Unicode+ Zawgyi
❣️ဦး ဖန် တီး သော အ ချစ် သ င်္ကေ တ❣️
💫Season 2💫
💫Part (7)💫
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
#စိမ်းလန်းစိုက်ပျိုးရေးခြံ
ဆိုသော ဆိုင်းဘုတ်တွေ့သည့်နှင့် ရာရာတို့ဝမ်းသာသွားကြသည်။ မြေပုံကိုအသုံးပြုပြီးလာခဲ့ရသည်မလို့ နေရာလွဲမှားမှာ စိုးရိမ်ခဲ့ရသည့်စိတ်က အခုမှအဆင်ပြေသွားသည်။
ရာရာ၊ကစ်ကစ်နဲ့မင်းမင်းသုံးယောက် ကားပေါ်ကဆင်းခဲ့ကြပြီး ခြံရဲ့အလုပ်သမားတစ်ယောက်နားသွားကာ...
"ဦးလေး ကျွန်မတို့က LS groupကလာတဲ့စာဖိုမှူးတွေပါ မှာထားတဲ့ပစ္စည်းတွေလာယူတာပါရှင့်"
"ဦးလေး ခြံရှင်ဆီလိုက်ပို့ပေးမယ် "
"ဟုတ်ကဲ့ "
ထိုဦးလေးက ခြံရှင်ဦးလေးဆီလိုက်ပို့ပေးသည်။
"သူဌေး ကျွန်မတို့က LS groupကပါ "
"ဟုတ်ကဲ့ ဘာကိစ္စများရှိလို့ပါလဲ "
"မှာထားတဲ့ပစ္စည်းလာယူတာပါ "
"မှာထားတဲ့ပစ္စည်းတွေက ခဏကပဲ လာယူသွားပြီကွယ် "
"ရှင် "
ရာရာတို့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။ ဘာကမှားနေလဲဆိုတာ စဉ်းစားလို့မရ။
"သူဌေးရှင့် သေချာလို့လား လူမှားတာရောမဖြစ်နိုင်ဘူးလား "
"မဖြစ်နိုင်ပါဘူးခင်ဗျာ ကျုပ်ကိုယ်တိုင် သေချာစစ်ဆေးပြီးမှထည့်ပေးလိုက်တာပါ"
ရာရာတို့ ဦးနှောက်ခြောက်သွားရသည်။ ခြံနာမည်လည်းမမှားပါ။ စိမ်းလန်းဆိုတာသေချာမှတ်ပြီးလာခဲ့တာ။
"ဒေါ်သစ်သစ်လွင်ကိုဖုန်းဆက်မယ် ရာရာ "
"အင်း "
ကစ်ကစ်က သွက်သွက်လက်လက်ပင် ဖုန်းထုတ်ယူကာ သစ်သစ်လွင်ဆီဆက်သည်။ တစ်ဆက်တည်း စပီကာပါဖွင့်လိုက်တော့ သစ်သစ်လွင်ရဲ့အသံကျယ်ကျယ်ကိုကြားလိုက်ရသည်နှင့်။
"စားဖိုမှူးချုပ် စိမ်းလန်းခြံက ပစ္စည်းတွေတင်ပေးပြီးပြီတဲ့ အဲ့တာဘာကမှားနေတာလဲ "
"ဪ ဟုတ်သား ပြောဖို့မေ့နေတာ စိမ်းလန်းခြံကို ကားတစ်စီးလွှတ်လိုက်ပြီးပြီ နင်တို့ကို ကိတ်အလှဆင်ဖို့ စတော်ဘယ်ရီသီး ကိုယ်တိုင်ခူးဖို့လွှတ်လိုက်တာ "
"ရှင်...ဘာကို "
"စတော်ဘယ်ရီ ကြီးကြီးလှလှလေးတွေ နင်တို့ကိုယ်တိုင်ဝင်ခူးခဲ့ သူဌေးကို ဖုန်းပေးလိုက် "
ရာရာစိတ်တိုပြီး ဘာမှမပြောနိုင်တော့။ ကစ်ကစ်ကဆောင့်အောင့်ပြီး သူဌေးကိုဖုန်းပေးသည်။
ခဏပြောပြီးတော့ ဖုန်းပြန်ပေးသည်။
"ဆာကူရာ သေချာကောက်ခဲ့ ဒါက အပြစ်ပဲ ငါ့ကို မျက်စိဆံပင်မွှေးအောင်လုပ်တဲ့အတွက် အပြစ်ပဲ "
သစ်သစ်လွင် ခပ်ရွဲ့ရွဲ့ရယ်ကာ ဖုန်းချသွားသည်။
"ဒေါ်သစ်သစ်လွင်ကဘာလဲ ရာရာ ဒါကတမင်နင့်ကို အာဏာပြတာပဲ "
"ကစ်ကစ် "
"ဟင် "
"ငါတို့ မြန်မြန်ကောက်ပြီး ပြန်ရအောင် ငါအရမ်းကိုရန်ဖြစ်ချင်နေပြီ "
"စိတ်ထိန်းမမ ဒေါသကြီးတာ မကောင်းဘူး "
အရေးထဲ မင်းမင်းက တရားလာချနေ၍ ကစ်ကစ်မျက်စောင်းက မင်းမင်းဆီဒိုင်းခနဲပင်။
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
"မမ မမရဲ့ယောကျာ်းကိုတိုင်လိုက်လေ ဝန်ထမ်းကနှိပ်စက်နေတာကို "
စတော်ဘယ်ရီကောက်နေစဉ် ကစ်ကစ်အလစ်မှာ မင်းမင်းကစကားလာပြောသည်။
"ငါ့ရဲ့ယောက်ျားမှမဟုတ်တော့တာ ငါ့ဘက်ဘယ်ပါမှာလဲ "
"ဒါကတော့ မမက ရူးပြီးကွာရှင်းတာကို ခံပေါ့ "
"ကောင်စုတ် "
မင်းမင်းက စပြီးထွက်ပြေးလျှင် ရာရာကလိုက်ရိုက်သည်။ ပြေးရင်း လိုက်ရင်းနဲ့ ကစ်ကစ်ဆီဦးတည်သွားကြသည်။ မင်းမင်းက ကစ်ကစ်ကို ဝင်တိုက်မိ၍ မင်းမင်းရော ကစ်ကစ်ပါ မြေကြီးပေါ်လဲကျသည်။ နှစ်ယောက်လုံး မြေကြီးတွေပေကုန်သည်။
တိုက်တဲ့သူက ဘာမှမဖြစ်ပေမဲ့ တိုက်ခံရသည့် ကစ်ကစ်မှာ ရင်ခုန်ပြီး ဘာစကားမှမပြောနိုင်တော့ဘဲ ကြောင်နေသည်။
"ဟား ဟား မင်းမင်း မှတ်ပြီလား "
"ကစ်ကစ်ရလား ထ..."
"ဟင် "
"ထလို့ "
"ဟင် အင်း "
မင်းယောက်ျားက သူ့ကိုဆွဲထူမှ ကစ်ကစ်အသိစိတ်ပြန်ဝင်လာသည်။ သူကိုင်သွားသည့် လက်လေးကိုကြည့်ရင်း ရင်မှာကပ်လိုက်သည်။
ထိတွေ့တွေ့ချင်းအချစ်ဆိုတာ ဒါများလား???
