အကၡရာ ေမြးဖြားျခင္း
အခ်ိန္အခါမဟုတ္ဘဲဆာကူရာပန္းေတြလႊမ္းသည့္ေန႕ ႏွစ္တစ္ႏွစ္ကို အဆုံးသတ္သည့္ရက္ တစ္နည္းအားျဖင့္ ဒီဇင္ဘာ၃၁ရက္ေန႕ည ၁၁နာရီအခ်ိန္၊ ခန႔္ညားလွပအရွိန္အဝါႀကီးမားတဲ့ ေဆး႐ုံႀကီးတစ္ခု၏ သားဖြားေဆာင္ရဲ႕ VVIPခြဲစိတ္ခန္းေရွ႕တြင္ ေယာက္ယက္ခတ္ေျခရာခ်င္းထပ္ေအာင္လမ္းေလွ်ာက္ေနတဲ့ ၁၅ႏွစ္အ႐ြယ္ အပ်ိဳေပါက္ေခ်ာေခ်ာေလးတစ္ေယာက္၊သူ႕ေဘးပတ္ဝန္းက်င္တြင္ေတာ့ ဟိုေလွ်ာက္ဒီေလွ်ာက္ ေလွ်ာက္သြားေနတဲ့ သူ႕ကို လိုက္ၾကည့္ရင္း ငိုမဲ့မဲ့ျဖစ္ေနတဲ့ ၆ႏွစ္အ႐ြယ္ဘိုမ႐ုပ္ေလးလို ခ်စ္စရာေကာင္းလွေသာ ကေလးမေလး။
ထိုစဥ္ ထိုခြဲစိတ္ခန္းရွိရာသို႔ အေလာတႀကီးေျပးလာေသာေလးဆယ္ေက်ာ္ပတ္ဝန္းက်င္ ခန႔္ညားတဲ့လူႀကီးတစ္ဦး။ထိုလူႀကီးသည္ ခြဲစိတ္ခန္းေရွ႕တြင္ရွိေနေသာ ကေလးသုံးေယာက္ကိုျမင္ေသာအခါ ကေလးမ်ားထံသို႔ ျမန္ျမန္ေလွ်ာက္သြား
"သမီးတို႔"
ၾကည္လင္ေနေပမဲ့ စိုရိမ္မႈေတြပါဝင္ေနတဲ့ ေခၚသံအဆုံးတြင္ တစ္ေယာက္တစ္မ်ိဳးနဲ႕အလုပ္ရႈပ္ေနေသာ ကေလးႏွစ္ေယာက္ရဲ႕မ်က္ဝန္းတို႔က ထိုလူႀကီးထံအားကိုးတႀကီးေရာက္သြားၾကသည္။
"ပါပါး အီးးး ဘာလို႔အခုမွျပန္လာတာလဲ။မာမားကဗိုက္နာေနတာ ၾကာလွၿပီလို႔။"
ငုတ္တုတ္ေလးထိုင္ေနေသာ ဘိုမ႐ုပ္ေလးထံမွ ငိုသံႏွင့္ေရာေနေသာ အျပစ္တင္သံထြက္လာသည္။
"ပါပါးလဲ ေလယာဥ္ေပၚကဆင္းဆင္းခ်င္းေျပးလာတာပဲ ငုံရယ္။"
"အကိုႀကီး ေရာက္လာၿပီလား။မမက ရိုးရိုးမေမြးနိုင္လို႔ ခြဲေမြးရမယ္ဆိုလို႔ ကြၽန္ေတာ္လက္မွတ္ထိုးေပးလိုက္ရတယ္။"
ေဘးနားသို႔ေရာက္လာေသာ ဂ်ဴတီကုတ္အျဖဴေရာင္ႏွင့္ ဆရာဝန္ေလးတစ္ေယာက္။
ခန႔္ညားတဲ့လူႀကီးက ေခါင္းညိတ္ျပၿပီး စိုးရိမ္ေနသည့္မ်က္ဝန္းေတြနဲ႕ပဲ ခြဲစိတ္ခန္းကိုၾကည့္ေနေလသည္။
႐ႊီး ဒိုင္းးး
Happy New Year 🥳
ေအာ္သံမ်ားအဆုံးတြင္ အျဖဴေရာင္တံခါးမွာလဲ ရွပ္ခနဲပြင့္သြားသလို လူေလးေယာက္ရဲ႕မ်က္လုံးစုံမွတ္ေတြကလဲ ထိုတံခါးဆီသို႔ ေရာက္သြားၾကေလသည္။
