Only you (Complete)

Per wintshweyi

73.7K 6.8K 751

'မင်းတယောက်သာ (မင္းတေယာက္သာ )' namjinkook (Unicode+Zawgyi) အချစ်ဆိုတာ တယောက်တည်းအတွက်ပဲရှိတယ်..... ငါ့ရဲ့အချစ... Més

Intro Unicode
Intro Zawgyi
*1*
*2*
*3*
New fic
*4*
*5*
*6*
*7*
*8*
💗please pay attention💗
*9*
*10*
*11*
*12*
*13*
*14*
*15*
*16*
*17*
❤️new fic❤️
*18*
new fic
*19*
*20*
*21*
*22*
*23*
*24*
*25*
New story
*27*
*28*
*29*
*30*
*31*
*32*
*33*
📣
*34*
*35*Ending
Namjoon's pov 1
Namjoon's pov 2
Namjoon's pov 3
💗Extra💗
💗
surprise🎉
pre-order

*26*

1.3K 139 6
Per wintshweyi

Unicode

"Bossရဲ့ကားအရှေ့ပိုင်းပြင်ခိုင်းထားတာရပါပီ"

နမ်ဂျွန်း ထိုသူ့ကိုလက်ကာပြလိုက်သည်... ထိုနောက်ကလက်ထဲကကားသော့ကိုသာ တသတ်မတ်တည်းစိုက်ကြည့်နေတော့သည်... သူ့ရဲ့မျက်၀န်းထဲမှာ ၀မ်းနည်းမှုနာကျင်မှုတွေပြည့်နေတယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ...

"ငါတောင်းပန်ပါတယ် တကယ်ကိုတောင်းပန်ပါတယ်"

သူ့ရဲ့ရင်ထဲကတောင်းပန်စကညးတွေဟာ မည်သူ့ကိုရည်ညွှန်းမှန်းသူကလွဲ၍မည်သူသိနိုင်မည်နည်း...
တဖက်မှာလဲ ရုံးခန်းတံခါး၀မှာရပ်နေတဲ့ဂျီမင်ဟာ အတွေးတွေထဲမေးခွန်းတချို့ရောက်ရှိလာခဲ့တယ်... ပုံမှန်မည်သည့်အရာကိုမဆိုမိမိက်ုလုပ်ခိုင်းသည့်ထိုသူက တခြားတယောက်ကိုကားပြင်ဖို့အပ်ခိုင်းတယ်တဲ့လား... ပီးတော့အသစ်အတိုင်းရှိသေးတဲ့ ကားအသစ်ကိုဘာလို့ချက်ချင်းပြင်ရတာလဲ... ပီးတော့ဟိုဆော့ပျောက်နေတာကို သူကဘာလို့စိတ်ပူပုံမပြရတာလဲ...

'ခင်များဘာတွေများထပ်ပီးဖုံးကွယ်ထားပြန်တာလဲ ကမ်နမ်ဂျွန်း... ကျွန်တော်တဖြည်းဖြည်းသိလာတာကခင်များကတကယ်ကိုကြောက်စရာကောင်းတဲ့သူပဲ... ဒါပေမဲ့ ကြောက်စရာကောင်းတဲ့သူကိုမှအရူးအမူးဖြစ်နေတဲ့ကျွန်တော်ကရော ဘာထူးလို့လဲ...'
.
.
.
.
.
.
.
"အခုတလော ခင်များနဲ့ ပတ်ဂျီမင် အခြေအနေတွေတိုးတက်နေတယ်ဆို.. ပြောပါဦး.. မင်ယွန်းဂီ ဘာတွေသိရပီလဲ.."

ယွန်းဂီ ဂျန်းကုကိုဘာမှပြန်မဖြေပေ.. ဂျန်းကု ယွန်းဂီကိုကြည့်ရင်းတချက်ရီလိုက်မိသည်...

"ဧကန္တ ခင်များသူ့ကိုတကယ်ကြီးချစ်မိသွားတာလား"

"ငါ..."

ဂျန်းကု ယွန်းဂီပုခုံကိုအသာပုတ်လိုက်ရင်း...

"ရပါတယ် ကျွန်တော်နားလည်တယ်.. အချစ်ဆိုတာထိန်းချုပ်လို့ရတဲ့အရာမှမဟုတ်ပဲ ဒါပေမဲ့ခင်များ လက်စားချေမဲ့အစီအစဉ်ကိုမမေ့ဘူးလို့မျှော်လင့်ပါတယ်.."