သို့သော် ကစ်ကစ်ကောက်ထားသည့် စတော်ဘယ်ရီသီးတွေ ဖိမိနေတာ တွေ့သွားသောအခါ။
"ရာရာ စတော်ဘယ်ရီတွေ ဖိမိကုန်ပြီ အဟင့် "
ကစ်ကစ်ကငိုမဲ့မဲ့နဲ့ပြောသည်။
"ကစ်ကစ်ကလည်း ကလေးကျနေတာပဲ ပြန်ကောက်ရင်ရတယ် "
"ဟဲ့ နှမြောစရာကြီး "
"ဘာဖြစ်လဲ ကျွန်တော်တို့ဟာမှမဟုတ်တာ "
ကစ်ကစ်နဲ့စကားကောင်းနေစဉ်မှာ ရာရာဖွဖွလေးတိုးလာကာ မင်းမင်းနားရွက်ကိုဆွဲသည်။
"အား မမ "
"ပြန်ကောက် ပြန်ကောက် နင်တိုက်မိသွားလို့ စတော်ဘယ်ရီတွေပြားကုန်တာ "
"အင်းး "
ပြန်ကောက်မယ်ဆိုပြီး လှစ်ခနဲထပြေးပြန်သည်။ ထို့နောက် ရာရာ ကစ်ကစ် မင်းမင်းနဲ့ဆော့ဖြစ်သွားကြသည်။
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
"ကျွီ "
"ရောက်ပြီ "
ရာရာတို့ပြန်ရောက်တော့ ညနေ(၅)နာရီ။
"အမြန် စတော်ဘယ်ရီပို့ရအောင် "
"ကျွန်တော်ရော ကူရမလား "
"ရတယ်ရတယ် မင်းမင်းအိမ်ပြန်လိုက်တော့ ဒီနေ့အတွက် ကျေးဇူးအများကြီးတင်တယ် နောက်ကျ တစ်ဝိုင်းကျွေးမယ် "
"ရပါတယ် ကျွန်တော်က ကစ်ကစ်ကိုပဲစားမယ် "
"အကြီးကို ဘာစကားတွေပြောနေတာလဲ"
ကစ်ကစ်က ရှက်ရမ်းရမ်းပြီး ရာရာ့ကိုထုရိုက်သည်။
"စနေတာပါဗျာ ဒါဆို ကျွန်တော်ပြန်ပြီ "
မင်းမင်းက တာတာ့ပြကာ ပြန်သွားသည်။ ရာရာတို့နှစ်ယောက် ရှေ့လှည့်လိုက်တော့ ရှေ့မှာ ဦးသူ့နဲ့ခြင်းက ရပ်ကြည့်နေသည်။ ကစ်ကစ်က ဦးသူ့ကိုမြင်၍ ခေါင်းငုံအရိုအသေပေးသည်။ ရာရာကတော့ ခပ်တည်တည်သာ။
"ဘယ်ကပြန်လာတာလဲ အင်္ကျီကညစ်ပတ်နေတာပဲ "
"စတော်ဘယ်ရီ.သွား.ခူး.တာပါ ဒုဥက္ကဌ "
"အသီးကိုအမြန်ပို့ပြီး အိမ်ပြန်လိုက်ပါ "
"ဟုတ်ကဲ့ "
ရာရာကဘာမှမပြောဘဲ ကစ်ကစ်နဲ့အတူ ခြေလှမ်းရွေ့သည်။ သို့သော် သူ့က ရာရာ့လက်ကိုဆွဲထားကာ...
"မင်းမပါဘူး"ဟုဆိုကာ ဆွဲခေါ်သွားသည်။
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
"ဘယ်လိုဖြစ်နေတာလဲ အလုပ်မှာ..."
"ပါးစပ်ပိတ်ပြီး တိတ်တိတ်လေးလိုက်ခဲ့ "
သူ့အော်ငေါက်လိုက်မှ ရာရာငြိမ်သွားသည်။
သူ့အခန်းတံခါးကိုဆွဲဖွင့်ကာ ရာရာကိုဝင်စေပြီး သူပါဝင်ကာ တံခါးကိုလော့ခတ်ပြစ်သည်။
"ဘယ်သူနဲ့သွားတာလဲ "
"ကစ်ကစ်နဲ့ "
"မဟုတ်ဘူး ကားမောင်းတဲ့ကောင်ကိုပြောတာ ကိုယ့်လုပ်ငန်းစုကဝန်ထမ်းမဟုတ်တဲ့ ကားမောင်းတဲ့ကောင်ကိုပြောတာ "
"ရှင့်ရဲ့ဝန်ထမ်းတွေကအရမ်းအလုပ်ရှုပ်နေကြတာလေ ဘယ်သူမှမအားဘူး "
"မင်းကို ဘယ်သူက သွားယူခိုင်းလို့လဲ စားဖိုမှူးက စားဖိုဆောင်မှာပဲ ရှိသင့်တာမဟုတ်ဘူးလား"
"အထွေထွေဝန်ထမ်းက အားလုံးလုပ်ရတာမသိဘူးလား "
"ဘာ...အထွေထွေဝန်ထမ်း ??? "
သူခန့်ထားပြီး ပြန်မေးနေသည့် ဦးသူ့ကိုမျက်စောင်းထိုးလိုက်ကာ...
"ရှင့်ရဲ့သစ်သစ်လွင်ကို မေးလေ ကျွန်မဘယ်ရာထူးမှာ အလုပ်လုပ်နေရလဲဆိုတာ "
"ဘာက ကိုယ့်ရဲ့သစ်သစ်လွင်လဲ ကိုယ်တို့က မင်းတို့လို ပူးပူးကပ်ကပ်ရယ်ရယ်မောမောနေနေတာမဟုတ်ဘူး "
"ကျွန်မတို့က ရိုးသားတယ် "
"ကိုယ်တို့လည်း တူတူပဲ "
"တော်ပြီ...အိမ်ပြန်မယ် "
ရာရာ ပြန်ထွက်ဖို့ပြင်တော့ သူ့ကလှမ်းဆွဲထားသည်။
"ဒီပုံစံနဲ့အိမ်ပြန်မလို့လား "
ရာရာကိုယ့်ကိုကိုယ် ပြန်ငုံ့ကြည့်လိုက်ရင်း သူ့ကိုနားမလည်သလိုကြည့်သည်။
"ဘာဖြစ်လို့လဲ "
"မှန်ထဲကြည့်ဦး ပေပွနေတာပဲ ရေချိုးသွား မင်းပုံစံက သူတောင်းစားရုပ်ပေါက်နေပြီ "
"ရှင်!..."
ရာရာ သူ့ကိုမျက်စောင်းထိုးလိုက်ရင်း မကျေမနပ်နဲ့ရေချိုးခန်းထဲဝင်သွားသည်။ အဲ့အချိန်က ရာရာ ဘာလို့ဦးသူ့စကားကို နားထောင်မိလိုက်တာလဲဆိုတာ မတွေးမိခဲ့။
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
ရာရာရေချိုးပြီးပြန်ထွက်လာတော့ သူ့က ဆိုဖာပေါ်မှာ လှဲနေပြီး ဘေးနားမှာ ဝိုင်ခွက်ကရှိနေသည်။ ရာရာ တဘက်ကို လုံအောင်ဆွဲခြုံလိုက်ရင်း...
