Unicode+Zawgyi
❣️ဦး ဖန် တီး သော အ ချစ် သ င်္ကေ တ❣️
💫Season 2💫
💫Part (8)💫
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
"အန်တီ "
"ရှင့် "
"အန်တီက မှိုင်းကို ခွံ့ကျွေးနော် နေ့က သူစိမ်းကျွေးရင် မစားဘူး "
"အဟင်း ဟုတ်ပါပြီ မှိုင်းလေးရယ် အန်တီခွံ့ကျွေးမယ် "
မှိုင်းရဲ့လိုလားမှုကို ရေလွှာလွှာရလိုက်တော့ မျက်နှာကပြုံးဖြီးနေသည်။ စိုးစိုးနဲ့မိုးမိုးကလည်း မျက်လုံးပြူးလျက် မှိုင်းကို ကြည့်နေသည်။
ခဏကအထိ အမြင်မကြည်တဲ့မှိုင်းကိုယ်မှာ သရဲများဝင်ပူးထားသလိုပင်။
"ငါးချက်တာဆိုတော့ အန်တီအလုပ်ရှုပ်တော့မယ် "
"အို ရတာပေါ့ အန်တီအရိုးထွင်ပေးမှာပေါ့ "
မျက်နှာငယ်လေးနဲ့အားနာစွာပြောလာသည်မလို့ ရေလွှာလွှာ အရမ်းကိုသဘောကျပြီး သဘောတွေစွတ်ကောင်းနေသည်။
ရေလွှာလွှာ လက်တွေအပြေးအလွှားဆေးပြီး မှိုင်းအတွက် အရိုးနွှင်လိုက် ခွံလိုက်နဲ့အလုပ်ဖြစ်နေသည်။ မကြာပါ ထမင်းစားနေရင်းမှ မှိုင်းအော်ငိုသည်။
"အဟီး ဖေဖေ "
"ဘာဖြစ်တာလဲ မှိုင်း သမီး "
"အရိုး အဟွတ် ဟွတ် အဟီး "
ချောင်းဆိုးပြီး ပါးစပ်ထဲ လက်ညိုးနဲ့နှိုက်ကာ အရိုးထုတ်လိုက် ငိုလိုက်နဲ့။ ရေလွှာလွှာ ပြာယာခတ်ပြီး ခြေမကိုင်မိလက်မကိုင်မိ။ သူမကြောင့်ဖြစ်သွားတာကိုး။
"လွှာ တောင်းပန်ပါတယ် တစ်ကယ်သေချာနွှင်နေတာကို "
"အဟင့် အန်တီကြီးကို မချစ်တော့ဘူး မုန်းတယ်"
ရေလွှာလွှာကို အပြစ်တင်ပြီး အကြီးအကျယ်ကို ငိုနေရှာသည့်မှိုင်း။ သူ့မနေသာတော့ဘဲ မှိုင်းကိုပွေ့ကာ...
"ဆေးရုံသွားမယ် "
"ဟင် သူ့မိသားစုဆရာဝန်ခေါ်တာက "
"မထားထားဘူး မလိုအပ်ဖူးထင်လို့ ဆေးရုံကိုပဲသွားမယ် "
သူ့တစ်ကယ်ကိုပြာယာခတ်နေသည်။ နေ့ကလည်း မှိုင်းကိုပွေ့ထားသည့်သူ့နောက် ခပ်မြန်မြန်လိုက်လာသည်။
"ဘာလုပ်နေတာလဲ မလိုက်သွားဘူးလား "
"နင်တို့ကြောင့် နင်တို့ငါးမချက်ရင် ဒီလိုဖြစ်မှာမဟုတ်ဘူး $€¥ "
ရေလွှာလွှာ ပါးစပ်ကနေ မျိုးစုံဆူဆဲရင်း သူ့နောက်အပြေးလိုက်သွားသည်။
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
"အရိုးကမရှိတော့ပါဘူး ထုတ်ပြီးပါပြီ "
လှဲအိပ်နေသည့် မှိုင်းကို ဆောင်းပြုံးကြည့်ရင်းပြောလိုက်သည်။ ထိုအခါမှ သူ့သက်ပြင်းချနိုင်တော့သည်။
"လွှာတောင်းပန်ပါတယ် သူ့ "
"မလိုဘူး ခင်ဗျားကြောင့် ကျွန်တော့်သမီး အရိုးစူးသွားရတာ "
"လွှာမှားတာပါ သူ့ "
ရေလွှာလွှာ့အသံက ငိုသံပင်စွက်လာပြီဖြစ်သည်။
"ပြန်ပါတော့ အခု ကျွန်တော် လွှာ့ကို စကားပြောချင်စိတ်မရှိသေးဘူး "
"သမီးလေး မှိုင်း "
အချိန်ကိုက် ရာရာအလောတကြီးပြေးဝင်လာသည်။ ရေလွှာလွှာကို မြင်ပေမဲ့ ဂရုမစိုက်အား။ မှိုင်းအနားကိုချက်ချင်းသွားသည်။
သူ့ရာရာကိုမြင်လိုက်ရ၍...
"အပြင်ထိလိုက်ပို့မယ် "
ရေလွှာလွှာ လက်ကိုဆွဲကာ ခေါ်သွားသည်။
သူ့က တစ်ကယ်ကို ဟန်ဆောင်ကောင်းပါ၏။
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
"ဒေါက်တာ မှိုင်းလေးအဆင်ပြေရဲ့လား "
"ပြေပါတယ် မှိုင်းမျက်လုံးဖွင့်လို့ရပြီ "
ဆောင်းရဲ့စကားကြောင့် ရာရာပါးစပ်အဟောင်းသား။
"ဟန်မဆောင်နဲ့တော့ မှိုင်း ဒေါက်တာက ဆေးကုတဲ့သူနော် "
ဆောင်းရဲ့ပြုံးစစ စကားကြောင့် မှိုင်းမျက်လုံးပွင့်လာသည်။
"မှိုင်း အဆင်ပြေရဲ့လား "
"စိတ်မပူပါနဲ့ မဆာကူရာ မှိုင်း ငါးရိုးမစူးပါဘူးရှင့်"
"ရှင်"
"အကြောင်းစုံကို သမီးဆီမေးကြည့်ပါနော် ဆောင်းကိုခွင့်ပြုပါဦး "
ဆောင်းထွက်သွားမှ နေ့က မှိုင်းအနားလာကာ ပေစောင်းစောင်းကြည့်သည်။
"နေ့ မမကို အပြစ်မတင်နဲ့နော် "
နေ့ဆူမယ်ဆိုတာ သိလို့ မှိုင်းနှုတ်ခမ်းဆူကာ ပိတ်ပြောထားသည်။
"မဆူဘူး နောက်ခါ သရုပ်ဆောင်ပီပြင်အောင်လုပ် "
"အခုက မကောင်းဘူးလား "
"မကောင်းဘူး ဖေဖေနဲ့ အဲ့အန်တီက သတိမထားမိလို့ ငါကမတူဘူး ငါကနင့်အမွှာ အဲ့အန်တီကိုကြည့်မရလို့ငြိမ်နေတာ "
"ဟင့် မေမေ မှိုင်းက စေတနာနဲ့ နောက်ထပ် အိမ်မလာအောင် ပညာပေးတာကို နေ့က ဆူတယ် ဟီး "
"တိတ် တိတ် မေ့သမီးက လိမ္မာတယ် မေမေအပြစ်မပြောပါဘူး "
မှိုင်းကို တစ်ယောက်တစ်ဖက်ဆီမျက်ရည်ကူသုတ်ပေးကြ၏။ တစ်ကယ်ကို လိုက်ဖက်သည့် သားအမိသုံးယောက်ပင်။
"မေမေနဲ့ အိမ်လိုက်ချင်တယ် "
"မေမေက အလုပ်ကိုပြန်သွားရမှာ မှိုင်းရဲ့ နောက်မှ တွေ့မယ်လေ နော်..."
