" ေခါင္းေဆာင္ !! အခု မသတ္ရင္ အခြင့္အေရးကို လက္လႊတ္လိုက္ရလိမ့္မယ္ "
ရွန္ယိက လုပ္ႀကံသူ တစ္ေယာက္၏ စကားအား ခံစားခ်က္မဲ့သၫ့္ အၾကၫ့္တစ္ခ်က္ျဖင့္သာ တုန႔္ျပန္လိုက္သည္ ။ သူက သစ္ပင္ေပၚတြင္ အသာပုန္းကြယ္ကာ စုမင္ဟြား နဲ႔ ေပရွီး၏ အီစီကလီ ရိုက္ေနသၫ့္ ျမင္ကြင္းကို ၾကၫ့္ေနျခင္းပင္ ။
တံုးအသၫ့္ စုမင္ဟြား သည္ ေပရွီး၏ မလႊတ္တလႊတ္ စကားမ်ားကို သတိမထားမိေသာ္လည္း ေဘးလူအျမင္၌ ထိုႏွစ္ေယာက္သည္ ၾကင္စဦး ဇနီးေမာင္ႏွံအလား ျဖစ္ေနခဲ့သည္ ။
အခုလည္း ေရေသာက္မည္ကို ေရဘူးအား အတူတူကိုင္မိလိုက္သျဖင့္ လက္ခ်င္းထိသြားသည္ကို အခ်င္းခ်င္း စိုက္ၾကၫ့္၍ မၿပီးႏိုင္မစီးႏိုင္ေပ ။ မူလက ထိုအခ်ိန္တြင္ စတင္ လုပ္ႀကံခဲ့ျခင္း ။ ရွေဝ့ယိ သည္ မၾကာခင္ ဤေနရာသို႔ ေရာက္လာၿပီး သူရဲေကာင္း မိန္းမလွေလးကို ကယ္ ဆိုသၫ့္ ဇာတ္ဝင္ခန္းအား သရုပ္ေဆာင္ေပလိမ့္မည္ ။
" ျမားနဲ႔ အရင္ပစ္ ... တစ္ေယာက္မွ အျပင္ကို ထြက္မလာနဲ႔ !! " ရွန္ယိ က သူ႔လက္ထဲက ဒူးေလး အား တစ္ခ်က္ၾကၫ့္ရင္း ေျပာလိုက္သည္ ။ သူ႔စကား ဆံုးသည္နဲ႔ ျမားပစ္သံမ်ားသည္ တရြီရြီ ျဖင့္ ထြက္ေပၚလာေတာ့သည္ ။
" လုပ္ႀကံသူေတြ!!!! " ေပရွီး သည္ ဒဏ္ရာ ေပ်ာက္သြားၿပီ ျဖစ္သျဖင့္ စစ္သူႀကီး တစ္ေယာက္ရဲ့ အရိွန္အဝါ ျပန္လည္ထြက္ေပၚလာေတာ့သည္ ။ သူ႔ထံေရာက္လာသၫ့္ ျမားမ်ားသည္ က်ိဳးလ်င္ က်ိဳးကာ ၊ ရိုက္ထုတ္ခံရၿပီး ထိုသူအား ထိမွန္ျခင္းမရိွေပ ။ ထိုအခ်ိန္တြင္ မည္သၫ့္ ေနရာကမွန္း မသိသၫ့္ ျမားတစ္စင္းသည္ စုမင္ဟြား၏ ပုခံုးတၫ့္တၫ့္ကို ေဖာက္ဝင္သြားသည္ ။
အာ့... စုမင္ဟြားသည္ သူမ ဒဏ္ရာကို မယံုၾကည္ႏိုင္စြာ ၾကၫ့္လိုက္သည္ ။ ' ဒီလူေတြက ဘာလို႔ သူမကို လာတိုက္ခိုက္ရသနည္း .. သူမ ဘာအမွားမ်ား ျပဳလုပ္ခဲ့လို႔လဲ ' ရုတ္တရက္ႀကီး စုမင္ဟြားရဲ့ မ်က္ႏွာေပၚတြင္ မ်က္ရည္မ်ား စီးက်လာခဲ့သည္ ။ သူမအား တေလာကလံုးက ပစ္ပယ္ထားကာ အႏိုင္က်င့္ခံရသၫ့္ မိန္းမပ်ိဳေလးသဖြယ္ပင္ ။
