"ဂူဂူးေလး ဂူဂူးေရ မငုံကိုၾကည့္ ဒီမွာ ဒီမွာ ... ခစ္ခစ္ ဒီကိုၾကည့္ပါဆိုကြာ..."
"ဂူဂူးေရ မင္းေျခေထာက္တိုတိုေလးနဲ႕ မငုံကိုမွီမွာလားလို႔ "
"ငုံကေလး ေမာင္ေလးကို အရမ္းမလိုက္ခိုင္းနဲ႕ေလ သူ႕ေျခေထာက္ေသးေသးေလးေတြ နာကုန္မွာေပါ့ "
ၿခံထဲမွဧကရာဇ္ပင္ေအာက္တြင္ခ်ည္ထိုင္ထိုးေနေသာေဒၚသြဲ႕ဧကရီက အားရပါးရရယ္ရင္းပတ္ေျပးေနေသာသမီးငုံႏွင့္ သူ႕မမေနာက္မွ ႏႈတ္ခမ္းေလးေထာ္ရင္အားရပါးရေျပးလိုက္ေနေသာ သားငယ္ေလးကိုၾကည့္ၿပီးေျပာလိုက္ျခင္းျဖစ္သည္။
ငုံကေလးကေက်ာင္းပိတ္ရက္မို႔ သူ႕ေမာင္ေလးႏွင့္ေဆာ့ေပးေနျခင္းျဖစ္သည္။လမ္းေလွ်ာက္တက္ကာစ ေျခေထာက္ေဖာင္းေဖာင္းေလးမ်ားႏွင့္ ေျခတံတိုတိုေလးကိုမွအားမနာ လုံးတုံးႏွင့္ေျပးလိုက္ေနေသာ သားငယ္ကိုၾကည့္ရင္း ေဒၚသြဲ႕ဧကရီခ်စ္စနိုးႏွင့္ရယ္မိသည္။ဒီကေလးေလးဟာေလ အရမ္းဇြဲႀကီးလြန္းတယ္။
ၿခံထဲမွာပဲေဆာ့ေနတာမို႔ စိတ္မပူေတာ့ဘဲ ခ်ည္ထိုးလက္စအကၤ်ီေလးကိုဆက္ထိုးေနလိုက္သည္။မနက္ျဖန္ဆို သားေလးေမြးေန႕ ႏွစ္ႏွစ္ျပည့္ၿပီ။သူ႕(မ)ခင္ပြန္းကသားေလးတစ္ေယာက္သိပ္လိုခ်င္သည္။အခုေတာ့ သူ႕(မ)ခင္ပြန္းလိုခ်င္တဲ့သားကေလးတစ္ေယာက္ကို သူ(မ)ေမြးေပးခဲ့တာ ႏွစ္ႏွစ္ရွိေတာ့မည္။
ခ်ည္ထိုးတဲ့ထဲအာ႐ုံဝင္စားေနၿပီးေနာက္ တစ္ကိုယ္လုံးေညာင္းညာလာတာမို႔ ခ်ည္ထိုးျခင္းကိုလက္စသတ္လိုက္သည္။ကေလးႏွစ္ေယာက္အသံကလဲမၾကားရေတာ့တာမို႔ အိမ္ထဲဝင္သြားၿပီထင္၏။ခ်ည္လုံးထည့္ထားသည့္ ႀကိမ္ျခင္းေတာင္းေလးကိုကိုင္ရင္း အိမ္မႀကီးရွိရာသို႔ဦးတည္သြားေနရင္းမွ ၿခံေရွ႕မွ အသံေသးေသးေလးေတြေၾကာင့္ လွမ္းၾကည့္လိုက္ေတာ့ ဟိုေမာင္ႏွမႏွစ္ေယာက္။အလိုေလ သူတို႔ၿခံျပင္ထြက္ေဆာ့ေနၾကတယ္ေပါ့။
