LOVE WARNING ⚠️[Complete]

By ivoryyy9

52.2K 3.1K 969

[This story is not 18+.This is sweet love🌸😣] Sweet Story of 🌸 Zawgyi & Unicode ခ်ယ္ရီပန္းတစ္ပြင့္က လူေတြကိ... More

Introduction
Simple Memory🌸
EP 0
EP 1
EP 2
EP 4
EP 5
EP. 6
EP 7
EP 8
EP 9
EP 10
EP 11
EP 12
EP 13
EP 14
EP 15
EP 16
EP 17
EP 18
EP 19
EP 20
EP 21
EP 22
23
EP 24
EP 25
Baby Day Out Moment
EP 26
EP 27
EP 28
EP 29
EP 30 Final
Memory of Thadingyut 🕯️🕯️🕯️
Happy Birthday AK
Chocolate and drunk
Birthday Gift

EP 3

1.5K 111 12
By ivoryyy9

  University of M

နိုင္ငံတကာအဆင့္မွီတကၠသိုလ္ႀကီးတစ္ခုျဖစ္သည္။သဘာဝပတ္ဝန္းက်င္ကိုထိန္းသိမ္းျခင္းျပယုဒ္အေနနဲ႕ စတင္တည္ေထာင္ကတည္းက တကၠသိုလ္ဝန္းထဲမွသစ္ပင္မ်ားကို တစ္ပင္တစ္ေလမွခုတ္လွဲျခင္းမရွိဘဲ ေက်ာင္းေဆာင္မ်ားကိုေကြ႕ပတ္၍ ေဆာက္လုပ္ထားသည္။ဒါေၾကာင့္ေက်ာင္းေဆာင္မ်ားက ေႁမြလိမ္ေႁမြေကာက္ျဖစ္ေနေသာ္လည္း တကၠသိုလ္ရဲ႕ထည္ဝါမႈကေလ်ာ့က်သြားျခင္းမရွိေပ။မီးခိုးေရာင္တကၠသိုလ္မုဒ္ဦးႀကီးကလဲ ခန႔္ထည္စြာျဖင့္က်က္သေရေဆာင္သည္။ခ်ယ္ရီပင္ စိန္ပန္းပင္ စြယ္ေတာ္ပင္ ပိေတာက္ပင္ကဲ့သို႔ပန္းပင္ႀကီးမ်ားကလဲ ေနရာအႏွံ႕တြင္ရွိသည္။ပန္းပြင့္ခ်ိန္တြင္ ေဝဟင္မွရိုက္ယူထားေသာ ပန္းေရာင္စုံၾကားမွအျဖဴေရာင္တကၠသိုလ္ပုံရိပ္မ်ားကိုလဲ ေက်ာင္းရဲ႕က်က္သေရေဆာင္ျဖစ္သည့္ ပတၱျမားေဆာင္တြင္ ျပသထားသည္။

   ပတၱျမားေဆာင္တြင္ပင္ ေက်ာင္း၏ႏွစ္အလိုက္ဂုဏ္ထူးေဆာင္ေက်ာင္းသားမ်ားကိုဂုဏ္ျပဳသည့္အေနျဖင့္ ေက်ာင္းသားမ်ား၏ဓာတ္ပုံမ်ားႏွင့္အမည္မ်ားကို မွန္ေဘာင္မ်ားျဖင့္ျပသထားသည္။

