~ပင်လယ်လို မောင်~(ပင္လယ္လိုေမ...

By lka__thv

214K 20.4K 3.9K

...မောင်က ပင်လယ်ကြီးနဲ့တူတယ်... ...ေမာင္က ပင္လယ္ႀကီးနဲ႔တူတယ္... Start Date-3. 7. 2021 End Date-21. 10. 2021 More

အပိုင်း-(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)-ဇာတ်သိမ်းပိုင်း
heyyy
Extra 1
Extra 2
! BOOK!
Extra 3

အပိုင်း(၈)

7K 712 95
By lka__thv

Unicode

Warningနည်းနည်းထည့်မယ်ဟဲဟဲ။

ဒီနေ့ရုံးပိတ်သဖြင့်ကင်ထယ်ယောင်းတစ်ယောက်အိမ်မှာပဲနေနေသည်။အိမ်မှာသာနေရတာယောကျာ်းနားကပ်ရတယ်လို့ကိုမရှိ။အခုတောင်laptopတစ်လုံးနဲ့ကုတင်ပေါ်ထိုင်ပြီးကုမ္ပဏီကထုတ်ကုန်အသစ်ကြော်ငြာဖို့အတွက်modelတွေရွေးနေရသည်။

ထိုစဥ်ရေချိုးခန်းထဲမှအောက်ပိုင်းကိုပဲတဘက်တစ်ထည်နဲ့ပတ်ပြီးရေစက်လက်နဲ့ထွက်လာတဲ့မင်ယွန်းဂီ.....ဖြူဖွေးနေသောကိုယ်လုံးလေးကိုသတိလက်လွတ်ငေးကြည့်နေမိသည်။

ကြည့်နေရင်းပင်ရေစိုနေတဲ့ဆံပင်တွေကိုနောက်သို့ခေါင်းမော့ပြီးလှန်တင်လိုက်တာ
ကြောင့်ကိုယ်ပါပူချင်သွားသည်။ငင့်......မင်ယွန်းဂီဘာဖြစ်ချင်နေတာပါလိမ့်။

ခေါင်းကိုမော့ထားတာကြောင့်မျက်နှာပေါ်ကရေစက်တွေကလည်ပင်းတစ်လျှောက်စီးကျနေသည်။အယောင်ယောင်အမှားမှားနဲ့ရေစက်တွေစီးကျနေတဲ့လည်ဇလုတ်လေးကိုကြည့်လိုက်မိတော့....ဂလု!....ငါတော့သေတော့မှာပဲ။

ရုတ်တရက်မပြောမဆိုနဲ့သူ့လက်ထဲခေါင်းသုတ်တဲ့တဘက်ကိုထိုးပေးကာကုတင်ပေါ်ခပ်တည်တည်တက်လာတာကြောင့်လူကလန့်သွားပြီးlaptopကြီးကိုပေါင်ပေါ်တင်လိုက်မိသည်။
သူကသာပြစ်မှားချင်တိုင်းပြစ်မှားပြီးမရှူနိုင်မကယ်နိုင်ဖြစ်နေပေမယ့်မင်ယွန်းဂီက​တော့အေးဆေးပင်သူ့အရှေ့မှာကျောပေးကာဝင်ထိုင်လိုက်ပြီး

"ထယ်လေး hyungကိုခေါင်းသုတ်ပေးပါလား"

"ဟုတ်...ဟုတ်ကဲ့"

ခေါင်းသုတ်ပေးသောလက်တွေကပင်တုန်တုန်ရီရီ...ဘုရားစူး ဒါကင်ထယ်ယောင်းဘဝမှာမင်ယွန်းဂီကိုအဝတ်အစားမပါဘဲပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။

အိမ်ထောင်သက်တမ်း2နှစ်ထဲရောက်နေပေမယ့်ဖက်အိပ်တာကလွဲရင်hyungကိုလက်ဖျားနဲ့တောင်မထိခဲ့။ဒီနှင်းလုံးလေးကိုနာကျင်အောင်လည်းမလုပ်ရက်ပါ။နမ်းတာတောင်မထိတတိ ပါးလေးနမ်းလိုက်၊နားရွက်လေးနမ်းလိုက်သာလုပ်နေတာတစ်ကယ်နမ်းဆိုတော့သူ့မှာမနမ်းရဲ။

Hyungကတရုတ်ပန်းအိုးလေးလိုပဲ.......
လှပတယ်၊စစ်မှန်တယ်၊ကြည့်လို့ကောင်းတယ်။ဒါပေမယ့်အကြည့်ပဲခံတယ်၊အထိမခံဘူး။
အဲ့တော့သူ့မှာလည်းအထိမခံနိုင်တဲ့တရုတ်ပန်းအိုးလေးကိုအရိပ်တကြည့်ကြည့်နဲ့ဂရုစိုက်နေရတာ။ပြောခဲ့ပါတယ် အချစ်ဆိုတာအဝေးကကြည့်နေရလည်းသူ့အတွက်အဆင်ပြေပါတယ်လို့။hyungမကြိုက်ဘူးဆိုသူလုံးဝမလုပ်ဘူး။

ကာယကံနဲ့သာအထမမြောက်တာခေါင်းသုတ်နေရင်းနဲ့ကျောပြင်ဖြူဖြူသေးသေးလေးကိုမနောကံနဲ့ပြစ်မှားနေတာအဝီစိသွားဖို့ပင်ရိက္ခာလုံလောက်နေချေပြီ။ဂီး....ငါ့သမာဓိလာစမ်းနေတာကုန်းကိုက်လိုက်ရ။ရုတ်တရက်ကြီးရှေ့သွားနှစ်ချောင်းက ယားလာသလိုပဲ။

မဖြစ်ဘူးမဖြစ်ဘူးဒီလိုဆက်သွားရင်မဟုတ်သုတ်ခတွေဖြစ်ကုန်လိမ့်မယ်။ကိုယ်မထိန်းနိုင်လို့တစ်ခုခုဖြစ်ရင်သူပဲနာမှာ။ကိုယ်အနာခံရအောင်လည်းဟိုကဖြင့်သေးသေးလေးနဲ့ဘယ်လိုမှ
ကိုယ့်ကိုထိန်းချုပ်နိုင်မှာမဟုတ်ဘူး။ဖက်ပေါ်ပဲဆူးကျကျ၊ဆူးပေါ်ပဲဖက်ကျကျ ဖက်ပဲပေါက်သလို...သူပဲကိုယ့်လုပ်လုပ်၊ကိုယ်ကပဲသူ့လုပ်လုပ် သူပဲပေါက်...အဲမဟုတ်သေးဘူး သူပဲနာမှာ။

"အကျီ ်ဝတ်ထားပါ့လားhyungရယ်အအေးပတ်ကုန်မှဖြင့်"

"ရတယ်ခေါင်းသာခြောက်အောင်သုတ်ပေး ဒါနဲ့ထယ်လေးကlaptopတစ်လုံးနဲ့ဘာတွေအလုပ်ရှုပ်နေတာလဲ"

"Modelပုံတွေကြည့်နေတာ"

"ဘာ!"

ဟိုက်!သေပြီဟ...မိုင်းကိုမှတည့်တည့်နင်းမိတာ။

"မင်းကယောကျာ်းတစ်ယောက်လုံးကိုအရှေ့မှာထားပြီးဘယ်modelမပုံတွေကြည့်နေတာလဲ"

ရှူးရှူးရှဲရှဲနဲ့သူ့အားရန်ရှာလာတဲ့ယောကျာ်းပေါက်စလေးကြောင့်ကပျာကယာlaptopကိုပိတ်ကာကမန်းကတန်းရှင်းပြရတော့သည်။အစတည်းကလူကဆပ်ပြာသည်လင်ပျောက်သလိုပျာယာခတ်ပါတယ်ဆိုနေမှစိတ်လက်တစ်ဆစ်နဲ့ယူပြီးမှမျောက်မီးသွေးခဲဖင်ခုထိုင်ထားတာထက်ကိုပိုဆိုးနေတော့သည်။

"မဟုတ်ပါဘူးhyungရယ် ကျွန်တော်တို့ကုမ္ပဏီကbrandအသစ်အတွက်ကြော်ငြာဖို့modelရွေးနေတာပါတစ်ခြားဘာမှမဟုတ်ရပါဘူး ကျွန်တော့မှာhyungတစ်ယောက်တည်းကိုနှလုံးသားနဲ့အပြည့်ထိုးထည့်ပြီးချစ်နေရတာကိုhyungမသိတာကျနေတာပဲ"

"မင်းဘာသာချစ်ချင်တဲ့သူချစ် ငါနဲ့မဆိုင်ဘူး"

"ကျွန်တော့်မှာနောက်ထပ်လူတစ်ယောက်ထပ်
ထည့်ဖို့နှလုံးသားအပိုပါရအောင်ရေဘဝဲကြီးလည်းမဟုတ်ရပါဘူးhyungရယ်"

အရှေ့ကငိုမဲ့မဲ့နဲ့ပြောနေတဲ့ကောင်လေးကိုကြည့်ပြီးမင်ယွန်းဂီပြုံးမိသည်။ဒီကောင်လေးကလျှပ်စီးနည်းနည်းလက်တာကလွဲရင်သူနဲ့ပတ်သက်သမျှကိုအလေးအနက်ထားတာသူသိတာပေါ့။သိလို့ပဲသူ့မှာimageအပျက်ခံပြီးရုပ်တည်ကြီးနဲ့ထိုင်ထိုင်စနေရတာ။

အခုလည်းကြည့်ဦး။မရှိရှိတဲ့မျက်ရည်တွေညှစ်ကာfake cryလုပ်ပြီးအပီအပြင်drama kingလုပ်နေပုံကမသိရင်ကိုယ်ကပဲသူ့ကိုအနိုင်ကျင့်နှိပ်စက်ထားသလိုလို။ကင်ထယ်ယောင်းတို့နဲ့ကတော့မရိုးရဘူးဟေ့။မင်ယွန်းဂီတစ်ယောက်ယောကျာ်းရတာလား၊ကလေးတစ်ယောက်ကောက်ရတာလားသေချာမသိတော့ဘူး။

"ကင်ထယ်ယောင်း....ကောင်းကျိုးမပေးလေး"

"ဗျာ"

စိတ်ထဲကတွေးပြီးအပြင်မှာပါ ပါးစပ်ကလွှတ်ခနဲချစ်စနိုးနဲ့ကျိန်ဆဲလိုက်မိတော့မျက်လုံးလေးပြူးပြီးမော့ကြည့်လာသည်။အီးးးးငါ့ကိုအဲ့လိုမကြည့်စမ်းနဲ့။ဆံပင်ကောက်ကွေးလေးတွေ၊ပါးဖောင်းဖောင်းလေးနဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေ....အားးးးမရတော့ဘူး

"ပြွတ်စ်"

နောက်ဆုံးမထိန်းနိုင်မသိမ်းနိုင်ဖြစ်သွားခဲ့တဲ့မင်ယွန်းဂီကိုယ်တိုင်ကပင်ရှေ့ကကင်ထယ်ယောင်းရဲ့ပေါင်ပေါ်တက်ထိုင်ကာနှုတ်ခမ်းကိုထိကပ်ရုံနမ်းလိုက်မိသည်။

ကင်ထယ်ယောင်းမှာတော့အလန့်တကြားမျက်လုံးကိုပြူးလာရသည်။ဘာလဲ...ဘာလဲဟ ဘာလို့အဲ့လောက်လန့်သွားတာလဲ။သရဲတွေ့လို့လား။

"Hyung...အ..အခု ကျွန်တော့်ကိုနမ်း...နမ်း"

မြတ်စွာဘုရား....စကားတွေပါထစ်ကုန်ပြီဟ။ငါကလေးကိုအနိုင့်ကျင့်မိလိုက်တာလား။

"အေး...နမ်း...နမ်းလိုက်တာလေ ဘာ..ဘာဖြစ်လို့လဲ"

လခွမ်းးးးးဘာလို့ငါကပါစကားတွေထစ်ကုန်တာလဲ။အရှေ့ကသူတက်ထိုင်ထားတဲ့လူကိုကြည့်မိတော့သူ့ရင်ဘတ်ကိုကြည့်ကာတံတွေး တွေမြိုချနေလေရဲ့။ကိုယ့်ကိုကိုယ် အမှုမဲ့အမှတ်မဲ့ပြန်ငုံ့ကြည့်မိတော့.........စောက်ကျိုးနည်းဟ အကျီ ်မဝတ်ရသေးဘူး။ပေါင်ပေါ်ကကုန်းထတဲ့အချိန်မှာပဲလက်တစ်ဖက်ကဆောင့်ဆွဲခံရလိုက်ပြီးအိပ်ယာခင်းနဲ့ကျောပြင်ကပ်သွားရသည်။သူ့အပေါ်ကအုပ်မိုးထားတာကထယ်ယောင်း......။

အခုအခြေအနေကြီးကဘာနဲ့တူနေတာ​လဲ။ထယ်ယောင်းသူ့ကိုကြည့်နေတဲ့အကြည့်တွေကရီဝေဝေ....နဂိုတည်းကအကောင်သေးပါတယ်ဆိုသူ့အကြည့်တွေကြောင့်လူကဇီးရွက်...မဟုတ်ဘူး ဇီးရွက်ကမှကြီးဦးမယ်။ဇီးစေ့လောက်ပဲရှိတော့သည်။

"Hyung......ကျွန်တော်....ကျွန်တော်...hyungကို လို..လိုချင်တယ်"

"အမေရေ....."