"အလုပ်ကဘာလဲ "
မှိုင်းရဲ့မေးခွန်းက ရာရာကိုဖြေရခက်စေသည်။ အမှန်အတိုင်းပြောလိုက်တာက ကောင်းတယ်ဆိုပေမဲ့ ပါးစပ်ကမထွက်။ ဘယ်လိုအစချီပြောပြရမလဲဆိုတာ မသိ။
"မေမေက ဖေဖေ့တို့လုပ်ငန်းစုမှာ အလုပ်လုပ်နေတာ"
သူ့တံခါးဖွင့်ဝင်လာရင်းဖြေသည်။
"တစ်ကယ် ဖေဖေ ဒါဆို မှိုင်းတို့ဖေဖေ့အလုပ်ကို လိုက်လို့ရလား "
"သက်သာရင် လိုက်ခွင့်ပေးမယ် "
"ရေး..."
မှိုင်းကုတင်ပေါ်ကပြေးဆင်းကာ သူ့ကိုပြေးဖက်သည်။
"နောက်တစ်ခါ ဒီလိုမဆိုးရဘူးနော် မှိုင်း မှိုင်းစိတ်ကိုသိပေမဲ့ လူကြီးကို ဒီလိုမလုပ်ရဘူး ဖေဖေတို့ကိစ္စကို ဖေဖေတို့ပဲဖြေရှင်းမယ် သူ့သင်္ကေတရဲ့သမီးက ဆိုးတယ်၊ရိုင်းတယ်ဆိုပြီး အပြောမခံရဘူး "
မှိုင်းနှုတ်ခမ်းကို စူသည်ထက်ဆူပုတ်ကာ...
"ဟင့်အင်း ဖေဖေနဲ့မေမေကြားထဲ ဘယ်သူမှမဝင်အောင်မှိုင်းလုပ်မှာ မှိုင်းကငယ်သေးပေမဲ့ အားလုံးသိတယ် အန်တီအရှင်ကိုလည်းမှိုင်းမုန်းတယ် "
ရာရာနဲ့သူ့ရဲ့ကွာရှင်းမှုပြဿနာက မှိုင်းကို စိတ်ဒဏ်ရာရသွားစေတာပဲ။ တစ်ယောက်နဲ့တစ်ယောက် မာနပြိုင်ခဲ့ကြ၊မယုံကြည်ကြဘဲ လုပ်ချင်ရာလုပ်ခဲ့ကြတဲ့အကျိုးဆက်ဆိုးပင်။
"မှိုင်း မေမေ့နားလာ "
မှိုင်းကိုခေါ်လိုက်ရင်း မှိုင်းနဲ့နေ့ရှေ့ ဒူးထောက်ထိုင်ချလိုက်သည်။
"မေမေတို့ကြားမှာ နားလည်မှုလွဲနေတာလေးရှိလို့ ခဏခွဲနေတာ သိတယ်မလား မေမေကစိတ်ကောက်နေလို့ ဖေဖေနဲ့ခဏခွဲနေတာ မှိုင်းထင်နေသလိုမဟုတ်ဘူး ဖေဖေနဲ့ပြန်တည့်သွားရင် မေမေအိမ်ကိုပြန်လာမှာ "
"မေမေ လိမ်နေတာ "
ရာရာ့ကိုမော့မကြည့်ဘဲ မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ပြောသည်။ နေ့က အလိုက်သိစွာ မှိုင်းရဲ့လက်ကို ဆုပ်ကိုင်ကာအားပေးသည်။ ကလေးတွေကြောင့် ရာရာမျက်ရည်တွေပိုကျလာရသည်။
"မလိမ်ပါဘူး မေမေ ဖေဖေ့ကို စိတ်ကောက်ပြေတော့မှာ မှိုင်းတို့နဲ့အတူတူနေတော့မှာ မေမေ ကတိပေးတယ် "
"ဖေဖေရော "
ရာရာ့ပုခုံးကို ဖက်လိုက်ရင်း သူ့ပါကတိပေးသည်။
"တစ်ကယ်နော် ဖေဖေ နောက်ထပ်မလိမ်ရဘူး"
"တစ်ကယ်ပါဆို နောက်တစ်ပတ်ဆို မေမေကဖေဖေတို့နဲ့လာနေတော့မှာ အခုတောင် ဖေဖေနဲ့မေမေတည့်သွားလို့ ဖေဖေ့ဆီမှာ အလုပ်လာကူနေတာပေါ့ "
သူ့ဘက်ကပါ ဝင်ပြီးရှင်းပြတော့မှ နှစ်ယောက်သား မော့ကြည့်လာကြသည်။ ရာရာကိုရော ကလေးတွေကိုရော သူ့သိမ်းကျုံးဖက်လိုက်သည်။
ဆောင်းအပြင်ဘက်နေ ငေးကြည့်နေရင်း သက်ပြင်းချသည်။ အရှင်ဘယ်လိုခွဲခွဲ သူတို့မိသားစုပြိုကွဲနိုင်ပါ့မလား။ ဆောင်းထင်တာတော့ အရှင်မလုပ်နိုင်ဘူး။
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
"ခဏ ခဏလေး ဦးသူ့ "
သူ့ကားတံခါးဖွင့်ပေးတာကို မတက်သေးဘဲ ရပ်လိုက်တော့ သူ့နားမလည်သလိုကြည့်သည်။ ရာရာဆောင်းကို တွေ့လိုက်ရ၍ စကားပြောချင်၍ဖြစ်သည်။
"ဘာဖြစ်တာလဲ"
"ဘာဖြစ်လို့လဲ မေမေ "
မှိုင်း ကားတံခါးကနေ ခေါင်းပြူထွက်ရင်းမေးသည်။
"ဟို မေမေ သမီးကို ကုပေးတဲ့ဆရာမကို ကျေးဇူးတင်မလို့ ခဏလေး "
မှိုင်းကိုပြောပြီး ဆောင်းဆီသွားဖို့ပြင်တော့ သူ့ကလက်ကို လှမ်းဆွဲသည်။
"ဘာသွားမေးမလို့လဲ "
"အဲ့နေ့က ကိစ္စကို သေချာသိချင်လို့ "
ထိုသို့ပြောမှသူ့က လက်ကိုလွှတ်သည်။
လက်လွှတ်လိုက်သည်နှင့် ရာရာဆေးရုံအတွင်းထဲ အမြန်ပြေးဝင်ခဲ့သည်။ ဆောင်းရှိရာသို့...
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
"ဒေါက်တာ "
"ဘာဖြစ်တာလဲ မဆာကူရာ "
"စကားပြောချင်လို့ပါ ဒေါက်တာကို မေးစရာလည်းရှိလို့ "
"ဆောင်း အခန်းကိုသွားရအောင် "
"ဟုတ်ကဲ့ "
ဆောင်းနဲ့ရာရာ မျက်နှာချင်းဆိုင်ထိုင်နေပေမဲ့ ရာရာဘာမှမပြောရသေး။ မေးဖို့အားယူနေခြင်းဖြစ်သည်။
"ပွင့်ပွင့်လင်းလင်းပြောလို့ရပါတယ် "
"အဲ့ဒီနေ့ ဒေါက်တာမှတ်မိတယ်မလား ကျွန်မ ကိုယ်ဝန်ပျက်ကျတဲ့နေ့ "
ဆောင်းမျက်နှာပျက်သွားသည်။ သို့သော် ရာရာမရိပ်မိအောင် ထိန်းထားလိုက်နိုင်သည်။
"မှတ်မိပါတယ် အဲ့ဒါက ဆောင်းဘဝမှာ မေ့ဖို့ခက်တဲ့ ကိစ္စပဲ "
"ဒေါက်တာက ကျွန်မရဲ့ခန္ဓာကိုယ်ထဲမှာ mifepristone(ကိုယ်ဝန်ပျက်ကျဆေး)ကိုတွေ့တာ အမှန်ပဲလား အဲ့နေ့ကစိတ်ရှုပ်ထွေးပြီးသေချာမမေးမိလို့ပါ "
"ဟုတ်ကဲ့ မှန်ပါတယ် "
"ကျေးဇူးတင်ပါတယ် ဒေါက်တာ အဲ့နေ့က ကျွန်မအသက်ကို ကယ်ခဲ့ပေးလို့ ကလေးကို ကယ်လို့မရပေမဲ့ ကျွန်မကိုကယ်ပေးလို့ "
ဆောင်း ဘာစကားမှမပြောနိုင်တော့ဘဲ ခေါင်းငုံ့သွားသည်။ ကိုယ်ဝန်ပျက်ကျအောင်လုပ်တဲ့သူကို မသိဘဲ ကယ်ပေးလို့ ကျေးဇူးတင်ပါသည်တဲ့။ ဘယ်လိုမျက်နှာမျိုးနဲ့ အဲ့ကျေးဇူးကို ခံယူရမှာလဲ???