"မနက်က မိန်းကလေးအဝတ်တွေရှိနေသေးတာတွေ့လိုက်တယ် အဲ့တာ ခဏငှား "
"မရှိတော့ဘူး နေ့လည်ကပဲ ဖယ်ထုတ်လိုက်ပြီ "
"ဒါဆို ကျွန်မက ဘာဝတ်ရမှာလဲ "
မိန်းကလေးအဝတ်ရှိတယ်ဆိုပြီး အရဲစွန့်ရေချိုးလိုက်တာကို။
"ကိုယ်ထုတ်ပေးမယ် "
သူ့က ရာရာကိုမကြည့်ဘဲ အဝတ်လဲခန်းထဲဝင်သွားသည်။ ရာရာကိုကြည့်မိရင် သူ့စိတ်ထိန်းနိုင်မှာမဟုတ်။ ထို့ကြောင့် မကြည့်မိအောင် ထိန်းနေရသည်။
"ဒီဟာဝတ်လိုက် "
ရာရာကြည့်လိုက်တော့ ညအိပ်ဝတ်စုံ။
ဦးသူ့ဘက်ကတိတ်ဆိတ်နေသည်မလို့ အတွန့်မတတ်တော့ဘဲ ယူလိုက်သည်။
"ဒါဝတ်ပြီးရင် ထွက်လာခဲ့ "
"အင်း "
ရာရာ့ကို မကြည့်ဘဲ ထွက်သွားပြန်သည်။ သူ့ကစိတ်မထိန်းနိုင်လို့မကြည့်မိအောင်နေတာဆိုပေမဲ့ ရာရာ့အထင်မှာတော့ ရာရာ့ကို မကြည့်ချင်လောက်အောင် စိတ်ပျက်နေတာလို့ထင်နေမိသည်။
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
"အဟမ်း "
သူ့ ဆိုဖာပေါ်မှာ ဝိုင်သောက်နေရင်း ရာရာထွက်အလာကိုစောင့်နေမိသည်။ ချောင်းဟန့်သံကြားလိုက်ရ၍ သူမထွက်လာပြီဆိုတာသိလိုက်ရသည်။
လှည့်ကြည့်လိုက်တော့ သူ့အဝတ်အစားနဲ့ လှနေသည့်ရာရာ။ အင်္ကျီကကြီး၍ လက်ကရှည်ထွက်ကာ ပေါင်လယ်ထိရှည်သည်။ ဘောင်းဘီကလည်း အောက်က ငါးထပ်လောက်ခေါက်တင်ထားရသည်။ လည်ပင်းကလည်း ရင်ညွှန့်နားထိ ဟိုက်နေသေးသည်။
သူ့စိုက်ကြည့်နေတာကို ရာရာမနေတတ်၍ထင်သည်။ လည်ပင်းပွတ်လိုက်၊ အင်္ကျီကို ဟိုကြည့်ဒီကြည့်နဲ့။
"လာထိုင် မင်္ဂလာပွဲပြီးရင် ပြန်ပို့ပေးမယ်"
သူ့ပြောမှဘေးနားမှာ ကျုံ့ကျုံလေးလာထိုင်သည်။
"ဝိုင်သောက်ချင်ရင် သောက်လို့ရတယ် "
သူ့ကပြောလဲပြော တစ်ခါတည်း ငှဲ့ပေးကာ ရာရာ့ကိုလှမ်းပေးသည်။
ဝိုင်ခွက်ကို လှမ်းယူလိုက်ပေမဲ့ သူ့ကမလွှတ်ပေး။
သူ့ကိုမော့ကြည့်ကာ မျက်စောင်းထိုးပြီး အတင်းဆွဲယူသွားကာ တစ်ဆက်တည်းမော့ချသည်။
သူ့မျက်ဝန်းတွေ ဝိုင်သောက်နေသည့် ရာရာရဲ့နှုတ်ခမ်း၊ မြိုချသည့်အခါ ထွက်လာသည့်လည်စိ၊ sexy bones တို့မှာ အကြည့်ရောက်သွားသည့်အခါ...
"ဆာကူရာ "
"ဟင် အွန်း "
ရာရာမရုန်းကန်မိပဲ ငြိမ်ပေးနေမိသည်က ရုတ်တရက်ဆန်လွန်း၍လား ငြင်းဆန်ဖို့သတိမရတော့၍လား ဝိုင်ရဲ့အရှိန်ကြောင့်လားဆိုတာ ဝေခွဲမရ။
"အာ့ "
ညှပ်ရိုးနားမှာ marking(အမှတ်အသား)လုပ်လိုက်၍ ရာရာညည်းသံထွက်သွားရသည်။ထို့နောက် သူ့အနမ်းတွေက နှုတ်ခမ်းပါးကိုသိမ်းပိုက်သွားပြန်သည်။
"အွန်း ဟင့်အင်း "
ရာရာ အခုမှ သတိပြန်ဝင်လာသည်။ အတင်းရုန်းကာ ထုရိုက်သည်။
"ဦး.သူ့ "
ရာရာ့နှုတ်ဖျားကနေ နာမည်ခေါ်လိုက်၍ထင်သည်။ ဆက်မနမ်းတော့ဘဲ ငြိမ်ကျသွားသည်။
"ဘာဖြစ်နေတာလဲ "
"ကိုယ် ခွင့်လွှတ်ပေးဖို့ လုပ်နေတာလေ မလိုချင်ဘူးလား "
ရာရာ့မျက်ဝန်းတွေကို စိုက်ကြည့်ပြီး မေးလာသည့်မေးခွန်း။
"ဘယ်အမှားလဲ ကျွန်မက အမှားတွေအများကြီးလုပ်ထားတာကို "
"အရာအားလုံး..."
ရာရာအဖြေပြန်မပေးရသေးခင်မှာ အသံတွေတိတ်ကျသွားရသည်။ သေချာတာက ရာရာ့လက်တွေ သူ့လည်ပင်းကိုဖက်တွယ်လိုက်မိပြီး အနမ်းတွေကို တုန့်ပြန်မိသည်။ တဖြည်းဖြည်းနဲ့ကုတင်အနားကိုတိုးကပ်လာပြီးနောက် နှစ်ယောက်သား ကုတင်ပေါ်လဲကျသွားကြသည်။
"အင့် "
သူ့ ရာရာကိုကြည့်နေသည်။ ရာရာမျက်လုံးမှိတ်ပေးလိုက်သည်။ သို့သော် အနမ်းတွေက ဆက်မလာတော့ပါ။ သူ့ စိတ်ကိုထိန်းလိုက်ပြီး ဖြေးညင်းစွာ ကုတင်ပေါ်က ထသည်။
ဒီလိုအခြေအနေ မဖြစ်သင့်ဘူး သူ့။
"ဦးသူ့ "
"သွားတော့ မဟုတ်ဘူးသွားမယ် လိုက်ပို့ပေးမယ်"
အပေါ်ထပ်အင်္ကျီယူပြီး ရှေ့ကထွက်သွားသည်။ ဒါပေမဲ့ တံခါးမဖွင့်ခင် ရာရာရှေ့ပြန်လှည့်လာသည်။
"ခဏက ပြောတဲ့စကား ရုတ်သိမ်းတယ် ကိုယ် မင်းကို ခွင့်မလွှတ်ပေးနိုင်ဘူး ခဏကစကားကိုမေ့လိုက် ကိုယ်မူးနေလို့ စကားမှားသွားတာ "
ကျောခိုင်းထွက်သွားသည့် ဦးသူ့ကို ရာရာအပြစ်မတင်ရက်။ တစ်ကယ်ဆို ရာရာက တစ်ပါးသူကိုယုံပြီး ချစ်သူကို စွပ်စွဲခဲ့တာ။ အပြစ်မဲ့တဲ့ကလေးလည်းထိခိုက်ခဲ့ရတယ်။
"တောင်းပန်ပါတယ် ဦးသူ့ "
သစ္စာရှင်ဆိုသော မိန်းကလေးက သူ့နဲ့ရာရာကြား လေပွေလိုမျိုး တိုက်ခတ်သွားခဲ့တာလေ။ တစ်ကယ်တမ်း အပြစ်ရှိတာ သစ္စာရှင်။
ဒါဆို ရာရာကလေးနဲ့ပတ်သတ်ပြီးတော့ သစ္စာရှင်များ တစ်ခုခု!!!
တွေးရင်းတွေးရင်းနဲ့ သံသယများလာသည်။
"ဘာလုပ်နေတာလဲ မပြန်ဘူးလား "
ဦးသူ့အသံကြောင့် ရာရာအတွေးတို့ရပ်တန့်သွားရသည်။
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
LS group ဥက္ကဌ သူ့သင်္ကေတအိမ်ရှေ့၌ ကားတစ်စီးဆိုက်ရောက်လာသည်။ ထိုကားပေါ်မှဆင်းလာသည့်မိန်းကလေးက ဘဲလ်ကိုနှိပ်လိုက်သည်။
"တင်တောင်..."
