True Love

Por NangNang121

118K 5K 264

ကျူတာဆရာမလေးနဲ့ကျောင်းသူလေးရဲ့အချစ်ဇာတ်လမ်းကိုစိတ်ကူးယဉ်ပြီး ရေးထားခြင်းသက်သက်ပါ။မည်သူတစ်ဦးတစ်ယောက်မှထိခိုက်ဖ... Mais

part 1
part 3
part 4
part 5
part 6
part 7
part 8
part 9
part 13
part 14
part 15
part 16
part 17🔞
part18
part 19💔
part 20💔
part 21💔
part 22
part 23 end
part 10
part 11
part 12

part 2

4.9K 258 3
Por NangNang121


ဆောင်းကန်တင်းမှာထမင်းစားနေစဥ်ဆိုင်ထဲ တီချယ်၀င်လာတော့ ဆောင်းအရမ်းပျော်သွားမိသည်။တီချယ်နဲ့ ရင်းနှီးမှုရဖို့ ဆောင်းဘက်ကစကြိုးစားဖို့ဆုံးဖြတ်လိုက်သည်။

နန်း စားသောက်ပြီးပိုက်ဆံရှင်းခါနီး ဆိုင်ထဲမှာအရုပ်ကလေးနဲ့တူတဲ့ကလေးမလေး တစ်ခုခုအခက်တွေ့နေပုံရသည်။သူမအိတ်ကို နှိုက်လိုက် ဖုန်းကိုကြည့်လိုက်နဲ့ လုပ်နေတာ အချိန်မနဲတော့။နန်းသဘောပေါက်လိုက်သည်။

နန်း ပိုက်ဆံရှင်းတော့ ကလေးမအတွက်ပါရှင်းခဲ့ပေးလိုက်သည်။

ဆိုင်ထဲကထွက်သွားတဲ့ တီချယ်နောက်ဆောင်းအပြေးလိုက်ရင်း

"တီချယ် "

"ကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်  ဆောင်းက ဒီနေ့မှအဆောင်မှာပိုက်ဆံအိတ်မေ့ကျန်ခဲ့တာ.... "

"ဖြစ်တတ်ပါတယ် ကလေးရဲ့ တီချယ်တို့လဲတစ်ချိန်ကဖြစ်ဖူးတော့နားလည်ပါတယ်"

"ဟီး..."

ဆောင်း ရှက်ရှက်နဲ့ရယ်မိသည်။အမှန်တော့ ဆောင်းမှာပိုက်ဆံအိတ်ပါရဲ့နဲ့တမင်လုပ်တာပါ။တီချယ်ကတော့ မသိရှာဘူး...။

"ဆောင်းပြန်ပေးပါ့မယ်နော်....တီချယ်"

" ဟို....ဆောင်းကိုလေတီချယ့်ဖုန်းnoလေးပေးထားပါလား"

" နက်ဖြန်ဆောင်းတီချယ့်အဆောင်လာရင်ကြိုဆက်လို့ရအောင်"

ရှက်နေတဲ့ရုပ်ကလေးနဲ့သူမဖုန်းနံပါတ်တောင်းနေတဲ့ ကလေးကိုကြည့်ရင်းနန်းပြုံးလိုက်မိသည်။အပြစ်ကင်းလိုက်တာ ကလေးရယ်။

ဆောင်းတီချယ့်ဖုန်းလေးကိုယူပြီး သူမဖုန်းကိုခေါ်လိုက်သည်။

"ဒါက ဆောင်းရဲ့ဖုန်းနံပါတ်တစ်ခါတည်းcontactမှတ်ထားလိုက်မယ်နော် တီချယ်"

"ဆောင်းသံစဥ်"ဆိုပါလား နာမည်လေးကလှသလို
တစ်ချိန်ကသူမရဲ့အရင်းနှီးဆုံးလူသားတစ်ယောက်ရဲ့နာမည်နဲ့တောင်ဆင်တူနေသေးသည်။

နန်း ကလေးကိုဖုန်းnoပေးလိုက်ပြီးတဲ့နောက်မှာကလေးနဲ့နန်း ရင်းနှီးမှုပိုလာခဲ့သည်။ညတိုင်းmessengerမှာစကားပြောဖြစ်သလို ဖုန်းလဲမကြာခဏပြောဖြစ်သည်။မနက်တိုင်းလဲ ကျောင်းအတူသွားဖို့အဆောင်မှာလာကြိုပေးတယ်။ကလေးက နန်းတို့ဆရာမအဆောင်ကို မကြာခဏအလည်လာလေ့ရှိပြီး အဆောင်ကဆရာမတွေနဲ့တောင်အတော်လေးရင်းနီးနေခဲ့သည်။