"ကလင်..."
မက်ဆေ့ခ်ျသံကြောင့် ဆောင်းဖုန်းကိုထုတ်ကြည့်ပြီး မျက်နှာပျက်သွားသည်။ အရှင်က ဆေးရုံကိုရောက်နေပြီဆိုတာ ပြောထားခြင်းပင်။
"ဆောင်းကို ခွင့်ပြုပါဦး လူနာကြည့်ရဦးမယ်"
"ဟုတ်ကဲ့ ကျွန်မလည်း ပြန်ပါတော့မယ် "
ရာရာအရင်ထွက်လာခဲ့လိုက်သည်။ ရာရာထွက်သွားပြီး ငါးမိနစ်လောက်ကြာမှ ဆောင်းထွက်လာသည်။ ဘေးဘီကို ဝေ့ဝိုက်ကြည့်လိုက်ရင်း ဖုန်းကိုထုတ်ကာ အရှင်ဆီဖုန်းဆက်လိုက်သည်။
"အရှင် ဘယ်နားမှာလဲ ငါ့အခန်းထဲပဲ တန်းလာခဲ့လိုက်တော့ "
"အင်း"
"နင်သိလား အရှင် နင်ဘယ်လိုခွဲခွဲ သူ့နဲ့ဆာကူရာ ပြန်ပြီးပေါင်းဖက်ကြဦးမှာပဲ နင်ဘယ်လိုပဲ တခြားမိန်းမနဲ့အစားထိုးဖို့ကြိုးစားကြိုးစား သူ့ကအရှင့်ဆီပြန်သွားဦးမှာပဲ ဒါကြောင့် နောက်ထပ် ငါ့ကို မကောင်းတာ ထပ်မလုပ်ခိုင်းနဲ့"
အရှင့်ဘက်က တိတ်သွားသည်။ အနိုင်မရ၍ စိတ်တိုသွားမယ်ဆိုတာ သေချာမလွဲ။ အရှင့်မျက်နှာကိုကြည့်ပြီး ဒီစကားမပြောထွက်၍ ဖုန်းထဲမှာ ပြောလိုက်ခြင်းဖြစ်သည်။
"ငါစောင့်နေမယ် အရှင် နင့်ကို ကလေးပျက်တဲ့ကိစ္စနဲ့ပတ်သတ်ပြီး အရေးကြီးကိစ္စပြောစရာရှိတယ် "
ဆောင်း သူ့ဘာသာပြောပြီး ဟိုကြည့်ဒီကြည့်နဲ့အထဲပြန်ဝင်သွားသည်။
ဆောင်းတစ်ယောက် ဖုန်းမေ့ခဲ့၍ ပြန်လာယူသည့် ရာရာ အခန်းထောင့်မှာ ရှိနေတာကိုမတွေ့သွားပေ။
"ဒေါက်တာက ဘယ်လိုမကောင်းတာ လုပ်ထားတာလဲ ပြီးတော့ သစ္စာရှင်နဲ့ဘယ်လိုရင်းနှီးနေတာလဲ "
ရာရာသေချာပြန်စဉ်းစားလေ ရှုပ်လေဖြစ်သည်။
ရာရာ ဘယ်ဘက်ကို ကွေ့ပြီးထွက်သွားချိန် အရှင် ညာဘက်ထောင့်မှထွက်လာကာ ဆောင်းအခန်းထဲကို ဒေါသတကြီးဝင်သွားသည်။
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
ကလေးတွေကို အိမ်အရင်ပြန်ပို့ပြီးမှာ ရာရာကို အိမ်ပြန်လိုက်ပို့သည်။
"ဟိုတယ်ကိုပဲမောင်းပါ ဒေါ်သစ်သစ်လွင် ကျွန်မကို ဆူလိမ့်မယ် "
"ကိုယ်ကရာထူးပိုကြီးတယ် ဂရုမစိုက်နဲ့"
"မနေ့က ပြောတာမကြားဘူးလား ကျွန်မက သူ့လက်အောက်ကဆိုပြီး "
"အဲ့တာတွေခေါင်းထဲမထည့်နဲ့ "
ရာရာနှုတ်ခမ်းမဲ့လိုက်ပြီး ခေါင်းကိုတခြားဘက်လှည့်သွားသည်။
"ဒေါက်တာဆီဘာသွားလုပ်တာလဲ "
"ဒီလိုပဲ မေးစရာရှိလို့ "
"ဘာလဲ "
"ဒေါက်တာနဲ့သစ္စာရှင်က ဘယ်လိုသိတာလဲ ရှင်က ရင်းနှီးတော့ သိမှာပေါ့ "
"သူငယ်ချင်း သစ္စာရှင်နဲ့ ဆောင်းက သူငယ်ချင်းတွေ နိုင်ငံခြားမှာ အတူနေလာရင်း ခင်လာကြတာ ဘာလို့မေးတာလဲ"
"ဒါကိုလည်း ရှင်သိတာပဲ "
"အင်းသိတယ်"
"ဒေါက်တာက သစ္စာရှင်ကိုပြောတာ ကြားခဲ့ရတယ် ရှင်နဲ့ရာရာကြားထဲကို ဘယ်လိုဝင်ဝင်ရမှာမဟုတ်ဘူးတဲ့ သူ့ကိုမကောင်းတာ မလုပ်ခိုင်းနဲ့တဲ့ အဲ့လိုပြောတာကြားတာ...
တစ်ကယ်လို့များ တစ်ကယ်လို့များလေ ဒေါက်တာနဲ့အရှင်ပေါင်းကြံပြီး ရာရာ့ကလေး...
အဟင်း ရာရာအတွေးလွန်နေတယ်ထင်တယ် မဟုတ်လောက်ပါဘူး ဒေါက်တာကဆရာဝန်ပဲဟာ ဘာလို့လုပ်မှာလဲ"
တစ်ယောက်တည်း အတွေးများရင်း ပြောနေမိသည်။ သူ့အနည်းငယ်သာပြုံးလိုက်ရင်း...