"စိုးစိုးရေ ဘယ်သူလာတာလဲ မသိဘူး ကြည့်ဦး"
မီးဖိုခန်းထဲကနေ မိုးမိုးအော်လိုက်၍ စိုးစိုး သူ့အခန်းထဲကပြေးထွက်လာကာ ကင်မရာကိုဖွင့်သည်။
"အေးအေး "
"ဘယ်သူပါလဲ "
"ကျွန်မက သူ့သင်္ကေတရဲ့ဧည့်သည်ပါ "
"ဟုတ်ကဲ့ ခဏစောင့်ပါ တံခါးဖွင့်လိုက်ပါမယ်"
စိုးစိုး တံခါးဖွင့်ပေးလိုက်သည်။
"တီ..."
ထိုအခါမှ ရေလွှာလွှာ ကားပေါ်ပြန်တက်ကာ ခြံထဲမောင်းဝင်လာသည်။
"မိုးမိုး အစ်ကိုလေးကို သွားခေါ်လိုက် "
စိုးစိုးစကားမဆုံးခင် မိုးမိုးက အမြန်ပင် အပေါ်ပြေးတက်သွားသည်။
"သူ့ဘယ်မှာလဲ "
ရေလွှာလွှာ သူ့ရဲ့အိမ်လိပ်စာကို စုံစမ်းကာ သူ့အိမ်ရှေ့ရောက်လာခြင်းဖြစ်သည်။ အကြောင်းအရင်းက ထိုနေ့ကစပြီး သူမရဲ့ဖုန်းကိုပြန်ဖြေခြင်းမရှိဘဲ ရှောင်နေ၍ဖြစ်သည်။
စိုးစိုးက ပြန်မဖြေဘဲ ရေလွှာလွှာကို အသေးစိတ်အကဲခတ်နေသည်။
"ဘာကြည့်နေတာလဲ သူ့ရောလို့ "
"သွားခေါ်နေပါတယ် "
"ပြီးရော ရေတစ်ခွက် ယူပေး "
ယဉ်ကျေးမှုမရှိသည့် အပြောအဆိုကြောင့် စိုးစိုးနှာခေါင်းရှုံ့သွားသည်။
အစ်ကိုလေးတွဲတဲ့မိန်းကလေးတွေ အကုန်အမြင်ကပ်စရာတွေပဲ မမလေးပြန်လာရင်ကောင်းမယ်။ မမလေးက ချစ်စရာလေး။ သူတို့က မူယာမာယာနဲ့ အချိုးမပြေကြဘူး။ အထက်စီးကဆန်သေးတယ်။
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
"အစ်ကိုလေး "
သူ့အခန်းတံခါးရှေ့မှာ တံခါးခေါက်လိုက်ပေမဲ့တုန့်ပြန်သံမကြားရ၍ မိုးမိုး နားကို တံခါးနားကပ်ပြီးနားထောင်သည်။
"ဘာလုပ်နေတာလဲ "
အနောက်ကသူ့အသံကြောင့် မိုးမိုးလန့်ပြီး ယောင်သွားရသည်။
"အမလေး..."
"အစ်ကိုလေး "
ဆက်ပြောမလို့ပြင်ပြီးမှ သူ့လက်တွဲထားတဲ့ မှိုင်းနဲ့နေ့ကိုကြည့်ပြီး ဆက်မပြောဖြစ်။
"ဘာလဲ ဘာဖြစ်လို့လဲ "
"ဧည့်သည်ရောက်နေတယ်"
"ဧည့်သည် ဘယ်သူလဲ "
"နာမည်မသိပါဘူး အစ်ကိုလေးနဲ့တွေ့ချင်တယ်ပြောတယ်"
"ဟုတ်လား "
သူ့ မှိုင်းနဲ့နေ့ရှေ့မှာ ဒူးထောင်ထိုင်ချလိုက်ရင်း...
"ဒီနေ့ ဖေဖေ ကျောင်းလိုက်ပို့ပေးမယ် ဧည့်သည်လာလို့ ထမင်းစားရင်း ခဏစောင့်ပေး ရလား "
"ဟုတ် "
"ဟုတ် "
အလိမ္မာတုံးလေးနှစ်ယောက်ရဲ့ခေါင်းကို ဖွလိုက်ရင်းအောက်ကို ဆင်းခဲ့ကြသည်။
သူ့ထင်သည့်အတိုင်းပင်။ ရောက်လာသူက ရေလွှာလွှာဖြစ်နေသည်။ သူမကိုအရေးမလုပ်၍ ရောက်ချလာတယ်ဆိုတာ မှန်းစရာပင်မလို။
မှိုင်းနဲ့နေ့ကလည်း သူ့ဧည့်သည်က မိန်းကလေးဖြစ်နေ၍ အဖေနားကကို မခွါတော့ဘဲ ပေကပ်နေနေကြသည်။
"ဒါက သူ့ကလေးတွေလား "
ရေလွှာလွှာက မှိုင်းပါးကိုကိုင်ဖို့အလှမ်း သူမရဲ့လက်ကို မှိုင်းကရှောင်ကွင်းသွားသည်။
"ချစ်စရာလေးတွေပဲ "
"လာရင်းကိစ္စကဘာလဲ "
"သူ့ကိုလွမ်းလို့ ရှောင်တဲ့သူကရှောင်နေတော့ တွေ့ချင်တဲ့သူက မရမကလာရတာပေါ့"
"ကျွန်တော် အလုပ်ရှုပ်နေတယ် အခုလည်း ကလေးတွေကို ထမင်းကျွေးရမှာ "
"ဟိုနှစ်ယောက်ကရော သူတို့အားနေတာပဲ"
မိုးမိုးနဲ့စိုးစိုးနှစ်ယောက်ကိုလက်ညိုးထိုးကာဆိုခြင်းဖြစ်သည်။
"မှိုင်းတို့က ဖေဖေကိုယ်တိုင်ကျွေးမှစားတာ အန်တီကြီး "
မိစွာတေးမှိုင်းက နှုတ်ခမ်းဆူပြီးဝင်ပြောသည်။ ထိုအခါမှ ရေလွှာလွှာ အန်တီကြီးဆိုပြီးခေါ်ခံလိုက်ရသည့်အတွက် အီလည်လည်မျက်နှာနှင့်ပင်...
"အိုကွယ် အန်တီဆိုရပါပြီ ကလေးရယ် သူ့ကိုယ်တိုင်ထမင်းကျွေးရမှာဆိုတော့ လွှာလည်းကျွေးကူမယ် သူ့ရတယ်မလား "
"ရပါတယ် အန်တီ "
ခပ်ပြုံးပြုံးနဲ့ မြန်မြန်ဖြေလိုက်သူက မှိုင်းပင်။
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
ဆက်ရန်
Author-သက်တန့်ရောင်ခြယ်
❣️ဦး ဖန္ တီး ေသာ အ ခ်စ္ သ ေကၤ တ❣️
💫Season 2💫
💫Part (7)💫
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
#စိမ္းလန္းစိုက္ပ်ိဳးေရးၿခံ
ဆိုေသာ ဆိုင္းဘုတ္ေတြ႕သည့္ႏွင့္ ရာရာတို႔ဝမ္းသာသြားၾကသည္။ ေျမပုံကိုအသုံးျပဳၿပီးလာခဲ့ရသည္မလို႔ ေနရာလြဲမွားမွာ စိုးရိမ္ခဲ့ရသည့္စိတ္က အခုမွအဆင္ေျပသြားသည္။
ရာရာ၊ကစ္ကစ္နဲ႔မင္းမင္းသုံးေယာက္ ကားေပၚကဆင္းခဲ့ၾကၿပီး ၿခံရဲ႕အလုပ္သမားတစ္ေယာက္နားသြားကာ...