အိမ္မႀကီးဆီသို႔ ဦးတည္ေနရင္းမွေျခလွမ္းတို႔ကိုၿခံေရွ႕သို႔ ျပန္လွည့္လိုက္သည္။အုတ္တံတိုင္းေရွ႕က အလွစိုက္ထားတဲ့အပင္ပုေအာက္တြင္ လုံးလုံးေလးဝင္ထိုင္ကာသစ္႐ြက္ေတြခူးေနတဲ့ သားငယ္ေလး။ေဟာ သမီးငယ္ကေတာ့ ကားလမ္းမေပၚတက္ျပန္ၿပီ။လမ္းမေပၚတက္ေဆာ့ေနေသာ ငုံကေလးကိုလွမ္းေခၚေတာ့ ငုံကေလးက ထပ္ေဆာ့ခ်င္ဟန္ႏွင့္အေရွ႕သို႔ေျပးသြားသည္။
"ငုံေရ လာလာ ၿခံထဲမွာပဲေဆာ့ေလ "
"မာမားေရ ငုံ႕ကိုလာဖမ္း ခစ္ခစ္ "
လွ်ာထုတ္ကာေျပာင္ျပရင္း အေရွ႕ကိုဆက္ေျပးသြားေသာငုံ။ထိုအခိုက္ လမ္းမတန္းမွ လမ္းသြယ္သို႔ အရွိန္ႏွင့္ေကြ႕လာေသာမည္းနက္ေနေသာ ကားေခါင္း။
"သမီး ငုံ "
ဒုန္း! ကြၽီ!
"မာမား...."
အရွိန္ႏွင့္ေျပးေနေသာသမီးငယ္ကို လမ္းေဘးဆီလွမ္းပို႔လိုက္ၿပီးေနာက္ သူ(မ)သိလိုက္တာ ဒုန္း ဆိုသည့္အသံက်ယ္ႀကီးႏွင့္အတူ ဘရိတ္အုတ္သံ။ၿပီးေတာ့ ေပါ့ပါးသြားေသာ ခႏၶာကိုယ္။
အပင္ပုေလးေအာက္မွကုန္းထရင္းေျပးလာေသာ သားငယ္ေလး။သူ(မ)တြန္းလႊတ္ထားလို႔ လမ္းေဘးတြင္လဲက်ေနေသာ သမီးငယ္။
"မာ့မာ မာ့မာ ထ ထ ထပါ "
ပါးျပင္ေပၚထိေတြ႕လာေသာ လက္ဖဝါးႏုႏုေလးေၾကာင့္ ေဝဝါးေနသည့္ အျမင္အာ႐ုံမ်ားကိုစူးစိုက္လိုက္ေတာ့ လင္းလက္ေနေသာ မ်က္ဝန္းနီညိုေရာင္ေလးေတြ။ႏႈတ္ခမ္းနီေထြးေထြးကလဲ သူေခၚေနတာကိုထမလာလို႔ အနည္းငယ္စူေထာ္ခ်င္ေနသည္။
သူ႕ေဘးတြင္လန္က်ေနေသာျခင္းေလးထဲမွ လက္စမသတ္ရေသးေသာ အကၤ်ီေလးကို ငုတ္တုတ္ေလးထိုင္ကာအေမျဖစ္သူကိုႏွိုးေနေသာ သားငယ္လက္ထဲထည့္ေပးၿပီးေနာက္......
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
"ပါ့ပါ ပါ့ပါ ဝွါးးး အိပ္ခ်င္ ဟင့္ မာ့မာနဲ႕အိပ္ခ်င္"
"ေအးပါ သားေလးရယ္ ..."
ေပါင္ေပၚေခါင္းေလးတက္ကာ အီေနေသာ သားငယ္ေလးေၾကာင့္ ဦးထူးရာပို၍ပင္ဝမ္းနည္လာမိသည္။
"အစ္ကိုႀကီး သားငယ္ေလးကိုကြၽန္ေတာ္ေခၚသြားလိုက္မယ္ေလ အစ္ကိုႀကီးမမကို စိတ္ေျဖာင့္ေျဖာင့္နဲ႕လိုက္ပို႔လိုက္ပါ။"
"အင့္ မာ့မာ မာ့မာဆီ ဟင့္ ဟင့္ .."