ရွန္ယိ က စုမင္ဟြား၏ အမႈအရာကို အတိုင္းသား ျမင္ေနရသျဖင့္ ႏွာေခါင္းရႈံလိုက္သည္ ။ စုမင္ဟြား၏ သြက္သြက္လက္လက္ ပံုစံကိုေတာ့ သူက ျပႆနာ အိုး ဟုသာ မွတ္ထားသည္ ။ သူမသည္ မည္မ်ွ ျပႆာနာ ရွာပါေစ ေျဖရွင္းေပးမၫ့္ သူက အဆင္သင့္ ရိွေနခဲ့သျဖင့္ သူမရဲ့ တဇြတ္ထိုး အျပဳအမႈက အျခားသူကို ဘယ္လို ဒုကၡေရာက္သလဲ မသိဘဲ ေပ်ာ္ရြင္စရာ စိတ္ဝင္စားစရာ ရယ္စရာ အျဖစ္သာ ေတြးတတ္သည္ ။ လက္လြန္သြားသၫ့္အခ်ိန္တြင္ " ေတာင္းပန္ပါတယ္ .. ကြၽန္မက အဲ့လို ျဖစ္သြားလိမ့္မယ္လို႔ မေတြးမိခဲ့ဘူး " ဟု သာ အျပစ္ကင္းသၫ့္ မ်က္ႏွာေလးျဖင့္ စိတ္မေကာင္း ခန ျဖစ္ေပလိမ့္မည္ ။ ၿပီးလ်ွင္ သူမ လုပ္ေနၾကနည္းလမ္းအတိုင္း အျခားတစ္ေယာက္ကို ျပႆနာ ထပ္ရွာေပလိမ့္မည္ ။
ေပရွီးေရာ လုပ္ႀကံသူမ်ားပါ အံ့ဩသြားၾကသည္ ။ သူတို႔က ေပစစ္သူႀကီးကို လာလုပ္ႀကံတာ မဟုတ္ဘူးလား .. ဘာေၾကာင့္ ထိုမိန္းကေလးကို ပစ္ရသလဲ ...
" ငါတို႔က လာလုပ္ႀကံတာ .. လမ္းမွာ ပိတ္ေနတဲ့ သူေတြကို ဖ်က္ဆီးပစ္ရမွာ အမွန္ဘဲ .. ဘာေၾကာင္ေနၾကတာလဲ !!!! "
သူ႔အား ေမးခြန္းထုတ္သၫ့္ အၾကၫ့္မ်ားကို ေအးစက္စက္ ျပန္ၾကၫ့္လိုက္ရင္း ေျပာလိုက္သည္ ။ သူ႔လက္က ထြက္လာသၫ့္ ျမားခ်က္တိုင္းသည္ စုမင္ဟြား ထံသို႔သာ ရည္ရြယ္ထားသည္ ။ အျခားလူဆိုလ်ွင္ ေသဆံုးသြားႏိုင္ေသာ္လည္း စုမင္ဟြား သည္ေတာ့ ဒဏ္ရာမ်ားကိုသာ ရရိွသြားသည္ ။
" ေရွာင္ဟြား!!! လာၾကစမ္း အဲ့လုပ္ႀကံသူေတြကို တစ္ေယာက္မက်န္ အကုန္သတ္ " အစိမ္းေဖ်ာ့ေရာင္ ဝတ္ရံုနဲ႔ ရွေဝ့ယိ သည္ ေပၚလာခဲ့ကာ စုမင္ဟြားေရ႔ွတြင္ ေပၚလာခဲ့သည္ ။ သူက စုမင္ဟြား ၏ သနားစရာပံုစံကို ၾကၫ့္ရင္း အျပစ္ရိွစိတ္တို႔ ႀကီးစိုးလာရသည္ ။ သူသာ အလာေနာက္က်သြားရင္ သူမေလးကို သူေတြ့ႏိုင္မည္လား ဆိုသည္က မေသခ်ာေတာ့ေပ ။ ထို ေနာက္တစ္ခါ ဆံုးရႈံး ရမၫ့္ ခံစားခ်က္ေၾကာင့္ သူက ထိုလုပ္ႀကံသူမ်ားအား ႏုတ္ႏုတ္စင္းပစ္မည္ဟု ဆံုးျဖတ္လိုက္သည္ ။