   ထိုမွန္ေဘာင္မ်ားအေရွ႕တြင္ ျဖဴျဖဴေခ်ာေခ်ာေကာင္ေလးတစ္ေယာက္ရပ္ေနသည္။ခန႔္မွန္းအရပ္၅ေပ၈ေလာက္ရွိမည္ထင္၏။အသားအရည္မွာျဖဴလြန္းၿပီၾကည္လင္ေနလို႔ ေလေဝ့ရင္ေတာင္နီရဲသြားနိုင္သည့္သေဘာတြင္ရွိသည္။ေက်ာင္းယူနီေဖာင္းျဖစ္သည့္ အျဖဴစြတ္စြတ္ရွပ္လက္ရွည္ႏွင့္ အမဲေရာင္ပန႔္က ေျပျပစ္ေသာခႏၲာကိုယ္အခ်ိဳးအစားႏွင့္ အလြန္တရာလိုက္ဖက္လွသည္။ရွပ္ကို တံေတာင္အေပၚထိေခါက္ထားေသာေၾကာင့္ ျဖဴၾကည္ၾကည္အသားအရည္တြင္ေသြေၾကာျပာျပာမ်ားႏွင့္ေ႐ႊေရာင္သန္းေနေသာအေမြးႏုတို႔ကိုအတိုင္းသားျမင္ေနရသည္။နီညိုေရာင္ဆံပင္တို႔ကနဖူးေပၚတြင္လြတ္လပ္စြာဝဲက်ေနသည္။မ်က္ေတာင္ရွည္ရွည္တို႔ကလဲ ေလးကိုင္းသ႑ာန္မ်က္အိမ္ကိုလွပစြာဝန္းရံေပးထားသည္။ႏွာတံစင္းစင္းေအာက္မွ ႏႈတ္ခမ္းနီေထြးေထြးကလဲ တစ္စုံတစ္ခုကိုသေဘာက်ေနသလိုပုံႏွင့္ ေကာ့ၫြတ္ကာ ျဖဴေဖြးညီညာတဲ့သြားတန္းေလးေပၚသည္အထိရယ္ေနသည္။

   ေသြးေၾကာျပာျပာတို႔ဝန္းရံေနေသာလက္ႏုႏုက မွန္သားျပင္တစ္ေနရာကိုခပ္ဖြဖြထိေတြ႕လာၿပီး ႏႈတ္ခမ္းနီေထြးေထြးမွလဲ အသံတိုးတိုးေလးထြက္လာသည္။

  " စဝ္အုပ္မႉးေခါင္ အဟင္းးး ကိုကို ကြၽန္ေတာ့္ကိုကိုကသိပ္ေတာ္တာပဲ ... ကြၽန္ေတာ့္ကိုမွတ္မိပါဦးမလားး ..ကိုကို႔ေျပာခဲ့တဲ့စကားေတြကေရာ အခုခ်ိန္ထိတည္ေနဦးမွာလားး "

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

(ကြင္းစ ကြင္းပိတ္မ်ားသည္ စဝ္အုပ္မႉးေခါင္၏တီတီတာတာစာမ်ားျဖစ္သည္)

   "အဟက္ ဟက္ ဟက္...."

   ( ....အသဲေလးေရ ကိုကိုက စဝ္အုပ္မႉးေခါင္ပါ အသဲေလး ကိုကို႔ကိုမွတ္မိေသးလားဟင္ ကိုကို႔ကိုမေမ့ရဘူးေနာ္ ကိုကို႔ပုံေလးေတြထည့္ေပးလိုက္တယ္ ေန႕တိုင္းၾကည့္ရမယ္ေနာ္ ဒါမွမေမ့မွာ....)

(....အသဲေလး အသဲေလး အသဲေလးေရ ကိုကို႔ကိုပဲခ်စ္ရမယ္ေနာ္ အသဲေလးသာသူမ်ားကို သြားခ်စ္ရင္ ကိုကိုကအသဲေလးကို မေခၚေတာ့ဘူး အာဘြားလဲ မေပးေတာ့ဘူး ....)

(...အသဲေလး ကိုကိုပို႔တဲ့စာေတြကို အသဲေလးေကာင္းေကာင္းဖတ္နိုင္ေနၿပီလား ကိုကို႔ဆီကို စာေလးတစ္ေစာင္လိုက္ ျပန္ေရးပို႔ပါဦး အသဲေလးပုံေလးေတြၾကည့္ခ်င္တယ္ အသဲေလးပုံထည့္ေပးဦးေလ.....)

(...အသဲေလးရက္စက္တယ္ကြာ ကိုကို႔ကိုပုံေလးတစ္ပုံေတာင္ထည့္မေပးလိုက္ဘူး ကိုကိုက ဝလုံးေတြကို ထိုင္ၾကည့္ေနရမွာလား အသဲေလးမ်က္ႏွာက ဝလုံးပုံျဖစ္ေနတာလား...)