ခလုတ်တိုက်မှအမိတ,ဆိုသလို အခုချိန်ကျမှဘယ်ရောက်နေမှန်းမသိတဲ့အမေကိုလည်းတ,မိပါသေးသည်။

"ဟာ...မဟုတ်ဘူး hyungအမေကိုမလိုချင်ဘူး hyungကိုလိုချင်တာ"

လည်ပင်းကိုရုတ်တရက်ကောက်နမ်းလိုက်တာကြောင့်အသာလေးတွန်းလိုက်မိသည်။

"ငါကြောက်တယ်"

အဲ့အခါကျမှပြန်အသိဝင်သွားပုံရသည်။

"ရတယ်...hyungအဆင်မပြေလည်းဘာမှမဖြစ်ဘူး"

အဲ့လိုကျတော့လည်းသူ့မှာစိတ်မကောင်းပြန်။လက်ထပ်ထားတာနှစ်နဲ့ချီနေပေမယ့်သူကskin shipမကြိုက်ဘူးဟုဆိုတော့ထယ်လေးမှာသူ့ကိုဖက်တာတောင်ဖွဖွလေး။မဂ်လာဆောင်တုန်းကလည်းနှဖူးကိုပဲနမ်းခဲ့တာ။ယူပြီးတော့လည်းအသားယူတာတွေဘာတွေမရှိ။ပေးလိုက်ရင်ရော ဒီအတောအတွင်းလိမ္မာလို့ဆုချတဲ့အနေနဲ့။
ယောကျာ်းဆန်လွန်းတဲ့ကောင်လေးရဲ့ပါးလေးကိုအသာလေးကိုင်ပြီး

"hyungကိုချစ်လား"

ချက်ခြင်းအဖြေမပေးသေးဘဲသူ့မျက်ဝန်းတွေကိုစိုက်ကြည့်ပြီးပြုံးနေသေးသည်။ပြီးမှပါးကိုကိုင်ထားတဲ့လက်ဝါးလေးကိုဆွဲယူပြီးနှုတ်ခမ်းမှာကပ်ထားမိသည်။

"နားထောင်ချင်သေးလို့လား ချစ်ကြောင်းတွေပြောရရင်တစ်ထောင့်တစ်ညပုံပြင်တွေထက်တောင်ကြာဦးမယ်hyungရဲ့"

"ဒါပေမယ့်hyungကြားချင်တယ်လေ"

"ချစ်တာပေါ့ဗျာ ကျွန်တော်အလယ်တန်းကျောင်းသားဘဝတည်းကhyungတစ်ယောက်တည်းကိုပဲမြင်ခဲ့တာ အဲ့တုန်းကhyungကအထက်တန်းကျောင်းသားကြီးလေ"

"ထယ်လေး မင်းhyungကိုအဲ့အချိန်တည်းကချစ်တယ်လို့တော့မပြောလိုက်နဲ့ အဲ့တုန်းကhyungကမင်းကိုအရှုပ်ထုပ်လို့သတ်မှတ်ထားခဲ့တာ"

"ကိုယ့်ကိုကိုယ် ဘာကိုစိတ်ဝင်စားမှန်းမသိက
ခင်ကတည်းက hyungကိုပဲရူးခဲ့တာ ကိုယ့်ကိုကိုယ်ရူးနေပြီလို့ထင်ခဲ့ပေမယ့်ကျွန်တော့်ခံစားချက်တွေကhyungနဲ့ပတ်သက်ပြီးအမြဲတမ်းသေချာနေခဲ့တာ ကျွန်တော်hyungကိုအလယ်တန်းကျောင်းသားဘဝတည်းကအရမ်းချစ်ခဲ့တာပါ အဲ့တာကြောင့်ဒီလိုကိစ္စတွေအတွက်မပူပါနဲ့ hyungမကြိုက်ရင်ကျွန်တော်လုံးဝမလုပ်ဘူးနော်"

မင်ယွန်းဂီမယုံနိုင်ပါ။ဒီကလေးသူ့ကိုချစ်မှန်းသိပေမယ့်ဒီလောက်ထိလို့မထင်ခဲ့။ဘယ်လိုပဲမကြိုက်ရင်မလုပ်ဘူးပြောပါစေသူလည်းယောကျာ်းလေးတစ်ယောက်ပဲလေဘယ်အချိန်ထိသည်းခံနိုင်မှာလဲ။ဖြစ်ချင်တာဖြစ်ကွာ........

အုပ်မိုးထားရမှာပြန်ထသွားသည့်ထယ်ယောင်းရဲ့လက်ကိုဆွဲပြီး

"ထယ်လေးhyungကိုယူလိုက်"

သူ့ကိုမယုံကြည်စွာ​ခြေဆုံးခေါင်းဆုံးကြည့်ပြီးမှသက်ပြင်းတစ်ချက်ချပြီး

"ဟင့်အင်း hyungနာမှာစိုးလို့"

"ရတယ်ကိစ္စမရှိဘူး ယူလိုက်"

"မယူဘူး"

"ယူပါဆို"

"မယူပါဘူးဆို"

"ကင်ထယ်ယောင်း ငါကတောင်အတင်းထိုးပေးနေတာကိုမင်းကဘာတွေငြင်းနေတာလဲ အခုမှမယူရင်တစ်သက်လုံးငါ့နားမကပ်နဲ့"

"အာ....အဲ့လိုမရဘူးလေ"

သူ့ပေါ်ဝုန်းခနဲဒိုင်းခနဲပြန်အုပ်မိုးလာသည်။နှဖူးလေးကိုတစ်ချက်နမ်းပြီး

"Hyungကိုကျွန်တော်နာအောင်မလုပ်ဘူးနော် ကျွန်တော့်ကိုယုံနော်"

"အေးပါကွာ"

ကလေးချော့သလိုပြောလာတာကြောင့်ရှက်နေသည့်ကြားမှပင်ရယ်လိုက်မိသေးသည်။
ဒါတောင်သူ့ကိုအကြာကြီးစိုက်ကြည့်နေသေးတာကြောင့်လူကဖျားပါဖျားချင်လာသည်။

"Hyung အအေးပတ်တော့မယ်ထင်တယ်.."

ထိုအခါကျမှအနမ်းတွေနဲ့ဗျူဟာခင်းကာစတင်တိုက်ခိုက်တော့သည်။ကျွမ်းကျင်လှတဲ့အနမ်းတို့ရဲ့ဦးဆောင်သူကြောင့်ရေချိုးပြီးသားကိုယ်ကပူရှိန်းပူရှိန်းဖြစ်လာသည်။

ခါးကတဘက်ကိုဆွဲဖြည်လိုက်တာကိုသိလိုက်ရတော့မျက်နှာကမီးဟပ်သလိုရဲခနဲ။

"ထယ်လေး မီး....မီးပိတ်ပေးပါလား"

"မီးပိတ်လည််းမြင်ရမှာပဲhyungရဲ့ အခုကနေ့ခင်းဘက်ကြီးလေ"

"အာ့ရှ်....."

ကင်ထယ်ယောင်းရဲ့အချစ်တွေကြားသူ့မှာအလူးလူးအလိမ့်လိမ့်....လက်ချောင်းရှည်ရှည်တွေကိုသာဆုပ်ကိုင်ပြီးမျက်လုံးမှိတ်ထားခဲ့သည်။
တရုတ်ပန်းအိုးလေးသည်ထိုနေ့ကပန်းချီဆရာလေးရဲ့လ​က်ထဲ၌လှလှပပအရောင်စုံခဲ့ပါ၏။

ကိုယ့်ဘဝအား မင်းလက်ထဲ
စုံနင်းကာလို့ ပုံအပ်မယ်
ကြိုက်သလိုသာ ခြယ်လှယ်ပါတော့
မင်းအထိအတွေ့ အနမ်းအားလုံး
အရူးလိုပင် မက်မောတာမို့
မင်းထက်မပို မင်းထက်မလျော့သော
ချစ်ခြင်းတို့ဖြင့် မြတ်နိုးပါတယ်ကွယ်
ထယ်ယောင်းငယ်ရယ်................။
___________________~__________________

ဒီနေ့meetingကထင်ထားသလိုမဖြစ်ဘဲဒါရိုက်တာနဲ့ဘုတ်အဖွဲ့ဝင်တွေကြားကတောက်ကစရှိလာသဖြင့်အဆင်ပြေပြေမပြီးခဲ့။စိတ်ညစ်ညစ်နဲ့ဒီနေ့မနက်ကကိုကိုချည်ပေးလိုက်တဲ့necktieကိုသာအဆုံးထိဆွဲချပြီးထိုင်ခုံကိုမှီပြီးမျက်လုံးမှိတ်ထားမိသည်။

"မောနင်းဂျောင်ကု"

တံခါးဆွဲဖွင့်ပြီးဝင်လာသူက မမ။မကြည်သလိုတစ်ချက်ကြည့်ပြီးစိတ်ပျက်စွာငြီးတွားမိသည်။စည်းကမ်းမဲ့လိုက်တာ.......

"တံခါးခေါက်ရမယ်ဆိုတာမသိဘူးလား"

"တံခါးခေါက်ပြီးနင့်အဖြေကိုစောင့်နေရင် ပါလာတဲ့သတင်းလေးပြောဖို့အချိန်တွေလင့်ကုန်မှာပေါ့ငါ့မောင်ရဲ့"

"ဘာသတင်းလဲ"

"နင်နဲ့ဂျီအာ့အတွက် အမေနဲ့ငါဘုန်းကြီးဆီသွားပြီးရက်ရွေးပြီးပြီ နောက်လထဲဆိုအကောင်းဆုံးမဂ်လာအချိန်ပဲတဲ့"

"ဘာ....ရူးနေကြတာလား"

ဂျောင်ကုအံ့ဩတကြီးမတ်တပ်ရပ်လိုက်မိသည်။ကိုယ်မဂ်လာဆောင်မယ့်ကိစ္စကို ကာယကံရှင်ဖြစ်တဲ့ကိုယ် ကိုယ်တိုင်တောင်မသိရပါလား။မမကသူ့ကိုမော့ကြည့်ပြီး

"ဘာဖြစ်တာလဲ အလန့်တကြား"

"ကျွန်တော်သူနဲ့လမ်းခွဲပြီးပြီလေ"

"အဲ့တာမင်းဘက်ကကိစ္စလေ ငါသိရသလောက်ဂျီအာကလမ်းခွဲမယ်ဆိုပြီးသဘောတူခဲ့တာမှမဟုတ်တာ"

"ဒါပေမယ့်ကျွန်တော်ကအိမ်ထောင်သည်...."

"နင်အိမ်ထောင်သည်လည်းဘာအရေးလဲဟယ် လူသိရှင်ကြားမှမဟုတ်တာ"

"ဘာ"

"စတော့ပ်စျေးကွက်တွေထိုးကျနေတာသိတယ်မလား ငါတို့ဖောင်ဒေးရှင်းကလည်းလုပ်နေရင်းတန်းလန်းကြီးနော် ဒီပုံစံတိုင်းဆက်သွားရင်အရှုံးပေါ်မှာပဲ ပြီးတော့ပြဿနာတစ်ခုရှိတယ်"

"ဘာဖြစ်လို့လဲ"

"Osakaကဘဏ်ခွဲကငါတို့ကိုလစဥ်အတိုးတွေမပေးဘူး ငါလိုက်စုံစမ်းကြည့်တော့ငါတို့ခန့်ထားတဲ့ဘဏ်သူဋ္ဌေးကထွက်ပြေးသွားတယ်တဲ့လေအဟက် ငါတို့အကြီးဆုံးဘဏ်ခွဲဖြစ်တာမို့ကုမ္ပဏီတော်တော်ထိခိုက်သွားတယ် ဒီတိုင်းဆိုစျေးကွက်မှာငါတို့သေချာပေါက်top 1နေရာကနေပြုတ်ပြီ ရှယ်ယာရှင်အစည်းအဝေးကသန်ဘက်ခါလုပ်မယ်တဲ့ ငါတို့ဘက်ကလုံလုံလောက်လောက်မတင်ပြနိုင်ရင်သွားပြီနော်"

"ဆောက်လုပ်ရေးလုပ်ငန်းဘက်ကငွေအဝင်ရှိတယ်မဟုတ်ဘူးလား"

"အဲ့တာတွေကလုပ်ငန်းခွင်တွေလေ အကုန်ဆောက်လက်စတွေငွေအဝင်ဆိုတာရှိသေးမှာမဟုတ်ဘူး ရှိမယ့်ရှိထွက်ငွေပဲရှိမှာ ဥက္ကဋ္ဌယွန်းကငါတို့ကိုကူညီပေးမယ်တဲ့ ဒါပေမယ့်စီးပွားရေးသဘောအရသိတယ်မလား အယူရှိရင်အပေးလည်းရှိရမယ်လေ"

"အဲ့တော့ကျွန်တော်က ယွန်းဂျီအာနဲ့လက်ထပ်ရမယ်ပေါ့ အဓိပ္ပါယ်မရှိလိုက်တာ"

"အင်း ဟုတ်တယ်နော် ကုမ္ပဏီနှစ်ခုပေါင်းလိုက်ရင်လည်းအဆင်ပြေတာပဲကိုလက်ထပ်ရဦးမယ်တဲ့ တစ်ခုတော့ကောင်းတယ် နင်လည်းမိသားစုအတည်တကျဖြစ်သွားတာပေါ့"