သို႔ေသာ္ စစ္သည္မ်ားသည္ ဘယ္ေလာက္ရွာရွာ လုပ္ႀကံသူမ်ားကို မေတြ့ေတာ့ေပ ။ ရွန္ယိ က ရွေဝ့ယိ ထံသို႔ ျမားတစ္စင္း ပစ္လႊတ္လိုက္ကာ
" ဟန္ယြဲ႔ျပည္ရဲ့ ေက်ာ္ၾကားလွတဲ့ စစ္သူႀကီးက .. တာရွန္ ျပည္ရဲ့ မင္းသားနဲ႔ မိတ္ေဆြေတြ ျဖစ္လိမ့္မယ္လို႔ .. မထင္ထားခဲ့ဘူး .. ဒီ တစ္ခါ က်ဳပ္က အတြက္အဆ လြဲသြားခဲ့တယ္ လို႔ဘဲ မွတ္ယူလိုက္ပါ့မယ္.. ခြင့္ျပဳပါဦး .."
ရွေဝ့ယိ က ထိုျမားအား လက္ဗလာျဖင့္ အသာ ဖမ္းယူလိုက္သည္ကို သူက မအံ့ဩခဲ့ဘဲ ႏူတ္ခမ္းတြန႔္ရံု ၿပံဳးလိုက္ၿပီး အျခားသစ္ပင္ေပၚသို႔ ခုန္ကူးရင္း ထြက္ခြာသြားေတာ့သည္ ။
ပံုမွန္ဆိုလ်ွင္ လုပ္ႀကံသူေတြ ထြက္သြားၿပီးၿပီးခ်င္း စုမင္ဟြားထံသို႔ အေျပးအလႊား သြားၾကမၫ့္ ေပရွီးနဲ႔ ရွေဝ့ယိ သည္ ယခုခ်ိန္တြင္ ရွန္ယိ၏ စကားေၾကာင့္ အခ်င္းခ်င္း သတိထားေနကာ စုမင္ဟြား ထံသို႔ ဘယ္သူ အရင္သြားမလဲ ေစာင့္ၾကၫ့္ေနရသည္ ။ ခုနက စကားသည္ ေပရွီးအား တိုင္းျပည္ သစၥာေဖာက္ေနသည္ဟု သြယ္ဝိုက္သေဘာ ေျပာသြားျခင္းပင္ ။ ထိုစကားသည္ ဟုတ္သည္ျဖစ္ေစမဟုတ္သည္ ျဖစ္ေစ ဘုရင့္ နားေတာ္သို႔ ေပါက္ၾကားသြားပါက သံသယ မ်ိဳးေစ့ ျဖစ္သြားေစလိမ့္မည္ ။ စိတ္နာစရာေကာင္းသည္က ေပရွီး သည္ ထိုကိစၥကို မျပဳလုပ္ခဲ့ျခင္းပင္ ။
စုမင္ဟြား သည္ ထိုႏွစ္ေယာက္ အား ေသြးစြန္းေနသၫ့္ ဒဏ္ရာမ်ားကို ဖိကိုင္ထားကာ မ်က္ရည္မ်ားျဖင့္ၾကၫ့္ေနခဲ့ရင္းနဲ႔ပင္ ေမ့လွဲသြားေတာ့သည္ ။ သူမ သတိမလႊတ္ခင္ အခ်ိန္ထိ သူမသည္ ဒီဒုကၡမ်ားကို ဘာေၾကာင့္ ခံစားရမည္လဲ စဉ္းစားမရႏိုင္ေပ ။ ေသခ်ာတာေတာ့ သူမသည္ တစ္ဘဝလံုး ဤကဲ့သို႔ နာက်င္မႈမ်ိဳးကို မခံစားဖူးေပ ။
