LOVE WARNING ⚠️[Complete]

By ivoryyy9

64.4K 3.3K 970

[This story is not 18+.This is sweet love🌸😣] Sweet Story of 🌸 Zawgyi & Unicode ခ်ယ္ရီပန္းတစ္ပြင့္က လူေတြကိ... More

Introduction
EP 0
EP 1
EP 2
EP 3
EP 4
EP 5
EP. 6
EP 7
EP 8
EP 9
EP 10
EP 11
EP 12
EP 13
EP 14
EP 15
EP 16
EP 17
EP 18
EP 19
EP 20
EP 21
EP 22
23
EP 24
EP 25
Baby Day Out Moment
EP 26
EP 27
EP 28
EP 29
EP 30 Final
Memory of Thadingyut 🕯️🕯️🕯️
Happy Birthday AK
Chocolate and drunk
Birthday Gift

Simple Memory🌸

3K 129 1
By ivoryyy9

လက္လႊတ္ လႊတ္ခ်လိဳက္ လႊတ္ခ်လိဳက္ လက္ကိုျဖဳတ္ခ်လိဳက္ လႊတ္ လႊတ္ခ်လိဳက္ ‌"

    မီးေရာင္စုံလင္းထိန္ေနတဲ့ပါတီပြဲတစ္ခု ရွင္းရွင္းေျပာရရင္ cosplayပြဲေပါ့။သ႑ာန္စုံလင္လွတဲ့လူေတြက ပါတီပြဲက်င္းပရာေနရာတြင္မရွိၾကေပ။သူတို႔အားလုံးရဲ႕အာ႐ုံေတြကလဲ ပါတီပြဲအတြင္းမရွိၾကေပ။

    ပါတီပြဲက်င္းပရာေနရာရဲ႕ ေဘးတြင္ရွိေသာ ေရကူးကန္ကိုဝိုင္းပတ္စု႐ုံးလ်က္ သူတို႔ရဲ႕အလယ္ေရကန္နဲ႕အနီးဆုံးေျခသုံးလွမ္းစာအကြာတြင္ေတာ့

ဂ်ပန္ကီမိုနိုဝတ္စုံ အျပာေရာင္ကိုဝတ္ထားတဲ့အရပ္ျမင့္ျမင့္နဲ႕ေကာင္ေလးရွိသည္။သူ႕ေရွ႕တြင္ေတာ့ ေရကန္ကိုေက်ာခိုင္းထားတဲ့ဂ်ပန္ကီမိုနိုဝတ္စုံအျဖဴေရာင္ကိုပဲ ဝတ္ဆင္ထားၿပီး လက္တစ္ဖက္တြင္ ဆာကူရာပန္းခက္ရွည္ကိုကိုင္ထားတဲ့ေကာင္ေလး။

    ဆာကူရာပန္းခက္ကို ကိုင္ထားတဲ့ေကာင္ေလးက ေနာက္ကိုလွည့္မၾကည့္ဘဲ တစ္လွမ္းဆုတ္လိုက္သည္။ေျခတစ္ဖက္က ေရကန္ထဲက်သြားတာေၾကာင့္ လူကယိုင္သြားစဥ္ ကီမိုနိုအျပာဝတ္ေကာင္ေလးက ပန္းခက္ကိုင္ထားတဲ့ လက္ကိုလွမ္းဆြဲလိုက္သည္။အျဖဴေကာင္ေလးကလဲ ႐ုတ္တရက္ဆိုေတာ့ ဆြဲထားေသာလက္ကိုျပန္လည္ဆုပ္ကိုင္လာသည္။ ထိုအခ်ိန္တြင္ ေဘးနားမွ အသံမ်ားအုန္းအုန္းညံညံထြက္လာသည္။

   "လက္လႊတ္ လႊတ္ခ်လိဳက္ လႊတ္ခ်လိဳက္ လက္ကိုျဖဳတ္ခ်လိဳက္ လႊတ္ လႊတ္ခ်လိဳက္"