"သူများဖုန်းပြောတာ ခိုးနားထောင်ခဲ့တာလား"
"မဟုတ်ပါဘူး ရာရာဖုန်းမေ့ခဲ့လို့ ပြန်သွားယူရင်း...ဟာ သွားပြီ "
"ဘာဖြစ်တာလဲ "
"ဖုန်းကို ဝင်မယူခဲ့မိဘူး "
ရာရာ ကိုယ့်ရဲ့အသုံးမကျမှုကိုသာ ဒေါသထွက်ရသည်။ ဖုန်းပြန်ယူတာကို အခန်းထဲမဝင်ဘဲ ပြန်လာခဲ့သည်တဲ့။
"မင်းကိုပို့ပြီး အပြန် ကိုယ်ဝင်ယူလိုက်မယ်"
"ဟုတ်ကဲ့ "
ရာရာတို့ကြား တိတ်ဆိတ်သွားသည်။ အတွေးကိုယ်စီနဲ့ဆိုပေမဲ့ တွေးနေတဲ့အရာက တစ်ခုပဲဖြစ်ပါလိမ့်မည်။ အတွေးနယ်ထဲမှာ စဉ်းစားနေရင်း ရာရာတိုက်ခန်းရှေ့ရောက်လာသည်။
"ရာရာ "
"ဟင်...ရောက်ပြီလား "
ပြာယာခတ်ပြီး ခါးပတ်ကိုဖြုတ်သည်။
တံခါးကိုဖွင့်တော့ ဖွင့်မရ။
"ရာရာ "
"ရှင် "
"ဆေးရုံမှာ မှိုင်းကို ပြောလိုက်တာ ကောင်းပေမဲ့ မင်းကို ထပ်မလိမ်စေချင်ဘူး ကလေးတွေဉာဏ်ကောင်းတာ မင်းလည်းသိမှာပါ "
ရာရာမျက်ရည်ဝိုင်းလာပြီးခေါင်းငုံ့သွားသည်။
"ဒါဆို ဒီတိုင်းထားလိုက်ရမှာလား ဟင့်အင်း ရာရာကလေးတွေကို ဒဏ်ရာတွေမပေးချင်ဘူး ရာရာမိခင်ကောင်းဖြစ်ချင်တယ် "
"ဒါဆို ကိုယ်တို့ ပြန်ပေါင်းရအောင် "
"ဟင် "
မျက်ရည်ကျနေရင်းမှ မော့ကြည့်လာတဲ့ ရာရာ့မျက်လုံးတွေက အံ့ဩမှုတွေအထင်းသားပင်။ မျက်ရည်တွေပင် ရပ်တန့်သွားရ၏။
"မင်းပြောတယ်မလား မိခင်ကောင်းဖြစ်ချင်တယ်လို့ အခု အဲ့ဒီအခွင့်အရေးကိုပေးမယ် ကိုယ်တို့ပြန်ပေါင်းမယ် "
"ဦး ဦးသူ့ "
"ကိုယ်နောက်ဆုံးအခွင့်အရေးပေးနေတာ ဒီတစ်ခါ မင်းငြင်းမယ်ဆို မှိုင်းနဲ့နေ့ကို အဖိုးရှိတဲ့ဂျပန်ကို ပို့တော့မှာ မှိုင်းနဲ့နေ့ရဲ့ဘဝမှာ အမေဆိုတဲ့ နေရာကို မေ့အောင် ကိုယ်ကိုတိုင် ပြုစုပျိုးထောင်မယ် မှိုင်းနဲ့နေ့ မင်းကို တစ်သက်လုံးမတွေ့အောင် ကိုယ်ကြိုးစားမှာ "
ဦးသူ့စကားတွေက လေးလေးနက်နက်ဖြစ်တယ်ဆိုတာ သူ့မျက်ဝန်းတွေကတစ်ဆင့်သိနိုင်ပါသည်။
"အဲ့လိုလုပ်လို့မရဘူး ဦးသူ့ ကလေးတွေအသက်(၅)နှစ်ရှိပြီ ရာရာ့ကိုသူတို့အလွယ်မေ့နိုင်မယ်လို့ အာမခံနိုင်လို့လား "
"ကိုယ်ရအောင်လုပ်မှာ ကလေးတွေအတွက် သတ္တိမရှိပေးနိုင်တဲ့ အမေကို ကိုယ်တို့အလိုမရှိဘူး မလိုအပ်ဘူး သေချာစဉ်းစားပါ ကိုယ်တို့အတ္တ၊မာနတွေကိုဘေးဖယ်ပြီး ဆုံးဖြတ်ပါ"
"နောက်တစ်ပတ် ကိုယ့်ကို ပြန်ဖြေပေး ကိုယ်တစ်ပတ်စောင့်မယ်"
ရာရာဘာစကားမှပြန်မပြောဘဲ ကားပေါ်ကဆင်းလိုက်သည်။ ဦးသူ့က ပြောသလိုတစ်ကယ်လုပ်မယ်ဆိုတာ ရာရာရိပ်မိပါသည်။
"မမ "
"..."
"မမ "
"ဟင် မင်းမင်း"
"ယောက်ျားကို မခွဲနိုင်ဘူးလား အကြာကြီးရပ်ကြည့်နေတာ "
"မဟုတ်ပါဘူး စဉ်းစားနေတာပါ "
"အစ်ကိုက ဘာတွေပြောသွားလို့လဲ "
"ငါတို့ပြန်ပေါင်းရအောင် ဆိုပြီးပြောသွားတာ"
"ဗျာ "
"ဒါကတစ်ကယ်လား အိမ်မက်လား "
မင်းမင်း ရာရာ့လက်မောင်းကိုဆိတ်ထည့်လိုက်သည်။
"အား နာတယ်"
"အိမ်မက်မဟုတ်ကြောင်း သက်သေပြတာ"
ပြောင်စပ်စပ်ပြောနေတဲ့မင်းမင်းကို မျက်စောင်းဆုပေးလိုက်သည်။
"ကျွန်တော့်အထင် မမတို့ဘဝသစ်ပြန်စသင့်တယ် အစ်ကို့မျက်လုံးထဲမှာ မမကိုချစ်တဲ့အချစ်တွေမြင်နေရတယ် မမမျက်လုံးထဲမှာရောပဲ မမ အစ်ကို့ကိုချစ်နေသေးတယ် နှလုံးသားရဲ့နောက်ကိုပဲလိုက်ပါ ဒါပေမဲ့ စိတ်ရဲ့အလောတကြီးဆုံးဖြတ်ချက်ကို မလိုက်နာနဲ့ "
မင်းမင်းပြောတာလည်းဟုတ်ပါရဲ့။ ရာရာတို့တစ်ယောက်ကိုတစ်ယောက် ချစ်နေရက်နဲ့ မယုံကြည်မှုတွေကြောင့် ကွာရှင်းခဲ့ကြတာ။ မင်းမင်းပြောသလို အစကနေပြန်စသင့်တာလား???
"နင်က ဒီလိုကျတော့ လူကြီးနဲ့တူတာပဲ "
"ကျွန်တော်ကအမြဲတမ်းလူကြီးပါ မမအမြင်မှားနေတာ "
ကျွန်တော်လူကြီးဖြစ်နေပြီမလို့ မမကိုကြိုက်တဲ့စိတ်လည်းဖြစ်ပေါ်လာတာလို့တော့ပြောခွင့်မရှိ။ သူပြောလိုက်ရင် အခုအခြေအနေကနေထက်တောင်ပိုဆိုးသွားမည်။ ဒါကြောင့် ဘာမှမဖြစ်သလိုနေခဲ့တာ။
"ဟုတ်ပါပြီ မင်းမင်းရယ် နင်အလုပ်မသွားဘူးလား "
"မမကလေးအခြေအနေသိချင်လို့ တမင်မသွားတာ "
"မှိုင်းကဘာမဖြစ်ဘူး "
"ကောင်းတာပေါ့ ကျွန်တော် မမအလုပ်ကိုခွင့်တိုင်ပေးလိုက်ပြီ "
"ကျေးဇူးမင်းမင်း နင်နဲ့တွေ့ရတာ မောင်လေးတစ်ယောက်ကောက်ရသလိုပဲ"
"မဖားပါနဲ့ "
"တစ်ကယ်ပါ မောင်လေးရယ် "
"အပေါ်တက်မယ် ညနေကျရင် မမဆီ ကစ်ကစ်လာလိမ့်မယ် "
"ဟင် ကစ်ကစ်လာမှာမှန်း နင်က "
ရာရာစကားမဆုံးခင် မင်းမင်းဖုန်ထောင်ပြကာ ရယ်ပြသည်။ ရာရာ ပြုံးစစနဲ့သဘောပေါက်သွားရသည်က မင်းမင်း ကစ်ကစ်ကိုကြိုက်နေသည်လို့ပင်။
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
ဆက်ရန်
Author-သက်တန့်ရောင်ခြယ်
❣️ဦး ဖန္ တီး ေသာ အ ခ်စ္ သ ေကၤ တ❣️
💫Season 2💫
💫Part (8)💫
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
"အန္တီ "
"ရွင့္ "
"အန္တီက မႈိင္းကို ခြံ႕ေကြၽးေနာ္ ေန႔က သူစိမ္းေကြၽးရင္ မစားဘူး "
"အဟင္း ဟုတ္ပါၿပီ မႈိင္းေလးရယ္ အန္တီခြံ႕ေကြၽးမယ္ "
မႈိင္းရဲ႕လိုလားမႈကို ေရလႊာလႊာရလိုက္ေတာ့ မ်က္ႏွာကၿပဳံးၿဖီးေနသည္။ စိုးစိုးနဲ႔မိုးမိုးကလည္း မ်က္လုံးျပဴးလ်က္ မႈိင္းကို ၾကည့္ေနသည္။
ခဏကအထိ အျမင္မၾကည္တဲ့မႈိင္းကိုယ္မွာ သရဲမ်ားဝင္ပူးထားသလိုပင္။
"ငါးခ်က္တာဆိုေတာ့ အန္တီအလုပ္ရႈပ္ေတာ့မယ္ "
"အို ရတာေပါ့ အန္တီအ႐ိုးထြင္ေပးမွာေပါ့ "
မ်က္ႏွာငယ္ေလးနဲ႔အားနာစြာေျပာလာသည္မလို႔ ေရလႊာလႊာ အရမ္းကိုသေဘာက်ၿပီး သေဘာေတြစြတ္ေကာင္းေနသည္။
ေရလႊာလႊာ လက္ေတြအေျပးအလႊားေဆးၿပီး မႈိင္းအတြက္ အ႐ိုးႏႊင္လိုက္ ခြံလိုက္နဲ႔အလုပ္ျဖစ္ေနသည္။ မၾကာပါ ထမင္းစားေနရင္းမွ မႈိင္းေအာ္ငိုသည္။
"အဟီး ေဖေဖ "
"ဘာျဖစ္တာလဲ မႈိင္း သမီး "
"အ႐ိုး အဟြတ္ ဟြတ္ အဟီး "
ေခ်ာင္းဆိုးၿပီး ပါးစပ္ထဲ လက္ညိဳးနဲ႔ႏႈိက္ကာ အ႐ိုးထုတ္လိုက္ ငိုလိုက္နဲ႔။ ေရလႊာလႊာ ျပာယာခတ္ၿပီး ေျခမကိုင္မိလက္မကိုင္မိ။ သူမေၾကာင့္ျဖစ္သြားတာကိုး။
"လႊာ ေတာင္းပန္ပါတယ္ တစ္ကယ္ေသခ်ာႏႊင္ေနတာကို "
"အဟင့္ အန္တီႀကီးကို မခ်စ္ေတာ့ဘူး မုန္းတယ္"
ေရလႊာလႊာကို အျပစ္တင္ၿပီး အႀကီးအက်ယ္ကို ငိုေနရွာသည့္မႈိင္း။ သူ႔မေနသာေတာ့ဘဲ မႈိင္းကိုေပြ႕ကာ...