"ဦးေလး ကြၽန္မတို႔က LS groupကလာတဲ့စာဖိုမႉးေတြပါ မွာထားတဲ့ပစၥည္းေတြလာယူတာပါရွင့္"
"ဦးေလး ၿခံရွင္ဆီလိုက္ပို႔ေပးမယ္ "
"ဟုတ္ကဲ့ "
ထိုဦးေလးက ၿခံရွင္ဦးေလးဆီလိုက္ပို႔ေပးသည္။
"သူေဌး ကြၽန္မတို႔က LS groupကပါ "
"ဟုတ္ကဲ့ ဘာကိစၥမ်ားရွိလို႔ပါလဲ "
"မွာထားတဲ့ပစၥည္းလာယူတာပါ "
"မွာထားတဲ့ပစၥည္းေတြက ခဏကပဲ လာယူသြားၿပီကြယ္ "
"ရွင္ "
ရာရာတို႔တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လိုက္ၾကသည္။ ဘာကမွားေနလဲဆိုတာ စဥ္းစားလို႔မရ။
"သူေဌးရွင့္ ေသခ်ာလို႔လား လူမွားတာေရာမျဖစ္ႏိုင္ဘူးလား "
"မျဖစ္ႏိုင္ပါဘူးခင္ဗ်ာ က်ဳပ္ကိုယ္တိုင္ ေသခ်ာစစ္ေဆးၿပီးမွထည့္ေပးလိုက္တာပါ"
ရာရာတို႔ ဦးေႏွာက္ေျခာက္သြားရသည္။ ၿခံနာမည္လည္းမမွားပါ။ စိမ္းလန္းဆိုတာေသခ်ာမွတ္ၿပီးလာခဲ့တာ။
"ေဒၚသစ္သစ္လြင္ကိုဖုန္းဆက္မယ္ ရာရာ "
"အင္း "
ကစ္ကစ္က သြက္သြက္လက္လက္ပင္ ဖုန္းထုတ္ယူကာ သစ္သစ္လြင္ဆီဆက္သည္။ တစ္ဆက္တည္း စပီကာပါဖြင့္လိုက္ေတာ့ သစ္သစ္လြင္ရဲ႕အသံက်ယ္က်ယ္ကိုၾကားလိုက္ရသည္ႏွင့္။
"စားဖိုမႉးခ်ဳပ္ စိမ္းလန္းၿခံက ပစၥည္းေတြတင္ေပးၿပီးၿပီတဲ့ အဲ့တာဘာကမွားေနတာလဲ "
"ဪ ဟုတ္သား ေျပာဖို႔ေမ့ေနတာ စိမ္းလန္းၿခံကို ကားတစ္စီးလႊတ္လိုက္ၿပီးၿပီ နင္တို႔ကို ကိတ္အလွဆင္ဖို႔ စေတာ္ဘယ္ရီသီး ကိုယ္တိုင္ခူးဖို႔လႊတ္လိုက္တာ "
"ရွင္...ဘာကို "
"စေတာ္ဘယ္ရီ ႀကီးႀကီးလွလွေလးေတြ နင္တို႔ကိုယ္တိုင္ဝင္ခူးခဲ့ သူေဌးကို ဖုန္းေပးလိုက္ "
ရာရာစိတ္တိုၿပီး ဘာမွမေျပာႏိုင္ေတာ့။ ကစ္ကစ္ကေဆာင့္ေအာင့္ၿပီး သူေဌးကိုဖုန္းေပးသည္။
ခဏေျပာၿပီးေတာ့ ဖုန္းျပန္ေပးသည္။
"ဆာကူရာ ေသခ်ာေကာက္ခဲ့ ဒါက အျပစ္ပဲ ငါ့ကို မ်က္စိဆံပင္ေမႊးေအာင္လုပ္တဲ့အတြက္ အျပစ္ပဲ "
သစ္သစ္လြင္ ခပ္႐ြဲ႕႐ြဲ႕ရယ္ကာ ဖုန္းခ်သြားသည္။
"ေဒၚသစ္သစ္လြင္ကဘာလဲ ရာရာ ဒါကတမင္နင့္ကို အာဏာျပတာပဲ "
"ကစ္ကစ္ "
"ဟင္ "
"ငါတို႔ ျမန္ျမန္ေကာက္ၿပီး ျပန္ရေအာင္ ငါအရမ္းကိုရန္ျဖစ္ခ်င္ေနၿပီ "
"စိတ္ထိန္းမမ ေဒါသႀကီးတာ မေကာင္းဘူး "
အေရးထဲ မင္းမင္းက တရားလာခ်ေန၍ ကစ္ကစ္မ်က္ေစာင္းက မင္းမင္းဆီဒိုင္းခနဲပင္။
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
"မမ မမရဲ႕ေယာက်ာ္းကိုတိုင္လိုက္ေလ ဝန္ထမ္းကႏွိပ္စက္ေနတာကို "
စေတာ္ဘယ္ရီေကာက္ေနစဥ္ ကစ္ကစ္အလစ္မွာ မင္းမင္းကစကားလာေျပာသည္။
"ငါ့ရဲ႕ေယာက္်ားမွမဟုတ္ေတာ့တာ ငါ့ဘက္ဘယ္ပါမွာလဲ "
"ဒါကေတာ့ မမက ႐ူးၿပီးကြာရွင္းတာကို ခံေပါ့ "
"ေကာင္စုတ္ "
မင္းမင္းက စၿပီးထြက္ေျပးလွ်င္ ရာရာကလိုက္႐ိုက္သည္။ ေျပးရင္း လိုက္ရင္းနဲ႔ ကစ္ကစ္ဆီဦးတည္သြားၾကသည္။ မင္းမင္းက ကစ္ကစ္ကို ဝင္တိုက္မိ၍ မင္းမင္းေရာ ကစ္ကစ္ပါ ေျမႀကီးေပၚလဲက်သည္။ ႏွစ္ေယာက္လုံး ေျမႀကီးေတြေပကုန္သည္။
တိုက္တဲ့သူက ဘာမွမျဖစ္ေပမဲ့ တိုက္ခံရသည့္ ကစ္ကစ္မွာ ရင္ခုန္ၿပီး ဘာစကားမွမေျပာႏိုင္ေတာ့ဘဲ ေၾကာင္ေနသည္။
"ဟား ဟား မင္းမင္း မွတ္ၿပီလား "
"ကစ္ကစ္ရလား ထ..."
"ဟင္ "
"ထလို႔ "
"ဟင္ အင္း "
မင္းေယာက္်ားက သူ႔ကိုဆြဲထူမွ ကစ္ကစ္အသိစိတ္ျပန္ဝင္လာသည္။ သူကိုင္သြားသည့္ လက္ေလးကိုၾကည့္ရင္း ရင္မွာကပ္လိုက္သည္။
ထိေတြ႕ေတြ႕ခ်င္းအခ်စ္ဆိုတာ ဒါမ်ားလား???