"ငါမမေ့ပါဘူး ငါကမ်နမ်ဂျွန်းကိုကျိန်းသေပေါက်လက်စားပြန်ချေမှာ.. အဲ့တာတသက်လုံးပြောင်းလဲမှာမဟုတ်ဖူး... ဒါနဲ့မင်း ဂျင်နဲ့အဆက်အသွယ်ရသေးလား"

ဂျန်းကုခေါင်းခါပြလိုက်သည်..

"မင်းလဲ မင်းရဲ့အချစ်ရေးကိုလက်မလျော့သင့်ဘူး"

"ကျွန်တော်သူ့ကိုမထိခိုက်စေချင်ဘူး ကျွန်တော်နဲ့အဝေးဆုံးမှာရှိနေတာက သူ့အတွက်အန္တရာအကင်း‌ဆံုးဖြစ်မှာပါ"

ယွန်းဂီ ဂျန်းကုကိုကြည့်ရင်းသက်ပြင်းအသာချလိုက်သည်.. ဒီကောင်လေး ဆော့ဂျင်ကိုချစ်နေတာသေချာသည်... ဆော့ဂျင်ကလည်းဒီကောင်လေးကိုအရမ်းချစ်သည်.. ဒါပေမဲ့သူတို့အချစ်ရေးဟာတွေးလေရင်မောရလေပင်..

"ဂျန်းဟိုဆော့ပျောက်သွားတာမင်းသိပီးပီလား"

ဂျန်းကု အင်မတန်ပင်အံ့ဩသွားသည်.. အခုရက်ပိုင်းထယ်ယောင်းကိုကြည့်ရ‌သလောက် သူနဲ့ဟိုဆော့မပြေလည်မှန်းသိသော်လည်း အခုလိုဖြစ်မယ်မထင်ထားပေ.. အထူးသဖြင့် ဂျန်းဟိုဆော့ပျောက်သွားရင် သူ့ရဲ့သူငယ်ချင်းထယ်ယောင်းကဒီအတိုင်းငြိမ်နေမှာတဲ့လား တခုခုတော့မှားနေလေပီ...

"ကမ်နမ်ဂျွန်းဘက်ကလည်းလှုပ်ရှားမှုမရှိသေးဘူး ဒီကိစ္စကပုံမှန်မဟုတ်သလိုခံစားရတယ် ငါအခုဂျန်းဟိုဆော့ကိုရှာနေတယ်"

"ဘာလဲ ပတ်ဂျီမင်အကူအညီတောင်းထားတာလား"

ယွန်းဂီခေါင်းကိုအသာငြိမ့်ပြလိုက်သည်...

"အကူအညီလိုရင်ပြောပါ ကျွန်တော်လည်းကူရှာပေးမယ် ဒီကိစ္စကနေဘလိုလျှို့ဝှက်ချက်တွေ ထွက်လာမလဲမသိနိုင်ဘူးလေ.. ဒါပေမဲ့မင်ယွန်းဂီ ခင်များကိုကျွန်တော်တခုလောက်တော့အကြံပေးချင်တယ်.. ခင်များချစ်တယ်ဆိုတဲ့ပတ်ဂျီမင်က ကမ်နမ်ဂျွန်းဆိုတဲ့သူအတွက် သူ့ရဲ့မျက်နှာ ရုပ်ရည်သွင်ပြင်တွေကိုပါအလဲအထပ်လုပ်ခဲ့တယ်.. အဲ့လိုသူယောက်ကခင်များကိုအလွယ်တကူ လက်ခံလာမှာတော့မဟုတ်နိုင်ဘူး... ပီးတော့ခင်များကသူ့ကိုဘလောက်ထိချစ်နိုင်လဲ.. တခြားသူရဲ့ဘ၀ကိုယူထားရတဲ့သူ့ကိုဘလောက်ထိချစ်နိုင်လဲ.. အကယ်၍ခင်များသာသူ့ရုပ်ရည်ကိုသဘောကျတာဆိုရင် ခင်များကသု့ကိုချစ်နေတာမဟုတ်ပဲ ဆုံးသွားပီဖြစ်တဲ့ကျွန်တော့သူငယ်ချင်းကမ်ဟယ်ဆူ့ ရုပ်ရည်ကို သဘောကျနေတာပဲ... ခင်များကသူ့ရဲ့မူလရုပ်ရည်ကျုလက်ခံနိုင်ပါ့မလား.. အကယ်၍ခင်များမလုပ်နိုင်ဘူးဆိုရင် အစကတည်းကမစရင်ကောင်းမယ်..."