"ေဆး႐ုံသြားမယ္ "
"ဟင္ သူ႔မိသားစုဆရာဝန္ေခၚတာက "
"မထားထားဘူး မလိုအပ္ဖူးထင္လို႔ ေဆး႐ုံကိုပဲသြားမယ္ "
သူ႔တစ္ကယ္ကိုျပာယာခတ္ေနသည္။ ေန႔ကလည္း မႈိင္းကိုေပြ႕ထားသည့္သူ႔ေနာက္ ခပ္ျမန္ျမန္လိုက္လာသည္။
"ဘာလုပ္ေနတာလဲ မလိုက္သြားဘူးလား "
"နင္တို႔ေၾကာင့္ နင္တို႔ငါးမခ်က္ရင္ ဒီလိုျဖစ္မွာမဟုတ္ဘူး $€¥ "
ေရလႊာလႊာ ပါးစပ္ကေန မ်ိဳးစုံဆူဆဲရင္း သူ႔ေနာက္အေျပးလိုက္သြားသည္။
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
"အ႐ိုးကမရွိေတာ့ပါဘူး ထုတ္ၿပီးပါၿပီ "
လွဲအိပ္ေနသည့္ မႈိင္းကို ေဆာင္းၿပဳံးၾကည့္ရင္းေျပာလိုက္သည္။ ထိုအခါမွ သူ႔သက္ျပင္းခ်ႏိုင္ေတာ့သည္။
"လႊာေတာင္းပန္ပါတယ္ သူ႔ "
"မလိုဘူး ခင္ဗ်ားေၾကာင့္ ကြၽန္ေတာ့္သမီး အ႐ိုးစူးသြားရတာ "
"လႊာမွားတာပါ သူ႔ "
ေရလႊာလႊာ့အသံက ငိုသံပင္စြက္လာၿပီျဖစ္သည္။
"ျပန္ပါေတာ့ အခု ကြၽန္ေတာ္ လႊာ့ကို စကားေျပာခ်င္စိတ္မရွိေသးဘူး "
"သမီးေလး မႈိင္း "
အခ်ိန္ကိုက္ ရာရာအေလာတႀကီးေျပးဝင္လာသည္။ ေရလႊာလႊာကို ျမင္ေပမဲ့ ဂ႐ုမစိုက္အား။ မႈိင္းအနားကိုခ်က္ခ်င္းသြားသည္။
သူ႔ရာရာကိုျမင္လိုက္ရ၍...
"အျပင္ထိလိုက္ပို႔မယ္ "
ေရလႊာလႊာ လက္ကိုဆြဲကာ ေခၚသြားသည္။
သူ႔က တစ္ကယ္ကို ဟန္ေဆာင္ေကာင္းပါ၏။
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
"ေဒါက္တာ မႈိင္းေလးအဆင္ေျပရဲ႕လား "
"ေျပပါတယ္ မႈိင္းမ်က္လုံးဖြင့္လို႔ရၿပီ "
ေဆာင္းရဲ႕စကားေၾကာင့္ ရာရာပါးစပ္အေဟာင္းသား။
"ဟန္မေဆာင္နဲ႔ေတာ့ မႈိင္း ေဒါက္တာက ေဆးကုတဲ့သူေနာ္ "
ေဆာင္းရဲ႕ၿပဳံးစစ စကားေၾကာင့္ မႈိင္းမ်က္လုံးပြင့္လာသည္။
"မႈိင္း အဆင္ေျပရဲ႕လား "
"စိတ္မပူပါနဲ႔ မဆာကူရာ မႈိင္း ငါး႐ိုးမစူးပါဘူးရွင့္"
"ရွင္"
"အေၾကာင္းစုံကို သမီးဆီေမးၾကည့္ပါေနာ္ ေဆာင္းကိုခြင့္ျပဳပါဦး "
ေဆာင္းထြက္သြားမွ ေန႔က မႈိင္းအနားလာကာ ေပေစာင္းေစာင္းၾကည့္သည္။
"ေန႔ မမကို အျပစ္မတင္နဲ႔ေနာ္ "
ေန႔ဆူမယ္ဆိုတာ သိလို႔ မႈိင္းႏႈတ္ခမ္းဆူကာ ပိတ္ေျပာထားသည္။
"မဆူဘူး ေနာက္ခါ သ႐ုပ္ေဆာင္ပီျပင္ေအာင္လုပ္ "
"အခုက မေကာင္းဘူးလား "
"မေကာင္းဘူး ေဖေဖနဲ႔ အဲ့အန္တီက သတိမထားမိလို႔ ငါကမတူဘူး ငါကနင့္အမႊာ အဲ့အန္တီကိုၾကည့္မရလို႔ၿငိမ္ေနတာ "
"ဟင့္ ေမေမ မႈိင္းက ေစတနာနဲ႔ ေနာက္ထပ္ အိမ္မလာေအာင္ ပညာေပးတာကို ေန႔က ဆူတယ္ ဟီး "
"တိတ္ တိတ္ ေမ့သမီးက လိမၼာတယ္ ေမေမအျပစ္မေျပာပါဘူး "
မႈိင္းကို တစ္ေယာက္တစ္ဖက္ဆီမ်က္ရည္ကူသုတ္ေပးၾက၏။ တစ္ကယ္ကို လိုက္ဖက္သည့္ သားအမိသုံးေယာက္ပင္။
"ေမေမနဲ႔ အိမ္လိုက္ခ်င္တယ္ "
"ေမေမက အလုပ္ကိုျပန္သြားရမွာ မႈိင္းရဲ႕ ေနာက္မွ ေတြ႕မယ္ေလ ေနာ္..."
"အလုပ္ကဘာလဲ "
မႈိင္းရဲ႕ေမးခြန္းက ရာရာကိုေျဖရခက္ေစသည္။ အမွန္အတိုင္းေျပာလိုက္တာက ေကာင္းတယ္ဆိုေပမဲ့ ပါးစပ္ကမထြက္။ ဘယ္လိုအစခ်ီေျပာျပရမလဲဆိုတာ မသိ။
"ေမေမက ေဖေဖ့တို႔လုပ္ငန္းစုမွာ အလုပ္လုပ္ေနတာ"
သူ႔တံခါးဖြင့္ဝင္လာရင္းေျဖသည္။
"တစ္ကယ္ ေဖေဖ ဒါဆို မႈိင္းတို႔ေဖေဖ့အလုပ္ကို လိုက္လို႔ရလား "
"သက္သာရင္ လိုက္ခြင့္ေပးမယ္ "
"ေရး..."