သို႔ေသာ္ ကစ္ကစ္ေကာက္ထားသည့္ စေတာ္ဘယ္ရီသီးေတြ ဖိမိေနတာ ေတြ႕သြားေသာအခါ။
"ရာရာ စေတာ္ဘယ္ရီေတြ ဖိမိကုန္ၿပီ အဟင့္ "
ကစ္ကစ္ကငိုမဲ့မဲ့နဲ႔ေျပာသည္။
"ကစ္ကစ္ကလည္း ကေလးက်ေနတာပဲ ျပန္ေကာက္ရင္ရတယ္ "
"ဟဲ့ ႏွေျမာစရာႀကီး "
"ဘာျဖစ္လဲ ကြၽန္ေတာ္တို႔ဟာမွမဟုတ္တာ "
ကစ္ကစ္နဲ႔စကားေကာင္းေနစဥ္မွာ ရာရာဖြဖြေလးတိုးလာကာ မင္းမင္းနား႐ြက္ကိုဆြဲသည္။
"အား မမ "
"ျပန္ေကာက္ ျပန္ေကာက္ နင္တိုက္မိသြားလို႔ စေတာ္ဘယ္ရီေတြျပားကုန္တာ "
"အင္းး "
ျပန္ေကာက္မယ္ဆိုၿပီး လွစ္ခနဲထေျပးျပန္သည္။ ထို႔ေနာက္ ရာရာ ကစ္ကစ္ မင္းမင္းနဲ႔ေဆာ့ျဖစ္သြားၾကသည္။
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
"ကြၽီ "
"ေရာက္ၿပီ "
ရာရာတို႔ျပန္ေရာက္ေတာ့ ညေန(၅)နာရီ။
"အျမန္ စေတာ္ဘယ္ရီပို႔ရေအာင္ "
"ကြၽန္ေတာ္ေရာ ကူရမလား "
"ရတယ္ရတယ္ မင္းမင္းအိမ္ျပန္လိုက္ေတာ့ ဒီေန႔အတြက္ ေက်းဇူးအမ်ားႀကီးတင္တယ္ ေနာက္က် တစ္ဝိုင္းေကြၽးမယ္ "
"ရပါတယ္ ကြၽန္ေတာ္က ကစ္ကစ္ကိုပဲစားမယ္ "
"အႀကီးကို ဘာစကားေတြေျပာေနတာလဲ"
ကစ္ကစ္က ရွက္ရမ္းရမ္းၿပီး ရာရာ့ကိုထု႐ိုက္သည္။
"စေနတာပါဗ်ာ ဒါဆို ကြၽန္ေတာ္ျပန္ၿပီ "
မင္းမင္းက တာတာ့ျပကာ ျပန္သြားသည္။ ရာရာတို႔ႏွစ္ေယာက္ ေရွ႕လွည့္လိုက္ေတာ့ ေရွ႕မွာ ဦးသူ႔နဲ႔ျခင္းက ရပ္ၾကည့္ေနသည္။ ကစ္ကစ္က ဦးသူ႔ကိုျမင္၍ ေခါင္းငုံအ႐ိုအေသေပးသည္။ ရာရာကေတာ့ ခပ္တည္တည္သာ။
"ဘယ္ကျပန္လာတာလဲ အက်ႌကညစ္ပတ္ေနတာပဲ "
"စေတာ္ဘယ္ရီ.သြား.ခူး.တာပါ ဒုဥကၠဌ "
"အသီးကိုအျမန္ပို႔ၿပီး အိမ္ျပန္လိုက္ပါ "
"ဟုတ္ကဲ့ "
ရာရာကဘာမွမေျပာဘဲ ကစ္ကစ္နဲ႔အတူ ေျခလွမ္းေ႐ြ႕သည္။ သို႔ေသာ္ သူ႔က ရာရာ့လက္ကိုဆြဲထားကာ...
"မင္းမပါဘူး"ဟုဆိုကာ ဆြဲေခၚသြားသည္။
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
"ဘယ္လိုျဖစ္ေနတာလဲ အလုပ္မွာ..."
"ပါးစပ္ပိတ္ၿပီး တိတ္တိတ္ေလးလိုက္ခဲ့ "
သူ႔ေအာ္ေငါက္လိုက္မွ ရာရာၿငိမ္သြားသည္။
သူ႔အခန္းတံခါးကိုဆြဲဖြင့္ကာ ရာရာကိုဝင္ေစၿပီး သူပါဝင္ကာ တံခါးကိုေလာ့ခတ္ျပစ္သည္။
"ဘယ္သူနဲ႔သြားတာလဲ "
"ကစ္ကစ္နဲ႔ "
"မဟုတ္ဘူး ကားေမာင္းတဲ့ေကာင္ကိုေျပာတာ ကိုယ့္လုပ္ငန္းစုကဝန္ထမ္းမဟုတ္တဲ့ ကားေမာင္းတဲ့ေကာင္ကိုေျပာတာ "
"ရွင့္ရဲ႕ဝန္ထမ္းေတြကအရမ္းအလုပ္ရႈပ္ေနၾကတာေလ ဘယ္သူမွမအားဘူး "
"မင္းကို ဘယ္သူက သြားယူခိုင္းလို႔လဲ စားဖိုမႉးက စားဖိုေဆာင္မွာပဲ ရွိသင့္တာမဟုတ္ဘူးလား"
"အေထြေထြဝန္ထမ္းက အားလုံးလုပ္ရတာမသိဘူးလား "
"ဘာ...အေထြေထြဝန္ထမ္း ??? "
သူခန႔္ထားၿပီး ျပန္ေမးေနသည့္ ဦးသူ႔ကိုမ်က္ေစာင္းထိုးလိုက္ကာ...
"ရွင့္ရဲ႕သစ္သစ္လြင္ကို ေမးေလ ကြၽန္မဘယ္ရာထူးမွာ အလုပ္လုပ္ေနရလဲဆိုတာ "
"ဘာက ကိုယ့္ရဲ႕သစ္သစ္လြင္လဲ ကိုယ္တို႔က မင္းတို႔လို ပူးပူးကပ္ကပ္ရယ္ရယ္ေမာေမာေနေနတာမဟုတ္ဘူး "
"ကြၽန္မတို႔က ႐ိုးသားတယ္ "
"ကိုယ္တို႔လည္း တူတူပဲ "
"ေတာ္ၿပီ...အိမ္ျပန္မယ္ "
ရာရာ ျပန္ထြက္ဖို႔ျပင္ေတာ့ သူ႔ကလွမ္းဆြဲထားသည္။
"ဒီပုံစံနဲ႔အိမ္ျပန္မလို႔လား "
ရာရာကိုယ့္ကိုကိုယ္ ျပန္ငုံ႔ၾကည့္လိုက္ရင္း သူ႔ကိုနားမလည္သလိုၾကည့္သည္။
"ဘာျဖစ္လို႔လဲ "
"မွန္ထဲၾကည့္ဦး ေပပြေနတာပဲ ေရခ်ိဳးသြား မင္းပုံစံက သူေတာင္းစား႐ုပ္ေပါက္ေနၿပီ "
"ရွင္!..."
ရာရာ သူ႔ကိုမ်က္ေစာင္းထိုးလိုက္ရင္း မေက်မနပ္နဲ႔ေရခ်ိဳးခန္းထဲဝင္သြားသည္။ အဲ့အခ်ိန္က ရာရာ ဘာလို႔ဦးသူ႔စကားကို နားေထာင္မိလိုက္တာလဲဆိုတာ မေတြးမိခဲ့။
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
ရာရာေရခ်ိဳးၿပီးျပန္ထြက္လာေတာ့ သူ႔က ဆိုဖာေပၚမွာ လွဲေနၿပီး ေဘးနားမွာ ဝိုင္ခြက္ကရွိေနသည္။ ရာရာ တဘက္ကို လုံေအာင္ဆြဲၿခဳံလိုက္ရင္း...