"မမအနေနဲ့ကျွန်တော့်ရဲ့အိမ်ထောင်ရေးထဲဝင်ရောက်စွက်ဖက်ခွင့်မရှိဘူးနော်"

"ဟားဟား...ဂျောင်ကု မင်းကငါ့ကိုသမီးအရင်းမဟုတ်ဘူးဆိုတဲ့အချက်နဲ့ထပ်ဖိဦးမလို့လား ဥပဒေအရငါကဖေဖေ့ရဲ့တရားဝင်သမီး၊ သေတမ်းစာအရဒီလုပ်ငန်းစုကိုနင်ရသွားပေမယ့်ငါနဲ့လည်းတစ်ဝက်သက်ဆိုင်တယ် လုပ်ငန်းရှင်တစ်​ယောက်အနေနဲ့ဒီလုပ်ငန်းစုနာမည်မပျက်အောင်စောင့်ရှောက်ရမှာငါ့တာဝန်...နင်နဲ့ပတ်ဂျီမင်းလက်ထပ်တုန်းကလည်းကုမ္ပဏီနာမည်ပျက်မှာဆိုးလို့ငါဘာလုပ်ခဲ့လဲနင်သိတယ်မလား"

"ကျွန်တော်ဂျီမင်းနဲ့မကွာရှင်းနိုင်ဘူး"

"ကောင်းပြီလေ"

လက်ကိုင်phကိုထုတ်လိုက်ပြီးph numberအချို့ကိုနှိပ်လိုက်သည်။speakerပါဖွင့်ထားသည်မို့တစ်ဖက်ကအသံကိုရှင်းလင်းစွာကြားနေရသည်။ဂျောင်ကုလည်းဘာများလဲဆိုပြီးဂရုတစိုက်နားထောင်နေမိသည်။

"ဟယ်လို"

"ဟုတ်ကဲ့ မမလေး"

"အေး ပတ်ဂျီမင်းအခုဘာလုပ်နေလဲ"

"ကော်ဖီဆိုင်တစ်ခုမှာပါမမလေး သူငယ်ချင်းလို့ထင်ရတဲ့ကောင်လေးတစ်ယောက်နဲ့စကားပြောနေပါတယ်"

"ကောင်းပြီဆက်ကြည့်ထား ငါ့ဆီကခွင့်ပြုချက်ရတာနဲ့ရှင်းလိုက်တော့"

"ကောင်းပါပြီမမလေး"

Phချလိုက်တော့ဂျောင်ကုအလန့်တကြားအော်ခေါ်လိုက်မိသည်။

"မမ! ဂျီမင်းကိုstalkနေတာလား ဘာတွေလုပ်နေတာလဲ"

"မတတ်နိုင်ဘူးလေမင်းကငါ့သည်းခံနိုင်စွမ်းကိုလာစမ်းသပ်နေတာကိုး ကွာရှင်းဖို့အချိန်တစ်ပတ်ပေးမယ် ကြားထဲမင်းကဟိုယောင်ယောင်ဒီယောင်ယောင်လုပ်နေရင် ငါကိုယ်တိုင်ပဲဝင်ရှင်းလိုက်တော့မယ်"

ဂျောင်ကုလက်သီးကိုသာကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။မမကသူ့အားသေချာစိုက်
ကြည့်ပြီး......

"ဒါခြိမ်းခြောက်ရုံသပ်သပ်မဟုတ်ဘူးနော် နင်ကအဲ့ကိစ္စကိုသာသေချာလုပ်ထား osakaကိစ္စကိုတော့ငါကိုင်လိုက်မယ်"

မမထွက်သွားပြီးချိန်မှာတော့သူခုံပေါ်မျက်နှာအပ်ပြီးငိုမိသည်။ဂျီမင်းကိုဒီအရှုပ်ထုတ်ထဲဆွဲမထည့်ချင်ပါ။ဂျီမင်း....ဂျီမင်းအဆင်ပြေရဲ့လား။ချက်ခြင်းလက်ကဂျီမင်းရဲ့numberကိုနှိပ်လိုက်မိသည်။

"ဟယ်လို"

ရပြီ...ရပါပြီ။တစ်မနက်လုံးပင်ပန်းခဲ့သမျှဒီအသံလေးတစ်ခုနဲ့တင်အကုန်ပျောက်သွားသလို။

"ကိုကိုအခုဘယ်မှာလဲ"

"ယွန်းဂီhyungတို့ဆိုင်ကနေပြန်လာတာလေ အခုလမ်းမှာ ဘာလို့လဲဟင်"

"ဘာမှမဟုတ်ပါဘူး ဒီတိုင်းလွမ်းလို့လှမ်းဆက်လိုက်တာ"

"အာ....ဒီကလေးကတော့ ဒါနဲ့ဒီနေ့စောစောပြန်လာခဲ့ မိုးရွာမယ်ကြားလို့"

"ဟုတ်ဒါဆို ဒါပဲနော်မောင်လုပ်စရာလေးရှိသေးလို့"

"အွန်း တာ့တာအာဘွား"

"ဟား လူကိုphမချနိုင်ဖြစ်အောင်လုပ်နေတာ"

"ကဲ​ပါ ချလိုက်တော့ကိုကိုလည်းစျေးဝယ်လာတာအထုတ်တွေနဲ့phကိုင်ရတာအဆင်မပြေ အာ့"

ဆိုင်ကယ်အသံကြားလိုက်ရတဲ့အပြင်ဂျီမင်းရဲ့အသံပါကြားလိုက်တာမို့စိုးရိမ်စိတ်ကငယ်ထိပ်သို့ထိုးတက်သည်။

"ကိုကို ဘာဖြစ်တာလဲ"

"ဘာမှမဖြစ်ဘူး ဒီတိုင်းချော်လဲတာ ဒီခေတ်လူငယ်တွေမလွယ်ဘူးဆိုင်ကယ်ကိုဘယ်လိုမောင်းနေကြမှန်ကိုမသိဘူး စိတ်မပူနဲ့နော်ကိုကိုဘာမှမဖြစ်ဘူး ဒီတိုင်းလဲသွားတာဘာမှမထိခိုက်ဘူး"

ဒါမမလက်ချက်များလား.....

"ဂရုစိုက်ဦး မောင်အရေးကြီးကိစ္စပေါ်လာလို့phချလိုက်ပြီနော်"

"တာ့တာ"

Phချပြီးပြီးချင်းမမဆီအသည်းအသန်လှမ်းဆက်သွယ်မိသည်။

"မမလုပ်လိုက်တာမလား"

"ဟယ်ဘာကိုလဲ မင်းဟာကလည်းအစမရှိအဆုံးမရှိ"

"ဂျီမင်း ကိုဆိုင်ကယ်နဲ့တိုက်မိမလိုဖြစ်အောင်လုပ်တာလေ မမအကွက်တွေမလား"

"ဟဲ့ပူမနေနဲ့မသေဘူး ငါပညာပါးပါးလေးပေးချင်ရုံ တစ်ကယ်ဝင်တိုက်ခိုင်း၊မတိုက်ခိုင်းကနင့်အပေါ်မူတည်တယ်"

"ပတ်ဂျီမင်းတစ်ခုခုဖြစ်ရင်ခင်ဗျားကိုဒီတိုင်းမထားဘူး"

"နင်အချိန်ဆွဲနေရင် ပတ်ဂျီမင်းကိုငါအာမ မခံနိုင်ဘူးနော် အချိန်တစ်ပတ်ပေးထားတာမမေ့နဲ့"

"ကျွန်တော်ဒီတစ်ပတ်ခွင့်ယူမယ်"

"ပတ်ဂျီမင်းအတွက်အချိန်ပေးတော့မယ်ပေါ့ ဒါပေါ့နောက်ဆုံးဆိုတော့လည်းသေချာလေးဂရုစိုက်ပေးလိုက်နော်....."

ထပ်နားမထောင်တော့ဘဲphချပစ်လိုက်သည်။Time tableကိုယူပြီးညနေခင်းဘာအစီအစဥ်တွေရှိလဲတစ်ချက်စစ်ကြည့်လိုက်တော့ကံကောင်းထောက်မစွာဘာmeetingမှရှိမနေ။အခုအိမ်ပြန်မယ်။တစ်စက္ကန့်လေးတောင်အလဟသအဖြစ်မခံနိုင်တော့ဘူး။

ကားမောင်းလာရင်းလမ်းမှာမိုးကရွာလာသဖြင့်သတိထား၍မောင်းလာရသည်။ကားလမ်းတွေကချော်နေမှာ။ကိုကိုရောအိမ်ပြန်ရောက်ပြီလားမသိဘူး။မိုးမိရင်ဖျားနေဦးမယ်။

အိမ်ရောက်တော့ကိုကို့ ကိုမတွေ့​မိတာကြောင့်ဧည့်ခန်းမှာအလုပ်လုပ်နေတဲ့ကောင်မလေးတွေကိုမေးလိုက်မိသည်။

"နင်တို့အစ်ကိုလေးရော"

"အစ်ကိုလေးကခြံထဲမှာပါ သခင်လေး"

"ဘာ...ဒီလောက်မိုးရွာနေတာမတားကြဘူးလား"

"ကျွန်မတို့တားပါသေးတယ်ဒါပေမယ့်..."

"ကျစ် တစ်ယောက်မှအသုံးမကျဘူး နောက်ဖက်ကနှင်းဆီခြံထဲမှာလား"

"ဟုတ်ကဲ့"

ခြံနောက်ကိုသာပြေးထွက်လာမိသည်။ဖြစ်နိုင်ရင်ကောင်မလေးတွေအားလုံးကိုခြံထဲထွက်ပြီးမိုးရေထဲဒူးထောက်ခိုင်းထားချင်ပေမယ့် ကိုကို့ကြောင့်ဖြစ်ရတာဆိုပြီးအငြိုးထားမှာဆိုးလို့မလုပ်ဖြစ်ခဲ့ပါ။သူကကိစ္စမရှိပေမယ့်ကိုကို့ ကိုနည်းနည်းလေးတောင်အထိခိုက်မခံနိုင်ပါ။

နှင်းဆီခြံထဲရောက်တော့ ဟော...တွေ့ပါပြီ။ခြံထဲမှာကလေးတစ်ယောက်လိုခုန်ပေါက်နေတဲ့သူ့ကိုကို။သူ့ကိုယ်သူအသက်သုံးဆယ်နဲ့သုံးနှစ်မကွဲသေးဘူးလားမသိ။ကိုယ်ကတော့သူမိုးမိမှာစိုးလို့စိတ်ပူလိုက်ရတာ သူကတော့မိုးရေထဲထွက်ဆော့နေတယ်တဲ့လား။

အကျီ ်ကပါးပါးလေးမို့ရေစိုကာအသားမှာကပ်နေတာကြောင့်အလှတရားတွေကိုအရှင်းသားမြင်နေသည်။ခြံထဲကထောက်ထားတဲ့သစ်သားတိုင်တွေပေါ်တွယ်ပြီးပေါ​က်နေတဲ့နှင်းဆီပွင့်တွေကလည်းမိုးဒဏ်ကြောင့်တစ်လွှာခြင်းကွာကျကာအောက်ကနတ်ဘုရားရဲ့ကိုယ်ပေါ်ကိုအလုအယက်ပြေးဆင်းကြသည်။

မုန်းဖို့ကောင်းလိုက်တဲ့ပန်းတွေမနာလိုလိုက်တာ။ရှေ့မှာမြင်နေရတဲ့မြင်ကွင်းကလုံးဝလက်မလွှတ်ချင်စရာဆိုပေမယ့်ဖျားမှာဆိုးလို့အမြန်ပြေးခေါ်ရသည်။ဘယ်ဘဝက ကုသလိုလ်ကောင်းမှုတွေလုပ်ခဲ့လို့ဒီလိုယောကျာ်းလှလှလေးကိုရတာပါလိမ့်။

"ကိုကိုအဲ​့တာဘာလုပ်နေတာလဲ"

"ဟင်ဂျောင်ကုအစောကြီးပဲ"

"လာဒီကို"

လာခိုင်းတာကသူဆိုပေမယ့်တစ်ကယ်တမ်းအနားရောက်သွားတာကသူဖြစ်သည်။လက်ကောက်ဝတ်လေးကနေအသာဆွဲပြီးအိမ်ထဲခေါ်လာခဲ့သည်။

"ရေချိုး မြန်မြန်ချိုးနော်ဖျားမယ်"

"မောင်ကမချိုးဘူးလား"

"ကိုကိုပြီးမှချိုးမှာ အဲ့တာကြောင့်မြန်မြန်ချိုးလို့ပြောတာ"

ဘာမှထပ်မပြောတော့ဘဲရေချိုးခန်းထဲပြေးဝင်သွားသည်။ဘယ်လောက်မှမကြာလိုက်ပြန်ထွက်လာသည်။သူလည်းရေချိုးခန်းထဲဝင်ပြီးရေအမြန်ချိုးကာခေါင်းပါလျှော်လိုက်သည်။ပြန်ထွက်လာတော့အဆိုးလေးကအစိမ်းရောင်ဆွယ်တာလက်ရှည်လေးဝတ်ပြီးငုတ်တုပ်ထိုင်နေသည်။