မႈိင္းကုတင္ေပၚကေျပးဆင္းကာ သူ႔ကိုေျပးဖက္သည္။
"ေနာက္တစ္ခါ ဒီလိုမဆိုးရဘူးေနာ္ မႈိင္း မႈိင္းစိတ္ကိုသိေပမဲ့ လူႀကီးကို ဒီလိုမလုပ္ရဘူး ေဖေဖတို႔ကိစၥကို ေဖေဖတို႔ပဲေျဖရွင္းမယ္ သူ႔သေကၤတရဲ႕သမီးက ဆိုးတယ္၊႐ိုင္းတယ္ဆိုၿပီး အေျပာမခံရဘူး "
မႈိင္းႏႈတ္ခမ္းကို စူသည္ထက္ဆူပုတ္ကာ...
"ဟင့္အင္း ေဖေဖနဲ႔ေမေမၾကားထဲ ဘယ္သူမွမဝင္ေအာင္မႈိင္းလုပ္မွာ မႈိင္းကငယ္ေသးေပမဲ့ အားလုံးသိတယ္ အန္တီအရွင္ကိုလည္းမႈိင္းမုန္းတယ္ "
ရာရာနဲ႔သူ႔ရဲ႕ကြာရွင္းမႈျပႆနာက မႈိင္းကို စိတ္ဒဏ္ရာရသြားေစတာပဲ။ တစ္ေယာက္နဲ႔တစ္ေယာက္ မာနၿပိဳင္ခဲ့ၾက၊မယုံၾကည္ၾကဘဲ လုပ္ခ်င္ရာလုပ္ခဲ့ၾကတဲ့အက်ိဳးဆက္ဆိုးပင္။
"မႈိင္း ေမေမ့နားလာ "
မႈိင္းကိုေခၚလိုက္ရင္း မႈိင္းနဲ႔ေန႔ေရွ႕ ဒူးေထာက္ထိုင္ခ်လိုက္သည္။
"ေမေမတို႔ၾကားမွာ နားလည္မႈလြဲေနတာေလးရွိလို႔ ခဏခြဲေနတာ သိတယ္မလား ေမေမကစိတ္ေကာက္ေနလို႔ ေဖေဖနဲ႔ခဏခြဲေနတာ မႈိင္းထင္ေနသလိုမဟုတ္ဘူး ေဖေဖနဲ႔ျပန္တည့္သြားရင္ ေမေမအိမ္ကိုျပန္လာမွာ "
"ေမေမ လိမ္ေနတာ "
ရာရာ့ကိုေမာ့မၾကည့္ဘဲ မ်က္ေတာင္ကို ပုတ္ခတ္ပုတ္ခတ္လုပ္ကာ ေျပာသည္။ ေန႔က အလိုက္သိစြာ မႈိင္းရဲ႕လက္ကို ဆုပ္ကိုင္ကာအားေပးသည္။ ကေလးေတြေၾကာင့္ ရာရာမ်က္ရည္ေတြပိုက်လာရသည္။
"မလိမ္ပါဘူး ေမေမ ေဖေဖ့ကို စိတ္ေကာက္ေျပေတာ့မွာ မႈိင္းတို႔နဲ႔အတူတူေနေတာ့မွာ ေမေမ ကတိေပးတယ္ "
"ေဖေဖေရာ "
ရာရာ့ပုခုံးကို ဖက္လိုက္ရင္း သူ႔ပါကတိေပးသည္။
"တစ္ကယ္ေနာ္ ေဖေဖ ေနာက္ထပ္မလိမ္ရဘူး"
"တစ္ကယ္ပါဆို ေနာက္တစ္ပတ္ဆို ေမေမကေဖေဖတို႔နဲ႔လာေနေတာ့မွာ အခုေတာင္ ေဖေဖနဲ႔ေမေမတည့္သြားလို႔ ေဖေဖ့ဆီမွာ အလုပ္လာကူေနတာေပါ့ "
သူ႔ဘက္ကပါ ဝင္ၿပီးရွင္းျပေတာ့မွ ႏွစ္ေယာက္သား ေမာ့ၾကည့္လာၾကသည္။ ရာရာကိုေရာ ကေလးေတြကိုေရာ သူ႔သိမ္းက်ဳံးဖက္လိုက္သည္။
ေဆာင္းအျပင္ဘက္ေန ေငးၾကည့္ေနရင္း သက္ျပင္းခ်သည္။ အရွင္ဘယ္လိုခြဲခြဲ သူတို႔မိသားစုၿပိဳကြဲႏိုင္ပါ့မလား။ ေဆာင္းထင္တာေတာ့ အရွင္မလုပ္ႏိုင္ဘူး။
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
"ခဏ ခဏေလး ဦးသူ႔ "
သူ႔ကားတံခါးဖြင့္ေပးတာကို မတက္ေသးဘဲ ရပ္လိုက္ေတာ့ သူ႔နားမလည္သလိုၾကည့္သည္။ ရာရာေဆာင္းကို ေတြ႕လိုက္ရ၍ စကားေျပာခ်င္၍ျဖစ္သည္။
"ဘာျဖစ္တာလဲ"
"ဘာျဖစ္လို႔လဲ ေမေမ "
မႈိင္း ကားတံခါးကေန ေခါင္းျပဴထြက္ရင္းေမးသည္။
"ဟို ေမေမ သမီးကို ကုေပးတဲ့ဆရာမကို ေက်းဇူးတင္မလို႔ ခဏေလး "
မႈိင္းကိုေျပာၿပီး ေဆာင္းဆီသြားဖို႔ျပင္ေတာ့ သူ႔ကလက္ကို လွမ္းဆြဲသည္။
"ဘာသြားေမးမလို႔လဲ "
"အဲ့ေန႔က ကိစၥကို ေသခ်ာသိခ်င္လို႔ "
ထိုသို႔ေျပာမွသူ႔က လက္ကိုလႊတ္သည္။
လက္လႊတ္လိုက္သည္ႏွင့္ ရာရာေဆး႐ုံအတြင္းထဲ အျမန္ေျပးဝင္ခဲ့သည္။ ေဆာင္းရွိရာသို႔...
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
"ေဒါက္တာ "
"ဘာျဖစ္တာလဲ မဆာကူရာ "
"စကားေျပာခ်င္လို႔ပါ ေဒါက္တာကို ေမးစရာလည္းရွိလို႔ "
"ေဆာင္း အခန္းကိုသြားရေအာင္ "
"ဟုတ္ကဲ့ "
ေဆာင္းနဲ႔ရာရာ မ်က္ႏွာခ်င္းဆိုင္ထိုင္ေနေပမဲ့ ရာရာဘာမွမေျပာရေသး။ ေမးဖို႔အားယူေနျခင္းျဖစ္သည္။
"ပြင့္ပြင့္လင္းလင္းေျပာလို႔ရပါတယ္ "
"အဲ့ဒီေန႔ ေဒါက္တာမွတ္မိတယ္မလား ကြၽန္မ ကိုယ္ဝန္ပ်က္က်တဲ့ေန႔ "
ေဆာင္းမ်က္ႏွာပ်က္သြားသည္။ သို႔ေသာ္ ရာရာမရိပ္မိေအာင္ ထိန္းထားလိုက္ႏိုင္သည္။
"မွတ္မိပါတယ္ အဲ့ဒါက ေဆာင္းဘဝမွာ ေမ့ဖို႔ခက္တဲ့ ကိစၥပဲ "
"ေဒါက္တာက ကြၽန္မရဲ႕ခႏၶာကိုယ္ထဲမွာ mifepristone(ကိုယ္ဝန္ပ်က္က်ေဆး)ကိုေတြ႕တာ အမွန္ပဲလား အဲ့ေန႔ကစိတ္ရႈပ္ေထြးၿပီးေသခ်ာမေမးမိလို႔ပါ "
"ဟုတ္ကဲ့ မွန္ပါတယ္ "
"ေက်းဇူးတင္ပါတယ္ ေဒါက္တာ အဲ့ေန႔က ကြၽန္မအသက္ကို ကယ္ခဲ့ေပးလို႔ ကေလးကို ကယ္လို႔မရေပမဲ့ ကြၽန္မကိုကယ္ေပးလို႔ "
ေဆာင္း ဘာစကားမွမေျပာႏိုင္ေတာ့ဘဲ ေခါင္းငုံ႔သြားသည္။ ကိုယ္ဝန္ပ်က္က်ေအာင္လုပ္တဲ့သူကို မသိဘဲ ကယ္ေပးလို႔ ေက်းဇူးတင္ပါသည္တဲ့။ ဘယ္လိုမ်က္ႏွာမ်ိဳးနဲ႔ အဲ့ေက်းဇူးကို ခံယူရမွာလဲ???