___________________
ထိုေန့ၿပီးေနာက္ တိုင္းျပည္တြင္ ေပစစ္သူႀကီးနဲ႔ တာရွန္မင္းသား တို႔သည္ အလြန္ရင္းနီးသၫ့္ သူငယ္ခ်င္းမ်ား ျဖစ္သည္ဆိုသၫ့္ စကားသည္ ပ်ံ့ႏွံ႔သြားခဲ့ကာ ။ သို႔ေလာ သို႔ေလာ ျဖစ္ေနခဲ့သည္ ။ ထိုစကားကို ျဖန႔္ခိုင္းခဲ့သၫ့္ ရွန္ယိ သည္ေတာ့ သူ႔ သတ္ျဖတ္ခ်င္စိတ္ကို ထိန္းခ်ဳပ္ထားရကာ သူ႔ေရ႔ွက အမ်ိဳးသား အား ဒူးေထာက္ေနခဲ့ရသည္ ။
" တစ္!! မင္းက ဒီကိစၥ မွာ မေအာင္ျမင္ခဲ့တဲ့အတြက္ ငါကိုယ္ေတာ္က အျပစ္ေပးရလိမ့္မယ္ " ေအးေဆးသက္သာစြာ ေျပာေနသၫ့္ ထိုအမ်ိဳးသားသည္ သလြန္ေပၚတြင္ လက္ေထာက္လ်က္ လဲေလ်ာင္းေနခဲ့ကာ ရွည္လ်ားသၫ့္ ဆံႏြယ္မ်ားက ပုခံုးထက္သို႔ က်ေနသည္။ ေလ်ာ့ရဲေနသၫ့္ ေရႊဝါေရာင္ ဝတ္ရံုသည္ ေလ်ာ့ရဲမႈနဲ႔ပင္ ပနံသင့္ေနသကဲ့သို႔ ။ ရွည္သြယ္သြယ္လက္တစ္ဖက္က ေသရည္ခြက္ ကို ကိုင္ေျမာက္ကာ ေျပာေနပံုက သူ႔ ပါးစပ္ထဲတြင္ သူတစ္ပါးအသက္အေၾကာင္း ေျပာေနသၫ့္ပံုနဲ႔ မတူဘဲ စစ္တုရင္ အရုပ္အေၾကာင္း ေျပာေနသကဲ့သို႔ပင္ ။
ေကာင္းမြန္လွသၫ့္ ေသရည္အရသာကို ေက်နပ္သၫ့္အလား တစ္ခ်က္တစ္ခ်က္ ၿပံဳးသြားသၫ့္ ႏူတ္ခမ္းပါးတို႔သည္ ေခ်ာေမာလွသၫ့္ ရုပ္ရည္အား ပံ့ပိုးေနသလိုလို ။ တစ္ဝက္မ်က္ႏွာဖံုး ဝတ္ထားတာေတာင္ အရိွန္အဝါေတြက ထင္းထြက္ေနခဲ့သည္ ။
ရွန္ယိက ရွေဝ့ယိ ၏ ရုပ္ရည္နဲ႔ ယွဉ္လ်ွင္ပင္ သာလြန္ပံုရသၫ့္ ထိုပၸိုလ္ ၏ အလွတရားကို မေငးႏိုင္ေသးေပ ။ ရွန္ယိသည္ အမွန္တကယ္ ဟန္ယြဲ႔ မင္းႀကီးရဲ့ အေသခံ ကိုယ္ရံေတာ္ ျဖစ္ေနခဲ့သည္ ။ ကိုယ့္စစ္သူႀကီးကို လုပ္ႀကံခိုင္းသၫ့္ ဘုရင္ ေၾကာင့္ နန္းတြင္းေရးရာသည္ မည္မ်ွရႈပ္ေထြးေၾကာင္း သိႏိုင္ေလသည္ ။
" ကြၽန္ေတာ္မ်ိဳး .. ေသသင့္ပါတယ္ " ရွန္ယိ က အံႀကိတ္လ်က္ ေျပာလိုက္သည္ ။ ' ခ်ီးကို ေသသင့္ .. ဒီပါးပါးက မေသခ်င္လို႔ ဒီကိုယ္ထဲ ဝင္လာတာေလ .. ဒီေဖ ..'