ရေချိုးပြီးထွက်လာတော့ သူ့ကိုတစ်ခွန်းမှမပြောဘဲရေချိုးခန်းတဲ့ဝင်သွားတဲ့မောင့်ကိုကြည့်ပြီးစိတ်ဆိုးသွားတာလားလို့ဂျီမင်း တွေးမိသည်။ဒါကြောင့်နွေးနွေးထွေးထွေးဝတ်ကာသဘက်ကိုခေါင်းပေါ်တင်ထားပြီးငုတ်တုပ်ထိုင်နေမိသည်။မောင်ကတော့သူ့ကိုတစ်ချက်ကြည့်ပြီးအကျီ ်တွေလဲကာဆံပင်ကိုခြောက်အောင်သုတ်ပြီးကုတင်ပေါ်သွားထိုင်သည်။

မောင် ကုတင်ပေါ်ထိုင်ထိုင်ချင်းထိုင်ရာမှချက်ခြင်းထပြေးကာမောင့်ပေါင်ပေါ်ဘေးတစ်စောင်းဝင်ထိုင်ကာသူ့ပါးနဲ့ကိုယ့်ပါး အပ်ထားမိသည်။

သူ့ပေါ်လာထိုင်ပြီးပါးချင်းကပ်ထားတာကြောင့်ရင်ခွင်ထဲကအဆိုးလေးဥာဏ်များနေပြီဆိုတာဂျောင်ကုသိလိုက်သည်။

"ကျွန်တော်ကိုကို့ ကိုစိတ်မဆိုးဘူးနော်"

ကျွန်တော်ဆို တဲ့အသုံးအနှုန်းကြောင့်​စိတ်ဆိုးသွားတယ်ဆိုတာဂျီမင်းသိပါသည်။

"တစ်ကယ်လား"

မျက်လုံးလေးပြူးကာမေးလာသည့်ပုံကတစ်ကယ်ဆွဲနမ်းချင်စရာအတိ။

"အင်း စိတ်တိုတာ အချိန်အခါမဟုတ်ရွာတဲ့မိုးကလျှပ်စီးတွေပါတတ်တယ်လေ မတော်လို့မိုးကြိုးပစ်ရင်ဘယ်လိုလုပ်မလဲ"

"သိပါပြီ နောက်တစ်ခါမချိုးတော့ပါဘူး မိုးရွာတော့ကိုကိုကလည်းပျော်ပြီးထွက်မိတာပါ"

"ကြည့်ဦး ခေါင်းလည်းမသုတ်ရသေးဘူး"

သဘက်ကိုဆွဲယူပြီးအသာလေးသုတ်ပေးလိုက်သည်။ပန်းရောင်ခေါင်းလေး...ချစ်လိုက်တာကွာ
ခေါင်းခြောက်အောင်သုတ်ပေးပြီးသွားတော့

"မောင်ရေအိပ်ချင်လာပြီ"

"အွန်း လာမောင်နဲ့တူတူအိပ်မယ် မအိပ်ခင်လေး နမ်းဦးမယ်"

ခွင့်ပြုချက်မရသေးခင်မှာပဲဆေးသားမကူတဲ့နှုတ်ခမ်းနုနုလေးကိုနမ်းလိုက်မိသည်။
ဂျယ်လီတုံးလေး အိကျိအိကျိနဲ့။ရေချိုးပြီးကာစမို့လို့နှုတ်ခမ်းလေးကအေးနေသည်။တစ်ကယ်ပါအမောပြေစေတဲ့သဘာဝရဲ့အော်ဂဲနစ်လေး။
အနမ်းတွေကိုအရှိန်မသတ်နိုင်တော့ပဲမက်မက်မောမောကိုနမ်းနေမိသည်။ပုခုံးကိုလာဆုပ်ကိုင်လာတဲ့လက်တွေကအနမ်းတွေနက်နဲဖို့ပိုဖိအားပေးနေသယောင်။ရင်ဘတ်ကိုလက်နဲ့လာထုမှနှမြောသတလွှတ်ပေးလိုက်သည်။

အနမ်းတွေပြီးဆုံးချိန်မှာတော့ခေါင်းလေးကိုမော့ပြီးအသက်ရှူနေပုံကသူ့ကိုရူးခါသွားစေသည်။လောဘကြီးစွာလည်ဇလုတ်သေးသေးလေးကိုငုံခဲလိုက်မိတော့

"အာ့....! ဂျောင်ကု"

ထွက်ပေါ်လာတဲ့အသံသေးသေးလေးက သူ့အမြင်တွေကိုအမှောင်ကျသွားအောင်စွမ်းဆောင်နိုင်လိုက်တာ။

ကုတင်ပေါ်အသာလေးလှဲစေလိုက်ပြီးအပေါ်မှအုပ်မိုးကာ ဝတ်ထားတဲ့ဆွယ်တာကကြယ်သီးတွေကိုဖြုတ်ပြီးလည်တိုင်တစ်ဝိုက်ကိုစိတ်လွတ်နေတဲ့သူတစ်ယောက်လိုနမ်းနေမိသည်။ညှပ်ရိုးလှလှလေးကိုကိုက်ခဲပြီးပြန်ကြည့်လိုက်တော့နှင်းဆီဖတ်တွေထက်ပိုလှတဲ့အနီကွက်တွေကလည်တိုင်ကျော့ကျော့လေးမှာနေရာအနှံ့။

အရဲစွန့်ကာဗိုက်သားဖြူဖြူချပ်ချပ်လေးကိုရင်ညွန့်ကနေချက်အထိလျှာဖျားလေးနဲ့ပွတ်ကာဆွဲလိုက်တော့ ကော့တက်လာတဲ့ခါးသွယ်သွယ်နဲ့သူ့ဆံပင်တွေကြားတိုးဝင်လာတဲ့လက်လေးတွေကနွံထဲကိုတိုးဝင်ပစ်ချင်အောင်ခွန်အားတွေပေးနေသည်။

"အဟ့...မောင်!!!"

ကိုယ်တိုင်လည်းနမ်းနေရင်းလက်ဖျားတွေအေးလာတာကြောင့်လုပ်လက်စကိုရပ်ကာကြယ်သီးတပ်ပေးပြီးစုပ်ယူထားလို့စိုပြီးရဲနေတဲ့နှုတ်ခမ်းလေးကိုတစ်ချက်နမ်းပြီးနှဖူးချင်းတေ့ထားမိသည်။

အပိုင်မသိမ်းသေးတာမြတ်နိုးလွန်းလို့ပါ.......။

"အိပ်ရအောင်"

ရင်ခွင်ထဲဆွဲထည့်ပြီးပန်းရောင်ဆံနွယ်တွေကြားမျက်နှာအပ်ကာနှလုံးခုန်နှုန်းကိုမှန်အောင်မနည်းပြန်လုပ်နေရသည်။

"မောင်လုပ်တာအိပ်လို့မရတော့ဘူး"

"အဟား အဲ့လောက်ဖြစ်သွားတာလား"

"အွန်း ရင်ထဲကုလားဘုရားလှည့်သွားတာကျနေတာပဲဝုန်းဒိုင်းကျဲလို့ ဒီမှာကြည့်ဦးလက်ဖျားတွေပါအေးတယ်"

ပြောပြောဆိုဆိုသူ့ပါးကိုလက်လေးနဲ့လာကိုင်နေသည်။ဟုတ်ပါ့ အေးစက်နေတာပဲ။သူကိုယ်တိုင်လည်းလက်ဖျားတွေအေးနေတာမဟုတ်လား။

"အိပ်တော့မောင့်အသက်လေး"

"ညနေခင်းကြီးအိပ်ရင်ဖျားမယ်မဟုတ်ဘူးလား"

သူပွစိပွစိလုပ်တာအရေးမကြီး။စကား​​ပြောတိုင်းဆူထွက်လာတဲ့နှုတ်ခမ်းလေးကသူ့လည်ပင်းကိုလာလာထိနေတာတစ်ကိုယ်လုံးကရှိသမျှအမွှေးတွေအကုန်ထောင်နေပြီ။

"ကိုကိုပဲအိပ်ချင်တယ်ဆို"

မျက်မှောင်ကျုံ့ပြီးမေးလိုက်တော့

"မင်းလုပ်တာရင်တွေတုန်သွားလို့မျက်လုံးပါကျယ်သွားပြီ"

​ပြောလည်းပြောသူ့ရင်ဘတ်ကိုလည်းလက်သီးဆုတ်လေးတွေနဲ့လာထုတာမို့လို့မနာပေမယ့်နာဟန်ဆောင်ရသည်။

"အာ့ မောင်နာတယ်ဗျ"

"ဟင်နာသွားလား ဥုံဖွဥုံဖွ"

ရင်ဘတ်ကိုလာနမ်းတဲ့နှုတ်ခမ်းတွေ....ကျွန်တော်တော့နှလုံးရပ်တော့မှာပဲ ဂျွန်ဂျီမင်းရေ

"အိပ်ချင်ပြီကွာ အိပ်တော့ ငြိမ်ငြိမ်နေ"

"အွန်း အွန်း"

ရင်ခွင်ထဲကလူကြီးလေးကိုအသည်းယားလွန်းတာကြောင့်လက်မောင်းလေးကိုရှေ့သွားနဲ့ဖွဖွလေးကိုက်ပြီးအတင်းငြိမ်ခိုင်းရသည်။မဟုတ်ရင်ဘာလုပ်မိမယ်မှန်းမသိတော့။
သူ့စကားတစ်ခွန်းတည်းနဲ့ငြိမ်ကျသွားတဲ့ကိုကို့ကိုအရမ်းချစ်တာပဲ။ကျွန်တော်တော့ခင်ဗျားမရှိဘဲနေနိုင်တော့မယ်မထင်ဘူး။

လူတစ်ယောက်ရဲ့ တန်ဖိုးကိုသိချင်ရင်
ထိုလူမရှိတော့မယ့် သင့်ရဲ့အနာဂတ်ကို
စိတ်ကူးယဥ်ကြည့်ပါတဲ့၊
လကွယ်ည ဝရန်တာမှာထွက်ရပ်မိတော့
ကြယ်တွေလတွေမရှိတဲ့ ကောင်းကင်ကြီးက
ခင်ဗျားမရှိတဲ့ ကျွန်တော့်ရဲ့ဘဝလို
ဗလာနတ္ထိ...............။

(စောက်ခွက်ကြီးမီးဟပ်သွားသလိုပဲ မပူပါနဲ့နောက်တစ်ခန်းထပ်ပါဦးမှာပါ။နောက်တစ်ပတ်စနေ၊တနဂ်နွေမှာပြန်တွေ့ကြပါမယ်။)
......
Zawgyi

Warningနည္းနည္းထည့္မယ္ဟဲဟဲ။

ဒီေန႔႐ုံးပိတ္သျဖင့္ကင္ထယ္ေယာင္းတစ္ေယာက္အိမ္မွာပဲေနေနသည္။အိမ္မွာသာေနရတာေယာက်ာ္းနားကပ္ရတယ္လို႔ကိုမ႐ွိ။အခုေတာင္laptopတစ္လုံးနဲ႔ကုတင္ေပၚထိုင္ၿပီးကုမၸဏီကထုတ္ကုန္အသစ္ေၾကာ္ျငာဖို႔အတြက္modelေတြေ႐ြးေနရသည္။

ထိုစဥ္ေရခ်ိဳးခန္းထဲမွေအာက္ပိုင္းကိုပဲတဘက္တစ္ထည္နဲ႔ပတ္ၿပီးေရစက္လက္နဲ႔ထြက္လာတဲ့မင္ယြန္းဂီ.....ျဖဴေဖြးေနေသာကိုယ္လုံးေလးကိုသတိလက္လြတ္ေငးၾကည့္ေနမိသည္။

ၾကည့္ေနရင္းပင္ေရစိုေနတဲ့ဆံပင္ေတြကိုေနာက္သို႔ေခါင္းေမာ့ၿပီးလွန္တင္လိုက္တာ
ေၾကာင့္ကိုယ္ပါပူခ်င္သြားသည္။ငင့္......မင္ယြန္းဂီဘာျဖစ္ခ်င္ေနတာပါလိမ့္။

ေခါင္းကိုေမာ့ထားတာေၾကာင့္မ်က္ႏွာေပၚကေရစက္ေတြကလည္ပင္းတစ္ေလွ်ာက္စီးက်ေနသည္။အေယာင္ေယာင္အမွားမွားနဲ႔ေရစက္ေတြစီးက်ေနတဲ့လည္ဇလုတ္ေလးကိုၾကည့္လိုက္မိေတာ့....ဂလု!....ငါေတာ့ေသေတာ့မွာပဲ။

႐ုတ္တရက္မေျပာမဆိုနဲ႔သူ႕လက္ထဲေခါင္းသုတ္တဲ့တဘက္ကိုထိုးေပးကာကုတင္ေပၚခပ္တည္တည္တက္လာတာေၾကာင့္လူကလန္႔သြားၿပီးlaptopႀကီးကိုေပါင္ေပၚတင္လိုက္မိသည္။
သူကသာျပစ္မွားခ်င္တိုင္းျပစ္မွားၿပီးမ႐ွဴႏိုင္မကယ္ႏိုင္ျဖစ္ေနေပမယ့္မင္ယြန္းဂီက​ေတာ့ေအးေဆးပင္သူ႕အေ႐ွ႕မွာေက်ာေပးကာဝင္ထိုင္လိုက္ၿပီး

"ထယ္ေလး hyungကိုေခါင္းသုတ္ေပးပါလား"