ထူးလင္းရံရဲ႕ေခၚေဆာင္ရာသို႔ ေျခကားယားလက္ကားယားနဲ႕ပါသြားရေသာ သားငယ္။အိပ္ခ်င္၍ အီေနသည္မွာတစ္မ်ိဳး သူ႕အေမကိုမေတြ႕ရ၍ အီေနသည္မွာတစ္မ်ိဳးႏွင့္ တြန႔္လိမ္ကာေနသည္။
ထူးလင္းရံလဲ ကေလးငယ္ကိုခ်ီရင္း သူ႕အေမကိုကန္ေတာ့ရန္ သူ႕အေမဆီေခၚလာလိုက္သည္။
စိတ္ထားေကာင္းသည့္မမ သူ၏မရီးျဖစ္ေသာ္လဲ သူ႕ကိုေမာင္အရင္းတစ္ေယာက္လိုခ်စ္ခင္ေပးသူ အလင္းအခက္အခဲေတြႀကဳံေနခ်ိန္ ပတ္ဝန္းက်င္ကလက္ညိုးဝိုင္းထိုးခ်ိန္တြင္ အေရွ႕ကမားမားမက္မက္ရပ္တည္ေပးသူကေလာကႀကီးကထြက္ခြာသြားၿပီတဲ့ေလ။
"မာ့မာ မာ့မာ ဟင့္ ခ်ိဳခ်ိဳ မာ့မာ အိပ္ခ်င္ ဟင့္ "
"သားငယ္ေလး မာမားကို ကန္ေတာ့လိုက္ေနာ္ "
သားငယ္၏လက္ခေလးႏွစ္ဖက္ကို လက္အုပ္ေလးခ်ီေပးၿပီး ကန္ေတာ့ခိုင္းေတာ့ အသာတၾကည္လုပ္၏။အျပင္ျပန္ထြက္လာေတာ့မွ သူ႕အေမဆီမေနခဲ့ရ၍ အာေခါင္ျခစ္ေအာင္ေအာ္ငိုေတာ့သည္။အလင္းလဲ မ်က္ရည္ေတြကိုသုတ္ရင္း ႏွစ္ၿခံေက်ာ္မွ သူ႕အိမ္သို႔ ထြက္လာလိုက္သည္။သားငယ္မွာလဲ တစ္လမ္းလုံးေကြးေကာက္ကာ ေအာ္ငိုေနသည္။ဒီေကာင္ေလးက ေနရာတိုင္းမွာ ဇြဲေကာင္းလြန္းသည္။ဥပမာ အခုလိုစိတ္အလိုမက်၍ ေအာ္ငိုေနခ်ိန္မွာေပါ့...။
"အလင္း "
"ကိုႀကီး အီးးး မမေလ သူ.. "
လူတိုင္းက ဘယ္ေလာက္ပဲစိတ္ဓာတ္မာမာ ဘယ္ေလာက္ပဲ လူႀကီးဆန္ဆန္ ကိုယ္ခ်စ္တဲ့သူ ကိုယ္အားကိုးတဲ့သူေရွ႕မွာေတာ့ ကေလးဆန္တက္က်သလို အားကိုးတႀကီးလဲဖက္တြယ္တက္ၾကတယ္။အလင္းလဲ ဒီလိုပါပဲ ဘယ္ေလာက္ပဲထိန္းထားထား ကိုယ့္ခင္ပြန္းသည္ေရွ႕တြင္ေတာ့ မထိန္းထားနိုင္ေတာ့ေပ။ရင္ခြင္ထဲဝင္ကာ ရွိုက္ႀကီးတငင္ငိုမိသည္။
"အလင္းရယ္ မငိုပါနဲ႕ေတာ့ကြာ အလင္းငိုေတာ့အကၡရာေလးကလဲ ဝမ္းနည္းမွာေပါ့ တိတ္တိတ္ အလင္းငိုေတာ့ မမလဲသြားရတာ ဘယ္စိတ္ေျဖာင့္မွာလဲကြာ. "
"မမကို အလင္းက ေက်းဇူးေတာင္မဆပ္ရေသးဘူးေလ ကိုႀကီးရယ္ အခုဟာကေစာလြန္းပါတယ္ "
"ဟင္း ဟုတ္ပါတယ္ ဒါေပမဲ့ေစာတာနဲ႕ေနာက္က်တာပဲကြာတာပါ။ကိုယ္တို႔လဲ သြားရမွာပဲေလ..။ေဟာ အလင္းငိုေနတာ ဒီမွာငယ္ေလးကၾကည့္ေနၿပီ.."