"ငါကြိုးစားမှာပါ သူငါ့ကိုလက်ခံနိုင်လာအောင် ပီးတော့ငါချစ်တာသူ့ရုပ်ရည်ကိုမဟုတ်ဘူး ငါကသူဖြစ်နေလို့ကိုချစ်တာ "

ဂျန်းကု ယွန်းဂီကိုကြည့်ရင်းအသာအယာပြုံးလိုက်သည်... အချစ်ကိုအချစ်နဲ့အနိုင်ယူနိုင်ပါစေလို့လဲ ဆုတောင်းပေးလိုက်ပါသည်...
.
.
.
.
.
.
.
"ကယ်ပေးပါ... ငါ့ကိုကယ်ပေးပါ... ဂျွန်း"

အကိုဟိုဆော့ရဲ့အသံရေးရေးလေးကြောင့် ယူရာအကိုဟိုဆော့ကိုအံ့ဩတကြီးကြည့်လိုက်မိသည်...

"အကိုဟိုဆော့... အကိုဟိုဆော့သတိရလာပီလားဟင် အကိုဟိုဆော့"

မကြာခင်ပင် ဟိုဆော့ရဲ့မျက်၀န်းတွေဖြည်းဖြည်းချင်း ပွင့်လာလေသည်...

"ယူ ~ရာ"

"အကို ဟုတ်ပါတယ် ညီမလေးယူရာပါ..."

ယူရာ ရှိုက်ကြီးတငင်ငိုမိသည်... အကိုကတော့အရင်ကအတိုင်းသူ့ရဲ့မျက်ရည်တွေကို ဖြေးဖြေးခြင်းသုတ်ပေးနေလေသည်... ဒါပေမဲ့ခနအကြာမှာအကို့မျက်၀န်းထဲမှာစိုးရိမ်မှုတွေပြည့်တက်လာလေသည်..

"ကလေး ကလေးရောဟင် ယူရာ... ကလေးဘာမှမဖြစ်ဘူးမလား"

အကိုဟာပြားချပ်နေတဲ့ဗိုက်ကိုကိုင်ကာ မျက်ရည်တွေကျရင်းမေးလာလေသည်...

"ယူရာ အကို့မေးတာဖြေပါဦး..!"

"ကလေး ကလေးက....."

အခန်းတခုလုံးတိတ်ဆိတ်သွားပီး အပ်ကျသံပင်မကြားရတော့ချေ....
.
.
.
.
.
.
.
To be continued.....
.................................................................
Zawgyi





.
.
.
.
.
.
.



"ငါ..."






"ကျွန်တော်သူ့ကိုမထိခိုက်စေချင်ဘူး ကျွန်တော်နဲ့အဝေးဆုံးမှာရှိနေတာက သူ့အတွက်အန္တရာအကင်း‌ဆုံးဖြစ်မှာပါ"









.
.
.
.
.
.
.




"ယူ ~ရာ"






"ကလေး ကလေးက....."

.
.
.
.
.
.
.
To be continued.....
.................................................................



 

Continua llegint

You'll Also Like

30.9K 3.5K 34
ခပ်ဆိုးဆိုး ခပ်မိုက်မိုက် ခပ်လန်းလန်း Bad Boy ကောင်လေးနဲ့ အနေအေးပြီး ချစ်ဖို့ကောင်းတဲ့ ကောင်လေးတို့ရဲ့ အချစ်ဇာတ်လမ်းလေး
14.7K 1.1K 17
ခုမှသူများတေရေးနေကြတော့ ရေးကြည့်ချင်လို့ပါ...😁(ပျင်းလည်းပျင်းနေလို့😢) မှားတာရှိရင်လည်း ခွင့်လွှတ်ပေးကြပါနော်🥺 JinKook Fic လေးပါ 💜
1.4K 101 2
TaeJin and Jikook In Burmese🇲🇲
42.2K 4.4K 20
I can't live without you even for one day. Rewrite the K drama as a Kookjin's love story 💫 Please read Author's note >_<