"ဟုတ္...ဟုတ္ကဲ့"

ေခါင္းသုတ္ေပးေသာလက္ေတြကပင္တုန္တုန္ရီရီ...ဘုရားစူး ဒါကင္ထယ္ေယာင္းဘဝမွာမင္ယြန္းဂီကိုအဝတ္အစားမပါဘဲပထမဆုံးအႀကိမ္ျမင္ဖူးျခင္းျဖစ္သည္။

အိမ္ေထာင္သက္တမ္း2ႏွစ္ထဲေရာက္ေနေပမယ့္ဖက္အိပ္တာကလြဲရင္hyungကိုလက္ဖ်ားနဲ႔ေတာင္မထိခဲ့။ဒီႏွင္းလုံးေလးကိုနာက်င္ေအာင္လည္းမလုပ္ရက္ပါ။နမ္းတာေတာင္မထိတတိ ပါးေလးနမ္းလိုက္၊နား႐ြက္ေလးနမ္းလိုက္သာလုပ္ေနတာတစ္ကယ္နမ္းဆိုေတာ့သူ႕မွာမနမ္းရဲ။

Hyungကတ႐ုတ္ပန္းအိုးေလးလိုပဲ.......
လွပတယ္၊စစ္မွန္တယ္၊ၾကည့္လို႔ေကာင္းတယ္။ဒါေပမယ့္အၾကည့္ပဲခံတယ္၊အထိမခံဘူး။
အဲ့ေတာ့သူ႕မွာလည္းအထိမခံႏိုင္တဲ့တ႐ုတ္ပန္းအိုးေလးကိုအရိပ္တၾကည့္ၾကည့္နဲ႔ဂ႐ုစိုက္ေနရတာ။ေျပာခဲ့ပါတယ္ အခ်စ္ဆိုတာအေဝးကၾကည့္ေနရလည္းသူ႕အတြက္အဆင္ေျပပါတယ္လို႔။hyungမႀကိဳက္ဘူးဆိုသူလုံးဝမလုပ္ဘူး။

ကာယကံနဲ႔သာအထမေျမာက္တာေခါင္းသုတ္ေနရင္းနဲ႔ေက်ာျပင္ျဖဴျဖဴေသးေသးေလးကိုမေနာကံနဲ႔ျပစ္မွားေနတာအဝီစိသြားဖို႔ပင္ရိကၡာလုံေလာက္ေနေခ်ၿပီ။ဂီး....ငါ့သမာဓိလာစမ္းေနတာကုန္းကိုက္လိုက္ရ။႐ုတ္တရက္ႀကီးေ႐ွ႕သြားႏွစ္ေခ်ာင္းက ယားလာသလိုပဲ။

မျဖစ္ဘူးမျဖစ္ဘူးဒီလိုဆက္သြားရင္မဟုတ္သုတ္ခေတြျဖစ္ကုန္လိမ့္မယ္။ကိုယ္မထိန္းႏိုင္လို႔တစ္ခုခုျဖစ္ရင္သူပဲနာမွာ။ကိုယ္အနာခံရေအာင္လည္းဟိုကျဖင့္ေသးေသးေလးနဲ႔ဘယ္လိုမွ
ကိုယ့္ကိုထိန္းခ်ဳပ္ႏိုင္မွာမဟုတ္ဘူး။ဖက္ေပၚပဲဆူးက်က်၊ဆူးေပၚပဲဖက္က်က် ဖက္ပဲေပါက္သလို...သူပဲကိုယ့္လုပ္လုပ္၊ကိုယ္ကပဲသူ႕လုပ္လုပ္ သူပဲေပါက္...အဲမဟုတ္ေသးဘူး သူပဲနာမွာ။

"အက်ီ ္ဝတ္ထားပါ့လားhyungရယ္အေအးပတ္ကုန္မွျဖင့္"

"ရတယ္ေခါင္းသာေျခာက္ေအာင္သုတ္ေပး ဒါနဲ႔ထယ္ေလးကlaptopတစ္လုံးနဲ႔ဘာေတြအလုပ္႐ႈပ္ေနတာလဲ"

"Modelပုံေတြၾကည့္ေနတာ"

"ဘာ!"

ဟိုက္!ေသၿပီဟ...မိုင္းကိုမွတည့္တည့္နင္းမိတာ။

"မင္းကေယာက်ာ္းတစ္ေယာက္လုံးကိုအေ႐ွ႕မွာထားၿပီးဘယ္modelမပုံေတြၾကည့္ေနတာလဲ"

႐ွဴး႐ွဴး႐ွဲ႐ွဲနဲ႔သူ႕အားရန္႐ွာလာတဲ့ေယာက်ာ္းေပါက္စေလးေၾကာင့္ကပ်ာကယာlaptopကိုပိတ္ကာကမန္းကတန္း႐ွင္းျပရေတာ့သည္။အစတည္းကလူကဆပ္ျပာသည္လင္ေပ်ာက္သလိုပ်ာယာခတ္ပါတယ္ဆိုေနမွစိတ္လက္တစ္ဆစ္နဲ႔ယူၿပီးမွေမ်ာက္မီးေသြးခဲဖင္ခုထိုင္ထားတာထက္ကိုပိုဆိုးေနေတာ့သည္။

"မဟုတ္ပါဘူးhyungရယ္ ကြၽန္ေတာ္တို႔ကုမၸဏီကbrandအသစ္အတြက္ေၾကာ္ျငာဖို႔modelေ႐ြးေနတာပါတစ္ျခားဘာမွမဟုတ္ရပါဘူး ကြၽန္ေတာ့မွာhyungတစ္ေယာက္တည္းကိုႏွလုံးသားနဲ႔အျပည့္ထိုးထည့္ၿပီးခ်စ္ေနရတာကိုhyungမသိတာက်ေနတာပဲ"

"မင္းဘာသာခ်စ္ခ်င္တဲ့သူခ်စ္ ငါနဲ႔မဆိုင္ဘူး"

"ကြၽန္ေတာ္႕မွာေနာက္ထပ္လူတစ္ေယာက္ထပ္
ထည့္ဖို႔ႏွလုံးသားအပိုပါရေအာင္ေရဘဝဲႀကီးလည္းမဟုတ္ရပါဘူးhyungရယ္"

အေ႐ွ႕ကငိုမဲ့မဲ့နဲ႔ေျပာေနတဲ့ေကာင္ေလးကိုၾကည့္ၿပီးမင္ယြန္းဂီျပဳံးမိသည္။ဒီေကာင္ေလးကလွ်ပ္စီးနည္းနည္းလက္တာကလြဲရင္သူနဲ႔ပတ္သက္သမွ်ကိုအေလးအနက္ထားတာသူသိတာေပါ့။သိလို႔ပဲသူ႕မွာimageအပ်က္ခံၿပီး႐ုပ္တည္ႀကီးနဲ႔ထိုင္ထိုင္စေနရတာ။

အခုလည္းၾကည့္ဦး။မ႐ွိ႐ွိတဲ့မ်က္ရည္ေတြညႇစ္ကာfake cryလုပ္ၿပီးအပီအျပင္drama kingလုပ္ေနပုံကမသိရင္ကိုယ္ကပဲသူ႕ကိုအႏိုင္က်င့္ႏွိပ္စက္ထားသလိုလို။ကင္ထယ္ေယာင္းတို႔နဲ႔ကေတာ့မ႐ိုးရဘူးေဟ့။မင္ယြန္းဂီတစ္ေယာက္ေယာက်ာ္းရတာလား၊ကေလးတစ္ေယာက္ေကာက္ရတာလားေသခ်ာမသိေတာ့ဘူး။

"ကင္ထယ္ေယာင္း....ေကာင္းက်ိဳးမေပးေလး"

"ဗ်ာ"

စိတ္ထဲကေတြးၿပီးအျပင္မွာပါ ပါးစပ္ကလႊတ္ခနဲခ်စ္စႏိုးနဲ႔က်ိန္ဆဲလိုက္မိေတာ့မ်က္လုံးေလးျပဴးၿပီးေမာ့ၾကည့္လာသည္။အီးးးးငါ့ကိုအဲ့လိုမၾကည့္စမ္းနဲ႔။ဆံပင္ေကာက္ေကြးေလးေတြ၊ပါးေဖာင္းေဖာင္းေလးနဲ႔မ်က္လုံးဝိုင္းဝိုင္းေလးေတြ....အားးးးမရေတာ့ဘူး

"ႁပြတ္စ္"

ေနာက္ဆုံးမထိန္းႏိုင္မသိမ္းႏိုင္ျဖစ္သြားခဲ့တဲ့မင္ယြန္းဂီကိုယ္တိုင္ကပင္ေ႐ွ႕ကကင္ထယ္ေယာင္းရဲ႕ေပါင္ေပၚတက္ထိုင္ကာႏႈတ္ခမ္းကိုထိကပ္႐ုံနမ္းလိုက္မိသည္။

ကင္ထယ္ေယာင္းမွာေတာ့အလန္႔တၾကားမ်က္လုံးကိုျပဴးလာရသည္။ဘာလဲ...ဘာလဲဟ ဘာလို႔အဲ့ေလာက္လန္႔သြားတာလဲ။သရဲေတြ႕လို႔လား။

"Hyung...အ..အခု ကြၽန္ေတာ္႕ကိုနမ္း...နမ္း"

ျမတ္စြာဘုရား....စကားေတြပါထစ္ကုန္ၿပီဟ။ငါကေလးကိုအႏိုင့္က်င့္မိလိုက္တာလား။

"ေအး...နမ္း...နမ္းလိုက္တာေလ ဘာ..ဘာျဖစ္လို႔လဲ"

လခြမ္းးးးးဘာလို႔ငါကပါစကားေတြထစ္ကုန္တာလဲ။အေ႐ွ႕ကသူတက္ထိုင္ထားတဲ့လူကိုၾကည့္မိေတာ့သူ႕ရင္ဘတ္ကိုၾကည့္ကာတံေတြး ေတြၿမိဳခ်ေနေလရဲ႕။ကိုယ့္ကိုကိုယ္ အမႈမဲ့အမွတ္မဲ့ျပန္ငုံ႔ၾကည့္မိေတာ့.........ေစာက္က်ိဳးနည္းဟ အက်ီ ္မဝတ္ရေသးဘူး။ေပါင္ေပၚကကုန္းထတဲ့အခ်ိန္မွာပဲလက္တစ္ဖက္ကေဆာင့္ဆြဲခံရလိုက္ၿပီးအိပ္ယာခင္းနဲ႔ေက်ာျပင္ကပ္သြားရသည္။သူ႕အေပၚကအုပ္မိုးထားတာကထယ္ေယာင္း......။

အခုအေျခအေနႀကီးကဘာနဲ႔တူေနတာ​လဲ။ထယ္ေယာင္းသူ႕ကိုၾကည့္ေနတဲ့အၾကည့္ေတြကရီေဝေဝ....နဂိုတည္းကအေကာင္ေသးပါတယ္ဆိုသူ႕အၾကည့္ေတြေၾကာင့္လူကဇီး႐ြက္...မဟုတ္ဘူး ဇီး႐ြက္ကမွႀကီးဦးမယ္။ဇီးေစ့ေလာက္ပဲ႐ွိေတာ့သည္။

"Hyung......ကြၽန္ေတာ္....ကြၽန္ေတာ္...hyungကို လို..လိုခ်င္တယ္"

"အေမေရ....."

ခလုတ္တိုက္မွအမိတ,ဆိုသလို အခုခ်ိန္က်မွဘယ္ေရာက္ေနမွန္းမသိတဲ့အေမကိုလည္းတ,မိပါေသးသည္။

"ဟာ...မဟုတ္ဘူး hyungအေမကိုမလိုခ်င္ဘူး hyungကိုလိုခ်င္တာ"

လည္ပင္းကို႐ုတ္တရက္ေကာက္နမ္းလိုက္တာေၾကာင့္အသာေလးတြန္းလိုက္မိသည္။

"ငါေၾကာက္တယ္"

အဲ့အခါက်မွျပန္အသိဝင္သြားပုံရသည္။

"ရတယ္...hyungအဆင္မေျပလည္းဘာမွမျဖစ္ဘူး"

အဲ့လိုက်ေတာ့လည္းသူ႕မွာစိတ္မေကာင္းျပန္။လက္ထပ္ထားတာႏွစ္နဲ႔ခ်ီေနေပမယ့္သူကskin shipမႀကိဳက္ဘူးဟုဆိုေတာ့ထယ္ေလးမွာသူ႕ကိုဖက္တာေတာင္ဖြဖြေလး။မဂ္လာေဆာင္တုန္းကလည္းႏွဖူးကိုပဲနမ္းခဲ့တာ။ယူၿပီးေတာ့လည္းအသားယူတာေတြဘာေတြမ႐ွိ။ေပးလိုက္ရင္ေရာ ဒီအေတာအတြင္းလိမၼာလို႔ဆုခ်တဲ့အေနနဲ႔။
ေယာက်ာ္းဆန္လြန္းတဲ့ေကာင္ေလးရဲ႕ပါးေလးကိုအသာေလးကိုင္ၿပီး

"hyungကိုခ်စ္လား"

ခ်က္ျခင္းအေျဖမေပးေသးဘဲသူ႕မ်က္ဝန္းေတြကိုစိုက္ၾကည့္ၿပီးျပဳံးေနေသးသည္။ၿပီးမွပါးကိုကိုင္ထားတဲ့လက္ဝါးေလးကိုဆြဲယူၿပီးႏႈတ္ခမ္းမွာကပ္ထားမိသည္။

