" ကျင်းယွမ် ကျေးဇူးပါ "
'ဝါး လှလိုက်တာ '
စတုတ္ထ မိဖုရား လီဟွေ့ မှ မင်းသား ကုထျန်းဝေ , ကုဟေဝန် နဲ့  ကော မင်းသား ကုစုယင် မင်းသမီး ကုနန်ဆွေ
************************
Unicode
ကျန်းချူး ရန်ဟွားကို ပြန်ရောက်တော့ ဇာတ်လိုက် ကော ကြောင့် အပြစ်ပေးခံလိုက်ရတယ် ရေအိုးကို လက်ဖြင့်မြှောက်ကာ လေးနာရီ နီးပါး အေးနေတဲ့ ညမှာ ရပ်ခဲ့ရတယ် အပြစ်ပေးရပ်နေတုန်း ကျန်းချန်း ငယ်ဘဝကို ပြန်တွေးမိတယ် ကျန်းချူး ကိုယ်ဟာ ငယ်စဉ်ထဲက ချူချာတယ် ဒါကြောင့် ကျူးရှားယစ်ဟာ မှေးမိန်ပြီးပျောက်ကွယ်တော့မယောင်ဖြစ်နေလေတယ် ကျန်းမာရေးမကောင်းတဲ့ ကိုယ်နဲ့ လေးနာရီ လုံးလုံး အေးစက်တဲ့လေထဲရပ်နေရတော့ ကျန်းချူး ကိုယ်ဟာ လှဲကျသွားလေတော့တယ် သို့သော် သူကို ဂရုစိုက်တဲ့သူ တစ်ယောက်တောင်မရှိ ထိုနေရာမှာသာ လှဲကျနေခဲ့လေတယ်
နောက်နေ့မနက်မှာတော့ လှဲကျနေသော ကျန်းချူးနား မင်ချူး ရောက်လာကာ
"အိုက်ယိုး ဒီမျိုးမစစ်လေး ကို နိုး လိုက်စမ်း "
မင်ချူးရဲ့ မျက်နှာလို မျက်နှာရတွေက သတိမေ့နေတဲ့ ကျန်းချူး မျက်နှာတည့်တည့် အေးစက်နေတဲ့ရေတွေနဲ့ လောင်းချလိုကါတော့တယ် ကျန်းချူး သတိရလာတော့ သူတစ်ကိုယ်လုံး အေးစက်ကာ ချမ်းလွန်းလို့တုန်နေပြီး အားမရှိသလို ခံစားရတယ် သူရှေ့က မင်ချူးကို မြင်တော့ ဒေါသအလိပ်လိပ်ထွက်လာတယ်
မင်ချူးက သူ့ကိုအေးစက်စက် ဒေါသမျက်လုံးတွေနဲ့ကြည့်နေတဲ့ ကျန်းချူးကြောင့် အနည်းငယ်လန့်သွားပေမယ့်
"ဖြန်း မင်းအကြည့်တွေ ပြင်လိုက်စမ်း ဘယ်ကို လာကြည့်နေတာလဲ "
ပါဝါခံထားပေမယ့် ရိုက်တဲ့အားက နူးညံ့တဲ့ကိုယ်ဖြစ်တာကြောင့် အတော်နာလေတယ် ပြီးတော့ လက်ရာကြီးပါ ပါးပေါ် ထင်ကျန်ခဲ့လေတယ်
အရိုက်ခံလ်ုက်ရတာကြောင့် နာကျင်သွားပေမယ့် နာကျင်မှုထက် ခံပြင်းမှုတွေ ဒေါသတွေက ပိုလေတယ် အားမရှိတဲ့ကိုယ်ဖြင့် အားတင်းကာ ထလိုက်ပြီး
မင်ချုးပါးကို ဟိုဘက် ဒီဘက် ရိုက်ချပြစ်လိုက်တယ် ထိုကြောင့် ဘေးနားက ကောတွေ လန့်ကုန်ကြတယ် ဟုတ်သည်လေ ခါတိုင်း သူတို့အနိုင်ကျင့်တိုင်း မျက်လွှာလေးချကာ နေတက်တဲ့ သူက ခုလို ပြောင်းလဲသွားတော့ အံ့သြထိတ်လန့်ကုန်ကြတယ်