ဟုတ္သည္ တစ္လမ္းလုံးေအာ္ငိုလာသူက အခုေတာ့ သူ႕မ်က္လုံးျပဴးျပဴးေလးေတြႏွင့္ အလင္းကိုၾကည့္ေနသည္။ႏႈတ္ခမ္းေလးကေတာ့ တဆက္ဆက္တုန္ေနသည္။
"လာ လာ ဒီမွာ မႉးေခါင္လဲေရာက္ေနတယ္။"
"ဟင့္ ဟုတ္လား ထူးထူးဆန္းဆန္းပါ့လား သူကဘယ္တုန္းကအိမ္လာဖူးလို႔လဲ.."
"မသိပါဘူး ဒီမွာအလုပ္ရႈပ္ေနလို႔ေနာက္ရက္မွလာဆိုတာကို ဇြတ္လာတယ္။ခုေတာ့ ကေလးႏွစ္ေယာက္နဲ႕ ကိစၥေတြနဲ႕ ဟင္းး အလင္း မမကိုလိုက္ပို႔ခ်င္ပို႔ေနာ္ ကိုယ္ကေလးေတြၾကည့္ေပးမယ္.."
ညီျဖစ္သူကိုဇြတ္အတင္းယူထားသျဖင့္ ဦးထူးရာသည္ ထူးလင္းရံ၏ခင္ပြန္းျဖစ္သူစဝ္ပိုင္အားမၾကည္ပါ။ညီျဖစ္သူကိုသာခြင့္လႊတ္ေပးၿပီး ေယာက္ဖကိုေတာ့အရိပ္ေတြ႕တာႏွင့္ သတ္မယ္ႀကိမ္းသူ။
"ဟာ ဘိုမ႐ုပ္ေလး ေလးငယ္ ေလးငယ္လက္ထဲကဘိုမ႐ုပ္ေလးက ဘယ္သူလဲ ကြၽန္ေတာ့္ကိုေပး "
အိမ္ေနာက္မွထြက္လာသူက မ်က္ဆံနီညိုညို ဆံပင္ဂုတ္ဝဲနီညိုညိုေလးႏွင့္ကေလးေလးအားၾကည့္ၿပီး အံ့ဩေနပုံ။
"မႉးေခါင္ ငယ္ေလးနဲ႕ရန္မျဖစ္နဲ႕ေနာ္ ႏွစ္ေယာက္ေအးေဆးေဆာ့.."
"ဟာ ေလးေလးကလဲ ေခါင့္ကိုအလကားေနရင္းရန္ျဖစ္ေနတဲ့သူထင္ေနတာလား"
"အံမာ မင္းမူႀကိဳမွာ ေကာင္မေလးေတြကိုဖြန္သြားေၾကာင္ၿပီး ငိုေအာင္လုပ္ခဲ့တယ္ဆို.."
"အဲ့ကေလးမေတြက ေခါင့္ကိုလာေၾကာင္တာပါေနာ္ လာလာ ဘိုမ႐ုပ္ေလး.."
ကေလးခ်င္းေတြ႕သည္မို႔ အလင္းေပြ႕ခ်ီထားေသာေကာင္ေလးကလဲ သူေျခေထာက္ပိစိေလးႏွင့္တြန္းထိုးကာေအာက္ဆင္းခ်င္ေၾကာင္းျပေနသည္။
ေအာက္ခ်ေပးလိုက္ေတာ့မ်က္လုံးျပဴးျပဴးေလးႏွင့္ မႉးေခါင္အားအေသအခ်ာမွတ္သားေနေလသည္။
မႉးေခါင္လဲ အူယားစြာျဖင့္ နီရဲေနေသာႏွာေခါင္းေလးကိုအသာညွစ္လိုက္ေတာ့ ရွိသမွ်ေရွ႕သြားေလးေတြေပၚေအာင္ရယ္ျပသည္။
"ဟီးဟီး လာလာ ဘိုမ႐ုပ္ေလး အိမ္ကိုေခၚသြားရမယ္.."