    ကီမိုနိုအျပာဝတ္ေကာင္ေလး ေတြေဝေနစဥ္ အျဖဴေကာင္ေလးရဲ႕ လွပေသသပ္လြန္းတဲ့ႏႈတ္ခမ္းပါးရဲရဲေလးေတြက ေလွာင္ေျပာင္ခ်င္သလို တြန႔္ခ်ိဳးသြားသည္။ထို႔ေနာက္ကိုင္ထားတဲ့လက္ကိုလႊတ္ခ်လိဳက္သည္။ထိုေကာင္ေလးလဲေနာက္လန္ၿပီးေရကန္ထဲက်ဆင္းသလို သူ၏ရင္ဘက္မွ ဆြဲႀကိဳးေလးကလဲ ေလေပၚလင္းခနဲေျမာက္တက္လာသည္။ အျပာေကာင္ေလးရဲ႕ မ်က္ဝန္းအစုံက ထိုဆြဲႀကိဳးကို ေၾကာင္ေငးၾကည့္ေနသည္။

    "ဝုန္း"

    ေရကန္ထဲမွ ေရေတြက က်ေရာက္လာေသာအားေၾကာင့္ လြင့္စင္ထြက္ကုန္ၾကသလို ေဘးနားမွာ ေအာ္ဟစ္ေနၾကသူမ်ားထံမွလဲ လက္ခုပ္သံစီစီညီညီထြက္လာသည္။ထိုအခိုက္ ကီမိုနိုအျဖဴဝတ္အမ်ိဳးသမီးေလးတစ္ေယာက္မွာ လူၾကားထဲမွ အေျပးထြက္လာၿပီး ေရကန္ထဲတြင္ မလႈပ္မယွက္နစ္ျမဳပ္ေနေသာ ေကာင္ေလးအားၾကည့္ကာ

    "ဂူဂူးငယ္ ဂူဂူး "

    ထိုအမ်ိဳးသမီးငယ္ေလးသည္ ေရကန္ေဘးအေျပးသြားကာ ေရကန္ထဲမွ ေကာင္ေလးအား ရွိုက္သံတစ္ဝက္ႏွင့္ ေအာ္ေခၚေနသည္။

     "ဂူဂူးငယ္ ဂူဂူးငယ္ဟုတ္လား။ ဂူဂူးငယ္က မင္းမဟုတ္ဘူးလား။ဂူဂူးငယ္က သူေပါ့ ဟုတ္လား ဟမ္  "

    ႐ုတ္တရက္ဆိုသလိုပဲ ေငးငိုင္ေနတဲ့အျပာဝတ္ေကာင္ေလးက ထိုအမ်ိဳးသမီးငယ္ေလးကို ဆြဲလွည့္လိုက္ၿပီး ေအာ္ေမးေနသည္။အမ်ိဳးသမီးငယ္ေလးကလဲ ေၾကာက္ေၾကာက္လန႔္လန႔္နဲ႕ ေခါင္းညိတ္ျပသည္။

    ထို႔ေနာက္ အျပာဝတ္ေကာင္ေလးက ေရကန္ထဲဒိုင္ပင္ထိုးခ်ကာ ကန္လယ္တြင္ မလႈပ္ဘဲေနေနတဲ့ ေကာင္ေလးကို ကန္ေဘာင္ဆီသို႔ဆြဲေခၚလာၿပီး ကန္ေဘာင္ေပၚကို အ႐ုပ္ေလးတင္သလို ျဖည္းညင္းစြာလွမ္းတင္လိုက္သည္။

    ေနာက္ သူပါကန္ေဘာင္ေပၚလႊားခနဲတက္လိုက္သည္။

    " ဂူးငယ္ ဂူငယ္ေရ" အမ်ိဳးသမီးငယ္ေလးကလဲ ေကာင္ေလးကို လႈပ္နိုးရင္တအီအီနဲ႕ငိုေနသည္။ေဘးမွဝိုင္းၾကည့္ေနေသာ လူမ်ားအား အျပာေကာင္ေလးက ထြက္သြားရန္ေအာ္လႊတ္လိုက္တာေၾကာင့္ ပတ္ဝန္းက်င္မွအေရာင္စုံလွတဲ့လူမ်ား လူစုကြဲသြားသည္။