အမြဲတမ်းခပ်တည်တည်နဲ့နေတတ်တဲ့နန်း အရယ်အပြုံးမဲ့တဲ့နန်း ကလေးနဲ့ဆုံပြီးနောက်ပိုင်းမှာမှမကြာခဏရယ်ပြုံးလာဖြစ်သည်။

~~~~~~~~~~~~~~~~~~~~~~~~~~

သူမ နဲ့ တီချယ်ရဲ့ရင်းနှီးမှုမြန်ဆန်လွန်းသည့်အတွက် နှင်းသီရိတောင်မယုံနိုင်ဖြစ်ရသည်။

"ဆောင်း နင်နဲ့တီချယ်က တိုးတက်မှုမြန်လှချည်လား"

"ဒါပေါ့ မြန်ရမယ်လေ ငါကဘယ်သူမို့လဲ ..."

"အေး လုပ်နေတီချယ်ကနင့်ကိုရိုးရိုးသားသားခင်နေတာ"

"နင်ဘက်ကမရိုးသားမှန်းသိလို့ကတော့....နင့်ကိုအနားအကပ်ခံဦးမယ်ထင်လား"

သူ့ကိုယ်သူအထင်ကြီးကာ စိတ်ကြီး၀င်နေတဲ့ဆောင်းကိုအနှင်းတမင်ကလိလိုက်သည်။

ဆောင်းစိုးရိမ်သွားမိသည်။ ဆောင်းတီချယ့်အပေါ်မရိုးသားမှန်းတီချယ်သာ သိသွားခဲ့ရင်သူမတ်ို့ရဲ့ဆက်ဆံရေးကဘယ်လိုဖြစ်မှာလဲ...။တီချယ် ဆောင်းကိုမုန်းသွားမှာလား...။ဟင့်အင်း အဲ့လိုဆောင်းအဖြစ်မခံနိုင်ပါဘူး။

တီချယ်တို့အဆောင်တွင်__

တီချယ်နဲ့ဆောင်းတို့ စကားလက်ဆုံကျနေရင်းက

"တီချယ်ကအရမ်းလှတာ တီချယ့်ချစ်သူဆိုအရမ်းချစ်မှာပဲနော်"

ဆောင်းအရဲစွန့်ကာ ပြောလိုက်မိပြီးမှ တီချယ်စိတ်ဆိုးသွားမှာလဲကြောက်နေမိပြန်သည်။ပြီးတော့ ချစ်သူရှိတယ်ဆိုတဲ့စကားပြန်ကြားရမှာကိုလဲ ဆောင်းကြောက်သည်။

ရုတ်တရတ် အဆက်အစပ်မရှိပြောလာတဲ့ ဆောင်းရဲ့စကားကြောင့် နန်း​တဒင်္ဂဆွံ့အသွားသည်။ဒီလိုပြောလာမယ်လဲ မထင်ခဲ့ဘူးလေ။ခဏကြာတော့မှ

"ဘယ်ကလာချစ်သူရှိရမှာလဲဆောင်းရဲ့..."

တီချယ့်ဆီကစကားသံကြားတော့ ဆောင်းပျော်သွားသည်။ပျော်သွားတဲ့မျက်နှာလေးကိုဟန်ဆောင်ရင်းနဲ့

"ဟား မယုံနိုင်စရာပဲ တီချယ်ဒီလောက်လှတာချစ်သူမရှိဘူးဆိုတော့တစ်ကယ်ပဲ"

"ဒါဆိုဆောင်းကရော ဆောင်းလဲဒီလောက်လှပြီးချစ်စရာကောင်းတာကောင်လေးတော့ရှိမှာပေါ့"

"ဟင့်အင်း တီချယ်ဆောင်းလဲမရှိဘူး တီချယ်နဲ့တူတူပဲ"

"ဘာဖြစ်လို့လဲ ဆောင်း"

"ဆောင်းမှကောင်လေးတွေသဘောမကျတာ"

လွတ်ခနဲ့ပြောလိုက်မိပြီးမှ ကိုယ့်ပါးစပ်ကိုယ်ပြန်ရိုက်ချင်သွားမိသည်။

