့ဘဝ အမှန်ကို သိနေခဲ့ပြီးပြီပင် ။ အတည်ပြုဖို့သာ ကျန်နေခဲ့သည် ။ မနီးမဝေးတွင် သူသည် ရှဝေ့ယိ တို့အား မှီလာပြီးနောက် ထိုသူတို့နောက်မှ တိတ်တဆိတ်လိုက်သွားခဲ့သည် ။
တာရှန် ပြည်သည် ဟန်ယွဲ့ထက် ပွင့်လင်းသည့် ယဉ်ကျေးမှု ရှိလေသည် ။ ခေတ်အတွေးအခေါ်လောက် မဟုတ်သော်လည်း ဒီဘက်ခေတ် အရ အတော်လေးပွင့်လင်းသည်ဟု ပြော၍ရပေသည် ။
ရှန်ယိသည် တိုင်းပြည်တစ်ခု၏ အလှအပကို ခံစားနိုင်သည့် စိတ်အခြေအနေရှိမနေခဲ့ချေ ။ သူက ရှဝေ့ယိ တို့အဖွဲ့ ထဲသို့ တိတ်တဆိတ်ခိုးဝင်ခဲ့ပြန်သည် ။ လူများသည့် အဖွဲ့ဖြစ်သဖြင့် အတော်လေးလွယ်ကူပေသည် ။ ဤသို့ဖြင့် သူဟာ တာရှန်ရဲ့ နန်းတော်ထဲသို့ ရောက်သွားခဲ့ပြီးနောက် ရှဝေ့ယိတို့အဖွဲ့အား ဂရုမစိုက်တော့ပေ ။
_______________________________________
" ဇာတ်ပို့တစ်ယောက်ရဲ့ အဆုံးသတ် " Myanmar Fan Group ( OR ) " ရှန်ယိကို ရိုက်သတ်ချင်နေကြသူများ စုဝေးရာ " 😂🔪🔪
ကိုယ်ပြောပါတယ်.. bl ရေးရင် ဒီလို ဖြစ်သွားမှာစိုးလို့ မရေးဘူးလို့ ..အခုတော့ .. 🤕💔
ဒီသာသာက romance ရေးတာ မတော်ပေမဲ့ Drama ချိုးရတာတော့ ကြိုက်တယ် ဟီး😗❤️❤️
နေ့တိုင်း နှစ်ပိုင်း သုံးပိုင်း တင်နေတော့ စိတ်မပျက်ကြဘူးလား ... တစ်ပိုင်းဘဲ ပုံမှန်တင်ရလည်း ဖြစ်တယ်နော် 🙄
________________________________________