   အျဖဴေကာင္ေလးရဲ႕ မ်က္ႏွာတစ္ခုလုံးသည္ေသြးမရွိသလို ျဖဴစုပ္ေနေလသည္။အျပာေကာင္ေလးသည္ စိုးရိမ္တႀကီးနဲ႕ အျဖဴေကာင္ေလးရဲ႕ ရင္ဘက္ကို အသာစမ္းၾကည့္ကာရင္ဘက္မွဆြဲႀကိဳးေလးကိုျဖဳတ္ယူရင္း ေကာင္ေလးႏွာေခါင္းကိုပိတ္ၿပီး ေကာင္ေလးရဲ႕ျဖဴေဖ်ာ့ေနေသာ ႏႈတ္ခမ္းဆီသို႔ သူ႕ႏႈတ္ခမ္းအစုံနဲ႕ထိကပ္ကာ ေလသြင္းေပးေနသည္။

   သုံးေခါက္ေျမာက္ထိကပ္အၿပီးတြင္ အျဖဴေကာင္ေလးသည္ ေခ်ာင္းဆိုးကာေရေတြျပန္အန္ရင္းလႈပ္လႈပ္ရွားရွားျဖစ္လာသည္။ မ်က္ဝန္းလွလွအစုံကိုဝိုင္းရံထားတဲ့ မ်က္ေတာင္ေကာ့ႀကီးေတြက ျဖည္းညင္းစြာလႈပ္ရွားလာသည္။

    ‌မ်က္ေတာင္ေကာ့ႀကီးေတြဝိုင္းရံထားတဲ့နီညို‌ေရာင္မ်က္ဝန္းေတြက အနီးကပ္ၾကည့္မွ ေတာ္ေတာ္လွမွန္းသိရသည္။အျဖဴေကာင္ေလးက သူ႕ကိုစိုးရိမ္တႀကီးငုံ႕မို႔ၾကည့္ေနေသာ မ်က္ႏွာတစ္ခုကို ဖ်က္ခနဲၾကည့္ၿပီး အၾကည့္ကိုေဘးဘက္သို႔လႊဲဖယ္လိုက္သည္။ၿပီးေတာ့ တအီအီနဲ႕ငိုေနေသာ ‌အမ်ိဳးသမီးငယ္ေလးအား အသာထိကာ အားတင္းရင္း

    "ကူကူး မငိုနဲ႕ေတာ့ ငါသက္သာတယ္။"

    ခပ္တိုးတိုးအသံေလးကိုၾကားလိုက္ရတဲ့အခါတြင္ ကိုယ့္ကိုကိုယ္ ပိုၿပီးအျပစ္တင္မိသည္။ဂ႐ုစိုက္ေပးရမဲ့ ကေလးကို ကိုယ္တိုင္အနိုင္က်င့္ခဲ့ေပါင္းမနည္း။ယခုတစ္ခါလဲ အသက္မေသ႐ုံတမယ္ပဲ။

     အျပာေကာင္ေလးသည္ ေရကန္ေဘာင္တြင္လဲေလ်ာင္းေနေသာ အျဖဴေကာင္ေလးေဘးမွအသာထရင္း လက္ထဲမွဆြဲႀကိဳးကိုက်စ္က်စ္ဆုပ္ကာေခါင္းငိုက္စိုက္ခ်ၿပီး တစ္ေနရာသို႔ထြက္သြားေလသည္။လဲေလ်ာင္းေနေသာအျဖဴေကာင္ေလးမွာလဲေရတစက္စက္က်ေနတဲ့ ကီမိုနိူဝတ္စုံဝတ္ဆင္ထားၿပီး ေခါင္းငိုက္စိုက္ခ်ကာ တစ္ေနရာကို တေ႐ြ႕ေ႐ြ႕သြားေနေသာေကာင္ေလးရဲ႕ ေက်ာျပင္ကိုေငးၾကည့္ရင္း ေသြးေရာင္အနည္းငယ္ျပန္လႊမ္းလာေသာႏႈတ္ခမ္းေလးထက္ ေလွာင္ၿပဳံးမဟုတ္တဲ့ ႏူးညံ့လွပတဲ့အၿပဳံးေလးတစ္ခုေပၚေပါက္လာေလသည္။