"ဟို... ဆောင်းfirst yearတုန်းကကောင်လေးတစ်ယောက်တော့ထားဖူးပါတယ် ဒါပေမယ့်တစ်ပတ်တောင်မကြာလိုက်ဘူး ပြတ်သွားမယ်"

ဆောင်းရဲ့စကားကိုကြားတော့ အံ့သြသွားမိသည်။တစ်ပတ်တောင်မကြာပဲပြတ်သွားတယ်ဆိုတော့ ဘယ်လိုတောင်လား။နန်းစိတ်၀င်စားသွားမိသည်။

"ဘာလို့ ပြတ်သွားတာလဲဆောင်း"

"သူကဆောင်းကိုလက်လာကိုင်တယ်လေ"

"ဘာ...ဘယ်လို"

ဆောင်းရဲ့အဖြေက သူမနားထဲဆန်းနေသည်။

"ဆောင်းနဲ့ဆောင်းကောင်လေးကလက်ကိုင်လို့ပြတ်သွားတာလား"

"ဟုတ်တယ်လေတီချယ် ဆောင်းမှမကြိုက်တာ"

"တီချယ်သိလား ယောကျ်ားလေးတွေကတစ်ကယ်မလွယ်ဘူး အပြောတစ်မျိုးအလုပ်တစ်မျိုးနဲ့ ဆောင်းသူ့ကိုအဖြေမပေးခင်ကတော့ ဆောင်းပြောသမျှအားလုံးလက်ခံတယ်တဲ့"

"ဆောင်းကလူတစ်မျိုး  ဆောင်းအသားကို လာထိရင်မကြိုက်ဘူး ဆောင်းကသာသွားထိရင်ရင်ထိမယ်😁"

"ဒါတွေဆောင်းအစထဲကသူ့ကိုပြောပါတယ် အဲ့တုန်းကတော့လက်ခံပြီးတော့ အဖြေလဲပေးပြီးရော အခွင့်ရေးကယူချင်တယ်တစ်ကယ်ပဲ"

ဆောင်းရဲ့စကားကို နန်းသဘောကျစွာရယ်မိသည်။ဘယ့်နှယ် ဆောင်းအလှည့်ကျမှလက်ကိုင်လို့ပဲရီးစားနဲ့ပြတ်ရတာနဲ့.... လက်ကိုင်တာကိုပဲ အခွင့်ရေးယူတယ်ဆိုပဲ စကားအဆန်းတွေကြားနေရသည်။တစ်ကယ်ကိုရိုးသားပြီးဖြူစင်တဲ့ ကလေးမလေးပါလား....။

ဆောင်းတစ်ကယ်ပဲ first yearတုန်းကဆောင်းအပေါ်အရမ်းဂရုစိုက်တဲ့ကောင်လေးတစ်ယောက်နဲ့ခဏတာတွဲခဲ့ဖူးပါတယ်။ဒါပေမယ့် ဆောင်းရင်ခုန်စိတ်လှုပ်ရှားတာမျိုး မရှိခဲ့ဘူး။နောက်ပိုင်းကျမှ ဆောင်းဟာယောကျ်ားလေးတွေကို မကြိုက်မှန်း (သဘောမကျမှန်း)ကိုယ့်ဟာကိုယ်သိလာခဲ့ရတယ်။တီချယ်နဲ့ ဆုံတွေ့ပြီးနောက်ပိုင်းမှာတော့ ပ်ိုပြီးသေချာခဲ့တယ်။သူမ တစ်ကယ်ပဲတီချယ်နန်းအပေါ်ချစ်မိနေပါပြီ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi

ေဆာင္းကန္တင္းမွာထမင္းစားေနစဥ္ဆိုင္ထဲ တီခ်ယ္၀င္လာေတာ့ ေဆာင္းအရမ္းေပ်ာ္သြားမိသည္။တီခ်ယ္နဲ႕ ရင္းႏွီးမႈရဖို႔ ေဆာင္းဘက္ကစႀကိဳးစားဖို႔ဆုံးျဖတ္လိုက္သည္။