___________________________
"ခစ္ခစ္ ေမာင္ေလးက ခ်စ္စရာေလးေနာ္။dragon fruitေလးလိုပဲ ခိခိ"
ဇာျခင္ေထာင္ေသးေသးေလးျဖင့္ အုပ္ထားတဲ့ ကေလးေလးကိုၾကည့္ရင္း ငုံအေတာ္သေဘာက်ေနဟန္။
ငုံတင္မက အႀကီးမဘုံလဲ ဘာထူးလဲ ဟင္းခါးေသာက္ေနတဲ့ မာမားမျမင္ေအာင္ ျခင္ေထာင္ေလးအသာမရင္း အႏွီးထုပ္ထဲထိ လက္ထိုးထည့္ရင္းလက္ကေလးထိလိုက္ ေျခကေလးတို႔လိုက္ႏွင့္ ပီတိျဖာေနသည္။
အလင္းလဲ အတူတူပါပဲ။ဂ်ဴတီအားတာနဲ႕ ကေလးပဲလာႏွိုက္ေနၾကတာ။ပိစိေလးကို အေတာ္အူယားေနၾကပုံပဲ။သူတို႔အူယားလဲအူယားစရာပဲေလ။ရက္သားနီတာရဲေလးက တကယ္အသားေလးေတြက ရဲတြတ္ေနတာ။မ်က္ခုံးတန္းတန္းေလးက အနည္းငယ္မွိန္ေနေပမဲ့ အေတာ္လွေနသည္။မ်က္ေတာင္ရွည္ရွည္တို႔က စင္းက်လ်က္ ႏွာတံစင္းစင္းပိစိေလးကလဲ ျပင္ေပးစရာမလိုေပ။ႏႈတ္ခမ္းနီနီေသးေသးေလးက လႈပ္တုပ္တုပ္နဲ႕ၿပဳံးေယာင္သန္းေနသည္။ေအာ ေအာက္ႏႈတ္ခမ္းေလးက နည္းနည္းႀကီးသေယာင္ထင္ရေသး။အလွဆုံးကေတာ့ မဟာနဖူးေလးနဲ႕ သူရဲ႕နီညိုေရာင္မ်က္ဆံေတြ။ကေလးေလးကို ျမင္ျမင္ခ်င္း အားလုံးအံ့ဩသြားၾကတယ္။သူ႕မ်က္ဆံေလးေတြက နီညိုေရာင္သန္းေနသည္ကို။ၿပီးေတာ့ သူ႕ဆံပင္ေလးေတြကလဲ နီညိုေရာင္အိအိစင္းစင္စေလး။ေမြးကတည္းက ဆံပင္ဂုတ္ေထာက္နဲ႕ေမြးလာတာ။
"မာမား ေမာင္ေလးကို ဘယ္လိုနာမည္ေပးမွာလဲ။ငုံကေလးႀကိဳက္တဲ့နာမည္ေလးတစ္ခုေလာက္ေပးခ်င္တယ္ေလ။"
ငုံကေလးက ဟင္းခါးေသာက္ေနတဲ့ မာမားနားသြားကာ ပူဆာေတာ့ မာမားကၿပဳံးလ်က္
"ငုံကေလးက ဘာနာမည္ေပးခ်င္လို႔လဲ ေျပာေလ။အိမ္မာေခၚၾကတာေပါ့။"
ထိုအခါမွ ငုံကေလးက သူ႕ရဲ႕သြားက်ိဳးေလးေတြေပၚေအာင္ၿပဳံးရင္း
"ငုံကေလးႀကိဳက္တဲ့ မင္းသမီးနာမည္ေပးခ်င္တာ။"
"ဟင္ ေမာင္ေလးက ေယာကၤ်ားေလးေလ မိန္းကေလးနာမည္ေပးလို႔မရဘူး။"
မရဘူးဆိုေတာ့ ငုံကေလးတို႔ စေကာက္ပါၿပီ။ေဆး႐ုံၾကမ္းျပင္ေပၚ ေျခဆင္းထိုင္ကာ ေျခေဆာင့္ၿပီး ငိုရန္စတင္ျပင္ဆင္ပါသည္။
"အီးး တုရတီက သူ႕ညီမေလးကို နာမည္ေပးလို႔ရတယ္တဲ့။ငုံကေလးက ဘာ့ေၾကာင့္ေပးလို႔မရတာလဲ။ အီးးးး"
"အဲ့ အဲ့...."