 

  ဒါကအစမဟုတ္ခဲ့သလို

  အဆုံးသတ္လဲမဟုတ္ခဲ့ဘူး။

  ရိုးရိုးေလးေတြးမွတ္ထားလို႔ရတဲ့

  အမွတ္တရတစ္ခုပဲ။

[ Love Warningထဲက ေရထဲျပဳတ္က်တဲ့အခန္းေလးကို အရမ္းသေဘာက်လိဳ႕ ကြန႔္ၿပီးေရး🤣 ]

    လက်လွှတ် လွှတ်ချလိုက် လွှတ်ချလိုက် လက်ကိုဖြုတ်ချလိုက် လွှတ် လွှတ်ချလိုက် ‌"

    မီးရောင်စုံလင်းထိန်နေတဲ့ပါတီပွဲတစ်ခု ရှင်းရှင်းပြောရရင် cosplayပွဲပေါ့။သဏ္ဍာန်စုံလင်လှတဲ့လူတွေက ပါတီပွဲကျင်းပရာနေရာတွင်မရှိကြပေ။သူတို့အားလုံးရဲ့အာရုံတွေကလဲ ပါတီပွဲအတွင်းမရှိကြပေ။

    ပါတီပွဲကျင်းပရာနေရာရဲ့ ဘေးတွင်ရှိသော ရေကူးကန်ကိုဝိုင်းပတ်စုရုံးလျက် သူတို့ရဲ့အလယ်ရေကန်နဲ့အနီးဆုံးခြေသုံးလှမ်းစာအကွာတွင်တော့

ဂျပန်ကီမိုနိုဝတ်စုံ အပြာရောင်ကိုဝတ်ထားတဲ့အရပ်မြင့်မြင့်နဲ့ကောင်လေးရှိသည်။သူ့ရှေ့တွင်တော့ ရေကန်ကိုကျောခိုင်းထားတဲ့ဂျပန်ကီမိုနိုဝတ်စုံအဖြူရောင်ကိုပဲ ဝတ်ဆင်ထားပြီး လက်တစ်ဖက်တွင် ဆာကူရာပန်းခက်ရှည်ကိုကိုင်ထားတဲ့ကောင်လေး။

    ဆာကူရာပန်းခက်ကို ကိုင်ထားတဲ့ကောင်လေးက နောက်ကိုလှည့်မကြည့်ဘဲ တစ်လှမ်းဆုတ်လိုက်သည်။ခြေတစ်ဖက်က ရေကန်ထဲကျသွားတာကြောင့် လူကယိုင်သွားစဉ် ကီမိုနိုအပြာဝတ်ကောင်လေးက ပန်းခက်ကိုင်ထားတဲ့ လက်ကိုလှမ်းဆွဲလိုက်သည်။အဖြူကောင်လေးကလဲ ရုတ်တရက်ဆိုတော့ ဆွဲထားသောလက်ကိုပြန်လည်ဆုပ်ကိုင်လာသည်။ ထိုအချိန်တွင် ဘေးနားမှ အသံများအုန်းအုန်းညံညံထွက်လာသည်။

   "လက်လွှတ် လွှတ်ချလိုက် လွှတ်ချလိုက် လက်ကိုဖြုတ်ချလိုက် လွှတ် လွှတ်ချလိုက်"

    ကီမိုနိုအပြာဝတ်ကောင်လေး တွေဝေနေစဉ် အဖြူကောင်လေးရဲ့ လှပသေသပ်လွန်းတဲ့နှုတ်ခမ်းပါးရဲရဲလေးတွေက လှောင်ပြောင်ချင်သလို တွန့်ချိုးသွားသည်။ထို့နောက်ကိုင်ထားတဲ့လက်ကိုလွှတ်ချလိုက်သည်။ထိုကောင်လေးလဲနောက်လန်ပြီးရေကန်ထဲကျဆင်းသလို သူ၏ရင်ဘက်မှ ဆွဲကြိုးလေးကလဲ လေပေါ်လင်းခနဲမြောက်တက်လာသည်။ အပြာကောင်လေးရဲ့ မျက်ဝန်းအစုံက ထိုဆွဲကြိုးကို ကြောင်ငေးကြည့်နေသည်။