နန္း စားေသာက္ၿပီးပိုက္ဆံရွင္းခါနီး ဆိုင္ထဲမွာအ႐ုပ္ကေလးနဲ႕တူတဲ့ကေလးမေလး တစ္ခုခုအခက္ေတြ႕ေနပုံရသည္။သူမအိတ္ကို ႏွိုက္လိုက္ ဖုန္းကိုၾကည့္လိုက္နဲ႕ လုပ္ေနတာ အခ်ိန္မနဲေတာ့။နန္းသေဘာေပါက္လိုက္သည္။

နန္း ပိုက္ဆံရွင္းေတာ့ ကေလးမအတြက္ပါရွင္းခဲ့ေပးလိုက္သည္။

ဆိုင္ထဲကထြက္သြားတဲ့ တီခ်ယ္ေနာက္ေဆာင္းအေျပးလိုက္ရင္း

"တီခ်ယ္ "

"ကူညီေပးတဲ့အတြက္ေက်းဇူးတင္ပါတယ္ ေဆာင္းက ဒီေန႕မွအေဆာင္မွာပိုက္ဆံအိတ္ေမ့က်န္ခဲ့တာ.... "

"ျဖစ္တတ္ပါတယ္ ကေလးရဲ႕ တီခ်ယ္တို႔လဲတစ္ခ်ိန္ကျဖစ္ဖူးေတာ့နားလည္ပါတယ္"

"ဟီး..."

ေဆာင္း ရွက္ရွက္နဲ႕ရယ္မိသည္။အမွန္ေတာ့ ေဆာင္းမွာပိုက္ဆံအိတ္ပါရဲ႕နဲ႕တမင္လုပ္တာပါ။တီခ်ယ္ကေတာ့ မသိရွာဘူး...။

"ေဆာင္းျပန္ေပးပါ့မယ္ေနာ္....တီခ်ယ္"

" ဟို....ေဆာင္းကိုေလတီခ်ယ့္ဖုန္းnoေလးေပးထားပါလား"

" နက္ျဖန္ေဆာင္းတီခ်ယ့္အေဆာင္လာရင္ႀကိဳဆက္လို႔ရေအာင္"

ရွက္ေနတဲ့႐ုပ္ကေလးနဲ႕သူမဖုန္းနံပါတ္ေတာင္းေနတဲ့ ကေလးကိုၾကည့္ရင္းနန္းၿပဳံးလိုက္မိသည္။အျပစ္ကင္းလိုက္တာ ကေလးရယ္။

ေဆာင္းတီခ်ယ့္ဖုန္းေလးကိုယူၿပီး သူမဖုန္းကိုေခၚလိုက္သည္။

"ဒါက ေဆာင္းရဲ႕ဖုန္းနံပါတ္တစ္ခါတည္းcontactမွတ္ထားလိုက္မယ္ေနာ္ တီခ်ယ္"

"ေဆာင္းသံစဥ္"ဆိုပါလား နာမည္ေလးကလွသလို
တစ္ခ်ိန္ကသူမရဲ႕အရင္းႏွီးဆုံးလူသားတစ္ေယာက္ရဲ႕နာမည္နဲ႕ေတာင္ဆင္တူေနေသးသည္။

နန္း ကေလးကိုဖုန္းnoေပးလိုက္ၿပီးတဲ့ေနာက္မွာကေလးနဲ႕နန္း ရင္းႏွီးမႈပိုလာခဲ့သည္။ညတိုင္းmessengerမွာစကားေျပာျဖစ္သလို ဖုန္းလဲမၾကာခဏေျပာျဖစ္သည္။မနက္တိုင္းလဲ ေက်ာင္းအတူသြားဖို႔အေဆာင္မွာလာႀကိဳေပးတယ္။ကေလးက နန္းတို႔ဆရာမအေဆာင္ကို မၾကာခဏအလည္လာေလ့ရွိၿပီး အေဆာင္ကဆရာမေတြနဲ႕ေတာင္အေတာ္ေလးရင္းနီးေနခဲ့သည္။

အၿမဲတမ္းခပ္တည္တည္နဲ႕ေနတတ္တဲ့နန္း အရယ္အၿပဳံးမဲ့တဲ့နန္း ကေလးနဲ႕ဆုံၿပီးေနာက္ပိုင္းမွာမွမၾကာခဏရယ္ၿပဳံးလာျဖစ္သည္။