ငုံကေလးရဲ႕ ေအာ္သံအဆုံးတြင္ နီတာရဲကေလးထံမွ တအဲ့အဲ့ႏွင့္ အသံထြက္လာတာသည္။ငုံကေလးကလဲ သူေျပာခ်င္တာကို ဆက္ေျပာေနဆဲ။
"ငုံကေလး တိတ္တိတ္ ဒီမွာ ေမာင္ေလးကငိုေနၿပီ မဘုံက ကေလးမခ်ီတက္ဘူး။"
"ဟင့္အင္း နာမည္ေပးခ်င္တာ နာမည္ "
ဘုံလဲ ရႈံ႕မဲ့ကာ မ်က္ရည္မထြက္ဘဲ ေအာ္ေနတဲ့ ငုံေၾကာင့္ မာမားကို လက္ဟန္ျပကာ သူ႕ဆႏၵအတိုင္းလိုက္ေလ်ာေပးဖို႔ ကူေတာင္းဆိုေနရသည္။
မာမားလဲ သူ႕သမီးငယ္ကို ၾကည့္ရင္း ၿပဳံးရယ္ကာ
"ကဲ ကဲ ငုံကေလး ေပးခ်င္တာေပး။"
ထိုအခါမွ ငုံကေလးမ်က္ႏွာၿပဳံးသြားကာ ၾကမ္းျပင္ေပၚမွ အျမန္ထရင္း
"မာမားး ဂူဂူးလို႔ေခၚရေအာင္ေလေနာ္။ဂူဂူး "
မာမားကလဲ ေခါင္းညိတ္လ်က္ ငုံကေလးေခါင္းကိုပြတ္ေပးကာ
"အင္းပါ ဟုတ္ပါၿပီ အဆိုးမေလးရယ္။"
နီတာရဲဂူဂူးေလးမွာလဲ ပါးစပ္ေလးတျပင္ျပင္နဲ႕ ျပန္လည္အိပ္စက္သြားေလသည္။
Note...ဂူဂူးေလးဟာ happy newyearညရဲ႕ ၁၂နာရီတိတိမွာေမြးဖြားခဲ့တာပါ။
ေလာကႀကီးကေန ႀကိဳဆိုလိုက္ပါတယ္ ေဘဘီသြဲ႕ထူးအကၡရာ။လူကေလး မင္းကံေကာင္းပါဇီကြယ္။
အက္ခရာ မွေးဖွားခြင်း
အချိန်အခါမဟုတ်ဘဲဆာကူရာပန်းတွေလွှမ်းသည့်နေ့ နှစ်တစ်နှစ်ကို အဆုံးသတ်သည့်ရက် တစ်နည်းအားဖြင့် ဒီဇင်ဘာ၃၁ရက်နေ့ည ၁၁နာရီအချိန်၊ ခန့်ညားလှပအရှိန်အဝါကြီးမားတဲ့ ဆေးရုံကြီးတစ်ခု၏ သားဖွားဆောင်ရဲ့ VVIPခွဲစိတ်ခန်းရှေ့တွင် ယောက်ယက်ခတ်ခြေရာချင်းထပ်အောင်လမ်းလျှောက်နေတဲ့ ၁၅နှစ်အရွယ် အပျိုပေါက်ချောချောလေးတစ်ယောက်၊သူ့ဘေးပတ်ဝန်းကျင်တွင်တော့ ဟိုလျှောက်ဒီလျှောက် လျှောက်သွားနေတဲ့ သူ့ကို လိုက်ကြည့်ရင်း ငိုမဲ့မဲ့ဖြစ်နေတဲ့ ၆နှစ်အရွယ်ဘိုမရုပ်လေးလို ချစ်စရာကောင်းလှသော ကလေးမလေး။
ထိုစဉ် ထိုခွဲစိတ်ခန်းရှိရာသို့ အလောတကြီးပြေးလာသောလေးဆယ်ကျော်ပတ်ဝန်းကျင် ခန့်ညားတဲ့လူကြီးတစ်ဦး။ထိုလူကြီးသည် ခွဲစိတ်ခန်းရှေ့တွင်ရှိနေသော ကလေးသုံးယောက်ကိုမြင်သောအခါ ကလေးများထံသို့ မြန်မြန်လျှောက်သွား
"သမီးတို့"