    "ဝုန်း"

    ရေကန်ထဲမှ ရေတွေက ကျရောက်လာသောအားကြောင့် လွင့်စင်ထွက်ကုန်ကြသလို ဘေးနားမှာ အော်ဟစ်နေကြသူများထံမှလဲ လက်ခုပ်သံစီစီညီညီထွက်လာသည်။ထိုအခိုက် ကီမိုနိုအဖြူဝတ်အမျိုးသမီးလေးတစ်ယောက်မှာ လူကြားထဲမှ အပြေးထွက်လာပြီး ရေကန်ထဲတွင် မလှုပ်မယှက်နစ်မြုပ်နေသော ကောင်လေးအားကြည့်ကာ

    "ဂူဂူးငယ် ဂူဂူး "

    ထိုအမျိုးသမီးငယ်လေးသည် ရေကန်ဘေးအပြေးသွားကာ ရေကန်ထဲမှ ကောင်လေးအား ရှိုက်သံတစ်ဝက်နှင့် အော်ခေါ်နေသည်။

     "ဂူဂူးငယ် ဂူဂူးငယ်ဟုတ်လား။ ဂူဂူးငယ်က မင်းမဟုတ်ဘူးလား။ဂူဂူးငယ်က သူပေါ့ ဟုတ်လား ဟမ်  "

    ရုတ်တရက်ဆိုသလိုပဲ ငေးငိုင်နေတဲ့အပြာဝတ်ကောင်လေးက ထိုအမျိုးသမီးငယ်လေးကို ဆွဲလှည့်လိုက်ပြီး အော်မေးနေသည်။အမျိုးသမီးငယ်လေးကလဲ ကြောက်ကြောက်လန့်လန့်နဲ့ ခေါင်းညိတ်ပြသည်။

    ထို့နောက် အပြာဝတ်ကောင်လေးက ရေကန်ထဲဒိုင်ပင်ထိုးချကာ ကန်လယ်တွင် မလှုပ်ဘဲနေနေတဲ့ ကောင်လေးကို ကန်ဘောင်ဆီသို့ဆွဲခေါ်လာပြီး ကန်ဘောင်ပေါ်ကို အရုပ်လေးတင်သလို ဖြည်းညင်းစွာလှမ်းတင်လိုက်သည်။

    နောက် သူပါကန်ဘောင်ပေါ်လွှားခနဲတက်လိုက်သည်။

    " ဂူးငယ် ဂူငယ်ရေ" အမျိုးသမီးငယ်လေးကလဲ ကောင်လေးကို လှုပ်နိုးရင်တအီအီနဲ့ငိုနေသည်။ဘေးမှဝိုင်းကြည့်နေသော လူများအား အပြာကောင်လေးက ထွက်သွားရန်အော်လွှတ်လိုက်တာကြောင့် ပတ်ဝန်းကျင်မှအရောင်စုံလှတဲ့လူများ လူစုကွဲသွားသည်။

   အဖြူကောင်လေးရဲ့ မျက်နှာတစ်ခုလုံးသည်သွေးမရှိသလို ဖြူစုပ်နေလေသည်။အပြာကောင်လေးသည် စိုးရိမ်တကြီးနဲ့ အဖြူကောင်လေးရဲ့ ရင်ဘက်ကို အသာစမ်းကြည့်ကာရင်ဘက်မှဆွဲကြိုးလေးကိုဖြုတ်ယူရင်း ကောင်လေးနှာခေါင်းကိုပိတ်ပြီး ကောင်လေးရဲ့ဖြူဖျော့နေသော နှုတ်ခမ်းဆီသို့ သူ့နှုတ်ခမ်းအစုံနဲ့ထိကပ်ကာ လေသွင်းပေးနေသည်။