~~~~~~~~~~~~~~~~~~~~~~~~~~

သူမ နဲ႕ တီခ်ယ္ရဲ႕ရင္းႏွီးမႈျမန္ဆန္လြန္းသည့္အတြက္ ႏွင္းသီရိေတာင္မယုံနိုင္ျဖစ္ရသည္။

"ေဆာင္း နင္နဲ႕တီခ်ယ္က တိုးတက္မႈျမန္လွခ်ည္လား"

"ဒါေပါ့ ျမန္ရမယ္ေလ ငါကဘယ္သူမို႔လဲ ..."

"ေအး လုပ္ေနတီခ်ယ္ကနင့္ကိုရိုးရိုးသားသားခင္ေနတာ"

"နင္ဘက္ကမရိုးသားမွန္းသိလို႔ကေတာ့....နင့္ကိုအနားအကပ္ခံဦးမယ္ထင္လား"

သူ႕ကိုယ္သူအထင္ႀကီးကာ စိတ္ႀကီး၀င္ေနတဲ့ေဆာင္းကိုအႏွင္းတမင္ကလိလိုက္သည္။

ေဆာင္းစိုးရိမ္သြားမိသည္။ ေဆာင္းတီခ်ယ့္အေပၚမရိုးသားမွန္းတီခ်ယ္သာ သိသွားခဲ့ရင်သူမတ်ို့ရဲ့ဆက်ဆံရေးကဘယ်လိုဖြစ်မှာလဲ...။တီခ်ယ္ ေဆာင္းကိုမုန္းသြားမွာလား...။ဟင့္အင္း အဲ့လိုေဆာင္းအျဖစ္မခံနိုင္ပါဘူး။

တီခ်ယ္တို႔အေဆာင္တြင္__

တီခ်ယ္နဲ႕ေဆာင္းတို႔ စကားလက္ဆုံက်ေနရင္းက

"တီခ်ယ္ကအရမ္းလွတာ တီခ်ယ့္ခ်စ္သူဆိုအရမ္းခ်စ္မွာပဲေနာ္"

ေဆာင္းအရဲစြန့္ကာ ေျပာလိုက္မိၿပီးမွ တီခ်ယ္စိတ္ဆိုးသြားမွာလဲေၾကာက္ေနမိျပန္သည္။ၿပီးေတာ့ ခ်စ္သူရွိတယ္ဆိုတဲ့စကားျပန္ၾကားရမွာကိုလဲ ေဆာင္းေၾကာက္သည္။

႐ုတ္တရတ္ အဆက္အစပ္မရွိေျပာလာတဲ့ ေဆာင္းရဲ႕စကားေၾကာင့္ နန္းတဒဂၤဆြံ႕အသြားသည္။ဒီလိုေျပာလာမယ္လဲ မထင္ခဲ့ဘူးေလ။ခဏၾကာေတာ့မွ

"ဘယ္ကလာခ်စ္သူရွိရမွာလဲေဆာင္းရဲ႕..."

တီခ်ယ့္ဆီကစကားသံၾကားေတာ့ ေဆာင္းေပ်ာ္သြားသည္။ေပ်ာ္သြားတဲ့မ်က္ႏွာေလးကိုဟန္ေဆာင္ရင္းနဲ႕

"ဟား မယုံနိုင္စရာပဲ တီခ်ယ္ဒီေလာက္လွတာခ်စ္သူမရွိဘူးဆိုေတာ့တစ္ကယ္ပဲ"

"ဒါဆိုေဆာင္းကေရာ ေဆာင္းလဲဒီေလာက္လွၿပီးခ်စ္စရာေကာင္းတာေကာင္ေလးေတာ့ရွိမွာေပါ့"

"ဟင့္အင္း တီခ်ယ္ေဆာင္းလဲမရွိဘူး တီခ်ယ္နဲ႕တူတူပဲ"

"ဘာျဖစ္လို႔လဲ ေဆာင္း"

"ေဆာင္းမွေကာင္ေလးေတြသေဘာမက်တာ"

လြတ္ခနဲ႕ေျပာလိုက္မိၿပီးမွ ကိုယ့္ပါးစပ္ကိုယ္ျပန္ရိုက္ခ်င္သြားမိသည္။

"ဟို... ေဆာင္းfirst yearတုန္းကေကာင္ေလးတစ္ေယာက္ေတာ့ထားဖူးပါတယ္ ဒါေပမယ့္တစ္ပတ္ေတာင္မၾကာလိုက္ဘူး ျပတ္သြားမယ္"

ေဆာင္းရဲ႕စကားကိုၾကားေတာ့ အံ့ၾသသြားမိသည္။တစ္ပတ္ေတာင္မၾကာပဲျပတ္သြားတယ္ဆိုေတာ့ ဘယ္လိုေတာင္လား။နန္းစိတ္၀င္စားသြားမိသည္။