သူပါးကိုကိုင်ရင်း အံ့သြကြောက်လန့်နေရင်း ကျန်းချူးက်ု ကြည့်လိုက်တော့ အေးစက်ပြီး ကြောက်စရာကောငါးတဲ့ အရှိန်အဝါတွေကြောင့် လန့်သွားပြီး
"မင်း မင်း ငါ့ကို ရိုက်ရဲတယ် "
"ဘာလို့ မရိုက်ရဲရမှာလည်း ခါတိုင်း သည်းခံနေတယ်ဆိုတာ မင်းကို ငါ့အစ်ကိုအဖြစ်သတ်မှတ်လို့ ဒါပေမယ့် မင်းတို့က ငါ့ကို ဘယ်လို သတ်မှတ်ခဲ့လည်း ဟုတ်တယ် အိမ်တော်မှာ ဘယ်လိုနေခဲ့နေခဲ့ ဒီနေရာက ရန်ဟွား အဆင့်မတန်းမခွဲပဲ နေထိုင်ရတဲ့နေရာ ဒီနေ့ကစပြီး မင်းတို့အနိုင်ကျင့်တိုင်း ခံနေမယ့် လင်းကျန်းချူး မရှိတော့ဘူး ဒီမှာ ရှန်သခင်လေး ကျွန်တော်က ကိုယ့်အသားနာရင် နှစ်ဆပြန်ပေးတက်တယ် တကယ်လို့ ရှန်သခင်လေးသာ ဒီကျန်းချူးကို အလွတ်မပေးရင် ကျန်းချူး အနေနဲ့ ညာတာပေးမှာမဟုတ်တော့ဘူးဆိုတာ လေးလေးနက်နက် ပြောခဲ့ပါရစေ "
ပြောပြီး ထွက်လာခဲ့တယ် ကျန်းချူးနေရမယ့်အဆောင်ရောက်တော့ ကျန်းချူး အခန်းဖော်က
" မင်း ဘာဖြစ်လာတာလဲ မျက်နှာမှာလည်း ညိုမဲလို့ လာလာ ငါဆေးထည့်ပေးမယ် "
ကျန်းချူး အခန်းဖော်က ကျန်းချူးအပေါ်ကောင်းတဲ့သူပင် ဒါပေမယ့် သူမျုားအမြင်မှာတော့ သူလည်း မကောင်းရဲ ကျန်းချူးနဲ့ ပတ်သပ်သူမှန်သမျှ ကို မင်ချူးက လိုက်အနိုင်ကျင့်တာကြောင့်ပင်
" ကျင်းယွမ် ကျေးဇူးပါ "
ဆေးထည့်နေတဲ့ ကျင်းယွမ်က သူ့ကို မော့ကြည့်လာကာ သက်ပြင်းချလိုက်ပြီး
" ကျန်းချူး တောင်းပန်ပါတယ် ငါ တကယ် မင်းနဲ့ သူငယ်ချင်းဖြစ်ချင်ပါတယ် "
ထိုနေ့ကစပြီး ကျန်းချူးကို အနိုင်ကျင့်တဲ့သူ နည်းသွားတယ် ကျန်းချူး အဆောင်မှာ တစ်ယောက်တည်း ရှိနေတုန်း ပါဝါကို ချွတ်ကာ ကြေးမုံကို ကြည့်လိုက်တယ်
'ဝါး လှလိုက်တာ '
မျက်နှာ ဝိုင်းဝိုင်းလေးမှာ မဲနက်နေတဲ့မျက်ခုံး ရှည်လျားပြီ ဒေါင်းမြီးလို ဖျာနေတဲ့ မျက်တောင်လေးတွေ ဝါဖန်ဖန် မျက်လုံးလေးတွေနဲ့ ဖြောင့်စင်တဲ့နှာတဲ နီရဲပြီး ဖူဖူလေးဖြစ်နေတဲ့ နူတ်ခမ်းလေးနဲ့ နူတ်ခမ်းအောက်နားက မှည့်နက်လေး