(...အသဲေလးေနာ္ အသဲေလးက ကိုကို႔အတြက္ပဲ အသဲေလးနားကပ္တဲ့ေကာင္ေလးေတြကို အသဲေလးျပန္မႀကိဳက္ရဘူးေနာ္ ကိုကိုေပးတဲ့ဆြဲႀကိဳးေလးယူၿပီး ကိုကို႔ဆီလာခဲ့ ကိုကိုက အသဲေလးကို ကိုရီးယားကားထဲကလိုအျဖဴေရာင္ဂါဝန္အရွည္ႀကီးဝယ္ေပးၿပီး လက္ထပ္မွာသိလား....)

  ကေလးလက္ေရးေလးနဲ႕စာေလးေတြကို ျပန္ဖတ္ရင္းအကၡရာရယ္ေနမိသည္။ဒီစာေလးေတြရတုန္းက သူမဖတ္တက္ပါ။မငုံက စာေတြဖတ္ျပၿပီ သူ႕ကိုအရမ္းစပါသည္။ကိုကိုထည့္ေပးတဲ့ပုံေလးေတြကိုAlbumတစ္ခုႏွင့္ထည့္ထားၿပီး ဖြက္ထားရပါသည္။မငုံက ပုံေတြေတြ႕လွ်င္ ဆြဲလုကာ တစ္အိမ္လုံးပတ္ျပပါသည္။စာေတြစရတုန္းက အကၡရာသူ႕ကိုမမွတ္မိပါ။အကၡရာသုံးႏွစ္သားတြင္ ဂ်ပန္ကိုေျပာင္းေ႐ြ႕လာျခင္းျဖစ္သည္။စာေတြမွတစ္ဆင့္ သူ႕ကိုျပန္ရင္းႏွီးလာပါသည္။ဦးငယ္ထည့္ေပးသည့္ ဆြဲႀကိဳးဆြဲေပးေနေသာပုံေလးမွာ သူသြားေလရာသယ္သြားေသာအိတ္ထဲတြင္အၿမဲပါသည္။ကိုကိုက သူ႕ကိုစာေရးေပးပါဟုဆိုတုန္းက သူစာမေရးတက္ပါသျဖင့္ ဝလုံးေလးေတြေရးၿပီးထည့္ေပးလိုက္သည္။ဓာတ္ပုံကေတာ့ မထည့္ျဖစ္လိုက္ပါ။ဦးငယ္ဆီက ပစၥည္းေရာက္တိုင္း စာပါလားအရင္ရွာတက္ေပမဲ့ စာမပါသည္မွာ အလြန္ၾကာၿပီျဖစ္သည္။

ဘာ့ေၾကာင့္လဲဆိုတာေတာ့ သူမသိပါ။သိလဲမသိခ်င္ေတာ့ပါ။ဘာလို႔လဲဆိုေတာ့အခုသူက ကိုကိုရွိတဲ့အမိေျမကိုျပန္လာၿပီျဖစ္သည္ေလ..။

  အကၡရာဖုန္းကိုဖြင့္လိုက္ၿပီး ယေန႕မွရိုက္လာေသာဓာတ္ပုံေလးကို ဖြင့္ၾကည့္လိုက္သည္။မွန္တစ္ထပ္ျခားေနတာမို႔ အနည္းငယ္ဝါးသည္မွအပ ကိုကို႔ရဲ႕ေခ်ာေမာျခင္းေတြက ဖုန္းအျပင္ဘက္အထိလွ်ံထြက္ေနသည္။ဒီႏွစ္သူလဲ ထူးခြၽန္ထဲပါေအာင္လုပ္ရမည္။ဒါမွကိုကိုနဲ႕ဓာတ္ပုံအတူတူတြဲထားလို႔ရမည္ျဖစ္သည္။

   Facebookတြင္Seefirstလုပ္ထားေသာကိုကို႔accေလးဆီရိုးရာမျပတ္အလည္သြားရင္း ကိုကိုေနာက္ဆုံးတင္ထားေသာpostမွ commentေလးေတြလိုက္ဖတ္ေနမိသည္။commentေတြကိုဖတ္ရင္း ဝမ္းနည္းသလိုရွိလာသည္။ကိုကိုက တကယ္ကိုနာမည္ႀကီးတာပဲ။commentကလဲ မိန္းကေလးေတြနဲ႕ပြဲစည္ေနေရာ။

"ဟင္းး"

 

ဒြီ! ဒြီ!