"ဘာလို႔ ျပတ္သြားတာလဲေဆာင္း"

"သူကေဆာင္းကိုလက္လာကိုင္တယ္ေလ"

"ဘာ ဘယ္လို"

ေဆာင္းရဲ႕အေျဖက သူမနားထဲဆန္းေနသည္။

"ေဆာင္းနဲ႕ေဆာင္းေကာင္ေလးကလက္ကိုင္လို႔ျပတ္သြားတာလား"

"ဟုတ္တယ္ေလတီခ်ယ္ ေဆာင္းမွမႀကိဳက္တာ"

"တီခ်ယ္သိလား ေယာက်္ားေလးေတြကတစ္ကယ္မလြယ္ဘူး အေျပာတစ္မ်ိဳးအလုပ္တစ္မ်ိဳးနဲ႕ ေဆာင္းသူ႕ကိုအေျဖမေပးခင္ကေတာ့ ေဆာင္းေျပာသမွ်အားလုံးလက္ခံတယ္တဲ့"

"ေဆာင္းကလူတစ္မ်ိဳး ေဆာင္းအသားကို လာထိရင္မႀကိဳက္ဘူး ေဆာင္းကသာသြားထိရင္ရင္ထိမယ္😁"

"ဒါေတြေဆာင္းအစထဲကသူ႕ကိုေျပာပါတယ္ အဲ့တုန္းကေတာ့လက္ခံၿပီးေတာ့ အေျဖလဲေပးၿပီးေရာ အခြင့္ေရးကယူခ်င္တယ္တစ္ကယ္ပဲ"

ေဆာင္းရဲ႕စကားကို နန္းသေဘာက်စြာရယ္မိသည္။ဘယ့္ႏွယ္ ေဆာင္းအလွည့္က်မွလက္ကိုင္လို႔ပဲရီးစားနဲ႕ျပတ္ရတာနဲ႕.... လက္ကိုင္တာကိုပဲ အခြင့္ေရးယူတယ္ဆိုပဲ စကားအဆန္းေတြၾကားေနရသည္။တစ္ကယ္ကိုရိုးသားၿပီးျဖဴစင္တဲ့ ကေလးမေလးပါလား....။

ေဆာင္းတစ္ကယ္ပဲ first yearတုန္းကေဆာင္းအေပၚအရမ္းဂ႐ုစိုက္တဲ့ေကာင္ေလးတစ္ေယာက္နဲ႕ခဏတာတြဲခဲ့ဖူးပါတယ္။ဒါေပမယ့္ ေဆာင္းရင္ခုန္စိတ္လႈပ္ရွားတာမ်ိဳး မရွိခဲ့ဘူး။ေနာက္ပိုင္းက်မွ ေဆာင္းဟာေယာက်္ားေလးေတြကို မႀကိဳက္မွန္း (သေဘာမက်မွန္း)ကိုယ့္ဟာကိုယ္သိလာခဲ့ရတယ္။တီခ်ယ္နဲ႕ ဆုံေတြ႕ၿပီးေနာက္ပိုင္းမွာေတာ့ ပ်ိုပြီးသေချာခဲ့တယ်။သူမ တစ္ကယ္ပဲတီခ်ယ္နန္းအေပၚခ်စ္မိေနပါၿပီ။

Continuar a ler

Também vai Gostar

42.6K 3K 23
" Chaeyoung ရယ် မင်းကိုနာကျင်စေခဲ့မိတဲ့အတွက် တို့တကယ်တောင်းပန်ပါတယ် ။ ဒါပေမယ့်လေ မင်းအတွက် တို့အမြဲရေးပေးခဲ့တဲ့ For Chaeyoung 🖤 ဆိုတာလေးက အဓိပ္ပါယ်ရ...
35.1K 367 14
Mia and Mandy have been best friends forever. Then they meet Scott and Stiles. Stiles is Mia's twin brother. What happens when Mia and Scott are both...
8.5K 552 7
ဟျွန်းက ကိုယ့်အတွက် အဖိုးမဖြတ်နိုင်တဲ့ မြတ်နိုး ရသူဖြစ်ပေမယ့် kangဆိုတဲ့ ကိုယ်ကလည်းဟျွန်း တန်ဖိုးထားသင့်တဲ့ လူတစ်ယောက်ဖြစ်ကြောင်း သိပါလေစ...
2.8M 180K 87
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...