"ကလင္..."
မက္ေဆ့ခ္်သံေၾကာင့္ ေဆာင္းဖုန္းကိုထုတ္ၾကည့္ၿပီး မ်က္ႏွာပ်က္သြားသည္။ အရွင္က ေဆး႐ုံကိုေရာက္ေနၿပီဆိုတာ ေျပာထားျခင္းပင္။
"ေဆာင္းကို ခြင့္ျပဳပါဦး လူနာၾကည့္ရဦးမယ္"
"ဟုတ္ကဲ့ ကြၽန္မလည္း ျပန္ပါေတာ့မယ္ "
ရာရာအရင္ထြက္လာခဲ့လိုက္သည္။ ရာရာထြက္သြားၿပီး ငါးမိနစ္ေလာက္ၾကာမွ ေဆာင္းထြက္လာသည္။ ေဘးဘီကို ေဝ့ဝိုက္ၾကည့္လိုက္ရင္း ဖုန္းကိုထုတ္ကာ အရွင္ဆီဖုန္းဆက္လိုက္သည္။
"အရွင္ ဘယ္နားမွာလဲ ငါ့အခန္းထဲပဲ တန္းလာခဲ့လိုက္ေတာ့ "
"အင္း"
"နင္သိလား အရွင္ နင္ဘယ္လိုခြဲခြဲ သူ႔နဲ႔ဆာကူရာ ျပန္ၿပီးေပါင္းဖက္ၾကဦးမွာပဲ နင္ဘယ္လိုပဲ တျခားမိန္းမနဲ႔အစားထိုးဖို႔ႀကိဳးစားႀကိဳးစား သူ႔ကအရွင့္ဆီျပန္သြားဦးမွာပဲ ဒါေၾကာင့္ ေနာက္ထပ္ ငါ့ကို မေကာင္းတာ ထပ္မလုပ္ခိုင္းနဲ႔"
အရွင့္ဘက္က တိတ္သြားသည္။ အႏိုင္မရ၍ စိတ္တိုသြားမယ္ဆိုတာ ေသခ်ာမလြဲ။ အရွင့္မ်က္ႏွာကိုၾကည့္ၿပီး ဒီစကားမေျပာထြက္၍ ဖုန္းထဲမွာ ေျပာလိုက္ျခင္းျဖစ္သည္။
"ငါေစာင့္ေနမယ္ အရွင္ နင့္ကို ကေလးပ်က္တဲ့ကိစၥနဲ႔ပတ္သတ္ၿပီး အေရးႀကီးကိစၥေျပာစရာရွိတယ္ "
ေဆာင္း သူ႔ဘာသာေျပာၿပီး ဟိုၾကည့္ဒီၾကည့္နဲ႔အထဲျပန္ဝင္သြားသည္။
ေဆာင္းတစ္ေယာက္ ဖုန္းေမ့ခဲ့၍ ျပန္လာယူသည့္ ရာရာ အခန္းေထာင့္မွာ ရွိေနတာကိုမေတြ႕သြားေပ။
"ေဒါက္တာက ဘယ္လိုမေကာင္းတာ လုပ္ထားတာလဲ ၿပီးေတာ့ သစၥာရွင္နဲ႔ဘယ္လိုရင္းႏွီးေနတာလဲ "
ရာရာေသခ်ာျပန္စဥ္းစားေလ ရႈပ္ေလျဖစ္သည္။
ရာရာ ဘယ္ဘက္ကို ေကြ႕ၿပီးထြက္သြားခ်ိန္ အရွင္ ညာဘက္ေထာင့္မွထြက္လာကာ ေဆာင္းအခန္းထဲကို ေဒါသတႀကီးဝင္သြားသည္။
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
ကေလးေတြကို အိမ္အရင္ျပန္ပို႔ၿပီးမွာ ရာရာကို အိမ္ျပန္လိုက္ပို႔သည္။
"ဟိုတယ္ကိုပဲေမာင္းပါ ေဒၚသစ္သစ္လြင္ ကြၽန္မကို ဆူလိမ့္မယ္ "
"ကိုယ္ကရာထူးပိုႀကီးတယ္ ဂ႐ုမစိုက္နဲ႔"
"မေန႔က ေျပာတာမၾကားဘူးလား ကြၽန္မက သူ႔လက္ေအာက္ကဆိုၿပီး "
"အဲ့တာေတြေခါင္းထဲမထည့္နဲ႔ "
ရာရာႏႈတ္ခမ္းမဲ့လိုက္ၿပီး ေခါင္းကိုတျခားဘက္လွည့္သြားသည္။
"ေဒါက္တာဆီဘာသြားလုပ္တာလဲ "
"ဒီလိုပဲ ေမးစရာရွိလို႔ "
"ဘာလဲ "
"ေဒါက္တာနဲ႔သစၥာရွင္က ဘယ္လိုသိတာလဲ ရွင္က ရင္းႏွီးေတာ့ သိမွာေပါ့ "
"သူငယ္ခ်င္း သစၥာရွင္နဲ႔ ေဆာင္းက သူငယ္ခ်င္းေတြ ႏိုင္ငံျခားမွာ အတူေနလာရင္း ခင္လာၾကတာ ဘာလို႔ေမးတာလဲ"
"ဒါကိုလည္း ရွင္သိတာပဲ "
"အင္းသိတယ္"
"ေဒါက္တာက သစၥာရွင္ကိုေျပာတာ ၾကားခဲ့ရတယ္ ရွင္နဲ႔ရာရာၾကားထဲကို ဘယ္လိုဝင္ဝင္ရမွာမဟုတ္ဘူးတဲ့ သူ႔ကိုမေကာင္းတာ မလုပ္ခိုင္းနဲ႔တဲ့ အဲ့လိုေျပာတာၾကားတာ...
တစ္ကယ္လို႔မ်ား တစ္ကယ္လို႔မ်ားေလ ေဒါက္တာနဲ႔အရွင္ေပါင္းႀကံၿပီး ရာရာ့ကေလး...
အဟင္း ရာရာအေတြးလြန္ေနတယ္ထင္တယ္ မဟုတ္ေလာက္ပါဘူး ေဒါက္တာကဆရာဝန္ပဲဟာ ဘာလို႔လုပ္မွာလဲ"
တစ္ေယာက္တည္း အေတြးမ်ားရင္း ေျပာေနမိသည္။ သူ႔အနည္းငယ္သာၿပဳံးလိုက္ရင္း...