"နားေထာင္ခ်င္ေသးလို႔လား ခ်စ္ေၾကာင္းေတြေျပာရရင္တစ္ေထာင့္တစ္ညပုံျပင္ေတြထက္ေတာင္ၾကာဦးမယ္hyungရဲ႕"

"ဒါေပမယ့္hyungၾကားခ်င္တယ္ေလ"

"ခ်စ္တာေပါ့ဗ်ာ ကြၽန္ေတာ္အလယ္တန္းေက်ာင္းသားဘဝတည္းကhyungတစ္ေယာက္တည္းကိုပဲျမင္ခဲ့တာ အဲ့တုန္းကhyungကအထက္တန္းေက်ာင္းသားႀကီးေလ"

"ထယ္ေလး မင္းhyungကိုအဲ့အခ်ိန္တည္းကခ်စ္တယ္လို႔ေတာ့မေျပာလိုက္နဲ႔ အဲ့တုန္းကhyungကမင္းကိုအ႐ႈပ္ထုပ္လို႔သတ္မွတ္ထားခဲ့တာ"

"ကိုယ့္ကိုကိုယ္ ဘာကိုစိတ္ဝင္စားမွန္းမသိက
ခင္ကတည္းက hyungကိုပဲ႐ူးခဲ့တာ ကိုယ့္ကိုကိုယ္႐ူးေနၿပီလို႔ထင္ခဲ့ေပမယ့္ကြၽန္ေတာ္႕ခံစားခ်က္ေတြကhyungနဲ႔ပတ္သက္ၿပီးအၿမဲတမ္းေသခ်ာေနခဲ့တာ ကြၽန္ေတာ္hyungကိုအလယ္တန္းေက်ာင္းသားဘဝတည္းကအရမ္းခ်စ္ခဲ့တာပါ အဲ့တာေၾကာင့္ဒီလိုကိစၥေတြအတြက္မပူပါနဲ႔ hyungမႀကိဳက္ရင္ကြၽန္ေတာ္လုံးဝမလုပ္ဘူးေနာ္"

မင္ယြန္းဂီမယုံႏိုင္ပါ။ဒီကေလးသူ႕ကိုခ်စ္မွန္းသိေပမယ့္ဒီေလာက္ထိလို႔မထင္ခဲ့။ဘယ္လိုပဲမႀကိဳက္ရင္မလုပ္ဘူးေျပာပါေစသူလည္းေယာက်ာ္းေလးတစ္ေယာက္ပဲေလဘယ္အခ်ိန္ထိသည္းခံႏိုင္မွာလဲ။ျဖစ္ခ်င္တာျဖစ္ကြာ........

အုပ္မိုးထားရမွာျပန္ထသြားသည့္ထယ္ေယာင္းရဲ႕လက္ကိုဆြဲၿပီး

"ထယ္ေလးhyungကိုယူလိုက္"

သူ႕ကိုမယုံၾကည္စြာ​ေျခဆုံးေခါင္းဆုံးၾကည့္ၿပီးမွသက္ျပင္းတစ္ခ်က္ခ်ၿပီး

"ဟင့္အင္း hyungနာမွာစိုးလို႔"

"ရတယ္ကိစၥမ႐ွိဘူး ယူလိုက္"

"မယူဘူး"

"ယူပါဆို"

"မယူပါဘူးဆို"

"ကင္ထယ္ေယာင္း ငါကေတာင္အတင္းထိုးေပးေနတာကိုမင္းကဘာေတြျငင္းေနတာလဲ အခုမွမယူရင္တစ္သက္လုံးငါ့နားမကပ္နဲ႔"

"အာ....အဲ့လိုမရဘူးေလ"

သူ႕ေပၚဝုန္းခနဲဒိုင္းခနဲျပန္အုပ္မိုးလာသည္။ႏွဖူးေလးကိုတစ္ခ်က္နမ္းၿပီး

"Hyungကိုကြၽန္ေတာ္နာေအာင္မလုပ္ဘူးေနာ္ ကြၽန္ေတာ့္ကိုယုံေနာ္"

"ေအးပါကြာ"

ကေလးေခ်ာ့သလိုေျပာလာတာေၾကာင့္႐ွက္ေနသည့္ၾကားမွပင္ရယ္လိုက္မိေသးသည္။
ဒါေတာင္သူ႕ကိုအၾကာႀကီးစိုက္ၾကည့္ေနေသးတာေၾကာင့္လူကဖ်ားပါဖ်ားခ်င္လာသည္။

"Hyung အေအးပတ္ေတာ့မယ္ထင္တယ္.."

ထိုအခါက်မွအနမ္းေတြနဲ႔ဗ်ဴဟာခင္းကာစတင္တိုက္ခိုက္ေတာ့သည္။ကြၽမ္းက်င္လွတဲ့အနမ္းတို႔ရဲ႕ဦးေဆာင္သူေၾကာင့္ေရခ်ိဳးၿပီးသားကိုယ္ကပူ႐ွိန္းပူ႐ွိန္းျဖစ္လာသည္။

ခါးကတဘက္ကိုဆြဲျဖည္လိုက္တာကိုသိလိုက္ရေတာ့မ်က္ႏွာကမီးဟပ္သလိုရဲခနဲ။

"ထယ္ေလး မီး....မီးပိတ္ေပးပါလား"

"မီးပိတ္လည္္းျမင္ရမွာပဲhyungရဲ႕ အခုကေန႔ခင္းဘက္ႀကီးေလ"

"အာ့႐ွ္....."

ကင္ထယ္ေယာင္းရဲ႕အခ်စ္ေတြၾကားသူ႕မွာအလူးလူးအလိမ့္လိမ့္....လက္ေခ်ာင္း႐ွည္႐ွည္ေတြကိုသာဆုပ္ကိုင္ၿပီးမ်က္လုံးမွိတ္ထားခဲ့သည္။
တ႐ုတ္ပန္းအိုးေလးသည္ထိုေန႔ကပန္းခ်ီဆရာေလးရဲ႕လ​က္ထဲ၌လွလွပပအေရာင္စုံခဲ့ပါ၏။

ကိုယ့္ဘဝအား မင္းလက္ထဲ
စုံနင္းကာလို႔ ပုံအပ္မယ္
ႀကိဳက္သလိုသာ ျခယ္လွယ္ပါေတာ့
မင္းအထိအေတြ႕ အနမ္းအားလုံး
အ႐ူးလိုပင္ မက္ေမာတာမို႔
မင္းထက္မပို မင္းထက္မေလ်ာ့ေသာ
ခ်စ္ျခင္းတို႔ျဖင့္ ျမတ္ႏိုးပါတယ္ကြယ္
ထယ္ေယာင္းငယ္ရယ္................။
___________________~__________________

ဒီေန႔meetingကထင္ထားသလိုမျဖစ္ဘဲဒါ႐ိုက္တာနဲ႔ဘုတ္အဖြဲ႕ဝင္ေတြၾကားကေတာက္ကစ႐ွိလာသျဖင့္အဆင္ေျပေျပမၿပီးခဲ့။စိတ္ညစ္ညစ္နဲ႔ဒီေန႔မနက္ကကိုကိုခ်ည္ေပးလိုက္တဲ့necktieကိုသာအဆုံးထိဆြဲခ်ၿပီးထိုင္ခုံကိုမွီၿပီးမ်က္လုံးမွိတ္ထားမိသည္။

"ေမာနင္းေဂ်ာင္ကု"

တံခါးဆြဲဖြင့္ၿပီးဝင္လာသူက မမ။မၾကည္သလိုတစ္ခ်က္ၾကည့္ၿပီးစိတ္ပ်က္စြာၿငီးတြားမိသည္။စည္းကမ္းမဲ့လိုက္တာ.......

"တံခါးေခါက္ရမယ္ဆိုတာမသိဘူးလား"

"တံခါးေခါက္ၿပီးနင့္အေျဖကိုေစာင့္ေနရင္ ပါလာတဲ့သတင္းေလးေျပာဖို႔အခ်ိန္ေတြလင့္ကုန္မွာေပါ့ငါ့ေမာင္ရဲ႕"

"ဘာသတင္းလဲ"

"နင္နဲ႔ဂ်ီအာ့အတြက္ အေမနဲ႔ငါဘုန္းႀကီးဆီသြားၿပီးရက္ေ႐ြးၿပီးၿပီ ေနာက္လထဲဆိုအေကာင္းဆုံးမဂ္လာအခ်ိန္ပဲတဲ့"

"ဘာ....႐ူးေနၾကတာလား"

ေဂ်ာင္ကုအံ့ဩတႀကီးမတ္တပ္ရပ္လိုက္မိသည္။ကိုယ္မဂ္လာေဆာင္မယ့္ကိစၥကို ကာယကံ႐ွင္ျဖစ္တဲ့ကိုယ္ ကိုယ္တိုင္ေတာင္မသိရပါလား။မမကသူ႕ကိုေမာ့ၾကည့္ၿပီး

"ဘာျဖစ္တာလဲ အလန္႔တၾကား"

"ကြၽန္ေတာ္သူနဲ႔လမ္းခြဲၿပီးၿပီေလ"

"အဲ့တာမင္းဘက္ကကိစၥေလ ငါသိရသေလာက္ဂ်ီအာကလမ္းခြဲမယ္ဆိုၿပီးသေဘာတူခဲ့တာမွမဟုတ္တာ"

"ဒါေပမယ့္ကြၽန္ေတာ္ကအိမ္ေထာင္သည္...."

"နင္အိမ္ေထာင္သည္လည္းဘာအေရးလဲဟယ္ လူသိ႐ွင္ၾကားမွမဟုတ္တာ"

"ဘာ"

"စေတာ့ပ္ေစ်းကြက္ေတြထိုးက်ေနတာသိတယ္မလား ငါတို႔ေဖာင္ေဒး႐ွင္းကလည္းလုပ္ေနရင္းတန္းလန္းႀကီးေနာ္ ဒီပုံစံတိုင္းဆက္သြားရင္အ႐ႈံးေပၚမွာပဲ ၿပီးေတာ့ျပႆနာတစ္ခု႐ွိတယ္"

"ဘာျဖစ္လို႔လဲ"

"Osakaကဘဏ္ခြဲကငါတို႔ကိုလစဥ္အတိုးေတြမေပးဘူး ငါလိုက္စုံစမ္းၾကည့္ေတာ့ငါတို႔ခန္႔ထားတဲ့ဘဏ္သူေ႒းကထြက္ေျပးသြားတယ္တဲ့ေလအဟက္ ငါတို႔အႀကီးဆုံးဘဏ္ခြဲျဖစ္တာမို႔ကုမၸဏီေတာ္ေတာ္ထိခိုက္သြားတယ္ ဒီတိုင္းဆိုေစ်းကြက္မွာငါတို႔ေသခ်ာေပါက္top 1ေနရာကေနျပဳတ္ၿပီ ႐ွယ္ယာ႐ွင္အစည္းအေဝးကသန္ဘက္ခါလုပ္မယ္တဲ့ ငါတို႔ဘက္ကလုံလုံေလာက္ေလာက္မတင္ျပႏိုင္ရင္သြားၿပီေနာ္"

"ေဆာက္လုပ္ေရးလုပ္ငန္းဘက္ကေငြအဝင္႐ွိတယ္မဟုတ္ဘူးလား"

"အဲ့တာေတြကလုပ္ငန္းခြင္ေတြေလ အကုန္ေဆာက္လက္စေတြေငြအဝင္ဆိုတာ႐ွိေသးမွာမဟုတ္ဘူး ႐ွိမယ့္႐ွိထြက္ေငြပဲ႐ွိမွာ ဥကၠ႒ယြန္းကငါတို႔ကိုကူညီေပးမယ္တဲ့ ဒါေပမယ့္စီးပြားေရးသေဘာအရသိတယ္မလား အယူ႐ွိရင္အေပးလည္း႐ွိရမယ္ေလ"

"အဲ့ေတာ့ကြၽန္ေတာ္က ယြန္းဂ်ီအာနဲ႔လက္ထပ္ရမယ္ေပါ့ အဓိပၸါယ္မ႐ွိလိုက္တာ"

"အင္း ဟုတ္တယ္ေနာ္ ကုမၸဏီႏွစ္ခုေပါင္းလိုက္ရင္လည္းအဆင္ေျပတာပဲကိုလက္ထပ္ရဦးမယ္တဲ့ တစ္ခုေတာ့ေကာင္းတယ္ နင္လည္းမိသားစုအတည္တက်ျဖစ္သြားတာေပါ့"

"မမအေနနဲ႔ကြၽန္ေတာ္႕ရဲ႕အိမ္ေထာင္ေရးထဲဝင္ေရာက္စြက္ဖက္ခြင့္မ႐ွိဘူးေနာ္"

"ဟားဟား...ေဂ်ာင္ကု မင္းကငါ့ကိုသမီးအရင္းမဟုတ္ဘူးဆိုတဲ့အခ်က္နဲ႔ထပ္ဖိဦးမလို႔လား ဥပေဒအရငါကေဖေဖ့ရဲ႕တရားဝင္သမီး၊ ေသတမ္းစာအရဒီလုပ္ငန္းစုကိုနင္ရသြားေပမယ့္ငါနဲ႔လည္းတစ္ဝက္သက္ဆိုင္တယ္ လုပ္ငန္း႐ွင္တစ္​ေယာက္အေနနဲ႔ဒီလုပ္ငန္းစုနာမည္မပ်က္ေအာင္ေစာင့္ေ႐ွာက္ရမွာငါ့တာဝန္...နင္နဲ႔ပတ္ဂ်ီမင္းလက္ထပ္တုန္းကလည္းကုမၸဏီနာမည္ပ်က္မွာဆိုးလို႔ငါဘာလုပ္ခဲ့လဲနင္သိတယ္မလား"