"မနက္က မိန္းကေလးအဝတ္ေတြရွိေနေသးတာေတြ႕လိုက္တယ္ အဲ့တာ ခဏငွား "
"မရွိေတာ့ဘူး ေန႔လည္ကပဲ ဖယ္ထုတ္လိုက္ၿပီ "
"ဒါဆို ကြၽန္မက ဘာဝတ္ရမွာလဲ "
မိန္းကေလးအဝတ္ရွိတယ္ဆိုၿပီး အရဲစြန႔္ေရခ်ိဳးလိုက္တာကို။
"ကိုယ္ထုတ္ေပးမယ္ "
သူ႔က ရာရာကိုမၾကည့္ဘဲ အဝတ္လဲခန္းထဲဝင္သြားသည္။ ရာရာကိုၾကည့္မိရင္ သူ႔စိတ္ထိန္းႏိုင္မွာမဟုတ္။ ထို႔ေၾကာင့္ မၾကည့္မိေအာင္ ထိန္းေနရသည္။
"ဒီဟာဝတ္လိုက္ "
ရာရာၾကည့္လိုက္ေတာ့ ညအိပ္ဝတ္စုံ။
ဦးသူ႔ဘက္ကတိတ္ဆိတ္ေနသည္မလို႔ အတြန႔္မတတ္ေတာ့ဘဲ ယူလိုက္သည္။
"ဒါဝတ္ၿပီးရင္ ထြက္လာခဲ့ "
"အင္း "
ရာရာ့ကို မၾကည့္ဘဲ ထြက္သြားျပန္သည္။ သူ႔ကစိတ္မထိန္းႏိုင္လို႔မၾကည့္မိေအာင္ေနတာဆိုေပမဲ့ ရာရာ့အထင္မွာေတာ့ ရာရာ့ကို မၾကည့္ခ်င္ေလာက္ေအာင္ စိတ္ပ်က္ေနတာလို႔ထင္ေနမိသည္။
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
"အဟမ္း "
သူ႔ ဆိုဖာေပၚမွာ ဝိုင္ေသာက္ေနရင္း ရာရာထြက္အလာကိုေစာင့္ေနမိသည္။ ေခ်ာင္းဟန႔္သံၾကားလိုက္ရ၍ သူမထြက္လာၿပီဆိုတာသိလိုက္ရသည္။
လွည့္ၾကည့္လိုက္ေတာ့ သူ႔အဝတ္အစားနဲ႔ လွေနသည့္ရာရာ။ အက်ႌကႀကီး၍ လက္ကရွည္ထြက္ကာ ေပါင္လယ္ထိရွည္သည္။ ေဘာင္းဘီကလည္း ေအာက္က ငါးထပ္ေလာက္ေခါက္တင္ထားရသည္။ လည္ပင္းကလည္း ရင္ၫႊန႔္နားထိ ဟိုက္ေနေသးသည္။
သူ႔စိုက္ၾကည့္ေနတာကို ရာရာမေနတတ္၍ထင္သည္။ လည္ပင္းပြတ္လိုက္၊ အက်ႌကို ဟိုၾကည့္ဒီၾကည့္နဲ႔။
"လာထိုင္ မဂၤလာပြဲၿပီးရင္ ျပန္ပို႔ေပးမယ္"
သူ႔ေျပာမွေဘးနားမွာ က်ဳံ႕က်ဳံေလးလာထိုင္သည္။
"ဝိုင္ေသာက္ခ်င္ရင္ ေသာက္လို႔ရတယ္ "
သူ႔ကေျပာလဲေျပာ တစ္ခါတည္း ငွဲ႔ေပးကာ ရာရာ့ကိုလွမ္းေပးသည္။
ဝိုင္ခြက္ကို လွမ္းယူလိုက္ေပမဲ့ သူ႔ကမလႊတ္ေပး။
သူ႔ကိုေမာ့ၾကည့္ကာ မ်က္ေစာင္းထိုးၿပီး အတင္းဆြဲယူသြားကာ တစ္ဆက္တည္းေမာ့ခ်သည္။
သူ႔မ်က္ဝန္းေတြ ဝိုင္ေသာက္ေနသည့္ ရာရာရဲ႕ႏႈတ္ခမ္း၊ ၿမိဳခ်သည့္အခါ ထြက္လာသည့္လည္စိ၊ sexy bones တို႔မွာ အၾကည့္ေရာက္သြားသည့္အခါ...
"ဆာကူရာ "
"ဟင္ အြန္း "
ရာရာမ႐ုန္းကန္မိပဲ ၿငိမ္ေပးေနမိသည္က ႐ုတ္တရက္ဆန္လြန္း၍လား ျငင္းဆန္ဖို႔သတိမရေတာ့၍လား ဝိုင္ရဲ႕အရွိန္ေၾကာင့္လားဆိုတာ ေဝခြဲမရ။
"အာ့ "
ညႇပ္႐ိုးနားမွာ marking(အမွတ္အသား)လုပ္လိုက္၍ ရာရာညည္းသံထြက္သြားရသည္။ထို႔ေနာက္ သူ႔အနမ္းေတြက ႏႈတ္ခမ္းပါးကိုသိမ္းပိုက္သြားျပန္သည္။
"အြန္း ဟင့္အင္း "
ရာရာ အခုမွ သတိျပန္ဝင္လာသည္။ အတင္း႐ုန္းကာ ထု႐ိုက္သည္။
"ဦး.သူ႔ "
ရာရာ့ႏႈတ္ဖ်ားကေန နာမည္ေခၚလိုက္၍ထင္သည္။ ဆက္မနမ္းေတာ့ဘဲ ၿငိမ္က်သြားသည္။
"ဘာျဖစ္ေနတာလဲ "
"ကိုယ္ ခြင့္လႊတ္ေပးဖို႔ လုပ္ေနတာေလ မလိုခ်င္ဘူးလား "
ရာရာ့မ်က္ဝန္းေတြကို စိုက္ၾကည့္ၿပီး ေမးလာသည့္ေမးခြန္း။
"ဘယ္အမွားလဲ ကြၽန္မက အမွားေတြအမ်ားႀကီးလုပ္ထားတာကို "
"အရာအားလုံး..."
ရာရာအေျဖျပန္မေပးရေသးခင္မွာ အသံေတြတိတ္က်သြားရသည္။ ေသခ်ာတာက ရာရာ့လက္ေတြ သူ႔လည္ပင္းကိုဖက္တြယ္လိုက္မိၿပီး အနမ္းေတြကို တုန႔္ျပန္မိသည္။ တျဖည္းျဖည္းနဲ႔ကုတင္အနားကိုတိုးကပ္လာၿပီးေနာက္ ႏွစ္ေယာက္သား ကုတင္ေပၚလဲက်သြားၾကသည္။
"အင့္ "
သူ႔ ရာရာကိုၾကည့္ေနသည္။ ရာရာမ်က္လုံးမွိတ္ေပးလိုက္သည္။ သို႔ေသာ္ အနမ္းေတြက ဆက္မလာေတာ့ပါ။ သူ႔ စိတ္ကိုထိန္းလိုက္ၿပီး ေျဖးညင္းစြာ ကုတင္ေပၚက ထသည္။
ဒီလိုအေျခအေန မျဖစ္သင့္ဘူး သူ႔။
"ဦးသူ႔ "
"သြားေတာ့ မဟုတ္ဘူးသြားမယ္ လိုက္ပို႔ေပးမယ္"
အေပၚထပ္အက်ႌယူၿပီး ေရွ႕ကထြက္သြားသည္။ ဒါေပမဲ့ တံခါးမဖြင့္ခင္ ရာရာေရွ႕ျပန္လွည့္လာသည္။
"ခဏက ေျပာတဲ့စကား ႐ုတ္သိမ္းတယ္ ကိုယ္ မင္းကို ခြင့္မလႊတ္ေပးႏိုင္ဘူး ခဏကစကားကိုေမ့လိုက္ ကိုယ္မူးေနလို႔ စကားမွားသြားတာ "
ေက်ာခိုင္းထြက္သြားသည့္ ဦးသူ႔ကို ရာရာအျပစ္မတင္ရက္။ တစ္ကယ္ဆို ရာရာက တစ္ပါးသူကိုယုံၿပီး ခ်စ္သူကို စြပ္စြဲခဲ့တာ။ အျပစ္မဲ့တဲ့ကေလးလည္းထိခိုက္ခဲ့ရတယ္။
"ေတာင္းပန္ပါတယ္ ဦးသူ႔ "
သစၥာရွင္ဆိုေသာ မိန္းကေလးက သူ႔နဲ႔ရာရာၾကား ေလေပြလိုမ်ိဳး တိုက္ခတ္သြားခဲ့တာေလ။ တစ္ကယ္တမ္း အျပစ္ရွိတာ သစၥာရွင္။
ဒါဆို ရာရာကေလးနဲ႔ပတ္သတ္ၿပီးေတာ့ သစၥာရွင္မ်ား တစ္ခုခု!!!