ထိုအမ်ိဳးသားသည္ ဟန္ယြဲ႔ ျပည္ရဲ့ အသက္အငယ္ဆံုးဟု သတ္မွတ္ခံထားရသၫ့္ ဘုရင္ ေရွာက္ရြမ္းရီ ပင္ ။ ဒီ အသက္နဲ႔မလိုက္ေအာင္ ဉာဏ္မ်ားတတ္ပံုကိုေတာ့ ေသခ်ာသေလာက္ မည္သူမွ မသိေခ် ။ ထိုလူအား ၾကၫ့္ရင္း ရွန္ယိက တိတ္တဆိတ္က်ိန္ဆဲလိုက္မိသည္ ။
' ေသာက္system ဒီလို ဇာတ္ပို႔ ေနရာေတာ့ ေပးမယ္မရွိဘူး '
________________________
ကိုယ္က ဒီ Novel ကို အရင္ ၿပီးေအာင္ ေရးဖို့ စိတ္ဝင္စားခ်င္ေနၿပီ .. ဟားဟား😂
_________________________________________
Unicode
" ခေါင်းဆောင် !! အခု မသတ်ရင် အခွင့်အရေးကို လက်လွှတ်လိုက်ရလိမ့်မယ် "
ရှန်ယိက လုပ်ကြံသူ တစ်ယောက်၏ စကားအား ခံစားချက်မဲ့သည့် အကြည့်တစ်ချက်ဖြင့်သာ တုန့်ပြန်လိုက်သည် ။ သူက သစ်ပင်ပေါ်တွင် အသာပုန်းကွယ်ကာ စုမင်ဟွား နဲ့ ပေရှီး၏ အီစီကလီ ရိုက်နေသည့် မြင်ကွင်းကို ကြည့်နေခြင်းပင် ။
တုံးအသည့် စုမင်ဟွား သည် ပေရှီး၏ မလွှတ်တလွှတ် စကားများကို သတိမထားမိသော်လည်း ဘေးလူအမြင်၌ ထိုနှစ်ယောက်သည် ကြင်စဦး ဇနီးမောင်နှံအလား ဖြစ်နေခဲ့သည် ။
အခုလည်း ရေသောက်မည်ကို ရေဘူးအား အတူတူကိုင်မိလိုက်သဖြင့် လက်ချင်းထိသွားသည်ကို အချင်းချင်း စိုက်ကြည့်၍ မပြီးနိုင်မစီးနိုင်ပေ ။ မူလက ထိုအချိန်တွင် စတင် လုပ်ကြံခဲ့ခြင်း ။ ရှဝေ့ယိ သည် မကြာခင် ဤနေရာသို့ ရောက်လာပြီး သူရဲကောင်း မိန်းမလှလေးကို ကယ် ဆိုသည့် ဇာတ်ဝင်ခန်းအား သရုပ်ဆောင်ပေလိမ့်မည် ။
" မြားနဲ့ အရင်ပစ် ... တစ်ယောက်မှ အပြင်ကို ထွက်မလာနဲ့ !! " ရှန်ယိ က သူ့လက်ထဲက ဒူးလေး အား တစ်ချက်ကြည့်ရင်း ပြောလိုက်သည် ။ သူ့စကား ဆုံးသည်နဲ့ မြားပစ်သံများသည် တရွီရွီ ဖြင့် ထွက်ပေါ်လာတော့သည် ။
" လုပ်ကြံသူတွေ!!!! " ပေရှီး သည် ဒဏ်ရာ ပျောက်သွားပြီ ဖြစ်သဖြင့် စစ်သူကြီး တစ်ယောက်ရဲ့ အရှိန်အဝါ ပြန်လည်ထွက်ပေါ်လာတော့သည် ။ သူ့ထံရောက်လာသည့် မြားများသည် ကျိုးလျင် ကျိုးကာ ၊ ရိုက်ထုတ်ခံရပြီး ထိုသူအား ထိမှန်ခြင်းမရှိပေ ။ ထိုအချိန်တွင် မည်သည့် နေရာကမှန်း မသိသည့် မြားတစ်စင်းသည် စုမင်ဟွား၏ ပုခုံးတည့်တည့်ကို ဖောက်ဝင်သွားသည် ။