Vibrateလုပ္ထားေသာဖုန္းျမည္သံေၾကာင့္ ၾကည့္လိုက္ေတာ့ ကူးကူးမ

"ဘာလဲ တန္ခူးေမ(ကူးကူး)"

"ဟီးဟီး ငါေတာင္းပန္ပါတယ္ဟာ ငါမုန႔္ဝယ္ဆိုၿပီး Marketသြားရင္းကေန ဟိုငမ္းဒီငမ္းနဲ႕ ေက်ာင္းေနာက္က်သြားၿပီး မလာျဖစ္ေတာ့တာ"

"ေအး ေကာင္းတယ္ ငမ္းေန ငါကိုဆက္ဆီလွမ္းေျပာမွာ..."

"အာ ဂူဂူးေရ ငါေတာင္းပန္ပါတယ္ သူငယ္ခ်င္းရယ္ ကိုကို႔ကိုမတိုင္ပါနဲ႕ေနာ္ ငါငမ္းေနတာေတြသူသိရင္ ငါအိမ္ေထာင္သည္ဘဝကို Autoေရာက္သြားမွာ..."

"မနက္ျဖန္ေတာ့ေမ့မေနနဲ႕ဦး ငါသိတာနင္ပဲရွိတာ..."

"ေအးပါဟာ မနက္ျဖန္ေတြ႕မယ္ ဘိုင့္ဘိုင့္"

"အင္း ဘိုင့္..."

  က်သြားၿပီျဖစ္တဲ့ဖုန္းေလးကို ရင္ဘက္ေပၚတင္ရင္းအူေၾကာင္ေၾကာင္သူငယ္ခ်င္းမအေၾကာင္းကိုေတြးမိသြားသည္။သူနဲ႕ကဂ်ပန္မွာသိတာ။ျမန္မာအခ်င္းခ်င္းျဖစ္သည့္အျပင္ တစ္ေက်ာင္းတည္းမို႔ ပိုခင္တြယ္မိသည္။ဒါေပမယ့္သူတို႔က အကၡရာတို႔ထက္ႏွစ္ႏွစ္ေလာက္ေစာၿပီး အမိေျမကိုျပန္သြားၾကသည္။သူ႕ဘဲဘဲက ပါ့ပါရဲ႕ တူတစ္ဝမ္းကြဲမို႔ အမ်ိဳးလဲေတာ္ရေတာ့မယ္ေျပာရမွာေပါ့။ကိုဆက္က အသက္၂၈မို႔သူနဲ႕ ၁၀ႏွစ္နီးပါးကြာသည္။ဒါေၾကာင့္ ကိုဆက္ကလက္ထပ္ဖို႔ခဏခဏပူဆာသည္။သူ႕ေကာင္မေလးက အသက္ငယ္လို႔ သူ႕ကိုထားသြားမွာေၾကာက္ပါသည္တဲ့။

"ကိုကို႔ကိုေတာ့ ကြၽန္ေတာ္ကဘယ္ေတာ့မွထပ္ထားမသြားေတာ့ဘူး ကိုကို႔အနားမွာေတာက္တဲ့ေလးကိုကပ္ေနခ်င္လိုက္တာ ဟူးးးးကိုကိုေရ ကြၽန္ေတာ့္ကိုျမင္ရင္ တန္းမွတ္မိမွာလား..."

  

Mon, 6:00PM

2.8.2021

  University of M

နိုင်ငံတကာအဆင့်မှီတက္ကသိုလ်ကြီးတစ်ခုဖြစ်သည်။သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းခြင်းပြယုဒ်အနေနဲ့ စတင်တည်ထောင်ကတည်းက တက္ကသိုလ်ဝန်းထဲမှသစ်ပင်များကို တစ်ပင်တစ်လေမှခုတ်လှဲခြင်းမရှိဘဲ ကျောင်းဆောင်များကိုကွေ့ပတ်၍ ဆောက်လုပ်ထားသည်။ဒါကြောင့်ကျောင်းဆောင်များက မြွေလိမ်မြွေကောက်ဖြစ်နေသော်လည်း တက္ကသိုလ်ရဲ့ထည်ဝါမှုကလျော့ကျသွားခြင်းမရှိပေ။မီးခိုးရောင်တက္ကသိုလ်မုဒ်ဦးကြီးကလဲ ခန့်ထည်စွာဖြင့်ကျက်သရေဆောင်သည်။ချယ်ရီပင် စိန်ပန်းပင် စွယ်တော်ပင် ပိတောက်ပင်ကဲ့သို့ပန်းပင်ကြီးများကလဲ နေရာအနှံ့တွင်ရှိသည်။ပန်းပွင့်ချိန်တွင် ဝေဟင်မှရိုက်ယူထားသော ပန်းရောင်စုံကြားမှအဖြူရောင်တက္ကသိုလ်ပုံရိပ်များကိုလဲ ကျောင်းရဲ့ကျက်သရေဆောင်ဖြစ်သည့် ပတ္တမြားဆောင်တွင် ပြသထားသည်။