ေသခ်ာတာကေတာ့ ဒီရက္ပိုင္းမွာ မႉးေခါင္မပ်င္းရေတာ့ေပ။အႏွီးဘိုမ႐ုပ္ပိစိေလးႏွင့္ အတူတူကစားၿပီး ေပ်ာ္စရာေတြဖန္တီးလို႔ရၿပီေလ။
ေတြ႕ဆုံျခင္းေလးက ဒီလိုေလးေပါ့.....
Sat ,8:39PM
31.7.2021
"ဂူဂူးလေး ဂူဂူးရေ မငုံကိုကြည့် ဒီမှာ ဒီမှာ ... ခစ်ခစ် ဒီကိုကြည့်ပါဆိုကွာ..."
"ဂူဂူးရေ မင်းခြေထောက်တိုတိုလေးနဲ့ မငုံကိုမှီမှာလားလို့ "
"ငုံကလေး မောင်လေးကို အရမ်းမလိုက်ခိုင်းနဲ့လေ သူ့ခြေထောက်သေးသေးလေးတွေ နာကုန်မှာပေါ့ "
ခြံထဲမှဧကရာဇ်ပင်အောက်တွင်ချည်ထိုင်ထိုးနေသောဒေါ်သွဲ့ဧကရီက အားရပါးရရယ်ရင်းပတ်ပြေးနေသောသမီးငုံနှင့် သူ့မမနောက်မှ နှုတ်ခမ်းလေးထော်ရင်အားရပါးရပြေးလိုက်နေသော သားငယ်လေးကိုကြည့်ပြီးပြောလိုက်ခြင်းဖြစ်သည်။
ငုံကလေးကကျောင်းပိတ်ရက်မို့ သူ့မောင်လေးနှင့်ဆော့ပေးနေခြင်းဖြစ်သည်။လမ်းလျှောက်တက်ကာစ ခြေထောက်ဖောင်းဖောင်းလေးများနှင့် ခြေတံတိုတိုလေးကိုမှအားမနာ လုံးတုံးနှင့်ပြေးလိုက်နေသော သားငယ်ကိုကြည့်ရင်း ဒေါ်သွဲ့ဧကရီချစ်စနိုးနှင့်ရယ်မိသည်။ဒီကလေးလေးဟာလေ အရမ်းဇွဲကြီးလွန်းတယ်။
ခြံထဲမှာပဲဆော့နေတာမို့ စိတ်မပူတော့ဘဲ ချည်ထိုးလက်စအင်္ကျီလေးကိုဆက်ထိုးနေလိုက်သည်။မနက်ဖြန်ဆို သားလေးမွေးနေ့ နှစ်နှစ်ပြည့်ပြီ။သူ့(မ)ခင်ပွန်းကသားလေးတစ်ယောက်သိပ်လိုချင်သည်။အခုတော့ သူ့(မ)ခင်ပွန်းလိုချင်တဲ့သားကလေးတစ်ယောက်ကို သူ(မ)မွေးပေးခဲ့တာ နှစ်နှစ်ရှိတော့မည်။
ချည်ထိုးတဲ့ထဲအာရုံဝင်စားနေပြီးနောက် တစ်ကိုယ်လုံးညောင်းညာလာတာမို့ ချည်ထိုးခြင်းကိုလက်စသတ်လိုက်သည်။ကလေးနှစ်ယောက်အသံကလဲမကြားရတော့တာမို့ အိမ်ထဲဝင်သွားပြီထင်၏။ချည်လုံးထည့်ထားသည့် ကြိမ်ခြင်းတောင်းလေးကိုကိုင်ရင်း အိမ်မကြီးရှိရာသို့ဦးတည်သွားနေရင်းမှ ခြံရှေ့မှ အသံသေးသေးလေးတွေကြောင့် လှမ်းကြည့်လိုက်တော့ ဟိုမောင်နှမနှစ်ယောက်။အလိုလေ သူတို့ခြံပြင်ထွက်ဆော့နေကြတယ်ပေါ့။