ေတြးရင္းေတြးရင္းနဲ႔ သံသယမ်ားလာသည္။
"ဘာလုပ္ေနတာလဲ မျပန္ဘူးလား "
ဦးသူ႔အသံေၾကာင့္ ရာရာအေတြးတို႔ရပ္တန႔္သြားရသည္။
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
LS group ဥကၠဌ သူ႔သေကၤတအိမ္ေရွ႕၌ ကားတစ္စီးဆိုက္ေရာက္လာသည္။ ထိုကားေပၚမွဆင္းလာသည့္မိန္းကေလးက ဘဲလ္ကိုႏွိပ္လိုက္သည္။
"တင္ေတာင္..."
"စိုးစိုးေရ ဘယ္သူလာတာလဲ မသိဘူး ၾကည့္ဦး"
မီးဖိုခန္းထဲကေန မိုးမိုးေအာ္လိုက္၍ စိုးစိုး သူ႔အခန္းထဲကေျပးထြက္လာကာ ကင္မရာကိုဖြင့္သည္။
"ေအးေအး "
"ဘယ္သူပါလဲ "
"ကြၽန္မက သူ႔သေကၤတရဲ႕ဧည့္သည္ပါ "
"ဟုတ္ကဲ့ ခဏေစာင့္ပါ တံခါးဖြင့္လိုက္ပါမယ္"
စိုးစိုး တံခါးဖြင့္ေပးလိုက္သည္။
"တီ..."
ထိုအခါမွ ေရလႊာလႊာ ကားေပၚျပန္တက္ကာ ၿခံထဲေမာင္းဝင္လာသည္။
"မိုးမိုး အစ္ကိုေလးကို သြားေခၚလိုက္ "
စိုးစိုးစကားမဆုံးခင္ မိုးမိုးက အျမန္ပင္ အေပၚေျပးတက္သြားသည္။
"သူ႔ဘယ္မွာလဲ "
ေရလႊာလႊာ သူ႔ရဲ႕အိမ္လိပ္စာကို စုံစမ္းကာ သူ႔အိမ္ေရွ႕ေရာက္လာျခင္းျဖစ္သည္။ အေၾကာင္းအရင္းက ထိုေန႔ကစၿပီး သူမရဲ႕ဖုန္းကိုျပန္ေျဖျခင္းမရွိဘဲ ေရွာင္ေန၍ျဖစ္သည္။
စိုးစိုးက ျပန္မေျဖဘဲ ေရလႊာလႊာကို အေသးစိတ္အကဲခတ္ေနသည္။
"ဘာၾကည့္ေနတာလဲ သူ႔ေရာလို႔ "
"သြားေခၚေနပါတယ္ "
"ၿပီးေရာ ေရတစ္ခြက္ ယူေပး "
ယဥ္ေက်းမႈမရွိသည့္ အေျပာအဆိုေၾကာင့္ စိုးစိုးႏွာေခါင္းရႈံ႕သြားသည္။
အစ္ကိုေလးတြဲတဲ့မိန္းကေလးေတြ အကုန္အျမင္ကပ္စရာေတြပဲ မမေလးျပန္လာရင္ေကာင္းမယ္။ မမေလးက ခ်စ္စရာေလး။ သူတို႔က မူယာမာယာနဲ႔ အခ်ိဳးမေျပၾကဘူး။ အထက္စီးကဆန္ေသးတယ္။
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
"အစ္ကိုေလး "
သူ႔အခန္းတံခါးေရွ႕မွာ တံခါးေခါက္လိုက္ေပမဲ့တုန႔္ျပန္သံမၾကားရ၍ မိုးမိုး နားကို တံခါးနားကပ္ၿပီးနားေထာင္သည္။
"ဘာလုပ္ေနတာလဲ "
အေနာက္ကသူ႔အသံေၾကာင့္ မိုးမိုးလန႔္ၿပီး ေယာင္သြားရသည္။
"အမေလး..."
"အစ္ကိုေလး "
ဆက္ေျပာမလို႔ျပင္ၿပီးမွ သူ႔လက္တြဲထားတဲ့ မႈိင္းနဲ႔ေန႔ကိုၾကည့္ၿပီး ဆက္မေျပာျဖစ္။
"ဘာလဲ ဘာျဖစ္လို႔လဲ "
"ဧည့္သည္ေရာက္ေနတယ္"
"ဧည့္သည္ ဘယ္သူလဲ "
"နာမည္မသိပါဘူး အစ္ကိုေလးနဲ႔ေတြ႕ခ်င္တယ္ေျပာတယ္"
"ဟုတ္လား "
သူ႔ မႈိင္းနဲ႔ေန႔ေရွ႕မွာ ဒူးေထာင္ထိုင္ခ်လိုက္ရင္း...
"ဒီေန႔ ေဖေဖ ေက်ာင္းလိုက္ပို႔ေပးမယ္ ဧည့္သည္လာလို႔ ထမင္းစားရင္း ခဏေစာင့္ေပး ရလား "
"ဟုတ္ "
"ဟုတ္ "
အလိမၼာတုံးေလးႏွစ္ေယာက္ရဲ႕ေခါင္းကို ဖြလိုက္ရင္းေအာက္ကို ဆင္းခဲ့ၾကသည္။
သူ႔ထင္သည့္အတိုင္းပင္။ ေရာက္လာသူက ေရလႊာလႊာျဖစ္ေနသည္။ သူမကိုအေရးမလုပ္၍ ေရာက္ခ်လာတယ္ဆိုတာ မွန္းစရာပင္မလို။
မႈိင္းနဲ႔ေန႔ကလည္း သူ႔ဧည့္သည္က မိန္းကေလးျဖစ္ေန၍ အေဖနားကကို မခြါေတာ့ဘဲ ေပကပ္ေနေနၾကသည္။
"ဒါက သူ႔ကေလးေတြလား "
ေရလႊာလႊာက မႈိင္းပါးကိုကိုင္ဖို႔အလွမ္း သူမရဲ႕လက္ကို မႈိင္းကေရွာင္ကြင္းသြားသည္။
"ခ်စ္စရာေလးေတြပဲ "
"လာရင္းကိစၥကဘာလဲ "
"သူ႔ကိုလြမ္းလို႔ ေရွာင္တဲ့သူကေရွာင္ေနေတာ့ ေတြ႕ခ်င္တဲ့သူက မရမကလာရတာေပါ့"
"ကြၽန္ေတာ္ အလုပ္ရႈပ္ေနတယ္ အခုလည္း ကေလးေတြကို ထမင္းေကြၽးရမွာ "
"ဟိုႏွစ္ေယာက္ကေရာ သူတို႔အားေနတာပဲ"
မိုးမိုးနဲ႔စိုးစိုးႏွစ္ေယာက္ကိုလက္ညိဳးထိုးကာဆိုျခင္းျဖစ္သည္။
"မႈိင္းတို႔က ေဖေဖကိုယ္တိုင္ေကြၽးမွစားတာ အန္တီႀကီး "
မိစြာေတးမႈိင္းက ႏႈတ္ခမ္းဆူၿပီးဝင္ေျပာသည္။ ထိုအခါမွ ေရလႊာလႊာ အန္တီႀကီးဆိုၿပီးေခၚခံလိုက္ရသည့္အတြက္ အီလည္လည္မ်က္ႏွာႏွင့္ပင္...
"အိုကြယ္ အန္တီဆိုရပါၿပီ ကေလးရယ္ သူ႔ကိုယ္တိုင္ထမင္းေကြၽးရမွာဆိုေတာ့ လႊာလည္းေကြၽးကူမယ္ သူ႔ရတယ္မလား "
"ရပါတယ္ အန္တီ "
ခပ္ၿပဳံးၿပဳံးနဲ႔ ျမန္ျမန္ေျဖလိုက္သူက မႈိင္းပင္။
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
ဆက္ရန္
Author-သက္တန႔္ေရာင္ျခယ္