   ပတ္တမြားဆောင်တွင်ပင် ကျောင်း၏နှစ်အလိုက်ဂုဏ်ထူးဆောင်ကျောင်းသားများကိုဂုဏ်ပြုသည့်အနေဖြင့် ကျောင်းသားများ၏ဓာတ်ပုံများနှင့်အမည်များကို မှန်ဘောင်များဖြင့်ပြသထားသည်။

   ထိုမှန်ဘောင်များအရှေ့တွင် ဖြူဖြူချောချောကောင်လေးတစ်ယောက်ရပ်နေသည်။ခန့်မှန်းအရပ်၅ပေ၈လောက်ရှိမည်ထင်၏။အသားအရည်မှာဖြူလွန်းပြီကြည်လင်နေလို့ လေဝေ့ရင်တောင်နီရဲသွားနိုင်သည့်သဘောတွင်ရှိသည်။ကျောင်းယူနီဖောင်းဖြစ်သည့် အဖြူစွတ်စွတ်ရှပ်လက်ရှည်နှင့် အမဲရောင်ပန့်က ပြေပြစ်သောခန္တာကိုယ်အချိုးအစားနှင့် အလွန်တရာလိုက်ဖက်လှသည်။ရှပ်ကို တံတောင်အပေါ်ထိခေါက်ထားသောကြောင့် ဖြူကြည်ကြည်အသားအရည်တွင်သွေကြောပြာပြာများနှင့်ရွှေရောင်သန်းနေသောအမွေးနုတို့ကိုအတိုင်းသားမြင်နေရသည်။နီညိုရောင်ဆံပင်တို့ကနဖူးပေါ်တွင်လွတ်လပ်စွာဝဲကျနေသည်။မျက်တောင်ရှည်ရှည်တို့ကလဲ လေးကိုင်းသဏ္ဍာန်မျက်အိမ်ကိုလှပစွာဝန်းရံပေးထားသည်။နှာတံစင်းစင်းအောက်မှ နှုတ်ခမ်းနီထွေးထွေးကလဲ တစ်စုံတစ်ခုကိုသဘောကျနေသလိုပုံနှင့် ကော့ညွတ်ကာ ဖြူဖွေးညီညာတဲ့သွားတန်းလေးပေါ်သည်အထိရယ်နေသည်။

   သွေးကြောပြာပြာတို့ဝန်းရံနေသောလက်နုနုက မှန်သားပြင်တစ်နေရာကိုခပ်ဖွဖွထိတွေ့လာပြီး နှုတ်ခမ်းနီထွေးထွေးမှလဲ အသံတိုးတိုးလေးထွက်လာသည်။

  " စဝ်အုပ်မှူးခေါင် အဟင်းးး ကိုကို ကျွန်တော့်ကိုကိုကသိပ်တော်တာပဲ ... ကျွန်တော့်ကိုမှတ်မိပါဦးမလားး ..ကိုကို့ပြောခဲ့တဲ့စကားတွေကရော အခုချိန်ထိတည်နေဦးမှာလားး "

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

(ကွင်းစ ကွင်းပိတ်များသည် စဝ်အုပ်မှူးခေါင်၏တီတီတာတာစာများဖြစ်သည်)

   "အဟက် ဟက် ဟက်...."

   ( ....အသဲလေးရေ ကိုကိုက စဝ်အုပ်မှူးခေါင်ပါ အသဲလေး ကိုကို့ကိုမှတ်မိသေးလားဟင် ကိုကို့ကိုမမေ့ရဘူးနော် ကိုကို့ပုံလေးတွေထည့်ပေးလိုက်တယ် နေ့တိုင်းကြည့်ရမယ်နော် ဒါမှမမေ့မှာ....)