အိမ်မကြီးဆီသို့ ဦးတည်နေရင်းမှခြေလှမ်းတို့ကိုခြံရှေ့သို့ ပြန်လှည့်လိုက်သည်။အုတ်တံတိုင်းရှေ့က အလှစိုက်ထားတဲ့အပင်ပုအောက်တွင် လုံးလုံးလေးဝင်ထိုင်ကာသစ်ရွက်တွေခူးနေတဲ့ သားငယ်လေး။ဟော သမီးငယ်ကတော့ ကားလမ်းမပေါ်တက်ပြန်ပြီ။လမ်းမပေါ်တက်ဆော့နေသော ငုံကလေးကိုလှမ်းခေါ်တော့ ငုံကလေးက ထပ်ဆော့ချင်ဟန်နှင့်အရှေ့သို့ပြေးသွားသည်။
"ငုံရေ လာလာ ခြံထဲမှာပဲဆော့လေ "
"မာမားရေ ငုံ့ကိုလာဖမ်း ခစ်ခစ် "
လျှာထုတ်ကာပြောင်ပြရင်း အရှေ့ကိုဆက်ပြေးသွားသောငုံ။ထိုအခိုက် လမ်းမတန်းမှ လမ်းသွယ်သို့ အရှိန်နှင့်ကွေ့လာသောမည်းနက်နေသော ကားခေါင်း။
"သမီး ငုံ "
ဒုန်း! ကျွီ!
"မာမား...."
အရှိန်နှင့်ပြေးနေသောသမီးငယ်ကို လမ်းဘေးဆီလှမ်းပို့လိုက်ပြီးနောက် သူ(မ)သိလိုက်တာ ဒုန်း ဆိုသည့်အသံကျယ်ကြီးနှင့်အတူ ဘရိတ်အုတ်သံ။ပြီးတော့ ပေါ့ပါးသွားသော ခန္ဓာကိုယ်။
အပင်ပုလေးအောက်မှကုန်းထရင်းပြေးလာသော သားငယ်လေး။သူ(မ)တွန်းလွှတ်ထားလို့ လမ်းဘေးတွင်လဲကျနေသော သမီးငယ်။
"မာ့မာ မာ့မာ ထ ထ ထပါ "
ပါးပြင်ပေါ်ထိတွေ့လာသော လက်ဖဝါးနုနုလေးကြောင့် ဝေဝါးနေသည့် အမြင်အာရုံများကိုစူးစိုက်လိုက်တော့ လင်းလက်နေသော မျက်ဝန်းနီညိုရောင်လေးတွေ။နှုတ်ခမ်းနီထွေးထွေးကလဲ သူခေါ်နေတာကိုထမလာလို့ အနည်းငယ်စူထော်ချင်နေသည်။
သူ့ဘေးတွင်လန်ကျနေသောခြင်းလေးထဲမှ လက်စမသတ်ရသေးသော အင်္ကျီလေးကို ငုတ်တုတ်လေးထိုင်ကာအမေဖြစ်သူကိုနှိုးနေသော သားငယ်လက်ထဲထည့်ပေးပြီးနောက်......
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
"ပါ့ပါ ပါ့ပါ ဝှါးးး အိပ်ချင် ဟင့် မာ့မာနဲ့အိပ်ချင်"
"အေးပါ သားလေးရယ် ..."
ပေါင်ပေါ်ခေါင်းလေးတက်ကာ အီနေသော သားငယ်လေးကြောင့် ဦးထူးရာပို၍ပင်ဝမ်းနည်လာမိသည်။
"အစ်ကိုကြီး သားငယ်လေးကိုကျွန်တော်ခေါ်သွားလိုက်မယ်လေ အစ်ကိုကြီးမမကို စိတ်ဖြောင့်ဖြောင့်နဲ့လိုက်ပို့လိုက်ပါ။"
"အင့် မာ့မာ မာ့မာဆီ ဟင့် ဟင့် .."