" ကျန်းချူး အတန်းနောက်ကျတော့မယ် မြန်မြန်လာ "
အပြင်မှ ကျင်းယွမ် အော်သံကြောင့် ငေးနေတာရပ်ကာ ပါဝါပြန်အုပ်လိုက်ပြီး
" လာပြီ " စာအုပ်တွေ ဆွဲကာ စာသင်ဆောင်ပြေးရလေတော့တယ် ရန်ဟွားမှာ သင်ကြားရနာတွေက ဇာထိုးပန်းထိုး အတီးအမှုတ် အဆိုအက ဆေးပညာ ဟင်းချက်ပညာ ကိုယ်ဟန်ပညာ တွေဖြစ်တယ် ကျောင်းသားတစ်ယောက်က ဒါတွေအားလုံး သင်ကြားရပေမယ့် သူဝါသနာပါရာ ကို အထူးပြု သင်ကြားလို့ရလေတယ်
ဥပမာပေးရမယ်ဆိုရင် ပန်းချီ ဝါသနာပါတယ်ဆိုရင် အထူးပြု အနေနဲ့ သတ်သတ်သင်ကြားပေးပါတယ်
ကျန်းချူးနဲ့ ကျန်းယွမ်က ဆေးပညာကို အထူးပြု ထားတာဖြစ်တယ် ဆေးပညာကို သင်ယူသူ နည်းတာကြောင့် ရန်ဟွားတွင် အယောက်သုံးထောင်ကျော်ရှိသော်လည်း စီနီယာ ဂျူနီယာပေါင်းမှ ဆေးပညာသင်ယူသူ ဆယ်ယောက်ကျော်သာရှိလေတယ် ဇာတ်လ်ုက်ကောကတော့ ဇာထိုးပန်းထိုး ကို အထူးပြု ယူလေတယ်
ဖိန်းအန်း နန်းတွင်းညီလာခံ ခန်းမကြီးတွင် မင်းသားမင်းသမီးများ အမတ်များ ရှင်ဘုရင်အလာကိုစောင့်ဆိုင်းနေကြတယ် အထိန်းတော်ကြီးမှ ဘုရင်မင်းမြတ်ရောက်ရှိကြောင်း ဆိုလာပြီး ညီလာခံခန်းမထဲ ဝင်ရောက်လာတဲ့ ဘုရင်မင်းမြတ် အမတ်တွေနဲ့ မင်းသား မင်းသမီးတွေဟာ
" အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ "
အားလုံးရဲ့ အသံကြောင့် ဘုရင်မင်းမြတ်က ပြုံး၍သာ နဂါးပလင်ပေါ်ကို တက်သွားကာ အားလုံး သူ့နေရာ သူယူနိုင်ကြောင်း ပြောလိုက်တယ်
" စစ်ဝမ် ပြန်ရောက်ပြီကြားတယ် အခေါ်တော်လွှတ်လိုက်ကြစမ်း "
ဘုရင်အမိန့်ကြောင့် အထိန်းတော်ကြီးလည်း စစ်ဝမ်အိမ်တော်ကို အပြေးလေးခေါ်ရလေတော့တယ် စစ်ဝမ်ဆိုတဲ့အသံကြားတာနဲ့ မင်းသားတွေကတော့ မျက်နှာမကောင်းကြတော့ လက်ရှိဘုရင် ကုဟန်မင် မှာ မိဖုရား လေးပါးရှိပြီး
မိဖုရားခေါင် အန်းဖေး မှမင်းသား ကုဟုန်မင်နဲ့ ကုအန်းနင်(ကော)
ဒုတိယကောမိဖုရား ဝမ် မိန် မှ မင်းသား ကုဟန်စစ် နဲ့ မင်းသမီး ကုနုယဉ်
တတိယမိဖုရား(ကော) မှ မွေးဖွားနိုင်ခြင်းမရှိခဲ့
စတုတ္ထ မိဖုရားမှ မင်းသား ကုထျန်းဝေ , ကုဟေဝန် နဲ့ ကော မင်းသား ကုစုယင် မင်းသမီး ကုနန်ဆွေ