   သုံးခေါက်မြောက်ထိကပ်အပြီးတွင် အဖြူကောင်လေးသည် ချောင်းဆိုးကာရေတွေပြန်အန်ရင်းလှုပ်လှုပ်ရှားရှားဖြစ်လာသည်။ မျက်ဝန်းလှလှအစုံကိုဝိုင်းရံထားတဲ့ မျက်တောင်ကော့ကြီးတွေက ဖြည်းညင်းစွာလှုပ်ရှားလာသည်။

    ‌မျက်တောင်ကော့ကြီးတွေဝိုင်းရံထားတဲ့နီညို‌ရောင်မျက်ဝန်းတွေက အနီးကပ်ကြည့်မှ တော်တော်လှမှန်းသိရသည်။အဖြူကောင်လေးက သူ့ကိုစိုးရိမ်တကြီးငုံ့မို့ကြည့်နေသော မျက်နှာတစ်ခုကို ဖျက်ခနဲကြည့်ပြီး အကြည့်ကိုဘေးဘက်သို့လွှဲဖယ်လိုက်သည်။ပြီးတော့ တအီအီနဲ့ငိုနေသော ‌အမျိုးသမီးငယ်လေးအား အသာထိကာ အားတင်းရင်း

    "ကူကူး မငိုနဲ့တော့ ငါသက်သာတယ်။"

    ခပ်တိုးတိုးအသံလေးကိုကြားလိုက်ရတဲ့အခါတွင် ကိုယ့်ကိုကိုယ် ပိုပြီးအပြစ်တင်မိသည်။ဂရုစိုက်ပေးရမဲ့ ကလေးကို ကိုယ်တိုင်အနိုင်ကျင့်ခဲ့ပေါင်းမနည်း။ယခုတစ်ခါလဲ အသက်မသေရုံတမယ်ပဲ။

     အပြာကောင်လေးသည် ရေကန်ဘောင်တွင်လဲလျောင်းနေသော အဖြူကောင်လေးဘေးမှအသာထရင်း လက်ထဲမှဆွဲကြိုးကိုကျစ်ကျစ်ဆုပ်ကာခေါင်းငိုက်စိုက်ချပြီး တစ်နေရာသို့ထွက်သွားလေသည်။လဲလျောင်းနေသောအဖြူကောင်လေးမှာလဲရေတစက်စက်ကျနေတဲ့ ကီမိုနိူဝတ်စုံဝတ်ဆင်ထားပြီး ခေါင်းငိုက်စိုက်ချကာ တစ်နေရာကို တရွေ့ရွေ့သွားနေသောကောင်လေးရဲ့ ကျောပြင်ကိုငေးကြည့်ရင်း သွေးရောင်အနည်းငယ်ပြန်လွှမ်းလာသောနှုတ်ခမ်းလေးထက် လှောင်ပြုံးမဟုတ်တဲ့ နူးညံ့လှပတဲ့အပြုံးလေးတစ်ခုပေါ်ပေါက်လာလေသည်။

 

  ဒါကအစမဟုတ်ခဲ့သလို

  အဆုံးသတ်လဲမဟုတ်ခဲ့ဘူး။

  ရိုးရိုးလေးတွေးမှတ်ထားလို့ရတဲ့

  အမှတ်တရတစ်ခုပဲ။

[ Love Warningထဲက ရေထဲပြုတ်ကျတဲ့အခန်းလေးကို အရမ်းသဘောကျလို့ ကွန့်ပြီးရေး🤣 ]

   

Continue Reading

You'll Also Like

536K 48.1K 143
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
555K 12.4K 86
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
611K 5.1K 23
လိင်နှစ်မျိုးပါတဲ့ဒွိလိင်ကောင်လေးကို မွေးစားထားသည့်အဖေနှင့်အစ်ကိုကြီးက စားသည့်ဇာတ်လမ်း သုံးကြိမ်မြောက်ပြန်တင်ချင်း အသက်မပြည့်သေးရင်မဖတ်ပါနဲ့ရှင် crd...
367K 34.9K 101
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...