ထူးလင်းရံရဲ့ခေါ်ဆောင်ရာသို့ ခြေကားယားလက်ကားယားနဲ့ပါသွားရသော သားငယ်။အိပ်ချင်၍ အီနေသည်မှာတစ်မျိုး သူ့အမေကိုမတွေ့ရ၍ အီနေသည်မှာတစ်မျိုးနှင့် တွန့်လိမ်ကာနေသည်။
ထူးလင်းရံလဲ ကလေးငယ်ကိုချီရင်း သူ့အမေကိုကန်တော့ရန် သူ့အမေဆီခေါ်လာလိုက်သည်။
စိတ်ထားကောင်းသည့်မမ သူ၏မရီးဖြစ်သော်လဲ သူ့ကိုမောင်အရင်းတစ်ယောက်လိုချစ်ခင်ပေးသူ အလင်းအခက်အခဲတွေကြုံနေချိန် ပတ်ဝန်းကျင်ကလက်ညိုးဝိုင်းထိုးချိန်တွင် အရှေ့ကမားမားမက်မက်ရပ်တည်ပေးသူကလောကကြီးကထွက်ခွာသွားပြီတဲ့လေ။
"မာ့မာ မာ့မာ ဟင့် ချိုချို မာ့မာ အိပ်ချင် ဟင့် "
"သားငယ်လေး မာမားကို ကန်တော့လိုက်နော် "
သားငယ်၏လက်ခလေးနှစ်ဖက်ကို လက်အုပ်လေးချီပေးပြီး ကန်တော့ခိုင်းတော့ အသာတကြည်လုပ်၏။အပြင်ပြန်ထွက်လာတော့မှ သူ့အမေဆီမနေခဲ့ရ၍ အာခေါင်ခြစ်အောင်အော်ငိုတော့သည်။အလင်းလဲ မျက်ရည်တွေကိုသုတ်ရင်း နှစ်ခြံကျော်မှ သူ့အိမ်သို့ ထွက်လာလိုက်သည်။သားငယ်မှာလဲ တစ်လမ်းလုံးကွေးကောက်ကာ အော်ငိုနေသည်။ဒီကောင်လေးက နေရာတိုင်းမှာ ဇွဲကောင်းလွန်းသည်။ဥပမာ အခုလိုစိတ်အလိုမကျ၍ အော်ငိုနေချိန်မှာပေါ့...။
"အလင်း "
"ကိုကြီး အီးးး မမလေ သူ.. "
လူတိုင်းက ဘယ်လောက်ပဲစိတ်ဓာတ်မာမာ ဘယ်လောက်ပဲ လူကြီးဆန်ဆန် ကိုယ်ချစ်တဲ့သူ ကိုယ်အားကိုးတဲ့သူရှေ့မှာတော့ ကလေးဆန်တက်ကျသလို အားကိုးတကြီးလဲဖက်တွယ်တက်ကြတယ်။အလင်းလဲ ဒီလိုပါပဲ ဘယ်လောက်ပဲထိန်းထားထား ကိုယ့်ခင်ပွန်းသည်ရှေ့တွင်တော့ မထိန်းထားနိုင်တော့ပေ။ရင်ခွင်ထဲဝင်ကာ ရှိုက်ကြီးတငင်ငိုမိသည်။
"အလင်းရယ် မငိုပါနဲ့တော့ကွာ အလင်းငိုတော့အက္ခရာလေးကလဲ ဝမ်းနည်းမှာပေါ့ တိတ်တိတ် အလင်းငိုတော့ မမလဲသွားရတာ ဘယ်စိတ်ဖြောင့်မှာလဲကွာ. "
"မမကို အလင်းက ကျေးဇူးတောင်မဆပ်ရသေးဘူးလေ ကိုကြီးရယ် အခုဟာကစောလွန်းပါတယ် "
"ဟင်း ဟုတ်ပါတယ် ဒါပေမဲ့စောတာနဲ့နောက်ကျတာပဲကွာတာပါ။ကိုယ်တို့လဲ သွားရမှာပဲလေ..။ဟော အလင်းငိုနေတာ ဒီမှာငယ်လေးကကြည့်နေပြီ.."