တို့ပဲဖြစ်တယ် ခု စစ်ဝမ်ဆိုတာ ကုဟန်စစ်ရဲ့ ဘွဲ့ အမည်ဖြစ်ပြီး ဘုရင် အချစ်ဆုံးသားတော်လည်း ဖြစ်တယ်
ဟန်စစ် အိမ်တော်ပြန်ရောက်ပြီး စစ်ဆေးစရာတွေ စစ်ဆေးနေတုန်း ခမည်းတော်အခေါ်ကြောင့် အပြေးသွားရပြန်လေတယ် သူက အိမ်တော်မှာ သိပ်နေလေ့မရှိ စစ်မြေပြင်မှာသာ နေလေ့ရှိတယ်
" ခမည်းတော် မင်းကြီးကို ဂါရဝပြုပါတယ် "
" မိဖုရားကို ဂါရဝပြုပါတယ် " " အစ်ကိုတော်ကို ဂါရဝပြုပါတယ် "
စစ်ဝမ် ကို တွေ့တော့ ဘုရင်က ဝမ်းသာစွာပြန်နူတ်ဆက်လေတယ် ပြီးတော့
" စစ်ဝမ် အိမ်တော်မှာ အခြေကျနေဖို့ ဆုံးဖြတ်ပြီးပြီလား "
ထိုစကားကြားတော့ ကျန်မင်းသားတွေက စစ်ဝမ် အိမ်တော်မှာ မနေပဲ စစ်မြေပြင်မှာပဲ နေစေဖို့ ကြိတ်ဆုတောင်းကြတယ် စစ်ဝမ်က ပြုံးပြီး
" ဒီတစ်ခါ သားတော်ပြန်လာတာ အိမ်တော်မှာပဲ နေဖို့ ဆုံးဖြတ်ပြီးသွားပါပြီ "
"ကောင်းတယ် သိပ်ကောင်းတယ် " ဘုရင်က အားရကျေနပ်စွာ တဟားဟားရီပြီး ပြောလေတယ် စစ်ဝမ် ကျန်မင်းသားမျက်နှာတွေကို အကဲခပ်ကြည့်တော့ ပျက်ယွင်းနေတဲ့မျက်နှာတွေကြောင့် ကျေနပ်သွားတယ်
" ညီတော် က စစ်အာဏာကို လက်လျော့လိုက်တာလား " ဝင်ပြောလာတဲ့သူကို ကြည့်တော့ ကုဟန်မင် ဖြစ်နေတယ်
စစ်ဝမ် ဘာမှမပြော တော့ ကုဟုန်မင် ဒေါသထွက်နေလေပြီ သို့သော် သူသည် သဘောထားမြင့်မြတ်တဲ့ မင်းသားအသွင်ယူထားတာကြောင့် မျက်နှာမှာမပေါ်
စစ်ဝမ်သည် ထိုကဲ့သို့ပဲ ခမည်းတော်နဲ့ တတိယမိဖုရားကလွဲရင် မျက်နှာတည်နဲ့ ဘာပြန်ပြောလေ့မရှိတာ လူတိုင်းအသိပင်
" သားတော် အသက်လည်း မငယ်တော့ဘူး ကြင်ယာတော် ထားသင့်နေပြီ ပန်းပွဲတော်လည်း နီးနေပြီဆိုတော့ သားတော် စိတ်ကြိုက်ရွေးပါ "
"ဟုတ်ကဲ့ အမိန့်နော်အတိုင်းပါ "
စစ်ဝမ်ပြန်သွားတော့မှ ကျန်တာတွေ ဆက်ဆွေးနွေးကြတယ်
ရန်ဟွား က တစ်စုံတစ်ယောက်ကတော့ ထိုအကြောင်းတွေကို pointနဲ့ လဲကာ သိရှိခဲ့လေတယ်
စစ်ဝမ် အိမ်တော်ပြန်ရောက်တော့ သူကိုယ်ပိုင် အရိပ် တပ်သားကို ခေါ်ကာ သစ်ခွပန်းပုံနဲ့ကိုယ်စားပြုတဲ့အိမ်တော်အကြောင်းကို စုံစမ်းခိုင်းလေတော့တယ်