"ကြၽန္ေတာ္ဂ်ီမင္းနဲ႔မကြာ႐ွင္းႏိုင္ဘူး"

"ေကာင္းၿပီေလ"

လက္ကိုင္phကိုထုတ္လိုက္ၿပီးph numberအခ်ိဳ႕ကိုႏွိပ္လိုက္သည္။speakerပါဖြင့္ထားသည္မို႔တစ္ဖက္ကအသံကို႐ွင္းလင္းစြာၾကားေနရသည္။ေဂ်ာင္ကုလည္းဘာမ်ားလဲဆိုၿပီးဂ႐ုတစိုက္နားေထာင္ေနမိသည္။

"ဟယ္လို"

"ဟုတ္ကဲ့ မမေလး"

"ေအး ပတ္ဂ်ီမင္းအခုဘာလုပ္ေနလဲ"

"ေကာ္ဖီဆိုင္တစ္ခုမွာပါမမေလး သူငယ္ခ်င္းလို႔ထင္ရတဲ့ေကာင္ေလးတစ္ေယာက္နဲ႔စကားေျပာေနပါတယ္"

"ေကာင္းၿပီဆက္ၾကည့္ထား ငါ့ဆီကခြင့္ျပဳခ်က္ရတာနဲ႔႐ွင္းလိုက္ေတာ့"

"ေကာင္းပါၿပီမမေလး"

Phခ်လိုက္ေတာ့ေဂ်ာင္ကုအလန္႔တၾကားေအာ္ေခၚလိုက္မိသည္။

"မမ! ဂ်ီမင္းကိုstalkေနတာလား ဘာေတြလုပ္ေနတာလဲ"

"မတတ္ႏိုင္ဘူးေလမင္းကငါ့သည္းခံႏိုင္စြမ္းကိုလာစမ္းသပ္ေနတာကိုး ကြာ႐ွင္းဖို႔အခ်ိန္တစ္ပတ္ေပးမယ္ ၾကားထဲမင္းကဟိုေယာင္ေယာင္ဒီေယာင္ေယာင္လုပ္ေနရင္ ငါကိုယ္တိုင္ပဲဝင္႐ွင္းလိုက္ေတာ့မယ္"

ေဂ်ာင္ကုလက္သီးကိုသာက်စ္က်စ္ပါေအာင္ဆုပ္ထားမိသည္။မမကသူ႕အားေသခ်ာစိုက္
ၾကည့္ၿပီး......

"ဒါၿခိမ္းေျခာက္႐ုံသပ္သပ္မဟုတ္ဘူးေနာ္ နင္ကအဲ့ကိစၥကိုသာေသခ်ာလုပ္ထား osakaကိစၥကိုေတာ့ငါကိုင္လိုက္မယ္"

မမထြက္သြားၿပီးခ်ိန္မွာေတာ့သူခုံေပၚမ်က္ႏွာအပ္ၿပီးငိုမိသည္။ဂ်ီမင္းကိုဒီအ႐ႈပ္ထုတ္ထဲဆြဲမထည့္ခ်င္ပါ။ဂ်ီမင္း....ဂ်ီမင္းအဆင္ေျပရဲ႕လား။ခ်က္ျခင္းလက္ကဂ်ီမင္းရဲ႕numberကိုႏွိပ္လိုက္မိသည္။

"ဟယ္လို"

ရၿပီ...ရပါၿပီ။တစ္မနက္လုံးပင္ပန္းခဲ့သမွ်ဒီအသံေလးတစ္ခုနဲ႔တင္အကုန္ေပ်ာက္သြားသလို။

"ကိုကိုအခုဘယ္မွာလဲ"

"ယြန္းဂီhyungတို႔ဆိုင္ကေနျပန္လာတာေလ အခုလမ္းမွာ ဘာလို႔လဲဟင္"

"ဘာမွမဟုတ္ပါဘူး ဒီတိုင္းလြမ္းလို႔လွမ္းဆက္လိုက္တာ"

"အာ....ဒီကေလးကေတာ့ ဒါနဲ႔ဒီေန႔ေစာေစာျပန္လာခဲ့ မိုး႐ြာမယ္ၾကားလို႔"

"ဟုတ္ဒါဆို ဒါပဲေနာ္ေမာင္လုပ္စရာေလး႐ွိေသးလို႔"

"အြန္း တာ့တာအာဘြား"

"ဟား လူကိုphမခ်ႏိုင္ျဖစ္ေအာင္လုပ္ေနတာ"

"ကဲ​ပါ ခ်လိုက္ေတာ့ကိုကိုလည္းေစ်းဝယ္လာတာအထုတ္ေတြနဲ႔phကိုင္ရတာအဆင္မေျပ အာ့"

ဆိုင္ကယ္အသံၾကားလိုက္ရတဲ့အျပင္ဂ်ီမင္းရဲ႕အသံပါၾကားလိုက္တာမို႔စိုးရိမ္စိတ္ကငယ္ထိပ္သို႔ထိုးတက္သည္။

"ကိုကို ဘာျဖစ္တာလဲ"

"ဘာမွမျဖစ္ဘူး ဒီတိုင္းေခ်ာ္လဲတာ ဒီေခတ္လူငယ္ေတြမလြယ္ဘူးဆိုင္ကယ္ကိုဘယ္လိုေမာင္းေနၾကမွန္ကိုမသိဘူး စိတ္မပူနဲ႔ေနာ္ကိုကိုဘာမွမျဖစ္ဘူး ဒီတိုင္းလဲသြားတာဘာမွမထိခိုက္ဘူး"

ဒါမမလက္ခ်က္မ်ားလား.....

"ဂ႐ုစိုက္ဦး ေမာင္အေရးႀကီးကိစၥေပၚလာလို႔phခ်လိုက္ၿပီေနာ္"

"တာ့တာ"

Phခ်ၿပီးၿပီးခ်င္းမမဆီအသည္းအသန္လွမ္းဆက္သြယ္မိသည္။

"မမလုပ္လိုက္တာမလား"

"ဟယ္ဘာကိုလဲ မင္းဟာကလည္းအစမ႐ွိအဆုံးမ႐ွိ"

"ဂ်ီမင္း ကိုဆိုင္ကယ္နဲ႔တိုက္မိမလိုျဖစ္ေအာင္လုပ္တာေလ မမအကြက္ေတြမလား"

"ဟဲ့ပူမေနနဲ႔မေသဘူး ငါပညာပါးပါးေလးေပးခ်င္႐ုံ တစ္ကယ္ဝင္တိုက္ခိုင္း၊မတိုက္ခိုင္းကနင့္အေပၚမူတည္တယ္"

"ပတ္ဂ်ီမင္းတစ္ခုခုျဖစ္ရင္ခင္ဗ်ားကိုဒီတိုင္းမထားဘူး"

"နင္အခ်ိန္ဆြဲေနရင္ ပတ္ဂ်ီမင္းကိုငါအာမ မခံႏိုင္ဘူးေနာ္ အခ်ိန္တစ္ပတ္ေပးထားတာမေမ့နဲ႔"

"ကြၽန္ေတာ္ဒီတစ္ပတ္ခြင့္ယူမယ္"

"ပတ္ဂ်ီမင္းအတြက္အခ်ိန္ေပးေတာ့မယ္ေပါ့ ဒါေပါ့ေနာက္ဆုံးဆိုေတာ့လည္းေသခ်ာေလးဂ႐ုစိုက္ေပးလိုက္ေနာ္....."

ထပ္နားမေထာင္ေတာ့ဘဲphခ်ပစ္လိုက္သည္။Time tableကိုယူၿပီးညေနခင္းဘာအစီအစဥ္ေတြ႐ွိလဲတစ္ခ်က္စစ္ၾကည့္လိုက္ေတာ့ကံေကာင္းေထာက္မစြာဘာmeetingမွ႐ွိမေန။အခုအိမ္ျပန္မယ္။တစ္စကၠန္႔ေလးေတာင္အလဟသအျဖစ္မခံႏိုင္ေတာ့ဘူး။

ကားေမာင္းလာရင္းလမ္းမွာမိုးက႐ြာလာသျဖင့္သတိထား၍ေမာင္းလာရသည္။ကားလမ္းေတြကေခ်ာ္ေနမွာ။ကိုကိုေရာအိမ္ျပန္ေရာက္ၿပီလားမသိဘူး။မိုးမိရင္ဖ်ားေနဦးမယ္။

အိမ္ေရာက္ေတာ့ကိုကို႔ ကိုမေတြ႕​မိတာေၾကာင့္ဧည့္ခန္းမွာအလုပ္လုပ္ေနတဲ့ေကာင္မေလးေတြကိုေမးလိုက္မိသည္။

"နင္တို႔အစ္ကိုေလးေရာ"

"အစ္ကိုေလးကျခံထဲမွာပါ သခင္ေလး"

"ဘာ...ဒီေလာက္မိုး႐ြာေနတာမတားၾကဘူးလား"

"ကြၽန္မတို႔တားပါေသးတယ္ဒါေပမယ့္..."

"က်စ္ တစ္ေယာက္မွအသုံးမက်ဘူး ေနာက္ဖက္ကႏွင္းဆီျခံထဲမွာလား"

"ဟုတ္ကဲ့"

ျခံေနာက္ကိုသာေျပးထြက္လာမိသည္။ျဖစ္ႏိုင္ရင္ေကာင္မေလးေတြအားလုံးကိုျခံထဲထြက္ၿပီးမိုးေရထဲဒူးေထာက္ခိုင္းထားခ်င္ေပမယ့္ ကိုကို႔ေၾကာင့္ျဖစ္ရတာဆိုၿပီးအၿငိဳးထားမွာဆိုးလို႔မလုပ္ျဖစ္ခဲ့ပါ။သူကကိစၥမ႐ွိေပမယ့္ကိုကို႔ ကိုနည္းနည္းေလးေတာင္အထိခိုက္မခံႏိုင္ပါ။

ႏွင္းဆီျခံထဲေရာက္ေတာ့ ေဟာ...ေတြ႕ပါၿပီ။ျခံထဲမွာကေလးတစ္ေယာက္လိုခုန္ေပါက္ေနတဲ့သူ႕ကိုကို။သူ႕ကိုယ္သူအသက္သုံးဆယ္နဲ႔သုံးႏွစ္မကြဲေသးဘူးလားမသိ။ကိုယ္ကေတာ့သူမိုးမိမွာစိုးလို႔စိတ္ပူလိုက္ရတာ သူကေတာ့မိုးေရထဲထြက္ေဆာ့ေနတယ္တဲ့လား။

အက်ီ ္ကပါးပါးေလးမို႔ေရစိုကာအသားမွာကပ္ေနတာေၾကာင့္အလွတရားေတြကိုအ႐ွင္းသားျမင္ေနသည္။ျခံထဲကေထာက္ထားတဲ့သစ္သားတိုင္ေတြေပၚတြယ္ၿပီးေပါ​က္ေနတဲ့ႏွင္းဆီပြင့္ေတြကလည္းမိုးဒဏ္ေၾကာင့္တစ္လႊာျခင္းကြာက်ကာေအာက္ကနတ္ဘုရားရဲ႕ကိုယ္ေပၚကိုအလုအယက္ေျပးဆင္းၾကသည္။

မုန္းဖို႔ေကာင္းလိုက္တဲ့ပန္းေတြမနာလိုလိုက္တာ။ေ႐ွ႕မွာျမင္ေနရတဲ့ျမင္ကြင္းကလုံးဝလက္မလႊတ္ခ်င္စရာဆိုေပမယ့္ဖ်ားမွာဆိုးလို႔အျမန္ေျပးေခၚရသည္။ဘယ္ဘဝက ကုသလိုလ္ေကာင္းမႈေတြလုပ္ခဲ့လို႔ဒီလိုေယာက်ာ္းလွလွေလးကိုရတာပါလိမ့္။

"ကိုကိုအဲ​့တာဘာလုပ္ေနတာလဲ"

"ဟင္ေဂ်ာင္ကုအေစာႀကီးပဲ"

"လာဒီကို"

လာခိုင္းတာကသူဆိုေပမယ့္တစ္ကယ္တမ္းအနားေရာက္သြားတာကသူျဖစ္သည္။လက္ေကာက္ဝတ္ေလးကေနအသာဆြဲၿပီးအိမ္ထဲေခၚလာခဲ့သည္။

"ေရခ်ိဳး ျမန္ျမန္ခ်ိဳးေနာ္ဖ်ားမယ္"

"ေမာင္ကမခ်ိဳးဘူးလား"

"ကိုကိုၿပီးမွခ်ိဳးမွာ အဲ့တာေၾကာင့္ျမန္ျမန္ခ်ိဳးလို႔ေျပာတာ"