ကြည်လင်နေပေမဲ့ စိုရိမ်မှုတွေပါဝင်နေတဲ့ ခေါ်သံအဆုံးတွင် တစ်ယောက်တစ်မျိုးနဲ့အလုပ်ရှုပ်နေသော ကလေးနှစ်ယောက်ရဲ့မျက်ဝန်းတို့က ထိုလူကြီးထံအားကိုးတကြီးရောက်သွားကြသည်။
"ပါပါး အီးးး ဘာလို့အခုမှပြန်လာတာလဲ။မာမားကဗိုက်နာနေတာ ကြာလှပြီလို့။"
ငုတ်တုတ်လေးထိုင်နေသော ဘိုမရုပ်လေးထံမှ ငိုသံနှင့်ရောနေသော အပြစ်တင်သံထွက်လာသည်။
"ပါပါးလဲ လေယာဉ်ပေါ်ကဆင်းဆင်းချင်းပြေးလာတာပဲ ငုံရယ်။"
"အကိုကြီး ရောက်လာပြီလား။မမက ရိုးရိုးမမွေးနိုင်လို့ ခွဲမွေးရမယ်ဆိုလို့ ကျွန်တော်လက်မှတ်ထိုးပေးလိုက်ရတယ်။"
ဘေးနားသို့ရောက်လာသော ဂျူတီကုတ်အဖြူရောင်နှင့် ဆရာဝန်လေးတစ်ယောက်။
ခန့်ညားတဲ့လူကြီးက ခေါင်းညိတ်ပြပြီး စိုးရိမ်နေသည့်မျက်ဝန်းတွေနဲ့ပဲ ခွဲစိတ်ခန်းကိုကြည့်နေလေသည်။
ရွှီး ဒိုင်းးး
Happy New Year 🥳
အော်သံများအဆုံးတွင် အဖြူရောင်တံခါးမှာလဲ ရှပ်ခနဲပွင့်သွားသလို လူလေးယောက်ရဲ့မျက်လုံးစုံမှတ်တွေကလဲ ထိုတံခါးဆီသို့ ရောက်သွားကြလေသည်။
___________________________
"ခစ်ခစ် မောင်လေးက ချစ်စရာလေးနော်။dragon fruitလေးလိုပဲ ခိခိ"
ဇာခြင်ထောင်သေးသေးလေးဖြင့် အုပ်ထားတဲ့ ကလေးလေးကိုကြည့်ရင်း ငုံအတော်သဘောကျနေဟန်။
ငုံတင်မက အကြီးမဘုံလဲ ဘာထူးလဲ ဟင်းခါးသောက်နေတဲ့ မာမားမမြင်အောင် ခြင်ထောင်လေးအသာမရင်း အနှီးထုပ်ထဲထိ လက်ထိုးထည့်ရင်းလက်ကလေးထိလိုက် ခြေကလေးတို့လိုက်နှင့် ပီတိဖြာနေသည်။
အလင်းလဲ အတူတူပါပဲ။ဂျူတီအားတာနဲ့ ကလေးပဲလာနှိုက်နေကြတာ။ပိစိလေးကို အတော်အူယားနေကြပုံပဲ။သူတို့အူယားလဲအူယားစရာပဲလေ။ရက်သားနီတာရဲလေးက တကယ်အသားလေးတွေက ရဲတွတ်နေတာ။မျက်ခုံးတန်းတန်းလေးက အနည်းငယ်မှိန်နေပေမဲ့ အတော်လှနေသည်။မျက်တောင်ရှည်ရှည်တို့က စင်းကျလျက် နှာတံစင်းစင်းပိစိလေးကလဲ ပြင်ပေးစရာမလိုပေ။နှုတ်ခမ်းနီနီသေးသေးလေးက လှုပ်တုပ်တုပ်နဲ့ပြုံးယောင်သန်းနေသည်။အော အောက်နှုတ်ခမ်းလေးက နည်းနည်းကြီးသယောင်ထင်ရသေး။အလှဆုံးကတော့ မဟာနဖူးလေးနဲ့ သူရဲ့နီညိုရောင်မျက်ဆံတွေ။ကလေးလေးကို မြင်မြင်ချင်း အားလုံးအံ့ဩသွားကြတယ်။သူ့မျက်ဆံလေးတွေက နီညိုရောင်သန်းနေသည်ကို။ပြီးတော့ သူ့ဆံပင်လေးတွေကလဲ နီညိုရောင်အိအိစင်းစင်စလေး။မွေးကတည်းက ဆံပင်ဂုတ်ထောက်နဲ့မွေးလာတာ။