(....အသဲလေး အသဲလေး အသဲလေးရေ ကိုကို့ကိုပဲချစ်ရမယ်နော် အသဲလေးသာသူများကို သွားချစ်ရင် ကိုကိုကအသဲလေးကို မခေါ်တော့ဘူး အာဘွားလဲ မပေးတော့ဘူး ....)

(...အသဲလေး ကိုကိုပို့တဲ့စာတွေကို အသဲလေးကောင်းကောင်းဖတ်နိုင်နေပြီလား ကိုကို့ဆီကို စာလေးတစ်စောင်လိုက် ပြန်ရေးပို့ပါဦး အသဲလေးပုံလေးတွေကြည့်ချင်တယ် အသဲလေးပုံထည့်ပေးဦးလေ.....)

(...အသဲလေးရက်စက်တယ်ကွာ ကိုကို့ကိုပုံလေးတစ်ပုံတောင်ထည့်မပေးလိုက်ဘူး ကိုကိုက ဝလုံးတွေကို ထိုင်ကြည့်နေရမှာလား အသဲလေးမျက်နှာက ဝလုံးပုံဖြစ်နေတာလား...)

(...အသဲလေးနော် အသဲလေးက ကိုကို့အတွက်ပဲ အသဲလေးနားကပ်တဲ့ကောင်လေးတွေကို အသဲလေးပြန်မကြိုက်ရဘူးနော် ကိုကိုပေးတဲ့ဆွဲကြိုးလေးယူပြီး ကိုကို့ဆီလာခဲ့ ကိုကိုက အသဲလေးကို ကိုရီးယားကားထဲကလိုအဖြူရောင်ဂါဝန်အရှည်ကြီးဝယ်ပေးပြီး လက်ထပ်မှာသိလား....)

  ကလေးလက်ရေးလေးနဲ့စာလေးတွေကို ပြန်ဖတ်ရင်းအက္ခရာရယ်နေမိသည်။ဒီစာလေးတွေရတုန်းက သူမဖတ်တက်ပါ။မငုံက စာတွေဖတ်ပြပြီ သူ့ကိုအရမ်းစပါသည်။ကိုကိုထည့်ပေးတဲ့ပုံလေးတွေကိုAlbumတစ်ခုနှင့်ထည့်ထားပြီး ဖွက်ထားရပါသည်။မငုံက ပုံတွေတွေ့လျှင် ဆွဲလုကာ တစ်အိမ်လုံးပတ်ပြပါသည်။စာတွေစရတုန်းက အက္ခရာသူ့ကိုမမှတ်မိပါ။အက္ခရာသုံးနှစ်သားတွင် ဂျပန်ကိုပြောင်းရွေ့လာခြင်းဖြစ်သည်။စာတွေမှတစ်ဆင့် သူ့ကိုပြန်ရင်းနှီးလာပါသည်။ဦးငယ်ထည့်ပေးသည့် ဆွဲကြိုးဆွဲပေးနေသောပုံလေးမှာ သူသွားလေရာသယ်သွားသောအိတ်ထဲတွင်အမြဲပါသည်။ကိုကိုက သူ့ကိုစာရေးပေးပါဟုဆိုတုန်းက သူစာမရေးတက်ပါသဖြင့် ဝလုံးလေးတွေရေးပြီးထည့်ပေးလိုက်သည်။ဓာတ်ပုံကတော့ မထည့်ဖြစ်လိုက်ပါ။ဦးငယ်ဆီက ပစ္စည်းရောက်တိုင်း စာပါလားအရင်ရှာတက်ပေမဲ့ စာမပါသည်မှာ အလွန်ကြာပြီဖြစ်သည်။

ဘာ့ကြောင့်လဲဆိုတာတော့ သူမသိပါ။သိလဲမသိချင်တော့ပါ။ဘာလို့လဲဆိုတော့အခုသူက ကိုကိုရှိတဲ့အမိမြေကိုပြန်လာပြီဖြစ်သည်လေ..။