အာ့... စုမင်ဟွားသည် သူမ ဒဏ်ရာကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည် ။ ' ဒီလူတွေက ဘာလို့ သူမကို လာတိုက်ခိုက်ရသနည်း .. သူမ ဘာအမှားများ ပြုလုပ်ခဲ့လို့လဲ ' ရုတ်တရက်ကြီး စုမင်ဟွားရဲ့ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာခဲ့သည် ။ သူမအား တလောကလုံးက ပစ်ပယ်ထားကာ အနိုင်ကျင့်ခံရသည့် မိန်းမပျိုလေးသဖွယ်ပင် ။
ရှန်ယိ က စုမင်ဟွား၏ အမှုအရာကို အတိုင်းသား မြင်နေရသဖြင့် နှာခေါင်းရှုံလိုက်သည် ။ စုမင်ဟွား၏ သွက်သွက်လက်လက် ပုံစံကိုတော့ သူက ပြဿနာ အိုး ဟုသာ မှတ်ထားသည် ။ သူမသည် မည်မျှ ပြဿာနာ ရှာပါစေ ဖြေရှင်းပေးမည့် သူက အဆင်သင့် ရှိနေခဲ့သဖြင့် သူမရဲ့ တဇွတ်ထိုး အပြုအမှုက အခြားသူကို ဘယ်လို ဒုက္ခရောက်သလဲ မသိဘဲ ပျော်ရွင်စရာ စိတ်ဝင်စားစရာ ရယ်စရာ အဖြစ်သာ တွေးတတ်သည် ။ လက်လွန်သွားသည့်အချိန်တွင် " တောင်းပန်ပါတယ် .. ကျွန်မက အဲ့လို ဖြစ်သွားလိမ့်မယ်လို့ မတွေးမိခဲ့ဘူး " ဟု သာ အပြစ်ကင်းသည့် မျက်နှာလေးဖြင့် စိတ်မကောင်း ခန ဖြစ်ပေလိမ့်မည် ။ ပြီးလျှင် သူမ လုပ်နေကြနည်းလမ်းအတိုင်း အခြားတစ်ယောက်ကို ပြဿနာ ထပ်ရှာပေလိမ့်မည် ။
ပေရှီးရော လုပ်ကြံသူများပါ အံ့ဩသွားကြသည် ။ သူတို့က ပေစစ်သူကြီးကို လာလုပ်ကြံတာ မဟုတ်ဘူးလား .. ဘာကြောင့် ထိုမိန်းကလေးကို ပစ်ရသလဲ ...
" ငါတို့က လာလုပ်ကြံတာ .. လမ်းမှာ ပိတ်နေတဲ့ သူတွေကို ဖျက်ဆီးပစ်ရမှာ အမှန်ဘဲ .. ဘာကြောင်နေကြတာလဲ !!!! "
သူ့အား မေးခွန်းထုတ်သည့် အကြည့်များကို အေးစက်စက် ပြန်ကြည့်လိုက်ရင်း ပြောလိုက်သည် ။ သူ့လက်က ထွက်လာသည့် မြားချက်တိုင်းသည် စုမင်ဟွား ထံသို့သာ ရည်ရွယ်ထားသည် ။ အခြားလူဆိုလျှင် သေဆုံးသွားနိုင်သော်လည်း စုမင်ဟွား သည်တော့ ဒဏ်ရာများကိုသာ ရရှိသွားသည် ။
" ရှောင်ဟွား!!! လာကြစမ်း အဲ့လုပ်ကြံသူတွေကို တစ်ယောက်မကျန် အကုန်သတ် " အစိမ်းဖျော့ရောင် ဝတ်ရုံနဲ့ ရှဝေ့ယိ သည် ပေါ်လာခဲ့ကာ စုမင်ဟွားရှေ့တွင် ပေါ်လာခဲ့သည် ။ သူက စုမင်ဟွား ၏ သနားစရာပုံစံကို ကြည့်ရင်း အပြစ်ရှိစိတ်တို့ ကြီးစိုးလာရသည် ။ သူသာ အလာနောက်ကျသွားရင် သူမလေးကို သူတွေ့နိုင်မည်လား ဆိုသည်က မသေချာတော့ပေ ။ ထို နောက်တစ်ခါ ဆုံးရှုံး ရမည့် ခံစားချက်ကြောင့် သူက ထိုလုပ်ကြံသူများအား နုတ်နုတ်စင်းပစ်မည်ဟု ဆုံးဖြတ်လိုက်သည် ။