"သူမ်ားဖုန္းေျပာတာ ခိုးနားေထာင္ခဲ့တာလား"
"မဟုတ္ပါဘူး ရာရာဖုန္းေမ့ခဲ့လို႔ ျပန္သြားယူရင္း...ဟာ သြားၿပီ "
"ဘာျဖစ္တာလဲ "
"ဖုန္းကို ဝင္မယူခဲ့မိဘူး "
ရာရာ ကိုယ့္ရဲ႕အသုံးမက်မႈကိုသာ ေဒါသထြက္ရသည္။ ဖုန္းျပန္ယူတာကို အခန္းထဲမဝင္ဘဲ ျပန္လာခဲ့သည္တဲ့။
"မင္းကိုပို႔ၿပီး အျပန္ ကိုယ္ဝင္ယူလိုက္မယ္"
"ဟုတ္ကဲ့ "
ရာရာတို႔ၾကား တိတ္ဆိတ္သြားသည္။ အေတြးကိုယ္စီနဲ႔ဆိုေပမဲ့ ေတြးေနတဲ့အရာက တစ္ခုပဲျဖစ္ပါလိမ့္မည္။ အေတြးနယ္ထဲမွာ စဥ္းစားေနရင္း ရာရာတိုက္ခန္းေရွ႕ေရာက္လာသည္။
"ရာရာ "
"ဟင္...ေရာက္ၿပီလား "
ျပာယာခတ္ၿပီး ခါးပတ္ကိုျဖဳတ္သည္။
တံခါးကိုဖြင့္ေတာ့ ဖြင့္မရ။
"ရာရာ "
"ရွင္ "
"ေဆး႐ုံမွာ မႈိင္းကို ေျပာလိုက္တာ ေကာင္းေပမဲ့ မင္းကို ထပ္မလိမ္ေစခ်င္ဘူး ကေလးေတြဉာဏ္ေကာင္းတာ မင္းလည္းသိမွာပါ "
ရာရာမ်က္ရည္ဝိုင္းလာၿပီးေခါင္းငုံ႔သြားသည္။
"ဒါဆို ဒီတိုင္းထားလိုက္ရမွာလား ဟင့္အင္း ရာရာကေလးေတြကို ဒဏ္ရာေတြမေပးခ်င္ဘူး ရာရာမိခင္ေကာင္းျဖစ္ခ်င္တယ္ "
"ဒါဆို ကိုယ္တို႔ ျပန္ေပါင္းရေအာင္ "
"ဟင္ "
မ်က္ရည္က်ေနရင္းမွ ေမာ့ၾကည့္လာတဲ့ ရာရာ့မ်က္လုံးေတြက အံ့ဩမႈေတြအထင္းသားပင္။ မ်က္ရည္ေတြပင္ ရပ္တန႔္သြားရ၏။
"မင္းေျပာတယ္မလား မိခင္ေကာင္းျဖစ္ခ်င္တယ္လို႔ အခု အဲ့ဒီအခြင့္အေရးကိုေပးမယ္ ကိုယ္တို႔ျပန္ေပါင္းမယ္ "
"ဦး ဦးသူ႔ "
"ကိုယ္ေနာက္ဆုံးအခြင့္အေရးေပးေနတာ ဒီတစ္ခါ မင္းျငင္းမယ္ဆို မႈိင္းနဲ႔ေန႔ကို အဖိုးရွိတဲ့ဂ်ပန္ကို ပို႔ေတာ့မွာ မႈိင္းနဲ႔ေန႔ရဲ႕ဘဝမွာ အေမဆိုတဲ့ ေနရာကို ေမ့ေအာင္ ကိုယ္ကိုတိုင္ ျပဳစုပ်ိဳးေထာင္မယ္ မႈိင္းနဲ႔ေန႔ မင္းကို တစ္သက္လုံးမေတြ႕ေအာင္ ကိုယ္ႀကိဳးစားမွာ "
ဦးသူ႔စကားေတြက ေလးေလးနက္နက္ျဖစ္တယ္ဆိုတာ သူ႔မ်က္ဝန္းေတြကတစ္ဆင့္သိႏိုင္ပါသည္။
"အဲ့လိုလုပ္လို႔မရဘူး ဦးသူ႔ ကေလးေတြအသက္(၅)ႏွစ္ရွိၿပီ ရာရာ့ကိုသူတို႔အလြယ္ေမ့ႏိုင္မယ္လို႔ အာမခံႏိုင္လို႔လား "
"ကိုယ္ရေအာင္လုပ္မွာ ကေလးေတြအတြက္ သတၱိမရွိေပးႏိုင္တဲ့ အေမကို ကိုယ္တို႔အလိုမရွိဘူး မလိုအပ္ဘူး ေသခ်ာစဥ္းစားပါ ကိုယ္တို႔အတၱ၊မာနေတြကိုေဘးဖယ္ၿပီး ဆုံးျဖတ္ပါ"
"ေနာက္တစ္ပတ္ ကိုယ့္ကို ျပန္ေျဖေပး ကိုယ္တစ္ပတ္ေစာင့္မယ္"
ရာရာဘာစကားမွျပန္မေျပာဘဲ ကားေပၚကဆင္းလိုက္သည္။ ဦးသူ႔က ေျပာသလိုတစ္ကယ္လုပ္မယ္ဆိုတာ ရာရာရိပ္မိပါသည္။
"မမ "
"..."
"မမ "
"ဟင္ မင္းမင္း"
"ေယာက္်ားကို မခြဲႏိုင္ဘူးလား အၾကာႀကီးရပ္ၾကည့္ေနတာ "
"မဟုတ္ပါဘူး စဥ္းစားေနတာပါ "
"အစ္ကိုက ဘာေတြေျပာသြားလို႔လဲ "
"ငါတို႔ျပန္ေပါင္းရေအာင္ ဆိုၿပီးေျပာသြားတာ"
"ဗ်ာ "
"ဒါကတစ္ကယ္လား အိမ္မက္လား "
မင္းမင္း ရာရာ့လက္ေမာင္းကိုဆိတ္ထည့္လိုက္သည္။
"အား နာတယ္"
"အိမ္မက္မဟုတ္ေၾကာင္း သက္ေသျပတာ"
ေျပာင္စပ္စပ္ေျပာေနတဲ့မင္းမင္းကို မ်က္ေစာင္းဆုေပးလိုက္သည္။
"ကြၽန္ေတာ့္အထင္ မမတို႔ဘဝသစ္ျပန္စသင့္တယ္ အစ္ကို႔မ်က္လုံးထဲမွာ မမကိုခ်စ္တဲ့အခ်စ္ေတြျမင္ေနရတယ္ မမမ်က္လုံးထဲမွာေရာပဲ မမ အစ္ကို႔ကိုခ်စ္ေနေသးတယ္ ႏွလုံးသားရဲ႕ေနာက္ကိုပဲလိုက္ပါ ဒါေပမဲ့ စိတ္ရဲ႕အေလာတႀကီးဆုံးျဖတ္ခ်က္ကို မလိုက္နာနဲ႔ "
မင္းမင္းေျပာတာလည္းဟုတ္ပါရဲ႕။ ရာရာတို႔တစ္ေယာက္ကိုတစ္ေယာက္ ခ်စ္ေနရက္နဲ႔ မယုံၾကည္မႈေတြေၾကာင့္ ကြာရွင္းခဲ့ၾကတာ။ မင္းမင္းေျပာသလို အစကေနျပန္စသင့္တာလား???
"နင္က ဒီလိုက်ေတာ့ လူႀကီးနဲ႔တူတာပဲ "
"ကြၽန္ေတာ္ကအၿမဲတမ္းလူႀကီးပါ မမအျမင္မွားေနတာ "
ကြၽန္ေတာ္လူႀကီးျဖစ္ေနၿပီမလို႔ မမကိုႀကိဳက္တဲ့စိတ္လည္းျဖစ္ေပၚလာတာလို႔ေတာ့ေျပာခြင့္မရွိ။ သူေျပာလိုက္ရင္ အခုအေျခအေနကေနထက္ေတာင္ပိုဆိုးသြားမည္။ ဒါေၾကာင့္ ဘာမွမျဖစ္သလိုေနခဲ့တာ။
"ဟုတ္ပါၿပီ မင္းမင္းရယ္ နင္အလုပ္မသြားဘူးလား "
"မမကေလးအေျခအေနသိခ်င္လို႔ တမင္မသြားတာ "
"မႈိင္းကဘာမျဖစ္ဘူး "
"ေကာင္းတာေပါ့ ကြၽန္ေတာ္ မမအလုပ္ကိုခြင့္တိုင္ေပးလိုက္ၿပီ "
"ေက်းဇူးမင္းမင္း နင္နဲ႔ေတြ႕ရတာ ေမာင္ေလးတစ္ေယာက္ေကာက္ရသလိုပဲ"
"မဖားပါနဲ႔ "
"တစ္ကယ္ပါ ေမာင္ေလးရယ္ "
"အေပၚတက္မယ္ ညေနက်ရင္ မမဆီ ကစ္ကစ္လာလိမ့္မယ္ "
"ဟင္ ကစ္ကစ္လာမွာမွန္း နင္က "
ရာရာစကားမဆုံးခင္ မင္းမင္းဖုန္ေထာင္ျပကာ ရယ္ျပသည္။ ရာရာ ၿပဳံးစစနဲ႔သေဘာေပါက္သြားရသည္က မင္းမင္း ကစ္ကစ္ကိုႀကိဳက္ေနသည္လို႔ပင္။
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
ဆက္ရန္
Author-သက္တန႔္ေရာင္ျခယ္