"မာမား မောင်လေးကို ဘယ်လိုနာမည်ပေးမှာလဲ။ငုံကလေးကြိုက်တဲ့နာမည်လေးတစ်ခုလောက်ပေးချင်တယ်လေ။"
ငုံကလေးက ဟင်းခါးသောက်နေတဲ့ မာမားနားသွားကာ ပူဆာတော့ မာမားကပြုံးလျက်
"ငုံကလေးက ဘာနာမည်ပေးချင်လို့လဲ ပြောလေ။အိမ်မာခေါ်ကြတာပေါ့။"
ထိုအခါမှ ငုံကလေးက သူ့ရဲ့သွားကျိုးလေးတွေပေါ်အောင်ပြုံးရင်း
"ငုံကလေးကြိုက်တဲ့ မင်းသမီးနာမည်ပေးချင်တာ။"
"ဟင် မောင်လေးက ယောင်္ကျားလေးလေ မိန်းကလေးနာမည်ပေးလို့မရဘူး။"
မရဘူးဆိုတော့ ငုံကလေးတို့ စကောက်ပါပြီ။ဆေးရုံကြမ်းပြင်ပေါ် ခြေဆင်းထိုင်ကာ ခြေဆောင့်ပြီး ငိုရန်စတင်ပြင်ဆင်ပါသည်။
"အီးး တုရတီက သူ့ညီမလေးကို နာမည်ပေးလို့ရတယ်တဲ့။ငုံကလေးက ဘာ့ကြောင့်ပေးလို့မရတာလဲ။ အီးးးး"
"အဲ့ အဲ့...."
ငုံကလေးရဲ့ အော်သံအဆုံးတွင် နီတာရဲကလေးထံမှ တအဲ့အဲ့နှင့် အသံထွက်လာတာသည်။ငုံကလေးကလဲ သူပြောချင်တာကို ဆက်ပြောနေဆဲ။
"ငုံကလေး တိတ်တိတ် ဒီမှာ မောင်လေးကငိုနေပြီ မဘုံက ကလေးမချီတက်ဘူး။"
"ဟင့်အင်း နာမည်ပေးချင်တာ နာမည် "
ဘုံလဲ ရှုံ့မဲ့ကာ မျက်ရည်မထွက်ဘဲ အော်နေတဲ့ ငုံကြောင့် မာမားကို လက်ဟန်ပြကာ သူ့ဆန္ဒအတိုင်းလိုက်လျောပေးဖို့ ကူတောင်းဆိုနေရသည်။
မာမားလဲ သူ့သမီးငယ်ကို ကြည့်ရင်း ပြုံးရယ်ကာ
"ကဲ ကဲ ငုံကလေး ပေးချင်တာပေး။"
ထိုအခါမှ ငုံကလေးမျက်နှာပြုံးသွားကာ ကြမ်းပြင်ပေါ်မှ အမြန်ထရင်း
"မာမားး ဂူဂူးလို့ခေါ်ရအောင်လေနော်။ဂူဂူး "
မာမားကလဲ ခေါင်းညိတ်လျက် ငုံကလေးခေါင်းကိုပွတ်ပေးကာ
"အင်းပါ ဟုတ်ပါပြီ အဆိုးမလေးရယ်။"
နီတာရဲဂူဂူးလေးမှာလဲ ပါးစပ်လေးတပြင်ပြင်နဲ့ ပြန်လည်အိပ်စက်သွားလေသည်။
Note...ဂူဂူးလေးဟာ happy newyearညရဲ့ ၁၂နာရီတိတိမှာမွေးဖွားခဲ့တာပါ။
လောကကြီးကနေ ကြိုဆိုလိုက်ပါတယ် ဘေဘီသွဲ့ထူးအက္ခရာ။လူကလေး မင်းကံကောင်းပါဇီကွယ်။