သို့သော် စစ်သည်များသည် ဘယ်လောက်ရှာရှာ လုပ်ကြံသူများကို မတွေ့တော့ပေ ။ ရှန်ယိ က ရှဝေ့ယိ ထံသို့ မြားတစ်စင်း ပစ်လွှတ်လိုက်ကာ
" ဟန်ယွဲ့ပြည်ရဲ့ ကျော်ကြားလှတဲ့ စစ်သူကြီးက .. တာရှန် ပြည်ရဲ့ မင်းသားနဲ့ မိတ်ဆွေတွေ ဖြစ်လိမ့်မယ်လို့ .. မထင်ထားခဲ့ဘူး .. ဒီ တစ်ခါ ကျုပ်က အတွက်အဆ လွဲသွားခဲ့တယ် လို့ဘဲ မှတ်ယူလိုက်ပါ့မယ်.. ခွင့်ပြုပါဦး .."
ရှဝေ့ယိ က ထိုမြားအား လက်ဗလာဖြင့် အသာ ဖမ်းယူလိုက်သည်ကို သူက မအံ့ဩခဲ့ဘဲ နူတ်ခမ်းတွန့်ရုံ ပြုံးလိုက်ပြီး အခြားသစ်ပင်ပေါ်သို့ ခုန်ကူးရင်း ထွက်ခွာသွားတော့သည် ။
ပုံမှန်ဆိုလျှင် လုပ်ကြံသူတွေ ထွက်သွားပြီးပြီးချင်း စုမင်ဟွားထံသို့ အပြေးအလွှား သွားကြမည့် ပေရှီးနဲ့ ရှဝေ့ယိ သည် ယခုချိန်တွင် ရှန်ယိ၏ စကားကြောင့် အချင်းချင်း သတိထားနေကာ စုမင်ဟွား ထံသို့ ဘယ်သူ အရင်သွားမလဲ စောင့်ကြည့်နေရသည် ။ ခုနက စကားသည် ပေရှီးအား တိုင်းပြည် သစ္စာဖောက်နေသည်ဟု သွယ်ဝိုက်သဘော ပြောသွားခြင်းပင် ။ ထိုစကားသည် ဟုတ်သည်ဖြစ်စေမဟုတ်သည် ဖြစ်စေ ဘုရင့် နားတော်သို့ ပေါက်ကြားသွားပါက သံသယ မျိုးစေ့ ဖြစ်သွားစေလိမ့်မည် ။ စိတ်နာစရာကောင်းသည်က ပေရှီး သည် ထိုကိစ္စကို မပြုလုပ်ခဲ့ခြင်းပင် ။
စုမင်ဟွား သည် ထိုနှစ်ယောက် အား သွေးစွန်းနေသည့် ဒဏ်ရာများကို ဖိကိုင်ထားကာ မျက်ရည်များဖြင့်ကြည့်နေခဲ့ရင်းနဲ့ပင် မေ့လှဲသွားတော့သည် ။ သူမ သတိမလွှတ်ခင် အချိန်ထိ သူမသည် ဒီဒုက္ခများကို ဘာကြောင့် ခံစားရမည်လဲ စဉ်းစားမရနိုင်ပေ ။ သေချာတာတော့ သူမသည် တစ်ဘဝလုံး ဤကဲ့သို့ နာကျင်မှုမျိုးကို မခံစားဖူးပေ ။
___________________
ထိုနေ့ပြီးနောက် တိုင်းပြည်တွင် ပေစစ်သူကြီးနဲ့ တာရှန်မင်းသား တို့သည် အလွန်ရင်းနီးသည့် သူငယ်ချင်းများ ဖြစ်သည်ဆိုသည့် စကားသည် ပျံ့နှံ့သွားခဲ့ကာ ။ သို့လော သို့လော ဖြစ်နေခဲ့သည် ။ ထိုစကားကို ဖြန့်ခိုင်းခဲ့သည့် ရှန်ယိ သည်တော့ သူ့ သတ်ဖြတ်ချင်စိတ်ကို ထိန်းချုပ်ထားရကာ သူ့ရှေ့က အမျိုးသား အား ဒူးထောက်နေခဲ့ရသည် ။