  အက္ခရာဖုန်းကိုဖွင့်လိုက်ပြီး ယနေ့မှရိုက်လာသောဓာတ်ပုံလေးကို ဖွင့်ကြည့်လိုက်သည်။မှန်တစ်ထပ်ခြားနေတာမို့ အနည်းငယ်ဝါးသည်မှအပ ကိုကို့ရဲ့ချောမောခြင်းတွေက ဖုန်းအပြင်ဘက်အထိလျှံထွက်နေသည်။ဒီနှစ်သူလဲ ထူးချွန်ထဲပါအောင်လုပ်ရမည်။ဒါမှကိုကိုနဲ့ဓာတ်ပုံအတူတူတွဲထားလို့ရမည်ဖြစ်သည်။

   Facebookတွင်Seefirstလုပ်ထားသောကိုကို့accလေးဆီရိုးရာမပြတ်အလည်သွားရင်း ကိုကိုနောက်ဆုံးတင်ထားသောpostမှ commentလေးတွေလိုက်ဖတ်နေမိသည်။commentတွေကိုဖတ်ရင်း ဝမ်းနည်းသလိုရှိလာသည်။ကိုကိုက တကယ်ကိုနာမည်ကြီးတာပဲ။commentကလဲ မိန်းကလေးတွေနဲ့ပွဲစည်နေရော။

"ဟင်းး"

 

ဒွီ! ဒွီ!

Vibrateလုပ်ထားသောဖုန်းမြည်သံကြောင့် ကြည့်လိုက်တော့ ကူးကူးမ

"ဘာလဲ တန်ခူးမေ(ကူးကူး)"

"ဟီးဟီး ငါတောင်းပန်ပါတယ်ဟာ ငါမုန့်ဝယ်ဆိုပြီး Marketသွားရင်းကနေ ဟိုငမ်းဒီငမ်းနဲ့ ကျောင်းနောက်ကျသွားပြီး မလာဖြစ်တော့တာ"

"အေး ကောင်းတယ် ငမ်းနေ ငါကိုဆက်ဆီလှမ်းပြောမှာ..."

"အာ ဂူဂူးရေ ငါတောင်းပန်ပါတယ် သူငယ်ချင်းရယ် ကိုကို့ကိုမတိုင်ပါနဲ့နော် ငါငမ်းနေတာတွေသူသိရင် ငါအိမ်ထောင်သည်ဘဝကို Autoရောက်သွားမှာ..."

"မနက်ဖြန်တော့မေ့မနေနဲ့ဦး ငါသိတာနင်ပဲရှိတာ..."

"အေးပါဟာ မနက်ဖြန်တွေ့မယ် ဘိုင့်ဘိုင့်"

"အင်း ဘိုင့်..."

  ကျသွားပြီဖြစ်တဲ့ဖုန်းလေးကို ရင်ဘက်ပေါ်တင်ရင်းအူကြောင်ကြောင်သူငယ်ချင်းမအကြောင်းကိုတွေးမိသွားသည်။သူနဲ့ကဂျပန်မှာသိတာ။မြန်မာအချင်းချင်းဖြစ်သည့်အပြင် တစ်ကျောင်းတည်းမို့ ပိုခင်တွယ်မိသည်။ဒါပေမယ့်သူတို့က အက္ခရာတို့ထက်နှစ်နှစ်လောက်စောပြီး အမိမြေကိုပြန်သွားကြသည်။သူ့ဘဲဘဲက ပါ့ပါရဲ့ တူတစ်ဝမ်းကွဲမို့ အမျိုးလဲတော်ရတော့မယ်ပြောရမှာပေါ့။ကိုဆက်က အသက်၂၈မို့သူနဲ့ ၁၀နှစ်နီးပါးကွာသည်။ဒါကြောင့် ကိုဆက်ကလက်ထပ်ဖို့ခဏခဏပူဆာသည်။သူ့ကောင်မလေးက အသက်ငယ်လို့ သူ့ကိုထားသွားမှာကြောက်ပါသည်တဲ့။

"ကိုကို့ကိုတော့ ကျွန်တော်ကဘယ်တော့မှထပ်ထားမသွားတော့ဘူး ကိုကို့အနားမှာတောက်တဲ့လေးကိုကပ်နေချင်လိုက်တာ ဟူးးးးကိုကိုရေ ကျွန်တော့်ကိုမြင်ရင် တန်းမှတ်မိမှာလား..."

  

Mon, 6:00PM

2.8.2021

Continue Reading

You'll Also Like

1.2M 64K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
2.3K 154 8
Make with Magic,Love and Sunflowers
305K 15.2K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
437K 16.3K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...