ဘာမွထပ္မေျပာေတာ့ဘဲေရခ်ိဳးခန္းထဲေျပးဝင္သြားသည္။ဘယ္ေလာက္မွမၾကာလိုက္ျပန္ထြက္လာသည္။သူလည္းေရခ်ိဳးခန္းထဲဝင္ၿပီးေရအျမန္ခ်ိဳးကာေခါင္းပါေလွ်ာ္လိုက္သည္။ျပန္ထြက္လာေတာ့အဆိုးေလးကအစိမ္းေရာင္ဆြယ္တာလက္႐ွည္ေလးဝတ္ၿပီးငုတ္တုပ္ထိုင္ေနသည္။

ေရခ်ိဳးၿပီးထြက္လာေတာ့ သူ႕ကိုတစ္ခြန္းမွမေျပာဘဲေရခ်ိဳးခန္းတဲ့ဝင္သြားတဲ့ေမာင့္ကိုၾကည့္ၿပီးစိတ္ဆိုးသြားတာလားလို႔ဂ်ီမင္း ေတြးမိသည္။ဒါေၾကာင့္ေႏြးေႏြးေထြးေထြးဝတ္ကာသဘက္ကိုေခါင္းေပၚတင္ထားၿပီးငုတ္တုပ္ထိုင္ေနမိသည္။ေမာင္ကေတာ့သူ႕ကိုတစ္ခ်က္ၾကည့္ၿပီးအက်ီ ္ေတြလဲကာဆံပင္ကိုေျခာက္ေအာင္သုတ္ၿပီးကုတင္ေပၚသြားထိုင္သည္။

ေမာင္ ကုတင္ေပၚထိုင္ထိုင္ခ်င္းထိုင္ရာမွခ်က္ျခင္းထေျပးကာေမာင့္ေပါင္ေပၚေဘးတစ္ေစာင္းဝင္ထိုင္ကာသူ႕ပါးနဲ႔ကိုယ့္ပါး အပ္ထားမိသည္။

သူ႕ေပၚလာထိုင္ၿပီးပါးခ်င္းကပ္ထားတာေၾကာင့္ရင္ခြင္ထဲကအဆိုးေလးဥာဏ္မ်ားေနၿပီဆိုတာေဂ်ာင္ကုသိလိုက္သည္။

"ကြၽန္ေတာ္ကိုကို႔ ကိုစိတ္မဆိုးဘူးေနာ္"

ကြၽန္ေတာ္ဆို တဲ့အသုံးအႏႈန္းေၾကာင့္​စိတ္ဆိုးသြားတယ္ဆိုတာဂ်ီမင္းသိပါသည္။

"တစ္ကယ္လား"

မ်က္လုံးေလးျပဴးကာေမးလာသည့္ပုံကတစ္ကယ္ဆြဲနမ္းခ်င္စရာအတိ။

"အင္း စိတ္တိုတာ အခ်ိန္အခါမဟုတ္႐ြာတဲ့မိုးကလွ်ပ္စီးေတြပါတတ္တယ္ေလ မေတာ္လို႔မိုးႀကိဳးပစ္ရင္ဘယ္လိုလုပ္မလဲ"

"သိပါၿပီ ေနာက္တစ္ခါမခ်ိဳးေတာ့ပါဘူး မိုး႐ြာေတာ့ကိုကိုကလည္းေပ်ာ္ၿပီးထြက္မိတာပါ"

"ၾကည့္ဦး ေခါင္းလည္းမသုတ္ရေသးဘူး"

သဘက္ကိုဆြဲယူၿပီးအသာေလးသုတ္ေပးလိုက္သည္။ပန္းေရာင္ေခါင္းေလး...ခ်စ္လိုက္တာကြာ
ေခါင္းေျခာက္ေအာင္သုတ္ေပးၿပီးသြားေတာ့

"ေမာင္ေရအိပ္ခ်င္လာၿပီ"

"အြန္း လာေမာင္နဲ႔တူတူအိပ္မယ္ မအိပ္ခင္ေလး နမ္းဦးမယ္"

ခြင့္ျပဳခ်က္မရေသးခင္မွာပဲေဆးသားမကူတဲ့ႏႈတ္ခမ္းႏုႏုေလးကိုနမ္းလိုက္မိသည္။
ဂ်ယ္လီတုံးေလး အိက်ိအိက်ိနဲ႔။ေရခ်ိဳးၿပီးကာစမို႔လို႔ႏႈတ္ခမ္းေလးကေအးေနသည္။တစ္ကယ္ပါအေမာေျပေစတဲ့သဘာဝရဲ႕ေအာ္ဂဲနစ္ေလး။
အနမ္းေတြကိုအ႐ွိန္မသတ္ႏိုင္ေတာ့ပဲမက္မက္ေမာေမာကိုနမ္းေနမိသည္။ပုခုံးကိုလာဆုပ္ကိုင္လာတဲ့လက္ေတြကအနမ္းေတြနက္နဲဖို႔ပိုဖိအားေပးေနသေယာင္။ရင္ဘတ္ကိုလက္နဲ႔လာထုမွႏွေျမာသတလႊတ္ေပးလိုက္သည္။

အနမ္းေတြၿပီးဆုံးခ်ိန္မွာေတာ့ေခါင္းေလးကိုေမာ့ၿပီးအသက္႐ွဴေနပုံကသူ႕ကို႐ူးခါသြားေစသည္။ေလာဘႀကီးစြာလည္ဇလုတ္ေသးေသးေလးကိုငုံခဲလိုက္မိေတာ့

"အာ့....! ေဂ်ာင္ကု"

ထြက္ေပၚလာတဲ့အသံေသးေသးေလးက သူ႕အျမင္ေတြကိုအေမွာင္က်သြားေအာင္စြမ္းေဆာင္ႏိုင္လိုက္တာ။

ကုတင္ေပၚအသာေလးလွဲေစလိုက္ၿပီးအေပၚမွအုပ္မိုးကာ ဝတ္ထားတဲ့ဆြယ္တာကၾကယ္သီးေတြကိုျဖဳတ္ၿပီးလည္တိုင္တစ္ဝိုက္ကိုစိတ္လြတ္ေနတဲ့သူတစ္ေယာက္လိုနမ္းေနမိသည္။ညႇပ္႐ိုးလွလွေလးကိုကိုက္ခဲၿပီးျပန္ၾကည့္လိုက္ေတာ့ႏွင္းဆီဖတ္ေတြထက္ပိုလွတဲ့အနီကြက္ေတြကလည္တိုင္ေက်ာ့ေက်ာ့ေလးမွာေနရာအႏွံ႔။

အရဲစြန္႔ကာဗိုက္သားျဖဴျဖဴခ်ပ္ခ်ပ္ေလးကိုရင္ၫြန္႔ကေနခ်က္အထိလွ်ာဖ်ားေလးနဲ႔ပြတ္ကာဆြဲလိုက္ေတာ့ ေကာ့တက္လာတဲ့ခါးသြယ္သြယ္နဲ႔သူ႕ဆံပင္ေတြၾကားတိုးဝင္လာတဲ့လက္ေလးေတြကႏြံထဲကိုတိုးဝင္ပစ္ခ်င္ေအာင္ခြန္အားေတြေပးေနသည္။

"အဟ့...ေမာင္!!!"

ကိုယ္တိုင္လည္းနမ္းေနရင္းလက္ဖ်ားေတြေအးလာတာေၾကာင့္လုပ္လက္စကိုရပ္ကာၾကယ္သီးတပ္ေပးၿပီးစုပ္ယူထားလို႔စိုၿပီးရဲေနတဲ့ႏႈတ္ခမ္းေလးကိုတစ္ခ်က္နမ္းၿပီးႏွဖူးခ်င္းေတ့ထားမိသည္။

အပိုင္မသိမ္းေသးတာျမတ္ႏိုးလြန္းလို႔ပါ.......။

"အိပ္ရေအာင္"

ရင္ခြင္ထဲဆြဲထည့္ၿပီးပန္းေရာင္ဆံႏြယ္ေတြၾကားမ်က္ႏွာအပ္ကာႏွလုံးခုန္ႏႈန္းကိုမွန္ေအာင္မနည္းျပန္လုပ္ေနရသည္။

"ေမာင္လုပ္တာအိပ္လို႔မရေတာ့ဘူး"

"အဟား အဲ့ေလာက္ျဖစ္သြားတာလား"

"အြန္း ရင္ထဲကုလားဘုရားလွည့္သြားတာက်ေနတာပဲဝုန္းဒိုင္းက်ဲလို႔ ဒီမွာၾကည့္ဦးလက္ဖ်ားေတြပါေအးတယ္"

ေျပာေျပာဆိုဆိုသူ႕ပါးကိုလက္ေလးနဲ႔လာကိုင္ေနသည္။ဟုတ္ပါ့ ေအးစက္ေနတာပဲ။သူကိုယ္တိုင္လည္းလက္ဖ်ားေတြေအးေနတာမဟုတ္လား။

"အိပ္ေတာ့ေမာင့္အသက္ေလး"

"ညေနခင္းႀကီးအိပ္ရင္ဖ်ားမယ္မဟုတ္ဘူးလား"

သူပြစိပြစိလုပ္တာအေရးမႀကီး။စကား​​ေျပာတိုင္းဆူထြက္လာတဲ့ႏႈတ္ခမ္းေလးကသူ႕လည္ပင္းကိုလာလာထိေနတာတစ္ကိုယ္လုံးက႐ွိသမွ်အေမႊးေတြအကုန္ေထာင္ေနၿပီ။

"ကိုကိုပဲအိပ္ခ်င္တယ္ဆို"

မ်က္ေမွာင္က်ံဳ႕ၿပီးေမးလိုက္ေတာ့

"မင္းလုပ္တာရင္ေတြတုန္သြားလို႔မ်က္လုံးပါက်ယ္သြားၿပီ"

​ေျပာလည္းေျပာသူ႕ရင္ဘတ္ကိုလည္းလက္သီးဆုတ္ေလးေတြနဲ႔လာထုတာမို႔လို႔မနာေပမယ့္နာဟန္ေဆာင္ရသည္။

"အာ့ ေမာင္နာတယ္ဗ်"

"ဟင္နာသြားလား ဥဳံဖြဥဳံဖြ"

ရင္ဘတ္ကိုလာနမ္းတဲ့ႏႈတ္ခမ္းေတြ....ကြၽန္ေတာ္ေတာ့ႏွလုံးရပ္ေတာ့မွာပဲ ဂြၽန္ဂ်ီမင္းေရ

"အိပ္ခ်င္ၿပီကြာ အိပ္ေတာ့ ၿငိမ္ၿငိမ္ေန"

"အြန္း အြန္း"

ရင္ခြင္ထဲကလူႀကီးေလးကိုအသည္းယားလြန္းတာေၾကာင့္လက္ေမာင္းေလးကိုေ႐ွ႕သြားနဲ႔ဖြဖြေလးကိုက္ၿပီးအတင္းၿငိမ္ခိုင္းရသည္။မဟုတ္ရင္ဘာလုပ္မိမယ္မွန္းမသိေတာ့။
သူ႕စကားတစ္ခြန္းတည္းနဲ႔ၿငိမ္က်သြားတဲ့ကိုကို႔ကိုအရမ္းခ်စ္တာပဲ။ကြၽန္ေတာ္ေတာ့ခင္ဗ်ားမ႐ွိဘဲေနႏိုင္ေတာ့မယ္မထင္ဘူး။

လူတစ္ေယာက္ရဲ႕ တန္ဖိုးကိုသိခ်င္ရင္
ထိုလူမ႐ွိေတာ့မယ့္ သင့္ရဲ႕အနာဂတ္ကို
စိတ္ကူးယဥ္ၾကည့္ပါတဲ့၊
လကြယ္ည ဝရန္တာမွာထြက္ရပ္မိေတာ့
ၾကယ္ေတြလေတြမ႐ွိတဲ့ ေကာင္းကင္ႀကီးက
ခင္ဗ်ားမ႐ွိတဲ့ ကြၽန္ေတာ္႕ရဲ႕ဘဝလို
ဗလာနတၳိ...............။

(ေစာက္ခြက္ႀကီးမီးဟပ္သြားသလိုပဲ မပူပါနဲ႔ေနာက္တစ္ခန္းထပ္ပါဦးမွာပါ။ေနာက္တစ္ပတ္စေန၊တနဂ္ေႏြမွာျပန္ေတြ႕ၾကပါမယ္။)
......

Continue Reading

You'll Also Like

53.1K 5.1K 28
⚠BDSM ⚠dominance Love in a dark heart Sex can be intense, but we can't even imagine the love in that heart..🏳️‍🌈 〰️Please read this carefully〰️ ⚠...
99.1K 6.4K 31
"ဘယ်က ဇယားလေးလဲ? Kim" "အကြွေးနဲ့ သိမ်းလာတာလေ မွေးစားဖို့" "ဘယ္က ဇယားေလးလဲ? Kim" "အေႂကြးနဲ႕ သိမ္းလာတာေလ ေမြးစားဖို႔"
719K 122K 119
කවුරුත් නැතිව උඹම උඹේ හිත සනස ගත් දවසට ඒහිත ඒ හේතුවටම කිසිදින නැවත නොවැටෙනු ඇත.........!!
277K 21.2K 30
Uni + Zaw 🔥 မမျှော်လင့်ပဲ သူစိမ်းတစ်ယောက်နဲ့ လက်ထပ်မိသွားသောအခါ 🤭💜🙆 ရုပ်ရှင်တစ်ခုကိုအခြေခံပြီးရေးထားတာဆိုပါတော့ ဘယ်သူ့ဘယ်သူကိုမှ copy ထားတာမဟုတ်ပ...