" တစ်!! မင်းက ဒီကိစ္စ မှာ မအောင်မြင်ခဲ့တဲ့အတွက် ငါကိုယ်တော်က အပြစ်ပေးရလိမ့်မယ် " အေးဆေးသက်သာစွာ ပြောနေသည့် ထိုအမျိုးသားသည် သလွန်ပေါ်တွင် လက်ထောက်လျက် လဲလျောင်းနေခဲ့ကာ ရှည်လျားသည့် ဆံနွယ်များက ပုခုံးထက်သို့ ကျနေသည်။ လျော့ရဲနေသည့် ရွှေဝါရောင် ဝတ်ရုံသည် လျော့ရဲမှုနဲ့ပင် ပနံသင့်နေသကဲ့သို့ ။ ရှည်သွယ်သွယ်လက်တစ်ဖက်က သေရည်ခွက် ကို ကိုင်မြောက်ကာ ပြောနေပုံက သူ့ ပါးစပ်ထဲတွင် သူတစ်ပါးအသက်အကြောင်း ပြောနေသည့်ပုံနဲ့ မတူဘဲ စစ်တုရင် အရုပ်အကြောင်း ပြောနေသကဲ့သို့ပင် ။
ကောင်းမွန်လှသည့် သေရည်အရသာကို ကျေနပ်သည့်အလား တစ်ချက်တစ်ချက် ပြုံးသွားသည့် နူတ်ခမ်းပါးတို့သည် ချောမောလှသည့် ရုပ်ရည်အား ပံ့ပိုးနေသလိုလို ။ တစ်ဝက်မျက်နှာဖုံး ဝတ်ထားတာတောင် အရှိန်အဝါတွေက ထင်းထွက်နေခဲ့သည် ။
ရှန်ယိက ရှဝေ့ယိ ၏ ရုပ်ရည်နဲ့ ယှဉ်လျှင်ပင် သာလွန်ပုံရသည့် ထိုပ္ပိုလ် ၏ အလှတရားကို မငေးနိုင်သေးပေ ။ ရှန်ယိသည် အမှန်တကယ် ဟန်ယွဲ့ မင်းကြီးရဲ့ အသေခံ ကိုယ်ရံတော် ဖြစ်နေခဲ့သည် ။ ကိုယ့်စစ်သူကြီးကို လုပ်ကြံခိုင်းသည့် ဘုရင် ကြောင့် နန်းတွင်းရေးရာသည် မည်မျှရှုပ်ထွေးကြောင်း သိနိုင်လေသည် ။
" ကျွန်တော်မျိုး .. သေသင့်ပါတယ် " ရှန်ယိ က အံကြိတ်လျက် ပြောလိုက်သည် ။ ' ချီးကို သေသင့် .. ဒီပါးပါးက မသေချင်လို့ ဒီကိုယ်ထဲ ဝင်လာတာလေ .. ဒီဖေ ..'
ထိုအမျိုးသားသည် ဟန်ယွဲ့ ပြည်ရဲ့ အသက်အငယ်ဆုံးဟု သတ်မှတ်ခံထားရသည့် ဘုရင် ရှောက်ရွမ်းရီ ပင် ။ ဒီ အသက်နဲ့မလိုက်အောင် ဉာဏ်များတတ်ပုံကိုတော့ သေချာသလောက် မည်သူမှ မသိချေ ။ ထိုလူအား ကြည့်ရင်း ရှန်ယိက တိတ်တဆိတ်ကျိန်ဆဲလိုက်မိသည် ။
' သောက်system ဒီလို ဇာတ်ပို့ နေရာတော့ ပေးမယ်မရှိဘူး '
________________________
ကိုယ်က ဒီ Novel ကို အရင် ပြီးအောင် ရေးဖို့ စိတ်ဝင်စားချင်နေပြီ .. ဟားဟား😂
_________________________________________