ဟုတ်သည် တစ်လမ်းလုံးအော်ငိုလာသူက အခုတော့ သူ့မျက်လုံးပြူးပြူးလေးတွေနှင့် အလင်းကိုကြည့်နေသည်။နှုတ်ခမ်းလေးကတော့ တဆက်ဆက်တုန်နေသည်။
"လာ လာ ဒီမှာ မှူးခေါင်လဲရောက်နေတယ်။"
"ဟင့် ဟုတ်လား ထူးထူးဆန်းဆန်းပါ့လား သူကဘယ်တုန်းကအိမ်လာဖူးလို့လဲ.."
"မသိပါဘူး ဒီမှာအလုပ်ရှုပ်နေလို့နောက်ရက်မှလာဆိုတာကို ဇွတ်လာတယ်။ခုတော့ ကလေးနှစ်ယောက်နဲ့ ကိစ္စတွေနဲ့ ဟင်းး အလင်း မမကိုလိုက်ပို့ချင်ပို့နော် ကိုယ်ကလေးတွေကြည့်ပေးမယ်.."
ညီဖြစ်သူကိုဇွတ်အတင်းယူထားသဖြင့် ဦးထူးရာသည် ထူးလင်းရံ၏ခင်ပွန်းဖြစ်သူစဝ်ပိုင်အားမကြည်ပါ။ညီဖြစ်သူကိုသာခွင့်လွှတ်ပေးပြီး ယောက်ဖကိုတော့အရိပ်တွေ့တာနှင့် သတ်မယ်ကြိမ်းသူ။
"ဟာ ဘိုမရုပ်လေး လေးငယ် လေးငယ်လက်ထဲကဘိုမရုပ်လေးက ဘယ်သူလဲ ကျွန်တော့်ကိုပေး "
အိမ်နောက်မှထွက်လာသူက မျက်ဆံနီညိုညို ဆံပင်ဂုတ်ဝဲနီညိုညိုလေးနှင့်ကလေးလေးအားကြည့်ပြီး အံ့ဩနေပုံ။
"မှူးခေါင် ငယ်လေးနဲ့ရန်မဖြစ်နဲ့နော် နှစ်ယောက်အေးဆေးဆော့.."
"ဟာ လေးလေးကလဲ ခေါင့်ကိုအလကားနေရင်းရန်ဖြစ်နေတဲ့သူထင်နေတာလား"
"အံမာ မင်းမူကြိုမှာ ကောင်မလေးတွေကိုဖွန်သွားကြောင်ပြီး ငိုအောင်လုပ်ခဲ့တယ်ဆို.."
"အဲ့ကလေးမတွေက ခေါင့်ကိုလာကြောင်တာပါနော် လာလာ ဘိုမရုပ်လေး.."
ကလေးချင်းတွေ့သည်မို့ အလင်းပွေ့ချီထားသောကောင်လေးကလဲ သူခြေထောက်ပိစိလေးနှင့်တွန်းထိုးကာအောက်ဆင်းချင်ကြောင်းပြနေသည်။
အောက်ချပေးလိုက်တော့မျက်လုံးပြူးပြူးလေးနှင့် မှူးခေါင်အားအသေအချာမှတ်သားနေလေသည်။
မှူးခေါင်လဲ အူယားစွာဖြင့် နီရဲနေသောနှာခေါင်းလေးကိုအသာညှစ်လိုက်တော့ ရှိသမျှရှေ့သွားလေးတွေပေါ်အောင်ရယ်ပြသည်။
"ဟီးဟီး လာလာ ဘိုမရုပ်လေး အိမ်ကိုခေါ်သွားရမယ်.."
သေချာတာကတော့ ဒီရက်ပိုင်းမှာ မှူးခေါင်မပျင်းရတော့ပေ။အနှီးဘိုမရုပ်ပိစိလေးနှင့် အတူတူကစားပြီး ပျော်စရာတွေဖန်တီးလို့ရပြီလေ။
တွေ့ဆုံခြင်းလေးက ဒီလိုလေးပေါ့.....
Sat ,8:39PM
31.7.2021